Array
(
[text] =>
Unicode
လီရုံ မှာကလေး ဘယ်လောက်ရှိလဲ?
၁၂ ယောက်။
၁၂ ယောက်မှာ အကြီးဆုံးက အသီးအနှံပိုင်း၊ ဒုတိယအကြီးဆုံးက တခြားသူတွေနဲ့ ပြိုင်ပွဲလုပ်ရင်း သေသွားခဲ့တယ်။ တတိယကတော့ ဆေးကြောင့်၊ စတုတ္ထနဲ့ ပဉ္စမကတော့ အသုံးမကျပဲ ကုမ္ပဏီအကြောင်း ဘာမှမသိကြဘူး၊ ၆ ယောက်မြောက်နဲ့ ၇ ယောက်မြောက်ကတော့ အရွယ်မရောက်ခင်တည်းက သေသွားခဲ့ကြတယ်။ ၇, ၈ နဲ့ ၁၀ ယောက်မြောက်တော့ တက္ကသိုလ်က ဘွဲ့ရပြီး အမဲလိုက်လုပ်ပြီး ၁၂ ယောက်မြောက်ကတော့ ဒီနှစ်မှ ၈ နှစ်ပဲရှိသေးတယ်။
လီဂျင်းယွမ် ပြန်လာချိန်တွင် သူက ငါးယောက်မြောက် အကြီးနေရာတွင် ချက်ချင်း အစားထိုးခံလိုက်ရပြီး ငါးယောက်မြောက် သခင်လေးလီ ဖြစ်လာခဲ့သည်။
သူ့ရှေ့မှလူတွေကတော့ သူ့အတွက် နေရာတစ်ခုကို လွှတ်ပေးလိုက်ရသည်။
လူတိုင်းက ကောင်းမွန်အောင် လုပ်နေကြပေမဲ့ အခုတော့ သူတို့တွင် ညီအစ်ကိုအသစ် တစ်ယောက်ရှိလာတကို ကြားလိုက်ရပြီး မိသားစုမှ ရှယ်ယာတွေအား ခွဲပေးရပြီး ဂျင်းဟွာအုပ်စု တစ်ခုလုံးတောင် ဖြစ်နိုင်မှန်းကို သိလိုက်ရပြီးနောက် ဘယ်သူက ပျော်နိုင်မှာလဲ? ဘယ်သူ့မှ ပျော်နိုင်မှာ မဟုတ်ဘူး။
လီရုံ ကရှီချန်း ကိုအရင်ဆုံး ပြန်သွားခဲ့သည်။
လအနည်းငယ် ကြာပြီးနောက် လီဂျင်းယွမ် ကအရာအားလုံးကို ဂရုစိုက်ခဲ့ပြီး ဖျော်ဖြေရေး တစ်ခုလုံးကိုလည်း အပြီးအပိုင်း နှုတ်ဆက်လိုက်သည်။ ထို့နောက်တွင် ဇောင်ယုဟွမ် အားခေါ်ကာ သူမနဲ့အတူ ရှီချန်း ကိုသွားခဲ့သည်။
လီမိသားစုမှ လူတွေက လီဂျင်းယွမ် အားဦးနှောက်သေဖန်တွေထက် ဘာမှအသုံးမကျတဲ့ ဖျော်ဖြေရေးလောကမှ အသားတုံးကြီးအနေနဲ့သာ အထင်ကြီးကြသည်။
လီဂျင်းယွမ် ရဲ့အင်တာဗျူး…
သူတို့က သူတို့နှာခေါင်းကို ထိလိုက်ကြပြီး သူတို့ပြိုင်ဘက်အား နားလည်နိုင်ဖို့အတွက် ကြည့်နေခဲ့ကြသည်။
အင်တာဗျူးကို မြင်လိုက်ချိန်တွင် သူ့အား ပိုပြီးတော့တောင် စွ,ပေးချင်သွားကြသည်။
လီဂျင်းယွမ် ကသူ့ပါးစပ်ပိတ်လိုက်၊ ဖွင့်လိုက်တိုင်း မိန်းကလေး အကြောင်းကိုသာ ထုတ်ပြောခဲ့သည်။
ဒါတွေက သူမအတွက် လုပ်ပေးတာ၊ ဒါက သူမကြောင့် သင်ခဲ့တာ။
တစ်ခုလုံးက သူ့ကိုယ်သူ ယုံကြည်မှုကို မရှိဘူး!
လုံးဝကို အမှိုက်ကောင်ပဲ!
ထို့နောက် “အမှိုက်”ရဲ့ကားက လီမိသားစုဗီလာရှေ့တွင် ရပ်လာခဲ့သည်။
လီမိသားစုရှိ လူတိုင်းက လီမိသားစုဗီလာတွင် နေထိုင်ကြသည်။ ဗီလာက အရမ်းကြီးတာကြောင့် ဗီလာတွေပေါင်းပြီး တစ်ခုတည်း ဆောက်ထားသလိုတောင် ဖြစ်နေသည်။
၇ ယောက်မြောက်က မိန်းကလေးဖြစ်ပြီး လီကျီ ဖြစ်သည်။
လီကျီ ကမပျော်ကြောင်းကို သူမမျက်နှာတွင် ထုတ်ပြနေခဲ့သည်။ “သူလာတာ ဟုတ်ပေမဲ့ ဘာလို့ ငါတို့က ဒီမှာစောင့်နေရတာလဲ?”
“အဖေ တောင်မလာဘူး၊ အဖေက သူ့ကိုအများကြီး မချစ်မှန်းသိသာတယ်” ၆ ယောက်မြောက်က အေးစက်စွာ ပြောလိုက်သည်။
အိမ်ဖော်တွေက တံခါးကိုဖွင့်လိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်သည်။ “သခင်လေး၊ သခင်မလေးတို့ သူရောက်ပါပြီ”
ကားက ကားဂိုဒေါင်တွင် ရပ်သွားခဲ့သည်။
၈ ယောက်မြောက်က လန့်သွားခဲ့သည်။ “အဲ့ဒါ Lamborghini Reventon မဟုတ်လား? ဒါကြီးက ငါတောင် မတက်နိုင်ဘူး”
လီကျီ ကနှာမှုတ်လိုက်သည်။ “သူက ဖျော်ဖြေရေးကလေ။ လက်မှတ်ထိုးထားတဲ့ မီလီယမ်ပေါင်းများစွာထဲက ကြော်ငြာတစ်ခုနေမှာပေါ့”
အကန့်အသတ်ထုတ် Lamborghini ကားနောက်တွင် ကားတန်းတွေရှိပြီး ကိုယ်ရံတော်တွေ မောင်းလာကြမှန်း သိသာသည်။
လီကျီ ကပိုပြီးတော့တောင် စိတ်ပျက်သွားခဲ့သည်။ “ပွဲလုပ်နေတာလား?”
သူမပြောပြီးသည်နှင့် တစ်ဖက်မှ ဘာလှုပ်ရှားမှုမှ မရှိလာပေ။
“ဘာဖြစ်လို့လဲ? သူက ဘာလို့ထွက်မလာသေးတာလဲ?” ၈ ယောက်မြောက်က စိတ်ရှုပ်စွာဖြင့် ပြောလိုက်သည်။
အိမ်ဖော်တစ်ယောက်က သတင်းအသစ်နဲ့ ပြန်လာခဲ့သည်။ “သူတို့က သူတို့ကို လာခေါ်ဖို့ လူတချို့လိုတယ်လို့ ပြောပါတယ်”
လီကျီ ကအရမ်းဒေါသထွက်သွားပြီး “… သူ့ကိုယ်သူ ဘယ်သူလို့ထင်နေတာလဲ?”
ထိုအချိန်တွင် လက်ထောက်ဒေါင် ကအောက်ထပ်ကို အချိန်ကိုက်ရောက်လာခဲ့သည်။ “ဥက္ကဌလီ ကနေသိပ်မကောင်းလို့ အောက်ထပ်ကို ဆင်းမလာနိုင်လို့ မစ္စတာလီ နဲ့အတူ သခင်လေးတွေနဲ့ သခင်မလေးတွေက သူ့နေရာမှာ နေရပါမယ်”
သူတို့က ဘယ်လောက်ဆန္ဒမရှိရှိ ထ,ရပ်ကာသွားလိုက်သည်။ နောက်တော့ လီရုံ ရဲ့စကားလုံးတွေက လီအိမ်တော်တွင် ဧကရာဇ်အမိန့်လိုပင်။
“မစ္စတာလီ၊ အောက်ဆင်းလို့ရပါပြီ” လက်ထောက်ဒေါင် ကကားရှေ့တွင် ပြောလိုက်သည်။
တစ်ဖက်မှ သူတို့ရဲ့မနှစ်မြို့မှုအား ဖုံးကွယ်ထားခဲ့သည်။
သူက မစ္စတာလီ ဆိုရင် သူတို့ကကော?
ကားက ပွင့်သွားပြီး လီဂျင်းယွမ် ကထွက်လာခဲ့သည်။
လူတိုင်းက လန့်သွားကြသည်။
သူတို့ရှေ့မှလူက အင်တာဗျူးမှာထက် ပိုပြီးတော့ချောမောပြီး အရှိန်အဝါပြင်းနေသေးတယ်!
သို့သော် လီဂျင်းယွမ် ကသူတို့ကို မကြည့်ပဲ လက်တစ်ဖက်အား ကားဘက်ဆီ ဆန့်ပေးလိုက်သည်။ ကားထဲတွင် တခြားတစ်ယောက်ရှိနေမှန်း သိသာသည်။
လက်ထောက်ဒေါင် ကနားလည်သွားခဲ့သည်။ “မစ္စဇောင် လည်းလာတာလား?”
“အင်း” လီဂျင်းယွမ် ရဲ့မျက်နှာထက်တွင် အပျော်တချို့က ပေါ်လာခဲ့သည်။
သိပ်မကြာခင် ဇောင်ယုဟွမ် လည်းထွက်လာခဲ့သည်။
၈ ယောက်မြောက်က အရင်ဆုံးထ,ပြောလိုက်သည်။ “Damn! အဲ့မိန်းကလေးက ချန်းမင်းရီ နဲ့ရှိတဲ့သူပဲ!”
“ဇောင်ယုဟွမ်? သူမအဖေသေလို့ အမွေရသွားတဲ့ တစ်ယောက်မဟုတ်လား?” လီကျီ ကသူမရဲ့မနာလိုမှုကို မထိန်းချုပ်နိုင်ပေ။ သူတို့အားလုံးက လီရုံ ကိုအစောကြီး သေစေချင်ကြပေမဲ့ သူက သေမဲ့အစား လီဂျင်းယွမ် တောင်ရောက်လာခဲ့သည်။
ဇောင်ယုဟွမ် ကထွက်လာပြီး လီဂျင်းယွမ် ကတခြားသူတွေကို လျစ်လျူရှုထားကာ သူမနဲ့အတူ အထဲဝင်လိုက်သည်။
လက်ထောက်ဒေါင် က လီဂျင်းယွမ် အားတခြားသူတွေနဲ့ မိတ်ဆက်ပေးခြင်းမရှိပဲ သူတို့သွားမဲ့လမ်းကိုသာ ပြလိုက်သည်။
အသစ်ရောက်လာသည့် လူတွေက အထဲကိုရောက်သွားပြီး အပေါ်တက်ကာ လီရုံ ကိုနှုတ်ဆက်လိုက်ပြီး ကျန်သူတွေအားလုံးကို ချန်ထားရစ်ခဲ့သည်။
သူတို့က မနှစ်မြို့သည့် အမူအရာတွေဖြင့် တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြသည်။ “သူတို့က ဘာလဲ? ငါတို့က သူ့ကို အာရုံစိုက်ပေးတာတောင် သူရောက်တာနဲ့ ငါတို့ကို လုံးဝလျစ်လျူရှုသွားတယ်”
လီကျီ ကအတော်လေးကို မပျော်ပေ။ သူမက အေးစက်စွာ ပြောလိုက်သည်။ “သူက မိဘမဲ့ဂေဟာက မဟုတ်လား? အပြုအမူတွေကို နားမလည်ပုံပဲ”
တတိယက ဆိုဖာပေါ်တွင် အားနည်းစွာမှီလိုက်ပြီး ပြောလိုက်သည်။ “သူက ဇောင်မိသားစုဆီ အရင်ဆုံးရောက်သွားပြီး မိဘမဲ့ဂေဟာမှာ အဲ့လောက်အကြာကြီး မနေခဲ့ရဘူးလေ”
“ဒါပေမဲ့ သူက ဘာလို့ ဇောင်ယုဟွမ် ကိုခေါ်လာရတာလဲ?” လီကျီ ကမျက်မှောင်ကြုတ်လိုက်သည်။
“ဘယ်သူသိမှာလဲ?”
လီကျီ ကမနာလိုစွာဖြင့် အပေါ်ထပ်ကို ကြည့်လိုက်သည်။ “…သူ့ကံကောင်းမှုက ဘယ်လိုတောင်လား?”
“သူက အထက်တန်းလွှာမှာ မွေးလာပြီးတော့ ပေါ်လစီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးနဲ့ ဆက်သွယ်ရတယ်”
တတိယက ဆက်ငြင်းခုန်လိုက်ပြီး “ဇောင်ယုဟွမ် ရဲ့ဝမ်းကွဲကလည်း တရုတ်ပြည်မှာ တော်တော်လေးကို အာဏာရှိတယ်။ သူတို့တွေက ချန်းမင်းရီ လိုမျိုးပဲ”
၈ ယောက်မြောက်က နှောင့်ယှက်လိုက်သည်။ “နိုင်ငံခြားက သူတို့အတန်းဖော်တွေကလည်း သာမန်မဟုတ်ဘူး”
လီကျီ ကအံကြိတ်လိုက်သည်။ “ဒါဆို သူက အရမ်းအာဏာရှိတယ်လို့ ပြောချင်တာလား?”
“ဘယ်သူသိမှာလဲ? စောင့်ကြည့်ကြတာပေါ့”
‘စောင့်ကြည့်’တာက လဝက်လောက် ဖြစ်သွားခဲ့သည်။
လီဂျင်းယွမ် ကလီအိမ်တော်မှာ မနေပေမဲ့ ညစားစားချိန်တိုင်း ဇောင်ယုဟွမ် ကိုခေါ်လာတက်သည်။
လီရုံ ရဲ့စိတ်အခြေအနေ ကောင်းနေချိန်တွင်တော့ သူက အောက်ထပ်ဆင်းပြီး သူ့ဘေးဘက် တစ်ဖက်စီတွင် လီဂျင်းယွမ် နဲ့ ဇောင်ယုဟွမ် တို့ကိုထားပြီး ထမင်းစားတက်သည်။ ဒါတွေက လူတွေအားလုံးကို အတော်လေး မနာလိုဖြစ်စေသည်။
ထိုအခြေအနေကြောင့် လီအိမ်တော်ရှိ လူတိုင်းက မပျော်ကြတော့ပေ။
သူတို့က လီဂျင်းယွမ် ကိုကလေးလိုသာ ထင်ခဲ့ကြသည်။ သူက နာမည်ကြီးဖြစ်တာတောင် အချိန်အတိုလေးအတွင်း ဘာလုပ်နိုင်မှာလဲ? သို့သော် ဒီနိုင်ငံရဲ့ကလေးလေးက သူတို့ထက်ပိုပြီးတော့တောင် မာနကြီးနေသေးသည်။ လီဂျင်းယွမ် ကသူတို့အားလုံးကို လုံးဝလျစ်လျူရှုထားခဲ့သည်။ အချိန်တိုင်း သူက လက်ထောက်ဒေါင်နဲ့အတူ ဂျင်းဟွာအုပ်စုဆီ သွားပြီး ကုမ္ပဏီကိစ္စများကို လုပ်ဆောင်နခေဲ့သည်။ သူတို့အတွက်တော့ လီဂျင်းယွမ် အားမဖိနှိပ်နိုင်ခဲ့ပေ။
လီရုံ ရဲ့တခြားကလေးတွေက အတူတူစုဝေးကြပြီး လီဂျင်းယွမ် အကြောင်းကို ဆွေးနွေးခဲ့ကြသည်။
“လီဂျင်းယွမ် ကပြိုင်ဘက်ပဲ။ ဘာလို့ သူနဲ့အတူ ငါတို့မစ,တင်ကြတာလဲ?”
“ဘယ်သူလဲ?”
“ဟုန်ချန်းမင်း”
“Fuck, သူတို့က ဆက်ဆံရေး မကောင်းဘူးလား?”
“အဆိုးကြီးတော့ မဟုတ်ဘူး။ သူတို့က မိဘမဲ့ဂေဟာ တစ်ခုတည်းကလာပြီးတော့ အချိန်တိုင်း တိုက်ခိုက်နေကြပုံပဲ။ နောက်တော့ သူတို့ကို ခေါ်မွေးစားခဲ့တဲ့ သူတို့ညီမနဲ့ပတ်သက်ပြီး စတိုက်ခိုက်ခဲ့ကြတယ်။ အခုတော့ သူတို့က အရွယ်ရောက်လာတော့ ဇောင်ယုဟွမ် ရဲ့လက်ကိုတွဲပြီး လက်ထပ်နိုင်ဖို့ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေကြပြီး ရလဒ်က အခုလိုဖြစ်လာတာပဲ။ သူတို့နှစ်ယောက်လုံးက တစ်ယောက်နဲ့ တစ်ယောက် သဘောမကျကြဘူး။ ငါ သတင်းလေးတစ်ခု ကြားခဲ့သေးတယ်။ တူရကီ မှာတုန်းက ဟုန်ချန်းမင်း က လီဂျင်းယွမ် ကိုဒေါသထွက်လွန်းလို့ သတ်လုနီးပါး ဖြစ်သွားသေးတယ်တဲ့”
“တကယ်?”
“တကယ်! အဲ့နှစ်ယောက်က တော်တော့်ကို ပြိုင်နေကြတာ။ ဇောင်ယုဟွမ် ကသူတို့ထဲက ဘယ်သူ့ရဲ့ပို့စ်ကိုရှဲရှဲ တခြားလူက ချက်ချင်း ထ,တိုက်ခိုက်ကော။ သတင်းထောက်တွေတောင် သူတို့ လမ်းပေါ်မှာ တိုက်ခိုက်ကြတာကို အကြိမ်အများကြီး တွေ့ဖူးသေးတယ်…”
“ဒါဆို ဟုန်ချန်းမင်း ကိုသွားရှာရအောင်!”
“ဟုန်ချန်းမင်း ရဲ့နည်းလမ်းက နည်းနည်းတော့ ပြင်းထန်တယ်… အဆင်ပြေပါ့မလား?”
“မပြင်းရင်တော့ ဆိုးလိမ့်မယ်။ သူ လီဂျင်းယွမ် ကိုသတ်ပစ်လိုက်တာက အကောင်းဆုံး ရလဒ်ပဲ။ ငါတို့က အပြစ်တင်ရံဒပဲ။ သူအဲ့လိုလုပ်တာက ဇောင်ယုဟွမ် ကိုမထိခိုက်ဘူးလေ။ ဘယ်လိုလုပ်ပြီး ဆန္ဒမရှိပဲနေမှာလဲ?”
သူတို့က ထပ်တလဲလဲ ဆွေးနေကြပြီး နောက်ဆုံးတော့ ဟုန်ချန်းမင်း ကိုသွားရှာဖို့ သဘောတူလိုက်ကြသည်။
ဟုန်ချန်းမင်း ကဖုန်းလက်ခံရချိန်တွင် သူက ခြေချိတ်ထိုင်နေပြီး ကော်ဖီစားပွဲတွင် ကဒ်ကစားနေခဲ့သည်။
သူနဲ့အတူ ဇောင်ယုဟွမ် နဲ့ လီဂျင်းယွမ် တို့ပါရှိနေသည်။
ဇောင်ယုဟွမ် နဲ့ လီဂျင်းယွမ် တို့က လီမိသားစုဆီ အတူတူသွားကြပေမဲ့ ဟုန်ချန်းမင်း လည်းနောက်ကျမကျန်ခဲ့ပေ။
သူ ရှီချန်း ကိုရောက်သည့်နေ့တွင် အိမ်တစ်လုံးကိုဝယ်ခဲ့ပြီး ဇောင်ယုဟွမ် အားရွေ့နေဖို့ လူတွေကို ညွှန်ကြားခဲ့သည်။
လီမိသားစုက အသုံးမကျသည့် ငနုံတွေကတော့ ဟုန်ချန်းမင်း ကရှီချန်းကို ရောက်နေမှန်း လုံးဝသံသယမဝင်ကြပေ။
ဇောင်ယုဟွမ် ကကဒ်ကိုလှန်လိုက်ပြီး လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့မျက်နှာရှိ စက္ကူအပိုင်းတွေကို ကြည့်လိုက်သည်။
ဘယ်သူပဲရှုံးရှုံး သူတို့မျက်နှာပေါ်တွင် စက္ကူအပိုင်းလေးတွေကို ကပ်ခဲ့ကြသည်။
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က သူမကြောင့် ဇွန်ဘီလိုမျိုး ဖြစ်နေခဲ့ကြသည်။
ဖုန်းသံကိုကြားလိုက်ပြီး ဇောင်ယုဟွမ် ကတစ်ချက်ကြည့်လိုက်ပြီးနောက် ဟုန်ချန်းမင်း ဆီပစ်ပေးလိုက်သည်။ “…မသိတဲ့နံပါတ်”
ဖုန်းက သုံးကြိမ်လောက် မြည်ပြီးနောက် ဟုန်ချန်းမင်း ကသူ့လက်ထဲက ကဒ်ကိုပစ်လိုက်ပြီး “ငါရှုံးသွားပြီ”
ဇောင်ယုဟွမ် ကပျော်ရွှင်စွာဖြင့် တခြားစက္ကူပိုင်းလေးကို ထုတ်လိုက်ပြီး သူ့မျက်နှာတွင် ကပ်လိုက်သည်။
ထို့နောက်မှသာ ဟုန်ချန်းမင်း ကဖုန်းကိုင်လိုက်သည်။
ဖုန်းက သိပ်မကြာလိုက်ပဲ အဆုံးသတ်သွားခဲ့သည်။
ဇောင်ယုဟွမ် ကအချိန်ယူပြီး မေးလိုက်သည်။ “ဘာဖြစ်လို့လဲ?”
ဟုန်ချန်းမင်း က လီဂျင်းယွမ် အားအေးဆေးစွာ ကြည့်လိုက်သည်။ “…တစ်ယောက်က လီဂျင်းယွမ် ကိုသတ်ခိုင်းတာ”
ဇောင်ယုဟွမ် : “…”
လီဂျင်းယွမ် : “…”
“…ဘယ်မိသားစုရဲ့ အရူးက လုပ်ခိုင်းတာလဲ?” ဇောင်ယုဟွမ် ကမေးလိုက်သည်။
“လီ”
“…ယုတ္တိရှိတယ်။ သူတို့က ငါ့ကို သေချာပေါက် ဖယ်ထုတ်ချင်ကြမှာပဲ” လီဂျင်းယွမ် ကအသိအမှတ်ပြုလိုက်သည်။
ဇောင်ယုဟွမ် ကသူမလက်ထဲရှိ ကဒ်တွေကို ပစ်လိုက်ပြီး “သူတို့က အစ်ကိုချန်းမင်း ကိုငွေပေးလား?”
ဟုန်ချန်းမင်း ကရယ်လိုက်ပြီး “အင်း”
“ဟွမ်ဟွမ် ပန်းချီတစ်ချပ် လိုချင်တယ်”
“အိုကေ”
ဒီနှစ် ဟွမ်ဟွမ့် မွေးနေ့ပါတီအတွက်၊ လတ်ဆတ်တဲ့ အသား ၈ ခုလောက် ဖိတ်ချင်တယ်…”
“…မရဘူး” ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က တစ်ပြိုင်နက်တည်း မဲမှောင်နေသည့် မျက်နှာဖြင့် သူမအား ပြောလိုက်သည်။
“တခြားရည်ရွယ်ချက် မရှိပါဘူး”
လီဂျင်းယွမ် ကသူ့ကိုယ်သူ လက်ညှိုးထိုးလိုက်သည်။ “ရည်ရွယ်ချက်က ဒီမှာပဲ။ အရင်က ဖျော်ဖြေရေးလောကမှာ လတ်ဆတ်တဲ့အသားမှာ ဟွမ်ဟွမ်၊ ကိုယ်က ၈ ပဲ”
ဇောင်ယုဟွမ် ကနှုတ်ခမ်းဆူလိုက်သည်။
ဟုန်ချန်းမင်း ကဒေါသကို ထိန်းချုပ်ထားကာ မေးလိုက်သည်။ “ငါက အသက်ကြီးနေလို့လား?”
ဇောင်ယုဟွမ် ကသက်ပြင်းချလိုက်သည်။ “ဒါဆို လတ်ဆတ်တဲ့အသား ၈ ခုကို မေ့လိုက်တော့၊ အဲ့အစား အဖွဲ့တစ်ဖွဲ့လောက် ဖိတ်လို့ရမလား? နောက်ပိုင်း အိုင်ဒေါလ်မိန်းကလေးအဖွဲ့ကို တကယ် သဘောကျနေတာ…”
“အဲ့ဒါလည်း မရဘူး” ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က တစ်ချိန်တည်း ထပ်ပြောလိုက်ကြသည်။
“ဟမ်? ဘာလို့လဲ?”
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ နိုင်ငံခြားမှာတုန်းက မျက်နှာဖြူ ကောင်မလေးက ဇောင်ယုဟွမ် ကိုသဘောကျခဲ့ကြောင်း သူတို့ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သူမနာမည်က အယ်လီဇဘတ်လိုမျိုးလား?
ဘာဖြစ်ဖြစ် ယောင်္ကျားလေးကော မိန်းကလေးကော နှစ်ခုလုံးက လက်မခံနိုင်စရာပဲ။
“ကိုယ်တို့ ကောမိုင် ကိုဖိတ်လို့ရတယ်လေ” ဟုန်ချန်းမင်း ကပြောလိုက်သည်။
“သူမရဲ့ အခုနောက်ပိုင်း ရှိုးပွဲကို ကြည့်ပြီးပြီ။ ဘာဖြစ်ဖြစ်၊ အဲ့အကြောင်း ထပ်မပြောကြရအောင်။ ပထမတစ်ခုကို လက်ခံပြီးတော့ ငွေရတာနဲ့ ခွဲပေးရမယ်”
ဟုန်ချန်းမင်း ကထုတ်ပြောချင်သည့် အကြောင်းတွေကို ဖိနှိပ်လိုက်သည်။ “အိုကေ”
လီရုံ ရဲ့ကလေးတွေကတော့ လီဂျင်းယွမ် ကို ဟုန်ချန်းမင်း ကသဘောမကျပဲ သူ့အား သတ်ပေးမယ်ဆိုသည့် ပြန်ဖြေစကားကို စောင့်နေခဲ့ကြသည်။
အသုံးမကျတဲ့အဖွဲ့ကတော့ သူ့ကို ယုံကြည်ခဲ့ကြပြီး သူ့အား ငွေပေးခဲ့ကြသည်။ ဟုန်ချန်းမင်း ကငွေရလာချိန်တွင် ဇောင်ယုဟွမ် ကိုတစ်ဝက်ပေးခဲ့သည်။ သို့သော် လီဂျင်းယွမ် ကတော့ ရှရာလေးတောင် မရခဲ့ပေ။
လက်ထောက်ဒေါင် ကသူတို့အပြုအမူတွေကြောင့် လီရုံ ကိုပြောပြခဲ့သည်။
ထိုအကြောင်းကို ကြားလိုက်ပြီးနောက် လီရုံ ကမျက်လုံးပြူးကာ “…အရူးအဖွဲ့၊ တော်တော်ချီးကျူးဖို့ကောင်းတယ်။ တခြားသူကို ပေးလိုက်တာမှ ပိုကောင်းသေးတယ်။ သူတို့က လုံးဝကို အသုံးမကျဘူးပဲ”
“ဒါပေမဲ့ မစ္စဇောင် နဲ့ မစ္စတာဟုန် တို့က ဒီတစ်ကြိမ်တော့ မဝေးသွားလောက်ဘူးမလား?”
“ပြန်ထိန်းထားလို့ ဘာအသုံးဝင်မှာလဲ? ဒီလိုလုပ်လိုက်တာက လီဂျင်းယွမ် ကိုနေရာရဖို့ စောစောလုပ်ပေးလိုက်သလိုပဲ”
လက်ထောက်ဒေါင် ကထိုစကားကို ကြားလိုက်သည်နှင့် ချက်ချင်း ပါးစပ်ပိတ်သွားခဲ့သည်။
လီဂျင်းယွမ် ကရှီချန်း တွင်နှစ်ဝက်လောက် နေခဲ့သည်။
ထိုအချိန်အတွင်း ဇောင်ယုဟွမ် နဲ့ ဟုန်ချန်းမင်း တို့က ထွက်သွားကြပြီး သိပ်မကြာခင်မှာပဲ ပြန်လာခဲ့ကြသည်။
လီမိသားစုမှ လူတွေက စောင့်ပြီးရင်း စောင့်နေခဲ့ကြပေမဲ့ လီဂျင်းယွမ် ရဲ့သေဆုံးသည့်သတင်းကို အစအနလေးတောင် မရခဲ့ကြပေ။
လီကျီ နဲ့ ၈ ယောက်မြောက်က တော်တော်လေးကို ဒေါသထွက်ခဲ့ကြသည်။ ဟုန်ချန်းမင်း ကရှီချန်းက ပွဲကိုလာမည့်အကြောင်း ကြားလိုက်ချိန်တွင် ချက်ချင်းပင် သူ့ကားကို တားခဲ့ကြသည်။
သူတို့က ဟုန်ချန်းမင်း ရဲ့ကားသွားမည့် လမ်းကြောင်းအား သူတို့ကားဖြင့် တားခဲ့ကြသည်။
ဟုန်ချန်းမင်း အနောက်မှလိုက်လာကြသည့် ကိုယ်ရံတော်တွေက ချက်ချင်းကားထဲမှ ထွက်လာကြကာ သူတို့ကားတာယာဆီ သေနတ်နဲ့ပစ်လိုက်သည်။
လီကျီ ကထိတ်လန့်သွားပေမဲ့ သူမကိုယ်သူမ ပြန်ထိန်းချုပ်လိုက်သည်။
သူမက ကားပြတင်းအား ခေါက်လိုက်သည်။ “မစ္စတာဟုန်၊ ထွက်လာခဲ့! ရှင် ငွေယူပြီး ဘာမှလည်း မလုပ်ပေးခဲ့ဘူး။ ဒါက အရမ်းရိုင်းတာ မဟုတ်…”
ကားတံခါးက ပွင့်သွားခဲ့သည်။
ဟုန်ချန်းမင်း ထွက်လာခဲ့သည်။
သူ့ခြေထောက်တွေက ရှည်လျားပြီး ကြွက်သားကလည်း တောင့်တင်းနေကာ သူ့ဝတ်ဆုံနဲ့ အံကိုက်ဖြစ်နေသည်။ သူ့အမူအရာက မဲမှောင်နေကာ မပျော်မရွှင်ဖြစ်နေသည်။
လီကျီ ကအရင်က သူ့အင်တာဗျူးကို ကြည့်ခဲ့ဖူးပေမဲ့ တကယ့်အမြင်တွင် ပိုကြည့်ကောင်းနေမယ်လို့ ထင်မထားခဲ့ပေ။ သူမက တုန်လှုပ်သွားပြီး ရှက်သွားခဲ့သည်။
“မင်းက?” ဟုန်ချန်းမင်း ကအေးစက်စွာဖြင့် သူ့မေးအား ပင့်လိုက်သည်။
ကားပြတင်းက အောက်ကျသွားပြီး ဇောင်ယုဟွမ် ကသူမခေါင်းအား ထုတ်လိုက်သည်။ “အို၊ ဒါမစ္စလီ မဟုတ်လား?”
လီကျီ ရဲ့မျက်နှာက အနီနဲ့အဖြူကြား ပြောင်းသွားခဲ့သည်။
ဘာကြောင့် ဇောင်ယုဟွမ် ကကားထဲရှိနေရတာလဲ?
ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ရဲ့ခေါင်းအား ကားထဲပြန်တွန်းထည့်လိုက်ပြီး သူ့အသံက နည်းနည်းတင်းမာနေသည်။ “အပြင်မှာ လေပြင်းတယ်။ အထဲမှာနေ။ မလှုပ်နဲ့”
ဇောင်ယုဟွမ် ကသူ့လက်ကို ရိုက်ထုတ်လိုက်သည်။ “မဟုတ်တာ၊ ဟွမ်ဟွမ် လည်းဒီမြင်ကွင်းကို မြင်ချင်တယ်”
လီကျီ ရဲ့အမူအရာက ပိုဆိုးသွားခဲ့သည်။ “မြင်ကွင်းလို့ခေါ်ရအောင် နင်က ဘယ်သူလဲ?”
အထဲမှတစ်ယောက်က ပေါ့ပါးစွာရယ်လိုက်သည်။ “မင်းတို့တွေ အကုန်လုံး အတူတူပဲ။ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်”
ကားပြတင်းက အောက်ထပ်ကျသွားပြီး အထဲမှလူရဲ့မျက်နှာက လုံးဝပေါ်လာခဲ့သည်။
ထိုအချိန်မှသာ ကားအတွင်းတွင် လီဂျင်းယွမ် ရှိနေမှန်း လီကျီ သိသွားခဲ့သည်။
လီကျီ ကထိတ်လန့်စွာဖြင့် အနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ “န..နင်…”
လီဂျင်းယွမ် ကရှီချန်းကို လာချိန်ကနဲ့ လုံးဝကွာခြားသွားခဲ့သည်။ လီရုံ၊ လက်ထောက်ဒေါင်နဲ့ တခြားသူတွေနဲ့ ဇောင်ယုဟွမ် ဘက်မှသင်ကြားမှုတွေကြောင့် လုံးဝကို အထက်တန်းလွှာဆန်နေသည်။ သူက ဂျင်းဟွာအုပ်စု တစ်ဝက်လောက်ကို ထိန်းချုပ်နိုင်နေပြီးဖြစ်သည်။ သူ့နူးညံ့သိမ်မွေ့သည့် အသွင်အပြင်က တဖြည်းဖြည်းနဲ့ မာနကြီးသည့် အသွင်အပြင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လီဂျင်းယွမ် ကပြုံးကာပြောလိုက်သည်။ “ဘာလဲ? ငါ့ဘဝကိုတောင် ဝယ်ရဲပေမဲ့ ငါ့ရှေ့မှာကျတော့ မတ်တပ်တောင် မရပ်ရဲဘူးလား?”
၈ ယောက်မြောက်က တစ်ခုခုမှားယွင်းနေတာကို ခံစားမိလိုက်ပြီး ချက်ချင်းရောက်လာခဲ့သည်။
ကားထဲမှလူကို မြင်လိုက်ပြီး သူ့အမူအရာကလည်း ပြောင်းလဲသွားခဲ့သည်။ “…မင်း သောက်ကောင်၊ ငါတို့ကို လှည့်စားခဲ့တာလား?”
ဟုန်ချန်းမင်း ကသူ့အား အေးစက်စွာဖြင့် ကြည့်လိုက်သည်။ “မင်း ဘာသောက်စကား ပြောတာလဲ?”
သူက ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။
လီကျီ ကလည်း သူမနှုတ်ခမ်းအား စေ့ထားခဲ့ပြီး တခြားဘာကိုမှ မပြောရဲတော့ပေ။
ဇောင်ယုဟွမ် ကစိတ်မရှည်စွာဖြင့် ကားတံခါးအား ပုတ်လိုက်သည်။ “အိုကေ၊ အိုကေ၊ သွားရအောင်။ အဆင်ပြေပြီ၊ သူတို့မှာ ဘာရည်ရွယ်ချက်မှ မရှိတော့ဘူး”
ဟုန်ချန်းမင်း ရဲ့အမူအရာက ချက်ချင်းကို နူးညံ့သွားပြီး ကားထဲကို ပြန်ဝင်လိုက်သည်။
လီကျီ ကမထိန်းချုပ်နိုင်ပဲ အော်လိုက်သည်။ “လီဂျင်းယွမ်! ဟုန်ချန်းမင်း ကနင့်ကို သတ်ချင်နေတာ အသိသာကြီးပဲ…”
ဟုန်ချန်းမင်း ကအေးစက်စွာ ရယ်လိုက်သည်။ “ဘယ်သူပြောတာလဲ? ထွက်သွား!”
လီကျီ ကသူ့ကိုကြောက်တာကြောင့် အနောက်ဆုတ်လိုက်သည်။
သူက ကားပြတင်းကို ပြန်တင်လိုက်ပြီး ဟုန်ချန်းမင်း ကဆက်ပြောလိုက်သည်။ “ငါ လီဂျင်းယွမ် ကိုသတ်ချင်ပေမဲ့ မင်းကိစ္စမဟုတ်ဘူး။ မင်းက ဘာတွေထည့်တွက်နေတာလဲ?”
ဇောင်ယုဟွမ် ကပြုံးလိုက်ပြီး ဘာမှဝင်မပြောပေ။
လီဂျင်းယွမ် ကလည်း ဘာမှမပြောပေ။
မှန်တယ်၊ လီမိသားစုက ဘာထည့်တွက်နိုင်မှာလဲ?
သူတို့က မိသားစုပဲ။
ဒီလီတွေက ဘာမှမဟုတ်ပဲ သူစိမ်းတွေပဲ။
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က တစ်ယောက်နဲ့ တစ်ယောက် ကောင်းကောင်းသိကြသည်။ ဘာကိစ္စမှမရှိရင် သူတို့က တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်သတ်ဖြတ်ကြဖို့ ကြိုးစားကြလိမ့်မည်။ သို့သော် အပြင်လူ အရူးတချို့ကသာ ဝင်နှောက်လာရင် သူတို့က လုံးဝကိုတစ်ဖက်တည်း ဖြစ်သွားကြလိမ့်မည်။
ဒါကသာ ဇောင်ယုဟွမ် အားသူတို့လက်ထဲမှာ ကောင်းကောင်းထားပြီး ကာကွယ်နိုင်မဲ့ တစ်ခုတည်းအရာဖြစ်သည်။
#ပြီးပါပြီ 😁 တစ်နေ့က တင်ပေးမယ်ဆိုပြီး မီးပျက်နေတာနဲ့ laptop အားမသွင်းရတော့ နောက်ကျသွားတယ်#
……………
Zawgyi
လီ႐ုံ မွာကေလး ဘယ္ေလာက္႐ွိလဲ?
၁၂ ေယာက္။
၁၂ ေယာက္မွာ အႀကီးဆုံးက အသီးအႏွံပိုင္း၊ ဒုတိယအႀကီးဆုံးက တျခားသူေတြနဲ႔ ၿပိဳင္ပြဲလုပ္ရင္း ေသသြားခဲ့တယ္။ တတိယကေတာ့ ေဆးေၾကာင့္၊ စတုတၳနဲ႔ ပၪၥမကေတာ့ အသုံးမက်ပဲ ကုမၸဏီအေၾကာင္း ဘာမွမသိၾကဘူး၊ ၆ ေယာက္ေျမာက္နဲ႔ ၇ ေယာက္ေျမာက္ကေတာ့ အ႐ြယ္မေရာက္ခင္တည္းက ေသသြားခဲ့ၾကတယ္။ ၇, ၈ နဲ႔ ၁၀ ေယာက္ေျမာက္ေတာ့ တကၠသိုလ္က ဘြဲ႕ရၿပီး အမဲလိုက္လုပ္ၿပီး ၁၂ ေယာက္ေျမာက္ကေတာ့ ဒီႏွစ္မွ ၈ ႏွစ္ပဲ႐ွိေသးတယ္။
လီဂ်င္းယြမ္ ျပန္လာခ်ိန္တြင္ သူက ငါးေယာက္ေျမာက္ အႀကီးေနရာတြင္ ခ်က္ခ်င္း အစားထိုးခံလိုက္ရၿပီး ငါးေယာက္ေျမာက္ သခင္ေလးလီ ျဖစ္လာခဲ့သည္။
သူ႕ေ႐ွ႕မွလူေတြကေတာ့ သူ႕အတြက္ ေနရာတစ္ခုကို လႊတ္ေပးလိုက္ရသည္။
လူတိုင္းက ေကာင္းမြန္ေအာင္ လုပ္ေနၾကေပမဲ့ အခုေတာ့ သူတို႔တြင္ ညီအစ္ကိုအသစ္ တစ္ေယာက္႐ွိလာတကို ၾကားလိုက္ရၿပီး မိသားစုမွ ႐ွယ္ယာေတြအား ခြဲေပးရၿပီး ဂ်င္းဟြာအုပ္စု တစ္ခုလုံးေတာင္ ျဖစ္ႏိုင္မွန္းကို သိလိုက္ရၿပီးေနာက္ ဘယ္သူက ေပ်ာ္ႏိုင္မွာလဲ? ဘယ္သူ႕မွ ေပ်ာ္ႏိုင္မွာ မဟုတ္ဘူး။
လီ႐ုံ က႐ွီခ်န္း ကိုအရင္ဆုံး ျပန္သြားခဲ့သည္။
လအနည္းငယ္ ၾကာၿပီးေနာက္ လီဂ်င္းယြမ္ ကအရာအားလုံးကို ဂ႐ုစိုက္ခဲ့ၿပီး ေဖ်ာ္ေျဖေရး တစ္ခုလုံးကိုလည္း အၿပီးအပိုင္း ႏႈတ္ဆက္လိုက္သည္။ ထို႔ေနာက္တြင္ ေဇာင္ယုဟြမ္ အားေခၚကာ သူမနဲ႔အတူ ႐ွီခ်န္း ကိုသြားခဲ့သည္။
လီမိသားစုမွ လူေတြက လီဂ်င္းယြမ္ အားဦးေႏွာက္ေသဖန္ေတြထက္ ဘာမွအသုံးမက်တဲ့ ေဖ်ာ္ေျဖေရးေလာကမွ အသားတုံးႀကီးအေနနဲ႔သာ အထင္ႀကီးၾကသည္။
လီဂ်င္းယြမ္ ရဲ႕အင္တာဗ်ဴး…
သူတို႔က သူတို႔ႏွာေခါင္းကို ထိလိုက္ၾကၿပီး သူတို႔ၿပိဳင္ဘက္အား နားလည္ႏိုင္ဖို႔အတြက္ ၾကည့္ေနခဲ့ၾကသည္။
အင္တာဗ်ဴးကို ျမင္လိုက္ခ်ိန္တြင္ သူ႕အား ပိုၿပီးေတာ့ေတာင္ စြ,ေပးခ်င္သြားၾကသည္။
လီဂ်င္းယြမ္ ကသူ႕ပါးစပ္ပိတ္လိုက္၊ ဖြင့္လိုက္တိုင္း မိန္းကေလး အေၾကာင္းကိုသာ ထုတ္ေျပာခဲ့သည္။
ဒါေတြက သူမအတြက္ လုပ္ေပးတာ၊ ဒါက သူမေၾကာင့္ သင္ခဲ့တာ။
တစ္ခုလုံးက သူ႕ကိုယ္သူ ယုံၾကည္မႈကို မ႐ွိဘူး!
လုံးဝကို အမိႈက္ေကာင္ပဲ!
ထို႔ေနာက္ “အမိႈက္”ရဲ႕ကားက လီမိသားစုဗီလာေ႐ွ႕တြင္ ရပ္လာခဲ့သည္။
လီမိသားစု႐ွိ လူတိုင္းက လီမိသားစုဗီလာတြင္ ေနထိုင္ၾကသည္။ ဗီလာက အရမ္းႀကီးတာေၾကာင့္ ဗီလာေတြေပါင္းၿပီး တစ္ခုတည္း ေဆာက္ထားသလိုေတာင္ ျဖစ္ေနသည္။
၇ ေယာက္ေျမာက္က မိန္းကေလးျဖစ္ၿပီး လီက်ီ ျဖစ္သည္။
လီက်ီ ကမေပ်ာ္ေၾကာင္းကို သူမမ်က္ႏွာတြင္ ထုတ္ျပေနခဲ့သည္။ “သူလာတာ ဟုတ္ေပမဲ့ ဘာလို႔ ငါတို႔က ဒီမွာေစာင့္ေနရတာလဲ?”
“အေဖ ေတာင္မလာဘူး၊ အေဖက သူ႕ကိုအမ်ားႀကီး မခ်စ္မွန္းသိသာတယ္” ၆ ေယာက္ေျမာက္က ေအးစက္စြာ ေျပာလိုက္သည္။
အိမ္ေဖာ္ေတြက တံခါးကိုဖြင့္လိုက္ၿပီး ဦးၫႊတ္ကာ ေျပာလိုက္သည္။ “သခင္ေလး၊ သခင္မေလးတို႔ သူေရာက္ပါၿပီ”
ကားက ကားဂိုေဒါင္တြင္ ရပ္သြားခဲ့သည္။
၈ ေယာက္ေျမာက္က လန္႔သြားခဲ့သည္။ “အဲ့ဒါ Lamborghini Reventon မဟုတ္လား? ဒါႀကီးက ငါေတာင္ မတက္ႏိုင္ဘူး”
လီက်ီ ကႏွာမႈတ္လိုက္သည္။ “သူက ေဖ်ာ္ေျဖေရးကေလ။ လက္မွတ္ထိုးထားတဲ့ မီလီယမ္ေပါင္းမ်ားစြာထဲက ေၾကာ္ျငာတစ္ခုေနမွာေပါ့”
အကန္႔အသတ္ထုတ္ Lamborghini ကားေနာက္တြင္ ကားတန္းေတြ႐ွိၿပီး ကိုယ္ရံေတာ္ေတြ ေမာင္းလာၾကမွန္း သိသာသည္။
လီက်ီ ကပိုၿပီးေတာ့ေတာင္ စိတ္ပ်က္သြားခဲ့သည္။ “ပြဲလုပ္ေနတာလား?”
သူမေျပာၿပီးသည္ႏွင့္ တစ္ဖက္မွ ဘာလႈပ္႐ွားမႈမွ မ႐ွိလာေပ။
“ဘာျဖစ္လို႔လဲ? သူက ဘာလို႔ထြက္မလာေသးတာလဲ?” ၈ ေယာက္ေျမာက္က စိတ္႐ႈပ္စြာျဖင့္ ေျပာလိုက္သည္။
အိမ္ေဖာ္တစ္ေယာက္က သတင္းအသစ္နဲ႔ ျပန္လာခဲ့သည္။ “သူတို႔က သူတို႔ကို လာေခၚဖို႔ လူတခ်ိဳ႕လိုတယ္လို႔ ေျပာပါတယ္”
လီက်ီ ကအရမ္းေဒါသထြက္သြားၿပီး “… သူ႕ကိုယ္သူ ဘယ္သူလို႔ထင္ေနတာလဲ?”
ထိုအခ်ိန္တြင္ လက္ေထာက္ေဒါင္ ကေအာက္ထပ္ကို အခ်ိန္ကိုက္ေရာက္လာခဲ့သည္။ “ဥကၠဌလီ ကေနသိပ္မေကာင္းလို႔ ေအာက္ထပ္ကို ဆင္းမလာႏိုင္လို႔ မစၥတာလီ နဲ႔အတူ သခင္ေလးေတြနဲ႔ သခင္မေလးေတြက သူ႕ေနရာမွာ ေနရပါမယ္”
သူတို႔က ဘယ္ေလာက္ဆႏၵမ႐ွိ႐ွိ ထ,ရပ္ကာသြားလိုက္သည္။ ေနာက္ေတာ့ လီ႐ုံ ရဲ႕စကားလုံးေတြက လီအိမ္ေတာ္တြင္ ဧကရာဇ္အမိန္႔လိုပင္။
“မစၥတာလီ၊ ေအာက္ဆင္းလို႔ရပါၿပီ” လက္ေထာက္ေဒါင္ ကကားေ႐ွ႕တြင္ ေျပာလိုက္သည္။
တစ္ဖက္မွ သူတို႔ရဲ႕မႏွစ္ၿမိဳ႕မႈအား ဖုံးကြယ္ထားခဲ့သည္။
သူက မစၥတာလီ ဆိုရင္ သူတို႔ကေကာ?
ကားက ပြင့္သြားၿပီး လီဂ်င္းယြမ္ ကထြက္လာခဲ့သည္။
လူတိုင္းက လန္႔သြားၾကသည္။
သူတို႔ေ႐ွ႕မွလူက အင္တာဗ်ဴးမွာထက္ ပိုၿပီးေတာ့ေခ်ာေမာၿပီး အ႐ွိန္အဝါျပင္းေနေသးတယ္!
သို႔ေသာ္ လီဂ်င္းယြမ္ ကသူတို႔ကို မၾကည့္ပဲ လက္တစ္ဖက္အား ကားဘက္ဆီ ဆန္႔ေပးလိုက္သည္။ ကားထဲတြင္ တျခားတစ္ေယာက္႐ွိေနမွန္း သိသာသည္။
လက္ေထာက္ေဒါင္ ကနားလည္သြားခဲ့သည္။ “မစၥေဇာင္ လည္းလာတာလား?”
“အင္း” လီဂ်င္းယြမ္ ရဲ႕မ်က္ႏွာထက္တြင္ အေပ်ာ္တခ်ိဳ႕က ေပၚလာခဲ့သည္။
သိပ္မၾကာခင္ ေဇာင္ယုဟြမ္ လည္းထြက္လာခဲ့သည္။
၈ ေယာက္ေျမာက္က အရင္ဆုံးထ,ေျပာလိုက္သည္။ “Damn! အဲ့မိန္းကေလးက ခ်န္းမင္းရီ နဲ႔႐ွိတဲ့သူပဲ!”
“ေဇာင္ယုဟြမ္? သူမအေဖေသလို႔ အေမြရသြားတဲ့ တစ္ေယာက္မဟုတ္လား?” လီက်ီ ကသူမရဲ႕မနာလိုမႈကို မထိန္းခ်ဳပ္ႏိုင္ေပ။ သူတို႔အားလုံးက လီ႐ုံ ကိုအေစာႀကီး ေသေစခ်င္ၾကေပမဲ့ သူက ေသမဲ့အစား လီဂ်င္းယြမ္ ေတာင္ေရာက္လာခဲ့သည္။
ေဇာင္ယုဟြမ္ ကထြက္လာၿပီး လီဂ်င္းယြမ္ ကတျခားသူေတြကို လ်စ္လ်ဴ႐ႈထားကာ သူမနဲ႔အတူ အထဲဝင္လိုက္သည္။
လက္ေထာက္ေဒါင္ က လီဂ်င္းယြမ္ အားတျခားသူေတြနဲ႔ မိတ္ဆက္ေပးျခင္းမ႐ွိပဲ သူတို႔သြားမဲ့လမ္းကိုသာ ျပလိုက္သည္။
အသစ္ေရာက္လာသည့္ လူေတြက အထဲကိုေရာက္သြားၿပီး အေပၚတက္ကာ လီ႐ုံ ကိုႏႈတ္ဆက္လိုက္ၿပီး က်န္သူေတြအားလုံးကို ခ်န္ထားရစ္ခဲ့သည္။
သူတို႔က မႏွစ္ၿမိဳ႕သည့္ အမူအရာေတြျဖင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္လိုက္ၾကသည္။ “သူတို႔က ဘာလဲ? ငါတို႔က သူ႕ကို အာ႐ုံစိုက္ေပးတာေတာင္ သူေရာက္တာနဲ႔ ငါတို႔ကို လုံးဝလ်စ္လ်ဴ႐ႈသြားတယ္”
လီက်ီ ကအေတာ္ေလးကို မေပ်ာ္ေပ။ သူမက ေအးစက္စြာ ေျပာလိုက္သည္။ “သူက မိဘမဲ့ေဂဟာက မဟုတ္လား? အျပဳအမူေတြကို နားမလည္ပုံပဲ”
တတိယက ဆိုဖာေပၚတြင္ အားနည္းစြာမွီလိုက္ၿပီး ေျပာလိုက္သည္။ “သူက ေဇာင္မိသားစုဆီ အရင္ဆုံးေရာက္သြားၿပီး မိဘမဲ့ေဂဟာမွာ အဲ့ေလာက္အၾကာႀကီး မေနခဲ့ရဘူးေလ”
“ဒါေပမဲ့ သူက ဘာလို႔ ေဇာင္ယုဟြမ္ ကိုေခၚလာရတာလဲ?” လီက်ီ ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။
“ဘယ္သူသိမွာလဲ?”
လီက်ီ ကမနာလိုစြာျဖင့္ အေပၚထပ္ကို ၾကည့္လိုက္သည္။ “…သူ႕ကံေကာင္းမႈက ဘယ္လိုေတာင္လား?”
“သူက အထက္တန္းလႊာမွာ ေမြးလာၿပီးေတာ့ ေပၚလစီေတြနဲ႔ စီးပြားေရးလုပ္ငန္း႐ွင္ႀကီးနဲ႔ ဆက္သြယ္ရတယ္”
တတိယက ဆက္ျငင္းခုန္လိုက္ၿပီး “ေဇာင္ယုဟြမ္ ရဲ႕ဝမ္းကြဲကလည္း တ႐ုတ္ျပည္မွာ ေတာ္ေတာ္ေလးကို အာဏာ႐ွိတယ္။ သူတို႔ေတြက ခ်န္းမင္းရီ လိုမ်ိဳးပဲ”
၈ ေယာက္ေျမာက္က ေႏွာင့္ယွက္လိုက္သည္။ “ႏိုင္ငံျခားက သူတို႔အတန္းေဖာ္ေတြကလည္း သာမန္မဟုတ္ဘူး”
လီက်ီ ကအံႀကိတ္လိုက္သည္။ “ဒါဆို သူက အရမ္းအာဏာ႐ွိတယ္လို႔ ေျပာခ်င္တာလား?”
“ဘယ္သူသိမွာလဲ? ေစာင့္ၾကည့္ၾကတာေပါ့”
‘ေစာင့္ၾကည့္’တာက လဝက္ေလာက္ ျဖစ္သြားခဲ့သည္။
လီဂ်င္းယြမ္ ကလီအိမ္ေတာ္မွာ မေနေပမဲ့ ညစားစားခ်ိန္တိုင္း ေဇာင္ယုဟြမ္ ကိုေခၚလာတက္သည္။
လီ႐ုံ ရဲ႕စိတ္အေျခအေန ေကာင္းေနခ်ိန္တြင္ေတာ့ သူက ေအာက္ထပ္ဆင္းၿပီး သူ႕ေဘးဘက္ တစ္ဖက္စီတြင္ လီဂ်င္းယြမ္ နဲ႔ ေဇာင္ယုဟြမ္ တို႔ကိုထားၿပီး ထမင္းစားတက္သည္။ ဒါေတြက လူေတြအားလုံးကို အေတာ္ေလး မနာလိုျဖစ္ေစသည္။
ထိုအေျခအေနေၾကာင့္ လီအိမ္ေတာ္႐ွိ လူတိုင္းက မေပ်ာ္ၾကေတာ့ေပ။
သူတို႔က လီဂ်င္းယြမ္ ကိုကေလးလိုသာ ထင္ခဲ့ၾကသည္။ သူက နာမည္ႀကီးျဖစ္တာေတာင္ အခ်ိန္အတိုေလးအတြင္း ဘာလုပ္ႏိုင္မွာလဲ? သို႔ေသာ္ ဒီႏိုင္ငံရဲ႕ကေလးေလးက သူတို႔ထက္ပိုၿပီးေတာ့ေတာင္ မာနႀကီးေနေသးသည္။ လီဂ်င္းယြမ္ ကသူတို႔အားလုံးကို လုံးဝလ်စ္လ်ဴ႐ႈထားခဲ့သည္။ အခ်ိန္တိုင္း သူက လက္ေထာက္ေဒါင္နဲ႔အတူ ဂ်င္းဟြာအုပ္စုဆီ သြားၿပီး ကုမၸဏီကိစၥမ်ားကို လုပ္ေဆာင္နေခဲ့သည္။ သူတို႔အတြက္ေတာ့ လီဂ်င္းယြမ္ အားမဖိႏွိပ္ႏိုင္ခဲ့ေပ။
လီ႐ုံ ရဲ႕တျခားကေလးေတြက အတူတူစုေဝးၾကၿပီး လီဂ်င္းယြမ္ အေၾကာင္းကို ေဆြးေႏြးခဲ့ၾကသည္။
“လီဂ်င္းယြမ္ ကၿပိဳင္ဘက္ပဲ။ ဘာလို႔ သူနဲ႔အတူ ငါတို႔မစ,တင္ၾကတာလဲ?”
“ဘယ္သူလဲ?”
“ဟုန္ခ်န္းမင္း”
“Fuck, သူတို႔က ဆက္ဆံေရး မေကာင္းဘူးလား?”
“အဆိုးႀကီးေတာ့ မဟုတ္ဘူး။ သူတို႔က မိဘမဲ့ေဂဟာ တစ္ခုတည္းကလာၿပီးေတာ့ အခ်ိန္တိုင္း တိုက္ခိုက္ေနၾကပုံပဲ။ ေနာက္ေတာ့ သူတို႔ကို ေခၚေမြးစားခဲ့တဲ့ သူတို႔ညီမနဲ႔ပတ္သက္ၿပီး စတိုက္ခိုက္ခဲ့ၾကတယ္။ အခုေတာ့ သူတို႔က အ႐ြယ္ေရာက္လာေတာ့ ေဇာင္ယုဟြမ္ ရဲ႕လက္ကိုတြဲၿပီး လက္ထပ္ႏိုင္ဖို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ တိုက္ခိုက္ေနၾကၿပီး ရလဒ္က အခုလိုျဖစ္လာတာပဲ။ သူတို႔ႏွစ္ေယာက္လုံးက တစ္ေယာက္နဲ႔ တစ္ေယာက္ သေဘာမက်ၾကဘူး။ ငါ သတင္းေလးတစ္ခု ၾကားခဲ့ေသးတယ္။ တူရကီ မွာတုန္းက ဟုန္ခ်န္းမင္း က လီဂ်င္းယြမ္ ကိုေဒါသထြက္လြန္းလို႔ သတ္လုနီးပါး ျဖစ္သြားေသးတယ္တဲ့”
“တကယ္?”
“တကယ္! အဲ့ႏွစ္ေယာက္က ေတာ္ေတာ့္ကို ၿပိဳင္ေနၾကတာ။ ေဇာင္ယုဟြမ္ ကသူတို႔ထဲက ဘယ္သူ႕ရဲ႕ပို႔စ္ကို႐ွဲ႐ွဲ တျခားလူက ခ်က္ခ်င္း ထ,တိုက္ခိုက္ေကာ။ သတင္းေထာက္ေတြေတာင္ သူတို႔ လမ္းေပၚမွာ တိုက္ခိုက္ၾကတာကို အႀကိမ္အမ်ားႀကီး ေတြ႕ဖူးေသးတယ္…”
“ဒါဆို ဟုန္ခ်န္းမင္း ကိုသြား႐ွာရေအာင္!”
“ဟုန္ခ်န္းမင္း ရဲ႕နည္းလမ္းက နည္းနည္းေတာ့ ျပင္းထန္တယ္… အဆင္ေျပပါ့မလား?”
“မျပင္းရင္ေတာ့ ဆိုးလိမ့္မယ္။ သူ လီဂ်င္းယြမ္ ကိုသတ္ပစ္လိုက္တာက အေကာင္းဆုံး ရလဒ္ပဲ။ ငါတို႔က အျပစ္တင္ရံဒပဲ။ သူအဲ့လိုလုပ္တာက ေဇာင္ယုဟြမ္ ကိုမထိခိုက္ဘူးေလ။ ဘယ္လိုလုပ္ၿပီး ဆႏၵမ႐ွိပဲေနမွာလဲ?”
သူတို႔က ထပ္တလဲလဲ ေဆြးေနၾကၿပီး ေနာက္ဆုံးေတာ့ ဟုန္ခ်န္းမင္း ကိုသြား႐ွာဖို႔ သေဘာတူလိုက္ၾကသည္။
ဟုန္ခ်န္းမင္း ကဖုန္းလက္ခံရခ်ိန္တြင္ သူက ေျခခ်ိတ္ထိုင္ေနၿပီး ေကာ္ဖီစားပြဲတြင္ ကဒ္ကစားေနခဲ့သည္။
သူနဲ႔အတူ ေဇာင္ယုဟြမ္ နဲ႔ လီဂ်င္းယြမ္ တို႔ပါ႐ွိေနသည္။
ေဇာင္ယုဟြမ္ နဲ႔ လီဂ်င္းယြမ္ တို႔က လီမိသားစုဆီ အတူတူသြားၾကေပမဲ့ ဟုန္ခ်န္းမင္း လည္းေနာက္က်မက်န္ခဲ့ေပ။
သူ ႐ွီခ်န္း ကိုေရာက္သည့္ေန႔တြင္ အိမ္တစ္လုံးကိုဝယ္ခဲ့ၿပီး ေဇာင္ယုဟြမ္ အားေ႐ြ႕ေနဖို႔ လူေတြကို ၫႊန္ၾကားခဲ့သည္။
လီမိသားစုက အသုံးမက်သည့္ ငႏုံေတြကေတာ့ ဟုန္ခ်န္းမင္း က႐ွီခ်န္းကို ေရာက္ေနမွန္း လုံးဝသံသယမဝင္ၾကေပ။
ေဇာင္ယုဟြမ္ ကကဒ္ကိုလွန္လိုက္ၿပီး လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕မ်က္ႏွာ႐ွိ စကၠဴအပိုင္းေတြကို ၾကည့္လိုက္သည္။
ဘယ္သူပဲ႐ႈံး႐ႈံး သူတို႔မ်က္ႏွာေပၚတြင္ စကၠဴအပိုင္းေလးေတြကို ကပ္ခဲ့ၾကသည္။
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က သူမေၾကာင့္ ဇြန္ဘီလိုမ်ိဳး ျဖစ္ေနခဲ့ၾကသည္။
ဖုန္းသံကိုၾကားလိုက္ၿပီး ေဇာင္ယုဟြမ္ ကတစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ ဟုန္ခ်န္းမင္း ဆီပစ္ေပးလိုက္သည္။ “…မသိတဲ့နံပါတ္”
ဖုန္းက သုံးႀကိမ္ေလာက္ ျမည္ၿပီးေနာက္ ဟုန္ခ်န္းမင္း ကသူ႕လက္ထဲက ကဒ္ကိုပစ္လိုက္ၿပီး “ငါ႐ႈံးသြားၿပီ”
ေဇာင္ယုဟြမ္ ကေပ်ာ္႐ႊင္စြာျဖင့္ တျခားစကၠဴပိုင္းေလးကို ထုတ္လိုက္ၿပီး သူ႕မ်က္ႏွာတြင္ ကပ္လိုက္သည္။
ထို႔ေနာက္မွသာ ဟုန္ခ်န္းမင္း ကဖုန္းကိုင္လိုက္သည္။
ဖုန္းက သိပ္မၾကာလိုက္ပဲ အဆုံးသတ္သြားခဲ့သည္။
ေဇာင္ယုဟြမ္ ကအခ်ိန္ယူၿပီး ေမးလိုက္သည္။ “ဘာျဖစ္လို႔လဲ?”
ဟုန္ခ်န္းမင္း က လီဂ်င္းယြမ္ အားေအးေဆးစြာ ၾကည့္လိုက္သည္။ “…တစ္ေယာက္က လီဂ်င္းယြမ္ ကိုသတ္ခိုင္းတာ”
ေဇာင္ယုဟြမ္ : “…”
လီဂ်င္းယြမ္ : “…”
“…ဘယ္မိသားစုရဲ႕ အ႐ူးက လုပ္ခိုင္းတာလဲ?” ေဇာင္ယုဟြမ္ ကေမးလိုက္သည္။
“လီ”
“…ယုတၱိ႐ွိတယ္။ သူတို႔က ငါ့ကို ေသခ်ာေပါက္ ဖယ္ထုတ္ခ်င္ၾကမွာပဲ” လီဂ်င္းယြမ္ ကအသိအမွတ္ျပဳလိုက္သည္။
ေဇာင္ယုဟြမ္ ကသူမလက္ထဲ႐ွိ ကဒ္ေတြကို ပစ္လိုက္ၿပီး “သူတို႔က အစ္ကိုခ်န္းမင္း ကိုေငြေပးလား?”
ဟုန္ခ်န္းမင္း ကရယ္လိုက္ၿပီး “အင္း”
“ဟြမ္ဟြမ္ ပန္းခ်ီတစ္ခ်ပ္ လိုခ်င္တယ္”
“အိုေက”
ဒီႏွစ္ ဟြမ္ဟြမ့္ ေမြးေန႔ပါတီအတြက္၊ လတ္ဆတ္တဲ့ အသား ၈ ခုေလာက္ ဖိတ္ခ်င္တယ္…”
“…မရဘူး” ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က တစ္ၿပိဳင္နက္တည္း မဲေမွာင္ေနသည့္ မ်က္ႏွာျဖင့္ သူမအား ေျပာလိုက္သည္။
“တျခားရည္႐ြယ္ခ်က္ မ႐ွိပါဘူး”
လီဂ်င္းယြမ္ ကသူ႕ကိုယ္သူ လက္ညိႇဳးထိုးလိုက္သည္။ “ရည္႐ြယ္ခ်က္က ဒီမွာပဲ။ အရင္က ေဖ်ာ္ေျဖေရးေလာကမွာ လတ္ဆတ္တဲ့အသားမွာ ဟြမ္ဟြမ္၊ ကိုယ္က ၈ ပဲ”
ေဇာင္ယုဟြမ္ ကႏႈတ္ခမ္းဆူလိုက္သည္။
ဟုန္ခ်န္းမင္း ကေဒါသကို ထိန္းခ်ဳပ္ထားကာ ေမးလိုက္သည္။ “ငါက အသက္ႀကီးေနလို႔လား?”
ေဇာင္ယုဟြမ္ ကသက္ျပင္းခ်လိုက္သည္။ “ဒါဆို လတ္ဆတ္တဲ့အသား ၈ ခုကို ေမ့လိုက္ေတာ့၊ အဲ့အစား အဖြဲ႕တစ္ဖြဲ႕ေလာက္ ဖိတ္လို႔ရမလား? ေနာက္ပိုင္း အိုင္ေဒါလ္မိန္းကေလးအဖြဲ႕ကို တကယ္ သေဘာက်ေနတာ…”
“အဲ့ဒါလည္း မရဘူး” ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က တစ္ခ်ိန္တည္း ထပ္ေျပာလိုက္ၾကသည္။
“ဟမ္? ဘာလို႔လဲ?”
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္လိုက္ၾကသည္။ သူတို႔ ႏိုင္ငံျခားမွာတုန္းက မ်က္ႏွာျဖဴ ေကာင္မေလးက ေဇာင္ယုဟြမ္ ကိုသေဘာက်ခဲ့ေၾကာင္း သူတို႔႐ွင္း႐ွင္းလင္းလင္း မွတ္မိေနေသးသည္။ သူမနာမည္က အယ္လီဇဘတ္လိုမ်ိဳးလား?
ဘာျဖစ္ျဖစ္ ေယာက်ၤားေလးေကာ မိန္းကေလးေကာ ႏွစ္ခုလုံးက လက္မခံႏိုင္စရာပဲ။
“ကိုယ္တို႔ ေကာမိုင္ ကိုဖိတ္လို႔ရတယ္ေလ” ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။
“သူမရဲ႕ အခုေနာက္ပိုင္း ႐ိႈးပြဲကို ၾကည့္ၿပီးၿပီ။ ဘာျဖစ္ျဖစ္၊ အဲ့အေၾကာင္း ထပ္မေျပာၾကရေအာင္။ ပထမတစ္ခုကို လက္ခံၿပီးေတာ့ ေငြရတာနဲ႔ ခြဲေပးရမယ္”
ဟုန္ခ်န္းမင္း ကထုတ္ေျပာခ်င္သည့္ အေၾကာင္းေတြကို ဖိႏွိပ္လိုက္သည္။ “အိုေက”
လီ႐ုံ ရဲ႕ကေလးေတြကေတာ့ လီဂ်င္းယြမ္ ကို ဟုန္ခ်န္းမင္း ကသေဘာမက်ပဲ သူ႕အား သတ္ေပးမယ္ဆိုသည့္ ျပန္ေျဖစကားကို ေစာင့္ေနခဲ့ၾကသည္။
အသုံးမက်တဲ့အဖြဲ႕ကေတာ့ သူ႕ကို ယုံၾကည္ခဲ့ၾကၿပီး သူ႕အား ေငြေပးခဲ့ၾကသည္။ ဟုန္ခ်န္းမင္း ကေငြရလာခ်ိန္တြင္ ေဇာင္ယုဟြမ္ ကိုတစ္ဝက္ေပးခဲ့သည္။ သို႔ေသာ္ လီဂ်င္းယြမ္ ကေတာ့ ႐ွရာေလးေတာင္ မရခဲ့ေပ။
လက္ေထာက္ေဒါင္ ကသူတို႔အျပဳအမူေတြေၾကာင့္ လီ႐ုံ ကိုေျပာျပခဲ့သည္။
ထိုအေၾကာင္းကို ၾကားလိုက္ၿပီးေနာက္ လီ႐ုံ ကမ်က္လုံးျပဴးကာ “…အ႐ူးအဖြဲ႕၊ ေတာ္ေတာ္ခ်ီးက်ဴးဖို႔ေကာင္းတယ္။ တျခားသူကို ေပးလိုက္တာမွ ပိုေကာင္းေသးတယ္။ သူတို႔က လုံးဝကို အသုံးမက်ဘူးပဲ”
“ဒါေပမဲ့ မစၥေဇာင္ နဲ႔ မစၥတာဟုန္ တို႔က ဒီတစ္ႀကိမ္ေတာ့ မေဝးသြားေလာက္ဘူးမလား?”
“ျပန္ထိန္းထားလို႔ ဘာအသုံးဝင္မွာလဲ? ဒီလိုလုပ္လိုက္တာက လီဂ်င္းယြမ္ ကိုေနရာရဖို႔ ေစာေစာလုပ္ေပးလိုက္သလိုပဲ”
လက္ေထာက္ေဒါင္ ကထိုစကားကို ၾကားလိုက္သည္ႏွင့္ ခ်က္ခ်င္း ပါးစပ္ပိတ္သြားခဲ့သည္။
လီဂ်င္းယြမ္ က႐ွီခ်န္း တြင္ႏွစ္ဝက္ေလာက္ ေနခဲ့သည္။
ထိုအခ်ိန္အတြင္း ေဇာင္ယုဟြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ထြက္သြားၾကၿပီး သိပ္မၾကာခင္မွာပဲ ျပန္လာခဲ့ၾကသည္။
လီမိသားစုမွ လူေတြက ေစာင့္ၿပီးရင္း ေစာင့္ေနခဲ့ၾကေပမဲ့ လီဂ်င္းယြမ္ ရဲ႕ေသဆုံးသည့္သတင္းကို အစအနေလးေတာင္ မရခဲ့ၾကေပ။
လီက်ီ နဲ႔ ၈ ေယာက္ေျမာက္က ေတာ္ေတာ္ေလးကို ေဒါသထြက္ခဲ့ၾကသည္။ ဟုန္ခ်န္းမင္း က႐ွီခ်န္းက ပြဲကိုလာမည့္အေၾကာင္း ၾကားလိုက္ခ်ိန္တြင္ ခ်က္ခ်င္းပင္ သူ႕ကားကို တားခဲ့ၾကသည္။
သူတို႔က ဟုန္ခ်န္းမင္း ရဲ႕ကားသြားမည့္ လမ္းေၾကာင္းအား သူတို႔ကားျဖင့္ တားခဲ့ၾကသည္။
ဟုန္ခ်န္းမင္း အေနာက္မွလိုက္လာၾကသည့္ ကိုယ္ရံေတာ္ေတြက ခ်က္ခ်င္းကားထဲမွ ထြက္လာၾကကာ သူတို႔ကားတာယာဆီ ေသနတ္နဲ႔ပစ္လိုက္သည္။
လီက်ီ ကထိတ္လန္႔သြားေပမဲ့ သူမကိုယ္သူမ ျပန္ထိန္းခ်ဳပ္လိုက္သည္။
သူမက ကားျပတင္းအား ေခါက္လိုက္သည္။ “မစၥတာဟုန္၊ ထြက္လာခဲ့! ႐ွင္ ေငြယူၿပီး ဘာမွလည္း မလုပ္ေပးခဲ့ဘူး။ ဒါက အရမ္း႐ိုင္းတာ မဟုတ္…”
ကားတံခါးက ပြင့္သြားခဲ့သည္။
ဟုန္ခ်န္းမင္း ထြက္လာခဲ့သည္။
သူ႕ေျခေထာက္ေတြက ႐ွည္လ်ားၿပီး ႂကြက္သားကလည္း ေတာင့္တင္းေနကာ သူ႕ဝတ္ဆုံနဲ႔ အံကိုက္ျဖစ္ေနသည္။ သူ႕အမူအရာက မဲေမွာင္ေနကာ မေပ်ာ္မ႐ႊင္ျဖစ္ေနသည္။
လီက်ီ ကအရင္က သူ႕အင္တာဗ်ဴးကို ၾကည့္ခဲ့ဖူးေပမဲ့ တကယ့္အျမင္တြင္ ပိုၾကည့္ေကာင္းေနမယ္လို႔ ထင္မထားခဲ့ေပ။ သူမက တုန္လႈပ္သြားၿပီး ႐ွက္သြားခဲ့သည္။
“မင္းက?” ဟုန္ခ်န္းမင္း ကေအးစက္စြာျဖင့္ သူ႕ေမးအား ပင့္လိုက္သည္။
ကားျပတင္းက ေအာက္က်သြားၿပီး ေဇာင္ယုဟြမ္ ကသူမေခါင္းအား ထုတ္လိုက္သည္။ “အို၊ ဒါမစၥလီ မဟုတ္လား?”
လီက်ီ ရဲ႕မ်က္ႏွာက အနီနဲ႔အျဖဴၾကား ေျပာင္းသြားခဲ့သည္။
ဘာေၾကာင့္ ေဇာင္ယုဟြမ္ ကကားထဲ႐ွိေနရတာလဲ?
ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ရဲ႕ေခါင္းအား ကားထဲျပန္တြန္းထည့္လိုက္ၿပီး သူ႕အသံက နည္းနည္းတင္းမာေနသည္။ “အျပင္မွာ ေလျပင္းတယ္။ အထဲမွာေန။ မလႈပ္နဲ႔”
ေဇာင္ယုဟြမ္ ကသူ႕လက္ကို ႐ိုက္ထုတ္လိုက္သည္။ “မဟုတ္တာ၊ ဟြမ္ဟြမ္ လည္းဒီျမင္ကြင္းကို ျမင္ခ်င္တယ္”
လီက်ီ ရဲ႕အမူအရာက ပိုဆိုးသြားခဲ့သည္။ “ျမင္ကြင္းလို႔ေခၚရေအာင္ နင္က ဘယ္သူလဲ?”
အထဲမွတစ္ေယာက္က ေပါ့ပါးစြာရယ္လိုက္သည္။ “မင္းတို႔ေတြ အကုန္လုံး အတူတူပဲ။ ေတာ္ေတာ္ေလး စိတ္ဝင္စားဖို႔ေကာင္းတယ္”
ကားျပတင္းက ေအာက္ထပ္က်သြားၿပီး အထဲမွလူရဲ႕မ်က္ႏွာက လုံးဝေပၚလာခဲ့သည္။
ထိုအခ်ိန္မွသာ ကားအတြင္းတြင္ လီဂ်င္းယြမ္ ႐ွိေနမွန္း လီက်ီ သိသြားခဲ့သည္။
လီက်ီ ကထိတ္လန္႔စြာျဖင့္ အေနာက္ကို ေျခလွမ္းအနည္းငယ္ ဆုတ္လိုက္သည္။ “န..နင္…”
လီဂ်င္းယြမ္ က႐ွီခ်န္းကို လာခ်ိန္ကနဲ႔ လုံးဝကြာျခားသြားခဲ့သည္။ လီ႐ုံ၊ လက္ေထာက္ေဒါင္နဲ႔ တျခားသူေတြနဲ႔ ေဇာင္ယုဟြမ္ ဘက္မွသင္ၾကားမႈေတြေၾကာင့္ လုံးဝကို အထက္တန္းလႊာဆန္ေနသည္။ သူက ဂ်င္းဟြာအုပ္စု တစ္ဝက္ေလာက္ကို ထိန္းခ်ဳပ္ႏိုင္ေနၿပီးျဖစ္သည္။ သူ႕ႏူးညံ့သိမ္ေမြ႕သည့္ အသြင္အျပင္က တျဖည္းျဖည္းနဲ႔ မာနႀကီးသည့္ အသြင္အျပင္အျဖစ္သို႔ ေျပာင္းလဲသြားခဲ့သည္။
လီဂ်င္းယြမ္ ကျပဳံးကာေျပာလိုက္သည္။ “ဘာလဲ? ငါ့ဘဝကိုေတာင္ ဝယ္ရဲေပမဲ့ ငါ့ေ႐ွ႕မွာက်ေတာ့ မတ္တပ္ေတာင္ မရပ္ရဲဘူးလား?”
၈ ေယာက္ေျမာက္က တစ္ခုခုမွားယြင္းေနတာကို ခံစားမိလိုက္ၿပီး ခ်က္ခ်င္းေရာက္လာခဲ့သည္။
ကားထဲမွလူကို ျမင္လိုက္ၿပီး သူ႕အမူအရာကလည္း ေျပာင္းလဲသြားခဲ့သည္။ “…မင္း ေသာက္ေကာင္၊ ငါတို႔ကို လွည့္စားခဲ့တာလား?”
ဟုန္ခ်န္းမင္း ကသူ႕အား ေအးစက္စြာျဖင့္ ၾကည့္လိုက္သည္။ “မင္း ဘာေသာက္စကား ေျပာတာလဲ?”
သူက ခ်က္ခ်င္းပင္ တိတ္ဆိတ္သြားခဲ့သည္။
လီက်ီ ကလည္း သူမႏႈတ္ခမ္းအား ေစ့ထားခဲ့ၿပီး တျခားဘာကိုမွ မေျပာရဲေတာ့ေပ။
ေဇာင္ယုဟြမ္ ကစိတ္မ႐ွည္စြာျဖင့္ ကားတံခါးအား ပုတ္လိုက္သည္။ “အိုေက၊ အိုေက၊ သြားရေအာင္။ အဆင္ေျပၿပီ၊ သူတို႔မွာ ဘာရည္႐ြယ္ခ်က္မွ မ႐ွိေတာ့ဘူး”
ဟုန္ခ်န္းမင္း ရဲ႕အမူအရာက ခ်က္ခ်င္းကို ႏူးညံ့သြားၿပီး ကားထဲကို ျပန္ဝင္လိုက္သည္။
လီက်ီ ကမထိန္းခ်ဳပ္ႏိုင္ပဲ ေအာ္လိုက္သည္။ “လီဂ်င္းယြမ္! ဟုန္ခ်န္းမင္း ကနင့္ကို သတ္ခ်င္ေနတာ အသိသာႀကီးပဲ…”
ဟုန္ခ်န္းမင္း ကေအးစက္စြာ ရယ္လိုက္သည္။ “ဘယ္သူေျပာတာလဲ? ထြက္သြား!”
လီက်ီ ကသူ႕ကိုေၾကာက္တာေၾကာင့္ အေနာက္ဆုတ္လိုက္သည္။
သူက ကားျပတင္းကို ျပန္တင္လိုက္ၿပီး ဟုန္ခ်န္းမင္း ကဆက္ေျပာလိုက္သည္။ “ငါ လီဂ်င္းယြမ္ ကိုသတ္ခ်င္ေပမဲ့ မင္းကိစၥမဟုတ္ဘူး။ မင္းက ဘာေတြထည့္တြက္ေနတာလဲ?”
ေဇာင္ယုဟြမ္ ကျပဳံးလိုက္ၿပီး ဘာမွဝင္မေျပာေပ။
လီဂ်င္းယြမ္ ကလည္း ဘာမွမေျပာေပ။
မွန္တယ္၊ လီမိသားစုက ဘာထည့္တြက္ႏိုင္မွာလဲ?
သူတို႔က မိသားစုပဲ။
ဒီလီေတြက ဘာမွမဟုတ္ပဲ သူစိမ္းေတြပဲ။
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ ေကာင္းေကာင္းသိၾကသည္။ ဘာကိစၥမွမ႐ွိရင္ သူတို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ တိုက္ခိုက္သတ္ျဖတ္ၾကဖို႔ ႀကိဳးစားၾကလိမ့္မည္။ သို႔ေသာ္ အျပင္လူ အ႐ူးတခ်ိဳ႕ကသာ ဝင္ေႏွာက္လာရင္ သူတို႔က လုံးဝကိုတစ္ဖက္တည္း ျဖစ္သြားၾကလိမ့္မည္။
ဒါကသာ ေဇာင္ယုဟြမ္ အားသူတို႔လက္ထဲမွာ ေကာင္းေကာင္းထားၿပီး ကာကြယ္ႏိုင္မဲ့ တစ္ခုတည္းအရာျဖစ္သည္။
#ၿပီးပါၿပီ 😁 တစ္ေန႔က တင္ေပးမယ္ဆိုၿပီး မီးပ်က္ေနတာနဲ႔ laptop အားမသြင္းရေတာ့ ေနာက္က်သြားတယ္#
……………
[text_hash] => 87d32301
)