Array
(
[text] =>
Unicode
ဇောင်ယုဟွမ် ကတံခါးလက်ကိုင်ကို ကိုင်လိုက်သည်။
ဟုန်ချန်းမင်း ကသူမလှုပ်ရှားမှုနောက်ကို လိုက်ကြည့်ရင်း ပြုံးလိုက်သည်။ “တံခါးကို ကိုယ်လော့ခတ်ထားတယ်”
ဇောင်ယုဟွမ် : “!!!”
ဒါကဘာလဲ?
ရုတ်တရက်ကြီး သူရူးသွားတာလား?
သို့သော် ဟုန်ချန်းမင်း ကသူ့အရင်စကားကို ဆက်မပြောပဲ အတွေးထဲကအတိုင်း မေးလိုက်သည်။ “အဲ့ဒါရိုက်တာလီ က ဟွမ်ဟွမ့်ကို ဘာပြောခဲ့လဲ? အဲ့ဒါတွေက ချီးကျူးတာနဲ့ ကောင်းတဲ့စကားတွေပဲ ဖြစ်လိမ့်မယ်၊ ဘာကြောင့်ဆို လီဂျင်းယွမ် ကိုချော့ဖို့အတွက် ဟွမ်ဟွမ် ပဲရှိတာကို”
ဟုန်ချန်းမင်း ကဂီယာထိုးလိုက်သည်။ သူက ရှေ့ဘက်ကိုသာ ကြည့်နေရင်း တည်ငြိမ်စွာဖြင့် မောင်းလိုက်ကာ ပြောလိုက်သည်။ “ဟွမ်ဟွမ့် ကိုကိုယ့်ဆွေမျိုးတွေဆီ ခေါ်သွားရင် သူတို့က ဆိုးရွားတဲ့အရာတွေပဲ ပြောလိမ့်မယ်၊ သူတို့ကို လွှတ်ပေးဖို့အတွက် မင်းဆီက ငွေတောင်းတာ၊ ဒါမှမဟုတ် သူတို့အတွက် မင်းကိုအသနားခံတာတွေပဲ လုပ်လိမ့်မယ်”
အသနားခံတာ?
ဇောင်ယုဟွမ် ကထိုစကားကြောင့် တွေးသွားခဲ့သည်။
ဟုန်ချန်းမင်း ကသူတို့ကို တစ်ခုခုလုပ်ခဲ့လို့လား?
ဇောင်ယုဟွမ် ကအံ့ဩသလို မခံစားရပေ။
မူလဇာတ်ကြောင်းတွင် ဟုန်ချန်းမင်း ရဲ့ဆောင်ပုဒ်က ‘မျက်လုံးအတွက် မျက်လုံး၊ သွားအတွက် သွားပဲ’
အရင်က ဟုန်ချန်းမင်း ကသူ့မိဘတွေ သေသွားပြီး သူ့ဆွေမျိုးတွေက သူ့ကိုမိဘမဲ့ဂေဟာဆီ စွန့်ပစ်လိုက်တယ်လို့ ပြောခဲ့သည်။ သူတို့ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် သူတို့လုပ်ရပ်ကြောင့် ထိုက်တန်သည်။
ထို့ကြောင့် ဇောင်ယုဟွမ် ကပေါ့ပါးစွာ ရယ်လိုက်သည်။ “အင်း၊ ရှက်စရာပဲ။ တစ်နေ့မှာ သူတို့နဲ့သာ တွေ့ခဲ့ရင် သူတို့အတွက် သနားပေးမှာမဟုတ်ဘူး”
ဟုန်ချန်းမင်း ရဲ့အမူအရာက အနည်းငယ်လျော့သွားပြီး မေးလိုက်သည်။ “ဘာကြောင့်လဲ?”
ဇောင်ယုဟွမ် ကပြုံးလိုက်သည်။ “ဘာကြော်င့ဖြစ်ရမှာလဲ? သေချာပေါက်ကို ဟွမ်ဟွမ် တို့က တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးကြတယ်လေ၊ ဟွမ်ဟွမ် နဲ့သူတို့လို မဟုတ်ဘူး”
ဖျော့တော့သည့်အပြုံးက ဟုန်ချန်းမင်း ရဲ့မျက်နှာထက်တွင် ပေါ်လာခဲ့သည်။ မီးပွိုင့်မိသွားပြီးနောက် သူက ရုတ်တရက် လမ်းကြားဘက်ကို လှည့်လိုက်သည်။
ဒီလမ်းကြားက ကျဉ်းမြောင်းပြီး သဲကန္တာရနဲ့ တူနေသည်။ ပြန်ထွက်ဖို့ ခက်ခဲတာကြောင့် ကားတွေမဝင်ကြပေ။
ဇောင်ယုဟွမ် ရဲ့မျက်နှာထက်ရှိ အပြုံးက ပျောက်ကွယ်သွားခဲ့သည်။ “…ဟွမ်ဟွမ် တို့ဘာကြောင့် ဒီကိုရောက်နေတာလဲ?”
ဟုန်ချန်းမင်း ကဘရိတ်ကို ထပ်နင်းလိုက်သည်။
“ဟွမ်ဟွမ်၊ လီဂျင်းယွမ် အတွက်စောင့်နေဖို့ အိမ်ဆိုတာ ရှိနေသေးတယ်” ဟုန်ချန်းမင်း ကလှည့်လိုက်ပြီး ဇောင်ယုဟွမ် အားနီးကပ်စွာ စိုက်ကြည့်လိုက်သည်။ “ကိုယ့်မှာတော့ မရှိဘူး။ ကိုယ့်မှာ မင်းတစ်ယောက်ပဲ ရှိတယ်။ တစ်နေ့မှာ မင်းသာ ကိုယ့်ကို မလိုအပ်တော့ဘူးလို့ ပြောလာခဲ့ရင် ကိုယ့်မှာ သွားစရာမရှိဘူး။ မိဘမဲ့ဂေဟာမှာတုန်းက မွေးစားခံရဖို့ စောင့်နေတဲ့ ဟုန်ချန်းမင်း ပဲပြန်ဖြစ်သွားလိမ့်မယ်”
ဇောင်ယုဟွမ် ကစိုးရိမ်စွာ ပြောလိုက်သည်။ “ဘယ်လိုဖြစ်လို့ အဲ့လိုတွေးရတာလဲ? ဟွမ်ဟွမ် က အစ်ကိုချန်းမင်း ကိုဘယ်လိုလုပ်ပြီး မလိုအပ်တာ ဖြစ်နိုင်မှာလဲ?”
“မင်းလုပ်လိမ့်မယ်” သူက စတီယာရင်ကို ညှစ်လိုက်ပြီး သူ့လည်ပင်းတွင် အစိမ်းရောင်သွေးကြောတွေက ဖုဖောင်းလာခဲ့သည်။ သူ့အပြုအမူမှ ခံစားချက်တွေကို ဖိနှိပ်ထားမှန်း သိနိုင်သည်။
“ဝမ်ယောင်ချန်း ပြီးသွားတော့ ဟွမ်ဟွမ့်ရှေ့မှာ သေချာပေါက်ကို လိုက်ဖက်တဲ့လူတစ်ယောက်က ပေါ်လာဦးမှာပဲ။ နောက်ပြီး တစ်ယောက်ပြီး တစ်ယောက်… ဟွမ်ဟွမ် နဲ့ဒိတ်ချင်တဲ့သူတွေက အမြဲတမ်း ရှိနေဦးမှာပဲ၊ အဆုံးမှာတော့ မင်းနဲ့မိသားစုဝင် ဖြစ်လာလိမ့်မယ်…”
ဟုန်ချန်းမင်း ပြောတာ မမှားပေ။ ဇောင်ယုဟွမ် ကပြန်မချေပနိုင်ပေ။
ဟုန်ချန်းမင်း ကရယ်လိုက်သည်။ “ဒါပေမဲ့ ဘာကြောင့်လဲ? ဘာကြောင့် ကိုယ်က ဟွမ်ဟွမ် ကိုမသိတဲ့ လူတစ်ယောက်ကြောင့် လက်လျော့ပေးရမှာလဲ?”
“အနာဂတ်မှာ ဟွမ်ဟွမ့်ဆီမှာ ကောင်လေးရှိလာရင်တောင် ဒါမှမဟုတ် လက်ထပ်ခဲ့ရင်တောင် အစ်ကိုချန်းမင်း နဲ့ လီဂျင်းယွမ် တို့ရဲ့နေရာကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဟွမ်ဟွမ် တို့ကအတူတူ ကြီးပြင်းလာခဲ့ကြတာ၊ အစ်ကိုချန်းမင်း တို့က ဟွမ်ဟွမ့်ရဲ့မိသားစုဝင်တွေပဲ…”
ဇောင်ယုဟွမ် ကသူမနှုတ်ခမ်းကို စေ့လိုက်သည်။ “ဒီအကြောင်းကို ဟွမ်ဟွမ် ခဏခဏ ပြောဖူးပါတယ်၊ အစ်ကိုချန်းမင်း လည်း…”
“မရှိဘူး” ဟုန်ချန်းမင်း ရဲ့အသံက ရုတ်ချင်းပင် ထွက်လာခဲ့သည်။ “ကိုယ်လိုချင်တဲ့လူက ဘယ်လိုလူမျိုးဆိုတာ ဟွမ်ဟွမ် သိလို့လား?”
ဇောင်ယုဟွမ် ကပြန်မဖြေနိုင်ပေ။
ဟုန်ချန်းမင်း ရဲ့အသံက ရုတ်တရက် ပေါ့ပါးသွားရင်း အံ့ဩစရာကောင်းသည့် အရာကိုတွေးကာ ပြောလိုက်သည်။
“ကိုယ်မင်းကို လိုချင်တယ်”
ဇောင်ယုဟွမ် ရဲ့အသက်ရှူသံက ရုတ်တရက် ရပ်တန့်သွားပြီး သူမစိတ်ကလည်း ဗလာဖြစ်သွားခဲ့သည်။
နောက်ဆုံးတော့ သူပြောလာပြီ။
သူမခံစားချက်တွေက မမှားခဲ့ပေ။
သူမ ဘာလုပ်သင့်လဲ?
“ကိုယ် မင်းကိုပဲ လိုချင်တယ်” ဟုန်ချန်းမင်း ရဲ့အသံက ထင်ရှားစွာထွက်လာခဲ့သည်။
“ဟွမ်ဟွမ် လန့်သွားမှာကို စိုးရိမ်နေခဲ့တာ…” ဟုန်ချန်းမင်း ကသူ့မျက်လုံးတွေကို မှိတ်လိုက်သည်။ “ဒါပေမဲ့ ဒီအကြောင်းကို ကိုယ်မပြောလိုက်ရင် တစ်နေ့မှာ ကိုယ့်မတိုင်ခင် တစ်ယောက်ယောက်က ဒီစကားကို ပြောလာလိမ့်မယ်”
ထိုအချိန်တွင် ဒါရိုက်တာလီ အကြောင်းပြောနေတာ မဟုတ်တော့ပေ။
လူတွေက သူ့ဆီကနေ ဇောင်ယုဟွမ် ကိုဆွဲထုတ်သွားဖို့သာ လုပ်နေကြသည်။
ဟုန်ချန်းမင်း ရဲ့အသိတွေကို တစ်ချက်တည်းနဲ့ ဗြောင်းဆန်သွားဖို့အတွက် လီရုံ က ဇောင်ယုဟွမ် ကိုညစာဖိတ်ခဲ့သည်။
ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ကိုကြည့်လိုက်ပြီး တိတ်ဆိတ်စွာ ပြောလိုက်သည်။ “ဟွမ်ဟွမ်? ဒီစကားကို ကြားပြီးတော့ ဟွမ်ဟွမ် လန့်သွားလား?”
ဟုန်ချန်းမင်း ကပြတင်းပေါက်အား လော့ခတ်ထားသည့် ခလုတ်ကို နှိပ်လိုက်သည်။
အသံထွက်သွားပြီး ကားပြတင်းပေါက်လည်း လော့ပွင့်သွားခဲ့သည်။
ဟုန်ချန်းမင်း ကသူမအား တားဆီးထားတာ မဟုတ်သော်လည်း ဇောင်ယုဟွမ် ထွက်မသွားနိုင်ပေ။
ဇောင်ယုဟွမ် ကတောင့်တင်းသွားပြီး သူမခန္ဓာကိုယ်ရှိ သွေးကြောတွေကလည်း တင်းမာလာသည်။
“ကိုယ်ပြောမယ်… အရင်က ဟွမ်ဟွမ် ရဲ့အိပ်ရာပေါ်မှာ လှဲနေပြီး ကိုယ့်ကို ခေါ်လိုက်တဲ့အချိန်က ကိုယ်တကယ်ပဲ မင်းအခန်း၊ မင်းဘေးမှာပဲ နေချင်ခဲ့တယ်။ မင်းအိပ်ပျော်သွားချိန် မင်းကို စောင်ခြုံပေးတဲ့သူက ကိုယ်ပဲဖြစ်ချင်ခဲ့တယ်။ ကိုယ် ပိုပြီးလိုချင်ခဲ့တယ်။ မင်းနဲ့အတူ အိပ်ရာပေါ်မှာ အိပ်ချင်ခဲ့တယ်”
“တူရကီက ဗီလာမှာရှိတဲ့ နေ့တုန်းက ကိုယ်မင်းရဲ့ အခန်းတံခါးကိုဖွင့်ချိန် ဝမ်ယောင်ချန်း ကမင်းဘေးမှာရှိပြီး သူ့စိတ်ပျက်စရာ အသံနဲ့ရင်းနှီးသလိုမျိုး မင်းနဲ့စကားပြောနေတာကို မြင်လိုက်ချိန်မှာ ကိုယ်ရူးသွားသလိုပဲ။ ကိုယ် တကယ်ပဲ သူ့ကို သတ်ပစ်ချင်ခဲ့တယ်။ ကိုယ်သူ့ကို သတ်ချင်ရုံပဲမဟုတ်ဘူး၊ မင်းကို အိပ်ရာပေါ်မှာ ဖိထားပြီး နမ်းချင်ခဲ့တယ်… နောက်ပြီး အဲ့လိုအပြုအမူတွေနဲ့ မင်းကို မပြောရဲခဲ့ဘူး”
“အရင်ရက်က ‘အရှိန်မြင့်’ရိုက်ကူးချိန်က မင်းနဲ့ လီဂျင်းယွမ် တို့အတူတူ ယောဂလုပ်နေချိန်တုန်းက မင်းယောဂအဝတ်တွေက ချွေးတွေနဲ့ ရွှဲနေခဲ့တယ်။ အဲ့အချိန်က ကိုယ့်အဝတ်တွေချွတ်ပြီး မင်းကိုယ်မှာ ပတ်ပေးချင်ခဲ့တယ်၊ မင်းကို ကိုယ့်လက်မောင်းထဲ ဖွက်ထားပြီး ကင်မရာအောက်ကနေ ခေါ်ထုတ်သွားပြီး မင်းနဲ့ကိုယ်သာ သွားနိုင်မဲ့နေရာဆီ ခေါ်သွားချင်ခဲ့တယ်။ မင်းအဝတ်တွေကို ကိုယ်တစ်ယောက်တည်းကသာ ဖယ်ထုတ်နိုင်မဲ့နေရာ…”
“ကိုယ်ထပ်ပြီး မခုခံနိုင်တော့ဘူးဆိုတာ သိခဲ့တယ်” ဟုန်ချန်းမင်း ကအက်ကွဲသည့်အသံဖြင့် ပြောလိုက်သည်။ “ကိုယ် မင်းနဲ့အတူ ရှိချင်တယ်။ မင်းနိုးလာချိန်မှာ မင်းပထမဆုံးမြင်တဲ့သူက ကိုယ်ဖြစ်ချင်တယ်”
ဟုန်ချန်းမင်း ကသူမကိုကြည့်လိုက်ပြီး တစ်ချက်မှ အကြည့်မလွှဲခဲ့ပေ။ “ဒီအရာတွေကို မင်းကိုပြောလိုက်ရင်… ကိုယ့်ညစ်ညမ်းပြီး ရှက်စရာကောင်းတဲ့ အတွေးတွေကို မင်းကိုပြောလိုက်ရင် မင်း ကြောက်သွားမလား?”
ဟုန်ချန်းမင်း ရဲ့ပါးစပ်မှ ထွက်လာသည့် စကားလုံးတိုင်းက ဇောင်ယုဟွမ် အားကြီးမားသည့် မီးတောက်ဆီ ဝင်ရောက်သလို ခံစားရစေသည်။
ဇောင်ယုဟွမ် ကနီရဲနေပြီး စိတ်လှုပ်ရှားနေကာ ပူလောင်နေသည်။
ဟုန်ချန်းမင်း ရဲ့ရုတ်တရက် ပွင့်လင်းလာမှုက သူမအား မထိန်းချုပ်နိုင်အောင် ဖြစ်စေသည်။
သူမက ရည်းစားရှာနေတယ်လို့ ပြောနိုင်ပြီး သူက အကြီးမားဆုံး ‘လက်နက်’ဆိုရင် အကောင်းဆုံးဆိုတာကို ဟန်ယင်ယင် ကတောင် မရှက်ပဲပြောခဲ့သည်။
သို့သော် ဟန်ယင်ယင် ကသူမသူငယ်ချင်းပင်။
ဟုန်ချန်းမင်း ကသူမအား “ကိုယ်မင်းနဲ့ အိပ်ချင်တယ်”လို့ ထင်ရှားနေသည့် မျက်နှာဖြင့် စိုက်ကြည့်နေတာကြောင့် ဇောင်ယုဟွမ် ကရှက်လွန်းလို့ ပေါက်ကွဲချင်သွားခဲ့သည်။
ဟုန်ချန်းမင်း က လီဂျင်းယွမ် နဲ့မတူပေ။
သူတို့ကြားက အလွှာပါးလေးကို ဖြတ်ထုတ်လိုက်တာနဲ့ သူက လုံးဝကို အကြောက်အလန့် ကင်းမဲ့သွားလိမ့်မည်။ သူ့သမိုင်းတွင် ‘ပြန်ဆုတ်တယ်’ဆိုသည့် စကားလုံးမရှိပေ။
ဒီနေ့ကို သူအကြိမ်များစွာ စိတ်ကူးယဉ်ခဲ့သည်။
အကျိုးဆက်အားလုံးနဲ့ ဖြစ်ပျက်လာမည့် ကိစ္စအားလုံးကို သူ့စိတ်ထဲတွင် တွေးထားပြီးသား ဖြစ်သည်။
တခါတစ်လေ သူမကို လွမ်းချိန်တွင် သူ့စိတ်ထဲက ပြောချင်နေသည့် အကြောင်းတွေကို ထပ်တလဲလဲ တွေးခဲ့သည်။
ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ကြောက်တာ၊ မကြောက်တာကို ဂရုမစိုက်တော့ပေ။
သူက ရှေ့တိုးလိုက်ပြီး ဇောင်ယုဟွမ် အတွက်နေရာလွတ် နည်းနည်းလောက်သာ ချန်ထားလိုက်သည်။
“ကြောက်နေဖို့ အရမ်းနောက်ကျနေပြီ ဟွမ်ဟွမ်” ဟုန်ချန်းမင်း ကသူမအား အထက်တန်းကျောင်းသား ဆယ်ကျော်သက်လေးလို တက်ကြွသည့် အပြုံးကို ပြုံးပြလိုက်သည်။
သူ့လက်ကို မြှောက်လိုက်ပြီး သူမမေးကို ကိုင်လိုက်သည်။ “ဟွမ်ဟွမ် ပြောတဲ့စကားလုံးတိုင်းက လူတိုင်းကို မနေ့ကထက် ပိုချစ်လာစေတယ်၊ နောက်ပြီး အဲ့စကားတွေက ငြင်းဆန်ဖို့တောင် မဖြစ်နိုင်ဘူး”
သူရယ်လိုက်ပြီး သူ့မျက်လုံးထဲတွင် သန်မာလွန်းသည့် ဖိအားတွေကို ပြနေခဲ့သည်။ “နောက်ပိုင်း မင်း ကိုယ့်ကို ‘အစ်ကိုချန်းမင်း’လို့ ခေါ်ရင်တောင် ကိုယ့်ကိုယ်ကို ထိန်းချုပ်မှုမဲ့သွားသလိုတောင် ခံစားရတယ်။ အရင်က ဟွမ်ဟွမ် ကိုယ့်နာမည်ကို ခေါ်တုန်းက အကျိုးဆက်အားလုံးကို မေ့ပစ်လိုက်ပြီး ပြန်လှည့်ပြီး မင်းကို အိပ်ရာပေါ် ဖိထားချင်မိတယ်”
ဇောင်ယုဟွမ် ကလုံးဝကို ခုံတွင်ကပ်သွားခဲ့သည်။
သူမဦးနှောက်က ပျက်သွားခဲ့ပြီး သူမ ဘာလုပ်သင့်လဲဆိုတာ တွေးနေခဲ့သည်။
သူမလျှာအဖြတ်ခံလိုက်ရတာလား?
သူက ဇောင်ယုဟွမ် ရဲ့နှုတ်ခမ်းအား လက်ချောင်းတွေနဲ့ ပွတ်သပ်လိုက်ပြီးနောက် ရုတ်တရက် ရှေ့တိုးလိုက်ကာ သူမကို နမ်းလိုက်သည်။ “ဒီလိုမျိုး”
ဟုန်ချန်းမင်း ကတကယ့်ကို အနမ်းတွင် အတွေ့အကြုံမရှိပေမဲ့ သူ့တွင်ကောင်းသည့် သဘာဝဗီဇတွေ ရှိသည်။
သူ့အနမ်းတွေက မုန်တိုင်းလို ပြင်းထန်နေသည်။
ဇောင်ယုဟွမ် ရဲ့မေးကို သူ့လက်နဲ့ကိုင်ထားတာကြောင့် သူမက ခေါင်းကိုမော့ထားရပြီး ဟုန်ချန်းမင်း ရဲ့အနမ်းကိုသာ လက်ခံနိုင်ခဲ့သည်။
ဇောင်ယုဟွမ် ရဲ့စိတ်က ချက်ချင်းပင် ဗလာဖြစ်သွားခဲ့သည်။
သူမခြေလက်တွေက အားနည်းလာပြီး သူမရင်ဘတ်ပေါ်ရှိ ထိုင်ခုံခါးပတ်ကိုသာ ကိုင်ထားနိုင်သည်။
တကယ်… အသက်မရှူနိုင်တော့ဘူး…
ဟုန်ချန်းမင်း ရဲ့တခြားလက်က သူမခါးတွင် ရှိနေခဲ့သည်။ ဇောင်ယုဟွမ် ကလွတ်မြောက်ဖို့ ကြိုးစားပေမဲ့ မဖြစ်နိုင်ပေ။
ဖြေဖြေ မဖြေဖြေ ကိစ္စတစ်ခုက…
ဒါပေမဲ့ တစ်ခုခု ပြောချင်နေရင်… မှန်ကန်အောင်ပြော…
Damn it, အနမ်းခံရလို့ သေတော့မယ်… နောက်နေ့ မြို့တော်သတင်း စာမျက်နှာမှာ… နောက်ပြီး ဖျော်ဖြေရေး သတင်းမှာ ခေါင်းစီးပိုင်းက ပါလာလိမ့်မယ်…
ဇောင်ယုဟွမ် ကမွန်းကြပ်လာခဲ့ပြီး ရေထဲတွင် ရုန်းကန်နေရသလို ခံစားနေရပြီး ဟုန်ချန်းမင်း ရဲ့ပွေ့ဖက်မှုထဲ ပျိုလဲကျသွားပြီး ဟုန်ချန်းမင်း ကရုတ်တရက် သူမကို လွှတ်ပေးလိုက်သည်။
“ဒီလိုပုံစံမျိုးကို ကိုယ်အကြိမ်ကြိမ် တွေးခဲ့ဖူးတယ်” ဟုန်ချန်းမင်း ရဲ့တိုးလျသည့်အသံက မောပန်းနေသည်။
သူ့မောပန်းနေသည့် အသံက ရင့်ကျက်သည့်ယောင်္ကျား တစ်ယောက်ရဲ့ ဟိုမိုတွေနဲ့ ပြည့်နေပြီး ဇောင်ယုဟွမ် ရဲ့နားထဲကို တိုးဝင်လာခဲ့သည်။
ဇောင်ယုဟွမ် : “…”
Fuck
ငါထိန်းချုပ်မှုမဲ့တော့မလိုပဲ။
ဒါပေမဲ့ အဲ့လို ငါမလုပ်နိုင်ဘူး…
ဇောင်ယုဟွမ် ကသူမရဲ့ကျိုးပျက်နေသည့် လော့ဂျစ်ကို ပြန်ပြင်လိုက်သည်။
သူမက ခေါင်းခါကာ အက်ရှနေသည့် အသံဖြင့် ပြောလိုက်သည်။ “ဒါက မကောင်းဘူး”
“ဘာမကောင်းတာလဲ? ကိုယ့်အနမ်းက မကောင်းတာလား?” ဟုန်ချန်းမင်း ကရှေ့တိုးလိုက်ကာ သူမနှုတ်ခမ်းကို ထပ်ဖမ်းချုပ်လိုက်သည်။
“…အာ… မလုပ်နဲ့…”
Fuck
သူမ ထပ်ပြီးမွန်းကြပ်သွားသလို ဇောင်ယုဟွမ် ခံစားလိုက်ရသည်။
“ဒါကကောင်းလား?” ဟုန်ချန်းမင်း ကသူမကို လွှတ်ပေးလိုက်သည်။
ဇောင်ယုဟွမ် ကဘာပြောရမှန်း မသိတော့ပေ။
သူမက အလျင်အမြန်ပင် သူမနည်းလမ်းကို ပြောင်းလိုက်သည်။ “အစ်ကိုချန်းမင်း က ဟွမ်ဟွမ့်ကို သဘောကျရင်တောင် အစ်ကိုချန်းမင်း ကဒီလိုမျိုး တွေးခဲ့ရင်တောင် တစ်နေ့မှာ ဟွမ်ဟွမ့်ထက် ပိုသဘောကျတဲ့သူကို အစ်ကိုချန်းမင်း တွေ့မှာပဲ၊ အဲ့အချိန်ကျရင် ဟွမ်ဟွမ့်ကို သဘောကျနေတာ ရပ်သွားလိမ့်မယ်”
ဟုန်ချန်းမင်း ကမျက်မှောင်ကြုတ်လိုက်သည်။ “ဟွမ်ဟွမ် ဘယ်လိုလုပ်ပြီး အဲ့လိုမျိုး တွေးရတာလဲ?”
ဇောင်ယုဟွမ် ကသူမနှုတ်ခမ်းကို စေ့လိုက်သည်။ “ဒါပေမဲ့… လူတွေက အဲ့လိုမျိုးပဲ။ သူတို့က လူအမျိုးမျိုးနဲ့ ဆက်တွေ့နေကြလိမ့်မယ်။ အရောင်အသွေးစုံတဲ့ ကမ္ဘာကြီးနဲ့ ရင်ဆုံရမယ်၊ အချိန်တိုင်း ပြောင်းလဲမှုတွေ ရှိနေမှာပဲ။ ကမ္ဘာကြီးမှာ မိသားစုအချစ်နဲ့မတူတဲ့ စိတ်ကူးယဉ်ဆန်တဲ့ အချစ်ဆိုတာက မထိန်းချုပ်နိုင်တဲ့ ခံစားချက်မျိုးပဲ။ အဲ့နေ့ရောက်လာရင် ဟွမ်ဟွမ်တို့ နှစ်ယောက်လုံး မသက်မသာဖြစ်ကြလိမ့်မယ်၊ မိသားစုတောင် ဆက်ပြီးဖြစ်နိုင်မှာ မဟုတ်လောက်တော့ဘူး။ အစ်ကိုချန်းမင်း အဲ့လိုမျိုး ဖြစ်ချင်လို့လား?”
ဟုန်ချန်းမင်း ကမျက်မှောင်ကြုတ်လိုက်သည်။ “ကိုယ်မလုပ်ဘူး။ ကိုယ်က မင်းကိုပဲချစ်မှာ။ ဟွမ်ဟွမ်ထက် တခြားသူဆိုတာ လုံးဝမရှိဘူး။ ဟွမ်ဟွမ် မဟုတ်ပဲ တခြားသူဆိုတာ မရှိဘူး… အဲ့နေ့ဆိုတာ ရောက်လာရင်တောင် ကိုယ်က မင်းကို ချည်ထားမှာ”
ဇောင်ယုဟွမ် : “…”
ဗီလိန်ပဲ
ခဏ၊ မဟုတ်သေးဘူး။ ငါက ဒီလိုအချိန်မှာ ဘာကြောင့် အဲ့ဒါကို စဉ်းစားနေရသေးတာလဲ?!
ဟုန်ချန်းမင်း ကပြောလိုက်ရင်း သူ့ခေါင်းက ငုံ့လိုက်ကာ သူ့လက်တစ်ဖက်က နက်ကတိုင်ကို ဖြုတ်လိုက်ပြီးနောက် ဇောင်ယုဟွမ် ရဲ့လက်တွေကို ချည်လိုက်သည်။
သူက ပြောလိုက်သည်။ “ဟွမ်ဟွမ့်ကို ဒီလိုမျိုး ချည်ထားမှာ”
“နောက်ပြီး ဟွမ်ဟွမ့်ကို ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်” ဟုန်ချန်းမင်း ရဲ့အသံက ပေါ့ပါးနေသည်။ “ဒါဆို နောက်ပိုင်း ဟွမ်ဟွမ့်ရဲ့စိတ်ကို ပြောင်းလိုက်ရင်တောင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး”
ဇောင်ယုဟွမ် : “…”
ရုတ်တရက်ကြီး ဟုန်ချန်းမင်း ကဘာကြောင့် လူရမ်းကားလို ဖြစ်သွားရတာလဲ?!
A/N:
အစ်ကိုလေးလီ က ဟုန်လေး ကိုစွ,ပေးလိုက်လို့ ဟုန်လေး ကသူ့စိတ်လွတ်သွားလို့ သူ့ပါးစပ်က ရမ်းကားတဲ့ စကားလုံးတွေ ထွက်လာတာပဲ။
18.9.2021 (Sat)
………………………
Zawgyi
ေဇာင္ယုဟြမ္ ကတံခါးလက္ကိုင္ကို ကိုင္လိုက္သည္။
ဟုန္ခ်န္းမင္း ကသူမလႈပ္႐ွားမႈေနာက္ကို လိုက္ၾကည့္ရင္း ျပဳံးလိုက္သည္။ “တံခါးကို ကိုယ္ေလာ့ခတ္ထားတယ္”
ေဇာင္ယုဟြမ္ : “!!!”
ဒါကဘာလဲ?
႐ုတ္တရက္ႀကီး သူ႐ူးသြားတာလား?
သို႔ေသာ္ ဟုန္ခ်န္းမင္း ကသူ႕အရင္စကားကို ဆက္မေျပာပဲ အေတြးထဲကအတိုင္း ေမးလိုက္သည္။ “အဲ့ဒါ႐ိုက္တာလီ က ဟြမ္ဟြမ့္ကို ဘာေျပာခဲ့လဲ? အဲ့ဒါေတြက ခ်ီးက်ဴးတာနဲ႔ ေကာင္းတဲ့စကားေတြပဲ ျဖစ္လိမ့္မယ္၊ ဘာေၾကာင့္ဆို လီဂ်င္းယြမ္ ကိုေခ်ာ့ဖို႔အတြက္ ဟြမ္ဟြမ္ ပဲ႐ွိတာကို”
ဟုန္ခ်န္းမင္း ကဂီယာထိုးလိုက္သည္။ သူက ေ႐ွ႕ဘက္ကိုသာ ၾကည့္ေနရင္း တည္ၿငိမ္စြာျဖင့္ ေမာင္းလိုက္ကာ ေျပာလိုက္သည္။ “ဟြမ္ဟြမ့္ ကိုကိုယ့္ေဆြမ်ိဳးေတြဆီ ေခၚသြားရင္ သူတို႔က ဆိုး႐ြားတဲ့အရာေတြပဲ ေျပာလိမ့္မယ္၊ သူတို႔ကို လႊတ္ေပးဖို႔အတြက္ မင္းဆီက ေငြေတာင္းတာ၊ ဒါမွမဟုတ္ သူတို႔အတြက္ မင္းကိုအသနားခံတာေတြပဲ လုပ္လိမ့္မယ္”
အသနားခံတာ?
ေဇာင္ယုဟြမ္ ကထိုစကားေၾကာင့္ ေတြးသြားခဲ့သည္။
ဟုန္ခ်န္းမင္း ကသူတို႔ကို တစ္ခုခုလုပ္ခဲ့လို႔လား?
ေဇာင္ယုဟြမ္ ကအံ့ဩသလို မခံစားရေပ။
မူလဇာတ္ေၾကာင္းတြင္ ဟုန္ခ်န္းမင္း ရဲ႕ေဆာင္ပုဒ္က ‘မ်က္လုံးအတြက္ မ်က္လုံး၊ သြားအတြက္ သြားပဲ’
အရင္က ဟုန္ခ်န္းမင္း ကသူ႕မိဘေတြ ေသသြားၿပီး သူ႕ေဆြမ်ိဳးေတြက သူ႕ကိုမိဘမဲ့ေဂဟာဆီ စြန္႔ပစ္လိုက္တယ္လို႔ ေျပာခဲ့သည္။ သူတို႔ရလဒ္က ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔လုပ္ရပ္ေၾကာင့္ ထိုက္တန္သည္။
ထို႔ေၾကာင့္ ေဇာင္ယုဟြမ္ ကေပါ့ပါးစြာ ရယ္လိုက္သည္။ “အင္း၊ ႐ွက္စရာပဲ။ တစ္ေန႔မွာ သူတို႔နဲ႔သာ ေတြ႕ခဲ့ရင္ သူတို႔အတြက္ သနားေပးမွာမဟုတ္ဘူး”
ဟုန္ခ်န္းမင္း ရဲ႕အမူအရာက အနည္းငယ္ေလ်ာ့သြားၿပီး ေမးလိုက္သည္။ “ဘာေၾကာင့္လဲ?”
ေဇာင္ယုဟြမ္ ကျပဳံးလိုက္သည္။ “ဘာေၾကာ္င့ျဖစ္ရမွာလဲ? ေသခ်ာေပါက္ကို ဟြမ္ဟြမ္ တို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ ရင္းႏွီးၾကတယ္ေလ၊ ဟြမ္ဟြမ္ နဲ႔သူတို႔လို မဟုတ္ဘူး”
ေဖ်ာ့ေတာ့သည့္အျပဳံးက ဟုန္ခ်န္းမင္း ရဲ႕မ်က္ႏွာထက္တြင္ ေပၚလာခဲ့သည္။ မီးပြိဳင့္မိသြားၿပီးေနာက္ သူက ႐ုတ္တရက္ လမ္းၾကားဘက္ကို လွည့္လိုက္သည္။
ဒီလမ္းၾကားက က်ဥ္းေျမာင္းၿပီး သဲကႏၲာရနဲ႔ တူေနသည္။ ျပန္ထြက္ဖို႔ ခက္ခဲတာေၾကာင့္ ကားေတြမဝင္ၾကေပ။
ေဇာင္ယုဟြမ္ ရဲ႕မ်က္ႏွာထက္႐ွိ အျပဳံးက ေပ်ာက္ကြယ္သြားခဲ့သည္။ “…ဟြမ္ဟြမ္ တို႔ဘာေၾကာင့္ ဒီကိုေရာက္ေနတာလဲ?”
ဟုန္ခ်န္းမင္း ကဘရိတ္ကို ထပ္နင္းလိုက္သည္။
“ဟြမ္ဟြမ္၊ လီဂ်င္းယြမ္ အတြက္ေစာင့္ေနဖို႔ အိမ္ဆိုတာ ႐ွိေနေသးတယ္” ဟုန္ခ်န္းမင္း ကလွည့္လိုက္ၿပီး ေဇာင္ယုဟြမ္ အားနီးကပ္စြာ စိုက္ၾကည့္လိုက္သည္။ “ကိုယ့္မွာေတာ့ မ႐ွိဘူး။ ကိုယ့္မွာ မင္းတစ္ေယာက္ပဲ ႐ွိတယ္။ တစ္ေန႔မွာ မင္းသာ ကိုယ့္ကို မလိုအပ္ေတာ့ဘူးလို႔ ေျပာလာခဲ့ရင္ ကိုယ့္မွာ သြားစရာမ႐ွိဘူး။ မိဘမဲ့ေဂဟာမွာတုန္းက ေမြးစားခံရဖို႔ ေစာင့္ေနတဲ့ ဟုန္ခ်န္းမင္း ပဲျပန္ျဖစ္သြားလိမ့္မယ္”
ေဇာင္ယုဟြမ္ ကစိုးရိမ္စြာ ေျပာလိုက္သည္။ “ဘယ္လိုျဖစ္လို႔ အဲ့လိုေတြးရတာလဲ? ဟြမ္ဟြမ္ က အစ္ကိုခ်န္းမင္း ကိုဘယ္လိုလုပ္ၿပီး မလိုအပ္တာ ျဖစ္ႏိုင္မွာလဲ?”
“မင္းလုပ္လိမ့္မယ္” သူက စတီယာရင္ကို ညႇစ္လိုက္ၿပီး သူ႕လည္ပင္းတြင္ အစိမ္းေရာင္ေသြးေၾကာေတြက ဖုေဖာင္းလာခဲ့သည္။ သူ႕အျပဳအမူမွ ခံစားခ်က္ေတြကို ဖိႏွိပ္ထားမွန္း သိႏိုင္သည္။
“ဝမ္ေယာင္ခ်န္း ၿပီးသြားေတာ့ ဟြမ္ဟြမ့္ေ႐ွ႕မွာ ေသခ်ာေပါက္ကို လိုက္ဖက္တဲ့လူတစ္ေယာက္က ေပၚလာဦးမွာပဲ။ ေနာက္ၿပီး တစ္ေယာက္ၿပီး တစ္ေယာက္… ဟြမ္ဟြမ္ နဲ႔ဒိတ္ခ်င္တဲ့သူေတြက အၿမဲတမ္း ႐ွိေနဦးမွာပဲ၊ အဆုံးမွာေတာ့ မင္းနဲ႔မိသားစုဝင္ ျဖစ္လာလိမ့္မယ္…”
ဟုန္ခ်န္းမင္း ေျပာတာ မမွားေပ။ ေဇာင္ယုဟြမ္ ကျပန္မေခ်ပႏိုင္ေပ။
ဟုန္ခ်န္းမင္း ကရယ္လိုက္သည္။ “ဒါေပမဲ့ ဘာေၾကာင့္လဲ? ဘာေၾကာင့္ ကိုယ္က ဟြမ္ဟြမ္ ကိုမသိတဲ့ လူတစ္ေယာက္ေၾကာင့္ လက္ေလ်ာ့ေပးရမွာလဲ?”
“အနာဂတ္မွာ ဟြမ္ဟြမ့္ဆီမွာ ေကာင္ေလး႐ွိလာရင္ေတာင္ ဒါမွမဟုတ္ လက္ထပ္ခဲ့ရင္ေတာင္ အစ္ကိုခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ရဲ႕ေနရာကေတာ့ ေျပာင္းလဲသြားမွာ မဟုတ္ပါဘူး။ ဟြမ္ဟြမ္ တို႔ကအတူတူ ႀကီးျပင္းလာခဲ့ၾကတာ၊ အစ္ကိုခ်န္းမင္း တို႔က ဟြမ္ဟြမ့္ရဲ႕မိသားစုဝင္ေတြပဲ…”
ေဇာင္ယုဟြမ္ ကသူမႏႈတ္ခမ္းကို ေစ့လိုက္သည္။ “ဒီအေၾကာင္းကို ဟြမ္ဟြမ္ ခဏခဏ ေျပာဖူးပါတယ္၊ အစ္ကိုခ်န္းမင္း လည္း…”
“မ႐ွိဘူး” ဟုန္ခ်န္းမင္း ရဲ႕အသံက ႐ုတ္ခ်င္းပင္ ထြက္လာခဲ့သည္။ “ကိုယ္လိုခ်င္တဲ့လူက ဘယ္လိုလူမ်ိဳးဆိုတာ ဟြမ္ဟြမ္ သိလို႔လား?”
ေဇာင္ယုဟြမ္ ကျပန္မေျဖႏိုင္ေပ။
ဟုန္ခ်န္းမင္း ရဲ႕အသံက ႐ုတ္တရက္ ေပါ့ပါးသြားရင္း အံ့ဩစရာေကာင္းသည့္ အရာကိုေတြးကာ ေျပာလိုက္သည္။
“ကိုယ္မင္းကို လိုခ်င္တယ္”
ေဇာင္ယုဟြမ္ ရဲ႕အသက္႐ွဴသံက ႐ုတ္တရက္ ရပ္တန္႔သြားၿပီး သူမစိတ္ကလည္း ဗလာျဖစ္သြားခဲ့သည္။
ေနာက္ဆုံးေတာ့ သူေျပာလာၿပီ။
သူမခံစားခ်က္ေတြက မမွားခဲ့ေပ။
သူမ ဘာလုပ္သင့္လဲ?
“ကိုယ္ မင္းကိုပဲ လိုခ်င္တယ္” ဟုန္ခ်န္းမင္း ရဲ႕အသံက ထင္႐ွားစြာထြက္လာခဲ့သည္။
“ဟြမ္ဟြမ္ လန္႔သြားမွာကို စိုးရိမ္ေနခဲ့တာ…” ဟုန္ခ်န္းမင္း ကသူ႕မ်က္လုံးေတြကို မွိတ္လိုက္သည္။ “ဒါေပမဲ့ ဒီအေၾကာင္းကို ကိုယ္မေျပာလိုက္ရင္ တစ္ေန႔မွာ ကိုယ့္မတိုင္ခင္ တစ္ေယာက္ေယာက္က ဒီစကားကို ေျပာလာလိမ့္မယ္”
ထိုအခ်ိန္တြင္ ဒါ႐ိုက္တာလီ အေၾကာင္းေျပာေနတာ မဟုတ္ေတာ့ေပ။
လူေတြက သူ႕ဆီကေန ေဇာင္ယုဟြမ္ ကိုဆြဲထုတ္သြားဖို႔သာ လုပ္ေနၾကသည္။
ဟုန္ခ်န္းမင္း ရဲ႕အသိေတြကို တစ္ခ်က္တည္းနဲ႔ ေျဗာင္းဆန္သြားဖို႔အတြက္ လီ႐ုံ က ေဇာင္ယုဟြမ္ ကိုညစာဖိတ္ခဲ့သည္။
ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္ၿပီး တိတ္ဆိတ္စြာ ေျပာလိုက္သည္။ “ဟြမ္ဟြမ္? ဒီစကားကို ၾကားၿပီးေတာ့ ဟြမ္ဟြမ္ လန္႔သြားလား?”
ဟုန္ခ်န္းမင္း ကျပတင္းေပါက္အား ေလာ့ခတ္ထားသည့္ ခလုတ္ကို ႏွိပ္လိုက္သည္။
အသံထြက္သြားၿပီး ကားျပတင္းေပါက္လည္း ေလာ့ပြင့္သြားခဲ့သည္။
ဟုန္ခ်န္းမင္း ကသူမအား တားဆီးထားတာ မဟုတ္ေသာ္လည္း ေဇာင္ယုဟြမ္ ထြက္မသြားႏိုင္ေပ။
ေဇာင္ယုဟြမ္ ကေတာင့္တင္းသြားၿပီး သူမခႏၶာကိုယ္႐ွိ ေသြးေၾကာေတြကလည္း တင္းမာလာသည္။
“ကိုယ္ေျပာမယ္… အရင္က ဟြမ္ဟြမ္ ရဲ႕အိပ္ရာေပၚမွာ လွဲေနၿပီး ကိုယ့္ကို ေခၚလိုက္တဲ့အခ်ိန္က ကိုယ္တကယ္ပဲ မင္းအခန္း၊ မင္းေဘးမွာပဲ ေနခ်င္ခဲ့တယ္။ မင္းအိပ္ေပ်ာ္သြားခ်ိန္ မင္းကို ေစာင္ျခဳံေပးတဲ့သူက ကိုယ္ပဲျဖစ္ခ်င္ခဲ့တယ္။ ကိုယ္ ပိုၿပီးလိုခ်င္ခဲ့တယ္။ မင္းနဲ႔အတူ အိပ္ရာေပၚမွာ အိပ္ခ်င္ခဲ့တယ္”
“တူရကီက ဗီလာမွာ႐ွိတဲ့ ေန႔တုန္းက ကိုယ္မင္းရဲ႕ အခန္းတံခါးကိုဖြင့္ခ်ိန္ ဝမ္ေယာင္ခ်န္း ကမင္းေဘးမွာ႐ွိၿပီး သူ႕စိတ္ပ်က္စရာ အသံနဲ႔ရင္းႏွီးသလိုမ်ိဳး မင္းနဲ႔စကားေျပာေနတာကို ျမင္လိုက္ခ်ိန္မွာ ကိုယ္႐ူးသြားသလိုပဲ။ ကိုယ္ တကယ္ပဲ သူ႕ကို သတ္ပစ္ခ်င္ခဲ့တယ္။ ကိုယ္သူ႕ကို သတ္ခ်င္႐ုံပဲမဟုတ္ဘူး၊ မင္းကို အိပ္ရာေပၚမွာ ဖိထားၿပီး နမ္းခ်င္ခဲ့တယ္… ေနာက္ၿပီး အဲ့လိုအျပဳအမူေတြနဲ႔ မင္းကို မေျပာရဲခဲ့ဘူး”
“အရင္ရက္က ‘အ႐ွိန္ျမင့္’႐ိုက္ကူးခ်ိန္က မင္းနဲ႔ လီဂ်င္းယြမ္ တို႔အတူတူ ေယာဂလုပ္ေနခ်ိန္တုန္းက မင္းေယာဂအဝတ္ေတြက ေခြၽးေတြနဲ႔ ႐ႊဲေနခဲ့တယ္။ အဲ့အခ်ိန္က ကိုယ့္အဝတ္ေတြခြၽတ္ၿပီး မင္းကိုယ္မွာ ပတ္ေပးခ်င္ခဲ့တယ္၊ မင္းကို ကိုယ့္လက္ေမာင္းထဲ ဖြက္ထားၿပီး ကင္မရာေအာက္ကေန ေခၚထုတ္သြားၿပီး မင္းနဲ႔ကိုယ္သာ သြားႏိုင္မဲ့ေနရာဆီ ေခၚသြားခ်င္ခဲ့တယ္။ မင္းအဝတ္ေတြကို ကိုယ္တစ္ေယာက္တည္းကသာ ဖယ္ထုတ္ႏိုင္မဲ့ေနရာ…”
“ကိုယ္ထပ္ၿပီး မခုခံႏိုင္ေတာ့ဘူးဆိုတာ သိခဲ့တယ္” ဟုန္ခ်န္းမင္း ကအက္ကြဲသည့္အသံျဖင့္ ေျပာလိုက္သည္။ “ကိုယ္ မင္းနဲ႔အတူ ႐ွိခ်င္တယ္။ မင္းႏိုးလာခ်ိန္မွာ မင္းပထမဆုံးျမင္တဲ့သူက ကိုယ္ျဖစ္ခ်င္တယ္”
ဟုန္ခ်န္းမင္း ကသူမကိုၾကည့္လိုက္ၿပီး တစ္ခ်က္မွ အၾကည့္မလႊဲခဲ့ေပ။ “ဒီအရာေတြကို မင္းကိုေျပာလိုက္ရင္… ကိုယ့္ညစ္ညမ္းၿပီး ႐ွက္စရာေကာင္းတဲ့ အေတြးေတြကို မင္းကိုေျပာလိုက္ရင္ မင္း ေၾကာက္သြားမလား?”
ဟုန္ခ်န္းမင္း ရဲ႕ပါးစပ္မွ ထြက္လာသည့္ စကားလုံးတိုင္းက ေဇာင္ယုဟြမ္ အားႀကီးမားသည့္ မီးေတာက္ဆီ ဝင္ေရာက္သလို ခံစားရေစသည္။
ေဇာင္ယုဟြမ္ ကနီရဲေနၿပီး စိတ္လႈပ္႐ွားေနကာ ပူေလာင္ေနသည္။
ဟုန္ခ်န္းမင္း ရဲ႕႐ုတ္တရက္ ပြင့္လင္းလာမႈက သူမအား မထိန္းခ်ဳပ္ႏိုင္ေအာင္ ျဖစ္ေစသည္။
သူမက ရည္းစား႐ွာေနတယ္လို႔ ေျပာႏိုင္ၿပီး သူက အႀကီးမားဆုံး ‘လက္နက္’ဆိုရင္ အေကာင္းဆုံးဆိုတာကို ဟန္ယင္ယင္ ကေတာင္ မ႐ွက္ပဲေျပာခဲ့သည္။
သို႔ေသာ္ ဟန္ယင္ယင္ ကသူမသူငယ္ခ်င္းပင္။
ဟုန္ခ်န္းမင္း ကသူမအား “ကိုယ္မင္းနဲ႔ အိပ္ခ်င္တယ္”လို႔ ထင္႐ွားေနသည့္ မ်က္ႏွာျဖင့္ စိုက္ၾကည့္ေနတာေၾကာင့္ ေဇာင္ယုဟြမ္ က႐ွက္လြန္းလို႔ ေပါက္ကြဲခ်င္သြားခဲ့သည္။
ဟုန္ခ်န္းမင္း က လီဂ်င္းယြမ္ နဲ႔မတူေပ။
သူတို႔ၾကားက အလႊာပါးေလးကို ျဖတ္ထုတ္လိုက္တာနဲ႔ သူက လုံးဝကို အေၾကာက္အလန္႔ ကင္းမဲ့သြားလိမ့္မည္။ သူ႕သမိုင္းတြင္ ‘ျပန္ဆုတ္တယ္’ဆိုသည့္ စကားလုံးမ႐ွိေပ။
ဒီေန႔ကို သူအႀကိမ္မ်ားစြာ စိတ္ကူးယဥ္ခဲ့သည္။
အက်ိဳးဆက္အားလုံးနဲ႔ ျဖစ္ပ်က္လာမည့္ ကိစၥအားလုံးကို သူ႕စိတ္ထဲတြင္ ေတြးထားၿပီးသား ျဖစ္သည္။
တခါတစ္ေလ သူမကို လြမ္းခ်ိန္တြင္ သူ႕စိတ္ထဲက ေျပာခ်င္ေနသည့္ အေၾကာင္းေတြကို ထပ္တလဲလဲ ေတြးခဲ့သည္။
ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ေၾကာက္တာ၊ မေၾကာက္တာကို ဂ႐ုမစိုက္ေတာ့ေပ။
သူက ေ႐ွ႕တိုးလိုက္ၿပီး ေဇာင္ယုဟြမ္ အတြက္ေနရာလြတ္ နည္းနည္းေလာက္သာ ခ်န္ထားလိုက္သည္။
“ေၾကာက္ေနဖို႔ အရမ္းေနာက္က်ေနၿပီ ဟြမ္ဟြမ္” ဟုန္ခ်န္းမင္း ကသူမအား အထက္တန္းေက်ာင္းသား ဆယ္ေက်ာ္သက္ေလးလို တက္ႂကြသည့္ အျပဳံးကို ျပဳံးျပလိုက္သည္။
သူ႕လက္ကို ေျမႇာက္လိုက္ၿပီး သူမေမးကို ကိုင္လိုက္သည္။ “ဟြမ္ဟြမ္ ေျပာတဲ့စကားလုံးတိုင္းက လူတိုင္းကို မေန႔ကထက္ ပိုခ်စ္လာေစတယ္၊ ေနာက္ၿပီး အဲ့စကားေတြက ျငင္းဆန္ဖို႔ေတာင္ မျဖစ္ႏိုင္ဘူး”
သူရယ္လိုက္ၿပီး သူ႕မ်က္လုံးထဲတြင္ သန္မာလြန္းသည့္ ဖိအားေတြကို ျပေနခဲ့သည္။ “ေနာက္ပိုင္း မင္း ကိုယ့္ကို ‘အစ္ကိုခ်န္းမင္း’လို႔ ေခၚရင္ေတာင္ ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္မႈမဲ့သြားသလိုေတာင္ ခံစားရတယ္။ အရင္က ဟြမ္ဟြမ္ ကိုယ့္နာမည္ကို ေခၚတုန္းက အက်ိဳးဆက္အားလုံးကို ေမ့ပစ္လိုက္ၿပီး ျပန္လွည့္ၿပီး မင္းကို အိပ္ရာေပၚ ဖိထားခ်င္မိတယ္”
ေဇာင္ယုဟြမ္ ကလုံးဝကို ခုံတြင္ကပ္သြားခဲ့သည္။
သူမဦးေႏွာက္က ပ်က္သြားခဲ့ၿပီး သူမ ဘာလုပ္သင့္လဲဆိုတာ ေတြးေနခဲ့သည္။
သူမလွ်ာအျဖတ္ခံလိုက္ရတာလား?
သူက ေဇာင္ယုဟြမ္ ရဲ႕ႏႈတ္ခမ္းအား လက္ေခ်ာင္းေတြနဲ႔ ပြတ္သပ္လိုက္ၿပီးေနာက္ ႐ုတ္တရက္ ေ႐ွ႕တိုးလိုက္ကာ သူမကို နမ္းလိုက္သည္။ “ဒီလိုမ်ိဳး”
ဟုန္ခ်န္းမင္း ကတကယ့္ကို အနမ္းတြင္ အေတြ႕အၾကဳံမ႐ွိေပမဲ့ သူ႕တြင္ေကာင္းသည့္ သဘာဝဗီဇေတြ ႐ွိသည္။
သူ႕အနမ္းေတြက မုန္တိုင္းလို ျပင္းထန္ေနသည္။
ေဇာင္ယုဟြမ္ ရဲ႕ေမးကို သူ႕လက္နဲ႔ကိုင္ထားတာေၾကာင့္ သူမက ေခါင္းကိုေမာ့ထားရၿပီး ဟုန္ခ်န္းမင္း ရဲ႕အနမ္းကိုသာ လက္ခံႏိုင္ခဲ့သည္။
ေဇာင္ယုဟြမ္ ရဲ႕စိတ္က ခ်က္ခ်င္းပင္ ဗလာျဖစ္သြားခဲ့သည္။
သူမေျခလက္ေတြက အားနည္းလာၿပီး သူမရင္ဘတ္ေပၚ႐ွိ ထိုင္ခုံခါးပတ္ကိုသာ ကိုင္ထားႏိုင္သည္။
တကယ္… အသက္မ႐ွဴႏိုင္ေတာ့ဘူး…
ဟုန္ခ်န္းမင္း ရဲ႕တျခားလက္က သူမခါးတြင္ ႐ွိေနခဲ့သည္။ ေဇာင္ယုဟြမ္ ကလြတ္ေျမာက္ဖို႔ ႀကိဳးစားေပမဲ့ မျဖစ္ႏိုင္ေပ။
ေျဖေျဖ မေျဖေျဖ ကိစၥတစ္ခုက…
ဒါေပမဲ့ တစ္ခုခု ေျပာခ်င္ေနရင္… မွန္ကန္ေအာင္ေျပာ…
Damn it, အနမ္းခံရလို႔ ေသေတာ့မယ္… ေနာက္ေန႔ ၿမိဳ႕ေတာ္သတင္း စာမ်က္ႏွာမွာ… ေနာက္ၿပီး ေဖ်ာ္ေျဖေရး သတင္းမွာ ေခါင္းစီးပိုင္းက ပါလာလိမ့္မယ္…
ေဇာင္ယုဟြမ္ ကမြန္းၾကပ္လာခဲ့ၿပီး ေရထဲတြင္ ႐ုန္းကန္ေနရသလို ခံစားေနရၿပီး ဟုန္ခ်န္းမင္း ရဲ႕ေပြ႕ဖက္မႈထဲ ပ်ိဳလဲက်သြားၿပီး ဟုန္ခ်န္းမင္း က႐ုတ္တရက္ သူမကို လႊတ္ေပးလိုက္သည္။
“ဒီလိုပုံစံမ်ိဳးကို ကိုယ္အႀကိမ္ႀကိမ္ ေတြးခဲ့ဖူးတယ္” ဟုန္ခ်န္းမင္း ရဲ႕တိုးလ်သည့္အသံက ေမာပန္းေနသည္။
သူ႕ေမာပန္းေနသည့္ အသံက ရင့္က်က္သည့္ေယာက်ၤား တစ္ေယာက္ရဲ႕ ဟိုမိုေတြနဲ႔ ျပည့္ေနၿပီး ေဇာင္ယုဟြမ္ ရဲ႕နားထဲကို တိုးဝင္လာခဲ့သည္။
ေဇာင္ယုဟြမ္ : “…”
Fuck
ငါထိန္းခ်ဳပ္မႈမဲ့ေတာ့မလိုပဲ။
ဒါေပမဲ့ အဲ့လို ငါမလုပ္ႏိုင္ဘူး…
ေဇာင္ယုဟြမ္ ကသူမရဲ႕က်ိဳးပ်က္ေနသည့္ ေလာ့ဂ်စ္ကို ျပန္ျပင္လိုက္သည္။
သူမက ေခါင္းခါကာ အက္႐ွေနသည့္ အသံျဖင့္ ေျပာလိုက္သည္။ “ဒါက မေကာင္းဘူး”
“ဘာမေကာင္းတာလဲ? ကိုယ့္အနမ္းက မေကာင္းတာလား?” ဟုန္ခ်န္းမင္း ကေ႐ွ႕တိုးလိုက္ကာ သူမႏႈတ္ခမ္းကို ထပ္ဖမ္းခ်ဳပ္လိုက္သည္။
“…အာ… မလုပ္နဲ႔…”
Fuck
သူမ ထပ္ၿပီးမြန္းၾကပ္သြားသလို ေဇာင္ယုဟြမ္ ခံစားလိုက္ရသည္။
“ဒါကေကာင္းလား?” ဟုန္ခ်န္းမင္း ကသူမကို လႊတ္ေပးလိုက္သည္။
ေဇာင္ယုဟြမ္ ကဘာေျပာရမွန္း မသိေတာ့ေပ။
သူမက အလ်င္အျမန္ပင္ သူမနည္းလမ္းကို ေျပာင္းလိုက္သည္။ “အစ္ကိုခ်န္းမင္း က ဟြမ္ဟြမ့္ကို သေဘာက်ရင္ေတာင္ အစ္ကိုခ်န္းမင္း ကဒီလိုမ်ိဳး ေတြးခဲ့ရင္ေတာင္ တစ္ေန႔မွာ ဟြမ္ဟြမ့္ထက္ ပိုသေဘာက်တဲ့သူကို အစ္ကိုခ်န္းမင္း ေတြ႕မွာပဲ၊ အဲ့အခ်ိန္က်ရင္ ဟြမ္ဟြမ့္ကို သေဘာက်ေနတာ ရပ္သြားလိမ့္မယ္”
ဟုန္ခ်န္းမင္း ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။ “ဟြမ္ဟြမ္ ဘယ္လိုလုပ္ၿပီး အဲ့လိုမ်ိဳး ေတြးရတာလဲ?”
ေဇာင္ယုဟြမ္ ကသူမႏႈတ္ခမ္းကို ေစ့လိုက္သည္။ “ဒါေပမဲ့… လူေတြက အဲ့လိုမ်ိဳးပဲ။ သူတို႔က လူအမ်ိဳးမ်ိဳးနဲ႔ ဆက္ေတြ႕ေနၾကလိမ့္မယ္။ အေရာင္အေသြးစုံတဲ့ ကမ႓ာႀကီးနဲ႔ ရင္ဆုံရမယ္၊ အခ်ိန္တိုင္း ေျပာင္းလဲမႈေတြ ႐ွိေနမွာပဲ။ ကမ႓ာႀကီးမွာ မိသားစုအခ်စ္နဲ႔မတူတဲ့ စိတ္ကူးယဥ္ဆန္တဲ့ အခ်စ္ဆိုတာက မထိန္းခ်ဳပ္ႏိုင္တဲ့ ခံစားခ်က္မ်ိဳးပဲ။ အဲ့ေန႔ေရာက္လာရင္ ဟြမ္ဟြမ္တို႔ ႏွစ္ေယာက္လုံး မသက္မသာျဖစ္ၾကလိမ့္မယ္၊ မိသားစုေတာင္ ဆက္ၿပီးျဖစ္ႏိုင္မွာ မဟုတ္ေလာက္ေတာ့ဘူး။ အစ္ကိုခ်န္းမင္း အဲ့လိုမ်ိဳး ျဖစ္ခ်င္လို႔လား?”
ဟုန္ခ်န္းမင္း ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။ “ကိုယ္မလုပ္ဘူး။ ကိုယ္က မင္းကိုပဲခ်စ္မွာ။ ဟြမ္ဟြမ္ထက္ တျခားသူဆိုတာ လုံးဝမ႐ွိဘူး။ ဟြမ္ဟြမ္ မဟုတ္ပဲ တျခားသူဆိုတာ မ႐ွိဘူး… အဲ့ေန႔ဆိုတာ ေရာက္လာရင္ေတာင္ ကိုယ္က မင္းကို ခ်ည္ထားမွာ”
ေဇာင္ယုဟြမ္ : “…”
ဗီလိန္ပဲ
ခဏ၊ မဟုတ္ေသးဘူး။ ငါက ဒီလိုအခ်ိန္မွာ ဘာေၾကာင့္ အဲ့ဒါကို စဥ္းစားေနရေသးတာလဲ?!
ဟုန္ခ်န္းမင္း ကေျပာလိုက္ရင္း သူ႕ေခါင္းက ငုံ႔လိုက္ကာ သူ႕လက္တစ္ဖက္က နက္ကတိုင္ကို ျဖဳတ္လိုက္ၿပီးေနာက္ ေဇာင္ယုဟြမ္ ရဲ႕လက္ေတြကို ခ်ည္လိုက္သည္။
သူက ေျပာလိုက္သည္။ “ဟြမ္ဟြမ့္ကို ဒီလိုမ်ိဳး ခ်ည္ထားမွာ”
“ေနာက္ၿပီး ဟြမ္ဟြမ့္ကို ကိုယ္လုပ္ခ်င္တာ လုပ္လို႔ရတယ္” ဟုန္ခ်န္းမင္း ရဲ႕အသံက ေပါ့ပါးေနသည္။ “ဒါဆို ေနာက္ပိုင္း ဟြမ္ဟြမ့္ရဲ႕စိတ္ကို ေျပာင္းလိုက္ရင္ေတာင္ ဘာမွျဖစ္လာမွာ မဟုတ္ဘူး”
ေဇာင္ယုဟြမ္ : “…”
႐ုတ္တရက္ႀကီး ဟုန္ခ်န္းမင္း ကဘာေၾကာင့္ လူရမ္းကားလို ျဖစ္သြားရတာလဲ?!
A/N:
အစ္ကိုေလးလီ က ဟုန္ေလး ကိုစြ,ေပးလိုက္လို႔ ဟုန္ေလး ကသူ႕စိတ္လြတ္သြားလို႔ သူ႕ပါးစပ္က ရမ္းကားတဲ့ စကားလုံးေတြ ထြက္လာတာပဲ။
18.9.2021 (Sat)
………………………
[text_hash] => 20ba9f6d
)