Array
(
[text] =>
Unicode
#မမျှော်လင့်ထားဘူးမလား 😁 ဘာသာပြန်ပြီးတာနဲ့ တင်ပေးလိုက်တာ 4 ပိုင်းတောင် ပေါင်းတင်ထားတာနော် 😘
သို့သော် သူမရှေ့က ခွေးလို ဟုန်ချန်းမင်း နဲ့ရင်ဆိုင်နေရပြီး ဇောင်ယုဟွမ် ကပြင်းထန်သည့် ဖိအားတွေကို ခံစားလိုက်ရသည်။ သူက ရုတ်တရက် သူမကို ပြင်းထန်စွာ စိုက်ကြည့်လာပြီး သူ့မျက်လုံးထဲမှ ဖုံးကွယ်ထားတဲ့ ခံစားချက်တွေက ဖြတ်ပြေးသွားခဲ့သည်။
သူ့ရင်ဘတ်ထဲမှ အကြောင်းအရာတွေက ပိုများလာပြီး ပေါက်ကွဲလုနီးပါး ဖြစ်လာခဲ့သည်။ သို့သော် ဟုန်ချန်းမင်း ကအရင်တုန်းက ဇောင်ယုဟွမ် ပြောခဲ့တာတွေကို စိတ်ထဲမှတ်ထားခဲ့သည်။
‘ဟွမ်ဟွမ် မသိသမျှတော့ မှားယွင်းတဲ့ အရာတွေကို လုပ်နိုင်တာပဲ…’ ဟုန်ချန်းမင်း ကသူ့နှုတ်ခမ်းကို စေ့လိုက်ပြီး ရုတ်တရက် ပြုံးလိုက်သည်။
“အိုကေ”
သူက အလွယ်တကူ လက်ခံလိုက်တာလား?
ရုတ်တရက် ဇောင်ယုဟွမ် ကမယုံနိုင်သလို ခံစားလိုက်ရသည်။ သူမက မျက်တောင်ခတ်လိုက်ပြီး ဟုန်ချန်းမင်း ကိုကြည့်လိုက်သည်။ သို့သော် ဟုန်ချန်းမင်း ရဲ့အမူအရာတွေက ရုတ်တရက် နှစ်မြုတ်သွားပြီး ပြောလိုက်သည်။
“ဒါပေမဲ့ ဟွမ်ဟွမ် လည်းကိုယ့်ကို တစ်ခုတော့ ကတိပြန်ပေးရမယ်”
“ဟမ်? ဘာလဲ?”
ထိုအချိန်တွင် ဟုန်ချန်းမင်း ကသူ့ခေါင်းထဲမှ အလုပ်တွေအားလုံးကို ထုတ်ပစ်လိုက်သည်။ သူက ပြောလိုက်သည်။
“ဒီတစ်လလုံး၊ ကိုယ်နဲ့အတူ ကုမ္ပဏီကို လိုက်ခဲ့ပေး”
ဇောင်ယုဟွမ် ကတွေးလိုက်ပြီးနောက် ပြောလိုက်သည်။
“ကောင်းပြီ”
သူ့ရုံးခန်းမှာ သူမက ထိုင်ပြီး ဂိမ်းကစားနေရုံပဲ။ ဒါနဲ့ပတ်သက်ပြီး ဘာမှမှားတာ မရှိပါဘူး။
ဟုန်ချန်းမင်း ကအကြည့်အောက်စိုက်လိုက်သည်။
“စွတ်ပြုတ်သောက်လိုက်”
ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်ပြီး ပန်းကန်လုံးကို မ,လိုက်ကာ စွတ်ပြုတ်ကို ကုန်အောင်သောက်လိုက်သည်။
“ဟွမ်ဟွမ် ဝပြီ” ဇောင်ယုဟွမ် ကပြောလိုက်သည်။
“ဒါဆို သွားရအောင်” ဟုန်ချန်းမင်း ကလက်မြှောက်လိုက်ကာ ငွေရှင်းလိုက်သည်။
နှစ်ယောက်သားက ရှေ့နောက်ထွက်လာခဲ့ကြသည်။ သူတို့ ထွက်လာချိန်တွင် ဟုန်ချန်းမင်း က ဇောင်ယုဟွမ် အားသူ့လက်မောင်းထဲ ရုတ်တရက် ဆွဲသွင်းလိုက်သည်။
“ပါပါရာဇီ ရှိတယ်” ဇောင်ယုဟွမ် ကလန့်သွားခဲ့သည်။
တင်းကြပ်စွာ ပွေ့ဖက်မှုကြောင့် သူမ အသက်မရှူနိုင်သလို ခံစားလိုက်ရသည်။ အခုတော့ သူ့ကြွက်သားတွေက ဟန်ပြမဟုတ်တာကို ရှင်းလင်းသွားသည်။
ပါပါရာဇီ ရှိတာကို ဘာကြောင့် ငါ့ကို လာဖက်ရတာလဲ?
ဒါက ဘာမှမဖြစ်ဘူးလေ…
ဟုန်ချန်းမင်း ကဘေးပတ်လည်ရှိ ပါပါရာဇီတွေကို မကြည့်ပေ။ သူက ဇောင်ယုဟွမ် ကိုတင်းကြပ်စွာ ဖက်ထားပြီး သူမဆံပင်ကိုသာ ကြည့်နေခဲ့သည်။
ဇောင်ယုဟွမ် ရဲ့ထပ်တောင်းဆိုမှုကြောင့် သူ မပျော်ခဲ့ပေ။ သူဘယ်လောက်ကြာအောင် ထိန်းချုပ်နိုင်မလဲဆိုတာ မသိပေ။ ဒါက မကြာခင် ဒါမှမဟုတ် တစ်နှစ်လောက်၊ နောက်နှစ်နှစ်လောက် ထိန်းချုပ်နိုင်ဦးမှာတော့ ဖြစ်နိုင်သည်။
သို့သော် ဟွမ်ဟွမ် ကသာသူ့ကို ဘာလုပ်နိုင်တယ်၊ ဘာမလုပ်နိုင်ဘူးလို့ ဆက်သတိပေးနေရင်း သရေကြိုးက အရမ်းတင်းလွန်းရင် ဒဏ်မခံနိုင်ပဲ ပြတ်သွားမှာပဲ။
ထိုနေ့အကြောင်းကို တွေးလိုက်မိပြီး ဟုန်ချန်းမင်း ကထိတ်လန့်သလို မခံစားရပေမဲ့ နည်းနည်းတော့ ကြိုတင်မျှော်လင့်မိသည်။
သူ့နှလုံးသားထဲက တည်ငြိမ်မှုနည်းနည်းက ပျက်စီးသွားခဲ့သည်။ ဟုန်ချန်းမင်း ကခေါင်းငုံ့လိုက်ပြီး သူမဆံပင်တွေကို သူ့လက်နဲ့ ထိလိုက်ပြီးမှ လွှတ်ပေးလိုက်သည်။
“အိုကေ၊ ပါပါရာဇီတွေ မရှိတော့ဘူး” ဟုန်ချန်းမင်း ကသွားကြားမှ လိမ်ညာလိုက်သည်။
“တကယ်လား?”
“တကယ်” ဟုန်ချန်းမင်း ကကားတံခါးကို ဖွင့်လိုက်သည်။
ဇောင်ယုဟွမ် ကသူ့စကားကို ယုံကြည်တာကြောင့် နာခံစွာဖြင့် ကားထဲဝင်လိုက်သည်။ သို့သော် မသက်သာသလို သူမ ခံစားနေရသေးသည်။
ဟုန်ချန်းမင်း ကသူမကို ဖက်လိုက်ချိန်တုန်းက သူမကို ဖက်ထားတာက အရမ်းတင်းလွန်းတာထက် သူမလည်း ခံစားရသည်…
သူမခေါင်းထက်မှ ပြင်းထန်ပြီး စူးရှသည့် အကြည့်၊ သူမကို စားသောက်တော့မဲ့ ရိုင်းစိုင်းသည့် သားရဲတစ်ကောင်လို အကြည့်မျိုးကို ခံစားလိုက်ရသည်။
ဇောင်ယုဟွမ် ကအသက်ရှူသွင်းလိုက်ပြီး ပြန်ထုတ်လိုက်သည်။ ခဏလောက်တော့ သူမ စကားမပြောနိုင်ပေ။
ဟုန်ချန်းမင်း ကလည်း မပြောခဲ့ပေ။ သူ့လက်မောင်းတွေက နွေးထွေးနေတုန်းဖြစ်ပြီး ဇောင်ယုဟွမ် ကိုပွေ့ဖက်ခဲ့သည့် ခံစားချက်ကို ခံစားနေရတုန်းပင်။
မနက်ဖြန်ကျရင် သတင်းထောက် နှစ်ယောက်လောက်ငှားပြီး ဘယ်လိုရိုက်ခဲ့ကြောင့် မေးသင့်တယ်လို့ ဟုန်ချန်းမင်း တွေးလိုက်သည်။
အင်တာဗျူးအတွင်း လီဂျင်းယွမ် ပြောခဲ့သည့် အကြောင်းတွေက အလျင်အမြန်ပင် ပြန်ဆင်ပြီးသွားပြီး အွန်လိုင်းတွင် ချက်ချင်း တင်ခဲ့သည်။
“အားး၊ လီလေးက အရင်တုန်းက မိဘမဲ့လား? အရမ်းဆိုးတယ်လို့ ခံစားရတယ် TVT ဘာကြောင့် မီဒီယာက လူတွေရဲ့ ဒဏ်ရာတွေကို ဆွပေးရတာလဲ?!”
“လီဂျင်းယွမ် မှန်တယ်။ မိဘမဲ့က ခိုးဝှက်တက်ပြီး ထူးချွန်တဲ့သူ မဖြစ်လာနိုင်ဘူးဆိုတာ ဘယ်သူပြောလဲ? လီဂျင်းယွမ် ကအစတည်းက ထူးချွန်ပြီးသားပဲ။ အဲ့သတင်းတွေက သူ့ကို သက်သက် မကောင်းကြံထားတာ”
“ဒီလိုဆိုရင် လီဂျင်းယွမ် နဲ့ ဇောင်ယုဟွမ် တို့က တကယ်ပဲ သွေးသားမတော်စပ်ဘူးပေါ့….”
“ဟေး၊ စိတ်ဝင်စားစရာ ကောင်းတာကို မင်းတွေ့သွားပြီပဲ”
“ဒါကို သတိထားမိတာ ငါတစ်ယောက်တည်းလား?! အင်တာဗျူးချိန်မှာ သူက ဇောင်ယုဟွမ် ရဲ့ဖုန်းကိုတောင် ဖြေလိုက်သေးတယ်! သူလွဲသွားမှာ ကြောက်လိုဆိုပြီးတောင် ပြောလိုက်သေးတယ်! ဘုရားရေ! ….”
“အရင်တုန်းက သူမ လိုအပ်ချိန်မှာ သူဖုန်းမကိုင်ဖြစ်လိုက်တာမျိုး ဖြစ်နေမှာကြောက်လို့ သူမအတွက် သီးသန့်ဖုန်းသံ ထားပေးပြီး ဖုန်းအသံပိတ်ထားမှာကိုတောင် ကြောက်သေးတယ်… လီဂျင်းယွမ် ကအရမ်းဂရုစိုက်တာပဲ။ သူတို့က သွေးသားမတော်စပ်ရင်တောင် ပိုကောင်းသေးတယ်။ ဝမ်းကွဲတွေတောင် မဟုတ်ဘူး။ *တိုးတိုးလေးပြော* အခုတော့ ငါသေပျော်ပြီ”
လီဂျင်းယွမ် က Weibo မှကွန်မန့်တွေကို ဖတ်လိုက်ပြီး ပြုံးလိုက်သည်။ ဝမ်ယောင်ချန်း လည်းထိုကွန်မန့်တွေကို ကြည့်နေခဲ့သည်။
လီဂျင်းယွမ် တကယ်ပဲ လုပ်ရဲတယ်!
[A/N: အစ်ကိုလီက မီဒီယာရှေ့မှာ အာဏာပြချိန်မှာ မစ္စတာဟုန် ကအနောက်ကနေ ပြဿာရှာနေတယ်]
ဇောင်ယုဟွမ် ကဘလူးတု(Bluetooth) နားကြပ်တပ်ပြီး အင်တာဗျူးတစ်ခုလုံးအား မျက်မှောင်ကြုတ်ကာ ကြည့်နေခဲ့သည်။
လီဂျင်းယွမ် ရဲ့အပြုအမူတွေ အားသူမ နားမလည်နိုင်ပေ။ အင်တာဗျူးတွင် သူတို့နဲ့ ဘယ်လိုရင်းနှီးကြောင်းကို သူက ဖုံးကွယ်ဖို့ မလုပ်ထားပေ။ သူ့ဖုန်းက ဘယ်တော့မှ အသံပိတ်မထားပဲ သူမအတွက်လည်း အထူးသီးသန့် ဖုန်းသံအား ထားပေးတာကို ဒီအင်တာဗျူးမှသာ သူမ သိခဲ့သည်။
သို့သော် လီဂျင်းယွမ် ကဒါတွေအားလုံးအား လူထုကို ကြေညာခဲ့သည်။ ဒါက… ဒါက တခြားအရာတွေကို နည်းနည်းလေးတောင် စိတ်မဝင်စားဖူးလို့ ဆိုလိုတာ မဟုတ်ဘူးလား?
အိုင်ဒေါလ်တွေအား ဒိတ်ဖို့ ခွင့်မပြုကြပေ။ သူက ဒီလိုမျိုးသာ တွေးခဲ့ရင် အနည်းဆုံးတော့ ဒီလိုမျိုး လူထုကိုတော့ ချမပြသင့်ဘူးလေ?
ဒါေပမဲ့ အင်တာဗျူးသူတွေကို မှတ်တမ်းတင်ဖို့ ခွင့်ပြုခဲ့ပြီး ဒီစကားတွေကိုလည်း လူရှေ့တွင် ထုတ်ပေးခဲ့သည်။ သူက သူမနဲ့ အရမ်းရင်းနှီးကြောင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ တခြားသူတွေကို ပြောခဲ့သည်။
ဇောင်ယုဟွမ် ကတွေးနေရင်း ပိုစိတ်ရှုပ်လာခဲ့သည်။ ဒီပြဿနာအား သူမဘာသာ တွေးတောနေချိန် မမျှော်လင့်သည့် လူတစ်ယောက်ဆီမှ ဖုန်းဝင်လာခဲ့သည်။
“ယုဟွမ်၊ ကိုယ်က ဝမ်ယောင်ချန်း ပါ” တစ်ဖက်မှ နူးညံ့သည့် အမျိုးသားအသံက ထွက်လာခဲ့သည်။
“ကိုယ် မင်းနဲ့ပြောစရာရှိလို့၊ ကိုယ်တို့ တွေ့လို့ရနိုင်မလား?”
ဝမ်ယောင်ချန်း ရဲ့စကားတွေကို ကြားလိုက်ပြီး ဇောင်ယုဟွမ် ကခေါင်းမော့ကာ ဟုန်ချန်းမင်း ကိုကြည့်လိုက်သည်။ ဟုန်ချန်းမင်း ကလည်း သူမကို စိုက်ကြည့်နေခဲ့သည်။
ရုတ်တရက် အားနာမှု နည်းနည်းလေးကို ဇောင်ယုဟွမ် ခံစားလိုက်ရသည်။ သူမကို ဖုန်းဆက်တာ ဘယ်သူဆိုတာကိုသာ ဟုန်ချန်းမင်း သိသွားခဲ့ရင် ဝမ်ယောင်ချန်း ကိုသေတဲ့အထိများ ရိုက်လိမ့်မလား?
ဇောင်ယုဟွမ် ကတိတ်ဆိတ်စွာသာ ပြန်တုန့်ပြန်လိုက်သည်။
“ဘာကိစ္စရှိလို့လဲ?”
ဝမ်ယောင်ချန်း ကပါးနပ်သူဖြစ်ပြီး ဒီလိုကိစ္စတွေ ဖြစ်ပြီးနောက်တွင် ဘာအပြုအမူမှ ထပ်မလုပ်နိုင်တော့ဘူးလို့ သူမ တွေးလိုက်သည်။
“မစ္စတာလီ အကြောင်းပါ”
ဇောင်ယုဟွမ် ကမျက်မှောင်ကြုတ်လိုက်သည်။
“မင်း သတင်းတွေ မြင်ပြီးသွားပြီလား?” ဝမ်ယောင်ချန်း ကမေးလိုက်သည်။
ဇောင်ယုဟွမ် ကတွေးလိုက်ပြီးနောက် သူ့မေးခွန်းအား မဖြေပဲ တိုက်ရိုက်သာ မေးလိုက်သည်။
“မနက်ဖြန် တွေ့ရအောင်”
ထိုစကားကို ဟုန်ချန်းမင်း ကြားလိုက်ချိန်တွင် သူ့အမူအရာက ပြောင်းလဲသွားခဲ့သည်။
“မနက်ဖြန် ဘယ်သူနဲ့ တွေ့မှာလဲ?”
ထို့နောက်တွင် ဟုန်ချန်းမင်း နဲ့အတူတူ တစ်လလုံး သူ့ကုမ္ပဏီသို့လိုက်ကာ စားသောက်ဖို့ သဘောတူခဲ့တာကို ဇောင်ယုဟွမ် သတိရသွားခဲ့သည်။
ဇောင်ယုဟွမ် ကမျက်မှောင်ကြုတ်ကာ ဝမ်ယောင်ချန်း ကိုပြောလိုက်သည်။
“… စိတ်မရှိပါနဲ့၊ မနက်ဖြန် ငါ့မှာ အချိန်မရှိဘူး”
“အဆင်ပြေပါတယ်။ မင်း ရတဲ့အချိန်ပေါ့။ ဟိုက်ရှီ မှာ ကိုယ်ခဏလောက် နေဦးမှာ”
“ဒါဆို… နောက်လဆိုရင်ကော?”
ဝမ်ယောင်ချန်း : “…”
ဝမ်ယောင်ချန်း ကသူ့စိတ်ထဲမှ မကျေနပ်မှုနဲ့ ဒေါသတွေကို ဖိနှိပ်လိုက်ကာ အသံတိုးလေးနဲ့ မေးလိုက်သည်။
“မင်းဘေးမှာ မစ္စတာဟုန် ရှိနေတာလား?”
ဇောင်ယုဟွမ် ကတိုက်ရိုက် မဖြေလိုက်ပဲ “အမ်း”လို့သာ ဖြေလိုက်သည်။
“ဒါဆို ကိုယ်တို့ တွေ့ရုံပဲလေ? အတူမစားတော့ဘူး?” ဝမ်ယောင်ချန်း ကနွေးထွေးသည့် အသံဖြင့် ပြောလိုက်သည်။
ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ကိုကြည့်လိုက်သည်။ ဝမ်ယောင်ချန်း ဆီမှ ထပ်ပြီးတော့ ကြားချင်ခဲ့သည်။
“ဒါဆို ခဏလောက်တော့ အချိန်ရတယ်” ဇောင်ယုဟွမ် ကပြောလိုက်သည်။ ထို့နောက် သူ့အား လိပ်စာကို ပြောပြလိုက်သည်။
“အဲ့နေရာကို သွားနိုင်လား?”
ဝမ်ယောင်ချန်း ကချက်ချင်း တုန့်ပြန်လိုက်သည်။
“အင်း”
ဖုန်းချပြီးနောက် ဇောင်ယုဟွမ် ကအပြင်ထွက်ဖို့ ပြင်လိုက်သည်။
ဟုန်ချန်းမင်း ကချက်ချင်းပင် သူ့လက်ထဲက လက်မှတ်ထိုးသည့် ဘောပင်အား ချလိုက်ပြီး “ဟွမ်ဟွမ် ဘယ်သွားမလို့လဲ?”
“ဟန်ယင်ယင် ကိုပေးစရာရှိလို့”
“ဘာပေးမှာလဲ?”
ဟုန်ချန်းမင်း ကသူ့ကိုယ်သူ အကောင်းဆုံး ကြိုးစားထိန်းချုပ်ကာ သူမအား စိတ်အနှောင့်အယှက် မပေးမိအောင် ကြိုးစားလိုက်သည်။ သို့သော် ဒီလိုဆိုရင်တောင် သူ့အသံက နည်းနည်းတော့ တင်းမာနေသေးသည်။
သူလုပ်နိုင်တာ ဘာမှမရှိလို့ သူ ပျော်ဖို့က မဖြစ်နိုင်ပေ။ သူတို့ကို ဓာတ်ပုံရိုက်မဲ့ ပါပါရာဇီတွေကိုသာ သူစောင့်နေခဲ့သည်။
သို့သော် ဒီနေ့ ထိပ်ဆုံးသတင်းကို သူမြင်လိုက်ချိန်တွင် လီဂျင်းယွမ် အကြောင်း ဖြစ်နေတုန်းပဲ!
ငါ့အကြောင်းကို ထုတ်ပြောဖို့က မလုံလောက်သေးလို့များလား?
ငါသာ ကြိုသိခဲ့ရင် နာမည်ကြီးပဲ လုပ်လိုက်မှာ၊ ဟုန်ချန်းမင်း ကဒေါသထွက်စွာဖြင့် ထပ်တလဲလဲ တွေးလိုက်သည်။
ဟုန်ချန်းမင်း ကအရမ်းတွေးနေမှာကို ဇောင်ယုဟွမ် ကြောက်တာကြောင့် မျက်တောင်ခတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“သူမက ရေကူးကန်မှာ ရှိနေတုန်း သူမရဲ့ ကြီးကျယ်တဲ့ အန်တီက ရောက်လာခဲ့တာ။ သူမအတွက် တချို့ပစ္စည်းတွေ ယူသွားပေးမလို့၊ မဟုတ်ရင် မကြာခင် ရေကူးကန်ထဲမှ သွေးတွေရဲသွားလိမ့်မယ်”
ဟုန်ချန်းမင်း ရဲ့မျက်လုံးက လှုပ်ရှားသွားသည်။ အမျိုးသမီး ကိစ္စတွေကို ဆက်မမေးနိုင်တာကြောင့် သူ့အသံကို အလျင်အမြန်ပင် ပြောင်းလဲလိုက်သည်။
“အဲ့နေရာ ပို့ပေးဖို့ ကိုယ့်ဒရိုက်ဘာကို ထည့်ပေးရမလား?” ဇောင်ယုဟွမ် ကခေါင်းခါလိုက်သည်။
“တက္ကစီပဲ ငှားသွားလိုက်မယ်။ ရှင့်ဒရိုက်ဘာကို သုံးလိုက်ရင် ရှင်နဲ့အတူ ရှိနေတာကို ဟန်ယင်ယင် သိသွားလိမ့်မယ်။ ဟန်ယင်ယင် ကအရမ်းရှက်တက်လို့ ဒီအကြောင်းကို တခြားသူတွေကို သိစေချင်မှာ မဟုတ်ဘူး”
ဟုန်ချန်းမင်း ကဒါက ဖြစ်နိုင်တယ်လို့ တွေးလိုက်သည်။
သူ့ဒရိုက်ဘာကို ပို့လိုက်ရင် ဇောင်ယုဟွမ် ပြန်လာတာကို သူသေချာပေါက်ကို စောင့်နေရလိမ့်မည်။ ဘေးဘက်မှ တစ်စုံတစ်ယောက် ရှိနေရင် ဟန်ယင်ယင် ကသေချာပေါက်ကို ရှက်လိမ့်မည်။
ဇောင်ယုဟွမ် ရဲ့သူငယ်ချင်းအား မျက်နှာမပျက်စေချင်တာကြောင့် သဘောတူလိုက်သည်။
“အိုကေ၊ မြန်မြန်သွားပြီး ပြန်လာခဲ့”
ဇောင်ယုဟွမ် ကခေါင်းညိတ်ကာ အိတ်ဆွဲပြီး ထွက်သွားခဲ့သည်။
တစ်ဖက်တွင် ဝမ်ယောင်ချန်း ကဖုန်းချသွားပြီးနောက်တွင် မျက်မှောင်ကြုတ်နေတာက မလျော့သွားပေ။ သူ့အေးဂျင့်အား မတိကျစွာဖြင့် ပြောလိုက်သည်။
“သူတို့… သူတို့ကြားမှာ တကယ်ပဲ တစ်ခုခု ရှိနေတာ…”
ဝမ်ယောင်ချန်း ကသူ့အမူအရာကို ထိန်းညှိလိုက်ပြီး ပြောလိုက်သည်။
“ငါ ပရိုဂရမ်အဖွဲ့နဲ့ လိုက်သွားတုန်းက သူတို့ထဲက တစ်ယောက်က ဇောင်ယုဟွမ် ရဲ့ကောင်လေး ဖြစ်လိမ့်မယ်လို့ ထင်ခဲ့တာ။ သူတို့က မိသားစုတွေ ဖြစ်ကြောင်း ထုတ်ပြောတော့မှ အဲ့အကြောင်းကို ငါမေ့လိုက်တာ… ဒါပေမဲ့ အရင်တည်းက အရိပ်အမြွက်တွေ ရှိနေခဲ့တာပဲ။ လီဂျင်းယွမ် ကကင်မရာအောက်မှာပဲ ဇောင်ယုဟွမ် နဲ့ဘယ်လောက်အထိ ရင်းနှီးကြောင်း ထုတ်ပြခဲ့တယ်၊ အခုတော့ မီဒီယာရှေ့မှာပဲ သူမဖုန်းကို ကိုင်ခဲ့တယ်။ ဒါတွေက သူမကို သိသိသာသာ မျက်နှာသာပေးတာကို ပြနေတာပဲ။ သူက ဇောင်ယုဟွမ် နဲ့ငါ့ကို အတူမရှိစေချင်လို့ ဒီနည်းလမ်းတွေနဲ့ ငါ့ကို နောက်ဆုတ်သွားဖို့ သုံးခဲ့တာပဲ”
သူ့အေးဂျင့် ကမျက်မှောင်ကြုတ်လိုက်သည်။
“လီဂျင်းယွမ် ဖျော်ဖြေရေး လောကထဲရောက်နေတာ ဘယ်လောက်ကြာသွားပြီလဲ? သူ့နည်းလမ်းတွေက တကယ့်ကို နက်ရှိုင်းတယ်”
“သူ့အစောပိုင်း သတင်းတွေကို မင်းမမြင်ဘူးလား? သူက မော်ဒယ်လ် လမ်းကြောင်းကို အသုံးပြုနေခဲ့တာ။ မော်ဒယ်လ်လုပ်တဲ့ လောကကို ဘယ်လိုရှင်းလင်းနိုင်မှာလဲ?”
အရင်တုန်းက လီဂျင်းယွမ် ကသူ့ပုခုံးကို ကွဲလောက်သည်အထိ လုပ်ခဲ့တာကို ဝမ်ယောင်ချန်း မှတ်မိသွားပြီး သူ့ကို ပိုပြီးတော့တောင် မပျော်မရွှင် ဖြစ်သွားစေသည်။ ဝမ်ယောင်ချန်း ကအေးစက်စွာ ပြောလိုက်သည်။
“လီဂျင်းယွမ် ရဲ့အပြုအမူတွေက အရမ်းဆိုးလွန်းတယ်။ သူက ဇောင်ယုဟွမ် ရဲ့အချစ်ရေးကို ဖိအားပေးနေတာ၊ ငါ့ကို ဆန့်ကျင်ဖို့ သူက အားလုံးကို လုပ်ခဲ့တာ။ ငါ သူ့ကို လွှတ်ပေးရင်တောင် သူက ငါ့ကို လွှတ်ပေးမှာ မဟုတ်ဘူး”
“မင်း ဒီလို အရှုံးပေးလိုက်လို့ မရဘူး” သူ့အေးဂျင့် ကရပ်လိုက်သည်။
“မင်း လက်ရှိအခြေအနေက ငါအတည်ပြုပြီးပြီ။ မင်းကိုယ်ပိုင် စတူဒီယို ထောင်ခဲ့တာ နှစ်နှစ်ရှိပြီ။ မင်းက သရုပ်ဆောင်တွေ အများကြီးကို လက်မှတ်ထိုးပေးခဲ့ပေမဲ့ တကယ့်ကို အောင်မြင်တဲ့ တစ်ယောက်မှ မရှိခဲ့ဘူး။ မင်းက အရွယ်ရလာပြီ၊ နောက်ပြီး မင်းဒရမ်မာတွေကလည်း ကောင်းမွန်တဲ့ ရလဒ်တွေ ရခဲ့တယ်။ ဒါပေမဲ့ ကြီးမားတဲ့ရလဒ်ကို ရဖို့တော့ မလုံလောက်ခဲ့ဘူး။ နှစ်တိုင်းမှာ ဇာတ်လမ်းတွေ အများကြီး ထွက်ကြပေမဲ့ လူအများစုက ‘အချိန်ခရီးသွားခြင်း’ကို လက်ခံပြီးတော့ မင်းရဲ့လူကြိုက်များမှုနဲ့ တိုးတက်မှုတွေကို စစ်ဆေးသူတွေက မြင်နိုင်ခဲ့တယ်။ လီဂျင်းယွမ် နဲ့ မစ္စတာဟုန် တို့ကဒါတွေကို ခိုးယူသွားမယ်လို့တော့ ငါမထင်ထားခဲ့ဘူး။ အခုချိန်မှာ မစ္စဇောင် နဲ့သာအတူတူ ရှိနေနိုင်ရင် အနာဂတ်ကို သေချာပေါက် စိုးရိမ်နေဖို့ လိုမှာမဟုတ်တော့ဘူး…”
“ရွှေရောင် ကောင်လေးနဲ့ ကျောက်စိမ်း မိန်းကလေး၊ တကယ့်ကို ကောင်းလွန်းတဲ့ အတွဲပဲ”
“မင်းနဲ့ လီဂျင်းယွမ် တို့က တစ်ယောက်နဲ့ တစ်ယောက် ဟန်ဆောင်နေကြတာကို ရပ်သင့်ပြီ။ အဆုံးမှာ သူက မွေးစားခံရတာပဲ၊ သွေးသားလည်း မတော်စပ်ဘူး၊ နောက်ပြီး ဘာအမွေမှလည်း မရှိဘူး။ သူက ကျော်ကြားတာ တစ်ခုတည်း ရှိတယ်။ မင်းက သူ့ကို အနှောင့်အယှက် ပေးမယ်ဆိုရင်တောင် သူက မင်းကို အများကြီး ပြန်မလုပ်နိုင်ဘူး…”
“မစ္စဇောင် လိုအမျိုးသားတွေကို လွှမ်းမိုးနိုင်တဲ့ မိန်းကလေးတွေကို ရသွားတာနဲ့ အဆုံးမရှိတဲ့ စိတ်ကူးယဉ်မှုတွေကိုတောင် ဖန်တီးလို့ရတယ်”
သူ့အေးဂျင့် ကအဆုံးမရှိ စကားတွေကို ဆက်ပြောနေခဲ့သည်။
ဝမ်ယောင်ချန်း ကထိုအရာတွေကို မှတ်ထားခဲ့သည်။ သူ့နှလုံးသားထဲမှ ဒီကမ္ဘာတွင် သူ့အတွက် လိုက်ဖက်တဲ့သူက ဇောင်ယုဟွမ် ထက်တခြား မိန်းကလေး မရှိနိုင်ဘူးလို့လည်း ခံစားနေရသည်။
“ငါ သူမကို တွေ့ပြီး သူမစိတ်ကို ရအောင်လုပ်မယ်” ဝမ်ယောင်ချန်း ကပြောလိုက်သည်။
သူ့အေးဂျင့် ကခေါင်းညိတ်လိုက်ပြီးနောက် ပြုံးလိုက်သည်။
“သတင်းကောင်းကို မျှော်နေပါမယ်”
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ဇောင်ယုဟွမ် ကိုမနှောင့်ယှက်နိုင်တာကို တွေးလိုက်ပြီးနောက် ဝမ်ယောင်ချန်း ကအေးဆေးသွားခဲ့သည်။
သူ ဝန်မခံချင်ပေမဲ့ ဒီနှစ်ယောက်မှာ ကြီးမားသည့် ပြဿနာတွေ ရှိနေတယ်လို့ ခံစားရသည်။ သူတို့ အတူတူ ရှိနေချိန်တွင် အရမ်းသတိထားမိသလို သူခံစားနေရသည်။
၃ နာရီ ၂၀ မိနစ်တွင် ဝမ်ယောင်ချန်း က ဇောင်ယုဟွမ် ပြောခဲ့သည့် လိပ်စာအတိုင်း သွားခဲ့သည်။ ဒါက… လက်ဖက်ရည်ဆိုင် ဖြစ်သည်။
ဒီလက်ဖက်ရည်ဆိုင်က သီးသန့်ဗီလာ ဧရိယာတွင် ရှိပြီး အရမ်းကို ချောင်ကျသည့် နေရာဖြစ်သည်။ ဝမ်ယောင်ချန်း ဝင်လိုက်ချိန်တွင် သူ့မျက်တောင်က လှုပ်ရှားသွားသည်။
ငွေအသုံးများသည့် လူထဲတွင် သူ့ကို ထည့်တွက်နိုင်သည်။ သို့သော် ဒီနေရာမှာရှိတဲ့ နယ်မြေ တစ်လက်မလေးတောင် သူ မဝယ်နိုင်ပေ။ ဒီနေရာမှာ နေတယ်လို့ ပြောလိုက်တာနဲ့ အဲ့တစ်ယောက်က ဘယ်လောက်တောင် ချမ်းသာလဲဆိုတာ ပြောနိုင်သည်။
သူဌေးမလေး မစ္စဇောင် ကတကယ့်ကို ဘယ်လောက်တောင် ချမ်းသာကြောင်း ဝမ်ယောင်ချန်း နားလည်သွားခဲ့သည်။ သူမက ဇောင်မိသားစု ရဲ့အမွေခံလည်း ဖြစ်သည်။
ထို့နောက် သူ့လို ကြယ်ပွင့်တွေက သရုပ်ဆောင်မှုနဲ့ ထောက်ခံချက်တွေကြောင့် ချမ်းသာလာတာဖြစ်သည်။ နှစ်ဖက်လုံး ယှဉ်ကြည့်လိုက်ရင် သူ့ဘက်ကတော့ လုံးဝကို မချမ်းသာသလိုပင်။
ထို့နောက် သူမ အိမ်ပြန်ရောက်ချိန်တွင် ဒေါသကြီးသည့် လူနှစ်ယောက်နဲ့ တွေ့ဆုံမှုကနေ တားဆီးရမည်။
ဝိတ်တာက ဝမ်ယောင်ချန်း အားအထဲဝင်ဖို့ လမ်းညွှန်လိုက်ပြီးနောက် ဇောင်ယုဟွမ် ကအထဲတွင် ထိုင်နေတာကို မြင်လိုက်ရသည်။
ဇောင်ယုဟွမ် ကသူ့အား တစ်ချက်တောင် မော့မကြည့်လာပဲ “ထိုင်”ဆိုပြီး ပြောလိုက်သည်။ ထို့နောက် ဝမ်ယောင်ချန်း ထိုင်ဖို့အတွက်ကို စောင့်နေခဲ့သည်။
ဇောင်ယုဟွမ် ကလက်ဖက်ရည်ကို သောက်လိုက်ပြီး ခေါင်းမော့ကာ မေးလိုက်သည်။
“မစ္စတာဝမ် အခု ပြောလို့ရပြီလား? လီဂျင်းယွမ် အကြောင်းကို?”
ဇောင်ယုဟွမ် ကရိုက်ကူးရေးတွင် မဟုတ်ချိန်မှာ သူမက ချမ်းသာသည့် မိသားစုမှ သမီးလေးလို့ မမြင်ပေမဲ့လည်း အင်အားတောင့်တင်းသည့် ဇောင်မိသားစုမှလည်း ဖြစ်ကြောင်းကို ဖုံးကွယ်ထားလို့ မရနိုင်ပေ။
သူမရဲ့ တင်းမာမှုကြောင့် သူမနဲ့ မယှဉ်နိုင်ဘူးလို့ ခံစားလိုက်ရသည်။ ဝမ်ယောင်ချန်း ကသူ့ပါးစပ်ကို ဟလိုက်ကာ တိုက်ရိုက်ပဲ ပြောလိုက်သည်။
“သူက မင်းကို ချစ်နေတယ်”
ဇောင်ယုဟွမ် ကနည်းနည်း ရှက်သွားသလို ခံစားလိုက်ရသည်။ ဒီစကားလုံးတွေက နည်းနည်း ထူးဆန်းနေပြီး တခြားသူထံမှ ထွက်လာတာလဲ ဖြစ်သည်။
သို့သော် သူမက ရှက်တာကို ထုတ်မပြပဲ ပိုတည်ငြိမ်သွားကာ ခေါင်းညိတ်လိုက်သည်။
“အို၊ ဒါလား? ရှင် သူ့အကြောင်းကို ဘာပြောချင်တာလဲ?”
သူမရဲ့ မပြောင်းလဲသည့် အသွင်အပြင်ကို ဝမ်ယောင်ချန်း မြင်လိုက်ပြီး လီဂျင်းယွမ် သူ့အား ပြောခဲ့သည့် အရာအားလုံးကိုသာ ပြောနိုင်တော့သည်။
ဇောင်ယုဟွမ် ကခဏလောက် တွေးနေပြီးနောက် သူမအိတ်ထဲမှ ကဒ်တစ်ကဒ်ကို ထုတ်လိုက်ကာ ဝမ်ယောင်ချန်း အရှေ့သို့ တွန်းလိုက်သည်။
“မစ္စတာဝမ်၊ ရှင့်လက်မောင်း ကျိုးမလိုဖြစ်သွားအောင် သူလုပ်ခဲ့တယ်။ သူ့အတွက် ကျွန်မကပဲ အရင်ဆုံး တာဝန်ယူပေးပါမယ်။ ဒါက ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာတွေ အတွက်ပါ။ ဒီအရာတွေကို ကျွန်မကို ပြောပြပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်”
ဒါတွေက ဝမ်ယောင်ချန်း ရဲ့မျှော်လင့်ချက်တွေကို ရိုက်ချိုးလိုက်သည်။ ဇောင်ယုဟွမ် က လီဂျင်းယွမ် ရဲ့တစ်ဖက်ခြမ်းကို ခန့်မှန်းမိပြီးသားဆိုတာ သူဘယ်လို သိခဲ့မှာလဲ?
“မင်း စိတ်မဆိုးဘူးလား?”
ဇောင်ယုဟွမ် ကတွေးလိုက်သည်။ စိတ်ဆိုးတာ?
ငါ သေလောက်အောင် စိတ်ဆိုးတာပေါ့။
ငါအချိန်အတော်ကြာ ပျိုးထောင်လာခဲ့တဲ့ ဇာတ်လိုက်ကာ မူလဇာတ်ကြောင်းကို စွန့်ပစ်ပြီးတော့ ငါ့ကို စကြိုက်လာမယ်လို့ ငါက ဘယ်လိုလုပ်သိမှာလဲ?
ဒါက ဇာတ်လိုက်မက ငါ့ကို အလိုလိုနေရင်း မုန်းတီးလာဖို့ ဖြစ်လာမှာပဲ မဟုတ်ဘူးလား?
နောက်ပြီး လီဂျင်းယွမ် ကိုယ်တိုင်ကပဲ ဒါကို လုပ်နေခဲ့တာ!
WeChat ကစာတွေကို ဖျက်ခဲ့ပြီး သတင်းထောက်တွေကို ဓာတ်ပုံရိုက်ခွင့်ပြုခဲ့ပြီး အင်တာဗျူးမှာလည်း သူကိုယ်တိုင် ထုတ်ပြောခဲ့တယ်…
ငါအရမ်းကို ရယ်ချင်နေတယ်!
ဒါပေမဲ့ ငါဘယ်လောက်ပဲ ရယ်ချင်နေပါစေ မင်း*အလုပ်တော့ မဟုတ်ဘူး။
ဇောင်ယုဟွမ် ကသူမဘဝ နှစ်ခုလုံးတွင် သက်တောင့်သက်သာစွာ နေထိုင်ခဲ့သည်။ သူမက ထုတ်မပြပေမဲ့ သူမစိတ်ကတော့ အတော်လေး ဆိုးရွားလာခဲ့သည်။ အထူးသဖြင့် သူမမိသားစုဝင်တွေဆီက ကာကွယ်ခံနေရတာပဲ။
အထူးသဖြင့် စာအုပ်ထဲမှာသာရှိတဲ့ သူမဘေးက လူတွေကို ခွဲထုတ်ပြီး သူမခံစားချက်တွေကို အစစ်လို ခံစားလာရစေဖို့နဲ့ သူမရဲ့စိတ်အခြေအနေကို ပိုကောင်းလာဖို့ပဲ လုပ်ချင်သည်။
လီဂျင်းယွမ် ကဘာပဲဖြစ်နေပါစေ ဒါက သူတို့နှစ်ယောက်ကြားက ကိစ္စပဲ။ နောက်ပြီး ဝမ်ယောင်ချန်း ရဲ့ကိစ္စလည်း မဟုတ်ဘူး။
“ယုဟွမ်၊ ဒီကဒ်ကို မင်းပြန်ယူလိုက်ပါ။ ဒီလိုကုသစရိတ်တွေ ကိုယ်မလိုအပ်ပါဘူး။ ကိုယ်က မင်းကို ဂရုစိုက်တယ်ဆိုတာကိုသာ ရိုးရိုးသားသားနဲ့ ပြောပြချင်ရုံပါပဲ။ လီဂျင်းယွမ် နဲ့ မစ္စတာဟုန် တို့က ကိုယ့်ကို တားဆီးနေတဲ့ အစောင့်ခွေးတွေလို့ပဲ…” ဝမ်ယောင်ချန်း ကခါးသီးစွာ ပြုံးလိုက်သည်။
“ဒါပေမဲ့ ကိုယ် မင်းကို ပြောချင်တာက ကိုယ် မင်းကို တကယ်ပဲ သဘောကျပြီး မင်းကို ပိုးပန်းချင်တာ”
ဇောင်ယုဟွမ် ကကဒ်ကို ပြန်ယူလိုက်သည်။ သူမလိုချင်ရင် ရတယ်။ သူမ ငွေအကုန်သက်သာတာပေါ့။ အနာဂတ်မှာ သူမအစ်ကိုအတွက် ဘောပင်အသစ် ဝယ်ပေးဖို့ သုံးလို့ရတယ်။ အဲ့ဘောပင်က သုံးလာတာ ကြာပြီ၊ ပြောင်းသင့်နေပြီ။
ဇောင်ယုဟွမ် ကလက်ထဲတွင် ကဒ်ကိုကိုင်လိုက်ကာ ခေါင်းမော့ကာ ပြောလိုက်သည်။
“ဒါဆို ကျွန်မလည်း ရှင့်ကို ပြောချင်တယ်၊ မစ္စတာဝမ်။ ရှင့်မှာလည်း အစီစဉ်တွေ အများကြီး ရှိတာပဲ။ အဲ့လိုလူမျိုးကို ကျွန်မ သဘောမကျဘူး…”
“ရှင်တို့ နှစ်ယောက်က အတူတူပဲလား? သူက ကျွန်မမောင်လေး။ ရှင်က ကျွန်မမောင်လေးလား?” ဇောင်ယုဟွမ် ရဲ့စိတ်ရှည်မှုက ကုန်ဆုံးသွားခဲ့သည်။
“သူက မင်းမောင်လေးမို့လို မင်းက သူ့ကို ကျူးလွန်ပြီး သူ့ရဲ့အချစ်တွေနဲ့ မထိန်းချုပ်ထားတဲ့ ဝန်ခံချက်တွေကို လက်ခံပေးမှာလား?” ဝမ်ယောင်ချန်း ကထုတ်ပြောလိုက်သည်။
“ဒါဆို မင်းက ရှင်သန်မှုကို ဆန့်ကျင်နေတာပဲမလား?”
လီဂျင်းယွမ် ကသူမကို ကျူးလွန်တာနဲ့ လီဂျင်းယွမ် ကိုလက်ခံပေးတာက တူနေတယ်လို့ ဘယ်သူက ပြောလို့လဲ?
ဒီလူက တကယ့်ကို ပြဿနာတွေရှိတာပဲ။
21.6.2021 (Mon)
………………………..
Zawgyi
#မေမွ်ာ္လင့္ထားဘူးမလား 😁 ဘာသာျပန္ၿပီးတာနဲ႔ တင္ေပးလိုက္တာ 4 ပိုင္းေတာင္ ေပါင္းတင္ထားတာေနာ္ 😘
သို႔ေသာ္ သူမေ႐ွ႕က ေခြးလို ဟုန္ခ်န္းမင္း နဲ႔ရင္ဆိုင္ေနရၿပီး ေဇာင္ယုဟြမ္ ကျပင္းထန္သည့္ ဖိအားေတြကို ခံစားလိုက္ရသည္။ သူက ႐ုတ္တရက္ သူမကို ျပင္းထန္စြာ စိုက္ၾကည့္လာၿပီး သူ႕မ်က္လုံးထဲမွ ဖုံးကြယ္ထားတဲ့ ခံစားခ်က္ေတြက ျဖတ္ေျပးသြားခဲ့သည္။
သူ႕ရင္ဘတ္ထဲမွ အေၾကာင္းအရာေတြက ပိုမ်ားလာၿပီး ေပါက္ကြဲလုနီးပါး ျဖစ္လာခဲ့သည္။ သို႔ေသာ္ ဟုန္ခ်န္းမင္း ကအရင္တုန္းက ေဇာင္ယုဟြမ္ ေျပာခဲ့တာေတြကို စိတ္ထဲမွတ္ထားခဲ့သည္။
‘ဟြမ္ဟြမ္ မသိသမွ်ေတာ့ မွားယြင္းတဲ့ အရာေတြကို လုပ္ႏိုင္တာပဲ…’ ဟုန္ခ်န္းမင္း ကသူ႕ႏႈတ္ခမ္းကို ေစ့လိုက္ၿပီး ႐ုတ္တရက္ ျပဳံးလိုက္သည္။
“အိုေက”
သူက အလြယ္တကူ လက္ခံလိုက္တာလား?
႐ုတ္တရက္ ေဇာင္ယုဟြမ္ ကမယုံႏိုင္သလို ခံစားလိုက္ရသည္။ သူမက မ်က္ေတာင္ခတ္လိုက္ၿပီး ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္သည္။ သို႔ေသာ္ ဟုန္ခ်န္းမင္း ရဲ႕အမူအရာေတြက ႐ုတ္တရက္ ႏွစ္ျမဳတ္သြားၿပီး ေျပာလိုက္သည္။
“ဒါေပမဲ့ ဟြမ္ဟြမ္ လည္းကိုယ့္ကို တစ္ခုေတာ့ ကတိျပန္ေပးရမယ္”
“ဟမ္? ဘာလဲ?”
ထိုအခ်ိန္တြင္ ဟုန္ခ်န္းမင္း ကသူ႕ေခါင္းထဲမွ အလုပ္ေတြအားလုံးကို ထုတ္ပစ္လိုက္သည္။ သူက ေျပာလိုက္သည္။
“ဒီတစ္လလုံး၊ ကိုယ္နဲ႔အတူ ကုမၸဏီကို လိုက္ခဲ့ေပး”
ေဇာင္ယုဟြမ္ ကေတြးလိုက္ၿပီးေနာက္ ေျပာလိုက္သည္။
“ေကာင္းၿပီ”
သူ႕႐ုံးခန္းမွာ သူမက ထိုင္ၿပီး ဂိမ္းကစားေန႐ုံပဲ။ ဒါနဲ႔ပတ္သက္ၿပီး ဘာမွမွားတာ မ႐ွိပါဘူး။
ဟုန္ခ်န္းမင္း ကအၾကည့္ေအာက္စိုက္လိုက္သည္။
“စြတ္ျပဳတ္ေသာက္လိုက္”
ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္ၿပီး ပန္းကန္လုံးကို မ,လိုက္ကာ စြတ္ျပဳတ္ကို ကုန္ေအာင္ေသာက္လိုက္သည္။
“ဟြမ္ဟြမ္ ဝၿပီ” ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။
“ဒါဆို သြားရေအာင္” ဟုန္ခ်န္းမင္း ကလက္ေျမႇာက္လိုက္ကာ ေငြ႐ွင္းလိုက္သည္။
ႏွစ္ေယာက္သားက ေ႐ွ႕ေနာက္ထြက္လာခဲ့ၾကသည္။ သူတို႔ ထြက္လာခ်ိန္တြင္ ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ အားသူ႕လက္ေမာင္းထဲ ႐ုတ္တရက္ ဆြဲသြင္းလိုက္သည္။
“ပါပါရာဇီ ႐ွိတယ္” ေဇာင္ယုဟြမ္ ကလန္႔သြားခဲ့သည္။
တင္းၾကပ္စြာ ေပြ႕ဖက္မႈေၾကာင့္ သူမ အသက္မ႐ွဴႏိုင္သလို ခံစားလိုက္ရသည္။ အခုေတာ့ သူ႕ႂကြက္သားေတြက ဟန္ျပမဟုတ္တာကို ႐ွင္းလင္းသြားသည္။
ပါပါရာဇီ ႐ွိတာကို ဘာေၾကာင့္ ငါ့ကို လာဖက္ရတာလဲ?
ဒါက ဘာမွမျဖစ္ဘူးေလ…
ဟုန္ခ်န္းမင္း ကေဘးပတ္လည္႐ွိ ပါပါရာဇီေတြကို မၾကည့္ေပ။ သူက ေဇာင္ယုဟြမ္ ကိုတင္းၾကပ္စြာ ဖက္ထားၿပီး သူမဆံပင္ကိုသာ ၾကည့္ေနခဲ့သည္။
ေဇာင္ယုဟြမ္ ရဲ႕ထပ္ေတာင္းဆိုမႈေၾကာင့္ သူ မေပ်ာ္ခဲ့ေပ။ သူဘယ္ေလာက္ၾကာေအာင္ ထိန္းခ်ဳပ္ႏိုင္မလဲဆိုတာ မသိေပ။ ဒါက မၾကာခင္ ဒါမွမဟုတ္ တစ္ႏွစ္ေလာက္၊ ေနာက္ႏွစ္ႏွစ္ေလာက္ ထိန္းခ်ဳပ္ႏိုင္ဦးမွာေတာ့ ျဖစ္ႏိုင္သည္။
သို႔ေသာ္ ဟြမ္ဟြမ္ ကသာသူ႕ကို ဘာလုပ္ႏိုင္တယ္၊ ဘာမလုပ္ႏိုင္ဘူးလို႔ ဆက္သတိေပးေနရင္း သေရႀကိဳးက အရမ္းတင္းလြန္းရင္ ဒဏ္မခံႏိုင္ပဲ ျပတ္သြားမွာပဲ။
ထိုေန႔အေၾကာင္းကို ေတြးလိုက္မိၿပီး ဟုန္ခ်န္းမင္း ကထိတ္လန္႔သလို မခံစားရေပမဲ့ နည္းနည္းေတာ့ ႀကိဳတင္ေမွ်ာ္လင့္မိသည္။
သူ႕ႏွလုံးသားထဲက တည္ၿငိမ္မႈနည္းနည္းက ပ်က္စီးသြားခဲ့သည္။ ဟုန္ခ်န္းမင္း ကေခါင္းငုံ႔လိုက္ၿပီး သူမဆံပင္ေတြကို သူ႕လက္နဲ႔ ထိလိုက္ၿပီးမွ လႊတ္ေပးလိုက္သည္။
“အိုေက၊ ပါပါရာဇီေတြ မ႐ွိေတာ့ဘူး” ဟုန္ခ်န္းမင္း ကသြားၾကားမွ လိမ္ညာလိုက္သည္။
“တကယ္လား?”
“တကယ္” ဟုန္ခ်န္းမင္း ကကားတံခါးကို ဖြင့္လိုက္သည္။
ေဇာင္ယုဟြမ္ ကသူ႕စကားကို ယုံၾကည္တာေၾကာင့္ နာခံစြာျဖင့္ ကားထဲဝင္လိုက္သည္။ သို႔ေသာ္ မသက္သာသလို သူမ ခံစားေနရေသးသည္။
ဟုန္ခ်န္းမင္း ကသူမကို ဖက္လိုက္ခ်ိန္တုန္းက သူမကို ဖက္ထားတာက အရမ္းတင္းလြန္းတာထက္ သူမလည္း ခံစားရသည္…
သူမေခါင္းထက္မွ ျပင္းထန္ၿပီး စူး႐ွသည့္ အၾကည့္၊ သူမကို စားေသာက္ေတာ့မဲ့ ႐ိုင္းစိုင္းသည့္ သားရဲတစ္ေကာင္လို အၾကည့္မ်ိဳးကို ခံစားလိုက္ရသည္။
ေဇာင္ယုဟြမ္ ကအသက္႐ွဴသြင္းလိုက္ၿပီး ျပန္ထုတ္လိုက္သည္။ ခဏေလာက္ေတာ့ သူမ စကားမေျပာႏိုင္ေပ။
ဟုန္ခ်န္းမင္း ကလည္း မေျပာခဲ့ေပ။ သူ႕လက္ေမာင္းေတြက ေႏြးေထြးေနတုန္းျဖစ္ၿပီး ေဇာင္ယုဟြမ္ ကိုေပြ႕ဖက္ခဲ့သည့္ ခံစားခ်က္ကို ခံစားေနရတုန္းပင္။
မနက္ျဖန္က်ရင္ သတင္းေထာက္ ႏွစ္ေယာက္ေလာက္ငွားၿပီး ဘယ္လို႐ိုက္ခဲ့ေၾကာင့္ ေမးသင့္တယ္လို႔ ဟုန္ခ်န္းမင္း ေတြးလိုက္သည္။
အင္တာဗ်ဴးအတြင္း လီဂ်င္းယြမ္ ေျပာခဲ့သည့္ အေၾကာင္းေတြက အလ်င္အျမန္ပင္ ျပန္ဆင္ၿပီးသြားၿပီး အြန္လိုင္းတြင္ ခ်က္ခ်င္း တင္ခဲ့သည္။
“အားး၊ လီေလးက အရင္တုန္းက မိဘမဲ့လား? အရမ္းဆိုးတယ္လို႔ ခံစားရတယ္ TVT ဘာေၾကာင့္ မီဒီယာက လူေတြရဲ႕ ဒဏ္ရာေတြကို ဆြေပးရတာလဲ?!”
“လီဂ်င္းယြမ္ မွန္တယ္။ မိဘမဲ့က ခိုးဝွက္တက္ၿပီး ထူးခြၽန္တဲ့သူ မျဖစ္လာႏိုင္ဘူးဆိုတာ ဘယ္သူေျပာလဲ? လီဂ်င္းယြမ္ ကအစတည္းက ထူးခြၽန္ၿပီးသားပဲ။ အဲ့သတင္းေတြက သူ႕ကို သက္သက္ မေကာင္းၾကံထားတာ”
“ဒီလိုဆိုရင္ လီဂ်င္းယြမ္ နဲ႔ ေဇာင္ယုဟြမ္ တို႔က တကယ္ပဲ ေသြးသားမေတာ္စပ္ဘူးေပါ့….”
“ေဟး၊ စိတ္ဝင္စားစရာ ေကာင္းတာကို မင္းေတြ႕သြားၿပီပဲ”
“ဒါကို သတိထားမိတာ ငါတစ္ေယာက္တည္းလား?! အင္တာဗ်ဴးခ်ိန္မွာ သူက ေဇာင္ယုဟြမ္ ရဲ႕ဖုန္းကိုေတာင္ ေျဖလိုက္ေသးတယ္! သူလြဲသြားမွာ ေၾကာက္လိုဆိုၿပီးေတာင္ ေျပာလိုက္ေသးတယ္! ဘုရားေရ! ….”
“အရင္တုန္းက သူမ လိုအပ္ခ်ိန္မွာ သူဖုန္းမကိုင္ျဖစ္လိုက္တာမ်ိဳး ျဖစ္ေနမွာေၾကာက္လို႔ သူမအတြက္ သီးသန္႔ဖုန္းသံ ထားေပးၿပီး ဖုန္းအသံပိတ္ထားမွာကိုေတာင္ ေၾကာက္ေသးတယ္… လီဂ်င္းယြမ္ ကအရမ္းဂ႐ုစိုက္တာပဲ။ သူတို႔က ေသြးသားမေတာ္စပ္ရင္ေတာင္ ပိုေကာင္းေသးတယ္။ ဝမ္းကြဲေတြေတာင္ မဟုတ္ဘူး။ *တိုးတိုးေလးေျပာ* အခုေတာ့ ငါေသေပ်ာ္ၿပီ”
လီဂ်င္းယြမ္ က Weibo မွကြန္မန္႔ေတြကို ဖတ္လိုက္ၿပီး ျပဳံးလိုက္သည္။ ဝမ္ေယာင္ခ်န္း လည္းထိုကြန္မန္႔ေတြကို ၾကည့္ေနခဲ့သည္။
လီဂ်င္းယြမ္ တကယ္ပဲ လုပ္ရဲတယ္!
[A/N: အစ္ကိုလီက မီဒီယာေ႐ွ႕မွာ အာဏာျပခ်ိန္မွာ မစၥတာဟုန္ ကအေနာက္ကေန ျပႆာ႐ွာေနတယ္]
ေဇာင္ယုဟြမ္ ကဘလူးတု(Bluetooth) နားၾကပ္တပ္ၿပီး အင္တာဗ်ဴးတစ္ခုလုံးအား မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ေနခဲ့သည္။
လီဂ်င္းယြမ္ ရဲ႕အျပဳအမူေတြ အားသူမ နားမလည္ႏိုင္ေပ။ အင္တာဗ်ဴးတြင္ သူတို႔နဲ႔ ဘယ္လိုရင္းႏွီးေၾကာင္းကို သူက ဖုံးကြယ္ဖို႔ မလုပ္ထားေပ။ သူ႕ဖုန္းက ဘယ္ေတာ့မွ အသံပိတ္မထားပဲ သူမအတြက္လည္း အထူးသီးသန္႔ ဖုန္းသံအား ထားေပးတာကို ဒီအင္တာဗ်ဴးမွသာ သူမ သိခဲ့သည္။
သို႔ေသာ္ လီဂ်င္းယြမ္ ကဒါေတြအားလုံးအား လူထုကို ေၾကညာခဲ့သည္။ ဒါက… ဒါက တျခားအရာေတြကို နည္းနည္းေလးေတာင္ စိတ္မဝင္စားဖူးလို႔ ဆိုလိုတာ မဟုတ္ဘူးလား?
အိုင္ေဒါလ္ေတြအား ဒိတ္ဖို႔ ခြင့္မျပဳၾကေပ။ သူက ဒီလိုမ်ိဳးသာ ေတြးခဲ့ရင္ အနည္းဆုံးေတာ့ ဒီလိုမ်ိဳး လူထုကိုေတာ့ ခ်မျပသင့္ဘူးေလ?
ဒါေပမဲ့ အင္တာဗ်ဴးသူေတြကို မွတ္တမ္းတင္ဖို႔ ခြင့္ျပဳခဲ့ၿပီး ဒီစကားေတြကိုလည္း လူေ႐ွ႕တြင္ ထုတ္ေပးခဲ့သည္။ သူက သူမနဲ႔ အရမ္းရင္းႏွီးေၾကာင္းကို ရည္႐ြယ္ခ်က္႐ွိ႐ွိနဲ႔ တျခားသူေတြကို ေျပာခဲ့သည္။
ေဇာင္ယုဟြမ္ ကေတြးေနရင္း ပိုစိတ္႐ႈပ္လာခဲ့သည္။ ဒီျပႆနာအား သူမဘာသာ ေတြးေတာေနခ်ိန္ မေမွ်ာ္လင့္သည့္ လူတစ္ေယာက္ဆီမွ ဖုန္းဝင္လာခဲ့သည္။
“ယုဟြမ္၊ ကိုယ္က ဝမ္ေယာင္ခ်န္း ပါ” တစ္ဖက္မွ ႏူးညံ့သည့္ အမ်ိဳးသားအသံက ထြက္လာခဲ့သည္။
“ကိုယ္ မင္းနဲ႔ေျပာစရာ႐ွိလို႔၊ ကိုယ္တို႔ ေတြ႕လို႔ရႏိုင္မလား?”
ဝမ္ေယာင္ခ်န္း ရဲ႕စကားေတြကို ၾကားလိုက္ၿပီး ေဇာင္ယုဟြမ္ ကေခါင္းေမာ့ကာ ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္သည္။ ဟုန္ခ်န္းမင္း ကလည္း သူမကို စိုက္ၾကည့္ေနခဲ့သည္။
႐ုတ္တရက္ အားနာမႈ နည္းနည္းေလးကို ေဇာင္ယုဟြမ္ ခံစားလိုက္ရသည္။ သူမကို ဖုန္းဆက္တာ ဘယ္သူဆိုတာကိုသာ ဟုန္ခ်န္းမင္း သိသြားခဲ့ရင္ ဝမ္ေယာင္ခ်န္း ကိုေသတဲ့အထိမ်ား ႐ိုက္လိမ့္မလား?
ေဇာင္ယုဟြမ္ ကတိတ္ဆိတ္စြာသာ ျပန္တုန္႔ျပန္လိုက္သည္။
“ဘာကိစၥ႐ွိလို႔လဲ?”
ဝမ္ေယာင္ခ်န္း ကပါးနပ္သူျဖစ္ၿပီး ဒီလိုကိစၥေတြ ျဖစ္ၿပီးေနာက္တြင္ ဘာအျပဳအမူမွ ထပ္မလုပ္ႏိုင္ေတာ့ဘူးလို႔ သူမ ေတြးလိုက္သည္။
“မစၥတာလီ အေၾကာင္းပါ”
ေဇာင္ယုဟြမ္ ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။
“မင္း သတင္းေတြ ျမင္ၿပီးသြားၿပီလား?” ဝမ္ေယာင္ခ်န္း ကေမးလိုက္သည္။
ေဇာင္ယုဟြမ္ ကေတြးလိုက္ၿပီးေနာက္ သူ႕ေမးခြန္းအား မေျဖပဲ တိုက္႐ိုက္သာ ေမးလိုက္သည္။
“မနက္ျဖန္ ေတြ႕ရေအာင္”
ထိုစကားကို ဟုန္ခ်န္းမင္း ၾကားလိုက္ခ်ိန္တြင္ သူ႕အမူအရာက ေျပာင္းလဲသြားခဲ့သည္။
“မနက္ျဖန္ ဘယ္သူနဲ႔ ေတြ႕မွာလဲ?”
ထို႔ေနာက္တြင္ ဟုန္ခ်န္းမင္း နဲ႔အတူတူ တစ္လလုံး သူ႕ကုမၸဏီသို႔လိုက္ကာ စားေသာက္ဖို႔ သေဘာတူခဲ့တာကို ေဇာင္ယုဟြမ္ သတိရသြားခဲ့သည္။
ေဇာင္ယုဟြမ္ ကမ်က္ေမွာင္ၾကဳတ္ကာ ဝမ္ေယာင္ခ်န္း ကိုေျပာလိုက္သည္။
“… စိတ္မ႐ွိပါနဲ႔၊ မနက္ျဖန္ ငါ့မွာ အခ်ိန္မ႐ွိဘူး”
“အဆင္ေျပပါတယ္။ မင္း ရတဲ့အခ်ိန္ေပါ့။ ဟိုက္႐ွီ မွာ ကိုယ္ခဏေလာက္ ေနဦးမွာ”
“ဒါဆို… ေနာက္လဆိုရင္ေကာ?”
ဝမ္ေယာင္ခ်န္း : “…”
ဝမ္ေယာင္ခ်န္း ကသူ႕စိတ္ထဲမွ မေက်နပ္မႈနဲ႔ ေဒါသေတြကို ဖိႏွိပ္လိုက္ကာ အသံတိုးေလးနဲ႔ ေမးလိုက္သည္။
“မင္းေဘးမွာ မစၥတာဟုန္ ႐ွိေနတာလား?”
ေဇာင္ယုဟြမ္ ကတိုက္႐ိုက္ မေျဖလိုက္ပဲ “အမ္း”လို႔သာ ေျဖလိုက္သည္။
“ဒါဆို ကိုယ္တို႔ ေတြ႕႐ုံပဲေလ? အတူမစားေတာ့ဘူး?” ဝမ္ေယာင္ခ်န္း ကေႏြးေထြးသည့္ အသံျဖင့္ ေျပာလိုက္သည္။
ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္သည္။ ဝမ္ေယာင္ခ်န္း ဆီမွ ထပ္ၿပီးေတာ့ ၾကားခ်င္ခဲ့သည္။
“ဒါဆို ခဏေလာက္ေတာ့ အခ်ိန္ရတယ္” ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။ ထို႔ေနာက္ သူ႕အား လိပ္စာကို ေျပာျပလိုက္သည္။
“အဲ့ေနရာကို သြားႏိုင္လား?”
ဝမ္ေယာင္ခ်န္း ကခ်က္ခ်င္း တုန္႔ျပန္လိုက္သည္။
“အင္း”
ဖုန္းခ်ၿပီးေနာက္ ေဇာင္ယုဟြမ္ ကအျပင္ထြက္ဖို႔ ျပင္လိုက္သည္။
ဟုန္ခ်န္းမင္း ကခ်က္ခ်င္းပင္ သူ႕လက္ထဲက လက္မွတ္ထိုးသည့္ ေဘာပင္အား ခ်လိုက္ၿပီး “ဟြမ္ဟြမ္ ဘယ္သြားမလို႔လဲ?”
“ဟန္ယင္ယင္ ကိုေပးစရာ႐ွိလို႔”
“ဘာေပးမွာလဲ?”
ဟုန္ခ်န္းမင္း ကသူ႕ကိုယ္သူ အေကာင္းဆုံး ႀကိဳးစားထိန္းခ်ဳပ္ကာ သူမအား စိတ္အေႏွာင့္အယွက္ မေပးမိေအာင္ ႀကိဳးစားလိုက္သည္။ သို႔ေသာ္ ဒီလိုဆိုရင္ေတာင္ သူ႕အသံက နည္းနည္းေတာ့ တင္းမာေနေသးသည္။
သူလုပ္ႏိုင္တာ ဘာမွမ႐ွိလို႔ သူ ေပ်ာ္ဖို႔က မျဖစ္ႏိုင္ေပ။ သူတို႔ကို ဓာတ္ပုံ႐ိုက္မဲ့ ပါပါရာဇီေတြကိုသာ သူေစာင့္ေနခဲ့သည္။
သို႔ေသာ္ ဒီေန႔ ထိပ္ဆုံးသတင္းကို သူျမင္လိုက္ခ်ိန္တြင္ လီဂ်င္းယြမ္ အေၾကာင္း ျဖစ္ေနတုန္းပဲ!
ငါ့အေၾကာင္းကို ထုတ္ေျပာဖို႔က မလုံေလာက္ေသးလို႔မ်ားလား?
ငါသာ ႀကိဳသိခဲ့ရင္ နာမည္ႀကီးပဲ လုပ္လိုက္မွာ၊ ဟုန္ခ်န္းမင္း ကေဒါသထြက္စြာျဖင့္ ထပ္တလဲလဲ ေတြးလိုက္သည္။
ဟုန္ခ်န္းမင္း ကအရမ္းေတြးေနမွာကို ေဇာင္ယုဟြမ္ ေၾကာက္တာေၾကာင့္ မ်က္ေတာင္ခတ္လိုက္ၿပီး တိုးတိုးေလး ေျပာလိုက္သည္။
“သူမက ေရကူးကန္မွာ ႐ွိေနတုန္း သူမရဲ႕ ႀကီးက်ယ္တဲ့ အန္တီက ေရာက္လာခဲ့တာ။ သူမအတြက္ တခ်ိဳ႕ပစၥည္းေတြ ယူသြားေပးမလို႔၊ မဟုတ္ရင္ မၾကာခင္ ေရကူးကန္ထဲမွ ေသြးေတြရဲသြားလိမ့္မယ္”
ဟုန္ခ်န္းမင္း ရဲ႕မ်က္လုံးက လႈပ္႐ွားသြားသည္။ အမ်ိဳးသမီး ကိစၥေတြကို ဆက္မေမးႏိုင္တာေၾကာင့္ သူ႕အသံကို အလ်င္အျမန္ပင္ ေျပာင္းလဲလိုက္သည္။
“အဲ့ေနရာ ပို႔ေပးဖို႔ ကိုယ့္ဒ႐ိုက္ဘာကို ထည့္ေပးရမလား?” ေဇာင္ယုဟြမ္ ကေခါင္းခါလိုက္သည္။
“တကၠစီပဲ ငွားသြားလိုက္မယ္။ ႐ွင့္ဒ႐ိုက္ဘာကို သုံးလိုက္ရင္ ႐ွင္နဲ႔အတူ ႐ွိေနတာကို ဟန္ယင္ယင္ သိသြားလိမ့္မယ္။ ဟန္ယင္ယင္ ကအရမ္း႐ွက္တက္လို႔ ဒီအေၾကာင္းကို တျခားသူေတြကို သိေစခ်င္မွာ မဟုတ္ဘူး”
ဟုန္ခ်န္းမင္း ကဒါက ျဖစ္ႏိုင္တယ္လို႔ ေတြးလိုက္သည္။
သူ႕ဒ႐ိုက္ဘာကို ပို႔လိုက္ရင္ ေဇာင္ယုဟြမ္ ျပန္လာတာကို သူေသခ်ာေပါက္ကို ေစာင့္ေနရလိမ့္မည္။ ေဘးဘက္မွ တစ္စုံတစ္ေယာက္ ႐ွိေနရင္ ဟန္ယင္ယင္ ကေသခ်ာေပါက္ကို ႐ွက္လိမ့္မည္။
ေဇာင္ယုဟြမ္ ရဲ႕သူငယ္ခ်င္းအား မ်က္ႏွာမပ်က္ေစခ်င္တာေၾကာင့္ သေဘာတူလိုက္သည္။
“အိုေက၊ ျမန္ျမန္သြားၿပီး ျပန္လာခဲ့”
ေဇာင္ယုဟြမ္ ကေခါင္းညိတ္ကာ အိတ္ဆြဲၿပီး ထြက္သြားခဲ့သည္။
တစ္ဖက္တြင္ ဝမ္ေယာင္ခ်န္း ကဖုန္းခ်သြားၿပီးေနာက္တြင္ မ်က္ေမွာင္ၾကဳတ္ေနတာက မေလ်ာ့သြားေပ။ သူ႕ေအးဂ်င့္အား မတိက်စြာျဖင့္ ေျပာလိုက္သည္။
“သူတို႔… သူတို႔ၾကားမွာ တကယ္ပဲ တစ္ခုခု ႐ွိေနတာ…”
ဝမ္ေယာင္ခ်န္း ကသူ႕အမူအရာကို ထိန္းညႇိလိုက္ၿပီး ေျပာလိုက္သည္။
“ငါ ပ႐ိုဂရမ္အဖြဲ႕နဲ႔ လိုက္သြားတုန္းက သူတို႔ထဲက တစ္ေယာက္က ေဇာင္ယုဟြမ္ ရဲ႕ေကာင္ေလး ျဖစ္လိမ့္မယ္လို႔ ထင္ခဲ့တာ။ သူတို႔က မိသားစုေတြ ျဖစ္ေၾကာင္း ထုတ္ေျပာေတာ့မွ အဲ့အေၾကာင္းကို ငါေမ့လိုက္တာ… ဒါေပမဲ့ အရင္တည္းက အရိပ္အႁမြက္ေတြ ႐ွိေနခဲ့တာပဲ။ လီဂ်င္းယြမ္ ကကင္မရာေအာက္မွာပဲ ေဇာင္ယုဟြမ္ နဲ႔ဘယ္ေလာက္အထိ ရင္းႏွီးေၾကာင္း ထုတ္ျပခဲ့တယ္၊ အခုေတာ့ မီဒီယာေ႐ွ႕မွာပဲ သူမဖုန္းကို ကိုင္ခဲ့တယ္။ ဒါေတြက သူမကို သိသိသာသာ မ်က္ႏွာသာေပးတာကို ျပေနတာပဲ။ သူက ေဇာင္ယုဟြမ္ နဲ႔ငါ့ကို အတူမ႐ွိေစခ်င္လို႔ ဒီနည္းလမ္းေတြနဲ႔ ငါ့ကို ေနာက္ဆုတ္သြားဖို႔ သုံးခဲ့တာပဲ”
သူ႕ေအးဂ်င့္ ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။
“လီဂ်င္းယြမ္ ေဖ်ာ္ေျဖေရး ေလာကထဲေရာက္ေနတာ ဘယ္ေလာက္ၾကာသြားၿပီလဲ? သူ႕နည္းလမ္းေတြက တကယ့္ကို နက္႐ိႈင္းတယ္”
“သူ႕အေစာပိုင္း သတင္းေတြကို မင္းမျမင္ဘူးလား? သူက ေမာ္ဒယ္လ္ လမ္းေၾကာင္းကို အသုံးျပဳေနခဲ့တာ။ ေမာ္ဒယ္လ္လုပ္တဲ့ ေလာကကို ဘယ္လို႐ွင္းလင္းႏိုင္မွာလဲ?”
အရင္တုန္းက လီဂ်င္းယြမ္ ကသူ႕ပုခုံးကို ကြဲေလာက္သည္အထိ လုပ္ခဲ့တာကို ဝမ္ေယာင္ခ်န္း မွတ္မိသြားၿပီး သူ႕ကို ပိုၿပီးေတာ့ေတာင္ မေပ်ာ္မ႐ႊင္ ျဖစ္သြားေစသည္။ ဝမ္ေယာင္ခ်န္း ကေအးစက္စြာ ေျပာလိုက္သည္။
“လီဂ်င္းယြမ္ ရဲ႕အျပဳအမူေတြက အရမ္းဆိုးလြန္းတယ္။ သူက ေဇာင္ယုဟြမ္ ရဲ႕အခ်စ္ေရးကို ဖိအားေပးေနတာ၊ ငါ့ကို ဆန္႔က်င္ဖို႔ သူက အားလုံးကို လုပ္ခဲ့တာ။ ငါ သူ႕ကို လႊတ္ေပးရင္ေတာင္ သူက ငါ့ကို လႊတ္ေပးမွာ မဟုတ္ဘူး”
“မင္း ဒီလို အ႐ႈံးေပးလိုက္လို႔ မရဘူး” သူ႕ေအးဂ်င့္ ကရပ္လိုက္သည္။
“မင္း လက္႐ွိအေျခအေနက ငါအတည္ျပဳၿပီးၿပီ။ မင္းကိုယ္ပိုင္ စတူဒီယို ေထာင္ခဲ့တာ ႏွစ္ႏွစ္႐ွိၿပီ။ မင္းက သ႐ုပ္ေဆာင္ေတြ အမ်ားႀကီးကို လက္မွတ္ထိုးေပးခဲ့ေပမဲ့ တကယ့္ကို ေအာင္ျမင္တဲ့ တစ္ေယာက္မွ မ႐ွိခဲ့ဘူး။ မင္းက အ႐ြယ္ရလာၿပီ၊ ေနာက္ၿပီး မင္းဒရမ္မာေတြကလည္း ေကာင္းမြန္တဲ့ ရလဒ္ေတြ ရခဲ့တယ္။ ဒါေပမဲ့ ႀကီးမားတဲ့ရလဒ္ကို ရဖို႔ေတာ့ မလုံေလာက္ခဲ့ဘူး။ ႏွစ္တိုင္းမွာ ဇာတ္လမ္းေတြ အမ်ားႀကီး ထြက္ၾကေပမဲ့ လူအမ်ားစုက ‘အခ်ိန္ခရီးသြားျခင္း’ကို လက္ခံၿပီးေတာ့ မင္းရဲ႕လူႀကိဳက္မ်ားမႈနဲ႔ တိုးတက္မႈေတြကို စစ္ေဆးသူေတြက ျမင္ႏိုင္ခဲ့တယ္။ လီဂ်င္းယြမ္ နဲ႔ မစၥတာဟုန္ တို႔ကဒါေတြကို ခိုးယူသြားမယ္လို႔ေတာ့ ငါမထင္ထားခဲ့ဘူး။ အခုခ်ိန္မွာ မစၥေဇာင္ နဲ႔သာအတူတူ ႐ွိေနႏိုင္ရင္ အနာဂတ္ကို ေသခ်ာေပါက္ စိုးရိမ္ေနဖို႔ လိုမွာမဟုတ္ေတာ့ဘူး…”
“ေ႐ႊေရာင္ ေကာင္ေလးနဲ႔ ေက်ာက္စိမ္း မိန္းကေလး၊ တကယ့္ကို ေကာင္းလြန္းတဲ့ အတြဲပဲ”
“မင္းနဲ႔ လီဂ်င္းယြမ္ တို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ ဟန္ေဆာင္ေနၾကတာကို ရပ္သင့္ၿပီ။ အဆုံးမွာ သူက ေမြးစားခံရတာပဲ၊ ေသြးသားလည္း မေတာ္စပ္ဘူး၊ ေနာက္ၿပီး ဘာအေမြမွလည္း မ႐ွိဘူး။ သူက ေက်ာ္ၾကားတာ တစ္ခုတည္း ႐ွိတယ္။ မင္းက သူ႕ကို အေႏွာင့္အယွက္ ေပးမယ္ဆိုရင္ေတာင္ သူက မင္းကို အမ်ားႀကီး ျပန္မလုပ္ႏိုင္ဘူး…”
“မစၥေဇာင္ လိုအမ်ိဳးသားေတြကို လႊမ္းမိုးႏိုင္တဲ့ မိန္းကေလးေတြကို ရသြားတာနဲ႔ အဆုံးမ႐ွိတဲ့ စိတ္ကူးယဥ္မႈေတြကိုေတာင္ ဖန္တီးလို႔ရတယ္”
သူ႕ေအးဂ်င့္ ကအဆုံးမ႐ွိ စကားေတြကို ဆက္ေျပာေနခဲ့သည္။
ဝမ္ေယာင္ခ်န္း ကထိုအရာေတြကို မွတ္ထားခဲ့သည္။ သူ႕ႏွလုံးသားထဲမွ ဒီကမ႓ာတြင္ သူ႕အတြက္ လိုက္ဖက္တဲ့သူက ေဇာင္ယုဟြမ္ ထက္တျခား မိန္းကေလး မ႐ွိႏိုင္ဘူးလို႔လည္း ခံစားေနရသည္။
“ငါ သူမကို ေတြ႕ၿပီး သူမစိတ္ကို ရေအာင္လုပ္မယ္” ဝမ္ေယာင္ခ်န္း ကေျပာလိုက္သည္။
သူ႕ေအးဂ်င့္ ကေခါင္းညိတ္လိုက္ၿပီးေနာက္ ျပဳံးလိုက္သည္။
“သတင္းေကာင္းကို ေမွ်ာ္ေနပါမယ္”
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ေဇာင္ယုဟြမ္ ကိုမေႏွာင့္ယွက္ႏိုင္တာကို ေတြးလိုက္ၿပီးေနာက္ ဝမ္ေယာင္ခ်န္း ကေအးေဆးသြားခဲ့သည္။
သူ ဝန္မခံခ်င္ေပမဲ့ ဒီႏွစ္ေယာက္မွာ ႀကီးမားသည့္ ျပႆနာေတြ ႐ွိေနတယ္လို႔ ခံစားရသည္။ သူတို႔ အတူတူ ႐ွိေနခ်ိန္တြင္ အရမ္းသတိထားမိသလို သူခံစားေနရသည္။
၃ နာရီ ၂၀ မိနစ္တြင္ ဝမ္ေယာင္ခ်န္း က ေဇာင္ယုဟြမ္ ေျပာခဲ့သည့္ လိပ္စာအတိုင္း သြားခဲ့သည္။ ဒါက… လက္ဖက္ရည္ဆိုင္ ျဖစ္သည္။
ဒီလက္ဖက္ရည္ဆိုင္က သီးသန္႔ဗီလာ ဧရိယာတြင္ ႐ွိၿပီး အရမ္းကို ေခ်ာင္က်သည့္ ေနရာျဖစ္သည္။ ဝမ္ေယာင္ခ်န္း ဝင္လိုက္ခ်ိန္တြင္ သူ႕မ်က္ေတာင္က လႈပ္႐ွားသြားသည္။
ေငြအသုံးမ်ားသည့္ လူထဲတြင္ သူ႕ကို ထည့္တြက္ႏိုင္သည္။ သို႔ေသာ္ ဒီေနရာမွာ႐ွိတဲ့ နယ္ေျမ တစ္လက္မေလးေတာင္ သူ မဝယ္ႏိုင္ေပ။ ဒီေနရာမွာ ေနတယ္လို႔ ေျပာလိုက္တာနဲ႔ အဲ့တစ္ေယာက္က ဘယ္ေလာက္ေတာင္ ခ်မ္းသာလဲဆိုတာ ေျပာႏိုင္သည္။
သူေဌးမေလး မစၥေဇာင္ ကတကယ့္ကို ဘယ္ေလာက္ေတာင္ ခ်မ္းသာေၾကာင္း ဝမ္ေယာင္ခ်န္း နားလည္သြားခဲ့သည္။ သူမက ေဇာင္မိသားစု ရဲ႕အေမြခံလည္း ျဖစ္သည္။
ထို႔ေနာက္ သူ႕လို ၾကယ္ပြင့္ေတြက သ႐ုပ္ေဆာင္မႈနဲ႔ ေထာက္ခံခ်က္ေတြေၾကာင့္ ခ်မ္းသာလာတာျဖစ္သည္။ ႏွစ္ဖက္လုံး ယွဥ္ၾကည့္လိုက္ရင္ သူ႕ဘက္ကေတာ့ လုံးဝကို မခ်မ္းသာသလိုပင္။
ထို႔ေနာက္ သူမ အိမ္ျပန္ေရာက္ခ်ိန္တြင္ ေဒါသႀကီးသည့္ လူႏွစ္ေယာက္နဲ႔ ေတြ႕ဆုံမႈကေန တားဆီးရမည္။
ဝိတ္တာက ဝမ္ေယာင္ခ်န္း အားအထဲဝင္ဖို႔ လမ္းၫႊန္လိုက္ၿပီးေနာက္ ေဇာင္ယုဟြမ္ ကအထဲတြင္ ထိုင္ေနတာကို ျမင္လိုက္ရသည္။
ေဇာင္ယုဟြမ္ ကသူ႕အား တစ္ခ်က္ေတာင္ ေမာ့မၾကည့္လာပဲ “ထိုင္”ဆိုၿပီး ေျပာလိုက္သည္။ ထို႔ေနာက္ ဝမ္ေယာင္ခ်န္း ထိုင္ဖို႔အတြက္ကို ေစာင့္ေနခဲ့သည္။
ေဇာင္ယုဟြမ္ ကလက္ဖက္ရည္ကို ေသာက္လိုက္ၿပီး ေခါင္းေမာ့ကာ ေမးလိုက္သည္။
“မစၥတာဝမ္ အခု ေျပာလို႔ရၿပီလား? လီဂ်င္းယြမ္ အေၾကာင္းကို?”
ေဇာင္ယုဟြမ္ က႐ိုက္ကူးေရးတြင္ မဟုတ္ခ်ိန္မွာ သူမက ခ်မ္းသာသည့္ မိသားစုမွ သမီးေလးလို႔ မျမင္ေပမဲ့လည္း အင္အားေတာင့္တင္းသည့္ ေဇာင္မိသားစုမွလည္း ျဖစ္ေၾကာင္းကို ဖုံးကြယ္ထားလို႔ မရႏိုင္ေပ။
သူမရဲ႕ တင္းမာမႈေၾကာင့္ သူမနဲ႔ မယွဥ္ႏိုင္ဘူးလို႔ ခံစားလိုက္ရသည္။ ဝမ္ေယာင္ခ်န္း ကသူ႕ပါးစပ္ကို ဟလိုက္ကာ တိုက္႐ိုက္ပဲ ေျပာလိုက္သည္။
“သူက မင္းကို ခ်စ္ေနတယ္”
ေဇာင္ယုဟြမ္ ကနည္းနည္း ႐ွက္သြားသလို ခံစားလိုက္ရသည္။ ဒီစကားလုံးေတြက နည္းနည္း ထူးဆန္းေနၿပီး တျခားသူထံမွ ထြက္လာတာလဲ ျဖစ္သည္။
သို႔ေသာ္ သူမက ႐ွက္တာကို ထုတ္မျပပဲ ပိုတည္ၿငိမ္သြားကာ ေခါင္းညိတ္လိုက္သည္။
“အို၊ ဒါလား? ႐ွင္ သူ႕အေၾကာင္းကို ဘာေျပာခ်င္တာလဲ?”
သူမရဲ႕ မေျပာင္းလဲသည့္ အသြင္အျပင္ကို ဝမ္ေယာင္ခ်န္း ျမင္လိုက္ၿပီး လီဂ်င္းယြမ္ သူ႕အား ေျပာခဲ့သည့္ အရာအားလုံးကိုသာ ေျပာႏိုင္ေတာ့သည္။
ေဇာင္ယုဟြမ္ ကခဏေလာက္ ေတြးေနၿပီးေနာက္ သူမအိတ္ထဲမွ ကဒ္တစ္ကဒ္ကို ထုတ္လိုက္ကာ ဝမ္ေယာင္ခ်န္း အေ႐ွ႕သို႔ တြန္းလိုက္သည္။
“မစၥတာဝမ္၊ ႐ွင့္လက္ေမာင္း က်ိဳးမလိုျဖစ္သြားေအာင္ သူလုပ္ခဲ့တယ္။ သူ႕အတြက္ ကြၽန္မကပဲ အရင္ဆုံး တာဝန္ယူေပးပါမယ္။ ဒါက ႐ုပ္ပိုင္းနဲ႔ စိတ္ပိုင္းဆိုင္ရာေတြ အတြက္ပါ။ ဒီအရာေတြကို ကြၽန္မကို ေျပာျပေပးလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္”
ဒါေတြက ဝမ္ေယာင္ခ်န္း ရဲ႕ေမွ်ာ္လင့္ခ်က္ေတြကို ႐ိုက္ခ်ိဳးလိုက္သည္။ ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ရဲ႕တစ္ဖက္ျခမ္းကို ခန္႔မွန္းမိၿပီးသားဆိုတာ သူဘယ္လို သိခဲ့မွာလဲ?
“မင္း စိတ္မဆိုးဘူးလား?”
ေဇာင္ယုဟြမ္ ကေတြးလိုက္သည္။ စိတ္ဆိုးတာ?
ငါ ေသေလာက္ေအာင္ စိတ္ဆိုးတာေပါ့။
ငါအခ်ိန္အေတာ္ၾကာ ပ်ိဳးေထာင္လာခဲ့တဲ့ ဇာတ္လိုက္ကာ မူလဇာတ္ေၾကာင္းကို စြန္႔ပစ္ၿပီးေတာ့ ငါ့ကို စႀကိဳက္လာမယ္လို႔ ငါက ဘယ္လိုလုပ္သိမွာလဲ?
ဒါက ဇာတ္လိုက္မက ငါ့ကို အလိုလိုေနရင္း မုန္းတီးလာဖို႔ ျဖစ္လာမွာပဲ မဟုတ္ဘူးလား?
ေနာက္ၿပီး လီဂ်င္းယြမ္ ကိုယ္တိုင္ကပဲ ဒါကို လုပ္ေနခဲ့တာ!
WeChat ကစာေတြကို ဖ်က္ခဲ့ၿပီး သတင္းေထာက္ေတြကို ဓာတ္ပုံ႐ိုက္ခြင့္ျပဳခဲ့ၿပီး အင္တာဗ်ဴးမွာလည္း သူကိုယ္တိုင္ ထုတ္ေျပာခဲ့တယ္…
ငါအရမ္းကို ရယ္ခ်င္ေနတယ္!
ဒါေပမဲ့ ငါဘယ္ေလာက္ပဲ ရယ္ခ်င္ေနပါေစ မင္း*အလုပ္ေတာ့ မဟုတ္ဘူး။
ေဇာင္ယုဟြမ္ ကသူမဘဝ ႏွစ္ခုလုံးတြင္ သက္ေတာင့္သက္သာစြာ ေနထိုင္ခဲ့သည္။ သူမက ထုတ္မျပေပမဲ့ သူမစိတ္ကေတာ့ အေတာ္ေလး ဆိုး႐ြားလာခဲ့သည္။ အထူးသျဖင့္ သူမမိသားစုဝင္ေတြဆီက ကာကြယ္ခံေနရတာပဲ။
အထူးသျဖင့္ စာအုပ္ထဲမွာသာ႐ွိတဲ့ သူမေဘးက လူေတြကို ခြဲထုတ္ၿပီး သူမခံစားခ်က္ေတြကို အစစ္လို ခံစားလာရေစဖို႔နဲ႔ သူမရဲ႕စိတ္အေျခအေနကို ပိုေကာင္းလာဖို႔ပဲ လုပ္ခ်င္သည္။
လီဂ်င္းယြမ္ ကဘာပဲျဖစ္ေနပါေစ ဒါက သူတို႔ႏွစ္ေယာက္ၾကားက ကိစၥပဲ။ ေနာက္ၿပီး ဝမ္ေယာင္ခ်န္း ရဲ႕ကိစၥလည္း မဟုတ္ဘူး။
“ယုဟြမ္၊ ဒီကဒ္ကို မင္းျပန္ယူလိုက္ပါ။ ဒီလိုကုသစရိတ္ေတြ ကိုယ္မလိုအပ္ပါဘူး။ ကိုယ္က မင္းကို ဂ႐ုစိုက္တယ္ဆိုတာကိုသာ ႐ိုး႐ိုးသားသားနဲ႔ ေျပာျပခ်င္႐ုံပါပဲ။ လီဂ်င္းယြမ္ နဲ႔ မစၥတာဟုန္ တို႔က ကိုယ့္ကို တားဆီးေနတဲ့ အေစာင့္ေခြးေတြလို႔ပဲ…” ဝမ္ေယာင္ခ်န္း ကခါးသီးစြာ ျပဳံးလိုက္သည္။
“ဒါေပမဲ့ ကိုယ္ မင္းကို ေျပာခ်င္တာက ကိုယ္ မင္းကို တကယ္ပဲ သေဘာက်ၿပီး မင္းကို ပိုးပန္းခ်င္တာ”
ေဇာင္ယုဟြမ္ ကကဒ္ကို ျပန္ယူလိုက္သည္။ သူမလိုခ်င္ရင္ ရတယ္။ သူမ ေငြအကုန္သက္သာတာေပါ့။ အနာဂတ္မွာ သူမအစ္ကိုအတြက္ ေဘာပင္အသစ္ ဝယ္ေပးဖို႔ သုံးလို႔ရတယ္။ အဲ့ေဘာပင္က သုံးလာတာ ၾကာၿပီ၊ ေျပာင္းသင့္ေနၿပီ။
ေဇာင္ယုဟြမ္ ကလက္ထဲတြင္ ကဒ္ကိုကိုင္လိုက္ကာ ေခါင္းေမာ့ကာ ေျပာလိုက္သည္။
“ဒါဆို ကြၽန္မလည္း ႐ွင့္ကို ေျပာခ်င္တယ္၊ မစၥတာဝမ္။ ႐ွင့္မွာလည္း အစီစဥ္ေတြ အမ်ားႀကီး ႐ွိတာပဲ။ အဲ့လိုလူမ်ိဳးကို ကြၽန္မ သေဘာမက်ဘူး…”
“႐ွင္တို႔ ႏွစ္ေယာက္က အတူတူပဲလား? သူက ကြၽန္မေမာင္ေလး။ ႐ွင္က ကြၽန္မေမာင္ေလးလား?” ေဇာင္ယုဟြမ္ ရဲ႕စိတ္႐ွည္မႈက ကုန္ဆုံးသြားခဲ့သည္။
“သူက မင္းေမာင္ေလးမို႔လို မင္းက သူ႕ကို က်ဴးလြန္ၿပီး သူ႕ရဲ႕အခ်စ္ေတြနဲ႔ မထိန္းခ်ဳပ္ထားတဲ့ ဝန္ခံခ်က္ေတြကို လက္ခံေပးမွာလား?” ဝမ္ေယာင္ခ်န္း ကထုတ္ေျပာလိုက္သည္။
“ဒါဆို မင္းက ႐ွင္သန္မႈကို ဆန္႔က်င္ေနတာပဲမလား?”
လီဂ်င္းယြမ္ ကသူမကို က်ဴးလြန္တာနဲ႔ လီဂ်င္းယြမ္ ကိုလက္ခံေပးတာက တူေနတယ္လို႔ ဘယ္သူက ေျပာလို႔လဲ?
ဒီလူက တကယ့္ကို ျပႆနာေတြ႐ွိတာပဲ။
21.6.2021 (Mon)
………………………..
[text_hash] => fbf74ff1
)