ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 95❇️ ဒင်ချွေယြဲ့ နဲ့တွေ့ဆုံခြင်း
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 95❇️ ဒင်ချွေယြဲ့ နဲ့တွေ့ဆုံခြင်း

Array
(
[text] =>

Zawgyi

ဇောင်ယုဟွမ် က ဒင်ချွေယွဲ့ ကိုမြင်ခဲ့တာ အချိန်အတော်ကြာခဲ့သည်။ ဒင်ချွေယွဲ့ ကအဖိုးဒင် ဆီအလည်လာတိုင်း ယွဲ့လန်ဗီလာ‌ေတာ့ မလာခဲ့ပေ။ နောက်ပိုင်း ဇောင်ယုဟွမ် ကဇောင်စီးပွားရေးအား အမွေလက်ခံပြီးချိန်တွင် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကလည်း သူတို့ကိုယ်ပိုင် လုပ်ငန်းတွေ ရှိလာခဲ့ပြီး ဒင်ချွေယွဲ့ ကမိဘမဲ့ကို ခေါ်လာခဲ့လို့ ဇောင်ယုဟွမ် ကိုပြောဆိုခဲ့တာတွေ အမှတ်ရခဲ့ပြီး အခုတော့ နှစ်ယောက်လုံးက ကိုယ်ပိုင်နေရာ ရှိနေတာကြောင့် သူမက အတော်လေး ရှက်နေခဲ့သည်။ ထို့ကြောင့် သူမက ဇောင်ယုဟွမ် ရှေ့တွင်ပေါ်လာတာက ရှားသည်။

ဇောင်ယုဟွမ် ကသူတို့ကြားက ရန်ငြိုးတွေကို မမှတ်မိတော့ပေ။

သို့သော် သူမအကြောင်းကို တွေးလိုက်ချိန်တွင် ဒင်ချွေယွဲ့ ကအတ္တကြီးတာကိုသာ သူမ တွေးမိသည်။

သူမက အရာအားလုံးအတွက် ညီမလေးဆီမှ အကျိုးအမြတ်ရဖို့သာ လုပ်နေခဲ့သည်။ သို့သော် သူမမိသားစုက သူမကို တကယ်ပဲ လိုအပ်လာချိန်တွင် သူမက သူတို့ကို အာရုံမစိုက်တော့ပေ။

ဇောင်ယုဟွမ် ကထိုအကြောင်းကို သတိထားခဲ့ပြီး သူမအပေါ် ပြဿနာမရှိဖို့ ဂရုစိုက်ခဲ့ပေမဲ့ ဒင်ချွေယွဲ့ ရဲ့အရင်က ခေါင်းမာမှုတွေအတွက် မဟုတ်ရင် လန်ဂျင်းဇီ ကလည်းအခုလိုမျိုး ပုံမှန်မဟုတ်ပဲ တင်းကြပ်ပြီး သူ့ကိုယ်သူ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံသည့်လူမျိုး ဖြစ်လာမှာ မဟုတ်ပေ။

ထို့ကြောင့် ဇောင်ယုဟွမ် က ဒင်ချွေယွဲ့ ဆီမှ ရုတ်တရက်ကြီး ဖုန်းလက်ခံရချိန်တွင် နည်းနည်း အံ့ဩသွားခဲ့သည်။

“ဟွမ်ဟွမ် အားလား? ငါတို့တွေ အတူတူ မစားခဲ့ကြတာ အချိန်ကြာပြီ”

ဇောင်ယုဟွမ် ကသူမနဲ့အတူ စားသောက်ဖို့ အစီစဉ်မရှိပေမဲ့ လန်ဂျင်းဇီ အကြောင်းကိုတော့ သူမ စိတ်ပူသည်။

အစ်ကိုနဲ့ပတ်သက်တာ တစ်ခုခုများ ဖြစ်နိုင်လား?

ဒင်ချွေယွဲ့ နဲ့ လန်ဂျင်းဇီ တို့ကြားက အမေ-သား ဆက်ဆံရေးက တင်းမာပြီး အေးစက်တာကို သူမ သိထားတာကြောင့် ဒင်ချွေယွဲ့ က လန်ဂျင်းဇီ အားတိုက်ရိုက် မပြောနိုင်သည့် တစ်ခုခု ဖြစ်နိုင်လိမ့်မည်။

“အိုကေ၊ ဘယ်အချိန်၊ ဘယ်နေရာမှာ တွေ့ကြမလဲ?” ဇောင်ယုဟွမ် ကပြန်ဖြေလိုက်သည်။

ဒင်ချွေယွဲ့ ကသူမအား အချိန်နဲ့ လိပ်စာအား ပြောလိုက်သည်။

နောက်နေ့တွင် ဟုန်ချန်းမင်း ကပုံမှန်အတိုင်း ရုံးသွားပြီး လီဂျင်းယွမ် ကတော့ အရင်အတိုင်း ပွဲတွေကို တက်ရောက်ခဲ့သည်။

ဇောင်ယုဟွမ် က ဒင်ချွေယွဲ့ ကိုတွေ့ဖို့ သွားခဲ့သည်။
အနောက်ပိုင်းစတိုင် စားသောက်ဆိုင်တွင် တွေ့ဆုံခဲ့ကြသည်။ ဇောင်ယုဟွမ် ကရောက်ချိန်တွင် ဒင်ချွေယွဲ့ ကတော့ ရောက်နေခဲ့သည်။

ဇောင်ယုဟွမ် ကအနားကို လျှောက်လာတာကို မြင်လိုက်ပြီး ဒင်ချွေယွဲ့ ကသူမအား အံ့ဩစွာဖြင့် ပြုံးပြလာခဲ့သည်။

မှာပြီးနောက် ဇောင်ယုဟွမ် ကစိတ်ကျေနပ်စေတာမျိုး မလုပ်တော့ပဲ တိုက်ရိုက်သာ မေးလိုက်သည်။ “အန်တီ ကကျွန်မကို ခေါ်လိုက်တာ တစ်ခုခု ပြောစရာရှိလို့လား?”

သူမက တိုက်ရိုက်ပြောချင်ပေမဲ့ ဒင်ချွေယွဲ့ ကတော့ မလုပ်ပေ။

“ငါတို့ မတွေ့ခဲ့တာလည်း ကြာပြီလေ၊ ဒါ့ကြောင့်ပဲ အတူတူ စားသင့်တယ်လို့ တွေးမိရုံပဲ။ မင်းအဖေ ဆုံးသွားတည်းက မင်းဝမ်းနည်းနေမှာကို ငါကြောက်ခဲ့ပေမဲ့ ကံမကောင်းစွာပဲ ငါ့ကုမ္ပဏီကို လက်လွှတ်ထားလို့ မရတာနဲ့ လန်ဂျင်းဇီ ကိုစောင့်ရှောက်ပေးဖို့သာ ပြောနိုင်ခဲ့တယ်။ နောက်ပိုင်းတော့ မင်းအဖေရဲ့ အမွေတွေကို တရားဝင် လွှဲယူခဲ့ချိန်မှာ ကုမ္ပဏီမှာ များပြားလှတဲ့ ကိစ္စတွေက မင်းကို စောင့်နေခဲ့တယ်။ ဒီနှစ်မှာ ငါက မင်းအဖိုးရဲ့ စီးပွားရေးကို လက်ခံခဲ့လို့ အလုပ်များနေခဲ့တယ်။ ငါတို့က တစ်လှေတည်း ဖြစ်နေတော့ အလုပ်နဲ့ပတ်သက်ပြီး မင်းလည်း ပင်ပန်းနေမှာကို ခံစားမိလို့ မင်းကို မနှောင့်ယှက်ရဲခဲ့တာ”

ဇောင်ယုဟွမ် ကအကျယ်ကြီး ရယ်လိုက်ချင်သည်။
သူမက တကယ်ပဲ တက်နိုင်သည်။ စကားလုံးလေးနဲ့ လန်ဂျင်းဇီ ကိုသူမကို စောင့်ရှောက်ဖို့ ပြောနိုင်မယ်တဲ့လား?

ဇောင်ယုဟွမ် မှာမျက်လုံးတွေမရှိပဲ အမှန်တရားကို မမြင်နိုင်ဘူးလို့များ ဒင်ချွေယွဲ့ ကထင်နေတာလား?
ထို့နောက်တွင် ဝိတ်တာက သူတို့အစားတွေကို ယူလာခဲ့သည်။ ဇောင်ယုဟွမ် ကဓားနဲ့ခရင်းကို ကိုင်လိုက်ပြီး ခေါင်းငုံ့ကာ သူမရှေ့မှ အသားကို ဖြတ်လိုက်သည်။

ဇောင်ယုဟွမ် ကစိတ်မရှည်တာကို ဒင်ချွေယွဲ့ ကမြင်လိုက်တာကြောင့် နောက်ဆုံးတော့ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “မစ္စတာဟုန် ကောဘယ်လိုလဲ?”

သူမက နောက်တစ်စက္ကန့်တွင် ဟုန်ချန်းမင်း အကြောင်းကို ပြောလာချိန်တွင် ဇောင်ယုဟွမ် နားလည်သွားခဲ့သည်။

ဒါက အသစ်ပဲ။ သူမက အခုတော့ သူ့ကို ‘မစ္စတာဟုန်’လို့ ခေါ်နေတယ်…

“ကောင်းပါတယ်၊ အရင်အတိုင်းပဲ” ဇောင်ယုဟွမ် ကပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။

ဒင်ချွေယွဲ့ ကသူမအသုံးအဆောင်တွေကို မယူပဲ သူမအိတ်ထဲမှ ဖိုင်တွဲကို ထုတ်လိုက်ပြီး ဇောင်ယုဟွမ် ရှေ့တွင် ချလိုက်သည်။ “တိုက်ဆိုင်တာပဲ။ မကြာခင်က ဒင်မှာ မစ္စတာဟုန် ရဲ့ကုမ္ပဏီနဲ့ ဆွေးနွေးမဲ့ ပရောဂျက်ရှိတယ်”

ဇောင်ယုဟွမ် ရဲ့လှုပ်ရှားမှုက ရပ်သွားခဲ့သည်။

ဆိုတော့ ဒါကြောင့် သူမကို တွေ့ချင်တာပေါ့။

ဇောင်ယုဟွမ် ကမျက်မှောင်ကြုတ်လိုက်ပြီး အေးဆေးစွာ စားသောက်နေတာက အနှောင့်အယှက်တောင် ဖြစ်မသွားပေ။ သူမက ဓားနဲ့ခရင်းကို ချလိုက်ပြီး သူမခေါင်းကိုမော့ကာ မေးလိုက်သည်။ “အန်တီက ဘာပြောချင်တာလဲ?”

“အခုချိန် ငါက ဒင်ကို ကူညီနေပေမဲ့ မင်းအဖိုးက ဒီကမ္ဘာကနေ ထွက်သွားရင် မင်းနဲ့ ဂျင်းဇီ တို့ကိုခွဲပေးနိုင်မဲ့ ရှယ်ရာတွေ အကျိုးအမြတ်တွေ အများကြီး ရှိနေတုန်းပဲလေ။ ငါက ဒင်ဘက်ကနေ လုပ်နေပေမဲ့ နှစ်ဖက်လုံး အာရုံစိုက်ပြီး လုပ်ရင်ပိုမကောင်းဘူးလား? နောက်ပြီး ငါတို့က မိသားစုတွေပဲလေ၊ နှစ်ဖွဲ့ကွဲနေသလိုမျိုး လုပ်နေဖို့ မလိုပါဘူး… မစ္စတာဟုန် ကိုတွေ့ဖို့က အရမ်းခက်တယ်၊ ဒါပေမဲ့ ဟွမ်ဟွမ် သာပြောလိုက်ရင် ဒါက သေချာပေါက်ကို လွယ်ကူသွားမှာ”

ဇောင်ယုဟွမ် ကလှောင်ပြောင်လိုက်သည်။ “ကျွန်မကိစ္စမဟုတ်ဘူး”

ဒင်ချွေယွဲ့ ရဲ့အမူအရာက ပြောင်းသွားခဲ့သည်။ “မှန်တယ်၊ မင်းက မင်းအဖေရဲ့ အမွေကို တရားဝင် လွှဲယူခဲ့တာ၊ အခုတော့ မင်းမှာ ငွေအများကြီး ရှိနေပြီ။ မှန်တာပေါ့၊ မင်းက ဒီလိုအရာတွေ ဂရုစိုက်ဖို့ မလိုဘူးလေ။ ဒါပေမဲ့ ဒါတွေအားလုံးက မင်းမှာ အနာဂတ်ကောင်း ရှိလာဖို့အတွက် မင်းအဖိုးရဲ့ သွေး၊ချွေးတွေနဲ့ ကြိုးစားခဲ့ရတာတွေလေ။ မင်းအပိုင်းကို စိတ်မဝင်စားရင်တောင် မင်းဝမ်းကွဲကိုတော့ အနည်းဆုံး တွေးပေးသင့်တယ်လေ”

ဇောင်ယုဟွမ် ကသူမအိတ်ကို ဆွဲလိုက်သည်။ “ကျွန်မ စားချင်စိတ် မရှိတော့ဘူး။ နောက်တစ်ခါ ကျွန်မနဲ့ စားချင်တယ်ဆိုရင် ယွဲ့လန်ဗီလာကိုသာ လာခဲ့ပါ။ ဘာကြောင့် အပြင်ဘက်မှာ ဟုန်မန်ပွဲတော် ရှိနေရတာလဲ?”

(ဟုန်မန်ပွဲတော် – ဧည့်သည်တွေဆီ ခြိမ်းခြောက်/အန္တရာယ်ပြုသည့် ရည်ရွယ်ချက်တွေ ဖုံးကွယ်ထားတဲ့ ပွဲတော်ဖြစ်သည်။ 206 BC တွင် ရှန်းယု (ပြိုင်ဘက်)က လွေ့ဘန် (ဟန်ဧကရာဇ်လောင်း)ကို ပွဲတော်တွင် လုပ်ကြံဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမဲ့ ကျရှုံးခဲ့သည်။)

ဒင်ချွေယွဲ့ ရဲ့အမူအရာက ထပ်ပြောင်းသွားပေမဲ့ သူမခံစားချက်တွေကို ဖိနှိပ်လိုက်ပြီး ပြောလိုက်သည်။ “အိုကေ၊ ဒါဆို ဒီအကြောင်းကို ထပ်မပြောတော့ဘူး။ စိတ်မဆိုးပါနဲ့”

ဒင်ချွေယွဲ့ က ဇောင်ယုဟွမ် ရဲ့လက်ကို ဆွဲလိုက်သည်။
ဇောင်ယုဟွမ် ကမျက်မှောင် ကြုတ်လိုက်သည်။ “ဒါဆို အန်တီက တခြားဘာပြောစရာ ရှိသေးလို့လဲ?”

ဒင်ချွေယွဲ့ ကဝန်လေးနေခဲ့သည်။ “ဂျင်းဟွာအုပ်စုကို ကြားဖူးလား?”

ဇောင်ယုဟွမ် ကသူမ ဘာပြောချင်မှန်း မသေချာတာကြောင့် သူမအား စကားမပြောပဲ ဆက်စိုက်ကြည့်လိုက်သည်။

“ဂျင်းဟွာအုပ်စုက သူဌေးက မင်းနဲ့စားသောက်ဖို့ ဖိတ်ချင်နေတယ်”

ဇောင်ယုဟွမ် ကဘာပြောရမှန်း မသိတော့ပေ။

ဒါကဘာလဲ?

“ဒါက စီးပွားရေးပါတနာအတွက်ဆိုရင် ဇောင်ကုမ္ပဏီကို တိုက်ရိုက်ဆက်သွယ်ပြီး ပြောလို့ရပါတယ်၊ အန်တီကနေ ဆက်သွယ်ခိုင်းဖို့ မလိုပါဘူး။ အန်တီ ဘာလုပ်ချင်နေတာလဲ?” ဇောင်ယုဟွမ် ရဲ့အမူအရာက ပြောင်းလဲသွားပြီး သူမအသံကလည်း အနည်းငယ် မြင့်သွားခဲ့သည်။ “ဘာလဲ? လူပွဲစားလုပ်နေတာလား?”

(သူပြောတဲ့ လူပွဲစားဆိုတာကလေ ပြည့်တန်ဆာရှာပေးတဲ့သူကို ပြောချင်တာ)

“‘လူပွဲစား’ဆိုတာ ဘာကိုပြောချင်တာလဲ? ဘယ်လိုတောင် စိတ်မချမ်းမြေ့စရာ ကောင်းလိုက်လဲ?” ဒင်ချွေယွဲ့ ရဲ့မျက်နှာက ပြောင်းလဲသွားခဲ့သည်။ “ဒီမှာ သူ့ကဒ်” ထို့နောက် သူမက ဇောင်ယုဟွမ် ရှေ့ကို ကဒ်ထိုးပေးလိုက်သည်။ “မင်းက မစားချင်တော့ဘူး ဆိုမှာတော့ ငါအရင် သွားတော့မယ်။ နောက်တစ်ခါမှ ဂျင်းဇီ နဲ့အတူတူ စားကြတာပေါ့”

အန်တီသာ လန်ဂျင်းဇီ ကိုဖိတ်နိုင်ရင် အန်တီ့နာမည်ကိုတောင် ခံယူလိုက်ဦးမယ်၊ ဇောင်ယုဟွမ် ကလှောင်ပြောင်ကာ တွေးလိုက်သည်။

ဒင်ချွေယွဲ့ ထွက်သွားပြီးနောက် ဇောင်ယုဟွမ် ကခေါင်းငုံ့ကာ ကဒ်ကို ယူလိုက်သည်။ နာမည်ကတော့ – လီရုံ
ဒီနာမည်က ဇောင်ယုဟွမ် နဲ့မရင်းနှီးပေမဲ့ လီစာလုံးက တစ်ခုခုကို သတိရစေသည်။

သူမက ချက်ချင်းပင် ဖုန်းဖွင့်လိုက်ပြီး “ဂျင်းဟွာအုပ်စု”ရဲ့ သတင်းတွေကို ရှာဖွေလိုက်ပြီး ဂျင်းဟွာသူဌေးကို ရှာလိုက်သည်။ သူမရှာဖွေမှုမှ ချက်ချင်းပင် တက်လာခဲ့သည်။

လီရုံ – နိုင်ငံခြားတွင် နေထိုင်သည့် တရုတ်ပြည်သား၊ ချမ်းသာသည့် စီးပွားရေးလုပ်ငန်းရှင်
သူ့အသက်ကို ကြည့်လိုက်တော့ ၈၀ ရှိနေသည်။

ဇောင်ယုဟွမ် ကမျက်ခုံးပင့်လိုက်သည်။ တကယ်ကြီး? ဒီဒါရိုက်တာလီ ကလက်ထောက်ဒေါင် ပြောတဲ့သူလား?
သူမက မျက်မှောင်ကြုတ်လိုက်ပြီး ကဒ်ကို အဝေးမှာ ထားလိုက်သည်။

လီဂျင်းယွမ် ကသူ့နောက်လိုက်ဖို့ ဆန္ဒမရှိလို့ ဒါရိုက်တာလီ ကဖြတ်လမ်းနည်းအတွက် သူမကို အသုံးချတာမလား?

ဇောင်ယုဟွမ် ကဒ်ကိုကိုင်လိုက်သည်။

ဒါက သူမနဲ့မဆိုင်ပေ။

ဒါက သူ့ဘဝပင်။ လီဂျင်းယွမ် ကသာ သူ့ကိုယ်သူအတွက် ရွေးချယ်နိုင်သည်။

လီရုံ ကဘာကြောင့်များ သူမက ဖြတ်လမ်းနည်း ဖြစ်နိုင်မယ်လို့ တွေးသွားမှန်း ဇောင်ယုဟွမ် မတွေးတက်ပေ။

‘အမြန်နှုန်း’က ထုတ်လွှင့်ပြီးနောက် ဖန်အရေအတွက်က ချက်ချင်းပင် တိုးမြင့်လာခဲ့သည်။ လီဂျင်းယွမ် ကဖျော်ဖြေရေးတွင် ရှိနေပြီးသားဖြစ်ကာ အချိန်တစ်ခုကြာအထိ ရှိနေခဲ့တာကြောင့် သူရဲ့ဖန်တွေက အမြန်ဆုံးဖြစ်သည်။ တစ်စုံတစ်ယောက်အတွက် ရပ်တည်ပေးချင်သည့် ဖန်တွေက အမြဲတမ်း သူ့ကိုသာ ရွေးချယ်ကြသည်။

ရှိုးပွဲရဲ့ ကြည့်ရှုနှုန်းက မှတ်တမ်းအား ထပ်ချိုးဖြတ်သွားခဲ့သည်။

မီဒီယာအများစုကလည်း လီဂျင်းယွမ် အားအင်တာဗျူးဖို့ တောင်းဆိုခဲ့ပြီး သူတင်မကပဲ ဇောင်ကုမ္ပဏီမှာလည်း ဇောင်ယုဟွမ် အားအင်တာဗျူး လက်ခံဖို့အတွက် ဖုန်းခေါ်ဆိုမှုတွေကို လက်ခံရခဲ့သည်။ ရှယ်ရာရှင်တွေက ဒီအချက်က သူတို့စီးပွားရေးကို တိုးချဲ့နိုင်ဖို့အတွက် အရမ်းကောင်းတယ်လို့ တွေးကြတာကြောင့် ဇောင်ယုဟွမ် အားအင်တာဗျူးဖြေဖို့ ဆွဲဆောင်ကြသည်။ ဇောင်ယုဟွမ် ကအရင်တုန်းက ဒီလိုမျိုးတွေကို အမြဲတမ်း ငြင်းဆိုခဲ့တာကြောင့် ဒီအကြောင်းကို စဉ်းစားလိုက်ပြီး လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့အင်တာဗျူးတွေကို အရင်ဆုံး ကြည့်ဖို့သာ ဆုံးဖြတ်ခဲ့သည်။

သူတို့အင်တာဗျူးက မထုတ်လွှင့်ခင် လီဂျင်းယွမ် နဲ့ပတ်သက်ပြီး အင်တာနက်တွင် ကောလဟာလတွေက ထပ်ထွက်လာခဲ့သည်။

ထိပ်စည်းခေါင်းစဉ်ကတော့ အထင်ကြီးစရာပင်။

‘အံ့ဩစရာပဲ! လီဂျင်းယွမ် ရဲ့အဖေက တကယ့်ကို…’

‘လီဂျင်းယွမ် ကတကယ့်ကို ချမ်းသာတဲ့ ဒုတိယမျိုးဆက်လို့ ဘယ်သူမှ ထင်မထားခဲ့ကြဘူး’

‘လီဂျင်းယွမ် ရဲ့တကယ့်နောက်ခံက မိဘမဲ့ မဟုတ်ပေမဲ့ အုပ်ထိန်းသူကလည်း တကယ့်ကို ကြီးမားတဲ့ အုပ်စုက ဖြစ်နေတယ်’

ဇောင်ယုဟွမ် ကအင်တာနက်က သတင်းတွေကို မြင်လိုက်ပေမဲ့ ဟန်ယင်ယင် ကတော့ မသိသေးပေ။

သူမက သတင်းတွေကို မြင်လိုက်ချိန်တွင် ဟန်ယင်ယင် ကချက်ချင်းပင် သူမကို ခေါ်လာခဲ့သည်။

“ဒီအရာက တကယ်ပဲလား? ဒါက အမှားဆိုရင် လီဂျင်းယွမ် ကိုချက်ချင်း အသိပေးလိုက်လေ။ တစ်ယောက်ယောက်က သူ့အပေါ် မကောင်းကြံတာ သိသာတယ်! နောက်ပြီး လီဂျင်းယွမ် ကသူ့အတိတ်က မိဘမဲ့ဖြစ်တာ ပေါ်သွားလို့ ရေတပ်အဖွဲ့ကို ဝယ်ပြီးတော့များ သူ့နောက်ခံက ဒုတိယမျိုးဆက်ဖြစ်ကြောင့် ထုတ်တာများလား… အင်တာနက်သုံးသူတွေက အများကြီး တွေးမှာမဟုတ်ဘူး။ သူတို့က ဘာပြောပြော ယုံကြမှာပဲ” ဟန်ယင်ယင် ကပြောလိုက်သည်။

24.8.2021 (Tue)
……………………….

Zawgyi

ေဇာင္ယုဟြမ္ က ဒင္ေခြၽယြဲ႕ ကိုျမင္ခဲ့တာ အခ်ိန္အေတာ္ၾကာခဲ့သည္။ ဒင္ေခြၽယြဲ႕ ကအဖိုးဒင္ ဆီအလည္လာတိုင္း ယြဲ႕လန္ဗီလာ‌ေတာ့ မလာခဲ့ေပ။ ေနာက္ပိုင္း ေဇာင္ယုဟြမ္ ကေဇာင္စီးပြားေရးအား အေမြလက္ခံၿပီးခ်ိန္တြင္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကလည္း သူတို႔ကိုယ္ပိုင္ လုပ္ငန္းေတြ ႐ွိလာခဲ့ၿပီး ဒင္ေခြၽယြဲ႕ ကမိဘမဲ့ကို ေခၚလာခဲ့လို႔ ေဇာင္ယုဟြမ္ ကိုေျပာဆိုခဲ့တာေတြ အမွတ္ရခဲ့ၿပီး အခုေတာ့ ႏွစ္ေယာက္လုံးက ကိုယ္ပိုင္ေနရာ ႐ွိေနတာေၾကာင့္ သူမက အေတာ္ေလး ႐ွက္ေနခဲ့သည္။ ထို႔ေၾကာင့္ သူမက ေဇာင္ယုဟြမ္ ေ႐ွ႕တြင္ေပၚလာတာက ႐ွားသည္။

ေဇာင္ယုဟြမ္ ကသူတို႔ၾကားက ရန္ၿငိဳးေတြကို မမွတ္မိေတာ့ေပ။

သို႔ေသာ္ သူမအေၾကာင္းကို ေတြးလိုက္ခ်ိန္တြင္ ဒင္ေခြၽယြဲ႕ ကအတၱႀကီးတာကိုသာ သူမ ေတြးမိသည္။

သူမက အရာအားလုံးအတြက္ ညီမေလးဆီမွ အက်ိဳးအျမတ္ရဖို႔သာ လုပ္ေနခဲ့သည္။ သို႔ေသာ္ သူမမိသားစုက သူမကို တကယ္ပဲ လိုအပ္လာခ်ိန္တြင္ သူမက သူတို႔ကို အာ႐ုံမစိုက္ေတာ့ေပ။

ေဇာင္ယုဟြမ္ ကထိုအေၾကာင္းကို သတိထားခဲ့ၿပီး သူမအေပၚ ျပႆနာမ႐ွိဖို႔ ဂ႐ုစိုက္ခဲ့ေပမဲ့ ဒင္ေခြၽယြဲ႕ ရဲ႕အရင္က ေခါင္းမာမႈေတြအတြက္ မဟုတ္ရင္ လန္ဂ်င္းဇီ ကလည္းအခုလိုမ်ိဳး ပုံမွန္မဟုတ္ပဲ တင္းၾကပ္ၿပီး သူ႕ကိုယ္သူ ၾကမ္းၾကမ္းတမ္းတမ္း ဆက္ဆံသည့္လူမ်ိဳး ျဖစ္လာမွာ မဟုတ္ေပ။

ထို႔ေၾကာင့္ ေဇာင္ယုဟြမ္ က ဒင္ေခြၽယြဲ႕ ဆီမွ ႐ုတ္တရက္ႀကီး ဖုန္းလက္ခံရခ်ိန္တြင္ နည္းနည္း အံ့ဩသြားခဲ့သည္။

“ဟြမ္ဟြမ္ အားလား? ငါတို႔ေတြ အတူတူ မစားခဲ့ၾကတာ အခ်ိန္ၾကာၿပီ”

ေဇာင္ယုဟြမ္ ကသူမနဲ႔အတူ စားေသာက္ဖို႔ အစီစဥ္မ႐ွိေပမဲ့ လန္ဂ်င္းဇီ အေၾကာင္းကိုေတာ့ သူမ စိတ္ပူသည္။

အစ္ကိုနဲ႔ပတ္သက္တာ တစ္ခုခုမ်ား ျဖစ္ႏိုင္လား?

ဒင္ေခြၽယြဲ႕ နဲ႔ လန္ဂ်င္းဇီ တို႔ၾကားက အေမ-သား ဆက္ဆံေရးက တင္းမာၿပီး ေအးစက္တာကို သူမ သိထားတာေၾကာင့္ ဒင္ေခြၽယြဲ႕ က လန္ဂ်င္းဇီ အားတိုက္႐ိုက္ မေျပာႏိုင္သည့္ တစ္ခုခု ျဖစ္ႏိုင္လိမ့္မည္။

“အိုေက၊ ဘယ္အခ်ိန္၊ ဘယ္ေနရာမွာ ေတြ႕ၾကမလဲ?” ေဇာင္ယုဟြမ္ ကျပန္ေျဖလိုက္သည္။

ဒင္ေခြၽယြဲ႕ ကသူမအား အခ်ိန္နဲ႔ လိပ္စာအား ေျပာလိုက္သည္။

ေနာက္ေန႔တြင္ ဟုန္ခ်န္းမင္း ကပုံမွန္အတိုင္း ႐ုံးသြားၿပီး လီဂ်င္းယြမ္ ကေတာ့ အရင္အတိုင္း ပြဲေတြကို တက္ေရာက္ခဲ့သည္။

ေဇာင္ယုဟြမ္ က ဒင္ေခြၽယြဲ႕ ကိုေတြ႕ဖို႔ သြားခဲ့သည္။
အေနာက္ပိုင္းစတိုင္ စားေသာက္ဆိုင္တြင္ ေတြ႕ဆုံခဲ့ၾကသည္။ ေဇာင္ယုဟြမ္ ကေရာက္ခ်ိန္တြင္ ဒင္ေခြၽယြဲ႕ ကေတာ့ ေရာက္ေနခဲ့သည္။

ေဇာင္ယုဟြမ္ ကအနားကို ေလွ်ာက္လာတာကို ျမင္လိုက္ၿပီး ဒင္ေခြၽယြဲ႕ ကသူမအား အံ့ဩစြာျဖင့္ ျပဳံးျပလာခဲ့သည္။

မွာၿပီးေနာက္ ေဇာင္ယုဟြမ္ ကစိတ္ေက်နပ္ေစတာမ်ိဳး မလုပ္ေတာ့ပဲ တိုက္႐ိုက္သာ ေမးလိုက္သည္။ “အန္တီ ကကြၽန္မကို ေခၚလိုက္တာ တစ္ခုခု ေျပာစရာ႐ွိလို႔လား?”

သူမက တိုက္႐ိုက္ေျပာခ်င္ေပမဲ့ ဒင္ေခြၽယြဲ႕ ကေတာ့ မလုပ္ေပ။

“ငါတို႔ မေတြ႕ခဲ့တာလည္း ၾကာၿပီေလ၊ ဒါ့ေၾကာင့္ပဲ အတူတူ စားသင့္တယ္လို႔ ေတြးမိ႐ုံပဲ။ မင္းအေဖ ဆုံးသြားတည္းက မင္းဝမ္းနည္းေနမွာကို ငါေၾကာက္ခဲ့ေပမဲ့ ကံမေကာင္းစြာပဲ ငါ့ကုမၸဏီကို လက္လႊတ္ထားလို႔ မရတာနဲ႔ လန္ဂ်င္းဇီ ကိုေစာင့္ေ႐ွာက္ေပးဖို႔သာ ေျပာႏိုင္ခဲ့တယ္။ ေနာက္ပိုင္းေတာ့ မင္းအေဖရဲ႕ အေမြေတြကို တရားဝင္ လႊဲယူခဲ့ခ်ိန္မွာ ကုမၸဏီမွာ မ်ားျပားလွတဲ့ ကိစၥေတြက မင္းကို ေစာင့္ေနခဲ့တယ္။ ဒီႏွစ္မွာ ငါက မင္းအဖိုးရဲ႕ စီးပြားေရးကို လက္ခံခဲ့လို႔ အလုပ္မ်ားေနခဲ့တယ္။ ငါတို႔က တစ္ေလွတည္း ျဖစ္ေနေတာ့ အလုပ္နဲ႔ပတ္သက္ၿပီး မင္းလည္း ပင္ပန္းေနမွာကို ခံစားမိလို႔ မင္းကို မေႏွာင့္ယွက္ရဲခဲ့တာ”

ေဇာင္ယုဟြမ္ ကအက်ယ္ႀကီး ရယ္လိုက္ခ်င္သည္။
သူမက တကယ္ပဲ တက္ႏိုင္သည္။ စကားလုံးေလးနဲ႔ လန္ဂ်င္းဇီ ကိုသူမကို ေစာင့္ေ႐ွာက္ဖို႔ ေျပာႏိုင္မယ္တဲ့လား?

ေဇာင္ယုဟြမ္ မွာမ်က္လုံးေတြမ႐ွိပဲ အမွန္တရားကို မျမင္ႏိုင္ဘူးလို႔မ်ား ဒင္ေခြၽယြဲ႕ ကထင္ေနတာလား?
ထို႔ေနာက္တြင္ ဝိတ္တာက သူတို႔အစားေတြကို ယူလာခဲ့သည္။ ေဇာင္ယုဟြမ္ ကဓားနဲ႔ခရင္းကို ကိုင္လိုက္ၿပီး ေခါင္းငုံ႔ကာ သူမေ႐ွ႕မွ အသားကို ျဖတ္လိုက္သည္။

ေဇာင္ယုဟြမ္ ကစိတ္မ႐ွည္တာကို ဒင္ေခြၽယြဲ႕ ကျမင္လိုက္တာေၾကာင့္ ေနာက္ဆုံးေတာ့ စကားလမ္းေၾကာင္း ေျပာင္းလိုက္သည္။ “မစၥတာဟုန္ ေကာဘယ္လိုလဲ?”

သူမက ေနာက္တစ္စကၠန္႔တြင္ ဟုန္ခ်န္းမင္း အေၾကာင္းကို ေျပာလာခ်ိန္တြင္ ေဇာင္ယုဟြမ္ နားလည္သြားခဲ့သည္။

ဒါက အသစ္ပဲ။ သူမက အခုေတာ့ သူ႕ကို ‘မစၥတာဟုန္’လို႔ ေခၚေနတယ္…

“ေကာင္းပါတယ္၊ အရင္အတိုင္းပဲ” ေဇာင္ယုဟြမ္ ကပုံမွန္အတိုင္း ျပန္ေျဖလိုက္သည္။

ဒင္ေခြၽယြဲ႕ ကသူမအသုံးအေဆာင္ေတြကို မယူပဲ သူမအိတ္ထဲမွ ဖိုင္တြဲကို ထုတ္လိုက္ၿပီး ေဇာင္ယုဟြမ္ ေ႐ွ႕တြင္ ခ်လိုက္သည္။ “တိုက္ဆိုင္တာပဲ။ မၾကာခင္က ဒင္မွာ မစၥတာဟုန္ ရဲ႕ကုမၸဏီနဲ႔ ေဆြးေႏြးမဲ့ ပေရာဂ်က္႐ွိတယ္”

ေဇာင္ယုဟြမ္ ရဲ႕လႈပ္႐ွားမႈက ရပ္သြားခဲ့သည္။

ဆိုေတာ့ ဒါေၾကာင့္ သူမကို ေတြ႕ခ်င္တာေပါ့။

ေဇာင္ယုဟြမ္ ကမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေအးေဆးစြာ စားေသာက္ေနတာက အေႏွာင့္အယွက္ေတာင္ ျဖစ္မသြားေပ။ သူမက ဓားနဲ႔ခရင္းကို ခ်လိုက္ၿပီး သူမေခါင္းကိုေမာ့ကာ ေမးလိုက္သည္။ “အန္တီက ဘာေျပာခ်င္တာလဲ?”

“အခုခ်ိန္ ငါက ဒင္ကို ကူညီေနေပမဲ့ မင္းအဖိုးက ဒီကမ႓ာကေန ထြက္သြားရင္ မင္းနဲ႔ ဂ်င္းဇီ တို႔ကိုခြဲေပးႏိုင္မဲ့ ႐ွယ္ရာေတြ အက်ိဳးအျမတ္ေတြ အမ်ားႀကီး ႐ွိေနတုန္းပဲေလ။ ငါက ဒင္ဘက္ကေန လုပ္ေနေပမဲ့ ႏွစ္ဖက္လုံး အာ႐ုံစိုက္ၿပီး လုပ္ရင္ပိုမေကာင္းဘူးလား? ေနာက္ၿပီး ငါတို႔က မိသားစုေတြပဲေလ၊ ႏွစ္ဖြဲ႕ကြဲေနသလိုမ်ိဳး လုပ္ေနဖို႔ မလိုပါဘူး… မစၥတာဟုန္ ကိုေတြ႕ဖို႔က အရမ္းခက္တယ္၊ ဒါေပမဲ့ ဟြမ္ဟြမ္ သာေျပာလိုက္ရင္ ဒါက ေသခ်ာေပါက္ကို လြယ္ကူသြားမွာ”

ေဇာင္ယုဟြမ္ ကေလွာင္ေျပာင္လိုက္သည္။ “ကြၽန္မကိစၥမဟုတ္ဘူး”

ဒင္ေခြၽယြဲ႕ ရဲ႕အမူအရာက ေျပာင္းသြားခဲ့သည္။ “မွန္တယ္၊ မင္းက မင္းအေဖရဲ႕ အေမြကို တရားဝင္ လႊဲယူခဲ့တာ၊ အခုေတာ့ မင္းမွာ ေငြအမ်ားႀကီး ႐ွိေနၿပီ။ မွန္တာေပါ့၊ မင္းက ဒီလိုအရာေတြ ဂ႐ုစိုက္ဖို႔ မလိုဘူးေလ။ ဒါေပမဲ့ ဒါေတြအားလုံးက မင္းမွာ အနာဂတ္ေကာင္း ႐ွိလာဖို႔အတြက္ မင္းအဖိုးရဲ႕ ေသြး၊ေခြၽးေတြနဲ႔ ႀကိဳးစားခဲ့ရတာေတြေလ။ မင္းအပိုင္းကို စိတ္မဝင္စားရင္ေတာင္ မင္းဝမ္းကြဲကိုေတာ့ အနည္းဆုံး ေတြးေပးသင့္တယ္ေလ”

ေဇာင္ယုဟြမ္ ကသူမအိတ္ကို ဆြဲလိုက္သည္။ “ကြၽန္မ စားခ်င္စိတ္ မ႐ွိေတာ့ဘူး။ ေနာက္တစ္ခါ ကြၽန္မနဲ႔ စားခ်င္တယ္ဆိုရင္ ယြဲ႕လန္ဗီလာကိုသာ လာခဲ့ပါ။ ဘာေၾကာင့္ အျပင္ဘက္မွာ ဟုန္မန္ပြဲေတာ္ ႐ွိေနရတာလဲ?”

(ဟုန္မန္ပြဲေတာ္ – ဧည့္သည္ေတြဆီ ၿခိမ္းေျခာက္/အႏၲရာယ္ျပဳသည့္ ရည္႐ြယ္ခ်က္ေတြ ဖုံးကြယ္ထားတဲ့ ပြဲေတာ္ျဖစ္သည္။ 206 BC တြင္ ႐ွန္းယု (ၿပိဳင္ဘက္)က ေလြ႕ဘန္ (ဟန္ဧကရာဇ္ေလာင္း)ကို ပြဲေတာ္တြင္ လုပ္ၾကံဖို႔ စီစဥ္ခဲ့တာ ျဖစ္ေပမဲ့ က်႐ႈံးခဲ့သည္။)

ဒင္ေခြၽယြဲ႕ ရဲ႕အမူအရာက ထပ္ေျပာင္းသြားေပမဲ့ သူမခံစားခ်က္ေတြကို ဖိႏွိပ္လိုက္ၿပီး ေျပာလိုက္သည္။ “အိုေက၊ ဒါဆို ဒီအေၾကာင္းကို ထပ္မေျပာေတာ့ဘူး။ စိတ္မဆိုးပါနဲ႔”

ဒင္ေခြၽယြဲ႕ က ေဇာင္ယုဟြမ္ ရဲ႕လက္ကို ဆြဲလိုက္သည္။
ေဇာင္ယုဟြမ္ ကမ်က္ေမွာင္ ၾကဳတ္လိုက္သည္။ “ဒါဆို အန္တီက တျခားဘာေျပာစရာ ႐ွိေသးလို႔လဲ?”

ဒင္ေခြၽယြဲ႕ ကဝန္ေလးေနခဲ့သည္။ “ဂ်င္းဟြာအုပ္စုကို ၾကားဖူးလား?”

ေဇာင္ယုဟြမ္ ကသူမ ဘာေျပာခ်င္မွန္း မေသခ်ာတာေၾကာင့္ သူမအား စကားမေျပာပဲ ဆက္စိုက္ၾကည့္လိုက္သည္။

“ဂ်င္းဟြာအုပ္စုက သူေဌးက မင္းနဲ႔စားေသာက္ဖို႔ ဖိတ္ခ်င္ေနတယ္”

ေဇာင္ယုဟြမ္ ကဘာေျပာရမွန္း မသိေတာ့ေပ။

ဒါကဘာလဲ?

“ဒါက စီးပြားေရးပါတနာအတြက္ဆိုရင္ ေဇာင္ကုမၸဏီကို တိုက္႐ိုက္ဆက္သြယ္ၿပီး ေျပာလို႔ရပါတယ္၊ အန္တီကေန ဆက္သြယ္ခိုင္းဖို႔ မလိုပါဘူး။ အန္တီ ဘာလုပ္ခ်င္ေနတာလဲ?” ေဇာင္ယုဟြမ္ ရဲ႕အမူအရာက ေျပာင္းလဲသြားၿပီး သူမအသံကလည္း အနည္းငယ္ ျမင့္သြားခဲ့သည္။ “ဘာလဲ? လူပြဲစားလုပ္ေနတာလား?”

(သူေျပာတဲ့ လူပြဲစားဆိုတာကေလ ျပည့္တန္ဆာ႐ွာေပးတဲ့သူကို ေျပာခ်င္တာ)

“‘လူပြဲစား’ဆိုတာ ဘာကိုေျပာခ်င္တာလဲ? ဘယ္လိုေတာင္ စိတ္မခ်မ္းေျမ့စရာ ေကာင္းလိုက္လဲ?” ဒင္ေခြၽယြဲ႕ ရဲ႕မ်က္ႏွာက ေျပာင္းလဲသြားခဲ့သည္။ “ဒီမွာ သူ႕ကဒ္” ထို႔ေနာက္ သူမက ေဇာင္ယုဟြမ္ ေ႐ွ႕ကို ကဒ္ထိုးေပးလိုက္သည္။ “မင္းက မစားခ်င္ေတာ့ဘူး ဆိုမွာေတာ့ ငါအရင္ သြားေတာ့မယ္။ ေနာက္တစ္ခါမွ ဂ်င္းဇီ နဲ႔အတူတူ စားၾကတာေပါ့”

အန္တီသာ လန္ဂ်င္းဇီ ကိုဖိတ္ႏိုင္ရင္ အန္တီ့နာမည္ကိုေတာင္ ခံယူလိုက္ဦးမယ္၊ ေဇာင္ယုဟြမ္ ကေလွာင္ေျပာင္ကာ ေတြးလိုက္သည္။

ဒင္ေခြၽယြဲ႕ ထြက္သြားၿပီးေနာက္ ေဇာင္ယုဟြမ္ ကေခါင္းငုံ႔ကာ ကဒ္ကို ယူလိုက္သည္။ နာမည္ကေတာ့ – လီ႐ုံ
ဒီနာမည္က ေဇာင္ယုဟြမ္ နဲ႔မရင္းႏွီးေပမဲ့ လီစာလုံးက တစ္ခုခုကို သတိရေစသည္။

သူမက ခ်က္ခ်င္းပင္ ဖုန္းဖြင့္လိုက္ၿပီး “ဂ်င္းဟြာအုပ္စု”ရဲ႕ သတင္းေတြကို ႐ွာေဖြလိုက္ၿပီး ဂ်င္းဟြာသူေဌးကို ႐ွာလိုက္သည္။ သူမ႐ွာေဖြမႈမွ ခ်က္ခ်င္းပင္ တက္လာခဲ့သည္။

လီ႐ုံ – ႏိုင္ငံျခားတြင္ ေနထိုင္သည့္ တ႐ုတ္ျပည္သား၊ ခ်မ္းသာသည့္ စီးပြားေရးလုပ္ငန္း႐ွင္
သူ႕အသက္ကို ၾကည့္လိုက္ေတာ့ ၈၀ ႐ွိေနသည္။

ေဇာင္ယုဟြမ္ ကမ်က္ခုံးပင့္လိုက္သည္။ တကယ္ႀကီး? ဒီဒါ႐ိုက္တာလီ ကလက္ေထာက္ေဒါင္ ေျပာတဲ့သူလား?
သူမက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ကဒ္ကို အေဝးမွာ ထားလိုက္သည္။

လီဂ်င္းယြမ္ ကသူ႕ေနာက္လိုက္ဖို႔ ဆႏၵမ႐ွိလို႔ ဒါ႐ိုက္တာလီ ကျဖတ္လမ္းနည္းအတြက္ သူမကို အသုံးခ်တာမလား?

ေဇာင္ယုဟြမ္ ကဒ္ကိုကိုင္လိုက္သည္။

ဒါက သူမနဲ႔မဆိုင္ေပ။

ဒါက သူ႕ဘဝပင္။ လီဂ်င္းယြမ္ ကသာ သူ႕ကိုယ္သူအတြက္ ေ႐ြးခ်ယ္ႏိုင္သည္။

လီ႐ုံ ကဘာေၾကာင့္မ်ား သူမက ျဖတ္လမ္းနည္း ျဖစ္ႏိုင္မယ္လို႔ ေတြးသြားမွန္း ေဇာင္ယုဟြမ္ မေတြးတက္ေပ။

‘အျမန္ႏႈန္း’က ထုတ္လႊင့္ၿပီးေနာက္ ဖန္အေရအတြက္က ခ်က္ခ်င္းပင္ တိုးျမင့္လာခဲ့သည္။ လီဂ်င္းယြမ္ ကေဖ်ာ္ေျဖေရးတြင္ ႐ွိေနၿပီးသားျဖစ္ကာ အခ်ိန္တစ္ခုၾကာအထိ ႐ွိေနခဲ့တာေၾကာင့္ သူရဲ႕ဖန္ေတြက အျမန္ဆုံးျဖစ္သည္။ တစ္စုံတစ္ေယာက္အတြက္ ရပ္တည္ေပးခ်င္သည့္ ဖန္ေတြက အၿမဲတမ္း သူ႕ကိုသာ ေ႐ြးခ်ယ္ၾကသည္။

႐ိႈးပြဲရဲ႕ ၾကည့္႐ႈႏႈန္းက မွတ္တမ္းအား ထပ္ခ်ိဳးျဖတ္သြားခဲ့သည္။

မီဒီယာအမ်ားစုကလည္း လီဂ်င္းယြမ္ အားအင္တာဗ်ဴးဖို႔ ေတာင္းဆိုခဲ့ၿပီး သူတင္မကပဲ ေဇာင္ကုမၸဏီမွာလည္း ေဇာင္ယုဟြမ္ အားအင္တာဗ်ဴး လက္ခံဖို႔အတြက္ ဖုန္းေခၚဆိုမႈေတြကို လက္ခံရခဲ့သည္။ ႐ွယ္ရာ႐ွင္ေတြက ဒီအခ်က္က သူတို႔စီးပြားေရးကို တိုးခ်ဲ႕ႏိုင္ဖို႔အတြက္ အရမ္းေကာင္းတယ္လို႔ ေတြးၾကတာေၾကာင့္ ေဇာင္ယုဟြမ္ အားအင္တာဗ်ဴးေျဖဖို႔ ဆြဲေဆာင္ၾကသည္။ ေဇာင္ယုဟြမ္ ကအရင္တုန္းက ဒီလိုမ်ိဳးေတြကို အၿမဲတမ္း ျငင္းဆိုခဲ့တာေၾကာင့္ ဒီအေၾကာင္းကို စဥ္းစားလိုက္ၿပီး လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕အင္တာဗ်ဴးေတြကို အရင္ဆုံး ၾကည့္ဖို႔သာ ဆုံးျဖတ္ခဲ့သည္။

သူတို႔အင္တာဗ်ဴးက မထုတ္လႊင့္ခင္ လီဂ်င္းယြမ္ နဲ႔ပတ္သက္ၿပီး အင္တာနက္တြင္ ေကာလဟာလေတြက ထပ္ထြက္လာခဲ့သည္။

ထိပ္စည္းေခါင္းစဥ္ကေတာ့ အထင္ႀကီးစရာပင္။

‘အံ့ဩစရာပဲ! လီဂ်င္းယြမ္ ရဲ႕အေဖက တကယ့္ကို…’

‘လီဂ်င္းယြမ္ ကတကယ့္ကို ခ်မ္းသာတဲ့ ဒုတိယမ်ိဳးဆက္လို႔ ဘယ္သူမွ ထင္မထားခဲ့ၾကဘူး’

‘လီဂ်င္းယြမ္ ရဲ႕တကယ့္ေနာက္ခံက မိဘမဲ့ မဟုတ္ေပမဲ့ အုပ္ထိန္းသူကလည္း တကယ့္ကို ႀကီးမားတဲ့ အုပ္စုက ျဖစ္ေနတယ္’

ေဇာင္ယုဟြမ္ ကအင္တာနက္က သတင္းေတြကို ျမင္လိုက္ေပမဲ့ ဟန္ယင္ယင္ ကေတာ့ မသိေသးေပ။

သူမက သတင္းေတြကို ျမင္လိုက္ခ်ိန္တြင္ ဟန္ယင္ယင္ ကခ်က္ခ်င္းပင္ သူမကို ေခၚလာခဲ့သည္။

“ဒီအရာက တကယ္ပဲလား? ဒါက အမွားဆိုရင္ လီဂ်င္းယြမ္ ကိုခ်က္ခ်င္း အသိေပးလိုက္ေလ။ တစ္ေယာက္ေယာက္က သူ႕အေပၚ မေကာင္းၾကံတာ သိသာတယ္! ေနာက္ၿပီး လီဂ်င္းယြမ္ ကသူ႕အတိတ္က မိဘမဲ့ျဖစ္တာ ေပၚသြားလို႔ ေရတပ္အဖြဲ႕ကို ဝယ္ၿပီးေတာ့မ်ား သူ႕ေနာက္ခံက ဒုတိယမ်ိဳးဆက္ျဖစ္ေၾကာင့္ ထုတ္တာမ်ားလား… အင္တာနက္သုံးသူေတြက အမ်ားႀကီး ေတြးမွာမဟုတ္ဘူး။ သူတို႔က ဘာေျပာေျပာ ယုံၾကမွာပဲ” ဟန္ယင္ယင္ ကေျပာလိုက္သည္။

24.8.2021 (Tue)
……………………….

[text_hash] => ac5013da
)

//qc
//QC2