Array
(
[text] =>
Unicode
ဇောင်ယုဟွမ် ရဲ့အတွေးတွေက ရိုးရှင်းသည်။ ဒီအချိန်မှာ လီဂျင်းယွမ် ကိုပြန်ခေါ်ဖို့အတွက် လီဂျင်းယွမ် ကလိမ်ကကျစ်နဲ့ ကစားနိုင်တဲ့ လူမျိုးမဟုတ်ဘူးလို့ သူမက လက်ထောင်ဒေါင် ကိုပြောချင်တာ ဖြစ်သည်။ သူက တစ်စုံတစ်ယောက်ကို ကျေးဇူးတင်ဖို့ ငိုကြွေးတက်သည့် လူမျိုးမဟုတ်ပေ။
တစ်ဖက်တွင် လီဂျင်းယွမ် ကအဖိုးတန်တယ်လို့ သူမ ခံစားနေရတုန်းပင်။
ဇာတ်လိုက်ဖြစ်ဖြစ်၊ ဗီလိန်ဖြစ်ဖြစ် သူတို့စိတ်ကျန်းမာဖို့ကသာ အရေးကြီးဆုံးလို့ ဇောင်ယုဟွမ် သတ်မှတ်ထားသည်။
လက်ထောက်ဒေါင် က လီဂျင်းယွမ် အကြောင်းကို အများကြီး မတွေးသော်လည်း ဇောင်ယုဟွမ် ကိုလျစ်လျူမရှုထားရဲပေ။ ဇောင်ယုဟွမ် က လီဂျင်းယွမ် အပေါ်တွင် ပြောဆိုပိုင်ခွင့် ရှိရှိမရှိရှိ သူမအရည်အချင်း အားလုံးက သိသာသည်။
“အိုကေ၊ ဒါဆို ကျွန်တော်အခု ဒါရိုက်တာလီ ကိုချက်ချင်း ဆက်သွယ်လိုက်ပါမယ်”
ဇောင်ယုဟွမ် ကသူ ဒါရိုက်တာလီ ကိုဖုန်းခေါ်မှာ စောင့်မနေခဲ့ပေ။ သူမက ထ,ရပ်လိုက်ပြီး ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လိုက်ပြီးနောက် လီဂျင်းယွမ် အားဗီလာသို့ ပြန်ခေါ်လာခဲ့သည်။ ကားထဲတွင် ဇောင်ယုဟွမ် ကသူ့အား ဆက်ပြောနေခဲ့သည်။ “သိပ်မကြာခင်က မြို့တော်သတင်းတချို့ကို မြင်ခဲ့တယ်”
“ဟမ်?” လီဂျင်းယွမ် ကသူမပြောတာကို စိတ်ရှည်ရှည်နဲ့ နားထောင်နေခဲ့သည်။
“သားသမီးတွေကို စွန့်ပစ်တဲ့ မိသားစုတွေ အများကြီးရှိတယ်၊ နောက်တော့ တစ်နေ့မှာ ရုတ်တရက်ကြီး သူတို့က သူတို့သားသမီးတွေကို ပြန်ရှာဖွေကြတယ်။ တစ်ဝက်လောက်ကတော့ သူတို့အသက်အရွယ်ရပြီး သူတို့ကလေးရဲ့ ထောက်ပံ့မှုကို လိုချင်ကြလို့ပဲ။ တခြားတစ်ဝက်ကတော့ သူတို့အိမ်မှာရှိတဲ့ ကလေးတွေက ယူရေးမား၊ နှလုံးရောဂါ၊ လူကီးမီးယား… လိုမျိုး ရောဂါတွေ ခံစားနေရလို့၊ နောက်ပြီး သူတို့အကြီးဆုံး ကလေးက ကျောက်ကပ်၊ နှလုံး၊ သွေး၊ ရိုးတွင်းချဉ်ဆီ၊ အသည်း… အဲ့လိုမျိုးတွေ လိုအပ်လို့ပဲ” ဇောင်ယုဟွမ် ကအသက် တစ်ချက်ရှူကာ အားလုံးကို ပြောလိုက်သည်။
လီဂျင်းယွမ် ကသူမ ပြောသည့်စကားကြောင့် မထိန်းချုပ်နိုင်ပဲ ပြုံးလိုက်ကာ သူ့ကွေးနေသည့် နှုတ်ခမ်းတွေက ပိုပိုပြီး နူးညံ့လာပုံပေါ်နေသည်။ “အို? နောက်တခြားကော ရှိသေးလား?”
ဇောင်ယုဟွမ် က လီဂျင်းယွမ် သူမကိုစိုက်ကြည့်နေမှန်း မသိပဲ စိတ်အားထက်သန်စွာ ဆက်ရှင်းပြနေခဲ့သည်။ “ရှိတာပေါ့၊ ဒါက ချမ်းသာတဲ့ မိသားစုကဆိုရင် သူတို့က မိသားစုပြဿနာထဲမှာ ဓားစားခံအဖြစ်လိုချင်လို့ ပြန်ခေါ်ကြတာ…” ဇောင်ယုဟွမ် ရဲ့အတွေးတွေက ကျယ်ပြန့်သွားပြီး သူမဦးနှောက်ကလည်း များပြားလှသည့် ဒရမ်ထဲမှ လှည့်စားမှုတွေထဲ ရောက်သွားခဲ့သည်။
ကလေးတစ်ယောက်ကို ဓားစားခံအဖြစ် ပြန်ခေါ်တာကို သူမ ပြောလိုက်ချိန်တွင် သူမက အရမ်းလျော့တွက်လွန်းနေတယ်လို့ ဇောင်ယုဟွမ် ခံစားလိုက်ရသည်။
မဟုတ်မှလွဲကော၊ မဟုတ်မှလွဲကော သူ့အဖေက လီဂျင်းယွမ် ကိုတကယ် ချစ်တာလား? တကယ် ဟိုက်ရှီ ကလာခဲ့ရင် ဘယ်လိုလုပ်မလဲ?
ဇောင်ယုဟွမ် ကသူမနှုတ်ခမ်းကို စေ့လိုက်သည်။ “ဒါတွေပြောရတာက ဂျင်းယွမ် ကိုကြိုသတိထားစေချင်လို့ပဲ။ တစ်ဖက်လူက ဂျင်းယွမ် ကိုချစ်မြတ်နိုးလို့ ပြန်ခေါ်တာဆိုရင် ဟွမ်ဟွမ် ပြောခဲ့တာတွေကို မေ့လိုက်သင့်တယ်။ သာမန်မိသားစုနဲ့ ဆုံတွေ့ချိန်မှာ ဘက်လိုက်ပြီး ခံစားတာမျိုး မဖြစ်သင့်ဘူး…”
သာမန်မိသားစု…
ထိုအရာကြောင့် လီဂျင်းယွမ် ကရယ်လိုက်သည်။
သူ့ကို မိဘမဲ့ဂေဟာကနေ ခေါ်ထုတ်လာတည်းက သူမက သူ့ရဲ့တစ်ဦးတည်းသော မိသားစုဝင်ဖြစ်သည်။
သူ့သာမန် မိသားစုက မိသားစုအကြောင်းကို ဘယ်လိုပဲပြောပါစေ၊ ဒါက နည်းနည်းတော့ ရယ်စရာကောင်းနေတုန်းပင်။ နောက်ပြီး နှစ်တွေလည်း အရမ်းကြာခဲ့ပြီ။
ဇောင်ယုဟွမ် ကတကျည်ကျည် လုပ်တာကို လီဂျင်းယွမ် တကယ်ပဲ သဘောကျသည်။
သူမက တကျည်ကျည်လုပ်တာ ရှားပါးတာကြောင့် ဒီအချိန်က အဖိုးတန်သည်။
လီဂျင်းယွမ် ကခေါင်းညိတ်လိုက်ပြီး အရာအားလုံးကို သဘောတူလိုက်သည်။ “အိုကေ၊ ဟွမ်ဟွမ့် စကားကို နားထောင်မယ်”
ဇောင်ယုဟွမ် ကဘာပဲပြောပြော “အိုကေ၊ ဟွမ်ဟွမ့် စကားကို နားထောင်မယ်”ဆိုသည့် စကားလုံးနဲ့သာ လိုက်ပြောတက်သည်။ အကြိမ်များလာပြီးနောက် ဇောင်ယုဟွမ် ကရှက်သလို ခံစားလာရပြီး သူမမျက်နှာက အပူချိန်ကလည်း မြင့်တက်လာခဲ့သည်။
တခြားတစ်ယောက်ကသာ သူမအား ဒီလိုမျိုး ချီးကျူးမယ်ဆိုရင် ဘာမှခံစားရမှာ မဟုတ်ပေမဲ့ လီဂျင်းယွမ် ဖြစ်နေတာကြောင့် ဇောင်ယုဟွမ် ကအတော်လေး ရှက်ရွံ့သလို ခံစားနေရသည်။
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့ခံစားချက်တွေကို တိုက်ရိုက် ရင်မဆိုင်ရဲတာကြောင့်လည်း ဖြစ်နိုင်သည်။
ထိုအကြောင်းကို တွေးလိုက်ရုံနဲ့ ရှက်ရွံ့မှုကြောင့် သေသွားလောက်သည်။
မကြာခင်တွင် ကားက ဗီလာကို ရောက်သွားခဲ့သည်။ ဇောင်ယုဟွမ် ကကားတံခါးကို ဖွင့်လိုက်ပြီး ကားထဲမှ ထွက်လိုက်ကာ စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် လီဂျင်းယွမ် ကိုရှောင်ကာ အပေါ်ကို အလျင်အမြန် တက်သွားလိုက်သည်။
‘အမြန်နှုန်း’ရဲ့ ပထမပိုင်းက ထွက်လာချိန်တွင် ဒါရိုက်တာလီ က ဟိုက်ရှီ ကိုရောက်လာခဲ့သည်။
အရင်က လက်ထောက်ဒေါင် အားသူမစိတ်အခြေအနေကို ထုတ်ပြခဲ့ပြီး ဖြစ်တာကြောင့် ဒီတစ်ကြိမ်တော့ လီဂျင်းယွမ် နဲ့အတူ မလိုက်သွားတော့ပေ။ လက်ထောက်ဒေါင် ကသေချာပေါက်ကို လီဂျင်းယွမ် အားအထင်သေးရဲမှာ မဟုတ်ပေ။ သို့သော် ဒီအချိန်တွင် လီဂျင်းယွမ် ကသူ့အဖေနဲ့ တွေ့ဆုံနေရပြီး သူမလိုက်ပေးဖို့ မလိုအပ်ပေ။
သူမသာ သူနဲ့အတူသွားပြီး စားပွဲကို ထပ်ရိုက်လိုက်ပါက လေထုက ပိုပြီးတော့တောင် ထူးဆန်းသွားလိမ့်မယ်လေ၊ ဟုတ်တယ်မလား?
ဒီလိုအရာကို လီဂျင်းယွမ် ကသူ့ဘာသာ ကိုင်တွယ်တာက ပိုကောင်းလိမ့်မည်။
ဇောင်ယုဟွမ် က ရန်ဆန်း နဲ့သာ ပြိုင်ပွဲဆီ သွားခဲ့သည်။
ဟုန်ချန်းမင်း ကသူမကို တားချင်ပေမဲ့ တစ်လကလည်း ကုန်သွားခဲ့တာကြောင့် ဒီအချိန်တွင် သူမကို တားဆီးဖို့က မဖြစ်နိုင်ပေ။ ဟုန်ချန်းမင်း ကအံကြိတ်ပြီးသာ ဘာမှမပြောနိုင်တော့ပေ။
သို့သော် ကားပြိုင်ပွဲအတွက် စပွန်ဆာရှာဖွေချိန်တွင် ရန်ဆန်း အတွက် ခက်ခဲသည့် ဘဝဖန်တီးပေးဖို့ သူ့နှလုံးသားထဲတွင် တေးမှတ်ထားခဲ့သည်။
ဒီတစ်ကြိမ်တွင် တွေ့ဆုံပွဲက ဆေးရုံတွင် ဖြစ်သည်။
လက်ထောက်ဒေါင် ကဆေးရုံက အခန်းတွင် စောင့်နေခဲ့သည်။ သူ့အပြင် တခြားအသက်ကြီးသည့် လူတစ်ယောက်လည်း ရှိနေခဲ့သည်။ ထိုလူက wheelchair ပေါ်တွင် ထိုင်နေပြီး သူ့သေးသွယ်သည့် မျက်နှာထက်တွင် မျက်မှန်က ရှိနေသည်။ သူ့တွင် ရက်စက်သည့် မျက်ဝန်းတွေနဲ့အတူ အေးစက်သည့် အမူအရာက ရှိနေပြီး အတော်လေးကို မရင်းနှီးသည့် ပုံစံမျိုး ပေါ်လွင်နေသည်။ အရမ်းကို ပိန်ကပ်နေတာကြောင့် သူ့မျက်နှာ အသွင်အပြင်က ပုံပန်းမကျ ဖြစ်နေသည်။
လီဂျင်းယွမ် ကတံခါးကို ခေါက်လိုက်ပြီး မဝင်ခင် ခွင့်တောင်းလိုက်သည်။
နံရံက TV ပေါ်တွင် ‘အမြန်နှုန်း’ ပထမပိုင်းက ပြသနေခဲ့သည်။
စခရင်တွင် လီဂျင်းယွမ် ကဦးညွှတ်လိုက်သည်။
လူအိုကြီးရဲ့ မျက်လုံးတွေက အာရုံစိုက်မနေပဲ အက်ရှသည့် အသံဖြင့် ပြောလိုက်သည်။ “… အရမ်းကို လုပ်နိုင်စွမ်း ရှိတာပဲ”
လက်ထောက်ဒေါင် ကဘေးဘက်မှ ပြုံးကာပြောလိုက်သည်။ “သူက သူဌေးငယ်ငယ်ကအတိုင်းပဲ။ သူဌေး ငယ်ငယ်ကလည်း Fencing အပိုင်းမှာ တော်တယ်”
လူအိုကြီးက တဖြည်းဖြည်း သူ့ခေါင်းကို ညိတ်လိုက်ပြီး ပြောလိုက်သည်။ “အင်း၊ ကံတရားပဲ”
လီဂျင်းယွမ် ကတည်ငြိမ်စွာ ပြောလိုက်သည်။ “ဟွမ်ဟွမ် ကကျွန်တော့်ကိုသင်ဖို့ ပို့ပေးခဲ့တာ။ သူမက ငွေချေပေးခဲ့တာ။ ဒါက ကံတရားဆိုရင် ဒါရိုက်တာလီနဲ့ သူမကြားကပဲ ဖြစ်သင့်တယ်”
လူအိုကြီးက မျက်တောင် ခတ်လိုက်ပြီးနောက် လက်ထောက်ဒေါင်ကို ကြည့်လိုက်သည်။
လက်ထောက်ဒေါင် ကအလျင်အမြန်ပင် တုန့်ပြန်လိုက်သည်။ “မစ္စတာလီ က ဇောင်ချီ ရဲ့သမီး၊ အခုလက်ရှိ ဇောင်မိသားစုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မစ္စဇောင် ကိုပြောနေတာပါ”
“အို… ဒီလိုပေါ့… မင်းနဲ့အတူ ကြီးပြင်းလာတဲ့ တစ်ယောက်ပေါ့?” လူအိုကြီးက လီဂျင်းယွမ် ကိုမေးလိုက်သည်။
လီဂျင်းယွမ် ကခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်”
လက်ထောက်ဒေါင် က လီဂျင်းယွမ် ထိုင်နိုင်ဖို့အတွက် ခုံကိုရွှေ့ပေးလိုက်ပြီး သူ့အား လူအိုကြီးနဲ့ မျက်နှာချင်း ဆိုင်စေလိုက်သည်။
“ငါ့ကိုယ်ငါ မိတ်မဆက်ရသေးဘူးပဲ။ ငါ့မျိုးရိုးနာမည်က လီ၊ လီရုံ”
လီဂျင်းယွမ် ကပြန်ဖြေလိုက်သည်။ “အာ၊ ဒါရိုက်တာလီ အကြောင်းကို ကြားဖူးတယ်။ နိုင်ငံခြားမှာ နေထိုင်နေတဲ့ နာမည်ကြီး တရုတ်လူမျိုးလေ”
လီရုံ ကသူ့အား ကြည့်လိုက်သည်။ “နောက်ပြီး မင်းအဖေ”
“ဒါရိုက်တာလီ အသက်နဲ့ဆို ဒါရိုက်တာလီ ကကျွန်တော့်အဖေ ဖြစ်ပုံမပေါ်ဘူး”
လီရုံ ကတည်ငြိမ်စွာ ပြောလိုက်သည်။ “မင်းအမေက ငါ့ေနာက်မိန်းမပဲ”
ဒီစာကြောင်းက လီဂျင်းယွမ် အတွက်အရာအားလုံးကို ရှင်းလင်းစေသည်။ “အို”
ဒီလိုစကားကို အရင်ကသာ ကြားလိုက်ရင်း ဒေါသတွေ၊ ရှက်ရွံ့မှုနဲ့ ဒီလိုစကားကြောင့် နာကျင်မှုကိုတောင် ဖြစ်စေနိုင်လိမ့်မည်။ နောက်ပြီး သူတို့မွေးဖွားခြင်းအား ငြင်းပယ်ခဲ့တာကို ကြားပြီးတော့ ဘယ်သူက ပျော်နိုင်မှာလဲ?
လက်ထပ်ပြီး မွေးဖွားလာတာ မဟုတ်ပေမဲ့ တခြားဆက်ဆံရေးကြောင့် ဖြစ်လာခဲ့သည်။ ဘယ်လောက်ပဲ အာဏာရှိသည့် လူဖြစ်ပါစေ သူတို့အတွက်တော့ ဒီလိုသတင်းတွေကို လက်ခံဖို့က ခက်ခဲသည့် အရာမျိုးဖြစ်သည်။
သို့သော် ဇောင်ယုဟွမ် က လီဂျင်းယွမ် အား လက်ထောက်ဒေါင် နဲ့အတူ တွေ့ဆုံဖို့တွင် ပူးပေါင်းခဲ့ပြီး ကားထဲတွင်လည်း သူ့အား အချက်အလက်တွေ အများကြီး ပြောပြပေးခဲ့သည်။
ဒီချစ်ခြင်းမျိုးက မိသားစုလိုသာ ဖြစ်ရင်တောင်မှ သူ့တွင် လုံလောက်သည့် ချစ်ခြင်းတွေကို ရရှိခဲ့ပြီးဖြစ်သည်။
ဒါပေမဲ့ ဒါကလုံလောက်သည်။
သာမန်မဟုတ်သည့် ချစ်ခြင်းတွေကို ပိုင်ဆိုင်ဖို့အတွက် ရုန်းကန်နေရင်း နာကျင်ရသည့် လူတွေလည်း ရှိသည်။
လီရုံ က လီဂျင်းယွမ် တည်ငြိမ်နေတာကို မြင်လိုက်ပြီး နည်းနည်း အံ့ဩသွားပြီး သူ့မျက်နှာထက်တွင်လည်း အထင်ကြီးမှုက ပေါ်လာခဲ့သည်။ သူ့အသံက နူးညံ့နေကာ ပြောလိုက်သည်။
“အဲ့အချိန်တုန်းက မင်းအမေက လူထုဆီချပြဖို့ မအောင်မြင်ခဲ့တာကြောင့် မင်းကိုခေါ်ပြီး ထွက်ပြေးသွားခဲ့တယ်။ အစေခံတွေက မင်းတို့နေရာကို ရှာဖွေချိန်မှာတော့ မင်းတို့နှစ်ယောက်က ပျောက်သွားခဲ့ပြီ။ ဒီနှစ်တွေမှာ ငါမင်းတို့ကို ရှာဖွေခဲ့ပေမဲ့ ငါက တရုတ်ပြည်မှာ နေခဲ့တာ မဟုတ်ဘူး။ နောက်ပြီး ငါကလည်း အသက်ကြီးလာတော့ ငါ့ခြေထောက်တွေက ဆိုးရွားလာခဲ့လို့ မင်းအသက် ငယ်ငယ်လောက်ကပဲ ငါ့ရှာဖွေမှုကို ဖြတ်တောက်လိုက်ရတယ်။ ငါမင်းကိုတောင် မရှာနိုင်ခဲ့ဘူး။ ကျေးဇူးတင်ရမှာက ကံတရားက ငါ့ဘက်မှရှိနေခဲ့လို့ အဲ့ရှိုးပွဲမှာ မင်းကို မြင်ခဲ့တာကြောင့် လက်ထောက်ဒေါင် ကိုမင်းနဲ့တွေ့ဆုံစေဖို့ စီစဉ်ခိုင်းခဲ့တာ။ မင်းအမေက ငါ့နောက်မိန်းမ ဖြစ်ပေမဲ့ မင်းကို ချစ်နေတုန်းပဲ… DNA စစ်ကြည့်ဖို့ မလိုပါဘူး။ မင်းကို မြင်လိုက်တည်းက ငါ့သားဆိုတာကို သိတယ်။ မင်းက ငါငယ်ငယ်ကနဲ့ အရမ်းတူတယ်။ ဖျော်ဖြေရေးလောကမှာ နေထိုင်နေတာက ရေရှည်အတွက် မကောင်းဘူး။ မင်း ငါနဲ့ပြန်လိုက်ခဲ့ဖို့ စဉ်းစားထားလား?”
လီဂျင်းယွမ် ကပြုံးလိုက်ပြီးနောက် ကားထဲတွင် လီရုံ အတွက် ဇောင်ယုဟွမ် ကသူ့အား သတိပေးခဲ့တာကို တွေးမိသွားခဲ့သည်။
“ဒါဆို၊ ကျွန်တော်က ဒါရိုက်တာလီ ရဲ့ဘယ်ပုံစံမျိုးနဲ့ တူတာလဲ?”
လီရုံ ကမျက်ခုံးပင့်လိုက်သည်။ “မင်းက သတိထားနေတာပဲ။ ကောင်းပါတယ်။ မင်းသံသယဝင်နေတာကို ငါ စိတ်မဆိုးပါဘူး။ တကယ်တော့ မင်းကို ပြန်ခေါ်ချင်တာက ငါသေသွားရင် မင်းအစ်ကိုကြီးကို ကူညီပေးဖို့ မျှော်လင့်ချက်နဲ့ပဲ”
လီဂျင်းယွမ် ကရယ်လိုက်သည်။
ဟွမ်ဟွမ် ရဲ့ခန့်မှန်းချက်က လုံးဝကိုမှန်တယ်။
သို့သော် ထူးဆန်းသည့်အရာက လီရုံ ရဲ့စကားကြောင့် လီဂျင်းယွမ် ကဒေါသထွက်တာကို မခံစားရပဲ ရယ်ရုံသာ ရယ်လိုက်သည်။
ဟွမ်ဟွမ် ရဲ့ခန့်မှန်းချက် အားလုံးက မှန်တယ်…
သူ့အတွေးတွင် “ဟွမ်ဟွမ်”ဆိုသည့် စကားလုံးက ပေါ်လာချိန်တွင် သူ့မသိစိတ်က ပြုံးမိဖို့ ဖြစ်လာစေခဲ့သည်။
လီရုံ ကသူ့အပြုံးကို ဖျက်ခနဲကြည့်လိုက်ပြီး ချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “မင်း ဒိတ်နေတာလား?”
လီဂျင်းယွမ် ကခေါင်းခါလိုက်သည်။
“အို၊ ဒါဆို မင်းသဘောကျတဲ့ တစ်ယောက်ယောက်တော့ သေချာပေါက် ရှိလိမ့်မယ်။ ငါကြည့်ဖို့ သူမကို ခေါ်လာလို့ရတယ်။ သူမ ဆန္ဒရှိရင် မင်းနဲ့လက်ထပ်ပေးနိုင်တယ်”
လီဂျင်းယွမ် ရဲ့နူးညံ့သည့် မျက်နှာတွင် ထေ့ငေါ့မှုက ပေါ်လာခဲ့သည်။ “သူမက ဆန္ဒမရှိဘူး”
ထို့နောက် လက်ထောက်ဒေါင် ကသူ့စိတ်ထဲတွင် တစ်ခုခုကို တွေးမိသွားခဲ့သည်။ ရုတ်တရက် သူ့မျက်လုံးက ပြူးကျယ်သွားခဲ့ပြီး ရေရွတ်လိုက်သည်။ “မစ္စဇောင်များလား?”
လီဂျင်းယွမ် ကခေါင်းညိတ်လိုက်သည်။ “အင်း”
ဇောင်ယုဟွမ် အရှေ့မှာသာ သူပြောခဲ့ရင် အငြင်းခံရမှာ ကြောက်လို့၊ သူမနဲ့ ရင်းနှီးနေတာကို လက်လွှတ်လိုက်ရမှာ ကြောက်မိတာကြောင့် ပြောရဲမှာ မဟုတ်ပေ။ သို့သော် သူစိမ်းတွေအရှေ့တွင် သူ့အချစ်ကို ဖော်ပြဖို့အတွက် တွန့်ဆုတ်နေမှာ မဟုတ်ပေ။
လီရုံ ကတိတ်သွားခဲ့သည်။ “… ဒါက နည်းနည်းတော့ ပြဿနာရှိတယ်။ ဒါပေမဲ့ မင်း တကယ်ပဲ သူမကို သဘောကျရင် လီမိသားစုရဲ့ နောက်ခံနဲ့ သူမကို ဆွဲဆောင်နိုင်ဖို့ ကူညီပေးမယ်”
လီဂျင်းယွမ် ကပြုံးလိုက်ပြီး ထ,လိုက်သည်။ “နောက်ခံ? ဘာနောက်ခံလဲ? ငွေ? သူမမှာ ငွေရှိတယ်။ အာဏာ? သူမမှာ လန်ဂျင်းဇီ ဆိုတဲ့ ဝမ်းကွဲအစ်ကိုရှိတယ်” ထိုအရာကြောင့် လီဂျင်းယွမ် ကခါးသက်သလို ခံစားလိုက်ရသည်။
သူမကို ဆွဲဆောင်တာကသာ အရမ်းကို ရိုးရှင်းနေရင် လွန်ခဲ့တဲ့ တစ်နှစ်လောက်တည်းက ရပ်ပစ်လိုက်မယ်။ ဒါရိုက်တာလီ ရဲ့အကူအညီကို လိုအပ်မယ်လို့ ထင်နေလား?
လီရုံ : “…”
“သူမမှာ ငွေနဲ့အာဏာက ရှိနေတော့ မင်းနဲ့လက်ထပ်ဖို့က ပိုပြီးတော့တောင် သင့်တော်သေးတယ်” လီရုံ ကထိုအကြောင်းကို တွေးတောကာ ပြောလိုက်သည်။ “ဒါက စီးပွားရေး လက်ထပ်ပွဲဆို ပြည့်စုံတယ်။ ခံစားချက်သာ ပါလာခဲ့ရင် ဒါက လက်ထပ်ဖို့က ပိုတောင်ဖြစ်သင့်သေးတယ်”
လီဂျင်းယွမ် ရဲ့အမူအရာက အေးစက်သွားပြီး ပြောလိုက်သည်။ “*စီးပွားရေးကို ပြောမနေနဲ့”
အံ့ဩမှုကြောင့် လက်ထောက်ဒေါင် ရဲ့မျက်လုံးက ပြူးကျယ်သွားခဲ့သည်။
အခုထိ လီဂျင်းယွမ် နဲ့သူအကြိမ်အနည်းငယ် ဆုံတွေ့ခဲ့ရပေမဲ့ သူ့ယဉ်ကျေးသည့် အမူအရာမှ ဒီလိုရိုင်းသည့် စကားလုံးတွေ ထွက်လာခဲ့တာကို ကြားလိုက်ရတာက ပထမဆုံး အကြိမ်ဖြစ်သည်။
လီဂျင်းယွမ် ရဲ့မျက်နှာထက်တွင် ဒေါသတွေက ချက်ချင်းပင် ပေါ်လာပြီး ထွက်သွားခဲ့သည်။
သူက ပြောလိုက်သည်။ “ဒါရိုက်တာလီ က DNA စစ်ဖို့မလိုဘူးဆိုရင်လည်း ကျွန်တော် ပြန်တော့မယ်။ တစ်ယောက်က ကျွန်တော့်ကို အိမ်မှာစောင့်နေတယ်”
လီဂျင်းယွမ် က‘အိမ်’ဆိုသည့် စကားလုံးအား သူ့ရင်ဘတ်အပြည့် ခံစားချက်ဖြင့် ပြောလိုက်သည်။ သူ့အတွက် မိသားစုကို ရှာဖွေဖို့ မလိုအပ်ပေ။ ဒါကို အကြိမ်ပေါင်းများစွာ သူတွေးခဲ့ဖူးသည်။ အနာဂတ်တွင် ဟွမ်ဟွမ် နဲ့သာ ရိုမန့်တစ် အချစ်မျိုး ဖြစ်မလာနိုင်ရင် တစ်ဘဝလုံး မိသားစုလိုမျိုး နေရလည်း အရမ်းကိုလုံလောက်သည်။
သူဘယ်လို အခြေအနေမျိုးမှာပဲ ရှိနေပါစေ သူမနာမည်ကို တွေးလိုက်ရုံနဲ့ မမြင်နိုင်သည့် တောင့်တင်းသည့် သံချပ်ကာ ရှိလာခဲ့သည်။
17.8.2021 (Tue)
……………………….
Zawgyi
ေဇာင္ယုဟြမ္ ရဲ႕အေတြးေတြက ႐ိုး႐ွင္းသည္။ ဒီအခ်ိန္မွာ လီဂ်င္းယြမ္ ကိုျပန္ေခၚဖို႔အတြက္ လီဂ်င္းယြမ္ ကလိမ္ကက်စ္နဲ႔ ကစားႏိုင္တဲ့ လူမ်ိဳးမဟုတ္ဘူးလို႔ သူမက လက္ေထာင္ေဒါင္ ကိုေျပာခ်င္တာ ျဖစ္သည္။ သူက တစ္စုံတစ္ေယာက္ကို ေက်းဇူးတင္ဖို႔ ငိုေႂကြးတက္သည့္ လူမ်ိဳးမဟုတ္ေပ။
တစ္ဖက္တြင္ လီဂ်င္းယြမ္ ကအဖိုးတန္တယ္လို႔ သူမ ခံစားေနရတုန္းပင္။
ဇာတ္လိုက္ျဖစ္ျဖစ္၊ ဗီလိန္ျဖစ္ျဖစ္ သူတို႔စိတ္က်န္းမာဖို႔ကသာ အေရးႀကီးဆုံးလို႔ ေဇာင္ယုဟြမ္ သတ္မွတ္ထားသည္။
လက္ေထာက္ေဒါင္ က လီဂ်င္းယြမ္ အေၾကာင္းကို အမ်ားႀကီး မေတြးေသာ္လည္း ေဇာင္ယုဟြမ္ ကိုလ်စ္လ်ဴမ႐ႈထားရဲေပ။ ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ အေပၚတြင္ ေျပာဆိုပိုင္ခြင့္ ႐ွိ႐ွိမ႐ွိ႐ွိ သူမအရည္အခ်င္း အားလုံးက သိသာသည္။
“အိုေက၊ ဒါဆို ကြၽန္ေတာ္အခု ဒါ႐ိုက္တာလီ ကိုခ်က္ခ်င္း ဆက္သြယ္လိုက္ပါမယ္”
ေဇာင္ယုဟြမ္ ကသူ ဒါ႐ိုက္တာလီ ကိုဖုန္းေခၚမွာ ေစာင့္မေနခဲ့ေပ။ သူမက ထ,ရပ္လိုက္ၿပီး ယဥ္ေက်းစြာျဖင့္ ႏႈတ္ဆက္လိုက္ၿပီးေနာက္ လီဂ်င္းယြမ္ အားဗီလာသို႔ ျပန္ေခၚလာခဲ့သည္။ ကားထဲတြင္ ေဇာင္ယုဟြမ္ ကသူ႕အား ဆက္ေျပာေနခဲ့သည္။ “သိပ္မၾကာခင္က ၿမိဳ႕ေတာ္သတင္းတခ်ိဳ႕ကို ျမင္ခဲ့တယ္”
“ဟမ္?” လီဂ်င္းယြမ္ ကသူမေျပာတာကို စိတ္႐ွည္႐ွည္နဲ႔ နားေထာင္ေနခဲ့သည္။
“သားသမီးေတြကို စြန္႔ပစ္တဲ့ မိသားစုေတြ အမ်ားႀကီး႐ွိတယ္၊ ေနာက္ေတာ့ တစ္ေန႔မွာ ႐ုတ္တရက္ႀကီး သူတို႔က သူတို႔သားသမီးေတြကို ျပန္႐ွာေဖြၾကတယ္။ တစ္ဝက္ေလာက္ကေတာ့ သူတို႔အသက္အ႐ြယ္ရၿပီး သူတို႔ကေလးရဲ႕ ေထာက္ပံ့မႈကို လိုခ်င္ၾကလို႔ပဲ။ တျခားတစ္ဝက္ကေတာ့ သူတို႔အိမ္မွာ႐ွိတဲ့ ကေလးေတြက ယူေရးမား၊ ႏွလုံးေရာဂါ၊ လူကီးမီးယား… လိုမ်ိဳး ေရာဂါေတြ ခံစားေနရလို႔၊ ေနာက္ၿပီး သူတို႔အႀကီးဆုံး ကေလးက ေက်ာက္ကပ္၊ ႏွလုံး၊ ေသြး၊ ႐ိုးတြင္းခ်ဥ္ဆီ၊ အသည္း… အဲ့လိုမ်ိဳးေတြ လိုအပ္လို႔ပဲ” ေဇာင္ယုဟြမ္ ကအသက္ တစ္ခ်က္႐ွဴကာ အားလုံးကို ေျပာလိုက္သည္။
လီဂ်င္းယြမ္ ကသူမ ေျပာသည့္စကားေၾကာင့္ မထိန္းခ်ဳပ္ႏိုင္ပဲ ျပဳံးလိုက္ကာ သူ႕ေကြးေနသည့္ ႏႈတ္ခမ္းေတြက ပိုပိုၿပီး ႏူးညံ့လာပုံေပၚေနသည္။ “အို? ေနာက္တျခားေကာ ႐ွိေသးလား?”
ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ သူမကိုစိုက္ၾကည့္ေနမွန္း မသိပဲ စိတ္အားထက္သန္စြာ ဆက္႐ွင္းျပေနခဲ့သည္။ “႐ွိတာေပါ့၊ ဒါက ခ်မ္းသာတဲ့ မိသားစုကဆိုရင္ သူတို႔က မိသားစုျပႆနာထဲမွာ ဓားစားခံအျဖစ္လိုခ်င္လို႔ ျပန္ေခၚၾကတာ…” ေဇာင္ယုဟြမ္ ရဲ႕အေတြးေတြက က်ယ္ျပန္႔သြားၿပီး သူမဦးေႏွာက္ကလည္း မ်ားျပားလွသည့္ ဒရမ္ထဲမွ လွည့္စားမႈေတြထဲ ေရာက္သြားခဲ့သည္။
ကေလးတစ္ေယာက္ကို ဓားစားခံအျဖစ္ ျပန္ေခၚတာကို သူမ ေျပာလိုက္ခ်ိန္တြင္ သူမက အရမ္းေလ်ာ့တြက္လြန္းေနတယ္လို႔ ေဇာင္ယုဟြမ္ ခံစားလိုက္ရသည္။
မဟုတ္မွလြဲေကာ၊ မဟုတ္မွလြဲေကာ သူ႕အေဖက လီဂ်င္းယြမ္ ကိုတကယ္ ခ်စ္တာလား? တကယ္ ဟိုက္႐ွီ ကလာခဲ့ရင္ ဘယ္လိုလုပ္မလဲ?
ေဇာင္ယုဟြမ္ ကသူမႏႈတ္ခမ္းကို ေစ့လိုက္သည္။ “ဒါေတြေျပာရတာက ဂ်င္းယြမ္ ကိုႀကိဳသတိထားေစခ်င္လို႔ပဲ။ တစ္ဖက္လူက ဂ်င္းယြမ္ ကိုခ်စ္ျမတ္ႏိုးလို႔ ျပန္ေခၚတာဆိုရင္ ဟြမ္ဟြမ္ ေျပာခဲ့တာေတြကို ေမ့လိုက္သင့္တယ္။ သာမန္မိသားစုနဲ႔ ဆုံေတြ႕ခ်ိန္မွာ ဘက္လိုက္ၿပီး ခံစားတာမ်ိဳး မျဖစ္သင့္ဘူး…”
သာမန္မိသားစု…
ထိုအရာေၾကာင့္ လီဂ်င္းယြမ္ ကရယ္လိုက္သည္။
သူ႕ကို မိဘမဲ့ေဂဟာကေန ေခၚထုတ္လာတည္းက သူမက သူ႕ရဲ႕တစ္ဦးတည္းေသာ မိသားစုဝင္ျဖစ္သည္။
သူ႕သာမန္ မိသားစုက မိသားစုအေၾကာင္းကို ဘယ္လိုပဲေျပာပါေစ၊ ဒါက နည္းနည္းေတာ့ ရယ္စရာေကာင္းေနတုန္းပင္။ ေနာက္ၿပီး ႏွစ္ေတြလည္း အရမ္းၾကာခဲ့ၿပီ။
ေဇာင္ယုဟြမ္ ကတက်ည္က်ည္ လုပ္တာကို လီဂ်င္းယြမ္ တကယ္ပဲ သေဘာက်သည္။
သူမက တက်ည္က်ည္လုပ္တာ ႐ွားပါးတာေၾကာင့္ ဒီအခ်ိန္က အဖိုးတန္သည္။
လီဂ်င္းယြမ္ ကေခါင္းညိတ္လိုက္ၿပီး အရာအားလုံးကို သေဘာတူလိုက္သည္။ “အိုေက၊ ဟြမ္ဟြမ့္ စကားကို နားေထာင္မယ္”
ေဇာင္ယုဟြမ္ ကဘာပဲေျပာေျပာ “အိုေက၊ ဟြမ္ဟြမ့္ စကားကို နားေထာင္မယ္”ဆိုသည့္ စကားလုံးနဲ႔သာ လိုက္ေျပာတက္သည္။ အႀကိမ္မ်ားလာၿပီးေနာက္ ေဇာင္ယုဟြမ္ က႐ွက္သလို ခံစားလာရၿပီး သူမမ်က္ႏွာက အပူခ်ိန္ကလည္း ျမင့္တက္လာခဲ့သည္။
တျခားတစ္ေယာက္ကသာ သူမအား ဒီလိုမ်ိဳး ခ်ီးက်ဴးမယ္ဆိုရင္ ဘာမွခံစားရမွာ မဟုတ္ေပမဲ့ လီဂ်င္းယြမ္ ျဖစ္ေနတာေၾကာင့္ ေဇာင္ယုဟြမ္ ကအေတာ္ေလး ႐ွက္႐ြံ႕သလို ခံစားေနရသည္။
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕ခံစားခ်က္ေတြကို တိုက္႐ိုက္ ရင္မဆိုင္ရဲတာေၾကာင့္လည္း ျဖစ္ႏိုင္သည္။
ထိုအေၾကာင္းကို ေတြးလိုက္႐ုံနဲ႔ ႐ွက္႐ြံ႕မႈေၾကာင့္ ေသသြားေလာက္သည္။
မၾကာခင္တြင္ ကားက ဗီလာကို ေရာက္သြားခဲ့သည္။ ေဇာင္ယုဟြမ္ ကကားတံခါးကို ဖြင့္လိုက္ၿပီး ကားထဲမွ ထြက္လိုက္ကာ စိတ္သက္သာစြာျဖင့္ သက္ျပင္းခ်လိုက္သည္။ ထို႔ေနာက္ လီဂ်င္းယြမ္ ကိုေ႐ွာင္ကာ အေပၚကို အလ်င္အျမန္ တက္သြားလိုက္သည္။
‘အျမန္ႏႈန္း’ရဲ႕ ပထမပိုင္းက ထြက္လာခ်ိန္တြင္ ဒါ႐ိုက္တာလီ က ဟိုက္႐ွီ ကိုေရာက္လာခဲ့သည္။
အရင္က လက္ေထာက္ေဒါင္ အားသူမစိတ္အေျခအေနကို ထုတ္ျပခဲ့ၿပီး ျဖစ္တာေၾကာင့္ ဒီတစ္ႀကိမ္ေတာ့ လီဂ်င္းယြမ္ နဲ႔အတူ မလိုက္သြားေတာ့ေပ။ လက္ေထာက္ေဒါင္ ကေသခ်ာေပါက္ကို လီဂ်င္းယြမ္ အားအထင္ေသးရဲမွာ မဟုတ္ေပ။ သို႔ေသာ္ ဒီအခ်ိန္တြင္ လီဂ်င္းယြမ္ ကသူ႕အေဖနဲ႔ ေတြ႕ဆုံေနရၿပီး သူမလိုက္ေပးဖို႔ မလိုအပ္ေပ။
သူမသာ သူနဲ႔အတူသြားၿပီး စားပြဲကို ထပ္႐ိုက္လိုက္ပါက ေလထုက ပိုၿပီးေတာ့ေတာင္ ထူးဆန္းသြားလိမ့္မယ္ေလ၊ ဟုတ္တယ္မလား?
ဒီလိုအရာကို လီဂ်င္းယြမ္ ကသူ႕ဘာသာ ကိုင္တြယ္တာက ပိုေကာင္းလိမ့္မည္။
ေဇာင္ယုဟြမ္ က ရန္ဆန္း နဲ႔သာ ၿပိဳင္ပြဲဆီ သြားခဲ့သည္။
ဟုန္ခ်န္းမင္း ကသူမကို တားခ်င္ေပမဲ့ တစ္လကလည္း ကုန္သြားခဲ့တာေၾကာင့္ ဒီအခ်ိန္တြင္ သူမကို တားဆီးဖို႔က မျဖစ္ႏိုင္ေပ။ ဟုန္ခ်န္းမင္း ကအံႀကိတ္ၿပီးသာ ဘာမွမေျပာႏိုင္ေတာ့ေပ။
သို႔ေသာ္ ကားၿပိဳင္ပြဲအတြက္ စပြန္ဆာ႐ွာေဖြခ်ိန္တြင္ ရန္ဆန္း အတြက္ ခက္ခဲသည့္ ဘဝဖန္တီးေပးဖို႔ သူ႕ႏွလုံးသားထဲတြင္ ေတးမွတ္ထားခဲ့သည္။
ဒီတစ္ႀကိမ္တြင္ ေတြ႕ဆုံပြဲက ေဆး႐ုံတြင္ ျဖစ္သည္။
လက္ေထာက္ေဒါင္ ကေဆး႐ုံက အခန္းတြင္ ေစာင့္ေနခဲ့သည္။ သူ႕အျပင္ တျခားအသက္ႀကီးသည့္ လူတစ္ေယာက္လည္း ႐ွိေနခဲ့သည္။ ထိုလူက wheelchair ေပၚတြင္ ထိုင္ေနၿပီး သူ႕ေသးသြယ္သည့္ မ်က္ႏွာထက္တြင္ မ်က္မွန္က ႐ွိေနသည္။ သူ႕တြင္ ရက္စက္သည့္ မ်က္ဝန္းေတြနဲ႔အတူ ေအးစက္သည့္ အမူအရာက ႐ွိေနၿပီး အေတာ္ေလးကို မရင္းႏွီးသည့္ ပုံစံမ်ိဳး ေပၚလြင္ေနသည္။ အရမ္းကို ပိန္ကပ္ေနတာေၾကာင့္ သူ႕မ်က္ႏွာ အသြင္အျပင္က ပုံပန္းမက် ျဖစ္ေနသည္။
လီဂ်င္းယြမ္ ကတံခါးကို ေခါက္လိုက္ၿပီး မဝင္ခင္ ခြင့္ေတာင္းလိုက္သည္။
နံရံက TV ေပၚတြင္ ‘အျမန္ႏႈန္း’ ပထမပိုင္းက ျပသေနခဲ့သည္။
စခရင္တြင္ လီဂ်င္းယြမ္ ကဦးၫႊတ္လိုက္သည္။
လူအိုႀကီးရဲ႕ မ်က္လုံးေတြက အာ႐ုံစိုက္မေနပဲ အက္႐ွသည့္ အသံျဖင့္ ေျပာလိုက္သည္။ “… အရမ္းကို လုပ္ႏိုင္စြမ္း ႐ွိတာပဲ”
လက္ေထာက္ေဒါင္ ကေဘးဘက္မွ ျပဳံးကာေျပာလိုက္သည္။ “သူက သူေဌးငယ္ငယ္ကအတိုင္းပဲ။ သူေဌး ငယ္ငယ္ကလည္း Fencing အပိုင္းမွာ ေတာ္တယ္”
လူအိုႀကီးက တျဖည္းျဖည္း သူ႕ေခါင္းကို ညိတ္လိုက္ၿပီး ေျပာလိုက္သည္။ “အင္း၊ ကံတရားပဲ”
လီဂ်င္းယြမ္ ကတည္ၿငိမ္စြာ ေျပာလိုက္သည္။ “ဟြမ္ဟြမ္ ကကြၽန္ေတာ့္ကိုသင္ဖို႔ ပို႔ေပးခဲ့တာ။ သူမက ေငြေခ်ေပးခဲ့တာ။ ဒါက ကံတရားဆိုရင္ ဒါ႐ိုက္တာလီနဲ႔ သူမၾကားကပဲ ျဖစ္သင့္တယ္”
လူအိုႀကီးက မ်က္ေတာင္ ခတ္လိုက္ၿပီးေနာက္ လက္ေထာက္ေဒါင္ကို ၾကည့္လိုက္သည္။
လက္ေထာက္ေဒါင္ ကအလ်င္အျမန္ပင္ တုန္႔ျပန္လိုက္သည္။ “မစၥတာလီ က ေဇာင္ခ်ီ ရဲ႕သမီး၊ အခုလက္႐ွိ ေဇာင္မိသားစုရဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ မစၥေဇာင္ ကိုေျပာေနတာပါ”
“အို… ဒီလိုေပါ့… မင္းနဲ႔အတူ ႀကီးျပင္းလာတဲ့ တစ္ေယာက္ေပါ့?” လူအိုႀကီးက လီဂ်င္းယြမ္ ကိုေမးလိုက္သည္။
လီဂ်င္းယြမ္ ကေခါင္းညိတ္လိုက္သည္။ “ဟုတ္တယ္”
လက္ေထာက္ေဒါင္ က လီဂ်င္းယြမ္ ထိုင္ႏိုင္ဖို႔အတြက္ ခုံကိုေ႐ႊ႕ေပးလိုက္ၿပီး သူ႕အား လူအိုႀကီးနဲ႔ မ်က္ႏွာခ်င္း ဆိုင္ေစလိုက္သည္။
“ငါ့ကိုယ္ငါ မိတ္မဆက္ရေသးဘူးပဲ။ ငါ့မ်ိဳး႐ိုးနာမည္က လီ၊ လီ႐ုံ”
လီဂ်င္းယြမ္ ကျပန္ေျဖလိုက္သည္။ “အာ၊ ဒါ႐ိုက္တာလီ အေၾကာင္းကို ၾကားဖူးတယ္။ ႏိုင္ငံျခားမွာ ေနထိုင္ေနတဲ့ နာမည္ႀကီး တ႐ုတ္လူမ်ိဳးေလ”
လီ႐ုံ ကသူ႕အား ၾကည့္လိုက္သည္။ “ေနာက္ၿပီး မင္းအေဖ”
“ဒါ႐ိုက္တာလီ အသက္နဲ႔ဆို ဒါ႐ိုက္တာလီ ကကြၽန္ေတာ့္အေဖ ျဖစ္ပုံမေပၚဘူး”
လီ႐ုံ ကတည္ၿငိမ္စြာ ေျပာလိုက္သည္။ “မင္းအေမက ငါ့ေနာက္မိန္းမပဲ”
ဒီစာေၾကာင္းက လီဂ်င္းယြမ္ အတြက္အရာအားလုံးကို ႐ွင္းလင္းေစသည္။ “အို”
ဒီလိုစကားကို အရင္ကသာ ၾကားလိုက္ရင္း ေဒါသေတြ၊ ႐ွက္႐ြံ႕မႈနဲ႔ ဒီလိုစကားေၾကာင့္ နာက်င္မႈကိုေတာင္ ျဖစ္ေစႏိုင္လိမ့္မည္။ ေနာက္ၿပီး သူတို႔ေမြးဖြားျခင္းအား ျငင္းပယ္ခဲ့တာကို ၾကားၿပီးေတာ့ ဘယ္သူက ေပ်ာ္ႏိုင္မွာလဲ?
လက္ထပ္ၿပီး ေမြးဖြားလာတာ မဟုတ္ေပမဲ့ တျခားဆက္ဆံေရးေၾကာင့္ ျဖစ္လာခဲ့သည္။ ဘယ္ေလာက္ပဲ အာဏာ႐ွိသည့္ လူျဖစ္ပါေစ သူတို႔အတြက္ေတာ့ ဒီလိုသတင္းေတြကို လက္ခံဖို႔က ခက္ခဲသည့္ အရာမ်ိဳးျဖစ္သည္။
သို႔ေသာ္ ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ အား လက္ေထာက္ေဒါင္ နဲ႔အတူ ေတြ႕ဆုံဖို႔တြင္ ပူးေပါင္းခဲ့ၿပီး ကားထဲတြင္လည္း သူ႕အား အခ်က္အလက္ေတြ အမ်ားႀကီး ေျပာျပေပးခဲ့သည္။
ဒီခ်စ္ျခင္းမ်ိဳးက မိသားစုလိုသာ ျဖစ္ရင္ေတာင္မွ သူ႕တြင္ လုံေလာက္သည့္ ခ်စ္ျခင္းေတြကို ရ႐ွိခဲ့ၿပီးျဖစ္သည္။
ဒါေပမဲ့ ဒါကလုံေလာက္သည္။
သာမန္မဟုတ္သည့္ ခ်စ္ျခင္းေတြကို ပိုင္ဆိုင္ဖို႔အတြက္ ႐ုန္းကန္ေနရင္း နာက်င္ရသည့္ လူေတြလည္း ႐ွိသည္။
လီ႐ုံ က လီဂ်င္းယြမ္ တည္ၿငိမ္ေနတာကို ျမင္လိုက္ၿပီး နည္းနည္း အံ့ဩသြားၿပီး သူ႕မ်က္ႏွာထက္တြင္လည္း အထင္ႀကီးမႈက ေပၚလာခဲ့သည္။ သူ႕အသံက ႏူးညံ့ေနကာ ေျပာလိုက္သည္။
“အဲ့အခ်ိန္တုန္းက မင္းအေမက လူထုဆီခ်ျပဖို႔ မေအာင္ျမင္ခဲ့တာေၾကာင့္ မင္းကိုေခၚၿပီး ထြက္ေျပးသြားခဲ့တယ္။ အေစခံေတြက မင္းတို႔ေနရာကို ႐ွာေဖြခ်ိန္မွာေတာ့ မင္းတို႔ႏွစ္ေယာက္က ေပ်ာက္သြားခဲ့ၿပီ။ ဒီႏွစ္ေတြမွာ ငါမင္းတို႔ကို ႐ွာေဖြခဲ့ေပမဲ့ ငါက တ႐ုတ္ျပည္မွာ ေနခဲ့တာ မဟုတ္ဘူး။ ေနာက္ၿပီး ငါကလည္း အသက္ႀကီးလာေတာ့ ငါ့ေျခေထာက္ေတြက ဆိုး႐ြားလာခဲ့လို႔ မင္းအသက္ ငယ္ငယ္ေလာက္ကပဲ ငါ့႐ွာေဖြမႈကို ျဖတ္ေတာက္လိုက္ရတယ္။ ငါမင္းကိုေတာင္ မ႐ွာႏိုင္ခဲ့ဘူး။ ေက်းဇူးတင္ရမွာက ကံတရားက ငါ့ဘက္မွ႐ွိေနခဲ့လို႔ အဲ့႐ိႈးပြဲမွာ မင္းကို ျမင္ခဲ့တာေၾကာင့္ လက္ေထာက္ေဒါင္ ကိုမင္းနဲ႔ေတြ႕ဆုံေစဖို႔ စီစဥ္ခိုင္းခဲ့တာ။ မင္းအေမက ငါ့ေနာက္မိန္းမ ျဖစ္ေပမဲ့ မင္းကို ခ်စ္ေနတုန္းပဲ… DNA စစ္ၾကည့္ဖို႔ မလိုပါဘူး။ မင္းကို ျမင္လိုက္တည္းက ငါ့သားဆိုတာကို သိတယ္။ မင္းက ငါငယ္ငယ္ကနဲ႔ အရမ္းတူတယ္။ ေဖ်ာ္ေျဖေရးေလာကမွာ ေနထိုင္ေနတာက ေရ႐ွည္အတြက္ မေကာင္းဘူး။ မင္း ငါနဲ႔ျပန္လိုက္ခဲ့ဖို႔ စဥ္းစားထားလား?”
လီဂ်င္းယြမ္ ကျပဳံးလိုက္ၿပီးေနာက္ ကားထဲတြင္ လီ႐ုံ အတြက္ ေဇာင္ယုဟြမ္ ကသူ႕အား သတိေပးခဲ့တာကို ေတြးမိသြားခဲ့သည္။
“ဒါဆို၊ ကြၽန္ေတာ္က ဒါ႐ိုက္တာလီ ရဲ႕ဘယ္ပုံစံမ်ိဳးနဲ႔ တူတာလဲ?”
လီ႐ုံ ကမ်က္ခုံးပင့္လိုက္သည္။ “မင္းက သတိထားေနတာပဲ။ ေကာင္းပါတယ္။ မင္းသံသယဝင္ေနတာကို ငါ စိတ္မဆိုးပါဘူး။ တကယ္ေတာ့ မင္းကို ျပန္ေခၚခ်င္တာက ငါေသသြားရင္ မင္းအစ္ကိုႀကီးကို ကူညီေပးဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ပဲ”
လီဂ်င္းယြမ္ ကရယ္လိုက္သည္။
ဟြမ္ဟြမ္ ရဲ႕ခန္႔မွန္းခ်က္က လုံးဝကိုမွန္တယ္။
သို႔ေသာ္ ထူးဆန္းသည့္အရာက လီ႐ုံ ရဲ႕စကားေၾကာင့္ လီဂ်င္းယြမ္ ကေဒါသထြက္တာကို မခံစားရပဲ ရယ္႐ုံသာ ရယ္လိုက္သည္။
ဟြမ္ဟြမ္ ရဲ႕ခန္႔မွန္းခ်က္ အားလုံးက မွန္တယ္…
သူ႕အေတြးတြင္ “ဟြမ္ဟြမ္”ဆိုသည့္ စကားလုံးက ေပၚလာခ်ိန္တြင္ သူ႕မသိစိတ္က ျပဳံးမိဖို႔ ျဖစ္လာေစခဲ့သည္။
လီ႐ုံ ကသူ႕အျပဳံးကို ဖ်က္ခနဲၾကည့္လိုက္ၿပီး ခ်က္ခ်င္းပင္ စကားလမ္းေၾကာင္း ေျပာင္းလိုက္သည္။ “မင္း ဒိတ္ေနတာလား?”
လီဂ်င္းယြမ္ ကေခါင္းခါလိုက္သည္။
“အို၊ ဒါဆို မင္းသေဘာက်တဲ့ တစ္ေယာက္ေယာက္ေတာ့ ေသခ်ာေပါက္ ႐ွိလိမ့္မယ္။ ငါၾကည့္ဖို႔ သူမကို ေခၚလာလို႔ရတယ္။ သူမ ဆႏၵ႐ွိရင္ မင္းနဲ႔လက္ထပ္ေပးႏိုင္တယ္”
လီဂ်င္းယြမ္ ရဲ႕ႏူးညံ့သည့္ မ်က္ႏွာတြင္ ေထ့ေငါ့မႈက ေပၚလာခဲ့သည္။ “သူမက ဆႏၵမ႐ွိဘူး”
ထို႔ေနာက္ လက္ေထာက္ေဒါင္ ကသူ႕စိတ္ထဲတြင္ တစ္ခုခုကို ေတြးမိသြားခဲ့သည္။ ႐ုတ္တရက္ သူ႕မ်က္လုံးက ျပဴးက်ယ္သြားခဲ့ၿပီး ေရ႐ြတ္လိုက္သည္။ “မစၥေဇာင္မ်ားလား?”
လီဂ်င္းယြမ္ ကေခါင္းညိတ္လိုက္သည္။ “အင္း”
ေဇာင္ယုဟြမ္ အေ႐ွ႕မွာသာ သူေျပာခဲ့ရင္ အျငင္းခံရမွာ ေၾကာက္လို႔၊ သူမနဲ႔ ရင္းႏွီးေနတာကို လက္လႊတ္လိုက္ရမွာ ေၾကာက္မိတာေၾကာင့္ ေျပာရဲမွာ မဟုတ္ေပ။ သို႔ေသာ္ သူစိမ္းေတြအေ႐ွ႕တြင္ သူ႕အခ်စ္ကို ေဖာ္ျပဖို႔အတြက္ တြန္႔ဆုတ္ေနမွာ မဟုတ္ေပ။
လီ႐ုံ ကတိတ္သြားခဲ့သည္။ “… ဒါက နည္းနည္းေတာ့ ျပႆနာ႐ွိတယ္။ ဒါေပမဲ့ မင္း တကယ္ပဲ သူမကို သေဘာက်ရင္ လီမိသားစုရဲ႕ ေနာက္ခံနဲ႔ သူမကို ဆြဲေဆာင္ႏိုင္ဖို႔ ကူညီေပးမယ္”
လီဂ်င္းယြမ္ ကျပဳံးလိုက္ၿပီး ထ,လိုက္သည္။ “ေနာက္ခံ? ဘာေနာက္ခံလဲ? ေငြ? သူမမွာ ေငြ႐ွိတယ္။ အာဏာ? သူမမွာ လန္ဂ်င္းဇီ ဆိုတဲ့ ဝမ္းကြဲအစ္ကို႐ွိတယ္” ထိုအရာေၾကာင့္ လီဂ်င္းယြမ္ ကခါးသက္သလို ခံစားလိုက္ရသည္။
သူမကို ဆြဲေဆာင္တာကသာ အရမ္းကို ႐ိုး႐ွင္းေနရင္ လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္တည္းက ရပ္ပစ္လိုက္မယ္။ ဒါ႐ိုက္တာလီ ရဲ႕အကူအညီကို လိုအပ္မယ္လို႔ ထင္ေနလား?
လီ႐ုံ : “…”
“သူမမွာ ေငြနဲ႔အာဏာက ႐ွိေနေတာ့ မင္းနဲ႔လက္ထပ္ဖို႔က ပိုၿပီးေတာ့ေတာင္ သင့္ေတာ္ေသးတယ္” လီ႐ုံ ကထိုအေၾကာင္းကို ေတြးေတာကာ ေျပာလိုက္သည္။ “ဒါက စီးပြားေရး လက္ထပ္ပြဲဆို ျပည့္စုံတယ္။ ခံစားခ်က္သာ ပါလာခဲ့ရင္ ဒါက လက္ထပ္ဖို႔က ပိုေတာင္ျဖစ္သင့္ေသးတယ္”
လီဂ်င္းယြမ္ ရဲ႕အမူအရာက ေအးစက္သြားၿပီး ေျပာလိုက္သည္။ “*စီးပြားေရးကို ေျပာမေနနဲ႔”
အံ့ဩမႈေၾကာင့္ လက္ေထာက္ေဒါင္ ရဲ႕မ်က္လုံးက ျပဴးက်ယ္သြားခဲ့သည္။
အခုထိ လီဂ်င္းယြမ္ နဲ႔သူအႀကိမ္အနည္းငယ္ ဆုံေတြ႕ခဲ့ရေပမဲ့ သူ႕ယဥ္ေက်းသည့္ အမူအရာမွ ဒီလို႐ိုင္းသည့္ စကားလုံးေတြ ထြက္လာခဲ့တာကို ၾကားလိုက္ရတာက ပထမဆုံး အႀကိမ္ျဖစ္သည္။
လီဂ်င္းယြမ္ ရဲ႕မ်က္ႏွာထက္တြင္ ေဒါသေတြက ခ်က္ခ်င္းပင္ ေပၚလာၿပီး ထြက္သြားခဲ့သည္။
သူက ေျပာလိုက္သည္။ “ဒါ႐ိုက္တာလီ က DNA စစ္ဖို႔မလိုဘူးဆိုရင္လည္း ကြၽန္ေတာ္ ျပန္ေတာ့မယ္။ တစ္ေယာက္က ကြၽန္ေတာ့္ကို အိမ္မွာေစာင့္ေနတယ္”
လီဂ်င္းယြမ္ က‘အိမ္’ဆိုသည့္ စကားလုံးအား သူ႕ရင္ဘတ္အျပည့္ ခံစားခ်က္ျဖင့္ ေျပာလိုက္သည္။ သူ႕အတြက္ မိသားစုကို ႐ွာေဖြဖို႔ မလိုအပ္ေပ။ ဒါကို အႀကိမ္ေပါင္းမ်ားစြာ သူေတြးခဲ့ဖူးသည္။ အနာဂတ္တြင္ ဟြမ္ဟြမ္ နဲ႔သာ ႐ိုမန္႔တစ္ အခ်စ္မ်ိဳး ျဖစ္မလာႏိုင္ရင္ တစ္ဘဝလုံး မိသားစုလိုမ်ိဳး ေနရလည္း အရမ္းကိုလုံေလာက္သည္။
သူဘယ္လို အေျခအေနမ်ိဳးမွာပဲ ႐ွိေနပါေစ သူမနာမည္ကို ေတြးလိုက္႐ုံနဲ႔ မျမင္ႏိုင္သည့္ ေတာင့္တင္းသည့္ သံခ်ပ္ကာ ႐ွိလာခဲ့သည္။
17.8.2021 (Tue)
……………………….
[text_hash] => 0d0bfdb6
)