Array
(
[text] =>
Unicode
သို့သော် ဇောင်ယုဟွမ် ကသူမအတွေးတွေကို ပြောပြဖို့ အစီစဉ်မရှိပေ။
သူ့ကို ဘာလို့ထည့်တွက်ရမှာလဲ?
သူ့ကို ဘာကြောင့် သူမအတွေးတွေကို ဝေမျှရမှာလဲ?
ဝမ်ယောင်ချန်း ကသူ့စကားမှားသွားတာကို ချက်ချင်း နားလည်သွားပြီး ပြုံးလိုက်သည်။ “တောင်းပန်ပါတယ်၊ ကိုယ် တကယ့်ကို မင်းကို ချစ်တာပါ၊ ဒါကြောင့် ကိုယ်မတွေးပဲ ပြောလိုက်မိတာ” သူက ရပ်လိုက်ပြီး သူ့အမူအရာအား အလျင်အမြန် ပြောင်းလိုက်သည်။
“ကိုယ်က ရိုးရိုးသားသားနဲ့ မင်းကို ကူညီပေးချင်တာပါ၊ မင်းက ကိုယ့်ကို လုံးဝသဘောမကျဘူး ဆိုရင်တောင် ကူညီပေးချင်တာပါ။ သူ့ရဲ့မထားသည့်တဲ့ အချစ်ကနေ လွတ်မြောက်ချင်ရင် ပစ်ပေါက်ဖို့ အကောင်းဆုံး ရွေးချယ်မှုရှိတယ်… တခြားသူတွေက မစ္စတာလန်၊ မစ္စတာဟုန် နဲ့ လီဂျင်းယွမ် တို့ရဲ့စိတ်သဘောထားနဲ့ ဖျက်ဆီးခြင်းကို ကြောက်ကြပေမဲ့ ကိုယ်တော့ မပါဘူး။ မင်းဘာပဲလိုချင်ချင် ကိုယ်လုပ်ပေးနိုင်တယ်”
“သောက်ရေးမပါတာ” အေးစက်ပြီး တင်းမာသည့် အမျိုးသား တစ်ယောက်ရဲ့အသံက အခန်းထဲတွင် ထွက်လာခဲ့သည်။
ဇောင်ယုဟွမ် ကမော့ကြည့်လိုက်ပြီး ဟုန်ချန်းမင်း ကိုမြင်လိုက်သည်။ ထိုနေရာရှိလေထုက အတော်လေးကို ပြင်းထန်နေတာကြောင့် ဟုန်ချန်းမင်း ရဲ့ဆံပင်တွေက လှုပ်ရှားနေကာ သူ့နဖူးက ထင်ရှားနေသည်။ သူ့ငယ်ရွယ်မှုကို ပြန်ရောက်လာသလိုမျိုး တင်းမာပြီး ခြင်္သေ့လိုမျိုး အရှိန်အဝါ ပြင်းထန်နေသည်။
ဝမ်ယောင်ချန်း ရဲ့အမူအရာက မဲမှောင်သွားခဲ့သည်။ ရုတ်တရက်ကြီး နှောင့်ယှက်သူ ရှိလာမယ်လို့ သူမထင်ထားခဲ့ပေ။ ထိုအချိန်တွင် ဝမ်ယောင်ချန်း က ဇောင်ယုဟွမ် ရဲ့စိတ်ကိုရဖို့ သူ့စကားလုံးတွေကို ပြင်ဆင်လာခဲ့သည်။
ဟုန်ချန်းမင်း ရဲ့မျက်ခုံးတွေက ကြုတ်နေပြီး ဒေါသတွေနဲ့ ပြည့်နေသည်။ ခဏအကြာတွင် သူက ဝမ်ယောင်ချန်း ရဲ့ကော်လာကို ဆွဲလိုက်ပြီး မြှောက်လိုက်သည်။
Pa!
ဝမ်ယောင်ချန်း ကိုထိုးလိုက်သည့် အသံမဟုတ်ပေမဲ့ ဟုန်ချန်းမင်း ရဲ့ကြယ်သီး ပြုတ်သွားသည့် အသံဖြစ်သည်။ သူ့အပြုအမူက အရမ်းကိုပြင်းထန်သွားတာကြောင့် သူ့အင်္ကျီမှ ကြယ်သီးက ပြုတ်ထွက်သွားခဲ့သည်။
ကြယ်သီးပြုတ်သွားပြီး သူ့အနောက်တိုင်း ဝတ်စုံက ဟသွားတာကြောင့် အတွင်းဘက်ရှိ ကြွက်သားတွေကို ထုတ်ပြနေသည်။ ဂျင်တွင် လေ့ကျင့်ထားသည့် ဝမ်ယောင်ချန်း ရဲ့ကြွက်သားတွေနဲ့ လုံးဝကိုကွာခြားသည်။ သူ့ကြွက်သားတွေက တောင့်တင်းပြီး ပြင်းထန်သည့် အရှိန်အဝါ၊ အင်အားတွေနဲ့ ပြည့်နေသည်။
ဟုန်ချန်းမင်း ရဲ့ဦးနှောက်က ရှော့ရိုက်ခံရသလို ထုံကျင်နေပြီး နာကျင်နေသည်။
ထုတ်ပစ်ဖို့?
မင်းနဲ့?
ငါတောင် ဒီလိုသောက်အတွေးကို တွေးတောင်မတွေးဘူး!
ငါ့အတွေးတွေကို ထုတ်ပြလိုက်ရင် ကြောက်သွားမှာစိုးလို့ ထိန်းချုပ်ထားပြီး ဖုံးကွယ်ထားတာ။
မင်းလို သောက်ကောင်က လှေထဲဝင်ချင်နေတာလား?
ဟုန်ချန်းမင်း က ဝမ်ယောင်ချန်း ရဲ့ခေါင်းကို လက်ဖက်ရည်ခွက်ဖြင့် လောင်းချလိုက်သည်။ ဇောင်ယုဟွမ် ကလန့်သွားပြီး ခြေနှစ်လှမ်းလောက် အနောက်ဆုတ်သွားးခဲ့သည်။
ငါ့အဝတ်ကို ရေစိုဖို့ ခွင့်မပြုနိုင်ပါဘူးနော်!
အနောက်ဆုတ်ပြီးနောက် ဇောင်ယုဟွမ် ကရုတ်တရက် သတိရသွားသည်။
မဟုတ်သေးဘူး၊ ဒါကိုရပ်အောင် ငါလုပ်ရမှာလေ။
ထို့ကြောင့် သူမ အနောက်ဆုတ်သွားသည်။
ဟုန်ချန်းမင်း က ဝမ်ယောင်ချန်း ရဲ့လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး သူ့မျက်နှာပေါ် လောင်းချလိုက်သည်။ ဟုန်ချန်းမင်း ကငယ်ရွယ်သည့် စိတ်ဝိဉာဉ်အပြည့်ဖြင့် ဒီလိုမျိုး လုပ်ချင်ခဲ့တာ အချိန်တော်ကြာခဲ့ပြီ။
သူက အံကြိတ်လိုက်သည်။ “မင်းဖျားနေတဲ့ ဦးနှောက်က မနိုးထ,သေးဘူးလား?”
အစက ဝမ်ယောင်ချန်း ကတားဆီးမှုကြောင့် ထိတ်လန့်နေပြီး သူ့ကိုပက်လိုက်သည့် ရေနွေးပူကြောင့် တုန်လှုပ်သွားခဲ့သည်။ ဒါက နာကျင်ပြီး အတော်လေး ရှက်ဖို့ကောင်းသည်။ သူ့မျက်လုံးကို ဖွင့်လိုက်ချိန်တွင် သူ့ဘယ်ဘက်မျက်လုံးက သွေးတွေနဲ့ ဖုံးနေတယ်လို့တောင် ခံစားလိုက်ရသည်။ ဝမ်ယောင်ချန်း ကဒေါသထွက်စွာဖြင့် အံကြိတ်လိုက်သည်။
မင်းကို တူရကီမှာထဲက သဘောမကျခဲ့တာ၊ မင်းကို မောင်းထုတ်ချင်ခဲ့တာလို့ ဟုန်ချန်းမင်း တွေးလိုက်သည်။
ဥပဒေတင်းကြပ်တဲ့ အဖွဲ့အစည်းကို ရောက်လာတာနဲ့ ငါက မင်းကို ဘာမှမလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား?
ဟုန်ချန်းမင်း က ဝမ်ယောင်ချန်း ရဲ့နှာခေါင်းရိုးအား လက်ဖက်ရည်ခွက်ဖြင့် ခေါက်လိုက်သည်။ “မင်းမနိုးသေးဘူးလား? နိုးပြီလား? ဒါဆို မင်းကို နိုးသွားစေဖို့ ငါ့မှာပိုကောင်းတဲ့ နည်းလမ်းတွေရှိတယ်”
ဝမ်ယောင်ချန်း ရဲ့ဒေါသက အနှောင့်အယှက်ခံလိုက်ရသည်။ ဟုန်ချန်းမင်း ကရက်စက်စွာဖြင့် အားနည်းချက်ကို ရိုက်နေခဲ့သည်။ သူက လက်ဖက်ရည်ခွက်ကို ဆွဲလိုက်ပြီး သူ့နှာခေါင်းရိုးကို ရိုက်နေခဲ့သည်။ ဖျော်ဖြေရေးလောကမှ အိုင်ဒေါလ် ၁၀ ယောက်မှ ၈ ယောက်လောက်က နှာခေါင်းခွဲစိတ်မှု လုပ်ကြသည်။
ဝမ်ယောင်ချန်း ရဲ့နှာခေါင်းက ချက်ချင်းပင် သွေးထွက်လာပြီး နာကျင်မှုကြောင့် မထိန်းချုပ်နိုင်ပဲ မျက်ရည်တွေ ကျလာခဲ့သည်။
“မင်းအခုပြောလိုက်တာကို ပြန်ပြောလိုက်၊ ဟမ်?” ဝမ်ယောင်ချန်း ကပါးစပ်ဖွင့်တာကို မစောင့်ပဲ ဟုန်ချန်းမင်း ကသူ့ခေါင်းကို လှည့်လိုက်သည်။ ဒါကို အချိန်တော်ကြာ ထိန်းချုပ်ထားခဲ့သည်။ ဇောင်ယုဟွမ် ကိုကြည့်လိုက်ပြီး မေးလိုက်သည်။
“ဂျင်ကရတဲ့ ကြွက်သား၊ ခွဲစိတ်ထားတဲ့ နှာခေါင်း… ဒါမျိုးကို မင်းသဘောကျတာလား?”
ဇောင်ယုဟွမ် ကသေနတ်ဆွဲထုတ်လိုက်သည့် အချိန်ကထက် ပိုတင်းမာပြင်းထန်သည့် အရှိန်အဝါနဲ့ ဟုန်ချန်းမင်း ကိုကြည့်လိုက်သည်။ ထိုအချိန်တွင် သူကလှည့်လိုက်ပြီး သူ့ဒေါသတွေကို ဖိနှိပ်ဖို့ပြင်လိုက်သည်။
ဇောင်ယုဟွမ် : “…”
ဇောင်ယုဟွမ် ကခေါင်းခါလိုက်ရင်း တံတွေးမျိုချလိုက်ကာ အလျင်အမြန်ပင် ဖြေလိုက်သည်။ “… သဘောမကျပါဘူး”
ဟုန်ချန်းမင်း ကအေးစက်စွာဖြင့် သွေးထွက်နေသည့် ဝမ်ယောင်ချန်း မျက်နှာကို စိုက်ကြည့်နေခဲ့သည်။
ဟမ့်၊ သူ့ကို ဘာထည့်တွက်ရမှာလဲ?
ဇောင်ယုဟွမ် ကိုအကျပ်ကိုင်ရဲတယ်လား?
“ကိုယ်က ရိုးရိုးသားသားနဲ့ မင်းကို ကူညီပေးချင်တာပါ၊ မင်းက ကိုယ့်ကို လုံးဝသဘောမကျဘူး ဆိုရင်တောင် ကူညီပေးချင်တာပါ။ သူ့ရဲ့မထားသည့်တဲ့ အချစ်ကနေ လွတ်မြောက်ချင်ရင် ပစ်ပေါက်ဖို့ အကောင်းဆုံး ရွေးချယ်မှုရှိတယ်…”
ဝမ်ယောင်ချန်း က လီဂျင်းယွမ်၊ ဟုန်ချန်းမင်း တို့ကအပ်ချောင်းလိုမျိုး စိုက်ဝင်မှုကို ခံစားနေရတာက သူ့ကိုဒေါသဖြစ်စေကြောင့် သူသိခဲ့သည်။
“မင်းဘာပဲလိုချင်ချင် ကိုယ်လုပ်ပေးနိုင်တယ်”
ဒီစကားတွေကို ပိုပြီးတော့တောင် စိတ်ရှုပ်ဖို့ကောင်းသေးတယ်။ သူနဲ့ ဟွမ်ဟွမ် တို့ကြားက ကောင်းကင်နဲ့ မြေကြီးလို ကွာခြားနေပေမဲ့ အထက်တန်းကျတဲ့ စကားလုံးတွေကို ပြောနိုင်သေးသည်။ ဟုန်ချန်းမင်း ရဲ့စိတ်ရှုပ်မှုတွေ ပြည့်နေသည့် မျက်လုံးထဲမှ အေးစက်သည့် အလင်းရောင်က တောက်ပနေသည်။
ဒေါသနဲ့ ရှက်ရွံ့မှု၊ သတိလက်လွတ် တုန်နေမှုတွေကြောင့် မှင်သက်နေသည့် ဝမ်ယောင်ချန်း ကရုတ်တရက် သူ့ရှေ့မှလူရဲ့ လုပ်နိုင်မှုတွေကို သတိရသွားသည်။ တူရကီမှာတုန်းက သူတို့ကိုလာခေါ်သည့် ရက်စက်ပုံရသည့် အုပ်စုကို သတိရသွားသည်။
ဝမ်ယောင်ချန်း ကအံကြိတ်လိုက်ကာ သူ့အမှားတွေကို ဝန်ခံချင်သော်လည်း အရမ်းရှက်တာကြောင့် သူ့ပါးစပ်ကို ဖွင့်တောင်မဖွင့်နိုင်ပေ။ ဟုန်ချန်းမင်း လက်ထဲမှ လက်ဖက်ရည်ခွက်ကို ထိတ်လန့်မှုဖြင့် စိုက်ကြည့်နေခဲ့သည်။
“ရပ်လိုက်” ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ရဲ့အင်္ကျီကို ဆွဲလိုက်သည်။ “လုံလောက်ပြီ”
ဇောင်ယုဟွမ် က ဝမ်ယောင်ချန်း ရဲ့စကားတွေကြောင့် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်ခဲ့ပေမဲ့ သေလောက်တဲ့ အထိတော့ မဖြစ်စေချင်ပေ။
သူက အရမ်းကိုကြိုတွက်ထားပြီး သူ့စကားတွေက အနည်းငယ် ရုပ်ဆိုးနေရုံသာ၊
ဒီလိုလုပ်ရုံနဲ့ သူ့ကိုဆေးရုံ မသွားနိုင်တဲ့အထိ လုပ်မှာတော့ မဟုတ်ဘူးမလား?
သူ့နှာခေါင်းကလည်း မလိုအပ်ပဲ ကျိုးသွားခဲ့သည်။ သူ ပြန်ခွဲစိတ်ဖို့ လိုအပ်လိမ့်မည်။ ဟုန်ချန်းမင်း ကမလုပ်ပေ။ သူက ဆက်ပြီး ဝမ်ယောင်ချန်း ကိုဝံပုလွေလို အေးစက်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။ ဝမ်ယောင်ချန်း ကသက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“မစ္စတာဟုန် ကိုစိတ်အနှောင့်အယှက်ဖြစ်အောင် ဘာလုပ်မိလိုက်လဲ ငါမသိဘူး၊ ဒါပေမဲ့ မစ္စတာဟုန် ရဲ့အပြုအမူတွေက နည်းနည်းတော့ ယဉ်ကျေးမှုမရှိဘူး…”
ဇောင်ယုဟွမ် ကမျက်လုံးလှည့်လိုက်ပြီး ဟုန်ချန်းမင်း ရဲ့လက်ချောင်းတွေကို ပွင့်သွားအောင် ကလော်လိုက်သည်။ သူမလက်ချောင်းတွေက နူးညံ့နေပြီး ဟုန်ချန်းမင်း အားထိလိုက်ချိန်တွင် သူ့လက်တွေကို နူးညံ့သွားစေသည်။ သူ့လက်ထဲမှ လက်ဖက်ရည်ခွက်က ဇောင်ယုဟွမ် သေနတ်ယူလိုက်ချိန်တုန်းကလို အလွယ်တကူပင် သူမလက်ထဲ ပါသွားခဲ့သည်။
ဟုန်ချန်းမင်း ရဲ့အမူအရာက မပြောင်းလဲပေမဲ့ ဝံပုလွေကနေ အိမ်မွေးခွေးလေးလို ပြောင်းလဲသွားတာကို မြင်နိုင်သည်။
“စိတ်လျော့” ဇောင်ယုဟွမ် ကသူ့တင်းမာသည့် ကြွက်သားတွေကြောင့် သူ့လက်မောင်းကို ပုတ်လိုက်သည်။ ထိုစကားကို ကြားလိုက်ပြီး ဟုန်ချန်းမင်း ရဲ့ဒေါသက ပျောက်ကွယ်သွားခဲ့သည်။
ဝမ်ယောင်ချန်း ကရုန်းကန်ပြီး အလျင်အမြန်ပင် ထလိုက်သည်။ မဲမှောင်သည့် အမူအရာဖြင့် သူ့ကော်လာကို ပြင်လိုက်ပြီးနောက် ဟုန်ချန်းမင်း နဲ့ဆန့်ကျင်မည့် သူ့အတွေးတွေကို အကောင်းဆုံး ထိန်းချုပ်လိုက်သည်။
ထိုအစား ဇောင်ယုဟွမ် ဘက်ကိုလှည့်လိုက်သည်။ သူမအပေါ်တွင်သာ မူတည်ကြောင်း ရှင်းလင်းနေသည်။ ဇောင်ယုဟွမ် ကသူမနဖူးကို ပွတ်လိုက်ပြီးနောက် ဝမ်ယောင်ချန်း အားကဒ်ကို ထပ်ပေးလိုက်သည်။
“ယူလိုက်။ ဒီအချိန်တော့ ဆေးကုသဖို့ ငွေလိုလိမ့်မယ်… ရန်မှာ ဒါရိုက်တာရှု ညွှန်ကြားတဲ့ ရိုက်ကူးရေး ပရောဂျက်ရှိတယ်။ သူက သူ့အချိန်တွေက ရိုက်ကူးဖို့အတွက်ပဲ လုပ်ခဲ့တယ်၊ အရည်အသွေးကလည်း ကောင်းလို့ လူထုကလည်း ဒီပရောဂျက်ကို သဘောကျကြတယ်…”
ဇောင်ယုဟွမ် ကနည်းနည်း ပျင်းရိနေပြီး သူမ သက်တောင့်သက်သာ ဖြစ်နိုင်ချိန်တွင် တခြားအရာတွေက မနှောင့်ယှက်နိုင်ပေ။ သို့သော်လည်း သူမက မထုံအ,ပေ။ ဝမ်ယောင်ချန်း ကသူမကို ဘာကြောင့်သဘောကျလဲ၊ သူမဆီမှ ဘာတွေလိုချင်လဲဆိုတာကို ရှင်းရှင်းလင်းလင်း သိသည်။
ဝမ်ယောင်ချန်း ရဲ့မျက်လုံးတွေက လှုပ်ရှားသွာသည်။ ဒါကို သူလိုချင်ခဲ့သည်။ ဒါရိုက်တာရှု ကနာမည်ကြီး ဒါရိုက်တာဖြစ်ပြီး သူ့ဇာတ်ကားထဲတွင် ပါဝင်သရုပ်ဆောင်လိုကြသည်။ ထိုထဲတွင် ပါဝင်ကြသည့် သရုပ်ဆောင်အားလုံးက ကြီးမားသည့်ဆုကို ရကြသည်။
ဝမ်ယောင်ချန်း က ဒါရိုက်တာရှု ထက်ပိုတော်ဖို့ ရည်ရွယ်ထားခဲ့သည်။ အထက်ကို တက်ချင်ပြီး ဒါရိုက်တာရဲ့ အလုပ်တွေကို နောက်ကောက်ကျန်စေချင်သည်။ သို့သော် သူမလုပ်နိုင်ခဲ့ပေ။ ဒါက သူရင်ဆိုင်နေရသည့် အကြီးမားဆုံးသော ပြဿနာဖြစ်သည်။
သူပိုပြီး နာမည်ကျော်ကြားပြီး ဖန်တွေပိုများလာရင်တောင် သူမလုပ်နိုင်သေးပေ။ ငွေတွေ၊ အင်အားတွေ လိုအပ်သည်။ ဒီအရာကို ဇောင်ယုဟွမ် ကလုပ်နိုင်သည်။ သူမက ငယ်ရွယ်ပြီး မိန်းကလေး ဖြစ်ပေမဲ့ လူတွေအား တစ်ဘဝလုံး အသုံးချပြီး မရနိုင်တဲ့အရာတွေက သူမထံတွင်ရှိသည်။
ဝမ်ယောင်ချန်း ကအသက်ရှူသွင်းလိုက်သည်။ ဒီထက်ပိုပြီး နားလည်သွားခဲ့သည်။ သူမကို လက်မလျှော့နိုင်တာ ပိုသေချာသွားခဲ့သည်။ ဝမ်ယောင်ချန်း ရဲ့ပါးစပ်က အပြုံးက ချိတ်ဆွဲလာခဲ့သည်။
“ယုဟွမ်၊ မင်း ကိုယ့်ကို ပေးဖို့မလိုပါဘူး။ အဆင်ပြေပါတယ်။ ယုဟွမ် ကကိုယ့်ကို စိတ်ပူပေးတာကို သိရတာနဲ့ လုံလောက်ပါပြီ။ ဒီနေ့အကြောင်းအရာတွေ အများကြီးကို ကိုယ်ပြောခဲ့တယ်၊ ဒါတွေအတွက် ကိုယ်တောင်းပန်ပါတယ်။ နောက်တစ်ခါကျရင် ဒီလိုမဖြစ်စေရပါဘူး”
ဟုန်ချန်းမင်း ကဒီမြင်ကွင်းအား အေးစက်စွာဖြင့် ကြည့်နေခဲ့သည်။
ဝမ်ယောင်ချန်း ရဲ့အတွေးတွေကို မမြင်နိုင်ပဲ ဘယ်နေမလဲ?
သူ့ကို နှစ်ကြိမ်ထပ်ပိုပြီး ရိုက်လိုက်တာက မလုံလောက်သေးဘူး။
သူက တကယ်ပဲ သေချင်နေတာလား?
ဇောင်ယုဟွမ် ကလည်း ပြဿနာတက်သွားသည်။ သူက လိမ္မာပါးနပ်တဲ့လူလို့ ဟန်ယင်ယင် ကပြောခဲ့တာမလား?
သောက်ကိုပဲ လိမ္မာပါးနပ်!
ငါ့ကို ထပ်ပြီးတွယ်ကပ်ချင်နေတုန်းပဲ…
ဟုန်ချန်းမင်း ကရှိုးအတွက်လို့ပဲ ထင်နေတာလား?
သူက ဝတ္ထုထဲက အဓိကဗီလိန်ကြီးပါနော်!
ဇောင်ယုဟွမ် ရဲ့မျက်နှာက ချက်ချင်းပင် အေးစက်သွားခဲ့သည်။ “ဒါက မစ္စတာဝမ် ကိုပေးနိုင်တဲ့ အခြေအနေတစ်ခုပါပဲ။ မစ္စတာဝမ် ကမကျေနပ်သေးရင် ကျွန်မရှေ့နေနဲ့ ပြောလို့ရပါတယ်။ အခုတော့ နောက်ကျနေပြီ”
ဇောင်ယုဟွမ် ကပြောလိုက်ရင်း ဟုန်ချန်းမင်း ရဲ့အင်္ကျီကို ဆွဲလိုက်သည်။ သန်မာသည့် အားပြည့်နေသည့် ဟုန်ချန်းမင်း ကအလွယ်တကူပင် ပါသွားခဲ့သည်။
ဟုန်ချန်းမင်း ကသူမကိုင်ထားတာကို ကြည့်လိုက်ရင်း သူ့ဆီမှာ ခွဲထွက်သွားမှာကို ကြောက်မိသွားသည်။ ထို့နောက် သူက ပြောလိုက်သည်။ “ဟွမ်ဟွမ်၊ သွားရအောင်”
ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်ပေမဲ့ သူမလက်ကို မဖယ်ပေ။ ဝမ်ယောင်ချန်း အရှေ့တွင် သူတို့ကြားက ဝေးကွာမှုနည်းနည်းလေးကိုတောင် သူမ ထုတ်မပြချင်ပေ။
ဝမ်ယောင်ချန်း ကရုတ်တရက် ရေအေးတွေနဲ့ ခေါင်းကိုလောင်းချခံလိုက်ရသလို ဖြစ်သွားသည်။ ဇောင်ယုဟွမ် ရဲ့စိတ်ကို သူနားလည်သွားသည်။ သူက လီဂျင်းယွမ် ရဲ့ဆယ်ပုံပုံ တစ်ပုံတောင် မရနိုင်ပေ။
ဇောင်ယုဟွမ် ကသူ့အတွေးတွေကို သိနေခဲ့ရင် သူက တစ်ရာပုံလို့ တစ်ပုံတောင်မရနိုင်ဘူးလို့ ပြောနိုင်သည်။ သူ့အတွေးတွေက အရမ်းမြင့်လွန်းသည်။ လက်ဖက်ရည်ဆိုင်မှ ထွက်လာပြီးနောက် ဟုန်ချန်းမင်း ကအရင်စကားပြောလိုက်သည်။
“ဝမ်ယောင်ချန်း ကကောင်းမွန်တဲ့ လိုက်ဖက်မှုမဟုတ်ဘူး။ ကိုယ်မင်းကို အရင်က ပြောခဲ့တယ်”
ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်သည်။ “အရင်တုန်းက သူဟန်ဆောင်ခဲ့တာ…”
ထိုအချက်ကြောင့် ဇောင်ယုဟွမ် ကရုတ်တရက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ဟွမ်ဟွမ် ဒီမှာရှိနေတာကို ဘယ်လိုလုပ်ပြီး သိသွားတာလဲ?”
ဟုန်ချန်းမင်း အင်္ကျီမှ သူမလက်တွေက တင်းကြပ်သွားခဲ့သည်။ ဇောင်ယုဟွမ် ကသူ့အား လှည့်ကာစိုက်ကြည့်လိုက်သည်။
အစက လီဂျင်းယွမ် ကသူ့ကိုယ်သူ ထုတ်ဖော်ခဲ့ပြီး ဝမ်ယောင်ချန်း ကလည်း သူမကို ရှင်းရှင်းလင်းလင်းကို ရှင်းပြခဲ့သည်။ သူမ မမြင်ချင်ရင်တောင် မမြင်ဘူးလို့ ဟန်မဆောင်နိုင်ပေ။
သူမ ဟန်မဆောင်နိုင်တည်းက ရင်ဆိုင်ဖို့သာ ဆုံးဖြတ်လိုက်သည်။
ဟုန်ချန်းမင်း ရဲ့အသံနှုန်းက ရုတ်တရက် ကျသွားပြီး ပိုနက်ရှိုင်းသွားခဲ့သည်။
“ကိုယ် ဝမ်ယောင်ချန်း ကိုစောင့်ကြည့်ဖို့ လူလွှတ်ထားတယ်။ သူက ဒီဘက်ကို ဦးတည်လာတာနဲ့ ဘာဖြစ်နေလဲဆိုတာ ကိုယ်သိသွားတာ”
“ဒါဆို ရှင်အရမ်းကို ဒေါသထွက်သွားလား?” ဇောင်ယုဟွမ် ကကားတံခါး ဖွင့်လိုက်ရင်း ပြောလိုက်သည်။
ဟုန်ချန်းမင်း ကနှုတ်ခမ်းကို စေ့လိုက်သည်။ “သူ့စကားလုံးတွေက အရမ်းကို နိုင်ထက်စီးနင်းဆန်တယ်။ မင်းကို သူ့မျက်လုံးထဲ ထည့်တောင်မထည့်ဘူး”
သူ့မျက်လုံးထဲ ငါ့လို ဟုန်ချန်းမင်း ကိုမထည့်တာနဲ့ သေဆုံးရမယ်၊ ဟုန်ချန်းမင်း ကအေးစက်စွာ တွေးလိုက်ပြီး သူ့ပါးစပ်အား ပိတ်လိုက်သည်။
“… တူရကီ ကိုထွက်သွားခိုင်းတာ ပိုကောင်းလိမ့်မယ်” ဟုန်ချန်းမင်း ကပြောလိုက်သည်။
ထိုစကားကို ပြောပြီးနောက် ဇောင်ယုဟွမ် စိတ်ဆိုးသွားမှာကို ဟုန်ချန်းမင်း ကြောက်သွားပြီး အလျင်အမြန်ပင် သူမအား လှည့်ကြည့်လိုက်သည်။
ဇောင်ယုဟွမ် ရဲ့အမူအရာက တည်ငြိမ်ပြီး ပုံမှန်အတိုင်း ဖြစ်နေတာကို မြင်လိုက်ပြီး စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။
တူရကီမှာတုန်းက သူပေါက်ကွဲလုနီးပါး ဖြစ်သွားသော်လည်း သူ့တခြားတစ်ဖက်အား ဇောင်ယုဟွမ် ကိုထုတ်ပြမိမလို ဖြစ်သွားခဲ့သည်။ သူမစိတ်ထဲ မကောင်းတဲ့ခံစားချက်တွေ ကျန်နေခဲ့မှာကို သူ မလိုချင်ပေ။
ဇောင်ယုဟွမ် ကသက်ပြင်းချလိုက်သည်။ “တကယ့်ကို ပြဿနာပဲ…”
ဟုန်ချန်းမင်း ကဘာမှမပြောပေ။ အရင်တုန်းက ဇောင်ယုဟွမ် မပျော်မှာ ကြောက်တာကြောင့် အမှောင်ထဲတွင် ဘာမှမလုပ်ခဲ့ပေ။ ဒါပေမဲ့ အခုတော့ ဇောင်ယုဟွမ် ကဒီလူဘာပဲဖြစ်ဖြစ် ဂရုမစိုက်တာကို သူသိသွားခဲ့သည်။
ဟုန်ချန်းမင်း ရဲ့မျက်လုံးထဲတွင် ခြိမ်းခြောက်သည့် အလင်းတန်းတွေက ထွက်ပေါ်လာခဲ့သည်။ ဒီအရာနဲ့ပတ်သက်ပြီး လုပ်နိုင်သည့်နည်းလမ်းတွေ အများကြီးရှိသည်။ ဇောင်ယုဟွမ် မသိလိုက်ခင် ဒီအရာအားလုံးကို ရှင်းလင်းနိုင်သည်။
ဟုန်ချန်းမင်း ကရုတ်တရက်ကြီး တိတ်ဆိတ်သွားတာကြောင့် ဇောင်ယုဟွမ် ကသူ့အား ကြည့်လိုက်သည်။ ကလေးတည်းက ဟုန်ချန်းမင်း ရဲ့အသွင်အပြင်က ဗီလိန်ကဏ္ဍနဲ့ လိုက်ဖက်စွာဖြင့် အတော်လေး ကြည့်ကောင်းတာကို ဇောင်ယုဟွမ် လက်ခံခဲ့သည်။
သို့သော် ဟုန်ချန်းမင်း ကစကားမပြောချိန်တွင် မှုန်တေတေဖြစ်နေတာနဲ့ မတူပဲ အရင်ကထက်တောင် ပိုကြည့်ကောင်းစေသည်။ အခုတော့ သူ့ဘေးတွင် ထင်ရှားသည့်အရှိန်အဝါတွေက ဝိုင်းရံနေသည်။
ဇောင်ယုဟွမ် ကနှုတ်ခမ်းကို သပ်လိုက်ပြီး ပါးစပ်အား အကြိမ်ကြိမ် ဖွင့်လိုက်ပိတ်လိုက် လုပ်နေပေမဲ့ ဘာပြောရမှန်း မသိပေ။ သူမ ဘာပြောရမှန်း မသိသလို၊ ကြောက်တာ၊ ရှက်နေတာကြောင့် မဟုတ်ပေ။
ငါဘာပြောသင့်လဲ?
ဒီအရာပေါ် ရှင့်ရည်ရွယ်ချက်ကို မေးလို့ရမလား?
လီဂျင်းယွမ် က ဟွမ်ဟွမ့် ကိုသဘောကျတယ်လို့ ထင်လား?
ရှင်ကကော?
ရှင်ကကော ဟွမ်ဟွမ့် ကိုသဘောကျလား?
အရမ်းထူးဆန်းတာပဲ။
ဒီတိတ်ဆိတ်မှုအတွင်း ဟုန်ချန်းမင်း ကကားသော့ကို နှိပ်လိုက်သည်။ ဇောင်ယုဟွမ် ကသူမအသိကို ပြန်ရသွားပြီး သူတို့က ကားတစ်စီးပဲ ပါလာကြောင်း နားလည်သွားခဲ့သည်။
ဟုန်ချန်းမင်း ကလက်ထောက်တွေ၊ အတွင်းရေးမှူးတွေ၊ ကိုယ်ရံတော်နဲ့ ယာဉ်မောင်းကိုတောင် ခေါ်လာခြင်းမရှိပေ။
တစ်ဖက်တွင် သူတို့ထွက်သွားပြီးနောက် ဝမ်ယောင်ချန်း ကအသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး သူ့လည်ပင်းအား ခက်ခဲစွာ လေ့ကျင့်ခန်းလုပ်လိုက်သည်။
သူ့သွေးတွေက ထပ်ပြီးလည်ပတ်သွားခဲ့သည်။ စားပွဲပေါ်ရှိ ဖုန်းအား ကောက်ယူလိုက်ပြီး သူ့လက်တွေက အနည်းငယ် တုန်ခါနေသည်။
“ဟယ်လို” “ဘယ်လိုလဲ၊ အစ်ကိုချန်း?”
ဝမ်ယောင်ချန်း ကတစ်ဖက်မှ သူ့အေးဂျင့် အသံကို ကြားလိုက်ချိန်တွင် မျက်တောင်ခတ်လိုက်ပြီး သူ့မျက်နှာမှ သွေးစက်က ကျသွားခဲ့သည်။
သူက တဖြည်းဖြည်း ထ,လိုက်ပြီး အပြင်ဘက်ကို လျှောက်လိုက်သည်။ ဝမ်ယောင်ချန်း ကလက်ဖက်ရည်ဆိုင်မှ ထွက်ခွာရင်း သူ့အေးဂျင့်ကို ပြောလိုက်သည်။
“… ဇောင်ယုဟွမ် အပေါ် ဟုန်ချန်းမင်း ရဲ့စောင့်ကြည့်မှုက အရမ်းတင်းကြပ်တာပဲ။ အရင်တုန်းက အကြောင်းတွေကို သိပ်တောင်မပြောရသေးပဲ သူက ရန်ဖြစ်ဖို့ ရောက်လာခဲ့တယ်”
အေးဂျင့် ကအတော်လေး လန့်သွားခဲ့သည်။ “နောက်တော့ ဘာဖြစ်သွားလဲ?”
“ဇောင်ယုဟွမ် ကငါ့ကို ဒါရိုက်တာရှု ရဲ့ရိုက်ကူးရေးထဲ သွင်းပေးဖို့ အရိပ်အမြွတ်ပြောသွားတယ်” ဝမ်ယောင်ချန်း ကသူ့လက်ကို မြှောက်လိုက်ကာ သူ့မျက်နှာ သွေးတွေအား သုတ်လိုက်သည်။
“ဒါဆို အခု ငါတို့ဘာလုပ်သင့်လဲ?” အရင်တုန်းက စီစဉ်ခဲ့သည့် အေးဂျင့်က အခုတော့ ဘာလုပ်ရမှန်း မသိတော့ပေ။
သူတို့ ဘယ်လောက်ပဲတွေးတွေး ဇောင်ယုဟွမ် ကသူတို့ရဲ့ ကမ်းလှမ်းချက်ကို လက်ခံမှာမဟုတ်ပေ။
ထို့နောက် ဟုန်ချန်းမင်း ကလည်း ဘေးကနေ သူတို့ကို စောင့်ကြည့်နေတော့ သူက ဘာလုပ်နိုင်မှာလဲ?
သူ့ကိုဖိအားပေးပြီး လက်ခံအောင် လုပ်ရမှာလား?
သူ့ထက် အင်အားကြီးမှသာ ဒီလိုလုပ်နိုင်လိမ့်မည်။
ဝမ်ယောင်ချန်း ရဲ့နှုတ်ခမ်းက လှုပ်ရှားသွားခဲ့သည်။ “… ဒါဆို ဒီတစ်ကြိမ်တော့ လီဂျင်းယွမ် ကိုကူညီပေးရအောင်”
“သူ့ကို ကူညီမှာလား?” အေးဂျင့် ကတုန်လှုပ်သွားပြီး ဝမ်ယောင်ချန်း ရဲ့ရည်ရွယ်ချက်ကို နားမလည်ပေ။
ဝမ်ယောင်ချန်း ကပြုံးလိုက်သည်။ “မှန်တယ်။ သူ့ကို ကူညီရမယ်။ နောက်ပြီး ဟုန်ချန်းမင်း ကိုလည်း ကူညီပေးမယ်။ ဇောင်ယုဟွမ် အရှေ့မှာ သူတို့ဘာသာ ပေါက်ကွဲအောင် ကူညီပေးရမယ်”
ဇောင်ယုဟွမ် ကဘယ်သူ့ကို အရင်ဆုံး ရှောင်လိမ့်မလဲဆိုတာ ကြည့်ရအောင်၊ ဝမ်ယောင်ချန်း တွေးလိုက်သည်။
–
ကားထဲတွင် ဟုန်ချန်းမင်း ရဲ့သွေးတွေက မအေးသေးပေ။ သူက မီးပွိုင့်ကို စောင့်နေရင်း သူ့ဒေါသကို မဖိနှိပ်နိုင်ပဲ ကားစတီယာရင်အား အဆက်မပြတ် လက်နဲ့ခေါက်နေခဲ့သည်။
လီဂျင်းယွမ် ရဲ့အင်တာဗျူးက အဖြေတွေက သူ့ခေါင်းထဲ ရောက်နေခဲ့သည်။ ဟုန်ချန်းမင်း ကသူ့နက်ကတိုင်အား ဆွဲလိုက်ပြီး ဆက်ဆီကျသည့် အာဒန်ပန်းသီးက ပေါ်လာခဲ့သည်။
“ဟွမ်ဟွမ်၊ လီဂျင်းယွမ် ကိုသဘောကျလား?” သူက ရုတ်တရက်ဆန်စွာ မေးလိုက်သည်။
ဟုန်ချန်းမင်း ရဲ့စိတ်အခြေအနေကို သူမ သိတာကြောင့် ထပ်မဖုံးကွယ်နိုင်တာကို နားလည်သည်။ ဇောင်ယုဟွမ် ကဒရမ်တီးသလိုမျိုး ချက်ချင်း ခေါင်းခါလိုက်သည်။
“သဘောမကျပါဘူး” ထို့နောက် သူမက တွေးလိုက်ပြီး ထပ်ပေါင်းပြောလိုက်သည်။ “အစ်ကိုချန်းမင်း ကအချစ်ရေး အကြောင်းကို ပြောနေတာပဲ”
ဟုန်ချန်းမင်း ကတိတ်ဆိတ်သွားခဲ့သည်။ ထိုအစား ဇောင်ယုဟွမ် ကမသေချာသလို ခံစားလိုက်ရသည်။
ဟုန်ချန်းမင်း ကဘာကြောင့် သူကိုယ်တိုင်အတွက်တော့ မမေးရတာလဲ?
ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ထူးဆန်းတဲ့လေထုကို လုံးဝပျောက်ပျက်သွားအောင် ထုတ်ပြောသင့်သည်။ သို့သော် ဟုန်ချန်းမင်း ကမပြောခဲ့ပေ။
ဒါက ဟုန်ချန်းမင်း ရဲ့ပုံစံနဲ့ မကိုက်ဘူး!
သေချာတယ်၊ သူက မှုန်တေတေနဲ့ ဘာသိဘာသာ နေတက်တာပဲ။
ဒါပေမဲ့ အဲ့လိုပြုမူတဲ့အချိန်မှာ သူက မတွန့်ဆုတ်ပဲ အင်အားအကောင်းဆုံး လုပ်ငန်းရှင် ဖြစ်သွားတက်သည်။ သို့သော် ဒီအချိန်တွင် ဟုန်ချန်းမင်း ကကားစတီယာရင်အား တင်းကြပ်စွာ ကိုင်ထားပြီး ဘာမှမပြောပေ။
အရင်တုန်းက ဇောင်ယုဟွမ် ပြောခဲ့တဲ့စကားတွေက ဟုန်ချန်းမင်း အပေါ်မှာ အရမ်းဖိနှိပ်မိတယ်လို့ ဘယ်လိုလုပ်သိနိုင်မှာလဲ?
ဟုန်ချန်းမင်း ကသူ့တည်ငြိမ်သည့် အောက်ခြေလိုင်းက ကျိုးပဲ့သွားရုံသာ။ ပြစ်မှု၊ မကောင်းမှုတွေ၊ ပုံမှန်လိုမလုပ်ရဲသည့် အကြောင်းအရာကို တွေးလိုက်သည်။
ဒီနေ့တွင် ဝမ်ယောင်ချန်း ရဲ့လုပ်ရပ်ကြောင့် လူသားတွေရဲ့ ကန့်သတ်ချက်ကို ကျော်လွန်စေပြီး ထိန်းချုပ်မှုမဲ့သွားစေသည်။
ဇောင်ယုဟွမ် ရဲ့စိတ်ထဲတွင် ရှုပ်ထွေးနေတုန်း ဖြစ်နေစဉ် ဟုန်ချန်းမင်း ကရုတ်တရက် ထ,ပြောလိုက်သည်။ “ကိုယ်တို့ ငယ်ငယ်တုန်းက အကြောင်းကို ဟွမ်ဟွမ် မှတ်မိသေးလား?”
“ဘယ်အချိန်ကလဲ?”
“၇ နှစ် ၈ နှစ်မတိုင်ခင်က”
ဇောင်ယုဟွမ် ကခေါင်းခါလိုက်သည်။ “ဟွမ်ဟွမ် မမှတ်မိတော့ဘူး”
သူမမူလမှတ်ဉာဏ်နဲ့ မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေကြောင့် အရင်က မှတ်ဉာဏ်ဟောင်းတွေက တဖြည်းဖြည်း ဝေဝါးလာပြီး ရောထွေးသွားသည်။
ဟုန်ချန်းမင်း ကပြောလိုက်သည်။ “ကိုယ်ကတော့ မှတ်မိနေတုန်းပဲ”
ဇောင်ယုဟွမ် ကချက်ချင်းပင် လန်းဆန်းသွားခဲ့သည်။ ဟုန်ချန်းမင်း ရဲ့စကားတွေကနေ မိဘမဲ့ဂေဟာတုန်းက ဖြစ်ပျက်ခဲ့သည့် အကြောင်းတွေကို မေးလိုက်သည်။
ရိုးရိုးသားသား ပြောရရင် အရင်တုန်းက သူတို့ဘဝကြောင်းကို မမေးခဲ့ပဲ ဒီလိုဆိုးရွားသည့် အကြောင်းတွေကို ပြန်အစမဖော်စေချင်ပေ။
လီဂျင်းယွမ် ကမိဘမဲ့ဂေဟာတွင် ခိုးတက်သည့် အကြောင်းတွေကို အွန်လိုင်းတွေ ထုတ်ဖော်ခဲ့သည်။ ဟုန်ချန်းမင်း ကထိုပို့စ်တွေက သူ့အား ထိခိုက်စေတာကို စိုးရိမ်တာကြောင့် ရုတ်တရက် ဒီခေါင်းစဉ်အား ဆက်ပြောလိုက်သည်။ သူမက သတင်းအမှားကို သိနေခဲ့လို့လား?
“ကိုယ့်မိဘတွေနဲ့ ကားမတော်တဆ ဖြစ်တုန်းက ကိုယ်က အနောက်က အလယ်ခုံမှာ ထိုင်နေခဲ့တာ” ဟုန်ချန်းမင်း ကပြောလိုက်ချိန်တွင် သူ့အသံက ဘာခံစားချက်မှ မပါပေ။ သူစိမ်းအကြောင်းကို ပြောနေသလိုမျိုး တည်ငြိမ်နေခဲ့သည်။
“သူတို့က ကိုယ့်ကို လုပ်ဖော်ကိုင်ဖက်ရဲ့ ကားထဲကို ထည့်သွားတယ်။ ကားထဲမှာ နေရာလွတ်မရှိဘူး၊ နောက်ပြီး အမေက သွေးသွယ်လို့ သူမက အနောက်တန်းက အလယ်ခုံမှာ ထိုင်ပြီး ကိုယ့်ကို ပေါင်ပေါ်မှာ တင်ထားခဲ့တယ်။ ကားက တံခါးကိုဖြတ်တော့ ကုန်တင်ကားတစ်စီးနဲ့ တိုက်မိခဲ့တယ်။ ကိုယ်ပဲ အသက်ရှင်ခဲ့တယ်။ နောက်တော့ ကိုယ့်ဦးလေး နှစ်ယောက်နဲ့ အဒေါ်ဆီ နေခဲ့တယ်။ နောက်ဆုံးတော့ သုံးလလောက် ကိုယ့်အဖိုးနဲ့အတူ နေခဲ့တယ်။ အဲ့သုံးလပြီးတော့ ကိုယ့်ဦးလေးက ကိုယ့်ကို လာခေါ်ပြီး မိဘမဲ့ဂေဟာကို ခေါ်သွားခဲ့တယ်”
“သူတို့က အမွေခွဲဖို့အကြောင်းတွေ၊ ကိုယ့်အကြောင်းတွေ ဆွေးနွေးကြတယ်… သူက အလျင်အမြန်ပဲ ပြန်ထွက်သွားခဲ့တယ်။ ကိုယ်မှတ်မိတာတော့ ဒါအကုန်ပဲ”
“မိဘမဲ့ဂေဟာက အရမ်းကိုတင်းကြပ်တယ်။ ကလေးတွေ အများကြီးကို လာစွန့်ပစ်ကြပေမဲ့ မွေးစားဖို့တော့ လူနည်းနည်းပဲ လာကြတယ်။ တစ်နှစ်ထောက်ပံ့ငွေက လူတိုင်းအတွက် ဆောင်းရာသီအဝတ် ဝယ်နိုင်ဖို့ကို မလုံလောက်ဘူး”
ဇောင်ယုဟွမ် ကပါးစပ်ဟလိုက်ပြီးနောက် ဘာမှမပြောပဲ ပြန်ပိတ်လိုက်သည်။ သူမက ဟုန်ချန်းမင်း ဆက်ပြောတာကိုသာ နားထောင်နေခဲ့သည်။
“သူတို့က နည်းလမ်းတစ်ခုကို တွေးခဲ့ကြတယ်၊ ကလေးတွေကြားက ဆောင်းရာသီအဝတ်ကို လဲဝတ်စေတယ်။ ဘယ်သူပဲဖြစ်ဖြစ် အပြင်ထွက်နိုင်မှ ဝတ်လို့ရတယ်။ လူတိုင်းက သူတို့စောင်တွေ၊ အိပ်ရာတွေနဲ့ပဲ ပတ်ပြီးတော့ ကြင်နာတဲ့လူတွေက လှူဒါန်းခဲ့တဲ့ ပုံပါစာအုပ်တွေကို ဖတ်ခဲ့ကြတယ်။ နေ့တိုင်း ဒီလိုမျိုးပဲ ကုန်ဆုံးခဲ့ကြတယ်”
“ကိုယ်ပိုင်တာ ဘာမှမရှိဘူး” ဟုန်ချန်းမင်း ရဲ့အသံက တည်ငြိမ်နေတာကြောင့် သူ့အသံက ခံစားချက်မပါသလို ဖြစ်နေသည်။
“ကိုယ့်မိဘတွေက ဆုံးပါးသွားပြီး ဦးလေး၊ အဒေါ်လို့ခေါ်တဲ့ လူတွေကတော့… သူတို့ကိုယ်ပိုင် မိသားစုတွေရှိကြတယ်။ အရင်တုန်းက ငွေအကြောင်းနဲ့ ပတ်သက်ပြီး သူတို့ကိုတောင် မပြောနိုင်ခဲ့ဘူး။ မိဘမဲ့ဂေဟာကို ကိုယ်ရောက်ပြီးတော့ ဆောင်းရာသီအဝတ်တွေက လှည့်ပတ်ဝတ်နေကြပြီး လှူဒါန်းစာအုပ်တွေကို ဝေမျှခဲ့ရတယ်”
ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ကိုသေချာ စစ်ဆေးနေခဲ့သည်။
အစတုန်းက စာရေးဆရာ ဖန်တီးထားသည့် ဇာတ်ကြောင်းလို့သာ သူမခံစားခဲ့ရသည်။
သူတို့က ဘာကြောင့် ဗီလိန် တစ်ယောက်ကို ဒီလိုသနားစရာကောင်းတဲ့ အတိတ်ကို ပေးထားရတာလဲ?
သူတို့က ဘာကြောင့် သူ့ကို ကောင်းကောင်း မကြီးပြင်းစေရတာလဲ?
27.6.2021 (Sun)
……………………….
Zawgyi
သို႔ေသာ္ ေဇာင္ယုဟြမ္ ကသူမအေတြးေတြကို ေျပာျပဖို႔ အစီစဥ္မ႐ွိေပ။
သူ႕ကို ဘာလို႔ထည့္တြက္ရမွာလဲ?
သူ႕ကို ဘာေၾကာင့္ သူမအေတြးေတြကို ေဝမွ်ရမွာလဲ?
ဝမ္ေယာင္ခ်န္း ကသူ႕စကားမွားသြားတာကို ခ်က္ခ်င္း နားလည္သြားၿပီး ျပဳံးလိုက္သည္။ “ေတာင္းပန္ပါတယ္၊ ကိုယ္ တကယ့္ကို မင္းကို ခ်စ္တာပါ၊ ဒါေၾကာင့္ ကိုယ္မေတြးပဲ ေျပာလိုက္မိတာ” သူက ရပ္လိုက္ၿပီး သူ႕အမူအရာအား အလ်င္အျမန္ ေျပာင္းလိုက္သည္။
“ကိုယ္က ႐ိုး႐ိုးသားသားနဲ႔ မင္းကို ကူညီေပးခ်င္တာပါ၊ မင္းက ကိုယ့္ကို လုံးဝသေဘာမက်ဘူး ဆိုရင္ေတာင္ ကူညီေပးခ်င္တာပါ။ သူ႕ရဲ႕မထားသည့္တဲ့ အခ်စ္ကေန လြတ္ေျမာက္ခ်င္ရင္ ပစ္ေပါက္ဖို႔ အေကာင္းဆုံး ေ႐ြးခ်ယ္မႈ႐ွိတယ္… တျခားသူေတြက မစၥတာလန္၊ မစၥတာဟုန္ နဲ႔ လီဂ်င္းယြမ္ တို႔ရဲ႕စိတ္သေဘာထားနဲ႔ ဖ်က္ဆီးျခင္းကို ေၾကာက္ၾကေပမဲ့ ကိုယ္ေတာ့ မပါဘူး။ မင္းဘာပဲလိုခ်င္ခ်င္ ကိုယ္လုပ္ေပးႏိုင္တယ္”
“ေသာက္ေရးမပါတာ” ေအးစက္ၿပီး တင္းမာသည့္ အမ်ိဳးသား တစ္ေယာက္ရဲ႕အသံက အခန္းထဲတြင္ ထြက္လာခဲ့သည္။
ေဇာင္ယုဟြမ္ ကေမာ့ၾကည့္လိုက္ၿပီး ဟုန္ခ်န္းမင္း ကိုျမင္လိုက္သည္။ ထိုေနရာ႐ွိေလထုက အေတာ္ေလးကို ျပင္းထန္ေနတာေၾကာင့္ ဟုန္ခ်န္းမင္း ရဲ႕ဆံပင္ေတြက လႈပ္႐ွားေနကာ သူ႕နဖူးက ထင္႐ွားေနသည္။ သူ႕ငယ္႐ြယ္မႈကို ျပန္ေရာက္လာသလိုမ်ိဳး တင္းမာၿပီး ျခေသၤ့လိုမ်ိဳး အ႐ွိန္အဝါ ျပင္းထန္ေနသည္။
ဝမ္ေယာင္ခ်န္း ရဲ႕အမူအရာက မဲေမွာင္သြားခဲ့သည္။ ႐ုတ္တရက္ႀကီး ေႏွာင့္ယွက္သူ ႐ွိလာမယ္လို႔ သူမထင္ထားခဲ့ေပ။ ထိုအခ်ိန္တြင္ ဝမ္ေယာင္ခ်န္း က ေဇာင္ယုဟြမ္ ရဲ႕စိတ္ကိုရဖို႔ သူ႕စကားလုံးေတြကို ျပင္ဆင္လာခဲ့သည္။
ဟုန္ခ်န္းမင္း ရဲ႕မ်က္ခုံးေတြက ၾကဳတ္ေနၿပီး ေဒါသေတြနဲ႔ ျပည့္ေနသည္။ ခဏအၾကာတြင္ သူက ဝမ္ေယာင္ခ်န္း ရဲ႕ေကာ္လာကို ဆြဲလိုက္ၿပီး ေျမႇာက္လိုက္သည္။
Pa!
ဝမ္ေယာင္ခ်န္း ကိုထိုးလိုက္သည့္ အသံမဟုတ္ေပမဲ့ ဟုန္ခ်န္းမင္း ရဲ႕ၾကယ္သီး ျပဳတ္သြားသည့္ အသံျဖစ္သည္။ သူ႕အျပဳအမူက အရမ္းကိုျပင္းထန္သြားတာေၾကာင့္ သူ႕အက်ႌမွ ၾကယ္သီးက ျပဳတ္ထြက္သြားခဲ့သည္။
ၾကယ္သီးျပဳတ္သြားၿပီး သူ႕အေနာက္တိုင္း ဝတ္စုံက ဟသြားတာေၾကာင့္ အတြင္းဘက္႐ွိ ႂကြက္သားေတြကို ထုတ္ျပေနသည္။ ဂ်င္တြင္ ေလ့က်င့္ထားသည့္ ဝမ္ေယာင္ခ်န္း ရဲ႕ႂကြက္သားေတြနဲ႔ လုံးဝကိုကြာျခားသည္။ သူ႕ႂကြက္သားေတြက ေတာင့္တင္းၿပီး ျပင္းထန္သည့္ အ႐ွိန္အဝါ၊ အင္အားေတြနဲ႔ ျပည့္ေနသည္။
ဟုန္ခ်န္းမင္း ရဲ႕ဦးေႏွာက္က ေ႐ွာ့႐ိုက္ခံရသလို ထုံက်င္ေနၿပီး နာက်င္ေနသည္။
ထုတ္ပစ္ဖို႔?
မင္းနဲ႔?
ငါေတာင္ ဒီလိုေသာက္အေတြးကို ေတြးေတာင္မေတြးဘူး!
ငါ့အေတြးေတြကို ထုတ္ျပလိုက္ရင္ ေၾကာက္သြားမွာစိုးလို႔ ထိန္းခ်ဳပ္ထားၿပီး ဖုံးကြယ္ထားတာ။
မင္းလို ေသာက္ေကာင္က ေလွထဲဝင္ခ်င္ေနတာလား?
ဟုန္ခ်န္းမင္း က ဝမ္ေယာင္ခ်န္း ရဲ႕ေခါင္းကို လက္ဖက္ရည္ခြက္ျဖင့္ ေလာင္းခ်လိုက္သည္။ ေဇာင္ယုဟြမ္ ကလန္႔သြားၿပီး ေျခႏွစ္လွမ္းေလာက္ အေနာက္ဆုတ္သြားးခဲ့သည္။
ငါ့အဝတ္ကို ေရစိုဖို႔ ခြင့္မျပဳႏိုင္ပါဘူးေနာ္!
အေနာက္ဆုတ္ၿပီးေနာက္ ေဇာင္ယုဟြမ္ က႐ုတ္တရက္ သတိရသြားသည္။
မဟုတ္ေသးဘူး၊ ဒါကိုရပ္ေအာင္ ငါလုပ္ရမွာေလ။
ထို႔ေၾကာင့္ သူမ အေနာက္ဆုတ္သြားသည္။
ဟုန္ခ်န္းမင္း က ဝမ္ေယာင္ခ်န္း ရဲ႕လက္ဖက္ရည္ခြက္ကို ယူလိုက္ၿပီး သူ႕မ်က္ႏွာေပၚ ေလာင္းခ်လိုက္သည္။ ဟုန္ခ်န္းမင္း ကငယ္႐ြယ္သည့္ စိတ္ဝိဉာဥ္အျပည့္ျဖင့္ ဒီလိုမ်ိဳး လုပ္ခ်င္ခဲ့တာ အခ်ိန္ေတာ္ၾကာခဲ့ၿပီ။
သူက အံႀကိတ္လိုက္သည္။ “မင္းဖ်ားေနတဲ့ ဦးေႏွာက္က မႏိုးထ,ေသးဘူးလား?”
အစက ဝမ္ေယာင္ခ်န္း ကတားဆီးမႈေၾကာင့္ ထိတ္လန္႔ေနၿပီး သူ႕ကိုပက္လိုက္သည့္ ေရေႏြးပူေၾကာင့္ တုန္လႈပ္သြားခဲ့သည္။ ဒါက နာက်င္ၿပီး အေတာ္ေလး ႐ွက္ဖို႔ေကာင္းသည္။ သူ႕မ်က္လုံးကို ဖြင့္လိုက္ခ်ိန္တြင္ သူ႕ဘယ္ဘက္မ်က္လုံးက ေသြးေတြနဲ႔ ဖုံးေနတယ္လို႔ေတာင္ ခံစားလိုက္ရသည္။ ဝမ္ေယာင္ခ်န္း ကေဒါသထြက္စြာျဖင့္ အံႀကိတ္လိုက္သည္။
မင္းကို တူရကီမွာထဲက သေဘာမက်ခဲ့တာ၊ မင္းကို ေမာင္းထုတ္ခ်င္ခဲ့တာလို႔ ဟုန္ခ်န္းမင္း ေတြးလိုက္သည္။
ဥပေဒတင္းၾကပ္တဲ့ အဖြဲ႕အစည္းကို ေရာက္လာတာနဲ႔ ငါက မင္းကို ဘာမွမလုပ္ႏိုင္ေတာ့ဘူးလို႔ ထင္ေနတာလား?
ဟုန္ခ်န္းမင္း က ဝမ္ေယာင္ခ်န္း ရဲ႕ႏွာေခါင္း႐ိုးအား လက္ဖက္ရည္ခြက္ျဖင့္ ေခါက္လိုက္သည္။ “မင္းမႏိုးေသးဘူးလား? ႏိုးၿပီလား? ဒါဆို မင္းကို ႏိုးသြားေစဖို႔ ငါ့မွာပိုေကာင္းတဲ့ နည္းလမ္းေတြ႐ွိတယ္”
ဝမ္ေယာင္ခ်န္း ရဲ႕ေဒါသက အေႏွာင့္အယွက္ခံလိုက္ရသည္။ ဟုန္ခ်န္းမင္း ကရက္စက္စြာျဖင့္ အားနည္းခ်က္ကို ႐ိုက္ေနခဲ့သည္။ သူက လက္ဖက္ရည္ခြက္ကို ဆြဲလိုက္ၿပီး သူ႕ႏွာေခါင္း႐ိုးကို ႐ိုက္ေနခဲ့သည္။ ေဖ်ာ္ေျဖေရးေလာကမွ အိုင္ေဒါလ္ ၁၀ ေယာက္မွ ၈ ေယာက္ေလာက္က ႏွာေခါင္းခြဲစိတ္မႈ လုပ္ၾကသည္။
ဝမ္ေယာင္ခ်န္း ရဲ႕ႏွာေခါင္းက ခ်က္ခ်င္းပင္ ေသြးထြက္လာၿပီး နာက်င္မႈေၾကာင့္ မထိန္းခ်ဳပ္ႏိုင္ပဲ မ်က္ရည္ေတြ က်လာခဲ့သည္။
“မင္းအခုေျပာလိုက္တာကို ျပန္ေျပာလိုက္၊ ဟမ္?” ဝမ္ေယာင္ခ်န္း ကပါးစပ္ဖြင့္တာကို မေစာင့္ပဲ ဟုန္ခ်န္းမင္း ကသူ႕ေခါင္းကို လွည့္လိုက္သည္။ ဒါကို အခ်ိန္ေတာ္ၾကာ ထိန္းခ်ဳပ္ထားခဲ့သည္။ ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္ၿပီး ေမးလိုက္သည္။
“ဂ်င္ကရတဲ့ ႂကြက္သား၊ ခြဲစိတ္ထားတဲ့ ႏွာေခါင္း… ဒါမ်ိဳးကို မင္းသေဘာက်တာလား?”
ေဇာင္ယုဟြမ္ ကေသနတ္ဆြဲထုတ္လိုက္သည့္ အခ်ိန္ကထက္ ပိုတင္းမာျပင္းထန္သည့္ အ႐ွိန္အဝါနဲ႔ ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္သည္။ ထိုအခ်ိန္တြင္ သူကလွည့္လိုက္ၿပီး သူ႕ေဒါသေတြကို ဖိႏွိပ္ဖို႔ျပင္လိုက္သည္။
ေဇာင္ယုဟြမ္ : “…”
ေဇာင္ယုဟြမ္ ကေခါင္းခါလိုက္ရင္း တံေတြးမ်ိဳခ်လိုက္ကာ အလ်င္အျမန္ပင္ ေျဖလိုက္သည္။ “… သေဘာမက်ပါဘူး”
ဟုန္ခ်န္းမင္း ကေအးစက္စြာျဖင့္ ေသြးထြက္ေနသည့္ ဝမ္ေယာင္ခ်န္း မ်က္ႏွာကို စိုက္ၾကည့္ေနခဲ့သည္။
ဟမ့္၊ သူ႕ကို ဘာထည့္တြက္ရမွာလဲ?
ေဇာင္ယုဟြမ္ ကိုအက်ပ္ကိုင္ရဲတယ္လား?
“ကိုယ္က ႐ိုး႐ိုးသားသားနဲ႔ မင္းကို ကူညီေပးခ်င္တာပါ၊ မင္းက ကိုယ့္ကို လုံးဝသေဘာမက်ဘူး ဆိုရင္ေတာင္ ကူညီေပးခ်င္တာပါ။ သူ႕ရဲ႕မထားသည့္တဲ့ အခ်စ္ကေန လြတ္ေျမာက္ခ်င္ရင္ ပစ္ေပါက္ဖို႔ အေကာင္းဆုံး ေ႐ြးခ်ယ္မႈ႐ွိတယ္…”
ဝမ္ေယာင္ခ်န္း က လီဂ်င္းယြမ္၊ ဟုန္ခ်န္းမင္း တို႔ကအပ္ေခ်ာင္းလိုမ်ိဳး စိုက္ဝင္မႈကို ခံစားေနရတာက သူ႕ကိုေဒါသျဖစ္ေစေၾကာင့္ သူသိခဲ့သည္။
“မင္းဘာပဲလိုခ်င္ခ်င္ ကိုယ္လုပ္ေပးႏိုင္တယ္”
ဒီစကားေတြကို ပိုၿပီးေတာ့ေတာင္ စိတ္႐ႈပ္ဖို႔ေကာင္းေသးတယ္။ သူနဲ႔ ဟြမ္ဟြမ္ တို႔ၾကားက ေကာင္းကင္နဲ႔ ေျမႀကီးလို ကြာျခားေနေပမဲ့ အထက္တန္းက်တဲ့ စကားလုံးေတြကို ေျပာႏိုင္ေသးသည္။ ဟုန္ခ်န္းမင္း ရဲ႕စိတ္႐ႈပ္မႈေတြ ျပည့္ေနသည့္ မ်က္လုံးထဲမွ ေအးစက္သည့္ အလင္းေရာင္က ေတာက္ပေနသည္။
ေဒါသနဲ႔ ႐ွက္႐ြံ႕မႈ၊ သတိလက္လြတ္ တုန္ေနမႈေတြေၾကာင့္ မွင္သက္ေနသည့္ ဝမ္ေယာင္ခ်န္း က႐ုတ္တရက္ သူ႕ေ႐ွ႕မွလူရဲ႕ လုပ္ႏိုင္မႈေတြကို သတိရသြားသည္။ တူရကီမွာတုန္းက သူတို႔ကိုလာေခၚသည့္ ရက္စက္ပုံရသည့္ အုပ္စုကို သတိရသြားသည္။
ဝမ္ေယာင္ခ်န္း ကအံႀကိတ္လိုက္ကာ သူ႕အမွားေတြကို ဝန္ခံခ်င္ေသာ္လည္း အရမ္း႐ွက္တာေၾကာင့္ သူ႕ပါးစပ္ကို ဖြင့္ေတာင္မဖြင့္ႏိုင္ေပ။ ဟုန္ခ်န္းမင္း လက္ထဲမွ လက္ဖက္ရည္ခြက္ကို ထိတ္လန္႔မႈျဖင့္ စိုက္ၾကည့္ေနခဲ့သည္။
“ရပ္လိုက္” ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ရဲ႕အက်ႌကို ဆြဲလိုက္သည္။ “လုံေလာက္ၿပီ”
ေဇာင္ယုဟြမ္ က ဝမ္ေယာင္ခ်န္း ရဲ႕စကားေတြေၾကာင့္ အေတာ္ေလး စိတ္အေႏွာင့္အယွက္ ျဖစ္ခဲ့ေပမဲ့ ေသေလာက္တဲ့ အထိေတာ့ မျဖစ္ေစခ်င္ေပ။
သူက အရမ္းကိုႀကိဳတြက္ထားၿပီး သူ႕စကားေတြက အနည္းငယ္ ႐ုပ္ဆိုးေန႐ုံသာ၊
ဒီလိုလုပ္႐ုံနဲ႔ သူ႕ကိုေဆး႐ုံ မသြားႏိုင္တဲ့အထိ လုပ္မွာေတာ့ မဟုတ္ဘူးမလား?
သူ႕ႏွာေခါင္းကလည္း မလိုအပ္ပဲ က်ိဳးသြားခဲ့သည္။ သူ ျပန္ခြဲစိတ္ဖို႔ လိုအပ္လိမ့္မည္။ ဟုန္ခ်န္းမင္း ကမလုပ္ေပ။ သူက ဆက္ၿပီး ဝမ္ေယာင္ခ်န္း ကိုဝံပုေလြလို ေအးစက္စြာျဖင့္ စိုက္ၾကည့္ေနခဲ့သည္။ ဝမ္ေယာင္ခ်န္း ကသက္ျပင္းခ်လိုက္ၿပီး ေျပာလိုက္သည္။
“မစၥတာဟုန္ ကိုစိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ ဘာလုပ္မိလိုက္လဲ ငါမသိဘူး၊ ဒါေပမဲ့ မစၥတာဟုန္ ရဲ႕အျပဳအမူေတြက နည္းနည္းေတာ့ ယဥ္ေက်းမႈမ႐ွိဘူး…”
ေဇာင္ယုဟြမ္ ကမ်က္လုံးလွည့္လိုက္ၿပီး ဟုန္ခ်န္းမင္း ရဲ႕လက္ေခ်ာင္းေတြကို ပြင့္သြားေအာင္ ကေလာ္လိုက္သည္။ သူမလက္ေခ်ာင္းေတြက ႏူးညံ့ေနၿပီး ဟုန္ခ်န္းမင္း အားထိလိုက္ခ်ိန္တြင္ သူ႕လက္ေတြကို ႏူးညံ့သြားေစသည္။ သူ႕လက္ထဲမွ လက္ဖက္ရည္ခြက္က ေဇာင္ယုဟြမ္ ေသနတ္ယူလိုက္ခ်ိန္တုန္းကလို အလြယ္တကူပင္ သူမလက္ထဲ ပါသြားခဲ့သည္။
ဟုန္ခ်န္းမင္း ရဲ႕အမူအရာက မေျပာင္းလဲေပမဲ့ ဝံပုေလြကေန အိမ္ေမြးေခြးေလးလို ေျပာင္းလဲသြားတာကို ျမင္ႏိုင္သည္။
“စိတ္ေလ်ာ့” ေဇာင္ယုဟြမ္ ကသူ႕တင္းမာသည့္ ႂကြက္သားေတြေၾကာင့္ သူ႕လက္ေမာင္းကို ပုတ္လိုက္သည္။ ထိုစကားကို ၾကားလိုက္ၿပီး ဟုန္ခ်န္းမင္း ရဲ႕ေဒါသက ေပ်ာက္ကြယ္သြားခဲ့သည္။
ဝမ္ေယာင္ခ်န္း က႐ုန္းကန္ၿပီး အလ်င္အျမန္ပင္ ထလိုက္သည္။ မဲေမွာင္သည့္ အမူအရာျဖင့္ သူ႕ေကာ္လာကို ျပင္လိုက္ၿပီးေနာက္ ဟုန္ခ်န္းမင္း နဲ႔ဆန္႔က်င္မည့္ သူ႕အေတြးေတြကို အေကာင္းဆုံး ထိန္းခ်ဳပ္လိုက္သည္။
ထိုအစား ေဇာင္ယုဟြမ္ ဘက္ကိုလွည့္လိုက္သည္။ သူမအေပၚတြင္သာ မူတည္ေၾကာင္း ႐ွင္းလင္းေနသည္။ ေဇာင္ယုဟြမ္ ကသူမနဖူးကို ပြတ္လိုက္ၿပီးေနာက္ ဝမ္ေယာင္ခ်န္း အားကဒ္ကို ထပ္ေပးလိုက္သည္။
“ယူလိုက္။ ဒီအခ်ိန္ေတာ့ ေဆးကုသဖို႔ ေငြလိုလိမ့္မယ္… ရန္မွာ ဒါ႐ိုက္တာ႐ႈ ၫႊန္ၾကားတဲ့ ႐ိုက္ကူးေရး ပေရာဂ်က္႐ွိတယ္။ သူက သူ႕အခ်ိန္ေတြက ႐ိုက္ကူးဖို႔အတြက္ပဲ လုပ္ခဲ့တယ္၊ အရည္အေသြးကလည္း ေကာင္းလို႔ လူထုကလည္း ဒီပေရာဂ်က္ကို သေဘာက်ၾကတယ္…”
ေဇာင္ယုဟြမ္ ကနည္းနည္း ပ်င္းရိေနၿပီး သူမ သက္ေတာင့္သက္သာ ျဖစ္ႏိုင္ခ်ိန္တြင္ တျခားအရာေတြက မေႏွာင့္ယွက္ႏိုင္ေပ။ သို႔ေသာ္လည္း သူမက မထုံအ,ေပ။ ဝမ္ေယာင္ခ်န္း ကသူမကို ဘာေၾကာင့္သေဘာက်လဲ၊ သူမဆီမွ ဘာေတြလိုခ်င္လဲဆိုတာကို ႐ွင္း႐ွင္းလင္းလင္း သိသည္။
ဝမ္ေယာင္ခ်န္း ရဲ႕မ်က္လုံးေတြက လႈပ္႐ွားသြာသည္။ ဒါကို သူလိုခ်င္ခဲ့သည္။ ဒါ႐ိုက္တာ႐ႈ ကနာမည္ႀကီး ဒါ႐ိုက္တာျဖစ္ၿပီး သူ႕ဇာတ္ကားထဲတြင္ ပါဝင္သ႐ုပ္ေဆာင္လိုၾကသည္။ ထိုထဲတြင္ ပါဝင္ၾကသည့္ သ႐ုပ္ေဆာင္အားလုံးက ႀကီးမားသည့္ဆုကို ရၾကသည္။
ဝမ္ေယာင္ခ်န္း က ဒါ႐ိုက္တာ႐ႈ ထက္ပိုေတာ္ဖို႔ ရည္႐ြယ္ထားခဲ့သည္။ အထက္ကို တက္ခ်င္ၿပီး ဒါ႐ိုက္တာရဲ႕ အလုပ္ေတြကို ေနာက္ေကာက္က်န္ေစခ်င္သည္။ သို႔ေသာ္ သူမလုပ္ႏိုင္ခဲ့ေပ။ ဒါက သူရင္ဆိုင္ေနရသည့္ အႀကီးမားဆုံးေသာ ျပႆနာျဖစ္သည္။
သူပိုၿပီး နာမည္ေက်ာ္ၾကားၿပီး ဖန္ေတြပိုမ်ားလာရင္ေတာင္ သူမလုပ္ႏိုင္ေသးေပ။ ေငြေတြ၊ အင္အားေတြ လိုအပ္သည္။ ဒီအရာကို ေဇာင္ယုဟြမ္ ကလုပ္ႏိုင္သည္။ သူမက ငယ္႐ြယ္ၿပီး မိန္းကေလး ျဖစ္ေပမဲ့ လူေတြအား တစ္ဘဝလုံး အသုံးခ်ၿပီး မရႏိုင္တဲ့အရာေတြက သူမထံတြင္႐ွိသည္။
ဝမ္ေယာင္ခ်န္း ကအသက္႐ွဴသြင္းလိုက္သည္။ ဒီထက္ပိုၿပီး နားလည္သြားခဲ့သည္။ သူမကို လက္မေလွ်ာ့ႏိုင္တာ ပိုေသခ်ာသြားခဲ့သည္။ ဝမ္ေယာင္ခ်န္း ရဲ႕ပါးစပ္က အျပဳံးက ခ်ိတ္ဆြဲလာခဲ့သည္။
“ယုဟြမ္၊ မင္း ကိုယ့္ကို ေပးဖို႔မလိုပါဘူး။ အဆင္ေျပပါတယ္။ ယုဟြမ္ ကကိုယ့္ကို စိတ္ပူေပးတာကို သိရတာနဲ႔ လုံေလာက္ပါၿပီ။ ဒီေန႔အေၾကာင္းအရာေတြ အမ်ားႀကီးကို ကိုယ္ေျပာခဲ့တယ္၊ ဒါေတြအတြက္ ကိုယ္ေတာင္းပန္ပါတယ္။ ေနာက္တစ္ခါက်ရင္ ဒီလိုမျဖစ္ေစရပါဘူး”
ဟုန္ခ်န္းမင္း ကဒီျမင္ကြင္းအား ေအးစက္စြာျဖင့္ ၾကည့္ေနခဲ့သည္။
ဝမ္ေယာင္ခ်န္း ရဲ႕အေတြးေတြကို မျမင္ႏိုင္ပဲ ဘယ္ေနမလဲ?
သူ႕ကို ႏွစ္ႀကိမ္ထပ္ပိုၿပီး ႐ိုက္လိုက္တာက မလုံေလာက္ေသးဘူး။
သူက တကယ္ပဲ ေသခ်င္ေနတာလား?
ေဇာင္ယုဟြမ္ ကလည္း ျပႆနာတက္သြားသည္။ သူက လိမၼာပါးနပ္တဲ့လူလို႔ ဟန္ယင္ယင္ ကေျပာခဲ့တာမလား?
ေသာက္ကိုပဲ လိမၼာပါးနပ္!
ငါ့ကို ထပ္ၿပီးတြယ္ကပ္ခ်င္ေနတုန္းပဲ…
ဟုန္ခ်န္းမင္း က႐ိႈးအတြက္လို႔ပဲ ထင္ေနတာလား?
သူက ဝတၳဳထဲက အဓိကဗီလိန္ႀကီးပါေနာ္!
ေဇာင္ယုဟြမ္ ရဲ႕မ်က္ႏွာက ခ်က္ခ်င္းပင္ ေအးစက္သြားခဲ့သည္။ “ဒါက မစၥတာဝမ္ ကိုေပးႏိုင္တဲ့ အေျခအေနတစ္ခုပါပဲ။ မစၥတာဝမ္ ကမေက်နပ္ေသးရင္ ကြၽန္မေ႐ွ႕ေနနဲ႔ ေျပာလို႔ရပါတယ္။ အခုေတာ့ ေနာက္က်ေနၿပီ”
ေဇာင္ယုဟြမ္ ကေျပာလိုက္ရင္း ဟုန္ခ်န္းမင္း ရဲ႕အက်ႌကို ဆြဲလိုက္သည္။ သန္မာသည့္ အားျပည့္ေနသည့္ ဟုန္ခ်န္းမင္း ကအလြယ္တကူပင္ ပါသြားခဲ့သည္။
ဟုန္ခ်န္းမင္း ကသူမကိုင္ထားတာကို ၾကည့္လိုက္ရင္း သူ႕ဆီမွာ ခြဲထြက္သြားမွာကို ေၾကာက္မိသြားသည္။ ထို႔ေနာက္ သူက ေျပာလိုက္သည္။ “ဟြမ္ဟြမ္၊ သြားရေအာင္”
ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္ေပမဲ့ သူမလက္ကို မဖယ္ေပ။ ဝမ္ေယာင္ခ်န္း အေ႐ွ႕တြင္ သူတို႔ၾကားက ေဝးကြာမႈနည္းနည္းေလးကိုေတာင္ သူမ ထုတ္မျပခ်င္ေပ။
ဝမ္ေယာင္ခ်န္း က႐ုတ္တရက္ ေရေအးေတြနဲ႔ ေခါင္းကိုေလာင္းခ်ခံလိုက္ရသလို ျဖစ္သြားသည္။ ေဇာင္ယုဟြမ္ ရဲ႕စိတ္ကို သူနားလည္သြားသည္။ သူက လီဂ်င္းယြမ္ ရဲ႕ဆယ္ပုံပုံ တစ္ပုံေတာင္ မရႏိုင္ေပ။
ေဇာင္ယုဟြမ္ ကသူ႕အေတြးေတြကို သိေနခဲ့ရင္ သူက တစ္ရာပုံလို႔ တစ္ပုံေတာင္မရႏိုင္ဘူးလို႔ ေျပာႏိုင္သည္။ သူ႕အေတြးေတြက အရမ္းျမင့္လြန္းသည္။ လက္ဖက္ရည္ဆိုင္မွ ထြက္လာၿပီးေနာက္ ဟုန္ခ်န္းမင္း ကအရင္စကားေျပာလိုက္သည္။
“ဝမ္ေယာင္ခ်န္း ကေကာင္းမြန္တဲ့ လိုက္ဖက္မႈမဟုတ္ဘူး။ ကိုယ္မင္းကို အရင္က ေျပာခဲ့တယ္”
ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္သည္။ “အရင္တုန္းက သူဟန္ေဆာင္ခဲ့တာ…”
ထိုအခ်က္ေၾကာင့္ ေဇာင္ယုဟြမ္ က႐ုတ္တရက္ စကားလမ္းေၾကာင္း ေျပာင္းလိုက္သည္။ “ဟြမ္ဟြမ္ ဒီမွာ႐ွိေနတာကို ဘယ္လိုလုပ္ၿပီး သိသြားတာလဲ?”
ဟုန္ခ်န္းမင္း အက်ႌမွ သူမလက္ေတြက တင္းၾကပ္သြားခဲ့သည္။ ေဇာင္ယုဟြမ္ ကသူ႕အား လွည့္ကာစိုက္ၾကည့္လိုက္သည္။
အစက လီဂ်င္းယြမ္ ကသူ႕ကိုယ္သူ ထုတ္ေဖာ္ခဲ့ၿပီး ဝမ္ေယာင္ခ်န္း ကလည္း သူမကို ႐ွင္း႐ွင္းလင္းလင္းကို ႐ွင္းျပခဲ့သည္။ သူမ မျမင္ခ်င္ရင္ေတာင္ မျမင္ဘူးလို႔ ဟန္မေဆာင္ႏိုင္ေပ။
သူမ ဟန္မေဆာင္ႏိုင္တည္းက ရင္ဆိုင္ဖို႔သာ ဆုံးျဖတ္လိုက္သည္။
ဟုန္ခ်န္းမင္း ရဲ႕အသံႏႈန္းက ႐ုတ္တရက္ က်သြားၿပီး ပိုနက္႐ိႈင္းသြားခဲ့သည္။
“ကိုယ္ ဝမ္ေယာင္ခ်န္း ကိုေစာင့္ၾကည့္ဖို႔ လူလႊတ္ထားတယ္။ သူက ဒီဘက္ကို ဦးတည္လာတာနဲ႔ ဘာျဖစ္ေနလဲဆိုတာ ကိုယ္သိသြားတာ”
“ဒါဆို ႐ွင္အရမ္းကို ေဒါသထြက္သြားလား?” ေဇာင္ယုဟြမ္ ကကားတံခါး ဖြင့္လိုက္ရင္း ေျပာလိုက္သည္။
ဟုန္ခ်န္းမင္း ကႏႈတ္ခမ္းကို ေစ့လိုက္သည္။ “သူ႕စကားလုံးေတြက အရမ္းကို ႏိုင္ထက္စီးနင္းဆန္တယ္။ မင္းကို သူ႕မ်က္လုံးထဲ ထည့္ေတာင္မထည့္ဘူး”
သူ႕မ်က္လုံးထဲ ငါ့လို ဟုန္ခ်န္းမင္း ကိုမထည့္တာနဲ႔ ေသဆုံးရမယ္၊ ဟုန္ခ်န္းမင္း ကေအးစက္စြာ ေတြးလိုက္ၿပီး သူ႕ပါးစပ္အား ပိတ္လိုက္သည္။
“… တူရကီ ကိုထြက္သြားခိုင္းတာ ပိုေကာင္းလိမ့္မယ္” ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။
ထိုစကားကို ေျပာၿပီးေနာက္ ေဇာင္ယုဟြမ္ စိတ္ဆိုးသြားမွာကို ဟုန္ခ်န္းမင္း ေၾကာက္သြားၿပီး အလ်င္အျမန္ပင္ သူမအား လွည့္ၾကည့္လိုက္သည္။
ေဇာင္ယုဟြမ္ ရဲ႕အမူအရာက တည္ၿငိမ္ၿပီး ပုံမွန္အတိုင္း ျဖစ္ေနတာကို ျမင္လိုက္ၿပီး စိတ္သက္သာစြာျဖင့္ သက္ျပင္းခ်လိုက္သည္။
တူရကီမွာတုန္းက သူေပါက္ကြဲလုနီးပါး ျဖစ္သြားေသာ္လည္း သူ႕တျခားတစ္ဖက္အား ေဇာင္ယုဟြမ္ ကိုထုတ္ျပမိမလို ျဖစ္သြားခဲ့သည္။ သူမစိတ္ထဲ မေကာင္းတဲ့ခံစားခ်က္ေတြ က်န္ေနခဲ့မွာကို သူ မလိုခ်င္ေပ။
ေဇာင္ယုဟြမ္ ကသက္ျပင္းခ်လိုက္သည္။ “တကယ့္ကို ျပႆနာပဲ…”
ဟုန္ခ်န္းမင္း ကဘာမွမေျပာေပ။ အရင္တုန္းက ေဇာင္ယုဟြမ္ မေပ်ာ္မွာ ေၾကာက္တာေၾကာင့္ အေမွာင္ထဲတြင္ ဘာမွမလုပ္ခဲ့ေပ။ ဒါေပမဲ့ အခုေတာ့ ေဇာင္ယုဟြမ္ ကဒီလူဘာပဲျဖစ္ျဖစ္ ဂ႐ုမစိုက္တာကို သူသိသြားခဲ့သည္။
ဟုန္ခ်န္းမင္း ရဲ႕မ်က္လုံးထဲတြင္ ၿခိမ္းေျခာက္သည့္ အလင္းတန္းေတြက ထြက္ေပၚလာခဲ့သည္။ ဒီအရာနဲ႔ပတ္သက္ၿပီး လုပ္ႏိုင္သည့္နည္းလမ္းေတြ အမ်ားႀကီး႐ွိသည္။ ေဇာင္ယုဟြမ္ မသိလိုက္ခင္ ဒီအရာအားလုံးကို ႐ွင္းလင္းႏိုင္သည္။
ဟုန္ခ်န္းမင္း က႐ုတ္တရက္ႀကီး တိတ္ဆိတ္သြားတာေၾကာင့္ ေဇာင္ယုဟြမ္ ကသူ႕အား ၾကည့္လိုက္သည္။ ကေလးတည္းက ဟုန္ခ်န္းမင္း ရဲ႕အသြင္အျပင္က ဗီလိန္က႑နဲ႔ လိုက္ဖက္စြာျဖင့္ အေတာ္ေလး ၾကည့္ေကာင္းတာကို ေဇာင္ယုဟြမ္ လက္ခံခဲ့သည္။
သို႔ေသာ္ ဟုန္ခ်န္းမင္း ကစကားမေျပာခ်ိန္တြင္ မႈန္ေတေတျဖစ္ေနတာနဲ႔ မတူပဲ အရင္ကထက္ေတာင္ ပိုၾကည့္ေကာင္းေစသည္။ အခုေတာ့ သူ႕ေဘးတြင္ ထင္႐ွားသည့္အ႐ွိန္အဝါေတြက ဝိုင္းရံေနသည္။
ေဇာင္ယုဟြမ္ ကႏႈတ္ခမ္းကို သပ္လိုက္ၿပီး ပါးစပ္အား အႀကိမ္ႀကိမ္ ဖြင့္လိုက္ပိတ္လိုက္ လုပ္ေနေပမဲ့ ဘာေျပာရမွန္း မသိေပ။ သူမ ဘာေျပာရမွန္း မသိသလို၊ ေၾကာက္တာ၊ ႐ွက္ေနတာေၾကာင့္ မဟုတ္ေပ။
ငါဘာေျပာသင့္လဲ?
ဒီအရာေပၚ ႐ွင့္ရည္႐ြယ္ခ်က္ကို ေမးလို႔ရမလား?
လီဂ်င္းယြမ္ က ဟြမ္ဟြမ့္ ကိုသေဘာက်တယ္လို႔ ထင္လား?
႐ွင္ကေကာ?
႐ွင္ကေကာ ဟြမ္ဟြမ့္ ကိုသေဘာက်လား?
အရမ္းထူးဆန္းတာပဲ။
ဒီတိတ္ဆိတ္မႈအတြင္း ဟုန္ခ်န္းမင္း ကကားေသာ့ကို ႏွိပ္လိုက္သည္။ ေဇာင္ယုဟြမ္ ကသူမအသိကို ျပန္ရသြားၿပီး သူတို႔က ကားတစ္စီးပဲ ပါလာေၾကာင္း နားလည္သြားခဲ့သည္။
ဟုန္ခ်န္းမင္း ကလက္ေထာက္ေတြ၊ အတြင္းေရးမႉးေတြ၊ ကိုယ္ရံေတာ္နဲ႔ ယာဥ္ေမာင္းကိုေတာင္ ေခၚလာျခင္းမ႐ွိေပ။
တစ္ဖက္တြင္ သူတို႔ထြက္သြားၿပီးေနာက္ ဝမ္ေယာင္ခ်န္း ကအသက္ျပင္းျပင္း ႐ွဴထုတ္လိုက္ၿပီး သူ႕လည္ပင္းအား ခက္ခဲစြာ ေလ့က်င့္ခန္းလုပ္လိုက္သည္။
သူ႕ေသြးေတြက ထပ္ၿပီးလည္ပတ္သြားခဲ့သည္။ စားပြဲေပၚ႐ွိ ဖုန္းအား ေကာက္ယူလိုက္ၿပီး သူ႕လက္ေတြက အနည္းငယ္ တုန္ခါေနသည္။
“ဟယ္လို” “ဘယ္လိုလဲ၊ အစ္ကိုခ်န္း?”
ဝမ္ေယာင္ခ်န္း ကတစ္ဖက္မွ သူ႕ေအးဂ်င့္ အသံကို ၾကားလိုက္ခ်ိန္တြင္ မ်က္ေတာင္ခတ္လိုက္ၿပီး သူ႕မ်က္ႏွာမွ ေသြးစက္က က်သြားခဲ့သည္။
သူက တျဖည္းျဖည္း ထ,လိုက္ၿပီး အျပင္ဘက္ကို ေလွ်ာက္လိုက္သည္။ ဝမ္ေယာင္ခ်န္း ကလက္ဖက္ရည္ဆိုင္မွ ထြက္ခြာရင္း သူ႕ေအးဂ်င့္ကို ေျပာလိုက္သည္။
“… ေဇာင္ယုဟြမ္ အေပၚ ဟုန္ခ်န္းမင္း ရဲ႕ေစာင့္ၾကည့္မႈက အရမ္းတင္းၾကပ္တာပဲ။ အရင္တုန္းက အေၾကာင္းေတြကို သိပ္ေတာင္မေျပာရေသးပဲ သူက ရန္ျဖစ္ဖို႔ ေရာက္လာခဲ့တယ္”
ေအးဂ်င့္ ကအေတာ္ေလး လန္႔သြားခဲ့သည္။ “ေနာက္ေတာ့ ဘာျဖစ္သြားလဲ?”
“ေဇာင္ယုဟြမ္ ကငါ့ကို ဒါ႐ိုက္တာ႐ႈ ရဲ႕႐ိုက္ကူးေရးထဲ သြင္းေပးဖို႔ အရိပ္အႁမြတ္ေျပာသြားတယ္” ဝမ္ေယာင္ခ်န္း ကသူ႕လက္ကို ေျမႇာက္လိုက္ကာ သူ႕မ်က္ႏွာ ေသြးေတြအား သုတ္လိုက္သည္။
“ဒါဆို အခု ငါတို႔ဘာလုပ္သင့္လဲ?” အရင္တုန္းက စီစဥ္ခဲ့သည့္ ေအးဂ်င့္က အခုေတာ့ ဘာလုပ္ရမွန္း မသိေတာ့ေပ။
သူတို႔ ဘယ္ေလာက္ပဲေတြးေတြး ေဇာင္ယုဟြမ္ ကသူတို႔ရဲ႕ ကမ္းလွမ္းခ်က္ကို လက္ခံမွာမဟုတ္ေပ။
ထို႔ေနာက္ ဟုန္ခ်န္းမင္း ကလည္း ေဘးကေန သူတို႔ကို ေစာင့္ၾကည့္ေနေတာ့ သူက ဘာလုပ္ႏိုင္မွာလဲ?
သူ႕ကိုဖိအားေပးၿပီး လက္ခံေအာင္ လုပ္ရမွာလား?
သူ႕ထက္ အင္အားႀကီးမွသာ ဒီလိုလုပ္ႏိုင္လိမ့္မည္။
ဝမ္ေယာင္ခ်န္း ရဲ႕ႏႈတ္ခမ္းက လႈပ္႐ွားသြားခဲ့သည္။ “… ဒါဆို ဒီတစ္ႀကိမ္ေတာ့ လီဂ်င္းယြမ္ ကိုကူညီေပးရေအာင္”
“သူ႕ကို ကူညီမွာလား?” ေအးဂ်င့္ ကတုန္လႈပ္သြားၿပီး ဝမ္ေယာင္ခ်န္း ရဲ႕ရည္႐ြယ္ခ်က္ကို နားမလည္ေပ။
ဝမ္ေယာင္ခ်န္း ကျပဳံးလိုက္သည္။ “မွန္တယ္။ သူ႕ကို ကူညီရမယ္။ ေနာက္ၿပီး ဟုန္ခ်န္းမင္း ကိုလည္း ကူညီေပးမယ္။ ေဇာင္ယုဟြမ္ အေ႐ွ႕မွာ သူတို႔ဘာသာ ေပါက္ကြဲေအာင္ ကူညီေပးရမယ္”
ေဇာင္ယုဟြမ္ ကဘယ္သူ႕ကို အရင္ဆုံး ေ႐ွာင္လိမ့္မလဲဆိုတာ ၾကည့္ရေအာင္၊ ဝမ္ေယာင္ခ်န္း ေတြးလိုက္သည္။
–
ကားထဲတြင္ ဟုန္ခ်န္းမင္း ရဲ႕ေသြးေတြက မေအးေသးေပ။ သူက မီးပြိဳင့္ကို ေစာင့္ေနရင္း သူ႕ေဒါသကို မဖိႏွိပ္ႏိုင္ပဲ ကားစတီယာရင္အား အဆက္မျပတ္ လက္နဲ႔ေခါက္ေနခဲ့သည္။
လီဂ်င္းယြမ္ ရဲ႕အင္တာဗ်ဴးက အေျဖေတြက သူ႕ေခါင္းထဲ ေရာက္ေနခဲ့သည္။ ဟုန္ခ်န္းမင္း ကသူ႕နက္ကတိုင္အား ဆြဲလိုက္ၿပီး ဆက္ဆီက်သည့္ အာဒန္ပန္းသီးက ေပၚလာခဲ့သည္။
“ဟြမ္ဟြမ္၊ လီဂ်င္းယြမ္ ကိုသေဘာက်လား?” သူက ႐ုတ္တရက္ဆန္စြာ ေမးလိုက္သည္။
ဟုန္ခ်န္းမင္း ရဲ႕စိတ္အေျခအေနကို သူမ သိတာေၾကာင့္ ထပ္မဖုံးကြယ္ႏိုင္တာကို နားလည္သည္။ ေဇာင္ယုဟြမ္ ကဒရမ္တီးသလိုမ်ိဳး ခ်က္ခ်င္း ေခါင္းခါလိုက္သည္။
“သေဘာမက်ပါဘူး” ထို႔ေနာက္ သူမက ေတြးလိုက္ၿပီး ထပ္ေပါင္းေျပာလိုက္သည္။ “အစ္ကိုခ်န္းမင္း ကအခ်စ္ေရး အေၾကာင္းကို ေျပာေနတာပဲ”
ဟုန္ခ်န္းမင္း ကတိတ္ဆိတ္သြားခဲ့သည္။ ထိုအစား ေဇာင္ယုဟြမ္ ကမေသခ်ာသလို ခံစားလိုက္ရသည္။
ဟုန္ခ်န္းမင္း ကဘာေၾကာင့္ သူကိုယ္တိုင္အတြက္ေတာ့ မေမးရတာလဲ?
ဒီအေျခအေနကို အခြင့္ေကာင္းယူၿပီး ထူးဆန္းတဲ့ေလထုကို လုံးဝေပ်ာက္ပ်က္သြားေအာင္ ထုတ္ေျပာသင့္သည္။ သို႔ေသာ္ ဟုန္ခ်န္းမင္း ကမေျပာခဲ့ေပ။
ဒါက ဟုန္ခ်န္းမင္း ရဲ႕ပုံစံနဲ႔ မကိုက္ဘူး!
ေသခ်ာတယ္၊ သူက မႈန္ေတေတနဲ႔ ဘာသိဘာသာ ေနတက္တာပဲ။
ဒါေပမဲ့ အဲ့လိုျပဳမူတဲ့အခ်ိန္မွာ သူက မတြန္႔ဆုတ္ပဲ အင္အားအေကာင္းဆုံး လုပ္ငန္း႐ွင္ ျဖစ္သြားတက္သည္။ သို႔ေသာ္ ဒီအခ်ိန္တြင္ ဟုန္ခ်န္းမင္း ကကားစတီယာရင္အား တင္းၾကပ္စြာ ကိုင္ထားၿပီး ဘာမွမေျပာေပ။
အရင္တုန္းက ေဇာင္ယုဟြမ္ ေျပာခဲ့တဲ့စကားေတြက ဟုန္ခ်န္းမင္း အေပၚမွာ အရမ္းဖိႏွိပ္မိတယ္လို႔ ဘယ္လိုလုပ္သိႏိုင္မွာလဲ?
ဟုန္ခ်န္းမင္း ကသူ႕တည္ၿငိမ္သည့္ ေအာက္ေျခလိုင္းက က်ိဳးပဲ့သြား႐ုံသာ။ ျပစ္မႈ၊ မေကာင္းမႈေတြ၊ ပုံမွန္လိုမလုပ္ရဲသည့္ အေၾကာင္းအရာကို ေတြးလိုက္သည္။
ဒီေန႔တြင္ ဝမ္ေယာင္ခ်န္း ရဲ႕လုပ္ရပ္ေၾကာင့္ လူသားေတြရဲ႕ ကန္႔သတ္ခ်က္ကို ေက်ာ္လြန္ေစၿပီး ထိန္းခ်ဳပ္မႈမဲ့သြားေစသည္။
ေဇာင္ယုဟြမ္ ရဲ႕စိတ္ထဲတြင္ ႐ႈပ္ေထြးေနတုန္း ျဖစ္ေနစဥ္ ဟုန္ခ်န္းမင္း က႐ုတ္တရက္ ထ,ေျပာလိုက္သည္။ “ကိုယ္တို႔ ငယ္ငယ္တုန္းက အေၾကာင္းကို ဟြမ္ဟြမ္ မွတ္မိေသးလား?”
“ဘယ္အခ်ိန္ကလဲ?”
“၇ ႏွစ္ ၈ ႏွစ္မတိုင္ခင္က”
ေဇာင္ယုဟြမ္ ကေခါင္းခါလိုက္သည္။ “ဟြမ္ဟြမ္ မမွတ္မိေတာ့ဘူး”
သူမမူလမွတ္ဉာဏ္နဲ႔ မူလပိုင္႐ွင္ရဲ႕ မွတ္ဉာဏ္ေတြေၾကာင့္ အရင္က မွတ္ဉာဏ္ေဟာင္းေတြက တျဖည္းျဖည္း ေဝဝါးလာၿပီး ေရာေထြးသြားသည္။
ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။ “ကိုယ္ကေတာ့ မွတ္မိေနတုန္းပဲ”
ေဇာင္ယုဟြမ္ ကခ်က္ခ်င္းပင္ လန္းဆန္းသြားခဲ့သည္။ ဟုန္ခ်န္းမင္း ရဲ႕စကားေတြကေန မိဘမဲ့ေဂဟာတုန္းက ျဖစ္ပ်က္ခဲ့သည့္ အေၾကာင္းေတြကို ေမးလိုက္သည္။
႐ိုး႐ိုးသားသား ေျပာရရင္ အရင္တုန္းက သူတို႔ဘဝေၾကာင္းကို မေမးခဲ့ပဲ ဒီလိုဆိုး႐ြားသည့္ အေၾကာင္းေတြကို ျပန္အစမေဖာ္ေစခ်င္ေပ။
လီဂ်င္းယြမ္ ကမိဘမဲ့ေဂဟာတြင္ ခိုးတက္သည့္ အေၾကာင္းေတြကို အြန္လိုင္းေတြ ထုတ္ေဖာ္ခဲ့သည္။ ဟုန္ခ်န္းမင္း ကထိုပို႔စ္ေတြက သူ႕အား ထိခိုက္ေစတာကို စိုးရိမ္တာေၾကာင့္ ႐ုတ္တရက္ ဒီေခါင္းစဥ္အား ဆက္ေျပာလိုက္သည္။ သူမက သတင္းအမွားကို သိေနခဲ့လို႔လား?
“ကိုယ့္မိဘေတြနဲ႔ ကားမေတာ္တဆ ျဖစ္တုန္းက ကိုယ္က အေနာက္က အလယ္ခုံမွာ ထိုင္ေနခဲ့တာ” ဟုန္ခ်န္းမင္း ကေျပာလိုက္ခ်ိန္တြင္ သူ႕အသံက ဘာခံစားခ်က္မွ မပါေပ။ သူစိမ္းအေၾကာင္းကို ေျပာေနသလိုမ်ိဳး တည္ၿငိမ္ေနခဲ့သည္။
“သူတို႔က ကိုယ့္ကို လုပ္ေဖာ္ကိုင္ဖက္ရဲ႕ ကားထဲကို ထည့္သြားတယ္။ ကားထဲမွာ ေနရာလြတ္မ႐ွိဘူး၊ ေနာက္ၿပီး အေမက ေသြးသြယ္လို႔ သူမက အေနာက္တန္းက အလယ္ခုံမွာ ထိုင္ၿပီး ကိုယ့္ကို ေပါင္ေပၚမွာ တင္ထားခဲ့တယ္။ ကားက တံခါးကိုျဖတ္ေတာ့ ကုန္တင္ကားတစ္စီးနဲ႔ တိုက္မိခဲ့တယ္။ ကိုယ္ပဲ အသက္႐ွင္ခဲ့တယ္။ ေနာက္ေတာ့ ကိုယ့္ဦးေလး ႏွစ္ေယာက္နဲ႔ အေဒၚဆီ ေနခဲ့တယ္။ ေနာက္ဆုံးေတာ့ သုံးလေလာက္ ကိုယ့္အဖိုးနဲ႔အတူ ေနခဲ့တယ္။ အဲ့သုံးလၿပီးေတာ့ ကိုယ့္ဦးေလးက ကိုယ့္ကို လာေခၚၿပီး မိဘမဲ့ေဂဟာကို ေခၚသြားခဲ့တယ္”
“သူတို႔က အေမြခြဲဖို႔အေၾကာင္းေတြ၊ ကိုယ့္အေၾကာင္းေတြ ေဆြးေႏြးၾကတယ္… သူက အလ်င္အျမန္ပဲ ျပန္ထြက္သြားခဲ့တယ္။ ကိုယ္မွတ္မိတာေတာ့ ဒါအကုန္ပဲ”
“မိဘမဲ့ေဂဟာက အရမ္းကိုတင္းၾကပ္တယ္။ ကေလးေတြ အမ်ားႀကီးကို လာစြန္႔ပစ္ၾကေပမဲ့ ေမြးစားဖို႔ေတာ့ လူနည္းနည္းပဲ လာၾကတယ္။ တစ္ႏွစ္ေထာက္ပံ့ေငြက လူတိုင္းအတြက္ ေဆာင္းရာသီအဝတ္ ဝယ္ႏိုင္ဖို႔ကို မလုံေလာက္ဘူး”
ေဇာင္ယုဟြမ္ ကပါးစပ္ဟလိုက္ၿပီးေနာက္ ဘာမွမေျပာပဲ ျပန္ပိတ္လိုက္သည္။ သူမက ဟုန္ခ်န္းမင္း ဆက္ေျပာတာကိုသာ နားေထာင္ေနခဲ့သည္။
“သူတို႔က နည္းလမ္းတစ္ခုကို ေတြးခဲ့ၾကတယ္၊ ကေလးေတြၾကားက ေဆာင္းရာသီအဝတ္ကို လဲဝတ္ေစတယ္။ ဘယ္သူပဲျဖစ္ျဖစ္ အျပင္ထြက္ႏိုင္မွ ဝတ္လို႔ရတယ္။ လူတိုင္းက သူတို႔ေစာင္ေတြ၊ အိပ္ရာေတြနဲ႔ပဲ ပတ္ၿပီးေတာ့ ၾကင္နာတဲ့လူေတြက လႉဒါန္းခဲ့တဲ့ ပုံပါစာအုပ္ေတြကို ဖတ္ခဲ့ၾကတယ္။ ေန႔တိုင္း ဒီလိုမ်ိဳးပဲ ကုန္ဆုံးခဲ့ၾကတယ္”
“ကိုယ္ပိုင္တာ ဘာမွမ႐ွိဘူး” ဟုန္ခ်န္းမင္း ရဲ႕အသံက တည္ၿငိမ္ေနတာေၾကာင့္ သူ႕အသံက ခံစားခ်က္မပါသလို ျဖစ္ေနသည္။
“ကိုယ့္မိဘေတြက ဆုံးပါးသြားၿပီး ဦးေလး၊ အေဒၚလို႔ေခၚတဲ့ လူေတြကေတာ့… သူတို႔ကိုယ္ပိုင္ မိသားစုေတြ႐ွိၾကတယ္။ အရင္တုန္းက ေငြအေၾကာင္းနဲ႔ ပတ္သက္ၿပီး သူတို႔ကိုေတာင္ မေျပာႏိုင္ခဲ့ဘူး။ မိဘမဲ့ေဂဟာကို ကိုယ္ေရာက္ၿပီးေတာ့ ေဆာင္းရာသီအဝတ္ေတြက လွည့္ပတ္ဝတ္ေနၾကၿပီး လႉဒါန္းစာအုပ္ေတြကို ေဝမွ်ခဲ့ရတယ္”
ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ကိုေသခ်ာ စစ္ေဆးေနခဲ့သည္။
အစတုန္းက စာေရးဆရာ ဖန္တီးထားသည့္ ဇာတ္ေၾကာင္းလို႔သာ သူမခံစားခဲ့ရသည္။
သူတို႔က ဘာေၾကာင့္ ဗီလိန္ တစ္ေယာက္ကို ဒီလိုသနားစရာေကာင္းတဲ့ အတိတ္ကို ေပးထားရတာလဲ?
သူတို႔က ဘာေၾကာင့္ သူ႕ကို ေကာင္းေကာင္း မႀကီးျပင္းေစရတာလဲ?
27.6.2021 (Sun)
……………………….
[text_hash] => 1cf594b3
)