ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 97❇️ သူကဇာတ်လိုက်လေ!
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 97❇️ သူကဇာတ်လိုက်လေ!

Array
(
[text] =>

Unicode

သို့သော် လက်တွေ့တွင် အရင်က တစ်ခါသာ ဗိုက်အောင့်ဖူးသည်။ ဒါက အလယ်တန်းတုန်းက ဖြစ်ပြီး ဟုန်ချန်းမင်း ကသူမကို စားဖို့အတွက် အိမ်သို့ကျောပိုးကာ ပြန်သယ်သွားခဲ့သည်။ နောက်ပိုင်းတွင် သူမအား အချိန်မှန်စားဖို့ မိသားစုဆရာဝန်က ပြောခဲ့သည်။ ဒီအကြောင်းကို သူက နှစ်အများကြီး ကြာပြီးတာတောင် မှတ်မိနေတုန်းပဲလား?

ထိုအချိန်တွင် ဇောင်ယုဟွမ် ကသူမနှလုံးသားတွင် နားမလည်နိုင်သည့် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။

သူတို့နဲ့ အချိန်အကြာကြီး နေခဲ့တာကြောင့် သူမရဲ့အကဲဖြတ်နိုင်မှုက ရှုပ်ထွေးလာခဲ့သည်။ အချိန်ကုန်လာသည်နှင့် သူတို့က သူမအား ကောင်းကောင်း ဆက်ဆံပေးတာကြောင့် သူတို့အပြုအမူတွေက ထူးဆန်းနေတာကို သူမအာရုံမစိုက်မိတာက အကျင့်လိုဖြစ်နေခဲ့သည်။

အမေက သူတို့အတွက် ဘယ်လိုချက်ပြုတ်ပေးလဲ၊ သူတို့အဝတ်တွေကို လျှော်ဖွတ်ပေးတာတွေကို မမှတ်မိနိုင်တာနဲ့ တူနေသည်။

သူမက ထိုအရာကို သတိပြုမိခဲ့သော်လည်း နောက်ပိုင်းတွင်တော့ ထူးခြားသည့် အရာလိုမျိုး မခံစားခဲ့ရပေ။

သို့သော် ဟုန်ချန်းမင်း ကတခြားလူတွေရှေ့ ကင်မရာရှေ့တွင် ပုံမှန်လို ထုတ်ပြောလာချိန်တွင် ဇောင်ယုဟွမ် ရဲ့ရင်ဘတ်က တောင့်တင်းလာပြီး ငိုချင်သလို ဖြစ်လာခဲ့သည်။

ဇောင်ယုဟွမ် ကသူမလက်နဲ့ မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး ဆက်ကြည့်လိုက်သည်။

လီဂျင်းယွမ် ကလည်း ထိုအင်တာဗျူးကို ကြည့်နေခဲ့သည်။

ဝေ့ကျဲ နဲ့သူ့လက်ထောက်ကလည်း တစ်ခန်းထဲ သူ့ဘေးတွင် ကြည့်နေခဲ့သည်။

“မစ္စတာဟုန် ကမစ္စဇောင် အပေါ်အရမ်းကောင်းတာပဲ” အမျိုးသမီး လက်ထောက်က ပြောလိုက်သည်။ “သူ့လို အစ်ကိုကြီးမျိုး ရှိချင်လိုက်တာ”

လီဂျင်းယွမ် ကဗီဒီယိုကို ပိတ်လိုက်ပြီး ရုတ်တရက် သူ့ခေါင်းကို လှည့်လိုက်သည်။ “ငါကကော ဟွမ်ဟွမ့် အပေါ် မကောင်းပေးလို့လား?”

အမျိုးသမီး လက်ထောက်က စွံ့အ,သွားပြီး သူ့မေးခွန်းကို ပြန်မဖြေနိုင်တော့ပေ။

ဝေ့ကျဲ ကချောင်းဟန့်လိုက်ပြီး အလျင်အမြန်ပင် ငြင်းပယ်လိုက်သည်။ “ဟုတ်တာပေါ့၊ မစ္စတာလီ ကအရမ်းကောင်းတာ။ မစ္စတာလီ နိုင်ငံခြားမှာ မော်ဒယ်လ်လုပ်တုန်းက မစ္စဇောင် အတွက် လက်ဆောင်ကို သေချာဂရုစိုက်ပေးခဲ့တာလေ”

“မှန်တယ်…” လီဂျင်းယွမ် ကပြန်တွေးလိုက်သည်။ “နှစ်တွေကုန်သွားတော့ ခဏလေးလိုပဲ”

“ငါ့အင်တာဗျူးက ဒီနေ့မလား?”

“ဟုတ်တယ်”

“ဒါဆို သွားရအောင်”

ဝေ့ကျဲ ကစိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။ “အာ၊ အိုကေ၊ သွားရအောင်”

နှစ်နာရီကြာပြီးနောက် လီဂျင်းယွမ် ကအင်တာဗျူးဖို့ စင်နောက်ကို ရောက်သွားသည်။

“အင်တာနက်ပေါ်က သတင်းတွေကို မြင်မိလားဆိုတာ မေးလို့ရနိုင်လား?”

“ဘယ်သတင်းလဲ?”

“မစ္စတာလီ ကမိဘမဲ့မဟုတ်ပဲ ဂျင်းဟွာအုပ်စုက အမွေဆက်ခံသူဆိုတာကိုလေ။ အဲ့ဒါကို မေးလို့ရနိုင်မလား?”

“အရင်က အင်တာဗျူးမှာ သေချာပြောခဲ့ပြီးပြီလို့ထင်တယ်။ ကျွန်တော်က မိဘမဲ့ပဲ၊ အဖိုးဒင် ကမွေးစားခဲ့တာ။ မှန်တာပေါ့၊ ဂျင်းဟွာအုပ်စု နဲ့ဆက်နွယ်နေတာက မမှားပေမဲ့ သေချာသိချင်ရင်တော့ ဂျင်းဟွာအုပ်စုက ဥက္ကဌကို တိုက်ရိုက်သွားမေးနိုင်ပါတယ်။ သူက အခု ဟိုက်ရှီ မှာရှိနေတယ်”

လီဂျင်းယွမ် ကပြဿနာအား အလွယ်တကူပင် လီရုံ ဆီလွှဲပေးလိုက်သည်။

မေးမြန်းသူက ကို့ယို့ကားယားဖြင့် ရယ်လိုက်သည်။ “အို၊ ဟဟ”

သူတို့ လီရုံ ကိုအင်တာဗျူးဗျူး မဗျူးဗျူး ပြဿနာကရှိနေတာပဲ!

“တခြားရှိသေးလား?” လီဂျင်းယွမ် ကအင်တာဗျူးကို ထိန်းလိုက်သည်။ သူက ပြုံးလိုက်ပြီး သူ့နူးညံ့သည့် အပြုံးတွင် ဖိအားနည်းနည်း ပါဝင်နေသည်။ “အမ်? ကျွန်တော်နဲ့ ဟွမ်ဟွမ် တို့ရဲ့နေ့စဉ်ဘဝ အကြောင်းကိုကော မမေးတော့ဘူးလား?”

မေးမြန်းသူက လန့်သွားခဲ့သည်။

ဘာကြောင့် ဒီလိုအရာတွေကို မျှဝေချင်နေရတာလဲလို့ မေးမြန်းသူက တွေးလိုက်သည်။

မေးမြန်းသူက သူ့ပေါင်ပေါ်က မှတ်စုကို ကြည့်လိုက်သည်။ ထိုမေးခွန်းက ရှိနေသည်။ သို့သော် ဟုန်ချန်းမင်း ကဖြေပြီးပြီ ဖြစ်တာကြောင့် အခုတော့…

ဘာပဲဖြစ်ဖြစ်၊ မေးလိုက်ရုံပဲ။ ဒီမေးခွန်းကို ဖန်တွေကလည်း စိတ်ဝင်စားနေကြမှာပဲလေ။

“မစ္စတာလီ နဲ့မစ္စဇောင် တို့ရဲ့နေ့စဉ်ဘဝအကြောင်းကို မေးလို့ရနိုင်မလား? ဖန်တွေကလည်း စိတ်ဝင်စားမယ်ဆိုတာ သေချာတယ်”

“ဟုန်ချန်းမင်း ပဲချက်ပြုတ်တာကို သိတာမဟုတ်ပါဘူး” လီဂျင်းယွမ် ကပြုံးလိုက်ပြီး ဟုန်ချန်းမင်း ရဲ့အင်တာဗျူးအား နှောက်ယှက်လိုက်သည်။ “ဟွမ်ဟွမ် ကတရုတ်စာ စားရတာကြိုက်တယ်။ အထူးသဖြင့် နိုင်ငံခြားမှာ ရှိနေရင် သူမက တရုတ်စာပဲစားတက်တယ်။ အဲ့ဒါကြောင့် နိုင်ငံခြားမှာတုန်းက ဟုန်ချန်းမင်း နဲ့ကျွန်တော်က ချက်ပြုတ်ဖို့ကို လေ့လာခဲ့ကြတယ်။ ကျွန်တော်တို့ကို ချက်ပြုတ်သင်တန်းက ဆရာကပေးထားတဲ့ စာဖိုးမှူးခေါင်းဆောင်းတောင် ရှိသေးတယ်”
လီဂျင်းယွမ် ကပြုံးလိုက်သည်။ “ကျွန်တော်တို့ ဘာတွေမသင်ခဲ့လဲဆိုတာ မေးနိုင်မလား? နည်းနည်းလေးလောက်ပေါ့၊ နည်းနည်းလေးပဲ”

“ဘယ်လိုမျိုး?”

“ဥပမာပေးဖို့တော့ မရှိဘူး။ ကျွန်တော်တို့က ရေကူးတာ၊ လက်ဝှေ့ထိုးတာ၊ ဒိုက်ဗင်၊ လက်ဖက်ရည်ဖျော်တာ၊ ဓာတ်ပုံရိုက်တာကို အထူးသီးသန့် သင်ခဲ့တယ်။ နောက်ပြီး ပုံဆွဲတာ၊ ပီယာနို၊ တယော… အဲ့ဒါတွေကို ဟွမ်ဟွမ် ကအကြိုက်ဆုံးပဲ။ သူမက နိုင်ငံခြားမှာကော တရုတ်ပြည်မှာကော ပြပွဲခန်းလေး ရှိတယ်။ အို၊ သူမက ဘဲလေးအက,ကိုလည်း သိသေးတယ်၊ နောက်ပြီး ဆုတောင် ရခဲ့သေးတယ်။ အထက်တန်းတုန်းက နှစ်ကုန်အကပွဲအတွက်ကြောင့် ကျွန်တော်လည်း အက,ကို လေ့လာခဲ့သေးတယ်။ အဲ့မှာ လူတိုင်းက ပါတနာ ရှာကြတယ်လေ။ ကျွန်တော်က ဟွမ်ဟွမ် ရဲ့ပါတနာ ဖြစ်နိုင်မယ်လို့ တွေးမိပြီး သတန်းတွေ တက်ခဲ့တာ။ ဆရာမရဲ့ ခြေထောက်ကို အကြိမ်ကြိမ် နင်းမိပြီးနောက်မှာတော့ အောင်မြင်သွားခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ဟွမ်ဟွမ် က ဟုန်ချန်းမင်း နဲ့ပဲ က,ခဲ့တယ်။ နောက်နှစ်မှာတော့ ဟွမ်ဟွမ် ကကျွန်တော်တို့တွေ အတူတူ က,ကြဖို့ ကတိပေးခဲ့ပေမဲ့ ကံမကောင်းတာက သူမက အတန်းကျော်ပြီး တက္ကသိုလ်ကို သွားခဲ့တယ်…”

လီဂျင်းယွမ် ကထိုအကြောင်းကို ပြောလိုက်ချိန်တွင် သူက ကင်မရာကို စိုက်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် အတိတ်အကြောင်းအား ပြန်အမှတ်နေသည့် အမူအရာကို ထုတ်ပြလိုက်သည်။ “ဟွမ်ဟွမ်၊ ကိုယ်နဲ့ အတူတွဲက,ပေးဖို့ အကြွေးကျန်သေးတယ်နော်”

ဟုန်ချန်းမင်း ရဲ့အင်တာဗျူးက အွန်လိုင်းပေါ် ထုတ်လွှင့်ခဲ့ပေမဲ့ လီဂျင်းယွမ် ရဲ့အင်တာဗျူးက ထွက်လာချိန်တွင် ကြီးမားသည့် ဆူနာမီလှိုင်းက ဖြစ်လာခဲ့သည်။

“အစ်ကိုလေးလီ နဲ့ဟုန်လေး တို့က အွန်လိုင်းပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေကြတာလား?”

“OMG! ဟုန်လေး ရဲ့ရည်းစားပါဝါက အပြင်းဆုံးပဲ! တူရကူတုန်းက ရိုက်ကွင်းကို ငါဘယ်နှကြိမ်တောင် ကြည့်မိလဲဆိုတာ ဘုရားသာသိလိမ့်မယ်!”

“ငါလည်း အစ်ကိုလေးလီ နဲ့က,ချင်တယ် QwQ”

“အပေါ်က အိမ်မက်မက်နေတာ ရပ်လိုက်တော့၊ လီဂျင်းယွမ် နဲ့သာ တွဲက,ရင် သူ့ခြေထောက်ပဲ တက်နင်းမိလိမ့်မယ်! @ယုဟွမ် မင်းဘယ်အချိန် အက,အကြွေးကို ပြန်ဆပ်မှာလဲ? အားးး! @Top_Speed_Offical စုဆောင်းနိုင်တယ်!”

“ဒီအင်တာဗျူး ထွက်လာတာနဲ့ ဟုန်လေး နဲ့ လီဂျင်းယွမ် တို့က တိုက်ခိုက်နေကြတာ မဖြစ်နိုင်ဘူးလား? နောက်ပြီး ဒီအင်တာဗျူးအောက်မှ ဆွေးနွေးနေတာက အရမ်းကို သိသာတာပဲလေ!”

လူထုရဲ့ ပြောဆိုမှုအောက်တွင် ‘အရှိန်နှုန်းမြင့်’တွင် ဇောင်ယုဟွမ် နဲ့ လီဂျင်းယွမ် တို့အား ငါးပိုင်းမြောက်တွင် အက,ကို စီစဉ်ပေးခဲ့ရသည်။

သတင်းတွေကို သိလိုက်ရသည့် ဇောင်ယုဟွမ် : “…”

ထိုဖုန်းကောကို လက်ခံရပြီးနောက် သူမက သူတို့အင်တာဗျူးတွေကို သေသေချာချာ ပြန်ကြည့်လိုက်သည်။

အက… သူမ တကယ်ကြီးကို မေ့နေခဲ့တာ။
ဇောင်ယုဟွမ် ကအပြစ်ရှိသလိုမျိုး နည်းနည်းလောက် ခံစားလိုက်ရပေမဲ့ ရှက်ရွံ့မှုကိုလည်း ခံစားလိုက်ရသည်။ နောက်ပြီး လီဂျင်းယွမ် ကကင်မရာရှေ့တွင် ပြောခဲ့တာကြောင့် သူ့တကယ့် နှလုံးသားအား တစ်ကမ္ဘာလုံးက လူတိုင်းရှေ့တွင် ထုတ်ပြလိုက်တာနဲ့ တူနေသည်။

ထိုအချိန်တွင် လီဂျင်းယွမ် ကနန်ချန်း တွင်ရှိနေခဲ့သည်။ အရည်အချင်းရှိုးမှ ကောင်လေးအုပ်စုနဲ့ ကောင်မလေးအုပ်စုကလည်း သူနဲ့အတူ ရှိနေကြသည်။

ရှိုးပွဲတွင် လီဂျင်းယွမ် ကသူ့လက်ထောက်/ ဝေ့ကျဲ တို့မပါပဲ တစ်ယောက်တည်းသာ အဝတ်လဲခန်းကို သွားလိုက်သည်။

သူဖုန်းထုတ်ပြီး ဇောင်ယုဟွမ် ဆီကို ခေါ်တော့မဲ့အချိန်တွင် သူ့နောက်မှ အသံတစ်သံက ထွက်လာခဲ့သည်။

“မစ္စတာလီ”

အသံက နည်းနည်း ရင်းနှီးနေသည်။

လီဂျင်းယွမ် ကခေါင်းမော့လိုက်ပြီး မြင်လိုက်ရသည်… ဒီအမျိုးသမီးရဲ့ နာမည်က ဘာပါလိမ့်? လီဂျင်းယွမ် ကရပ်လိုက်ပြီးနောက် သူမက ‘အချိန်ခရီးသွားခြင်း’မှ လင်းလန် ဆိုတာကို မှတ်မိသွားသည်။

သူမက ဇောင်ယုဟွမ် နဲ့ ဟုန်ချန်းမင်း တို့လို ဖျော်ဖြေရေးလောကမှ မဟုတ်သော်လည်း သူမတည်ရှိမှုက နည်းပါးသည်။

“ဘာကိစ္စရှိလို့လဲ?” လီဂျင်းယွမ် ကယဉ်ကျေးမှုဖြင့် ပြန်မေးလိုက်သည်။

သူမက ‘အချိန်ခရီးသွားခြင်း’မှာ ရှိတုန်းကနဲ့ယှဉ်ရင် လင်းလန် ကတော်တော်လေး ပြောင်းလဲသွားခဲ့သည်။

သူမက ပထမပိုင်းတွင် ရိုင်းစိုင်းသည့်ပုံစံ ဝတ်ခဲ့တာကိုသာ လီဂျင်းယွမ် နည်းနည်းသာ မှတ်မိသည်။ သူမက ထင်ပေါ်ဖို့ ကြိုးစားခဲ့တယ်ဆိုတာ သိသာသည်။

အခုတော့ လင်းလန် ကအဝါဖျော့ရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး သူမကောက်ကြောင်းနဲ့ အတိကျနေကာ သူမအား ချောမွေ့ပြီး နူးညံ့ပုံဖြစ်စေသည်။ သူမရဲ့ပြိုင်ဘက်ကင်းသည့် စိတ်ထားကလည်း ဖျော်ဖြေရေးလောကမှ လူတွေအား မူးဝေစေနိုင်သည်။

သို့သော် လီဂျင်းယွမ် ကတော့ သူမအား တစ်ချက်လောက်သာ အတည်ပြု ကြည့်လိုက်သည်။

လင်းလန် က လီဂျင်းယွမ် ရဲ့တုန့်ပြန်မှုကို စူးစမ်းနေခဲ့သည်။ လီဂျင်းယွမ် ကသူမအား ကြည့်နေချိန်တွင် ဘာဖြစ်မလဲဆိုတာ သိနေတာကြောင့် သူမနှလုံးသားက အရှိန်မြင့်လာခဲ့သည်။

မကြာခင်ကမှ သူမ တွေ့ရှိခဲ့သည်…

သူမက တကယ့်ကို ဝတ္ထုထဲမှ ဇာတ်ကောင်ဖြစ်နေတယ်!

အရင်က များပြားလွန်းသည့် ခက်ခဲမှုတွေကို သူမ ခံစားခဲ့ရတာကြောင့် ကောင်းကင်ဘုံက သူမအတွက် အခွင့်အရေးအနေနဲ့ ဝတ္ထုမှ ဇာတ်လိုက်မအဖြစ် ဖန်တီးပေးခဲ့တာပဲ!

ဇာတ်လိုက်အရှိန်အဝါနဲ့!

သူမဘာသာ ဇာတ်ကြောင်းကို စီစစ်ပြီးနောက် လင်းလန် ကcomeback လုပ်ဖို့အတွက် ချက်ချင်းပင် စတင်ခဲ့သည်။ ပထမက ယင်ချီချီ နဲ့ ဂူယူလင်း ကအင်တာနက်ပေါ်တွင် ဝေဖန်ခံနေရချိန် သူမကတော့ ဆန့်ကျင်စွာပင် အွန်လိုင်းတွင် အောင်မြင်မှု နည်းနည်းရခဲ့ပြီး သစ္စာရှိသည့် ဖန်တချို့ကိုလည်း ရခဲ့သည်။ မကြာခင်မှာ သူမက ဝမ်ယောင်ချန်း ရဲ့စတူဒီယိုတွင် လက်မှတ်ထိုးခဲ့ပြီး ထိုနေရာတွင် ငယ်ရွယ်သည့် အမျိုးသမီး အနုပညာရှင် ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် အမျိုးသမီးတွေအတွက် စတူဒီယိုရဲ့ အောင်မြင်မှုက သူမအပေါ် ရောက်လာခဲ့တာကြောင့် သူမကောင်းကောင်း လုပ်နိုင်ခဲ့သည်။

သူမဖန်တွေက တဖြည်းဖြည်း များပြားလာတာကို မြင်လိုက်ပြီး လင်းလန် ကအရမ်းကို စိတ်ကျေနပ်ခဲ့သည်။
ဒီနေ့မတိုင်ခင် သူမက သူငယ်ချင်း တစ်ယောက်ရဲ့ နာမည်ကျော်ကြားမှုကို အသုံးချကာ သူမအေးဂျင့် ရဲ့ထောက်ခံချက်ဖြင့် ထိုနေရာကို ရောက်လာခဲ့သည်။

ထို့နောက်တွင် မတော်တဆ လီဂျင်းယွမ် နဲ့ဆုံခဲ့သည်။

သူက ဝတ္ထုထဲမှ ဇာတ်လိုက်ဖြစ်တာကို လင်းလန် သိခဲ့ရတယ်!

စာအုပ်ထဲတွင် သူမ ဒီလိုမျိုး ဝတ်လိုက်တာကို မြင်လိုက်ချိန်တွင် သူက လုံးဝကိုအံ့ဩသွားခဲ့ပြီး သူမက ဖျော်ဖြေရေးလောကမှ တခြားအနုပညာရှင် အမျိုးသမီးတွေနဲ့ မတူဘူးလို့ ခံစားခဲ့ရသည်။

သို့သော် လင်းလန် ကစိုက်ကြည့်နေတုန်း လီဂျင်းယွမ် ကယဉ်ကျေးသော်လည်း မထူးခြားစွာပင် အကြည့်လွှဲသွားခဲ့သည်။ သိသိသာသာကို သူ့မျက်လုံးထဲတွင် သူမက သာမန်လူတွေနဲ့ မကွာခြားပေ။

“ဘာကိစ္စရှိလို့လဲ?” လီဂျင်းယွမ် ကမျက်မှောင် စကြုတ်လိုက်သည်။ “ဘာမှမရှိတော့ရင်လည်း ကျွန်တော့် အချိန်တွေကို ကျေးဇူးပြုပြီး မနှောက်ယှက်ပါနဲ့”

လင်းလန် ကသူထွက်သွားတာကိုသာ မြင်လိုက်ရသည်။

သူမစိတ်က တွေးနေတာကို ရပ်လိုက်ပြီး မူလဇာတ်ကြောင်းကို တွေးလိုက်ကာ လီဂျင်းယွမ် ရဲ့လက်မောင်းကို ဆွဲလိုက်သည်။ “ကျွန်မ… ကျွန်မ ရှင့်ကို ပြောချင်တာရှိလို့…”

လီဂျင်းယွမ် ကထိုစကားလုံးနဲ့ အရမ်းကို ရင်းနှီးသည်။ သူ ဇောင်အိမ်တော်ကို ရောက်တည်းက ဇောင်ယုဟွမ် ကသူ့အတွက် အဝတ်သစ်တွေ ဝယ်ပေးခဲ့ပြီး ဆံပင်လည်း ညှပ်ပေးခဲ့ကာ သူ့ဘဝတွင် ဒီလိုမြင်ကွင်မျိုးကို အကြိမ်များစွာ ကြုံတွေ့ဖူးသည်။

လီဂျင်းယွမ် ကသူမလက်ကို တိုက်ရိုက်ပင် ဖယ်ထုတ်လိုက်သည်။ “မင်းပြောချင်တာကို ငါသိတယ်။ မင်း ပြောဖို့မလိုတော့ဘူး”

သူက သူမအား နည်းနည်းလောက် မျက်နှာသာ ပေးချင်တာကြောင့် ရှေ့ထွက်ပြောပြီး အရှက်ရတာမျိုး မဖြစ်အောင်လို့ ပြောလိုက်သည်။

လင်းလန် ကခေါင်းခါကာ ပြောလိုက်သည်။ “မဟုတ်ဘူး၊ ရှင်မသိပါဘူး”

သူမက မူလဇာတ်ကြောင်းအတိုင်း ပြန်ဖြစ်အောင် ကြိုးစားဖို့ ဆုံးဖြတ်ခဲ့တယ်!

ဖန်အဖြစ် ဟန်ဆောင်ဖို့!

လင်းလန် ရဲ့အမူအရာက အထင်ကြီးပြီး တည်မြဲနေတာကို ပြနေခဲ့သည်။ သူမက ရှက်နေသည့် မိန်းမငယ်လေးလို အသက်ရှူသွင်းလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။ “ကျွန်မက ရှင့်ဖန်ပါ။ ရှင့်ကို နှစ်အများကြီး အများကြီး အများကြီး ထောက်ပံ့ပေးခဲ့တာ… ရှင်နိုင်ငံခြားမှာ မော်ဒယ်လ်လုပ်တည်းက ကျွန်မက ရှင့်ကို အရမ်းသဘောကျခဲ့တာ။ ကျွန်မတို့ ရှိုးပွဲအတူတူ ရိုက်ကူးချိန်တုန်းက ကျွန်မ အရမ်းကို ပျော်ခဲ့တာ။ ဒါပေမဲ့ ကင်မရာအောက်မှာ ကျွန်မကြောင့် ရှင့်အတွက် မကောင်းတဲ့လွှမ်းမိုးမှုတွေ ဖြစ်လာမှာကြောက်လို့ ကျွန်မရဲ့ လေးစားမှုကို မပြခဲ့တာ”

“ရှင် ရှိုးပွဲကနေ ထွက်သွားပြီးတော့ ကျွန်မ ရှင့်ကို အမြဲတမ်း သတိရနေခဲ့တာ။ အခုတော့ မထင်မှတ်ပဲ ကျွန်မတို့ ဒီမှာလာဆုံကြတယ်။ ဒါက ကံတရားပဲ။ ဒါကြောင့်… ဒါကြောင့်… ကျွန်မထင်တာ… ကျွန်မ သတ္တိမွေးပြီး ဒီအရာတွေ ရှင့်ကို ပြောပြဖို့လုပ်ခဲ့တာ”

လီဂျင်းယွမ် ရဲ့အမူအရာက တဖြည်းဖြည်းနဲ့ ပိုအေးစက်လာခဲ့သည်။

သူ့မျက်လုံးထဲတွင် လှောင်ပြောင်ရိပ်နည်းနည်းက ရှိနေခဲ့သည်။

သူမက ထင်နေတာ… သူက ကင်မရာအောက်ကလို နူးညံ့တဲ့လူလို့လား?

နောက်ဆုံးတော့ လင်းလန် ကသူမ ပြောခဲ့သည့် စကားတွေက နှလုံးထိရှစေသည့် စကားတွေဖြစ်နိုင်တယ်လို့ ထင်ခဲ့ပေမဲ့ သူမ ပြောပြီးနောက်တွင် တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်…

စုစုပေါင်း ၄၉ စက္ကန့် ကုန်သွားခဲ့သည်။

သူမရှေ့တွင် လီဂျင်းယွမ် ကသူမအား လှောင်ပြောင်သည့် အကြည့်နဲ့သာ ကြည့်နေခဲ့ပြီး စကားတစ်လုံးမှ မပြောပေ။

လင်းလန် ရဲ့ယုံကြည်ချက်က ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

မဖြစ်နိုင်တာ!

သူက လီဂျင်းယွမ် လေ!

စာအုပ်ထဲက ဇာတ်လိုက်လေ!

ဒါဆို ဘာကြောင့်… ဘာကြောင့် အလုပ်မဖြစ်ရတာလဲ? စာအုပ်ထဲက ဇာတ်လိုက်နဲ့ ဇာတ်လိုက်မက အတူတူပေါင်းစပ်ဖို့ ကံကြမ္မာဖန်တီးထားတာ မဟုတ်လို့လား?

အချိန်ကြာပြီးနောက် လီဂျင်းယွမ် ကပြောလိုက်သည်။ “မင်းပြီးပြီလား?”

လင်းလန် ကသူ့အတွေးကို နားမလည်နိုင်တာကြောင့် သူမက ပြန်ဖြေလိုက်သည်။ “အင်း”

“ဒါဆို ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ မင်းက ငါအဝတ်လဲခန်းသွားမဲ့လမ်းကို ပိတ်နေတယ်” လီဂျင်းယွမ် ရဲ့စိတ်က လုံးဝကို ကွာခြားနေပြီး အေးစက်နေသည်။

စာအုပ်ထဲက ဇာတ်လိုက်က ‘ရိုင်းစိုင်းလွန်းသည့် CEO’ ဝတ္ထုရဲ့ စာဖတ်သူတွေ ညွှန်းဆိုတဲ့အတိုင်း အပြင်ဘက်တွင် တကယ့်ကို နူးညံ့ပေမဲ့ အတွင်းစိတ်ကတော့ အေးစက်သည့် နှလုံးသားနဲ့ ဂရုမပြုတတ်သည့် အသွင်အပြင်ရှိမှန်း လင်းလန် သိခဲ့သည်။

ထို့ကြောင့် လီဂျင်းယွမ် ကဒီလိုထူးဆန်းသည့် အမူအရာမျိုး ထုတ်ပြလာချိန်တွင် သူမ မရှာဖွေနိုင်ပေ။

ဒါပေမဲ့… ထူးဆန်းတဲ့အရာက သူမက ဇာတ်လိုက်မလေ၊ မဟုတ်ဘူးလား? လီဂျင်းယွမ် ကသူမကို ဒီလိုမျိုး ထုတ်ပြတာက အရမ်းကို ထူးဆန်းတယ်!

ဒါက ဒိတ်တဲ့ဂိမ်းလို ငါဟန်ဆောင်လိုက်ရင် တိုးတက်မှုတော့ ရှိနိုင်တယ်မလား? ဒါဆို သူက ဒီလိုအမူအရာကို ထုတ်ပြတော့ တိုးတက်မှုမရှိဘူးလို့ ပြောတာပေါ့…

လင်းလန် ကအပြင်ထွက်ဖို့ကို ဝန်လေးနေပြီးနောက် ခေါင်းငုံ့ကာ တခြားနည်းလမ်းတွေကို တွေးလိုက်သည်။

ထို့နောက် သူက သူမကို ဖြတ်လျှောက်သွားပြီး လီဂျင်းယွမ် ကသူ့ဖုန်းကို ထုတ်လိုက်ကာ ခေါ်လိုက်သည်။ “ဟယ်လို၊ ဟွမ်ဟွမ်…”

ထိုနာမည်က လင်းလန် ရဲ့နားထဲကို တိုးဝင်လာခဲ့သည်။

ဇောင်ယုဟွမ်…

မူလဇာတ်လမ်းက ကူးပြောင်းလာတဲ့ အမျိုးသမီးပဲ!

သူမက အပိုဇာတ်ကောင်လေးပဲလေ…

ဒါဆို သူမက ဘာကြောင့် ငါ့ထက် ပိုအရေးပါနေရတာလဲ?

လင်းလန် ကခေါင်းကို ပိုတောင်ငုံ့သွားခဲ့သည်။

ဒါပေမဲ့ ဇာတ်ကြောင်းတွေမှာ စင်ဒရဲလား ဇာတ်လိုက်မက အောင်မြင်သွားပြီး ချမ်းသာတဲ့ မိသားစုက သမီးတွေကတော့ မကောင်းလှတဲ့ ဇာတ်သိမ်းနဲ့ ကြုံတွေ့ရတာ မဟုတ်ဘူးလား?

ဒါက ဇာတ်လမ်းအစပဲလေ၊ ဒါဆို ဇောင်ယုဟွမ် ကငါ့ထက် ပိုအရေးပါနေတာ သေချာတာပေါ့။

များပြားလှသည့် အတွေးတွေက လင်းလန် ရဲ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။

မကြာသေးခင်က လီဂျင်းယွမ် ကဂျင်းဟွာအုပ်စုက သခင်လေး ဖြစ်ကြောင်း သတင်းကလည်း ထွက်ပေါ်ခဲ့သည်။

သူမက ချမ်းသာသည့် အတွေ့အကြုံကို ခံစားပြီးသား ဖြစ်တာကြောင့် ပိုနာမည်ကြီးပြီး ဖန်ပိုများပြီး ဆင်းရဲတဲ့အတိတ်နဲ့ ဂုဏ်မရှိတဲ့ဘဝနဲ့ လုံးဝကွာခြားခဲ့သည်… အခုတော့ သူမအတွက် လီဂျင်းယွမ် ဆိုသည့်နာမည်က ဇာတ်လိုက်ဆိုသည့် နာမည်သာမကပဲ နောက်ပြီး… တခြားနာမည်ကြီးမှုနဲ့ ကြွယ်ဝမှုတွေပဲ!

မူလက သူမပိုင်ခဲ့တဲ့ အရာတွေကို သူမက ဘယ်လိုလုပ်ပြီး လက်လွှတ်နိုင်မှာလဲ?

အခုတော့ လီဂျင်းယွမ် ကသူမကို ဂရုမစိုက်ပေမဲ့ သူမက သိပ်မစိုးရိမ်ပေ။ သူမက ဒုတိယနဲ့ တတိယဇာတ်လိုက်တွေ ရှာဖွေပြီး သူတို့အကူအညီကို ယူနိုင်တာပဲ။

ဇာတ်လိုက်ကို သူ့ခံစားချက်တွေ နားလည်နိုင်အောင် လုပ်ပေးခဲ့တဲ့ ဇာတ်ပို့လေးရဲ့ ကြိုးစားမှုကို ကျေးဇူးမတင်သင့်ဘူးလား?

ဇာတ်လိုကမက မူလဇာတ်ကြောင်းကို သိရှိခဲ့ပြီး သူမစိတ်ထဲတွင် များပြားလှသည့် စိတ်ကူးယဉ်မှုတွေ ရှိနတောကိုတော့ ဇောင်ယုဟွမ် မသိသေးပေ။

ဇာတ်လိုက်မက ဟုန်ချန်းမင်း ကိုထိုးနှက်ပြီး ဇောင်ယုဟွမ် ကိုဘယ်လို ကန်ထုတ်ရမလဲဆိုတာကို စတင်စီစဉ်နေခဲ့သည်။

ဇောင်ယုဟွမ် ကအခုလက်ရှိတွင် လီဂျင်းယွမ် နဲ့ဖုန်းပြောနေခဲ့သည်။

“တောင်းပန်ပါတယ်” ဇောင်ယုဟွမ် ကပြောလိုက်သည်။

“ဘာကြောင့် ဟွမ်ဟွမ် ကကိုယ့်ကို တောင်းပန်ရတာလဲ?” လီဂျင်းယွမ် ရဲ့အပြုံးကို သူ့အသံမှ ကြားနိုင်သည်။

“တောင်းပန်ပါတယ်၊ က,ဖို့ကတိပေးခဲ့တာကို ဟွမ်ဟွမ် မေ့သွားတာ” ဇောင်ယုဟွမ် ကရိုးသားစွာဖြင့် တောင်းပန်လိုက်သည်။

“ပြဿနာမရှိပါဘူး” လီဂျင်းယွမ် ကပြောလိုက်သည်။ “ဟွမ်ဟွမ် ကိုယ့်ကို တောင်းပန်ဖို့ လုံးဝမလိုပါဘူး။ ဟွမ်ဟွမ် ကဘာအမှားမှ လုပ်ခဲ့တာမှ မဟုတ်တာ”

ထိုစကားကို ကြားလိုက်ပြီး ဇောင်ယုဟွမ် ကလန့်သွားခဲ့သည်။

သူတို့ကို ပိုသဘောထားကြီးတက်အောင် သင်ပေးခဲ့တာကြောင့်လား?

လီဂျင်းယွမ် ကဘာကြောင့် အခုတော့ ကောင်းကောင်း နားလည်ပေးနေရတာလဲ?!

စကားလုံးတိုင်းက ပရောပရည်ပဲ… လုံးဝကို ပရောပရည်လုပ်နေတာပဲ…

ဒါက EQမြင့်တဲ့ ကောင်လေးက ပေးတက်တဲ့ အဖြေမျိုးပဲ။

6.9.2021 (Mon)
………………………

Zawgyi

သို႔ေသာ္ လက္ေတြ႕တြင္ အရင္က တစ္ခါသာ ဗိုက္ေအာင့္ဖူးသည္။ ဒါက အလယ္တန္းတုန္းက ျဖစ္ၿပီး ဟုန္ခ်န္းမင္း ကသူမကို စားဖို႔အတြက္ အိမ္သို႔ေက်ာပိုးကာ ျပန္သယ္သြားခဲ့သည္။ ေနာက္ပိုင္းတြင္ သူမအား အခ်ိန္မွန္စားဖို႔ မိသားစုဆရာဝန္က ေျပာခဲ့သည္။ ဒီအေၾကာင္းကို သူက ႏွစ္အမ်ားႀကီး ၾကာၿပီးတာေတာင္ မွတ္မိေနတုန္းပဲလား?

ထိုအခ်ိန္တြင္ ေဇာင္ယုဟြမ္ ကသူမႏွလုံးသားတြင္ နားမလည္ႏိုင္သည့္ တစ္စုံတစ္ခုကို ခံစားလိုက္ရသည္။

သူတို႔နဲ႔ အခ်ိန္အၾကာႀကီး ေနခဲ့တာေၾကာင့္ သူမရဲ႕အကဲျဖတ္ႏိုင္မႈက ႐ႈပ္ေထြးလာခဲ့သည္။ အခ်ိန္ကုန္လာသည္ႏွင့္ သူတို႔က သူမအား ေကာင္းေကာင္း ဆက္ဆံေပးတာေၾကာင့္ သူတို႔အျပဳအမူေတြက ထူးဆန္းေနတာကို သူမအာ႐ုံမစိုက္မိတာက အက်င့္လိုျဖစ္ေနခဲ့သည္။

အေမက သူတို႔အတြက္ ဘယ္လိုခ်က္ျပဳတ္ေပးလဲ၊ သူတို႔အဝတ္ေတြကို ေလွ်ာ္ဖြတ္ေပးတာေတြကို မမွတ္မိႏိုင္တာနဲ႔ တူေနသည္။

သူမက ထိုအရာကို သတိျပဳမိခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ေတာ့ ထူးျခားသည့္ အရာလိုမ်ိဳး မခံစားခဲ့ရေပ။

သို႔ေသာ္ ဟုန္ခ်န္းမင္း ကတျခားလူေတြေ႐ွ႕ ကင္မရာေ႐ွ႕တြင္ ပုံမွန္လို ထုတ္ေျပာလာခ်ိန္တြင္ ေဇာင္ယုဟြမ္ ရဲ႕ရင္ဘတ္က ေတာင့္တင္းလာၿပီး ငိုခ်င္သလို ျဖစ္လာခဲ့သည္။

ေဇာင္ယုဟြမ္ ကသူမလက္နဲ႔ မ်က္လုံးေတြကို ပြတ္သပ္လိုက္ၿပီး ဆက္ၾကည့္လိုက္သည္။

လီဂ်င္းယြမ္ ကလည္း ထိုအင္တာဗ်ဴးကို ၾကည့္ေနခဲ့သည္။

ေဝ့က်ဲ နဲ႔သူ႕လက္ေထာက္ကလည္း တစ္ခန္းထဲ သူ႕ေဘးတြင္ ၾကည့္ေနခဲ့သည္။

“မစၥတာဟုန္ ကမစၥေဇာင္ အေပၚအရမ္းေကာင္းတာပဲ” အမ်ိဳးသမီး လက္ေထာက္က ေျပာလိုက္သည္။ “သူ႕လို အစ္ကိုႀကီးမ်ိဳး ႐ွိခ်င္လိုက္တာ”

လီဂ်င္းယြမ္ ကဗီဒီယိုကို ပိတ္လိုက္ၿပီး ႐ုတ္တရက္ သူ႕ေခါင္းကို လွည့္လိုက္သည္။ “ငါကေကာ ဟြမ္ဟြမ့္ အေပၚ မေကာင္းေပးလို႔လား?”

အမ်ိဳးသမီး လက္ေထာက္က စြံ႕အ,သြားၿပီး သူ႕ေမးခြန္းကို ျပန္မေျဖႏိုင္ေတာ့ေပ။

ေဝ့က်ဲ ကေခ်ာင္းဟန္႔လိုက္ၿပီး အလ်င္အျမန္ပင္ ျငင္းပယ္လိုက္သည္။ “ဟုတ္တာေပါ့၊ မစၥတာလီ ကအရမ္းေကာင္းတာ။ မစၥတာလီ ႏိုင္ငံျခားမွာ ေမာ္ဒယ္လ္လုပ္တုန္းက မစၥေဇာင္ အတြက္ လက္ေဆာင္ကို ေသခ်ာဂ႐ုစိုက္ေပးခဲ့တာေလ”

“မွန္တယ္…” လီဂ်င္းယြမ္ ကျပန္ေတြးလိုက္သည္။ “ႏွစ္ေတြကုန္သြားေတာ့ ခဏေလးလိုပဲ”

“ငါ့အင္တာဗ်ဴးက ဒီေန႔မလား?”

“ဟုတ္တယ္”

“ဒါဆို သြားရေအာင္”

ေဝ့က်ဲ ကစိတ္သက္သာစြာျဖင့္ သက္ျပင္းခ်လိုက္သည္။ “အာ၊ အိုေက၊ သြားရေအာင္”

ႏွစ္နာရီၾကာၿပီးေနာက္ လီဂ်င္းယြမ္ ကအင္တာဗ်ဴးဖို႔ စင္ေနာက္ကို ေရာက္သြားသည္။

“အင္တာနက္ေပၚက သတင္းေတြကို ျမင္မိလားဆိုတာ ေမးလို႔ရႏိုင္လား?”

“ဘယ္သတင္းလဲ?”

“မစၥတာလီ ကမိဘမဲ့မဟုတ္ပဲ ဂ်င္းဟြာအုပ္စုက အေမြဆက္ခံသူဆိုတာကိုေလ။ အဲ့ဒါကို ေမးလို႔ရႏိုင္မလား?”

“အရင္က အင္တာဗ်ဴးမွာ ေသခ်ာေျပာခဲ့ၿပီးၿပီလို႔ထင္တယ္။ ကြၽန္ေတာ္က မိဘမဲ့ပဲ၊ အဖိုးဒင္ ကေမြးစားခဲ့တာ။ မွန္တာေပါ့၊ ဂ်င္းဟြာအုပ္စု နဲ႔ဆက္ႏြယ္ေနတာက မမွားေပမဲ့ ေသခ်ာသိခ်င္ရင္ေတာ့ ဂ်င္းဟြာအုပ္စုက ဥကၠဌကို တိုက္႐ိုက္သြားေမးႏိုင္ပါတယ္။ သူက အခု ဟိုက္႐ွီ မွာ႐ွိေနတယ္”

လီဂ်င္းယြမ္ ကျပႆနာအား အလြယ္တကူပင္ လီ႐ုံ ဆီလႊဲေပးလိုက္သည္။

ေမးျမန္းသူက ကို႔ယို႔ကားယားျဖင့္ ရယ္လိုက္သည္။ “အို၊ ဟဟ”

သူတို႔ လီ႐ုံ ကိုအင္တာဗ်ဴးဗ်ဴး မဗ်ဴးဗ်ဴး ျပႆနာက႐ွိေနတာပဲ!

“တျခား႐ွိေသးလား?” လီဂ်င္းယြမ္ ကအင္တာဗ်ဴးကို ထိန္းလိုက္သည္။ သူက ျပဳံးလိုက္ၿပီး သူ႕ႏူးညံ့သည့္ အျပဳံးတြင္ ဖိအားနည္းနည္း ပါဝင္ေနသည္။ “အမ္? ကြၽန္ေတာ္နဲ႔ ဟြမ္ဟြမ္ တို႔ရဲ႕ေန႔စဥ္ဘဝ အေၾကာင္းကိုေကာ မေမးေတာ့ဘူးလား?”

ေမးျမန္းသူက လန္႔သြားခဲ့သည္။

ဘာေၾကာင့္ ဒီလိုအရာေတြကို မွ်ေဝခ်င္ေနရတာလဲလို႔ ေမးျမန္းသူက ေတြးလိုက္သည္။

ေမးျမန္းသူက သူ႕ေပါင္ေပၚက မွတ္စုကို ၾကည့္လိုက္သည္။ ထိုေမးခြန္းက ႐ွိေနသည္။ သို႔ေသာ္ ဟုန္ခ်န္းမင္း ကေျဖၿပီးၿပီ ျဖစ္တာေၾကာင့္ အခုေတာ့…

ဘာပဲျဖစ္ျဖစ္၊ ေမးလိုက္႐ုံပဲ။ ဒီေမးခြန္းကို ဖန္ေတြကလည္း စိတ္ဝင္စားေနၾကမွာပဲေလ။

“မစၥတာလီ နဲ႔မစၥေဇာင္ တို႔ရဲ႕ေန႔စဥ္ဘဝအေၾကာင္းကို ေမးလို႔ရႏိုင္မလား? ဖန္ေတြကလည္း စိတ္ဝင္စားမယ္ဆိုတာ ေသခ်ာတယ္”

“ဟုန္ခ်န္းမင္း ပဲခ်က္ျပဳတ္တာကို သိတာမဟုတ္ပါဘူး” လီဂ်င္းယြမ္ ကျပဳံးလိုက္ၿပီး ဟုန္ခ်န္းမင္း ရဲ႕အင္တာဗ်ဴးအား ေႏွာက္ယွက္လိုက္သည္။ “ဟြမ္ဟြမ္ ကတ႐ုတ္စာ စားရတာႀကိဳက္တယ္။ အထူးသျဖင့္ ႏိုင္ငံျခားမွာ ႐ွိေနရင္ သူမက တ႐ုတ္စာပဲစားတက္တယ္။ အဲ့ဒါေၾကာင့္ ႏိုင္ငံျခားမွာတုန္းက ဟုန္ခ်န္းမင္း နဲ႔ကြၽန္ေတာ္က ခ်က္ျပဳတ္ဖို႔ကို ေလ့လာခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔ကို ခ်က္ျပဳတ္သင္တန္းက ဆရာကေပးထားတဲ့ စာဖိုးမႉးေခါင္းေဆာင္းေတာင္ ႐ွိေသးတယ္”
လီဂ်င္းယြမ္ ကျပဳံးလိုက္သည္။ “ကြၽန္ေတာ္တို႔ ဘာေတြမသင္ခဲ့လဲဆိုတာ ေမးႏိုင္မလား? နည္းနည္းေလးေလာက္ေပါ့၊ နည္းနည္းေလးပဲ”

“ဘယ္လိုမ်ိဳး?”

“ဥပမာေပးဖို႔ေတာ့ မ႐ွိဘူး။ ကြၽန္ေတာ္တို႔က ေရကူးတာ၊ လက္ေဝွ႔ထိုးတာ၊ ဒိုက္ဗင္၊ လက္ဖက္ရည္ေဖ်ာ္တာ၊ ဓာတ္ပုံ႐ိုက္တာကို အထူးသီးသန္႔ သင္ခဲ့တယ္။ ေနာက္ၿပီး ပုံဆြဲတာ၊ ပီယာႏို၊ တေယာ… အဲ့ဒါေတြကို ဟြမ္ဟြမ္ ကအႀကိဳက္ဆုံးပဲ။ သူမက ႏိုင္ငံျခားမွာေကာ တ႐ုတ္ျပည္မွာေကာ ျပပြဲခန္းေလး ႐ွိတယ္။ အို၊ သူမက ဘဲေလးအက,ကိုလည္း သိေသးတယ္၊ ေနာက္ၿပီး ဆုေတာင္ ရခဲ့ေသးတယ္။ အထက္တန္းတုန္းက ႏွစ္ကုန္အကပြဲအတြက္ေၾကာင့္ ကြၽန္ေတာ္လည္း အက,ကို ေလ့လာခဲ့ေသးတယ္။ အဲ့မွာ လူတိုင္းက ပါတနာ ႐ွာၾကတယ္ေလ။ ကြၽန္ေတာ္က ဟြမ္ဟြမ္ ရဲ႕ပါတနာ ျဖစ္ႏိုင္မယ္လို႔ ေတြးမိၿပီး သတန္းေတြ တက္ခဲ့တာ။ ဆရာမရဲ႕ ေျခေထာက္ကို အႀကိမ္ႀကိမ္ နင္းမိၿပီးေနာက္မွာေတာ့ ေအာင္ျမင္သြားခဲ့တယ္။ ဒါေပမဲ့ ေနာက္ဆုံးေတာ့ ဟြမ္ဟြမ္ က ဟုန္ခ်န္းမင္း နဲ႔ပဲ က,ခဲ့တယ္။ ေနာက္ႏွစ္မွာေတာ့ ဟြမ္ဟြမ္ ကကြၽန္ေတာ္တို႔ေတြ အတူတူ က,ၾကဖို႔ ကတိေပးခဲ့ေပမဲ့ ကံမေကာင္းတာက သူမက အတန္းေက်ာ္ၿပီး တကၠသိုလ္ကို သြားခဲ့တယ္…”

လီဂ်င္းယြမ္ ကထိုအေၾကာင္းကို ေျပာလိုက္ခ်ိန္တြင္ သူက ကင္မရာကို စိုက္ၾကည့္လိုက္ၿပီး သူ႕မ်က္လုံးထဲတြင္ အတိတ္အေၾကာင္းအား ျပန္အမွတ္ေနသည့္ အမူအရာကို ထုတ္ျပလိုက္သည္။ “ဟြမ္ဟြမ္၊ ကိုယ္နဲ႔ အတူတြဲက,ေပးဖို႔ အေႂကြးက်န္ေသးတယ္ေနာ္”

ဟုန္ခ်န္းမင္း ရဲ႕အင္တာဗ်ဴးက အြန္လိုင္းေပၚ ထုတ္လႊင့္ခဲ့ေပမဲ့ လီဂ်င္းယြမ္ ရဲ႕အင္တာဗ်ဴးက ထြက္လာခ်ိန္တြင္ ႀကီးမားသည့္ ဆူနာမီလိႈင္းက ျဖစ္လာခဲ့သည္။

“အစ္ကိုေလးလီ နဲ႔ဟုန္ေလး တို႔က အြန္လိုင္းေပၚမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ တိုက္ခိုက္ေနၾကတာလား?”

“OMG! ဟုန္ေလး ရဲ႕ရည္းစားပါဝါက အျပင္းဆုံးပဲ! တူရကူတုန္းက ႐ိုက္ကြင္းကို ငါဘယ္ႏွႀကိမ္ေတာင္ ၾကည့္မိလဲဆိုတာ ဘုရားသာသိလိမ့္မယ္!”

“ငါလည္း အစ္ကိုေလးလီ နဲ႔က,ခ်င္တယ္ QwQ”

“အေပၚက အိမ္မက္မက္ေနတာ ရပ္လိုက္ေတာ့၊ လီဂ်င္းယြမ္ နဲ႔သာ တြဲက,ရင္ သူ႕ေျခေထာက္ပဲ တက္နင္းမိလိမ့္မယ္! @ယုဟြမ္ မင္းဘယ္အခ်ိန္ အက,အေႂကြးကို ျပန္ဆပ္မွာလဲ? အားးး! @Top_Speed_Offical စုေဆာင္းႏိုင္တယ္!”

“ဒီအင္တာဗ်ဴး ထြက္လာတာနဲ႔ ဟုန္ေလး နဲ႔ လီဂ်င္းယြမ္ တို႔က တိုက္ခိုက္ေနၾကတာ မျဖစ္ႏိုင္ဘူးလား? ေနာက္ၿပီး ဒီအင္တာဗ်ဴးေအာက္မွ ေဆြးေႏြးေနတာက အရမ္းကို သိသာတာပဲေလ!”

လူထုရဲ႕ ေျပာဆိုမႈေအာက္တြင္ ‘အ႐ွိန္ႏႈန္းျမင့္’တြင္ ေဇာင္ယုဟြမ္ နဲ႔ လီဂ်င္းယြမ္ တို႔အား ငါးပိုင္းေျမာက္တြင္ အက,ကို စီစဥ္ေပးခဲ့ရသည္။

သတင္းေတြကို သိလိုက္ရသည့္ ေဇာင္ယုဟြမ္ : “…”

ထိုဖုန္းေကာကို လက္ခံရၿပီးေနာက္ သူမက သူတို႔အင္တာဗ်ဴးေတြကို ေသေသခ်ာခ်ာ ျပန္ၾကည့္လိုက္သည္။

အက… သူမ တကယ္ႀကီးကို ေမ့ေနခဲ့တာ။
ေဇာင္ယုဟြမ္ ကအျပစ္႐ွိသလိုမ်ိဳး နည္းနည္းေလာက္ ခံစားလိုက္ရေပမဲ့ ႐ွက္႐ြံ႕မႈကိုလည္း ခံစားလိုက္ရသည္။ ေနာက္ၿပီး လီဂ်င္းယြမ္ ကကင္မရာေ႐ွ႕တြင္ ေျပာခဲ့တာေၾကာင့္ သူ႕တကယ့္ ႏွလုံးသားအား တစ္ကမ႓ာလုံးက လူတိုင္းေ႐ွ႕တြင္ ထုတ္ျပလိုက္တာနဲ႔ တူေနသည္။

ထိုအခ်ိန္တြင္ လီဂ်င္းယြမ္ ကနန္ခ်န္း တြင္႐ွိေနခဲ့သည္။ အရည္အခ်င္း႐ိႈးမွ ေကာင္ေလးအုပ္စုနဲ႔ ေကာင္မေလးအုပ္စုကလည္း သူနဲ႔အတူ ႐ွိေနၾကသည္။

႐ိႈးပြဲတြင္ လီဂ်င္းယြမ္ ကသူ႕လက္ေထာက္/ ေဝ့က်ဲ တို႔မပါပဲ တစ္ေယာက္တည္းသာ အဝတ္လဲခန္းကို သြားလိုက္သည္။

သူဖုန္းထုတ္ၿပီး ေဇာင္ယုဟြမ္ ဆီကို ေခၚေတာ့မဲ့အခ်ိန္တြင္ သူ႕ေနာက္မွ အသံတစ္သံက ထြက္လာခဲ့သည္။

“မစၥတာလီ”

အသံက နည္းနည္း ရင္းႏွီးေနသည္။

လီဂ်င္းယြမ္ ကေခါင္းေမာ့လိုက္ၿပီး ျမင္လိုက္ရသည္… ဒီအမ်ိဳးသမီးရဲ႕ နာမည္က ဘာပါလိမ့္? လီဂ်င္းယြမ္ ကရပ္လိုက္ၿပီးေနာက္ သူမက ‘အခ်ိန္ခရီးသြားျခင္း’မွ လင္းလန္ ဆိုတာကို မွတ္မိသြားသည္။

သူမက ေဇာင္ယုဟြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔လို ေဖ်ာ္ေျဖေရးေလာကမွ မဟုတ္ေသာ္လည္း သူမတည္႐ွိမႈက နည္းပါးသည္။

“ဘာကိစၥ႐ွိလို႔လဲ?” လီဂ်င္းယြမ္ ကယဥ္ေက်းမႈျဖင့္ ျပန္ေမးလိုက္သည္။

သူမက ‘အခ်ိန္ခရီးသြားျခင္း’မွာ ႐ွိတုန္းကနဲ႔ယွဥ္ရင္ လင္းလန္ ကေတာ္ေတာ္ေလး ေျပာင္းလဲသြားခဲ့သည္။

သူမက ပထမပိုင္းတြင္ ႐ိုင္းစိုင္းသည့္ပုံစံ ဝတ္ခဲ့တာကိုသာ လီဂ်င္းယြမ္ နည္းနည္းသာ မွတ္မိသည္။ သူမက ထင္ေပၚဖို႔ ႀကိဳးစားခဲ့တယ္ဆိုတာ သိသာသည္။

အခုေတာ့ လင္းလန္ ကအဝါေဖ်ာ့ေရာင္ ဝတ္စုံ႐ွည္ကို ဝတ္ဆင္ထားၿပီး သူမေကာက္ေၾကာင္းနဲ႔ အတိက်ေနကာ သူမအား ေခ်ာေမြ႕ၿပီး ႏူးညံ့ပုံျဖစ္ေစသည္။ သူမရဲ႕ၿပိဳင္ဘက္ကင္းသည့္ စိတ္ထားကလည္း ေဖ်ာ္ေျဖေရးေလာကမွ လူေတြအား မူးေဝေစႏိုင္သည္။

သို႔ေသာ္ လီဂ်င္းယြမ္ ကေတာ့ သူမအား တစ္ခ်က္ေလာက္သာ အတည္ျပဳ ၾကည့္လိုက္သည္။

လင္းလန္ က လီဂ်င္းယြမ္ ရဲ႕တုန္႔ျပန္မႈကို စူးစမ္းေနခဲ့သည္။ လီဂ်င္းယြမ္ ကသူမအား ၾကည့္ေနခ်ိန္တြင္ ဘာျဖစ္မလဲဆိုတာ သိေနတာေၾကာင့္ သူမႏွလုံးသားက အ႐ွိန္ျမင့္လာခဲ့သည္။

မၾကာခင္ကမွ သူမ ေတြ႕႐ွိခဲ့သည္…

သူမက တကယ့္ကို ဝတၳဳထဲမွ ဇာတ္ေကာင္ျဖစ္ေနတယ္!

အရင္က မ်ားျပားလြန္းသည့္ ခက္ခဲမႈေတြကို သူမ ခံစားခဲ့ရတာေၾကာင့္ ေကာင္းကင္ဘုံက သူမအတြက္ အခြင့္အေရးအေနနဲ႔ ဝတၳဳမွ ဇာတ္လိုက္မအျဖစ္ ဖန္တီးေပးခဲ့တာပဲ!

ဇာတ္လိုက္အ႐ွိန္အဝါနဲ႔!

သူမဘာသာ ဇာတ္ေၾကာင္းကို စီစစ္ၿပီးေနာက္ လင္းလန္ ကcomeback လုပ္ဖို႔အတြက္ ခ်က္ခ်င္းပင္ စတင္ခဲ့သည္။ ပထမက ယင္ခ်ီခ်ီ နဲ႔ ဂူယူလင္း ကအင္တာနက္ေပၚတြင္ ေဝဖန္ခံေနရခ်ိန္ သူမကေတာ့ ဆန္႔က်င္စြာပင္ အြန္လိုင္းတြင္ ေအာင္ျမင္မႈ နည္းနည္းရခဲ့ၿပီး သစၥာ႐ွိသည့္ ဖန္တခ်ိဳ႕ကိုလည္း ရခဲ့သည္။ မၾကာခင္မွာ သူမက ဝမ္ေယာင္ခ်န္း ရဲ႕စတူဒီယိုတြင္ လက္မွတ္ထိုးခဲ့ၿပီး ထိုေနရာတြင္ ငယ္႐ြယ္သည့္ အမ်ိဳးသမီး အႏုပညာ႐ွင္ ျဖစ္လာခဲ့သည္။ ေနာက္ပိုင္းတြင္ အမ်ိဳးသမီးေတြအတြက္ စတူဒီယိုရဲ႕ ေအာင္ျမင္မႈက သူမအေပၚ ေရာက္လာခဲ့တာေၾကာင့္ သူမေကာင္းေကာင္း လုပ္ႏိုင္ခဲ့သည္။

သူမဖန္ေတြက တျဖည္းျဖည္း မ်ားျပားလာတာကို ျမင္လိုက္ၿပီး လင္းလန္ ကအရမ္းကို စိတ္ေက်နပ္ခဲ့သည္။
ဒီေန႔မတိုင္ခင္ သူမက သူငယ္ခ်င္း တစ္ေယာက္ရဲ႕ နာမည္ေက်ာ္ၾကားမႈကို အသုံးခ်ကာ သူမေအးဂ်င့္ ရဲ႕ေထာက္ခံခ်က္ျဖင့္ ထိုေနရာကို ေရာက္လာခဲ့သည္။

ထို႔ေနာက္တြင္ မေတာ္တဆ လီဂ်င္းယြမ္ နဲ႔ဆုံခဲ့သည္။

သူက ဝတၳဳထဲမွ ဇာတ္လိုက္ျဖစ္တာကို လင္းလန္ သိခဲ့ရတယ္!

စာအုပ္ထဲတြင္ သူမ ဒီလိုမ်ိဳး ဝတ္လိုက္တာကို ျမင္လိုက္ခ်ိန္တြင္ သူက လုံးဝကိုအံ့ဩသြားခဲ့ၿပီး သူမက ေဖ်ာ္ေျဖေရးေလာကမွ တျခားအႏုပညာ႐ွင္ အမ်ိဳးသမီးေတြနဲ႔ မတူဘူးလို႔ ခံစားခဲ့ရသည္။

သို႔ေသာ္ လင္းလန္ ကစိုက္ၾကည့္ေနတုန္း လီဂ်င္းယြမ္ ကယဥ္ေက်းေသာ္လည္း မထူးျခားစြာပင္ အၾကည့္လႊဲသြားခဲ့သည္။ သိသိသာသာကို သူ႕မ်က္လုံးထဲတြင္ သူမက သာမန္လူေတြနဲ႔ မကြာျခားေပ။

“ဘာကိစၥ႐ွိလို႔လဲ?” လီဂ်င္းယြမ္ ကမ်က္ေမွာင္ စၾကဳတ္လိုက္သည္။ “ဘာမွမ႐ွိေတာ့ရင္လည္း ကြၽန္ေတာ့္ အခ်ိန္ေတြကို ေက်းဇူးျပဳၿပီး မေႏွာက္ယွက္ပါနဲ႔”

လင္းလန္ ကသူထြက္သြားတာကိုသာ ျမင္လိုက္ရသည္။

သူမစိတ္က ေတြးေနတာကို ရပ္လိုက္ၿပီး မူလဇာတ္ေၾကာင္းကို ေတြးလိုက္ကာ လီဂ်င္းယြမ္ ရဲ႕လက္ေမာင္းကို ဆြဲလိုက္သည္။ “ကြၽန္မ… ကြၽန္မ ႐ွင့္ကို ေျပာခ်င္တာ႐ွိလို႔…”

လီဂ်င္းယြမ္ ကထိုစကားလုံးနဲ႔ အရမ္းကို ရင္းႏွီးသည္။ သူ ေဇာင္အိမ္ေတာ္ကို ေရာက္တည္းက ေဇာင္ယုဟြမ္ ကသူ႕အတြက္ အဝတ္သစ္ေတြ ဝယ္ေပးခဲ့ၿပီး ဆံပင္လည္း ညႇပ္ေပးခဲ့ကာ သူ႕ဘဝတြင္ ဒီလိုျမင္ကြင္မ်ိဳးကို အႀကိမ္မ်ားစြာ ၾကဳံေတြ႕ဖူးသည္။

လီဂ်င္းယြမ္ ကသူမလက္ကို တိုက္႐ိုက္ပင္ ဖယ္ထုတ္လိုက္သည္။ “မင္းေျပာခ်င္တာကို ငါသိတယ္။ မင္း ေျပာဖို႔မလိုေတာ့ဘူး”

သူက သူမအား နည္းနည္းေလာက္ မ်က္ႏွာသာ ေပးခ်င္တာေၾကာင့္ ေ႐ွ႕ထြက္ေျပာၿပီး အ႐ွက္ရတာမ်ိဳး မျဖစ္ေအာင္လို႔ ေျပာလိုက္သည္။

လင္းလန္ ကေခါင္းခါကာ ေျပာလိုက္သည္။ “မဟုတ္ဘူး၊ ႐ွင္မသိပါဘူး”

သူမက မူလဇာတ္ေၾကာင္းအတိုင္း ျပန္ျဖစ္ေအာင္ ႀကိဳးစားဖို႔ ဆုံးျဖတ္ခဲ့တယ္!

ဖန္အျဖစ္ ဟန္ေဆာင္ဖို႔!

လင္းလန္ ရဲ႕အမူအရာက အထင္ႀကီးၿပီး တည္ၿမဲေနတာကို ျပေနခဲ့သည္။ သူမက ႐ွက္ေနသည့္ မိန္းမငယ္ေလးလို အသက္႐ွဴသြင္းလိုက္ၿပီး ႏူးညံ့စြာ ေျပာလိုက္သည္။ “ကြၽန္မက ႐ွင့္ဖန္ပါ။ ႐ွင့္ကို ႏွစ္အမ်ားႀကီး အမ်ားႀကီး အမ်ားႀကီး ေထာက္ပံ့ေပးခဲ့တာ… ႐ွင္ႏိုင္ငံျခားမွာ ေမာ္ဒယ္လ္လုပ္တည္းက ကြၽန္မက ႐ွင့္ကို အရမ္းသေဘာက်ခဲ့တာ။ ကြၽန္မတို႔ ႐ိႈးပြဲအတူတူ ႐ိုက္ကူးခ်ိန္တုန္းက ကြၽန္မ အရမ္းကို ေပ်ာ္ခဲ့တာ။ ဒါေပမဲ့ ကင္မရာေအာက္မွာ ကြၽန္မေၾကာင့္ ႐ွင့္အတြက္ မေကာင္းတဲ့လႊမ္းမိုးမႈေတြ ျဖစ္လာမွာေၾကာက္လို႔ ကြၽန္မရဲ႕ ေလးစားမႈကို မျပခဲ့တာ”

“႐ွင္ ႐ိႈးပြဲကေန ထြက္သြားၿပီးေတာ့ ကြၽန္မ ႐ွင့္ကို အၿမဲတမ္း သတိရေနခဲ့တာ။ အခုေတာ့ မထင္မွတ္ပဲ ကြၽန္မတို႔ ဒီမွာလာဆုံၾကတယ္။ ဒါက ကံတရားပဲ။ ဒါေၾကာင့္… ဒါေၾကာင့္… ကြၽန္မထင္တာ… ကြၽန္မ သတၱိေမြးၿပီး ဒီအရာေတြ ႐ွင့္ကို ေျပာျပဖို႔လုပ္ခဲ့တာ”

လီဂ်င္းယြမ္ ရဲ႕အမူအရာက တျဖည္းျဖည္းနဲ႔ ပိုေအးစက္လာခဲ့သည္။

သူ႕မ်က္လုံးထဲတြင္ ေလွာင္ေျပာင္ရိပ္နည္းနည္းက ႐ွိေနခဲ့သည္။

သူမက ထင္ေနတာ… သူက ကင္မရာေအာက္ကလို ႏူးညံ့တဲ့လူလို႔လား?

ေနာက္ဆုံးေတာ့ လင္းလန္ ကသူမ ေျပာခဲ့သည့္ စကားေတြက ႏွလုံးထိ႐ွေစသည့္ စကားေတြျဖစ္ႏိုင္တယ္လို႔ ထင္ခဲ့ေပမဲ့ သူမ ေျပာၿပီးေနာက္တြင္ တစ္စကၠန္႔၊ ႏွစ္စကၠန္႔၊ သုံးစကၠန္႔…

စုစုေပါင္း ၄၉ စကၠန္႔ ကုန္သြားခဲ့သည္။

သူမေ႐ွ႕တြင္ လီဂ်င္းယြမ္ ကသူမအား ေလွာင္ေျပာင္သည့္ အၾကည့္နဲ႔သာ ၾကည့္ေနခဲ့ၿပီး စကားတစ္လုံးမွ မေျပာေပ။

လင္းလန္ ရဲ႕ယုံၾကည္ခ်က္က ခ်က္ခ်င္းပင္ ေပ်ာက္ကြယ္သြားခဲ့သည္။

မျဖစ္ႏိုင္တာ!

သူက လီဂ်င္းယြမ္ ေလ!

စာအုပ္ထဲက ဇာတ္လိုက္ေလ!

ဒါဆို ဘာေၾကာင့္… ဘာေၾကာင့္ အလုပ္မျဖစ္ရတာလဲ? စာအုပ္ထဲက ဇာတ္လိုက္နဲ႔ ဇာတ္လိုက္မက အတူတူေပါင္းစပ္ဖို႔ ကံၾကမၼာဖန္တီးထားတာ မဟုတ္လို႔လား?

အခ်ိန္ၾကာၿပီးေနာက္ လီဂ်င္းယြမ္ ကေျပာလိုက္သည္။ “မင္းၿပီးၿပီလား?”

လင္းလန္ ကသူ႕အေတြးကို နားမလည္ႏိုင္တာေၾကာင့္ သူမက ျပန္ေျဖလိုက္သည္။ “အင္း”

“ဒါဆို ေက်းဇူးျပဳၿပီး ထြက္သြားေပးပါ။ မင္းက ငါအဝတ္လဲခန္းသြားမဲ့လမ္းကို ပိတ္ေနတယ္” လီဂ်င္းယြမ္ ရဲ႕စိတ္က လုံးဝကို ကြာျခားေနၿပီး ေအးစက္ေနသည္။

စာအုပ္ထဲက ဇာတ္လိုက္က ‘႐ိုင္းစိုင္းလြန္းသည့္ CEO’ ဝတၳဳရဲ႕ စာဖတ္သူေတြ ၫႊန္းဆိုတဲ့အတိုင္း အျပင္ဘက္တြင္ တကယ့္ကို ႏူးညံ့ေပမဲ့ အတြင္းစိတ္ကေတာ့ ေအးစက္သည့္ ႏွလုံးသားနဲ႔ ဂ႐ုမျပဳတတ္သည့္ အသြင္အျပင္႐ွိမွန္း လင္းလန္ သိခဲ့သည္။

ထို႔ေၾကာင့္ လီဂ်င္းယြမ္ ကဒီလိုထူးဆန္းသည့္ အမူအရာမ်ိဳး ထုတ္ျပလာခ်ိန္တြင္ သူမ မ႐ွာေဖြႏိုင္ေပ။

ဒါေပမဲ့… ထူးဆန္းတဲ့အရာက သူမက ဇာတ္လိုက္မေလ၊ မဟုတ္ဘူးလား? လီဂ်င္းယြမ္ ကသူမကို ဒီလိုမ်ိဳး ထုတ္ျပတာက အရမ္းကို ထူးဆန္းတယ္!

ဒါက ဒိတ္တဲ့ဂိမ္းလို ငါဟန္ေဆာင္လိုက္ရင္ တိုးတက္မႈေတာ့ ႐ွိႏိုင္တယ္မလား? ဒါဆို သူက ဒီလိုအမူအရာကို ထုတ္ျပေတာ့ တိုးတက္မႈမ႐ွိဘူးလို႔ ေျပာတာေပါ့…

လင္းလန္ ကအျပင္ထြက္ဖို႔ကို ဝန္ေလးေနၿပီးေနာက္ ေခါင္းငုံ႔ကာ တျခားနည္းလမ္းေတြကို ေတြးလိုက္သည္။

ထို႔ေနာက္ သူက သူမကို ျဖတ္ေလွ်ာက္သြားၿပီး လီဂ်င္းယြမ္ ကသူ႕ဖုန္းကို ထုတ္လိုက္ကာ ေခၚလိုက္သည္။ “ဟယ္လို၊ ဟြမ္ဟြမ္…”

ထိုနာမည္က လင္းလန္ ရဲ႕နားထဲကို တိုးဝင္လာခဲ့သည္။

ေဇာင္ယုဟြမ္…

မူလဇာတ္လမ္းက ကူးေျပာင္းလာတဲ့ အမ်ိဳးသမီးပဲ!

သူမက အပိုဇာတ္ေကာင္ေလးပဲေလ…

ဒါဆို သူမက ဘာေၾကာင့္ ငါ့ထက္ ပိုအေရးပါေနရတာလဲ?

လင္းလန္ ကေခါင္းကို ပိုေတာင္ငုံ႔သြားခဲ့သည္။

ဒါေပမဲ့ ဇာတ္ေၾကာင္းေတြမွာ စင္ဒရဲလား ဇာတ္လိုက္မက ေအာင္ျမင္သြားၿပီး ခ်မ္းသာတဲ့ မိသားစုက သမီးေတြကေတာ့ မေကာင္းလွတဲ့ ဇာတ္သိမ္းနဲ႔ ၾကဳံေတြ႕ရတာ မဟုတ္ဘူးလား?

ဒါက ဇာတ္လမ္းအစပဲေလ၊ ဒါဆို ေဇာင္ယုဟြမ္ ကငါ့ထက္ ပိုအေရးပါေနတာ ေသခ်ာတာေပါ့။

မ်ားျပားလွသည့္ အေတြးေတြက လင္းလန္ ရဲ႕စိတ္ထဲတြင္ ေပၚလာခဲ့သည္။

မၾကာေသးခင္က လီဂ်င္းယြမ္ ကဂ်င္းဟြာအုပ္စုက သခင္ေလး ျဖစ္ေၾကာင္း သတင္းကလည္း ထြက္ေပၚခဲ့သည္။

သူမက ခ်မ္းသာသည့္ အေတြ႕အၾကဳံကို ခံစားၿပီးသား ျဖစ္တာေၾကာင့္ ပိုနာမည္ႀကီးၿပီး ဖန္ပိုမ်ားၿပီး ဆင္းရဲတဲ့အတိတ္နဲ႔ ဂုဏ္မ႐ွိတဲ့ဘဝနဲ႔ လုံးဝကြာျခားခဲ့သည္… အခုေတာ့ သူမအတြက္ လီဂ်င္းယြမ္ ဆိုသည့္နာမည္က ဇာတ္လိုက္ဆိုသည့္ နာမည္သာမကပဲ ေနာက္ၿပီး… တျခားနာမည္ႀကီးမႈနဲ႔ ႂကြယ္ဝမႈေတြပဲ!

မူလက သူမပိုင္ခဲ့တဲ့ အရာေတြကို သူမက ဘယ္လိုလုပ္ၿပီး လက္လႊတ္ႏိုင္မွာလဲ?

အခုေတာ့ လီဂ်င္းယြမ္ ကသူမကို ဂ႐ုမစိုက္ေပမဲ့ သူမက သိပ္မစိုးရိမ္ေပ။ သူမက ဒုတိယနဲ႔ တတိယဇာတ္လိုက္ေတြ ႐ွာေဖြၿပီး သူတို႔အကူအညီကို ယူႏိုင္တာပဲ။

ဇာတ္လိုက္ကို သူ႕ခံစားခ်က္ေတြ နားလည္ႏိုင္ေအာင္ လုပ္ေပးခဲ့တဲ့ ဇာတ္ပို႔ေလးရဲ႕ ႀကိဳးစားမႈကို ေက်းဇူးမတင္သင့္ဘူးလား?

ဇာတ္လိုကမက မူလဇာတ္ေၾကာင္းကို သိ႐ွိခဲ့ၿပီး သူမစိတ္ထဲတြင္ မ်ားျပားလွသည့္ စိတ္ကူးယဥ္မႈေတြ ႐ွိနေတာကိုေတာ့ ေဇာင္ယုဟြမ္ မသိေသးေပ။

ဇာတ္လိုက္မက ဟုန္ခ်န္းမင္း ကိုထိုးႏွက္ၿပီး ေဇာင္ယုဟြမ္ ကိုဘယ္လို ကန္ထုတ္ရမလဲဆိုတာကို စတင္စီစဥ္ေနခဲ့သည္။

ေဇာင္ယုဟြမ္ ကအခုလက္႐ွိတြင္ လီဂ်င္းယြမ္ နဲ႔ဖုန္းေျပာေနခဲ့သည္။

“ေတာင္းပန္ပါတယ္” ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။

“ဘာေၾကာင့္ ဟြမ္ဟြမ္ ကကိုယ့္ကို ေတာင္းပန္ရတာလဲ?” လီဂ်င္းယြမ္ ရဲ႕အျပဳံးကို သူ႕အသံမွ ၾကားႏိုင္သည္။

“ေတာင္းပန္ပါတယ္၊ က,ဖို႔ကတိေပးခဲ့တာကို ဟြမ္ဟြမ္ ေမ့သြားတာ” ေဇာင္ယုဟြမ္ က႐ိုးသားစြာျဖင့္ ေတာင္းပန္လိုက္သည္။

“ျပႆနာမ႐ွိပါဘူး” လီဂ်င္းယြမ္ ကေျပာလိုက္သည္။ “ဟြမ္ဟြမ္ ကိုယ့္ကို ေတာင္းပန္ဖို႔ လုံးဝမလိုပါဘူး။ ဟြမ္ဟြမ္ ကဘာအမွားမွ လုပ္ခဲ့တာမွ မဟုတ္တာ”

ထိုစကားကို ၾကားလိုက္ၿပီး ေဇာင္ယုဟြမ္ ကလန္႔သြားခဲ့သည္။

သူတို႔ကို ပိုသေဘာထားႀကီးတက္ေအာင္ သင္ေပးခဲ့တာေၾကာင့္လား?

လီဂ်င္းယြမ္ ကဘာေၾကာင့္ အခုေတာ့ ေကာင္းေကာင္း နားလည္ေပးေနရတာလဲ?!

စကားလုံးတိုင္းက ပေရာပရည္ပဲ… လုံးဝကို ပေရာပရည္လုပ္ေနတာပဲ…

ဒါက EQျမင့္တဲ့ ေကာင္ေလးက ေပးတက္တဲ့ အေျဖမ်ိဳးပဲ။

6.9.2021 (Mon)
………………………

[text_hash] => f3c584bf
)

//qc
//QC2