ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 98❇️ သဝန်တိုတာ။
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 98❇️ သဝန်တိုတာ။

Array
(
[text] =>

Unicode

“အို၊ ပရိုဂရမ်ဝန်ထမ်းက ဟွမ်ဟွမ့်ဆီ ဖုန်းခေါ်ခဲ့တယ်။ သူတို့ပြောတာက အပိုင်းငါးမှာ အက,ပြင်ထားတယ်တဲ့” ဇောင်ယုဟွမ် ကထိုအကြောင်းကို တွေးလိုက်ပြီး လီဂျင်ယွမ် ကိုပြောဖို့အတွက် လုပ်လိုက်သည်။

သူမက သူ့အတွက် လုပ်ပေးသင့်တဲ့အရာပင်။ ပထမအပိုင်းတွင် သူ့အကြွေးကို သူမအား ဘယ်သူမှ မပြောခဲ့ကြပေ။

လီဂျင်းယွမ် ကဒီအရာကို အချိန်အတော်ကြာတည်းက သိခဲ့ပေမဲ့ သူက အံ့ဩသွားသလို သရုပ်ဆောင်လိုက်ကာ ပြောလိုက်သည်။ “တကယ်? အရမ်းကောင်းတယ်!”

လီဂျင်းယွမ် ကသူ့ခံစားချက်တွေကို မကြာခဏ ထုတ်ဖော်ပြတက်သူမျိုး မဟုတ်တာကြောင့် သူစိတ်လှုပ်ရှားမှုက ဖုန်းကိုဖြတ်ပြီး ဇောင်ယုဟွမ် ကိုတောင် ခံစားမိစေသည်။

လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ သူမ တကယ်ကို ဆန္ဒရှိခဲ့သည်။

ဒါပေမဲ့… ဘာပဲဖြစ်ဖြစ် သူတို့က သူမကို ထက်ပိုင်းပိုင်းပြီး တစ်ယောက်တစ်ဝက် ယူကြမှာတော့ မဟုတ်ဘူးမလား? ဒါဆို သည်းထိပ်ရင်ဖို ဇာတ်လမ်းကြီး ဖြစ်လာလိမ့်မယ်။

ဇောင်ယုဟွမ် ကခေါင်းခါလိုက်ပြီး သူမခေါင်းထဲမှ ထူးဆန်းသည့် အတွေးတွေကို ခါထုတ်လိုက်သည်။
မကြာမှီ အပိုင်း ၅ ရိုက်ကူးရေးကို ရောက်လာခဲ့သည်။

သူတို့ရောက်ချိန်တွင် ဇောင်ယုဟွမ် က ဒင်ချွေယွဲ့ ဆီမှထပ်ပြီး ဖုန်းလက်ခံရခဲ့သည်။ သူမက မေးလိုက်သည်။ “ဟွမ်ဟွမ်၊ အဲ့အကြောင်းကို တွေးပြီးပြီလား?”

“တွေးတယ်၊ ဘာအကြောင်းကိုလဲ?” ဇောင်ယုဟွမ် ကပြန်ဖြေလိုက်သည်။

ထိုအမေးကြောင့် ဒင်ချွေယွဲ့ ကသွေးအန်လုနီးပါး ဖြစ်သွားခဲ့သည်။

သို့သော် သူမက ဇောင်ယုဟွမ် ဖုန်းချသွားမှာကို ကြောက်တာကြောင့် အသက်တောင်မရှူနိုင်ပဲ သူမစိတ်ကို ထိန်းလိုက်ရင်း ကြင်နာသည့် အပြုအမူရှိသူလို ပြောလိုက်သည်။ “ဂျင်းဟွာအုပ်စု အကြောင်းလေ”

ဇောင်ယုဟွမ် က လီဂျင်းယွမ် ကိုလှည့်ကြည့်လိုက်သည်။

ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က သူမအနားတွင် ထိုင်နေခဲ့ကြသည်။

ဇောင်ယုဟွမ် ကသူမအသံကို တိုးလိုက်သည်။ “အန်တီ၊ အန်တီ့ကို ကျွန်မ မကူညီပေးရင် အန်တီက ဒါရိုက်တာလီ နဲ့အလုပ်တွဲလုပ်နိုင်ဦးမယ်လို့ ထင်လား?”

ဒင်ချွေယွဲ့ ကချောင်းဟန့်လိုက်သည်။ “မရဘူးပေါ့၊ ဒါရိုက်တာလီ ကငါ့ဆီလာခဲ့တာ တိုက်ဆိုင်မှုသက်သက်ပဲ။ ငါတို့က မိသားစုဖြစ်လို့ ဒါကိုတောင်းဆိုလိုက်ရင် ပိုကောင်းမယ်လို့ ငါထင်မိရုံပဲ…”

ဇောင်ယုဟွမ် ကသူမကို နှောက်ယှက်လိုက်သည်။ “ကျွန်မမှာ လုပ်စရာရှိသေးတယ်။ နောက်ပြီး အခုလေယာဉ်ပေါ် ရောက်နေတယ်။ ကျွန်မ ပြန်လာမှာပဲ ပြောကြတာပေါ့”

ထိုစကားဖြင့် သူမက ဖုန်းချလိုက်သည်။

ဒင်ချွေယွဲ့ ဘယ်လောက်ပဲ စိတ်ဆိုးပါစေ ဒါက သူမကိစ္စမဟုတ်ပေ။

တကယ်တော့ ဒင်ချွေယွဲ့ ကရိုးရိုးသားသားနဲ့ သူမအား လာရှာတာဆိုရင် ဇောင်ယုဟွမ် ကလက်ခံလိုက်မှာပင်။

နောက်ပြီး ဒင်ချွေယွဲ့ ကမှန်ကန်သည့် တစ်ခုတည်းကိုသာ ပြောခဲ့သည်။ သူမက အဖိုးဒင် ရဲ့စီးပွားရေးကိုသာ ဂရုစိုက်ပြီး အနာဂတ်တွင် သူမနဲ့ လန်ဂျင်းဇီ တို့ကိုခွဲပေးလိမ့်မည်။

လန်ဂျင်းဇီ ကထိုအရာကို စိတ်မဝင်စားသော်လည်း ဘာမှမရှိတာထက်စာရင် ပိုကောင်းတယ်! ဒါက အဖိုးဒင် ရဲ့တစ်ဘဝလုံးစာ ကြိုးစားခဲ့မှုကြောင့်မို့ ကျရှုံးသွားရင်… အဖိုးဒင် ဝမ်းနည်းလိမ့်မည်။

များပြားလှသည့် အတွေးတွေက ဇောင်ယုဟွမ် ရဲ့စိတ်ထဲကို ဝင်ရောက်လာခဲ့သည်။ သူမက ဖုန်းကို ပိတ်လိုက်ပြီး သူမမျက်လုံးကို မှိတ်လိုက်သည်။ မျက်လုံးကာကို ဝတ်လိုက်ပြီး သူမက အနားယူလိုက်ကာ လေယာဉ်ဆိုက်မဲ့ အချိန်ကိုသာ စောင့်လိုက်သည်။

အပိုင်း ၅ တွင်လက်တင်အက,အပိုင်းနဲ့ ယောဂပါတနာအပိုင်း ရှိသည်။

ဒီနှစ်ပိုင်းက အဖွဲ့သားကြား ဆက်သွယ်မှုက တခြားရှိုးပွဲထက် ပိုများသည်။

လက်တင်အက,က ယောဂအတိုင်မှီ ပြင်ထားခဲ့သည်။
ဇောင်ယုဟွမ် နဲ့ လီဂျင်းယွမ် တို့က လက်တင်အက,ချိန် ရောက်လာရင်း တစ်ချိန်တည်းတွင် ဟုန်ချန်းမင်း တို့အုပ်စုလည်း ရောက်လာခဲ့သည်။

သူတို့အားလုံးက ဘယ်လိုက,ရမလဲ သိနေခဲ့ကြပေမဲ့ တချိန်တည်းတွင် အဆင့်တက်ဖို့လည်း အရမ်းခက်သည်။ မှန်ကန်သည့် လှုပ်ရှားမှုကို သိနေရင်သလောက် မရိုးရှင်းပေ။

သူတို့က လက်တင်အက,ကို နာရီဝက်လောက် လေ့ကျင့်ခဲ့ကြပြီး နောက်ထက် နာရီဝက်လောက် က,နေခဲ့ရသည်။

အမှားနည်းနည်းဖြင့် သူတို့က အောင်မြင်ခဲ့ကြသည်။

သို့သော် ယောဂအပိုင်းတွင် ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ရဲ့မဲမှောင်သည့် အမူအရာကို မြင်လိုက်တာကြောင့် ကြက်သီးထ,သွားခဲ့သည်။

ဇောင်ယုဟွမ် နဲ့ လီဂျင်းယွမ် တို့ကသင်တန်းဆရာရဲ့ လမ်းညွှန်မှုအောက်တွင် သုံးကြိမ်လောက် ကြိုးစားခဲ့ရသည်။

သူတို့ထဲက တစ်ယောက်က ဘဲလေးအက,သင်ခဲ့ပြီး တခြားတစ်ယောက်ကတော့ အိုင်ဒေါလ်ဖြစ်တာကြောင့် ဘယ်လိုက,ရမလဲဆိုတာ ကောင်းကောင်း သိနေခဲ့ကြသည်။ သူတို့နှစ်ယောက်လုံးက အရမ်းကိုပေါ့ပါးကာ ပျော့ပျောင်းနေပေမဲ့ သူတို့လှုပ်ရှားမှုကို ပေါင်းစပ်ဖို့က အရမ်းကို ခက်ခဲနေသည်။

ယောဂပါတနာကလည်း အရမ်းကို ပူးပေါင်းရတာကြောင့်ပင်။

တစ်ဖက်မှ ဟုန်ချန်းမင်း ကတော့ သင်ယူဖို့ကို လုံးဝဆန္ဒမရှိပေ။

သူနဲ့အတူ အမျိုးသားဆယ်လီက သူ့ခေါင်းပေါက်ကွဲတော့မလို ခံစားနေရပြီး ဟုန်ချန်းမင်း ရဲ့ပူးပေါင်းလိုမှုကို ဘယ်လိုဖျောင်းဖျရမလဲဆိုတာကို စိုးရိမ်နေခဲ့သည်။

“တောင်းပန်ပါတယ်” လီဂျင်းယွမ် ကတောင်းပန်သည့် အမူအရာကို ပြလိုက်သည်။

သူ့အဖြူရောင် ယောဂအဝတ်က ချွေးတွေနဲ့ရွှဲနေပြီး သူ့ကြွက်သားလိုင်းတွေက အဝတ်အောက်တွင် မြင်နိုင်နေသည်။

ဒါက လေးကြိမ်မြောက် ကျရှုံးခြင်းပင်။

ဟုန်ချန်းမင်း ကမထိန်းချုပ်နိုင်ပဲ စတင်ပြောလိုက်သည်။ “လီဂျင်းယွမ်၊ မင်းဒါကို ရည်ရွယ်ပြီး လုပ်ခဲ့တာမလား?”

“ဟမ့်” လီဂျင်းယွမ် ကပြန်ဖြေလိုက်သည်။

သို့သော် သူပြန်မဖြေခင် လီဂျင်းယွမ် ကဘာအမှားမှ ထပ်မလုပ်တော့ပေ။

ဇောင်ယုဟွမ် ရဲ့ရုပ်ပိုင်းဆိုင်ရာ ခွန်အားကလည်း မောပန်းနေပြီ ဖြစ်တာကြောင့် သူမက တခြားအရာတွေကို အာရုံမစိုက်နိုင်တော့ပဲ တာဝန်ကို အလျင်အမြန် ပြီးဆုံးဖို့သာ ကြိုးစားခဲ့သည်။

မကြာခင်မှာပဲ သူတို့က အောင်မြင်သွားသည့် ပထမဆုံးအဖွဲ့ဖြစ်ခဲ့ပြီး အလျင်အမြန်ပင် နောက်ဆုံးနေရာဆီ သွားလိုက်ကြသည်။

ဟုန်ချန်းမင်း ကသူတို့နောက်ကျောကို စိုက်ကြည့်လိုက်ပြီး ဒေါသထွက်သွားကာ ရုတ်တရက် ရုန်းကန်နိုင်မှု အင်အားက ပြင်းထန်သွားခဲ့သည်။

အမျိုးသားဆယ်လီ ကတိတ်ဆိတ်စွာသာ သက်ပြင်းချလိုက်သည်။

သို့သော် သက်ပြင်းချလို့ မပြီးခင်မှာပဲ သူက အရမ်းကို နုံအ,လွန်းမှန်း သိသွားခဲ့သည်။

ဟုန်ချန်းမင်း ကသန်မာလွန်းတာကြောင့် သူ့အတွက် တိုက်ခိုက်ဖို့က မခက်ခဲပေမဲ့ ယောဂအတွက်တော့ ကောင်းကင်ကို တက်ဖို့လောက်အထိ ခက်ခဲလွန်းနေသည်။

သူတို့က အချိန်များစွာ နှောင့်နှေးခဲ့ပြီးနောက် တတိယနေရာမှ အနိမ့်ဆုံးအဆင့်ဖြင့် ရယူနိုင်ခဲ့သည်။

အပိုင်း ၅ ရိုက်ကူးပြီးနောက် ဟုန်ချန်းမင်း ကပရိုဂရမ်အဖွဲ့အား စားသောက်ဖို့ကိုတောင် မမေးတော့ပဲ ဟိုက်ရှီ ကိုပြန်ဖို့သာ ပြင်နေခဲ့သည်။

တချို့လူတွေက မထိန်းချုပ်နိုင်ပဲ နောက်ကွယ်တွင် ပြောလိုက်ကြသည်။ “မစ္စတာဟုန် ကအရှုံးအနိုင်ကို အရမ်းဂရုစိုက်တာပဲလား?”

ဘေးကတစ်ယောက်က မျက်လုံးကို လှည့်လိုက်သည်။ “နင်ဘာသိလို့လဲ?”

အမျိုးသမီးဝန်ထမ်းကလည်း ရယ်လိုက်သည်။ “နင်က single ခွေးလေး ဖြစ်နေတာ အံ့ဩစရာ မရှိတော့ပါဘူး”

“မှန်တယ်လေ၊ သိသိသာသာကို မစ္စတာဟုန် ကမစ္စဇောင် နဲ့ မစ္စတာလီ တို့အရင်အောင်သွားလို့ စိတ်ဆိုးသွားတာလေ”

ထိုလူက ညည်းညူလိုက်သည်။ “ဒီလိုဒေါသက ဘယ်လိုမျိုးလဲ?”

“သဝန်တိုတာလေ”

“မဖြစ်နိုင်တာ? ဘယ်လိုလုပ်ပြီး သဝန်တိုတာ ဖြစ်နိုင်မှာလဲ? သူတို့က မိသားစုတွေ မဟုတ်ဘူးလား? သူက ဒီအကြောင်းနဲ့တောင် သဝန်တိုတာလား?”

“သူတို့က ဒင်မိသားစုက မွေးစားခံခဲ့ရတာလေ။ သူတို့က မိသားစုလို့ ပြောလို့ရပေမဲ့ အတိအကျတော့ မဟုတ်ဘူး” အမျိုးသမီးဝန်ထမ်းက အဓိပ္ပါယ်ပြည့်စုံစွာဖြင့် ပြောလိုက်သည်။

“နင်ဘာကိုပြောချင်တာလဲ?”

“အဲ့အကြောင်းကို သိချင်ရင် နင့်မျက်လုံးနဲ့ သေချာမြင်တဲ့အထိ စောင့်သင့်တယ်”

လူတိုင်းရဲ့မျက်လုံးက စူးရှသွားသည်။

အစပိုင်း ကြည့်မယ်ဆိုရင် သူတို့က အစ်ကိုနဲ့ ညီမ၊ မောင်လို ဆက်ဆံရေးသာ ထင်လိမ့်မည်။ နောက်ပြီး များပြားလှသည့် အကြောင်းတွေက ဘာတွေလဲ?

အစ်ကိုတွေက သူတို့ညီမကို တခြားလူက သူတို့ဆီက ခေါ်ထုတ်သွားမှာကို မလိုချင်ကြပေ၊ သူတို့က အဆုံးသတ်ထိ တားဆီးနေကြလိမ့်မည်။ သူတို့ညီမရဲ့ ပျော်ရွှင်မှုအတွက်နဲ့ နောက်ဆုံးမှသာ လက်လွှတ်ပေးကြလိမ့်မည်။ သို့သော် ထိုနှစ်ယောက်ကတော့ သူတို့က လက်လွှတ်ပေးမဲ့ အသွင်အပြင်ကော ရှိလို့လား? ဝမ်ယောင်ချန်း က ဇောင်ယုဟွမ် ကိုစိတ်ဝင်စားသလို လုပ်ပြချိန်မှာတော့ သူတို့အသွင်အပြင်က လုံးဝကိုပျောက်ကွယ်သွားခဲ့သည်။

ပုံမှန်မဟုတ်တဲ့ ခံစားချက်သာဆိုရင် ဒါက သေချာပေါက်ကို ရို့မန့်အချစ်ပဲ!

ဖျော်ဖြေရေးလောကမှာ ဒီလိုအရာတွေ မရှိဘူးလား?

အမေနဲ့သမီးက sugar daddy တစ်ယောက်တည်း ရှိနေပြီး သွားတဲ့နေရာတိုင်း ချိတ်ဆက်မှုတွေ ရှိလာခဲ့တယ်… ဒီလိုပုံစံမျိုးက ရှုပ်ထွေးတဲ့အနေအထားပဲ။ နှိုင်းယှဉ်ရရင် မွေးစားအစ်ကိုတွေက သွေးသားမတော်စပ်တဲ့ ညီမလေးကို သဘောကျနေရင် အပြင်လူတွေရဲ့ ကမ္ဘာ၊ ဘဝနဲ့ တန်ဖိုးတွေကို တကယ်ပဲ မြင်နိုင်တော့မှာ မဟုတ်ဘူး။

သူတို့က တကယ်ပဲ ဘာမှလက်ခံနိုင်မှာ မဟုတ်ဘူး!

နောက်ပြီး သူတို့က ဒီအကြောင်းကို စိတ်ကူးတောင်ယဉ်ကြမှာ မဟုတ်ဘူး!

ဟိုက်ရှီ ကိုပြန်ရောက်ပြီးနောက် ဂျင်းဟွာအုပ်စုက ဒင်ချွေယွဲ့ ကနေတဆင့် သူမဆီ ဆက်သွယ်လာကြောင်း ဇောင်ယုဟွမ် က လီဂျင်းယွမ် ကိုပြောပြလိုက်သည်။

“ဟွမ်ဟွမ် သွားချင်လား?” လီဂျင်းယွမ် ကမေးလိုက်သည်။

ဇောင်ယုဟွမ် ကခေါင်းခါလိုက်သည်။ “တွေးကြည့်ရင် ဟွမ်ဟွမ် နဲ့ပတ်သက်တာ ဘာမှမရှိဘူးလေ”

လီဂျင်းယွမ် ကပြုံးကာ ပြောလိုက်သည်။ “ဟွမ်ဟွမ် ကကိုယ့်ကို အရှုံးပေးစေနိုင်တယ်”

“သူတို့က ဂျင်းယွမ် ကိုအနိုင်ကျင့်ခဲ့တာလား?” ဇောင်ယုဟွမ် ကမတွေးပဲ ပြောလိုက်သည်။

လီဂျင်းယွမ် ကငြင်းဆန်သလို အတည်ပြုတာမျိုးလည်း မရှိပေ။ “သူတို့အတွက် ဒင်စီးပွားရေးရဲ့ အပေါက်ကို အသုံးချနိုင်လို့ မစ္စစ်ဒင် ကိုဆက်သွယ်ခဲ့တာလား?”

ဇောင်ယုဟွမ် ကရွေးချယ်စရာမရှိပဲ ခေါင်းညိတ်လိုက်သည်။ “ဂျင်းယွမ် ကအရမ်းပါးနပ်တာပဲ”

“ဒါဆို သွားရအောင်။ မြေဩဇာကောင်းတဲ့ရေက ကွင်းအပြင်မှာ အသုံးမဝင်ဘူး*” လီဂျင်းယွမ် ကရပ်လိုက်သည်။ “သူတို့က ကွင်းအပြင်ပဲ”

*မိသားစုမှာ ကောင်းတဲ့အရာကို ဆက်ထိန်းသိမ်းသင့်တယ်*

ဇောင်ယုဟွမ် ကပြန်ဖြေလိုက်သည်။ “ဒါဆို အတွင်းလူက ဘယ်သူတွေလဲ? ဒင် လား?”

သို့သော် ပြန်ဖြေမဲ့အစား လီဂျင်းယွမ် က ဇောင်ယုဟွမ် အားအပြုံးလေးနဲ့သာ စိုက်ကြည့်နေပြီး သူ့တင်းမာသည့် အကြည့်တွေကြောင့် ဇောင်ယုဟွမ် ရဲ့နားတွေက လောင်ကျွမ်းလာခဲ့သည်။

နောက်နေ့တွင် ဇောင်ယုဟွမ် ကဇောင်ကုမ္ပဏီဆီ သွားလိုက်သည်။ သူမက ပတ်ဝန်းကျင်ကို စူးစမ်းလိုက်ရင်း လက်ထောက်ဒေါင် ရှေ့ရောက်သွားခဲ့သည်။

သူတို့က သူမတံခါးရှေ့ကို ရောက်လာကြပြီး ကုမ္ပဏီအတွက် ကောင်းမွန်သည့် အခွင့်အလမ်းနဲ့ အကျိုးအမြတ်တွေကို သယ်ဆောင်လာခဲ့သည်။

လက်ထောက်ဒေါင် ကနောက်ဆုံးအကြိမ်ကထက် ပိုတောင်ယဉ်ကျေးနေသည်။ သူက ဇောင်ယုဟွမ် အားကိုယ်တိုင် ဖိတ်ခေါ်ခဲ့သည်။ “ဒါရိုက်တာလီ ကမစ္စဇောင် ကိုတကယ်ပဲ တွေ့ချင်နေတယ်… မစ္စဇောင် လာပေးဖို့ကို တောင်းဆိုလို့များ ရနိုင်မလား?”

ဇောင်ယုဟွမ် ကတိုက်ရိုက်ပင် မေးလိုက်သည်။ “ကျွန်မတို့ ဘယ်မှာတွေ့ကြမှာလဲ?”

ဇောင်ယုဟွမ် ကဒီတစ်ကြိမ်တော့ လက်ခံလိုက်မယ်လို့ လက်ထောက်ဒေါင် ကမထင်ထားတာကြောင့် လန့်သွားခဲ့သည်။ သူက အလျင်အမြန်ပင် လိပ်စာအား ပြောလိုက်သည်။

ဒါက ဆယ်လီတစ်ယောက်က ဖွင့်ထားသည့် စားသောက်ဆိုင်မှာပင်။ အစားအသောက်တွေက သာမန်သာ ဖြစ်သော်လည်း လုံခြုံမှုက မြင့်မားသည်။

ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ၊ ဒါဆို ဒီညတွေ့ကြတာပေါ့”

လက်ထောက်ဒေါင် ကစိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။ “ကောင်းပါပြီ၊ ဒီည ၇ နာရီခွဲမှာ တွေ့ကြတာပေါ့”

မကြာခင်က လင်းလန် က ဝမ်ယောင်ချန်း ရဲ့အာရုံကို ရရှိခဲ့သည်။

သူမက နာခံတက်ပြီး သဘာဝက ပေးအပ်ထားသည့် သရုပ်ဆောင်စွမ်းရည်ရှိနေကာ ‘အချိန်ခရီးသွားခြင်း’တွင် အတူတူ ရိုက်ကူးခြင်းမှ သူ့ဆီက ကောင်းမွန်သည့်အမြင်ကို ရရှိခဲ့သည်။ ထို့ကြောင့် ဝမ်ယောင်ချန်း ကသူမကို ထောက်ပံ့ပေးရတာကို ပျော်ရွှင်နေခဲ့သည်။

ဒီနေ့တွင် ဝမ်ယောင်ချန်း က လင်းလန် အား Boneset Grass စားသောက်ဆိုင်တွင် ညှိနှိုင်းမှုအား ဆွေးနွေးရန်အတွက် ခေါ်လာခဲ့သည်။

ဝမ်ယောင်ချန်း က လင်းလန် ရဲ့နာမည်မှ လန်* ဆိုသည့် စာလုံးကို စ,နောက်နေခဲ့သည်။

*စားသောက်ဆိုင်ရဲ့ နာမည်အစက လန်ရော့ချောင် နဲ့လန်က လင်းလန် ရဲ့နာမည်က လန်နဲ့တူသည်*

လင်းလန် ကရယ်လိုက်သည်။

သို့သော် ထို့နောက်တွင် ဝမ်ယောင်ချန်း ရဲ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

လင်းလန် ကသူ့အကြည့်နောက်ကို လိုက်လိုက်ပြီး ဇောင်ယုဟွမ် ကိုမြင်လိုက်ရသည်။ ဇောင်ယုဟွမ် နဲ့အတူ လက်ထောက်နဲ့တူသည့် တခြားတစ်ယောက်လည်း ရှိနေပြီး တချို့လူတွေကတော့ ဘော်ဒီဂတ်တွေနဲ့ တူနေသည်။

ဘောဒီဂတ်တစ်ယောက်က လူကြီးတစ်ယောက် ထိုင်နေသည့် Wheelchair ကိုတွန်းနေခဲ့သည်။ လူကြီးက အနောက်တိုင်းဝတ်စုံကို ဝတ်ထားပြီး အရမ်းအသက်ကြီးပုံ ပေါ်နေသော်လည်း သူ့အရှိန်အဝါက ပြင်းထန်နေတုန်းပင်။

လင်းလန် ကရေရွတ်လိုက်သည်။ “အဲ့ဒါက ဂျင်းဟွာအုပ်စုရဲ့ခေါင်းဆောင်…”

ဝမ်ယောင်ချန်း ကမျက်မှောင်ကြုတ်လိုက်သည်။ “သူက တကယ်ပဲ လီဂျင်းယွမ် ရဲ့အဖေလား?”

လင်းလန် ကခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်”

လင်းလန် ကကြည့်နေပြီး Baidu တွင်စီးပွားရေးကိစ္စအတွက်သာ မြင်နိုင်သည့် ဂျင်းဟွာအုပ်စုရဲ့ ဒါရိုက်တာလီ က ဇောင်ယုဟွမ် နဲ့စကားပြောနေတာကို ကြည့်နေခဲ့သည်။ နှစ်ယောက်လုံးက သက်တောင့်သက်သာ ဖြစ်နေပုံပေါ်သည်။

လင်းလန် ကချက်ချင်းပင် မပျော်တော့ပေ။

မူလဇာတ်ကြောင်းတွင် လီဂျင်းယွမ် ရဲ့အဖေက သူမကို လုံးဝခက်ခဲအောင် လုပ်ခဲ့တာလေ!

သူက ‘ရိုင်းစိုင်းလွန်းသည့် CEO’ ဆိုသည့် ဝတ္ထုထဲကအတိုင်း ပြုမူနေပြီး လီဂျင်းယွမ် အားထားခဲ့ဖို့တောင် သူမအတွက် ချက်လက်မှတ် ရေးပေးခဲ့သည်။

ဒါပေမဲ့ ဇောင်ယုဟွမ် ကျတော့ကော?

သူမက ထွက်သွားဖို့ မလိုအပ်ဘူးလား?

ဇောင်ယုဟွမ် တွင်ငွေရှိရုံနဲ့ သူမလုပ်ချင်တာကို လုပ်လို့ရတယ်လို့ မဆိုလိုဘူးလေ။

လင်းလန် ကချက်ချင်းပင် သူမစိတ်ထဲတွင် ချဉ်သည့်အရသာကို ခံစားလိုက်ရသည်။ *ချဉ်=မနာလိုတာ*

ဝမ်ယောင်ချန်း လည်းမပျော်တော့ပေ။

သူက ဇောင်ယုဟွမ် ဆီမှာ လျော်ကြေးရခဲ့တာတောင် လီဂျင်းယွမ် ကသူ့ပုခုံးအား ချိုးတော့မလိုဖြစ်ခဲ့တာကို မှတ်မိနေတုန်းပင်။

ဝမ်ယောင်ချန်း ရဲ့မျက်နှာက မပြုံးနိုင်တော့ပဲ လင်းလန် အားသီးသန့်ခန်းဆီ ဦးဆောင်သွားလိုက်သည်။

ဇောင်ယုဟွမ် နဲ့ လီရုံ တို့ကလည်း တခြားသီးသန့်ခန်းသို့ သွားခဲ့ကြသည်။

ဒီဟင်းလျာတွေ ချက်ပြုတ်ဖို့အတွက် တစ်နာရီလောက် အချိန်ယူခဲ့ရပေမဲ့ သူတို့က အများကြီး မစားခဲ့ကြပေ။ နောက်ပြီး လီရုံ ကအသက်ကြီးတာကြောင့် အချိန်အများစုတွင် စကားပြောနေခဲ့သည်။

ဇောင်ယုဟွမ် ကအရင်က လက်ထောက်ဒေါင် ကိုခက်ခဲအောင် လုပ်ခဲ့ပေမဲ့ လီရုံ ရှေ့တွင်တော့ သူမကိုယ်ကို ထိန်းချုပ်ထားခဲ့သည်။ သူ့ကိုကြောက်တာ မဟုတ်ပေမဲ့ လီဂျင်းယွမ် နဲ့သွေးသားတော်စပ်သည့်သူအား အန္တရာယ်မပြုချင်တာကြောင့်ပင်။

နောက်ပြီး သူက လီဂျင်းယွမ် ရဲ့အဖေဖြစ်သည်။

သူမရှေ့တွင် လီရုံ ကအဖေကောင်းလို ဖြစ်နေပြီး လီဂျင်းယွမ် ရဲ့ကြီးပြင်းလာမှု၊ သူ့နေ့စဉ်ဘဝနဲ့ ပျော်ရွှင်စရာအကြောင်းတွေကို ဂရုတစိုက်မေးနေခဲ့သည်။

“သူက ငါ့ဆီမပြန်ချင်လောက်အောင် ပျော်နေမယ်ဆိုတာ ငါသိတယ်” လီရုံ ကထိုအကြောင်းအား သက်ပြင်းချကာ ပြောလိုက်သည်။

ထို့နောက် သူက ဇောင်ယုဟွမ် ကိုထပ်ကြည့်လိုက်သည်။ “ဒါကြောင့် သူ့ကို ဘာကပျော်ရွှင်စေလဲဆိုတာ သူ့ကို မေးခဲ့တယ်။ အဲ့နည်းလမ်းကပဲ သူ့ကို လီအိမ်တော်ကို ပြန်ခေါ်နိုင်မှာ”

ဇောင်ယုဟွမ် ကရုတ်တရက် မကောင်းသည့် စိတ်ထင့်မှုကို ခံစားလိုက်ရသည်။

“အဲ့ဒါက မစ္စဇောင် လို့သူက ပြောခဲ့တယ်”

ဇောင်ယုဟွမ် ကသီးသွားခဲ့သည်။

သူက ချောင်းဆိုးလိုက်ပြီး အလျင်အမြန်ပင် စွတ်ပြုတ်အား သောက်လိုက်သည်။ “တောင်းပန်ပါတယ်…”

လီရုံ ကဘာမှထပ်မပြောတော့ပဲ သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို နှေးကွေးစွာ လှည့်လိုက်သည်။ သူက စားသောက်ပြီးသည်အထိ ဘာမှထပ်မပြောတော့ပဲ ဇောင်ယုဟွမ် ကိုပြန်လိုက်ပို့ခဲ့သည်။

ဇောင်ယုဟွမ် ကတိတ်ဆိတ်စွာသာ တွေးလိုက်သည်။ မြေခွေးအိုကြီး!

နှလုံးသားကိုရဖို့ အရမ်းလွယ်ကူတာပဲ။

ဇောင်ယုဟွမ် ကသူမရဲ့မလွယ်ကူသည့် ခံစားချက်တွေကို ဖိနှိပ်လိုက်ပြီး လမ်းဆီကို လျှောက်သွားလိုက်သည်။
ထိုအချိန်တွင် သူမရှေ့တွင် ကားတစ်စီးက ရပ်လာခဲ့သည်။ ဇောင်ယုဟွမ် က“ကျေးဇူးတင်ပါတယ်၊ လိုက်ပို့ဖို့ မလိုပါဘူး”လို့ ပြောတော့မဲ့အချိန်တွင် လိုင်စင်နံပါတ်က အရမ်းရင်းနှီးနေကြောင်း တွေ့လိုက်ရသည်။

ကားပြတင်းက အောက်ကျသွားပြီး ဟုန်ချန်းမင်း ရဲ့သုံးလလောက် နတ်ဆိုးစိတ်ဝိဉာဉ် ပိုင်ဆိုင်ခဲ့ရသည့် လူလိုမျိုး မဲမှောင်နေသည့် မျက်နှာက ပေါ်လာခဲ့သည်။

ဇောင်ယုဟွမ် ကကားတံခါးကို ဖွင့်လိုက်ပြီး ဝင်လိုက်သည်။ “အစ်ကိုချန်းမင်း ကဘာကြောင့် ဟွမ်ဟွမ့်ကို လာကြိုရတာလဲ?”

ဟုန်ချန်းမင်း ကနှာမှုတ်လိုက်သည်။ “တခြားဘယ်သူရှိမှာလဲ?”

သူက ပြောလိုက်ရင်း အပြင်ကို ကြည့်လိုက်သည်။ “အဲ့ဒါ လီရုံ လား?”

ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်သည်။

ဟုန်ချန်းမင်း ကဒေါသကြောင့် သေချင်သွားသည်။

သူက သူ့ဘာသာ မထိန်းချုပ်နိုင်ပဲ မနာလိုစွာဖြင့် ပြောလိုက်သည်။ “ဟုန်တစ်မိသားစုလုံးမှာ မင်းနဲ့စားဖို့ ကိုယ် တစ်ယောက်ပဲရှိတယ်”

ဇောင်ယုဟွမ် ကပြောလိုက်သည်။ “တစ်ယောက်က လုံလောက်ပါတယ်! ဟွမ်ဟွမ့်မှာ လုပ်စရာမရှိရင်တောင် သူ့အဖေနဲ့ သွားစားနေနိုင်မှာ မဟုတ်ဘူး!”

ဟုန်ချန်းမင်း ကခဏလောက် တိတ်ဆိတ်သွားခဲ့သည်။ “ဒါပေမဲ့ ကိုယ်လုပ်ချင်တယ်”

ဇောင်ယုဟွမ် ရဲ့မျက်လုံးက ပြူးကျယ်သွားခဲ့သည်။ “အစ်ကိုချန်းမင်း ကသူ့အဖေနဲ့ စားချင်တာလား?”

“မဟုတ်ဘူး၊ ကိုယ်က မင်းနဲ့အတူ စားချင်တာ… တစ်သက်လုံး”

သူ့အသံထွက်လာသည်နှင့် ကားနံရံအား ရိုက်မိလုနီးပါး ဖြစ်သွားခဲ့သည်။

ဇောင်ယုဟွမ် ရဲ့စိတ်မအေးသည့် ခံစားချက်တွေက ချက်ချင်းပင် ခေါင်းမိုးအထိ မြင့်တက်သွားခဲ့သည်။

# * အဲ့ဒါလေးတွေက Translator Note ပါနော်, ဇောင်ယုဟွမ် ကိုဘယ်သူနဲ့ တွဲဖြစ်မလဲသိချင်တာနဲ့ Machine Translate ကိုသွားဖတ်‌ေသးတယ် 😁 ဘာသာပြန်ဖို့ လုပ်ပါသေးတယ်၊ နားမလည်လို့ လက်လျော့လိုက်ရတယ် 🥴 အစက ဇာတ်လိုက်မကို ဇာတ်လိုက်နဲ့ ဟွမ်ဟွမ် ကိုတော့ ဟုန်ချန်းမင်း နဲ့ဆိုပြီး တွေးထားတာ၊ အခုတော့ ဇာတ်လိုက်မရဲ့ အတွေးတွေကြောင့် ❌❌❌ လုံးဝကို သဘောမတူတော့ဘူး၊ comment ပေးတာတွေကို mail ဝင်လို့တွေ့ပါတယ်လို့ reply မပြန်တာကို ခွင့်လွှတ်ပေးပါ၊ ပြောချင်တာတွေကို အခုမှ စုပေါင်းပြီး ပြောနေတာ 😁😁 ဒီ fic ကမူရင်းက 103+Extra 2 စုစုပေါင်း 105 ပိုင်းရှိပါတယ် (ရှေ့မှာပြောထားတာ မှားနေမယ်ထင်တယ်, မမှတ်မိတော့လို့) novel update မှာတော့ မူရင်းတစ်ပိုင်းကို သုံးပိုင်း/လေးပိုင်းလောက် ခွဲလို့  အပိုင်းဘယ်လောက်အထိ ရှိမလဲတော့ မသိသေးပါဘူး၊ အခုတော့ 301 ပိုင်းရောက်နေပါတယ်၊ မူရင်းမှာတော့ 92 ထိပြီးပါပြီ☺️

10.9.2021 (Fri)
……………………..

Zawgyi

“အို၊ ပ႐ိုဂရမ္ဝန္ထမ္းက ဟြမ္ဟြမ့္ဆီ ဖုန္းေခၚခဲ့တယ္။ သူတို႔ေျပာတာက အပိုင္းငါးမွာ အက,ျပင္ထားတယ္တဲ့” ေဇာင္ယုဟြမ္ ကထိုအေၾကာင္းကို ေတြးလိုက္ၿပီး လီဂ်င္ယြမ္ ကိုေျပာဖို႔အတြက္ လုပ္လိုက္သည္။

သူမက သူ႕အတြက္ လုပ္ေပးသင့္တဲ့အရာပင္။ ပထမအပိုင္းတြင္ သူ႕အေႂကြးကို သူမအား ဘယ္သူမွ မေျပာခဲ့ၾကေပ။

လီဂ်င္းယြမ္ ကဒီအရာကို အခ်ိန္အေတာ္ၾကာတည္းက သိခဲ့ေပမဲ့ သူက အံ့ဩသြားသလို သ႐ုပ္ေဆာင္လိုက္ကာ ေျပာလိုက္သည္။ “တကယ္? အရမ္းေကာင္းတယ္!”

လီဂ်င္းယြမ္ ကသူ႕ခံစားခ်က္ေတြကို မၾကာခဏ ထုတ္ေဖာ္ျပတက္သူမ်ိဳး မဟုတ္တာေၾကာင့္ သူစိတ္လႈပ္႐ွားမႈက ဖုန္းကိုျဖတ္ၿပီး ေဇာင္ယုဟြမ္ ကိုေတာင္ ခံစားမိေစသည္။

လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ေပ်ာ္႐ႊင္စြာ ေနထိုင္ႏိုင္ဖို႔ သူမ တကယ္ကို ဆႏၵ႐ွိခဲ့သည္။

ဒါေပမဲ့… ဘာပဲျဖစ္ျဖစ္ သူတို႔က သူမကို ထက္ပိုင္းပိုင္းၿပီး တစ္ေယာက္တစ္ဝက္ ယူၾကမွာေတာ့ မဟုတ္ဘူးမလား? ဒါဆို သည္းထိပ္ရင္ဖို ဇာတ္လမ္းႀကီး ျဖစ္လာလိမ့္မယ္။

ေဇာင္ယုဟြမ္ ကေခါင္းခါလိုက္ၿပီး သူမေခါင္းထဲမွ ထူးဆန္းသည့္ အေတြးေတြကို ခါထုတ္လိုက္သည္။
မၾကာမွီ အပိုင္း ၅ ႐ိုက္ကူးေရးကို ေရာက္လာခဲ့သည္။

သူတို႔ေရာက္ခ်ိန္တြင္ ေဇာင္ယုဟြမ္ က ဒင္ေခြၽယြဲ႕ ဆီမွထပ္ၿပီး ဖုန္းလက္ခံရခဲ့သည္။ သူမက ေမးလိုက္သည္။ “ဟြမ္ဟြမ္၊ အဲ့အေၾကာင္းကို ေတြးၿပီးၿပီလား?”

“ေတြးတယ္၊ ဘာအေၾကာင္းကိုလဲ?” ေဇာင္ယုဟြမ္ ကျပန္ေျဖလိုက္သည္။

ထိုအေမးေၾကာင့္ ဒင္ေခြၽယြဲ႕ ကေသြးအန္လုနီးပါး ျဖစ္သြားခဲ့သည္။

သို႔ေသာ္ သူမက ေဇာင္ယုဟြမ္ ဖုန္းခ်သြားမွာကို ေၾကာက္တာေၾကာင့္ အသက္ေတာင္မ႐ွဴႏိုင္ပဲ သူမစိတ္ကို ထိန္းလိုက္ရင္း ၾကင္နာသည့္ အျပဳအမူ႐ွိသူလို ေျပာလိုက္သည္။ “ဂ်င္းဟြာအုပ္စု အေၾကာင္းေလ”

ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ကိုလွည့္ၾကည့္လိုက္သည္။

ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က သူမအနားတြင္ ထိုင္ေနခဲ့ၾကသည္။

ေဇာင္ယုဟြမ္ ကသူမအသံကို တိုးလိုက္သည္။ “အန္တီ၊ အန္တီ့ကို ကြၽန္မ မကူညီေပးရင္ အန္တီက ဒါ႐ိုက္တာလီ နဲ႔အလုပ္တြဲလုပ္ႏိုင္ဦးမယ္လို႔ ထင္လား?”

ဒင္ေခြၽယြဲ႕ ကေခ်ာင္းဟန္႔လိုက္သည္။ “မရဘူးေပါ့၊ ဒါ႐ိုက္တာလီ ကငါ့ဆီလာခဲ့တာ တိုက္ဆိုင္မႈသက္သက္ပဲ။ ငါတို႔က မိသားစုျဖစ္လို႔ ဒါကိုေတာင္းဆိုလိုက္ရင္ ပိုေကာင္းမယ္လို႔ ငါထင္မိ႐ုံပဲ…”

ေဇာင္ယုဟြမ္ ကသူမကို ေႏွာက္ယွက္လိုက္သည္။ “ကြၽန္မမွာ လုပ္စရာ႐ွိေသးတယ္။ ေနာက္ၿပီး အခုေလယာဥ္ေပၚ ေရာက္ေနတယ္။ ကြၽန္မ ျပန္လာမွာပဲ ေျပာၾကတာေပါ့”

ထိုစကားျဖင့္ သူမက ဖုန္းခ်လိုက္သည္။

ဒင္ေခြၽယြဲ႕ ဘယ္ေလာက္ပဲ စိတ္ဆိုးပါေစ ဒါက သူမကိစၥမဟုတ္ေပ။

တကယ္ေတာ့ ဒင္ေခြၽယြဲ႕ က႐ိုး႐ိုးသားသားနဲ႔ သူမအား လာ႐ွာတာဆိုရင္ ေဇာင္ယုဟြမ္ ကလက္ခံလိုက္မွာပင္။

ေနာက္ၿပီး ဒင္ေခြၽယြဲ႕ ကမွန္ကန္သည့္ တစ္ခုတည္းကိုသာ ေျပာခဲ့သည္။ သူမက အဖိုးဒင္ ရဲ႕စီးပြားေရးကိုသာ ဂ႐ုစိုက္ၿပီး အနာဂတ္တြင္ သူမနဲ႔ လန္ဂ်င္းဇီ တို႔ကိုခြဲေပးလိမ့္မည္။

လန္ဂ်င္းဇီ ကထိုအရာကို စိတ္မဝင္စားေသာ္လည္း ဘာမွမ႐ွိတာထက္စာရင္ ပိုေကာင္းတယ္! ဒါက အဖိုးဒင္ ရဲ႕တစ္ဘဝလုံးစာ ႀကိဳးစားခဲ့မႈေၾကာင့္မို႔ က်႐ႈံးသြားရင္… အဖိုးဒင္ ဝမ္းနည္းလိမ့္မည္။

မ်ားျပားလွသည့္ အေတြးေတြက ေဇာင္ယုဟြမ္ ရဲ႕စိတ္ထဲကို ဝင္ေရာက္လာခဲ့သည္။ သူမက ဖုန္းကို ပိတ္လိုက္ၿပီး သူမမ်က္လုံးကို မွိတ္လိုက္သည္။ မ်က္လုံးကာကို ဝတ္လိုက္ၿပီး သူမက အနားယူလိုက္ကာ ေလယာဥ္ဆိုက္မဲ့ အခ်ိန္ကိုသာ ေစာင့္လိုက္သည္။

အပိုင္း ၅ တြင္လက္တင္အက,အပိုင္းနဲ႔ ေယာဂပါတနာအပိုင္း ႐ွိသည္။

ဒီႏွစ္ပိုင္းက အဖြဲ႕သားၾကား ဆက္သြယ္မႈက တျခား႐ိႈးပြဲထက္ ပိုမ်ားသည္။

လက္တင္အက,က ေယာဂအတိုင္မွီ ျပင္ထားခဲ့သည္။
ေဇာင္ယုဟြမ္ နဲ႔ လီဂ်င္းယြမ္ တို႔က လက္တင္အက,ခ်ိန္ ေရာက္လာရင္း တစ္ခ်ိန္တည္းတြင္ ဟုန္ခ်န္းမင္း တို႔အုပ္စုလည္း ေရာက္လာခဲ့သည္။

သူတို႔အားလုံးက ဘယ္လိုက,ရမလဲ သိေနခဲ့ၾကေပမဲ့ တခ်ိန္တည္းတြင္ အဆင့္တက္ဖို႔လည္း အရမ္းခက္သည္။ မွန္ကန္သည့္ လႈပ္႐ွားမႈကို သိေနရင္သေလာက္ မ႐ိုး႐ွင္းေပ။

သူတို႔က လက္တင္အက,ကို နာရီဝက္ေလာက္ ေလ့က်င့္ခဲ့ၾကၿပီး ေနာက္ထက္ နာရီဝက္ေလာက္ က,ေနခဲ့ရသည္။

အမွားနည္းနည္းျဖင့္ သူတို႔က ေအာင္ျမင္ခဲ့ၾကသည္။

သို႔ေသာ္ ေယာဂအပိုင္းတြင္ ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ရဲ႕မဲေမွာင္သည့္ အမူအရာကို ျမင္လိုက္တာေၾကာင့္ ၾကက္သီးထ,သြားခဲ့သည္။

ေဇာင္ယုဟြမ္ နဲ႔ လီဂ်င္းယြမ္ တို႔ကသင္တန္းဆရာရဲ႕ လမ္းၫႊန္မႈေအာက္တြင္ သုံးႀကိမ္ေလာက္ ႀကိဳးစားခဲ့ရသည္။

သူတို႔ထဲက တစ္ေယာက္က ဘဲေလးအက,သင္ခဲ့ၿပီး တျခားတစ္ေယာက္ကေတာ့ အိုင္ေဒါလ္ျဖစ္တာေၾကာင့္ ဘယ္လိုက,ရမလဲဆိုတာ ေကာင္းေကာင္း သိေနခဲ့ၾကသည္။ သူတို႔ႏွစ္ေယာက္လုံးက အရမ္းကိုေပါ့ပါးကာ ေပ်ာ့ေပ်ာင္းေနေပမဲ့ သူတို႔လႈပ္႐ွားမႈကို ေပါင္းစပ္ဖို႔က အရမ္းကို ခက္ခဲေနသည္။

ေယာဂပါတနာကလည္း အရမ္းကို ပူးေပါင္းရတာေၾကာင့္ပင္။

တစ္ဖက္မွ ဟုန္ခ်န္းမင္း ကေတာ့ သင္ယူဖို႔ကို လုံးဝဆႏၵမ႐ွိေပ။

သူနဲ႔အတူ အမ်ိဳးသားဆယ္လီက သူ႕ေခါင္းေပါက္ကြဲေတာ့မလို ခံစားေနရၿပီး ဟုန္ခ်န္းမင္း ရဲ႕ပူးေပါင္းလိုမႈကို ဘယ္လိုေဖ်ာင္းဖ်ရမလဲဆိုတာကို စိုးရိမ္ေနခဲ့သည္။

“ေတာင္းပန္ပါတယ္” လီဂ်င္းယြမ္ ကေတာင္းပန္သည့္ အမူအရာကို ျပလိုက္သည္။

သူ႕အျဖဴေရာင္ ေယာဂအဝတ္က ေခြၽးေတြနဲ႔႐ႊဲေနၿပီး သူ႕ႂကြက္သားလိုင္းေတြက အဝတ္ေအာက္တြင္ ျမင္ႏိုင္ေနသည္။

ဒါက ေလးႀကိမ္ေျမာက္ က်႐ႈံးျခင္းပင္။

ဟုန္ခ်န္းမင္း ကမထိန္းခ်ဳပ္ႏိုင္ပဲ စတင္ေျပာလိုက္သည္။ “လီဂ်င္းယြမ္၊ မင္းဒါကို ရည္႐ြယ္ၿပီး လုပ္ခဲ့တာမလား?”

“ဟမ့္” လီဂ်င္းယြမ္ ကျပန္ေျဖလိုက္သည္။

သို႔ေသာ္ သူျပန္မေျဖခင္ လီဂ်င္းယြမ္ ကဘာအမွားမွ ထပ္မလုပ္ေတာ့ေပ။

ေဇာင္ယုဟြမ္ ရဲ႕႐ုပ္ပိုင္းဆိုင္ရာ ခြန္အားကလည္း ေမာပန္းေနၿပီ ျဖစ္တာေၾကာင့္ သူမက တျခားအရာေတြကို အာ႐ုံမစိုက္ႏိုင္ေတာ့ပဲ တာဝန္ကို အလ်င္အျမန္ ၿပီးဆုံးဖို႔သာ ႀကိဳးစားခဲ့သည္။

မၾကာခင္မွာပဲ သူတို႔က ေအာင္ျမင္သြားသည့္ ပထမဆုံးအဖြဲ႕ျဖစ္ခဲ့ၿပီး အလ်င္အျမန္ပင္ ေနာက္ဆုံးေနရာဆီ သြားလိုက္ၾကသည္။

ဟုန္ခ်န္းမင္း ကသူတို႔ေနာက္ေက်ာကို စိုက္ၾကည့္လိုက္ၿပီး ေဒါသထြက္သြားကာ ႐ုတ္တရက္ ႐ုန္းကန္ႏိုင္မႈ အင္အားက ျပင္းထန္သြားခဲ့သည္။

အမ်ိဳးသားဆယ္လီ ကတိတ္ဆိတ္စြာသာ သက္ျပင္းခ်လိုက္သည္။

သို႔ေသာ္ သက္ျပင္းခ်လို႔ မၿပီးခင္မွာပဲ သူက အရမ္းကို ႏုံအ,လြန္းမွန္း သိသြားခဲ့သည္။

ဟုန္ခ်န္းမင္း ကသန္မာလြန္းတာေၾကာင့္ သူ႕အတြက္ တိုက္ခိုက္ဖို႔က မခက္ခဲေပမဲ့ ေယာဂအတြက္ေတာ့ ေကာင္းကင္ကို တက္ဖို႔ေလာက္အထိ ခက္ခဲလြန္းေနသည္။

သူတို႔က အခ်ိန္မ်ားစြာ ေႏွာင့္ေႏွးခဲ့ၿပီးေနာက္ တတိယေနရာမွ အနိမ့္ဆုံးအဆင့္ျဖင့္ ရယူႏိုင္ခဲ့သည္။

အပိုင္း ၅ ႐ိုက္ကူးၿပီးေနာက္ ဟုန္ခ်န္းမင္း ကပ႐ိုဂရမ္အဖြဲ႕အား စားေသာက္ဖို႔ကိုေတာင္ မေမးေတာ့ပဲ ဟိုက္႐ွီ ကိုျပန္ဖို႔သာ ျပင္ေနခဲ့သည္။

တခ်ိဳ႕လူေတြက မထိန္းခ်ဳပ္ႏိုင္ပဲ ေနာက္ကြယ္တြင္ ေျပာလိုက္ၾကသည္။ “မစၥတာဟုန္ ကအ႐ႈံးအႏိုင္ကို အရမ္းဂ႐ုစိုက္တာပဲလား?”

ေဘးကတစ္ေယာက္က မ်က္လုံးကို လွည့္လိုက္သည္။ “နင္ဘာသိလို႔လဲ?”

အမ်ိဳးသမီးဝန္ထမ္းကလည္း ရယ္လိုက္သည္။ “နင္က single ေခြးေလး ျဖစ္ေနတာ အံ့ဩစရာ မ႐ွိေတာ့ပါဘူး”

“မွန္တယ္ေလ၊ သိသိသာသာကို မစၥတာဟုန္ ကမစၥေဇာင္ နဲ႔ မစၥတာလီ တို႔အရင္ေအာင္သြားလို႔ စိတ္ဆိုးသြားတာေလ”

ထိုလူက ညည္းညဴလိုက္သည္။ “ဒီလိုေဒါသက ဘယ္လိုမ်ိဳးလဲ?”

“သဝန္တိုတာေလ”

“မျဖစ္ႏိုင္တာ? ဘယ္လိုလုပ္ၿပီး သဝန္တိုတာ ျဖစ္ႏိုင္မွာလဲ? သူတို႔က မိသားစုေတြ မဟုတ္ဘူးလား? သူက ဒီအေၾကာင္းနဲ႔ေတာင္ သဝန္တိုတာလား?”

“သူတို႔က ဒင္မိသားစုက ေမြးစားခံခဲ့ရတာေလ။ သူတို႔က မိသားစုလို႔ ေျပာလို႔ရေပမဲ့ အတိအက်ေတာ့ မဟုတ္ဘူး” အမ်ိဳးသမီးဝန္ထမ္းက အဓိပၸါယ္ျပည့္စုံစြာျဖင့္ ေျပာလိုက္သည္။

“နင္ဘာကိုေျပာခ်င္တာလဲ?”

“အဲ့အေၾကာင္းကို သိခ်င္ရင္ နင့္မ်က္လုံးနဲ႔ ေသခ်ာျမင္တဲ့အထိ ေစာင့္သင့္တယ္”

လူတိုင္းရဲ႕မ်က္လုံးက စူး႐ွသြားသည္။

အစပိုင္း ၾကည့္မယ္ဆိုရင္ သူတို႔က အစ္ကိုနဲ႔ ညီမ၊ ေမာင္လို ဆက္ဆံေရးသာ ထင္လိမ့္မည္။ ေနာက္ၿပီး မ်ားျပားလွသည့္ အေၾကာင္းေတြက ဘာေတြလဲ?

အစ္ကိုေတြက သူတို႔ညီမကို တျခားလူက သူတို႔ဆီက ေခၚထုတ္သြားမွာကို မလိုခ်င္ၾကေပ၊ သူတို႔က အဆုံးသတ္ထိ တားဆီးေနၾကလိမ့္မည္။ သူတို႔ညီမရဲ႕ ေပ်ာ္႐ႊင္မႈအတြက္နဲ႔ ေနာက္ဆုံးမွသာ လက္လႊတ္ေပးၾကလိမ့္မည္။ သို႔ေသာ္ ထိုႏွစ္ေယာက္ကေတာ့ သူတို႔က လက္လႊတ္ေပးမဲ့ အသြင္အျပင္ေကာ ႐ွိလို႔လား? ဝမ္ေယာင္ခ်န္း က ေဇာင္ယုဟြမ္ ကိုစိတ္ဝင္စားသလို လုပ္ျပခ်ိန္မွာေတာ့ သူတို႔အသြင္အျပင္က လုံးဝကိုေပ်ာက္ကြယ္သြားခဲ့သည္။

ပုံမွန္မဟုတ္တဲ့ ခံစားခ်က္သာဆိုရင္ ဒါက ေသခ်ာေပါက္ကို ႐ို႕မန္႔အခ်စ္ပဲ!

ေဖ်ာ္ေျဖေရးေလာကမွာ ဒီလိုအရာေတြ မ႐ွိဘူးလား?

အေမနဲ႔သမီးက sugar daddy တစ္ေယာက္တည္း ႐ွိေနၿပီး သြားတဲ့ေနရာတိုင္း ခ်ိတ္ဆက္မႈေတြ ႐ွိလာခဲ့တယ္… ဒီလိုပုံစံမ်ိဳးက ႐ႈပ္ေထြးတဲ့အေနအထားပဲ။ ႏိႈင္းယွဥ္ရရင္ ေမြးစားအစ္ကိုေတြက ေသြးသားမေတာ္စပ္တဲ့ ညီမေလးကို သေဘာက်ေနရင္ အျပင္လူေတြရဲ႕ ကမ႓ာ၊ ဘဝနဲ႔ တန္ဖိုးေတြကို တကယ္ပဲ ျမင္ႏိုင္ေတာ့မွာ မဟုတ္ဘူး။

သူတို႔က တကယ္ပဲ ဘာမွလက္ခံႏိုင္မွာ မဟုတ္ဘူး!

ေနာက္ၿပီး သူတို႔က ဒီအေၾကာင္းကို စိတ္ကူးေတာင္ယဥ္ၾကမွာ မဟုတ္ဘူး!

ဟိုက္႐ွီ ကိုျပန္ေရာက္ၿပီးေနာက္ ဂ်င္းဟြာအုပ္စုက ဒင္ေခြၽယြဲ႕ ကေနတဆင့္ သူမဆီ ဆက္သြယ္လာေၾကာင္း ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ကိုေျပာျပလိုက္သည္။

“ဟြမ္ဟြမ္ သြားခ်င္လား?” လီဂ်င္းယြမ္ ကေမးလိုက္သည္။

ေဇာင္ယုဟြမ္ ကေခါင္းခါလိုက္သည္။ “ေတြးၾကည့္ရင္ ဟြမ္ဟြမ္ နဲ႔ပတ္သက္တာ ဘာမွမ႐ွိဘူးေလ”

လီဂ်င္းယြမ္ ကျပဳံးကာ ေျပာလိုက္သည္။ “ဟြမ္ဟြမ္ ကကိုယ့္ကို အ႐ႈံးေပးေစႏိုင္တယ္”

“သူတို႔က ဂ်င္းယြမ္ ကိုအႏိုင္က်င့္ခဲ့တာလား?” ေဇာင္ယုဟြမ္ ကမေတြးပဲ ေျပာလိုက္သည္။

လီဂ်င္းယြမ္ ကျငင္းဆန္သလို အတည္ျပဳတာမ်ိဳးလည္း မ႐ွိေပ။ “သူတို႔အတြက္ ဒင္စီးပြားေရးရဲ႕ အေပါက္ကို အသုံးခ်ႏိုင္လို႔ မစၥစ္ဒင္ ကိုဆက္သြယ္ခဲ့တာလား?”

ေဇာင္ယုဟြမ္ ကေ႐ြးခ်ယ္စရာမ႐ွိပဲ ေခါင္းညိတ္လိုက္သည္။ “ဂ်င္းယြမ္ ကအရမ္းပါးနပ္တာပဲ”

“ဒါဆို သြားရေအာင္။ ေျမဩဇာေကာင္းတဲ့ေရက ကြင္းအျပင္မွာ အသုံးမဝင္ဘူး*” လီဂ်င္းယြမ္ ကရပ္လိုက္သည္။ “သူတို႔က ကြင္းအျပင္ပဲ”

*မိသားစုမွာ ေကာင္းတဲ့အရာကို ဆက္ထိန္းသိမ္းသင့္တယ္*

ေဇာင္ယုဟြမ္ ကျပန္ေျဖလိုက္သည္။ “ဒါဆို အတြင္းလူက ဘယ္သူေတြလဲ? ဒင္ လား?”

သို႔ေသာ္ ျပန္ေျဖမဲ့အစား လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ အားအျပဳံးေလးနဲ႔သာ စိုက္ၾကည့္ေနၿပီး သူ႕တင္းမာသည့္ အၾကည့္ေတြေၾကာင့္ ေဇာင္ယုဟြမ္ ရဲ႕နားေတြက ေလာင္ကြၽမ္းလာခဲ့သည္။

ေနာက္ေန႔တြင္ ေဇာင္ယုဟြမ္ ကေဇာင္ကုမၸဏီဆီ သြားလိုက္သည္။ သူမက ပတ္ဝန္းက်င္ကို စူးစမ္းလိုက္ရင္း လက္ေထာက္ေဒါင္ ေ႐ွ႕ေရာက္သြားခဲ့သည္။

သူတို႔က သူမတံခါးေ႐ွ႕ကို ေရာက္လာၾကၿပီး ကုမၸဏီအတြက္ ေကာင္းမြန္သည့္ အခြင့္အလမ္းနဲ႔ အက်ိဳးအျမတ္ေတြကို သယ္ေဆာင္လာခဲ့သည္။

လက္ေထာက္ေဒါင္ ကေနာက္ဆုံးအႀကိမ္ကထက္ ပိုေတာင္ယဥ္ေက်းေနသည္။ သူက ေဇာင္ယုဟြမ္ အားကိုယ္တိုင္ ဖိတ္ေခၚခဲ့သည္။ “ဒါ႐ိုက္တာလီ ကမစၥေဇာင္ ကိုတကယ္ပဲ ေတြ႕ခ်င္ေနတယ္… မစၥေဇာင္ လာေပးဖို႔ကို ေတာင္းဆိုလို႔မ်ား ရႏိုင္မလား?”

ေဇာင္ယုဟြမ္ ကတိုက္႐ိုက္ပင္ ေမးလိုက္သည္။ “ကြၽန္မတို႔ ဘယ္မွာေတြ႕ၾကမွာလဲ?”

ေဇာင္ယုဟြမ္ ကဒီတစ္ႀကိမ္ေတာ့ လက္ခံလိုက္မယ္လို႔ လက္ေထာက္ေဒါင္ ကမထင္ထားတာေၾကာင့္ လန္႔သြားခဲ့သည္။ သူက အလ်င္အျမန္ပင္ လိပ္စာအား ေျပာလိုက္သည္။

ဒါက ဆယ္လီတစ္ေယာက္က ဖြင့္ထားသည့္ စားေသာက္ဆိုင္မွာပင္။ အစားအေသာက္ေတြက သာမန္သာ ျဖစ္ေသာ္လည္း လုံျခဳံမႈက ျမင့္မားသည္။

ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္သည္။ “ေကာင္းၿပီေလ၊ ဒါဆို ဒီညေတြ႕ၾကတာေပါ့”

လက္ေထာက္ေဒါင္ ကစိတ္သက္သာစြာျဖင့္ သက္ျပင္းခ်လိုက္သည္။ “ေကာင္းပါၿပီ၊ ဒီည ၇ နာရီခြဲမွာ ေတြ႕ၾကတာေပါ့”

မၾကာခင္က လင္းလန္ က ဝမ္ေယာင္ခ်န္း ရဲ႕အာ႐ုံကို ရ႐ွိခဲ့သည္။

သူမက နာခံတက္ၿပီး သဘာဝက ေပးအပ္ထားသည့္ သ႐ုပ္ေဆာင္စြမ္းရည္႐ွိေနကာ ‘အခ်ိန္ခရီးသြားျခင္း’တြင္ အတူတူ ႐ိုက္ကူးျခင္းမွ သူ႕ဆီက ေကာင္းမြန္သည့္အျမင္ကို ရ႐ွိခဲ့သည္။ ထို႔ေၾကာင့္ ဝမ္ေယာင္ခ်န္း ကသူမကို ေထာက္ပံ့ေပးရတာကို ေပ်ာ္႐ႊင္ေနခဲ့သည္။

ဒီေန႔တြင္ ဝမ္ေယာင္ခ်န္း က လင္းလန္ အား Boneset Grass စားေသာက္ဆိုင္တြင္ ညႇိႏိႈင္းမႈအား ေဆြးေႏြးရန္အတြက္ ေခၚလာခဲ့သည္။

ဝမ္ေယာင္ခ်န္း က လင္းလန္ ရဲ႕နာမည္မွ လန္* ဆိုသည့္ စာလုံးကို စ,ေနာက္ေနခဲ့သည္။

*စားေသာက္ဆိုင္ရဲ႕ နာမည္အစက လန္ေရာ့ေခ်ာင္ နဲ႔လန္က လင္းလန္ ရဲ႕နာမည္က လန္နဲ႔တူသည္*

လင္းလန္ ကရယ္လိုက္သည္။

သို႔ေသာ္ ထို႔ေနာက္တြင္ ဝမ္ေယာင္ခ်န္း ရဲ႕အမူအရာက ႐ုတ္တရက္ ေျပာင္းလဲသြားခဲ့သည္။

လင္းလန္ ကသူ႕အၾကည့္ေနာက္ကို လိုက္လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုျမင္လိုက္ရသည္။ ေဇာင္ယုဟြမ္ နဲ႔အတူ လက္ေထာက္နဲ႔တူသည့္ တျခားတစ္ေယာက္လည္း ႐ွိေနၿပီး တခ်ိဳ႕လူေတြကေတာ့ ေဘာ္ဒီဂတ္ေတြနဲ႔ တူေနသည္။

ေဘာဒီဂတ္တစ္ေယာက္က လူႀကီးတစ္ေယာက္ ထိုင္ေနသည့္ Wheelchair ကိုတြန္းေနခဲ့သည္။ လူႀကီးက အေနာက္တိုင္းဝတ္စုံကို ဝတ္ထားၿပီး အရမ္းအသက္ႀကီးပုံ ေပၚေနေသာ္လည္း သူ႕အ႐ွိန္အဝါက ျပင္းထန္ေနတုန္းပင္။

လင္းလန္ ကေရ႐ြတ္လိုက္သည္။ “အဲ့ဒါက ဂ်င္းဟြာအုပ္စုရဲ႕ေခါင္းေဆာင္…”

ဝမ္ေယာင္ခ်န္း ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။ “သူက တကယ္ပဲ လီဂ်င္းယြမ္ ရဲ႕အေဖလား?”

လင္းလန္ ကေခါင္းညိတ္လိုက္သည္။ “ဟုတ္တယ္”

လင္းလန္ ကၾကည့္ေနၿပီး Baidu တြင္စီးပြားေရးကိစၥအတြက္သာ ျမင္ႏိုင္သည့္ ဂ်င္းဟြာအုပ္စုရဲ႕ ဒါ႐ိုက္တာလီ က ေဇာင္ယုဟြမ္ နဲ႔စကားေျပာေနတာကို ၾကည့္ေနခဲ့သည္။ ႏွစ္ေယာက္လုံးက သက္ေတာင့္သက္သာ ျဖစ္ေနပုံေပၚသည္။

လင္းလန္ ကခ်က္ခ်င္းပင္ မေပ်ာ္ေတာ့ေပ။

မူလဇာတ္ေၾကာင္းတြင္ လီဂ်င္းယြမ္ ရဲ႕အေဖက သူမကို လုံးဝခက္ခဲေအာင္ လုပ္ခဲ့တာေလ!

သူက ‘႐ိုင္းစိုင္းလြန္းသည့္ CEO’ ဆိုသည့္ ဝတၳဳထဲကအတိုင္း ျပဳမူေနၿပီး လီဂ်င္းယြမ္ အားထားခဲ့ဖို႔ေတာင္ သူမအတြက္ ခ်က္လက္မွတ္ ေရးေပးခဲ့သည္။

ဒါေပမဲ့ ေဇာင္ယုဟြမ္ က်ေတာ့ေကာ?

သူမက ထြက္သြားဖို႔ မလိုအပ္ဘူးလား?

ေဇာင္ယုဟြမ္ တြင္ေငြ႐ွိ႐ုံနဲ႔ သူမလုပ္ခ်င္တာကို လုပ္လို႔ရတယ္လို႔ မဆိုလိုဘူးေလ။

လင္းလန္ ကခ်က္ခ်င္းပင္ သူမစိတ္ထဲတြင္ ခ်ဥ္သည့္အရသာကို ခံစားလိုက္ရသည္။ *ခ်ဥ္=မနာလိုတာ*

ဝမ္ေယာင္ခ်န္း လည္းမေပ်ာ္ေတာ့ေပ။

သူက ေဇာင္ယုဟြမ္ ဆီမွာ ေလ်ာ္ေၾကးရခဲ့တာေတာင္ လီဂ်င္းယြမ္ ကသူ႕ပုခုံးအား ခ်ိဳးေတာ့မလိုျဖစ္ခဲ့တာကို မွတ္မိေနတုန္းပင္။

ဝမ္ေယာင္ခ်န္း ရဲ႕မ်က္ႏွာက မျပဳံးႏိုင္ေတာ့ပဲ လင္းလန္ အားသီးသန္႔ခန္းဆီ ဦးေဆာင္သြားလိုက္သည္။

ေဇာင္ယုဟြမ္ နဲ႔ လီ႐ုံ တို႔ကလည္း တျခားသီးသန္႔ခန္းသို႔ သြားခဲ့ၾကသည္။

ဒီဟင္းလ်ာေတြ ခ်က္ျပဳတ္ဖို႔အတြက္ တစ္နာရီေလာက္ အခ်ိန္ယူခဲ့ရေပမဲ့ သူတို႔က အမ်ားႀကီး မစားခဲ့ၾကေပ။ ေနာက္ၿပီး လီ႐ုံ ကအသက္ႀကီးတာေၾကာင့္ အခ်ိန္အမ်ားစုတြင္ စကားေျပာေနခဲ့သည္။

ေဇာင္ယုဟြမ္ ကအရင္က လက္ေထာက္ေဒါင္ ကိုခက္ခဲေအာင္ လုပ္ခဲ့ေပမဲ့ လီ႐ုံ ေ႐ွ႕တြင္ေတာ့ သူမကိုယ္ကို ထိန္းခ်ဳပ္ထားခဲ့သည္။ သူ႕ကိုေၾကာက္တာ မဟုတ္ေပမဲ့ လီဂ်င္းယြမ္ နဲ႔ေသြးသားေတာ္စပ္သည့္သူအား အႏၲရာယ္မျပဳခ်င္တာေၾကာင့္ပင္။

ေနာက္ၿပီး သူက လီဂ်င္းယြမ္ ရဲ႕အေဖျဖစ္သည္။

သူမေ႐ွ႕တြင္ လီ႐ုံ ကအေဖေကာင္းလို ျဖစ္ေနၿပီး လီဂ်င္းယြမ္ ရဲ႕ႀကီးျပင္းလာမႈ၊ သူ႕ေန႔စဥ္ဘဝနဲ႔ ေပ်ာ္႐ႊင္စရာအေၾကာင္းေတြကို ဂ႐ုတစိုက္ေမးေနခဲ့သည္။

“သူက ငါ့ဆီမျပန္ခ်င္ေလာက္ေအာင္ ေပ်ာ္ေနမယ္ဆိုတာ ငါသိတယ္” လီ႐ုံ ကထိုအေၾကာင္းအား သက္ျပင္းခ်ကာ ေျပာလိုက္သည္။

ထို႔ေနာက္ သူက ေဇာင္ယုဟြမ္ ကိုထပ္ၾကည့္လိုက္သည္။ “ဒါေၾကာင့္ သူ႕ကို ဘာကေပ်ာ္႐ႊင္ေစလဲဆိုတာ သူ႕ကို ေမးခဲ့တယ္။ အဲ့နည္းလမ္းကပဲ သူ႕ကို လီအိမ္ေတာ္ကို ျပန္ေခၚႏိုင္မွာ”

ေဇာင္ယုဟြမ္ က႐ုတ္တရက္ မေကာင္းသည့္ စိတ္ထင့္မႈကို ခံစားလိုက္ရသည္။

“အဲ့ဒါက မစၥေဇာင္ လို႔သူက ေျပာခဲ့တယ္”

ေဇာင္ယုဟြမ္ ကသီးသြားခဲ့သည္။

သူက ေခ်ာင္းဆိုးလိုက္ၿပီး အလ်င္အျမန္ပင္ စြတ္ျပဳတ္အား ေသာက္လိုက္သည္။ “ေတာင္းပန္ပါတယ္…”

လီ႐ုံ ကဘာမွထပ္မေျပာေတာ့ပဲ သူ႕လက္ထဲက လက္ဖက္ရည္ခြက္ကို ေႏွးေကြးစြာ လွည့္လိုက္သည္။ သူက စားေသာက္ၿပီးသည္အထိ ဘာမွထပ္မေျပာေတာ့ပဲ ေဇာင္ယုဟြမ္ ကိုျပန္လိုက္ပို႔ခဲ့သည္။

ေဇာင္ယုဟြမ္ ကတိတ္ဆိတ္စြာသာ ေတြးလိုက္သည္။ ေျမေခြးအိုႀကီး!

ႏွလုံးသားကိုရဖို႔ အရမ္းလြယ္ကူတာပဲ။

ေဇာင္ယုဟြမ္ ကသူမရဲ႕မလြယ္ကူသည့္ ခံစားခ်က္ေတြကို ဖိႏွိပ္လိုက္ၿပီး လမ္းဆီကို ေလွ်ာက္သြားလိုက္သည္။
ထိုအခ်ိန္တြင္ သူမေ႐ွ႕တြင္ ကားတစ္စီးက ရပ္လာခဲ့သည္။ ေဇာင္ယုဟြမ္ က“ေက်းဇူးတင္ပါတယ္၊ လိုက္ပို႔ဖို႔ မလိုပါဘူး”လို႔ ေျပာေတာ့မဲ့အခ်ိန္တြင္ လိုင္စင္နံပါတ္က အရမ္းရင္းႏွီးေနေၾကာင္း ေတြ႕လိုက္ရသည္။

ကားျပတင္းက ေအာက္က်သြားၿပီး ဟုန္ခ်န္းမင္း ရဲ႕သုံးလေလာက္ နတ္ဆိုးစိတ္ဝိဉာဥ္ ပိုင္ဆိုင္ခဲ့ရသည့္ လူလိုမ်ိဳး မဲေမွာင္ေနသည့္ မ်က္ႏွာက ေပၚလာခဲ့သည္။

ေဇာင္ယုဟြမ္ ကကားတံခါးကို ဖြင့္လိုက္ၿပီး ဝင္လိုက္သည္။ “အစ္ကိုခ်န္းမင္း ကဘာေၾကာင့္ ဟြမ္ဟြမ့္ကို လာႀကိဳရတာလဲ?”

ဟုန္ခ်န္းမင္း ကႏွာမႈတ္လိုက္သည္။ “တျခားဘယ္သူ႐ွိမွာလဲ?”

သူက ေျပာလိုက္ရင္း အျပင္ကို ၾကည့္လိုက္သည္။ “အဲ့ဒါ လီ႐ုံ လား?”

ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္သည္။

ဟုန္ခ်န္းမင္း ကေဒါသေၾကာင့္ ေသခ်င္သြားသည္။

သူက သူ႕ဘာသာ မထိန္းခ်ဳပ္ႏိုင္ပဲ မနာလိုစြာျဖင့္ ေျပာလိုက္သည္။ “ဟုန္တစ္မိသားစုလုံးမွာ မင္းနဲ႔စားဖို႔ ကိုယ္ တစ္ေယာက္ပဲ႐ွိတယ္”

ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။ “တစ္ေယာက္က လုံေလာက္ပါတယ္! ဟြမ္ဟြမ့္မွာ လုပ္စရာမ႐ွိရင္ေတာင္ သူ႕အေဖနဲ႔ သြားစားေနႏိုင္မွာ မဟုတ္ဘူး!”

ဟုန္ခ်န္းမင္း ကခဏေလာက္ တိတ္ဆိတ္သြားခဲ့သည္။ “ဒါေပမဲ့ ကိုယ္လုပ္ခ်င္တယ္”

ေဇာင္ယုဟြမ္ ရဲ႕မ်က္လုံးက ျပဴးက်ယ္သြားခဲ့သည္။ “အစ္ကိုခ်န္းမင္း ကသူ႕အေဖနဲ႔ စားခ်င္တာလား?”

“မဟုတ္ဘူး၊ ကိုယ္က မင္းနဲ႔အတူ စားခ်င္တာ… တစ္သက္လုံး”

သူ႕အသံထြက္လာသည္ႏွင့္ ကားနံရံအား ႐ိုက္မိလုနီးပါး ျဖစ္သြားခဲ့သည္။

ေဇာင္ယုဟြမ္ ရဲ႕စိတ္မေအးသည့္ ခံစားခ်က္ေတြက ခ်က္ခ်င္းပင္ ေခါင္းမိုးအထိ ျမင့္တက္သြားခဲ့သည္။

# * အဲ့ဒါေလးေတြက Translator Note ပါေနာ္, ေဇာင္ယုဟြမ္ ကိုဘယ္သူနဲ႔ တြဲျဖစ္မလဲသိခ်င္တာနဲ႔ Machine Translate ကိုသြားဖတ္‌ေသးတယ္ 😁 ဘာသာျပန္ဖို႔ လုပ္ပါေသးတယ္၊ နားမလည္လို႔ လက္ေလ်ာ့လိုက္ရတယ္ 🥴 အစက ဇာတ္လိုက္မကို ဇာတ္လိုက္နဲ႔ ဟြမ္ဟြမ္ ကိုေတာ့ ဟုန္ခ်န္းမင္း နဲ႔ဆိုၿပီး ေတြးထားတာ၊ အခုေတာ့ ဇာတ္လိုက္မရဲ႕ အေတြးေတြေၾကာင့္ ❌❌❌ လုံးဝကို သေဘာမတူေတာ့ဘူး၊ comment ေပးတာေတြကို mail ဝင္လို႔ေတြ႕ပါတယ္လို႔ reply မျပန္တာကို ခြင့္လႊတ္ေပးပါ၊ ေျပာခ်င္တာေတြကို အခုမွ စုေပါင္းၿပီး ေျပာေနတာ 😁😁 ဒီ fic ကမူရင္းက 103+Extra 2 စုစုေပါင္း 105 ပိုင္း႐ွိပါတယ္ (ေ႐ွ႕မွာေျပာထားတာ မွားေနမယ္ထင္တယ္, မမွတ္မိေတာ့လို႔) novel update မွာေတာ့ မူရင္းတစ္ပိုင္းကို သုံးပိုင္း/ေလးပိုင္းေလာက္ ခြဲလို႔  အပိုင္းဘယ္ေလာက္အထိ ႐ွိမလဲေတာ့ မသိေသးပါဘူး၊ အခုေတာ့ 301 ပိုင္းေရာက္ေနပါတယ္၊ မူရင္းမွာေတာ့ 92 ထိၿပီးပါၿပီ☺️

10.9.2021 (Fri)
……………………..

[text_hash] => 52f1cef1
)

//qc
//QC2