Array
(
[text] =>
Unicode
ဇောင်ယုဟွမ် ကနှုတ်ခမ်းကို တင်းကြပ်စွာ စေ့လိုက်ပြီး နားထောင်နေရင်း မသက်သာသလို ခံစားလိုက်ရသည်။ သူမနှလုံးသားကို လက်ချောင်းတွေနဲ့ လာတို့ထိနေသလိုမျိုး နာကျင်လာခဲ့သည်။ သို့သော် ဇောင်ယုဟွမ် ကဘာမှမပြောပေ။
ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ရဲ့စိတ်တွေက မျှဝေမှုကို ဉာဉ်တစ်ခုလို သူတို့အရိုးထဲအထိ စွဲနေကြသည်။ သူတို့နှစ်ယောက်လုံးက အထင်ကြီးခံရပြီး မာနကြီးကြသည်။
ဒီပွဲစတင်ကတည်းက မပါဝင်ဖို့ သူ့ကို နှစ်သိမ့်မှု မလုပ်ခဲ့ပေမဲ့ အခုတော့ သူ့ကို သနားသလို ခံစားနေရသည်။ ဇောင်ယုဟွမ် ကတွေးလိုက်ပြီးနောက် စကားလုံးတွေက တားမြစ်ထားပေမဲ့ အပြုအမူတွေကတော့ ပြုလုပ်နိုင်သည်။ ထို့ကြောင့် သူမလက်ကို ဆန့်လိုက်ပြီး စတီယာရင်ပေါ်တွင် ရှိနေသည့် ဟုန်ချန်းမင်း ရဲ့လက်ကို ကိုင်လိုက်သည်။
ဟုန်ချန်းမင်း ကရပ်သွားခဲ့သည်။ သူ့လက်ခုံတွင် ရုတ်တရက် အထိအတွေ့ကို ခံစားလိုက်ရသည်။ ဟုန်ချန်းမင်း ရဲ့နှလုံးခုံသံက မြန်လာခဲ့ပြီး သူ့လည်ချောင်းတောင် ခြောက်သွေ့လာခဲ့သည်။
“ဟွမ်ဟွမ်…” ဟုန်ချန်းမင်း ကရုတ်တရက် သူမနာမည်ကို ခေါ်လိုက်သည်။
“ဟမ်?” ဇောင်ယုဟွမ် ကနာခံစွာဖြင့် ခေါင်းမော့လိုက်ကာ သူ့အကြည့်နဲ့ စုံလိုက်ပြီး ဟုန်ချန်းမင်း ရဲ့ခံစားချက်တွေကို နာကျင်စေမှု ကြောက်နေခဲ့သည်။ ဟုန်ချန်းမင်း ကရုတ်တရက် ပြန်တည်ငြိမ်သွားခဲ့ပြီး စတီယာရင်ကို ပိုတင်းကြပ်စွာ ကိုင်လိုက်သည်။
မင်းကသာ… ဟုန်ချန်းမင်း ကပါးစပ်ကို ဟလိုက်သည်။ သို့သော် ဇောင်ယုဟွမ် ကဒီအခွင့်အရေးကို ယူလိုက်ပြီး ပြောလိုက်သည်။
“အရာကိစ္စတွေက အရင်ကနဲ့ မတူတော့ဘူး။ အစ်ကိုချန်းမင်း လိုချင်တာနဲ့ ငွေ၊အိမ်၊ ကား၊ကုမ္ပဏီလို အရာအားလုံးကို ပိုင်ဆိုင်နိုင်တယ်… နောက်ပြီး အစ်ကိုချန်းမင်း မှာဇနီးရှိလာရင် အစ်ကိုချန်းမင်း ရဲ့ကိုယ်ပိုင် မိသားစုတောင် ရှိလာလိမ့်မယ်” ဟုန်ချန်းမင်း ရဲ့အမူအရာက ချက်ချင်းပင် နစ်မြုပ်သွားခဲ့သည်။
ကားထဲက လေထုက ရုတ်တရက်ကြီး အေးခဲသွားသည်။ ဇောင်ယုဟွမ် ကနှုတ်ခမ်းသပ်လိုက်သည်။
ငါ တစ်ခုခု မှားပြောမိသွားလို့လား?
‘ဇနီး’ဆိုတဲ့ စကားကို ထည့်မပြောသင့်တာလား?
ဒါပေမဲ့… ဒါပေမဲ့ မကြာခင်မှာ ဒီလိုအရာတွေက ဖြစ်လာနိုင်တာပဲလေ။
အစက ဇောင်ယုဟွမ် ကသူ့ကို စမ်းသပ်ချင်သလို အသိပေးချင်တာလည်း ဖြစ်ပေမဲ့ ဟုန်ချန်းမင်း ကချက်ချင်းပင် ပေါက်ကွဲသွားသည်။ ဒါက ဟုန်ချန်းမင်း ထံတွင် သူမအပေါ် ဒီလိုအကြံအစည်တွေ ရှိနေလိမ့်မှာကို သူမ ခန့်မှန်းမိသွားသည်။ ပြဿနာပဲ။
ဇောင်ယုဟွမ် ကအံကြိတ်လိုက်သည်။ ဒါပေမဲ့ သူမ နားလည်နေတာကို ထုတ်မပြပဲ မသိသလိုပဲ ဆက်ကစားကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ? ဟွမ်ဟွမ် မှားသွားလို့လား?” ဟုန်ချန်းမင်း ကမပျော်ရွှင်တာကို တွန်းထုတ်လိုက်ပြီး ပြောလိုက်သည်။
“ဇနီးမရှိဘူး” ထို့နောက် ဒါက မလုံလောက်သေးဘူးလို့ ခံစားရတာကြောင့် ထပ်ပြောလိုက်သည်။ “ဇနီးမရှိဘူး”
“ဟွမ်ဟွမ် ကနောင်ဖြစ်လာမဲ့ အကြောင်းကိုပဲ ပြောတာလေ…”
“နောက်ကျရင်လည်း ရှိမှာမဟုတ်ဘူး” ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ရဲ့စကားတွေကို နှောင့်ယှက်လိုက်သည်။ ဇောင်ယုဟွမ် ကရုတ်တရက် နည်းနည်း စိတ်လှုပ်ရှားသွားခဲ့သည်။
ဟုန်ချန်းမင်း ကချက်ချင်းကြီး ထုတ်တော့မပြောလောက်ဘူးမလား?
သူလုပ်လိုက်ရင် သူမ ဘာလုပ်သင့်လဲ?
သူမရည်ရွယ်ချက်ကို သူနားလည်နေရင် သူ့ကို ဒီအတွေးတွေ လက်လွှတ်လိုက်တာ အကောင်းဆုံး ဖြစ်တာကို သိသွားလိမ့်မယ်။ ဇောင်ယုဟွမ် ကသူမလက်ကို ပြန်ရုတ်လိုက်ပြီး အပြင်ဘက်ကို ကြည့်လိုက်သည်။
“အစ်ကိုချန်းမင်း ကတစ်ဘဝလုံး တစ်ယောက်တည်းပဲ နေချင်တာလား?” ဟုန်ချန်းမင်း ကလည်း ခံစားချက်တွေကို ထိန်းချုပ်လိုက်သည်။
သူ့အကြောင်းပြချက်နဲ့ သူ့တင်းကြပ်သည့် ခံစားချက်ဆန္ဒတွေက တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေကြသည်။ သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး ပြောလိုက်သည်။
“ကိုယ် သဘောကျတဲ့သူကို မရှာနိုင်ရင် တစ်သက်လုံး တစ်ယောက်တည်း နေတာက ပိုကောင်းလိမ့်မယ်” သူ့အသံက နည်းနည်း ဒေါသသံပါနေပြီး ဇောင်ယုဟွမ် ကပျော်ရွှင်မှုအတွက် ဒိတ်ချင်တာတွင် မပျော်သလိုမျိုး ပါဝင်နေသည်။
ဇောင်ယုဟွမ် ကဘယ်လိုတုန့်ပြန်ရမှန်း မသိပေ။ သူမအရင်ဘဝက အရမ်းကို တိုတောင်းပြီး ဒိတ်တဲ့အတွေ့အကြုံကို မခံစားခဲ့ရပဲ ချစ်ခြင်းကို တစ်ယောက်တည်းသာ ခံစားခဲ့ရသည်။ သူမချစ်တဲ့ တစ်စုံတစ်ယောက်ကို လက်ထပ်ရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
သူမ ပျော်နေသမျှ အဆင်ပြေလိမ့်မည်။ သူမ မပျော်တော့တာနဲ့ ထွက်သွားလိုက်မည်။
အချစ်အတွက် ရှင်ခြင်း၊ သေခြင်းဆိုရင် ဘာလုပ်ရမလဲ?
ဒီဂိမ်းက ဘာမှပျော်စရာမရှိတာ ဖြစ်နိုင်လား?
ဒါမှမဟုတ် ငွေမလုံလောက်လို့လား?
ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ကြောက်ပြီး ထွက်ပြေးသွားမှာကို ကြောက်သည်။ သူမ နားလည်သွားမှာကိုလည်း စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူ့အသံကို လျော့လိုက်သည်။
“ကိုယ် ဇနီးမလိုပါဘူး” ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ရဲ့လက်ကို ကိုင်လိုက်ပြီး အလျင်အမြန်ပင် လွှတ်ပေးလိုက်သည်။ သူက အသံတိုးလေးနဲ့ ပြောလိုက်သည်။
“ဟွမ်ဟွမ် ရှိနေတာနဲ့တင် လုံလောက်တယ်။ ဒါ့ကြောင့် ဟွမ်ဟွမ် ကကိုယ့်ကို ပိုင်တယ်” ထိုစကားကို ပြောပြီးနောက် ဟုန်ချန်းမင်း ကသူ့ပါးစပ်ကို ပိတ်လိုက်သည်။
ဒါက လုံးဝကို ရိုးသားသည့် စကားလုံးတွေ ဖြစ်သည်။ အရင်တည်းက သူ့စကားလုံးတွေက ဒီအတွက် လမ်းကြောင်းခဲ့တာ ဖြစ်သည်။
သူက ပထမဆုံး အချစ်တွင် ကျရှုံးသွားသည့် ကောင်လေးလို ဖြစ်နေပြီး သူမအတွက် သူ့အချစ်တွေကို ဖွင့်ဟပြချင်ပြီး ဖုံးကွယ်ထားသည့် စိတ်ဆန္ဒတွေအားလုံးကို ထုတ်ပြချင်သည်။
သို့သော် သူက နိမ့်ကျသော EQ ဖြင့်မွေးဖွားခဲ့သည်။ သူပြောချင်တာကို ဇောင်ယုဟွမ် နားလည်ဖို့ မျှော်လင့်ခဲ့သည်။
ရုတ်တရက် ဇောင်ယုဟွမ် ရဲ့ဖုန်းက မြည်လာခဲ့သည်။ ဇောင်ယုဟွမ် ကနောက်ဆုံးတော့ စိတ်သက်သာရရပြီးဆိုပြီး သက်ပြင်းချလိုက်သည်။ ဖုန်းခေါ်သူကိုတောင် မကြည့်ပဲ ကိုင်လိုက်သည်။ “ဟယ်လို”
“ဟွမ်ဟွမ်”
“…” ဇောင်ယုဟွမ် ကဖုန်းကိုနိမ့်လိုက်ပြီး မျက်နှာပြင်ကို ကြည့်လိုက်သည်။ ဒါက လီဂျင်းယွမ် ဖြစ်သည်။ …ဒါက ဘာလဲ?
သူတို့က တစ်ချိန်တည်း ငါ့ဆီကို ရောက်လာကြတာပဲလား၊ ဟမ်?
လီဂျင်းယွမ် ကဘာဖြစ်မှန်း မသိပေ။ သူက အရင်အတိုင်းပင် ဂရုတစိုက်ဖြင့် နူးညံ့စွာ မေးလိုက်သည်။ “ဟွမ်ဟွမ် အနားယူနေတာလား? ထမင်းကော စားပြီးပြီလား? ဟွမ်ဟွမ် ဘယ်သူနဲ့ရှိနေလဲ?”
လီဂျင်းယွမ် ကအမြဲတမ်း ထိုအရာတွေကို မေးတက်ပြီး ဇောင်ယုဟွမ် ကတစ်ခုခု မှားနေတယ်လို့ မခံစားရတာကြောင့် မေးခွန်းတစ်ခုချင်းစီကို ဖြေလိုက်သည်။ သို့သော် သူမဘေးတွင် ဟုန်ချန်းမင်း ကထိုင်နေတာကြောင့် ဇောင်ယုဟွမ် ကနည်းနည်းတော့ သတိထားနေရသည်။
သူမနေ့စဉ်ဘဝကို တစ်ခုချင်းစီ မေးမြန်းစိစစ်နေတယ်လို့ နားလည်လိုက်သည်။ ဇောင်ယုဟွမ် ကသူမလျှာဖျားမှ စကားလုံးတွေကို မျိုချလိုက်သည်။ ဇောင်ယုဟွမ် က ဟုန်ချန်းမင်း နဲ့အတူတူ ရှိနေတယ်လို့ ပြောတာကြောင့် လီဂျင်းယွမ် ကဆက်မမေးတော့ပေ။
တစ်ဖက်တွင် လီဂျင်းယွမ် ကသူ့ခံစားချက်တွေ သက်သာရာရသွားပြီး အမူအရာ မပြောင်းလဲပဲ သူ့လက်ထဲမှ ရေသန့်ဗူးကို ဆုတ်လိုက်သည်။
“ဟွမ်ဟွမ်၊ ကိုယ့်အင်တာဗျူး ဗီဒီယိုကို ကြည့်ပြီးသွားပြီလား?” သူမေးလိုက်သည်။
ဇောင်ယုဟွမ် : “…”
ဒီနှစ်ယောက် ဘာဖြစ်နေကြတာလဲ?!
ရုတ်တရက် တစ်ယောက်ချင်းစီက ပြဿနာရှိတဲ့ မေးခွန်းတွေပဲ မေးနေကြတယ်။
တစ်ယောက်က လီဂျင်းယွမ် ကိုသဘောကျလား?
နောက်ပြီး တခြားတစ်ယောက်က ကိုယ့်အင်တာဗျူး ဗီဒီယိုကို ကြည့်ပြီးသွားပြီလား?
ဇောင်ယုဟွမ် ကတိုက်ရိုက်ပဲ ဖြေလိုက်သည်။ “ဟွမ်ဟွမ် တွေ့လိုက်တယ်”
“ကိုယ်ကောင်းကောင်း ဖြေခဲ့တယ်လို့ ဟွမ်ဟွမ် ထင်လား?” လီဂျင်းယွမ် ကအပြုံးလေးနဲ့ မေးလိုက်သည်။
ဇောင်ယုဟွမ် : “…”
သူမ ဘယ်လိုပြန်တုန့်ပြန်ရမလဲ?
သို့သော် လီဂျင်းယွမ် ကတုန့်ပြန်သံ မကြားတာကြောင့် နားလည်ပေးကာ စကားလမ်းကြောင်း ပြောင်းသွားခဲ့သည်။
“ကိုယ် မနက်ဖြန် ပြန်လာမယ်” လီဂျင်းယွမ် ကရပ်သွားသည်။ “ကိုယ်တို့ရဲ့ အချိန်ခရီးသွားခြင်း ရိုက်ကူးရေးက မရှိတော့ဘူးဆိုတော့ ဟွမ်ဟွမ် မှာတခြားအစီစဉ်တွေ ရှိလား?”
“ပုံဆွဲမယ်၊ နောက်ပြီး နေရာတစ်ခုရဖို့ ယှဉ်ပြိုင်ပွဲအတွက် နိုင်ငံခြားကို ခဏလောက်သွားမယ်။ အဲ့နေရာမှာ ခဏလောက်တော့ လည်ပတ်လိုက်ဦးမယ်…”
“လုံခြုံမှုအတွက်ကကော?” သူ့သတိပေးမှုကြောင့် ဇောင်ယုဟွမ် ကတူရကီမှာ ဖြစ်ပျက်ခဲ့သည့် အကြောင်းတွေကို ရုတ်တရက် သတိရသွားခဲ့သည်။
အစက သူမ မကြောက်ခဲ့ပေမဲ့ သူပြောလိုက်ချိန်တွင် နည်းနည်းလန့်သွားကာ လုံခြုံမှုအတွက် အမိနိုင်ငံမှာပဲ နေထိုင်သင့်တယ်လို့ တွေးလိုက်မိသွားသည်။
“ဒါဆို အခုတော့ မသွားသေးဘူး။ ဟန်ယင်ယင် နဲ့တခြားသူတွေလည်း မကြာခင်က တရုတ်ပြည်မှာ နေနေကြတယ်၊ ဒါ့ကြောင့် သူတို့နဲ့ပဲ လျှောက်လည်လိုက်မယ်” ဇောင်ယုဟွမ် ကပျော်စရာအကြောင်းတွေကို တွေးလိုက်သည်။
ကျောင်းတုန်းက သူမ အရမ်းအလုပ်များခဲ့ပေမဲ့ အခုတော့ သူမ လုပ်ချင်တာကို လုပ်နိုင်သည်။ သူမ လျှောက်သွားနိုင်သည့် နေရာစုံရှိသည်။ လီဂျင်းယွမ် နဲ့ ဇောင်ယုဟွမ် တို့က ပုံမှန်အတိုင်းပင် စကားပြောနေခဲ့ကြသည်။ သူက ပြောလိုက်သည်။
“ဟွမ်ဟွမ်၊ အစ်ကိုဝေ့ ကကိုယ့်အတွက် ရှိုးပွဲအသစ်တစ်ခု လက်ခံလိုက်တယ်။ ကိုယ့်အယ်လ်ဘမ်က မကြာခင် ထွက်တော့မှာဆိုတော့ ကြော်ငြာနဲ့ မလွှဲချင်ဘူး”
ဟုန်ချန်းမင်း ကဖုန်းပြောတာကို နားထောင်နေရင်း သေလောက်အောင် အနှောင့်အယှက် ဖြစ်နေခဲ့သည်။ ဒါက လီဂျင်းယွမ် ဆီကဆိုတာကို သူသိသည်။ ဇောင်ယုဟွမ် ကသူနဲ့ ပုံမှန်အတိုင်း ပြောနေတာကို မြင်လိုက်ပြီး ဟုန်ချန်းမင်း မပျော်တော့ပေ။
ဘာကြောင့် ငါတစ်ယောက်တည်းကိုပဲ မပြောနိုင်ရတာလဲ?
လီဂျင်းယွမ် ဖုန်းခေါ်ချိန်မှာ မင်း ဖုန်းချလိုက်သင့်တယ်!
သို့သော် ဟုန်ချန်းမင်း ကဘာမှမပြောပဲ သူ့မပျော်ရွှင်မှုကို မျိုချလိုက်သည်။
“ဟမ်? ဘာရှိုးပွဲလဲ?” ဇောင်ယုဟွမ် ကပြောလိုက်သည်။ လီဂျင်းယွမ် ရဲ့လုပ်ဆောင်ချက်က ကောင်းမွန်တာကြောင့် သူမကို စိတ်သက်သာစေသည်။
အနည်းဆုံးတော့ ဘယ်လိုပြန်ဖြေရမလဲဆိုပြီး စိတ်ပူနေစရာ မလိုတော့ပေ။ အခုတော့ သူတို့က အရင်ကလိုမျိုး ပုံမှန်လေး ဖြစ်နေသေးတယ်။
“ပြိုင်ပွဲရှိုး” လီဂျင်းယွမ် ကပလက်စတစ် ရေဗူးပေါ်မှ လက်ချောင်းတွေကို ဖြေလျော့လိုက်သည်။ ဟုန်ချန်းမင်း သာမဟုတ်ရင် သူ့စိတ်ထဲတွင် တွေးလိုက်မိသည်။
လီဂျင်းယွမ် ကမထွက်သေးသည့် သူ့အလုပ်အားလုံးကို သူမအား ပြောပြခဲ့သည်။ ဒီအရာကြောင့် ဇောင်ယုဟွမ် က လီဂျင်းယွမ် ကိုအပြစ်မတင်နိုင်တော့ပေ။
လီဂျင်းယွမ် ကသူမအား စိစစ်မေးမြန်းသလို လုပ်ပေမဲ့ သူ့အကြောင်း ဘာကိုမှဖုံးကွယ်ထားခြင်း မရှိပေ။ သူ ဒီနေ့နိုးလာတည်းက အပြင်ထွက်ပြီး လေ့ကျင့်တာ၊ ဘာနဲ့စားတာ၊ အရသာကောင်းတာ မကောင်းတာတွေပါ ပြောပြတတ်သည်။
ဖုန်းပြောတာက ကုမ္ပဏီပြန်ရောက်သည်အထိ ဖြစ်ခဲ့ပြီး လီဂျင်းယွမ် ကခက်ခဲသည့် မေးခွန်းတွေကို ထပ်မေးခြင်း မရှိတော့ပေ။ တဖြည်းဖြည်းနှင့် ဇောင်ယုဟွမ် ကသတိထားမှုကို လျော့ချလိုက်ပြီး သတိလက်လွတ် အချိန်အတော်ကြာ စကားပြောနေခဲ့သည်။
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့စိတ်က ထွက်ပေါ်လာတာကြောင့် ဟုန်ချန်းမင်း ကသူ့ခံစားချက်တွေကို ဖုံးကွယ်ထားပြီး မပျော်ရွှင်သည့် ခံစားချက်ကို ပြသဖို့အတွက် စိတ်ထဲမထားတော့ပေ။
ထိုအရာကို မြင်လိုက်ပြီး ဇောင်ယုဟွမ် ကအားနာသလို ခံစားလိုက်ရသည်။ နောက်ပြီး အခုလေးတင် သူနဲ့စကားပြောခဲ့သေးသည်။
“အို၊ ထပ်မပြောတော့ဘူး။ ဟွမ်ဟွမ် ဖုန်းချလိုက်ပြီ။ ဂျင်းယွမ် အလုပ်ကို မြန်မြန် သွားလုပ်သင့်တယ်၊ မဟုတ်ရင် အစ်ကိုဝေ့ ကအရမ်းကို ဒေါသထွက်လိမ့်မယ်” ဇောင်ယုဟွမ် ကပြောလိုက်ပြီး သူတို့စကားစကို ဖြတ်လိုက်သည်။ တစ်ဖက်တွင် လီဂျင်းယွမ် ကပြုံးလိုက်ပြီး သူ့အသံက အရင်အတိုင်းပင် နူးညံ့နေသည်။
“ဟုန်ချန်းမင်း ကမပျော်တော့လို့လား?” ဇောင်ယုဟွမ် က လီဂျင်းယွမ် ရဲ့စကားထဲတွင် ရန်မူမှုအရိပ်အယောင်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သို့သော် ဒါက နည်းနည်းလေးသာ ဖြစ်ပြီး ခဏလောက်သာ ခံစားလိုက်ရသည်။ လီဂျင်းယွမ် ကအလျင်အမြန်ပင် ပြောလိုက်သည်။
“အိုကေ၊ ဒါဆို ကိုယ်ဖုန်းချလိုက်ပြီ။ ကိုယ့်အလုပ်ပြီးသွားရင် ဟွမ်ဟွမ့် ကိုဖုန်းခေါ်လိုက်မယ်” ဖုန်းချလိုက်ပြီးနောက် ဟုန်ချန်းမင်း ကစကားပြောချင်ပေမဲ့ ဇောင်ယုဟွမ် ရဲ့ဖုန်းက ထပ်မြည်လာခဲ့သည်။
ဇောင်ယုဟွမ် ကကိုင်လိုက်သည်။ ဒါက ရန်ဆန်း ရဲ့အစ်မဆီမှ ဖြစ်သည်။
“ရိုက်ကူးရေးအတွင်း ဖြစ်ပျက်ခဲ့တာတွေအတွက် အစ်မတကယ်ပဲ တောင်းပန်ပါတယ်။ ဒါက ပရိုဂရမ် ဝန်ထမ်းတွေရဲ့ အမှားတွေဖြစ်ပြီး ဧည့်သည်တွေကို ဘေးကင်းအောင် မလုပ်ပေးနိုင်တာပါ။ ညီမတို့တွေ ပြန်ရောက်လာတော့ ညီမကို တောင်းပန်ဖို့ ဖိတ်ခေါ်ချင်တယ်။ ဒါပေမဲ့ မစ္စတာလီ နဲ့ မစ္စတာဟုန် တို့က ညီမကို အရမ်းကာကွယ်ပေးထားပြီး ခြေတစ်လှမ်းလောက် လှမ်းဖို့ကိုတောင် ခွင့်မပြုထားတော့… ဒါကြောင့်ပဲ အစ်မက ဖုန်းခေါ်လိုက်တာ…”
ရန်ဆန်း ရဲ့အစ်မက အတော်လေး စကားများသည်၊ ပထမက တောင်းပန်ပြီးနောက် ဇောင်ယုဟွမ် အားရှိုးပွဲတွင် ဆက်ရိုက်ကူးဖို့အတွက် ဆန္ဒရှိကြောင်း ပြောခဲ့သည်။ ရှိုးပွဲရဲ့ ဧည့်သည်တွေက မတူညီသည့် စာချုပ်တွေဖြင့် လက်မှတ်ထိုးထားခဲ့သည်။
ဝမ်ယောင်ချန်း နဲ့ ဂူယူလင်း တို့က ဧည့်သည်အဖြစ် လက်မှတ်ထိုးထားခဲ့ပြီး ကောမိုင် နဲ့ လီဂျင်းယွမ် လိုတခြားကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားသည့် သူတွေအတွက်တော့ ယာယီစာချုပ်သာ ချုပ်ထားသည်။
ဝမ်ယောင်ချန်း ကပရိုဂရမ်နဲ့ ဆက်ရိုက်ကူးဖို့အတွက် အပိုင်းဆက်တွေ ကျန်နေသေးတာကို သတိရသွားပြီး ဇောင်ယုဟွမ် ကရှိုးပွဲကို ဆက်မလုပ်ချင်တော့ပေ။
လူတွေက သူမနဲ့ လာပတ်သက်မှာကို မကြောက်ပေမဲ့ တက်နိုင်သလောက် ရှောင်ချင်သည်။ သူမသာ ရှိုးပွဲထဲမှာ ဆက်ရှိနေရင် သူမရဲ့စိတ်အနှောင့်အယှက် ဖြစ်မှုကို မထိန်းချုပ်နိုင်သလို ခံစားချက်တွေ ထုတ်ပြဖို့မကြောက်သည့် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့ဒေါသကိုလည်း ကြောက်မိသည်။
နှိုင်းယှဉ်ကြည့်ရင် ဝမ်ယောင်ချန်း ကအပြင်လူဖြစ်ပြီး အပြင်လူက အရမ်းကျေနပ်စရာ မကောင်းပေ…
ထိုအရာကြောင့် ဇောင်ယုဟွမ် ကတိုက်ရိုက်သာ ငြင်းပယ်လိုက်သည်။
ရန်ဆန်း ရဲ့အစ်မက ကံမကောင်းသလို ခံစားရပေမဲ့ သူမကို ဆက်မတောင်းဆိုခဲ့ပေ။ ဇောင်ယုဟွမ် ရဲ့ရှင်းလင်းသည့် အဖြေကြောင့် သူမက တခြားဘာကို ပြောနိုင်တော့မှာလဲ? သူမ ဆက်ပြီးဖိအားပေးရင် ရန်သူများလာရုံသာ ရှိလိမ့်မည်။ သူမမောင်လေးကလဲ ဇောင်ယုဟွမ် ကရင်းနှီးသည်။
ဖုန်းချပြီးနောက် ဇောင်ယုဟွမ် ကတခြားခေါ်လောက်မဲ့သူ မရှိလောက်တော့ကြောင်း တွေးလိုက်မိသည်။ သူမ တွေးလိုက်ရင်း လှည့်လိုက်ကာ ဟုန်ချန်းမင်း ကိုကြည့်လိုက်သည်။
ဟုန်ချန်းမင်း ကလည်း သူမကို ကြည့်နေခဲ့သည်။ သို့သော် ဇောင်ယုဟွမ် ကထိုင်နေပြီး စက္ကန့်အနည်းငယ်လောက် သတိလွတ်သွားသည်။
ဟုန်ချန်းမင်း ရဲ့မျက်လုံးတွေက အရမ်းကိုမဲမှောင်နေပပြီး ဖြတ်ကျော်ပြီး မမြင်နိုင်ပေ။ သူမကို စိုက်ကြည့်နေပြီး သူ့မျက်လုံးတွေက နက်ရှိုင်းသည့် ခံစားချက်တချို့နဲ့ ပြည့်နှက်နေသည်။
ထိုအချိန်တွင် ဇောင်ယုဟွမ် ကသားရဲတစ်ကောင်ရဲ့ စောင့်ကြည့်ခြင်းကို ခံနေရသလိုမျိုး ထင်လိုက်မိသည်။
“အစ်ကိုချန်းမင်း” ဇောင်ယုဟွမ် ကတွန့်ဆုတ်နေပြီးနောက် သူ့ကို ကျေနပ်စေဖို့ ကြိုးစားကာ ပြောလိုက်သည်။
ဟုန်ချန်းမင်း မျက်နှာမှ စိတ်မကျေနပ်မှုက အလျင်အမြန် ပျောက်ပျက်သွားပြီး ဇောင်ယုဟွမ် အနားကိုတိုးလာကာ သူမထိုင်ခုံခါးပတ်အား အလျင်မလိုစွာဖြင့် ဖြုတ်ပေးလိုက်သည်။
“ဆင်းရအောင်” ဇောင်ယုဟွမ် ကစိတ်သက်သာသလို ခံစားလိုက်ရပေမဲ့ နည်းနည်းတော့ စိုးရိမ်နေသည်။
အခုတော့ သူ့ကိစ္စတွေက သူမနဲ့ဆန့်ကျင်နေသည်။ ဒါတွေကနေ သူက သူမကို သဘောကျနေတာကို ပြနေတာ မဟုတ်ဘူးမလား? ဇောင်ယုဟွမ် ကဒီအတွေးတွေအား အပြင်ဘက်တွင် ထုတ်မပြပဲ တွေးနေခဲ့သည်။
ဟုန်ချန်းမင်း အနောက်မှနေပြီး အဆောက်အဦးပေါ်ကို လိုက်တက်သွားခဲ့သည်။ နောက်ဆုံးတော့ ဟုန်ချန်းမင်း ကသူ့အလုပ်စားပွဲကို ရောက်သွားပြီး သူ့အလုပ်အား ပုံမှန်အတိုင်း အာရုံစိုက်နေတာကို မြင်လိုက်ချိန်တွင် ဇောင်ယုဟွမ် စိတ်သက်သာသွားခဲ့သည်။
အလုပ်ပြီးချိန်တွင် အတွင်းရေးမှူးက တံခါးခေါက်ပြီး ညစာစားပွဲပါတီအကြောင်းကို မေးခဲ့သည်။ မကြာခင်က ကုမ္ပဏီရဲ့ ပရောဂျက်တွင် များပြားသည့် တိုးတက်မှုတွေ ဖြစ်လာခဲ့သည်။
ဝန်ထမ်းတွေအား အားဖြည့်ပေးရန်အတွက် ညစာစားပွဲပါတီကို ပြုလုပ်ခဲ့ကြသည်။ သို့သော် ဟုန်ချန်းမင်း ကဘယ်တုန်းကမှ တက်ရောက်ခြင်း မရှိပေ။
ဒီနေ့တွင် အတွင်းရေးမှူးက တာဝန်အရ မေးရုံသာဖြစ်သည်။
“ဘယ်နေရာမှာလဲ?” ဟုန်ချန်းမင်း ကမေးလိုက်သည်။
အတွင်းရေးမှူးက ထိတ်လန့်သွားပေမဲ့ အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။ “ဒင်မန်းဂုဏ်ပြုပွဲမှာပါ”
ဒါက ဟိုက်ရှီ ရဲ့အထက်တန်း စားသောက်ဆိုင်ဖြစ်သည်။ ဟုန်ချန်းမင်း ကချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။
“မစ္စဇောင် ကိုငါခေါ်သွားလိုက်မယ်”
အတွင်းရေးမှူးက ဗလာဖြစ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့၊ အိုကေ၊ မစ္စတာဟုန်”
“အောက်ထပ်ကစောင့်နေ”
“ဟုတ်ကဲ့ပါ၊ မစ္စတာဟုန်” အတွင်းရေးမှူးက ရုံးခန်းမှ လျှောက်ထွက်သွားပြီးနောက် ဒါက အစစ်အမှန် မဟုတ်သလို သူခံစားနေရသည်။
မစ္စတာဟုန် ကပုံမှန်ဆိုရင် သူ့အလုပ်ကိုသာ အာရုံစိုက်တက်ပြီး သူရှောင်နိုင်သမျှ အရာတွေကို ရှောင်ခဲ့သည်။ သို့သော် ‘အချိန်ခရီးသွားခြင်း’ တတိယပိုင်း ထွက်လာချိန်တွင် မစ္စတာဟုန် နဲ့ မစ္စဇောင် တို့ရဲ့ဆက်ဆံရေးကို လူတိုင်းသိခဲ့ကြသည်။
သူတို့က မစ္စတာဟုန် ကဘာကြောင့် ကုမ္ပဏီပွဲတွေကို တက်ရောက်ရတာ သဘောမကျလဲ၊ အပြင်ထွက်ရတာကို မကြိုက်လဲဆိုတာကို ဆွေးနွေးခဲ့ကြသည်။ ဒါတွေက သူ့အိမ်တွင် ညီမငယ်လေးက စောင့်နေတာကြောင့်ပင်။
အတွင်းရေးမှူးက တွေးလိုက်သည်။ ညီမချစ် တစ်ယောက်ရဲ့ တကယ့်အမှန်က ဘာလဲ?
မစ္စတာဟုန် ရဲ့တကယ့်ပါဝါကို ထုတ်မပြသေးမှန်း အတွင်းရေးမှူး သိထားခဲ့သည်။
ဇောင်ယုဟွမ် ကသူနဲ့အတူ ကုမ္ပဏီကိုလာရန် တစ်လသဘောတူခဲ့ပြီး သူမက သူမစကားအတိုင်း ဆက်လိုက်နာနေတာကြောင့် ဟုန်ချန်းမင်း နဲ့အတူပါတီကို တက်ရောက်လိမ့်မည်။
ရုံးအပြင်ဘက်တွင် ဟုန်ချန်းမင်း က ဇောင်ယုဟွမ် အားကုတ်ဝတ်နိုင်ဖို့ ကူညီပေးခဲ့သည်။ လူတိုင်းက ထိုမြင်ကွင်းအား တိတ်ဆိတ်စွာဖြင့်သာ စိုက်ကြည့်နေခဲ့ကြပြီး အသံတစ်သံတောင် မထွက်ရဲကြပေ။
သူတို့က ဓာတ်လှေကားရှေ့ ရောက်ချိန်တွင် ဟုန်ချန်းမင်း ကသဘာဝကျစွာဖြင့် ဇောင်ယုဟွမ် ရဲ့အိတ်ကို ယူလိုက်သည်။ ဇောင်ယုဟွမ် ကနည်းနည်း ရှက်သွားခဲ့သည်။
“ဒါကို ဟွမ်ဟွမ့် ဘာသာသယ်နိုင်ပါတယ်”
ဟုန်ချန်းမင်း ရဲ့မျက်နှာက ထပ်ပြီးမဲမှောင်သွားခဲ့သည်။ သူက အိတ်ကိုတင်းကြပ်စွာ ကိုင်ထားရင်း ဒါကို တစ်ယောက်ယောက်က သူ့ဆီကနေ လုယူသွားမှာကို ကြောက်နေသလို ဖြစ်နေသည်။
ဟုန်ချန်းမင်း ရဲ့အသံက နည်းနည်း မပျော်သလို ဖြစ်နေပေမဲ့ ခြိမ်းခြောက်မှုကိုလည်း ရှင်းလင်းစွာ ပြနေခဲ့သည်။
“အချိန်တိုင်း ဒါကိုကိုင်ထားရတော့ မင်းပင်ပန်းနေလိမ့်မယ်။ မင်းလက်ချောင်းတွေတောင် နီရဲနေပြီ၊ အိမ်ပြန်ရောက်ရင် လက်တွေကို ကိုယ်မှုတ်ပေးမယ်”
ဇောင်ယုဟွမ် ကနည်းနည်း ကြောင်အ,သွားခဲ့သည်။ အရင်က တခြားသူတွေရှေ့မှာ ဟုန်ချန်းမင်း ဒီလိုပြောတာကို သူမ ဘယ်တုန်းကမှ မတွေ့ဖူးခဲ့ပေ။
ရုတ်တရက် ဟုန်ချန်းမင်း ကအိတ်ကို ယူလိုက်ပြီး ဇောင်ယုဟွမ် ကသူမနားတွေ ပူတက်လာတာကို ခံစားလိုက်ရကာ သူမ အရမ်းကို ပြင်းပြင်းထန်ထန် လုပ်မိသလို ခံစားလိုက်ရသည်…
သို့သော် သူမ အပြစ်ရှိသလိုလည်း ခံစားရသည်၊ ဒါတွေအားလုံးက သူတို့ရဲ့အလိုလိုက်မှုကြောင့်ပဲ မဟုတ်ဘူးလား?
ဇောင်ယုဟွမ် ကသူမအိတ်ကို ဆွဲထားပေမဲ့ မလုပ်နိုင်ပေ။ သူမအိတ်ကို လွှတ်ပေးလိုက်ပြီး နာခံစွာဖြင့် ဟုန်ချန်းမင်း အနောက်တွင် ရပ်လိုက်သည်။
ဒင် – ဓာတ်လှေကား တံခါးက ပွင့်သွားခဲ့သည်။
ဇောင်ယုဟွမ် နဲ့ ဟုန်ချန်းမင်း တို့က အရင်ဆုံး ဝင်လိုက်ကြသည်။ ထို့နောက် အတွင်းရေးမှူးနဲ့ လက်ထောက်က လိုက်ဝင်လာခဲ့သည်။ တခြားသူတွေက မလှုပ်ကြပေ။ ဟုန်ချန်းမင်း ကပြောလိုက်သည်။
“အတူတူသွားကြမယ်”
လူတိုင်းက ထိတ်လန့်သွားကြသည်။ သေချာပေါက်ကို သူတို့သူဌေးရဲ့ ဖိတ်ခေါ်ချက်ကို မငြင်းပယ်နိုင်တာကြောင့် တစ်ယောက်ပြီး တစ်ယောက် ဓာတ်လှေကားထဲကို ဝင်လိုက်ကြသည်။
ဓာတ်လှေကားရဲ့ အမြင့်ဆုံး အကန့်အသတ်က ၁၈ ယောက်ဖြစ်ပြီး တခြားသူတွေ ဝင်လာရင်း ဓာတ်လှေကားက ချက်ချင်းပင် လူများသွားခဲ့သည်။
ဟုန်ချန်းမင်း က ဇောင်ယုဟွမ် အားထောင့်ဘက်ကို ဆွဲလိုက်သည်။ လူတိုင်းကို ကျောပေးထားကာ ဇောင်ယုဟွမ် အားသူ့လက်မောင်းထဲတွင် ကိုင်ထားသလိုမျိုး ဖြစ်နေခဲ့သည်။
တခြားသူတွေက ဒီမြင်ကွင်းအား တိတ်ဆိတ်စွာ ကြည့်နေခဲ့ပြီး အသံတစ်သံတောင် မထွက်ရဲကြပေ။
ဇောင်ယုဟွမ် ကခေါင်းကိုတောင် မမော့ရဲပေ။ ဟုန်ချန်းမင်း ကအရမ်းကို နီးကပ်နေတာကြောင့် သူမခေါင်းမော့လိုက်ရင်း သူ့မေးကို ရိုက်မိသွားနိုင်သည်။
ကျေးဇူးတင်မိတာက ဟုန်ချန်းမင်း ကပရောပရည်လုပ်တာက မကောင်းတာပင်၊ မကြာခင်တွင် ဓာတ်လှေကားက အောက်ထပ်ကို ရောက်သွားခဲ့သည်။
သို့သော် ဒါက အစသာဖြစ်သည်။ မစ္စတာဟုန် ကအိတ်လွယ်ထားပြီး သူမအတွက် တံခါးဖွင့်ပေးတာ၊ ထိုင်ခုံခါးပတ် ပတ်ပေးတာ၊ နောက်ပြီး စားသောက်ဆိုင်ကို ကိုယ်တိုင်မောင်းတာကို ဝန်ထမ်းတွေက မြင်လိုက်ကြသည်။
နောက်ဆုံးတော့ စားသောက်ဆိုင်ကို ဝင်ပြီးနောက် သူက ပြေးလွှားကာ အစားအသောက်တွေကို ယူနေခဲ့သည်။ ဒီမြင်ကွင်းအား ရှိုးပွဲတွင် မြင်ဖူးပြီးသား ဖြစ်သော်လည်း တကယ့်လက်တွေ့မှာ ဘယ်လိုဖြစ်ပြီး ရင်ဆိုင်နေရတာလဲ?
လူအနည်းစုက မနေနိုင်တော့ပဲ လက်ထောက်ကျန့်အား မေးလိုက်ကြသည်။ “မစ္စတာဟုန် ကိုအရာအားလုံး ကိုယ်တိုင်လုပ်ခွင့်ပြုထားတာပဲလား?”
လက်ထောက်က အကူအညီမဲ့စွာဖြင့် ခေါင်းညိတ်လိုက်သည်။ “မစ္စတာဟုန် ကိုသာလုပ်ခွင့် မပေးထားရင် သူက ငါ့ကို မောင်းတင်ထားလိမ့်မယ်”
“…”
စားသောက်ပြီးနောက် ကုမ္ပဏီရှိလူတိုင်းက မစ္စဇောင် ကိုလေးစားမှုတွေ တိုးလာခဲ့သည်။ ထို့နောက် မစ္စတာဟုန်… သူက ညီမချစ် ဖြစ်ရုံမက အရိုးစွဲနေတဲ့ ညီမချစ်ပဲ!
ဟုန်ချန်းမင်း ကစွဲနေသူဖြစ်ပုံပေါ်သည်။ ရက်အနည်းငယ် အကြာတွင် သူက ဇောင်ယုဟွမ် အားကုမ္ပဏီရဲ့ ကော်ဖီဆိုင်ကို ခေါ်သွားခဲ့သည်။
သူ့မျက်နှာက မပြုံးပဲ သူ့အရှိန်အဝါက အရင်အတိုင်း ပြင်းထန်နေပေမဲ့ သူက ဇောင်ယုဟွမ် ကိုတစ်ကမ္ဘာလုံးတောင် ပေးချင်နေတဲ့ ခံစားချက်တွေကို ပြနေတယ်!
#များများဖတ်လို့ရအောင် E-tran ကိုစောင့်နေတာနဲ့ ကြာသွားတယ်၊ စောင့်နေတဲ့သူကော ရှိသေးရဲ့လား ☺️
8.7.2021 (Thu)
…………………….
Zawgyi
ေဇာင္ယုဟြမ္ ကႏႈတ္ခမ္းကို တင္းၾကပ္စြာ ေစ့လိုက္ၿပီး နားေထာင္ေနရင္း မသက္သာသလို ခံစားလိုက္ရသည္။ သူမႏွလုံးသားကို လက္ေခ်ာင္းေတြနဲ႔ လာတို႔ထိေနသလိုမ်ိဳး နာက်င္လာခဲ့သည္။ သို႔ေသာ္ ေဇာင္ယုဟြမ္ ကဘာမွမေျပာေပ။
ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ရဲ႕စိတ္ေတြက မွ်ေဝမႈကို ဉာဥ္တစ္ခုလို သူတို႔အ႐ိုးထဲအထိ စြဲေနၾကသည္။ သူတို႔ႏွစ္ေယာက္လုံးက အထင္ႀကီးခံရၿပီး မာနႀကီးၾကသည္။
ဒီပြဲစတင္ကတည္းက မပါဝင္ဖို႔ သူ႕ကို ႏွစ္သိမ့္မႈ မလုပ္ခဲ့ေပမဲ့ အခုေတာ့ သူ႕ကို သနားသလို ခံစားေနရသည္။ ေဇာင္ယုဟြမ္ ကေတြးလိုက္ၿပီးေနာက္ စကားလုံးေတြက တားျမစ္ထားေပမဲ့ အျပဳအမူေတြကေတာ့ ျပဳလုပ္ႏိုင္သည္။ ထို႔ေၾကာင့္ သူမလက္ကို ဆန္႔လိုက္ၿပီး စတီယာရင္ေပၚတြင္ ႐ွိေနသည့္ ဟုန္ခ်န္းမင္း ရဲ႕လက္ကို ကိုင္လိုက္သည္။
ဟုန္ခ်န္းမင္း ကရပ္သြားခဲ့သည္။ သူ႕လက္ခုံတြင္ ႐ုတ္တရက္ အထိအေတြ႕ကို ခံစားလိုက္ရသည္။ ဟုန္ခ်န္းမင္း ရဲ႕ႏွလုံးခုံသံက ျမန္လာခဲ့ၿပီး သူ႕လည္ေခ်ာင္းေတာင္ ေျခာက္ေသြ႕လာခဲ့သည္။
“ဟြမ္ဟြမ္…” ဟုန္ခ်န္းမင္း က႐ုတ္တရက္ သူမနာမည္ကို ေခၚလိုက္သည္။
“ဟမ္?” ေဇာင္ယုဟြမ္ ကနာခံစြာျဖင့္ ေခါင္းေမာ့လိုက္ကာ သူ႕အၾကည့္နဲ႔ စုံလိုက္ၿပီး ဟုန္ခ်န္းမင္း ရဲ႕ခံစားခ်က္ေတြကို နာက်င္ေစမႈ ေၾကာက္ေနခဲ့သည္။ ဟုန္ခ်န္းမင္း က႐ုတ္တရက္ ျပန္တည္ၿငိမ္သြားခဲ့ၿပီး စတီယာရင္ကို ပိုတင္းၾကပ္စြာ ကိုင္လိုက္သည္။
မင္းကသာ… ဟုန္ခ်န္းမင္း ကပါးစပ္ကို ဟလိုက္သည္။ သို႔ေသာ္ ေဇာင္ယုဟြမ္ ကဒီအခြင့္အေရးကို ယူလိုက္ၿပီး ေျပာလိုက္သည္။
“အရာကိစၥေတြက အရင္ကနဲ႔ မတူေတာ့ဘူး။ အစ္ကိုခ်န္းမင္း လိုခ်င္တာနဲ႔ ေငြ၊အိမ္၊ ကား၊ကုမၸဏီလို အရာအားလုံးကို ပိုင္ဆိုင္ႏိုင္တယ္… ေနာက္ၿပီး အစ္ကိုခ်န္းမင္း မွာဇနီး႐ွိလာရင္ အစ္ကိုခ်န္းမင္း ရဲ႕ကိုယ္ပိုင္ မိသားစုေတာင္ ႐ွိလာလိမ့္မယ္” ဟုန္ခ်န္းမင္း ရဲ႕အမူအရာက ခ်က္ခ်င္းပင္ နစ္ျမဳပ္သြားခဲ့သည္။
ကားထဲက ေလထုက ႐ုတ္တရက္ႀကီး ေအးခဲသြားသည္။ ေဇာင္ယုဟြမ္ ကႏႈတ္ခမ္းသပ္လိုက္သည္။
ငါ တစ္ခုခု မွားေျပာမိသြားလို႔လား?
‘ဇနီး’ဆိုတဲ့ စကားကို ထည့္မေျပာသင့္တာလား?
ဒါေပမဲ့… ဒါေပမဲ့ မၾကာခင္မွာ ဒီလိုအရာေတြက ျဖစ္လာႏိုင္တာပဲေလ။
အစက ေဇာင္ယုဟြမ္ ကသူ႕ကို စမ္းသပ္ခ်င္သလို အသိေပးခ်င္တာလည္း ျဖစ္ေပမဲ့ ဟုန္ခ်န္းမင္း ကခ်က္ခ်င္းပင္ ေပါက္ကြဲသြားသည္။ ဒါက ဟုန္ခ်န္းမင္း ထံတြင္ သူမအေပၚ ဒီလိုအၾကံအစည္ေတြ ႐ွိေနလိမ့္မွာကို သူမ ခန္႔မွန္းမိသြားသည္။ ျပႆနာပဲ။
ေဇာင္ယုဟြမ္ ကအံႀကိတ္လိုက္သည္။ ဒါေပမဲ့ သူမ နားလည္ေနတာကို ထုတ္မျပပဲ မသိသလိုပဲ ဆက္ကစားကာ ေမးလိုက္သည္။
“ဘာျဖစ္လို႔လဲ? ဟြမ္ဟြမ္ မွားသြားလို႔လား?” ဟုန္ခ်န္းမင္း ကမေပ်ာ္႐ႊင္တာကို တြန္းထုတ္လိုက္ၿပီး ေျပာလိုက္သည္။
“ဇနီးမ႐ွိဘူး” ထို႔ေနာက္ ဒါက မလုံေလာက္ေသးဘူးလို႔ ခံစားရတာေၾကာင့္ ထပ္ေျပာလိုက္သည္။ “ဇနီးမ႐ွိဘူး”
“ဟြမ္ဟြမ္ ကေနာင္ျဖစ္လာမဲ့ အေၾကာင္းကိုပဲ ေျပာတာေလ…”
“ေနာက္က်ရင္လည္း ႐ွိမွာမဟုတ္ဘူး” ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ရဲ႕စကားေတြကို ေႏွာင့္ယွက္လိုက္သည္။ ေဇာင္ယုဟြမ္ က႐ုတ္တရက္ နည္းနည္း စိတ္လႈပ္႐ွားသြားခဲ့သည္။
ဟုန္ခ်န္းမင္း ကခ်က္ခ်င္းႀကီး ထုတ္ေတာ့မေျပာေလာက္ဘူးမလား?
သူလုပ္လိုက္ရင္ သူမ ဘာလုပ္သင့္လဲ?
သူမရည္႐ြယ္ခ်က္ကို သူနားလည္ေနရင္ သူ႕ကို ဒီအေတြးေတြ လက္လႊတ္လိုက္တာ အေကာင္းဆုံး ျဖစ္တာကို သိသြားလိမ့္မယ္။ ေဇာင္ယုဟြမ္ ကသူမလက္ကို ျပန္႐ုတ္လိုက္ၿပီး အျပင္ဘက္ကို ၾကည့္လိုက္သည္။
“အစ္ကိုခ်န္းမင္း ကတစ္ဘဝလုံး တစ္ေယာက္တည္းပဲ ေနခ်င္တာလား?” ဟုန္ခ်န္းမင္း ကလည္း ခံစားခ်က္ေတြကို ထိန္းခ်ဳပ္လိုက္သည္။
သူ႕အေၾကာင္းျပခ်က္နဲ႔ သူ႕တင္းၾကပ္သည့္ ခံစားခ်က္ဆႏၵေတြက တစ္ခုနဲ႔တစ္ခု ဆန္႔က်င္ေနၾကသည္။ သူ႕ပါးစပ္ကို ဖြင့္လိုက္ၿပီး ေျပာလိုက္သည္။
“ကိုယ္ သေဘာက်တဲ့သူကို မ႐ွာႏိုင္ရင္ တစ္သက္လုံး တစ္ေယာက္တည္း ေနတာက ပိုေကာင္းလိမ့္မယ္” သူ႕အသံက နည္းနည္း ေဒါသသံပါေနၿပီး ေဇာင္ယုဟြမ္ ကေပ်ာ္႐ႊင္မႈအတြက္ ဒိတ္ခ်င္တာတြင္ မေပ်ာ္သလိုမ်ိဳး ပါဝင္ေနသည္။
ေဇာင္ယုဟြမ္ ကဘယ္လိုတုန္႔ျပန္ရမွန္း မသိေပ။ သူမအရင္ဘဝက အရမ္းကို တိုေတာင္းၿပီး ဒိတ္တဲ့အေတြ႕အၾကဳံကို မခံစားခဲ့ရပဲ ခ်စ္ျခင္းကို တစ္ေယာက္တည္းသာ ခံစားခဲ့ရသည္။ သူမခ်စ္တဲ့ တစ္စုံတစ္ေယာက္ကို လက္ထပ္ရမယ္လို႔ ဘယ္တုန္းကမွ မေတြးခဲ့ဖူးေပ။
သူမ ေပ်ာ္ေနသမွ် အဆင္ေျပလိမ့္မည္။ သူမ မေပ်ာ္ေတာ့တာနဲ႔ ထြက္သြားလိုက္မည္။
အခ်စ္အတြက္ ႐ွင္ျခင္း၊ ေသျခင္းဆိုရင္ ဘာလုပ္ရမလဲ?
ဒီဂိမ္းက ဘာမွေပ်ာ္စရာမ႐ွိတာ ျဖစ္ႏိုင္လား?
ဒါမွမဟုတ္ ေငြမလုံေလာက္လို႔လား?
ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ေၾကာက္ၿပီး ထြက္ေျပးသြားမွာကို ေၾကာက္သည္။ သူမ နားလည္သြားမွာကိုလည္း စိုးရိမ္ေနခဲ့သည္။ ထို႔ေၾကာင့္ သူ႕အသံကို ေလ်ာ့လိုက္သည္။
“ကိုယ္ ဇနီးမလိုပါဘူး” ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ရဲ႕လက္ကို ကိုင္လိုက္ၿပီး အလ်င္အျမန္ပင္ လႊတ္ေပးလိုက္သည္။ သူက အသံတိုးေလးနဲ႔ ေျပာလိုက္သည္။
“ဟြမ္ဟြမ္ ႐ွိေနတာနဲ႔တင္ လုံေလာက္တယ္။ ဒါ့ေၾကာင့္ ဟြမ္ဟြမ္ ကကိုယ့္ကို ပိုင္တယ္” ထိုစကားကို ေျပာၿပီးေနာက္ ဟုန္ခ်န္းမင္း ကသူ႕ပါးစပ္ကို ပိတ္လိုက္သည္။
ဒါက လုံးဝကို ႐ိုးသားသည့္ စကားလုံးေတြ ျဖစ္သည္။ အရင္တည္းက သူ႕စကားလုံးေတြက ဒီအတြက္ လမ္းေၾကာင္းခဲ့တာ ျဖစ္သည္။
သူက ပထမဆုံး အခ်စ္တြင္ က်႐ႈံးသြားသည့္ ေကာင္ေလးလို ျဖစ္ေနၿပီး သူမအတြက္ သူ႕အခ်စ္ေတြကို ဖြင့္ဟျပခ်င္ၿပီး ဖုံးကြယ္ထားသည့္ စိတ္ဆႏၵေတြအားလုံးကို ထုတ္ျပခ်င္သည္။
သို႔ေသာ္ သူက နိမ့္က်ေသာ EQ ျဖင့္ေမြးဖြားခဲ့သည္။ သူေျပာခ်င္တာကို ေဇာင္ယုဟြမ္ နားလည္ဖို႔ ေမွ်ာ္လင့္ခဲ့သည္။
႐ုတ္တရက္ ေဇာင္ယုဟြမ္ ရဲ႕ဖုန္းက ျမည္လာခဲ့သည္။ ေဇာင္ယုဟြမ္ ကေနာက္ဆုံးေတာ့ စိတ္သက္သာရရၿပီးဆိုၿပီး သက္ျပင္းခ်လိုက္သည္။ ဖုန္းေခၚသူကိုေတာင္ မၾကည့္ပဲ ကိုင္လိုက္သည္။ “ဟယ္လို”
“ဟြမ္ဟြမ္”
“…” ေဇာင္ယုဟြမ္ ကဖုန္းကိုနိမ့္လိုက္ၿပီး မ်က္ႏွာျပင္ကို ၾကည့္လိုက္သည္။ ဒါက လီဂ်င္းယြမ္ ျဖစ္သည္။ …ဒါက ဘာလဲ?
သူတို႔က တစ္ခ်ိန္တည္း ငါ့ဆီကို ေရာက္လာၾကတာပဲလား၊ ဟမ္?
လီဂ်င္းယြမ္ ကဘာျဖစ္မွန္း မသိေပ။ သူက အရင္အတိုင္းပင္ ဂ႐ုတစိုက္ျဖင့္ ႏူးညံ့စြာ ေမးလိုက္သည္။ “ဟြမ္ဟြမ္ အနားယူေနတာလား? ထမင္းေကာ စားၿပီးၿပီလား? ဟြမ္ဟြမ္ ဘယ္သူနဲ႔႐ွိေနလဲ?”
လီဂ်င္းယြမ္ ကအၿမဲတမ္း ထိုအရာေတြကို ေမးတက္ၿပီး ေဇာင္ယုဟြမ္ ကတစ္ခုခု မွားေနတယ္လို႔ မခံစားရတာေၾကာင့္ ေမးခြန္းတစ္ခုခ်င္းစီကို ေျဖလိုက္သည္။ သို႔ေသာ္ သူမေဘးတြင္ ဟုန္ခ်န္းမင္း ကထိုင္ေနတာေၾကာင့္ ေဇာင္ယုဟြမ္ ကနည္းနည္းေတာ့ သတိထားေနရသည္။
သူမေန႔စဥ္ဘဝကို တစ္ခုခ်င္းစီ ေမးျမန္းစိစစ္ေနတယ္လို႔ နားလည္လိုက္သည္။ ေဇာင္ယုဟြမ္ ကသူမလွ်ာဖ်ားမွ စကားလုံးေတြကို မ်ိဳခ်လိုက္သည္။ ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း နဲ႔အတူတူ ႐ွိေနတယ္လို႔ ေျပာတာေၾကာင့္ လီဂ်င္းယြမ္ ကဆက္မေမးေတာ့ေပ။
တစ္ဖက္တြင္ လီဂ်င္းယြမ္ ကသူ႕ခံစားခ်က္ေတြ သက္သာရာရသြားၿပီး အမူအရာ မေျပာင္းလဲပဲ သူ႕လက္ထဲမွ ေရသန္႔ဗူးကို ဆုတ္လိုက္သည္။
“ဟြမ္ဟြမ္၊ ကိုယ့္အင္တာဗ်ဴး ဗီဒီယိုကို ၾကည့္ၿပီးသြားၿပီလား?” သူေမးလိုက္သည္။
ေဇာင္ယုဟြမ္ : “…”
ဒီႏွစ္ေယာက္ ဘာျဖစ္ေနၾကတာလဲ?!
႐ုတ္တရက္ တစ္ေယာက္ခ်င္းစီက ျပႆနာ႐ွိတဲ့ ေမးခြန္းေတြပဲ ေမးေနၾကတယ္။
တစ္ေယာက္က လီဂ်င္းယြမ္ ကိုသေဘာက်လား?
ေနာက္ၿပီး တျခားတစ္ေယာက္က ကိုယ့္အင္တာဗ်ဴး ဗီဒီယိုကို ၾကည့္ၿပီးသြားၿပီလား?
ေဇာင္ယုဟြမ္ ကတိုက္႐ိုက္ပဲ ေျဖလိုက္သည္။ “ဟြမ္ဟြမ္ ေတြ႕လိုက္တယ္”
“ကိုယ္ေကာင္းေကာင္း ေျဖခဲ့တယ္လို႔ ဟြမ္ဟြမ္ ထင္လား?” လီဂ်င္းယြမ္ ကအျပဳံးေလးနဲ႔ ေမးလိုက္သည္။
ေဇာင္ယုဟြမ္ : “…”
သူမ ဘယ္လိုျပန္တုန္႔ျပန္ရမလဲ?
သို႔ေသာ္ လီဂ်င္းယြမ္ ကတုန္႔ျပန္သံ မၾကားတာေၾကာင့္ နားလည္ေပးကာ စကားလမ္းေၾကာင္း ေျပာင္းသြားခဲ့သည္။
“ကိုယ္ မနက္ျဖန္ ျပန္လာမယ္” လီဂ်င္းယြမ္ ကရပ္သြားသည္။ “ကိုယ္တို႔ရဲ႕ အခ်ိန္ခရီးသြားျခင္း ႐ိုက္ကူးေရးက မ႐ွိေတာ့ဘူးဆိုေတာ့ ဟြမ္ဟြမ္ မွာတျခားအစီစဥ္ေတြ ႐ွိလား?”
“ပုံဆြဲမယ္၊ ေနာက္ၿပီး ေနရာတစ္ခုရဖို႔ ယွဥ္ၿပိဳင္ပြဲအတြက္ ႏိုင္ငံျခားကို ခဏေလာက္သြားမယ္။ အဲ့ေနရာမွာ ခဏေလာက္ေတာ့ လည္ပတ္လိုက္ဦးမယ္…”
“လုံျခဳံမႈအတြက္ကေကာ?” သူ႕သတိေပးမႈေၾကာင့္ ေဇာင္ယုဟြမ္ ကတူရကီမွာ ျဖစ္ပ်က္ခဲ့သည့္ အေၾကာင္းေတြကို ႐ုတ္တရက္ သတိရသြားခဲ့သည္။
အစက သူမ မေၾကာက္ခဲ့ေပမဲ့ သူေျပာလိုက္ခ်ိန္တြင္ နည္းနည္းလန္႔သြားကာ လုံျခဳံမႈအတြက္ အမိႏိုင္ငံမွာပဲ ေနထိုင္သင့္တယ္လို႔ ေတြးလိုက္မိသြားသည္။
“ဒါဆို အခုေတာ့ မသြားေသးဘူး။ ဟန္ယင္ယင္ နဲ႔တျခားသူေတြလည္း မၾကာခင္က တ႐ုတ္ျပည္မွာ ေနေနၾကတယ္၊ ဒါ့ေၾကာင့္ သူတို႔နဲ႔ပဲ ေလွ်ာက္လည္လိုက္မယ္” ေဇာင္ယုဟြမ္ ကေပ်ာ္စရာအေၾကာင္းေတြကို ေတြးလိုက္သည္။
ေက်ာင္းတုန္းက သူမ အရမ္းအလုပ္မ်ားခဲ့ေပမဲ့ အခုေတာ့ သူမ လုပ္ခ်င္တာကို လုပ္ႏိုင္သည္။ သူမ ေလွ်ာက္သြားႏိုင္သည့္ ေနရာစုံ႐ွိသည္။ လီဂ်င္းယြမ္ နဲ႔ ေဇာင္ယုဟြမ္ တို႔က ပုံမွန္အတိုင္းပင္ စကားေျပာေနခဲ့ၾကသည္။ သူက ေျပာလိုက္သည္။
“ဟြမ္ဟြမ္၊ အစ္ကိုေဝ့ ကကိုယ့္အတြက္ ႐ိႈးပြဲအသစ္တစ္ခု လက္ခံလိုက္တယ္။ ကိုယ့္အယ္လ္ဘမ္က မၾကာခင္ ထြက္ေတာ့မွာဆိုေတာ့ ေၾကာ္ျငာနဲ႔ မလႊဲခ်င္ဘူး”
ဟုန္ခ်န္းမင္း ကဖုန္းေျပာတာကို နားေထာင္ေနရင္း ေသေလာက္ေအာင္ အေႏွာင့္အယွက္ ျဖစ္ေနခဲ့သည္။ ဒါက လီဂ်င္းယြမ္ ဆီကဆိုတာကို သူသိသည္။ ေဇာင္ယုဟြမ္ ကသူနဲ႔ ပုံမွန္အတိုင္း ေျပာေနတာကို ျမင္လိုက္ၿပီး ဟုန္ခ်န္းမင္း မေပ်ာ္ေတာ့ေပ။
ဘာေၾကာင့္ ငါတစ္ေယာက္တည္းကိုပဲ မေျပာႏိုင္ရတာလဲ?
လီဂ်င္းယြမ္ ဖုန္းေခၚခ်ိန္မွာ မင္း ဖုန္းခ်လိုက္သင့္တယ္!
သို႔ေသာ္ ဟုန္ခ်န္းမင္း ကဘာမွမေျပာပဲ သူ႕မေပ်ာ္႐ႊင္မႈကို မ်ိဳခ်လိုက္သည္။
“ဟမ္? ဘာ႐ိႈးပြဲလဲ?” ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။ လီဂ်င္းယြမ္ ရဲ႕လုပ္ေဆာင္ခ်က္က ေကာင္းမြန္တာေၾကာင့္ သူမကို စိတ္သက္သာေစသည္။
အနည္းဆုံးေတာ့ ဘယ္လိုျပန္ေျဖရမလဲဆိုၿပီး စိတ္ပူေနစရာ မလိုေတာ့ေပ။ အခုေတာ့ သူတို႔က အရင္ကလိုမ်ိဳး ပုံမွန္ေလး ျဖစ္ေနေသးတယ္။
“ၿပိဳင္ပြဲ႐ိႈး” လီဂ်င္းယြမ္ ကပလက္စတစ္ ေရဗူးေပၚမွ လက္ေခ်ာင္းေတြကို ေျဖေလ်ာ့လိုက္သည္။ ဟုန္ခ်န္းမင္း သာမဟုတ္ရင္ သူ႕စိတ္ထဲတြင္ ေတြးလိုက္မိသည္။
လီဂ်င္းယြမ္ ကမထြက္ေသးသည့္ သူ႕အလုပ္အားလုံးကို သူမအား ေျပာျပခဲ့သည္။ ဒီအရာေၾကာင့္ ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ကိုအျပစ္မတင္ႏိုင္ေတာ့ေပ။
လီဂ်င္းယြမ္ ကသူမအား စိစစ္ေမးျမန္းသလို လုပ္ေပမဲ့ သူ႕အေၾကာင္း ဘာကိုမွဖုံးကြယ္ထားျခင္း မ႐ွိေပ။ သူ ဒီေန႔ႏိုးလာတည္းက အျပင္ထြက္ၿပီး ေလ့က်င့္တာ၊ ဘာနဲ႔စားတာ၊ အရသာေကာင္းတာ မေကာင္းတာေတြပါ ေျပာျပတတ္သည္။
ဖုန္းေျပာတာက ကုမၸဏီျပန္ေရာက္သည္အထိ ျဖစ္ခဲ့ၿပီး လီဂ်င္းယြမ္ ကခက္ခဲသည့္ ေမးခြန္းေတြကို ထပ္ေမးျခင္း မ႐ွိေတာ့ေပ။ တျဖည္းျဖည္းႏွင့္ ေဇာင္ယုဟြမ္ ကသတိထားမႈကို ေလ်ာ့ခ်လိုက္ၿပီး သတိလက္လြတ္ အခ်ိန္အေတာ္ၾကာ စကားေျပာေနခဲ့သည္။
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕စိတ္က ထြက္ေပၚလာတာေၾကာင့္ ဟုန္ခ်န္းမင္း ကသူ႕ခံစားခ်က္ေတြကို ဖုံးကြယ္ထားၿပီး မေပ်ာ္႐ႊင္သည့္ ခံစားခ်က္ကို ျပသဖို႔အတြက္ စိတ္ထဲမထားေတာ့ေပ။
ထိုအရာကို ျမင္လိုက္ၿပီး ေဇာင္ယုဟြမ္ ကအားနာသလို ခံစားလိုက္ရသည္။ ေနာက္ၿပီး အခုေလးတင္ သူနဲ႔စကားေျပာခဲ့ေသးသည္။
“အို၊ ထပ္မေျပာေတာ့ဘူး။ ဟြမ္ဟြမ္ ဖုန္းခ်လိုက္ၿပီ။ ဂ်င္းယြမ္ အလုပ္ကို ျမန္ျမန္ သြားလုပ္သင့္တယ္၊ မဟုတ္ရင္ အစ္ကိုေဝ့ ကအရမ္းကို ေဒါသထြက္လိမ့္မယ္” ေဇာင္ယုဟြမ္ ကေျပာလိုက္ၿပီး သူတို႔စကားစကို ျဖတ္လိုက္သည္။ တစ္ဖက္တြင္ လီဂ်င္းယြမ္ ကျပဳံးလိုက္ၿပီး သူ႕အသံက အရင္အတိုင္းပင္ ႏူးညံ့ေနသည္။
“ဟုန္ခ်န္းမင္း ကမေပ်ာ္ေတာ့လို႔လား?” ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ရဲ႕စကားထဲတြင္ ရန္မူမႈအရိပ္အေယာင္ကို ႐ုတ္တရက္ ခံစားလိုက္ရသည္။ သို႔ေသာ္ ဒါက နည္းနည္းေလးသာ ျဖစ္ၿပီး ခဏေလာက္သာ ခံစားလိုက္ရသည္။ လီဂ်င္းယြမ္ ကအလ်င္အျမန္ပင္ ေျပာလိုက္သည္။
“အိုေက၊ ဒါဆို ကိုယ္ဖုန္းခ်လိုက္ၿပီ။ ကိုယ့္အလုပ္ၿပီးသြားရင္ ဟြမ္ဟြမ့္ ကိုဖုန္းေခၚလိုက္မယ္” ဖုန္းခ်လိုက္ၿပီးေနာက္ ဟုန္ခ်န္းမင္း ကစကားေျပာခ်င္ေပမဲ့ ေဇာင္ယုဟြမ္ ရဲ႕ဖုန္းက ထပ္ျမည္လာခဲ့သည္။
ေဇာင္ယုဟြမ္ ကကိုင္လိုက္သည္။ ဒါက ရန္ဆန္း ရဲ႕အစ္မဆီမွ ျဖစ္သည္။
“႐ိုက္ကူးေရးအတြင္း ျဖစ္ပ်က္ခဲ့တာေတြအတြက္ အစ္မတကယ္ပဲ ေတာင္းပန္ပါတယ္။ ဒါက ပ႐ိုဂရမ္ ဝန္ထမ္းေတြရဲ႕ အမွားေတြျဖစ္ၿပီး ဧည့္သည္ေတြကို ေဘးကင္းေအာင္ မလုပ္ေပးႏိုင္တာပါ။ ညီမတို႔ေတြ ျပန္ေရာက္လာေတာ့ ညီမကို ေတာင္းပန္ဖို႔ ဖိတ္ေခၚခ်င္တယ္။ ဒါေပမဲ့ မစၥတာလီ နဲ႔ မစၥတာဟုန္ တို႔က ညီမကို အရမ္းကာကြယ္ေပးထားၿပီး ေျခတစ္လွမ္းေလာက္ လွမ္းဖို႔ကိုေတာင္ ခြင့္မျပဳထားေတာ့… ဒါေၾကာင့္ပဲ အစ္မက ဖုန္းေခၚလိုက္တာ…”
ရန္ဆန္း ရဲ႕အစ္မက အေတာ္ေလး စကားမ်ားသည္၊ ပထမက ေတာင္းပန္ၿပီးေနာက္ ေဇာင္ယုဟြမ္ အား႐ိႈးပြဲတြင္ ဆက္႐ိုက္ကူးဖို႔အတြက္ ဆႏၵ႐ွိေၾကာင္း ေျပာခဲ့သည္။ ႐ိႈးပြဲရဲ႕ ဧည့္သည္ေတြက မတူညီသည့္ စာခ်ဳပ္ေတြျဖင့္ လက္မွတ္ထိုးထားခဲ့သည္။
ဝမ္ေယာင္ခ်န္း နဲ႔ ဂူယူလင္း တို႔က ဧည့္သည္အျဖစ္ လက္မွတ္ထိုးထားခဲ့ၿပီး ေကာမိုင္ နဲ႔ လီဂ်င္းယြမ္ လိုတျခားကုမၸဏီနဲ႔ စာခ်ဳပ္ခ်ဳပ္ထားသည့္ သူေတြအတြက္ေတာ့ ယာယီစာခ်ဳပ္သာ ခ်ဳပ္ထားသည္။
ဝမ္ေယာင္ခ်န္း ကပ႐ိုဂရမ္နဲ႔ ဆက္႐ိုက္ကူးဖို႔အတြက္ အပိုင္းဆက္ေတြ က်န္ေနေသးတာကို သတိရသြားၿပီး ေဇာင္ယုဟြမ္ က႐ိႈးပြဲကို ဆက္မလုပ္ခ်င္ေတာ့ေပ။
လူေတြက သူမနဲ႔ လာပတ္သက္မွာကို မေၾကာက္ေပမဲ့ တက္ႏိုင္သေလာက္ ေ႐ွာင္ခ်င္သည္။ သူမသာ ႐ိႈးပြဲထဲမွာ ဆက္႐ွိေနရင္ သူမရဲ႕စိတ္အေႏွာင့္အယွက္ ျဖစ္မႈကို မထိန္းခ်ဳပ္ႏိုင္သလို ခံစားခ်က္ေတြ ထုတ္ျပဖို႔မေၾကာက္သည့္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕ေဒါသကိုလည္း ေၾကာက္မိသည္။
ႏိႈင္းယွဥ္ၾကည့္ရင္ ဝမ္ေယာင္ခ်န္း ကအျပင္လူျဖစ္ၿပီး အျပင္လူက အရမ္းေက်နပ္စရာ မေကာင္းေပ…
ထိုအရာေၾကာင့္ ေဇာင္ယုဟြမ္ ကတိုက္႐ိုက္သာ ျငင္းပယ္လိုက္သည္။
ရန္ဆန္း ရဲ႕အစ္မက ကံမေကာင္းသလို ခံစားရေပမဲ့ သူမကို ဆက္မေတာင္းဆိုခဲ့ေပ။ ေဇာင္ယုဟြမ္ ရဲ႕႐ွင္းလင္းသည့္ အေျဖေၾကာင့္ သူမက တျခားဘာကို ေျပာႏိုင္ေတာ့မွာလဲ? သူမ ဆက္ၿပီးဖိအားေပးရင္ ရန္သူမ်ားလာ႐ုံသာ ႐ွိလိမ့္မည္။ သူမေမာင္ေလးကလဲ ေဇာင္ယုဟြမ္ ကရင္းႏွီးသည္။
ဖုန္းခ်ၿပီးေနာက္ ေဇာင္ယုဟြမ္ ကတျခားေခၚေလာက္မဲ့သူ မ႐ွိေလာက္ေတာ့ေၾကာင္း ေတြးလိုက္မိသည္။ သူမ ေတြးလိုက္ရင္း လွည့္လိုက္ကာ ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္သည္။
ဟုန္ခ်န္းမင္း ကလည္း သူမကို ၾကည့္ေနခဲ့သည္။ သို႔ေသာ္ ေဇာင္ယုဟြမ္ ကထိုင္ေနၿပီး စကၠန္႔အနည္းငယ္ေလာက္ သတိလြတ္သြားသည္။
ဟုန္ခ်န္းမင္း ရဲ႕မ်က္လုံးေတြက အရမ္းကိုမဲေမွာင္ေနပၿပီး ျဖတ္ေက်ာ္ၿပီး မျမင္ႏိုင္ေပ။ သူမကို စိုက္ၾကည့္ေနၿပီး သူ႕မ်က္လုံးေတြက နက္႐ိႈင္းသည့္ ခံစားခ်က္တခ်ိဳ႕နဲ႔ ျပည့္ႏွက္ေနသည္။
ထိုအခ်ိန္တြင္ ေဇာင္ယုဟြမ္ ကသားရဲတစ္ေကာင္ရဲ႕ ေစာင့္ၾကည့္ျခင္းကို ခံေနရသလိုမ်ိဳး ထင္လိုက္မိသည္။
“အစ္ကိုခ်န္းမင္း” ေဇာင္ယုဟြမ္ ကတြန္႔ဆုတ္ေနၿပီးေနာက္ သူ႕ကို ေက်နပ္ေစဖို႔ ႀကိဳးစားကာ ေျပာလိုက္သည္။
ဟုန္ခ်န္းမင္း မ်က္ႏွာမွ စိတ္မေက်နပ္မႈက အလ်င္အျမန္ ေပ်ာက္ပ်က္သြားၿပီး ေဇာင္ယုဟြမ္ အနားကိုတိုးလာကာ သူမထိုင္ခုံခါးပတ္အား အလ်င္မလိုစြာျဖင့္ ျဖဳတ္ေပးလိုက္သည္။
“ဆင္းရေအာင္” ေဇာင္ယုဟြမ္ ကစိတ္သက္သာသလို ခံစားလိုက္ရေပမဲ့ နည္းနည္းေတာ့ စိုးရိမ္ေနသည္။
အခုေတာ့ သူ႕ကိစၥေတြက သူမနဲ႔ဆန္႔က်င္ေနသည္။ ဒါေတြကေန သူက သူမကို သေဘာက်ေနတာကို ျပေနတာ မဟုတ္ဘူးမလား? ေဇာင္ယုဟြမ္ ကဒီအေတြးေတြအား အျပင္ဘက္တြင္ ထုတ္မျပပဲ ေတြးေနခဲ့သည္။
ဟုန္ခ်န္းမင္း အေနာက္မွေနၿပီး အေဆာက္အဦးေပၚကို လိုက္တက္သြားခဲ့သည္။ ေနာက္ဆုံးေတာ့ ဟုန္ခ်န္းမင္း ကသူ႕အလုပ္စားပြဲကို ေရာက္သြားၿပီး သူ႕အလုပ္အား ပုံမွန္အတိုင္း အာ႐ုံစိုက္ေနတာကို ျမင္လိုက္ခ်ိန္တြင္ ေဇာင္ယုဟြမ္ စိတ္သက္သာသြားခဲ့သည္။
အလုပ္ၿပီးခ်ိန္တြင္ အတြင္းေရးမႉးက တံခါးေခါက္ၿပီး ညစာစားပြဲပါတီအေၾကာင္းကို ေမးခဲ့သည္။ မၾကာခင္က ကုမၸဏီရဲ႕ ပေရာဂ်က္တြင္ မ်ားျပားသည့္ တိုးတက္မႈေတြ ျဖစ္လာခဲ့သည္။
ဝန္ထမ္းေတြအား အားျဖည့္ေပးရန္အတြက္ ညစာစားပြဲပါတီကို ျပဳလုပ္ခဲ့ၾကသည္။ သို႔ေသာ္ ဟုန္ခ်န္းမင္း ကဘယ္တုန္းကမွ တက္ေရာက္ျခင္း မ႐ွိေပ။
ဒီေန႔တြင္ အတြင္းေရးမႉးက တာဝန္အရ ေမး႐ုံသာျဖစ္သည္။
“ဘယ္ေနရာမွာလဲ?” ဟုန္ခ်န္းမင္း ကေမးလိုက္သည္။
အတြင္းေရးမႉးက ထိတ္လန္႔သြားေပမဲ့ အလ်င္အျမန္ပင္ ျပန္ေျဖလိုက္သည္။ “ဒင္မန္းဂုဏ္ျပဳပြဲမွာပါ”
ဒါက ဟိုက္႐ွီ ရဲ႕အထက္တန္း စားေသာက္ဆိုင္ျဖစ္သည္။ ဟုန္ခ်န္းမင္း ကခ်က္ခ်င္းပင္ ဆုံးျဖတ္ခ်က္ခ်လိုက္သည္။
“မစၥေဇာင္ ကိုငါေခၚသြားလိုက္မယ္”
အတြင္းေရးမႉးက ဗလာျဖစ္စြာျဖင့္ ေခါင္းညိတ္လိုက္သည္။ “ဟုတ္ကဲ့၊ အိုေက၊ မစၥတာဟုန္”
“ေအာက္ထပ္ကေစာင့္ေန”
“ဟုတ္ကဲ့ပါ၊ မစၥတာဟုန္” အတြင္းေရးမႉးက ႐ုံးခန္းမွ ေလွ်ာက္ထြက္သြားၿပီးေနာက္ ဒါက အစစ္အမွန္ မဟုတ္သလို သူခံစားေနရသည္။
မစၥတာဟုန္ ကပုံမွန္ဆိုရင္ သူ႕အလုပ္ကိုသာ အာ႐ုံစိုက္တက္ၿပီး သူေ႐ွာင္ႏိုင္သမွ် အရာေတြကို ေ႐ွာင္ခဲ့သည္။ သို႔ေသာ္ ‘အခ်ိန္ခရီးသြားျခင္း’ တတိယပိုင္း ထြက္လာခ်ိန္တြင္ မစၥတာဟုန္ နဲ႔ မစၥေဇာင္ တို႔ရဲ႕ဆက္ဆံေရးကို လူတိုင္းသိခဲ့ၾကသည္။
သူတို႔က မစၥတာဟုန္ ကဘာေၾကာင့္ ကုမၸဏီပြဲေတြကို တက္ေရာက္ရတာ သေဘာမက်လဲ၊ အျပင္ထြက္ရတာကို မႀကိဳက္လဲဆိုတာကို ေဆြးေႏြးခဲ့ၾကသည္။ ဒါေတြက သူ႕အိမ္တြင္ ညီမငယ္ေလးက ေစာင့္ေနတာေၾကာင့္ပင္။
အတြင္းေရးမႉးက ေတြးလိုက္သည္။ ညီမခ်စ္ တစ္ေယာက္ရဲ႕ တကယ့္အမွန္က ဘာလဲ?
မစၥတာဟုန္ ရဲ႕တကယ့္ပါဝါကို ထုတ္မျပေသးမွန္း အတြင္းေရးမႉး သိထားခဲ့သည္။
ေဇာင္ယုဟြမ္ ကသူနဲ႔အတူ ကုမၸဏီကိုလာရန္ တစ္လသေဘာတူခဲ့ၿပီး သူမက သူမစကားအတိုင္း ဆက္လိုက္နာေနတာေၾကာင့္ ဟုန္ခ်န္းမင္း နဲ႔အတူပါတီကို တက္ေရာက္လိမ့္မည္။
႐ုံးအျပင္ဘက္တြင္ ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ အားကုတ္ဝတ္ႏိုင္ဖို႔ ကူညီေပးခဲ့သည္။ လူတိုင္းက ထိုျမင္ကြင္းအား တိတ္ဆိတ္စြာျဖင့္သာ စိုက္ၾကည့္ေနခဲ့ၾကၿပီး အသံတစ္သံေတာင္ မထြက္ရဲၾကေပ။
သူတို႔က ဓာတ္ေလွကားေ႐ွ႕ ေရာက္ခ်ိန္တြင္ ဟုန္ခ်န္းမင္း ကသဘာဝက်စြာျဖင့္ ေဇာင္ယုဟြမ္ ရဲ႕အိတ္ကို ယူလိုက္သည္။ ေဇာင္ယုဟြမ္ ကနည္းနည္း ႐ွက္သြားခဲ့သည္။
“ဒါကို ဟြမ္ဟြမ့္ ဘာသာသယ္ႏိုင္ပါတယ္”
ဟုန္ခ်န္းမင္း ရဲ႕မ်က္ႏွာက ထပ္ၿပီးမဲေမွာင္သြားခဲ့သည္။ သူက အိတ္ကိုတင္းၾကပ္စြာ ကိုင္ထားရင္း ဒါကို တစ္ေယာက္ေယာက္က သူ႕ဆီကေန လုယူသြားမွာကို ေၾကာက္ေနသလို ျဖစ္ေနသည္။
ဟုန္ခ်န္းမင္း ရဲ႕အသံက နည္းနည္း မေပ်ာ္သလို ျဖစ္ေနေပမဲ့ ၿခိမ္းေျခာက္မႈကိုလည္း ႐ွင္းလင္းစြာ ျပေနခဲ့သည္။
“အခ်ိန္တိုင္း ဒါကိုကိုင္ထားရေတာ့ မင္းပင္ပန္းေနလိမ့္မယ္။ မင္းလက္ေခ်ာင္းေတြေတာင္ နီရဲေနၿပီ၊ အိမ္ျပန္ေရာက္ရင္ လက္ေတြကို ကိုယ္မႈတ္ေပးမယ္”
ေဇာင္ယုဟြမ္ ကနည္းနည္း ေၾကာင္အ,သြားခဲ့သည္။ အရင္က တျခားသူေတြေ႐ွ႕မွာ ဟုန္ခ်န္းမင္း ဒီလိုေျပာတာကို သူမ ဘယ္တုန္းကမွ မေတြ႕ဖူးခဲ့ေပ။
႐ုတ္တရက္ ဟုန္ခ်န္းမင္း ကအိတ္ကို ယူလိုက္ၿပီး ေဇာင္ယုဟြမ္ ကသူမနားေတြ ပူတက္လာတာကို ခံစားလိုက္ရကာ သူမ အရမ္းကို ျပင္းျပင္းထန္ထန္ လုပ္မိသလို ခံစားလိုက္ရသည္…
သို႔ေသာ္ သူမ အျပစ္႐ွိသလိုလည္း ခံစားရသည္၊ ဒါေတြအားလုံးက သူတို႔ရဲ႕အလိုလိုက္မႈေၾကာင့္ပဲ မဟုတ္ဘူးလား?
ေဇာင္ယုဟြမ္ ကသူမအိတ္ကို ဆြဲထားေပမဲ့ မလုပ္ႏိုင္ေပ။ သူမအိတ္ကို လႊတ္ေပးလိုက္ၿပီး နာခံစြာျဖင့္ ဟုန္ခ်န္းမင္း အေနာက္တြင္ ရပ္လိုက္သည္။
ဒင္ – ဓာတ္ေလွကား တံခါးက ပြင့္သြားခဲ့သည္။
ေဇာင္ယုဟြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က အရင္ဆုံး ဝင္လိုက္ၾကသည္။ ထို႔ေနာက္ အတြင္းေရးမႉးနဲ႔ လက္ေထာက္က လိုက္ဝင္လာခဲ့သည္။ တျခားသူေတြက မလႈပ္ၾကေပ။ ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။
“အတူတူသြားၾကမယ္”
လူတိုင္းက ထိတ္လန္႔သြားၾကသည္။ ေသခ်ာေပါက္ကို သူတို႔သူေဌးရဲ႕ ဖိတ္ေခၚခ်က္ကို မျငင္းပယ္ႏိုင္တာေၾကာင့္ တစ္ေယာက္ၿပီး တစ္ေယာက္ ဓာတ္ေလွကားထဲကို ဝင္လိုက္ၾကသည္။
ဓာတ္ေလွကားရဲ႕ အျမင့္ဆုံး အကန္႔အသတ္က ၁၈ ေယာက္ျဖစ္ၿပီး တျခားသူေတြ ဝင္လာရင္း ဓာတ္ေလွကားက ခ်က္ခ်င္းပင္ လူမ်ားသြားခဲ့သည္။
ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ အားေထာင့္ဘက္ကို ဆြဲလိုက္သည္။ လူတိုင္းကို ေက်ာေပးထားကာ ေဇာင္ယုဟြမ္ အားသူ႕လက္ေမာင္းထဲတြင္ ကိုင္ထားသလိုမ်ိဳး ျဖစ္ေနခဲ့သည္။
တျခားသူေတြက ဒီျမင္ကြင္းအား တိတ္ဆိတ္စြာ ၾကည့္ေနခဲ့ၿပီး အသံတစ္သံေတာင္ မထြက္ရဲၾကေပ။
ေဇာင္ယုဟြမ္ ကေခါင္းကိုေတာင္ မေမာ့ရဲေပ။ ဟုန္ခ်န္းမင္း ကအရမ္းကို နီးကပ္ေနတာေၾကာင့္ သူမေခါင္းေမာ့လိုက္ရင္း သူ႕ေမးကို ႐ိုက္မိသြားႏိုင္သည္။
ေက်းဇူးတင္မိတာက ဟုန္ခ်န္းမင္း ကပေရာပရည္လုပ္တာက မေကာင္းတာပင္၊ မၾကာခင္တြင္ ဓာတ္ေလွကားက ေအာက္ထပ္ကို ေရာက္သြားခဲ့သည္။
သို႔ေသာ္ ဒါက အစသာျဖစ္သည္။ မစၥတာဟုန္ ကအိတ္လြယ္ထားၿပီး သူမအတြက္ တံခါးဖြင့္ေပးတာ၊ ထိုင္ခုံခါးပတ္ ပတ္ေပးတာ၊ ေနာက္ၿပီး စားေသာက္ဆိုင္ကို ကိုယ္တိုင္ေမာင္းတာကို ဝန္ထမ္းေတြက ျမင္လိုက္ၾကသည္။
ေနာက္ဆုံးေတာ့ စားေသာက္ဆိုင္ကို ဝင္ၿပီးေနာက္ သူက ေျပးလႊားကာ အစားအေသာက္ေတြကို ယူေနခဲ့သည္။ ဒီျမင္ကြင္းအား ႐ိႈးပြဲတြင္ ျမင္ဖူးၿပီးသား ျဖစ္ေသာ္လည္း တကယ့္လက္ေတြ႕မွာ ဘယ္လိုျဖစ္ၿပီး ရင္ဆိုင္ေနရတာလဲ?
လူအနည္းစုက မေနႏိုင္ေတာ့ပဲ လက္ေထာက္က်န္႔အား ေမးလိုက္ၾကသည္။ “မစၥတာဟုန္ ကိုအရာအားလုံး ကိုယ္တိုင္လုပ္ခြင့္ျပဳထားတာပဲလား?”
လက္ေထာက္က အကူအညီမဲ့စြာျဖင့္ ေခါင္းညိတ္လိုက္သည္။ “မစၥတာဟုန္ ကိုသာလုပ္ခြင့္ မေပးထားရင္ သူက ငါ့ကို ေမာင္းတင္ထားလိမ့္မယ္”
“…”
စားေသာက္ၿပီးေနာက္ ကုမၸဏီ႐ွိလူတိုင္းက မစၥေဇာင္ ကိုေလးစားမႈေတြ တိုးလာခဲ့သည္။ ထို႔ေနာက္ မစၥတာဟုန္… သူက ညီမခ်စ္ ျဖစ္႐ုံမက အ႐ိုးစြဲေနတဲ့ ညီမခ်စ္ပဲ!
ဟုန္ခ်န္းမင္း ကစြဲေနသူျဖစ္ပုံေပၚသည္။ ရက္အနည္းငယ္ အၾကာတြင္ သူက ေဇာင္ယုဟြမ္ အားကုမၸဏီရဲ႕ ေကာ္ဖီဆိုင္ကို ေခၚသြားခဲ့သည္။
သူ႕မ်က္ႏွာက မျပဳံးပဲ သူ႕အ႐ွိန္အဝါက အရင္အတိုင္း ျပင္းထန္ေနေပမဲ့ သူက ေဇာင္ယုဟြမ္ ကိုတစ္ကမ႓ာလုံးေတာင္ ေပးခ်င္ေနတဲ့ ခံစားခ်က္ေတြကို ျပေနတယ္!
#မ်ားမ်ားဖတ္လို႔ရေအာင္ E-tran ကိုေစာင့္ေနတာနဲ႔ ၾကာသြားတယ္၊ ေစာင့္ေနတဲ့သူေကာ ႐ွိေသးရဲ႕လား ☺️
8.7.2021 (Thu)
…………………….
[text_hash] => ee010848
)