ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 100❇️ တောင်းဆိုတာပါ။
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 100❇️ တောင်းဆိုတာပါ။

Array
(
[text] =>

Unicode

“မြန်မြန်မောင်း… မဟုတ်ရင် ယဉ်ထိန်းရဲလာလိမ့်မယ်” ဇောင်ယုဟွမ် ကထိုစကားအား သူမပါးစပ်ထဲမှ တွန်းအားပေးကာ ပြောလိုက်သည်။

ကားထဲရှိလေထုက ချက်ချင်းပင် ပျံ့နှံ့သွားသည်။

ဇောင်ယုဟွမ် ကလည်း သူမပြောပြီးနောက် ကမောက်ကမဖြစ်သွားသလို ခံစားလိုက်ရသည်။

သူမက ရိုမန့်ခံစားချက်တွေကို နားမလည်နိုင်တဲ့ သစ်သားတုံးကြီးလို ခံစားလိုက်ရတယ်…

သို့သော် သူမက အခုလေးတင် ထွက်လာသည့် ရိုမန့်ခံစားချက် အရိပ်အမြွတ်တွေကို ချက်ချင်း ချိုးဖျက်ချလိုက်တာကြောင့် အဲ့အတိုင်းပဲ ထပ်လုပ်လိုက်သည်။

ဟုန်ချန်းမင်း ရဲ့မျက်လုံးတွင် စိတ်ပျက်မှုတွေက တဖြည်းဖြည်း ပေါ်လာခဲ့သည်။

ဇောင်ယုဟွမ် ကသူ့အကြည့်ကို မရှောင်ပဲ သူ့မျက်လုံးကို တိုက်ရိုက်ကြည့်နေခဲ့သည်။ သူ့ဆီက ထိုအမူအရာကို မြင်လိုက်ပြီး သူမက ပျော်သလိုမခံစားရပေ။

သူတို့ကို မောင်နှမတွေအဖြစ် မိဘမဲ့ဂေဟာကနေ အိမ်ကိုခေါ်လာကာ သူမရဲ့မွေးချင်းလိုသာ ရှိနေခဲ့သော်လည်း ရှည်လျားသည့်လမ်းတွင် ဟုန်ချန်းမင်း နဲ့သူမကြားက အရာတွေက မပြောင်းလဲဖို့သာ သူမ မျှော်လင့်နေခဲ့သည်။

သို့သော် သိပ်မကြာခင်မှာပင် ဟုန်ချန်းမင်း ရဲ့မျက်လုံးထဲတွင် စိတ်ပျက်မှုအစား အနိုင်ယူဗိုလ်ကျမှုက ပေါ်လာခဲ့သည်။

ဟုန်ချန်းမင်း ကလက်လျော့လိုက်ဖို့ အတွေးလေး တစ်ခုတောင် ရှိမနေတာ အရမ်းကိုရှင်းနေပေမဲ့ သူ့ဖြေရှင်းနိုင်သည့် နည်းလမ်းကသာ အစားထိုးဝင်လာခဲ့သည်။

“ဒဏ်ကြေးကောက်မှာလား? လိုင်စင်သိမ်းမှာလား? အဲ့ဒါတွေက ပြဿနာမရှိဘူး” ဟုန်ချန်းမင်း ကတောင်တန်းလို တည်ငြိမ်နေသည်။ “ဒီအရာတွေကို ကိုယ်တတ်နိုင်တယ်”

ဒီအချိန်တွင် ဇောင်ယုဟွမ် ကဘယ်လိုတုန့်ပြန်ရမှန်း မသိတော့ပေ။

သူမက အကူအညီမဲ့စွာ ပြုံးလိုက်ပြီး ရုတ်တရက် စိတ်လျော့လိုက်ကာ ခုံတွင်မှီလိုက်ပြီး ထပ်ပြီးမရုန်းကန်ချင်တော့ပေ။

သို့သော် ဟုန်ချန်းမင်း ကသူမရဲ့ထိုပုံစံကို မြင်လိုက်ချိန်တွင် လုံးဝသက်တောင့်သက်သာ ဖြစ်မနေပေ။ ထိုအစား နည်းနည်း စိတ်လှုပ်ရှားသလို ခံစားနေရသည်။ သူမက ထွက်ပြေးတက်ပြီး သူမ မလိုချင်သည့် အရာတွေကို ရှောင်တက်သည့် ပုံစံမျိုး မဟုတ်ပေ။ တစ်ခုခုကို တည်ငြိမ်စွာနဲ့ ညှိနှိုင်းဖို့ ဆုံးဖြတ်လိုက်သည်နှင့် သူမရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်က မယိမ်းယိုင်တော့ပေ။

သူမအသွင်အပြင်က သိမ်မွေ့နေပြီး သူမအသံက ထိန်းချုပ်ထားသည်။ သို့သော် သူမနဲ့ပိုပြီး ဆက်ဆံလေ သူမရဲ့စိတ်အတွင်းပိုင်းနဲ့ အပြင်ပိုင်းက လုံးဝကိုကွာခြားမှန်း သူတို့နားလည်သွားလိမ့်မည်။

“အိုကေ၊ ဒါဆို ဒီအချက်ကို ရောက်ပြီဆိုတည်းက…”

ဟုန်ချန်းမင်း ကသူမစကားအား မပျော်ရွှင်စွာဖြင့် နှောင့်ယှက်လိုက်သည်။ “ဒါက အလျဉ်းသင့်လို့ ဖြစ်လာတာ မဟုတ်ဘူး။ ဒါက ကိုယ် အမြဲတမ်း ပြောချင်နေခဲ့တဲ့ အရာတွေပဲ။ ဒါက ကိုယ့်နှလုံးသားထဲမှ ရှိနေခဲ့တာ အရမ်းကြာနေခဲ့ပြီ” ဟုန်ချန်းမင်း ကသူမအား ညှိုးရော်နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ “ကိုယ့်ကို ရူးအောင်လုပ်နေတာပဲ”

ဇောင်ယုဟွမ် ရဲ့အမူအရာက အေးစက်လာခဲ့သည်။ “အခုတော့ စိတ်အေးအေးထားပြီး အလေးအနက် ပြောရအောင်”

“အိုကေ”

သူမက မတွေးတောပဲ ရုတ်တရက် သဘောတူလိုက်ဖို့ကို သူဆန္ဒရှိနေသော်လည်း သူလိုချင်နေတာ ရှင်းလင်းနေရင် တည်တည်ငြိမ်ငြိမ်နဲ့ အလေးအနက်ထားပြီး အချိန်ယူကာ မျှတတဲ့ ဆုံးဖြတ်ချက်ချတာက အကောင်းဆုံးပင်။

ဇောင်ယုဟွမ် ကသူမနဖူးကို နှိပ်ချင်နေသည်။

သို့သော် သူမ ပင်ပန်းနေချိန်တွင် သူမလက်တွေက ဟုန်ချန်းမင်း ရဲ့နက်ကတိုင်နဲ့ အချည်ခံထားရတာကို နားလည်လိုက်သည်။

ဟုန်ချန်းမင်း ကသတိပြုမိသွားပြီး ချက်ချင်း တုန့်ပြန်လိုက်ကာ သူ့လက်ကိုမြှောက်လိုက်ကာ သူမနဖူးအား ပွတ်သပ်ဖို့ ကူညီလိုက်သည်။ သူ့ကြီးမားသည့်လက်က နွေးထွေးနေပြီး သူ့အားကလည်း သင့်တော်နေသည်။ ဟုန်ချန်းမင်း ကအရင်ကလည်း သူမအား အခုလိုမျိုး မကြာခဏ နှိပ်ပေးဖူးသည်။

ဇောင်ယုဟွမ် ရဲ့အမူအရာက တဖြည်းဖြည်း ကောင်းမွန်လာခဲ့သည်။

ဇောင်ယုဟွမ် ကထိုအကြောင်းကို တွေးလိုက်ပြီး ပြောဖို့ဆုံးဖြတ်လိုက်သည်။ “အရင်က အစ်ကိုချန်းမင်း ရဲ့အတွေးတွေကို နည်းနည်းတော့ သတိပြုမိခဲ့တယ်” ဒီအချိန်တွင် ဇောင်ယုဟွမ် က လီဂျင်းယွမ် ကိုထည့်မပြောပေ။ ဒီအချိန်မှာ သူ့ကို ထည့်ပြောလိုက်ရင် ဟုန်ချန်းမင်း ရဲ့ဒေါသကို ထိုးစွ,ပေးသလို ဖြစ်သွားနိုင်တာကြောင့် ထိုအကြောင်းကို နှုတ်ဆက်ထားတာ အကောင်းဆုံးပင်။ သူတို့အကြောင်းအား အရွယ်ရောက်သူ နှစ်ယောက်လိုမျိုး တည်ငြိမ်စွာ ဆွေးနွေးလိုက်သည်။

ဟုန်ချန်းမင်း ကလန့်သွားခဲ့သည်။

ဇောင်ယုဟွမ် ကသူမနှုတ်ခမ်းကို စေ့လိုက်သည်။ “အစ်ကိုချန်းမင်း ကဖုံးကွယ်တာ မတော်ဘူး။ ဒါက တကယ့်ကို သိသာပေမဲ့ ဟွမ်ဟွမ် အတွေးလွန်နေတာလို့ပဲ ထင်ခဲ့တာ”

ဟုန်ချန်းမင်း ကအလျင်အမြန် တုန့်ပြန်လိုက်ပြီး နှောင့်ယှက်လိုက်သည်။ “အတွေးလွန်တာ မဟုတ်ဘူး”

“ဘာကြောင့်ဆို ဟွမ်ဟွမ် ကထုတ်ဖော်ဖို့ မကြိုးစားခဲ့လို့ပဲ။ ဟွမ်ဟွမ် အရင်က ပြောခဲ့လိုသလိုပဲ၊ မိသားစုအချစ်က ရိုမန့်အချစ်ထက် ပိုသန်မာတယ်။ ဒီအရာကို ဟွမ်ဟွမ် မပြောင်းလဲချင်ခဲ့ဘူး။ ဒါကြောင့်ပဲ ဝမ်ယောင်ချန်း ကိုရိုးရိုးလေး တွေးခဲ့တယ်။ အနာဂတ်မှာ သူ အမှားတစ်ခုခု လုပ်ခဲ့ရင် – အင်း အခုလိုပေါ့။ သူက စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့လို့ သူ့ကို ဟွမ်ဟွမ့် ရဲ့ပတ်ဝန်းကျင်ကနေ တွန့်ဆုတ်မှုမရှိပဲ ကန်ထုတ်နိုင်ခဲ့တာ။ သူက ဟွမ်ဟွမ့် ကိုလုံးဝမလွှမ်းမိုးနိုင်ဘူး၊ အနာဂတ်မှာ ဟွမ်ဟွမ် တို့အဆက်အဆံ မရှိတော့ရင်တောင် ဟွမ်ဟွမ့်ဘဝကို လွတ်လွတ်လပ်လပ် နေထိုင်နိုင်သေးတယ်”

ဇောင်ယုဟွမ် ကထိုအကြောင်းကို တွေးလိုက်ပြီး သူမနှလုံးသား အောက်ခြေတွင် အတွေးတွေကို ဖိနှိပ်ထားကာ ပြောလိုက်သည်။ “အစ်ကိုချန်းမင်း ကတော့ မတူဘူး”

သူမက မော့လိုက်ပြီး သူ့အားကြည့်ကာ အရင်က အကြိမ်များစွာ ခေါ်ခဲ့ဖူးသလိုမျိုး နူးညံ့စွာဖြင့် ခေါ်လိုက်သည်။ “အစ်ကိုချန်းမင်း”

“ဟွမ်ဟွမ် တို့က ၁၃/ ၁၄ နှစ်လောက်ထဲက တွေ့ခဲ့ကြတာ၊ အဲ့တည်းက အတူတူ နေခဲ့ကြတာ…” ဇောင်ယုဟွမ် ကထိုအကြောင်းကို ပြောလိုက်ရင်း နည်းနည်း ဝမ်းနည်းသလို ခံစားလိုက်ရသည်။ “မိသားစုတွေက တစ်ယောက်ရဲ့ သေခြင်း၊ ရှင်ခြင်းက တစ်ယောက်အပေါ် မူတည်နေကြပေမဲ့ ချစ်သူတွေကကော? ‘ခင်ပွန်းနဲ့ ဇနီးတို့က ပြဿနာကြုံချိန်မှာ ကွဲသွားကြတယ်’ဆိုတဲ့ ပြောစကားတွေကို ကြားဖူးလား? အစ်ကိုချန်းမင်း ကို ဟွမ်ဟွမ် ယုံပေမဲ့ တစ်နေ့မှာ ဟွမ်ဟွမ့် အပေါ် အစ်ကိုချန်းမင်း ရဲ့ခံစားချက်တွေ ပျက်ပြယ်သွားရင်ကော? ဟွမ်ဟွမ် က အစ်ကိုချန်းမင်း အတွက် အရမ်းကြီးမားတဲ့ အနှောင့်အယှက်ပေးသူတောင် ဖြစ်လာနိုင်တယ်။ နောက်ပြီး အရင်က နှစ်ပေါင်းများစွာ ကောင်းမွန်တဲ့ ဆက်ဆံရေးကိုလည်း ပြန်ပြီးဆက်လို့ ရမှာမဟုတ်တော့ဘူး”

ဟုန်ချန်းမင်း ကသူမပြောလို့ ပြီးသည်အထိ ဖိနှိပ်ထားခဲ့သည်။

သူ့လက်ခုံက သွေးကြောတွေက ဖောင်းလာခဲ့သည်။

“အဲ့ခံစားချက်မျိုးကို ဟွမ်ဟွမ် မကြုံချင်ဘူး…” ဇောင်ယုဟွမ် ရဲ့အမူအရာက နည်းနည်း ပျောက်ဆုံးနေခဲ့သည်။

ဒီဘဝတွင် သူမလိုချင်တာတွေ ရခဲ့တာကြောင့် ဖြစ်နိုင်သည်။

ပြီးပြည့်စုံသည့်မိသားစု၊ ချမ်းသာမှုနဲ့ ကျန်းမာသည့်ခန္ဓာကိုယ်။ ဒီနှစ်တွေတွင် သူမ ကြိုးစားပမ်းစားလုပ်ဖို့ မလိုအပ်ပေ… ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ဆိုရင် သူမနဲ့အချိန်အကြာကြီး ရှိနေကြသည့် သူတို့နှစ်ယောက်က ရုတ်တရက် ပြောင်းလဲသွားခဲ့ရင် သူမ မခံစားနိုင်လောက်ပေ။

ဟုန်ချန်းမင်း ကသူမအား ဆုံးရှုံးရမှာကို စိုးတာကြောင့် ထိုအကြောင်းတွေပြောဖို့ ကြောက်နေခဲ့သည်။

သို့သော် သူမလည်း အတူတူပင်…

အခုချိန် သဘောတူလိုက်ရင် သူတို့ကို ဆုံးရှုံးရဖို့ ဖိအားပေးလိုက်သလို ဖြစ်သွားပြီး နောက်ပြန်လှည့်လို့ မရလောက်တဲ့အထိ နောက်ကျသွားမှာကို သူမ စိုးရိမ်သည်။

ဟုန်ချန်းမင်း ကတင်းထားသည့် သူ့လက်တွေကို တဖြည်းဖြည်း လျော့လိုက်ပြီး သူ့အမူအရာကလည်း ပိုတည်ငြိမ်လာခဲ့သည်။

သူမမျက်လုံးတွေက မျက်ရည်နည်းနည်းဝဲနေတာကို သူသတိပြုမိလိုက်သည်။

ဟုန်ချန်းမင်း ကသူ့နှလုံးသားအား တစ်စုံတစ်ယောက်က အကြိမ်ကြိမ် ထိုးနှက်နေသလိုမျိုး နာကျင်မှုကို ခံစားနေရသည်။

“ဟွမ်ဟွမ်…” ဟုန်ချန်းမင်း ကစိတ်ဆိုးမှုနည်းနည်းကို ထုတ်ပြလိုက်ရင်း အရင်က ဗိုလ်ကျတက်သည့် အရှိန်အဝါတွေက လုံးဝပျောက်ကွယ်သွားခဲ့သည်။ “ဟန်ယင်ယင် က ဟွမ်ဟွမ့်ကို အရင်က ဘာပြောခဲ့လဲ?”

“ဘာကိုလဲ?”

“သူမက ဟွမ်ဟွမ့်ကို ဝမ်ယောင်ချန်း နဲ့အကြံပေးတုန်းက။ သူမ ဘာပြောခဲ့လဲ?”

ဇောင်ယုဟွမ် ကမျက်တောင်ခတ်လိုက်ရင်း သူမရဲ့မျက်ရည်ဝဲနေသည့် မျက်လုံးက ပိုတောက်ပသွားစေသည်။ ဒါက သူမကို ပိုလှပစေသလို ပိုသနားဖို့လည်း ကောင်းစေသည်။

“မများပါဘူး။ ဝမ်ဝမ် တို့က ဒိတ်ကြည့်ရင် အဆိုးကြီး မဖြစ်နိုင်ဘူးလို့ပဲ ပြောခဲ့ရုံပဲ” ဇောင်ယုဟွမ် ကနှုတ်ခမ်းဆူလိုက်ပြီး ရှက်ရွံ့မှုနည်းနည်းဖြင့် ပြောလိုက်သည်။ “နောက်ပြီး အရင်က တစ်ခါမှ မဒိတ်ဘူးလို့ စူးစမ်းချင်တာ”

“ဒါပေမဲ့ ဒိတ်တာက မလိုဘူး” ဟုန်ချန်းမင်း ကနက်ရှိုင်းသည့်အသံဖြင့် ပြောလိုက်သည်။

ထိုစကားကို ပြောလိုက်ရင်း သူက အနားတိုးကာ ဇောင်ယုဟွမ် အားထိုင်ခုံတွင် ထပ်ဖိလိုက်သည်။ သူက သူ့အသံအား အရင်ကထက် ပိုတိုးလိုက်ပြီး ပြောလိုက်သည်။ “ဝမ်ယောင်ချန်း ကအဆင်ပြပါတယ်။ တခြားဘယ်သူဖြစ်ဖြစ် ကောင်းတယ်၊ ဟွမ်ဟွမ့် စံနှုန်းနဲ့တွေ့ပြီး ဟွမ်ဟွမ့်ကို ကျေနပ်စေသမျှ သူတို့က အဆင်ပြေတယ်။ ဒါပေမဲ့ ဟွမ်ဟွမ် ဒိတ်ချိန်မှာ ဘာလုပ်ရလဲဆိုတာ သိလား? လက်ကိုင်ဖို့လိုတယ်၊ ဖက်ဖို့…” သူ့လက်ချောင်းတွေက ဇောင်ယုဟွမ် ရဲ့နှုတ်ခမ်းကို ထိလိုက်ပြီး ထိုလက်ချောင်းက နည်းနည်း ပူနေခဲ့သည်။ “နမ်းဖို့”

သူက ဇောင်ယုဟွမ် ရဲ့အကြည့်ကို ဖမ်းချုပ်ထားလိုက်သည်။ “နောက်ပြီး အတူအိပ်ဖို့”

ဇောင်ယုဟွမ် ကလောင်ကျွမ်းသည့် ခံစားချက်ကို ထပ်ခံစားလိုက်ရသည်။

ချက်ချင်းပင် မယုံနိုင်လောက်အောင် ရှက်သွားခဲ့သည်။
“နောက်ပြီး အဲ့လောက်ပဲမဟုတ်ဘူး”

ဟုန်ချန်းမင်း ကတစ်ခါမှ မဒိတ်ဖူးသော်လည်း ဇောင်ယုဟွမ် ကိုလိုက်ဖို့ ဆုံးဖြတ်လိုက်ချိန်တွင် သူ့လက်ထောက်၊ ဝန်ထမ်းတွေနဲ့ စီးပွားရေးပါတနာတွေအား မေးမြန်းတာကို မရပ်ခဲ့ပေ။

“သူတို့က တစ်ယောက်နဲ့ တစ်ယောက် အချိန်အများကြီး ဖြုန်းရမယ်၊ စာအတူဖတ်မယ်၊ အတူစားမယ်၊ အတူတူ ရုပ်ရှင်ကြည့်မယ်၊ ရုပ်ရှင်ရုံမှာ လက်တွေကိုင်ကြမယ်… အချစ်သာမရှိရင် မချစ်တဲ့သူနဲ့ လုပ်နေရတာနဲ့ ချစ်တဲ့သူနဲ့ လုပ်ရတဲ့ကြားမှာ ဘာတွေကွာခြားသွားမလဲ? ဒါက အရေးပါလား? အဲ့အရာကနေ ဟွမ်ဟွမ် ပျော်ရွှင်မှုကို ခံစားရမှာ မဟုတ်နိုင်တော့ဘူး။ ဒါက ဟွမ်ဟွမ့် ရဲ့အချိန်တွေကို ဖြုန်းတီးနေတယ်လို့သာ ခံစားရလိမ့်မယ်၊ နောက်ပြီး ဟွမ်ဟွမ့် ရဲ့သူငယ်ချင်းတွေနဲ့ ပိုဝေးသွားစေတာပဲ ဖြစ်စေလိမ့်မယ်။ အနည်းဆုံးတော့ သူငယ်ချင်းမှာ ခံစားချက်တွေက ရှိနေသေးတာပဲ။ ဟွမ်ဟွမ် ကသူငယ်ချင်းတွေနဲ့ လျှောက်လည်ချိန်မှာ အနည်းဆုံးတော့ ပျော်ပျော်ရွှင်ရွှင် ရယ်မောနိုင်လိမ့်မယ်”

“ဟွမ်ဟွမ်၊ ဒိတ်တာကို ဟွမ်ဟွမ် နားမလည်ပါဘူး”

ဇောင်ယုဟွမ် ကလန့်သွားခဲ့သည်။

ဟုန်ချန်းမင်း ပြောနေတာကို သူမ လက်ခံသည်။

အမှန်ကို မိန်းကလေးတွေနဲ့ ယောင်္ကျားလေးတွေက အတူတူပင်။ သူတို့လည်း sex စိတ်ဆန္ဒတွေ ရှိကြသည်။ သူတို့ အသက်ရချိန်မှာ ဒါကို ဖြေလျော့ဖို့ လိုအပ်တာက သဘာဝပင်။

အစက ထိုအရာတွေကို ဇောင်ယုဟွမ် ကိုစိတ်ထဲမထားခဲ့ပေမဲ့ ဟုန်ချန်းမင်း ပြောလာချိန်တွင် တစ်ခုခု မှားယွင်းနေသလို သူမ ခံစားလိုက်ရသည်။

ခံစားချက်သာ မရှိဘူးဆိုရင် ဘာကအရေးကြီးလဲ?

စိတ်ဖျော်ဖြေလိုမှုမျိုးနဲ့တောင် ယောင်္ကျားတစ်ယောက်ကို ငါ သဘောမကျနိုင်တာ မဟုတ်ဘူး…

ရုပ်ရည်- အသိဉာဏ်…

တူညီတဲ့မျက်နှာကို ထပ်တလဲလဲ မြင်နေရတာက ပင်ပန်းနိုင်လိမ့်မယ်။

ဇောင်ယုဟွမ် ကထိုအကြောင်းကို စဉ်းစားလိုက်သည်။ သူမ တကယ်ဒိတ်ပြီး တခြားလူနဲ့ အချိန်အများကြီး ဖြုန်းမယ်ဆိုရင် ဒါတွေအားလုံးကို သူမ တကယ်ကြီး လက်ခံနိုင်မှာ မဟုတ်ဘူး။

ဟုန်ချန်းမင်း ပြောသလို သူမက တခြားတစ်ခု လုပ်သလိုမျိုး ဒိတ်တာကို စိတ်ဝင်စားဖို့ မသင့်ကြောင်း တွေးမိသွားသည်။ ဒိတ်တာက လုံးဝကို အချိန်ဖြုန်းတာပဲ!

တချို့အရမ်းအရေးကြီးတဲ့ အရာတွေကို သူမ လွဲမသွားချင်ဘူး။

သူမဒိတ်ခြင်းက ပျော်ရွှင်မှုပုံစံမျိုးပင်။

သူမ မပျော်နိုင်ရင် ဘာလုပ်နေမှာလဲ?

ဒါပေမဲ့… ဒါပေမဲ့ သူမက ဟုန်ချန်းမင်း နဲ့ဒိတ်နိုင်တယ်လို့တော့ မဆိုလိုဘူး!

ဇောင်ယုဟွမ် ကမော့လိုက်ပြီး ဟုန်ချန်းမင်း ရဲ့အကြည့်နဲ့ ထပ်ဆုံသွားခဲ့သည်။

ဟုန်ချန်းမင်း ရဲ့အသံက တိုးလျကာ အက်ရှနေသည်။ “ဟွမ်ဟွမ် စိုးရိမ်နေတာကို ကိုယ်သိတယ်၊ ဒါပေမဲ့ ဟွမ်ဟွမ် ဒိတ်ချင်တယ်ဆိုရင် စစ်မှန်တဲ့ဆက်ဆံရေးမှာ အပြည့်အဝခံစားနိုင်ဖို့ တစ်ဖက်လူအပေါ် ဟွမ်ဟွမ် ခံစားချက်တွေ ရှိနေရလိမ့်မယ်။ အတုအယောင်ဆိုရင်ကော? ဟွမ်ဟွမ် ကိုယ့်ကိုမချစ်တာ အဆင်ပြေတယ်၊ ကိုယ်ကတော့ ဟွမ်ဟွမ့် ကိုချစ်တယ်”

သူက သူမအား အခွင့်အရေးရဖို့စောင့်နေသည့် သားရဲကောင်လိုမျိုး စိုက်ကြည့်နေခဲ့သည်။

ဇောင်ယုဟွမ် ကမေးချင်တာကို မထိန်းချုပ်နိုင်ပေ။ “အစ်ကိုချန်းမင်း ကဘာကြောင့် ဟွမ်ဟွမ့်ကို သဘောကျတာလဲ? ရိုမန့်အချစ်ကို မိသားစုအချစ်နဲ့ မှားနေတာ ဖြစ်နိုင်မလား?”

ဟုန်ချန်းမင်း ကတင်းမာစွာဖြင့် သူ့ခေါင်းကို ခါလိုက်သည်။ “မဟုတ်ဘူး၊ ကိုယ်အဲ့လိုမထင်ဘူး။ ကိုယ်က မင်းကို သဘောကျရုံပဲ။ ဒါအတွက် အကြောင်းပြချက်မရှိဘူး”

“ဘယ်လိုလုပ်ပြီး အကြောင်းပြချက် မရှိရတာလဲ?” ဇောင်ယုဟွမ် ကစွံအ,ပြီး ရှုပ်ထွေးနေသည့် အမူအရာကို ပြလိုက်သည်။

“ကိုယ် မင်းကို သဘောကျတဲ့အကြောင်း အားလုံးထဲက ထုတ်ပြောရရင် မင်းက ကျေနပ်စေလို့ ကိုယ် သဘောကျတာပဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲ့လိုဆိုရင် တခြားကျေနပ်စေမဲ့လူကော သဘောမကျနိုင်ဘူးလား?” ဟုန်ချန်းမင်း ကသူအား ပြတ်သားစွာ ကြည့်လိုက်သည်။ “တခြားလူတွေရဲ့ ခံစားချက်က ပြောင်းလဲနိုင်ရင်တောင် ကိုယ်ကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး”

ဇောင်ယုဟွမ် ကသူမခေါင်းကို ငုံ့လိုက်ပြီး ခဏလောက် တိတ်သွားခဲ့သည်။ “ဟွမ်ဟွမ့်ကို ခဏလောက် တွေးခွင့်ပြု”

ဟုန်ချန်းမင်း ကသူ့လက်ကို မြှောက်လိုက်ပြီး သူမဆံပင်ကို ထိလိုက်သည်။ “ဒါက မတူဘူးလို့ ဟွမ်ဟွမ် ပြောခဲ့တယ်၊ အင်း၊ ကိုယ့်အတွက်တော့ အတူတူပဲ။ ကိုယ့်အတွက်တော့ ဟွမ်ဟွမ့် ကသီးသန့်ပဲ၊ တခြားသူတွေနဲ့ လုံးဝခြားနားတယ်”

“ဟွမ်ဟွမ့်စိတ် ပြောင်းသွားမှာကိုသာ ကိုယ်က ကြောက်မိတာ။ ဟွမ်ဟွမ် ကကိုယ့်ကို ထားခဲ့ပြီး ကိုယ်ပိုင်မိသားစု ဖန်တီးလိုက်မှာကို ကိုယ်ကြောက်တယ်။ အဲ့နေ့သာ တကယ်ရောက်လာရင်…”

ဟုန်ချန်းမင်း ရဲ့အသံက ရုတ်တရက် ပြောင်းလဲသွားပြီး အေးစက်မှုနည်းနည်း ပါဝင်နေသည်။ “ကိုယ် ရူးသွားလိမ့်မယ်၊ ဟွမ်ဟွမ်”

ဇောင်ယုဟွမ် ကသူမခေါင်းကို မော့လိုက်ပြီး သူ့အား ကြည့်လိုက်သည်။

သူမတစ်ကိုယ်လုံးအား မျိုချချင်နေသလိုမျိုး သူ့မျက်လုံးက အရင်ကထက်ပင် ပိုတောက်ပနေသည်။

ဟုန်ချန်းမင်း ကသူမနားနားကို ကပ်လိုက်ပြီး ဇောင်ယုဟွမ် ရဲ့ခန္ဓာကိုယ်နဲ့ ပိုနီးကပ်အောင် တိုးလိုက်သည်။

“ကျေးဇူးပြုပြီး သဘောတူပေးပါ၊ ဟွမ်ဟွမ်။ ကိုယ့်ခံစားချက်တွေက ဘယ်တော့မှ မပြောင်းပါဘူး” လက်တစ်ဖက်က သူ့နက်ကတိုင်ရဲ့ ကြိုးထုံးကို ထိလိုက်ပြီး တခြားလက်က ဇောင်ယုဟွမ် ရဲ့ခေါင်းအနောက်ကို ကိုင်လိုက်ကာ သူမအား သူ့အကြည့်နဲ့ ရင်ဆိုင်စေဖို့ ဖိအားပေးလိုက်သည်။ “ကိုယ် မင်းကိုတောင်းဆိုနေတာလို့ ဟွမ်ဟွမ့် ကိုသိစေချင်ရုံပဲ။ ကိုယ့်ကို သဘောကျဖို့အတွက် ဟွမ်ဟွမ့် ကိုတောင်းဆိုနေတာပါ”

ဇောင်ယုဟွမ် ကလုံးဝလန့်သွားခဲ့သည်။

ဟုန်ချန်းမင်း ကသူမကို သဘောကျနေခဲ့မှန်း သူမ သိနေခဲ့သည်။

သို့သော် မမျှော်လင့်ပဲ သူမ မှန်းတာထက်တောင် သူက သူမကို အရမ်းသဘောကျနေခဲ့တာပဲ!

Ding ling ling-

ရုတ်တရက် ဇောင်ယုဟွမ် ရဲ့ဖုန်းက မြည်လာခဲ့သည်။

ဟုန်ချန်းမင်း ကအလျင်အမြန်ပင် သူမလက်က နက်ကတိုင်ကို ဖြေလိုက်ပြီး သူ့ခေါင်းကို ငုံ့ပြီးတော့တောင် သူမလက်ကို ပွတ်သပ်လိုက်သည်။ ဇောင်ယုဟွမ် ကသူမဖုန်းကို ကိုင်လိုက်ပြီး အသက်ရှူသွင်းလိုက်ကာ ပြန်ဖြေလိုက်သည်။

ဝေ့ကျဲ ရဲ့အသံက ထွက်လာခဲ့သည်။ “မစ္စဇောင်၊ မစ္စတာလီ ပြဿနာနည်းနည်းနဲ့ ကြုံနေတယ်။ မဟုတ်ဘူး၊ နည်းနည်း မဟုတ်ဘူး။ အဲ့ဒါက အရမ်းအရမ်းကြီးတဲ့ ပြဿနာဖြစ်နိုင်တယ်”

ဇောင်ယုဟွမ် ကသူမပါးစပ်ကို ဖွင့်လိုက်ပြီး လီရုံ ကဘာမှမလုပ်ပဲ စောင့်ပဲကြည့်နေတာလားလို့ သူမ မေးချင်နေခဲ့သည်။ သို့သော် ထိုအကြောင်းကို သူမ တွေးလိုက်ပြီး သူ့တွင် ရည်ရွယ်ချက်ကောင်း မရှိတာကို နားလည်တာကြောင့် ထိုအမေးကို ထိန်းချုပ်လိုက်သည်။

သူမက ဟုန်ချန်းမင်း ကိုကန်လိုက်သည်။ “လီဂျင်းယွမ် ကပြဿနာထဲ ရောက်နေတယ်”

ဟုန်ချန်းမင်း ကအရမ်းကို မပျော်တော့ပေမဲ့ ကားစက်နှိုးလိုက်သည်။

ဇောင်ယုဟွမ် တွင်ပြဿနာရှိနေခဲ့သည်။ သူမက အရမ်းကို ကာကွယ်လွန်းနေခဲ့သည်။

နောက်ပြီး ဒီပြဿနာက လန်ဂျင်းဇီ၊ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ကြောင့်ပင်။

ဟုန်ချန်းမင်း အတွက် လီဂျင်းယွမ် ကအကြီးမားဆုံး ရန်သူတော်ပင်။

သို့သော် သူက သူ့မိသားစုအဖြစ် သတ်မှတ်နိုင်သေးတာကြောင့် တခြားသူတွေအား သူ့ကို ထိခွင့်မပြုနိုင်ပေ။

20.9.2021 (Mon)
…………………………

Zawgyi

“ျမန္ျမန္ေမာင္း… မဟုတ္ရင္ ယဥ္ထိန္းရဲလာလိမ့္မယ္” ေဇာင္ယုဟြမ္ ကထိုစကားအား သူမပါးစပ္ထဲမွ တြန္းအားေပးကာ ေျပာလိုက္သည္။

ကားထဲ႐ွိေလထုက ခ်က္ခ်င္းပင္ ပ်ံ႕ႏွံ႔သြားသည္။

ေဇာင္ယုဟြမ္ ကလည္း သူမေျပာၿပီးေနာက္ ကေမာက္ကမျဖစ္သြားသလို ခံစားလိုက္ရသည္။

သူမက ႐ိုမန္႔ခံစားခ်က္ေတြကို နားမလည္ႏိုင္တဲ့ သစ္သားတုံးႀကီးလို ခံစားလိုက္ရတယ္…

သို႔ေသာ္ သူမက အခုေလးတင္ ထြက္လာသည့္ ႐ိုမန္႔ခံစားခ်က္ အရိပ္အႁမြတ္ေတြကို ခ်က္ခ်င္း ခ်ိဳးဖ်က္ခ်လိုက္တာေၾကာင့္ အဲ့အတိုင္းပဲ ထပ္လုပ္လိုက္သည္။

ဟုန္ခ်န္းမင္း ရဲ႕မ်က္လုံးတြင္ စိတ္ပ်က္မႈေတြက တျဖည္းျဖည္း ေပၚလာခဲ့သည္။

ေဇာင္ယုဟြမ္ ကသူ႕အၾကည့္ကို မေ႐ွာင္ပဲ သူ႕မ်က္လုံးကို တိုက္႐ိုက္ၾကည့္ေနခဲ့သည္။ သူ႕ဆီက ထိုအမူအရာကို ျမင္လိုက္ၿပီး သူမက ေပ်ာ္သလိုမခံစားရေပ။

သူတို႔ကို ေမာင္ႏွမေတြအျဖစ္ မိဘမဲ့ေဂဟာကေန အိမ္ကိုေခၚလာကာ သူမရဲ႕ေမြးခ်င္းလိုသာ ႐ွိေနခဲ့ေသာ္လည္း ႐ွည္လ်ားသည့္လမ္းတြင္ ဟုန္ခ်န္းမင္း နဲ႔သူမၾကားက အရာေတြက မေျပာင္းလဲဖို႔သာ သူမ ေမွ်ာ္လင့္ေနခဲ့သည္။

သို႔ေသာ္ သိပ္မၾကာခင္မွာပင္ ဟုန္ခ်န္းမင္း ရဲ႕မ်က္လုံးထဲတြင္ စိတ္ပ်က္မႈအစား အႏိုင္ယူဗိုလ္က်မႈက ေပၚလာခဲ့သည္။

ဟုန္ခ်န္းမင္း ကလက္ေလ်ာ့လိုက္ဖို႔ အေတြးေလး တစ္ခုေတာင္ ႐ွိမေနတာ အရမ္းကို႐ွင္းေနေပမဲ့ သူ႕ေျဖ႐ွင္းႏိုင္သည့္ နည္းလမ္းကသာ အစားထိုးဝင္လာခဲ့သည္။

“ဒဏ္ေၾကးေကာက္မွာလား? လိုင္စင္သိမ္းမွာလား? အဲ့ဒါေတြက ျပႆနာမ႐ွိဘူး” ဟုန္ခ်န္းမင္း ကေတာင္တန္းလို တည္ၿငိမ္ေနသည္။ “ဒီအရာေတြကို ကိုယ္တတ္ႏိုင္တယ္”

ဒီအခ်ိန္တြင္ ေဇာင္ယုဟြမ္ ကဘယ္လိုတုန္႔ျပန္ရမွန္း မသိေတာ့ေပ။

သူမက အကူအညီမဲ့စြာ ျပဳံးလိုက္ၿပီး ႐ုတ္တရက္ စိတ္ေလ်ာ့လိုက္ကာ ခုံတြင္မွီလိုက္ၿပီး ထပ္ၿပီးမ႐ုန္းကန္ခ်င္ေတာ့ေပ။

သို႔ေသာ္ ဟုန္ခ်န္းမင္း ကသူမရဲ႕ထိုပုံစံကို ျမင္လိုက္ခ်ိန္တြင္ လုံးဝသက္ေတာင့္သက္သာ ျဖစ္မေနေပ။ ထိုအစား နည္းနည္း စိတ္လႈပ္႐ွားသလို ခံစားေနရသည္။ သူမက ထြက္ေျပးတက္ၿပီး သူမ မလိုခ်င္သည့္ အရာေတြကို ေ႐ွာင္တက္သည့္ ပုံစံမ်ိဳး မဟုတ္ေပ။ တစ္ခုခုကို တည္ၿငိမ္စြာနဲ႔ ညႇိႏိႈင္းဖို႔ ဆုံးျဖတ္လိုက္သည္ႏွင့္ သူမရဲ႕ ေနာက္ဆုံး ဆုံးျဖတ္ခ်က္က မယိမ္းယိုင္ေတာ့ေပ။

သူမအသြင္အျပင္က သိမ္ေမြ႕ေနၿပီး သူမအသံက ထိန္းခ်ဳပ္ထားသည္။ သို႔ေသာ္ သူမနဲ႔ပိုၿပီး ဆက္ဆံေလ သူမရဲ႕စိတ္အတြင္းပိုင္းနဲ႔ အျပင္ပိုင္းက လုံးဝကိုကြာျခားမွန္း သူတို႔နားလည္သြားလိမ့္မည္။

“အိုေက၊ ဒါဆို ဒီအခ်က္ကို ေရာက္ၿပီဆိုတည္းက…”

ဟုန္ခ်န္းမင္း ကသူမစကားအား မေပ်ာ္႐ႊင္စြာျဖင့္ ေႏွာင့္ယွက္လိုက္သည္။ “ဒါက အလ်ဥ္းသင့္လို႔ ျဖစ္လာတာ မဟုတ္ဘူး။ ဒါက ကိုယ္ အၿမဲတမ္း ေျပာခ်င္ေနခဲ့တဲ့ အရာေတြပဲ။ ဒါက ကိုယ့္ႏွလုံးသားထဲမွ ႐ွိေနခဲ့တာ အရမ္းၾကာေနခဲ့ၿပီ” ဟုန္ခ်န္းမင္း ကသူမအား ညိႇဳးေရာ္ေနသည့္ အၾကည့္ျဖင့္ ၾကည့္လိုက္သည္။ “ကိုယ့္ကို ႐ူးေအာင္လုပ္ေနတာပဲ”

ေဇာင္ယုဟြမ္ ရဲ႕အမူအရာက ေအးစက္လာခဲ့သည္။ “အခုေတာ့ စိတ္ေအးေအးထားၿပီး အေလးအနက္ ေျပာရေအာင္”

“အိုေက”

သူမက မေတြးေတာပဲ ႐ုတ္တရက္ သေဘာတူလိုက္ဖို႔ကို သူဆႏၵ႐ွိေနေသာ္လည္း သူလိုခ်င္ေနတာ ႐ွင္းလင္းေနရင္ တည္တည္ၿငိမ္ၿငိမ္နဲ႔ အေလးအနက္ထားၿပီး အခ်ိန္ယူကာ မွ်တတဲ့ ဆုံးျဖတ္ခ်က္ခ်တာက အေကာင္းဆုံးပင္။

ေဇာင္ယုဟြမ္ ကသူမနဖူးကို ႏွိပ္ခ်င္ေနသည္။

သို႔ေသာ္ သူမ ပင္ပန္းေနခ်ိန္တြင္ သူမလက္ေတြက ဟုန္ခ်န္းမင္း ရဲ႕နက္ကတိုင္နဲ႔ အခ်ည္ခံထားရတာကို နားလည္လိုက္သည္။

ဟုန္ခ်န္းမင္း ကသတိျပဳမိသြားၿပီး ခ်က္ခ်င္း တုန္႔ျပန္လိုက္ကာ သူ႕လက္ကိုေျမႇာက္လိုက္ကာ သူမနဖူးအား ပြတ္သပ္ဖို႔ ကူညီလိုက္သည္။ သူ႕ႀကီးမားသည့္လက္က ေႏြးေထြးေနၿပီး သူ႕အားကလည္း သင့္ေတာ္ေနသည္။ ဟုန္ခ်န္းမင္း ကအရင္ကလည္း သူမအား အခုလိုမ်ိဳး မၾကာခဏ ႏွိပ္ေပးဖူးသည္။

ေဇာင္ယုဟြမ္ ရဲ႕အမူအရာက တျဖည္းျဖည္း ေကာင္းမြန္လာခဲ့သည္။

ေဇာင္ယုဟြမ္ ကထိုအေၾကာင္းကို ေတြးလိုက္ၿပီး ေျပာဖို႔ဆုံးျဖတ္လိုက္သည္။ “အရင္က အစ္ကိုခ်န္းမင္း ရဲ႕အေတြးေတြကို နည္းနည္းေတာ့ သတိျပဳမိခဲ့တယ္” ဒီအခ်ိန္တြင္ ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ကိုထည့္မေျပာေပ။ ဒီအခ်ိန္မွာ သူ႕ကို ထည့္ေျပာလိုက္ရင္ ဟုန္ခ်န္းမင္း ရဲ႕ေဒါသကို ထိုးစြ,ေပးသလို ျဖစ္သြားႏိုင္တာေၾကာင့္ ထိုအေၾကာင္းကို ႏႈတ္ဆက္ထားတာ အေကာင္းဆုံးပင္။ သူတို႔အေၾကာင္းအား အ႐ြယ္ေရာက္သူ ႏွစ္ေယာက္လိုမ်ိဳး တည္ၿငိမ္စြာ ေဆြးေႏြးလိုက္သည္။

ဟုန္ခ်န္းမင္း ကလန္႔သြားခဲ့သည္။

ေဇာင္ယုဟြမ္ ကသူမႏႈတ္ခမ္းကို ေစ့လိုက္သည္။ “အစ္ကိုခ်န္းမင္း ကဖုံးကြယ္တာ မေတာ္ဘူး။ ဒါက တကယ့္ကို သိသာေပမဲ့ ဟြမ္ဟြမ္ အေတြးလြန္ေနတာလို႔ပဲ ထင္ခဲ့တာ”

ဟုန္ခ်န္းမင္း ကအလ်င္အျမန္ တုန္႔ျပန္လိုက္ၿပီး ေႏွာင့္ယွက္လိုက္သည္။ “အေတြးလြန္တာ မဟုတ္ဘူး”

“ဘာေၾကာင့္ဆို ဟြမ္ဟြမ္ ကထုတ္ေဖာ္ဖို႔ မႀကိဳးစားခဲ့လို႔ပဲ။ ဟြမ္ဟြမ္ အရင္က ေျပာခဲ့လိုသလိုပဲ၊ မိသားစုအခ်စ္က ႐ိုမန္႔အခ်စ္ထက္ ပိုသန္မာတယ္။ ဒီအရာကို ဟြမ္ဟြမ္ မေျပာင္းလဲခ်င္ခဲ့ဘူး။ ဒါေၾကာင့္ပဲ ဝမ္ေယာင္ခ်န္း ကို႐ိုး႐ိုးေလး ေတြးခဲ့တယ္။ အနာဂတ္မွာ သူ အမွားတစ္ခုခု လုပ္ခဲ့ရင္ – အင္း အခုလိုေပါ့။ သူက စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ လုပ္ခဲ့လို႔ သူ႕ကို ဟြမ္ဟြမ့္ ရဲ႕ပတ္ဝန္းက်င္ကေန တြန္႔ဆုတ္မႈမ႐ွိပဲ ကန္ထုတ္ႏိုင္ခဲ့တာ။ သူက ဟြမ္ဟြမ့္ ကိုလုံးဝမလႊမ္းမိုးႏိုင္ဘူး၊ အနာဂတ္မွာ ဟြမ္ဟြမ္ တို႔အဆက္အဆံ မ႐ွိေတာ့ရင္ေတာင္ ဟြမ္ဟြမ့္ဘဝကို လြတ္လြတ္လပ္လပ္ ေနထိုင္ႏိုင္ေသးတယ္”

ေဇာင္ယုဟြမ္ ကထိုအေၾကာင္းကို ေတြးလိုက္ၿပီး သူမႏွလုံးသား ေအာက္ေျခတြင္ အေတြးေတြကို ဖိႏွိပ္ထားကာ ေျပာလိုက္သည္။ “အစ္ကိုခ်န္းမင္း ကေတာ့ မတူဘူး”

သူမက ေမာ့လိုက္ၿပီး သူ႕အားၾကည့္ကာ အရင္က အႀကိမ္မ်ားစြာ ေခၚခဲ့ဖူးသလိုမ်ိဳး ႏူးညံ့စြာျဖင့္ ေခၚလိုက္သည္။ “အစ္ကိုခ်န္းမင္း”

“ဟြမ္ဟြမ္ တို႔က ၁၃/ ၁၄ ႏွစ္ေလာက္ထဲက ေတြ႕ခဲ့ၾကတာ၊ အဲ့တည္းက အတူတူ ေနခဲ့ၾကတာ…” ေဇာင္ယုဟြမ္ ကထိုအေၾကာင္းကို ေျပာလိုက္ရင္း နည္းနည္း ဝမ္းနည္းသလို ခံစားလိုက္ရသည္။ “မိသားစုေတြက တစ္ေယာက္ရဲ႕ ေသျခင္း၊ ႐ွင္ျခင္းက တစ္ေယာက္အေပၚ မူတည္ေနၾကေပမဲ့ ခ်စ္သူေတြကေကာ? ‘ခင္ပြန္းနဲ႔ ဇနီးတို႔က ျပႆနာၾကဳံခ်ိန္မွာ ကြဲသြားၾကတယ္’ဆိုတဲ့ ေျပာစကားေတြကို ၾကားဖူးလား? အစ္ကိုခ်န္းမင္း ကို ဟြမ္ဟြမ္ ယုံေပမဲ့ တစ္ေန႔မွာ ဟြမ္ဟြမ့္ အေပၚ အစ္ကိုခ်န္းမင္း ရဲ႕ခံစားခ်က္ေတြ ပ်က္ျပယ္သြားရင္ေကာ? ဟြမ္ဟြမ္ က အစ္ကိုခ်န္းမင္း အတြက္ အရမ္းႀကီးမားတဲ့ အေႏွာင့္အယွက္ေပးသူေတာင္ ျဖစ္လာႏိုင္တယ္။ ေနာက္ၿပီး အရင္က ႏွစ္ေပါင္းမ်ားစြာ ေကာင္းမြန္တဲ့ ဆက္ဆံေရးကိုလည္း ျပန္ၿပီးဆက္လို႔ ရမွာမဟုတ္ေတာ့ဘူး”

ဟုန္ခ်န္းမင္း ကသူမေျပာလို႔ ၿပီးသည္အထိ ဖိႏွိပ္ထားခဲ့သည္။

သူ႕လက္ခုံက ေသြးေၾကာေတြက ေဖာင္းလာခဲ့သည္။

“အဲ့ခံစားခ်က္မ်ိဳးကို ဟြမ္ဟြမ္ မၾကဳံခ်င္ဘူး…” ေဇာင္ယုဟြမ္ ရဲ႕အမူအရာက နည္းနည္း ေပ်ာက္ဆုံးေနခဲ့သည္။

ဒီဘဝတြင္ သူမလိုခ်င္တာေတြ ရခဲ့တာေၾကာင့္ ျဖစ္ႏိုင္သည္။

ၿပီးျပည့္စုံသည့္မိသားစု၊ ခ်မ္းသာမႈနဲ႔ က်န္းမာသည့္ခႏၶာကိုယ္။ ဒီႏွစ္ေတြတြင္ သူမ ႀကိဳးစားပမ္းစားလုပ္ဖို႔ မလိုအပ္ေပ… ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ဆိုရင္ သူမနဲ႔အခ်ိန္အၾကာႀကီး ႐ွိေနၾကသည့္ သူတို႔ႏွစ္ေယာက္က ႐ုတ္တရက္ ေျပာင္းလဲသြားခဲ့ရင္ သူမ မခံစားႏိုင္ေလာက္ေပ။

ဟုန္ခ်န္းမင္း ကသူမအား ဆုံး႐ႈံးရမွာကို စိုးတာေၾကာင့္ ထိုအေၾကာင္းေတြေျပာဖို႔ ေၾကာက္ေနခဲ့သည္။

သို႔ေသာ္ သူမလည္း အတူတူပင္…

အခုခ်ိန္ သေဘာတူလိုက္ရင္ သူတို႔ကို ဆုံး႐ႈံးရဖို႔ ဖိအားေပးလိုက္သလို ျဖစ္သြားၿပီး ေနာက္ျပန္လွည့္လို႔ မရေလာက္တဲ့အထိ ေနာက္က်သြားမွာကို သူမ စိုးရိမ္သည္။

ဟုန္ခ်န္းမင္း ကတင္းထားသည့္ သူ႕လက္ေတြကို တျဖည္းျဖည္း ေလ်ာ့လိုက္ၿပီး သူ႕အမူအရာကလည္း ပိုတည္ၿငိမ္လာခဲ့သည္။

သူမမ်က္လုံးေတြက မ်က္ရည္နည္းနည္းဝဲေနတာကို သူသတိျပဳမိလိုက္သည္။

ဟုန္ခ်န္းမင္း ကသူ႕ႏွလုံးသားအား တစ္စုံတစ္ေယာက္က အႀကိမ္ႀကိမ္ ထိုးႏွက္ေနသလိုမ်ိဳး နာက်င္မႈကို ခံစားေနရသည္။

“ဟြမ္ဟြမ္…” ဟုန္ခ်န္းမင္း ကစိတ္ဆိုးမႈနည္းနည္းကို ထုတ္ျပလိုက္ရင္း အရင္က ဗိုလ္က်တက္သည့္ အ႐ွိန္အဝါေတြက လုံးဝေပ်ာက္ကြယ္သြားခဲ့သည္။ “ဟန္ယင္ယင္ က ဟြမ္ဟြမ့္ကို အရင္က ဘာေျပာခဲ့လဲ?”

“ဘာကိုလဲ?”

“သူမက ဟြမ္ဟြမ့္ကို ဝမ္ေယာင္ခ်န္း နဲ႔အၾကံေပးတုန္းက။ သူမ ဘာေျပာခဲ့လဲ?”

ေဇာင္ယုဟြမ္ ကမ်က္ေတာင္ခတ္လိုက္ရင္း သူမရဲ႕မ်က္ရည္ဝဲေနသည့္ မ်က္လုံးက ပိုေတာက္ပသြားေစသည္။ ဒါက သူမကို ပိုလွပေစသလို ပိုသနားဖို႔လည္း ေကာင္းေစသည္။

“မမ်ားပါဘူး။ ဝမ္ဝမ္ တို႔က ဒိတ္ၾကည့္ရင္ အဆိုးႀကီး မျဖစ္ႏိုင္ဘူးလို႔ပဲ ေျပာခဲ့႐ုံပဲ” ေဇာင္ယုဟြမ္ ကႏႈတ္ခမ္းဆူလိုက္ၿပီး ႐ွက္႐ြံ႕မႈနည္းနည္းျဖင့္ ေျပာလိုက္သည္။ “ေနာက္ၿပီး အရင္က တစ္ခါမွ မဒိတ္ဘူးလို႔ စူးစမ္းခ်င္တာ”

“ဒါေပမဲ့ ဒိတ္တာက မလိုဘူး” ဟုန္ခ်န္းမင္း ကနက္႐ိႈင္းသည့္အသံျဖင့္ ေျပာလိုက္သည္။

ထိုစကားကို ေျပာလိုက္ရင္း သူက အနားတိုးကာ ေဇာင္ယုဟြမ္ အားထိုင္ခုံတြင္ ထပ္ဖိလိုက္သည္။ သူက သူ႕အသံအား အရင္ကထက္ ပိုတိုးလိုက္ၿပီး ေျပာလိုက္သည္။ “ဝမ္ေယာင္ခ်န္း ကအဆင္ျပပါတယ္။ တျခားဘယ္သူျဖစ္ျဖစ္ ေကာင္းတယ္၊ ဟြမ္ဟြမ့္ စံႏႈန္းနဲ႔ေတြ႕ၿပီး ဟြမ္ဟြမ့္ကို ေက်နပ္ေစသမွ် သူတို႔က အဆင္ေျပတယ္။ ဒါေပမဲ့ ဟြမ္ဟြမ္ ဒိတ္ခ်ိန္မွာ ဘာလုပ္ရလဲဆိုတာ သိလား? လက္ကိုင္ဖို႔လိုတယ္၊ ဖက္ဖို႔…” သူ႕လက္ေခ်ာင္းေတြက ေဇာင္ယုဟြမ္ ရဲ႕ႏႈတ္ခမ္းကို ထိလိုက္ၿပီး ထိုလက္ေခ်ာင္းက နည္းနည္း ပူေနခဲ့သည္။ “နမ္းဖို႔”

သူက ေဇာင္ယုဟြမ္ ရဲ႕အၾကည့္ကို ဖမ္းခ်ဳပ္ထားလိုက္သည္။ “ေနာက္ၿပီး အတူအိပ္ဖို႔”

ေဇာင္ယုဟြမ္ ကေလာင္ကြၽမ္းသည့္ ခံစားခ်က္ကို ထပ္ခံစားလိုက္ရသည္။

ခ်က္ခ်င္းပင္ မယုံႏိုင္ေလာက္ေအာင္ ႐ွက္သြားခဲ့သည္။
“ေနာက္ၿပီး အဲ့ေလာက္ပဲမဟုတ္ဘူး”

ဟုန္ခ်န္းမင္း ကတစ္ခါမွ မဒိတ္ဖူးေသာ္လည္း ေဇာင္ယုဟြမ္ ကိုလိုက္ဖို႔ ဆုံးျဖတ္လိုက္ခ်ိန္တြင္ သူ႕လက္ေထာက္၊ ဝန္ထမ္းေတြနဲ႔ စီးပြားေရးပါတနာေတြအား ေမးျမန္းတာကို မရပ္ခဲ့ေပ။

“သူတို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ အခ်ိန္အမ်ားႀကီး ျဖဳန္းရမယ္၊ စာအတူဖတ္မယ္၊ အတူစားမယ္၊ အတူတူ ႐ုပ္႐ွင္ၾကည့္မယ္၊ ႐ုပ္႐ွင္႐ုံမွာ လက္ေတြကိုင္ၾကမယ္… အခ်စ္သာမ႐ွိရင္ မခ်စ္တဲ့သူနဲ႔ လုပ္ေနရတာနဲ႔ ခ်စ္တဲ့သူနဲ႔ လုပ္ရတဲ့ၾကားမွာ ဘာေတြကြာျခားသြားမလဲ? ဒါက အေရးပါလား? အဲ့အရာကေန ဟြမ္ဟြမ္ ေပ်ာ္႐ႊင္မႈကို ခံစားရမွာ မဟုတ္ႏိုင္ေတာ့ဘူး။ ဒါက ဟြမ္ဟြမ့္ ရဲ႕အခ်ိန္ေတြကို ျဖဳန္းတီးေနတယ္လို႔သာ ခံစားရလိမ့္မယ္၊ ေနာက္ၿပီး ဟြမ္ဟြမ့္ ရဲ႕သူငယ္ခ်င္းေတြနဲ႔ ပိုေဝးသြားေစတာပဲ ျဖစ္ေစလိမ့္မယ္။ အနည္းဆုံးေတာ့ သူငယ္ခ်င္းမွာ ခံစားခ်က္ေတြက ႐ွိေနေသးတာပဲ။ ဟြမ္ဟြမ္ ကသူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္လည္ခ်ိန္မွာ အနည္းဆုံးေတာ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ရယ္ေမာႏိုင္လိမ့္မယ္”

“ဟြမ္ဟြမ္၊ ဒိတ္တာကို ဟြမ္ဟြမ္ နားမလည္ပါဘူး”

ေဇာင္ယုဟြမ္ ကလန္႔သြားခဲ့သည္။

ဟုန္ခ်န္းမင္း ေျပာေနတာကို သူမ လက္ခံသည္။

အမွန္ကို မိန္းကေလးေတြနဲ႔ ေယာက်ၤားေလးေတြက အတူတူပင္။ သူတို႔လည္း sex စိတ္ဆႏၵေတြ ႐ွိၾကသည္။ သူတို႔ အသက္ရခ်ိန္မွာ ဒါကို ေျဖေလ်ာ့ဖို႔ လိုအပ္တာက သဘာဝပင္။

အစက ထိုအရာေတြကို ေဇာင္ယုဟြမ္ ကိုစိတ္ထဲမထားခဲ့ေပမဲ့ ဟုန္ခ်န္းမင္း ေျပာလာခ်ိန္တြင္ တစ္ခုခု မွားယြင္းေနသလို သူမ ခံစားလိုက္ရသည္။

ခံစားခ်က္သာ မ႐ွိဘူးဆိုရင္ ဘာကအေရးႀကီးလဲ?

စိတ္ေဖ်ာ္ေျဖလိုမႈမ်ိဳးနဲ႔ေတာင္ ေယာက်ၤားတစ္ေယာက္ကို ငါ သေဘာမက်ႏိုင္တာ မဟုတ္ဘူး…

႐ုပ္ရည္- အသိဉာဏ္…

တူညီတဲ့မ်က္ႏွာကို ထပ္တလဲလဲ ျမင္ေနရတာက ပင္ပန္းႏိုင္လိမ့္မယ္။

ေဇာင္ယုဟြမ္ ကထိုအေၾကာင္းကို စဥ္းစားလိုက္သည္။ သူမ တကယ္ဒိတ္ၿပီး တျခားလူနဲ႔ အခ်ိန္အမ်ားႀကီး ျဖဳန္းမယ္ဆိုရင္ ဒါေတြအားလုံးကို သူမ တကယ္ႀကီး လက္ခံႏိုင္မွာ မဟုတ္ဘူး။

ဟုန္ခ်န္းမင္း ေျပာသလို သူမက တျခားတစ္ခု လုပ္သလိုမ်ိဳး ဒိတ္တာကို စိတ္ဝင္စားဖို႔ မသင့္ေၾကာင္း ေတြးမိသြားသည္။ ဒိတ္တာက လုံးဝကို အခ်ိန္ျဖဳန္းတာပဲ!

တခ်ိဳ႕အရမ္းအေရးႀကီးတဲ့ အရာေတြကို သူမ လြဲမသြားခ်င္ဘူး။

သူမဒိတ္ျခင္းက ေပ်ာ္႐ႊင္မႈပုံစံမ်ိဳးပင္။

သူမ မေပ်ာ္ႏိုင္ရင္ ဘာလုပ္ေနမွာလဲ?

ဒါေပမဲ့… ဒါေပမဲ့ သူမက ဟုန္ခ်န္းမင္း နဲ႔ဒိတ္ႏိုင္တယ္လို႔ေတာ့ မဆိုလိုဘူး!

ေဇာင္ယုဟြမ္ ကေမာ့လိုက္ၿပီး ဟုန္ခ်န္းမင္း ရဲ႕အၾကည့္နဲ႔ ထပ္ဆုံသြားခဲ့သည္။

ဟုန္ခ်န္းမင္း ရဲ႕အသံက တိုးလ်ကာ အက္႐ွေနသည္။ “ဟြမ္ဟြမ္ စိုးရိမ္ေနတာကို ကိုယ္သိတယ္၊ ဒါေပမဲ့ ဟြမ္ဟြမ္ ဒိတ္ခ်င္တယ္ဆိုရင္ စစ္မွန္တဲ့ဆက္ဆံေရးမွာ အျပည့္အဝခံစားႏိုင္ဖို႔ တစ္ဖက္လူအေပၚ ဟြမ္ဟြမ္ ခံစားခ်က္ေတြ ႐ွိေနရလိမ့္မယ္။ အတုအေယာင္ဆိုရင္ေကာ? ဟြမ္ဟြမ္ ကိုယ့္ကိုမခ်စ္တာ အဆင္ေျပတယ္၊ ကိုယ္ကေတာ့ ဟြမ္ဟြမ့္ ကိုခ်စ္တယ္”

သူက သူမအား အခြင့္အေရးရဖို႔ေစာင့္ေနသည့္ သားရဲေကာင္လိုမ်ိဳး စိုက္ၾကည့္ေနခဲ့သည္။

ေဇာင္ယုဟြမ္ ကေမးခ်င္တာကို မထိန္းခ်ဳပ္ႏိုင္ေပ။ “အစ္ကိုခ်န္းမင္း ကဘာေၾကာင့္ ဟြမ္ဟြမ့္ကို သေဘာက်တာလဲ? ႐ိုမန္႔အခ်စ္ကို မိသားစုအခ်စ္နဲ႔ မွားေနတာ ျဖစ္ႏိုင္မလား?”

ဟုန္ခ်န္းမင္း ကတင္းမာစြာျဖင့္ သူ႕ေခါင္းကို ခါလိုက္သည္။ “မဟုတ္ဘူး၊ ကိုယ္အဲ့လိုမထင္ဘူး။ ကိုယ္က မင္းကို သေဘာက်႐ုံပဲ။ ဒါအတြက္ အေၾကာင္းျပခ်က္မ႐ွိဘူး”

“ဘယ္လိုလုပ္ၿပီး အေၾကာင္းျပခ်က္ မ႐ွိရတာလဲ?” ေဇာင္ယုဟြမ္ ကစြံအ,ၿပီး ႐ႈပ္ေထြးေနသည့္ အမူအရာကို ျပလိုက္သည္။

“ကိုယ္ မင္းကို သေဘာက်တဲ့အေၾကာင္း အားလုံးထဲက ထုတ္ေျပာရရင္ မင္းက ေက်နပ္ေစလို႔ ကိုယ္ သေဘာက်တာပဲ ျဖစ္ႏိုင္တယ္။ ဒါေပမဲ့ အဲ့လိုဆိုရင္ တျခားေက်နပ္ေစမဲ့လူေကာ သေဘာမက်ႏိုင္ဘူးလား?” ဟုန္ခ်န္းမင္း ကသူအား ျပတ္သားစြာ ၾကည့္လိုက္သည္။ “တျခားလူေတြရဲ႕ ခံစားခ်က္က ေျပာင္းလဲႏိုင္ရင္ေတာင္ ကိုယ္ကေတာ့ ဘယ္ေတာ့မွ ေျပာင္းလဲသြားမွာ မဟုတ္ဘူး”

ေဇာင္ယုဟြမ္ ကသူမေခါင္းကို ငုံ႔လိုက္ၿပီး ခဏေလာက္ တိတ္သြားခဲ့သည္။ “ဟြမ္ဟြမ့္ကို ခဏေလာက္ ေတြးခြင့္ျပဳ”

ဟုန္ခ်န္းမင္း ကသူ႕လက္ကို ေျမႇာက္လိုက္ၿပီး သူမဆံပင္ကို ထိလိုက္သည္။ “ဒါက မတူဘူးလို႔ ဟြမ္ဟြမ္ ေျပာခဲ့တယ္၊ အင္း၊ ကိုယ့္အတြက္ေတာ့ အတူတူပဲ။ ကိုယ့္အတြက္ေတာ့ ဟြမ္ဟြမ့္ ကသီးသန္႔ပဲ၊ တျခားသူေတြနဲ႔ လုံးဝျခားနားတယ္”

“ဟြမ္ဟြမ့္စိတ္ ေျပာင္းသြားမွာကိုသာ ကိုယ္က ေၾကာက္မိတာ။ ဟြမ္ဟြမ္ ကကိုယ့္ကို ထားခဲ့ၿပီး ကိုယ္ပိုင္မိသားစု ဖန္တီးလိုက္မွာကို ကိုယ္ေၾကာက္တယ္။ အဲ့ေန႔သာ တကယ္ေရာက္လာရင္…”

ဟုန္ခ်န္းမင္း ရဲ႕အသံက ႐ုတ္တရက္ ေျပာင္းလဲသြားၿပီး ေအးစက္မႈနည္းနည္း ပါဝင္ေနသည္။ “ကိုယ္ ႐ူးသြားလိမ့္မယ္၊ ဟြမ္ဟြမ္”

ေဇာင္ယုဟြမ္ ကသူမေခါင္းကို ေမာ့လိုက္ၿပီး သူ႕အား ၾကည့္လိုက္သည္။

သူမတစ္ကိုယ္လုံးအား မ်ိဳခ်ခ်င္ေနသလိုမ်ိဳး သူ႕မ်က္လုံးက အရင္ကထက္ပင္ ပိုေတာက္ပေနသည္။

ဟုန္ခ်န္းမင္း ကသူမနားနားကို ကပ္လိုက္ၿပီး ေဇာင္ယုဟြမ္ ရဲ႕ခႏၶာကိုယ္နဲ႔ ပိုနီးကပ္ေအာင္ တိုးလိုက္သည္။

“ေက်းဇူးျပဳၿပီး သေဘာတူေပးပါ၊ ဟြမ္ဟြမ္။ ကိုယ့္ခံစားခ်က္ေတြက ဘယ္ေတာ့မွ မေျပာင္းပါဘူး” လက္တစ္ဖက္က သူ႕နက္ကတိုင္ရဲ႕ ႀကိဳးထုံးကို ထိလိုက္ၿပီး တျခားလက္က ေဇာင္ယုဟြမ္ ရဲ႕ေခါင္းအေနာက္ကို ကိုင္လိုက္ကာ သူမအား သူ႕အၾကည့္နဲ႔ ရင္ဆိုင္ေစဖို႔ ဖိအားေပးလိုက္သည္။ “ကိုယ္ မင္းကိုေတာင္းဆိုေနတာလို႔ ဟြမ္ဟြမ့္ ကိုသိေစခ်င္႐ုံပဲ။ ကိုယ့္ကို သေဘာက်ဖို႔အတြက္ ဟြမ္ဟြမ့္ ကိုေတာင္းဆိုေနတာပါ”

ေဇာင္ယုဟြမ္ ကလုံးဝလန္႔သြားခဲ့သည္။

ဟုန္ခ်န္းမင္း ကသူမကို သေဘာက်ေနခဲ့မွန္း သူမ သိေနခဲ့သည္။

သို႔ေသာ္ မေမွ်ာ္လင့္ပဲ သူမ မွန္းတာထက္ေတာင္ သူက သူမကို အရမ္းသေဘာက်ေနခဲ့တာပဲ!

Ding ling ling-

႐ုတ္တရက္ ေဇာင္ယုဟြမ္ ရဲ႕ဖုန္းက ျမည္လာခဲ့သည္။

ဟုန္ခ်န္းမင္း ကအလ်င္အျမန္ပင္ သူမလက္က နက္ကတိုင္ကို ေျဖလိုက္ၿပီး သူ႕ေခါင္းကို ငုံ႔ၿပီးေတာ့ေတာင္ သူမလက္ကို ပြတ္သပ္လိုက္သည္။ ေဇာင္ယုဟြမ္ ကသူမဖုန္းကို ကိုင္လိုက္ၿပီး အသက္႐ွဴသြင္းလိုက္ကာ ျပန္ေျဖလိုက္သည္။

ေဝ့က်ဲ ရဲ႕အသံက ထြက္လာခဲ့သည္။ “မစၥေဇာင္၊ မစၥတာလီ ျပႆနာနည္းနည္းနဲ႔ ၾကဳံေနတယ္။ မဟုတ္ဘူး၊ နည္းနည္း မဟုတ္ဘူး။ အဲ့ဒါက အရမ္းအရမ္းႀကီးတဲ့ ျပႆနာျဖစ္ႏိုင္တယ္”

ေဇာင္ယုဟြမ္ ကသူမပါးစပ္ကို ဖြင့္လိုက္ၿပီး လီ႐ုံ ကဘာမွမလုပ္ပဲ ေစာင့္ပဲၾကည့္ေနတာလားလို႔ သူမ ေမးခ်င္ေနခဲ့သည္။ သို႔ေသာ္ ထိုအေၾကာင္းကို သူမ ေတြးလိုက္ၿပီး သူ႕တြင္ ရည္႐ြယ္ခ်က္ေကာင္း မ႐ွိတာကို နားလည္တာေၾကာင့္ ထိုအေမးကို ထိန္းခ်ဳပ္လိုက္သည္။

သူမက ဟုန္ခ်န္းမင္း ကိုကန္လိုက္သည္။ “လီဂ်င္းယြမ္ ကျပႆနာထဲ ေရာက္ေနတယ္”

ဟုန္ခ်န္းမင္း ကအရမ္းကို မေပ်ာ္ေတာ့ေပမဲ့ ကားစက္ႏိႈးလိုက္သည္။

ေဇာင္ယုဟြမ္ တြင္ျပႆနာ႐ွိေနခဲ့သည္။ သူမက အရမ္းကို ကာကြယ္လြန္းေနခဲ့သည္။

ေနာက္ၿပီး ဒီျပႆနာက လန္ဂ်င္းဇီ၊ ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ေၾကာင့္ပင္။

ဟုန္ခ်န္းမင္း အတြက္ လီဂ်င္းယြမ္ ကအႀကီးမားဆုံး ရန္သူေတာ္ပင္။

သို႔ေသာ္ သူက သူ႕မိသားစုအျဖစ္ သတ္မွတ္ႏိုင္ေသးတာေၾကာင့္ တျခားသူေတြအား သူ႕ကို ထိခြင့္မျပဳႏိုင္ေပ။

20.9.2021 (Mon)
…………………………

[text_hash] => aed8bd48
)

//qc
//QC2