ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – Cousin – novelfull.online
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - Cousin

Array
(
[text] =>

Unicode

စားပွဲပေါ်တွင်တင်ထားသည့် လန်ဂျင်းဇီ ရဲ့ဖုန်းက အကြိမ်ပေါင်းစွာ မြည်နေခဲ့သည်။

“ဆာ?” သူ့ဘေးရှိ ဝန်တမ်းက သူ့အား ပြောလိုက်သည်။ “ဖုန်း…”

သို့သော် လန်ဂျင်းဇီ ကမတုန့်ပြန်ပဲ ရှကျီနိုင်ငံနဲ့ ပတ်သက်သည့်အကြောင်းကိုသာ ဆက်ဆွေးနွေးနေခဲ့သည်။

သူတို့တွေ အစီစဉ်ကို အဆုံးသတ်ပြီးနောက်မှ ထ,ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒီနေ့ အစည်းအဝေးက ဒီမှာပဲ အဆုံးသတ်လိုက်မယ်။ မင်းတို့အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်”

ထို့နောက်တွင် သူ့ဖုန်းကိုကြည့်ကာ အစည်းအဝေးခန်းထဲမှ ထွက်သွားလိုက်သည်။ အလျင်လိုနေသလိုမျိုး သူ့လှုပ်ရှားမှုတွေက အရမ်းကိုမြန်နေသည်။

[အစ်ကို!!!!]

[‘ဓာတ်ပုံ’ ဒီမှာ အရမ်းကိုပျော်ဖို့ကောင်းတယ်]

[အို ဟုတ်သား၊ ဒေါက်တာချင် ရဲ့စာချုပ်အကြောင်းကို မနေ့က ပို့ထားတယ်။ အစ်ကိုရပြီလား?]

[ဟွမ်ဟွမ် ထပ်ပို့ပေးလိုက်မယ် (〃゚3゚〃) ]

[အစ်ကို မသွားရင်တောင် ဟွမ်ဟွမ့် ကိုပြောလို့ရတယ်နော်။ ဟွမ်ဟွမ် ကအစ်ကို့အတွက် လက်ဆောင်တွေ အများကြီး ပြန်သယ်လာပေးမှာ =3=]

လန်ဂျင်းဇီ ကသတိလက်လွတ် ပြုံးလိုက်သည်။

သို့သော် မကြာခင် သူ့အမူအရာက ပြန်အေးခဲသွားပြီး နည်းနည်း အေးစက်နေပုံရသည်။

အချိန်ကြာပြီးနောက် သူ့ဖုန်းကို ပြန်ချလိုက်ပြီး တဖြည်းဖြည်း စာရိုက်လိုက်သည်။ သူ့စာရိုက်နှုန်းက လူကြီးတစ်ယောက်ရဲ့ စာရိုက်နှုန်းလောက်ပဲရှိသည်။

[ရပြီးပြီ၊ အိုကေ။ ♡(> ਊ <)♡]

သူ့ပြန်စာ တစ်ဝက်လောက်ပြီး သတ်လက်ပိုင်းလူကြီးလို ဖြစ်နေပေမဲ့ နောက်တစ်ဝက်ကတော့ လုံးဝကိုကွာခြားသည်။ အတူတူ ပေါင်းပြောရရင် ဒါက နည်းနည်းထူးဆန်းပေမဲ့ ချစ်ဖို့လည်း ကောင်းနေသည်။

လန်ဂျင်းဇီ ကသူ့ဖုန်းကို အဝေးမှာချလိုက်ပြီး အလျင်အမြန်ပင် သူ့အလုပ်ထဲ ပြန်နှစ်လိုက်သည်။

ညနေပိုင်းတွင် အချိန်အတိအကျ အလုပ်ဆင်းလိုက်သည်။

အတွင်းရေးမှူးချန်း ကလိုက်မောင်းပို့ပေးသည်။ သူက မောင်းနေရင် ပြောလိုက်သည်။ “မစ္စဇောင် ကအခုနောက်ပိုင်း အရမ်းပျော်လာတယ်”

“အင်း” လန်ဂျင်းဇီ ကထိုအကြောင်းကို ကြားလိုက်ချိန်တွင် သူလည်း နည်းနည်းပျော်သွားသလို ခံစားလိုက်ရသည်။ ဒါက သူအမြဲတမ်း လိုချင်ခဲ့သည့်အရာဖြစ်သည်။ သူမကို ပျော်ရွှင်စေချင်ပြီး သူမငယ်ငယ်တုန်းက ကြုံတွေ့ခံစားခဲ့ရသည့် နာကျင်မှုတွေကို မေ့လျော့သွားစေချင်ခဲ့သည်။

အတွင်းရေးမှူးချန်း ကမထိန်းချုပ်နိုင်ပဲ မေးလိုက်သည်။ “…ဒါဆို မစ္စတာလန် ကကော?”

သူလား?

လန်ဂျင်းဇီ ကဂရုမမူစွာဖြင့် အပြင်ဘက်မှ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပြန်မဖြေပေ။

ဘယ်လိုပျော်ရမယ်ဆိုတာကို သူမသိဘူး။

သူ့ပျော်ရွှင်မှုက ဇောင်ယုဟွမ် ရဲ့ပျော်ရွှင်ခြင်း၊ အဖိုးဒင် ရဲ့ကျန်းမာရေး အခြေအနေနဲ့ သူ့အလုပ်မှာ ပြဿနာမများမှုအပေါ် မူတည်သည်။

အတွင်းရေးမှူးချန်း ကဘာမှထပ်မပြောတော့ပေ။

သူက ကားကိုရပ်လိုက်သည်။ “ကျွန်တော်တို့ ရောက်ပြီ”

“အင်း” လန်ဂျင်းဇီ ကကားတံခါးကို ဖွင့်လိုက်ပြီး သူ့အခန်းဆီ သွားလိုက်သည်။

သူ့အခန်းထဲတွင် လန်ဂျင်းဇီ ကသူ့ဖုန်းကို ထုတ်လိုက်သည်။

ပထမဆုံး အတင်းအဖျင်း အွန်လိုင်းကို ကြည့်လိုက်သည်။ ထိုနေရာတွင် ဇောင်ယုဟွမ် နဲ့ပတ်သက်တာ ရှိနေရင် ထိုအကြောင်းကို ဂရုတစိုက် ဖတ်ကြည့်လိမ့်မည်။

ထို့နောက် ဇောင်ယုဟွမ် ပါဝင်သည့် မကြာခင်ကမှ ပြခဲ့သည့် “မြန်နှုန်းမြင့်” စတုတ္ထအပိုင်းကို ကြည့်နေခဲ့သည်။ ဇောင်ယုဟွမ် အားအားပေးသည့် အရေးအတွက် မြင့်မားလာစဉ် ကွန့်မန့်ပေးဖို့ကိုလည်း သူမမေ့ခဲ့ပေ။

ထို့နောက် ဇောင်ယုဟွမ် ပို့ထားသည့်စာဆီ သွားပြန်ဖတ်လိုက်သည်။

မကြာခင် ပိတ်ရက်က ရောက်လာခဲ့သည်။

စိတ်ပိုင်းဆိုင်ရာဆေးနဲ့ ပတ်သက်သည့် ဧည့်သည်အသစ်က ရောက်လာခဲ့သည်။

ဒါက လန်ဂျင်းဇီ ဘယ်တုန်းကမှ တွေးမထားဖူးခဲ့သည့် အရာဖြစ်သလို လိုချင်ခဲ့သည့် အရာလည်း မဟုတ်ခဲ့ပေ။

-သူက ဒေါက်တာချင် ရှေ့တွင်ထိုင်နေခဲ့သည်။

သူ့တစ်ကိုယ်လုံးက ဆောင့်ကြောင့်ထိုင်နေသည့် သားရဲလေးလိုမျိုး တင်းမာနေသည်။

သူ့ရှပ်အင်္ကျီအိတ်ထဲတွင် ဘောပင်က ရှိနေသည်။

ဒေါက်တာချင် ကစကားစပြောလိုက်သည်နှင့် သူက ဘောပင်ကိုထုတ်ကာ သူ့လက်ထဲ ကိုင်ထားပြီး ငြင်သာစွာ ပတ်သပ်နေခဲ့သည်။

ဒေါက်တာချင် ကထိုအပြုအမူကို စိုက်ကြည့်လိုက်ပြီး ပြုံးကာမေးလိုက်သည်။ “ဒါက ရှင့်ကို ခွန်အားတွေ ပေးတာလား?”

လန်ဂျင်းဇီ ကပြန်မဖြေပေ။

ထို့ကြောင့် ဒေါက်တာချင် ကတခြားမေးခွန်းကို ထပ်မေးလိုက်သည်။ “ဒါက လက်ဆောင်ရတာလား?”

“အင်း” လန်ဂျင်းဇီ ကရပ်လိုက်သည်။ “ငါ့ညီမလေးက ပေးထားတာ”

ဒေါက်တာချင် ရဲ့အပြုံးက ပိုပြီးတော့တောင် နူးညံ့သွားသည်။

အသက်ရှူလမ်းကြောင်းကို သူမရှာတွေ့သွားခဲ့သည်။

ဒီဆုံတွေ့မှုက တစ်နာရီလောက် ကြာသွားခဲ့သည်။ ဆွေးနွေးမှုက မပြီးသေးခင် ဒေါက်တာချင် ကရုတ်တရက် မေးလိုက်သည်။ “ဖြစ်နိုင်မယ်ဆိုရင် နောက်တစ်ခါကျရင် ရှင့်အမေကိုပါ ခေါ်လာခဲ့သင့်တယ်။ ရှင်နဲ့ယှဉ်ရင် သူမက စိတ်ပိုင်းဆိုင်ရာ အကူအညီပိုလိုအပ်တယ်။ ကလေးတွေက သူတို့မိဘတွေကြောင့်သာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာရတာလေ။ ဒီပြဿနာတွေက အရင်မျိုးဆက်ရဲ့ ဆိုးရွားလှတဲ့ ပတ်ဝန်းကျင်ကြောင့် ဖြစ်ရတာ… ကျွန်မတို့ ဒီပြဿနာကို အမြစ်ကနေပဲ စဖြေရှင်းသင့်တယ်”

လန်ဂျင်းဇီ ကခေါင်းမညိတ်သလို ခေါင်းလည်းမခါပေ။

သူက ဆွေးနွေးချက် ပြီးသွားသည်နှင့် အလျင်အမြန် ထွက်သွားခဲ့သည်။

နောက်နေ့တွင် ဆေးခန်းမှ ဈေးကြီးပေးဝယ်ရသည့် အဝတ်တွေဝတ်ထားသည့် ဧည့်သည်ကို ကြိုဆိုခဲ့သည်။

ထိုသူက လေးဆယ်၊ ငါးဆယ်ဝန်းကျင်လောက် ရှိပုံပေါ်သည်။ သူမက နေကာမျက်မှန်ကို ချွတ်လိုက်ပြီး အပေါ်စီးမှ ဒေါက်တာချင် ကိုပြောလိုက်သည်။ “ငါ့သားနဲ့ပတ်သက်ပြီး ဘာအပွိုင့်မန့်မှမယူဖို့ မျှော်လင့်တယ်”

ဒေါက်တာချင် ကအံ့ဩသွားပြီး မေးလိုက်သည်။ “ဘာကြောင့်လဲ?”

“သူ့မှာ ဘယ်လိုလုပ်ပြီး စိတ်ပိုင်းဆိုင်ရာ မဆင်မပြေတာ ရှိနိုင်မှာလဲ? သူက အတော်ဆုံးပဲ! သူ့ကိုယ်သူ ထိန်းသိမ်းနိုင်မှုနဲ့ မျှော်လင့်ချက်တွေက သူ့တိုးတက်မှုအတွက် အကောင်းဆုံးပဲ မဟုတ်ဘူးလား? အဲ့လိုလူမျိုးက ကုသမှုခံယူဖို့ လိုအပ်လို့လား? အဓိပ္ပါယ်မရှိတာ!” ဒင်ချွေယွဲ့ ကဒေါသဖြင့် စားပွဲခုံကို ရိုက်ချလိုက်သည်။

ဒေါက်တာချင် ကမျက်မှောင်ကြုတ်လိုက်သည်။

ထင်တဲ့အတိုင်း ကုသမှုခံယူသင့်တာ ငါ့ရှေ့က အမျိုးသမီးပဲ။

နောက် ၆ လအထိ လန်ဂျင်းဇီ ကဒေါက်တာချင် နဲ့ဆွေးနွေးဖို့ ဆေးခန်းသို့ ဆက်တိုက်သွားနေခဲ့သည်။

သွားတဲ့အချိန်တိုင်း ဒင်ချွေယွဲ့ ကလည်း ဒေါသဖြင့် ဆေးခန်းကို သွားခဲ့သည်။

သူ့နေ့စဉ်ဘဝကို ဖြတ်သန်းနေရင်း လန်ဂျင်းဇီ က ဇောင်ယုဟွမ် ဆီစာတွေ ဆက်တိုက်ပို့နေခဲ့သည်။

[အစ်ကို ဒီနေ့ ဆေးခန်းသွားတယ်]

[အစ်ကို ဒီနေ့လည်း ဆေးခန်းသွားတယ်]

အစက ဇောင်ယုဟွမ် ရဲ့စကားကိုနားထောင်ပြီး တချို့အရာတွေကို ကြိုးစားကြည့်ချင်ရုံသာ ဖြစ်သည်။

နောက်ပိုင်းတွင် ဒေါက်တာချင် ကအတော်လေး စိတ်ဝင်စားဖို့ကောင်းကြောင်း လန်ဂျင်းဇီ သိခဲ့ရသည်။ သူမက သူ့အား ဇောင်ယုဟွမ် နဲ့ပိုကောင်းမွန်တဲ့ ဆက်ဆံရေးရလာဖို့ သင်ကြားပေးခဲ့သည်။

လဝက်ကြာပြီးနောက် လန်ဂျင်းဇီ ရဲ့စာပို့သည့် ပုံစံတွေကလည်း သိသိသာသာကို ပြောင်းလဲသွားခဲ့သည်။

[ဟွမ်ဟွမ်, ဟုန်ချန်းမင်း ကိုပေးခဲ့တဲ့ ပန်းချီကို အစ်ကိုလိုချင်တယ်]

[? အစ်ကို? အဲ့ပန်းချီက ဘယ်လိုလုပ်ပြီး ဒုတိယတစ်ခု ရှိမှာလဲ? ပုံတူတွေရှိတာက လိမ်လည်မှုမြောက်တယ်လေ]

[ညစာစားဖို့ လန်အိမ်တော်ကို လာမှာလား?]

[အိုကေ၊ အိုကေ၊ လာမယ်]

[ဟွမ်ဟွမ့် အတွက် အစ်ကိုချက်ပေးမယ်]

[…ဒါဆိုလည်း စိတ်ထဲမထားပါနဲ့]

လန်ဂျင်းဇီ ကအငြင်းစကားကို မြင်လိုက်ချိန်တွင် စိတ်မဆိုးပေ။ ထိုအစား သက်တောင့်သက်သာ ဖြစ်သလိုတောင် ခံစားလိုက်ရသည်။

သူ့ခံစားချက်တွေ ထုတ်ပြတက်ဖို့နဲ့ တခြားသူတွေအား မသက်မသာ မဖြစ်စေဖို့အတွက် တဖြည်းဖြည်း သင်ယူခဲ့သည်။

“မစ္စတာလန် ရဲ့အပြုံးက ပိုပြီးအစစ်အမှန် ဖြစ်လာပြီ” အတွင်းရေးမှူးချန်း ကသူ့နောက်မှ ပစ္စည်းတွေကိုင်ထားရင်း ရုတ်တရက်ကြီး ပြောလိုက်သည်။

“တကယ်?”

“ဟုတ်ကဲ့”

လန်ဂျင်းဇီ ကတချို့အရေးကြီး ကိစ္စတွေနဲ့ ဆွေးနွေးပြီးနောက် ရေချိုးခန်းဆီ သွားလိုက်သည်။

ရေချိုးခန်းမှန်ထဲတွင် သူ့လက်ရှိပုံစံက ရောင်ပြန်ဟပ်နေသည်။

တချို့အချိန်တွေတွင် သူ့မျက်နှာအသွင်အပြင်က သက်တောင့်သက်သာဖြစ်နေပြီး အရင်တုန်းကလိုမျိုး တင်းမာနေတာ မရှိတော့ပေ။

လန်ဂျင်းဇီ ကသူ့လက်တွေကို ဆေးကြောပြီးနောက် ဖုန်းကိုထုတ်လိုက်ပြီး ဇောင်ယုဟွမ် ဆီစာထပ်ပို့လိုက်သည်။

[ဟွမ်ဟွမ်]

[ဟမ်?]

[အစ်ကို နည်းနည်းပျော်နေတယ်]

[ဟီးဟီး, ဟွမ်ဟွမ် အစ်ကို့အတွက် လက်ဆောင်အသစ် ဝယ်လာပေးတာကို မှန်းမိလို့လား?]

လန်ဂျင်းဇီ မသိခဲ့ပေ။

သို့သော် သူ့စိတ်အနက်ရှိုင်းဆုံးကနေကို ပျော်နေသလိုမျိုး ခံစားနေရရုံသာ။

နောက်ဆုံးတော့ ဒင်ချွေယွဲ့ ကဒေါက်တာချင် အားအေးဆေးစွာ စကားပြောနိုင်သွားခဲ့သည်။

စိတ်ပိုင်းဆိုင်ရာ ကုသခြင်းက ရှည်လျားလှသည့် ဖြစ်ရပ်ဖြစ်ကာ ဒင်ချွေယွဲ့ ကတဖြည်းဖြည်းနဲ့ တချို့အရာတွေကို သုံးသပ်လာနိုင်ခဲ့သည်။ လန်ဂျင်းဇီ ကသူမကို ဘာကြောင့်မုန်းကြောင်း၊ ဒီနေ့အချိန်တွင် သူမက ဘာကြောင့် တဖြည်းဖြည်း ပိုပြီးအထီးကျန်လာကြောင်းနဲ့ သူမလုပ်ရပ်က သူမသားအား ပိုတိုးတက်စေချင်လို့ ဖြစ်ပေမဲ့ တကယ်တမ်းတော့ သူ့တစ်ဘဝလုံးကို ပျက်ဆီးသွားစေနိုင်ကြောင်း သူမ နားလည်လာခဲ့သည်။

သူမပိုပြီးနားလည်လာလေ သူမ ပိုပြီးနာကျင်လာလေပင်။

အချိန်တွေကုန်သွားပြီးနောက် ဒီနာကျင်မှုတွေက သူမကိုယ်တွင် အမြစ်တွယ်နေခဲ့မှန်း နားလည်လာခဲ့သည်။

နောက်ဆုံး မိုးရွာသည့်နေ့တွင် နှစ်ပေါင်းများစွာ မရောက်ခဲ့သည့် လန်အိမ်တော်ရဲ့ ခြေရင်းဆီကို ဒင်ချွေယွဲ့ ရောက်လာခဲ့သည်။

ကားတစ်စီးက အလျင်အမြန်ပင် ရပ်သွားခဲ့သည်။ ကားတံခါးက ပွင့်သွားခဲ့ပြီး အတွင်းရေးမှူးချန်း ကထွက်လာကာ သူမအား ထိတ်လန့်သည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။

လန်ဂျင်းဇီ လည်းထွက်လာခဲ့သည်။

“ဂျင်းဇီ…” ဒင်ချွေယွဲ့ ကသူ့နောက်မှ လိုက်လိုက်သည်။

သို့သော် လန်ဂျင်းဇီ ကသူမအား ကျော်လျှောက်သွားခဲ့သည်။

ဒင်ချွေယွဲ့ တွင်ထီးမရှိတာကြောင့် မိုးတွေက သူမတစ်ကိုယ်လုံးကို စိုရွှဲသွားခဲ့သည်။

“ဂျင်းဇီ…” သူမက ထပ်ခေါ်လိုက်သည်။

ထိုအချိန်တွင် လူတစ်ယောက်က ထီးကိုင်ကာ အိမ်ထဲမှပြေးထွက်လာခဲ့သည်။ “အစ်ကို! အစ်ကို့ကို လာကြိုတာ… မြန်မြန်၊ မြန်မြန်…”

သူမကတော့ ဇောင်ယုဟွမ် ပင်။

ဇောင်ယုဟွမ် က လန်ဂျင်းဇီ ရဲ့ခေါင်းပေါ်ကို ထီးမိုးပေးလိုက်ပြီး ဒင်ချွေယွဲ့ အားမျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

ဒင်ချွေယွဲ့ ကသူတို့ဆက်ဆံရေးအား မပျက်ဆီးစေဖို့ ဒေါသထွက်ပြီး ထွက်မသွားမိဖို့ ထိန်းချုပ်လိုက်သည်။

သို့သော် လန်ဂျင်းဇီ ကသူမအား ကြည့်လိုက်ပြီး ပေါ့ပါးစွာပြောလိုက်သည်။ “ကျွန်တော် အရင်တည်းက ပြောခဲ့ပြီးသားပဲ။ ကျွန်တော့်မှာရှိသမျှ အကုန်လုံးပေးနိုင်ပေမဲ့ မိုးရေထဲမှာ ဒီလိုလျှောက်ပြေးနေတာက ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် ကြည့်မကောင်းဘူး”

ဒင်ချွေယွဲ့ ကသူမပါးစပ်ကို ဖွင့်လိုက်သည်။

ဒါပေမဲ့ ငါ အေးစက်တာကို မလိုချင်ဘူး…

လန်ဂျင်းဇီ က ဇောင်ယုဟွမ် ဆီမှထီးကိုယူလိုက်ပြီး သူမဆီကို နည်းနည်းမိုးပေးလိုက်သည်။

ထို့နောက် သူတို့က ဒင်ချွေယွဲ့ ကိုထပ်မကြည့်တော့ပဲ အတွင်းကို အတူတူလျှောက်ဝင်သွားကြသည်။

“အရင်က အမေမှားခဲ့မှန်း သိပါတယ်။ ဂျင်းဇီ အမေ အခုသိပါပြီ။ အမေ ပြောင်းလဲချင်တယ်။ အမေ့ကို တစ်ခါလောက်တော့ အခွင့်အရေးလေး မပေးနိုင်ဘူးလား?”

“ပျောက်ဆုံးသွားတဲ့ အရာတွေက ပြန်မရနိုင်လို့ အခုသက်တောင့်သက်သာ မဖြစ်တဲ့ အခြေအနေကို ဆက်ထိန်းသိမ်းထားဖို့ပဲ အာရုံစိုက်သင့်တယ်။ ဒါတွေက အမေ အရင်က ကျွန်တော့်ကို သင်ပေးခဲ့တဲ့ အရာတွေပဲ”

တံခါးက ပိတ်သွားပြီး အပြင်တွင် ဒင်ချွေယွဲ့ တစ်ယောက်သာ ကျန်နေခဲ့သည်။

ဒင်ချွေယွဲ့ တုန်သွားခဲ့သည်။ သူမရင်ဘတ်ကို ဆုပ်လိုက်ပြီး သူမ သေတော့မလို ခံစားလိုက်ရသည်။

အရင်က တခြားသူတွေနဲ့ သူမဘာသာ နှိုင်းယှဉ်ခဲ့တယ်၊ သူတို့လက်ထပ်ပွဲတွေနဲ့ ယှဉ်ခဲ့တယ်။ သူတို့ယောင်္ကျား၊ သား၊ ငွေတွေ… အကုန်လုံးနဲ့ လိုက်နှိုင်းယှဉ်ခဲ့တယ်… အဲ့လိုမျိုး နှစ်တွေကုန်လာပြီးနောက်တော့ သူမ ပြန်ကြည့်လိုက်ချိန်တွင် သူမကိုစောင့်နေတဲ့ သူဘယ်သူမှ မရှိတော့မှန်း သိခဲ့ရသည်။

လန်ဂျင်းဇီ ကထမင်းစားခန်းဆီ လျှောက်သွားပြီး စိတ်အနှောင့်အယှက်ဖြစ်နေမှန်း သူ့မျက်ခုံးကြုတ်ထားတာကနေ မြင်နိုင်သည်။

ဇောင်ယုဟွမ် ကသူ့အား ဗူးအကြီးတစ်ခုကို ပေးလိုက်ပြီး ထိုဗူးအားပုတ်ကာ ပြောလိုက်သည်။ “လက်ဆောင်အသစ်”

မှိုန်မှိုင်းနေမှုက ပျောက်သွားပြီး လန်ဂျင်းဇီ ကဗူးအားဖွင့်ကာ အပိုင်းလေးတွေ တစ်သောင်းကျော်လောက်ရှိသည့် ပဟေဠိဗူးနှစ်ခုကို ထုတ်လိုက်သည်။

“အစ်ကို၊ ဟွမ်ဟွမ် တို့ဆီမှာ တစ်ခုစီရှိတယ်။ ဟွမ်ဟွမ့် အတွက် အစ်ကို ဝိုင်းဆက်ပေးရမယ်”

လန်ဂျင်းဇီ : “…”

အဲ့ညက လန်ဂျင်းဇီ ရဲ့ပုံမှန်အချိန်ဇယားက လုံးဝကိုပျက်သွားခဲ့သည်။

သူက ပဟေဠိတွေအား သုံးနာရီလောက် ဆက်ခဲ့သည်။ သူအချိန်ကို ကြည့်လိုက်ချိန်တွင် မနက် ၁ နာရီတောင် ဖြစ်နေခဲ့သည်။

လန်ဂျင်းဇီ ကမျက်မှောင်ကြုတ်လိုက်ပြီး ဆက်လုပ်ဖို့ကို လက်လျော့လိုက်သည်။

ထို့ကြောင့် သူ့ကွန်ပျူတာကို ဖွင့်လိုက်ပြီး ဇောင်ယုဟွမ် ပါဝင်သည့် ရှိုးပွဲတွေကို ပြန်ကြည့်လိုက်ပြီး ကွန့်မန့်တွေကိုလည်း ပင်ပန်းခြင်းမရှိပဲ ရေးလိုက်သည်။

[ဟုန်ချန်းမင်း ကအရမ်းနုံအ,တာပဲ]

[လီဂျင်းယွမ် ကအရမ်းမိုက်မဲတာပဲ]

[ဟွမ်ဟွမ်လေးက အရမ်းချစ်ဖို့ကောင်းတာပဲ]

လန်ဂျင်းဇီ ကသူ့ဘဝတွင် ပထမဆုံးအကြိမ် ပိတ်ရက်အား အနားယူခဲ့သည်။

သူက ဗီဒီယိုတွေအား အချိန်မကြည့်ပဲ ဆက်တိုက်ကြည့်နေခဲ့သည်။ သူက အွန်လိုင်းပို့စ်တွေနဲ့ အတင်းအဖျင်း ဝက်ဆိုက်ထဲတောင် ဝင်ကြည့်ခဲ့သည်။

မသိလိုက်ပဲ တစ်နေ့လုံးနဲ့ တစ်ညလုံး ကုန်သွားခဲ့သည်။

လန်ဂျင်းဇီ ကညစာစားဖို့ ထ,လိုက်ချိန်တွင် သူ့မျက်လုံးအောက်တွင် အမဲရောင်ကြီးက ရှိနေသည်။

သူ့အားမြင်လိုက်သည့် သူ့အဖေတောင် လန့်သွားခဲ့သည်။

လန်ဂျင်းဇီ ကအရမ်းပင်ပန်းနေခဲ့သည်။ သူ့တူကို ကိုင်ထားပြီး စားပွဲပေါ်က အစားတွေကို စိုက်ကြည့်နေခဲ့သည်။

မသိလိုက်ပဲ သူပြုံးလိုက်သည်။

သူ့ဘဝတွင် ပထမဆုံးအကြိမ် သူ့ကိုယ်သူအတွက် အချိန်ဖြုန်းခဲ့သည်။

နောက်ဆုံးတော့ နှစ်ပေါင်းများစွာ ခတ်ထားသည့် ချိန်းကြိုးတွေကနေ လွတ်မြောက်ဖို့ ခြေလှမ်းစလိုက်သည်။

တစ်စုံတစ်ယောက်ရဲ့ အထိန်းချုပ်ခံမျိုးမဟုတ်ပဲ ပိုပျော်ရွှင်လာစေဖို့။

စာရေးသူမှာ ပြောစရာရှိပါတယ်။

စိတ်အားထက်သန်တဲ့ မိဘတွေရဲ့ အထိန်းအချုပ်အောက်မှာ နေနေရရင် သူတို့ကိုလည်း သက်ဆိုင်တဲ့ စိတ်ပိုင်းဆိုင်ရာကုသမှု ခံယူအောင် လုပ်ပေးသင့်တယ်။ (。・ω・。)ノ♡ ဒါပေမဲ့ တချို့မိဘတွေကတော့ ဒေါက်တာတွေ့ဖို့ မလိုပါဘူး။ ဒီအပိုဇာတ်လမ်းလေးက အစ်ကိုလန် ကနည်းနည်းလေး ပိုပျော်တက်လာတာကို ပြထားတာပါ။ သူ့အတွက်တော့ အတွဲမထည့်ထားပါဘူး။ ဒါပါပဲ!

#‌ေနာက်ဆံုးတစ်ပိုင်း‌ေလး‌ေတာ့ မနက်ဖြန်မှပဲ တင်ပေးတော့မယ်၊ ဘာသာဆက်ပြန်ဖို့ laptop အားမရှိတော့ဘူး ಠ_ಠ#

…………

Zawgyi

စားပြဲေပၚတြင္တင္ထားသည့္ လန္ဂ်င္းဇီ ရဲ႕ဖုန္းက အႀကိမ္ေပါင္းစြာ ျမည္ေနခဲ့သည္။

“ဆာ?” သူ႕ေဘး႐ွိ ဝန္တမ္းက သူ႕အား ေျပာလိုက္သည္။ “ဖုန္း…”

သို႔ေသာ္ လန္ဂ်င္းဇီ ကမတုန္႔ျပန္ပဲ ႐ွက်ီႏိုင္ငံနဲ႔ ပတ္သက္သည့္အေၾကာင္းကိုသာ ဆက္ေဆြးေႏြးေနခဲ့သည္။

သူတို႔ေတြ အစီစဥ္ကို အဆုံးသတ္ၿပီးေနာက္မွ ထ,ရပ္လိုက္ၿပီး တည္ၿငိမ္စြာ ေျပာလိုက္သည္။ “ဒီေန႔ အစည္းအေဝးက ဒီမွာပဲ အဆုံးသတ္လိုက္မယ္။ မင္းတို႔အလုပ္ႀကိဳးစားေပးလို႔ ေက်းဇူးတင္ပါတယ္”

ထို႔ေနာက္တြင္ သူ႕ဖုန္းကိုၾကည့္ကာ အစည္းအေဝးခန္းထဲမွ ထြက္သြားလိုက္သည္။ အလ်င္လိုေနသလိုမ်ိဳး သူ႕လႈပ္႐ွားမႈေတြက အရမ္းကိုျမန္ေနသည္။

[အစ္ကို!!!!]

[‘ဓာတ္ပုံ’ ဒီမွာ အရမ္းကိုေပ်ာ္ဖို႔ေကာင္းတယ္]

[အို ဟုတ္သား၊ ေဒါက္တာခ်င္ ရဲ႕စာခ်ဳပ္အေၾကာင္းကို မေန႔က ပို႔ထားတယ္။ အစ္ကိုရၿပီလား?]

[ဟြမ္ဟြမ္ ထပ္ပို႔ေပးလိုက္မယ္ (〃゚3゚〃) ]

[အစ္ကို မသြားရင္ေတာင္ ဟြမ္ဟြမ့္ ကိုေျပာလို႔ရတယ္ေနာ္။ ဟြမ္ဟြမ္ ကအစ္ကို႔အတြက္ လက္ေဆာင္ေတြ အမ်ားႀကီး ျပန္သယ္လာေပးမွာ =3=]

လန္ဂ်င္းဇီ ကသတိလက္လြတ္ ျပဳံးလိုက္သည္။

သို႔ေသာ္ မၾကာခင္ သူ႕အမူအရာက ျပန္ေအးခဲသြားၿပီး နည္းနည္း ေအးစက္ေနပုံရသည္။

အခ်ိန္ၾကာၿပီးေနာက္ သူ႕ဖုန္းကို ျပန္ခ်လိုက္ၿပီး တျဖည္းျဖည္း စာ႐ိုက္လိုက္သည္။ သူ႕စာ႐ိုက္ႏႈန္းက လူႀကီးတစ္ေယာက္ရဲ႕ စာ႐ိုက္ႏႈန္းေလာက္ပဲ႐ွိသည္။

[ရၿပီးၿပီ၊ အိုေက။ ♡(> ਊ <)♡]

သူ႕ျပန္စာ တစ္ဝက္ေလာက္ၿပီး သတ္လက္ပိုင္းလူႀကီးလို ျဖစ္ေနေပမဲ့ ေနာက္တစ္ဝက္ကေတာ့ လုံးဝကိုကြာျခားသည္။ အတူတူ ေပါင္းေျပာရရင္ ဒါက နည္းနည္းထူးဆန္းေပမဲ့ ခ်စ္ဖို႔လည္း ေကာင္းေနသည္။

လန္ဂ်င္းဇီ ကသူ႕ဖုန္းကို အေဝးမွာခ်လိုက္ၿပီး အလ်င္အျမန္ပင္ သူ႕အလုပ္ထဲ ျပန္ႏွစ္လိုက္သည္။

ညေနပိုင္းတြင္ အခ်ိန္အတိအက် အလုပ္ဆင္းလိုက္သည္။

အတြင္းေရးမႉးခ်န္း ကလိုက္ေမာင္းပို႔ေပးသည္။ သူက ေမာင္းေနရင္ ေျပာလိုက္သည္။ “မစၥေဇာင္ ကအခုေနာက္ပိုင္း အရမ္းေပ်ာ္လာတယ္”

“အင္း” လန္ဂ်င္းဇီ ကထိုအေၾကာင္းကို ၾကားလိုက္ခ်ိန္တြင္ သူလည္း နည္းနည္းေပ်ာ္သြားသလို ခံစားလိုက္ရသည္။ ဒါက သူအၿမဲတမ္း လိုခ်င္ခဲ့သည့္အရာျဖစ္သည္။ သူမကို ေပ်ာ္႐ႊင္ေစခ်င္ၿပီး သူမငယ္ငယ္တုန္းက ၾကဳံေတြ႕ခံစားခဲ့ရသည့္ နာက်င္မႈေတြကို ေမ့ေလ်ာ့သြားေစခ်င္ခဲ့သည္။

အတြင္းေရးမႉးခ်န္း ကမထိန္းခ်ဳပ္ႏိုင္ပဲ ေမးလိုက္သည္။ “…ဒါဆို မစၥတာလန္ ကေကာ?”

သူလား?

လန္ဂ်င္းဇီ ကဂ႐ုမမူစြာျဖင့္ အျပင္ဘက္မွ ပတ္ဝန္းက်င္ကို ၾကည့္လိုက္ၿပီး ျပန္မေျဖေပ။

ဘယ္လိုေပ်ာ္ရမယ္ဆိုတာကို သူမသိဘူး။

သူ႕ေပ်ာ္႐ႊင္မႈက ေဇာင္ယုဟြမ္ ရဲ႕ေပ်ာ္႐ႊင္ျခင္း၊ အဖိုးဒင္ ရဲ႕က်န္းမာေရး အေျခအေနနဲ႔ သူ႕အလုပ္မွာ ျပႆနာမမ်ားမႈအေပၚ မူတည္သည္။

အတြင္းေရးမႉးခ်န္း ကဘာမွထပ္မေျပာေတာ့ေပ။

သူက ကားကိုရပ္လိုက္သည္။ “ကြၽန္ေတာ္တို႔ ေရာက္ၿပီ”

“အင္း” လန္ဂ်င္းဇီ ကကားတံခါးကို ဖြင့္လိုက္ၿပီး သူ႕အခန္းဆီ သြားလိုက္သည္။

သူ႕အခန္းထဲတြင္ လန္ဂ်င္းဇီ ကသူ႕ဖုန္းကို ထုတ္လိုက္သည္။

ပထမဆုံး အတင္းအဖ်င္း အြန္လိုင္းကို ၾကည့္လိုက္သည္။ ထိုေနရာတြင္ ေဇာင္ယုဟြမ္ နဲ႔ပတ္သက္တာ ႐ွိေနရင္ ထိုအေၾကာင္းကို ဂ႐ုတစိုက္ ဖတ္ၾကည့္လိမ့္မည္။

ထို႔ေနာက္ ေဇာင္ယုဟြမ္ ပါဝင္သည့္ မၾကာခင္ကမွ ျပခဲ့သည့္ “ျမန္ႏႈန္းျမင့္” စတုတၳအပိုင္းကို ၾကည့္ေနခဲ့သည္။ ေဇာင္ယုဟြမ္ အားအားေပးသည့္ အေရးအတြက္ ျမင့္မားလာစဥ္ ကြန္႔မန္႔ေပးဖို႔ကိုလည္း သူမေမ့ခဲ့ေပ။

ထို႔ေနာက္ ေဇာင္ယုဟြမ္ ပို႔ထားသည့္စာဆီ သြားျပန္ဖတ္လိုက္သည္။

မၾကာခင္ ပိတ္ရက္က ေရာက္လာခဲ့သည္။

စိတ္ပိုင္းဆိုင္ရာေဆးနဲ႔ ပတ္သက္သည့္ ဧည့္သည္အသစ္က ေရာက္လာခဲ့သည္။

ဒါက လန္ဂ်င္းဇီ ဘယ္တုန္းကမွ ေတြးမထားဖူးခဲ့သည့္ အရာျဖစ္သလို လိုခ်င္ခဲ့သည့္ အရာလည္း မဟုတ္ခဲ့ေပ။

-သူက ေဒါက္တာခ်င္ ေ႐ွ႕တြင္ထိုင္ေနခဲ့သည္။

သူ႕တစ္ကိုယ္လုံးက ေဆာင့္ေၾကာင့္ထိုင္ေနသည့္ သားရဲေလးလိုမ်ိဳး တင္းမာေနသည္။

သူ႕႐ွပ္အက်ႌအိတ္ထဲတြင္ ေဘာပင္က ႐ွိေနသည္။

ေဒါက္တာခ်င္ ကစကားစေျပာလိုက္သည္ႏွင့္ သူက ေဘာပင္ကိုထုတ္ကာ သူ႕လက္ထဲ ကိုင္ထားၿပီး ျငင္သာစြာ ပတ္သပ္ေနခဲ့သည္။

ေဒါက္တာခ်င္ ကထိုအျပဳအမူကို စိုက္ၾကည့္လိုက္ၿပီး ျပဳံးကာေမးလိုက္သည္။ “ဒါက ႐ွင့္ကို ခြန္အားေတြ ေပးတာလား?”

လန္ဂ်င္းဇီ ကျပန္မေျဖေပ။

ထို႔ေၾကာင့္ ေဒါက္တာခ်င္ ကတျခားေမးခြန္းကို ထပ္ေမးလိုက္သည္။ “ဒါက လက္ေဆာင္ရတာလား?”

“အင္း” လန္ဂ်င္းဇီ ကရပ္လိုက္သည္။ “ငါ့ညီမေလးက ေပးထားတာ”

ေဒါက္တာခ်င္ ရဲ႕အျပဳံးက ပိုၿပီးေတာ့ေတာင္ ႏူးညံ့သြားသည္။

အသက္႐ွဴလမ္းေၾကာင္းကို သူမ႐ွာေတြ႕သြားခဲ့သည္။

ဒီဆုံေတြ႕မႈက တစ္နာရီေလာက္ ၾကာသြားခဲ့သည္။ ေဆြးေႏြးမႈက မၿပီးေသးခင္ ေဒါက္တာခ်င္ က႐ုတ္တရက္ ေမးလိုက္သည္။ “ျဖစ္ႏိုင္မယ္ဆိုရင္ ေနာက္တစ္ခါက်ရင္ ႐ွင့္အေမကိုပါ ေခၚလာခဲ့သင့္တယ္။ ႐ွင္နဲ႔ယွဥ္ရင္ သူမက စိတ္ပိုင္းဆိုင္ရာ အကူအညီပိုလိုအပ္တယ္။ ကေလးေတြက သူတို႔မိဘေတြေၾကာင့္သာ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြ ျဖစ္လာရတာေလ။ ဒီျပႆနာေတြက အရင္မ်ိဳးဆက္ရဲ႕ ဆိုး႐ြားလွတဲ့ ပတ္ဝန္းက်င္ေၾကာင့္ ျဖစ္ရတာ… ကြၽန္မတို႔ ဒီျပႆနာကို အျမစ္ကေနပဲ စေျဖ႐ွင္းသင့္တယ္”

လန္ဂ်င္းဇီ ကေခါင္းမညိတ္သလို ေခါင္းလည္းမခါေပ။

သူက ေဆြးေႏြးခ်က္ ၿပီးသြားသည္ႏွင့္ အလ်င္အျမန္ ထြက္သြားခဲ့သည္။

ေနာက္ေန႔တြင္ ေဆးခန္းမွ ေဈးႀကီးေပးဝယ္ရသည့္ အဝတ္ေတြဝတ္ထားသည့္ ဧည့္သည္ကို ႀကိဳဆိုခဲ့သည္။

ထိုသူက ေလးဆယ္၊ ငါးဆယ္ဝန္းက်င္ေလာက္ ႐ွိပုံေပၚသည္။ သူမက ေနကာမ်က္မွန္ကို ခြၽတ္လိုက္ၿပီး အေပၚစီးမွ ေဒါက္တာခ်င္ ကိုေျပာလိုက္သည္။ “ငါ့သားနဲ႔ပတ္သက္ၿပီး ဘာအပြိဳင့္မန္႔မွမယူဖို႔ ေမွ်ာ္လင့္တယ္”

ေဒါက္တာခ်င္ ကအံ့ဩသြားၿပီး ေမးလိုက္သည္။ “ဘာေၾကာင့္လဲ?”

“သူ႕မွာ ဘယ္လိုလုပ္ၿပီး စိတ္ပိုင္းဆိုင္ရာ မဆင္မေျပတာ ႐ွိႏိုင္မွာလဲ? သူက အေတာ္ဆုံးပဲ! သူ႕ကိုယ္သူ ထိန္းသိမ္းႏိုင္မႈနဲ႔ ေမွ်ာ္လင့္ခ်က္ေတြက သူ႕တိုးတက္မႈအတြက္ အေကာင္းဆုံးပဲ မဟုတ္ဘူးလား? အဲ့လိုလူမ်ိဳးက ကုသမႈခံယူဖို႔ လိုအပ္လို႔လား? အဓိပၸါယ္မ႐ွိတာ!” ဒင္ေခြၽယြဲ႕ ကေဒါသျဖင့္ စားပြဲခုံကို ႐ိုက္ခ်လိုက္သည္။

ေဒါက္တာခ်င္ ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။

ထင္တဲ့အတိုင္း ကုသမႈခံယူသင့္တာ ငါ့ေ႐ွ႕က အမ်ိဳးသမီးပဲ။

ေနာက္ ၆ လအထိ လန္ဂ်င္းဇီ ကေဒါက္တာခ်င္ နဲ႔ေဆြးေႏြးဖို႔ ေဆးခန္းသို႔ ဆက္တိုက္သြားေနခဲ့သည္။

သြားတဲ့အခ်ိန္တိုင္း ဒင္ေခြၽယြဲ႕ ကလည္း ေဒါသျဖင့္ ေဆးခန္းကို သြားခဲ့သည္။

သူ႕ေန႔စဥ္ဘဝကို ျဖတ္သန္းေနရင္း လန္ဂ်င္းဇီ က ေဇာင္ယုဟြမ္ ဆီစာေတြ ဆက္တိုက္ပို႔ေနခဲ့သည္။

[အစ္ကို ဒီေန႔ ေဆးခန္းသြားတယ္]

[အစ္ကို ဒီေန႔လည္း ေဆးခန္းသြားတယ္]

အစက ေဇာင္ယုဟြမ္ ရဲ႕စကားကိုနားေထာင္ၿပီး တခ်ိဳ႕အရာေတြကို ႀကိဳးစားၾကည့္ခ်င္႐ုံသာ ျဖစ္သည္။

ေနာက္ပိုင္းတြင္ ေဒါက္တာခ်င္ ကအေတာ္ေလး စိတ္ဝင္စားဖို႔ေကာင္းေၾကာင္း လန္ဂ်င္းဇီ သိခဲ့ရသည္။ သူမက သူ႕အား ေဇာင္ယုဟြမ္ နဲ႔ပိုေကာင္းမြန္တဲ့ ဆက္ဆံေရးရလာဖို႔ သင္ၾကားေပးခဲ့သည္။

လဝက္ၾကာၿပီးေနာက္ လန္ဂ်င္းဇီ ရဲ႕စာပို႔သည့္ ပုံစံေတြကလည္း သိသိသာသာကို ေျပာင္းလဲသြားခဲ့သည္။

[ဟြမ္ဟြမ္, ဟုန္ခ်န္းမင္း ကိုေပးခဲ့တဲ့ ပန္းခ်ီကို အစ္ကိုလိုခ်င္တယ္]

[? အစ္ကို? အဲ့ပန္းခ်ီက ဘယ္လိုလုပ္ၿပီး ဒုတိယတစ္ခု ႐ွိမွာလဲ? ပုံတူေတြ႐ွိတာက လိမ္လည္မႈေျမာက္တယ္ေလ]

[ညစာစားဖို႔ လန္အိမ္ေတာ္ကို လာမွာလား?]

[အိုေက၊ အိုေက၊ လာမယ္]

[ဟြမ္ဟြမ့္ အတြက္ အစ္ကိုခ်က္ေပးမယ္]

[…ဒါဆိုလည္း စိတ္ထဲမထားပါနဲ႔]

လန္ဂ်င္းဇီ ကအျငင္းစကားကို ျမင္လိုက္ခ်ိန္တြင္ စိတ္မဆိုးေပ။ ထိုအစား သက္ေတာင့္သက္သာ ျဖစ္သလိုေတာင္ ခံစားလိုက္ရသည္။

သူ႕ခံစားခ်က္ေတြ ထုတ္ျပတက္ဖို႔နဲ႔ တျခားသူေတြအား မသက္မသာ မျဖစ္ေစဖို႔အတြက္ တျဖည္းျဖည္း သင္ယူခဲ့သည္။

“မစၥတာလန္ ရဲ႕အျပဳံးက ပိုၿပီးအစစ္အမွန္ ျဖစ္လာၿပီ” အတြင္းေရးမႉးခ်န္း ကသူ႕ေနာက္မွ ပစၥည္းေတြကိုင္ထားရင္း ႐ုတ္တရက္ႀကီး ေျပာလိုက္သည္။

“တကယ္?”

“ဟုတ္ကဲ့”

လန္ဂ်င္းဇီ ကတခ်ိဳ႕အေရးႀကီး ကိစၥေတြနဲ႔ ေဆြးေႏြးၿပီးေနာက္ ေရခ်ိဳးခန္းဆီ သြားလိုက္သည္။

ေရခ်ိဳးခန္းမွန္ထဲတြင္ သူ႕လက္႐ွိပုံစံက ေရာင္ျပန္ဟပ္ေနသည္။

တခ်ိဳ႕အခ်ိန္ေတြတြင္ သူ႕မ်က္ႏွာအသြင္အျပင္က သက္ေတာင့္သက္သာျဖစ္ေနၿပီး အရင္တုန္းကလိုမ်ိဳး တင္းမာေနတာ မ႐ွိေတာ့ေပ။

လန္ဂ်င္းဇီ ကသူ႕လက္ေတြကို ေဆးေၾကာၿပီးေနာက္ ဖုန္းကိုထုတ္လိုက္ၿပီး ေဇာင္ယုဟြမ္ ဆီစာထပ္ပို႔လိုက္သည္။

[ဟြမ္ဟြမ္]

[ဟမ္?]

[အစ္ကို နည္းနည္းေပ်ာ္ေနတယ္]

[ဟီးဟီး, ဟြမ္ဟြမ္ အစ္ကို႔အတြက္ လက္ေဆာင္အသစ္ ဝယ္လာေပးတာကို မွန္းမိလို႔လား?]

လန္ဂ်င္းဇီ မသိခဲ့ေပ။

သို႔ေသာ္ သူ႕စိတ္အနက္႐ိႈင္းဆုံးကေနကို ေပ်ာ္ေနသလိုမ်ိဳး ခံစားေနရ႐ုံသာ။

ေနာက္ဆုံးေတာ့ ဒင္ေခြၽယြဲ႕ ကေဒါက္တာခ်င္ အားေအးေဆးစြာ စကားေျပာႏိုင္သြားခဲ့သည္။

စိတ္ပိုင္းဆိုင္ရာ ကုသျခင္းက ႐ွည္လ်ားလွသည့္ ျဖစ္ရပ္ျဖစ္ကာ ဒင္ေခြၽယြဲ႕ ကတျဖည္းျဖည္းနဲ႔ တခ်ိဳ႕အရာေတြကို သုံးသပ္လာႏိုင္ခဲ့သည္။ လန္ဂ်င္းဇီ ကသူမကို ဘာေၾကာင့္မုန္းေၾကာင္း၊ ဒီေန႔အခ်ိန္တြင္ သူမက ဘာေၾကာင့္ တျဖည္းျဖည္း ပိုၿပီးအထီးက်န္လာေၾကာင္းနဲ႔ သူမလုပ္ရပ္က သူမသားအား ပိုတိုးတက္ေစခ်င္လို႔ ျဖစ္ေပမဲ့ တကယ္တမ္းေတာ့ သူ႕တစ္ဘဝလုံးကို ပ်က္ဆီးသြားေစႏိုင္ေၾကာင္း သူမ နားလည္လာခဲ့သည္။

သူမပိုၿပီးနားလည္လာေလ သူမ ပိုၿပီးနာက်င္လာေလပင္။

အခ်ိန္ေတြကုန္သြားၿပီးေနာက္ ဒီနာက်င္မႈေတြက သူမကိုယ္တြင္ အျမစ္တြယ္ေနခဲ့မွန္း နားလည္လာခဲ့သည္။

ေနာက္ဆုံး မိုး႐ြာသည့္ေန႔တြင္ ႏွစ္ေပါင္းမ်ားစြာ မေရာက္ခဲ့သည့္ လန္အိမ္ေတာ္ရဲ႕ ေျခရင္းဆီကို ဒင္ေခြၽယြဲ႕ ေရာက္လာခဲ့သည္။

ကားတစ္စီးက အလ်င္အျမန္ပင္ ရပ္သြားခဲ့သည္။ ကားတံခါးက ပြင့္သြားခဲ့ၿပီး အတြင္းေရးမႉးခ်န္း ကထြက္လာကာ သူမအား ထိတ္လန္႔သည့္အၾကည့္ျဖင့္ ၾကည့္ေနခဲ့သည္။

လန္ဂ်င္းဇီ လည္းထြက္လာခဲ့သည္။

“ဂ်င္းဇီ…” ဒင္ေခြၽယြဲ႕ ကသူ႕ေနာက္မွ လိုက္လိုက္သည္။

သို႔ေသာ္ လန္ဂ်င္းဇီ ကသူမအား ေက်ာ္ေလွ်ာက္သြားခဲ့သည္။

ဒင္ေခြၽယြဲ႕ တြင္ထီးမ႐ွိတာေၾကာင့္ မိုးေတြက သူမတစ္ကိုယ္လုံးကို စို႐ႊဲသြားခဲ့သည္။

“ဂ်င္းဇီ…” သူမက ထပ္ေခၚလိုက္သည္။

ထိုအခ်ိန္တြင္ လူတစ္ေယာက္က ထီးကိုင္ကာ အိမ္ထဲမွေျပးထြက္လာခဲ့သည္။ “အစ္ကို! အစ္ကို႔ကို လာႀကိဳတာ… ျမန္ျမန္၊ ျမန္ျမန္…”

သူမကေတာ့ ေဇာင္ယုဟြမ္ ပင္။

ေဇာင္ယုဟြမ္ က လန္ဂ်င္းဇီ ရဲ႕ေခါင္းေပၚကို ထီးမိုးေပးလိုက္ၿပီး ဒင္ေခြၽယြဲ႕ အားမ်က္ေမွာင္ၾကဳတ္ကာ ၾကည့္လိုက္သည္။

ဒင္ေခြၽယြဲ႕ ကသူတို႔ဆက္ဆံေရးအား မပ်က္ဆီးေစဖို႔ ေဒါသထြက္ၿပီး ထြက္မသြားမိဖို႔ ထိန္းခ်ဳပ္လိုက္သည္။

သို႔ေသာ္ လန္ဂ်င္းဇီ ကသူမအား ၾကည့္လိုက္ၿပီး ေပါ့ပါးစြာေျပာလိုက္သည္။ “ကြၽန္ေတာ္ အရင္တည္းက ေျပာခဲ့ၿပီးသားပဲ။ ကြၽန္ေတာ့္မွာ႐ွိသမွ် အကုန္လုံးေပးႏိုင္ေပမဲ့ မိုးေရထဲမွာ ဒီလိုေလွ်ာက္ေျပးေနတာက ကြၽန္ေတာ္တို႔ ႏွစ္ေယာက္လုံးအတြက္ ၾကည့္မေကာင္းဘူး”

ဒင္ေခြၽယြဲ႕ ကသူမပါးစပ္ကို ဖြင့္လိုက္သည္။

ဒါေပမဲ့ ငါ ေအးစက္တာကို မလိုခ်င္ဘူး…

လန္ဂ်င္းဇီ က ေဇာင္ယုဟြမ္ ဆီမွထီးကိုယူလိုက္ၿပီး သူမဆီကို နည္းနည္းမိုးေပးလိုက္သည္။

ထို႔ေနာက္ သူတို႔က ဒင္ေခြၽယြဲ႕ ကိုထပ္မၾကည့္ေတာ့ပဲ အတြင္းကို အတူတူေလွ်ာက္ဝင္သြားၾကသည္။

“အရင္က အေမမွားခဲ့မွန္း သိပါတယ္။ ဂ်င္းဇီ အေမ အခုသိပါၿပီ။ အေမ ေျပာင္းလဲခ်င္တယ္။ အေမ့ကို တစ္ခါေလာက္ေတာ့ အခြင့္အေရးေလး မေပးႏိုင္ဘူးလား?”

“ေပ်ာက္ဆုံးသြားတဲ့ အရာေတြက ျပန္မရႏိုင္လို႔ အခုသက္ေတာင့္သက္သာ မျဖစ္တဲ့ အေျခအေနကို ဆက္ထိန္းသိမ္းထားဖို႔ပဲ အာ႐ုံစိုက္သင့္တယ္။ ဒါေတြက အေမ အရင္က ကြၽန္ေတာ့္ကို သင္ေပးခဲ့တဲ့ အရာေတြပဲ”

တံခါးက ပိတ္သြားၿပီး အျပင္တြင္ ဒင္ေခြၽယြဲ႕ တစ္ေယာက္သာ က်န္ေနခဲ့သည္။

ဒင္ေခြၽယြဲ႕ တုန္သြားခဲ့သည္။ သူမရင္ဘတ္ကို ဆုပ္လိုက္ၿပီး သူမ ေသေတာ့မလို ခံစားလိုက္ရသည္။

အရင္က တျခားသူေတြနဲ႔ သူမဘာသာ ႏိႈင္းယွဥ္ခဲ့တယ္၊ သူတို႔လက္ထပ္ပြဲေတြနဲ႔ ယွဥ္ခဲ့တယ္။ သူတို႔ေယာက်ၤား၊ သား၊ ေငြေတြ… အကုန္လုံးနဲ႔ လိုက္ႏိႈင္းယွဥ္ခဲ့တယ္… အဲ့လိုမ်ိဳး ႏွစ္ေတြကုန္လာၿပီးေနာက္ေတာ့ သူမ ျပန္ၾကည့္လိုက္ခ်ိန္တြင္ သူမကိုေစာင့္ေနတဲ့ သူဘယ္သူမွ မ႐ွိေတာ့မွန္း သိခဲ့ရသည္။

လန္ဂ်င္းဇီ ကထမင္းစားခန္းဆီ ေလွ်ာက္သြားၿပီး စိတ္အေႏွာင့္အယွက္ျဖစ္ေနမွန္း သူ႕မ်က္ခုံးၾကဳတ္ထားတာကေန ျမင္ႏိုင္သည္။

ေဇာင္ယုဟြမ္ ကသူ႕အား ဗူးအႀကီးတစ္ခုကို ေပးလိုက္ၿပီး ထိုဗူးအားပုတ္ကာ ေျပာလိုက္သည္။ “လက္ေဆာင္အသစ္”

မိႈန္မိႈင္းေနမႈက ေပ်ာက္သြားၿပီး လန္ဂ်င္းဇီ ကဗူးအားဖြင့္ကာ အပိုင္းေလးေတြ တစ္ေသာင္းေက်ာ္ေလာက္႐ွိသည့္ ပေဟဠိဗူးႏွစ္ခုကို ထုတ္လိုက္သည္။

“အစ္ကို၊ ဟြမ္ဟြမ္ တို႔ဆီမွာ တစ္ခုစီ႐ွိတယ္။ ဟြမ္ဟြမ့္ အတြက္ အစ္ကို ဝိုင္းဆက္ေပးရမယ္”

လန္ဂ်င္းဇီ : “…”

အဲ့ညက လန္ဂ်င္းဇီ ရဲ႕ပုံမွန္အခ်ိန္ဇယားက လုံးဝကိုပ်က္သြားခဲ့သည္။

သူက ပေဟဠိေတြအား သုံးနာရီေလာက္ ဆက္ခဲ့သည္။ သူအခ်ိန္ကို ၾကည့္လိုက္ခ်ိန္တြင္ မနက္ ၁ နာရီေတာင္ ျဖစ္ေနခဲ့သည္။

လန္ဂ်င္းဇီ ကမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ဆက္လုပ္ဖို႔ကို လက္ေလ်ာ့လိုက္သည္။

ထို႔ေၾကာင့္ သူ႕ကြန္ပ်ဴတာကို ဖြင့္လိုက္ၿပီး ေဇာင္ယုဟြမ္ ပါဝင္သည့္ ႐ိႈးပြဲေတြကို ျပန္ၾကည့္လိုက္ၿပီး ကြန္႔မန္႔ေတြကိုလည္း ပင္ပန္းျခင္းမ႐ွိပဲ ေရးလိုက္သည္။

[ဟုန္ခ်န္းမင္း ကအရမ္းႏုံအ,တာပဲ]

[လီဂ်င္းယြမ္ ကအရမ္းမိုက္မဲတာပဲ]

[ဟြမ္ဟြမ္ေလးက အရမ္းခ်စ္ဖို႔ေကာင္းတာပဲ]

လန္ဂ်င္းဇီ ကသူ႕ဘဝတြင္ ပထမဆုံးအႀကိမ္ ပိတ္ရက္အား အနားယူခဲ့သည္။

သူက ဗီဒီယိုေတြအား အခ်ိန္မၾကည့္ပဲ ဆက္တိုက္ၾကည့္ေနခဲ့သည္။ သူက အြန္လိုင္းပို႔စ္ေတြနဲ႔ အတင္းအဖ်င္း ဝက္ဆိုက္ထဲေတာင္ ဝင္ၾကည့္ခဲ့သည္။

မသိလိုက္ပဲ တစ္ေန႔လုံးနဲ႔ တစ္ညလုံး ကုန္သြားခဲ့သည္။

လန္ဂ်င္းဇီ ကညစာစားဖို႔ ထ,လိုက္ခ်ိန္တြင္ သူ႕မ်က္လုံးေအာက္တြင္ အမဲေရာင္ႀကီးက ႐ွိေနသည္။

သူ႕အားျမင္လိုက္သည့္ သူ႕အေဖေတာင္ လန္႔သြားခဲ့သည္။

လန္ဂ်င္းဇီ ကအရမ္းပင္ပန္းေနခဲ့သည္။ သူ႕တူကို ကိုင္ထားၿပီး စားပြဲေပၚက အစားေတြကို စိုက္ၾကည့္ေနခဲ့သည္။

မသိလိုက္ပဲ သူျပဳံးလိုက္သည္။

သူ႕ဘဝတြင္ ပထမဆုံးအႀကိမ္ သူ႕ကိုယ္သူအတြက္ အခ်ိန္ျဖဳန္းခဲ့သည္။

ေနာက္ဆုံးေတာ့ ႏွစ္ေပါင္းမ်ားစြာ ခတ္ထားသည့္ ခ်ိန္းႀကိဳးေတြကေန လြတ္ေျမာက္ဖို႔ ေျခလွမ္းစလိုက္သည္။

တစ္စုံတစ္ေယာက္ရဲ႕ အထိန္းခ်ဳပ္ခံမ်ိဳးမဟုတ္ပဲ ပိုေပ်ာ္႐ႊင္လာေစဖို႔။

စာေရးသူမွာ ေျပာစရာ႐ွိပါတယ္။

စိတ္အားထက္သန္တဲ့ မိဘေတြရဲ႕ အထိန္းအခ်ဳပ္ေအာက္မွာ ေနေနရရင္ သူတို႔ကိုလည္း သက္ဆိုင္တဲ့ စိတ္ပိုင္းဆိုင္ရာကုသမႈ ခံယူေအာင္ လုပ္ေပးသင့္တယ္။ (。・ω・。)ノ♡ ဒါေပမဲ့ တခ်ိဳ႕မိဘေတြကေတာ့ ေဒါက္တာေတြ႕ဖို႔ မလိုပါဘူး။ ဒီအပိုဇာတ္လမ္းေလးက အစ္ကိုလန္ ကနည္းနည္းေလး ပိုေပ်ာ္တက္လာတာကို ျပထားတာပါ။ သူ႕အတြက္ေတာ့ အတြဲမထည့္ထားပါဘူး။ ဒါပါပဲ!

#‌ေနာက္ဆံဳးတစ္ပိုင္း‌ေလး‌ေတာ့ မနက္ျဖန္မွပဲ တင္ေပးေတာ့မယ္၊ ဘာသာဆက္ျပန္ဖို႔ laptop အားမ႐ွိေတာ့ဘူး ಠ_ಠ#

……………

[text_hash] => f3939119
)

//qc
//QC2