ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 92❇️ မစ္စတာဟုန်ကို ထွက်သွားဖို့များ တောင်းဆိုနိုင်မလား?
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 92❇️ မစ္စတာဟုန်ကို ထွက်သွားဖို့များ တောင်းဆိုနိုင်မလား?

Array
(
[text] =>

Unicode

ဟုန်ချန်းမင်း ကသူ့ဘေးမှလူအား လက်ညှိုးထိုးကာ ပြောလိုက်သည်။ “အင်း၊ ဒါက ငါ့အကောင်းဆုံး သူငယ်ချင်း”

‘အမြန်နှုန်း’တွင် ပါဝင်ကြသည့် ဧည့်သည်အုပ်စု ရှစ်စုရှိသည်။ အဖေနဲ့ သမီးအဖွဲ့၊ လက်ထပ်ထားသည့် စုံတွဲက နှစ်တွဲ၊ နာမည်ကြီး စုံတွဲတစ်တွဲ၊ မိန်းကလေးအဖွဲ့မှ ကောင်မလေး နှစ်ယောက်အဖွဲ့၊ ဖျော်ဖြေရေးလောကမှ အသက်ကြီးပါတနာ စုံတွဲတစ်တွဲနဲ့ ဇောင်ယုဟွမ် နဲ့ လီဂျင်းယွမ် တို့ကတော့ ၇ ဖွဲ့မြောက် အဖွဲ့ဖြစ်သည်။ နောက်ဆုံး အဖွဲ့ကတော့ ‘အကောင်းဆုံး သူငယ်ချင်းတွေ’ဆိုသည့် ဟုန်ချန်းမင်း နဲ့နာမည်ကြီး အမျိုးသား တစ်ယောက်နဲ့ အဖွဲ့ဖြစ်သည်။

ဇောင်ယုဟွမ် ကသေလောက်အောင် အရိုက်ခံရရင်တောင် ဟုန်ချန်းမင်း ကနာမည်ကြီး အမျိုးသား တစ်ယောက်နဲ့ အတူတူတွေ့ဖူးတယ်လို့ လိမ်ညာပြောမှာ မဟုတ်ပေ။ ဒါက ဘယ်နေရာကနေ ‘အကောင်းဆုံး သူငယ်ချင်း’ဆိုပြီး ဖြစ်သွားရတာလဲ? ဖိအားပေးလိုက်တာလား?!

ဇောင်ယုဟွမ် က ဟုန်ချန်းမင်း အားသံသယအကြည့်ဖြင့် ကြည့်လိုက်သည်။

ဟုန်ချန်းမင်း ကတစ်ခုခုအား ဖုံးကွယ်ဖို့ မကြိုးစားပဲ ပြောလိုက်သည်။ “အင်း၊ ငှားခဲ့တာ”

လီဂျင်းယွမ် : “…”

လူတွေက တစ်ပေလောက် အကျင့်ကောင်းတယ်လို့ ပြောရရင် သူကတော့ ဆယ်ပေလောက်ကို အကျင့်မကောင်းတာပဲ။

လီဂျင်းယွမ် က ဟုန်ချန်းမင်း ကိုပါခေါ်လာဖို့ စီစဉ်ထားခြင်း မရှိပေမဲ့ သူကတော့ အဆုံးတွင် ရောက်လာခဲ့သည်။

လီဂျင်းယွမ် ရဲ့မျက်နှာက ရှုံ့တွသွားပြီး ထိုနေရာတွင်သာ လဲကျတော့မလို ဖြစ်သွားခဲ့သည်။

ထိုအချိန်တွင် ဟုန်ချန်းမင်း ကပေါ့ပါးစွာ ပြောလိုက်သည်။ “အို၊ ဟုတ်သား၊ ဒီရှိုးပွဲမှာ ငွေရင်းနှီးမြှုပ်နှံခဲ့သေးတယ်”

လီဂျင်းယွမ် ကပြုံးလိုက်သည်။ “ငါ ပိုပြီးရင်းနှီးမြှုပ်နှံခဲ့ရင် မစ္စတာဟုန် ကိုထွက်သွားဖို့များ တောင်းဆိုနိုင်မလား?”

သူတို့ကြားမှာ ထုတ်လုပ်ရေးအဖွဲ့က အေးခဲနေကြပြီး ဒီလိုညီအစ်ကိုကောင်းတွေက ဘာကြောင့် ရုတ်တရက်ကြီး တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေကြမှန်းကို နားမလည်နိုင် ဖြစ်နေကြသည်။ ရှိုးပွဲအတူတူမှာ ရှိနေတာက ကောင်းတဲ့အရာပဲ မဟုတ်ဘူးလား?

သို့သော် လီဂျင်းယွမ် ရဲ့အမူအရာက ချက်ချင်းပင် ပြေလျော့သွားပြီး ရယ်လိုက်သည်။ “စ,နေတာပါ”

ထုတ်လုပ်ရေး အဖွဲ့သားတွေက တိတ်တဆိတ်ပင် ချွေးတွေကို သုတ်လိုက်ကြပြီး တွေးလိုက်ကြသည်။ ဒီစ,တာက ကြောက်ဖို့ကောင်းတယ်။

ဇောင်ယုဟွမ် ကမျက်ခုံးတွေကို ကြုတ်ထားခဲ့သည်။ “အခု ကျွန်မတို့က ရိုက်ကူးနေကြပြီးမလား?”

ထုတ်လုပ်ရေး အဖွဲ့သားတွေက စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်ပြီး ဇောင်ယုဟွမ် ဘက်ကို အမြန်လှည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ “မှန်တယ်”
“ကျွန်မ အဆင်သင့်ဖြစ်ပြီ”

မြန်မြန်၊ ရိုက်ကူးတော့။ ငါတို့က ပထမအပိုင်းမှာတင် ထွက်သွားရဖို့ကို မျှော်လင့်နေတယ်!

သူမက အစောကြီး ထွက်သွားရမယ်လို့ တွေးထားတာကြောင့် ဇောင်ယုဟွမ် ကတခြားဧည့်သည်တွေနဲ့ ဆက်သွယ်ခြင်း မပြုပေ။ သို့သော်လည်း သူတို့ စတင်မရိုက်ကူးခင် ဇောင်ယုဟွမ် ကတွေးလိုက်ကာ ဟုန်ချန်းမင်း အားရှာဖွေလိုက်သည်။

“ယှဉ်ပြိုင်ခြင်း ရှိုးပွဲမျိုးက ပြိုင်ဆိုင်ရတဲ့ အမျိုးအစားပဲ… လီဂျင်းယွမ် နဲ့ ဟွမ်ဟွမ် တို့ကို အလျော့မပေးနဲ့” ဇောင်ယုဟွမ် ကသူ့ကို အသိပေးလိုက်သည်။

ဟုန်ချန်းမင်း ကသူမကို ဂရုစိုက်ပြီး ရိုက်ကူးနေချိန် သူမကို ကူညီပေးမှာကို ကြောက်နေမိသည်။ ရှိုးပွဲက ထုတ်လွှင့်ချိန်ရောက်ရင် အင်တာနက် သုံးစွဲသူတွေက ဒီမြင်ကွင်းတွေကို အလွယ်တကူ ရှာတွေ့ပြီး ဟုန်ချန်းမင်း ကသူမကို အနိုင်ရစေဖို့ ကူညီပေးတယ်လို့ ပြောကြမှာကို ကြောက်နေသည်။

ဟုန်ချန်းမင်း ကအတော်လေးကို စိတ်ကောင်းဝင်နေပုံပေါ်ပြီး ဇောင်ယုဟွမ် အားပြုံးပြလိုက်သည်။ “ကိုယ်က ဘာကြောင့် အလျော့ပေးရမှာလဲ?”

ဘယ်သူ့ကိုပဲ သူအလျော့ပေးပါစေ၊ လီဂျင်းယွမ် တော့လုံးဝမပါဘူး။

ဒီလိုအရာတွေက သူတို့မိဘမဲ့ဂေဟာမှာတည်းက စတင်ခဲ့သည်။

ဇောင်ယုဟွမ် ကစိတ်သက်သာသွားခဲ့သည်။ “နောက်မှတွေ့ကြမယ်”

“အင်း” ဟုန်ချန်းမင်း ကတုန့်ပြန်လိုက်ပြီး သူ့အကြည့်က ဇောင်ယုဟွမ် ဆီမှာသာ ရှိနေပြီး ဒါရိုက်တာက စတင်ရိုက်ကူးဖို့ အော်လိုက်မှသာ ရွှေ့သွားခဲ့သည်။

ဇောင်ယုဟွမ် ကနည်းနည်း စိုးရိမ်နေပြီး ဖိအားနည်းနည်းကိုလည်း ခံစားနေရသည်။ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကင်မရာက သူမဘက်ကို လှည့်လာချိန်တွင် ပြုံးလိုက်ပြီး စိတ်သက်သာသည့် အမူအရာကို ဖန်တီးလိုက်သည်။

ပထမအပိုင်းအား ရိုက်ကူးဖို့အတွက် နှစ်ရက်အချိန်ယူရသည်။

ဇောင်ယုဟွမ် ကထွက်ချင်နေချိန်မှာ ရှိုးပွဲရိုက်ကူးခံနေရတာက ဘယ်လောက်တောင် ခက်ခဲကြောင်း နားလည်သွားခဲ့သည်။

စုစုပေါင်း ၈ ဖွဲ့ရှိသည်။ အဖေနဲ့သမီး အဖွဲ့ကတော့ အလျင်အမြန်ပင် ထွက်သွားရသည်။ အဖေက အသက်ကြီးနေပြီး ရုပ်ပိုင်းဆိုင်ရာ အားနည်းတာကြောင့်ပင်။ တချို့အရာကြောင့် ဖျော်ဖြေရေးလောကမှ အသက်ကြီးပါတနာကလည်း ထွက်သွားဖို့ နီးစပ်ခဲ့သည်။ သူတို့ပူးပေါင်းမှုက အကောင်းဆုံး ဖြစ်ပေမဲ့ သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ရည်တွေကတော့ မမြင့်မားပေ။

ဇောင်ယုဟွမ် နဲ့ လီဂျင်းယွမ် တို့အတွက်ကတော့ သူတို့ရဲ့ ငယ်ရွယ်မှုကို ပိုင်ဆိုင်နေတာကြောင့် နည်းနည်းတော့ အာရုံဖမ်းစားနိုင်သည်။ ပထမပိုင်းမှ တိုက်ခိုက်ရေးကို လေ့လာခဲ့သည်ဆိုသည့် ဖြစ်ရပ်ကြောင့် သူတို့က သာလွန်ခဲ့သည်။ ဇောင်ယုဟွမ် ကသူမရဲ့ ရုပ်ပိုင်းဆိုင်ရာ အင်အားက လုံလောက်အောင် မကောင်းဘူးလို့ ထင်ခဲ့ပေမဲ့ သူမထက် ပိုဆိုးတဲ့လူတွေ ရှိနေမယ်လို့တော့ ထင်မထားခဲ့ပေ။

ပထမပိုင်းအား ရိုက်ကူးလို့ ပြီးဆုံးသွားပြီးနောက် ဇောင်ယုဟွမ် နဲ့ လီဂျင်းယွမ် တို့က ဒုတိယဖြစ်ပြီး ဟုန်ချန်းမင်း အဖွဲ့ကတော့ ပထမရခဲ့သည်။

ထို့နောက် ဇောင်ယုဟွမ် ကအပိုင်းနှစ်ပိုင်းတိုင်းတွင် တစ်ဖွဲ့သာ ထုတ်ပယ်တယ်ဆိုတာကို နားလည်သွားခဲ့သည်။

ရိုက်ကူးပြီးနောက် ဟုန်ချန်းမင်း ကအိမ်ရှင်အနေနဲ့ ပြုမူကာ ပရိုဂရမ်ဝန်ထမ်း အားလုံးကို ထမင်းစားဖို့ ဖိတ်ခေါ်ခဲ့သည်။ ထွက်သွားဖို့ ဆန္ဒမရှိသည့် နာမည်ကြီးတွေတောင် ဖိတ်ခေါ်ခဲ့သည်။ ထို့နောက်တွင် သူတို့က သာမန်အတိုင်းသာ လှည့်ပတ်ကြည့်ကြပေမဲ့ ရွှေပေါင်လုံးကြီးကတော့ သူ့ဘာသာပဲ အထူးအနေဖြင့် တံခါးဝကို ရောက်လာခဲ့သည်။

ဇောင်ယုဟွမ် ကဟိုတယ်တွင် မျက်နှာသစ်ကာ အဝတ်လဲပြီးနောက် စားသောက်ဆိုင်ကို သွားရောက်ဖို့ ပြင်ဆင်လိုက်သည်။

သူမ အောက်ထပ်ကို ဆင်းလိုက်ချိန်တွင် လီဂျင်းယွမ် ကခေါ်လာခဲ့သည်။ “မင်းကို အောက်ထပ်က စောင့်နေမယ်”

ဟုန်ချန်းမင်း ကပရိုဂရမ် ဝန်ထမ်းတွေက သူနဲ့ဆွေးနွေးဖို့ ကိစ္စရှိနေတာကြောင့် စားသောက်ဆိုင်ကို သွားနှင့်ခဲ့သည်။

ဇောင်ယုဟွမ် ကဓာတ်လှေကားထဲကို ဝင်လိုက်ပြီး အောက်ထပ်ကို ဆင်းလိုက်သည်။

ဓာတ်လှေကားကနေ ထွက်လိုက်ချိန်တွင် အဝေးမှ လီဂျင်းယွမ် ရဲ့ပုံရိပ်ကို မြင်လိုက်သရသည်။ သူပဲမဟုတ်ပေ။ သူ့ဘေးတွင် မိန်းကလေး နှစ်ယောက် အဖွဲ့က ဝိုင်းနေပြီး သူ့အား စကားပြောနေခဲ့သည်။ ကောင်မလေး နှစ်ယောက်ကလည်း အရည်အချင်းရှိုးပွဲကို လာခဲ့သူများ ဖြစ်ကြသည်။ ဒါက ရှိုးပွဲဖြစ်သလို အပိုင်းမှတဆင့် လီဂျင်းယွမ် ကိုမှီကာ ပွဲဦးထွက်တာမျိုးလည်း ဖြစ်သည်။ ထို့ကြောင့် သူတို့က သီးသန့်တွေ့ဆုံတာမျိုး မလုပ်သော်လည်း သူတို့က တစ်ယောက်နဲ့ တစ်ယောက် သိနေခဲ့ကြသည်။ သဘာဝကျစွာပင် လီဂျင်းယွမ် နဲ့စကားပြောရတာက သူတို့အတွက် အံ့ဩစရာ မဟုတ်တော့ပေ။

သို့သော် ဇောင်ယုဟွမ် ကအနားကို ရောက်မလာခင်တွင် လီဂျင်းယွမ် ကရုတ်တရက် ဖုန်းလက်ခံရခဲ့သည်။
ထို့နောက် သူ့အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်းပင် လှည့်လိုက်ပြီး ဟိုတယ်အပြင်ကို ထွက်သွားကာ Black Lincoln ထဲကို ဝင်လိုက်သည်။ Lincoln ကလျင်မြန်စွာပင် မောင်းထွက်သွားခဲ့သည်။

ဇောင်ယုဟွမ် ကလန့်သွားခဲ့သည်။

တစ်ခုခု ဖြစ်လို့လား?

ဒါမှမဟုတ် သူတက်ရောက်ဖို့ အရေးကြီးတာ ဖြစ်လာလို့လား?

ဇောင်ယုဟွမ် ကအရှိန်မြှင့်လိုက်ကာ တံခါးဆီ လျှောက်သွားလိုက်သည်။

မိန်းကလေး နှစ်ယောက်အဖွဲ့က ဇောင်ယုဟွမ် အားနှုတ်ဆက်လာကြသည်။ “မစ္စဇောင်”

“လီဂျင်းယွမ် ကဘယ်သွားတာလဲ?”

“အစ်ကိုလီ ကဖုန်းလက်ခံရပြီးတော့ သူအလျင်လိုတယ်လို့ ပြောခဲ့တယ်။ အဲ့ဒါကြော်င့ အရင်ထွက်သွားတာ”

“အစ်ကိုလီ ကတခြားဘာမှ မပြောခဲ့ဘူး၊ ဖုန်းဖြေတာကိုလည်း မကြားလိုက်ရဘူး” မိန်းကလေးက ပြောလိုက်သည်။

ဇောင်ယုဟွမ် ကသူမဖုန်းကို ထုတ်လိုက်ပြီး လီဂျင်းယွမ် ကိုဖုန်းခေါ်ဖို့ လုပ်လိုက်ပေမဲ့ လီဂျင်းယွမ် ကအရင် ခေါ်လာခဲ့သည်။ “ဟွမ်ဟွမ်၊ အောက်ထပ်ကို ရောက်ပြီလား?”

“ရောက်ပြီ၊ ဂျင်းယွမ် ကဘယ်မှာလဲ?”

“တောင်းပန်ပါတယ်။ အစ်ကိုဝေ့ကျဲ ကအခုလေးတင် ဖုန်းခေါ်လာတာ။ ပြဿနာ နည်းနည်းရှိနေလို့ အဲ့ကို အရင်သွားရတယ်” လီဂျင်းယွမ် ကပြောလိုက်ရင်း ရယ်လိုက်သည်။ “ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ် မင်းကို ခေါ်မသွားနိုင်လို့ တကယ်ပဲ မသွားချင်ဘူး”

ဇောင်ယုဟွမ် က လီဂျင်းယွမ် ရဲ့စကားက သူမအာရုံကို ချက်ချင်း ဆွဲဆောင်သွားပြီး နှလုံးခုန်သွားခဲ့သည်။

လီဂျင်းယွမ် ကအပြုံးလေးနဲ့ ထပ်ပေါင်းပြောလိုက်သည်။ “အာ၊ နောက်ပြီး အဲ့မှာက နောက်ဆုံးအကြိမ်ကထက် အမျိုးသားဆယ်လီတွေ ရှိတယ်၊ သူတို့အားလုံးက ဟွမ်ဟွမ့် ကိုဖိတ်ခေါ်ကြမလား?”

သူ့စကားက ဟုန်ချန်းမင်း ကိုပဲ ပစ်မှတ်ထားနေတာ မဟုတ်ပေ။

ဇောင်ယုဟွမ် ကပါးစပ်ကို ဟ,လိုက်သည်။ “ဟွမ်ဟွမ် ကငွေမလိုဘူး”

လီဂျင်းယွမ် ကထပ်ရယ်လိုက်ပေမဲ့ စကားကို ဆက်မပြောပေ။

သူဖုန်းချလိုက်ပြီး သူမက ငွေမလိုတာကို စဉ်းစားလိုက်ပေမဲ့ ဒါထက် ပိုကောင်းလိမ့်မည်။

ဇောင်ယုဟွမ် ကဖုန်းကိုချလိုက်ပြီး သူမဘေးမှ မိန်းကလေး နှစ်ယောက်က သူတို့နှစ်ယောက်နဲ့ လိုက်ဖို့အတွက်ကို ချက်ချင်း ဖိတ်လာခဲ့သည်။

ဇောင်ယုဟွမ် ကပြန်မဖြေခင်မှာပဲ သူမဖုန်းက ထပ်မြည်လာခဲ့သည်။ ဒါက ဝေ့ကျဲ ဆီမှ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို သတင်းပို့ဖို့အတွက် ဖုန်းခေါ်လာတာလို့ ထင်လိုက်ပေမဲ့ ဟုန်ချန်းမင်း ဆီက ဖြစ်နေသည်။

“ဟွမ်ဟွမ် အောက်ထပ်မှာလား?”

“အင်း”

“ကိုယ်လည်း အဲ့မှာပဲ”

ဇောင်ယုဟွမ် ကလှည့်ပတ်ကြည့်လိုက်ပြီး တခြားကားတွေကြားမှာ ဟုန်ချန်းမင်း ရဲ့ Mercedes Benz ကိုမြင်လိုက်ရသည်။

မာစီးဒီး ရဲ့မှန်က ကျလာပြီး ဟုန်ချန်းမင်း ရဲ့မျက်နှာက ပေါ်လာခဲ့သည်။

“ဟွမ်ဟွမ်၊ ဝင်လာခဲ့”

“အစ်ကိုချန်းမင်း ကစားသောက်ဆိုင်ကို သွားပြီးပြီ မဟုတ်ဘူးလား?”

“ဆွေးနွေးတာက ပြီးသွားပြီ၊ ဒါနဲ့ပဲ ကိုယ်က ဟွမ်ဟွမ် ကိုလာခေါ်တာ”

“အိုကေ”

ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး မနာလိုစွာဖြင့် ကြည့်နေကြသည့် မိန်းကလေး နှစ်ယောက်ကို မြင်လိုက်ရသည်။ ဇောင်ယုဟွမ် ရဲ့နှလုံးက ဆက်ခနဲဖြစ်သွားတာကို ခံစားလိုက်ရပြီး သူတို့ကို ဖိတ်ခေါ်လိုက်သည်။ “အတူတူ သွားချင်လား?”

မိန်းကလေး နှစ်ယောက်က ပျော်ရွှင်သွားကြပြီး ချက်ချင်းပင် သဘောတူလာကြသည်။

ဇောင်ယုဟွမ် ကကားတံခါးကို ဖွင့်လိုက်ပြီး ခရီးသည်တင်ခုံတွင် ဝင်ထိုင်လိုက်သည်။

မိန်းကလေးတွေက အနောက်ဘက်တွင် ထိုင်လိုက်ကြပြီး ဟုန်ချန်းမင်း ရဲ့အမူအရာက မဲမှောင်လာခဲ့သည်။
မိန်းကလေးတွေက ဝင်ပြီးနောက်တွင် သူတို့က ဆက်ပြီးစကားများနေခဲ့ကြသည်။

“မစ္စတာဟုန် ကအရမ်းကောင်းတာပဲ၊ ဒီလောက် ခရီးနီးနီးလေးတောင် လူကိုယ်တိုင် မစ္စဇောင် ကိုလာခေါ်ပေးတယ်”

“မစ္စဇောင် နဲ့ မစ္စတာဟုန် တို့က အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိတယ်မလား?”

ဟုန်ချန်းမင်း ရဲ့အမူအရာက ချက်ချင်းပင် ပိုကောင်းသွားသည်။

ဇောင်ယုဟွမ် ကတော့ ထိုအရာကြောင့် ရယ်ရမလား၊ ငိုရမလားတောင် မသိတော့ပေ။

ဒီအရာကို သူ့ဝန်ထမ်းတွေသာ မြင်လိုက်ရင် မြှောက်ပင့်ခံနေရတာကို ချက်ချင်း သိကြမှာ သေချာတယ်လေ!
စားသောက်ဆိုင်ကို ရောက်သွားချိန်တွင် ဇောင်ယုဟွမ် က လီဂျင်းယွမ် ကိုစိုးရိမ်နေဆဲဖြစ်တာကြောင့် အစားအသောက်တွင် စိတ်သိပ်မပါတော့ပေ။

သူမနဲ့ပူးပေါင်းချင်းသည့် အမျိုးသားဆယ်လီတွေ တကယ်ကို ရှိပေမဲ့ သူတို့အားလုံးကို လျစ်လျူရှုလိုက်သည်။

တခြားလူတွေက ထပ်ခါထပ်ခါ ရောက်လာနေတာကို မြင်လိုက်ပြီး ဟုန်ချန်းမင်း ရဲ့အမူအရာက အံ့ဩဖွယ်ကောင်းလောက်အောင် ဝိုင်ဖန်ခွက် သုံးဆလောက်တောင် သောက်လိုက်တယ်!

ဒင်နာမပြီးခင်အထိပင်

နောက်ဆုံးတော့ ဇောင်ယုဟွမ် ကမထိန်းချုပ်နိုင်ပဲ လီဂျင်းယွမ် ကိုထပ်ခေါ်လိုက်သည်။

…ပြန်မဖြေပေ။

ဇောင်ယုဟွမ် ရဲ့အမူအရာက ရုတ်တရက်ပင် ပိုလေးနက်သွားပြီး အလျင်အမြန်ပင် ဝေ့ကျဲ ကိုခေါ်လိုက်သည်။

ကိုင်လိုက်ပြီး ဝေ့ကျဲ ကလန့်သွားခဲ့သည်။ “ဒီနေ့ မစ္စတာလီ ရဲ့စာချုပ်ကို ဆွေးနွေးခဲ့တာ။ သူ့ဆီ မရောက်သေးဘူး၊ နောက်ပြီး ဘာမှလည်း မဖြစ်ခဲ့ပါဘူး”

ဒါက ဇောင်ယုဟွမ် ကိုပိုပြီးတော့ လန့်သွားစေသည်။ “…ဒါဆို ဘာဖြစ်နေတာလဲ? သူ့ဆီမှာ ဘာတွေဖြစ်လို့လဲ?”

သူမဆီက ဘာတွေ ဖုံးကွယ်ထားတာလဲ?

ဒါမှမဟုတ် သူတကယ်ပဲ အန္တရာယ်နဲ့ ကြုံနေလို့လား?
ဇောင်ယုဟွမ် ကချက်ချင်းပင် ဆုံးဖြတ်လိုက်သည်။ “သူဘေးကင်းလားဆိုတာ အချိန်တိုင်း စစ်ဆေးဖို့ ဖုန်းခေါ်နေဖို့ လိုအပ်တယ်။ ကျွန်မ ဟိုတယ်ကို ပြန်သွားပြီး လုံခြုံရေးကို စစ်ဆေးကြည့်ဖို့ မေးလိုက်မယ်”

ဝေ့ကျဲ ကပြန်ဖြေလိုက်သည်။ “ကောင်းပြီ၊ ကောင်းပြီ”
“ဘာဖြစ်လို့လဲ?” သူမက ဖုန်းခေါ်ပြီး မေးနေတာတွေကို ကြားလိုက်ပြီး ဟုန်ချန်းမင်း ကမေးလိုက်သည်။

“ဒီညနေမှာပဲ လီဂျင်းယွမ် ကကားနဲ့ ထွက်သွားတာ၊ ဖုန်းခေါ်တော့လည်း ပြန်မဖြေဘူး” ဇောင်ယုဟွမ် က ဟုန်ချန်းမင်း အားပြောပြလိုက်သည်။

ဟုန်ချန်းမင်း ကသူပြန်မလာရင် ပိုကောင်းတယ်လို့ တွေးလိုက်သည်။

သို့သော် ဒါက အတွေးတွေသာ ဖြစ်သည်။ ဟုန်ချန်းမင်း ကချက်ချင်းပင် ကားခေါ်လိုက်သည်။ “ကိုယ်တို့ ဟိုတယ်က လုံခြုံရေးကို မေးကြည့်ပြီး သူ့လိုင်စင်ပြားကို ရှာကြည့်ကြမယ်။ နောက်ပြီး စစ်ဆေးကြည့်ဖို့ လူပို့လိုက်မယ်။ မစိုးရိမ်ပါနဲ့၊ ဘာမှဖြစ်မှာ မဟုတ်ပါဘူး”

ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်သည်။

ဟိုတယ်ကို ပြန်လာပြီးနောက်တွင် ဟုန်ချန်းမင်း ကကားလိုင်စင်ပြားကို ချက်ချင်းပင် ရှာတွေ့ခဲ့သည်။

“ကိုယ်ကြည့်ပြီးပြီ။ မင်း ဒီနေ့ ပင်ပန်းနေပြီ၊ မင်းအခန်းမှာ အရင်သွားနားလိုက်တော့။ သတင်းရရင် ကိုယ် မင်းကို အရင်ဆုံးပြောမယ်” ဟုန်ချန်းမင်း က ဇောင်ယုဟွမ် နဲ့ဆက်ပြီး ရှာဖွေချင်ပေမဲ့ သူမမျက်နှာက ဖျော့တော့နေသည်။ သူမအား အခန်းဆီသွားဖို့သာ ပြောလိုက်ပြီး သူမအခန်းထဲကို လိုက်ပို့ပြီးနောက် ထွက်သွားလိုက်သည်။

အောက်ထပ်ကို ဆင်းသွားပြီးနောက် ဟုန်ချန်းမင်း ကဖြစ်ပျက်ခဲ့တာတွေကို စစ်ဆေးကြည့်လိုက်သည်။ လိုင်စင်ပြားအား ရှာဖွေဖို့အတွက် သူ့လူတွေကို အမိန့်ပေးခဲ့ပြီး တခြားလူတွေက လီဂျင်းယွမ် ရဲ့အေဂျင်စီတွင် ပြဿနာရှိမရှိကို စစ်ဆေးခိုင်းလိုက်သည်။

ဇောင်ယုဟွမ် ကသတင်းတွေကို စောင့်ချင်ပေမဲ့ စောင့်နေရင်းနဲ့ ဆိုဖာပေါ်တွင် အိပ်ပျော်သွားခဲ့သည်။

သူမ နိုးလာချိန်တွင် တံခါးခေါက်သံက ထွက်ပေါ်နေသည်။

ဇောင်ယုဟွမ် ကချက်ချင်းပင် ထ,လိုက်သည်။

လီဂျင်းယွမ် ရဲ့အကြောင်းများလား။

ဇောင်ယုဟွမ် ကအလျင်အမြန် လျှောက်သွားလိုက်ပြီး တံခါးကို ဖွင့်လိုက်သည်။

ထို့နောက် ချက်ချင်းပင် တစ်စုံတစ်ယောက်ရဲ့ ပွေ့ဖက်မှုထဲကို ရောက်သွားခဲ့သည်။ ထိုလူက သူမထက် အရပ်ပိုရှည်ပြီး ပွေ့ဖက်မှုကြောင့် သူမခြေထောက်တောင် လွတ်သွားသလို ခံစားလိုက်ရသည်။

သူမက လန့်သွားခဲ့သည်။ “…လီဂျင်းယွမ်? ပြန်လာပြီလား?”

လီဂျင်းယွမ် ကသူ့ပွေ့ဖက်မှုအား အားပိုထည့်လိုက်ပြီး ဝမ်းနည်းနေသည့် အသံဖြင့် သူမနားနားတွင် ပြောလိုက်သည်။ “ဟွမ်ဟွမ်၊ ကိုယ် မင်းကို ထားသွားရင် မင်း ဝမ်းနည်းမှာလား?”

မဟုတ်သေးဘူး၊ ဘာတွေဖြစ်နေတာလဲ?

ဇောင်ယုဟွမ် ကကြောင်အ,သွားခဲ့သည်။

သူမကို ကြောင်လေးက ကြွက်လေးကို ကစားနေသလိုမျိုး ကစားနေတာလား? ဒါမှမဟုတ်… ဒါမှမဟုတ် သူ့မှာ ကုသလို့မရတဲ့ ရောဂါများ ရှိနေလို့လား?

ဇောင်ယုဟွမ် ကချက်ချင်းပင် စိတ်ထဲနေလို့ မကောင်းတော့ပေ…

8.8.2021 (Sun)
……………………..

Zawgyi

ဟုန္ခ်န္းမင္း ကသူ႕ေဘးမွလူအား လက္ညိႇဳးထိုးကာ ေျပာလိုက္သည္။ “အင္း၊ ဒါက ငါ့အေကာင္းဆုံး သူငယ္ခ်င္း”

‘အျမန္ႏႈန္း’တြင္ ပါဝင္ၾကသည့္ ဧည့္သည္အုပ္စု ႐ွစ္စု႐ွိသည္။ အေဖနဲ႔ သမီးအဖြဲ႕၊ လက္ထပ္ထားသည့္ စုံတြဲက ႏွစ္တြဲ၊ နာမည္ႀကီး စုံတြဲတစ္တြဲ၊ မိန္းကေလးအဖြဲ႕မွ ေကာင္မေလး ႏွစ္ေယာက္အဖြဲ႕၊ ေဖ်ာ္ေျဖေရးေလာကမွ အသက္ႀကီးပါတနာ စုံတြဲတစ္တြဲနဲ႔ ေဇာင္ယုဟြမ္ နဲ႔ လီဂ်င္းယြမ္ တို႔ကေတာ့ ၇ ဖြဲ႕ေျမာက္ အဖြဲ႕ျဖစ္သည္။ ေနာက္ဆုံး အဖြဲ႕ကေတာ့ ‘အေကာင္းဆုံး သူငယ္ခ်င္းေတြ’ဆိုသည့္ ဟုန္ခ်န္းမင္း နဲ႔နာမည္ႀကီး အမ်ိဳးသား တစ္ေယာက္နဲ႔ အဖြဲ႕ျဖစ္သည္။

ေဇာင္ယုဟြမ္ ကေသေလာက္ေအာင္ အ႐ိုက္ခံရရင္ေတာင္ ဟုန္ခ်န္းမင္း ကနာမည္ႀကီး အမ်ိဳးသား တစ္ေယာက္နဲ႔ အတူတူေတြ႕ဖူးတယ္လို႔ လိမ္ညာေျပာမွာ မဟုတ္ေပ။ ဒါက ဘယ္ေနရာကေန ‘အေကာင္းဆုံး သူငယ္ခ်င္း’ဆိုၿပီး ျဖစ္သြားရတာလဲ? ဖိအားေပးလိုက္တာလား?!

ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း အားသံသယအၾကည့္ျဖင့္ ၾကည့္လိုက္သည္။

ဟုန္ခ်န္းမင္း ကတစ္ခုခုအား ဖုံးကြယ္ဖို႔ မႀကိဳးစားပဲ ေျပာလိုက္သည္။ “အင္း၊ ငွားခဲ့တာ”

လီဂ်င္းယြမ္ : “…”

လူေတြက တစ္ေပေလာက္ အက်င့္ေကာင္းတယ္လို႔ ေျပာရရင္ သူကေတာ့ ဆယ္ေပေလာက္ကို အက်င့္မေကာင္းတာပဲ။

လီဂ်င္းယြမ္ က ဟုန္ခ်န္းမင္း ကိုပါေခၚလာဖို႔ စီစဥ္ထားျခင္း မ႐ွိေပမဲ့ သူကေတာ့ အဆုံးတြင္ ေရာက္လာခဲ့သည္။

လီဂ်င္းယြမ္ ရဲ႕မ်က္ႏွာက ႐ႈံ႕တြသြားၿပီး ထိုေနရာတြင္သာ လဲက်ေတာ့မလို ျဖစ္သြားခဲ့သည္။

ထိုအခ်ိန္တြင္ ဟုန္ခ်န္းမင္း ကေပါ့ပါးစြာ ေျပာလိုက္သည္။ “အို၊ ဟုတ္သား၊ ဒီ႐ိႈးပြဲမွာ ေငြရင္းႏွီးျမႇဳပ္ႏွံခဲ့ေသးတယ္”

လီဂ်င္းယြမ္ ကျပဳံးလိုက္သည္။ “ငါ ပိုၿပီးရင္းႏွီးျမႇဳပ္ႏွံခဲ့ရင္ မစၥတာဟုန္ ကိုထြက္သြားဖို႔မ်ား ေတာင္းဆိုႏိုင္မလား?”

သူတို႔ၾကားမွာ ထုတ္လုပ္ေရးအဖြဲ႕က ေအးခဲေနၾကၿပီး ဒီလိုညီအစ္ကိုေကာင္းေတြက ဘာေၾကာင့္ ႐ုတ္တရက္ႀကီး တစ္ေယာက္နဲ႔ တစ္ေယာက္ တိုက္ခိုက္ေနၾကမွန္းကို နားမလည္ႏိုင္ ျဖစ္ေနၾကသည္။ ႐ိႈးပြဲအတူတူမွာ ႐ွိေနတာက ေကာင္းတဲ့အရာပဲ မဟုတ္ဘူးလား?

သို႔ေသာ္ လီဂ်င္းယြမ္ ရဲ႕အမူအရာက ခ်က္ခ်င္းပင္ ေျပေလ်ာ့သြားၿပီး ရယ္လိုက္သည္။ “စ,ေနတာပါ”

ထုတ္လုပ္ေရး အဖြဲ႕သားေတြက တိတ္တဆိတ္ပင္ ေခြၽးေတြကို သုတ္လိုက္ၾကၿပီး ေတြးလိုက္ၾကသည္။ ဒီစ,တာက ေၾကာက္ဖို႔ေကာင္းတယ္။

ေဇာင္ယုဟြမ္ ကမ်က္ခုံးေတြကို ၾကဳတ္ထားခဲ့သည္။ “အခု ကြၽန္မတို႔က ႐ိုက္ကူးေနၾကၿပီးမလား?”

ထုတ္လုပ္ေရး အဖြဲ႕သားေတြက စိတ္သက္သာစြာျဖင့္ သက္ျပင္းခ်လိုက္ၿပီး ေဇာင္ယုဟြမ္ ဘက္ကို အျမန္လွည့္လိုက္ၿပီး ေခါင္းညိတ္လိုက္သည္။ “မွန္တယ္”
“ကြၽန္မ အဆင္သင့္ျဖစ္ၿပီ”

ျမန္ျမန္၊ ႐ိုက္ကူးေတာ့။ ငါတို႔က ပထမအပိုင္းမွာတင္ ထြက္သြားရဖို႔ကို ေမွ်ာ္လင့္ေနတယ္!

သူမက အေစာႀကီး ထြက္သြားရမယ္လို႔ ေတြးထားတာေၾကာင့္ ေဇာင္ယုဟြမ္ ကတျခားဧည့္သည္ေတြနဲ႔ ဆက္သြယ္ျခင္း မျပဳေပ။ သို႔ေသာ္လည္း သူတို႔ စတင္မ႐ိုက္ကူးခင္ ေဇာင္ယုဟြမ္ ကေတြးလိုက္ကာ ဟုန္ခ်န္းမင္း အား႐ွာေဖြလိုက္သည္။

“ယွဥ္ၿပိဳင္ျခင္း ႐ိႈးပြဲမ်ိဳးက ၿပိဳင္ဆိုင္ရတဲ့ အမ်ိဳးအစားပဲ… လီဂ်င္းယြမ္ နဲ႔ ဟြမ္ဟြမ္ တို႔ကို အေလ်ာ့မေပးနဲ႔” ေဇာင္ယုဟြမ္ ကသူ႕ကို အသိေပးလိုက္သည္။

ဟုန္ခ်န္းမင္း ကသူမကို ဂ႐ုစိုက္ၿပီး ႐ိုက္ကူးေနခ်ိန္ သူမကို ကူညီေပးမွာကို ေၾကာက္ေနမိသည္။ ႐ိႈးပြဲက ထုတ္လႊင့္ခ်ိန္ေရာက္ရင္ အင္တာနက္ သုံးစြဲသူေတြက ဒီျမင္ကြင္းေတြကို အလြယ္တကူ ႐ွာေတြ႕ၿပီး ဟုန္ခ်န္းမင္း ကသူမကို အႏိုင္ရေစဖို႔ ကူညီေပးတယ္လို႔ ေျပာၾကမွာကို ေၾကာက္ေနသည္။

ဟုန္ခ်န္းမင္း ကအေတာ္ေလးကို စိတ္ေကာင္းဝင္ေနပုံေပၚၿပီး ေဇာင္ယုဟြမ္ အားျပဳံးျပလိုက္သည္။ “ကိုယ္က ဘာေၾကာင့္ အေလ်ာ့ေပးရမွာလဲ?”

ဘယ္သူ႕ကိုပဲ သူအေလ်ာ့ေပးပါေစ၊ လီဂ်င္းယြမ္ ေတာ့လုံးဝမပါဘူး။

ဒီလိုအရာေတြက သူတို႔မိဘမဲ့ေဂဟာမွာတည္းက စတင္ခဲ့သည္။

ေဇာင္ယုဟြမ္ ကစိတ္သက္သာသြားခဲ့သည္။ “ေနာက္မွေတြ႕ၾကမယ္”

“အင္း” ဟုန္ခ်န္းမင္း ကတုန္႔ျပန္လိုက္ၿပီး သူ႕အၾကည့္က ေဇာင္ယုဟြမ္ ဆီမွာသာ ႐ွိေနၿပီး ဒါ႐ိုက္တာက စတင္႐ိုက္ကူးဖို႔ ေအာ္လိုက္မွသာ ေ႐ႊ႕သြားခဲ့သည္။

ေဇာင္ယုဟြမ္ ကနည္းနည္း စိုးရိမ္ေနၿပီး ဖိအားနည္းနည္းကိုလည္း ခံစားေနရသည္။ အသက္ျပင္းျပင္း ႐ွဴသြင္းလိုက္ၿပီး ကင္မရာက သူမဘက္ကို လွည့္လာခ်ိန္တြင္ ျပဳံးလိုက္ၿပီး စိတ္သက္သာသည့္ အမူအရာကို ဖန္တီးလိုက္သည္။

ပထမအပိုင္းအား ႐ိုက္ကူးဖို႔အတြက္ ႏွစ္ရက္အခ်ိန္ယူရသည္။

ေဇာင္ယုဟြမ္ ကထြက္ခ်င္ေနခ်ိန္မွာ ႐ိႈးပြဲ႐ိုက္ကူးခံေနရတာက ဘယ္ေလာက္ေတာင္ ခက္ခဲေၾကာင္း နားလည္သြားခဲ့သည္။

စုစုေပါင္း ၈ ဖြဲ႕႐ွိသည္။ အေဖနဲ႔သမီး အဖြဲ႕ကေတာ့ အလ်င္အျမန္ပင္ ထြက္သြားရသည္။ အေဖက အသက္ႀကီးေနၿပီး ႐ုပ္ပိုင္းဆိုင္ရာ အားနည္းတာေၾကာင့္ပင္။ တခ်ိဳ႕အရာေၾကာင့္ ေဖ်ာ္ေျဖေရးေလာကမွ အသက္ႀကီးပါတနာကလည္း ထြက္သြားဖို႔ နီးစပ္ခဲ့သည္။ သူတို႔ပူးေပါင္းမႈက အေကာင္းဆုံး ျဖစ္ေပမဲ့ သူတို႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာနဲ႔ ဉာဏ္ရည္ေတြကေတာ့ မျမင့္မားေပ။

ေဇာင္ယုဟြမ္ နဲ႔ လီဂ်င္းယြမ္ တို႔အတြက္ကေတာ့ သူတို႔ရဲ႕ ငယ္႐ြယ္မႈကို ပိုင္ဆိုင္ေနတာေၾကာင့္ နည္းနည္းေတာ့ အာ႐ုံဖမ္းစားႏိုင္သည္။ ပထမပိုင္းမွ တိုက္ခိုက္ေရးကို ေလ့လာခဲ့သည္ဆိုသည့္ ျဖစ္ရပ္ေၾကာင့္ သူတို႔က သာလြန္ခဲ့သည္။ ေဇာင္ယုဟြမ္ ကသူမရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ အင္အားက လုံေလာက္ေအာင္ မေကာင္းဘူးလို႔ ထင္ခဲ့ေပမဲ့ သူမထက္ ပိုဆိုးတဲ့လူေတြ ႐ွိေနမယ္လို႔ေတာ့ ထင္မထားခဲ့ေပ။

ပထမပိုင္းအား ႐ိုက္ကူးလို႔ ၿပီးဆုံးသြားၿပီးေနာက္ ေဇာင္ယုဟြမ္ နဲ႔ လီဂ်င္းယြမ္ တို႔က ဒုတိယျဖစ္ၿပီး ဟုန္ခ်န္းမင္း အဖြဲ႕ကေတာ့ ပထမရခဲ့သည္။

ထို႔ေနာက္ ေဇာင္ယုဟြမ္ ကအပိုင္းႏွစ္ပိုင္းတိုင္းတြင္ တစ္ဖြဲ႕သာ ထုတ္ပယ္တယ္ဆိုတာကို နားလည္သြားခဲ့သည္။

႐ိုက္ကူးၿပီးေနာက္ ဟုန္ခ်န္းမင္း ကအိမ္႐ွင္အေနနဲ႔ ျပဳမူကာ ပ႐ိုဂရမ္ဝန္ထမ္း အားလုံးကို ထမင္းစားဖို႔ ဖိတ္ေခၚခဲ့သည္။ ထြက္သြားဖို႔ ဆႏၵမ႐ွိသည့္ နာမည္ႀကီးေတြေတာင္ ဖိတ္ေခၚခဲ့သည္။ ထို႔ေနာက္တြင္ သူတို႔က သာမန္အတိုင္းသာ လွည့္ပတ္ၾကည့္ၾကေပမဲ့ ေ႐ႊေပါင္လုံးႀကီးကေတာ့ သူ႕ဘာသာပဲ အထူးအေနျဖင့္ တံခါးဝကို ေရာက္လာခဲ့သည္။

ေဇာင္ယုဟြမ္ ကဟိုတယ္တြင္ မ်က္ႏွာသစ္ကာ အဝတ္လဲၿပီးေနာက္ စားေသာက္ဆိုင္ကို သြားေရာက္ဖို႔ ျပင္ဆင္လိုက္သည္။

သူမ ေအာက္ထပ္ကို ဆင္းလိုက္ခ်ိန္တြင္ လီဂ်င္းယြမ္ ကေခၚလာခဲ့သည္။ “မင္းကို ေအာက္ထပ္က ေစာင့္ေနမယ္”

ဟုန္ခ်န္းမင္း ကပ႐ိုဂရမ္ ဝန္ထမ္းေတြက သူနဲ႔ေဆြးေႏြးဖို႔ ကိစၥ႐ွိေနတာေၾကာင့္ စားေသာက္ဆိုင္ကို သြားႏွင့္ခဲ့သည္။

ေဇာင္ယုဟြမ္ ကဓာတ္ေလွကားထဲကို ဝင္လိုက္ၿပီး ေအာက္ထပ္ကို ဆင္းလိုက္သည္။

ဓာတ္ေလွကားကေန ထြက္လိုက္ခ်ိန္တြင္ အေဝးမွ လီဂ်င္းယြမ္ ရဲ႕ပုံရိပ္ကို ျမင္လိုက္သရသည္။ သူပဲမဟုတ္ေပ။ သူ႕ေဘးတြင္ မိန္းကေလး ႏွစ္ေယာက္ အဖြဲ႕က ဝိုင္းေနၿပီး သူ႕အား စကားေျပာေနခဲ့သည္။ ေကာင္မေလး ႏွစ္ေယာက္ကလည္း အရည္အခ်င္း႐ိႈးပြဲကို လာခဲ့သူမ်ား ျဖစ္ၾကသည္။ ဒါက ႐ိႈးပြဲျဖစ္သလို အပိုင္းမွတဆင့္ လီဂ်င္းယြမ္ ကိုမွီကာ ပြဲဦးထြက္တာမ်ိဳးလည္း ျဖစ္သည္။ ထို႔ေၾကာင့္ သူတို႔က သီးသန္႔ေတြ႕ဆုံတာမ်ိဳး မလုပ္ေသာ္လည္း သူတို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ သိေနခဲ့ၾကသည္။ သဘာဝက်စြာပင္ လီဂ်င္းယြမ္ နဲ႔စကားေျပာရတာက သူတို႔အတြက္ အံ့ဩစရာ မဟုတ္ေတာ့ေပ။

သို႔ေသာ္ ေဇာင္ယုဟြမ္ ကအနားကို ေရာက္မလာခင္တြင္ လီဂ်င္းယြမ္ က႐ုတ္တရက္ ဖုန္းလက္ခံရခဲ့သည္။
ထို႔ေနာက္ သူ႕အမူအရာက ေျပာင္းလဲသြားၿပီး ခ်က္ခ်င္းပင္ လွည့္လိုက္ၿပီး ဟိုတယ္အျပင္ကို ထြက္သြားကာ Black Lincoln ထဲကို ဝင္လိုက္သည္။ Lincoln ကလ်င္ျမန္စြာပင္ ေမာင္းထြက္သြားခဲ့သည္။

ေဇာင္ယုဟြမ္ ကလန္႔သြားခဲ့သည္။

တစ္ခုခု ျဖစ္လို႔လား?

ဒါမွမဟုတ္ သူတက္ေရာက္ဖို႔ အေရးႀကီးတာ ျဖစ္လာလို႔လား?

ေဇာင္ယုဟြမ္ ကအ႐ွိန္ျမႇင့္လိုက္ကာ တံခါးဆီ ေလွ်ာက္သြားလိုက္သည္။

မိန္းကေလး ႏွစ္ေယာက္အဖြဲ႕က ေဇာင္ယုဟြမ္ အားႏႈတ္ဆက္လာၾကသည္။ “မစၥေဇာင္”

“လီဂ်င္းယြမ္ ကဘယ္သြားတာလဲ?”

“အစ္ကိုလီ ကဖုန္းလက္ခံရၿပီးေတာ့ သူအလ်င္လိုတယ္လို႔ ေျပာခဲ့တယ္။ အဲ့ဒါေၾကာ္င့ အရင္ထြက္သြားတာ”

“အစ္ကိုလီ ကတျခားဘာမွ မေျပာခဲ့ဘူး၊ ဖုန္းေျဖတာကိုလည္း မၾကားလိုက္ရဘူး” မိန္းကေလးက ေျပာလိုက္သည္။

ေဇာင္ယုဟြမ္ ကသူမဖုန္းကို ထုတ္လိုက္ၿပီး လီဂ်င္းယြမ္ ကိုဖုန္းေခၚဖို႔ လုပ္လိုက္ေပမဲ့ လီဂ်င္းယြမ္ ကအရင္ ေခၚလာခဲ့သည္။ “ဟြမ္ဟြမ္၊ ေအာက္ထပ္ကို ေရာက္ၿပီလား?”

“ေရာက္ၿပီ၊ ဂ်င္းယြမ္ ကဘယ္မွာလဲ?”

“ေတာင္းပန္ပါတယ္။ အစ္ကိုေဝ့က်ဲ ကအခုေလးတင္ ဖုန္းေခၚလာတာ။ ျပႆနာ နည္းနည္း႐ွိေနလို႔ အဲ့ကို အရင္သြားရတယ္” လီဂ်င္းယြမ္ ကေျပာလိုက္ရင္း ရယ္လိုက္သည္။ “ပြင့္ပြင့္လင္းလင္း ေျပာရရင္ ကိုယ္ မင္းကို ေခၚမသြားႏိုင္လို႔ တကယ္ပဲ မသြားခ်င္ဘူး”

ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ရဲ႕စကားက သူမအာ႐ုံကို ခ်က္ခ်င္း ဆြဲေဆာင္သြားၿပီး ႏွလုံးခုန္သြားခဲ့သည္။

လီဂ်င္းယြမ္ ကအျပဳံးေလးနဲ႔ ထပ္ေပါင္းေျပာလိုက္သည္။ “အာ၊ ေနာက္ၿပီး အဲ့မွာက ေနာက္ဆုံးအႀကိမ္ကထက္ အမ်ိဳးသားဆယ္လီေတြ ႐ွိတယ္၊ သူတို႔အားလုံးက ဟြမ္ဟြမ့္ ကိုဖိတ္ေခၚၾကမလား?”

သူ႕စကားက ဟုန္ခ်န္းမင္း ကိုပဲ ပစ္မွတ္ထားေနတာ မဟုတ္ေပ။

ေဇာင္ယုဟြမ္ ကပါးစပ္ကို ဟ,လိုက္သည္။ “ဟြမ္ဟြမ္ ကေငြမလိုဘူး”

လီဂ်င္းယြမ္ ကထပ္ရယ္လိုက္ေပမဲ့ စကားကို ဆက္မေျပာေပ။

သူဖုန္းခ်လိုက္ၿပီး သူမက ေငြမလိုတာကို စဥ္းစားလိုက္ေပမဲ့ ဒါထက္ ပိုေကာင္းလိမ့္မည္။

ေဇာင္ယုဟြမ္ ကဖုန္းကိုခ်လိုက္ၿပီး သူမေဘးမွ မိန္းကေလး ႏွစ္ေယာက္က သူတို႔ႏွစ္ေယာက္နဲ႔ လိုက္ဖို႔အတြက္ကို ခ်က္ခ်င္း ဖိတ္လာခဲ့သည္။

ေဇာင္ယုဟြမ္ ကျပန္မေျဖခင္မွာပဲ သူမဖုန္းက ထပ္ျမည္လာခဲ့သည္။ ဒါက ေဝ့က်ဲ ဆီမွ ျဖစ္ပ်က္ခဲ့တဲ့ အေၾကာင္းေတြကို သတင္းပို႔ဖို႔အတြက္ ဖုန္းေခၚလာတာလို႔ ထင္လိုက္ေပမဲ့ ဟုန္ခ်န္းမင္း ဆီက ျဖစ္ေနသည္။

“ဟြမ္ဟြမ္ ေအာက္ထပ္မွာလား?”

“အင္း”

“ကိုယ္လည္း အဲ့မွာပဲ”

ေဇာင္ယုဟြမ္ ကလွည့္ပတ္ၾကည့္လိုက္ၿပီး တျခားကားေတြၾကားမွာ ဟုန္ခ်န္းမင္း ရဲ႕ Mercedes Benz ကိုျမင္လိုက္ရသည္။

မာစီးဒီး ရဲ႕မွန္က က်လာၿပီး ဟုန္ခ်န္းမင္း ရဲ႕မ်က္ႏွာက ေပၚလာခဲ့သည္။

“ဟြမ္ဟြမ္၊ ဝင္လာခဲ့”

“အစ္ကိုခ်န္းမင္း ကစားေသာက္ဆိုင္ကို သြားၿပီးၿပီ မဟုတ္ဘူးလား?”

“ေဆြးေႏြးတာက ၿပီးသြားၿပီ၊ ဒါနဲ႔ပဲ ကိုယ္က ဟြမ္ဟြမ္ ကိုလာေခၚတာ”

“အိုေက”

ေဇာင္ယုဟြမ္ ကလွည့္လိုက္ၿပီး မနာလိုစြာျဖင့္ ၾကည့္ေနၾကသည့္ မိန္းကေလး ႏွစ္ေယာက္ကို ျမင္လိုက္ရသည္။ ေဇာင္ယုဟြမ္ ရဲ႕ႏွလုံးက ဆက္ခနဲျဖစ္သြားတာကို ခံစားလိုက္ရၿပီး သူတို႔ကို ဖိတ္ေခၚလိုက္သည္။ “အတူတူ သြားခ်င္လား?”

မိန္းကေလး ႏွစ္ေယာက္က ေပ်ာ္႐ႊင္သြားၾကၿပီး ခ်က္ခ်င္းပင္ သေဘာတူလာၾကသည္။

ေဇာင္ယုဟြမ္ ကကားတံခါးကို ဖြင့္လိုက္ၿပီး ခရီးသည္တင္ခုံတြင္ ဝင္ထိုင္လိုက္သည္။

မိန္းကေလးေတြက အေနာက္ဘက္တြင္ ထိုင္လိုက္ၾကၿပီး ဟုန္ခ်န္းမင္း ရဲ႕အမူအရာက မဲေမွာင္လာခဲ့သည္။
မိန္းကေလးေတြက ဝင္ၿပီးေနာက္တြင္ သူတို႔က ဆက္ၿပီးစကားမ်ားေနခဲ့ၾကသည္။

“မစၥတာဟုန္ ကအရမ္းေကာင္းတာပဲ၊ ဒီေလာက္ ခရီးနီးနီးေလးေတာင္ လူကိုယ္တိုင္ မစၥေဇာင္ ကိုလာေခၚေပးတယ္”

“မစၥေဇာင္ နဲ႔ မစၥတာဟုန္ တို႔က အရမ္းေကာင္းတဲ့ ဆက္ဆံေရး႐ွိတယ္မလား?”

ဟုန္ခ်န္းမင္း ရဲ႕အမူအရာက ခ်က္ခ်င္းပင္ ပိုေကာင္းသြားသည္။

ေဇာင္ယုဟြမ္ ကေတာ့ ထိုအရာေၾကာင့္ ရယ္ရမလား၊ ငိုရမလားေတာင္ မသိေတာ့ေပ။

ဒီအရာကို သူ႕ဝန္ထမ္းေတြသာ ျမင္လိုက္ရင္ ေျမႇာက္ပင့္ခံေနရတာကို ခ်က္ခ်င္း သိၾကမွာ ေသခ်ာတယ္ေလ!
စားေသာက္ဆိုင္ကို ေရာက္သြားခ်ိန္တြင္ ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ကိုစိုးရိမ္ေနဆဲျဖစ္တာေၾကာင့္ အစားအေသာက္တြင္ စိတ္သိပ္မပါေတာ့ေပ။

သူမနဲ႔ပူးေပါင္းခ်င္းသည့္ အမ်ိဳးသားဆယ္လီေတြ တကယ္ကို ႐ွိေပမဲ့ သူတို႔အားလုံးကို လ်စ္လ်ဴ႐ႈလိုက္သည္။

တျခားလူေတြက ထပ္ခါထပ္ခါ ေရာက္လာေနတာကို ျမင္လိုက္ၿပီး ဟုန္ခ်န္းမင္း ရဲ႕အမူအရာက အံ့ဩဖြယ္ေကာင္းေလာက္ေအာင္ ဝိုင္ဖန္ခြက္ သုံးဆေလာက္ေတာင္ ေသာက္လိုက္တယ္!

ဒင္နာမၿပီးခင္အထိပင္

ေနာက္ဆုံးေတာ့ ေဇာင္ယုဟြမ္ ကမထိန္းခ်ဳပ္ႏိုင္ပဲ လီဂ်င္းယြမ္ ကိုထပ္ေခၚလိုက္သည္။

…ျပန္မေျဖေပ။

ေဇာင္ယုဟြမ္ ရဲ႕အမူအရာက ႐ုတ္တရက္ပင္ ပိုေလးနက္သြားၿပီး အလ်င္အျမန္ပင္ ေဝ့က်ဲ ကိုေခၚလိုက္သည္။

ကိုင္လိုက္ၿပီး ေဝ့က်ဲ ကလန္႔သြားခဲ့သည္။ “ဒီေန႔ မစၥတာလီ ရဲ႕စာခ်ဳပ္ကို ေဆြးေႏြးခဲ့တာ။ သူ႕ဆီ မေရာက္ေသးဘူး၊ ေနာက္ၿပီး ဘာမွလည္း မျဖစ္ခဲ့ပါဘူး”

ဒါက ေဇာင္ယုဟြမ္ ကိုပိုၿပီးေတာ့ လန္႔သြားေစသည္။ “…ဒါဆို ဘာျဖစ္ေနတာလဲ? သူ႕ဆီမွာ ဘာေတြျဖစ္လို႔လဲ?”

သူမဆီက ဘာေတြ ဖုံးကြယ္ထားတာလဲ?

ဒါမွမဟုတ္ သူတကယ္ပဲ အႏၲရာယ္နဲ႔ ၾကဳံေနလို႔လား?
ေဇာင္ယုဟြမ္ ကခ်က္ခ်င္းပင္ ဆုံးျဖတ္လိုက္သည္။ “သူေဘးကင္းလားဆိုတာ အခ်ိန္တိုင္း စစ္ေဆးဖို႔ ဖုန္းေခၚေနဖို႔ လိုအပ္တယ္။ ကြၽန္မ ဟိုတယ္ကို ျပန္သြားၿပီး လုံျခဳံေရးကို စစ္ေဆးၾကည့္ဖို႔ ေမးလိုက္မယ္”

ေဝ့က်ဲ ကျပန္ေျဖလိုက္သည္။ “ေကာင္းၿပီ၊ ေကာင္းၿပီ”
“ဘာျဖစ္လို႔လဲ?” သူမက ဖုန္းေခၚၿပီး ေမးေနတာေတြကို ၾကားလိုက္ၿပီး ဟုန္ခ်န္းမင္း ကေမးလိုက္သည္။

“ဒီညေနမွာပဲ လီဂ်င္းယြမ္ ကကားနဲ႔ ထြက္သြားတာ၊ ဖုန္းေခၚေတာ့လည္း ျပန္မေျဖဘူး” ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း အားေျပာျပလိုက္သည္။

ဟုန္ခ်န္းမင္း ကသူျပန္မလာရင္ ပိုေကာင္းတယ္လို႔ ေတြးလိုက္သည္။

သို႔ေသာ္ ဒါက အေတြးေတြသာ ျဖစ္သည္။ ဟုန္ခ်န္းမင္း ကခ်က္ခ်င္းပင္ ကားေခၚလိုက္သည္။ “ကိုယ္တို႔ ဟိုတယ္က လုံျခဳံေရးကို ေမးၾကည့္ၿပီး သူ႕လိုင္စင္ျပားကို ႐ွာၾကည့္ၾကမယ္။ ေနာက္ၿပီး စစ္ေဆးၾကည့္ဖို႔ လူပို႔လိုက္မယ္။ မစိုးရိမ္ပါနဲ႔၊ ဘာမွျဖစ္မွာ မဟုတ္ပါဘူး”

ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္သည္။

ဟိုတယ္ကို ျပန္လာၿပီးေနာက္တြင္ ဟုန္ခ်န္းမင္း ကကားလိုင္စင္ျပားကို ခ်က္ခ်င္းပင္ ႐ွာေတြ႕ခဲ့သည္။

“ကိုယ္ၾကည့္ၿပီးၿပီ။ မင္း ဒီေန႔ ပင္ပန္းေနၿပီ၊ မင္းအခန္းမွာ အရင္သြားနားလိုက္ေတာ့။ သတင္းရရင္ ကိုယ္ မင္းကို အရင္ဆုံးေျပာမယ္” ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ နဲ႔ဆက္ၿပီး ႐ွာေဖြခ်င္ေပမဲ့ သူမမ်က္ႏွာက ေဖ်ာ့ေတာ့ေနသည္။ သူမအား အခန္းဆီသြားဖို႔သာ ေျပာလိုက္ၿပီး သူမအခန္းထဲကို လိုက္ပို႔ၿပီးေနာက္ ထြက္သြားလိုက္သည္။

ေအာက္ထပ္ကို ဆင္းသြားၿပီးေနာက္ ဟုန္ခ်န္းမင္း ကျဖစ္ပ်က္ခဲ့တာေတြကို စစ္ေဆးၾကည့္လိုက္သည္။ လိုင္စင္ျပားအား ႐ွာေဖြဖို႔အတြက္ သူ႕လူေတြကို အမိန္႔ေပးခဲ့ၿပီး တျခားလူေတြက လီဂ်င္းယြမ္ ရဲ႕ေအဂ်င္စီတြင္ ျပႆနာ႐ွိမ႐ွိကို စစ္ေဆးခိုင္းလိုက္သည္။

ေဇာင္ယုဟြမ္ ကသတင္းေတြကို ေစာင့္ခ်င္ေပမဲ့ ေစာင့္ေနရင္းနဲ႔ ဆိုဖာေပၚတြင္ အိပ္ေပ်ာ္သြားခဲ့သည္။

သူမ ႏိုးလာခ်ိန္တြင္ တံခါးေခါက္သံက ထြက္ေပၚေနသည္။

ေဇာင္ယုဟြမ္ ကခ်က္ခ်င္းပင္ ထ,လိုက္သည္။

လီဂ်င္းယြမ္ ရဲ႕အေၾကာင္းမ်ားလား။

ေဇာင္ယုဟြမ္ ကအလ်င္အျမန္ ေလွ်ာက္သြားလိုက္ၿပီး တံခါးကို ဖြင့္လိုက္သည္။

ထို႔ေနာက္ ခ်က္ခ်င္းပင္ တစ္စုံတစ္ေယာက္ရဲ႕ ေပြ႕ဖက္မႈထဲကို ေရာက္သြားခဲ့သည္။ ထိုလူက သူမထက္ အရပ္ပို႐ွည္ၿပီး ေပြ႕ဖက္မႈေၾကာင့္ သူမေျခေထာက္ေတာင္ လြတ္သြားသလို ခံစားလိုက္ရသည္။

သူမက လန္႔သြားခဲ့သည္။ “…လီဂ်င္းယြမ္? ျပန္လာၿပီလား?”

လီဂ်င္းယြမ္ ကသူ႕ေပြ႕ဖက္မႈအား အားပိုထည့္လိုက္ၿပီး ဝမ္းနည္းေနသည့္ အသံျဖင့္ သူမနားနားတြင္ ေျပာလိုက္သည္။ “ဟြမ္ဟြမ္၊ ကိုယ္ မင္းကို ထားသြားရင္ မင္း ဝမ္းနည္းမွာလား?”

မဟုတ္ေသးဘူး၊ ဘာေတြျဖစ္ေနတာလဲ?

ေဇာင္ယုဟြမ္ ကေၾကာင္အ,သြားခဲ့သည္။

သူမကို ေၾကာင္ေလးက ႂကြက္ေလးကို ကစားေနသလိုမ်ိဳး ကစားေနတာလား? ဒါမွမဟုတ္… ဒါမွမဟုတ္ သူ႕မွာ ကုသလို႔မရတဲ့ ေရာဂါမ်ား ႐ွိေနလို႔လား?

ေဇာင္ယုဟြမ္ ကခ်က္ခ်င္းပင္ စိတ္ထဲေနလို႔ မေကာင္းေတာ့ေပ…

8.8.2021 (Sun)
……………………..

[text_hash] => a70474fc
)

//qc
//QC2