Array
(
[text] =>
လီဂျင်းယွမ် ကမကြာခင်တွင် ဇောင်ယုဟွမ် ကိုလွှတ်ပေးလိုက်သည်။ ဇောင်ယုဟွမ် ကနှုတ်ခမ်းကို စေ့ထားပြီး လီဂျင်းယွမ် ကိုပြန်ဆွဲလိုက်သည်။ “ဘာဖြစ်လို့လဲ? ဖုန်းထဲမှာတုန်းက ဘာမှသေချာ မပြောခဲ့ဘူးလေ၊ ဟွမ်ဟွမ်၊ ဝေ့ကျဲ ကိုခေါ်တော့လည်း သူက သေချာမသိဘူး။ ဟွမ်ဟွမ့် ကိုဘာတွေ ဖုံးကွယ်ထားတာလဲ?”
ဇောင်ယုဟွမ် ရဲ့မျက်ခုံးတွေက စိုးရိမ်စွာဖြင့် ကြုတ်နေခဲ့သည်။
လီဂျင်းယွမ် ရဲ့မျက်နှာက အမူအရာမှာ ၁၀ မှာ ၁၀ လောက်ကို သိသာနေသည်။ သူ့မျက်တွေက အောက်စိုက်နေပြီး နူညံ့သည့် အကြည့်ဖြင့် ဇောင်ယုဟွမ် ကိုကြည့်နေခဲ့ပြီး သူ့နူးညံ့သည့် အမူအရာတွင် မလိုလားခြင်း၊ ရုန်းကန်ခြင်းတွေ ပါဝင်နေသည်။
အခုသူ့ပုံစံအား သူ့ဖန်တွေ မြင်လိုက်ရင် သူတို့က သူ့တောင်းဆိုချက်က ဘယ်လောက်ပဲ ဆိုးရွားပါစေ သေချာပေါက်ကို ငြင်းဆန်ကြမည် မဟုတ်ပေ။
သို့သော် ဇောင်ယုဟွမ် ကသူ့ဖန်တွေထဲက မဟုတ်ပေ။
ဇောင်ယုဟွမ် ကအလျင်အမြန်ပင် တည်ငြိမ်သွားခဲ့သည်။ “ဂျင်းဟွမ် ဆေးချခဲ့တာလား? ဒါမှမဟုတ် တစ်ယောက်ယောက်ကို သတ်ခဲ့တာလား? အဲ့လိုအရာတွေကြောင့် မဖြေရှင်းနိုင်တာ ဖြစ်နေတာလား? ဟမ်? လီဂျင်းယွမ်?”
လီဂျင်းယွမ် ရဲ့တည်ငြိမ်သည့် မျက်နှာက အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။
ဇောင်ယုဟွမ် ကသူ့မျက်နှာက အသေးစိတ် အချက်လေးတောင် မလွှဲစေရအောင် ကြည့်နေခဲ့သည်။ သူ့အမူအရာ ပြောင်းလဲသွားတာကို မြင်လိုက်ပြီး ဇောင်ယုဟွမ် ကချက်ချင်း နားလည်လိုက်သည်။ “အို၊ ဟွမ်ဟွမ် မှားခန့်မှန်းမိပုံပဲ။ ဒါက ဂျင်းယွမ် ရဲ့ဘဝကိုပျက်စေတာ၊ ထောင်ထဲရောက်စေတဲ့ ကိစ္စမျိုး မဟုတ်ဘူးပဲ။ ဒါပေမဲ့ တစ်ခုခုက ဂျင်းယွမ် ကို ဟွမ်ဟွမ့် ကိုထားခဲ့ဖို့ ဖြစ်နေစေပုံပဲ… အင်း…” ဇောင်ယုဟွမ် ရဲ့ခေါင်းထဲတွင် အတွေးတွေက တဖြည်းဖြည်း ရောက်လာခဲ့သည်။
လီဂျင်းယွမ် ကသူမ တွေးနေတာကို ကြည့်လိုက်ပြီး ချက်ချင်းပင် အရင်က စကားတွေကို ဆက်ပြောလိုက်သည်။ “… မဟုတ်ဘူး၊ တစ်ယောက်က ကိုယ့်ကို လာရှာတယ်”
ဇောင်ယုဟွမ် ကခေါင်းစောင်းလိုက်သည်။ “အမ်၊ ဒါဆို?”
လီဂျင်းယွမ် ကအကူအညီမဲ့စွာ ပြုံးလိုက်သည်။
သူ့လှည့်စားမှုတွေက ထပ်ပြီး အလုပ်မဖြစ်တော့တာကို မြင်လိုက်ပြီး သူက အလျင်အမြန်ပင် လက်လျှောက်လိုက်ပြီး ဆက်ဖုန်းကွယ်ဖို့ မကြိုးစားတော့ပေ။ “အဲ့လူပြောတာက သူက ကိုယ့်အဖေရဲ့ လက်ထောက်တဲ့”
ထင်တဲ့အတိုင်းပဲ!
ဇောင်ယုဟွမ် ကဒီဖြစ်နိုင်ချေကို အများဆုံး တွေးမိပေမဲ့ ဒီလိုမတော်တဆ ရှိလာမယ်လို့တော့ မယုံကြည်ရဲခဲ့ပေ။
“သူ့မှာ သေချာတဲ့ အထောက်အထား ရှိလား? နောက်ပြီး သူက ဂျင်းယွမ် ကိုဘယ်လိုရှာခဲ့တာလဲ?” ဇောင်ယုဟွမ် ရဲ့အသံက အနည်းငယ် မပျော်မရွှင် ဖြစ်နေသည်။ “ဂျင်းယွမ် ကိုနှစ်ပေါင်းများစွာ ဘယ်သူမှ မရှာဖွေခဲ့ပဲ အခုတော့ တစ်ယောက်ယောက်က ဂျင်းယွမ် ကိုလာရှာတယ်တဲ့လား?”
ဘယ်လိုအဖေမျိုးက ဒီလိုလုပ်ရတာလဲ?
“အထောက်အထားတော့ မရှိပေမဲ့ ကိုက်ညီတဲ့ အချက်အလက်တချို့တော့ ရှိတယ်။ ကိုယ်ငယ်ငယ်က တချို့အချက်တွေကို သူပြောပြခဲ့တယ်။ အရင်တုန်းက ကိုယ်က ငယ်သေးပေမဲ့ ကိုယ့်မှတ်ဉာဏ်တွေက အရမ်းကြီး ဆိုးမနေခဲ့ဘူး။ အဲ့ဒါကြောင့် အချက်အလက် တချို့ကို ဝေဝေဝါးဝါးတော့ မှတ်မိသေးတယ်။ သူပြောတဲ့ အရာအားလုံးနဲ့ ကိုက်ညီနေတယ်” လီဂျင်းယွမ် ကရပ်လိုက်ပြီးနောက် ပြောလိုက်သည်။ “သူက ကိုယ့်ကို အချိန်အကြာကြီး ရှာခဲ့ပေမဲ့ ရှာမတွေ့ခဲ့လို့ ကိုယ့်ကို တောင်းပန်ခဲ့တယ်။ မတော်တဆပဲ အွန်လိုင်းပေါ်မှာ ကိုယ့်အကြောင်းတွေ အများကြီး ထွက်ခဲ့တယ်လေ၊ ကိုယ်က မိဘမဲ့ဖြစ်တာကို တွေ့လိုက်ပြီး ကိုယ်က သူ့သူဌေးရဲ့ ကလေးဖြစ်မယ်လို့ ခန့်မှန်းခဲ့တယ်။ ဒါနဲ့ ကိုယ့်ကို လာရှာခဲ့တာ”
ဇောင်ယုဟွမ် ကမျက်မှောင်ကြုတ်လိုက်သည်။ “သူက တခြားပြောခဲ့သေးလား?”
လီဂျင်းယွမ် ကသူမကို ကြည့်လိုက်ပြီး စိတ်လွတ်နေပုံပေါ်သည်။
သူမက အရမ်းကို လေးနက်နေသည်။
သူမမျက်ခုံးတွေက အနည်းငယ် ကြုတ်နေခဲ့ပြီး သူမနှုတ်ခမ်းက အောက်ကို ကွေးနေကာ သူမရဲ့လှပသည့် မျက်နှာကတော့ သူ့အတွက် စိုးရိမ်မှုတွေနဲ့ ပြည့်နေခဲ့သည်။
ဒီလိုစိုးရိမ်မှုကို သူလိုချင်ခဲ့လို့ မလှည့်စားခဲ့ပေမဲ့ ဒီအရာကို သူအရမ်း လိုချင်ခဲ့သည်။
သူမက သူ့ကို ဂရုစိုက်ပြီး စောင့်ရှောက်ပေးခဲ့သည်။
“လီဂျင်းယွမ်?” ဇောင်ယုဟွမ် ကသူ့တုန့်ပြန်မှုကို မကြားတာကြောင့် မထိန်းချုပ်နိုင်ပဲ ခေါင်းမော့ကာ သူ့နာမည်ကို ခေါ်လိုက်သည်။
“အို၊ သူက တခြားပြောခဲ့သေးတယ်…” လီဂျင်းယွမ် ကပြုံးလိုက်သည်။ “ဖခင်ဖြစ်ကြောင်း စမ်းသပ်မှုလုပ်ဖို့ တွေ့ဆုံမယ်တဲ့”
ဇောင်ယုဟွမ် ကထိုစကားကို ကြားလိုက်ချိန်တွင် သူမဒေါသက ချက်ချင်းပင် ပေါက်ကွဲလာခဲ့သည်။
အရင်ဆုံး သွေးသားတော်စပ်မှုအား စမ်းသပ်တာက ပိုလုံခြုံမှန်း သူမ သိပေမဲ့ အဖေကတော့ နှစ်ပေါင်းများစွာ ဘာသတင်းမှ မကြားရပဲ ပျောက်ဆုံးနေခဲ့ပြီး ကလေးကတော့ မိဘမဲ့ဂေဟာတွင် ကြီးပြင်းလာခဲ့ရသည်။ မူလဇာတ်ကြောင်းအရ လီဂျင်းယွမ် ကသူမနဲ့ မတွေ့ခင်တည်းက မိဘမဲ့ဂေဟာတွင် အချိန်အတော်ကြာ နေခဲ့ရသည်။
သို့သော် အခုတော့ သူတို့က သတင်းကို မြင်လိုက်တာကြောင့် သူ့ကို လာရှာကြသည်။ သူတို့က ယဉ်ကျေးမှုတောင် ရှိမနေပဲ သူတို့ပါးစပ်ကိုဖွင့်ပြီး သွေးသားတော်စပ်ကြောင်း စမ်းသပ်ဖို့အတွက် မေးသေးသည်။ ပြင်းထန်သည့် စိတ်အနှောင့်အယှက် ဖြစ်မှုက ဇောင်ယုဟွမ် အားအတော်လေး မသက်မသာ ဖြစ်စေသည်။
“ချိန်းထားတာက ဘယ်တော့လဲ?” ဇောင်ယုဟွမ် ကအေးစက်သည့် အသံဖြင့် မေးလိုက်သည်။
လီဂျင်းယွမ် ကသူမမျက်နှာအား ကြည့်နေခဲ့သည်။ သူမမျက်ခုံးတွေက အနည်းငယ် မြင့်တက်နေပြီး သူမအမူအရာက တင်းမာနေကာ အေးစက်နေသည်။ သို့သော် သူမအသွင်အပြင်က သူမ ဘယ်လိုအမူအရာပဲ ရှိနေပါစေ ကြည့်ကောင်းပြီး ခြိမ်းခြောက်နိုင်သည့် အငွေ့အသက်မျိုး ပေါ်မနေပေ။ ဆန့်ကျင်ဘက်ဖြင့် သူမက မယုံကြည်နိုင်လောက်အောင် လှပပြီး ချစ်ဖို့ကောင်းနေသည်။
လီဂျင်းယွမ် ကမထိန်းချုပ်နိုင်ပဲ ပြုံးကာ ပြောလိုက်သည်။ “မနက်ဖြန်မနက်။ ကိုယ်တို့ ဟိုက်ရှီ ကိုပြန်ကြတော့မှ ကိုယ်သွားမှာ”
ဇောင်ယုဟွမ် ကမပျော်မရွှင်ဖြင့် မျက်လုံးလှည့်လိုက်သည်။
ပြုံးနေတယ်။
ခုနကတော့ ဝမ်းနည်းတဲ့ အမူအရာ ရှိနေပေမဲ့ အခုတော့ နင်က ပြုံးနေတယ်?!
နင်က ဘာကြောင့် ဒီလောက်တောင် ရူးမိုက်ရတာလဲ?
မိဘတွေက နင့်ကို ဘာပြောပြော လုပ်မှာပဲလား?!
“မနက်ဖြန် ဂျင်းယွမ် နဲ့အတူတူ ဟွမ်ဟွမ် ပါလိုက်ခဲ့မယ်” ဇောင်ယုဟွမ် ကပြတ်သားသည့် အသံဖြင့် ပြောလိုက်သည်။
လီဂျင်းယွမ် ကခေါင်းညိတ်လိုက်သည်။ “သေချာတာပေါ့” သူက ပြောလိုက်ရင်း သူ့မျက်လုံးတွေက ကွေးသွားခဲ့သည်။
“ဒါဆို… ဂျင်းယွမ် ဒင်နာစားပြီးပြီလား?” ဇောင်ယုဟွမ် ကထပ်မေးလိုက်သည်။
သို့သော် လီဂျင်းယွမ် ကမဖြေရသေးခင်…
ဘမ်း၊ ဘမ်း၊ ဘမ်း
ဟုန်ချန်းမင်း ကဝင်လာခဲ့သည်။ သူ့လက်ချောင်းတွေကို ကွေးလိုက်ပြီး သူတို့အာရုံအား သူ့ဆီရောက်လာဖို့ မဲမှောင်သည့် အမူအရာဖြင့် နံရံကို ခေါက်လိုက်သည်။
ဇောင်ယုဟွမ် ကအစားနဲ့ထုတ်ထားသည့် ဓာတ်ဘူးနဲ့အတူ ဗန်းအသေးလေးအား ကိုင်ထားသည့် ဟုန်ချင်းမင်း ကိုမြင်လိုက်ရသည်။
ဟုန်ချန်းမင်း ကအေးစက်စွာ ပြောလိုက်သည်။ “မင်းအတွက် ငါတို့ အကျန်တွေ ချန်ထားတယ်”
လီဂျင်းယွမ် ကပြုံးလိုက်ပြီး ဗန်းကိုယူလိုက်သည်။ ယောင်္ကျားနှစ်ယောက်ရဲ့ အကြည့်ဆုံချိန်တွင် ဟာသဆန်မှုတွေ ပါမနေပေ။
တစ်ဖက်တွင် အစီစဉ်တွေ၊ လှည့်စားမှုတွေ ရှိနေတာက ရှင်းလင်းသည်။
ဇောင်ယုဟွမ် ကပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။ “ဒါက အကျန်မဟုတ်ပါဘူး၊ အားလုံးက အကောင်းတွေ။ ဂျင်းယွမ် အရင်စားသင့်တယ်။ ဟွမ်ဟွမ်တို့ မနက်ကျမှာပဲ ပြောကြတာပေါ့”
လီဂျင်းယွမ် ကသူပြောချင်သည့် စကားလုံးတွေကိုသာ မြိုချထားနိုင်တော့သည်။
သူသိသည်။ ဟုန်ချန်းမင်း ကခံစားချက်ကောင်းကောင်းဖြင့် အစားတွေ လာပို့တာ မဟုတ်မှန်း သူသိနေသည်။
အပြင်ပိုင်းတွင် ဟုန်ချန်းမင်း ကသူ့ကို ဂရုစိုက်ပေးပုံ ပေါ်နေသော်လည်း ဟုန်ချန်းမင်း ရဲ့အဓိက ရည်ရွယ်ချက်ကတော့ သူ့အပေါ်ရှိ ဟွမ်ဟွမ် ရဲ့အာရုံစိုက်မှုတွေ ပျောက်ကွယ်သွားအောင်ပင်။ သူအဆင်ပြေမှန်း ဟွမ်ဟွမ် ကသိလိုက်သည်နှင့် သူမက ဆက်မပြောတော့ပေ။
“ဟွမ်ဟွမ်၊ စောစောအိပ်။ ကိုယ်သူ့ကို သူ့အခန်းထဲ ခေါ်သွားလိုက်မယ်” ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ကိုကြည့်လိုက်ပြီး သူ့အမူအရာက သိသိသာသာကို နွေးထွေးသွားသည်။
ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်ပြီး သမ်းလိုက်သည်။ သူမက လှည့်လိုက်ပြီး သူမအခန်းထဲကို ဝင်လိုက်သည်။
လီဂျင်းယွမ် ကသူမနောက်ကျောအား ခဏလောက် ကြည့်နေခဲ့ပြီး အရင်က သူမေးခဲ့သည့် မေးခွန်းကို ထပ်မေးချင်လာခဲ့သည်။
ဟွမ်ဟွမ်၊ တကယ်လို့ ကိုယ်ထွက်သွားရင် မင်းဝမ်းနည်းမှာလား?
မင်း ကိုယ့်ကို ဘယ်လောက်အထိ ကြိုက်လဲ?
နည်းနည်းလေး ဆိုရင်တောင်မှ တကယ်ကြိုက်တာလား?
ဇောင်ယုဟွမ် ကိုသူလှည့်စားဖို့ ကြိုးစားချိန်တွင် လီဂျင်းယွမ် ကသူ့စိတ်တွေကို ရှင်းလင်းအောင် ဖော်ပြခဲ့သည်။ သို့သော် ဒီအချိန်တွင် သူဘာမှမပြောနိုင်ပဲ စိတ်ပျက်စရာ အဖြေမျိုးရလာမှာသာ ကြောက်နေမိသည်။
လီဂျင်းယွမ် ကဗန်းကို ကိုင်ထားပြီး လှည့်လိုက်ကာ ဟုန်ချန်းမင်း အားအပြုံးတုကို ပြလိုက်သည်။ “အစ်ကိုဟုန် ရဲ့မိသားစုကလည်း လာရှာမလားလို့ သိချင်မိသား?”
ဟုန်ချန်းမင်း ကမျက်ခုံးတစ်ဖက် ပင့်လိုက်သည်။ “အကုန်လုံး သေသွားပြီ”
[အကုန်သေသွားတာကို ပျော်နေတာ 😂]
လီဂျင်းယွမ် : “…”
ငါရှုံးပါတယ်။
အို ရှစ်။
ရုတ်တရက် လီဂျင်းယွမ် ကများပြားသည့် ဆုံးရှုံးမှုမျိုးကို ခံစားလိုက်ရသည်။
ဇောင်ယုဟွမ် ကသူထွက်သွားမှာကို ဝမ်းနည်းတာ၊ ဝမ်းမနည်းတာနဲ့ယှဉ်ရင် သူ့ခြေလှမ်း အကျယ်ကြီး လှမ်းမိမှာကိုသာ ကြောက်နေမိသည်။ နောက်ပြီး ဇောင်ယုဟွမ် ရဲ့ဘေးတွင် ဟုန်ချန်းမင်း သာရှိတော့မည်။ ဟုန်ချန်းမင်း က ဟွမ်ဟွမ် ကိုလက်ဝါးကြီးအုပ်ထားပြီး သူတို့က သူတို့တစ်ဘဝလုံး တစ်ယောက်နဲ့ တစ်ယောက် အဆုံးသတ်တဲ့အထိ မှီခိုနေကြလိမ့်မည်။
လီဂျင်းယွမ် ကသူ့အခန်းထဲ ပြန်ရောက်သွားပြီး သူ့လက်ထဲမှ ဗန်းအား ချလိုက်သည်။ ထို့နောက် သူ့ရှပ်အင်္ကျီ ကြယ်သီးအား တဖြည်းဖြည်း ဖြုတ်လိုက်ကာ ချွတ်လိုက်သည်။
ဟွမ်ဟွမ် ရဲ့စကားတွေက မှန်တယ်။ သူ့ကို နှစ်ပေါင်းအကြာကြီး ဘယ်သူမှ လာမရှာကြပဲ အခုမှ တစ်ယောက်က သူ့ကို လာရှာတာလား?
လီဂျင်းယွမ် ရဲ့မျက်လုံးထဲရှိ အလင်းရောင်က အနည်းငယ် အေးစက်နေသည်။
ဘယ်သူက ဂရုစိုက်လို့လဲ?
ပထမပိုင်း ရိုက်ကူးပြီးနောက်တွင် တခြားဧည့်သည်တွေက ဝန်လေးနေကြတုန်းပင်။
နောက်တော့ ဇောင်ယုဟွမ် နဲ့ ဟုန်ချန်းမင်း တို့ကအကြီးမားဆုံး ရင်းနှီးမြှုတ်နှံသူတွေ ဖြစ်လာကြပြီး သူတို့ခန္ဓာကိုယ်တွင် ငွေရနံ့နဲ့ ရွှေရောင်က တောက်ပနေသည်။ သူတို့ကို စကားပြောပြီး ပါဝင်ပါလို့ ဘယ်သူက မပြောချင်ပဲ နေပါ့မလဲ?
သို့သော် သူတို့က ဘယ်လောက်ပဲ ဝန်လေးနေပါစေ လူတိုင်းကတော့ ရိုက်ကူးရေးကို ချန်ထားခဲ့ပြီး ဟိုက်ရှီ ကိုသာ ပြန်ခဲ့ကြသည်။
လီဂျင်းယွမ် ကသူ့အစီစဉ်တွေ အားလုံးကို ခဏရွှေ့ဆိုင်းထားဖို့ ဝေ့ကျဲ အားပြောခဲ့သည်။
ဝေ့ကျဲ ကဖုန်းလက်ခံရချိန်တွင် သူက ခဏလောက် တိတ်ဆိတ်နေခဲ့သည်။
လီဂျင်းယွမ် ကအရမ်းကို သတိထားနေတာကြောင့် မေးလိုက်သည်။ “ဘာဖြစ်လို့လဲ၊ အစ်ကိုဝေ့?”
ဝေ့ကျဲ ကဒီလိုတောင့်တင်းတာ ရှားသည်။ “မစ္စတာလီ၊ အရင်တုန်းက မစ္စတာလီ ရဲ့အတွေးတွေကို ငါနားမလည်နိုင်ခဲ့လို့ ကိုယ်ဘာသာ ရှာဖွေခဲ့တယ်။ မစ္စတာလီ ကဘာလုပ်ဖို့…”
လီဂျင်းယွမ် ရဲ့အသံက ပေါ့ပါးနေတုန်းပင်။ “ကျွန်တော့်နှလုံးသားကို နားမလည်သေးဘူးလား? အစ်ကိုဝေ့ တွေးနေတဲ့ ကျွန်တော် လုပ်သင့်တာကိုပဲ လုပ်နေတာလေ”
ဝေ့ကျဲ ကသူ့ပါးစပ်ကို ဖွင့်လိုက်ပြီး အဆုံးမှာတော့ သူက ဖျော့တော့စွာသာ ပြောလိုက်သည်။ “… မစ္စတာလီ ရှုပ်ထွေးအောင် မလုပ်ပါနဲ့”
“အဲ့ရှိုးပွဲက ပြန်လာဖို့ ဆုံးဖြတ်တည်းက… အခုထိ ကျွန်တော့်ဆုံးဖြတ်ချက်တွေက ဘယ်နေရာမှာ ရှုပ်ထွေးစေနေလို့လဲ?”
ဝေ့ကျဲ ကသူ့ပါးစပ်ကို ပိတ်လိုက်သည်။
ဒီအကြောင်းကို သူ့ထက် ဘယ်သူမှ ပိုမသိနိုင်ပေ။
လီဂျင်းယွမ် ကငယ်ရွယ်တုန်း ဖြစ်သော်လည်း သူက ဘယ်တုန်းကမှ လမ်းမှားကို ရွေးခဲ့ဖူးတာမျိုး မရှိပေ။ သူ့အလုပ်တွင်လည်း ကြိုးကြိုးစားစား လုပ်ခဲ့သည်။ အရင်က ဝေ့ကျဲ ကဒီလူငယ်လေးအတွက် ဝမ်းနည်းမှုကို ခံစားခဲ့ရပြီး အများကြီး တွန်းအားပေးခဲ့သည်။ တခြားလူငယ်ဆယ်လီတွေနဲ့ မတူစွာပဲ သူကတော့ သူ့ခံစားချက်တွေကို ဘယ်တုန်းကမှ မလွတ်စေခဲ့ပေ။ ဒါကြောင့်ပဲ အခုတော့…
ဝေ့ကျဲ ကသက်ပြင်းချလိုက်သည်။
ဒီကိစ္စက ကြီးမားတာ ဖြစ်လိမ့်မယ်။
“ငါ မင်းကို ဆွဲဆောင်ဖို့ မကြိုးစားပါဘူး။ အနာဂတ်မှာ ပိုအရေးပါတဲ့ ဆုံးဖြတ်ချက်ကို လုပ်နိုင်ဖို့သာ ငါမျှော်လင့်ပါတယ်။ နောက်ပြီး မင်းဖန်တွေနဲ့ လူထုအားလုံးကို ကြေညာပြီး ငါ့ကိုလည်း ပြောပြရမယ်”
“…အိုကေ”
လီဂျင်းယွမ် နဲ့ ဝေ့ကျဲ ကအစီစဉ်ချပြီးနောက် လီဂျင်းယွမ် က ဇောင်ယုဟွမ် နောက်မှသူတို့ဗီလာဆီ ပြန်လိုက်သွားခဲ့သည်။ သူတို့က တစ်ညနားခဲ့ကြသည်။ နောက်နေ့တွင် ဟုန်ချန်းမင်း ကပုံမှန်အတိုင်း အလုပ်ကို သွားခဲ့ပေမဲ့ ဇောင်ယုဟွမ် ကတော့ လီဂျင်းယွမ် နဲ့အတူ သဘောတူထားသည့်အတိုင်း ကဖေးဆီ သွားခဲ့ကြသည်။
ကဖေးတွင် ဇောင်ယုဟွမ် က လီဂျင်းယွမ် အဖေရဲ့ လက်ထောက်ကို မြင်လိုက်ရသည်။
လက်ထောက်က အတွင်းရေးမှူးချန်း ရဲ့အသက်လောက် ရှိပုံပေါ်ပြီး သူ့ပုံစံက လေးနက်နေသည်။ သူက ဇောင်ယုဟွမ် ကိုစိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ရဲတာကြောင့် သူက သူတို့ကို မြင်လိုက်ချိန်တွင် ဇောင်ယုဟွမ် အားလေးစားစွာ နှုတ်ဆက်လိုက်သည်။
“မစ္စဇောင်၊ ဟယ်လို။ ကျွန်တော့်မျိုးရိုးနာမည်က ဒေါင်ပါ။ မစ္စဇောင် ကကျွန်တော့်ကို ရှောင်ဒေါင် လို့ခေါ်လို့ရပါတယ်။ ကျွန်တော့်သူဌေး၊ ဒါရိုက်တာလီ ကသူ့သားအတွက် နာမည်ပေးခဲ့တာကြောင့် မစ္စတာလီ ကကျွန်တော့် အလုပ်ရှင်ရဲ့ သားဖြစ်နေမယ်လို့ ကျွန်တော် ထင်မိပါတယ်”
ဇောင်ယုဟွမ် ကလှည့်ပတ်ကြည့်လိုက်သည်။ “ဒါဆို ဒါရိုက်တာလီ ကဘယ်မှာလဲ?”
“ဒါရိုက်တာလီ ကဒီနေရာကို လာဖို့ အဆင်မပြေပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က သူဌေးရဲ့ DNA ကိုယူလာခဲ့ပါတယ်။ ကျွန်တော်တို့က မစ္စတာလီ ရဲ့DNA ကိုသာ လိုအပ်ပါတယ်”
ဇောင်ယုဟွမ် ကအတော်လေးကို မပျော်မရွှင် ဖြစ်သွားခဲ့သည်။
သူမက သူမလက်ထဲက သရေအိတ်ကို ချလိုက်ပြီး ထိုင်လိုက်ကာ ပြောလိုက်သည်။ “ဒါရိုက်တာလီ ကလူကိုယ်တိုင် မလာနိုင်ဘူးဆိုရင်လည်း တောင်းပန်ပါတယ်၊ လီဂျင်းယွမ် ရဲ့DNA ကိုပေးလိုက်ဖို့အတွက် ကျွန်မ သဘောမတူနိုင်ပါဘူး”
လက်ထောက်ဒေါင် ကတောင့်တင်းသည့် အမူအရာကို ပြလိုက်သည်။ “ဘာကြောင့်လဲ?”
ဇောင်ယုဟွမ် ကမပျော်ရွှင်စွာဖြင့် စားပွဲအား ခေါက်လိုက်သည်။ “ဘာကြောင့်လဲ? အခုကြောင့်ပဲလေ၊ လီဂျင်းယွမ် ရဲ့အရေးကိစ္စအတွက် ကျွန်မမှာ ပြောပိုင်ခွင့်ရှိတယ်”
လက်ထောက်ဒေါင် ကချောင်းဟန့်လိုက်ပြီး တစ်ခုခု ပြောဖို့လုပ်လိုက်သည်။
ဇောင်ယုဟွမ် ကမျက်ခုံးပင့်ကာ အေးစက်စွာဖြင့် သူ့အား ကြည့်လိုက်သည်။ “ဘာလဲ? ရှင် သဘောမကျဘူးလား? ဒီလူကို မိဘမဲ့ဂေဟာကနေပဲ ကျွန်မခေါ်လာခဲ့တာ၊ ဒါရိုက်တာလီ မဟုတ်ဘူးတာက အရမ်းဆိုးတာပဲ”
လီဂျင်းယွမ် ကတိတ်ဆိတ်နေရင်း သူ့မျက်လုံးတွေက ကွေးသွားခဲ့သည်။
သို့သော် သူ့နှလုံးသားမှ လှိုင်းကတော့ မြင့်တက်လာခဲ့သည်။
အမြဲတမ်း သူမက ဒီလိုမျိုးပင်။ သူမက ဘယ်လောက်ပဲ အားနည်းပါစေ၊ နူးညံ့သိမ်မွေ့နေပါစေ၊ သူမကတော့ သူတို့အပေါ်တွင် အကောင်းဆုံးသော နွေးထွေးမှုကိုသာ အမြဲတမ်း ပေးခဲ့သည်။
သူမက သူတို့အပေါ် ကြင်နာမှုအား တွန့်တိုနေတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပေ။
ဒီလိုပုံစံ ဟွမ်ဟွမ် ကိုဘယ်သူက မကြိုက်ပဲနေမှာလဲ?
လက်ထောက်ဒေါင် ကလုံးဝကို ပြောစရာ စကားမဲ့သွားတာကြောင့် လီဂျင်းယွမ် ကိုသာ ကြည့်လိုက်သည်။
လီဂျင်းယွမ် က ဇောင်ယုဟွမ် ဘေးတွင် ပျော်ရွှင်စွာ ထိုင်နေခဲ့ပြီး ပြောလိုက်သည်။ “အင်း၊ သူမမှန်တယ်။ သူမ စကားအကုန်လုံးကို ကျွန်တော်နားထောင်တယ်”
လက်ထောက်ဒေါင် : “…”
14.8.2021 (Sat)
……………………..
Zawgyi
လီဂ်င္းယြမ္ ကမၾကာခင္တြင္ ေဇာင္ယုဟြမ္ ကိုလႊတ္ေပးလိုက္သည္။ ေဇာင္ယုဟြမ္ ကႏႈတ္ခမ္းကို ေစ့ထားၿပီး လီဂ်င္းယြမ္ ကိုျပန္ဆြဲလိုက္သည္။ “ဘာျဖစ္လို႔လဲ? ဖုန္းထဲမွာတုန္းက ဘာမွေသခ်ာ မေျပာခဲ့ဘူးေလ၊ ဟြမ္ဟြမ္၊ ေဝ့က်ဲ ကိုေခၚေတာ့လည္း သူက ေသခ်ာမသိဘူး။ ဟြမ္ဟြမ့္ ကိုဘာေတြ ဖုံးကြယ္ထားတာလဲ?”
ေဇာင္ယုဟြမ္ ရဲ႕မ်က္ခုံးေတြက စိုးရိမ္စြာျဖင့္ ၾကဳတ္ေနခဲ့သည္။
လီဂ်င္းယြမ္ ရဲ႕မ်က္ႏွာက အမူအရာမွာ ၁၀ မွာ ၁၀ ေလာက္ကို သိသာေနသည္။ သူ႕မ်က္ေတြက ေအာက္စိုက္ေနၿပီး ႏူညံ့သည့္ အၾကည့္ျဖင့္ ေဇာင္ယုဟြမ္ ကိုၾကည့္ေနခဲ့ၿပီး သူ႕ႏူးညံ့သည့္ အမူအရာတြင္ မလိုလားျခင္း၊ ႐ုန္းကန္ျခင္းေတြ ပါဝင္ေနသည္။
အခုသူ႕ပုံစံအား သူ႕ဖန္ေတြ ျမင္လိုက္ရင္ သူတို႔က သူ႕ေတာင္းဆိုခ်က္က ဘယ္ေလာက္ပဲ ဆိုး႐ြားပါေစ ေသခ်ာေပါက္ကို ျငင္းဆန္ၾကမည္ မဟုတ္ေပ။
သို႔ေသာ္ ေဇာင္ယုဟြမ္ ကသူ႕ဖန္ေတြထဲက မဟုတ္ေပ။
ေဇာင္ယုဟြမ္ ကအလ်င္အျမန္ပင္ တည္ၿငိမ္သြားခဲ့သည္။ “ဂ်င္းဟြမ္ ေဆးခ်ခဲ့တာလား? ဒါမွမဟုတ္ တစ္ေယာက္ေယာက္ကို သတ္ခဲ့တာလား? အဲ့လိုအရာေတြေၾကာင့္ မေျဖ႐ွင္းႏိုင္တာ ျဖစ္ေနတာလား? ဟမ္? လီဂ်င္းယြမ္?”
လီဂ်င္းယြမ္ ရဲ႕တည္ၿငိမ္သည့္ မ်က္ႏွာက အနည္းငယ္ ပ်က္ယြင္းသြားခဲ့သည္။
ေဇာင္ယုဟြမ္ ကသူ႕မ်က္ႏွာက အေသးစိတ္ အခ်က္ေလးေတာင္ မလႊဲေစရေအာင္ ၾကည့္ေနခဲ့သည္။ သူ႕အမူအရာ ေျပာင္းလဲသြားတာကို ျမင္လိုက္ၿပီး ေဇာင္ယုဟြမ္ ကခ်က္ခ်င္း နားလည္လိုက္သည္။ “အို၊ ဟြမ္ဟြမ္ မွားခန္႔မွန္းမိပုံပဲ။ ဒါက ဂ်င္းယြမ္ ရဲ႕ဘဝကိုပ်က္ေစတာ၊ ေထာင္ထဲေရာက္ေစတဲ့ ကိစၥမ်ိဳး မဟုတ္ဘူးပဲ။ ဒါေပမဲ့ တစ္ခုခုက ဂ်င္းယြမ္ ကို ဟြမ္ဟြမ့္ ကိုထားခဲ့ဖို႔ ျဖစ္ေနေစပုံပဲ… အင္း…” ေဇာင္ယုဟြမ္ ရဲ႕ေခါင္းထဲတြင္ အေတြးေတြက တျဖည္းျဖည္း ေရာက္လာခဲ့သည္။
လီဂ်င္းယြမ္ ကသူမ ေတြးေနတာကို ၾကည့္လိုက္ၿပီး ခ်က္ခ်င္းပင္ အရင္က စကားေတြကို ဆက္ေျပာလိုက္သည္။ “… မဟုတ္ဘူး၊ တစ္ေယာက္က ကိုယ့္ကို လာ႐ွာတယ္”
ေဇာင္ယုဟြမ္ ကေခါင္းေစာင္းလိုက္သည္။ “အမ္၊ ဒါဆို?”
လီဂ်င္းယြမ္ ကအကူအညီမဲ့စြာ ျပဳံးလိုက္သည္။
သူ႕လွည့္စားမႈေတြက ထပ္ၿပီး အလုပ္မျဖစ္ေတာ့တာကို ျမင္လိုက္ၿပီး သူက အလ်င္အျမန္ပင္ လက္ေလွ်ာက္လိုက္ၿပီး ဆက္ဖုန္းကြယ္ဖို႔ မႀကိဳးစားေတာ့ေပ။ “အဲ့လူေျပာတာက သူက ကိုယ့္အေဖရဲ႕ လက္ေထာက္တဲ့”
ထင္တဲ့အတိုင္းပဲ!
ေဇာင္ယုဟြမ္ ကဒီျဖစ္ႏိုင္ေခ်ကို အမ်ားဆုံး ေတြးမိေပမဲ့ ဒီလိုမေတာ္တဆ ႐ွိလာမယ္လို႔ေတာ့ မယုံၾကည္ရဲခဲ့ေပ။
“သူ႕မွာ ေသခ်ာတဲ့ အေထာက္အထား ႐ွိလား? ေနာက္ၿပီး သူက ဂ်င္းယြမ္ ကိုဘယ္လို႐ွာခဲ့တာလဲ?” ေဇာင္ယုဟြမ္ ရဲ႕အသံက အနည္းငယ္ မေပ်ာ္မ႐ႊင္ ျဖစ္ေနသည္။ “ဂ်င္းယြမ္ ကိုႏွစ္ေပါင္းမ်ားစြာ ဘယ္သူမွ မ႐ွာေဖြခဲ့ပဲ အခုေတာ့ တစ္ေယာက္ေယာက္က ဂ်င္းယြမ္ ကိုလာ႐ွာတယ္တဲ့လား?”
ဘယ္လိုအေဖမ်ိဳးက ဒီလိုလုပ္ရတာလဲ?
“အေထာက္အထားေတာ့ မ႐ွိေပမဲ့ ကိုက္ညီတဲ့ အခ်က္အလက္တခ်ိဳ႕ေတာ့ ႐ွိတယ္။ ကိုယ္ငယ္ငယ္က တခ်ိဳ႕အခ်က္ေတြကို သူေျပာျပခဲ့တယ္။ အရင္တုန္းက ကိုယ္က ငယ္ေသးေပမဲ့ ကိုယ့္မွတ္ဉာဏ္ေတြက အရမ္းႀကီး ဆိုးမေနခဲ့ဘူး။ အဲ့ဒါေၾကာင့္ အခ်က္အလက္ တခ်ိဳ႕ကို ေဝေဝဝါးဝါးေတာ့ မွတ္မိေသးတယ္။ သူေျပာတဲ့ အရာအားလုံးနဲ႔ ကိုက္ညီေနတယ္” လီဂ်င္းယြမ္ ကရပ္လိုက္ၿပီးေနာက္ ေျပာလိုက္သည္။ “သူက ကိုယ့္ကို အခ်ိန္အၾကာႀကီး ႐ွာခဲ့ေပမဲ့ ႐ွာမေတြ႕ခဲ့လို႔ ကိုယ့္ကို ေတာင္းပန္ခဲ့တယ္။ မေတာ္တဆပဲ အြန္လိုင္းေပၚမွာ ကိုယ့္အေၾကာင္းေတြ အမ်ားႀကီး ထြက္ခဲ့တယ္ေလ၊ ကိုယ္က မိဘမဲ့ျဖစ္တာကို ေတြ႕လိုက္ၿပီး ကိုယ္က သူ႕သူေဌးရဲ႕ ကေလးျဖစ္မယ္လို႔ ခန္႔မွန္းခဲ့တယ္။ ဒါနဲ႔ ကိုယ့္ကို လာ႐ွာခဲ့တာ”
ေဇာင္ယုဟြမ္ ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။ “သူက တျခားေျပာခဲ့ေသးလား?”
လီဂ်င္းယြမ္ ကသူမကို ၾကည့္လိုက္ၿပီး စိတ္လြတ္ေနပုံေပၚသည္။
သူမက အရမ္းကို ေလးနက္ေနသည္။
သူမမ်က္ခုံးေတြက အနည္းငယ္ ၾကဳတ္ေနခဲ့ၿပီး သူမႏႈတ္ခမ္းက ေအာက္ကို ေကြးေနကာ သူမရဲ႕လွပသည့္ မ်က္ႏွာကေတာ့ သူ႕အတြက္ စိုးရိမ္မႈေတြနဲ႔ ျပည့္ေနခဲ့သည္။
ဒီလိုစိုးရိမ္မႈကို သူလိုခ်င္ခဲ့လို႔ မလွည့္စားခဲ့ေပမဲ့ ဒီအရာကို သူအရမ္း လိုခ်င္ခဲ့သည္။
သူမက သူ႕ကို ဂ႐ုစိုက္ၿပီး ေစာင့္ေ႐ွာက္ေပးခဲ့သည္။
“လီဂ်င္းယြမ္?” ေဇာင္ယုဟြမ္ ကသူ႕တုန္႔ျပန္မႈကို မၾကားတာေၾကာင့္ မထိန္းခ်ဳပ္ႏိုင္ပဲ ေခါင္းေမာ့ကာ သူ႕နာမည္ကို ေခၚလိုက္သည္။
“အို၊ သူက တျခားေျပာခဲ့ေသးတယ္…” လီဂ်င္းယြမ္ ကျပဳံးလိုက္သည္။ “ဖခင္ျဖစ္ေၾကာင္း စမ္းသပ္မႈလုပ္ဖို႔ ေတြ႕ဆုံမယ္တဲ့”
ေဇာင္ယုဟြမ္ ကထိုစကားကို ၾကားလိုက္ခ်ိန္တြင္ သူမေဒါသက ခ်က္ခ်င္းပင္ ေပါက္ကြဲလာခဲ့သည္။
အရင္ဆုံး ေသြးသားေတာ္စပ္မႈအား စမ္းသပ္တာက ပိုလုံျခဳံမွန္း သူမ သိေပမဲ့ အေဖကေတာ့ ႏွစ္ေပါင္းမ်ားစြာ ဘာသတင္းမွ မၾကားရပဲ ေပ်ာက္ဆုံးေနခဲ့ၿပီး ကေလးကေတာ့ မိဘမဲ့ေဂဟာတြင္ ႀကီးျပင္းလာခဲ့ရသည္။ မူလဇာတ္ေၾကာင္းအရ လီဂ်င္းယြမ္ ကသူမနဲ႔ မေတြ႕ခင္တည္းက မိဘမဲ့ေဂဟာတြင္ အခ်ိန္အေတာ္ၾကာ ေနခဲ့ရသည္။
သို႔ေသာ္ အခုေတာ့ သူတို႔က သတင္းကို ျမင္လိုက္တာေၾကာင့္ သူ႕ကို လာ႐ွာၾကသည္။ သူတို႔က ယဥ္ေက်းမႈေတာင္ ႐ွိမေနပဲ သူတို႔ပါးစပ္ကိုဖြင့္ၿပီး ေသြးသားေတာ္စပ္ေၾကာင္း စမ္းသပ္ဖို႔အတြက္ ေမးေသးသည္။ ျပင္းထန္သည့္ စိတ္အေႏွာင့္အယွက္ ျဖစ္မႈက ေဇာင္ယုဟြမ္ အားအေတာ္ေလး မသက္မသာ ျဖစ္ေစသည္။
“ခ်ိန္းထားတာက ဘယ္ေတာ့လဲ?” ေဇာင္ယုဟြမ္ ကေအးစက္သည့္ အသံျဖင့္ ေမးလိုက္သည္။
လီဂ်င္းယြမ္ ကသူမမ်က္ႏွာအား ၾကည့္ေနခဲ့သည္။ သူမမ်က္ခုံးေတြက အနည္းငယ္ ျမင့္တက္ေနၿပီး သူမအမူအရာက တင္းမာေနကာ ေအးစက္ေနသည္။ သို႔ေသာ္ သူမအသြင္အျပင္က သူမ ဘယ္လိုအမူအရာပဲ ႐ွိေနပါေစ ၾကည့္ေကာင္းၿပီး ၿခိမ္းေျခာက္ႏိုင္သည့္ အေငြ႕အသက္မ်ိဳး ေပၚမေနေပ။ ဆန္႔က်င္ဘက္ျဖင့္ သူမက မယုံၾကည္ႏိုင္ေလာက္ေအာင္ လွပၿပီး ခ်စ္ဖို႔ေကာင္းေနသည္။
လီဂ်င္းယြမ္ ကမထိန္းခ်ဳပ္ႏိုင္ပဲ ျပဳံးကာ ေျပာလိုက္သည္။ “မနက္ျဖန္မနက္။ ကိုယ္တို႔ ဟိုက္႐ွီ ကိုျပန္ၾကေတာ့မွ ကိုယ္သြားမွာ”
ေဇာင္ယုဟြမ္ ကမေပ်ာ္မ႐ႊင္ျဖင့္ မ်က္လုံးလွည့္လိုက္သည္။
ျပဳံးေနတယ္။
ခုနကေတာ့ ဝမ္းနည္းတဲ့ အမူအရာ ႐ွိေနေပမဲ့ အခုေတာ့ နင္က ျပဳံးေနတယ္?!
နင္က ဘာေၾကာင့္ ဒီေလာက္ေတာင္ ႐ူးမိုက္ရတာလဲ?
မိဘေတြက နင့္ကို ဘာေျပာေျပာ လုပ္မွာပဲလား?!
“မနက္ျဖန္ ဂ်င္းယြမ္ နဲ႔အတူတူ ဟြမ္ဟြမ္ ပါလိုက္ခဲ့မယ္” ေဇာင္ယုဟြမ္ ကျပတ္သားသည့္ အသံျဖင့္ ေျပာလိုက္သည္။
လီဂ်င္းယြမ္ ကေခါင္းညိတ္လိုက္သည္။ “ေသခ်ာတာေပါ့” သူက ေျပာလိုက္ရင္း သူ႕မ်က္လုံးေတြက ေကြးသြားခဲ့သည္။
“ဒါဆို… ဂ်င္းယြမ္ ဒင္နာစားၿပီးၿပီလား?” ေဇာင္ယုဟြမ္ ကထပ္ေမးလိုက္သည္။
သို႔ေသာ္ လီဂ်င္းယြမ္ ကမေျဖရေသးခင္…
ဘမ္း၊ ဘမ္း၊ ဘမ္း
ဟုန္ခ်န္းမင္း ကဝင္လာခဲ့သည္။ သူ႕လက္ေခ်ာင္းေတြကို ေကြးလိုက္ၿပီး သူတို႔အာ႐ုံအား သူ႕ဆီေရာက္လာဖို႔ မဲေမွာင္သည့္ အမူအရာျဖင့္ နံရံကို ေခါက္လိုက္သည္။
ေဇာင္ယုဟြမ္ ကအစားနဲ႔ထုတ္ထားသည့္ ဓာတ္ဘူးနဲ႔အတူ ဗန္းအေသးေလးအား ကိုင္ထားသည့္ ဟုန္ခ်င္းမင္း ကိုျမင္လိုက္ရသည္။
ဟုန္ခ်န္းမင္း ကေအးစက္စြာ ေျပာလိုက္သည္။ “မင္းအတြက္ ငါတို႔ အက်န္ေတြ ခ်န္ထားတယ္”
လီဂ်င္းယြမ္ ကျပဳံးလိုက္ၿပီး ဗန္းကိုယူလိုက္သည္။ ေယာက်ၤားႏွစ္ေယာက္ရဲ႕ အၾကည့္ဆုံခ်ိန္တြင္ ဟာသဆန္မႈေတြ ပါမေနေပ။
တစ္ဖက္တြင္ အစီစဥ္ေတြ၊ လွည့္စားမႈေတြ ႐ွိေနတာက ႐ွင္းလင္းသည္။
ေဇာင္ယုဟြမ္ ကျပဳံးလိုက္ၿပီး ေခါင္းခါလိုက္သည္။ “ဒါက အက်န္မဟုတ္ပါဘူး၊ အားလုံးက အေကာင္းေတြ။ ဂ်င္းယြမ္ အရင္စားသင့္တယ္။ ဟြမ္ဟြမ္တို႔ မနက္က်မွာပဲ ေျပာၾကတာေပါ့”
လီဂ်င္းယြမ္ ကသူေျပာခ်င္သည့္ စကားလုံးေတြကိုသာ ၿမိဳခ်ထားႏိုင္ေတာ့သည္။
သူသိသည္။ ဟုန္ခ်န္းမင္း ကခံစားခ်က္ေကာင္းေကာင္းျဖင့္ အစားေတြ လာပို႔တာ မဟုတ္မွန္း သူသိေနသည္။
အျပင္ပိုင္းတြင္ ဟုန္ခ်န္းမင္း ကသူ႕ကို ဂ႐ုစိုက္ေပးပုံ ေပၚေနေသာ္လည္း ဟုန္ခ်န္းမင္း ရဲ႕အဓိက ရည္႐ြယ္ခ်က္ကေတာ့ သူ႕အေပၚ႐ွိ ဟြမ္ဟြမ္ ရဲ႕အာ႐ုံစိုက္မႈေတြ ေပ်ာက္ကြယ္သြားေအာင္ပင္။ သူအဆင္ေျပမွန္း ဟြမ္ဟြမ္ ကသိလိုက္သည္ႏွင့္ သူမက ဆက္မေျပာေတာ့ေပ။
“ဟြမ္ဟြမ္၊ ေစာေစာအိပ္။ ကိုယ္သူ႕ကို သူ႕အခန္းထဲ ေခၚသြားလိုက္မယ္” ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္ၿပီး သူ႕အမူအရာက သိသိသာသာကို ေႏြးေထြးသြားသည္။
ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္ၿပီး သမ္းလိုက္သည္။ သူမက လွည့္လိုက္ၿပီး သူမအခန္းထဲကို ဝင္လိုက္သည္။
လီဂ်င္းယြမ္ ကသူမေနာက္ေက်ာအား ခဏေလာက္ ၾကည့္ေနခဲ့ၿပီး အရင္က သူေမးခဲ့သည့္ ေမးခြန္းကို ထပ္ေမးခ်င္လာခဲ့သည္။
ဟြမ္ဟြမ္၊ တကယ္လို႔ ကိုယ္ထြက္သြားရင္ မင္းဝမ္းနည္းမွာလား?
မင္း ကိုယ့္ကို ဘယ္ေလာက္အထိ ႀကိဳက္လဲ?
နည္းနည္းေလး ဆိုရင္ေတာင္မွ တကယ္ႀကိဳက္တာလား?
ေဇာင္ယုဟြမ္ ကိုသူလွည့္စားဖို႔ ႀကိဳးစားခ်ိန္တြင္ လီဂ်င္းယြမ္ ကသူ႕စိတ္ေတြကို ႐ွင္းလင္းေအာင္ ေဖာ္ျပခဲ့သည္။ သို႔ေသာ္ ဒီအခ်ိန္တြင္ သူဘာမွမေျပာႏိုင္ပဲ စိတ္ပ်က္စရာ အေျဖမ်ိဳးရလာမွာသာ ေၾကာက္ေနမိသည္။
လီဂ်င္းယြမ္ ကဗန္းကို ကိုင္ထားၿပီး လွည့္လိုက္ကာ ဟုန္ခ်န္းမင္း အားအျပဳံးတုကို ျပလိုက္သည္။ “အစ္ကိုဟုန္ ရဲ႕မိသားစုကလည္း လာ႐ွာမလားလို႔ သိခ်င္မိသား?”
ဟုန္ခ်န္းမင္း ကမ်က္ခုံးတစ္ဖက္ ပင့္လိုက္သည္။ “အကုန္လုံး ေသသြားၿပီ”
[အကုန္ေသသြားတာကို ေပ်ာ္ေနတာ😂]
လီဂ်င္းယြမ္ : “…”
ငါ႐ႈံးပါတယ္။
အို ႐ွစ္။
႐ုတ္တရက္ လီဂ်င္းယြမ္ ကမ်ားျပားသည့္ ဆုံး႐ႈံးမႈမ်ိဳးကို ခံစားလိုက္ရသည္။
ေဇာင္ယုဟြမ္ ကသူထြက္သြားမွာကို ဝမ္းနည္းတာ၊ ဝမ္းမနည္းတာနဲ႔ယွဥ္ရင္ သူ႕ေျခလွမ္း အက်ယ္ႀကီး လွမ္းမိမွာကိုသာ ေၾကာက္ေနမိသည္။ ေနာက္ၿပီး ေဇာင္ယုဟြမ္ ရဲ႕ေဘးတြင္ ဟုန္ခ်န္းမင္း သာ႐ွိေတာ့မည္။ ဟုန္ခ်န္းမင္း က ဟြမ္ဟြမ္ ကိုလက္ဝါးႀကီးအုပ္ထားၿပီး သူတို႔က သူတို႔တစ္ဘဝလုံး တစ္ေယာက္နဲ႔ တစ္ေယာက္ အဆုံးသတ္တဲ့အထိ မွီခိုေနၾကလိမ့္မည္။
လီဂ်င္းယြမ္ ကသူ႕အခန္းထဲ ျပန္ေရာက္သြားၿပီး သူ႕လက္ထဲမွ ဗန္းအား ခ်လိုက္သည္။ ထို႔ေနာက္ သူ႕႐ွပ္အက်ႌ ၾကယ္သီးအား တျဖည္းျဖည္း ျဖဳတ္လိုက္ကာ ခြၽတ္လိုက္သည္။
ဟြမ္ဟြမ္ ရဲ႕စကားေတြက မွန္တယ္။ သူ႕ကို ႏွစ္ေပါင္းအၾကာႀကီး ဘယ္သူမွ လာမ႐ွာၾကပဲ အခုမွ တစ္ေယာက္က သူ႕ကို လာ႐ွာတာလား?
လီဂ်င္းယြမ္ ရဲ႕မ်က္လုံးထဲ႐ွိ အလင္းေရာင္က အနည္းငယ္ ေအးစက္ေနသည္။
ဘယ္သူက ဂ႐ုစိုက္လို႔လဲ?
ပထမပိုင္း ႐ိုက္ကူးၿပီးေနာက္တြင္ တျခားဧည့္သည္ေတြက ဝန္ေလးေနၾကတုန္းပင္။
ေနာက္ေတာ့ ေဇာင္ယုဟြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကအႀကီးမားဆုံး ရင္းႏွီးျမႇဳတ္ႏွံသူေတြ ျဖစ္လာၾကၿပီး သူတို႔ခႏၶာကိုယ္တြင္ ေငြရနံ႔နဲ႔ ေ႐ႊေရာင္က ေတာက္ပေနသည္။ သူတို႔ကို စကားေျပာၿပီး ပါဝင္ပါလို႔ ဘယ္သူက မေျပာခ်င္ပဲ ေနပါ့မလဲ?
သို႔ေသာ္ သူတို႔က ဘယ္ေလာက္ပဲ ဝန္ေလးေနပါေစ လူတိုင္းကေတာ့ ႐ိုက္ကူးေရးကို ခ်န္ထားခဲ့ၿပီး ဟိုက္႐ွီ ကိုသာ ျပန္ခဲ့ၾကသည္။
လီဂ်င္းယြမ္ ကသူ႕အစီစဥ္ေတြ အားလုံးကို ခဏေ႐ႊ႕ဆိုင္းထားဖို႔ ေဝ့က်ဲ အားေျပာခဲ့သည္။
ေဝ့က်ဲ ကဖုန္းလက္ခံရခ်ိန္တြင္ သူက ခဏေလာက္ တိတ္ဆိတ္ေနခဲ့သည္။
လီဂ်င္းယြမ္ ကအရမ္းကို သတိထားေနတာေၾကာင့္ ေမးလိုက္သည္။ “ဘာျဖစ္လို႔လဲ၊ အစ္ကိုေဝ့?”
ေဝ့က်ဲ ကဒီလိုေတာင့္တင္းတာ ႐ွားသည္။ “မစၥတာလီ၊ အရင္တုန္းက မစၥတာလီ ရဲ႕အေတြးေတြကို ငါနားမလည္ႏိုင္ခဲ့လို႔ ကိုယ္ဘာသာ ႐ွာေဖြခဲ့တယ္။ မစၥတာလီ ကဘာလုပ္ဖို႔…”
လီဂ်င္းယြမ္ ရဲ႕အသံက ေပါ့ပါးေနတုန္းပင္။ “ကြၽန္ေတာ့္ႏွလုံးသားကို နားမလည္ေသးဘူးလား? အစ္ကိုေဝ့ ေတြးေနတဲ့ ကြၽန္ေတာ္ လုပ္သင့္တာကိုပဲ လုပ္ေနတာေလ”
ေဝ့က်ဲ ကသူ႕ပါးစပ္ကို ဖြင့္လိုက္ၿပီး အဆုံးမွာေတာ့ သူက ေဖ်ာ့ေတာ့စြာသာ ေျပာလိုက္သည္။ “… မစၥတာလီ ႐ႈပ္ေထြးေအာင္ မလုပ္ပါနဲ႔”
“အဲ့႐ိႈးပြဲက ျပန္လာဖို႔ ဆုံးျဖတ္တည္းက… အခုထိ ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္ေတြက ဘယ္ေနရာမွာ ႐ႈပ္ေထြးေစေနလို႔လဲ?”
ေဝ့က်ဲ ကသူ႕ပါးစပ္ကို ပိတ္လိုက္သည္။
ဒီအေၾကာင္းကို သူ႕ထက္ ဘယ္သူမွ ပိုမသိႏိုင္ေပ။
လီဂ်င္းယြမ္ ကငယ္႐ြယ္တုန္း ျဖစ္ေသာ္လည္း သူက ဘယ္တုန္းကမွ လမ္းမွားကို ေ႐ြးခဲ့ဖူးတာမ်ိဳး မ႐ွိေပ။ သူ႕အလုပ္တြင္လည္း ႀကိဳးႀကိဳးစားစား လုပ္ခဲ့သည္။ အရင္က ေဝ့က်ဲ ကဒီလူငယ္ေလးအတြက္ ဝမ္းနည္းမႈကို ခံစားခဲ့ရၿပီး အမ်ားႀကီး တြန္းအားေပးခဲ့သည္။ တျခားလူငယ္ဆယ္လီေတြနဲ႔ မတူစြာပဲ သူကေတာ့ သူ႕ခံစားခ်က္ေတြကို ဘယ္တုန္းကမွ မလြတ္ေစခဲ့ေပ။ ဒါေၾကာင့္ပဲ အခုေတာ့…
ေဝ့က်ဲ ကသက္ျပင္းခ်လိုက္သည္။
ဒီကိစၥက ႀကီးမားတာ ျဖစ္လိမ့္မယ္။
“ငါ မင္းကို ဆြဲေဆာင္ဖို႔ မႀကိဳးစားပါဘူး။ အနာဂတ္မွာ ပိုအေရးပါတဲ့ ဆုံးျဖတ္ခ်က္ကို လုပ္ႏိုင္ဖို႔သာ ငါေမွ်ာ္လင့္ပါတယ္။ ေနာက္ၿပီး မင္းဖန္ေတြနဲ႔ လူထုအားလုံးကို ေၾကညာၿပီး ငါ့ကိုလည္း ေျပာျပရမယ္”
“…အိုေက”
လီဂ်င္းယြမ္ နဲ႔ ေဝ့က်ဲ ကအစီစဥ္ခ်ၿပီးေနာက္ လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ ေနာက္မွသူတို႔ဗီလာဆီ ျပန္လိုက္သြားခဲ့သည္။ သူတို႔က တစ္ညနားခဲ့ၾကသည္။ ေနာက္ေန႔တြင္ ဟုန္ခ်န္းမင္း ကပုံမွန္အတိုင္း အလုပ္ကို သြားခဲ့ေပမဲ့ ေဇာင္ယုဟြမ္ ကေတာ့ လီဂ်င္းယြမ္ နဲ႔အတူ သေဘာတူထားသည့္အတိုင္း ကေဖးဆီ သြားခဲ့ၾကသည္။
ကေဖးတြင္ ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ အေဖရဲ႕ လက္ေထာက္ကို ျမင္လိုက္ရသည္။
လက္ေထာက္က အတြင္းေရးမႉးခ်န္း ရဲ႕အသက္ေလာက္ ႐ွိပုံေပၚၿပီး သူ႕ပုံစံက ေလးနက္ေနသည္။ သူက ေဇာင္ယုဟြမ္ ကိုစိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ မလုပ္ရဲတာေၾကာင့္ သူက သူတို႔ကို ျမင္လိုက္ခ်ိန္တြင္ ေဇာင္ယုဟြမ္ အားေလးစားစြာ ႏႈတ္ဆက္လိုက္သည္။
“မစၥေဇာင္၊ ဟယ္လို။ ကြၽန္ေတာ့္မ်ိဳး႐ိုးနာမည္က ေဒါင္ပါ။ မစၥေဇာင္ ကကြၽန္ေတာ့္ကို ေ႐ွာင္ေဒါင္ လို႔ေခၚလို႔ရပါတယ္။ ကြၽန္ေတာ့္သူေဌး၊ ဒါ႐ိုက္တာလီ ကသူ႕သားအတြက္ နာမည္ေပးခဲ့တာေၾကာင့္ မစၥတာလီ ကကြၽန္ေတာ့္ အလုပ္႐ွင္ရဲ႕ သားျဖစ္ေနမယ္လို႔ ကြၽန္ေတာ္ ထင္မိပါတယ္”
ေဇာင္ယုဟြမ္ ကလွည့္ပတ္ၾကည့္လိုက္သည္။ “ဒါဆို ဒါ႐ိုက္တာလီ ကဘယ္မွာလဲ?”
“ဒါ႐ိုက္တာလီ ကဒီေနရာကို လာဖို႔ အဆင္မေျပပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္တို႔က သူေဌးရဲ႕ DNA ကိုယူလာခဲ့ပါတယ္။ ကြၽန္ေတာ္တို႔က မစၥတာလီ ရဲ႕DNA ကိုသာ လိုအပ္ပါတယ္”
ေဇာင္ယုဟြမ္ ကအေတာ္ေလးကို မေပ်ာ္မ႐ႊင္ ျဖစ္သြားခဲ့သည္။
သူမက သူမလက္ထဲက သေရအိတ္ကို ခ်လိုက္ၿပီး ထိုင္လိုက္ကာ ေျပာလိုက္သည္။ “ဒါ႐ိုက္တာလီ ကလူကိုယ္တိုင္ မလာႏိုင္ဘူးဆိုရင္လည္း ေတာင္းပန္ပါတယ္၊ လီဂ်င္းယြမ္ ရဲ႕DNA ကိုေပးလိုက္ဖို႔အတြက္ ကြၽန္မ သေဘာမတူႏိုင္ပါဘူး”
လက္ေထာက္ေဒါင္ ကေတာင့္တင္းသည့္ အမူအရာကို ျပလိုက္သည္။ “ဘာေၾကာင့္လဲ?”
ေဇာင္ယုဟြမ္ ကမေပ်ာ္႐ႊင္စြာျဖင့္ စားပြဲအား ေခါက္လိုက္သည္။ “ဘာေၾကာင့္လဲ? အခုေၾကာင့္ပဲေလ၊ လီဂ်င္းယြမ္ ရဲ႕အေရးကိစၥအတြက္ ကြၽန္မမွာ ေျပာပိုင္ခြင့္႐ွိတယ္”
လက္ေထာက္ေဒါင္ ကေခ်ာင္းဟန္႔လိုက္ၿပီး တစ္ခုခု ေျပာဖို႔လုပ္လိုက္သည္။
ေဇာင္ယုဟြမ္ ကမ်က္ခုံးပင့္ကာ ေအးစက္စြာျဖင့္ သူ႕အား ၾကည့္လိုက္သည္။ “ဘာလဲ? ႐ွင္ သေဘာမက်ဘူးလား? ဒီလူကို မိဘမဲ့ေဂဟာကေနပဲ ကြၽန္မေခၚလာခဲ့တာ၊ ဒါ႐ိုက္တာလီ မဟုတ္ဘူးတာက အရမ္းဆိုးတာပဲ”
လီဂ်င္းယြမ္ ကတိတ္ဆိတ္ေနရင္း သူ႕မ်က္လုံးေတြက ေကြးသြားခဲ့သည္။
သို႔ေသာ္ သူ႕ႏွလုံးသားမွ လိႈင္းကေတာ့ ျမင့္တက္လာခဲ့သည္။
အၿမဲတမ္း သူမက ဒီလိုမ်ိဳးပင္။ သူမက ဘယ္ေလာက္ပဲ အားနည္းပါေစ၊ ႏူးညံ့သိမ္ေမြ႕ေနပါေစ၊ သူမကေတာ့ သူတို႔အေပၚတြင္ အေကာင္းဆုံးေသာ ေႏြးေထြးမႈကိုသာ အၿမဲတမ္း ေပးခဲ့သည္။
သူမက သူတို႔အေပၚ ၾကင္နာမႈအား တြန္႔တိုေနတာမ်ိဳး ဘယ္တုန္းကမွ မ႐ွိခဲ့ေပ။
ဒီလိုပုံစံ ဟြမ္ဟြမ္ ကိုဘယ္သူက မႀကိဳက္ပဲေနမွာလဲ?
လက္ေထာက္ေဒါင္ ကလုံးဝကို ေျပာစရာ စကားမဲ့သြားတာေၾကာင့္ လီဂ်င္းယြမ္ ကိုသာ ၾကည့္လိုက္သည္။
လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ ေဘးတြင္ ေပ်ာ္႐ႊင္စြာ ထိုင္ေနခဲ့ၿပီး ေျပာလိုက္သည္။ “အင္း၊ သူမမွန္တယ္။ သူမ စကားအကုန္လုံးကို ကြၽန္ေတာ္နားေထာင္တယ္”
လက္ေထာက္ေဒါင္ : “…”
14.8.2021 (Sat)
……………………..
[text_hash] => 7acfdffa
)