Array
(
[text] =>
Unicode
ဇောင်ယုဟွမ် ကတံခါးကို ဖွင့်လိုက်သည်နှင့် ချက်ချင်းပင် စားပွဲပေါ်ရှိ လက်တော့ပ်ကို မြင်လိုက်သည်။
လျှောက်သွားလိုက်ပြီး မတော်တဆ မောက်စ်ကို ထိမိသွားသည်။ စခရင်က ချက်ချင်း လင်းလာပေမဲ့ ရှင်းလင်းနေသည့် စခရင်ကိုမြင်ရမဲ့အစား မကြာသေးခင်ကမှ ပေါင်းထည့်ထားသည့် ဖိုင်တွဲတွေကို မြင်လိုက်ရသည်။ ဇောင်ယုဟွမ် ကထိုဖိုင်တွေကို ကြည့်လိုက်သည်။
“မသေမျိုးကျင့်ကြံခြင်းမှာ ဝိဉာဉ်ပြောင်းခြင်းက တကယ်တည်ရှိမရှိ အတည်ပြုချက်”
“လူတစ်ယောက်ရဲ့ မူလဝိဉာဉ်က အစားထိုးခံလိုက်ရချိန်မှာ ပြန်သွားနိုင်သေးလား?”
“ပြန်လည်အသက်ရှင်ခြင်းအား အာရုံစိုက်ရမည့် အဓိကအချက်များ”
“ပြန်လည်အသက်ရှင်ခြင်း၊ ပြန်မွေးဖွားခြင်းနဲ့ ရှေးဟောင်းစုန်းအတက်ပညာဖြင့် ပြန်ဝင်စားခြင်း”
“မတည်မြဲသည့်ဝိဉာဉ်အား တည်မြဲစေနိုင်သည့် နည်းလမ်းသုံးခု!”
“နတ်မေးခြင်း အသေးစိတ်အချက်”
“ဘယ်နတ်ဘုရားလက်နက်က လူတစ်ယောက်ရဲ့ သုံးခုသော မသေမျိုးဝိဉာဉ်နဲ့ ၇ ခုသော သေမျိုးပုံစံအား တည်မြဲစေနိုင်သလဲ?”
“…”
ထိုစာကိုမြင်လိုက်ရချိန် ဇောင်ယုဟွမ် ရဲ့ပထမဆုံး တုန့်ပြန်ချက်က ‘သွားပြီ! ဟုန်ချန်းမင်း ရဲ့စိတ်က ဂမ္ဘီရပညာနဲ့ အစွဲအလမ်းကြီးတဲ့ဆီ ပြောင်းသွားပြီ!’
သူမ ဒုတိယတုန့်ပြန်ချက်က ‘သူက မသေမျိုးဖြစ်ချင်နေတာလား? ဒါမှမဟုတ် သရဲဖမ်းချင်နေတာလား?’
နောက်ဆုံးတော့ သူမနားလည်သွားခဲ့သည်။ ဒီအကြောင်းတွေက သူမနဲ့ပတ်သက်နေတာလား?
သူမအရင်ဘဝအကြောင်း သူတို့ကို ထုတ်ပြောလိုက်တည်းက ဇောင်ယုဟွမ် ကအရမ်းပေါ့ပါးသွားခဲ့သည်။ သူတို့က သူမစကားကို ယုံယုံမယုံ ဂရုမစိုက်ခဲ့ပဲ အေးဆေးစွာ နေခဲ့သည်။ သူတို့ကို သူမထုတ်ပြောလိုက်ရသည့် ရည်ရွယ်ချက်က သူမစိတ်ပေါ့ပါးချင်လို့ ဖြစ်သည်။ သူတို့က ထိုအကြောင်းကို ထပ်မပြောတည်းက သူမစကားကို မယုံကြည်ကြတာလို့ သူမတွေးခဲ့သည်။
အခုတော့ သူတို့က မယုံကြည်ကြတာ မဟုတ်မှန်း သူမ နားလည်သွားခဲ့သည်။ ထိုအစား ဟုန်ချန်းမင်း ကထိုအကြောင်းကို အလေးအနက်ထားကာ အချက်အလက်တွေကိုလည်း အာရုံစိုက်ရှာဖွေနေမှန်း သိလိုက်ရသည်။
ဇောင်ယုဟွမ် ကထိုနေရာတွင် ငေးငိုင်နေရင်း သူမနှလုံးသားက လှုပ်ရှားနေခဲ့သည်။
ဇောင်ယုဟွမ် ကခေါင်းငုံ့လိုက်ပြီး လက်တော့ပ်ကို ပိတ်လိုက်ကာ ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်ကာ ဟုန်ချန်းမင်း ဆီပို့ပေးလိုက်သည်။ ထို့နောက် လီဂျင်းယွမ် ကိုချက်ချင်း သွားရှာလိုက်သည်။
ဇောင်ယုဟွမ် ရဲ့ဖုန်းကို လက်ခံရချိန်တွင် လီဂျင်းယွမ် က လီရုံ နဲ့စကားပြောနေခဲ့သည်။ သူက အရမ်းပျော်သွားပြီး သူမအား ချက်ချင်းသွားကြိုဖို့ ပြောလိုက်သည်။
လီရုံ ကသူ့ရဲ့ချိုမြိန်လွန်းလှသည့် အပြုံးကြောင့် ကြက်သီးတောင်ထ,သွားသည်။ သူက အကူအညီမဲ့စွာဖြင့် မေးလိုက်သည်။ “ဇောင်ယုဟွမ် လာမှာလား?”
လီဂျင်းယွမ် ကခေါင်းညိတ်လိုက်သည်။ သူ့စိတ်က လီရုံ နဲ့ပြောနေသည့် စကားဝိုင်းထဲ မရှိတော့ပဲ သူ့ခန္ဓာကိုယ်ကလည်း တံခါးဘက်ဆီ မှီနေကာ ဇောင်ယုဟွမ် ဘယ်အချိန်ရောက်ရောက် ကြိုဆိုဖို့ပြင်နေခဲ့သည်။
နောက်ဆုံးတော့ ခြေသံက ထွက်လာခဲ့သည်။
ဒေါက်ဖိနပ်သံက လီဂျင်းယွမ် ရဲ့နှလုံးသားကို လာထိခတ်နေခဲ့သည်။
လီရုံ ကကြင်နာစွာဖြင့် ပြုံးလိုက်သည်။ “သွား”
သူ့အသက်တွင် လူငယ်မျိုးဆက်တွေ ဒိတ်ပြီး လက်ထပ်တာကို သူတကယ်ပဲ မြင်ချင်မိသည်။
လီဂျင်းယွမ် က ဇောင်ယုဟွမ် အားကြိုလိုက်သည်။
ဇောင်ယုဟွမ် ကသူ့အား ပြုံးပြလိုက်ပြီးနောက် လီရုံ အားနှုတ်ဆက်ဖို့ အထဲဝင်လိုက်သည်။
လီဂျင်းယွမ် က လီရုံ နဲ့စကားခဏလောက် ပြောပြီးနောက်တွင် လီရုံ ကသူတို့နှစ်ယောက်အား လသာဆောင်ဆီ ခေါ်သွားပေးဖို့ သူ့လူတွေအား ခိုင်းလိုက်သည်။
“ရှင့်ဖုန်းနဲ့ ကစားလို့ရမလား?” ဇောင်ယုဟွမ် ကသူမခုံတွင်မှီလိုက်ပြီး ခေါင်းစောင်းကာ မေးလိုက်သည်။
လီဂျင်းယွမ် ကပျော်ရွှင်စွာဖြင့် သူ့ဖုန်းကိုပေးလိုက်ပြီး ထ,ရပ်ကာ ပြောလိုက်သည်။ “ဟွမ်ဟွမ် အတွက် တစ်ခုခုစားဖို့ အောက်ထပ်မှာ သွားယူလိုက်ဦးမယ်”
ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်သည်။ “အသီးယူလာခဲ့ပေး။ ဟွမ်ဟွမ် အရမ်းပူနေတယ်”
လီဂျင်းယွမ် ကပြုံးလိုက်သည်။ “အိုကေ”
လီဂျင်းယွမ် အောက်ထပ်သွားနေချိန် ဇောင်ယုဟွမ် ကသူ့အီးမေးလ်ကို ဖွင့်လိုက်သည်။ သူ့အီးမေးလ်က ဝင်ထားပြီးဖြစ်တာကြောင့် ဖွင့်လိုက်သည်နှင့် စာဖိုင်တွေကို မြင်လိုက်ရသည်။
ဇောင်ယုဟွမ် ကဆွဲတောင်ကြည့်စရာမလိုပေ။ အီးမေးလ်တစ်ခုလုံးက “သဘာဝလွန်ဖြစ်ရပ်အတွက် မေးခွန်းပေါင်းတစ်ရာ”
“ကျောက်စိမ်းအမျိုးအစားတွေက ဝိဉာဉ်တွေကို တည်မြဲစေနိုင်သည်”
“…”
ဟုန်ချန်းမင်း လိုမျိုး အကြောင်းအရာတွေ အရမ်းများတာပဲ။
ငါသာ မသိထားရင် သူတို့နှစ်ယောက် ပူးပေါင်းပြီး ဂမ္ဘီရပညာကို လေ့လာနေတယ် ထင်မိမှာပဲ။
ဇောင်ယုဟွမ် ကမရယ်ချင်ရုံသာမက ငိုလည်းမငိုချင်မိပေ။
သူတို့က သူမဝိဉာဉ်မတည်မြဲပဲ ဒီကမ္ဘာကြီးကနေ ထွက်သွားမှာကို ကြောက်နေကြတာလား?
“ဟွမ်ဟွမ်” လီဂျင်းယွမ် ကအသီးပန်းကန်ကို စားပွဲပေါ်တွင် တင်လိုက်သည်။
ဇောင်ယုဟွမ် ကအီးမေးလ်ကို ပိတ်လိုက်ပြီးနောက် သူ့ဖုန်းကို ပြန်ပေးလိုက်သည်။
မင်းအပေါ်မှာ အပြည့်အဝရိုးသားတဲ့သူအပေါ် ဘယ်သူက ငြင်းပယ်နိုင်မှာလဲ?
အထူးသဖြင့် သူတို့က အရမ်းကို ထူးခြားနေရင်ပေါ့!
သူမက အရင်အချိန် “အချိန်ခရီးသွားခြင်း” ရိုက်ကူးရေးတုန်းက စကားလုံးတချို့ကို အမှတ်ရသွားခဲ့သည်။ တစ်ယောက်က မေးခဲ့သည်။ “လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့လိုအံ့ဩစရာကောင်းတဲ့ လူနှစ်ယောက်နဲ့ ကြုံနေရတဲ့ ဇောင်ယုဟွမ် ကဘယ်လိုလုပ်ပြီး အေးဆေးနိုင်မှာလဲ?”
မှန်တယ်။
ငါဘယ်လိုအေးဆေးနိုင်မှာလဲ?
ဇောင်ယုဟွမ် ကဖရဲသီးကို တစ်ကိုက်ကိုက်လိုက်သည်။
လီဂျင်းယွမ် ကသူမနှုတ်ခမ်းကို စိုက်ကြည့်နေခဲ့သည်။ ရုတ်တရက် သူ့မျက်လုံးတွေက မဲမှောင်သွားပြီး သူ့ထိုင်ခုံမှ ထ,ရပ်လိုက်ကာ သူ့ကိုယ်အား ကွေးလိုက်ပြီး ဇောင်ယုဟွမ် နှုတ်ခမ်းထောင့်မှ ထွက်နေသည့် ဖရဲသီးအား ကိုက်လိုက်သည်။
အရမ်းချိုတာပဲ။
သူ့ပါးစပ်တစ်ခုလုံးတောင် ချိုသွားတယ်။
ဇောင်ယုဟွမ် ကသူ့အား ထိတ်လန့်စွာဖြင့် ကြည့်နေခဲ့သည်။
….ဟူး၊ အခုတော့ ငါဘယ်လို အေးဆေးနေနိုင်တော့မှာလဲ?
ဇောင်ယုဟွမ် ကခေါင်းငုံ့လိုက်ပြီး သူမနှုတ်ခမ်းမှ ဖရဲသီးအရည်တွေကို လျှာနဲ့သပ်လိုက်ပြီး “ဟုန်ချန်းမင်း ကိုခေါ်လိုက်”
“ဟမ်?”
“သူ့ကို ပြန်လာဖို့ပြောလိုက်” ဇောင်ယုဟွမ် ကမျက်တောင်ခတ်လိုက်သည်။ “အတူတူ စားကြရအောင်”
ဒီနေ့ကစပြီး သူမတစ်ဘဝလုံး ဘာအပူအပင်မှမရှိပဲ အပျော်ရွှင်ဆုံး နေထိုင်သွားတော့မယ်!
ဘယ်သူက သူမထက် ပိုပျော်ရွှင်နိုင်မှာလဲ?
လီဂျင်းယွမ် ကသူမရဲ့မနှစ်မြို့ခြင်း၊ ငြင်းဆန်ခြင်းမျိုးမရှိပဲ ကြင်လင်ကာ သန့်ရှင်းနေသည့် မျက်လုံးကို ကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။ “အိုကေ”
နာရီဝက်ကြာပြီးနောက် ဟုန်ချန်းမင်း ရောက်လာခဲ့သည်။
လီရုံ ကသူ့နောက်ကျောကို ကြည့်လိုက်ပြီး အကူအညီမဲ့စွာဖြင့် လက်ထောက်ဒေါင် ကိုပြောလိုက်သည်။ “ဒီလိုတွေ ဖြစ်လာမယ်မှန်းသာ သိခဲ့ရင် ငါ အကြိမ်ကြိမ် လက်ထပ်ခဲ့မှာ မဟုတ်ဘူး”
လက်ထောက်ဒေါင် ကရပ်နေပြီး ဘယ်လိုတုန့်ပြန်ရမှန်း မသိပေ။
လီရုံ ကတွေးလိုက်ပြီးနောက် ပြောလိုက်သည်။ “ဘာဖြစ်ဖြစ် ငါလုပ်ခဲ့ရင်တောင် အဆုံးမှာ သူတို့တွေက လက်ထပ်ကြဦးမှာပဲလေ”
နှစ်ဖက်လုံးက ရည်ရွယ်ချက်ရှိနေတည်းက သူတို့တွေ လုံးဝပျော်ရွှင်ရသင့်တယ်!
ဒါမှမဟုတ် သူ့ပိုက်ဆံတွေ အကုန်လုံးကို ဘယ်မှာသွားသုံးရမလဲ?
ဟုန်ချန်းမင်း ကတဖြည်းဖြည်း အပေါ်ထပ်ကို တက်သွားပြီး လသာဆောင်တံခါးကို တွန်းဖွင့်လိုက်သည်။ ထိုနေရာတွင် ကော်ဖီစားပွဲရှိပြီး ထိုင်ခုံသုံးခုံက အဆင်သင့်ရှိနေသည်။
သူတို့တွေ ဇောင်မိသားစုကို စရောက်တည်းက သူတို့အားလုံးက တစ်ယောက်နဲ့ တစ်ယောက် မှီခိုနေခဲ့သည်။ အတိတ်မှ လက်ရှိအထိ နောက်ထပ် အနာဂတ်တွေအထိ။
သူမကို ချစ်တက်လာဖို့ အချစ်မှာ ပျော်ရွှင်လာစေဖို့ သင်ကြားပေးဖို့ သူတို့မှာ အချိန်အများကြီး ရှိနေသေးသည်။
~Main Story Over~
စာရေးသူမှာ ပြောစရာရှိပါတယ်။
ဇာတ်သိမ်းက တော်တော်လေးကို ဝေဝါးနေတယ်။ ဇာတ်ကောင်နှစ်ခုလုံးက အရမ်းပြည့်စုံအောင် ရေးခဲ့မိလို့ ဇာတ်သိမ်းကို မခွဲခြားနိုင်ခဲ့တဲ့ စာရေးသူကိုပဲ အပြစ်တင်ပါ oVo မစ္စတာဟုန် နဲ့ ဟွမ်ဟွမ် တို့က သူတို့အငယ်လေးနဲ့အတူ လီမိသားစုဆီ ဝင်ရောက်ပြီး သူ့အတွက် ကူညီတိုက်ခိုက်ပေးတာ၊ တစ်ခုခုတော့ ရှိတယ်။ နောက်ပြီး အစ်ကိုလန် အတွက်လည်း အပိုလေးထည့်ထားပေးတယ်။ သူကတော့ စာဖတ်သူတွေအတွက် စာရေးသူရဲ့ လက်ဆောင်လေးပါ။
………………….
Zawgyi
ေဇာင္ယုဟြမ္ ကတံခါးကို ဖြင့္လိုက္သည္ႏွင့္ ခ်က္ခ်င္းပင္ စားပြဲေပၚ႐ွိ လက္ေတာ့ပ္ကို ျမင္လိုက္သည္။
ေလွ်ာက္သြားလိုက္ၿပီး မေတာ္တဆ ေမာက္စ္ကို ထိမိသြားသည္။ စခရင္က ခ်က္ခ်င္း လင္းလာေပမဲ့ ႐ွင္းလင္းေနသည့္ စခရင္ကိုျမင္ရမဲ့အစား မၾကာေသးခင္ကမွ ေပါင္းထည့္ထားသည့္ ဖိုင္တြဲေတြကို ျမင္လိုက္ရသည္။ ေဇာင္ယုဟြမ္ ကထိုဖိုင္ေတြကို ၾကည့္လိုက္သည္။
“မေသမ်ိဳးက်င့္ၾကံျခင္းမွာ ဝိဉာဥ္ေျပာင္းျခင္းက တကယ္တည္႐ွိမ႐ွိ အတည္ျပဳခ်က္”
“လူတစ္ေယာက္ရဲ႕ မူလဝိဉာဥ္က အစားထိုးခံလိုက္ရခ်ိန္မွာ ျပန္သြားႏိုင္ေသးလား?”
“ျပန္လည္အသက္႐ွင္ျခင္းအား အာ႐ုံစိုက္ရမည့္ အဓိကအခ်က္မ်ား”
“ျပန္လည္အသက္႐ွင္ျခင္း၊ ျပန္ေမြးဖြားျခင္းနဲ႔ ေ႐ွးေဟာင္းစုန္းအတက္ပညာျဖင့္ ျပန္ဝင္စားျခင္း”
“မတည္ၿမဲသည့္ဝိဉာဥ္အား တည္ၿမဲေစႏိုင္သည့္ နည္းလမ္းသုံးခု!”
“နတ္ေမးျခင္း အေသးစိတ္အခ်က္”
“ဘယ္နတ္ဘုရားလက္နက္က လူတစ္ေယာက္ရဲ႕ သုံးခုေသာ မေသမ်ိဳးဝိဉာဥ္နဲ႔ ၇ ခုေသာ ေသမ်ိဳးပုံစံအား တည္ၿမဲေစႏိုင္သလဲ?”
“…”
ထိုစာကိုျမင္လိုက္ရခ်ိန္ ေဇာင္ယုဟြမ္ ရဲ႕ပထမဆုံး တုန္႔ျပန္ခ်က္က ‘သြားၿပီ! ဟုန္ခ်န္းမင္း ရဲ႕စိတ္က ဂမ႓ီရပညာနဲ႔ အစြဲအလမ္းႀကီးတဲ့ဆီ ေျပာင္းသြားၿပီ!’
သူမ ဒုတိယတုန္႔ျပန္ခ်က္က ‘သူက မေသမ်ိဳးျဖစ္ခ်င္ေနတာလား? ဒါမွမဟုတ္ သရဲဖမ္းခ်င္ေနတာလား?’
ေနာက္ဆုံးေတာ့ သူမနားလည္သြားခဲ့သည္။ ဒီအေၾကာင္းေတြက သူမနဲ႔ပတ္သက္ေနတာလား?
သူမအရင္ဘဝအေၾကာင္း သူတို႔ကို ထုတ္ေျပာလိုက္တည္းက ေဇာင္ယုဟြမ္ ကအရမ္းေပါ့ပါးသြားခဲ့သည္။ သူတို႔က သူမစကားကို ယုံယုံမယုံ ဂ႐ုမစိုက္ခဲ့ပဲ ေအးေဆးစြာ ေနခဲ့သည္။ သူတို႔ကို သူမထုတ္ေျပာလိုက္ရသည့္ ရည္႐ြယ္ခ်က္က သူမစိတ္ေပါ့ပါးခ်င္လို႔ ျဖစ္သည္။ သူတို႔က ထိုအေၾကာင္းကို ထပ္မေျပာတည္းက သူမစကားကို မယုံၾကည္ၾကတာလို႔ သူမေတြးခဲ့သည္။
အခုေတာ့ သူတို႔က မယုံၾကည္ၾကတာ မဟုတ္မွန္း သူမ နားလည္သြားခဲ့သည္။ ထိုအစား ဟုန္ခ်န္းမင္း ကထိုအေၾကာင္းကို အေလးအနက္ထားကာ အခ်က္အလက္ေတြကိုလည္း အာ႐ုံစိုက္႐ွာေဖြေနမွန္း သိလိုက္ရသည္။
ေဇာင္ယုဟြမ္ ကထိုေနရာတြင္ ေငးငိုင္ေနရင္း သူမႏွလုံးသားက လႈပ္႐ွားေနခဲ့သည္။
ေဇာင္ယုဟြမ္ ကေခါင္းငုံ႔လိုက္ၿပီး လက္ေတာ့ပ္ကို ပိတ္လိုက္ကာ ဘာမွမျဖစ္ခဲ့သလိုမ်ိဳး ဟန္ေဆာင္ကာ ဟုန္ခ်န္းမင္း ဆီပို႔ေပးလိုက္သည္။ ထို႔ေနာက္ လီဂ်င္းယြမ္ ကိုခ်က္ခ်င္း သြား႐ွာလိုက္သည္။
ေဇာင္ယုဟြမ္ ရဲ႕ဖုန္းကို လက္ခံရခ်ိန္တြင္ လီဂ်င္းယြမ္ က လီ႐ုံ နဲ႔စကားေျပာေနခဲ့သည္။ သူက အရမ္းေပ်ာ္သြားၿပီး သူမအား ခ်က္ခ်င္းသြားႀကိဳဖို႔ ေျပာလိုက္သည္။
လီ႐ုံ ကသူ႕ရဲ႕ခ်ိဳၿမိန္လြန္းလွသည့္ အျပဳံးေၾကာင့္ ၾကက္သီးေတာင္ထ,သြားသည္။ သူက အကူအညီမဲ့စြာျဖင့္ ေမးလိုက္သည္။ “ေဇာင္ယုဟြမ္ လာမွာလား?”
လီဂ်င္းယြမ္ ကေခါင္းညိတ္လိုက္သည္။ သူ႕စိတ္က လီ႐ုံ နဲ႔ေျပာေနသည့္ စကားဝိုင္းထဲ မ႐ွိေတာ့ပဲ သူ႕ခႏၶာကိုယ္ကလည္း တံခါးဘက္ဆီ မွီေနကာ ေဇာင္ယုဟြမ္ ဘယ္အခ်ိန္ေရာက္ေရာက္ ႀကိဳဆိုဖို႔ျပင္ေနခဲ့သည္။
ေနာက္ဆုံးေတာ့ ေျခသံက ထြက္လာခဲ့သည္။
ေဒါက္ဖိနပ္သံက လီဂ်င္းယြမ္ ရဲ႕ႏွလုံးသားကို လာထိခတ္ေနခဲ့သည္။
လီ႐ုံ ကၾကင္နာစြာျဖင့္ ျပဳံးလိုက္သည္။ “သြား”
သူ႕အသက္တြင္ လူငယ္မ်ိဳးဆက္ေတြ ဒိတ္ၿပီး လက္ထပ္တာကို သူတကယ္ပဲ ျမင္ခ်င္မိသည္။
လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ အားႀကိဳလိုက္သည္။
ေဇာင္ယုဟြမ္ ကသူ႕အား ျပဳံးျပလိုက္ၿပီးေနာက္ လီ႐ုံ အားႏႈတ္ဆက္ဖို႔ အထဲဝင္လိုက္သည္။
လီဂ်င္းယြမ္ က လီ႐ုံ နဲ႔စကားခဏေလာက္ ေျပာၿပီးေနာက္တြင္ လီ႐ုံ ကသူတို႔ႏွစ္ေယာက္အား လသာေဆာင္ဆီ ေခၚသြားေပးဖို႔ သူ႕လူေတြအား ခိုင္းလိုက္သည္။
“႐ွင့္ဖုန္းနဲ႔ ကစားလို႔ရမလား?” ေဇာင္ယုဟြမ္ ကသူမခုံတြင္မွီလိုက္ၿပီး ေခါင္းေစာင္းကာ ေမးလိုက္သည္။
လီဂ်င္းယြမ္ ကေပ်ာ္႐ႊင္စြာျဖင့္ သူ႕ဖုန္းကိုေပးလိုက္ၿပီး ထ,ရပ္ကာ ေျပာလိုက္သည္။ “ဟြမ္ဟြမ္ အတြက္ တစ္ခုခုစားဖို႔ ေအာက္ထပ္မွာ သြားယူလိုက္ဦးမယ္”
ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္သည္။ “အသီးယူလာခဲ့ေပး။ ဟြမ္ဟြမ္ အရမ္းပူေနတယ္”
လီဂ်င္းယြမ္ ကျပဳံးလိုက္သည္။ “အိုေက”
လီဂ်င္းယြမ္ ေအာက္ထပ္သြားေနခ်ိန္ ေဇာင္ယုဟြမ္ ကသူ႕အီးေမးလ္ကို ဖြင့္လိုက္သည္။ သူ႕အီးေမးလ္က ဝင္ထားၿပီးျဖစ္တာေၾကာင့္ ဖြင့္လိုက္သည္ႏွင့္ စာဖိုင္ေတြကို ျမင္လိုက္ရသည္။
ေဇာင္ယုဟြမ္ ကဆြဲေတာင္ၾကည့္စရာမလိုေပ။ အီးေမးလ္တစ္ခုလုံးက “သဘာဝလြန္ျဖစ္ရပ္အတြက္ ေမးခြန္းေပါင္းတစ္ရာ”
“ေက်ာက္စိမ္းအမ်ိဳးအစားေတြက ဝိဉာဥ္ေတြကို တည္ၿမဲေစႏိုင္သည္”
“…”
ဟုန္ခ်န္းမင္း လိုမ်ိဳး အေၾကာင္းအရာေတြ အရမ္းမ်ားတာပဲ။
ငါသာ မသိထားရင္ သူတို႔ႏွစ္ေယာက္ ပူးေပါင္းၿပီး ဂမ႓ီရပညာကို ေလ့လာေနတယ္ ထင္မိမွာပဲ။
ေဇာင္ယုဟြမ္ ကမရယ္ခ်င္႐ုံသာမက ငိုလည္းမငိုခ်င္မိေပ။
သူတို႔က သူမဝိဉာဥ္မတည္ၿမဲပဲ ဒီကမ႓ာႀကီးကေန ထြက္သြားမွာကို ေၾကာက္ေနၾကတာလား?
“ဟြမ္ဟြမ္” လီဂ်င္းယြမ္ ကအသီးပန္းကန္ကို စားပြဲေပၚတြင္ တင္လိုက္သည္။
ေဇာင္ယုဟြမ္ ကအီးေမးလ္ကို ပိတ္လိုက္ၿပီးေနာက္ သူ႕ဖုန္းကို ျပန္ေပးလိုက္သည္။
မင္းအေပၚမွာ အျပည့္အဝ႐ိုးသားတဲ့သူအေပၚ ဘယ္သူက ျငင္းပယ္ႏိုင္မွာလဲ?
အထူးသျဖင့္ သူတို႔က အရမ္းကို ထူးျခားေနရင္ေပါ့!
သူမက အရင္အခ်ိန္ “အခ်ိန္ခရီးသြားျခင္း” ႐ိုက္ကူးေရးတုန္းက စကားလုံးတခ်ိဳ႕ကို အမွတ္ရသြားခဲ့သည္။ တစ္ေယာက္က ေမးခဲ့သည္။ “လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔လိုအံ့ဩစရာေကာင္းတဲ့ လူႏွစ္ေယာက္နဲ႔ ၾကဳံေနရတဲ့ ေဇာင္ယုဟြမ္ ကဘယ္လိုလုပ္ၿပီး ေအးေဆးႏိုင္မွာလဲ?”
မွန္တယ္။
ငါဘယ္လိုေအးေဆးႏိုင္မွာလဲ?
ေဇာင္ယုဟြမ္ ကဖရဲသီးကို တစ္ကိုက္ကိုက္လိုက္သည္။
လီဂ်င္းယြမ္ ကသူမႏႈတ္ခမ္းကို စိုက္ၾကည့္ေနခဲ့သည္။ ႐ုတ္တရက္ သူ႕မ်က္လုံးေတြက မဲေမွာင္သြားၿပီး သူ႕ထိုင္ခုံမွ ထ,ရပ္လိုက္ကာ သူ႕ကိုယ္အား ေကြးလိုက္ၿပီး ေဇာင္ယုဟြမ္ ႏႈတ္ခမ္းေထာင့္မွ ထြက္ေနသည့္ ဖရဲသီးအား ကိုက္လိုက္သည္။
အရမ္းခ်ိဳတာပဲ။
သူ႕ပါးစပ္တစ္ခုလုံးေတာင္ ခ်ိဳသြားတယ္။
ေဇာင္ယုဟြမ္ ကသူ႕အား ထိတ္လန္႔စြာျဖင့္ ၾကည့္ေနခဲ့သည္။
….ဟူး၊ အခုေတာ့ ငါဘယ္လို ေအးေဆးေနႏိုင္ေတာ့မွာလဲ?
ေဇာင္ယုဟြမ္ ကေခါင္းငုံ႔လိုက္ၿပီး သူမႏႈတ္ခမ္းမွ ဖရဲသီးအရည္ေတြကို လွ်ာနဲ႔သပ္လိုက္ၿပီး “ဟုန္ခ်န္းမင္း ကိုေခၚလိုက္”
“ဟမ္?”
“သူ႕ကို ျပန္လာဖို႔ေျပာလိုက္” ေဇာင္ယုဟြမ္ ကမ်က္ေတာင္ခတ္လိုက္သည္။ “အတူတူ စားၾကရေအာင္”
ဒီေန႔ကစၿပီး သူမတစ္ဘဝလုံး ဘာအပူအပင္မွမ႐ွိပဲ အေပ်ာ္႐ႊင္ဆုံး ေနထိုင္သြားေတာ့မယ္!
ဘယ္သူက သူမထက္ ပိုေပ်ာ္႐ႊင္ႏိုင္မွာလဲ?
လီဂ်င္းယြမ္ ကသူမရဲ႕မႏွစ္ၿမိဳ႕ျခင္း၊ ျငင္းဆန္ျခင္းမ်ိဳးမ႐ွိပဲ ၾကင္လင္ကာ သန္႔႐ွင္းေနသည့္ မ်က္လုံးကို ၾကည့္လိုက္ၿပီးေနာက္ ျပဳံးလိုက္သည္။ “အိုေက”
နာရီဝက္ၾကာၿပီးေနာက္ ဟုန္ခ်န္းမင္း ေရာက္လာခဲ့သည္။
လီ႐ုံ ကသူ႕ေနာက္ေက်ာကို ၾကည့္လိုက္ၿပီး အကူအညီမဲ့စြာျဖင့္ လက္ေထာက္ေဒါင္ ကိုေျပာလိုက္သည္။ “ဒီလိုေတြ ျဖစ္လာမယ္မွန္းသာ သိခဲ့ရင္ ငါ အႀကိမ္ႀကိမ္ လက္ထပ္ခဲ့မွာ မဟုတ္ဘူး”
လက္ေထာက္ေဒါင္ ကရပ္ေနၿပီး ဘယ္လိုတုန္႔ျပန္ရမွန္း မသိေပ။
လီ႐ုံ ကေတြးလိုက္ၿပီးေနာက္ ေျပာလိုက္သည္။ “ဘာျဖစ္ျဖစ္ ငါလုပ္ခဲ့ရင္ေတာင္ အဆုံးမွာ သူတို႔ေတြက လက္ထပ္ၾကဦးမွာပဲေလ”
ႏွစ္ဖက္လုံးက ရည္႐ြယ္ခ်က္႐ွိေနတည္းက သူတို႔ေတြ လုံးဝေပ်ာ္႐ႊင္ရသင့္တယ္!
ဒါမွမဟုတ္ သူ႕ပိုက္ဆံေတြ အကုန္လုံးကို ဘယ္မွာသြားသုံးရမလဲ?
ဟုန္ခ်န္းမင္း ကတျဖည္းျဖည္း အေပၚထပ္ကို တက္သြားၿပီး လသာေဆာင္တံခါးကို တြန္းဖြင့္လိုက္သည္။ ထိုေနရာတြင္ ေကာ္ဖီစားပြဲ႐ွိၿပီး ထိုင္ခုံသုံးခုံက အဆင္သင့္႐ွိေနသည္။
သူတို႔ေတြ ေဇာင္မိသားစုကို စေရာက္တည္းက သူတို႔အားလုံးက တစ္ေယာက္နဲ႔ တစ္ေယာက္ မွီခိုေနခဲ့သည္။ အတိတ္မွ လက္႐ွိအထိ ေနာက္ထပ္ အနာဂတ္ေတြအထိ။
သူမကို ခ်စ္တက္လာဖို႔ အခ်စ္မွာ ေပ်ာ္႐ႊင္လာေစဖို႔ သင္ၾကားေပးဖို႔ သူတို႔မွာ အခ်ိန္အမ်ားႀကီး ႐ွိေနေသးသည္။
~Main Story Over~
စာေရးသူမွာ ေျပာစရာ႐ွိပါတယ္။
ဇာတ္သိမ္းက ေတာ္ေတာ္ေလးကို ေဝဝါးေနတယ္။ ဇာတ္ေကာင္ႏွစ္ခုလုံးက အရမ္းျပည့္စုံေအာင္ ေရးခဲ့မိလို႔ ဇာတ္သိမ္းကို မခြဲျခားႏိုင္ခဲ့တဲ့ စာေရးသူကိုပဲ အျပစ္တင္ပါ oVo မစၥတာဟုန္ နဲ႔ ဟြမ္ဟြမ္ တို႔က သူတို႔အငယ္ေလးနဲ႔အတူ လီမိသားစုဆီ ဝင္ေရာက္ၿပီး သူ႕အတြက္ ကူညီတိုက္ခိုက္ေပးတာ၊ တစ္ခုခုေတာ့ ႐ွိတယ္။ ေနာက္ၿပီး အစ္ကိုလန္ အတြက္လည္း အပိုေလးထည့္ထားေပးတယ္။ သူကေတာ့ စာဖတ္သူေတြအတြက္ စာေရးသူရဲ႕ လက္ေဆာင္ေလးပါ။
………………….
[text_hash] => e8be042a
)