Array
(
[text] =>
Unicode
ပွဲပြီးသည်နှင့် လီဂျင်းယွမ် ကအလုပ်သွားတာကို ရပ်လိုက်ပြီး သူ့နာမည်ကျော်ကြားဖို့ကိုတောင် ဘာမှမလုပ်တော့ပေ။
ဇောင်ယုဟွမ် ကအောက်ထပ်ကို ဆင်းလာသည့်အချိန်တိုင်း လီဂျင်းယွမ် ကဆိုဖာပေါ်တွင် တစ်ယောက်တည်း ထိုင်နေပြီး သူ့ဖုန်းနဲ့ ဂိမ်းကစားနေသည်။ သူက ဂိမ်းကို ဆိုးဆိုးရွားရွား ကစားနေပြီး နားကြပ်မတပ်တာကြောင့် အချိန်တိုင်း သူ့အသင်းမှ သူ့အား အမှိုက်လို ကျိန်ဆဲသံတွေကို ကြားနေရသည်။
ဒါက သနားဖို့ကောင်းပြီး ရယ်ရသည်။
ဇောင်ယုဟွမ် : “…”
လီဂျင်းယွမ် ရဲ့ကလေးဆန်မှုတွေက ဒီလိုမျိုး ကျယ်ပြန့်လာခဲ့တာလား?!
ငြင်းဆိုမှုလေး တစ်ခုကြောင့်နဲ့ အလုပ်တောင် မသွားတော့ဘူး!
ဇောင်ယုဟွမ် ကလျှောက်သွားပြီး သူ့အား ထပ်ပြီးဆွဲဆောင်ဖို့ ကြိုးစားလိုက်သည်။ “ဂျင်းယွမ် တကယ်ပဲ ဟုန်ချန်းမင်း နဲ့မသွားဘူးလား?”
လီဂျင်းယွမ် ကသူ့ခေါင်းကိုတောင် မမော့လာပေ။ “မဖြစ်နိုင်ဘူး”
“လူတိုင်းက မိသားစုတွေပဲ။ ဂျင်းယွမ် တို့က တစ်ယောက်နဲ့ တစ်ယောက် သဘောမကျဘူးလား?”
လီဂျင်းယွမ် ကခေါင်းမော့လိုက်သည်။ “ကိုယ်တို့ အလယ်တန်းတည်းက ကိုယ့်လက်တွေက အရမ်းတိုတယ်လို့ သူက တွေးခဲ့တာ၊ သူက စိတ်ပိုင်းဆိုင်ရာ အားနည်းနေတယ်လို့ ခံစားမိတယ်”
ဇောင်ယုဟွမ် : ???
ဒါက ဘယ်အချိန်က ဖြစ်ခဲ့တာလဲ? သူတို့က အမြဲတမ်း ကြင်နာတက်ပြီး တွဲဖက်ညီတဲ့ အရမ်းကောင်းတဲ့ ညီအစ်ကိုတွေ မဟုတ်ဘူးလား?
ဟုန်ချန်းမင်း ကအောက်ထပ်ကို ဆင်းလာခဲ့သည်။ “ဟွမ်ဟွမ်၊ ကိုယ်တို့ သွားသင့်ပြီ”
ဇောင်ယုဟွမ် ကပြန်ဖြေလိုက်သည်။ “အာ၊ အိုကေ”
သို့သော် ဟုန်ချန်းမင်း ပြန်မဖြေခင် ဇောင်ယုဟွမ် ကမကောင်းသလို ခံစားနေရတာကြောင့် တွေးလိုက်ကာ မေးလိုက်သည်။ “ရှိုးပွဲရိုက်ကူးရေးက ဘယ်အချိန်စမှာလဲ?”
“နောက်လ”
ဇောင်ယုဟွမ် ကသက်ပြင်းချလိုက်ပေမဲ့ သူမ ကသဘောမတူသေးပေ။
ထပ်ပြီးတော့ ဝိတ်ချဖို့ လိုအပ်သည်။
ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး ဟုန်ချန်းမင်း နဲ့ထွက်သွားခဲ့သည်။
လီဂျင်းယွမ် ကသူမက ပြန်မဖြေပဲ ထွက်သွားတာကို မြင်လိုက်ပြီး ချက်ချင်း ထိတ်လန့်သွားခဲ့သည်။
သူမလျှောက်သွားသည့်ဘက်ကို ကြည့်နေပြီး ဂိမ်းမှထပ်ပြီး အသံထွက်လာခဲ့သည်။ လီဂျင်းယွမ် ကခေါင်းငုံ့လိုက်ပြီး သူ့အဖွဲ့က ဖျက်ဆီးခံလိုက်ရတာကို မြင်လိုက်ရသည်။
လီဂျင်းဘွမ် ကသူ့မျက်နှာထက်မှ နွေးထွေးသည့် အမူအရာကို ဖယ်ထုတ်လိုက်ပြီး နောက်တစ်ကြိမ် ကစားလိုက်သည်။ ဒီအလှည့်တွင် သူက ဇောင်ယုဟွမ် အိမ်မှာရှိနေချိန်နဲ့ လုံးဝကို ကွာခြားနေသည်။ လီဂျင်းယွမ် ကတစ်ဖက်အဖွဲ့အား ငိုကြွေးပြီး မိဘတ,တဲ့အထိ ဖြစ်သွားအောင် ရိုက်နှက်ပစ်လိုက်သည်။ တစ်ဖက်မှ တစ်စုံတစ်ယောက်က မိုက်ကိုဖွင့်လိုက်ပြီး ဆက်တိုက်ကို ပြောနေခဲ့သည်။ “အစ်ကိုလေး၊ ကျေးဇူးပြုပြီး သနားကြင်နာပါ”
လီဂျင်းယွမ် ကအေးစက်စွာဖြင့် အသံအား ပိတ်ပစ်လိုက်ကာ သူ့ကျွမ်းကျင်သည့် စကေးတွေကို အသုံးချပြီး တစ်ဖက်လူအား သတ်ပစ်လိုက်သည်။
ဇောင်ယုဟွမ် ကသဘောမတူသော်လည်း ဟုန်ချန်းမင်း ကတော့ အာရုံစိုက်နေခဲ့သည်။
‘အချိန်ခရီးသွားခြင်း’ ပထမအပိုင်းအတွက် လီဂျင်းယွမ် နဲ့ ဇောင်ယုဟွမ် တို့ကသာ ရှိုးပွဲတွင် ပါဝင်ရန် သဘောတူခဲ့ကြပြီး သူတို့က သူ့ကို မခေါ်ကြပဲ သူ့ဘာသာ ပါဝင်ခဲ့ရသည်။
ထို့ကြောင့် ဟုန်ချန်းမင်း ကသူ့လက်ထောက်အား ‘ထိပ်ဆုံးအလျင်’ လို့ခေါ်သည့် ရှိုးပွဲအား အာရုံစိုက်ထားဖို့ အမိန့်ပေးခဲ့သည်။
ရှုပ်ထွေးမှုတွေက ရုတ်တရက် ပျောက်သွားခဲ့ပြီး အရာအားလုံးက ပုံမှန်ဖြစ်လာခဲ့သည်။ ဟုန်ချန်းမင်း ရဲ့အပြုအမူတွေက မထင်ပေါ်ပဲ လီဂျင်းယွမ် ကတော့ ဂိမ်းတွေသာ ကစားနေခဲ့သည်။
ဇောင်ယုဟွမ် ကသူ့အဖွဲ့တွေကနေ သူက အရမ်းကို နု,တာပဲလို့ ပြောတာကို မကြာခဏ ကြားခဲ့ရသည်။ လီဂျင်းယွမ် ကသူတို့နဲ့ မငြင်းခုန်ပဲ တိတ်ဆိတ်စွာသာ ဆက်တိုက်နေခဲ့သည်။ သူ့အလုပ် အကြောင်းကို ထည့်မပြောခဲ့ပဲ သူ့အသင်းသားတွေ သေဆုံးမှုကြောင့် သနားစရာကောင်းစွာ စွန့်ပစ်ခံလိုက်ရသည်…
ဇောင်ယုဟွမ် ကဒီလိုမျိုးအား လုံးဝသဘောမကျပေ။
တစ်ဖက်တွင်တော့
လင်းလန် က ဝမ်ယောင်ချန်း ရဲ့အေဂျင်စီနဲ့ လက်မှတ်ထိုးခဲ့သည်။
ဝမ်ယောင်ချန်း ရဲ့လက်ထဲမှ ဇာတ်ကားက ဇောင်ယုဟွမ် ဆီကလာခဲ့မှန်း သူမ မသိပေ။ သူမက သူမရှေ့က အေဂျင်စီစာချုပ်တွင် လက်မှတ်ထိုးသည့် နေရာတွင် ကြည့်လိုက်ပြီး အနာဂတ်အတွက် စဉ်းစားနေခဲ့သည်။
…တစ်နေ့မှာ အစကတည်းက သူမပိုင်ခဲ့တဲ့ အရာအားလုံးကို ပြန်ယူရမယ်!
မျက်စိတစ်မှိတ်အတွင်း ပိတ်ရက်ကို ထပ်ရောက်လာခဲ့သည်။
‘အချိန်ခရီးသွားခြင်း’ ရဲ့ဒုတိယပိုင်းက ထုတ်လွှင့်ခဲ့သည်။
အဖိုးဒင် ကသူတို့အား ယွဲ့လန်ဗီလာတွင် လာစားသောက်ရန် ပြောခဲ့သည်။ သူတို့အားလုံး ကားထဲရောက်ချိန်တွင် ဇောင်ယုဟွမ် ကမထိန်းချုပ်နိုင်ပဲ မေးလိုက်သည်။ “လီဂျင်းယွမ်၊ ဟွမ်ဟွမ့်ကို စိတ်ဆိုးနေတာလား?”
လီဂျင်းယွမ် ကခေါင်းခါလိုက်သည်။ “စိတ်မဆိုးပါဘူး။ ဘာကြောင့် ဟွမ်ဟွမ် ကအဲ့လိုထင်ရတာလဲ?”
“မကြာခင်က ဂျင်းယွမ် ကအပြင်မထွက်ခဲ့ဘူးလေ…” ဇောင်ယုဟွမ် ကသူ့အလုပ်အား အတော်လေး စိုးရိမ်နေခဲ့သည်။ ဖျော်ဖြေရေးလောကက သေရေးရှင်ရေးလို ပေါက်ကွဲတက်တာကို ဟန်ယင်ယင် ပြောတာကို သူမ ကြားခဲ့ဖူးသည်။ ဒီအရာကြောင့်ပဲ အမျိုးသမီး သရုပ်ဆောင်တွေက ကလေးရှိမှာကို ကြောက်လန့်ကြပြီး ထိုအရာကြောင့် ထွက်သွားရပြီး ကျော်ကြားမှုနဲ့ သတင်းတွေက ပျောက်ကွယ်သွားလိမ့်မည်။
လီဂျင်းယွမ် ကပြုံးလိုက်သည်။ “အစ်ကိုဝေ့ ကကိုယ် အနားယူလို့ရတယ်လို့ အကြံပေးခဲ့တယ်။ ဟွမ်ဟွမ် နဲ့ရှိချင်လို့ အိမ်မှာပဲ နေရုံပါပဲ။ ကိုယ်က အလုပ်အရမ်းများလို့ အိမ်သိပ်မပြန်ဖြစ်ရင် ဟွမ်ဟွမ် ကကိုယ့်ကို မေ့သွားမှာ စိုးရိမ်လို့လေ”
“ဘယ်လိုလုပ် မေ့မှာလဲ?” ဇောင်ယုဟွမ် ကသူမနှုတ်ခမ်းကို စေ့လိုက်သည်။
လီဂျင်းယွမ် ကရှိုးပွဲနဲ့ ပတ်သက်တာကို ဘာမှမပြောပဲ အစ်ကိုဝေ့ ကသူ့အား အနားယူခိုင်းတာကိုသာ ပြောခဲ့သည်။
သို့သော် သူဒီလိုပြောလေ ဇောင်ယုဟွမ် ရဲ့မသင်္ကာမှုက ပိုကြီးထွားလေ ဖြစ်သည်။
“အဲ့ရှိုးပွဲအကြောင်းကို ပြောပြ။ clips ရှိလား?” ဇောင်ယုဟွမ် ကစိတ်ပါဝင်စားစွာဖြင့် မေးလိုက်သည်။
“အင်း” လီဂျင်းယွမ် ကဂိမ်းအား ချက်ချင်း ပိတ်လိုက်ပြီး သူ့မေးလ်ထဲကို ဝင်လိုက်သည်။ တစ်ချိန်လုံး သူက ဇောင်ယုဟွမ် ရဲ့အမြင်အား မကွယ်ထားပဲ password အားသိသွားမှာကို မကြောက်ပေ။ ထိုအစား ဇောင်ယုဟွမ် ကသိပ်မကောင်းဘူးလို့ ခံစားလိုက်ရတာကြောင့် သူမခေါင်းအား အလျင်အမြန်ပင် လှည့်လိုက်သည်။
လီဂျင်းယွမ် ကပရိုဂရမ်အဖွဲ့က သူ့အားပေးပို့ခဲ့သည့် အရင်အပိုင်းတွေကို တွေ့သွားပြီးနောက် ဖွင့်လိုက်သည်။
သို့သော် ဖုန်းက သေးနေတာကြောင့် ထိုရှုထောင့်ကနေ ကြည့်နေဖို့က သူမအတွက် ခက်ခဲသည်။
လီဂျင်းယွမ် ကတည်ငြိမ်စွာဖြင့် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ဇောင်ယုဟွမ် ရဲ့ပုခုံးကို ဆွဲလိုက်ပြီး သူ့ဆီကို ဆွဲလိုက်သည်။ ဇောင်ယုဟွမ် ကတောင့်တင်းသွားပြီး အလျင်အမြန်ပင် လီဂျင်းယွမ် ရဲ့ဖုန်းကို ယူလိုက်သည်။ “ဟွမ်ဟွမ့် ဘာသာပဲ ကြည့်လိုက်မယ်၊ ပြီးမှ ပြန်ပေးမယ်”
လီဂျင်းယွမ် ကသူ့လက်ကို ပြန်ယူလိုက်ပြီး နောင်တရစွာဖြင့် ဆုတ်လိုက်သည်။ သူက နူးညံ့စွာဖြင့် ပြုံးလိုက်သည်။ “အိုကေ”
ဇောင်ယုဟွမ် ကအပိုင်းတစ်ခုအား ကောက်ဖွင့်လိုက်သည်။ သူမအိပ်ခန်းမှ ဆိုဖာပေါ်တွင် မှီချလိုက်ပြီး နှစ်နာရီစာ အပိုင်းတစ်ခုလုံးကို ကြည့်နေခဲ့သည်။
ကြည့်ပြီးနောက် ဇောင်ယုဟွမ် ကစိတ်သက်သာသလို ခံစားလိုက်ရသည်။
ဒါက ပြိုင်ပွဲရှိုးဖြစ်ပြီး ဧည့်သည်တွေအား တစ်ယောက်နဲ့ တစ်ယောက် ပိုရင်းနှီးစေနိုင်သည်။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အင်အားတွေနဲ့ ဉာဏ်ရည်တွေကို ဖော်ပြတာထက် အုပ်စုကြားက ဆက်သွယ်မှုကို တိုးတက်စေဖို့သာ ရည်ရွယ်ထားသည်။ နောက်ပြီး ပထမနေရာ ရဖို့အတွက် အချိန်ကန့်သတ်ချက်လည်း မရှိပေ။ နောက်တန်း ယူရတာကိုပဲ သဘောကျတယ်!
ဇောင်ယုဟွမ် ကဗီဒီယိုကို ပိတ်လိုက်ပြီး ဖုန်းပိတ်ဖို့ ပြင်လိုက်သည်။ သို့သော် ရုတ်တရက် ဖုန်းမှနိုတီ တက်လာခဲ့သည်။
ဒါက WeChat မှဖြစ်သည်။
[ဂူမော့ : ဒီနေ့ အစ်ကိုလီ ကိုဘာကြောင့် မတွေ့ရတာလဲ? အစ်မယူလင်း လည်းပျောက်နေတယ်]
တုန့်ပြန်မှု မရှိတာကို မြင်လိုက်ပြီး သူမက စာတွေ ထပ်ပို့လာခဲ့သည်။
[ဂူမော့ : အစ်ကိုလီ ကကျွန်မကို လျစ်လျူရှုထားတယ် QwQ]
[ဂူမော့ : ဟူး၊ ကျွန်မက တကယ်ပဲ အစ်မယူလင်း ကိုမေးချင်တာပါ၊ ကျွန်မအတွက် မဟုတ်ပါဘူး။ အစ်ကိုလီ ကကျွန်မရှေ့မှာ အရမ်းသတိထားနေဖို့ မလိုပါဘူး]
ဇောင်ယုဟွမ် ကထိုစာတွေကို ဖတ်လိုက်ချိန်တွင် မထိန်းချုပ်နိုင်ပဲ မျက်မှောင်ကြုတ်လိုက်သည်။
အရင်က ဂူမော့ ကိုသူမ ကြားဖူးခဲ့သည်။ သူမက လီဂျင်းယွမ် နဲ့ကုမ္ပဏီအတူတူပင်။
ဂူမော့ ကလန်းဆန်းပြီး ရိုးရှင်းသည့် မိန်းကလေး အသွင်အပြင်ဖြင့် မိန်းကလေး အုပ်စုမှ ပွဲဦးထွက်ခဲ့တာ ဖြစ်သည်။ ဇောင်ယုဟွမ် က ဂူမော့ ပို့သည့်စာတွေကို မြင်လိုက်ချိန်တွင် သူမက အဲ့လောက် မသန့်ရှင်းဘူးလို့ ခံစားလိုက်ရသည်။
သူမက လီဂျင်းယွမ် နဲ့ပတ်သက်ချင်နေတာ သိသာနေပေမဲ့ ဒါက အံ့ဩစရာတော့ မဟုတ်ပေ။
သို့သော် ဂူယူလင်း ကိုကြားခံအနေနဲ့ အသုံးပြုနေတယ်… ဂူမော့ ကသူမနောက်ကွယ်တွင် ဒီလိုပြောတာကို ဂူယူလင်း ကသိရဲ့လား?
*သူတို့မျိုးရိုးနာမည်က မတူပါဘူး
ဇောင်ယုဟွမ် ကဆက်ကြည့်ရမှာ ပျင်းတာကြောင့်ပဲ ဂူမော့ ကနောက်စာ ထပ်ပို့လာချိန်တွင် ဖုန်းကို ပိတ်လိုက်သည်။
[ဂူမော့ : ဒီနေ့ ကုမ္ပဏီက ‘အမြန်နှုန်း’ အကြောင်းကို မေးခဲ့တယ်။ အစ်ကိုလီ အဲ့ဒါကို မဆုံးဖြတ်ရသေးဘူးလား?]
ဇောင်ယုဟွမ် ကအံ့ဩသွားပြီး ‘ကိုယ့်အေဂျင်စီက ကိုယ့်အတွက် အသစ်လေးကို ခေါ်လာဖို့ စီစဉ်ထားခဲ့တယ်။ ဒါပေမဲ့ အနာဂတ်မှာ အဲ့လူနဲ့ အတွဲအနေနဲ့ တွဲ့ခံရပြီး အနည်းဆုံး တစ်နှစ်လောက် လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး။ သူမက ကိုယ့်သွေးတွေကို စုတ်ယူချင်ရင်တောင် ကိုယ်ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး’ဆိုသည့် စကားတွေကို ရုတ်တရက် မှတ်မိသွားခဲ့သည်။
ကုမ္ပဏီက စီစဉ်ထားတဲ့သူက ဂူမော့ လား?
ဂူမော့ ကစာတွေကို ဆက်ပို့နေခဲ့သည်။
[ဂူမော့ : အစ်ကိုလီ? အစ်ကိုလီ မရှိတော့ဘူးလား?]
[ဂူမော့ : ဒါဆို အစ်ကိုလီ ကုမ္ပဏီလာမှပဲ ပြောကြမယ်လေ။ အစ်ကိုလီအတွက် ကျွန်မ လက်ဆောင် ပြင်ထားတယ်။ အစ်ကိုလီ ဖိအားတွေ မခံစားရဖို့ မျှော်လင့်ပါတယ်။ QwQ ဒါက ကုမ္ပဏီက စီစဉ်တာပါ၊ ကျွန်မက အစ်ကိုလီ ကိုသဘောတူဖို့ ဖိအားမပေးပါဘူး]
ဇောင်ယုဟွမ် ကသူမနှုတ်ခမ်းကို တွန့်လိုက်ပြီး ဖုန်းပိတ်လိုက်သည်။
သူမခေါင်းကို လှည့်လိုက်ပြီး တံခါးနားတွင် ဘယ်အချိန်တည်းက ရပ်နေမှန်းမသိသည့် လီဂျင်းယွမ် ကိုမြင်လိုက်ရသည်။
ဇောင်ယုဟွမ် ကနည်းနည်း ရှက်သွားခဲ့သည်။ “အခုလေးတင် တစ်ယောက်က ဂျင်းယွမ် ကိုစာပို့ခဲ့တယ်။ ဟွမ်ဟွမ် နိုတီကစာကို မတော်တဆ တွေ့လိုက်တယ်”
လီဂျင်းယွမ် ကလျှောက်လာပြီး သူမလက်ထဲမှ ဖုန်းကို ယူလိုက်သည်။ “ရပါတယ်။ ဟွမ်ဟွမ် မမြင်သင့်တာမျိုး မရှိပါဘူး”
လီဂျင်းယွမ် ကသူ့ခေါင်းကို ငုံ့လိုက်ပြီး WeChat ကိုဖွင့်လိုက်ကာ ချက်ချင်းပင် ဂူမော့ ဆီမှနိုတီတွေကို မြင်လိုက်ရသည်။
ဂူမော့ ကသူ့ဆီ နေ့တိုင်း စာတွေ့ပိုခဲ့ပြီး လီဂျင်းယွမ် ကတော့ ဆန့်ကျင်ဘက်တွေသာ တုန့်ပြန်ခဲ့သည်။ သူ့အသံက အမြဲတမ်း အေးစက်နေပြီး ဘယ်တုန်းကမှ နွေးထွေးမှု မရှိခဲ့ပေ။ သို့သော် ဂူမော့ ကတော့ ကွာခြားနေတာကို မပြောနိုင်ပဲ သူ့ကိုသာ ဆက်ပြီးတော့ စကားတွေ ပြောနေခဲ့သည်။ ဒီနေ့ ကုမ္ပဏီတွင် ပါတီပွဲရှိတာကြောင့် လီဂျင်းယွမ် က ဂူမော့ ရဲ့စာတွေကို ရက်အနည်းငယ်လောက် သိသိသာသာကို လျစ်လျူရှုပစ်ခဲ့သည်။ ထင်တဲ့အတိုင်းပင် ဂူမော့ ကထပ်မထိန်းချုပ်ပဲ ဒီနေ့တွင် အရာအားလုံးကို ထုတ်ပြောခဲ့သည်။
လီဂျင်းယွမ် ကအနည်းငယ် ပြုံးလိုက်သည်။
ဇောင်ယုဟွမ် ကသိသွားတာကို သူနားလည်သည်။
သူမက ခံစားချက်တွေကို ထုတ်ပြဖို့ နှေးကွေးတက်ပေမဲ့ တခြားလူတွေနဲ့ဆို အတော်လေးကို ပြတ်သားသည်။ တခြားသူတွေ ပါဝင်လာပြီဆိုရင် သူမက ထိုက်တန်တာဖြစ်စေ၊ မထိုက်တန်တာ ဖြစ်စေ တက်ကြွစွာဖြင့် အလျင်အမြန်ပင် ဆုံးဖြတ်နိုင်သည်။
ဂူမော့ ကသူမနည်းလမ်းဖြင့် သူ့အား ချဉ်းကပ်နေတာကို ဇောင်ယုဟွမ် မြင်နိုင်သည်။
သို့သော် သူမ လုပ်ခဲ့သည်နှင့်(ရှိုးပွဲကို ဂူမော့ နဲ့လွှတ်လိုက်ရင်လို့ ပြောချင်တာပါ) ဂူမော့ ကသူ့ဆီမှာ မျှော့လိုကပ်တွယ်နေတာကို သူမ မမြင်ချင်ပေ။
လီဂျင်းယွမ် က ဂူမော့ ရဲ့စာတွေကို မကြည့်ပဲ သူ့ဖုန်းကို ချလိုက်ကာ မေးလိုက်သည်။ “ဒီစာတွေကို မြင်ပြီးတော့ ဟွမ်ဟွမ် ဘယ်လိုသဘောရလဲ?”
ဇောင်ယုဟွမ် ကသူမနှုတ်ခမ်းကို ကိုက်လိုက်သည်။ “အင်း၊ အရင်ဆုံး ယာယီစာချုပ် ချုပ်ထားရင်ကော? နောက်ပြီး ဆက်ရိုက်ကူးတာ၊ မကူးတာတော့ အခြေအနေအရပဲ ဆုံးဖြတ်ရင်ကော?”
လီဂျင်းယွမ် ကရယ်လိုက်သည်။ “အပိုင်းတိုင်းမှာ တစ်ဖွဲ့စီ အထုတ်ခံရမှာဆိုတော့ ကိုယ်တို့ရဲ့ ရိုက်ကူးရေးက သိပ်မများလောက်ဘူး”
“ဇာတ်ညွှန်း မရှိဘူးလား?”
“ရှိတယ်၊ ဒါပေမဲ့ တချို့အရာတွေက မထိန်းချုပ်ထားဘူး။ ဟွမ်ဟွမ် ကအနိုင်ရချင်ရင် အဖွဲ့တွေအားလုံးထက် ပိုကြံ့ခိုင်နေဖို့လိုတယ်။ မဟုတ်ရင် ဒါက ဘာမှစိတ်ဝင်စားဖို့ ကောင်းမှာ မဟုတ်ဘူး”
ဇောင်ယုဟွမ် ကနှုတ်ခမ်းကို တွန့်လိုက်သည်။
ထို့နောက် သူမကြံ့ခိုင်ရေးအရ ပထမအပိုင်းမှတင် ဖယ်ထုတ်ခံရမှာ သေချာသည်။
ထို့ကြောင့် ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်သည်။ “ဒါဆို အဲ့လိုပဲ လုပ်ရအောင်”
လီဂျင်းယွမ် ကသူ့မျက်နှာမှ အပြုံးအား ချက်ချင်းပင် ဖုံးကွယ်လိုက်သည်။ “အိုကေ”
ညနေပိုင်းတွင် လန်ဂျင်းဇီ ကယွဲ့လန်ဗီလာကို ရောက်လာခဲ့သည်။
လူတိုင်းက အတူတူ စားသောက်ခဲ့ကြသည်။ ထို့နောက် လန်ဂျင်းဇီ ကသူတို့ကို လိုက်ပို့ခဲ့သည်။
ကားထဲမှ ထွက်ပြီးနောက် ဟုန်ချန်းမင်း ကခေါင်းငုံ့လိုက်ကာ သူ့အင်္ကျီလက်က မညီတာကို မြင်လိုက်ပြီး ညှိလိုက်ရင်း မေးလိုက်သည်။ “အဲ့ရှိုးပွဲမှာ ရိုက်ကူးဖို့ ဟွမ်ဟွမ် ကဆုံးဖြတ်လိုက်ပြီလား?”
ဇောင်ယုဟွမ် ကနည်းနည်း ရှက်သလို ခံစားလိုက်ရသည်။ “အင်း”
ဟုန်ချန်းမင်း ကပြုံးလိုက်သည်။ “အိုကေ၊ ဒါဆို ရိုက်ကူးရေးစရင် အဲ့နေရာကို ကိုယ်လိုက်ပို့ပေးမယ်”
ဟုန်ချန်းမင်း ရဲ့ရုတ်တရက် သဘောတူမှုကြောင့် ဇောင်ယုဟွမ် ကသူ့အား အကြွေးပေးစရာ တစ်ခုခု ရှိလိုက်သလို ခံစားလိုက်ရပြီး အလျင်အမြန်ပင် ခေါင်းညိတ်လိုက်သည်။
ဟုန်ချန်းမင်း ကစကားကို ဆက်ပြောလိုက်သည်။ “မနက်ဖြန်…”
“မနက်ဖြန် အစ်ကိုချန်းမင်း နဲ့ကုမ္ပဏီကို လိုက်မှာပါ၊ နောက်ပြီး ညစာလည်း ကျွေးမယ်…” ဇောင်ယုဟွမ် ကပြောလိုက်သည်။
ဟုန်ချန်းမင်း ကပြုံးလိုက်သည်။ “အိုကေ”
စကားပြောပြီးနောက် ဇောင်ယုဟွမ် ကအနားယူဖို့ အပေါ်ထပ်ကို တက်သွားခဲ့သည်။
အသက်ရှင်ရသည့် အက်ကွဲကြောင်းတွေက ပိုပိုများလာခဲ့သည်။
ဇောင်ယုဟွမ် ကသက်ပြင်းချလိုက်ပြီး သူမစောင်အား ခေါင်းပေါ်အထိ ခြုံလိုက်သည်။
–
‘အချိန်ခရီးသွားခြင်း’ ရိုက်ကူးရေးက အင်တာနက်တွင် ပျံ့နှံ့လာခဲ့သည်။ ထိုအရာကြောင့် အရင်က ကြည့်ရှုသူတွေက တက်ကြွလာခဲ့သည်။
“အားးး ငါမလုပ်ချင်ဘူးလို့ အားးး! ဟွမ်ဟွမ့် ကိုအလိုလိုက်တဲ့ အပိုင်းတွေကို ၈၀၀ ကျော်အထိတောင် မြင်ချင်တယ်လို့!”
“ဘာ? ငါတို့က ဟုန်လေးကို ထပ်မမြင်ရတော့ဘူးလား? မဟုတ်ဘူးလေ! သူ့ကို ကျေးဇူးပြုပြီး ပွဲထုတ်ပေးကြပါ! ဟုန်လေးရဲ့ ခန့်ညားတဲ့ မျက်နှာလေးကို ငါမြင်ချင်သေးတယ်လို့!”
“သူ့အတွက် ပွဲထုတ်တာက မဖြစ်နိုင်ဘူး။ သူက ဒီဘဝမှာ ဘယ်တော့မှ ပွဲဦးထွက်လာမှာ မဟုတ်ဘူး။ ဟုန်လေး ကအရမ်းကို ချမ်းသာပြီးသားပဲ၊ ဒါကြောင့် သူမရူးမိုက်ရင် ဖျော်ဖြေရေးလောကမှာ ပွဲဦးထွက်လာမှာ မဟုတ်ဘူး… ဟူးး၊ အခု ငါ့ဘာသာ ပြောပြီးတော့ စိတ်မကောင်းသလို ဘာကြောင့် ခံစားနေရတာလဲလို့! နောက်ပိုင်းကျရင် ဟုန်လေး ရဲ့အင်တာဗျူးတွေ အများကြီး မြင်ချင်မိဖို့ပဲ မျှော်လင့်ပါတယ်!”
“ငါ့မှာ အကြံကောင်းရှိတယ်… ဘာရှိုးပွဲပဲဖြစ်ဖြစ် ဇောင်ယုဟွမ် ကိုဖိတ်သမျှ ဟုန်လေး နဲ့ လီဂျင်းယွမ် ကအလိုလို ပါးလာမှာပဲမလား? နောက်ပြီး ဝမ်ယောင်ချန်း တောင်မှ ပါနိုင်တယ်? *တိုးတိုးပြော*”
“အပေါ်က နင်ရူးနေလား? ဝမ်ယောင်ချန်း ကအေးခဲသွားပြီးပြီ။ သူနဲ့ ဟွမ်ဟွမ် ကိုကျေးဇူးပြုပြီး ထပ်ပြီးတော့ တွဲမပြောပါနဲ့တော့။ ငါတို့ရဲ့ငန်းဖြူလေးက လှပတယ်၊ ကျက်သရေရှိတယ်၊ ပညာရေးကလည်း မြင့်မားတယ်၊ နောက်ပြီး ကြီးမြတ်တဲ့ နောက်ခံလည်း ရှိသေးတယ်။ သူမနဲ့ ဘယ်သူမှ မထိုက်တန်ဘူး!”
–
အင်တာနက် သုံးစွဲသူတွေက စိတ်အားထက်သန်စွာဖြင့် ‘အချိန်ခရီးသွားခြင်း’အား ဆက်တိုက် ဆွေးနွေးနေခဲ့ကြသည်။ သူတို့နေရာတွင် ဧည့်သည်တွေကို အစားထိုပြီးနောက် ပိုဆိုးလာခဲ့သည်။
တစ်ချိန်တည်းတွင် ‘အမြန်နှုန်း’ အတွက် တရားဝင် Weibo မှဧည့်သည်တွေရဲ့ ပုံတွေကို တင်လာခဲ့သည်။
သို့သော်လည်း ထိုပုံတွေက သိပ်မသဲကွဲတာကြောင့် ဘယ်သူမှန်း သေချာ မပြောနိုင်ကြပေ။
တကယ့် မရိုက်ကူးခင်မှာတော့ ဒီလိုမျိုးပင် ဖြစ်သည်။ ထိုအချိန်တွင် လီဂျင်းယွမ် ရဲ့ဖန်တွေက ဇောင်ယုဟွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့ဖန်အနည်းငယ်နဲ့ သူတို့ရဲ့ဗီဒီယို clips ကိုပြန်ပြန်ကြည့်ကာ ပြိုင်နေခဲ့ကြသည်။
ထို့နောက် အတင်းအဖျင်း ဖိုရမ်တွင် ‘အချိန်ခရီးသွားခြင်းမှ မိသားစု သုံးယောက်ရဲ့ ပြန်လည်သုံးသပ်ချက်’ဆိုသည့် ပို့စ်အရှည်ကြီးက ထွက်လာခဲ့သည်။
“ငါဒီနေ့ အရင်က အပိုင်းတွေကို ပြန်ကြည့်ခဲ့တယ်။ ငါအသေးစိတ်ကို သေသေချာချာကြီး တွေ့လိုက်ရတယ်။ [ပုံ] သူတို့ တစ်ယောက်နဲ့ တစ်ယောက် ပထမဆုံး တွေ့ကြတုန်းက ဟုန်လေး နဲ့ အစ်ကိုလေးလီ ကြားမှာမီးတောက်လေး နည်းနည်း ရှိနေတာကို ငါမြင်ခဲ့တယ်။ နောက်တော့ ဝမ်ယောင်ချန်း ကိုမြင်လိုက်ပြီးတော့ သူတို့က တစ်ပြိုင်နက်ကို ဦးတည်ချက် ပြောင်းသွားကြကော…”
“ငါ့ညီမလေးသာ ဇောင်ယုဟွမ် ဆိုရင်တော့ ဘယ်ယောင်္ကျားကိုမှ ငါ့ညီမနားမှာ ကပ်ခွင့်ပေးမှာ မဟုတ်ဘူး”
“ရိုးရိုးသားသား ပြောရရင် ယင်ချီချီ ကအရမ်းကို ကောင်းတယ်။ သူမက ဆွဲဆောင်ဖို့ ကြိုးစားပေမဲ့ ကြောက်စရာ ကောင်းလောက်အောင် ကျရှုံးခဲ့ပြီး တော်တော်လေး ရယ်ရတယ်”
“…ဒီမိသားစုက နတ်ဘုရား အသွင်အပြင်တွေပဲ။ သူတို့က ထပ်မမြင်ရတာက မကောင်းတာပဲ။ နောက်တစ်ခါ သူတို့ သတင်းတွေကို ထပ်မြင်ချင်မိတယ်။ ဟုန်လေး မှာရည်စားရှိနေတာ၊ ဒါမှမဟုတ် ဟွမ်ဟွမ်လေး လက်ထပ်သွားမှာ အဲ့ဒါတွေကိုတော့ မမြင်ချင်ဘူး! မဟုတ်ဘူး၊ မေမေ ကသဘောမတူးဘူးလို့! QwQ”
“ငါကြည့်တာ ဒါနဲ့ဆို သုံးခါတောင်ရှိပြီ! အရမ်းမနာလိုတာပဲ။ ချမ်းသာတဲ့ မိသားစုရဲ့ ပျော်ရွှင်မှုတွေကို ငါတို့က ပုံတောင် မဖော်နိုင်ဘူး…”
ပို့စ်တွင် ဘာဆန့်ကျင်မှုမျိုးမှ မရှိပဲ အများစုကတော့ “ဟဟဟဟဟ” “အရမ်းမနာလိုတာပဲ” “မခွဲချင်သေးဘူး” နဲ့ “အပိုင်း ၃၀၀ ကျော်ရင်တောင် ကြည့်နိုင်တယ်” စတာတွေသာ များပြားသည်။
ဇောင်ယုဟွမ် ကဖျော်ဖြေရေး လောကထဲကို ဖိတ်ခေါ်ဖို့ ရည်ရွယ်သူတွေဆီမှ ဖုန်းတွေ လက်ခံရခဲ့သည်။
အနည်းဆုံးတော့ အတွင်းရေးမှူးတောင် သူမကို ခေါ်ခဲ့သည်။ “ဒရိုက်တာဇောင် မှာအခုတော့ ထောက်ပံ့တဲ့ အဖွဲ့ရှိနေပြီ။ သူတို့က ကျွန်တော်တို့ ကုမ္ပဏီကို ဆက်သွယ်ခဲ့ပြီး စီမံခန့်ခွဲခြင်းမှာ ပါဝင်ဖို့ဆန္ဒရှိလားလို့ မေးခဲ့ပါတယ်”
နာမည်ကြီးတွေတွင် ထောက်ပံ့ပေးသည့် ဖန်တွေအား တရားဝင် စီမံပေးမှုတွေ ရှိသည်။
ထို့ကြောင့် ဒီလိုဖုန်းတွေကို လက်ခံရတာက မထူးဆန်းပေ။
ဇောင်ယုဟွမ် ကဒါကို စိတ်ဝင်စားစရာလို့ ထင်နေတာကြောင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “သူတို့ ငွေလိုရင် လူကိုယ်တိုင် တောင်းဆိုနိုင်တယ်”
အတွင်းရေးမှူးက ငိုရမလား၊ ရယ်ရမလား မသိတော့ပေ။ ဖန်တွေကို လျှို့ဝှက်ပြန်ပြီးတော့ ကူညီပေးတာကို သူပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
ဖုန်းဖြေပြီးနောက် ဇောင်ယုဟွမ် က Weibo ကိုသွားကြည့်လိုက်သည်။ သူမအကောင့်ကို မစစ်ခဲ့တာ အချိန်ကြာနေတာကြောင့် ကြည့်လိုက်ချိန်တွင် ထိတ်လန့်သွားခဲ့သည်။
သူမဖန်တွေက ၇ မီလီယမ်အထိ များပြားနေခဲ့သည်။
ဒီဖန်အရေအတွက်က ဖျော်ဖြေရေးလောကကတောင် မခန့်မှန်းနိုင်ပေ။
ဇောင်ယုဟွမ် က Weibo ကိုဆွဲကြည့်လိုက်ပြီး သူမနောက်ဆုံး တင်ခဲ့သည့် လွန်ခဲ့သည့် သုံးလက ပို့စ်ကို ရှာလိုက်သည်။
သူမက Weibo တွင်ပို့စ်တင်တာ ရှားသည်။ တချို့ရှိုးပွဲတွေမှာ သူမ ပါဝင်ရင်တောင် တရားဝင် ထုတ်ပြောခြင်း မရှိပေ။
ဇောင်ယုဟွမ် ကလွန်ခဲ့သည့် သုံးလက ပို့စ်ကို မနှိပ်ခင်မှာ Weibo ထဲကို နှိပ်ဝင်လိုက်ပြီး ကွန့်မန့်နေရာကို ကြည့်လိုက်သည်။
“ဟွမ်ဟွမ် ကဘယ်အချိန်မှ ပို့စ်တင်မှာလဲ? ဟွမ်ဟွမ် သာပို့စ်မတင်ရင် ဟုန်လေး တော့ပို့စ်တင်ပေးပါ! ဟုန်လေး မတင်ရင် လီဂျင်းယွမ် တော့တင်ပါ! [စိတ်ဓာတ်ကျ.jpg]”
“ဟွမ်ဟွမ် ကငယ်သေးတော့ မဒိတ်ပါနဲ့ဦး။ ဟွမ်ဟွမ် သာဒိတ်ရင် ဟုန်လေးနဲ့ အစ်ကိုလေးလီ တို့သေလောက်အောင် ငိုကြလိမ့်မယ်”
ထိုအရာကို မြင်လိုက်ပြီး ‘သူတို့က ဘယ်လိုလုပ်ပြီး သေအောင်ငိုမှာလဲ? သူတို့က သူ့ကို ပြဿနာရှာပြီး သေအောင်ပဲ ရိုက်သတ်ကြလိမ့်မယ်’ လို့ ဇောင်ယုဟွမ် တွေးလိုက်မိသည်။
ဇောင်ယုဟွမ် ကတွေးလိုက်ပြီး သက်ပြင်းချကာ ဘာစာမှမရေးပဲ ပုံတစ်ပုံကို ကျပန်းရွေးချယ်လိုက်ကာ တင်လိုက်သည်။
သူမ စာရေးသင့်လား၊ ဒါမှမဟုတ် ဒါက သူမဖန်တွေကို စိတ်ကျေနပ်စေလားဆိုတာ မသိပေ… ဘာပဲဖြစ်ဖြစ် ဒါက အဆင်ပြေသင့်သည်။ Weibo မှပို့စ်တင်သင့်တယ်မလား? ဖန်တွေက ပိုပျော်သွားလိမ့်မလား?
ဇောင်ယုဟွမ် ကပို့စ်တင်ပြီးနောက် ပိတ်လိုက်သည်။
ဇောင်ယုဟွမ် ကသူမ Weibo တွင်ပို့စ်မတင်ခဲ့တာ အချိန်အတော်ကြာနေပြီး ‘အချိန်ခရီးသွားခြင်း’ ရိုက်ကူးရေးမှလည်း ထွက်ခဲ့တာကြောင့် သူမအကြောင်း ဆွေးနွေးချက်တွေက အရမ်းကို ပြင်းထန်နေကြသည်။ ထို့နောက် သူမက ပို့စ်တင်လိုက်တာကို လူတိုင်းက မြင်လိုက်ကြသည်။
“ဟွမ်ဟွမ် ကဘာပို့စ်တင်ခဲ့တာလဲ?”
“ဒါက ရုံးခန်းလိုပဲ? ဇောင် ရဲ့ရုံခန်းလား? *လက်တွေပွတ်သပ်* နောက်ဆုံးတော့ ချမ်းသာတဲ့ ဘဝထဲကို ငါမြင်နိုင်ပြီလား?”
“နေရာမှားနေတယ်။ ဘာကြောင့် စားပွဲက ဟွမ်ဟွမ် ရဲ့ဆန့်ကျင့်ဘက်မှာ ဖြစ်နေရတာလဲ? ဒါက ဟွမ်ဟွမ့် ရဲ့ရုံးခန်း မဟုတ်ဘူးလား?”
“သေချာကြည့်!!! စားပွဲအောက်မှ ခြေထောက်တွေ ရှိတယ်! ယောင်္ကျားတစ်ယောက်ရဲ့ ခြေထောက်တွေပဲ!!!”
“ဒါဆို ဒီပုံရဲ့နောက်ကွယ်မှာ နက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေ ရှိနေတာလား? …ဒါက သူမမှာ ရိုမန့်တစ်ဆန်တဲ့ ဆက်ဆံရေး ရှိနေပြီဆိုတာကို လျှို့ဝှက်ကြေညာလိုက်တာလား?”
“ငါတော့ ပုံကိုသေချာ ကြည့်လိုက်တယ်။ စားပွဲနောက်မှာ ထိုင်နေတဲ့လူက ခြေတံရှည်တာ၊ အရမ်းကို ရှည်တာနော်။ သူက အရပ်ရှည်ပုံပဲ၊ ချမ်းသာပြီး ခန့်ညားတဲ့ အမျိုးသားပဲ။ ဝမ်ယောင်ချန်း ကအဖယ်ခံရတာ အံ့ဩစရာ မရှိပါဘူး…”
“အပေါ်က၊ ယုတ္တိမရှိတာတွေ မပြောပါနဲ့ = =”
ကွန့်မန့်တွင်တော့ ရှားလော့ဟုမ်းတွေ ပေါ်လာခဲ့ကြသည်။
ဇောင်ယုဟွမ် ရဲ့ပုံတွင် ဘာစာမှ မပါသလို အသေးစိတ်လည်း ပါဝင်ခြင်း မရှိပေ။ ထိုအရာကြောင့် လူတိုင်းက စိတ်ရှုပ်ထွေးကြပြီး စိတ်ကူးယဉ်မှုကို ဆန့်ထုတ်ကြကာ ပုံရဲ့နောက်ကွယ်က ရည်ရွယ်ချက်အား ထင်ကြေးပေးနေခဲ့ကြသည်။
နာရီအနည်းငယ် ကြာပြီးနောက် ဇောင်ယုဟွမ် ရဲ့ပို့စ်က ထိပ်ဆုံးရှာဖွေမှုကို ရောက်သွားခဲ့သည်။
ဖရဲသီးစားသည့် လူအုပ်စုကတော့ ဇောင်ယုဟွမ် ရဲ့ကောင်လေး ဖြစ်နိုင်တယ်လို့ ပြောလာကြသည်။
ဟုန်ချန်းမင်း ကအလုပ်ကို ပုံမှန်အတိုင်း သွားခဲ့ပြီး ဆိုဖာပေါ်တွင် ဂိမ်းကစားနေသည့် ဇောင်ယုဟွမ် နဲ့အတူ အိမ်ကိုပြန်ခဲ့ကြသည်။
ဇောင်ယုဟွမ် ကဒီလိုမျိုး အချိန်ခဏလောက် နေခဲ့တာကြောင့် အရင်ကလို စိတ်အနှောင့်အယှက် မဖြစ်တော့ပေ။
ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ရဲ့ပို့စ်အား နောက်နေ့မှသာ မြင်ခဲ့သည်။
ပို့စ်အောက်က ချမ်းသာသည့် ဒုတိယမျိုးဆက်နဲ့ ဇောင်ယုဟွမ် ရဲ့အကြောင်းကို ဆွေးနွေးနေကြတာကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
သူ့မျက်ခုံးတွေက ပိုပိုကြုတ်လာခဲ့သည်။ အလျင်အမြန်ပင် ဇောင်ယုဟွမ် ရဲ့ Weibo အတွက် နိုတီကို ပြောင်းလိုက်ပြီး သတင်းတွေအား မမြင်နိုင်မှုကို ရှောင်လိုက်သည်။ (fb မှာဆို close friend လုပ်လိုက်သလို favorite လုပ်လိုက်သလိုမျိုးပါ၊ ကိုယ်ရေးတာ မရှင်းမှာစိုးလို့ပါ)
ထို့နောက် ဟုန်ချန်းမင်း ကသူ့စားပွဲတွင် ခဏလောက် ထိုင်နေခဲ့သည်။ နောက်ဆုံးတော့ သူ့ဖုန်းကို ဖွင့်လိုက်ပြီး သူ့ရှုထောင့်မှ ပုံတစ်ပုံကို ထုတ်လိုက်သည်။ ဇောင်ယုဟွမ် လိုပင် သူ့ပို့စ်တွင် ဘာစာမှမရေးပဲ Weibo တွင်တင်လိုက်သည်။
ဟုန်ချန်းမင်း နဲ့ ဇောင်ယုဟွမ် တို့ရဲ့နာမည်ကြီးမှုက တခြားနာမည်ကြီး သရုပ်ဆောင်တွေနဲ့ ယှဉ်ရင်တောင် မနိမ့်ပေ။
ဟုန်ချန်းမင်း ရဲ့ပို့စ်ကလည်း ကွန့်မန့်တွေ ရှယ်(Share)တာတွေက အလျင်အမြန်ပင် တိုးမြင့်လာခဲ့သည်။
“အားး ဒီနေ့က ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်သလဲ! လက်မှတ်ဝယ်ပြီးတော့ SSR ကိုလှည့်လိုက်တော့မယ်!”
“ဟုန်လေးရေ၊ ငါလာပြီ! ဟုန်လေး ကပို့စ်တင်တော့ ဘာလို့ ဘာစာမှ မရေးတာလဲ? QwQ”
“အပေါ်က မနေ့က ဇောင်ယုဟွမ် ရဲ့ပို့စ်ကို မမြင်ခဲ့ဘူးလား? ဒါက တူညီတဲ့စတိုင်ပဲလေ။ အံ့ဩစရာကို မရှိတာ၊ သူတို့က မိသားစုတွေပဲ…”
“မင်းတို့ကောင်တွေ၊ ခဏလေး… ဒါက ဟွမ်ဟွမ့် ရဲ့ပုံထဲက နေရာနဲ့ အတူတူပဲမလား? ဒါက တကယ်တော့ မစ္စတာဟုန် ရဲ့ရုံးခန်းလား?”
“ဟွမ်ဟွမ် ရဲ့ပုံအနောက်က စားပွဲမှာထိုင်နေတဲ့သူက မစ္စတာဟုန်? ကောင်းပြီ၊ သူက အရပ်ရှည်တယ်၊ ချမ်းသာတယ်၊ နောက်ပြီး ခန့်ညားသေးတယ်…”
“အဲ့မှာ တစ်ခုခုရှိမယ်လို့ မင်းတို့ကောင်တွေ မထင်ကြဘူးလား? ရှုထောင့်နှစ်မျိုးမှ လူနှစ်ယောက်နဲ့ တူညီတဲ့နေရာ။ ဒါက နည်းနည်းလေးတော့… ချိုမြိန်သလိုပဲမလား? ဒါက မစ္စတာဟုန် အလုပ်လုပ်နေချိန်မှာ ဇောင်ယုဟွမ် ကသူ့မျက်နှာချင်းဆိုင်က ဆိုဖာမှာ သူ့ကိုကြည့်နေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား?”
“ဒါက တကယ့်ကို နည်းနည်းချိုမြိန်တာပဲ…”
အင်တာနက်သုံးသူတွေက ဒီလိုမျိုးပင်။
သူတို့က ဖြစ်နိုင်သလောက်ကို ‘အချစ်’ဆိုတာကို ထုတ်ဖော်ပြတက်ကြသည်။ သူတို့က ချိုမြိန်တာတွေ တွေးရုံမကပဲ တစ်စုံတစ်ယောက်က တစ်ခုခုကို ဖန်တီးနေတယ်လို့တောင် တွေးနေခဲ့ကြသည်။
သို့သော် အပြင်ပိုင်းတွင် တည်ငြိမ်ကြကာ မနှောင့်ယှက်ပေမဲ့ သူတို့က အပိုအနေနဲ့ သကြားဖြူးနေခဲ့ကြသည်။ ထို့နောက် အင်တာနက် သုံးစွဲသူတွေက အလျင်အမြန်ပင် သဘောပေါက်သွားကြသည်။ ဒီနည်းပါးတဲ့ သကြားလေးကို သူတို့ထိလိုက်တာနဲ့ ဒါက သူတို့ကို ကျယ်လောင်စွာ ငိုကြွေးချင်လာအောင် ဖြစ်စေသည်။
ဆူညံသည့် ကွန့်မန့်နေရာတွင် တချို့ကွန့်မန့်တွေ ရှိလာကြသည်။ “ငါ့အစ်ကိုလေးလီ ကိုထပ်ကစားဖို့ မခေါ်လာပါနဲ့”
“လီဂျင်းယွမ် : (╯‵□′)╯︵┻━┻”
ဒီလိုကွန့်မန့်တွေက အလျင်အမြန်ပင် များပြားလာခဲ့သည်။
ဘယ်လိုလုပ်ပြီး သူတို့က တားဆီးနိုင်မှာလဲ?
ဟုန်ချန်းမင်း ကသူ့ဖုန်းနဲ့အတူ ကွန်ပျူတာရှေ့တွင် ထိုင်နေခဲ့သည်။ သူက ဖိုင်တွဲတွေ၊ လက်မှတ်ထိုးရမဲ့ စာရွတ်တွေကို ကြည့်မနေပေ။ သူက တဖြည်းဖြည်းနဲ့ တခြားအကောင့်ကို ပြောင်းလိုက်ပြီး ရိုက်လိုက်ကာ ‘ကွန့်မန့်’ နေရာကို နှိပ်ဝင်လိုက်ပြီး မလိုချင်သည့် ကွန့်မန့်တွေကို ဖျောက်ပစ်လိုက်သည်။
‘သူတို့က သွေးသားမတော်စပ်ဘူး၊ ဒါပေမဲ့ ဇောင်ယုဟွမ် ကနေ့တိုင်း ဒီတစ်ယောက်ပြီးတော့ နောက်တစ်ယောက် အဲ့လိုမျိုးကို ရင်းရင်းနှီးနှီး နေနေတယ်။ သူမက ပြည့်တန်ဆာလား?’ လိုမျိုး ကွန့်မန့်တွေကို ဖြုတ်ချပစ်လိုက်သည်။
မစ္စတာဟုန် ကသူ့အကောင့်တွေကို အသုံးပြုပြီး မကောင်းသည့် ကွန့်မန့်တွေကို report ထုလိုက်သည်။
(အကောင့်တွေတဲ့ 😂😂)
ဒါက သူ့အား သေလောက်အောင် အလုပ်ရှုပ်စေသည်။
လီဂျင်းယွမ် ကလည်း Weibo မှပို့စ်ကို မြင်ခဲ့သည်။
သူ့ဖုန်းအား မလှုပ်ရှားပဲ စိုက်ကြည့်နေခဲ့သည်။
သူ့ဘေးမှ ဝေ့ကျဲ ကထူးဆန်းတာကို ခံစားမိလိုက်ပြီး လီဂျင်းယွမ် အားကြည့်လိုက်သည်။
“မစ္စတာလီ?”
လီဂျင်းယွမ် ကခေါင်းမော့လိုက်ပြီး အလေးအနက်ကို ပြောလိုက်သည်။ “ငါ နည်းနည်း မနာလိုဖြစ်တယ်”
ဝေ့ကျဲ ကတွန့်ဆုတ်စွာဖြင့် ဖြေလိုက်သည်။ “မစ္စတာလီ…”
လီဂျင်းယွမ် ကသူ့ခေါင်းကို ထပ်ငုံ့လိုက်ပြီး screenshot ရိုက်လိုက်သည်။
ဝေ့ကျဲ ကမထိန်းချုပ်နိုင်ပဲ မေးလိုက်သည်။ “မစ္စတာလီ၊ ဘာကြောင့်?”
“သူတို့အားလုံးက ဟွမ်ဟွမ် ကိုဒိတ်အောင် လုပ်နေကြတယ်”
“အင်း? ဒါဆို…”
“ဒါကြောင့် screenshot ရိုက်ပြီး သိမ်းထားလိုက်မယ်”
ဝေ့ကျဲ : “…”
မင်းက ပိုပြီးတော့ ကြမ်းတမ်းနေတုန်းပဲ။
ဧပြီ
‘အမြန်နှုန်း’ ကိုစတင်ရိုက်ကူးခဲ့သည်။
ဟုန်ချန်းမင်း က ဇောင်ယုဟွမ် နဲ့ လီဂျင်းယွမ် တို့အား လေဆိပ်ကို လိုက်ပို့ပေးခဲ့ပြီး လေယာဉ်နောက်ကို လိုက်ခဲ့သည်။ သို့သော်လည်း သူက ချက်ချင်း ထွက်မသွားခဲ့ပေ။ သူကလည်း တခြားမတူသည့် အခန်းဆီ ဝင်လိုက်သည်။
“စိတ်ပိုင်းဆိုင်ရာ အားနည်းတယ်လို့ ပြောဖို့က ခက်ခဲတယ်”
A/N :
သူတို့ ကျောင်းမှာတုန်းက အစ်ကိုလေးလီနဲ့ ဟုန်လေးတို့က ဟွမ်ဟွမ် ရဲ့နောက်ကွယ်မှာ တစ်ယောက်နဲ့ တစ်ယောက် ဝေဖန်ခဲ့ကြသည်။
လီဂျင်းယွမ် : “ငါ့လက်တွေက တိုတယ်လို့ သူက ထင်တယ်။ သူက စိတ်ပိုင်းဆိုင်ရာ အားနည်းတာကို ငါခံစားမိတယ်”
ဇောင်ယုဟွမ် : “???”
အစ်ကိုလေးလီ ရဲ့လှည့်စားမှုက များပြားလွန်းတယ်၊ အကြိမ်တိုင်း အပေါက်ဖောက်နေတော့တာပဲ။
ရှိုးပွဲရည်ညွှန်းချက် : အံ့ဩစရာပြိုင်ပွဲ
∆အပိုင်းရှည်တယ်မလား၊ ဘာပဲဖြစ်ဖြစ် ရှည်တယ်တော့လုပ်လိုက် 281 ကနေ 285 ထိတောင် ပေါင်းချလိုက်တာ၊ အရင်ရက်က နေမကောင်းချင်တာနဲ့ အာရုံမစိုက်နိုင်လို့ အခုမှဘာသာပြန်လို့ ပြီးတာ ကျန်းမာရေး ဂရုစိုက်ကြနော် 😘😘 ∆
2.8.2021 (Mon)
………………………
Zawgyi
ပြဲၿပီးသည္ႏွင့္ လီဂ်င္းယြမ္ ကအလုပ္သြားတာကို ရပ္လိုက္ၿပီး သူ႕နာမည္ေက်ာ္ၾကားဖို႔ကိုေတာင္ ဘာမွမလုပ္ေတာ့ေပ။
ေဇာင္ယုဟြမ္ ကေအာက္ထပ္ကို ဆင္းလာသည့္အခ်ိန္တိုင္း လီဂ်င္းယြမ္ ကဆိုဖာေပၚတြင္ တစ္ေယာက္တည္း ထိုင္ေနၿပီး သူ႕ဖုန္းနဲ႔ ဂိမ္းကစားေနသည္။ သူက ဂိမ္းကို ဆိုးဆိုး႐ြား႐ြား ကစားေနၿပီး နားၾကပ္မတပ္တာေၾကာင့္ အခ်ိန္တိုင္း သူ႕အသင္းမွ သူ႕အား အမိႈက္လို က်ိန္ဆဲသံေတြကို ၾကားေနရသည္။
ဒါက သနားဖို႔ေကာင္းၿပီး ရယ္ရသည္။
ေဇာင္ယုဟြမ္ : “…”
လီဂ်င္းယြမ္ ရဲ႕ကေလးဆန္မႈေတြက ဒီလိုမ်ိဳး က်ယ္ျပန္႔လာခဲ့တာလား?!
ျငင္းဆိုမႈေလး တစ္ခုေၾကာင့္နဲ႔ အလုပ္ေတာင္ မသြားေတာ့ဘူး!
ေဇာင္ယုဟြမ္ ကေလွ်ာက္သြားၿပီး သူ႕အား ထပ္ၿပီးဆြဲေဆာင္ဖို႔ ႀကိဳးစားလိုက္သည္။ “ဂ်င္းယြမ္ တကယ္ပဲ ဟုန္ခ်န္းမင္း နဲ႔မသြားဘူးလား?”
လီဂ်င္းယြမ္ ကသူ႕ေခါင္းကိုေတာင္ မေမာ့လာေပ။ “မျဖစ္ႏိုင္ဘူး”
“လူတိုင္းက မိသားစုေတြပဲ။ ဂ်င္းယြမ္ တို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ သေဘာမက်ဘူးလား?”
လီဂ်င္းယြမ္ ကေခါင္းေမာ့လိုက္သည္။ “ကိုယ္တို႔ အလယ္တန္းတည္းက ကိုယ့္လက္ေတြက အရမ္းတိုတယ္လို႔ သူက ေတြးခဲ့တာ၊ သူက စိတ္ပိုင္းဆိုင္ရာ အားနည္းေနတယ္လို႔ ခံစားမိတယ္”
ေဇာင္ယုဟြမ္ : ???
ဒါက ဘယ္အခ်ိန္က ျဖစ္ခဲ့တာလဲ? သူတို႔က အၿမဲတမ္း ၾကင္နာတက္ၿပီး တြဲဖက္ညီတဲ့ အရမ္းေကာင္းတဲ့ ညီအစ္ကိုေတြ မဟုတ္ဘူးလား?
ဟုန္ခ်န္းမင္း ကေအာက္ထပ္ကို ဆင္းလာခဲ့သည္။ “ဟြမ္ဟြမ္၊ ကိုယ္တို႔ သြားသင့္ၿပီ”
ေဇာင္ယုဟြမ္ ကျပန္ေျဖလိုက္သည္။ “အာ၊ အိုေက”
သို႔ေသာ္ ဟုန္ခ်န္းမင္း ျပန္မေျဖခင္ ေဇာင္ယုဟြမ္ ကမေကာင္းသလို ခံစားေနရတာေၾကာင့္ ေတြးလိုက္ကာ ေမးလိုက္သည္။ “႐ိႈးပြဲ႐ိုက္ကူးေရးက ဘယ္အခ်ိန္စမွာလဲ?”
“ေနာက္လ”
ေဇာင္ယုဟြမ္ ကသက္ျပင္းခ်လိုက္ေပမဲ့ သူမ ကသေဘာမတူေသးေပ။
ထပ္ၿပီးေတာ့ ဝိတ္ခ်ဖို႔ လိုအပ္သည္။
ေဇာင္ယုဟြမ္ ကလွည့္လိုက္ၿပီး ဟုန္ခ်န္းမင္း နဲ႔ထြက္သြားခဲ့သည္။
လီဂ်င္းယြမ္ ကသူမက ျပန္မေျဖပဲ ထြက္သြားတာကို ျမင္လိုက္ၿပီး ခ်က္ခ်င္း ထိတ္လန္႔သြားခဲ့သည္။
သူမေလွ်ာက္သြားသည့္ဘက္ကို ၾကည့္ေနၿပီး ဂိမ္းမွထပ္ၿပီး အသံထြက္လာခဲ့သည္။ လီဂ်င္းယြမ္ ကေခါင္းငုံ႔လိုက္ၿပီး သူ႕အဖြဲ႕က ဖ်က္ဆီးခံလိုက္ရတာကို ျမင္လိုက္ရသည္။
လီဂ်င္းဘြမ္ ကသူ႕မ်က္ႏွာထက္မွ ေႏြးေထြးသည့္ အမူအရာကို ဖယ္ထုတ္လိုက္ၿပီး ေနာက္တစ္ႀကိမ္ ကစားလိုက္သည္။ ဒီအလွည့္တြင္ သူက ေဇာင္ယုဟြမ္ အိမ္မွာ႐ွိေနခ်ိန္နဲ႔ လုံးဝကို ကြာျခားေနသည္။ လီဂ်င္းယြမ္ ကတစ္ဖက္အဖြဲ႕အား ငိုေႂကြးၿပီး မိဘတ,တဲ့အထိ ျဖစ္သြားေအာင္ ႐ိုက္ႏွက္ပစ္လိုက္သည္။ တစ္ဖက္မွ တစ္စုံတစ္ေယာက္က မိုက္ကိုဖြင့္လိုက္ၿပီး ဆက္တိုက္ကို ေျပာေနခဲ့သည္။ “အစ္ကိုေလး၊ ေက်းဇူးျပဳၿပီး သနားၾကင္နာပါ”
လီဂ်င္းယြမ္ ကေအးစက္စြာျဖင့္ အသံအား ပိတ္ပစ္လိုက္ကာ သူ႕ကြၽမ္းက်င္သည့္ စေကးေတြကို အသုံးခ်ၿပီး တစ္ဖက္လူအား သတ္ပစ္လိုက္သည္။
ေဇာင္ယုဟြမ္ ကသေဘာမတူေသာ္လည္း ဟုန္ခ်န္းမင္း ကေတာ့ အာ႐ုံစိုက္ေနခဲ့သည္။
‘အခ်ိန္ခရီးသြားျခင္း’ ပထမအပိုင္းအတြက္ လီဂ်င္းယြမ္ နဲ႔ ေဇာင္ယုဟြမ္ တို႔ကသာ ႐ိႈးပြဲတြင္ ပါဝင္ရန္ သေဘာတူခဲ့ၾကၿပီး သူတို႔က သူ႕ကို မေခၚၾကပဲ သူ႕ဘာသာ ပါဝင္ခဲ့ရသည္။
ထို႔ေၾကာင့္ ဟုန္ခ်န္းမင္း ကသူ႕လက္ေထာက္အား ‘ထိပ္ဆုံးအလ်င္’ လို႔ေခၚသည့္ ႐ိႈးပြဲအား အာ႐ုံစိုက္ထားဖို႔ အမိန္႔ေပးခဲ့သည္။
႐ႈပ္ေထြးမႈေတြက ႐ုတ္တရက္ ေပ်ာက္သြားခဲ့ၿပီး အရာအားလုံးက ပုံမွန္ျဖစ္လာခဲ့သည္။ ဟုန္ခ်န္းမင္း ရဲ႕အျပဳအမူေတြက မထင္ေပၚပဲ လီဂ်င္းယြမ္ ကေတာ့ ဂိမ္းေတြသာ ကစားေနခဲ့သည္။
ေဇာင္ယုဟြမ္ ကသူ႕အဖြဲ႕ေတြကေန သူက အရမ္းကို ႏု,တာပဲလို႔ ေျပာတာကို မၾကာခဏ ၾကားခဲ့ရသည္။ လီဂ်င္းယြမ္ ကသူတို႔နဲ႔ မျငင္းခုန္ပဲ တိတ္ဆိတ္စြာသာ ဆက္တိုက္ေနခဲ့သည္။ သူ႕အလုပ္ အေၾကာင္းကို ထည့္မေျပာခဲ့ပဲ သူ႕အသင္းသားေတြ ေသဆုံးမႈေၾကာင့္ သနားစရာေကာင္းစြာ စြန္႔ပစ္ခံလိုက္ရသည္…
ေဇာင္ယုဟြမ္ ကဒီလိုမ်ိဳးအား လုံးဝသေဘာမက်ေပ။
တစ္ဖက္တြင္ေတာ့
လင္းလန္ က ဝမ္ေယာင္ခ်န္း ရဲ႕ေအဂ်င္စီနဲ႔ လက္မွတ္ထိုးခဲ့သည္။
ဝမ္ေယာင္ခ်န္း ရဲ႕လက္ထဲမွ ဇာတ္ကားက ေဇာင္ယုဟြမ္ ဆီကလာခဲ့မွန္း သူမ မသိေပ။ သူမက သူမေ႐ွ႕က ေအဂ်င္စီစာခ်ဳပ္တြင္ လက္မွတ္ထိုးသည့္ ေနရာတြင္ ၾကည့္လိုက္ၿပီး အနာဂတ္အတြက္ စဥ္းစားေနခဲ့သည္။
…တစ္ေန႔မွာ အစကတည္းက သူမပိုင္ခဲ့တဲ့ အရာအားလုံးကို ျပန္ယူရမယ္!
မ်က္စိတစ္မွိတ္အတြင္း ပိတ္ရက္ကို ထပ္ေရာက္လာခဲ့သည္။
‘အခ်ိန္ခရီးသြားျခင္း’ ရဲ႕ဒုတိယပိုင္းက ထုတ္လႊင့္ခဲ့သည္။
အဖိုးဒင္ ကသူတို႔အား ယြဲ႕လန္ဗီလာတြင္ လာစားေသာက္ရန္ ေျပာခဲ့သည္။ သူတို႔အားလုံး ကားထဲေရာက္ခ်ိန္တြင္ ေဇာင္ယုဟြမ္ ကမထိန္းခ်ဳပ္ႏိုင္ပဲ ေမးလိုက္သည္။ “လီဂ်င္းယြမ္၊ ဟြမ္ဟြမ့္ကို စိတ္ဆိုးေနတာလား?”
လီဂ်င္းယြမ္ ကေခါင္းခါလိုက္သည္။ “စိတ္မဆိုးပါဘူး။ ဘာေၾကာင့္ ဟြမ္ဟြမ္ ကအဲ့လိုထင္ရတာလဲ?”
“မၾကာခင္က ဂ်င္းယြမ္ ကအျပင္မထြက္ခဲ့ဘူးေလ…” ေဇာင္ယုဟြမ္ ကသူ႕အလုပ္အား အေတာ္ေလး စိုးရိမ္ေနခဲ့သည္။ ေဖ်ာ္ေျဖေရးေလာကက ေသေရး႐ွင္ေရးလို ေပါက္ကြဲတက္တာကို ဟန္ယင္ယင္ ေျပာတာကို သူမ ၾကားခဲ့ဖူးသည္။ ဒီအရာေၾကာင့္ပဲ အမ်ိဳးသမီး သ႐ုပ္ေဆာင္ေတြက ကေလး႐ွိမွာကို ေၾကာက္လန္႔ၾကၿပီး ထိုအရာေၾကာင့္ ထြက္သြားရၿပီး ေက်ာ္ၾကားမႈနဲ႔ သတင္းေတြက ေပ်ာက္ကြယ္သြားလိမ့္မည္။
လီဂ်င္းယြမ္ ကျပဳံးလိုက္သည္။ “အစ္ကိုေဝ့ ကကိုယ္ အနားယူလို႔ရတယ္လို႔ အၾကံေပးခဲ့တယ္။ ဟြမ္ဟြမ္ နဲ႔႐ွိခ်င္လို႔ အိမ္မွာပဲ ေန႐ုံပါပဲ။ ကိုယ္က အလုပ္အရမ္းမ်ားလို႔ အိမ္သိပ္မျပန္ျဖစ္ရင္ ဟြမ္ဟြမ္ ကကိုယ့္ကို ေမ့သြားမွာ စိုးရိမ္လို႔ေလ”
“ဘယ္လိုလုပ္ ေမ့မွာလဲ?” ေဇာင္ယုဟြမ္ ကသူမႏႈတ္ခမ္းကို ေစ့လိုက္သည္။
လီဂ်င္းယြမ္ က႐ိႈးပြဲနဲ႔ ပတ္သက္တာကို ဘာမွမေျပာပဲ အစ္ကိုေဝ့ ကသူ႕အား အနားယူခိုင္းတာကိုသာ ေျပာခဲ့သည္။
သို႔ေသာ္ သူဒီလိုေျပာေလ ေဇာင္ယုဟြမ္ ရဲ႕မသကၤာမႈက ပိုႀကီးထြားေလ ျဖစ္သည္။
“အဲ့႐ိႈးပြဲအေၾကာင္းကို ေျပာျပ။ clips ႐ွိလား?” ေဇာင္ယုဟြမ္ ကစိတ္ပါဝင္စားစြာျဖင့္ ေမးလိုက္သည္။
“အင္း” လီဂ်င္းယြမ္ ကဂိမ္းအား ခ်က္ခ်င္း ပိတ္လိုက္ၿပီး သူ႕ေမးလ္ထဲကို ဝင္လိုက္သည္။ တစ္ခ်ိန္လုံး သူက ေဇာင္ယုဟြမ္ ရဲ႕အျမင္အား မကြယ္ထားပဲ password အားသိသြားမွာကို မေၾကာက္ေပ။ ထိုအစား ေဇာင္ယုဟြမ္ ကသိပ္မေကာင္းဘူးလို႔ ခံစားလိုက္ရတာေၾကာင့္ သူမေခါင္းအား အလ်င္အျမန္ပင္ လွည့္လိုက္သည္။
လီဂ်င္းယြမ္ ကပ႐ိုဂရမ္အဖြဲ႕က သူ႕အားေပးပို႔ခဲ့သည့္ အရင္အပိုင္းေတြကို ေတြ႕သြားၿပီးေနာက္ ဖြင့္လိုက္သည္။
သို႔ေသာ္ ဖုန္းက ေသးေနတာေၾကာင့္ ထို႐ႈေထာင့္ကေန ၾကည့္ေနဖို႔က သူမအတြက္ ခက္ခဲသည္။
လီဂ်င္းယြမ္ ကတည္ၿငိမ္စြာျဖင့္ သူ႕လက္ကို ဆန္႔ထုတ္လိုက္ၿပီး ေဇာင္ယုဟြမ္ ရဲ႕ပုခုံးကို ဆြဲလိုက္ၿပီး သူ႕ဆီကို ဆြဲလိုက္သည္။ ေဇာင္ယုဟြမ္ ကေတာင့္တင္းသြားၿပီး အလ်င္အျမန္ပင္ လီဂ်င္းယြမ္ ရဲ႕ဖုန္းကို ယူလိုက္သည္။ “ဟြမ္ဟြမ့္ ဘာသာပဲ ၾကည့္လိုက္မယ္၊ ၿပီးမွ ျပန္ေပးမယ္”
လီဂ်င္းယြမ္ ကသူ႕လက္ကို ျပန္ယူလိုက္ၿပီး ေနာင္တရစြာျဖင့္ ဆုတ္လိုက္သည္။ သူက ႏူးညံ့စြာျဖင့္ ျပဳံးလိုက္သည္။ “အိုေက”
ေဇာင္ယုဟြမ္ ကအပိုင္းတစ္ခုအား ေကာက္ဖြင့္လိုက္သည္။ သူမအိပ္ခန္းမွ ဆိုဖာေပၚတြင္ မွီခ်လိုက္ၿပီး ႏွစ္နာရီစာ အပိုင္းတစ္ခုလုံးကို ၾကည့္ေနခဲ့သည္။
ၾကည့္ၿပီးေနာက္ ေဇာင္ယုဟြမ္ ကစိတ္သက္သာသလို ခံစားလိုက္ရသည္။
ဒါက ၿပိဳင္ပြဲ႐ိႈးျဖစ္ၿပီး ဧည့္သည္ေတြအား တစ္ေယာက္နဲ႔ တစ္ေယာက္ ပိုရင္းႏွီးေစႏိုင္သည္။ သူတို႔ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ အင္အားေတြနဲ႔ ဉာဏ္ရည္ေတြကို ေဖာ္ျပတာထက္ အုပ္စုၾကားက ဆက္သြယ္မႈကို တိုးတက္ေစဖို႔သာ ရည္႐ြယ္ထားသည္။ ေနာက္ၿပီး ပထမေနရာ ရဖို႔အတြက္ အခ်ိန္ကန္႔သတ္ခ်က္လည္း မ႐ွိေပ။ ေနာက္တန္း ယူရတာကိုပဲ သေဘာက်တယ္!
ေဇာင္ယုဟြမ္ ကဗီဒီယိုကို ပိတ္လိုက္ၿပီး ဖုန္းပိတ္ဖို႔ ျပင္လိုက္သည္။ သို႔ေသာ္ ႐ုတ္တရက္ ဖုန္းမွႏိုတီ တက္လာခဲ့သည္။
ဒါက WeChat မွျဖစ္သည္။
[ဂူေမာ့ : ဒီေန႔ အစ္ကိုလီ ကိုဘာေၾကာင့္ မေတြ႕ရတာလဲ? အစ္မယူလင္း လည္းေပ်ာက္ေနတယ္]
တုန္႔ျပန္မႈ မ႐ွိတာကို ျမင္လိုက္ၿပီး သူမက စာေတြ ထပ္ပို႔လာခဲ့သည္။
[ဂူေမာ့ : အစ္ကိုလီ ကကြၽန္မကို လ်စ္လ်ဴ႐ႈထားတယ္ QwQ]
[ဂူေမာ့ : ဟူး၊ ကြၽန္မက တကယ္ပဲ အစ္မယူလင္း ကိုေမးခ်င္တာပါ၊ ကြၽန္မအတြက္ မဟုတ္ပါဘူး။ အစ္ကိုလီ ကကြၽန္မေ႐ွ႕မွာ အရမ္းသတိထားေနဖို႔ မလိုပါဘူး]
ေဇာင္ယုဟြမ္ ကထိုစာေတြကို ဖတ္လိုက္ခ်ိန္တြင္ မထိန္းခ်ဳပ္ႏိုင္ပဲ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
အရင္က ဂူေမာ့ ကိုသူမ ၾကားဖူးခဲ့သည္။ သူမက လီဂ်င္းယြမ္ နဲ႔ကုမၸဏီအတူတူပင္။
ဂူေမာ့ ကလန္းဆန္းၿပီး ႐ိုး႐ွင္းသည့္ မိန္းကေလး အသြင္အျပင္ျဖင့္ မိန္းကေလး အုပ္စုမွ ပြဲဦးထြက္ခဲ့တာ ျဖစ္သည္။ ေဇာင္ယုဟြမ္ က ဂူေမာ့ ပို႔သည့္စာေတြကို ျမင္လိုက္ခ်ိန္တြင္ သူမက အဲ့ေလာက္ မသန္႔႐ွင္းဘူးလို႔ ခံစားလိုက္ရသည္။
သူမက လီဂ်င္းယြမ္ နဲ႔ပတ္သက္ခ်င္ေနတာ သိသာေနေပမဲ့ ဒါက အံ့ဩစရာေတာ့ မဟုတ္ေပ။
သို႔ေသာ္ ဂူယူလင္း ကိုၾကားခံအေနနဲ႔ အသုံးျပဳေနတယ္… ဂူေမာ့ ကသူမေနာက္ကြယ္တြင္ ဒီလိုေျပာတာကို ဂူယူလင္း ကသိရဲ႕လား?
*သူတို႔မ်ိဳး႐ိုးနာမည္က မတူပါဘူး
ေဇာင္ယုဟြမ္ ကဆက္ၾကည့္ရမွာ ပ်င္းတာေၾကာင့္ပဲ ဂူေမာ့ ကေနာက္စာ ထပ္ပို႔လာခ်ိန္တြင္ ဖုန္းကို ပိတ္လိုက္သည္။
[ဂူေမာ့ : ဒီေန႔ ကုမၸဏီက ‘အျမန္ႏႈန္း’ အေၾကာင္းကို ေမးခဲ့တယ္။ အစ္ကိုလီ အဲ့ဒါကို မဆုံးျဖတ္ရေသးဘူးလား?]
ေဇာင္ယုဟြမ္ ကအံ့ဩသြားၿပီး ‘ကိုယ့္ေအဂ်င္စီက ကိုယ့္အတြက္ အသစ္ေလးကို ေခၚလာဖို႔ စီစဥ္ထားခဲ့တယ္။ ဒါေပမဲ့ အနာဂတ္မွာ အဲ့လူနဲ႔ အတြဲအေနနဲ႔ တြဲ႕ခံရၿပီး အနည္းဆုံး တစ္ႏွစ္ေလာက္ လြတ္ေျမာက္ႏိုင္မွာ မဟုတ္ေတာ့ဘူး။ သူမက ကိုယ့္ေသြးေတြကို စုတ္ယူခ်င္ရင္ေတာင္ ကိုယ္ဘာမွ လုပ္ႏိုင္မွာ မဟုတ္ဘူး’ဆိုသည့္ စကားေတြကို ႐ုတ္တရက္ မွတ္မိသြားခဲ့သည္။
ကုမၸဏီက စီစဥ္ထားတဲ့သူက ဂူေမာ့ လား?
ဂူေမာ့ ကစာေတြကို ဆက္ပို႔ေနခဲ့သည္။
[ဂူေမာ့ : အစ္ကိုလီ? အစ္ကိုလီ မ႐ွိေတာ့ဘူးလား?]
[ဂူေမာ့ : ဒါဆို အစ္ကိုလီ ကုမၸဏီလာမွပဲ ေျပာၾကမယ္ေလ။ အစ္ကိုလီအတြက္ ကြၽန္မ လက္ေဆာင္ ျပင္ထားတယ္။ အစ္ကိုလီ ဖိအားေတြ မခံစားရဖို႔ ေမွ်ာ္လင့္ပါတယ္။ QwQ ဒါက ကုမၸဏီက စီစဥ္တာပါ၊ ကြၽန္မက အစ္ကိုလီ ကိုသေဘာတူဖို႔ ဖိအားမေပးပါဘူး]
ေဇာင္ယုဟြမ္ ကသူမႏႈတ္ခမ္းကို တြန္႔လိုက္ၿပီး ဖုန္းပိတ္လိုက္သည္။
သူမေခါင္းကို လွည့္လိုက္ၿပီး တံခါးနားတြင္ ဘယ္အခ်ိန္တည္းက ရပ္ေနမွန္းမသိသည့္ လီဂ်င္းယြမ္ ကိုျမင္လိုက္ရသည္။
ေဇာင္ယုဟြမ္ ကနည္းနည္း ႐ွက္သြားခဲ့သည္။ “အခုေလးတင္ တစ္ေယာက္က ဂ်င္းယြမ္ ကိုစာပို႔ခဲ့တယ္။ ဟြမ္ဟြမ္ ႏိုတီကစာကို မေတာ္တဆ ေတြ႕လိုက္တယ္”
လီဂ်င္းယြမ္ ကေလွ်ာက္လာၿပီး သူမလက္ထဲမွ ဖုန္းကို ယူလိုက္သည္။ “ရပါတယ္။ ဟြမ္ဟြမ္ မျမင္သင့္တာမ်ိဳး မ႐ွိပါဘူး”
လီဂ်င္းယြမ္ ကသူ႕ေခါင္းကို ငုံ႔လိုက္ၿပီး WeChat ကိုဖြင့္လိုက္ကာ ခ်က္ခ်င္းပင္ ဂူေမာ့ ဆီမွႏိုတီေတြကို ျမင္လိုက္ရသည္။
ဂူေမာ့ ကသူ႕ဆီ ေန႔တိုင္း စာေတြ႕ပိုခဲ့ၿပီး လီဂ်င္းယြမ္ ကေတာ့ ဆန္႔က်င္ဘက္ေတြသာ တုန္႔ျပန္ခဲ့သည္။ သူ႕အသံက အၿမဲတမ္း ေအးစက္ေနၿပီး ဘယ္တုန္းကမွ ေႏြးေထြးမႈ မ႐ွိခဲ့ေပ။ သို႔ေသာ္ ဂူေမာ့ ကေတာ့ ကြာျခားေနတာကို မေျပာႏိုင္ပဲ သူ႕ကိုသာ ဆက္ၿပီးေတာ့ စကားေတြ ေျပာေနခဲ့သည္။ ဒီေန႔ ကုမၸဏီတြင္ ပါတီပြဲ႐ွိတာေၾကာင့္ လီဂ်င္းယြမ္ က ဂူေမာ့ ရဲ႕စာေတြကို ရက္အနည္းငယ္ေလာက္ သိသိသာသာကို လ်စ္လ်ဴ႐ႈပစ္ခဲ့သည္။ ထင္တဲ့အတိုင္းပင္ ဂူေမာ့ ကထပ္မထိန္းခ်ဳပ္ပဲ ဒီေန႔တြင္ အရာအားလုံးကို ထုတ္ေျပာခဲ့သည္။
လီဂ်င္းယြမ္ ကအနည္းငယ္ ျပဳံးလိုက္သည္။
ေဇာင္ယုဟြမ္ ကသိသြားတာကို သူနားလည္သည္။
သူမက ခံစားခ်က္ေတြကို ထုတ္ျပဖို႔ ေႏွးေကြးတက္ေပမဲ့ တျခားလူေတြနဲ႔ဆို အေတာ္ေလးကို ျပတ္သားသည္။ တျခားသူေတြ ပါဝင္လာၿပီဆိုရင္ သူမက ထိုက္တန္တာျဖစ္ေစ၊ မထိုက္တန္တာ ျဖစ္ေစ တက္ႂကြစြာျဖင့္ အလ်င္အျမန္ပင္ ဆုံးျဖတ္ႏိုင္သည္။
ဂူေမာ့ ကသူမနည္းလမ္းျဖင့္ သူ႕အား ခ်ဥ္းကပ္ေနတာကို ေဇာင္ယုဟြမ္ ျမင္ႏိုင္သည္။
သို႔ေသာ္ သူမ လုပ္ခဲ့သည္ႏွင့္(႐ိႈးပြဲကို ဂူေမာ့ နဲ႔လႊတ္လိုက္ရင္လို႔ ေျပာခ်င္တာပါ) ဂူေမာ့ ကသူ႕ဆီမွာ ေမွ်ာ့လိုကပ္တြယ္ေနတာကို သူမ မျမင္ခ်င္ေပ။
လီဂ်င္းယြမ္ က ဂူေမာ့ ရဲ႕စာေတြကို မၾကည့္ပဲ သူ႕ဖုန္းကို ခ်လိုက္ကာ ေမးလိုက္သည္။ “ဒီစာေတြကို ျမင္ၿပီးေတာ့ ဟြမ္ဟြမ္ ဘယ္လိုသေဘာရလဲ?”
ေဇာင္ယုဟြမ္ ကသူမႏႈတ္ခမ္းကို ကိုက္လိုက္သည္။ “အင္း၊ အရင္ဆုံး ယာယီစာခ်ဳပ္ ခ်ဳပ္ထားရင္ေကာ? ေနာက္ၿပီး ဆက္႐ိုက္ကူးတာ၊ မကူးတာေတာ့ အေျခအေနအရပဲ ဆုံးျဖတ္ရင္ေကာ?”
လီဂ်င္းယြမ္ ကရယ္လိုက္သည္။ “အပိုင္းတိုင္းမွာ တစ္ဖြဲ႕စီ အထုတ္ခံရမွာဆိုေတာ့ ကိုယ္တို႔ရဲ႕ ႐ိုက္ကူးေရးက သိပ္မမ်ားေလာက္ဘူး”
“ဇာတ္ၫႊန္း မ႐ွိဘူးလား?”
“႐ွိတယ္၊ ဒါေပမဲ့ တခ်ိဳ႕အရာေတြက မထိန္းခ်ဳပ္ထားဘူး။ ဟြမ္ဟြမ္ ကအႏိုင္ရခ်င္ရင္ အဖြဲ႕ေတြအားလုံးထက္ ပိုၾကံ့ခိုင္ေနဖို႔လိုတယ္။ မဟုတ္ရင္ ဒါက ဘာမွစိတ္ဝင္စားဖို႔ ေကာင္းမွာ မဟုတ္ဘူး”
ေဇာင္ယုဟြမ္ ကႏႈတ္ခမ္းကို တြန္႔လိုက္သည္။
ထို႔ေနာက္ သူမၾကံ့ခိုင္ေရးအရ ပထမအပိုင္းမွတင္ ဖယ္ထုတ္ခံရမွာ ေသခ်ာသည္။
ထို႔ေၾကာင့္ ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္သည္။ “ဒါဆို အဲ့လိုပဲ လုပ္ရေအာင္”
လီဂ်င္းယြမ္ ကသူ႕မ်က္ႏွာမွ အျပဳံးအား ခ်က္ခ်င္းပင္ ဖုံးကြယ္လိုက္သည္။ “အိုေက”
ညေနပိုင္းတြင္ လန္ဂ်င္းဇီ ကယြဲ႕လန္ဗီလာကို ေရာက္လာခဲ့သည္။
လူတိုင္းက အတူတူ စားေသာက္ခဲ့ၾကသည္။ ထို႔ေနာက္ လန္ဂ်င္းဇီ ကသူတို႔ကို လိုက္ပို႔ခဲ့သည္။
ကားထဲမွ ထြက္ၿပီးေနာက္ ဟုန္ခ်န္းမင္း ကေခါင္းငုံ႔လိုက္ကာ သူ႕အက်ႌလက္က မညီတာကို ျမင္လိုက္ၿပီး ညႇိလိုက္ရင္း ေမးလိုက္သည္။ “အဲ့႐ိႈးပြဲမွာ ႐ိုက္ကူးဖို႔ ဟြမ္ဟြမ္ ကဆုံးျဖတ္လိုက္ၿပီလား?”
ေဇာင္ယုဟြမ္ ကနည္းနည္း ႐ွက္သလို ခံစားလိုက္ရသည္။ “အင္း”
ဟုန္ခ်န္းမင္း ကျပဳံးလိုက္သည္။ “အိုေက၊ ဒါဆို ႐ိုက္ကူးေရးစရင္ အဲ့ေနရာကို ကိုယ္လိုက္ပို႔ေပးမယ္”
ဟုန္ခ်န္းမင္း ရဲ႕႐ုတ္တရက္ သေဘာတူမႈေၾကာင့္ ေဇာင္ယုဟြမ္ ကသူ႕အား အေႂကြးေပးစရာ တစ္ခုခု ႐ွိလိုက္သလို ခံစားလိုက္ရၿပီး အလ်င္အျမန္ပင္ ေခါင္းညိတ္လိုက္သည္။
ဟုန္ခ်န္းမင္း ကစကားကို ဆက္ေျပာလိုက္သည္။ “မနက္ျဖန္…”
“မနက္ျဖန္ အစ္ကိုခ်န္းမင္း နဲ႔ကုမၸဏီကို လိုက္မွာပါ၊ ေနာက္ၿပီး ညစာလည္း ေကြၽးမယ္…” ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။
ဟုန္ခ်န္းမင္း ကျပဳံးလိုက္သည္။ “အိုေက”
စကားေျပာၿပီးေနာက္ ေဇာင္ယုဟြမ္ ကအနားယူဖို႔ အေပၚထပ္ကို တက္သြားခဲ့သည္။
အသက္႐ွင္ရသည့္ အက္ကြဲေၾကာင္းေတြက ပိုပိုမ်ားလာခဲ့သည္။
ေဇာင္ယုဟြမ္ ကသက္ျပင္းခ်လိုက္ၿပီး သူမေစာင္အား ေခါင္းေပၚအထိ ျခဳံလိုက္သည္။
–
‘အခ်ိန္ခရီးသြားျခင္း’ ႐ိုက္ကူးေရးက အင္တာနက္တြင္ ပ်ံ႕ႏွံ႔လာခဲ့သည္။ ထိုအရာေၾကာင့္ အရင္က ၾကည့္႐ႈသူေတြက တက္ႂကြလာခဲ့သည္။
“အားးး ငါမလုပ္ခ်င္ဘူးလို႔ အားးး! ဟြမ္ဟြမ့္ ကိုအလိုလိုက္တဲ့ အပိုင္းေတြကို ၈၀၀ ေက်ာ္အထိေတာင္ ျမင္ခ်င္တယ္လို႔!”
“ဘာ? ငါတို႔က ဟုန္ေလးကို ထပ္မျမင္ရေတာ့ဘူးလား? မဟုတ္ဘူးေလ! သူ႕ကို ေက်းဇူးျပဳၿပီး ပြဲထုတ္ေပးၾကပါ! ဟုန္ေလးရဲ႕ ခန္႔ညားတဲ့ မ်က္ႏွာေလးကို ငါျမင္ခ်င္ေသးတယ္လို႔!”
“သူ႕အတြက္ ပြဲထုတ္တာက မျဖစ္ႏိုင္ဘူး။ သူက ဒီဘဝမွာ ဘယ္ေတာ့မွ ပြဲဦးထြက္လာမွာ မဟုတ္ဘူး။ ဟုန္ေလး ကအရမ္းကို ခ်မ္းသာၿပီးသားပဲ၊ ဒါေၾကာင့္ သူမ႐ူးမိုက္ရင္ ေဖ်ာ္ေျဖေရးေလာကမွာ ပြဲဦးထြက္လာမွာ မဟုတ္ဘူး… ဟူးး၊ အခု ငါ့ဘာသာ ေျပာၿပီးေတာ့ စိတ္မေကာင္းသလို ဘာေၾကာင့္ ခံစားေနရတာလဲလို႔! ေနာက္ပိုင္းက်ရင္ ဟုန္ေလး ရဲ႕အင္တာဗ်ဴးေတြ အမ်ားႀကီး ျမင္ခ်င္မိဖို႔ပဲ ေမွ်ာ္လင့္ပါတယ္!”
“ငါ့မွာ အၾကံေကာင္း႐ွိတယ္… ဘာ႐ိႈးပြဲပဲျဖစ္ျဖစ္ ေဇာင္ယုဟြမ္ ကိုဖိတ္သမွ် ဟုန္ေလး နဲ႔ လီဂ်င္းယြမ္ ကအလိုလို ပါးလာမွာပဲမလား? ေနာက္ၿပီး ဝမ္ေယာင္ခ်န္း ေတာင္မွ ပါႏိုင္တယ္? *တိုးတိုးေျပာ*”
“အေပၚက နင္႐ူးေနလား? ဝမ္ေယာင္ခ်န္း ကေအးခဲသြားၿပီးၿပီ။ သူနဲ႔ ဟြမ္ဟြမ္ ကိုေက်းဇူးျပဳၿပီး ထပ္ၿပီးေတာ့ တြဲမေျပာပါနဲ႔ေတာ့။ ငါတို႔ရဲ႕ငန္းျဖဴေလးက လွပတယ္၊ က်က္သေရ႐ွိတယ္၊ ပညာေရးကလည္း ျမင့္မားတယ္၊ ေနာက္ၿပီး ႀကီးျမတ္တဲ့ ေနာက္ခံလည္း ႐ွိေသးတယ္။ သူမနဲ႔ ဘယ္သူမွ မထိုက္တန္ဘူး!”
–
အင္တာနက္ သုံးစြဲသူေတြက စိတ္အားထက္သန္စြာျဖင့္ ‘အခ်ိန္ခရီးသြားျခင္း’အား ဆက္တိုက္ ေဆြးေႏြးေနခဲ့ၾကသည္။ သူတို႔ေနရာတြင္ ဧည့္သည္ေတြကို အစားထိုၿပီးေနာက္ ပိုဆိုးလာခဲ့သည္။
တစ္ခ်ိန္တည္းတြင္ ‘အျမန္ႏႈန္း’ အတြက္ တရားဝင္ Weibo မွဧည့္သည္ေတြရဲ႕ ပုံေတြကို တင္လာခဲ့သည္။
သို႔ေသာ္လည္း ထိုပုံေတြက သိပ္မသဲကြဲတာေၾကာင့္ ဘယ္သူမွန္း ေသခ်ာ မေျပာႏိုင္ၾကေပ။
တကယ့္ မ႐ိုက္ကူးခင္မွာေတာ့ ဒီလိုမ်ိဳးပင္ ျဖစ္သည္။ ထိုအခ်ိန္တြင္ လီဂ်င္းယြမ္ ရဲ႕ဖန္ေတြက ေဇာင္ယုဟြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕ဖန္အနည္းငယ္နဲ႔ သူတို႔ရဲ႕ဗီဒီယို clips ကိုျပန္ျပန္ၾကည့္ကာ ၿပိဳင္ေနခဲ့ၾကသည္။
ထို႔ေနာက္ အတင္းအဖ်င္း ဖိုရမ္တြင္ ‘အခ်ိန္ခရီးသြားျခင္းမွ မိသားစု သုံးေယာက္ရဲ႕ ျပန္လည္သုံးသပ္ခ်က္’ဆိုသည့္ ပို႔စ္အ႐ွည္ႀကီးက ထြက္လာခဲ့သည္။
“ငါဒီေန႔ အရင္က အပိုင္းေတြကို ျပန္ၾကည့္ခဲ့တယ္။ ငါအေသးစိတ္ကို ေသေသခ်ာခ်ာႀကီး ေတြ႕လိုက္ရတယ္။ [ပုံ] သူတို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ ပထမဆုံး ေတြ႕ၾကတုန္းက ဟုန္ေလး နဲ႔ အစ္ကိုေလးလီ ၾကားမွာမီးေတာက္ေလး နည္းနည္း ႐ွိေနတာကို ငါျမင္ခဲ့တယ္။ ေနာက္ေတာ့ ဝမ္ေယာင္ခ်န္း ကိုျမင္လိုက္ၿပီးေတာ့ သူတို႔က တစ္ၿပိဳင္နက္ကို ဦးတည္ခ်က္ ေျပာင္းသြားၾကေကာ…”
“ငါ့ညီမေလးသာ ေဇာင္ယုဟြမ္ ဆိုရင္ေတာ့ ဘယ္ေယာက်ၤားကိုမွ ငါ့ညီမနားမွာ ကပ္ခြင့္ေပးမွာ မဟုတ္ဘူး”
“႐ိုး႐ိုးသားသား ေျပာရရင္ ယင္ခ်ီခ်ီ ကအရမ္းကို ေကာင္းတယ္။ သူမက ဆြဲေဆာင္ဖို႔ ႀကိဳးစားေပမဲ့ ေၾကာက္စရာ ေကာင္းေလာက္ေအာင္ က်႐ႈံးခဲ့ၿပီး ေတာ္ေတာ္ေလး ရယ္ရတယ္”
“…ဒီမိသားစုက နတ္ဘုရား အသြင္အျပင္ေတြပဲ။ သူတို႔က ထပ္မျမင္ရတာက မေကာင္းတာပဲ။ ေနာက္တစ္ခါ သူတို႔ သတင္းေတြကို ထပ္ျမင္ခ်င္မိတယ္။ ဟုန္ေလး မွာရည္စား႐ွိေနတာ၊ ဒါမွမဟုတ္ ဟြမ္ဟြမ္ေလး လက္ထပ္သြားမွာ အဲ့ဒါေတြကိုေတာ့ မျမင္ခ်င္ဘူး! မဟုတ္ဘူး၊ ေမေမ ကသေဘာမတူးဘူးလို႔! QwQ”
“ငါၾကည့္တာ ဒါနဲ႔ဆို သုံးခါေတာင္႐ွိၿပီ! အရမ္းမနာလိုတာပဲ။ ခ်မ္းသာတဲ့ မိသားစုရဲ႕ ေပ်ာ္႐ႊင္မႈေတြကို ငါတို႔က ပုံေတာင္ မေဖာ္ႏိုင္ဘူး…”
ပို႔စ္တြင္ ဘာဆန္႔က်င္မႈမ်ိဳးမွ မ႐ွိပဲ အမ်ားစုကေတာ့ “ဟဟဟဟဟ” “အရမ္းမနာလိုတာပဲ” “မခြဲခ်င္ေသးဘူး” နဲ႔ “အပိုင္း ၃၀၀ ေက်ာ္ရင္ေတာင္ ၾကည့္ႏိုင္တယ္” စတာေတြသာ မ်ားျပားသည္။
ေဇာင္ယုဟြမ္ ကေဖ်ာ္ေျဖေရး ေလာကထဲကို ဖိတ္ေခၚဖို႔ ရည္႐ြယ္သူေတြဆီမွ ဖုန္းေတြ လက္ခံရခဲ့သည္။
အနည္းဆုံးေတာ့ အတြင္းေရးမႉးေတာင္ သူမကို ေခၚခဲ့သည္။ “ဒ႐ိုက္တာေဇာင္ မွာအခုေတာ့ ေထာက္ပံ့တဲ့ အဖြဲ႕႐ွိေနၿပီ။ သူတို႔က ကြၽန္ေတာ္တို႔ ကုမၸဏီကို ဆက္သြယ္ခဲ့ၿပီး စီမံခန္႔ခြဲျခင္းမွာ ပါဝင္ဖို႔ဆႏၵ႐ွိလားလို႔ ေမးခဲ့ပါတယ္”
နာမည္ႀကီးေတြတြင္ ေထာက္ပံ့ေပးသည့္ ဖန္ေတြအား တရားဝင္ စီမံေပးမႈေတြ ႐ွိသည္။
ထို႔ေၾကာင့္ ဒီလိုဖုန္းေတြကို လက္ခံရတာက မထူးဆန္းေပ။
ေဇာင္ယုဟြမ္ ကဒါကို စိတ္ဝင္စားစရာလို႔ ထင္ေနတာေၾကာင့္ ေခါင္းညိတ္ကာ ေျပာလိုက္သည္။ “သူတို႔ ေငြလိုရင္ လူကိုယ္တိုင္ ေတာင္းဆိုႏိုင္တယ္”
အတြင္းေရးမႉးက ငိုရမလား၊ ရယ္ရမလား မသိေတာ့ေပ။ ဖန္ေတြကို လွ်ိဳ႕ဝွက္ျပန္ၿပီးေတာ့ ကူညီေပးတာကို သူပထမဆုံးအႀကိမ္ ၾကားဖူးျခင္းပင္။
ဖုန္းေျဖၿပီးေနာက္ ေဇာင္ယုဟြမ္ က Weibo ကိုသြားၾကည့္လိုက္သည္။ သူမအေကာင့္ကို မစစ္ခဲ့တာ အခ်ိန္ၾကာေနတာေၾကာင့္ ၾကည့္လိုက္ခ်ိန္တြင္ ထိတ္လန္႔သြားခဲ့သည္။
သူမဖန္ေတြက ၇ မီလီယမ္အထိ မ်ားျပားေနခဲ့သည္။
ဒီဖန္အေရအတြက္က ေဖ်ာ္ေျဖေရးေလာကကေတာင္ မခန္႔မွန္းႏိုင္ေပ။
ေဇာင္ယုဟြမ္ က Weibo ကိုဆြဲၾကည့္လိုက္ၿပီး သူမေနာက္ဆုံး တင္ခဲ့သည့္ လြန္ခဲ့သည့္ သုံးလက ပို႔စ္ကို ႐ွာလိုက္သည္။
သူမက Weibo တြင္ပို႔စ္တင္တာ ႐ွားသည္။ တခ်ိဳ႕႐ိႈးပြဲေတြမွာ သူမ ပါဝင္ရင္ေတာင္ တရားဝင္ ထုတ္ေျပာျခင္း မ႐ွိေပ။
ေဇာင္ယုဟြမ္ ကလြန္ခဲ့သည့္ သုံးလက ပို႔စ္ကို မႏွိပ္ခင္မွာ Weibo ထဲကို ႏွိပ္ဝင္လိုက္ၿပီး ကြန္႔မန္႔ေနရာကို ၾကည့္လိုက္သည္။
“ဟြမ္ဟြမ္ ကဘယ္အခ်ိန္မွ ပို႔စ္တင္မွာလဲ? ဟြမ္ဟြမ္ သာပို႔စ္မတင္ရင္ ဟုန္ေလး ေတာ့ပို႔စ္တင္ေပးပါ! ဟုန္ေလး မတင္ရင္ လီဂ်င္းယြမ္ ေတာ့တင္ပါ! [စိတ္ဓာတ္က်.jpg]”
“ဟြမ္ဟြမ္ ကငယ္ေသးေတာ့ မဒိတ္ပါနဲ႔ဦး။ ဟြမ္ဟြမ္ သာဒိတ္ရင္ ဟုန္ေလးနဲ႔ အစ္ကိုေလးလီ တို႔ေသေလာက္ေအာင္ ငိုၾကလိမ့္မယ္”
ထိုအရာကို ျမင္လိုက္ၿပီး ‘သူတို႔က ဘယ္လိုလုပ္ၿပီး ေသေအာင္ငိုမွာလဲ? သူတို႔က သူ႕ကို ျပႆနာ႐ွာၿပီး ေသေအာင္ပဲ ႐ိုက္သတ္ၾကလိမ့္မယ္’ လို႔ ေဇာင္ယုဟြမ္ ေတြးလိုက္မိသည္။
ေဇာင္ယုဟြမ္ ကေတြးလိုက္ၿပီး သက္ျပင္းခ်ကာ ဘာစာမွမေရးပဲ ပုံတစ္ပုံကို က်ပန္းေ႐ြးခ်ယ္လိုက္ကာ တင္လိုက္သည္။
သူမ စာေရးသင့္လား၊ ဒါမွမဟုတ္ ဒါက သူမဖန္ေတြကို စိတ္ေက်နပ္ေစလားဆိုတာ မသိေပ… ဘာပဲျဖစ္ျဖစ္ ဒါက အဆင္ေျပသင့္သည္။ Weibo မွပို႔စ္တင္သင့္တယ္မလား? ဖန္ေတြက ပိုေပ်ာ္သြားလိမ့္မလား?
ေဇာင္ယုဟြမ္ ကပို႔စ္တင္ၿပီးေနာက္ ပိတ္လိုက္သည္။
ေဇာင္ယုဟြမ္ ကသူမ Weibo တြင္ပို႔စ္မတင္ခဲ့တာ အခ်ိန္အေတာ္ၾကာေနၿပီး ‘အခ်ိန္ခရီးသြားျခင္း’ ႐ိုက္ကူးေရးမွလည္း ထြက္ခဲ့တာေၾကာင့္ သူမအေၾကာင္း ေဆြးေႏြးခ်က္ေတြက အရမ္းကို ျပင္းထန္ေနၾကသည္။ ထို႔ေနာက္ သူမက ပို႔စ္တင္လိုက္တာကို လူတိုင္းက ျမင္လိုက္ၾကသည္။
“ဟြမ္ဟြမ္ ကဘာပို႔စ္တင္ခဲ့တာလဲ?”
“ဒါက ႐ုံးခန္းလိုပဲ? ေဇာင္ ရဲ႕႐ုံခန္းလား? *လက္ေတြပြတ္သပ္* ေနာက္ဆုံးေတာ့ ခ်မ္းသာတဲ့ ဘဝထဲကို ငါျမင္ႏိုင္ၿပီလား?”
“ေနရာမွားေနတယ္။ ဘာေၾကာင့္ စားပြဲက ဟြမ္ဟြမ္ ရဲ႕ဆန္႔က်င့္ဘက္မွာ ျဖစ္ေနရတာလဲ? ဒါက ဟြမ္ဟြမ့္ ရဲ႕႐ုံးခန္း မဟုတ္ဘူးလား?”
“ေသခ်ာၾကည့္!!! စားပြဲေအာက္မွ ေျခေထာက္ေတြ ႐ွိတယ္! ေယာက်ၤားတစ္ေယာက္ရဲ႕ ေျခေထာက္ေတြပဲ!!!”
“ဒါဆို ဒီပုံရဲ႕ေနာက္ကြယ္မွာ နက္႐ိႈင္းတဲ့ အဓိပၸါယ္ေတြ ႐ွိေနတာလား? …ဒါက သူမမွာ ႐ိုမန္႔တစ္ဆန္တဲ့ ဆက္ဆံေရး ႐ွိေနၿပီဆိုတာကို လွ်ိဳ႕ဝွက္ေၾကညာလိုက္တာလား?”
“ငါေတာ့ ပုံကိုေသခ်ာ ၾကည့္လိုက္တယ္။ စားပြဲေနာက္မွာ ထိုင္ေနတဲ့လူက ေျခတံ႐ွည္တာ၊ အရမ္းကို ႐ွည္တာေနာ္။ သူက အရပ္႐ွည္ပုံပဲ၊ ခ်မ္းသာၿပီး ခန္႔ညားတဲ့ အမ်ိဳးသားပဲ။ ဝမ္ေယာင္ခ်န္း ကအဖယ္ခံရတာ အံ့ဩစရာ မ႐ွိပါဘူး…”
“အေပၚက၊ ယုတၱိမ႐ွိတာေတြ မေျပာပါနဲ႔ = =”
ကြန္႔မန္႔တြင္ေတာ့ ႐ွားေလာ့ဟုမ္းေတြ ေပၚလာခဲ့ၾကသည္။
ေဇာင္ယုဟြမ္ ရဲ႕ပုံတြင္ ဘာစာမွ မပါသလို အေသးစိတ္လည္း ပါဝင္ျခင္း မ႐ွိေပ။ ထိုအရာေၾကာင့္ လူတိုင္းက စိတ္႐ႈပ္ေထြးၾကၿပီး စိတ္ကူးယဥ္မႈကို ဆန္႔ထုတ္ၾကကာ ပုံရဲ႕ေနာက္ကြယ္က ရည္႐ြယ္ခ်က္အား ထင္ေၾကးေပးေနခဲ့ၾကသည္။
နာရီအနည္းငယ္ ၾကာၿပီးေနာက္ ေဇာင္ယုဟြမ္ ရဲ႕ပို႔စ္က ထိပ္ဆုံး႐ွာေဖြမႈကို ေရာက္သြားခဲ့သည္။
ဖရဲသီးစားသည့္ လူအုပ္စုကေတာ့ ေဇာင္ယုဟြမ္ ရဲ႕ေကာင္ေလး ျဖစ္ႏိုင္တယ္လို႔ ေျပာလာၾကသည္။
ဟုန္ခ်န္းမင္း ကအလုပ္ကို ပုံမွန္အတိုင္း သြားခဲ့ၿပီး ဆိုဖာေပၚတြင္ ဂိမ္းကစားေနသည့္ ေဇာင္ယုဟြမ္ နဲ႔အတူ အိမ္ကိုျပန္ခဲ့ၾကသည္။
ေဇာင္ယုဟြမ္ ကဒီလိုမ်ိဳး အခ်ိန္ခဏေလာက္ ေနခဲ့တာေၾကာင့္ အရင္ကလို စိတ္အေႏွာင့္အယွက္ မျဖစ္ေတာ့ေပ။
ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ရဲ႕ပို႔စ္အား ေနာက္ေန႔မွသာ ျမင္ခဲ့သည္။
ပို႔စ္ေအာက္က ခ်မ္းသာသည့္ ဒုတိယမ်ိဳးဆက္နဲ႔ ေဇာင္ယုဟြမ္ ရဲ႕အေၾကာင္းကို ေဆြးေႏြးေနၾကတာကို မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္လိုက္သည္။
သူ႕မ်က္ခုံးေတြက ပိုပိုၾကဳတ္လာခဲ့သည္။ အလ်င္အျမန္ပင္ ေဇာင္ယုဟြမ္ ရဲ႕ Weibo အတြက္ ႏိုတီကို ေျပာင္းလိုက္ၿပီး သတင္းေတြအား မျမင္ႏိုင္မႈကို ေ႐ွာင္လိုက္သည္။ (fb မွာဆို close friend လုပ္လိုက္သလို favorite လုပ္လိုက္သလိုမ်ိဳးပါ၊ ကိုယ္ေရးတာ မ႐ွင္းမွာစိုးလို႔ပါ)
ထို႔ေနာက္ ဟုန္ခ်န္းမင္း ကသူ႕စားပြဲတြင္ ခဏေလာက္ ထိုင္ေနခဲ့သည္။ ေနာက္ဆုံးေတာ့ သူ႕ဖုန္းကို ဖြင့္လိုက္ၿပီး သူ႕႐ႈေထာင့္မွ ပုံတစ္ပုံကို ထုတ္လိုက္သည္။ ေဇာင္ယုဟြမ္ လိုပင္ သူ႕ပို႔စ္တြင္ ဘာစာမွမေရးပဲ Weibo တြင္တင္လိုက္သည္။
ဟုန္ခ်န္းမင္း နဲ႔ ေဇာင္ယုဟြမ္ တို႔ရဲ႕နာမည္ႀကီးမႈက တျခားနာမည္ႀကီး သ႐ုပ္ေဆာင္ေတြနဲ႔ ယွဥ္ရင္ေတာင္ မနိမ့္ေပ။
ဟုန္ခ်န္းမင္း ရဲ႕ပို႔စ္ကလည္း ကြန္႔မန္႔ေတြ ႐ွယ္(Share)တာေတြက အလ်င္အျမန္ပင္ တိုးျမင့္လာခဲ့သည္။
“အားး ဒီေန႔က ဘယ္ေလာက္ေတာင္ အံ့ဩဖို႔ေကာင္းလိုက္သလဲ! လက္မွတ္ဝယ္ၿပီးေတာ့ SSR ကိုလွည့္လိုက္ေတာ့မယ္!”
“ဟုန္ေလးေရ၊ ငါလာၿပီ! ဟုန္ေလး ကပို႔စ္တင္ေတာ့ ဘာလို႔ ဘာစာမွ မေရးတာလဲ? QwQ”
“အေပၚက မေန႔က ေဇာင္ယုဟြမ္ ရဲ႕ပို႔စ္ကို မျမင္ခဲ့ဘူးလား? ဒါက တူညီတဲ့စတိုင္ပဲေလ။ အံ့ဩစရာကို မ႐ွိတာ၊ သူတို႔က မိသားစုေတြပဲ…”
“မင္းတို႔ေကာင္ေတြ၊ ခဏေလး… ဒါက ဟြမ္ဟြမ့္ ရဲ႕ပုံထဲက ေနရာနဲ႔ အတူတူပဲမလား? ဒါက တကယ္ေတာ့ မစၥတာဟုန္ ရဲ႕႐ုံးခန္းလား?”
“ဟြမ္ဟြမ္ ရဲ႕ပုံအေနာက္က စားပြဲမွာထိုင္ေနတဲ့သူက မစၥတာဟုန္? ေကာင္းၿပီ၊ သူက အရပ္႐ွည္တယ္၊ ခ်မ္းသာတယ္၊ ေနာက္ၿပီး ခန္႔ညားေသးတယ္…”
“အဲ့မွာ တစ္ခုခု႐ွိမယ္လို႔ မင္းတို႔ေကာင္ေတြ မထင္ၾကဘူးလား? ႐ႈေထာင့္ႏွစ္မ်ိဳးမွ လူႏွစ္ေယာက္နဲ႔ တူညီတဲ့ေနရာ။ ဒါက နည္းနည္းေလးေတာ့… ခ်ိဳၿမိန္သလိုပဲမလား? ဒါက မစၥတာဟုန္ အလုပ္လုပ္ေနခ်ိန္မွာ ေဇာင္ယုဟြမ္ ကသူ႕မ်က္ႏွာခ်င္းဆိုင္က ဆိုဖာမွာ သူ႕ကိုၾကည့္ေနတယ္လို႔ ဆိုလိုတာ မဟုတ္ဘူးလား?”
“ဒါက တကယ့္ကို နည္းနည္းခ်ိဳၿမိန္တာပဲ…”
အင္တာနက္သုံးသူေတြက ဒီလိုမ်ိဳးပင္။
သူတို႔က ျဖစ္ႏိုင္သေလာက္ကို ‘အခ်စ္’ဆိုတာကို ထုတ္ေဖာ္ျပတက္ၾကသည္။ သူတို႔က ခ်ိဳၿမိန္တာေတြ ေတြး႐ုံမကပဲ တစ္စုံတစ္ေယာက္က တစ္ခုခုကို ဖန္တီးေနတယ္လို႔ေတာင္ ေတြးေနခဲ့ၾကသည္။
သို႔ေသာ္ အျပင္ပိုင္းတြင္ တည္ၿငိမ္ၾကကာ မေႏွာင့္ယွက္ေပမဲ့ သူတို႔က အပိုအေနနဲ႔ သၾကားျဖဴးေနခဲ့ၾကသည္။ ထို႔ေနာက္ အင္တာနက္ သုံးစြဲသူေတြက အလ်င္အျမန္ပင္ သေဘာေပါက္သြားၾကသည္။ ဒီနည္းပါးတဲ့ သၾကားေလးကို သူတို႔ထိလိုက္တာနဲ႔ ဒါက သူတို႔ကို က်ယ္ေလာင္စြာ ငိုေႂကြးခ်င္လာေအာင္ ျဖစ္ေစသည္။
ဆူညံသည့္ ကြန္႔မန္႔ေနရာတြင္ တခ်ိဳ႕ကြန္႔မန္႔ေတြ ႐ွိလာၾကသည္။ “ငါ့အစ္ကိုေလးလီ ကိုထပ္ကစားဖို႔ မေခၚလာပါနဲ႔”
“လီဂ်င္းယြမ္ : (╯‵□′)╯︵┻━┻”
ဒီလိုကြန္႔မန္႔ေတြက အလ်င္အျမန္ပင္ မ်ားျပားလာခဲ့သည္။
ဘယ္လိုလုပ္ၿပီး သူတို႔က တားဆီးႏိုင္မွာလဲ?
ဟုန္ခ်န္းမင္း ကသူ႕ဖုန္းနဲ႔အတူ ကြန္ပ်ဴတာေ႐ွ႕တြင္ ထိုင္ေနခဲ့သည္။ သူက ဖိုင္တြဲေတြ၊ လက္မွတ္ထိုးရမဲ့ စာ႐ြတ္ေတြကို ၾကည့္မေနေပ။ သူက တျဖည္းျဖည္းနဲ႔ တျခားအေကာင့္ကို ေျပာင္းလိုက္ၿပီး ႐ိုက္လိုက္ကာ ‘ကြန္႔မန္႔’ ေနရာကို ႏွိပ္ဝင္လိုက္ၿပီး မလိုခ်င္သည့္ ကြန္႔မန္႔ေတြကို ေဖ်ာက္ပစ္လိုက္သည္။
‘သူတို႔က ေသြးသားမေတာ္စပ္ဘူး၊ ဒါေပမဲ့ ေဇာင္ယုဟြမ္ ကေန႔တိုင္း ဒီတစ္ေယာက္ၿပီးေတာ့ ေနာက္တစ္ေယာက္ အဲ့လိုမ်ိဳးကို ရင္းရင္းႏွီးႏွီး ေနေနတယ္။ သူမက ျပည့္တန္ဆာလား?’ လိုမ်ိဳး ကြန္႔မန္႔ေတြကို ျဖဳတ္ခ်ပစ္လိုက္သည္။
မစၥတာဟုန္ ကသူ႕အေကာင့္ေတြကို အသုံးျပဳၿပီး မေကာင္းသည့္ ကြန္႔မန္႔ေတြကို report ထုလိုက္သည္။
(အေကာင့္ေတြတဲ့ 😂😂)
ဒါက သူ႕အား ေသေလာက္ေအာင္ အလုပ္႐ႈပ္ေစသည္။
လီဂ်င္းယြမ္ ကလည္း Weibo မွပို႔စ္ကို ျမင္ခဲ့သည္။
သူ႕ဖုန္းအား မလႈပ္႐ွားပဲ စိုက္ၾကည့္ေနခဲ့သည္။
သူ႕ေဘးမွ ေဝ့က်ဲ ကထူးဆန္းတာကို ခံစားမိလိုက္ၿပီး လီဂ်င္းယြမ္ အားၾကည့္လိုက္သည္။
“မစၥတာလီ?”
လီဂ်င္းယြမ္ ကေခါင္းေမာ့လိုက္ၿပီး အေလးအနက္ကို ေျပာလိုက္သည္။ “ငါ နည္းနည္း မနာလိုျဖစ္တယ္”
ေဝ့က်ဲ ကတြန္႔ဆုတ္စြာျဖင့္ ေျဖလိုက္သည္။ “မစၥတာလီ…”
လီဂ်င္းယြမ္ ကသူ႕ေခါင္းကို ထပ္ငုံ႔လိုက္ၿပီး screenshot ႐ိုက္လိုက္သည္။
ေဝ့က်ဲ ကမထိန္းခ်ဳပ္ႏိုင္ပဲ ေမးလိုက္သည္။ “မစၥတာလီ၊ ဘာေၾကာင့္?”
“သူတို႔အားလုံးက ဟြမ္ဟြမ္ ကိုဒိတ္ေအာင္ လုပ္ေနၾကတယ္”
“အင္း? ဒါဆို…”
“ဒါေၾကာင့္ screenshot ႐ိုက္ၿပီး သိမ္းထားလိုက္မယ္”
ေဝ့က်ဲ : “…”
မင္းက ပိုၿပီးေတာ့ ၾကမ္းတမ္းေနတုန္းပဲ။
ဧၿပီ
‘အျမန္ႏႈန္း’ ကိုစတင္႐ိုက္ကူးခဲ့သည္။
ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ နဲ႔ လီဂ်င္းယြမ္ တို႔အား ေလဆိပ္ကို လိုက္ပို႔ေပးခဲ့ၿပီး ေလယာဥ္ေနာက္ကို လိုက္ခဲ့သည္။ သို႔ေသာ္လည္း သူက ခ်က္ခ်င္း ထြက္မသြားခဲ့ေပ။ သူကလည္း တျခားမတူသည့္ အခန္းဆီ ဝင္လိုက္သည္။
“စိတ္ပိုင္းဆိုင္ရာ အားနည္းတယ္လို႔ ေျပာဖို႔က ခက္ခဲတယ္”
A/N :
သူတို႔ ေက်ာင္းမွာတုန္းက အစ္ကိုေလးလီနဲ႔ ဟုန္ေလးတို႔က ဟြမ္ဟြမ္ ရဲ႕ေနာက္ကြယ္မွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ေဝဖန္ခဲ့ၾကသည္။
လီဂ်င္းယြမ္ : “ငါ့လက္ေတြက တိုတယ္လို႔ သူက ထင္တယ္။ သူက စိတ္ပိုင္းဆိုင္ရာ အားနည္းတာကို ငါခံစားမိတယ္”
ေဇာင္ယုဟြမ္ : “???”
အစ္ကိုေလးလီ ရဲ႕လွည့္စားမႈက မ်ားျပားလြန္းတယ္၊ အႀကိမ္တိုင္း အေပါက္ေဖာက္ေနေတာ့တာပဲ။
႐ိႈးပြဲရည္ၫႊန္းခ်က္ : အံ့ဩစရာၿပိဳင္ပြဲ
∆အပိုင္း႐ွည္တယ္မလား၊ ဘာပဲျဖစ္ျဖစ္ ႐ွည္တယ္ေတာ့လုပ္လိုက္ 281 ကေန 285 ထိေတာင္ ေပါင္းခ်လိုက္တာ၊ အရင္ရက္က ေနမေကာင္းခ်င္တာနဲ႔ အာ႐ုံမစိုက္ႏိုင္လို႔ အခုမွဘာသာျပန္လို႔ ၿပီးတာ က်န္းမာေရး ဂ႐ုစိုက္ၾကေနာ္ 😘😘 ∆
2.8.2021 (Mon)
………………………
[text_hash] => 7574af49
)