ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 90❇️ အတွဲဖန်တွေအားလုံး သေသွားကြပြီလား?
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 90❇️ အတွဲဖန်တွေအားလုံး သေသွားကြပြီလား?

Array
(
[text] =>

Unicode

ဟုန်ချန်းမင်း အားလုံး လုပ်ခဲ့တာတောင်မှ ဘာသတင်းခေါင်းစဉ်မှ မတက်လာသေးပေ။

သူက သတင်းထွက်ဖို့များ မလုံလောက်တာလားလို့ တွေးလိုက်မိသည်။

ဟုန်ချန်းမင်း က Weibo ရဲ့ထိပ်ဆုံး ရှာဖွေမှုအား အကြိမ် ၃၀/၄၀ လောက် refresh လုပ်ခဲ့သည်။

ဇောင်ယုဟွမ် ကသူ့မျက်နှာချင်းဆိုင် ဆိုဖာတွင် ထိုင်နေခဲ့ပြီး ခေါင်းအုံးကို ဖက်ထားကာ ဟန်ယင်ယင် နဲ့အွန်လိုင်းဂိမ်းအား ကစားနေခဲ့သည်။

ဟုန်ချန်းမင်း ကဘယ်လောက်ပဲ refresh လုပ်ပါစေ ထိပ်ဆုံးခေါင်းစဉ်နေရာက လီဂျင်းယွမ် သာအမြဲတမ်း ဖြစ်နေခဲ့သည်။

#နိုင်ငံတော်ကျေးဇူးရှင် အစ်ကိုလေး#

နှိပ်ဝင်လိုက်ပြီး အချစ်ဝန်ခံခြင်း ကွန့်မန့်ပုံစံမျိုးစုံအား မတူညီစွာ တွေ့လိုက်ရသည်။

“TvT ကျေးဇူးပြုပြီး၊ လီဂျင်းယွမ် လိုမောင်လေးမျိုးကို ဘယ်နေရာကနေ မွေးစားလို့ရနိုင်မလဲ?”

“အပေါ်က +1, ငါလည်း ကျက်သရေရှိတဲ့ မိဘမဲ့လေး လိုချင်တယ်! ငါ မိဘမဲ့ကို ငွေတွေလှူဒါန်းခဲ့ရင် လီဂျင်းယွမ် တစ်ယောက်လောက်တော့ ရနိုင်မလား?!”

“ဟွမ်ဟွမ်၊ ငါ့အစ်ကိုလေးလီ ကိုကြည့်ပါ! အစ်ကိုလေးလီ ရဲ့စိတ်သဘောထားက အရမ်းကိုကောင်းတယ်!”

“ငါတကယ်ပဲ လီဂျင်းယွမ် လိုမောင်လေးမျိုး လိုချင်မိတယ်၊ အားးး။ သူက ငယ်ရွယ်ပေမဲ့ အစ်ကိုကြီး တစ်ယောက်လိုမျိုးပဲ။ ချစ်သူကောင်လေး စွမ်းရည်က အရမ်းကို များပြားတာပဲ!”

” (〃゚3゚〃) ငါ့မောင်လေးကိုတောင် သတိရမိတယ်။ ငါတို့အိမ်မှာဆို အမြဲတမ်း ရန်ဖြစ်ကြတာ၊ ဒါပေမဲ့ အရေးကြီးလာရင် ငါ့ဘက်မှာပဲ အမြဲတမ်း ရှိပေးတယ်…”

“ဝူးး၊ နိုင်ငံတော်က မောင်လေးတစ်ယောက်ကို ပေးသနားပါ…”

ဟုန်ချန်းမင်း က “နိုင်ငံတော်ကျေးဇူးရှင် အစ်ကိုလေး”ဆိုသည့် ခေါင်းစဉ်ဖြင့် ထိပ်ဆုံးနေရာတွင် တွေ့ခဲ့ပေမဲ့ ထိုအချိန်က စိတ်မဝင်စားခဲ့ပေ။ ဒါတွေက ဘာတွေကို ပြောနေကြမှန်းလည်း သူ မသိပေ၊ သို့သော် ဒီနေ့တော့…

“နိုင်ငံတော်ကျေးဇူးရှင် အစ်ကိုလေး” ကဘာပြောတာလဲ?

ဘာကြောင့် တစ်ယောက်ယောက်က “နိုင်ငံတော်ကျေးဇူးရှင် အစ်ကိုကြီး”လို့ မအော်ရတာလဲ?

ထိုအကြောင်းကို တွေးလိုက်ပြီး ဟုန်ချန်းမင်း ကတကယ့်ကို ခံစားချက်တွေ မဖိနှိပ်နိုင်တော့ပေ။ သူ့လက်ထောက်ဆီကို ဖုန်းခေါ်လိုက်သည်။ ထို့နောက် သူ့လက်ထောက်အား ဖိုင်တစ်ဖိုင် ကမ်းပေးလိုက်သည်။

လက်ထောက်က ဖိုင်အား အလေးအနက်နဲ့ ယူလိုက်ပြီး ဒါက တခြားဌာနအား အလျင်အမြန် ပို့ဆောင်ပေးရမည့် ဖိုင်ဖြစ်နိုင်ကြောင်း တွေးလိုက်သည်။ သို့သော်လည်း သူဖွင့်လိုက်ချိန်တွင် သတင်းထောက်တွေ ဘယ်လိုဓာတ်ပုံယူတယ်၊ ရေတပ်တွေ ဘယ်လိုဝယ်တယ်၊ ထိပ်ဆုံးရှာဖွေမှုကို ဝယ်ယူမှု… စသည့်အကြောင်းတွေကိုသာ တွေ့လိုက်ရသည်။

လက်ထောက်က မစ္စတာဟုန် အားမော့ကြည့်လိုက်ပြီးနောက် သူ့နောက်မှ ဆိုဖာပေါ်ရှိ မစ္စဇောင် ကိုကြည့်လိုက်သည်။

လက်ထောက် : “…”

အာ၊ မစ္စတာဟုန် ကတကယ့်ကို ကျွမ်းကျင်တာပဲ။
လက်ထောက်က ထွက်သွားဖို့ ပြင်လိုက်ချိန်တွင် ဟုန်ချန်းမင်း ကရုတ်တရက် ပြောလိုက်သည်။ “ခဏလေး”
“ဟုတ်ကဲ့၊ မစ္စတာဟုန်?”

ဟုန်ချန်းမင်း ကအံဆွဲကို ထပ်ဖွင့်လိုက်ပြီး လက်ထောက်အတွက် စာအိတ်ကို ထုတ်ယူလိုက်သည်။

လက်ထောက်က ယူလိုက်ပေမဲ့ ချက်ချင်း မဖွင့်ရဲတာကြောင့် ပိတ်ထားသည့် စာအိတ်ဖြင့် အပြင်ကို လျှောက်သွားလိုက်သည်။

အပြင်ရောက်ချိန်တွင် သူဖွင့်လိုက်ပြီး စာအိတ်ထဲတွင် ဓာတ်ပုံအပြည့်ကို တွေ့လိုက်ရသည်။ အစပိုင်းက မစ္စတာဟုန် နဲ့မစ္စဇောင် တို့စားသောက်နေသည့် snapshot ပုံတွေဖြစ်ပြီး နောက်တော့ ကုမ္ပဏီအဆောက်အဦး အောက်ထပ်က ပုံတွေဖြစ်သည်။ ထိုပုံတွေက မစ္စတာဟုန် နဲ့မစ္စဇောင် တို့က ကုန်တိုက်တွင် ရှိနေသည့်ပုံ၊ ကုမ္ပဏီကဖေး၊ လမ်းဘေးဆိုင်တွင် ရေခဲမုန့် ဝယ်နေပုံ… မြင်ကွင်းမျိုးစုံပုံက ရှိနေသည်။

မစ္စတာဟုန် သာသူ့ကို ဓာတ်ပုံတွေ ကမ်းမပေးခဲ့ရင် လက်ထောက်က သူတို့နောက်ကိုလိုက်ပြီး စားသောက်တာအတွက် ဓာတ်ပုံရိုက်ထားတဲ့ ပုံတွေသာ ဖြစ်လိမ့်မည်လို့ ထင်ခဲ့သည်။

ဒီပုံတွေက…

လက်ထောက်က သူ့ခေါင်းကို ကုတ်လိုက်သည်၊ သူတို့က ထိပ်ဆုံးရှာဖွေမှုအတွက် ဝယ်ယူရမှာလား?

မစ္စတာဟုန် ကအရမ်းကို အံ့ဩဖို့ကောင်းတာပဲ၊ ကိုယ်ပိုင်ပုံတွေတောင် ရှိနေတယ်!

ဟုန်ချန်းမင်း ကဓာတ်ပုံတစ်ခုတည်းကိုသာ ဒုက္ခခံပြီး လုပ်ထားရုံဖြင့် ထိပ်ဆုံးကို ရောက်နိုင်တာ မဟုတ်ပေ။ လက်ထောက်က ဓာတ်ပုံကို ကြည့်လိုက်ရုံနဲ့ စိတ်ဝင်စားဖို့ ကောင်းမကောင်းကို ပြောနိုင်သည့် ကျွမ်းကျင်သူအား မေးခဲ့ပြီးနောက် နာမည်ကြီးလာအောင် လုပ်ဖို့က ငွေသိပ်မကုန်နိုင်ပေ။ လက်ထောက်က ဟုန်ချန်းမင်း အားပြောဖို့ကို အရမ်းကြောက်တာကြောင့် ကျွမ်းကျင်သူနဲ့သာ စကားဆက်ပြောနိုင်ခဲ့သည်။

ညှိနှိုင်းချက်ရလဒ်အား မစောင့်တော့ပဲ ဟုန်ချန်းမင်း က ဇောင်ယုဟွမ် အားရင်းနှီးမြှုပ်နှံမှုအား တက်ရောက်ဖို့ ခေါ်သွားခဲ့သည်။ ထိုနေရာတွင် နာမည်ကြီးတချို့က ရှိနေကြတာကြောင့် သတင်းထောက် အများအပြားလည်း ရှိနေသည်။

နာမည်ကြီးတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက သက်သက်စီဖြစ်ကြသည်။

ရင်းနှီးမြှုပ်နှံသူတွေက ရှေ့တွင်ဖြစ်ကြပြီး နာမည်ကြီးတွေက နောက်တွင်ဖြစ်ကြကာ ရင်းနှီးမြှုပ်နှံသူတွေဆီမှ အမြင်မကြည်မှု ရရှိမှုကို ကြောက်ကြသည်။ အခုခေတ်တွင် သူတို့အတွက် နေရာကောင်းကို ရရှိဖို့က ခက်ခဲသည်။

ထိပ်ဆုံးအလယ်တွင် အရပ်ရှည်ပြီး ခန့်ညားသည့် ဟုန်ချန်းမင်း ကဘေးဘက်တွင် သေးသွယ်ပြီး လှပသည့် ဇောင်ယုဟွမ် နဲ့ထိုင်နေခဲ့သည်။ သူတို့ရဲ့ အသွင်အပြင်က လုံးဝကိုမြင့်မားနေတာကြောင့် ဘယ်လိုထုတ်ဖော်ရမှန်းတောင် မသိကြပေ။

နောက်ပြီး သူတို့က ထိပ်ဆုံးရှာဖွေမှုတွင် ရှိကြသည်။

ဟင်းလျာကြောင့် မဟုတ်သလို ရင်းနှီးမြှုပ်နှံမှုတွင် ပါဝင်ချင်တာကြောင့်လည်း မဟုတ်ပေ။ ရိုးရှင်းစွာပင် ဓာတ်ပုံသမား သက်လတ်ပိုင်း လူတွေနဲ့ သာမာန်လူတွေက သူတို့ကင်မရာကို မပိတ်နိုင်ခဲ့ပေ။

စင်ပေါ်တွင် ဗီဒီယိုတင်ပြချက် ရောက်လာချိန်တွင် ကင်မရာသမားတွေက ပရိသတ်ရဲ့ ရိုက်ချက်ထက် ၁၀ ပုံစာတွင် ၉ ပုံစာလောက် ရိုက်နိုင်ခဲ့ကြသည်။

ထို့နောက်တော့ #ရင်းနှီးမြှုပ်နှံမှု တင်ပြချက်မှ မတော်တဆမြင်ကွင်း# ဆိုပြီး ဖြစ်လာခဲ့သည်။

“ငါသေပြီ။ ရင်းနှီးမြှုပ်နှံမှု တင်ပြချက်မှာ Sugar daddy ကြီးက ရေပန်းစားမှုကို ခိုးယူသွားတာကို ငါမြင်ဖူးတာ ပထမဆုံး အကြိမ်ပဲ”

“လီဂျင်းယွမ် အဲ့မှာ မရှိဘူးလား?”

“အစ်ကိုလေးလီ: ငါအဲ့မှာမရှိလို့ အရမ်းကိုစိတ်ဆိုးတယ်။ QwQ”

“ငါတကယ်ပဲ ဟုန်လေး နဲ့လက်ထပ်ချင်တယ်”

ဟုန်ချန်းမင်း ကထိုနေရာရောက်ချိန်တွင် ကြည့်နေတာကို ရပ်လိုက်သည်။ သူအရမ်းကို စိတ်ပျက်မိသည်။ သူတို့ရဲ့ အသွင်အပြင်ကို စူးစမ်းနေတာထက် သူနဲ့ ဇောင်ယုဟွမ် အကြောင်းကို ဆွေးနွေးတဲ့ တစ်ယောက်တောင်မှ မမြင်ရပေ။

ဟုန်ဇောင် အတွဲဖန်တွေ အားလုံးက သေသွားကြပြီလား?

လီဂျင်းယွမ် ကလည်း ထိပ်ဆုံးရှာဖွေမှုအား ကြည့်နေခဲ့သည်။ သူက လေယာဉ်မှ ဆင်းလိုက်ချိန်တွင် ဖုန်းအား ချက်ချင်း ဖွင့်လိုကသ်ည်။ သူ့ဘေးမှ ဝေ့ကျဲ ကမေးလိုက်သည်။ “အလျင်လိုနေတာ ရှိလို့လား? မင်းထိုင်ပြီးမှ ကြည့်လို့ရပါတယ်။ မစ္စဇောင် ကမင်းကို ဖုန်းခေါ်ခဲ့လို့လား?”

လီဂျင်းယွမ် ကခေါင်းခါလိုက်သည်။ ကွန့်မန့်နေရာအား လိုက်ကြည့်လိုက်ပြီးနောက် သူ စိတ်သက်သာသွားခဲ့သည်။

Webio မှ”လီဂျင်းယွမ် ဇောင်ယုဟွမ်” ဆိုသည့်စာလုံးထဲ သူဝင်လိုက်ချိန်တွင် “မောင်နှမတွေရဲ့ နက်ရှိုင်းသည့်အချစ်” “ကျော်ကြားသည့် အစ်ကိုလေး လီဂျင်းယွမ်” နဲ့ “နိုင်ငံတော်ကျေးဇူးရှင်အစ်ကိုလေး” ဆိုတာတွေကိုသာ တွေ့လိုက်ရသည်။

လီဂျင်းယွမ် ရဲ့အမူအရာက ချက်ချင်းပင် နည်းနည်း ပြောင်းသွားခဲ့သည်။

သူက လှည့်လိုက်ပြီး ဝေ့ကျဲ အားမေးလိုက်သည်။ “ဒါကဘာလဲ?”

ဝေ့ကျဲ ကစိတ်ရှုပ်သွားခဲ့သည်။ “ဘာလဲ? ‘ဒါကဘာလဲ?’ဆိုတာ ဘာကိုပြောတာလဲ?”

“အရင်တုန်းက Webio မှာ ယွမ်ဟွမ် အတွဲဖန်တွေ အများကြီး ရှိခဲ့တယ် မဟုတ်ဘူးလား?” လီဂျင်းယွမ် ကပုံမှန်အမူအရာဖြင့် မေးလိုက်သည်။

ဝေ့ကျဲ ကပြုံးလိုက်သည်။ “အို၊ အဲ့ဒါ။ မင်းဖန်တွေ အကုန်လုံးက သန့်စင်နေတာကြောင့်ပဲ”

လီဂျင်းယွမ် : “…”

လီဂျင်းယွမ် ကဖျောဖြေရေး လောကထဲရောက်နေတာ အခုဆိုရင် အချိန်တစ်ခုစာလောက် ရှိနေပြီဖြစ်တာကြောင့် အကုန်လုံးသန့်စင်တာက ဘာကိုပြောမှန်း သူနားလည်သည်။ တစ်စုံတစ်ယောက်ရဲ့ နာမည်က Webio ရှာဖွေမှုမှာ ဝင်ရောက်လာချိန်တွင် ထိုနေရာတွင် အလိုလျောက်ကို ထိုလူနဲ့ပတ်သက်သည့် အကြောင်းအရာတွေ ပေါ်လာတက်သည်။

ဥပမာ “လီဂျင်းယွမ် ကမိဘမဲ့” နဲ့ “လီဂျင်းယွမ် ရဲ့အယ်လ်ဘမ်အသစ်”

တချို့အရာတွေက အန်တီဖန်တွေရဲ့ ရေတပ်ကနေ နာမည်ကြီးတွေရဲ့ မကောင်းသည့် နောက်ခံတွေအား ဆွဲထုတ်တဲ့အရာတွေ ဖြစ်ကြသည်။

သို့သော် သူနဲ့ ဇောင်ယုဟွမ် တို့ရဲ့အကြောင်း မကောင်းတဲ့နောက်ခံ တစ်ခုလုံးက ဘယ်လိုဖြစ်သွားရတာလဲ?

လီဂျင်းယွမ် ကဖုန်းအား ထပ်ကြည့်လိုက်သည်။

သူ့ထိပ်ဆုံးရှာဖွေမှုက အရမ်းကြီးကို သန့်စင်ရှင်းလင်းပြီး လန်းဆန်းနေသည်။

လီဂျင်းယွမ် : “…”

ဘာမှမဟုတ်တာအတွက် အဲ့လိုမျိုး လုပ်ဖို့မလိုပါဘူး။

“မစ္စတာလီ? မစ္စတာလီ?” ဝေ့ကျဲ ကသူ့အား စိုးရိမ်စွာ ကြည့်လိုက်သည်။ “ဘာဖြစ်လို့လဲ?”

လက်ထောက်က ပြုံးလိုက်သည်။ “အစ်ကိုလီ ရဲ့ဖန်တွေမှာ တိုက်ခိုက်စွမ်းရည်တွေ အများကြီး ရှိကြတယ်။ အရင်က အကြိမ်ပေါင်းများစွာ သူ့ကို ဖျက်ဆီးပစ်ပြီး ကျော်ကြားမှုကို ဖြုတ်ချချင်တဲ့ လူတွေရှိကြပေမဲ့ သူတို့အားလုံးက အရှုံးပေးခဲ့ရတယ်။ အခုတော့ အားကောင်းတဲ့ နောက်ခံအဖွဲ့တောင် ဖြစ်နေပြီ။ အစ်ကိုလီ ကထိပ်ဆုံးမှာ ဖြစ်သင့်တာ မဟုတ်ဘူးလား?”

လီဂျင်းယွမ် ကဘာမှမပြောနိုင်တော့ပေ။

ခဏကြာပြီးနောက် သူ့အကြည့်ကို ပြောင်းလိုက်ပြီး အသံတိုးလေးနဲ့ မေးလိုက်သည်။ “ငါက အတွဲရှိလို့ မရနိုင်ဘူးလား?”

ဝေ့ကျဲ ကနှလုံးခုန်သွားခဲ့သည်။ “ရပါတယ်၊ ဒါပေမဲ့ မင်းရဲ့လက်ရှိ အခြေအနေနဲ့ဆိုရင် အဲ့လိုလုပ်ဖို့ မလိုအပ်ဘူး။ မင်းလုပ်ရင် တခြားလူတွေက ပိုနာမည်ကြီးသွားရုံသာ ဖြစ်သွားလိမ်မယ်။ မင်း တစ်စုံတစ်ယောက်နဲ့ တွဲလိုက်ရင်တောင် မစ္စဇောင် နဲ့တော့ မဖြစ်သင့်ဘူး…”

လီဂျင်းယွမ် ကသူ့ဘက်ကို လှည့်လိုက်သည်။ “ဒါဆို ဘယ်သူနဲ့လဲ?”

လီဂျင်းယွမ် ရဲ့အသံက နွေးထွေးနေပေမဲ့ ဝေ့ကျဲ ကသူ့အကြည့်နဲ့ ဆုံလိုက်ချိန်တွင် စကားတစ်လုံးတောင် မပြောနိုင်တော့သလို လည်ချောင်းဝတွင် တစ်ခုခု တစ်ဆို့သွားသလို ခံစားလိုက်ရသည်။

လီဂျင်းယွမ် ကအလျင်အမြန်ပင် ရယ်လိုက်သည်။ “အို၊ ငါက စ,တာပါ”

ဝေ့ကျဲ ကသူနဲ့အတူ ရယ်လိုက်သည်။

သို့သော် သူ့နှလုံးသားကတော့ မြူဆိုင်းနေသည်။

ဝေ့ကျဲ ကအရူးမဟုတ်သလို ထိုစကားထဲတွင်လည်း များစွာသော အရိပ်အမြွတ်တွေ ပါဝင်ကြသည်။ ပထမဆုံး ‘အချိန်ခရီးသွားခြင်း’ ပြီးနောက်တွင် အင်တာဗျူး၊ လီဂျင်းယွမ် ကသူနဲ့ ဇောင်ယုဟွမ် တို့ကြားက ဆက်ဆံရေးကို ဘယ်တုန်းကမှ ကာကွယ်ထားခြင်း မရှိပဲ ဇောင်ယုဟွမ် နဲ့မောင်နှမလိုသာ ပြောခဲ့သည်။

သူတို့ကြားက အတားအဆီးက ဝေဝါးနေတာကို သူသိခဲ့သည်။

ဝေ့ကျဲ ရဲ့နှလုံးသားက ခုန်သွားခဲ့သည်။

ငါမတွေးသင့်တာကို တွေးလိုက်မိတာ မလား?

ဒါက… ဒါဆိုရင် လီဂျင်းယွမ် ကရူးနေတာလား?

ဒါက ကြီးမားတဲ့ စွန်းထင်းမှုပဲ!

ရေဒီယို၊ ဇာတ်လမ်းနဲ့ TV အကြံပေးသူတွေက လုံးဝကို သဘောတူမှာ မဟုတ်ဘူး!

ရိုက်ကူးပြီးနောက် ပြိုင်ပွဲရှိုးအတွက် သူတို့နဲ့ ညှိနှိုင်းစာချုပ်ချုပ်ဆိုဖို့ တစ်စုံတစ်ယောက်က စာချုပ်ပို့လာခဲ့သည်။

ထိုလူက ပြုံးကာပြောလိုက်သည်။ “မစ္စဇောင် က လီဂျင်းယွမ် ရဲ့အစ်မပဲ။ ငါတို့အတွက် သူမနဲ့ စကားပြောဖို့က တကယ်ပဲ ခက်ခဲလို့ မစ္စဇောင် သာပါဝင်ဖို့ ဆန္ဒရှိလားဆိုတာ လီဂျင်းယွမ် ကိုမေးကြည့်ဖို့ တောင်းဆိုရမှာပဲ….” ထိုလူက သူ့လက်တွေကို အတူတူ ပွတ်သပ်လိုက်ကာ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ “သူမက ‘အချိန်ခရီးသွားခြင်း’ ရိုက်ကူးတာကို ရပ်ခဲ့ပေမဲ့ နာမည်ကြီးတာက မရပ်တန့်ခဲ့ဘူး။ ဖန်တွေကလည်း ဆက်မရိုက်ကြလို့ မပျော်ကြဘူး။ သူမသာ အဲ့မှာပေါ်လာခဲ့ရင် လူတိုင်းအတွက် ပျော်ရွှင်သွားစေလိမ့်မယ်”

လီဂျင်းယွမ် ကအကြည့်အောက် စိုက်လိုက်သည်။ “အိုကေ”

ထို့နောက်တွင် လီဂျင်းယွမ် ကရက်အနည်းငယ်တွင် သူ့ကျော်ကြားမှုအား တိုးမြင့်စေရန်အတွက် အလုပ်များခဲ့သည်။

သူ့ဖန်အရေအတွက်က ၁၅ မီလီယမ် အမှတ်ကို အလျင်အမြန် ချိုးဖျက်သွားခဲ့ပြီး သူ့အတွက် ငြိမ်းချမ်းရေး သင်္ကေတ သံလွင်ခတ်ကို ရောက်ခဲ့ပြီး သူတို့ထုတ်ကုန်တွင် ကြော်ငြာပေးရန် ဖိတ်ခေါ်ခဲ့ကြသည်။

လီဂျင်းယွမ် ရဲ့အယ်လ်ဘမ်ကလည်း ထွက်လာခဲ့သည်။

သူ့အသွင်အပြင်က တိတ်ဆိတ်စွာ လုပ်ဆောင်တက်သူ၊ ဂိမ်းကစားသူလို တခြားနာမည်ကြီးတွေနဲ့ မတူပေ။ သူက Webio နဲ့အတင်းအဖျင်းကိုသာ ကြည့်နိုင်သည်။ ပထမဆုံး သူ့အကြောင်းနဲ့ ပတ်သက်တာကို ကြည့်ချင်တယ်လို့ ဝေ့ကျဲ ကထင်လိုက်ပေမဲ့ နောက်ပိုင်းတွင်တော့ လီဂျင်းယွမ် ကသူနဲ့ ဇောင်ယုဟွမ် တို့အကြောင်းကိုသာ မြင်ချင်ကြောင်း သိခဲ့ရသည်။

ဝေ့ကျဲ ကသူနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တည်းက သူက မမှီခိုတက်ပြီး ဉာဏ်ကောင်းသည့် လူမျိုးဖြစ်သည်။ သူနဲ့ပတ်သက်ပြီး အေးဂျင့်ကောင်းလည်း မလိုအပ်ခဲ့ပေ။

ဒါက တခြားတစ်ယောက်သာ ဆိုရင် ဝေ့ကျဲ ကပျော်ရွှင်မိလိမ့်မည်။ သို့သော် ဒါက လီဂျင်းယွမ် ဖြစ်တာကြောင့် ဝေ့ကျဲ နည်းနည်းတော့ စိုးရိမ်မိသည်။

“မစ္စတာလီ၊ ငါတို့မှာ နာမည်ကြီးမှုနဲ့ ငွေကြေးက လုံလောက်နေပါပြီ။ အားလပ်ချိန်မှာ မင်းအနားယူနိုင်ပါတယ်။ မင်းလုပ်ချင်တာ တစ်ခုခုရှိရင် စိတ်အေးသက်သာစွာ လုပ်နိုင်ပါတယ်”

“ငါကြိုက်တာ တစ်ခုခု…” လီဂျင်းယွမ် ကပြုံးလိုက်သည်။ “ရှက်စရာပဲ၊ အဲ့လို ငါမလုပ်နိုင်သေးဘူး။ နောက်ပြီး ငါ့မှာ ဘယ်လိုငွေလုံလောက်တာလဲ? ငါက ဟုန်ချန်းမင်း အနောက်မှာ အဝေးကြီး ကျန်နေတုန်းပဲ”

“… ဘာကြောင့် မင်းက မစ္စတာဟုန် နဲ့အမြဲတမ်း နှိုင်းယှဉ်နေရတာလဲ?” ဝေ့ကျဲ ကအံ့ဩသွားခဲ့သည်။

လီဂျင်းယွမ် ရဲ့မျက်နှာမှ အပြုံးက နက်ရှိုင်းသွားခဲ့သည်။ တိရစ္ဆာန်တွေက မိတ်ဖက်ကို ရှာဖွေကြချိန်မှာ သူတို့က သူတို့ရဲ့ အကောင်းဆုံး အခြမ်းကိုပဲ ထုတ်ပြတက်ကြတယ်။ ဒေါင်းတွေက သူတို့အမြှီးကို ဖွင့်ပြတယ်၊ ခြင်္သေ့က တိုက်ခိုက်တာ။ မင်း ဘာထင်လဲ?”

ငါဘာထင်လဲ?

ဝေ့ကျဲ ကထိုနေရာတွင်သာ အေးခဲသွားပြီး သူ့ဦးနှောက်က အသံတွေ မြည်လာခဲ့သည်။ သူဘယ်လို တုန့်ပြန်နိုင်မလဲ?

သူလည်း တုန့်ပြန်ရမှာ ကြောက်နေတယ်။

သူသာ တုန့်ပြန်လိုက်ရင်း သူ့စိတ်ထဲမှာ ခန့်မှန်းမိထားတဲ့ အရာတွေ အတည်ဖြစ်သွားမှာကို ကြောက်မိတယ်။

ဝေ့ကျဲ ကထူးဆန်းစွာဖြင့်သာ ပြုံးပြလိုက်သည်။

ထိုအစား လက်ထောက်က နှောင့်ယှက်လိုက်သည်။ “အစ်ကိုလီ ကတစ်စုံတစ်ယောက်ကို သဘောကျနေတာလား? မစ္စတာဟုန် ကောသဘောကျနေတာလား?”

လီဂျင်းယွမ် ရဲ့မျက်နှာမှ အပြုံးက ပျောက်ပျက်သွားခဲ့သည်။ “အင်း”

လက်ထောက်ရဲ့ မျက်လုံးက အရောင်လက်သွားပေမဲ့ ဘာမှမပြောပေ။

သို့သော် ထိုညတွင် လီဂျင်းယွမ် ကဗီလာကို ပြန်လာခဲ့ပြီး ဇောင်ယုဟွမ် အားစပရိုက်လုပ်ဖို့ ရည်ရွယ်ထားခဲ့ပြီး WeChat တွင်သူစိမ်းတွေဆီမှ သူငယ်ချင်း မိတ်ဖွဲ့မှုများကို လက်ခံရခဲ့သည်။

သူတို့အားလုံးတွင် နာမည်ပြောင်တွေ ရှိကြသည်။ သူတို့ပုံအား ဝင်ကြည့်လိုက်ပြီး သူတို့အားလုံးက နာမည်ကြီး အမျိုးသမီး သရုပ်ဆောင်တွေ ဖြစ်နေကြသည်။ သို့သော်လည်း လီဂျင်းယွမ် ကသူတို့နဲ့ ဆက်သွယ်မှု နည်းနည်းတောင် မရှိပေ။ အများစုက သူက သူတို့နဲ့တွေ့ဆုံပြီး ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်ရုံသာ ရှိသည်။

ဖျော်ဖြေရေးလောကမှ ဆက်ဆံရေး အတွက်ကြောင့်သာ သူတို့နဲ့ စကားပြောခဲ့တာ ဖြစ်သည်။ လီဂျင်းယွမ် ကဒီမိတ်ဖွဲ့မှုက ထူးဆန်းတယ်လို့ ခံစားလိုက်ရပေမဲ့ ယဉ်ကျေးစွာဖြင့်သာ သူတို့အားလုံးကို လက်ခံလိုက်သည်။

လက်ခံပြီးနောက် တစ်ဖက်က စာပို့တာ မပို့တာကို ဂရုမစိုက်တော့ပဲ ဖုန်းပိတ်လိုက်ပြီး ဗီလာထဲကို ဝင်လိုက်သည်။

“သခင်မလေးက ဘယ်မှာလဲ?” သူက အိမ်ဖော်အား မေးလိုက်သည်။

“သခင်မလေးက အိပ်ခန်းထဲ ဝင်သွားပါပြီ”

လီဂျင်းယွမ် ကသူ့ကော်လာကို ပြင်လိုက်ပြီး အပေါ်ထပ်ကို ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။ ဇောင်ယုဟွမ် အိပ်ခန်းတံခါးရှေ့ကို ရောက်ချိန်တွင် ချက်ချင်းပင် ဟုန်ချန်းမင်း အားမြင်လိုက်ရသည်။

သူတို့ကြားတွင် ထူးဆန်းမှုက အမြဲတမ်းရှိတာကြောင့် သူတို့တစ်ယောက်နဲ့ တစ်ယောက် တွေ့လိုက်ချိန်တွင် အေးစက်စွာသာ ကြည့်လိုက်ကြသည်။ သူတို့တွင် တူညီသည့် အတွေးတွေ ရှိနေတာကို တွေးလိုက်မိချိန်တွင် သူတို့ဒေါသကို ပြန်ထိန်းချုပ်လိုက်သည်။

“မင်းက အရမ်းကို စိတ်မရှည်တက်တာပဲ” ဟုန်ချန်းမင်း ကအေးစက်စွာ ပြောလိုက်သည်။

“အဲ့လိုအရာရှေ့မှာ မင်းကော စိတ်ရှည်နိုင်လို့လား?” လီဂျင်းယွမ် ကပြန်ပြောလိုက်သည်။

“အရာ”ဆိုတာက ဝမ်ယောင်ချန်း ကိုပြောခြင်း ဖြစ်သည်။

ကောင်းမွန်စွာ ဝတ်စားထားသည့် ဟုန်ချန်းမင်း ကတည်ငြိမ်နေသည်။ “အရမ်းအမြန်ကြီး မပေါက်ကွဲစေနဲ့”

“အရင်ဆုံး ပေါက်ကွဲမိမှာက ဘယ်သူဆိုတာ ပြောဖို့ခက်တယ်”

သူက သေဆုံးခြင်း မျည်းကြောင်းတွင် လှည့်ပတ်သွားတာက တော်ပေမဲ့ ဟုန်ချန်းမင်း ကတော့ မထိန်းချုပ်နိုင်ပဲ အရာအားလုံး လျှံထွက်ကုန်လိမ့်မည်။

ဟုန်ချန်းမင်း ကမတုန့်ပြန်ပဲ အရင်ဆုံး ထွက်သွားခဲ့သည်။ သို့သော် သူသတိလက်လွတ်ဖြင့် တွေးလိုက်မိသည်။

သူသာ… အရာအားလုံးကို ပေါက်ကွဲမိသွားရင်… အရာအားလုံးကို မဖုံးကွယ်နိုင်ပဲ ဇောင်ယုဟွမ် သိသွားပြီး တိုက်ရိုက်ကြီး ငြင်းပယ်လိုက်ရင်…

သူဘာလုပ်သင့်လဲ?

ဟုန်ချန်းမင်း ရဲ့မျက်လုံးအရောင်က ပြောင်းလဲသွားခဲ့သည်။

အလင်းမှ အမှောင်သို့

ဒါဆို… သူမကို အနားမှာဆက်ထားဖို့ အရာအားလုံးကို သူအသုံးချရလိမ့်မယ်။

ထိုအတွေးတွေကို လိုက်တွေးရင်း အစောဆုံး လုံးဝပေါက်ကွဲလိုက်တဲ့ အရာအားလုံးမှ မျှော်လင့်ချက် နည်းနည်းက ဟုန်ချန်းမင်း ထံတွင် ရှိနေသည်။

ထင်တဲ့အတိုင်း သူက လူကောင်းမဟုတ်ပေ။

ဟုန်ချန်းမင်း ကသူ့ဘာသာ ရယ်မောလိုက်သည်။

ဇောင်ယုဟွမ် အားရှိုးပွဲသွားဖို့ကို လီဂျင်းယွမ် ကမေးခဲ့သည်။

“ဟွမ်ဟွမ် နဲ့ဂျင်းယွမ် ကအဲ့မှာ အတူတူလား?” ဇောင်ယုဟွမ် ကအံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

လီဂျင်းယွမ် ကခေါင်းညိတ်လိုက်သည်။ “ငွေပေးတာကလည်း မဆိုးဘူး”

ဇောင်ယုဟွမ် ကခေါင်းခါလိုက်သည်။ “ဟွမ်ဟွမ် ကငွေမလိုဘူး”

လီဂျင်းယွမ် ရဲ့လက်က ရပ်သွားခဲ့သည်။

မှန်တယ်။

အဲ့ဒါကသာ ပြဿနာပဲ။ သူမကို ဘယ်လိုကျေနပ်စေလဲဆိုတာ သူဘယ်တုန်းကမှ မသိခဲ့ပေ။ တခြားလူတွေ မရှိနိုင်တဲ့ အရာအားလုံးကို သူမက ပိုင်ဆိုင်ပြီးသားပင်။ စိတ်ကျေနပ်ဖို့နဲ့ ထိုအရာကနေ ဘယ်လိုပျော်ရွှင်ရမလဲဆိုတာ သူမက နားလည်သည်။

သို့သော် သူ့ကိုယ်ပိုင် ပျော်ရွှင်မှုကတော့ သူမသာဖြစ်သည်။

လီဂျင်းယွမ် ကအကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။ “ဟွမ်ဟွမ် က ဟုန်ချန်းမင်း ရဲ့ကုမ္ပဏီကို နေ့တိုင်းသွားနိုင်ပေမဲ့ ကိုယ်ကျတော့ ရှိုးပွဲကို တစ်ယောက်တည်း သွားစေချင်တာလား?”

ဇောင်ယုဟွမ် ကခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “ဒါက မတူဘူးလေ။ ဂျင်းယွမ် တကယ်ပဲ လိုချင်တာဆိုရင် နောက်ကျ ဂျင်းယွမ် လူထုကြား ရှိချင်တာဆိုရင် ဟွမ်ဟွမ် က ဂျင်းယွမ် ကိုလည်းဖိတ်မယ်”

လီဂျင်းယွမ် ကစိတ်ဓာတ်ကျသည့် အမူအရာဖြင့် သူ့နှုတ်ခမ်းအား စေ့လိုက်သည်။ “ကိုယ် ဟွမ်ဟွမ့် ကိုပြဿနာ မပေးချင်ပေမဲ့ ဒီရှိုးပွဲက နှစ်ယောက်တစ်တွဲ အနေနဲ့… ကိုယ့်အေဂျင်စီကတော့ ကိုယ့်အတွက် အသစ်လေးကို ခေါ်လာဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ အနာဂတ်မှာ အဲ့လူနဲ့ အတွဲအနေနဲ့ တွဲခံရပြီး အနည်းဆုံး တစ်နှစ်လောက် ကိုယ် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်သွေးတွေကို သူမက သောက်ချင်တယ် ဆိုရင်တောင်မှ ကိုယ်က ဘာမှမလုပ်နိုင်ပဲ သူမကို သောက်ခွင့်ပေးရမှာ”

“ပါဝင်တဲ့လူတွေက ဒိတ်နေတာ၊ လက်ထပ်ပြီးသားတွေ၊ ဒါမှမဟုတ် မိသားစုတွေ။ အခုတော့ ဟွမ်ဟွမ် ထက်တခြားသူ ဘယ်သူ့ကို ကိုယ်တောင်းဆိုရမှန်း မသိဘူး”

ဇာတ်လိုက်ရဲ့ စိတ်ဓာတ်ကျပုံကို မြင်လိုက်ချိန်မှာ ဘယ်သူက ငြင်းပယ်နိုင်တော့မှာလဲ?

ဇောင်ယုဟွမ် ကနှုတ်ခမ်းကို ကိုက်လိုက်ပြီး ပြောလိုက်သည်။ “… ဟုန်ချန်းမင်း ကိုမေးကြည့်လိုရတယ်!”

လီဂျင်းယွမ် : “…”

A/N :

လီဂျင်းယွမ် : ???

အစ်ကိုလေးလီ ရဲ့လှည့်စားမှုတွေက အဆုံးမဲ့ပဲ။

∆Novel update မှာက အပိုင်း 280 ရှိနေပြီ၊ ကိုယ်တင်တာလည်း အဲ့အထိပါပဲနော်၊ ကိုယ်က ပေါင်းပေါင်းပြီး တင်ပေးလို့ အပိုင်း 90 ပဲရှိသေးတာ၊ ဒီ fic လေးကိုလည်း ပစ်မထားပါဘူးလို့၊ မေ့ကော မေ့နေကြပြီလား 😁 love u all ♡(> ਊ <)♡∆

21.7.2021 (Wed)
……………………….

Zawgyi

ဟုန္ခ်န္းမင္း အားလုံး လုပ္ခဲ့တာေတာင္မွ ဘာသတင္းေခါင္းစဥ္မွ မတက္လာေသးေပ။

သူက သတင္းထြက္ဖို႔မ်ား မလုံေလာက္တာလားလို႔ ေတြးလိုက္မိသည္။

ဟုန္ခ်န္းမင္း က Weibo ရဲ႕ထိပ္ဆုံး ႐ွာေဖြမႈအား အႀကိမ္ ၃၀/၄၀ ေလာက္ refresh လုပ္ခဲ့သည္။

ေဇာင္ယုဟြမ္ ကသူ႕မ်က္ႏွာခ်င္းဆိုင္ ဆိုဖာတြင္ ထိုင္ေနခဲ့ၿပီး ေခါင္းအုံးကို ဖက္ထားကာ ဟန္ယင္ယင္ နဲ႔အြန္လိုင္းဂိမ္းအား ကစားေနခဲ့သည္။

ဟုန္ခ်န္းမင္း ကဘယ္ေလာက္ပဲ refresh လုပ္ပါေစ ထိပ္ဆုံးေခါင္းစဥ္ေနရာက လီဂ်င္းယြမ္ သာအၿမဲတမ္း ျဖစ္ေနခဲ့သည္။

#ႏိုင္ငံေတာ္ေက်းဇူး႐ွင္ အစ္ကိုေလး#

ႏွိပ္ဝင္လိုက္ၿပီး အခ်စ္ဝန္ခံျခင္း ကြန္႔မန္႔ပုံစံမ်ိဳးစုံအား မတူညီစြာ ေတြ႕လိုက္ရသည္။

“TvT ေက်းဇူးျပဳၿပီး၊ လီဂ်င္းယြမ္ လိုေမာင္ေလးမ်ိဳးကို ဘယ္ေနရာကေန ေမြးစားလို႔ရႏိုင္မလဲ?”

“အေပၚက +1, ငါလည္း က်က္သေရ႐ွိတဲ့ မိဘမဲ့ေလး လိုခ်င္တယ္! ငါ မိဘမဲ့ကို ေငြေတြလႉဒါန္းခဲ့ရင္ လီဂ်င္းယြမ္ တစ္ေယာက္ေလာက္ေတာ့ ရႏိုင္မလား?!”

“ဟြမ္ဟြမ္၊ ငါ့အစ္ကိုေလးလီ ကိုၾကည့္ပါ! အစ္ကိုေလးလီ ရဲ႕စိတ္သေဘာထားက အရမ္းကိုေကာင္းတယ္!”

“ငါတကယ္ပဲ လီဂ်င္းယြမ္ လိုေမာင္ေလးမ်ိဳး လိုခ်င္မိတယ္၊ အားးး။ သူက ငယ္႐ြယ္ေပမဲ့ အစ္ကိုႀကီး တစ္ေယာက္လိုမ်ိဳးပဲ။ ခ်စ္သူေကာင္ေလး စြမ္းရည္က အရမ္းကို မ်ားျပားတာပဲ!”

” (〃゚3゚〃) ငါ့ေမာင္ေလးကိုေတာင္ သတိရမိတယ္။ ငါတို႔အိမ္မွာဆို အၿမဲတမ္း ရန္ျဖစ္ၾကတာ၊ ဒါေပမဲ့ အေရးႀကီးလာရင္ ငါ့ဘက္မွာပဲ အၿမဲတမ္း ႐ွိေပးတယ္…”

“ဝူးး၊ ႏိုင္ငံေတာ္က ေမာင္ေလးတစ္ေယာက္ကို ေပးသနားပါ…”

ဟုန္ခ်န္းမင္း က “ႏိုင္ငံေတာ္ေက်းဇူး႐ွင္ အစ္ကိုေလး”ဆိုသည့္ ေခါင္းစဥ္ျဖင့္ ထိပ္ဆုံးေနရာတြင္ ေတြ႕ခဲ့ေပမဲ့ ထိုအခ်ိန္က စိတ္မဝင္စားခဲ့ေပ။ ဒါေတြက ဘာေတြကို ေျပာေနၾကမွန္းလည္း သူ မသိေပ၊ သို႔ေသာ္ ဒီေန႔ေတာ့…

“ႏိုင္ငံေတာ္ေက်းဇူး႐ွင္ အစ္ကိုေလး” ကဘာေျပာတာလဲ?

ဘာေၾကာင့္ တစ္ေယာက္ေယာက္က “ႏိုင္ငံေတာ္ေက်းဇူး႐ွင္ အစ္ကိုႀကီး”လို႔ မေအာ္ရတာလဲ?

ထိုအေၾကာင္းကို ေတြးလိုက္ၿပီး ဟုန္ခ်န္းမင္း ကတကယ့္ကို ခံစားခ်က္ေတြ မဖိႏွိပ္ႏိုင္ေတာ့ေပ။ သူ႕လက္ေထာက္ဆီကို ဖုန္းေခၚလိုက္သည္။ ထို႔ေနာက္ သူ႕လက္ေထာက္အား ဖိုင္တစ္ဖိုင္ ကမ္းေပးလိုက္သည္။

လက္ေထာက္က ဖိုင္အား အေလးအနက္နဲ႔ ယူလိုက္ၿပီး ဒါက တျခားဌာနအား အလ်င္အျမန္ ပို႔ေဆာင္ေပးရမည့္ ဖိုင္ျဖစ္ႏိုင္ေၾကာင္း ေတြးလိုက္သည္။ သို႔ေသာ္လည္း သူဖြင့္လိုက္ခ်ိန္တြင္ သတင္းေထာက္ေတြ ဘယ္လိုဓာတ္ပုံယူတယ္၊ ေရတပ္ေတြ ဘယ္လိုဝယ္တယ္၊ ထိပ္ဆုံး႐ွာေဖြမႈကို ဝယ္ယူမႈ… စသည့္အေၾကာင္းေတြကိုသာ ေတြ႕လိုက္ရသည္။

လက္ေထာက္က မစၥတာဟုန္ အားေမာ့ၾကည့္လိုက္ၿပီးေနာက္ သူ႕ေနာက္မွ ဆိုဖာေပၚ႐ွိ မစၥေဇာင္ ကိုၾကည့္လိုက္သည္။

လက္ေထာက္ : “…”

အာ၊ မစၥတာဟုန္ ကတကယ့္ကို ကြၽမ္းက်င္တာပဲ။
လက္ေထာက္က ထြက္သြားဖို႔ ျပင္လိုက္ခ်ိန္တြင္ ဟုန္ခ်န္းမင္း က႐ုတ္တရက္ ေျပာလိုက္သည္။ “ခဏေလး”
“ဟုတ္ကဲ့၊ မစၥတာဟုန္?”

ဟုန္ခ်န္းမင္း ကအံဆြဲကို ထပ္ဖြင့္လိုက္ၿပီး လက္ေထာက္အတြက္ စာအိတ္ကို ထုတ္ယူလိုက္သည္။

လက္ေထာက္က ယူလိုက္ေပမဲ့ ခ်က္ခ်င္း မဖြင့္ရဲတာေၾကာင့္ ပိတ္ထားသည့္ စာအိတ္ျဖင့္ အျပင္ကို ေလွ်ာက္သြားလိုက္သည္။

အျပင္ေရာက္ခ်ိန္တြင္ သူဖြင့္လိုက္ၿပီး စာအိတ္ထဲတြင္ ဓာတ္ပုံအျပည့္ကို ေတြ႕လိုက္ရသည္။ အစပိုင္းက မစၥတာဟုန္ နဲ႔မစၥေဇာင္ တို႔စားေသာက္ေနသည့္ snapshot ပုံေတြျဖစ္ၿပီး ေနာက္ေတာ့ ကုမၸဏီအေဆာက္အဦး ေအာက္ထပ္က ပုံေတြျဖစ္သည္။ ထိုပုံေတြက မစၥတာဟုန္ နဲ႔မစၥေဇာင္ တို႔က ကုန္တိုက္တြင္ ႐ွိေနသည့္ပုံ၊ ကုမၸဏီကေဖး၊ လမ္းေဘးဆိုင္တြင္ ေရခဲမုန္႔ ဝယ္ေနပုံ… ျမင္ကြင္းမ်ိဳးစုံပုံက ႐ွိေနသည္။

မစၥတာဟုန္ သာသူ႕ကို ဓာတ္ပုံေတြ ကမ္းမေပးခဲ့ရင္ လက္ေထာက္က သူတို႔ေနာက္ကိုလိုက္ၿပီး စားေသာက္တာအတြက္ ဓာတ္ပုံ႐ိုက္ထားတဲ့ ပုံေတြသာ ျဖစ္လိမ့္မည္လို႔ ထင္ခဲ့သည္။

ဒီပုံေတြက…

လက္ေထာက္က သူ႕ေခါင္းကို ကုတ္လိုက္သည္၊ သူတို႔က ထိပ္ဆုံး႐ွာေဖြမႈအတြက္ ဝယ္ယူရမွာလား?

မစၥတာဟုန္ ကအရမ္းကို အံ့ဩဖို႔ေကာင္းတာပဲ၊ ကိုယ္ပိုင္ပုံေတြေတာင္ ႐ွိေနတယ္!

ဟုန္ခ်န္းမင္း ကဓာတ္ပုံတစ္ခုတည္းကိုသာ ဒုကၡခံၿပီး လုပ္ထား႐ုံျဖင့္ ထိပ္ဆုံးကို ေရာက္ႏိုင္တာ မဟုတ္ေပ။ လက္ေထာက္က ဓာတ္ပုံကို ၾကည့္လိုက္႐ုံနဲ႔ စိတ္ဝင္စားဖို႔ ေကာင္းမေကာင္းကို ေျပာႏိုင္သည့္ ကြၽမ္းက်င္သူအား ေမးခဲ့ၿပီးေနာက္ နာမည္ႀကီးလာေအာင္ လုပ္ဖို႔က ေငြသိပ္မကုန္ႏိုင္ေပ။ လက္ေထာက္က ဟုန္ခ်န္းမင္း အားေျပာဖို႔ကို အရမ္းေၾကာက္တာေၾကာင့္ ကြၽမ္းက်င္သူနဲ႔သာ စကားဆက္ေျပာႏိုင္ခဲ့သည္။

ညႇိႏိႈင္းခ်က္ရလဒ္အား မေစာင့္ေတာ့ပဲ ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ အားရင္းႏွီးျမႇဳပ္ႏွံမႈအား တက္ေရာက္ဖို႔ ေခၚသြားခဲ့သည္။ ထိုေနရာတြင္ နာမည္ႀကီးတခ်ိဳ႕က ႐ွိေနၾကတာေၾကာင့္ သတင္းေထာက္ အမ်ားအျပားလည္း ႐ွိေနသည္။

နာမည္ႀကီးေတြနဲ႔ ရင္းႏွီးျမႇဳပ္ႏွံသူေတြက သက္သက္စီျဖစ္ၾကသည္။

ရင္းႏွီးျမႇဳပ္ႏွံသူေတြက ေ႐ွ႕တြင္ျဖစ္ၾကၿပီး နာမည္ႀကီးေတြက ေနာက္တြင္ျဖစ္ၾကကာ ရင္းႏွီးျမႇဳပ္ႏွံသူေတြဆီမွ အျမင္မၾကည္မႈ ရ႐ွိမႈကို ေၾကာက္ၾကသည္။ အခုေခတ္တြင္ သူတို႔အတြက္ ေနရာေကာင္းကို ရ႐ွိဖို႔က ခက္ခဲသည္။

ထိပ္ဆုံးအလယ္တြင္ အရပ္႐ွည္ၿပီး ခန္႔ညားသည့္ ဟုန္ခ်န္းမင္း ကေဘးဘက္တြင္ ေသးသြယ္ၿပီး လွပသည့္ ေဇာင္ယုဟြမ္ နဲ႔ထိုင္ေနခဲ့သည္။ သူတို႔ရဲ႕ အသြင္အျပင္က လုံးဝကိုျမင့္မားေနတာေၾကာင့္ ဘယ္လိုထုတ္ေဖာ္ရမွန္းေတာင္ မသိၾကေပ။

ေနာက္ၿပီး သူတို႔က ထိပ္ဆုံး႐ွာေဖြမႈတြင္ ႐ွိၾကသည္။

ဟင္းလ်ာေၾကာင့္ မဟုတ္သလို ရင္းႏွီးျမႇဳပ္ႏွံမႈတြင္ ပါဝင္ခ်င္တာေၾကာင့္လည္း မဟုတ္ေပ။ ႐ိုး႐ွင္းစြာပင္ ဓာတ္ပုံသမား သက္လတ္ပိုင္း လူေတြနဲ႔ သာမာန္လူေတြက သူတို႔ကင္မရာကို မပိတ္ႏိုင္ခဲ့ေပ။

စင္ေပၚတြင္ ဗီဒီယိုတင္ျပခ်က္ ေရာက္လာခ်ိန္တြင္ ကင္မရာသမားေတြက ပရိသတ္ရဲ႕ ႐ိုက္ခ်က္ထက္ ၁၀ ပုံစာတြင္ ၉ ပုံစာေလာက္ ႐ိုက္ႏိုင္ခဲ့ၾကသည္။

ထို႔ေနာက္ေတာ့ #ရင္းႏွီးျမႇဳပ္ႏွံမႈ တင္ျပခ်က္မွ မေတာ္တဆျမင္ကြင္း# ဆိုၿပီး ျဖစ္လာခဲ့သည္။

“ငါေသၿပီ။ ရင္းႏွီးျမႇဳပ္ႏွံမႈ တင္ျပခ်က္မွာ Sugar daddy ႀကီးက ေရပန္းစားမႈကို ခိုးယူသြားတာကို ငါျမင္ဖူးတာ ပထမဆုံး အႀကိမ္ပဲ”

“လီဂ်င္းယြမ္ အဲ့မွာ မ႐ွိဘူးလား?”

“အစ္ကိုေလးလီ: ငါအဲ့မွာမ႐ွိလို႔ အရမ္းကိုစိတ္ဆိုးတယ္။ QwQ”

“ငါတကယ္ပဲ ဟုန္ေလး နဲ႔လက္ထပ္ခ်င္တယ္”

ဟုန္ခ်န္းမင္း ကထိုေနရာေရာက္ခ်ိန္တြင္ ၾကည့္ေနတာကို ရပ္လိုက္သည္။ သူအရမ္းကို စိတ္ပ်က္မိသည္။ သူတို႔ရဲ႕ အသြင္အျပင္ကို စူးစမ္းေနတာထက္ သူနဲ႔ ေဇာင္ယုဟြမ္ အေၾကာင္းကို ေဆြးေႏြးတဲ့ တစ္ေယာက္ေတာင္မွ မျမင္ရေပ။

ဟုန္ေဇာင္ အတြဲဖန္ေတြ အားလုံးက ေသသြားၾကၿပီလား?

လီဂ်င္းယြမ္ ကလည္း ထိပ္ဆုံး႐ွာေဖြမႈအား ၾကည့္ေနခဲ့သည္။ သူက ေလယာဥ္မွ ဆင္းလိုက္ခ်ိန္တြင္ ဖုန္းအား ခ်က္ခ်င္း ဖြင့္လိုကသ္ည္။ သူ႕ေဘးမွ ေဝ့က်ဲ ကေမးလိုက္သည္။ “အလ်င္လိုေနတာ ႐ွိလို႔လား? မင္းထိုင္ၿပီးမွ ၾကည့္လို႔ရပါတယ္။ မစၥေဇာင္ ကမင္းကို ဖုန္းေခၚခဲ့လို႔လား?”

လီဂ်င္းယြမ္ ကေခါင္းခါလိုက္သည္။ ကြန္႔မန္႔ေနရာအား လိုက္ၾကည့္လိုက္ၿပီးေနာက္ သူ စိတ္သက္သာသြားခဲ့သည္။

Webio မွ”လီဂ်င္းယြမ္ ေဇာင္ယုဟြမ္” ဆိုသည့္စာလုံးထဲ သူဝင္လိုက္ခ်ိန္တြင္ “ေမာင္ႏွမေတြရဲ႕ နက္႐ိႈင္းသည့္အခ်စ္” “ေက်ာ္ၾကားသည့္ အစ္ကိုေလး လီဂ်င္းယြမ္” နဲ႔ “ႏိုင္ငံေတာ္ေက်းဇူး႐ွင္အစ္ကိုေလး” ဆိုတာေတြကိုသာ ေတြ႕လိုက္ရသည္။

လီဂ်င္းယြမ္ ရဲ႕အမူအရာက ခ်က္ခ်င္းပင္ နည္းနည္း ေျပာင္းသြားခဲ့သည္။

သူက လွည့္လိုက္ၿပီး ေဝ့က်ဲ အားေမးလိုက္သည္။ “ဒါကဘာလဲ?”

ေဝ့က်ဲ ကစိတ္႐ႈပ္သြားခဲ့သည္။ “ဘာလဲ? ‘ဒါကဘာလဲ?’ဆိုတာ ဘာကိုေျပာတာလဲ?”

“အရင္တုန္းက Webio မွာ ယြမ္ဟြမ္ အတြဲဖန္ေတြ အမ်ားႀကီး ႐ွိခဲ့တယ္ မဟုတ္ဘူးလား?” လီဂ်င္းယြမ္ ကပုံမွန္အမူအရာျဖင့္ ေမးလိုက္သည္။

ေဝ့က်ဲ ကျပဳံးလိုက္သည္။ “အို၊ အဲ့ဒါ။ မင္းဖန္ေတြ အကုန္လုံးက သန္႔စင္ေနတာေၾကာင့္ပဲ”

လီဂ်င္းယြမ္ : “…”

လီဂ်င္းယြမ္ ကေဖ်ာေျဖေရး ေလာကထဲေရာက္ေနတာ အခုဆိုရင္ အခ်ိန္တစ္ခုစာေလာက္ ႐ွိေနၿပီျဖစ္တာေၾကာင့္ အကုန္လုံးသန္႔စင္တာက ဘာကိုေျပာမွန္း သူနားလည္သည္။ တစ္စုံတစ္ေယာက္ရဲ႕ နာမည္က Webio ႐ွာေဖြမႈမွာ ဝင္ေရာက္လာခ်ိန္တြင္ ထိုေနရာတြင္ အလိုေလ်ာက္ကို ထိုလူနဲ႔ပတ္သက္သည့္ အေၾကာင္းအရာေတြ ေပၚလာတက္သည္။

ဥပမာ “လီဂ်င္းယြမ္ ကမိဘမဲ့” နဲ႔ “လီဂ်င္းယြမ္ ရဲ႕အယ္လ္ဘမ္အသစ္”

တခ်ိဳ႕အရာေတြက အန္တီဖန္ေတြရဲ႕ ေရတပ္ကေန နာမည္ႀကီးေတြရဲ႕ မေကာင္းသည့္ ေနာက္ခံေတြအား ဆြဲထုတ္တဲ့အရာေတြ ျဖစ္ၾကသည္။

သို႔ေသာ္ သူနဲ႔ ေဇာင္ယုဟြမ္ တို႔ရဲ႕အေၾကာင္း မေကာင္းတဲ့ေနာက္ခံ တစ္ခုလုံးက ဘယ္လိုျဖစ္သြားရတာလဲ?

လီဂ်င္းယြမ္ ကဖုန္းအား ထပ္ၾကည့္လိုက္သည္။

သူ႕ထိပ္ဆုံး႐ွာေဖြမႈက အရမ္းႀကီးကို သန္႔စင္႐ွင္းလင္းၿပီး လန္းဆန္းေနသည္။

လီဂ်င္းယြမ္ : “…”

ဘာမွမဟုတ္တာအတြက္ အဲ့လိုမ်ိဳး လုပ္ဖို႔မလိုပါဘူး။

“မစၥတာလီ? မစၥတာလီ?” ေဝ့က်ဲ ကသူ႕အား စိုးရိမ္စြာ ၾကည့္လိုက္သည္။ “ဘာျဖစ္လို႔လဲ?”

လက္ေထာက္က ျပဳံးလိုက္သည္။ “အစ္ကိုလီ ရဲ႕ဖန္ေတြမွာ တိုက္ခိုက္စြမ္းရည္ေတြ အမ်ားႀကီး ႐ွိၾကတယ္။ အရင္က အႀကိမ္ေပါင္းမ်ားစြာ သူ႕ကို ဖ်က္ဆီးပစ္ၿပီး ေက်ာ္ၾကားမႈကို ျဖဳတ္ခ်ခ်င္တဲ့ လူေတြ႐ွိၾကေပမဲ့ သူတို႔အားလုံးက အ႐ႈံးေပးခဲ့ရတယ္။ အခုေတာ့ အားေကာင္းတဲ့ ေနာက္ခံအဖြဲ႕ေတာင္ ျဖစ္ေနၿပီ။ အစ္ကိုလီ ကထိပ္ဆုံးမွာ ျဖစ္သင့္တာ မဟုတ္ဘူးလား?”

လီဂ်င္းယြမ္ ကဘာမွမေျပာႏိုင္ေတာ့ေပ။

ခဏၾကာၿပီးေနာက္ သူ႕အၾကည့္ကို ေျပာင္းလိုက္ၿပီး အသံတိုးေလးနဲ႔ ေမးလိုက္သည္။ “ငါက အတြဲ႐ွိလို႔ မရႏိုင္ဘူးလား?”

ေဝ့က်ဲ ကႏွလုံးခုန္သြားခဲ့သည္။ “ရပါတယ္၊ ဒါေပမဲ့ မင္းရဲ႕လက္႐ွိ အေျခအေနနဲ႔ဆိုရင္ အဲ့လိုလုပ္ဖို႔ မလိုအပ္ဘူး။ မင္းလုပ္ရင္ တျခားလူေတြက ပိုနာမည္ႀကီးသြား႐ုံသာ ျဖစ္သြားလိမ္မယ္။ မင္း တစ္စုံတစ္ေယာက္နဲ႔ တြဲလိုက္ရင္ေတာင္ မစၥေဇာင္ နဲ႔ေတာ့ မျဖစ္သင့္ဘူး…”

လီဂ်င္းယြမ္ ကသူ႕ဘက္ကို လွည့္လိုက္သည္။ “ဒါဆို ဘယ္သူနဲ႔လဲ?”

လီဂ်င္းယြမ္ ရဲ႕အသံက ေႏြးေထြးေနေပမဲ့ ေဝ့က်ဲ ကသူ႕အၾကည့္နဲ႔ ဆုံလိုက္ခ်ိန္တြင္ စကားတစ္လုံးေတာင္ မေျပာႏိုင္ေတာ့သလို လည္ေခ်ာင္းဝတြင္ တစ္ခုခု တစ္ဆို႔သြားသလို ခံစားလိုက္ရသည္။

လီဂ်င္းယြမ္ ကအလ်င္အျမန္ပင္ ရယ္လိုက္သည္။ “အို၊ ငါက စ,တာပါ”

ေဝ့က်ဲ ကသူနဲ႔အတူ ရယ္လိုက္သည္။

သို႔ေသာ္ သူ႕ႏွလုံးသားကေတာ့ ျမဴဆိုင္းေနသည္။

ေဝ့က်ဲ ကအ႐ူးမဟုတ္သလို ထိုစကားထဲတြင္လည္း မ်ားစြာေသာ အရိပ္အႁမြတ္ေတြ ပါဝင္ၾကသည္။ ပထမဆုံး ‘အခ်ိန္ခရီးသြားျခင္း’ ၿပီးေနာက္တြင္ အင္တာဗ်ဴး၊ လီဂ်င္းယြမ္ ကသူနဲ႔ ေဇာင္ယုဟြမ္ တို႔ၾကားက ဆက္ဆံေရးကို ဘယ္တုန္းကမွ ကာကြယ္ထားျခင္း မ႐ွိပဲ ေဇာင္ယုဟြမ္ နဲ႔ေမာင္ႏွမလိုသာ ေျပာခဲ့သည္။

သူတို႔ၾကားက အတားအဆီးက ေဝဝါးေနတာကို သူသိခဲ့သည္။

ေဝ့က်ဲ ရဲ႕ႏွလုံးသားက ခုန္သြားခဲ့သည္။

ငါမေတြးသင့္တာကို ေတြးလိုက္မိတာ မလား?

ဒါက… ဒါဆိုရင္ လီဂ်င္းယြမ္ က႐ူးေနတာလား?

ဒါက ႀကီးမားတဲ့ စြန္းထင္းမႈပဲ!

ေရဒီယို၊ ဇာတ္လမ္းနဲ႔ TV အၾကံေပးသူေတြက လုံးဝကို သေဘာတူမွာ မဟုတ္ဘူး!

႐ိုက္ကူးၿပီးေနာက္ ၿပိဳင္ပြဲ႐ိႈးအတြက္ သူတို႔နဲ႔ ညႇိႏိႈင္းစာခ်ဳပ္ခ်ဳပ္ဆိုဖို႔ တစ္စုံတစ္ေယာက္က စာခ်ဳပ္ပို႔လာခဲ့သည္။

ထိုလူက ျပဳံးကာေျပာလိုက္သည္။ “မစၥေဇာင္ က လီဂ်င္းယြမ္ ရဲ႕အစ္မပဲ။ ငါတို႔အတြက္ သူမနဲ႔ စကားေျပာဖို႔က တကယ္ပဲ ခက္ခဲလို႔ မစၥေဇာင္ သာပါဝင္ဖို႔ ဆႏၵ႐ွိလားဆိုတာ လီဂ်င္းယြမ္ ကိုေမးၾကည့္ဖို႔ ေတာင္းဆိုရမွာပဲ….” ထိုလူက သူ႕လက္ေတြကို အတူတူ ပြတ္သပ္လိုက္ကာ ႐ွက္႐ြံ႕စြာျဖင့္ ေျပာလိုက္သည္။ “သူမက ‘အခ်ိန္ခရီးသြားျခင္း’ ႐ိုက္ကူးတာကို ရပ္ခဲ့ေပမဲ့ နာမည္ႀကီးတာက မရပ္တန္႔ခဲ့ဘူး။ ဖန္ေတြကလည္း ဆက္မ႐ိုက္ၾကလို႔ မေပ်ာ္ၾကဘူး။ သူမသာ အဲ့မွာေပၚလာခဲ့ရင္ လူတိုင္းအတြက္ ေပ်ာ္႐ႊင္သြားေစလိမ့္မယ္”

လီဂ်င္းယြမ္ ကအၾကည့္ေအာက္ စိုက္လိုက္သည္။ “အိုေက”

ထို႔ေနာက္တြင္ လီဂ်င္းယြမ္ ကရက္အနည္းငယ္တြင္ သူ႕ေက်ာ္ၾကားမႈအား တိုးျမင့္ေစရန္အတြက္ အလုပ္မ်ားခဲ့သည္။

သူ႕ဖန္အေရအတြက္က ၁၅ မီလီယမ္ အမွတ္ကို အလ်င္အျမန္ ခ်ိဳးဖ်က္သြားခဲ့ၿပီး သူ႕အတြက္ ၿငိမ္းခ်မ္းေရး သေကၤတ သံလြင္ခတ္ကို ေရာက္ခဲ့ၿပီး သူတို႔ထုတ္ကုန္တြင္ ေၾကာ္ျငာေပးရန္ ဖိတ္ေခၚခဲ့ၾကသည္။

လီဂ်င္းယြမ္ ရဲ႕အယ္လ္ဘမ္ကလည္း ထြက္လာခဲ့သည္။

သူ႕အသြင္အျပင္က တိတ္ဆိတ္စြာ လုပ္ေဆာင္တက္သူ၊ ဂိမ္းကစားသူလို တျခားနာမည္ႀကီးေတြနဲ႔ မတူေပ။ သူက Webio နဲ႔အတင္းအဖ်င္းကိုသာ ၾကည့္ႏိုင္သည္။ ပထမဆုံး သူ႕အေၾကာင္းနဲ႔ ပတ္သက္တာကို ၾကည့္ခ်င္တယ္လို႔ ေဝ့က်ဲ ကထင္လိုက္ေပမဲ့ ေနာက္ပိုင္းတြင္ေတာ့ လီဂ်င္းယြမ္ ကသူနဲ႔ ေဇာင္ယုဟြမ္ တို႔အေၾကာင္းကိုသာ ျမင္ခ်င္ေၾကာင္း သိခဲ့ရသည္။

ေဝ့က်ဲ ကသူနဲ႔ ပထမဆုံးအႀကိမ္ ေတြ႕ဆုံခဲ့တည္းက သူက မမွီခိုတက္ၿပီး ဉာဏ္ေကာင္းသည့္ လူမ်ိဳးျဖစ္သည္။ သူနဲ႔ပတ္သက္ၿပီး ေအးဂ်င့္ေကာင္းလည္း မလိုအပ္ခဲ့ေပ။

ဒါက တျခားတစ္ေယာက္သာ ဆိုရင္ ေဝ့က်ဲ ကေပ်ာ္႐ႊင္မိလိမ့္မည္။ သို႔ေသာ္ ဒါက လီဂ်င္းယြမ္ ျဖစ္တာေၾကာင့္ ေဝ့က်ဲ နည္းနည္းေတာ့ စိုးရိမ္မိသည္။

“မစၥတာလီ၊ ငါတို႔မွာ နာမည္ႀကီးမႈနဲ႔ ေငြေၾကးက လုံေလာက္ေနပါၿပီ။ အားလပ္ခ်ိန္မွာ မင္းအနားယူႏိုင္ပါတယ္။ မင္းလုပ္ခ်င္တာ တစ္ခုခု႐ွိရင္ စိတ္ေအးသက္သာစြာ လုပ္ႏိုင္ပါတယ္”

“ငါႀကိဳက္တာ တစ္ခုခု…” လီဂ်င္းယြမ္ ကျပဳံးလိုက္သည္။ “႐ွက္စရာပဲ၊ အဲ့လို ငါမလုပ္ႏိုင္ေသးဘူး။ ေနာက္ၿပီး ငါ့မွာ ဘယ္လိုေငြလုံေလာက္တာလဲ? ငါက ဟုန္ခ်န္းမင္း အေနာက္မွာ အေဝးႀကီး က်န္ေနတုန္းပဲ”

“… ဘာေၾကာင့္ မင္းက မစၥတာဟုန္ နဲ႔အၿမဲတမ္း ႏိႈင္းယွဥ္ေနရတာလဲ?” ေဝ့က်ဲ ကအံ့ဩသြားခဲ့သည္။

လီဂ်င္းယြမ္ ရဲ႕မ်က္ႏွာမွ အျပဳံးက နက္႐ိႈင္းသြားခဲ့သည္။ တိရစၧာန္ေတြက မိတ္ဖက္ကို ႐ွာေဖြၾကခ်ိန္မွာ သူတို႔က သူတို႔ရဲ႕ အေကာင္းဆုံး အျခမ္းကိုပဲ ထုတ္ျပတက္ၾကတယ္။ ေဒါင္းေတြက သူတို႔အၿမႇီးကို ဖြင့္ျပတယ္၊ ျခေသၤ့က တိုက္ခိုက္တာ။ မင္း ဘာထင္လဲ?”

ငါဘာထင္လဲ?

ေဝ့က်ဲ ကထိုေနရာတြင္သာ ေအးခဲသြားၿပီး သူ႕ဦးေႏွာက္က အသံေတြ ျမည္လာခဲ့သည္။ သူဘယ္လို တုန္႔ျပန္ႏိုင္မလဲ?

သူလည္း တုန္႔ျပန္ရမွာ ေၾကာက္ေနတယ္။

သူသာ တုန္႔ျပန္လိုက္ရင္း သူ႕စိတ္ထဲမွာ ခန္႔မွန္းမိထားတဲ့ အရာေတြ အတည္ျဖစ္သြားမွာကို ေၾကာက္မိတယ္။

ေဝ့က်ဲ ကထူးဆန္းစြာျဖင့္သာ ျပဳံးျပလိုက္သည္။

ထိုအစား လက္ေထာက္က ေႏွာင့္ယွက္လိုက္သည္။ “အစ္ကိုလီ ကတစ္စုံတစ္ေယာက္ကို သေဘာက်ေနတာလား? မစၥတာဟုန္ ေကာသေဘာက်ေနတာလား?”

လီဂ်င္းယြမ္ ရဲ႕မ်က္ႏွာမွ အျပဳံးက ေပ်ာက္ပ်က္သြားခဲ့သည္။ “အင္း”

လက္ေထာက္ရဲ႕ မ်က္လုံးက အေရာင္လက္သြားေပမဲ့ ဘာမွမေျပာေပ။

သို႔ေသာ္ ထိုညတြင္ လီဂ်င္းယြမ္ ကဗီလာကို ျပန္လာခဲ့ၿပီး ေဇာင္ယုဟြမ္ အားစပ႐ိုက္လုပ္ဖို႔ ရည္႐ြယ္ထားခဲ့ၿပီး WeChat တြင္သူစိမ္းေတြဆီမွ သူငယ္ခ်င္း မိတ္ဖြဲ႕မႈမ်ားကို လက္ခံရခဲ့သည္။

သူတို႔အားလုံးတြင္ နာမည္ေျပာင္ေတြ ႐ွိၾကသည္။ သူတို႔ပုံအား ဝင္ၾကည့္လိုက္ၿပီး သူတို႔အားလုံးက နာမည္ႀကီး အမ်ိဳးသမီး သ႐ုပ္ေဆာင္ေတြ ျဖစ္ေနၾကသည္။ သို႔ေသာ္လည္း လီဂ်င္းယြမ္ ကသူတို႔နဲ႔ ဆက္သြယ္မႈ နည္းနည္းေတာင္ မ႐ွိေပ။ အမ်ားစုက သူက သူတို႔နဲ႔ေတြ႕ဆုံၿပီး ယဥ္ေက်းပ်ဴငွာစြာ ႏႈတ္ဆက္႐ုံသာ ႐ွိသည္။

ေဖ်ာ္ေျဖေရးေလာကမွ ဆက္ဆံေရး အတြက္ေၾကာင့္သာ သူတို႔နဲ႔ စကားေျပာခဲ့တာ ျဖစ္သည္။ လီဂ်င္းယြမ္ ကဒီမိတ္ဖြဲ႕မႈက ထူးဆန္းတယ္လို႔ ခံစားလိုက္ရေပမဲ့ ယဥ္ေက်းစြာျဖင့္သာ သူတို႔အားလုံးကို လက္ခံလိုက္သည္။

လက္ခံၿပီးေနာက္ တစ္ဖက္က စာပို႔တာ မပို႔တာကို ဂ႐ုမစိုက္ေတာ့ပဲ ဖုန္းပိတ္လိုက္ၿပီး ဗီလာထဲကို ဝင္လိုက္သည္။

“သခင္မေလးက ဘယ္မွာလဲ?” သူက အိမ္ေဖာ္အား ေမးလိုက္သည္။

“သခင္မေလးက အိပ္ခန္းထဲ ဝင္သြားပါၿပီ”

လီဂ်င္းယြမ္ ကသူ႕ေကာ္လာကို ျပင္လိုက္ၿပီး အေပၚထပ္ကို ျဖည္းျဖည္းခ်င္း ေလွ်ာက္သြားခဲ့သည္။ ေဇာင္ယုဟြမ္ အိပ္ခန္းတံခါးေ႐ွ႕ကို ေရာက္ခ်ိန္တြင္ ခ်က္ခ်င္းပင္ ဟုန္ခ်န္းမင္း အားျမင္လိုက္ရသည္။

သူတို႔ၾကားတြင္ ထူးဆန္းမႈက အၿမဲတမ္း႐ွိတာေၾကာင့္ သူတို႔တစ္ေယာက္နဲ႔ တစ္ေယာက္ ေတြ႕လိုက္ခ်ိန္တြင္ ေအးစက္စြာသာ ၾကည့္လိုက္ၾကသည္။ သူတို႔တြင္ တူညီသည့္ အေတြးေတြ ႐ွိေနတာကို ေတြးလိုက္မိခ်ိန္တြင္ သူတို႔ေဒါသကို ျပန္ထိန္းခ်ဳပ္လိုက္သည္။

“မင္းက အရမ္းကို စိတ္မ႐ွည္တက္တာပဲ” ဟုန္ခ်န္းမင္း ကေအးစက္စြာ ေျပာလိုက္သည္။

“အဲ့လိုအရာေ႐ွ႕မွာ မင္းေကာ စိတ္႐ွည္ႏိုင္လို႔လား?” လီဂ်င္းယြမ္ ကျပန္ေျပာလိုက္သည္။

“အရာ”ဆိုတာက ဝမ္ေယာင္ခ်န္း ကိုေျပာျခင္း ျဖစ္သည္။

ေကာင္းမြန္စြာ ဝတ္စားထားသည့္ ဟုန္ခ်န္းမင္း ကတည္ၿငိမ္ေနသည္။ “အရမ္းအျမန္ႀကီး မေပါက္ကြဲေစနဲ႔”

“အရင္ဆုံး ေပါက္ကြဲမိမွာက ဘယ္သူဆိုတာ ေျပာဖို႔ခက္တယ္”

သူက ေသဆုံးျခင္း မ်ည္းေၾကာင္းတြင္ လွည့္ပတ္သြားတာက ေတာ္ေပမဲ့ ဟုန္ခ်န္းမင္း ကေတာ့ မထိန္းခ်ဳပ္ႏိုင္ပဲ အရာအားလုံး လွ်ံထြက္ကုန္လိမ့္မည္။

ဟုန္ခ်န္းမင္း ကမတုန္႔ျပန္ပဲ အရင္ဆုံး ထြက္သြားခဲ့သည္။ သို႔ေသာ္ သူသတိလက္လြတ္ျဖင့္ ေတြးလိုက္မိသည္။

သူသာ… အရာအားလုံးကို ေပါက္ကြဲမိသြားရင္… အရာအားလုံးကို မဖုံးကြယ္ႏိုင္ပဲ ေဇာင္ယုဟြမ္ သိသြားၿပီး တိုက္႐ိုက္ႀကီး ျငင္းပယ္လိုက္ရင္…

သူဘာလုပ္သင့္လဲ?

ဟုန္ခ်န္းမင္း ရဲ႕မ်က္လုံးအေရာင္က ေျပာင္းလဲသြားခဲ့သည္။

အလင္းမွ အေမွာင္သို႔

ဒါဆို… သူမကို အနားမွာဆက္ထားဖို႔ အရာအားလုံးကို သူအသုံးခ်ရလိမ့္မယ္။

ထိုအေတြးေတြကို လိုက္ေတြးရင္း အေစာဆုံး လုံးဝေပါက္ကြဲလိုက္တဲ့ အရာအားလုံးမွ ေမွ်ာ္လင့္ခ်က္ နည္းနည္းက ဟုန္ခ်န္းမင္း ထံတြင္ ႐ွိေနသည္။

ထင္တဲ့အတိုင္း သူက လူေကာင္းမဟုတ္ေပ။

ဟုန္ခ်န္းမင္း ကသူ႕ဘာသာ ရယ္ေမာလိုက္သည္။

ေဇာင္ယုဟြမ္ အား႐ိႈးပြဲသြားဖို႔ကို လီဂ်င္းယြမ္ ကေမးခဲ့သည္။

“ဟြမ္ဟြမ္ နဲ႔ဂ်င္းယြမ္ ကအဲ့မွာ အတူတူလား?” ေဇာင္ယုဟြမ္ ကအံ့အားသင့္စြာျဖင့္ ေျပာလိုက္သည္။

လီဂ်င္းယြမ္ ကေခါင္းညိတ္လိုက္သည္။ “ေငြေပးတာကလည္း မဆိုးဘူး”

ေဇာင္ယုဟြမ္ ကေခါင္းခါလိုက္သည္။ “ဟြမ္ဟြမ္ ကေငြမလိုဘူး”

လီဂ်င္းယြမ္ ရဲ႕လက္က ရပ္သြားခဲ့သည္။

မွန္တယ္။

အဲ့ဒါကသာ ျပႆနာပဲ။ သူမကို ဘယ္လိုေက်နပ္ေစလဲဆိုတာ သူဘယ္တုန္းကမွ မသိခဲ့ေပ။ တျခားလူေတြ မ႐ွိႏိုင္တဲ့ အရာအားလုံးကို သူမက ပိုင္ဆိုင္ၿပီးသားပင္။ စိတ္ေက်နပ္ဖို႔နဲ႔ ထိုအရာကေန ဘယ္လိုေပ်ာ္႐ႊင္ရမလဲဆိုတာ သူမက နားလည္သည္။

သို႔ေသာ္ သူ႕ကိုယ္ပိုင္ ေပ်ာ္႐ႊင္မႈကေတာ့ သူမသာျဖစ္သည္။

လီဂ်င္းယြမ္ ကအကူအညီမဲ့စြာျဖင့္ ေျပာလိုက္သည္။ “ဟြမ္ဟြမ္ က ဟုန္ခ်န္းမင္း ရဲ႕ကုမၸဏီကို ေန႔တိုင္းသြားႏိုင္ေပမဲ့ ကိုယ္က်ေတာ့ ႐ိႈးပြဲကို တစ္ေယာက္တည္း သြားေစခ်င္တာလား?”

ေဇာင္ယုဟြမ္ ကေခါင္းခါလိုက္ၿပီး ေျပာလိုက္သည္။ “ဒါက မတူဘူးေလ။ ဂ်င္းယြမ္ တကယ္ပဲ လိုခ်င္တာဆိုရင္ ေနာက္က် ဂ်င္းယြမ္ လူထုၾကား ႐ွိခ်င္တာဆိုရင္ ဟြမ္ဟြမ္ က ဂ်င္းယြမ္ ကိုလည္းဖိတ္မယ္”

လီဂ်င္းယြမ္ ကစိတ္ဓာတ္က်သည့္ အမူအရာျဖင့္ သူ႕ႏႈတ္ခမ္းအား ေစ့လိုက္သည္။ “ကိုယ္ ဟြမ္ဟြမ့္ ကိုျပႆနာ မေပးခ်င္ေပမဲ့ ဒီ႐ိႈးပြဲက ႏွစ္ေယာက္တစ္တြဲ အေနနဲ႔… ကိုယ့္ေအဂ်င္စီကေတာ့ ကိုယ့္အတြက္ အသစ္ေလးကို ေခၚလာဖို႔ စီစဥ္ထားတယ္လို႔ ေျပာခဲ့တယ္။ ဒါေပမဲ့ အနာဂတ္မွာ အဲ့လူနဲ႔ အတြဲအေနနဲ႔ တြဲခံရၿပီး အနည္းဆုံး တစ္ႏွစ္ေလာက္ ကိုယ္ လြတ္ေျမာက္ႏိုင္မွာ မဟုတ္ဘူး။ ကိုယ့္ေသြးေတြကို သူမက ေသာက္ခ်င္တယ္ ဆိုရင္ေတာင္မွ ကိုယ္က ဘာမွမလုပ္ႏိုင္ပဲ သူမကို ေသာက္ခြင့္ေပးရမွာ”

“ပါဝင္တဲ့လူေတြက ဒိတ္ေနတာ၊ လက္ထပ္ၿပီးသားေတြ၊ ဒါမွမဟုတ္ မိသားစုေတြ။ အခုေတာ့ ဟြမ္ဟြမ္ ထက္တျခားသူ ဘယ္သူ႕ကို ကိုယ္ေတာင္းဆိုရမွန္း မသိဘူး”

ဇာတ္လိုက္ရဲ႕ စိတ္ဓာတ္က်ပုံကို ျမင္လိုက္ခ်ိန္မွာ ဘယ္သူက ျငင္းပယ္ႏိုင္ေတာ့မွာလဲ?

ေဇာင္ယုဟြမ္ ကႏႈတ္ခမ္းကို ကိုက္လိုက္ၿပီး ေျပာလိုက္သည္။ “… ဟုန္ခ်န္းမင္း ကိုေမးၾကည့္လိုရတယ္!”

လီဂ်င္းယြမ္ : “…”

A/N :

လီဂ်င္းယြမ္ : ???

အစ္ကိုေလးလီ ရဲ႕လွည့္စားမႈေတြက အဆုံးမဲ့ပဲ။

∆Novel update မွာက အပိုင္း 280 ႐ွိေနၿပီ၊ ကိုယ္တင္တာလည္း အဲ့အထိပါပဲေနာ္၊ ကိုယ္က ေပါင္းေပါင္းၿပီး တင္ေပးလို႔ အပိုင္း 90 ပဲ႐ွိေသးတာ၊ ဒီ fic ေလးကိုလည္း ပစ္မထားပါဘူးလို႔၊ ေမ့ေကာ ေမ့ေနၾကၿပီလား 😁 love u all ♡(> ਊ <)♡∆

21.7.2021 (Wed)
……………………….

[text_hash] => d4dc58d7
)

//qc
//QC2