ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 96❇️ လီဂျင်းယွမ်/ ဟုန်ချန်းမင်း တို့နဲ့ဒိတ်တာက ပိုကောင်းဦးမယ်
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 96❇️ လီဂျင်းယွမ်/ ဟုန်ချန်းမင်း တို့နဲ့ဒိတ်တာက ပိုကောင်းဦးမယ်

Array
(
[text] =>

Unicode

လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က သူမအပေါ်ထားသည့် သဘောထားကို ဇောင်ယုဟွမ် နားလည်တာကြောင့် ဟန်ယင်ယင် ဆီမှ ‘နင့်လီဂျင်းယွမ်’လို့ ကြားလိုက်ချိန်တွင် ဘာမှမဖစ်ပေမဲ့ ပြန်ပြောလိုက်သည်။ “‘နင့်လီဂျင်းယွမ်’ ဆိုတာ ဘာကိုပြောတာလဲ…”

ဟန်ယင်ယင် ကလန့်သွားခဲ့သည်။ “နင့်တုန့်ပြန်ပုံက ဘာကြောင့် အရမ်းထူးဆန်းနေတာလဲ? အို… ငါသိပြီ…” ဟန်ယင်ယင် ကအတွေးဝင်လာခဲ့သည်။ “နောက်ဆုံးတော့ သူက သူဘာသာ ဖော်လိုက်ပြီလား?”

“ဘာဖော်တာ?” ဇောင်ယုဟွမ် ကစကားလမ်းကြောင်းအတိုင်း လိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။

သူမ ပြန်ဖြေပြီးနောက် ဇောင်ယုဟွမ် ကတစ်ခုခုကို နားလည်သွားခဲ့သည်။ ဟန်ယင်ယင် ကဘယ်လိုလုပ်ပြီး သိတာလဲ?

ဇောင်ယုဟွမ် တစ်ခုခု ထပ်ပြောလာမှာကို စောင့်မနေပဲ ဟန်ယင်ယင် ကရယ်လိုက်သည်။ “ဘာကိုဖော်ရမှာကို သူက နင့်ကို သဘောကျတာကိုလေ။ ငါ အရင်ကလည်း နင့်ကို အသိပေးခဲ့တယ်မလား? နင့်အပေါ် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့ပိုင်ဆိုင်လိုစိတ်က အမြဲတမ်း များလွန်းတယ်။ အရင်ရှိုးပွဲတွေကို ငါကြည့်ပြီးတော့ သူတို့မှာ နမိတ်မကောင်းတာမျိုး ရှိနေတယ်လို့ ငါခံစားလိုက်ရတယ်လေ။ သေချာပေါက် ဒါက အန္တရာယ်ရှိတာမျိုး ဟုတ်မနေပဲ နင့်ကို သဘောကျနေတဲ့အရာပဲ။ ပြောရရင် နင်တို့က သွေးသားလည်း မတော်စပ်ဖူးလေ… ဒါက အရင်ကဆို မဖြစ်နိုင်ဘူးလို့ ငါထင်တယ်။ နောက်ပြီး ဘယ်လိုမောင်နှမတွေက ဒီလိုလုပ်ကြလို့လဲ? ဒါပေမဲ့ အခုတော့ စဉ်းစားကြည့်၊ ဒါက မဆိုးဘူးလေ… ဝမ်ယောင်ချန်း ထက်ပိုကောင်းတယ်။ ဝမ်ယောင်ချန်း ကနင့်ဆီကို မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ချဉ်းကပ်ခဲ့တာကို ငါတောင် သတိပြုမိတယ်။ ငါတို့ဟွမ်ဟွမ် ကအရမ်းကို ရိုးသားတော့ ဒိတ်တဲ့အချိန်မှာ ပါတနာက ကောင်းလား၊ မကောင်းလားတောင် သေချာ ပြောနိုင်မှာ မဟုတ်ဘူး။ အနည်းဆုံး လီဂျင်းယွမ်/ ဟုန်ချန်းမင်း တို့နဲ့ဒိတ်တာက ပိုကောင်းဦးမယ်”

ဟန်ယင်ယင် ကပြောလိုက်သည်နှင့် သူမက မရပ်တန့်တော့ပဲ တစ်ခုချင်းစီ ဆက်တိုက်ပြောနေခဲ့သည်။

ဇောင်ယုဟွမ် ကကြောင်အ,သွားခဲ့သည်။

ဟန်ယင်ယင် တောင်ပြောနိုင်နေတာလား?

ဒီလောက်တောင် သိသာနေတာလား?

ဒါဆို… ဒါဆို ရှိုးပွဲကို ကြည့်ကြတဲ့ လူပေါင်းများစွာလည်း သိနေကြတော့မှာပေါ့?

“…နားလည်တယ်မလား?” ဟန်ယင်ယင် ကရယ်လိုက်သည်။

ဇောင်ယုဟွမ် ကဒေါသထွက်စွာဖြင့် ပြန်ဖြေလိုက်သည်။ “မဟုတ်တာတွေ”

“အိုကေ၊ အိုကေ၊ ငါက မဟုတ်တာတွေ ပြောနေတာ” ဟန်ယင်ယင် ကပိုပြီးတော့တောင် ရယ်လိုက်သည်။ “ငါဖုန်းချတော့မယ်။ အချိန်ခဏလောက် အတူတူ မထွက်ပဲနေရအောင်”

“ဘာကြောင့်လဲ?”

“မစ္စတာဟုန် ကမပျော်ပဲနေလိမ့်မယ်” ဟန်ယင်ယင် ကရပ်သွားပြီးနောက် ဆက်ပြောလိုက်သည်။ “လီဂျင်းယွမ် သာအဲ့ဂျင်းဟွာအုပ်စုက အမွေဆက်ခံသူသာဆိုရင် သူက ထိနိုင်တဲ့ လူမျိုးမဟုတ်တော့ဘူး! အဆုံးမှာတော့ သူတို့ထဲက တစ်ယောက်နဲ့သာ ဒိတ်ရမှာပါ”

သူသာ တကယ်ပဲ ဂျင်းဟွာအုပ်စုက အမွေဆက်ခံသူသာဆိုရင်…

ထိုအကြောင်းကို တွေးလိုက်ပြီး ဇောင်ယုဟွမ် ကအလျင်အမြန်ပင် ပြောလိုက်သည်။ “တော်တော့”
ထို့နောက် ဖုန်းချလိုက်သည်။

ဟန်ယင်ယင် ကိုသာ ဒီအရေးမပါတဲ့ အကြောင်းတွေ ဆက်ပြောခိုင်းလိုက်ရင် သူမက သေချာပေါက်ကို လမ်းမှားကို ခေါ်သွားလိမ့်မည်။

ဟန်ယင်ယင် နဲ့ပြောပြီးနောက် ဇောင်ယုဟွမ် က လီဂျင်းယွမ် ဆီဖုန်းခေါ်ဖို့ စဉ်းစားနေချိန် သူက အရင်ခေါ်လာခဲ့သည်။

လီဂျင်းယွမ် ကအရင်အတိုင်း ဇောင်ယုဟွမ် ကဘာစားလဲ၊ ဘာတွေလုပ်လဲဆိုတာကိုသာ မေးခဲ့သည်။ ထို့နောက် သူက အဓိကအကြောင်းကို မေးလိုက်သည်။ “ဟွမ်ဟွမ် သတင်းကို မြင်ပြီးပြီလား?”

“အင်း၊ ဟန်ယင်ယင် လည်းမြင်ခဲ့တယ်။ သူမက ဖုန်းခေါ်ပြီး ပျံ့နေတဲ့ သတင်းတွေကြောင့် ဂျင်းယွမ် ကိုတစ်ယောက်ယောက်က လုပ်ကြံတာလားလို့တောင် မေးခဲ့သေးတယ်”

“သတင်းတွေက အမှားမဟုတ်ပါဘူး၊ ဒါပေမဲ့…”

“ဟမ်? ဒါပေမဲ့ ဘာလဲ?”

လီဂျင်းယွမ် ကအေးစက်သည့် အမူအရာဖြင့် ထိုင်နေခဲ့ပေမဲ့ သူ့အသံကတော့ နွေးထွေးနေတုန်းပင်။ သူ့ကိုသာ တစ်ယောက်ယောက် မြင်ပြီးကြားခဲ့ရင် သူ့အမူအရာနဲ့ သူ့အသံကို သူတို့က တွဲမိမှာတောင် မဟုတ်ပေ။

“ဒါပေမဲ့ သတင်းဖြန့်တဲ့သူက လှည့်စားချင်လို့ပဲ”

ဇောင်ယုဟွမ် ကမလန့်သွားပဲ သူမစိတ်ထဲ အကြံတစ်ခုက ချက်ချင်း ရောက်လာခဲ့သည်။ “ဒါရိုက်တာလီလား?”

“အင်း”

“ဘာကြောင့်လဲ?” ဇောင်ယုဟွမ် ကမျက်မှောင်ကြုတ်လိုက်သည်။ “လူတိုင်းကို သိအောင်လုပ်ပြီး သူ့နောက်ကို လိုက်အောင်လို့လား?”

“မှန်တယ်” လီဂျင်းယွမ် ကသူ့ဖုန်းအား သူ့ပါးစပ်နား ကပ်လိုက်သည်။ “ဟွမ်ဟွမ် ကအရမ်းတော်တာပဲ”

ဒီနောက်ဆုံး စကားလုံးက ဇောင်ယုဟွမ် ရဲ့နားနားတွင် ကပ်ပြောလိုက်တာနဲ့ တူနေသည်။

ဇောင်ယုဟွမ် ကသူမနားကို ပွတ်လိုက်ပြီး ဖုန်းကို နည်းနည်းခွါလိုက်သည်။

လီဂျင်းယွမ် ကတစ်ဖက်လူကို ဆက်ပြောလိုက်သည်။ “ကိုယ် သူ့နောက်ကို မလိုက်ချင်ပါဘူး၊ ဟွမ်ဟွမ် ပြောတာ မှန်တယ်။ သူက အစတည်းက ရည်ရွယ်ချက် ကောင်းကောင်းနဲ့ ရောက်လာခဲ့တာ မဟုတ်ဘူး”

ထိုစကားကို ကြားလိုက်ပြီး ဇောင်ယုဟွမ် ကချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။ “သူက ဘာလိုချင်တာလဲ? နှလုံး၊ အသည်း၊ ဒါမှမဟုတ် ကျောက်ကပ်အပိုင်းလား? ဒါမှမဟုတ် သူတို့ပြဿနာကြားထဲက သားကောင်အနေနဲ့ ပြန်ခေါ်ချင်တာလား?”

“ကိုယ့်ကို သူ့အကြီးဆုံးသားအတွက် အလုပ်လုပ်ပေးစေချင်တာ”

“ဘာ သောက်ရေးမပါတာ!” ဇောင်ယုဟွမ် ကမထိန်းချုပ်နိုင်ပဲ ဆဲလိုက်သည်။

“မှန်တယ်၊ သောက်ရေးမပါဘူး” လီဂျင်းယွမ် ကအပြုံးလေးနဲ့ ပြောလိုက်သည်။

ဇောင်ယုဟွမ် က လီရုံ ကိုပိုကျိန်ဆဲလေ သူပိုပျော်လေပင်။

သူ(လီရုံ)က သူမအချစ်ကို လက်ခံရဖို့ မဖြစ်နိုင်ဘူး။

သူ့အကြောင်း သူမက ပိုပိုဂရုစိုက်ချိန်မှာ ခံစားရသည့် အတွေ့အကြုံသာဖြစ်သည်။ ဒီအချိန်က သူ့အတွက်တော့ တစ်ဘဝလုံးစာအတွက် လုံလောက်သည်။

“ဒါဆို? အဲ့နေ့ ဂျင်းယွမ် ပြန်လာတုန်းက မမေးခဲ့ရဘူး။ အဲ့နောက်ကော ဘာဆက်ဖြစ်သေးလဲ?”

“အဲ့နောက်တော့ ကိုယ် သူ့ကိုဆဲပြီး ပြန်လာခဲ့တယ်”

ဇောင်ယုဟွမ် ကခဏလောက် တွေးလိုက်သည်။ “သူက ဂျင်းယွမ် ကိုချစ်မယ်လို့ထင်လား? ဂျင်းယွမ် ကသူ့ကို ဆဲခဲ့တယ်လေ။ သူက စိတ်ထားသေးသိမ်နေမလား?”
“ရပါတယ်” လီဂျင်းယွမ် ကရပ်လိုက်ည်။ “ကိုယ်က သူ့ထက် ဟွမ်ဟွမ့်ကိုပဲ ပိုဂရုစိုက်တယ်”

ငါ့ကိုဂရုစိုက်တာ? ငါ့ပဲဂရုစိုက်တယ်ဆိုတာ ဘာကိုပြောချင်တာလဲ?

ဒီအကြောင်းကို ငါအတွေးလွန်နေတာတော့ မဟုတ်ပါဘူးနော်။

ဇောင်ယုဟွမ် ကနှုတ်ခမ်းကို စေ့လိုက်သည်။ ထိုခဏတွင် လီဂျင်းယွမ် ကမကွယ်ဝှက်တတ်မှုကို မေးချင်နေသည်။

သို့သော် လီဂျင်းယွမ် ကရယ်လိုက်ပြီး ပြောလိုက်သည်။ “အိုကေ၊ ဟွမ်ဟွမ် အနားယူနေတာကို မနှောက်ယှက်တော့ပါဘူး။ ဒီနေ့ ကိုယ်က စီနီယာ တစ်ယောက်ရဲ့ရှိုးပွဲမှာ ဧည့်သည်လေ။ နောက်မှ ပြောကြတာပေါ့”

“…အင်း၊ ကောင်းပြီလေ”

လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကလည်း အင်တာဗျူးအတွက် တောင်းဆိုချက်တွေကို လက်ခံရခဲ့သည်။

ဟုန်ချန်းမင်း ရဲ့အင်တာဗျူးက အင်္ဂါနေ့ဖြစ်ပြီး လီဂျင်းယွမ် ကနောက်နေ့ဖြစ်သည်။

ထိုမတိုင်ခင် သူတို့က ‘အမြန်နှုန်း’ ရဲ့ဒုတိယ၊ တတိယနဲ့ စတုတ္ထအပိုင်းတွေကို အပြီးသတ် ရိုက်ကူးရသည်။

ဇောင်ယုဟွမ် ရဲ့မျှော်လင့်ချက်က မပြည့်ဝခဲ့ပေ။

အဖေ-သမီးနဲ့ လူအိုကြီးအတွဲက ထွက်သွားခဲ့ပေမဲ့ လီဂျင်းယွမ် နဲ့ ဇောင်ယုဟွမ် တို့ကတော့ ဆက်လှုပ်ရှားနေရတုန်းပင်။

ဟုန်ချန်းမင်း ရဲ့အင်တာဗျူးက သူ့ရုံးခန်းတွင် ဖြစ်သည်။

မီဒီယာသမားတွေက လျှောက်ဝင်လိုက်သည်နှင့် ရုံးစားပွဲအား မြင်လိုက်ရသည်။ မေးသူက ပြုံးကာမေးလိုက်သည်။ “ဒါက Weibo ပို့စ်က စားပွဲမလား?”

ဟုန်ချန်းမင်း ရဲ့ပြန်ဖြေမှုက တိုတုတ်နေပြီး အေးစက်နေသည်။ “အင်း”

လူတိုင်းက ထိုင်ပြီးချိန်တွင် မေးသူက အပြုံးလေးနဲ့ ပြောလိုက်သည်။ “ပထမပိုင်းမှာ မစ္စတာဟုန် နဲ့ မစ္စတာလီ တို့က fencing နဲ့ရင်းနှီးတယ်လို့ ပြောထားခဲ့ကြတယ်နော်။ ‘အချိန်ခရီးသွားခြင်း’ ရိုက်ကူးချိန်မှာ မတော်တဆ တွေ့လိုက်ရတာ မစ္စတာဟုန် တို့နှစ်ယောက်လုံးက အရမ်းကို တော်ကြတာပဲ! ကျွမ်းကျင်တဲ့ သင်တန်းကျောင်းကို ပြောပြပေးဖို့ တောင်းဆိုလို့ရနိုင်မလား?”

ဟုန်ချန်းမင်း ကပြန်ဖြေလိုက်သည်။ “အင်း”

“အရင်က မစ္စတာလီဂျင်းယွမ် ကဒင်မိသားစုကနေ မွေးစားခံရတာဆိုဖို့ သတင်းမှာ ဖော်ပြခဲ့တယ်။ ကျွန်တော် မေးလို့ရနိုင်မလား? မစ္စတာဟုန် လည်း…”

ဟုန်ချန်းမင်း ရဲ့မျက်တောင်က လှုပ်ရှားသွားပြီး စကားလုံး အနည်းငယ်ဖြင့် ပြောလိုက်သည်။ “အင်း၊ ငါကောပဲ”

မေးမြန်းသူက သူ့အား အထင်မသေးရဲပေ။

သူ့ကို ဘယ်သူက အထင်သေးရဲမှာလဲ? ဟုန်ချန်းမင်း ရဲ့ကုမ္ပဏီက ပိုပိုကြီးထွားလာပြီး အစိုးရအရာရှိတွေရဲ့ မျက်နှာသာပေးမှုကိုတောင် လက်ခံရထားသည်။ ရှင်းရှင်းလင်းလင်း ပြောရရင်တော့ သူက လုံးဝကို တောက်ပသည့် အနာဂတ် ရှိနေတယ်!

မေးမြန်းသူက တွေးလိုက်သည်။ ဇောင်ယုဟွမ် ရဲ့ကံကောင်းခြင်းက ဘယ်လိုတောင်လဲ?! နောက်ပြီး ဒင်မိသားစုကော?!

ကလေးနှစ်ယောက်ကို မွေးစားခဲ့တယ်။ တစ်ယောက်ကတော့ ရေတပ်ကိုတောင် အသုံးမပြုပဲ မှတ်တမ်းတွေကိုတောင် ချိုးဖြတ်ပြီး နာမည်ကြီးသူ! နောက်တစ်ယောက်က ဒီလိုကြီးမားတဲ့ ကုမ္ပဏီကို အသက်ငယ်ငယ်လေးနဲ့ ပိုင်ဆိုင်နေတယ်… မကြာခင်မှာ သူက အသက်အငယ်ဆုံး အချမ်းသာဆုံးလူ ဖြစ်လာမှာ သေချာတယ်…

ဘယ်သူက မနာလိုမဖြစ်ပဲ နေမှာလဲ?

မေးမြန်းသူက မနာလိုမှုအား ခံစားလိုက်ရသည်။

“မစ္စတာဟုန် တို့သုံးယောက်က အိမ်မှာ ဘယ်လိုသာမန်မျိုး ပြုမူကြလဲဆိုတာကို ကျွန်တော် မေးလို့ရနိုင်မလား? မစ္စတာဟုန် ရဲ့နေ့စဉ်ဘဝအကြောင်းကို ပြောပြရုံပါပဲ။ အင်တာနက် သုံးစွဲသူတွေလည်း ဒီအကြောင်းကို သိချင်ကြမယ်လို့ ထင်ပါတယ်” မေးမြန်းသူက သူ့အတွေးတွေကို ဖယ်ထုတ်လိုက်ပြီး ပြင်ဆင်လာသည့် မေးခွန်းတွေကို မေးလိုက်သည်။

ဟုန်ချန်းမင်း ရဲ့အမူအရာက ချက်ချင်းပင် နူးညံ့သွားခဲ့ပြီး ကင်မရာက လုံးဝကို ရိုက်ကူးမိသွားခဲ့သည်။

“ဟွမ်ဟွမ် ကစောစောထ,တယ်။ ငါတို့ နိုင်ငံခြားမှာ ကျောင်းတက်တုန်းက အချိန်က အရမ်းနည်းလွန်းတယ်။ အရင်ကတော့ သူမက မနက်ခင်း အိပ်ရာထ,တိုင်း အိပ်ငိုက်တတ်တယ်။ သူမက မျက်လုံးတွေကို ညှစ်ပြီးတော့သာ ဖွင့်ခဲ့တယ်။ နောက်ပြီး သူမက နိုင်ငံခြားက အစားတွေကို မစားနိုင်လို့ ငါတို့မှာလည်း နာနီမရှိတာနဲ့ သူမအတွက် အမြဲတမ်း ငါက မနက်စာ လုပ်ပေးခဲ့တယ်။ သူမက ပဲနို့သောက်ရတာ ကြိုက်တယ်၊ ဂျုံချောင်းကြော်ကို စားတယ်၊ shumai နဲ့ထမင်းလိပ်ကို စားတယ်။ သူမက ကြက်ဥပြုတ်တွေကို မကြိုက်ဘူး။ ငါတို့ ကြက်ဥပြုတ်နဲ့ တန်ယွမ် ကိုစားတော့ သူမက အရည်ပဲသောက်ပြီး တခြားဘာကိုမှ မစားခဲ့ဘူး…”

သူက ရှိုးပွဲဖြစ်ဖြစ် မေးခွန်းတွေကို ဖြေတာမျိုးပဲဖြစ်ဖြစ် ဟုန်ချန်းမင်း ကအတော်လေးကို စကားနည်းလွန်းသည်။ အခုတော့ သူက ရုတ်တရက်ကြီး အများကြီး ပြောနေတာကြောင့် မေးမြန်းသူတောင် လန့်သွားခဲ့သည်။

ဟုန်ချန်းမင်း ရဲ့အင်တာဗျူးက လျင်မြန်စွာပင် ထုတ်လွှင့်ခဲ့သည်။

ပြန်တင်တာ ပြန်ရှဲတာတွေက ချက်ချင်းပင် တစ်သောင်းလောက် ဖြစ်သွားခဲ့သည်။

သေချာပေါက်ကို ဇောင်ယုဟွမ် ကလည်း အင်တာဗျူးကို ကြည့်နေခဲ့သည်။

“…သူမက နာကျင်တာနဲ့ ဗိုက်ဆာတာကို အရမ်းကြောက်တယ်။ သူမက ပုံမှန်အတိုင်း မစားတက်ဘူး၊ အခုတော့ သူမက စားဖို့တစ်ချိန်လေး လွတ်သွားတာနဲ့ ဗိုက်အောင့်တက်တယ်”

“ဒါဆို တူရကီ မှာတုန်းက မစ္စဇောင် ကအချိန်မှီမစားရင် အစာအိမ်အောင့်မှာကို ကြောက်လို့လား? ဒါကြောင့် ဘုရားကျောင်းကနေ ထွက်ပြီးတော့ ပရိုဂရမ်အဖွဲ့ကားက ရေနဲ့ဘီစကစ်ကို သွားယူပေးခဲ့တာလား?”

“အင်း”

ထိုအရာကို ဇောင်ယုဟွမ် မြင်လိုက်ချိန်တွင် လန့်သွားခဲ့သည်။

ဟုန်ချန်းမင်း ကသူမ ကြိုက်တာအားလုံးကို မှတ်မိနေခဲ့သည်။

သူမက လွယ်လွယ်နဲ့ ဗိုက်အောင့်တက်တာကိုတောင် သူက မှတ်ထားခဲ့သည်။

25.8.2021(Wed)
………………………

Zawgyi

လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က သူမအေပၚထားသည့္ သေဘာထားကို ေဇာင္ယုဟြမ္ နားလည္တာေၾကာင့္ ဟန္ယင္ယင္ ဆီမွ ‘နင့္လီဂ်င္းယြမ္’လို႔ ၾကားလိုက္ခ်ိန္တြင္ ဘာမွမဖစ္ေပမဲ့ ျပန္ေျပာလိုက္သည္။ “‘နင့္လီဂ်င္းယြမ္’ ဆိုတာ ဘာကိုေျပာတာလဲ…”

ဟန္ယင္ယင္ ကလန္႔သြားခဲ့သည္။ “နင့္တုန္႔ျပန္ပုံက ဘာေၾကာင့္ အရမ္းထူးဆန္းေနတာလဲ? အို… ငါသိၿပီ…” ဟန္ယင္ယင္ ကအေတြးဝင္လာခဲ့သည္။ “ေနာက္ဆုံးေတာ့ သူက သူဘာသာ ေဖာ္လိုက္ၿပီလား?”

“ဘာေဖာ္တာ?” ေဇာင္ယုဟြမ္ ကစကားလမ္းေၾကာင္းအတိုင္း လိုက္ဖို႔သာ ဆုံးျဖတ္လိုက္သည္။

သူမ ျပန္ေျဖၿပီးေနာက္ ေဇာင္ယုဟြမ္ ကတစ္ခုခုကို နားလည္သြားခဲ့သည္။ ဟန္ယင္ယင္ ကဘယ္လိုလုပ္ၿပီး သိတာလဲ?

ေဇာင္ယုဟြမ္ တစ္ခုခု ထပ္ေျပာလာမွာကို ေစာင့္မေနပဲ ဟန္ယင္ယင္ ကရယ္လိုက္သည္။ “ဘာကိုေဖာ္ရမွာကို သူက နင့္ကို သေဘာက်တာကိုေလ။ ငါ အရင္ကလည္း နင့္ကို အသိေပးခဲ့တယ္မလား? နင့္အေပၚ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕ပိုင္ဆိုင္လိုစိတ္က အၿမဲတမ္း မ်ားလြန္းတယ္။ အရင္႐ိႈးပြဲေတြကို ငါၾကည့္ၿပီးေတာ့ သူတို႔မွာ နမိတ္မေကာင္းတာမ်ိဳး ႐ွိေနတယ္လို႔ ငါခံစားလိုက္ရတယ္ေလ။ ေသခ်ာေပါက္ ဒါက အႏၲရာယ္႐ွိတာမ်ိဳး ဟုတ္မေနပဲ နင့္ကို သေဘာက်ေနတဲ့အရာပဲ။ ေျပာရရင္ နင္တို႔က ေသြးသားလည္း မေတာ္စပ္ဖူးေလ… ဒါက အရင္ကဆို မျဖစ္ႏိုင္ဘူးလို႔ ငါထင္တယ္။ ေနာက္ၿပီး ဘယ္လိုေမာင္ႏွမေတြက ဒီလိုလုပ္ၾကလို႔လဲ? ဒါေပမဲ့ အခုေတာ့ စဥ္းစားၾကည့္၊ ဒါက မဆိုးဘူးေလ… ဝမ္ေယာင္ခ်န္း ထက္ပိုေကာင္းတယ္။ ဝမ္ေယာင္ခ်န္း ကနင့္ဆီကို မေကာင္းတဲ့ ရည္႐ြယ္ခ်က္ေတြနဲ႔ ခ်ဥ္းကပ္ခဲ့တာကို ငါေတာင္ သတိျပဳမိတယ္။ ငါတို႔ဟြမ္ဟြမ္ ကအရမ္းကို ႐ိုးသားေတာ့ ဒိတ္တဲ့အခ်ိန္မွာ ပါတနာက ေကာင္းလား၊ မေကာင္းလားေတာင္ ေသခ်ာ ေျပာႏိုင္မွာ မဟုတ္ဘူး။ အနည္းဆုံး လီဂ်င္းယြမ္/ ဟုန္ခ်န္းမင္း တို႔နဲ႔ဒိတ္တာက ပိုေကာင္းဦးမယ္”

ဟန္ယင္ယင္ ကေျပာလိုက္သည္ႏွင့္ သူမက မရပ္တန္႔ေတာ့ပဲ တစ္ခုခ်င္းစီ ဆက္တိုက္ေျပာေနခဲ့သည္။

ေဇာင္ယုဟြမ္ ကေၾကာင္အ,သြားခဲ့သည္။

ဟန္ယင္ယင္ ေတာင္ေျပာႏိုင္ေနတာလား?

ဒီေလာက္ေတာင္ သိသာေနတာလား?

ဒါဆို… ဒါဆို ႐ိႈးပြဲကို ၾကည့္ၾကတဲ့ လူေပါင္းမ်ားစြာလည္း သိေနၾကေတာ့မွာေပါ့?

“…နားလည္တယ္မလား?” ဟန္ယင္ယင္ ကရယ္လိုက္သည္။

ေဇာင္ယုဟြမ္ ကေဒါသထြက္စြာျဖင့္ ျပန္ေျဖလိုက္သည္။ “မဟုတ္တာေတြ”

“အိုေက၊ အိုေက၊ ငါက မဟုတ္တာေတြ ေျပာေနတာ” ဟန္ယင္ယင္ ကပိုၿပီးေတာ့ေတာင္ ရယ္လိုက္သည္။ “ငါဖုန္းခ်ေတာ့မယ္။ အခ်ိန္ခဏေလာက္ အတူတူ မထြက္ပဲေနရေအာင္”

“ဘာေၾကာင့္လဲ?”

“မစၥတာဟုန္ ကမေပ်ာ္ပဲေနလိမ့္မယ္” ဟန္ယင္ယင္ ကရပ္သြားၿပီးေနာက္ ဆက္ေျပာလိုက္သည္။ “လီဂ်င္းယြမ္ သာအဲ့ဂ်င္းဟြာအုပ္စုက အေမြဆက္ခံသူသာဆိုရင္ သူက ထိႏိုင္တဲ့ လူမ်ိဳးမဟုတ္ေတာ့ဘူး! အဆုံးမွာေတာ့ သူတို႔ထဲက တစ္ေယာက္နဲ႔သာ ဒိတ္ရမွာပါ”

သူသာ တကယ္ပဲ ဂ်င္းဟြာအုပ္စုက အေမြဆက္ခံသူသာဆိုရင္…

ထိုအေၾကာင္းကို ေတြးလိုက္ၿပီး ေဇာင္ယုဟြမ္ ကအလ်င္အျမန္ပင္ ေျပာလိုက္သည္။ “ေတာ္ေတာ့”
ထို႔ေနာက္ ဖုန္းခ်လိုက္သည္။

ဟန္ယင္ယင္ ကိုသာ ဒီအေရးမပါတဲ့ အေၾကာင္းေတြ ဆက္ေျပာခိုင္းလိုက္ရင္ သူမက ေသခ်ာေပါက္ကို လမ္းမွားကို ေခၚသြားလိမ့္မည္။

ဟန္ယင္ယင္ နဲ႔ေျပာၿပီးေနာက္ ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ဆီဖုန္းေခၚဖို႔ စဥ္းစားေနခ်ိန္ သူက အရင္ေခၚလာခဲ့သည္။

လီဂ်င္းယြမ္ ကအရင္အတိုင္း ေဇာင္ယုဟြမ္ ကဘာစားလဲ၊ ဘာေတြလုပ္လဲဆိုတာကိုသာ ေမးခဲ့သည္။ ထို႔ေနာက္ သူက အဓိကအေၾကာင္းကို ေမးလိုက္သည္။ “ဟြမ္ဟြမ္ သတင္းကို ျမင္ၿပီးၿပီလား?”

“အင္း၊ ဟန္ယင္ယင္ လည္းျမင္ခဲ့တယ္။ သူမက ဖုန္းေခၚၿပီး ပ်ံ႕ေနတဲ့ သတင္းေတြေၾကာင့္ ဂ်င္းယြမ္ ကိုတစ္ေယာက္ေယာက္က လုပ္ၾကံတာလားလို႔ေတာင္ ေမးခဲ့ေသးတယ္”

“သတင္းေတြက အမွားမဟုတ္ပါဘူး၊ ဒါေပမဲ့…”

“ဟမ္? ဒါေပမဲ့ ဘာလဲ?”

လီဂ်င္းယြမ္ ကေအးစက္သည့္ အမူအရာျဖင့္ ထိုင္ေနခဲ့ေပမဲ့ သူ႕အသံကေတာ့ ေႏြးေထြးေနတုန္းပင္။ သူ႕ကိုသာ တစ္ေယာက္ေယာက္ ျမင္ၿပီးၾကားခဲ့ရင္ သူ႕အမူအရာနဲ႔ သူ႕အသံကို သူတို႔က တြဲမိမွာေတာင္ မဟုတ္ေပ။

“ဒါေပမဲ့ သတင္းျဖန္႔တဲ့သူက လွည့္စားခ်င္လို႔ပဲ”

ေဇာင္ယုဟြမ္ ကမလန္႔သြားပဲ သူမစိတ္ထဲ အၾကံတစ္ခုက ခ်က္ခ်င္း ေရာက္လာခဲ့သည္။ “ဒါ႐ိုက္တာလီလား?”

“အင္း”

“ဘာေၾကာင့္လဲ?” ေဇာင္ယုဟြမ္ ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။ “လူတိုင္းကို သိေအာင္လုပ္ၿပီး သူ႕ေနာက္ကို လိုက္ေအာင္လို႔လား?”

“မွန္တယ္” လီဂ်င္းယြမ္ ကသူ႕ဖုန္းအား သူ႕ပါးစပ္နား ကပ္လိုက္သည္။ “ဟြမ္ဟြမ္ ကအရမ္းေတာ္တာပဲ”

ဒီေနာက္ဆုံး စကားလုံးက ေဇာင္ယုဟြမ္ ရဲ႕နားနားတြင္ ကပ္ေျပာလိုက္တာနဲ႔ တူေနသည္။

ေဇာင္ယုဟြမ္ ကသူမနားကို ပြတ္လိုက္ၿပီး ဖုန္းကို နည္းနည္းခြါလိုက္သည္။

လီဂ်င္းယြမ္ ကတစ္ဖက္လူကို ဆက္ေျပာလိုက္သည္။ “ကိုယ္ သူ႕ေနာက္ကို မလိုက္ခ်င္ပါဘူး၊ ဟြမ္ဟြမ္ ေျပာတာ မွန္တယ္။ သူက အစတည္းက ရည္႐ြယ္ခ်က္ ေကာင္းေကာင္းနဲ႔ ေရာက္လာခဲ့တာ မဟုတ္ဘူး”

ထိုစကားကို ၾကားလိုက္ၿပီး ေဇာင္ယုဟြမ္ ကခ်က္ခ်င္းပင္ ေဒါသထြက္သြားခဲ့သည္။ “သူက ဘာလိုခ်င္တာလဲ? ႏွလုံး၊ အသည္း၊ ဒါမွမဟုတ္ ေက်ာက္ကပ္အပိုင္းလား? ဒါမွမဟုတ္ သူတို႔ျပႆနာၾကားထဲက သားေကာင္အေနနဲ႔ ျပန္ေခၚခ်င္တာလား?”

“ကိုယ့္ကို သူ႕အႀကီးဆုံးသားအတြက္ အလုပ္လုပ္ေပးေစခ်င္တာ”

“ဘာ ေသာက္ေရးမပါတာ!” ေဇာင္ယုဟြမ္ ကမထိန္းခ်ဳပ္ႏိုင္ပဲ ဆဲလိုက္သည္။

“မွန္တယ္၊ ေသာက္ေရးမပါဘူး” လီဂ်င္းယြမ္ ကအျပဳံးေလးနဲ႔ ေျပာလိုက္သည္။

ေဇာင္ယုဟြမ္ က လီ႐ုံ ကိုပိုက်ိန္ဆဲေလ သူပိုေပ်ာ္ေလပင္။

သူ(လီ႐ုံ)က သူမအခ်စ္ကို လက္ခံရဖို႔ မျဖစ္ႏိုင္ဘူး။

သူ႕အေၾကာင္း သူမက ပိုပိုဂ႐ုစိုက္ခ်ိန္မွာ ခံစားရသည့္ အေတြ႕အၾကဳံသာျဖစ္သည္။ ဒီအခ်ိန္က သူ႕အတြက္ေတာ့ တစ္ဘဝလုံးစာအတြက္ လုံေလာက္သည္။

“ဒါဆို? အဲ့ေန႔ ဂ်င္းယြမ္ ျပန္လာတုန္းက မေမးခဲ့ရဘူး။ အဲ့ေနာက္ေကာ ဘာဆက္ျဖစ္ေသးလဲ?”

“အဲ့ေနာက္ေတာ့ ကိုယ္ သူ႕ကိုဆဲၿပီး ျပန္လာခဲ့တယ္”

ေဇာင္ယုဟြမ္ ကခဏေလာက္ ေတြးလိုက္သည္။ “သူက ဂ်င္းယြမ္ ကိုခ်စ္မယ္လို႔ထင္လား? ဂ်င္းယြမ္ ကသူ႕ကို ဆဲခဲ့တယ္ေလ။ သူက စိတ္ထားေသးသိမ္ေနမလား?”
“ရပါတယ္” လီဂ်င္းယြမ္ ကရပ္လိုက္ည္။ “ကိုယ္က သူ႕ထက္ ဟြမ္ဟြမ့္ကိုပဲ ပိုဂ႐ုစိုက္တယ္”

ငါ့ကိုဂ႐ုစိုက္တာ? ငါ့ပဲဂ႐ုစိုက္တယ္ဆိုတာ ဘာကိုေျပာခ်င္တာလဲ?

ဒီအေၾကာင္းကို ငါအေတြးလြန္ေနတာေတာ့ မဟုတ္ပါဘူးေနာ္။

ေဇာင္ယုဟြမ္ ကႏႈတ္ခမ္းကို ေစ့လိုက္သည္။ ထိုခဏတြင္ လီဂ်င္းယြမ္ ကမကြယ္ဝွက္တတ္မႈကို ေမးခ်င္ေနသည္။

သို႔ေသာ္ လီဂ်င္းယြမ္ ကရယ္လိုက္ၿပီး ေျပာလိုက္သည္။ “အိုေက၊ ဟြမ္ဟြမ္ အနားယူေနတာကို မေႏွာက္ယွက္ေတာ့ပါဘူး။ ဒီေန႔ ကိုယ္က စီနီယာ တစ္ေယာက္ရဲ႕႐ိႈးပြဲမွာ ဧည့္သည္ေလ။ ေနာက္မွ ေျပာၾကတာေပါ့”

“…အင္း၊ ေကာင္းၿပီေလ”

လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကလည္း အင္တာဗ်ဴးအတြက္ ေတာင္းဆိုခ်က္ေတြကို လက္ခံရခဲ့သည္။

ဟုန္ခ်န္းမင္း ရဲ႕အင္တာဗ်ဴးက အဂၤါေန႔ျဖစ္ၿပီး လီဂ်င္းယြမ္ ကေနာက္ေန႔ျဖစ္သည္။

ထိုမတိုင္ခင္ သူတို႔က ‘အျမန္ႏႈန္း’ ရဲ႕ဒုတိယ၊ တတိယနဲ႔ စတုတၳအပိုင္းေတြကို အၿပီးသတ္ ႐ိုက္ကူးရသည္။

ေဇာင္ယုဟြမ္ ရဲ႕ေမွ်ာ္လင့္ခ်က္က မျပည့္ဝခဲ့ေပ။

အေဖ-သမီးနဲ႔ လူအိုႀကီးအတြဲက ထြက္သြားခဲ့ေပမဲ့ လီဂ်င္းယြမ္ နဲ႔ ေဇာင္ယုဟြမ္ တို႔ကေတာ့ ဆက္လႈပ္႐ွားေနရတုန္းပင္။

ဟုန္ခ်န္းမင္း ရဲ႕အင္တာဗ်ဴးက သူ႕႐ုံးခန္းတြင္ ျဖစ္သည္။

မီဒီယာသမားေတြက ေလွ်ာက္ဝင္လိုက္သည္ႏွင့္ ႐ုံးစားပြဲအား ျမင္လိုက္ရသည္။ ေမးသူက ျပဳံးကာေမးလိုက္သည္။ “ဒါက Weibo ပို႔စ္က စားပြဲမလား?”

ဟုန္ခ်န္းမင္း ရဲ႕ျပန္ေျဖမႈက တိုတုတ္ေနၿပီး ေအးစက္ေနသည္။ “အင္း”

လူတိုင္းက ထိုင္ၿပီးခ်ိန္တြင္ ေမးသူက အျပဳံးေလးနဲ႔ ေျပာလိုက္သည္။ “ပထမပိုင္းမွာ မစၥတာဟုန္ နဲ႔ မစၥတာလီ တို႔က fencing နဲ႔ရင္းႏွီးတယ္လို႔ ေျပာထားခဲ့ၾကတယ္ေနာ္။ ‘အခ်ိန္ခရီးသြားျခင္း’ ႐ိုက္ကူးခ်ိန္မွာ မေတာ္တဆ ေတြ႕လိုက္ရတာ မစၥတာဟုန္ တို႔ႏွစ္ေယာက္လုံးက အရမ္းကို ေတာ္ၾကတာပဲ! ကြၽမ္းက်င္တဲ့ သင္တန္းေက်ာင္းကို ေျပာျပေပးဖို႔ ေတာင္းဆိုလို႔ရႏိုင္မလား?”

ဟုန္ခ်န္းမင္း ကျပန္ေျဖလိုက္သည္။ “အင္း”

“အရင္က မစၥတာလီဂ်င္းယြမ္ ကဒင္မိသားစုကေန ေမြးစားခံရတာဆိုဖို႔ သတင္းမွာ ေဖာ္ျပခဲ့တယ္။ ကြၽန္ေတာ္ ေမးလို႔ရႏိုင္မလား? မစၥတာဟုန္ လည္း…”

ဟုန္ခ်န္းမင္း ရဲ႕မ်က္ေတာင္က လႈပ္႐ွားသြားၿပီး စကားလုံး အနည္းငယ္ျဖင့္ ေျပာလိုက္သည္။ “အင္း၊ ငါေကာပဲ”

ေမးျမန္းသူက သူ႕အား အထင္မေသးရဲေပ။

သူ႕ကို ဘယ္သူက အထင္ေသးရဲမွာလဲ? ဟုန္ခ်န္းမင္း ရဲ႕ကုမၸဏီက ပိုပိုႀကီးထြားလာၿပီး အစိုးရအရာ႐ွိေတြရဲ႕ မ်က္ႏွာသာေပးမႈကိုေတာင္ လက္ခံရထားသည္။ ႐ွင္း႐ွင္းလင္းလင္း ေျပာရရင္ေတာ့ သူက လုံးဝကို ေတာက္ပသည့္ အနာဂတ္ ႐ွိေနတယ္!

ေမးျမန္းသူက ေတြးလိုက္သည္။ ေဇာင္ယုဟြမ္ ရဲ႕ကံေကာင္းျခင္းက ဘယ္လိုေတာင္လဲ?! ေနာက္ၿပီး ဒင္မိသားစုေကာ?!

ကေလးႏွစ္ေယာက္ကို ေမြးစားခဲ့တယ္။ တစ္ေယာက္ကေတာ့ ေရတပ္ကိုေတာင္ အသုံးမျပဳပဲ မွတ္တမ္းေတြကိုေတာင္ ခ်ိဳးျဖတ္ၿပီး နာမည္ႀကီးသူ! ေနာက္တစ္ေယာက္က ဒီလိုႀကီးမားတဲ့ ကုမၸဏီကို အသက္ငယ္ငယ္ေလးနဲ႔ ပိုင္ဆိုင္ေနတယ္… မၾကာခင္မွာ သူက အသက္အငယ္ဆုံး အခ်မ္းသာဆုံးလူ ျဖစ္လာမွာ ေသခ်ာတယ္…

ဘယ္သူက မနာလိုမျဖစ္ပဲ ေနမွာလဲ?

ေမးျမန္းသူက မနာလိုမႈအား ခံစားလိုက္ရသည္။

“မစၥတာဟုန္ တို႔သုံးေယာက္က အိမ္မွာ ဘယ္လိုသာမန္မ်ိဳး ျပဳမူၾကလဲဆိုတာကို ကြၽန္ေတာ္ ေမးလို႔ရႏိုင္မလား? မစၥတာဟုန္ ရဲ႕ေန႔စဥ္ဘဝအေၾကာင္းကို ေျပာျပ႐ုံပါပဲ။ အင္တာနက္ သုံးစြဲသူေတြလည္း ဒီအေၾကာင္းကို သိခ်င္ၾကမယ္လို႔ ထင္ပါတယ္” ေမးျမန္းသူက သူ႕အေတြးေတြကို ဖယ္ထုတ္လိုက္ၿပီး ျပင္ဆင္လာသည့္ ေမးခြန္းေတြကို ေမးလိုက္သည္။

ဟုန္ခ်န္းမင္း ရဲ႕အမူအရာက ခ်က္ခ်င္းပင္ ႏူးညံ့သြားခဲ့ၿပီး ကင္မရာက လုံးဝကို ႐ိုက္ကူးမိသြားခဲ့သည္။

“ဟြမ္ဟြမ္ ကေစာေစာထ,တယ္။ ငါတို႔ ႏိုင္ငံျခားမွာ ေက်ာင္းတက္တုန္းက အခ်ိန္က အရမ္းနည္းလြန္းတယ္။ အရင္ကေတာ့ သူမက မနက္ခင္း အိပ္ရာထ,တိုင္း အိပ္ငိုက္တတ္တယ္။ သူမက မ်က္လုံးေတြကို ညႇစ္ၿပီးေတာ့သာ ဖြင့္ခဲ့တယ္။ ေနာက္ၿပီး သူမက ႏိုင္ငံျခားက အစားေတြကို မစားႏိုင္လို႔ ငါတို႔မွာလည္း နာနီမ႐ွိတာနဲ႔ သူမအတြက္ အၿမဲတမ္း ငါက မနက္စာ လုပ္ေပးခဲ့တယ္။ သူမက ပဲႏို႔ေသာက္ရတာ ႀကိဳက္တယ္၊ ဂ်ံဳေခ်ာင္းေၾကာ္ကို စားတယ္၊ shumai နဲ႔ထမင္းလိပ္ကို စားတယ္။ သူမက ၾကက္ဥျပဳတ္ေတြကို မႀကိဳက္ဘူး။ ငါတို႔ ၾကက္ဥျပဳတ္နဲ႔ တန္ယြမ္ ကိုစားေတာ့ သူမက အရည္ပဲေသာက္ၿပီး တျခားဘာကိုမွ မစားခဲ့ဘူး…”

သူက ႐ိႈးပြဲျဖစ္ျဖစ္ ေမးခြန္းေတြကို ေျဖတာမ်ိဳးပဲျဖစ္ျဖစ္ ဟုန္ခ်န္းမင္း ကအေတာ္ေလးကို စကားနည္းလြန္းသည္။ အခုေတာ့ သူက ႐ုတ္တရက္ႀကီး အမ်ားႀကီး ေျပာေနတာေၾကာင့္ ေမးျမန္းသူေတာင္ လန္႔သြားခဲ့သည္။

ဟုန္ခ်န္းမင္း ရဲ႕အင္တာဗ်ဴးက လ်င္ျမန္စြာပင္ ထုတ္လႊင့္ခဲ့သည္။

ျပန္တင္တာ ျပန္႐ွဲတာေတြက ခ်က္ခ်င္းပင္ တစ္ေသာင္းေလာက္ ျဖစ္သြားခဲ့သည္။

ေသခ်ာေပါက္ကို ေဇာင္ယုဟြမ္ ကလည္း အင္တာဗ်ဴးကို ၾကည့္ေနခဲ့သည္။

“…သူမက နာက်င္တာနဲ႔ ဗိုက္ဆာတာကို အရမ္းေၾကာက္တယ္။ သူမက ပုံမွန္အတိုင္း မစားတက္ဘူး၊ အခုေတာ့ သူမက စားဖို႔တစ္ခ်ိန္ေလး လြတ္သြားတာနဲ႔ ဗိုက္ေအာင့္တက္တယ္”

“ဒါဆို တူရကီ မွာတုန္းက မစၥေဇာင္ ကအခ်ိန္မွီမစားရင္ အစာအိမ္ေအာင့္မွာကို ေၾကာက္လို႔လား? ဒါေၾကာင့္ ဘုရားေက်ာင္းကေန ထြက္ၿပီးေတာ့ ပ႐ိုဂရမ္အဖြဲ႕ကားက ေရနဲ႔ဘီစကစ္ကို သြားယူေပးခဲ့တာလား?”

“အင္း”

ထိုအရာကို ေဇာင္ယုဟြမ္ ျမင္လိုက္ခ်ိန္တြင္ လန္႔သြားခဲ့သည္။

ဟုန္ခ်န္းမင္း ကသူမ ႀကိဳက္တာအားလုံးကို မွတ္မိေနခဲ့သည္။

သူမက လြယ္လြယ္နဲ႔ ဗိုက္ေအာင့္တက္တာကိုေတာင္ သူက မွတ္ထားခဲ့သည္။

25.8.2021(Wed)
………………………

[text_hash] => dd0c87c6
)

//qc
//QC2