Array
(
[text] =>
Unicode
တစ်ဖက်မှ လီဂျင်းယွမ် ရဲ့အသံက ထွက်လာခဲ့သည်။
“အခု ဟွမ်ဟွမ် ကဘာလုပ်နေလဲ?”
“ဟုန်ချန်းမင်း ရဲ့ကုမ္ပဏီမှာ”
လီဂျင်းယွမ် ရဲ့အမူအရာက ပြောင်းလဲသွားပြီး ချောင်းဆိုးလိုက်ကာ ထိုအမူအရာကို ချက်ချင်းပြောင်းလိုက်ပြီး ရယ်လိုက်သည်။
“အို၊ ဟုန်ချန်းမင်း နဲ့အတူရှိနေလို့ အရမ်းပျင်းနေရတာလား? ဒါ့ကြောင့် ကိုယ့်ကို ခေါ်လိုက်တာပေါ့?”
ဇောင်ယုဟွမ် ကမျက်လုံးပြူးသွားသည်။
သူမဘယ်လို ပြန်ဖြေရမလဲ?
ဟုတ်တယ်လို့ ပြောလိုက်ရင် ဒါက သူတို့နှစ်ယောက်ကြားမှာ အနှောင့်အယှက် ဖြစ်သွားမလား?!
ဟုန်ချန်းမင်း ကအရမ်းပျင်းဖို့ကောင်းလို့ လီဂျင်းယွမ် ကိုသတိရမိသွားတယ်လို့ ဖြစ်သွားမှာပေါ့။
“မဟုတ်ပါဘူး”
“အို၊ ဒါဆို ဟွမ်ဟွမ် ကကိုယ့်ကို သတိရလို့ ခေါ်လိုက်တာပေါ့”
လီဂျင်းယွမ် ကခေါင်းငုံ့လိုက်ပြီး ဖုန်းကို တင်းကြပ်စွာ ဆုပ်လိုက်သည်။ သူ့အသံက ပိုတောင်တိုးသွားပြီး တစ်ဖက်မှ လူတစ်ယောက်တည်းသာ ကြားအောင်ပြောလိုက်သည်။
“ကိုယ်ပျော်လို့ သေတော့မယ်”
သူ့အသံက တိုးလိုက်ပြီးနောက် ဇောင်ယုဟွမ် ရဲ့နားထဲသို့ လျှပ်စစ်စီးသွားသလို ဝင်ရောက်သွားပြီး သူမနားစည်ကိုတောင် ထုံထိုင်းသွားစေသည်။
ဇောင်ယုဟွမ် ကပြောစရာ စကားမဲ့သွားပြီး ဖုန်းတောင်လွတ်ကျတော့မလို ဖြစ်သွားခဲ့သည်။ သို့သော် သူမ မလွှတ်ချမိသေးပေ။
လီဂျင်းယွမ် ရဲ့စနောက်သည့် အပြုအမူတွေကို သူမက အရမ်းသတိထားသလို ဖြစ်နေမိမှာကို ကြောက်နေမိသည်။
တကယ့်ကို ဇာတ်လိုက်ပါပဲ!
နောက်ပြီး သူမ ဘယ်လိုပဲပြန်ဖြေပါစေ ဒါက မှားနေမှာပဲ!
ဇောင်ယုဟွမ် ကအလျင်အမြန်ပင် စကားပြောင်းလိုက်သည်။
“ဂျင်းယွမ် ဒီနေ့ လုပ်စရာတွေ ရှိသေးတယ်မလား? အလုပ်ကို အရင်လုပ်လိုက်။ အင်တာနက်က အကြောင်းတွေက ရှင့်ကို အနှောင့်အယှက် မဖြစ်စေတာကို ခုတော့သိသွားရလို့ အဆင်ပြေသွားပြီ”
လီဂျင်းယွမ် ကခေါင်းညိတ်ကာ ပြောလိုက်သည်။
“အင်း၊ ကိုယ်အခု အင်တာဗျူးဖြေနေတာ”
“အခုလား?” ဇောင်ယုဟွမ် ကထိတ်လန့်သွားသည်။
“ဒါဆို ရှင်ဖုန်းကိုင်ပြီး ဘယ်နေရာမှာ ပြောနေတာလဲ?”
လီဂျင်းယွမ် ကတိတ်ဆိတ်စွာဖြင့် အသက်ရှူသွင်းလိုက်ပြီး သူ့အသံအား တည်ငြိမ်အောင် လုပ်လိုက်ကာ ပြောလိုက်သည်။
“စင်ပေါ်မှာ”
စင်ပေါ်မှာ?
မီဒီယာတွေ အရှေ့မှာ?
သူမဖုန်းခေါ်တာကို ကိုင်တယ်?
ဇောင်ယုဟွမ် ရဲ့ဦးနှောက်ထဲတွင် အချက်ပေး ခေါင်းလောင်းက မြည်သွားခဲ့သည်။
ထိပ်ဆုံးရှာဖွေမှုက ရှုပ်ထွေးချက်တွေက သူ့အတွက် မလုံလောက်သေးလို့လား?
လီဂျင်းယွမ် ကငွေအတွက်နဲ့ ဖျော်ဖြေရေး လောကကို ဝင်ခဲ့တာ မဟုတ်လောက်ဘူးလို့ ဇောင်ယုဟွမ် သံသယတောင်ဝင်မိသွားသည်။
ဒီလူက ထင်ရာလုပ်ဖို့၊ သူ့အရည်အချင်းတွေ ထုတ်ပြဖို့၊ လူအများအပြားကို နင်းတက်ဖို့၊ နောက်ပြီး သူလုပ်ချင်တာ မှန်သမျှကို စိတ်တိုင်းကျ လုပ်နိုင်ဖို့ ဝင်ခဲ့တာလို့ သူမ ထင်လိုက်မိသည်။
“ဟွမ်ဟွမ်၊ မနက်ဖြန်မှ တွေ့ကြမယ်”
လီဂျင်းယွမ် ကပြောလိုက်သည်။ ထို့နောက် ထပ်ပေါင်းပြောလိုက်သည်။
“ရာသီဥတုက နွေးနေပေမဲ့ အဝတ်ပါးပါးလေးတွေ မဝတ်သင့်ဘူး။ အအေးမမိစေနဲ့ဦး”
ဇောင်ယုဟွမ် ကပြန်ဖြေလိုက်သည်။ “အင်း…”
လီဂျင်းယွမ် ကပြောလိုက်သည်။ “ဟွမ်ဟွမ် ဖုန်းချလိုက်လေ”
ဇောင်ယုဟွမ် ကတောင့်တင်းစွာဖြင့် ဖုန်းချလိုက်သည်။
ဇောင်ယုဟွမ် ဖုန်းချပြီးချိန်မှ လီဂျင်းယွမ် ကသူ့ဖုန်းကို ပိတ်လိုက်သည်။ ထို့နောက် သူ့ခေါင်းကို ထပ်ငုံ့လိုက်ပြီးနောက် မိုက်ကို ပြန်ပြင်လိုက်သည်။
သူ့လက်ချောင်း သွယ်လေးတွေနဲ့ သူ့ကော်လာကို ပြင်လိုက်သည်။ သူ့ခေါင်းကို မော့လိုက်ချိန်တွင် နူးညံ့ပြီး ကျက်သရေရှိသည့် သခင်ငယ်လေးလို ပြန်ဖြစ်သွားခဲ့သည်။
“တောင်းပန်ပါတယ်၊ အချိန်ကြာသွားစေမိပြီ”
“ပြဿနာမရှိပါဘူး” အသံတွေက ထွက်လာခဲ့သည်။
ဒီလိုအချိန်လေး နည်းနည်းကုန်တာကို ဘယ်သူက ဂရုစိုက်မှာလဲ?
သူတို့အင်တာဗျူးနေတဲ့လူက ကင်မရာရှေ့မှာပဲ ထုတ်ပြလိုက်ပြီ။
အခုတော့ ပုံတွေနဲ့အတူ လူတွေအာရုံစိုက်နိုင်တဲ့ သတင်းတွေကို ရေးလို့ရသွားပြီ။
သူတို့က ဘာမကျေနပ်စရာ ရှိလို့လဲ?
လီဂျင်းယွမ် နဲ့အတူလာခဲ့သည့် ရှိုးပွဲအဖွဲ့ဝင်တွေသာ မပျော်ရွှင်တာဖြစ်သည်။ သူတို့က သေလောက်အောင် မနာလိုဖြစ်နေကြသည်။
သို့သော် လီဂျင်းယွမ် ကထိုနေရာတွင် မရပ်ခဲ့ပေ။ သူက ထပ်ပြုံးလိုက်ပြီး ပိုပြီးလိုက်လျောစွာ ပြောလိုက်သည်။
“အလယ်တန်းကျောင်း ပထမနှစ်တုန်းက ကျွန်တော် အတန်းတက်နေတုန်း ဟွမ်ဟွမ် ကရုတ်တရက် ဗိုက်အောင့်ခဲ့သေးတယ်။ သူမက စာပို့ခဲ့ပေမဲ့ အဲ့အချိန်တုန်းက ကျွန်တော် သတိမပြုမိခဲ့ဘူး။ အဲ့အချိန်တည်းက သူမအတွက် သီးသန့်ဖုန်းသံကို ထားခဲ့တာ။ နောက်ပြီး ဖုန်းကိုဘယ်တော့မှ အသံလည်း မပိတ်ထားတော့ဘူး။ မဟုတ်ရင်…”
သတင်းထောက်က ချက်ချင်းပင် တက်ကြွးသွားကာ လီဂျင်းယွမ် ရဲ့ပုံတွေကို ရိုက်ယူပြီး တခြားမေးခွန်းတွေကို စတင်မေးလိုက်သည်။
သို့သော် လီဂျင်းယွမ် ကသူ့လက်ကို မြှောက်လိုက်ပြီး သူတို့ကို ခဏနေဖို့ ပြောလိုက်သည်။
“တခြားသူတွေရဲ့ အချိန်တွေကို ကျွန်တော် ဖြုန်းဖို့မရည်ရွယ်ပါဘူး။ လူတိုင်းက သိချင်နေကြမယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဘယ်အရာကိုမှလည်း ကျွန်တော် ဖုံးကွယ်မထားချင်ပါဘူး။ ဒါ့ကြောင့် အရာအားလုံးကို ရှင်းပြနိုင်ဖို့ ကျွန်တော့်ကို အချိန်အနည်းငယ် ပေးပါ…”
“ကျွန်တော်က မိဘမဲ့ပါ” လီဂျင်းယွမ် ကပြောလိုက်သည်။
“ဟွမ်ဟွမ် ရဲ့မိသားစုဖြစ်တဲ့ ဒင်မိသားစုကနေ ကျွန်တော့်ကို မွေးစားခဲ့တာ။ ဟွမ်ဟွမ် နဲ့အတူတူ ကြီးပြင်းလာခဲ့တာ။ မိဘမဲ့ဖြစ်တာနဲ့ သနားဖို့ကောင်းတယ်၊ ကြောက်စရာကောင်းတဲ့ စိတ်ခံစားချက်တွေ၊ ခိုးတက်ဖွက်တက်တာမျိုးတွေ ဘာမှမရှိပါဘူး။ ကျွန်တော့်ကို လူကောင်းတစ်ယောက် ဖြစ်လာစေဖို့အတွက် ဒီအရာတွေက အကျိုးသက်ရောက်မှု မရှိပါဘူး”
“သေချာပေါက်ကို ဒါတွေအားလုံးက ဟွမ်ဟွမ့် ကြောင့်ပါပဲ” လီဂျင်းယွမ် ရဲ့အကြည့်က ညင်သာသွားသည်။
စကားလုံးတိုင်းကို သူ့နှလုံးသားမှ ပြောခဲ့သည်။ အခုတော့ သူ့နှလုံးသားထဲက စကားလုံးတွေကိုသာ သူပြောရဲသည်။
“ဟွမ်ဟွမ် သာမရှိရင် လက်ရှိ လီဂျင်းယွမ် ဆိုတာ ရှိနိုင်မှာ မဟုတ်ဘူး။ ဒီအကြောင်းကို စဉ်းစားကြည့်။ မင်းမှာသာ နူးညံ့တယ်၊ ချစ်စရာကောင်းတယ်၊ ဉာဏ်ကောင်းပြီး ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ မနက်ခင်း နေရောင်ခြည်လို နွေးထွေးတဲ့ မိန်းကလေးမျိုး ကလေးဘဝတည်းက ဘေးနားမှာသာ ရှိနေခဲ့ရင် သူမအတွက် ပြီးပြည့်စုံတာတွေပဲ မပေးချင်ဘူးလား? သူမကို ဂရုစိုက်ပေးပြီး ပိုသန်မာဖို့တောင် ဆန္ဒမရှိနိုင်ဘူးလား?”
သတင်းသမားတွေက ပေါက်ကွဲထွက်လာကြသည်။
လီဂျင်းယွမ် အခုပြောနေတာက သူ့ဘဝက ဇောင်ယုဟွမ် အပေါ်မှာပဲ တည်ရှိနေတယ်လို့ ပြောခဲ့တာမလား?
“လီဂျင်းယွမ် နဲ့ပြောနေတာလား?” ဟုန်ချန်းမင်း ရဲ့အသံက ထွက်လာခဲ့သည်။
ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်သည်။
“အင်း၊ သူ့လက်ရှိ အခြေအနေကို မေးကြည့်တာ”
ဟုန်ချန်းမင်း ကပါးစပ်ဟလိုက်ပြီး မထိန်းချုပ်နိုင်ပဲ မေးလိုက်သည်။
“ဘာကြောင့် သူက ဟွမ်ဟွမ် စိုးရိမ်ပေးမှာ လိုအပ်ရတာလဲ?”
သူ့အသံက ထူးဆန်းနေပြီး သူ့ပုံမှန်စတိုင်နဲ့ လုံးဝကိုကွဲပြားနေသည်။
ဇောင်ယုဟွမ် ကစွံ့အသွားသည်။
“… ဟွမ်ဟွမ် ကမေးဖို့လိုအပ်လို့ပါ”
ဟုန်ချန်းမင်း ကဒီအကြောင်းကို ဆက်မပြောနိုင်ပဲ သူ့အတွေးထဲတွင်သာ နှစ်မြှုပ်နေခဲ့သည်။ သူထိုင်ချလိုက်တာနဲ့ ဒီအလုပ်မှာပဲ အာရုံစိုက်မိတာကိုသာ သူဒေါသထွက်မိသည်။ ဟုန်ချန်းမင်း ကနံရံက နာရီကို ကြည့်လိုက်သည်။ ဒါက သိပ်မစောတော့ပေ။
“နေ့လည်စာ စားချင်လား?”
“အင်း၊ သေချာတာပေါ့”
ဟုန်ချန်းမင်း ကသူ့အိတ်နဲ့ ဂျက်ကဒ်ကို ဆွဲလိုက်ပြီး ဇောင်ယုဟွမ် နဲ့အတူ လျှောက်ထွက်လာခဲ့သည်။ လမ်းလျှောက်ရင်း ပါပါရာဇီတွေက သူတို့အတူတူ ရှိနေမဲ့ပုံကို ဘယ်လိုရိုက်မလဲဆိုတာ သိချင်နေမိသည်။
ဇောင်ယုဟွမ် နဲ့ ဟုန်ချန်းမင်း တို့ကအကြည့်တွေအောက်မှ အတူတူ လျှောက်ထွက်လာခဲ့သည်။ ကုမ္ပဏီတစ်ခုလုံးက သူတို့အကြောင်းကို လျှို့ဝှက်စွာ ဆွေးနွေးနေခဲ့ကြသည်။
“မစ္စတာဟုန် ကလည်း မွေးစားခံခဲ့ရတာ ဖြစ်နိုင်လား?”
“အဲ့လိုတော့ သိပ်မတူသလိုပဲ”
“မစ္စဇောင် ရဲ့မိသားစုက လီဂျင်းယွမ် လိုနတ်ဘုရားကို မွေးစားဖို့ တကယ့်ကို အမြော်အမြင်ရှိတာပဲ”
“ငါ အရမ်းကို မနာလိုဖြစ်တယ်။ မနေ့က လီလေးနဲ့ စားတယ်၊ ဒီနေ့ကျတော့ မစ္စတာဟုန်နဲ့ စားတယ်၊ အားးး။ သေချာပါပြီ၊ ကြည့်ကောင်းတဲ့လူတွေက ကြည့်ကောင်းတဲ့လူတွေပဲ ဝိုင်းနေတာပဲလား?”
“ပြောမနေနဲ့တော့။ ငါ အလုပ်ကြိုးစားရမယ်၊ ဘိုင်”
ဒီစကားတွေကို ဇောင်ယုဟွမ် ကမကြားပဲ ဘယ်နေပါ့မလဲ? သူမက ဟုန်ချန်းမင်း နဲ့အတူ ထွက်လာခဲ့ပြီး စားသောက်ဆိုင်တွင် နေ့လည်စာ စားခဲ့သည်။ ဟန်ယင်ယင် ကဖုန်းခေါ်ခဲ့သည်။
“ဒီနေ့ ငါတို့နဲ့ချိန်းထားတာကို ဖျက်လိုက်တာ အံ့ဩစရာမရှိတော့ပါဘူး။ ပါပါရာဇီတွေရဲ့ တားဆီးခံရမှာကို ကြောက်နေလို့မလား?” ဟန်ယင်ယင် ကပြောလိုက်သည်။
“အင်း၊ ပါပါရာဇီတွေက တကယ့်ကို အနှောင့်အယှက်ပေးတယ်”
ဇောင်ယုဟွမ် က ဟုန်ချန်းမင်း နဲ့အတူတူ စားသောက်တာကြောင့်လို့ မပြောပေ။ သူမ ပြောလိုက်ရင် အကုန်လုံးကို ရှင်းပြရလိမ့်မည်။
“အို၊ နင်နဲ့ ဝမ်ယောင်ချန်း ကကော ဘယ်လိုလဲ? မကြာခင်က… နင်တို့နှစ်ယောက် ဆက်ဆံရေး မကောင်းဘူးလို့ သတင်းမှာ တွေ့ခဲ့ရတယ်”
ဇောင်ယုဟွမ် ကတူကို ကိုက်လိုက်ပြီး ငုံ့ကြည့်လိုက်ကာ ဟန်ယင်ယင် ကိုပြောလိုက်သည်။
“အစတုန်းက သူက အဆင်ပြေပါတယ်။ သူ့လူမှုရေး၊ အသွင်အပြင်တွေ အားလုံးက ကောင်းပါတယ်။ ဒါပေမဲ့ သူက လီဂျင်းယွမ် နဲ့အဆင်မပြေဖြစ်ပြီး နောက်တော့ ဟုန်ချန်းမင်း နဲ့။ ဒါက အလုပ်မဖြစ်ဘူး…”
တစ်ဖက်မှ ဟန်ယင်ယင် ကရပ်သွားပြီး ဘာပြောရမှန်း မသိတော့ပေ။ သူမတိတ်သွားတာကို ဇောင်ယုဟွမ် ကသတိပြုမိတာကြောင့် ထပ်ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ? ဘာပြောချင်လို့လဲ? ငါ့ကို အယုံသွင်းချင်လို့လား?”
“အယုံမသွင်းပါဘူး။ နင် သူ့ကို ဘယ်လောက် သဘောကျလဲ၊ အဲ့လူက သင့်တော်လားဆိုတာ နင့်ဘာသာ ရှင်းလင်းအောင် လုပ်သင့်တယ်။ နင်ကသာ ဒိတ်မှာလေ၊ ငါမှ မဟုတ်တာ။ အစက လီလေးနဲ့ ပြဿနာဖြစ်ပြီးတော့ ဟုန်လေး နဲ့ပြဿနာဖြစ်ခဲ့တယ်လို့ ပြောတယ်နော်။ ဒါက ဝမ်ယောင်ချန်း ရဲ့အမှားမဟုတ်ဘူးလို့ နင်ထင်လား?”
“ဘာကိုပြောချင်တာလဲ?” ဇောင်ယုဟွမ် ကသေချာဝါးရင်း ပြောလိုက်သည်။
ဟုန်ချန်းမင်း ကသူ့နာမည်ကို ကြားလိုက်ချိန်တွင် ဇောင်ယုဟွမ် အပေါ်မှာသာ အာရုံစိုက်နေခဲ့သည်။ သို့သော် ဇောင်ယုဟွမ် ကဘယ်သူနဲ့ ပြောနေလဲဆိုတာ စိတ်မဝင်စားပေ။ သူမနှုတ်ခမ်းကိုသာ စိုက်ကြည့်နေခဲ့သည်။
သူမအတွက် သူမှာပေးထားသည့် စွတ်ပြုတ်ကို သောက်လိုက်ချိန်တွင် စွတ်ပြုတ်အရည်ကြောင့် သူမနှုတ်ခမ်းက တောက်ပသွားသည်။
သူမနှုတ်ခမ်းက စကားပြောလိုက်ချိန်တွင် အနည်းငယ် ကွဲသွားပြီး ဖြူဖွေးသည့် သွားလေးတွေကို မြင်နေရသည်။
စကားပြောနေစဉ် တူကို ကိုက်လိုက်ပြီး သွားကြားထဲမှ ပန်းရောင်လျှာလေးကို မြင်နေရသည်။ ရုတ်တရက် ခံစားချက်တွေက မြင့်တက်လာသလို ဟုန်ချန်းမင်း ခံစားလိုက်ရသည်။ ဒါက မကောင်းဘူးလို့ သူ့ဘာသာ ပြောလိုက်သည်။
သို့သော် တူရကီမှာတည်းက သူ့စိတ်တွေက ပွင့်ထွက်လာခဲ့သည်။ သူ့အတွေးအားလုံးက တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီး အရှိန်မထိန်းနိုင်တဲ့ မြင်းရိုင်းတစ်ကောင်လို့ ဖြစ်လာခဲ့သည်။ အခုလိုပဲ။
အပြင်ဘက်တွင် ဟုန်ချန်းမင်း ကတည်ငြိမ်နေပုံ ပေါ်နေပေမဲ့ အတွေးတွေကတော့ ဗြောင်းဆန်နေသည်။
သူ့ရှေ့က ကောင်မလေးကို တွန်းပြီး တူနဲ့လက်ထဲက ဖုန်းကိုဖယ်ထုတ်ကာ စွတ်ပြုတ်သောက်ထားသည့် ပါးစပ်ထဲက ချိုမြိန်သည့် အရသာကို ခံစားရင်း သူမနှုတ်ခမ်းတွေကို စုတ်ချင်သည်။
အမြဲတမ်း သူ့နာမည်ကိုပဲ သူမပါးစပ်ကနေ ပြောနေစေချင်သည်။
ဟန်ယင်ယင် ကဆက်ပြောလိုက်သည်။
“နင့်ကို မဒိတ်ချင်တဲ့ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကြောင့်လို့ မထင်ဘူးလား?”
“ငါသိတယ်” ဇောင်ယုဟွမ် ကပြောလိုက်သည်။
“နင်သိတယ်?”
“အင်း၊ အရင်က ဟုန်ချန်းမင်း ငါ့ကို ပြောဖူးတယ်”
ဟန်ယင်ယင် ကထိတ်လန့်သွားသည်။
“ဒါဆို နင်… ဒါဆို နင် တစ်ခုခု မှားနေတယ်လို့ မထင်ဘူးလား?”
ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ကိုမော့ကြည့်လိုက်သည်။
ဟုန်ချန်းမင်း ကသူမကို စိုက်ကြည့်နေခဲ့သည်။ ဖုံးကွယ်ထားသည့် လောင်ကျွမ်းနေတဲ့ အကြည့်တွေနဲ့ ချိတ်ဆက်သွားခဲ့သည်။
ဇောင်ယုဟွမ် ကအေးခဲသွားပြီး မျက်လုံးချင်းဆုံသွားတာကို ချက်ချင်း လွှဲလိုက်ပြီး ဟုန်ချန်းမင်း အကြည့်မှ ရှောင်လိုက်သည်။ ထို့နောက် ဟန်ယင်ယင် နဲ့စကားဆက်ပြောလိုက်သည်။
“ဘာမှမမှားပါဘူး။ ငါ ဒိတ်မဲ့အကြောင်းကို ဝမ်းကွဲသိသွားတော့ အစက သူတောင် မပျော်ခဲ့ဘူးလေ”
“ဒါက မတူဘူးလေ…” ဟန်ယင်ယင် ကသူမနှုတ်ခမ်းကို ကိုက်လိုက်သည်။
“နင်နဲ့ လီဂျင်းယွမ် တို့အတူတူ စားသောက်တဲ့ ပုံတွေကို ငါတို့အားလုံး မြင်ပြီးသွားပြီ။ အဲ့ပုံတွေကနေ သူတို့တွေ တစ်ခုခု… ထူးဆန်းနေတယ်လို့… မထင်ဘူးလား…”
သူမ ခံစားမိသည်။ ဇောင်ယုဟွမ် ကစိတ်ထဲတွင် တွေးနေခဲ့သည်။ သို့သော် တခြားသူတွေကို သူမက ထုတ်မပြောချင်ပေ။
သူမ မှားနေရင် လီဂျင်းယွမ် ရဲ့ပုံရိပ်ကို သူမက ဖျက်ဆီးမိသွားမှာမလား?
ဇောင်ယုဟွမ် ကခေါင်းခါပြီးသာ ပြောလိုက်သည်။
“ထူးဆန်းတာ မရှိပါဘူး”
နောက်ဆုံးတော့ ဟန်ယင်ယင် ကသက်ပြင်းချလိုက်သည်။
“သူတို့က နင့်ကို အရမ်းချုပ်ချယ်တယ်လို့ မခံစားရဘူးလား? ပထမဆုံးအနေနဲ့ နင်နဲ့ ဝမ်ယောင်ချန်း ကသတင်းထွက်ပြီးတော့ နင်နဲ့ လီဂျင်းယွမ် တို့ညစာစားတဲ့ပုံ ထွက်လာတယ်… ဒါက သတိပြုစရာပဲ။ နင်တို့က မိသားစုဆိုရင်တောင် ဒါကြီးက အရမ်းများလွန်းတယ်လေ။ ဝမ်ယောင်ချန်း မဟုတ်ရင်… တခြားသူတွေ ရှိနေသေးတယ်လေ။ ဖျော်ဖြေရေး လောကတစ်ခုတည်းမှာတင် မော်ဒယ်လ်တွေ၊ အနုပညာရှင်တွေနဲ့ ထိပ်တန်းကျောင်းသား၊ ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေ ရှိတာပဲလေ… နင်ရွေးနိုင်တဲ့ လူတွေအများကြီး ရှိတာပဲ။ နင် တကယ်ပဲဒိတ်ချင်ရင် ကောင်းတဲ့ လူတစ်ယောက်နဲ့ ငါမိတ်ဆက်ပေးမယ်…”
ဇောင်ယုဟွမ် ကထိုစကားကို ကြားလိုက်ချိန်တွင် စိတ်ဝင်စားသွားပြီး အရင်တုန်းက ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ပြောခဲ့တာတွေက သူမခေါင်းထဲက ထွက်သွားခဲ့သည်။
သူမ ကိုယ်ပိုင်လိုအပ်ချက်၊ ဒါမှမဟုတ် လက်ရှိအခြေအနေနဲ့ သူမဘဝရဲ့ နောက်တစ်ဆင့်က ဒိတ်သင့်တဲ့အဆင့်လို့ ဇောင်ယုဟွမ် ကခံစားနေရသည်။
“အိုကေ” ဇောင်ယုဟွမ် ကသဘောတူလိုက်ရင်း စိတ်ဝင်စားစွာဖြင့် မေးလိုက်သည်။
“ဥပဒေပိုင်းမှာ ရှိလား?”
“ဆေးပိုင်းမှာတောင် ရှိသေးတယ်။ အဖြူရောင် ကုတ်လေးနဲ့ ခြေတံရှည်လေးနဲ့ အရမ်းချောတာနော်။ နင် ကြိုက်လား?”
ဟန်ယင်ယင် ကပျော်ရွှင်စွာ ပြောလိုက်သည်။
“၁.၈ မီတာအောက်တော့ မဖြစ်ရဘူး”
“နင်လိုချင်ရင် ၁.၉ မီတာကျော်တာတောင် ရှိသေးတယ်”
ဟုန်ချန်းမင်း ကသူ့အသိကို ပြန်ရသွားခဲ့ပြီး ခံစားချက်တွေကို ဖိနှိပ်လိုက်သည်။ ထို့နောက် ဇောင်ယုဟွမ် ပြောတာကို ကြားလိုက်ရသည်။
“၁.၈ မီတာအောက်တော့ မဖြစ်ရဘူး”
ဘယ်သူ မဖြစ်ရတာလဲ?
ဟုန်ချန်းမင်း ကမျက်မှောင်ကြုတ်လိုက်ပြီး ဇောင်ယုဟွမ် ရဲ့ဖုန်းကို ဆွဲယူလိုက်သည်။
“ဟန်ယင်ယင်?”
ဟန်ယင်ယင် ကအရပ်အကြောင်းကို စိတ်လှုပ်ရှားစွာ ပြောနေရင်း ရုတ်တရက် ဖုန်းထဲမှ တခြားတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရသည်။
သူမ ထိတ်လန့်သွားပြီး သူမအသံက ချက်ချင်းပင် အလေးအနက် ဖြစ်သွားခဲ့သည်။
“မစ္စတာဟုန်”
“ဟွမ်ဟွမ် နဲ့မင်းပြောနေတဲ့ ၁.၈ မီတာက ဘာကိုပြောနေတာလဲ?” ဟုန်ချန်းမင်း ကတည့်တိုးပဲ မေးလိုက်သည်။
ဇောင်ယုဟွမ် ကိုမေးလိုက်ရင် သူမ မပျော်မရွှင် ဖြစ်သွားမှာစိုးတာကြောင့် သူ့ကိုကြောက်သည့် ဟန်ယင်ယင် ကိုသာ မေးလိုက်သည်။ ဟန်ယင်ယင် ကသူ့ကို ကြောက်တာကြောင့် ချက်ချင်းပဲ ပြန်ဖြေလိုက်သည်။
“ဟွမ်ဟွမ့် ကိုအရင်က ကျွန်မနောက်လိုက်တဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်က လူတွေအကြောင်း ပြောနေတာပါ”
“တကယ်”
“အင်း၊ အင်း၊ တကယ်” ဟန်ယင်ယင် ကအထပ်ထပ် ပြောလိုက်ပြီးနောက် အလျင်အမြန်ပင် ပြောလိုက်သည်။
“ကျွန်မ လုပ်စရာရှိသေးတယ်။ သတင်းတွေ ကြည့်ရဦးမယ်။ လီဂျင်းယွမ် ရဲ့သတင်းတွေ ထပ်ထွက်လာပုံပဲ…”
ထို့နောက် ဟန်ယင်ယင် ကဖုန်းချသွားခဲ့သည်။ ဟုန်ချန်းမင်း ကဖုန်းအား ဇောင်ယုဟွမ် ကိုပြန်ပေးလိုက်ရင်း အသံတိုးလေးနဲ့ မေးလိုက်သည်။
“အရင်တုန်းက ဟန်ယင်ယင် ဆီမှာ ရည်းစားအများကြီး ရှိခဲ့ဖူးတယ်မလား?”
“အင်း”
ဟုန်ချန်းမင်း ကစိတ်ခံစားချက်တွေကို ဖိနှိပ်လိုက်သည်။
“သူမဆီက မသင်ယူနဲ့၊ ဟွမ်ဟွမ်” ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူမ စိတ်ဝင်စားတဲ့သူ တစ်ယောက်မှတောင် မရှိသေးဘူး။ သူမ စိတ်ဝင်စားရင်တောင် နည်းနည်းတော့ စူးစမ်းချင်သေးတယ်။
သူမ လိုချင်တာကြောင့်နဲ့ ဒိတ်လိုက်မှာ မဟုတ်သလို အပျော်တမ်း ရည်းစားလည်း ထားမှာမဟုတ်ဘူး။
နောက်ဆုံးတော့ ဟုန်ချန်းမင်း ရဲ့အမူအရာက ပိုကောင်းလာခဲ့သည်။ သို့သော် ဒီနှောင့်ယှက်မှုကြောင့် ဇောင်ယုဟွမ် နဲ့ပိုရင်းနှီးပြီး ပါပါရာဇီတွေအား ဓာတ်ပုံရိုက်စေဖို့ မေ့သွားခဲ့ရသည်။
ဇောင်ယုဟွမ် ကအိုးထဲမှ အရိုးနုကို ကိုက်လိုက်ပြီး တစ်ဝက်ကိုက်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
“မျိုချလို့မရဘူး”
ဟုန်ချန်းမင်း ကသူမရဲ့ တူကိုယူလိုက်ပြီး ကျန်တစ်ဝက်ကို စားလိုက်သည်။
“ကိုယ့်ကိုပေး”
ဇောင်ယုဟွမ် ကအေးခဲသွားသည်။ အရင်က လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က သူမအစားတွေကို အပြီးသတ်တက်သည်။
သူမက စားချင်တာမှန်သမျှ စားတက်သည်။ အရသာရှိတာ၊ မရှိတာတွေကို မဖြုန်းတီးဖို့အတွက် သူတို့က သူမမကုန်တာကို စားတက်ကြသည်။
အရင်တုန်းကတော့ သူမ ဘာမှမခံစားခဲ့ရပေ။ နောက်ပြီး သူတို့မိဘတွေကလည်း ဆုံးပါးသွားကြပြီ။ သို့သော် အခုတော့… ရုတ်တရက် ဇောင်ယုဟွမ် ကဒဏ်လိုက်သလို ခံစားလိုက်ရပြီး သူမခေါင်းကို မိုးကြိုးပစ်လိုက်သလိုမျိုး တုန်လှုပ်သွားခဲ့သည်။
သူမ သတိလက်လွတ်ဖြင့် တူကိုလျှပ်လိုက်မိပြီး ခြောက်ကပ်စွာ ပြောလိုက်သည်။
“နောက်တစ်ခါကျရင် ဒီလိုမလုပ်နဲ့”
“ဘာမလုပ်ရမှာလဲ?”
ဟုန်ချန်းမင်း က ဇောင်ယုဟွမ် အတွက် စွတ်ပြုတ်ကို ပြင်ပေးလိုက်ရင်း မေးလိုက်သည်။ ဇောင်ယုဟွမ် ကရှက်ခဲပေမဲ့ အခုတော့ သူမက ရှက်နေပြီး တိုးတိုးလေး ပြောလိုက်သည်။
“ဟွမ်ဟွမ် စားလို့ကျန်တာကို မစားပေးနဲ့”
ဟုန်ချန်းမင်း ကရပ်သွားပြီး မပျော်ရွှင်မှုနဲ့ မနာလိုမှုက သူ့ရင်ဘတ်ထဲတွင် ပြည့်နှက်လာခဲ့သည်။
“အရင်တုန်းကလဲ ဒီလိုမျိုး လုပ်ခဲ့တာပဲ မဟုတ်ဘူးလား? ဘာမှားလို့လဲ?”
သူမက လီဂျင်းယွမ် နဲ့အတူ စားသောက်နိုင်တယ်၊ လီဂျင်းယွမ် ကသူမဆံပင်ကို ဖြည်ပေးနိုင်တယ်။ ဒါပေမဲ့ သူကျတော့ သူမကျန်တာကို စားလို့မရဘူးလား?
“… ဒါက မကောင်းဘူး”
ဇောင်ယုဟွမ် ရဲ့အသံက ပိုတောင်တိုးသွားသည်။ ဘာကြောင့်မှန်း သူမလည်း မသိပေ။
သို့သော် မှားနေတာတော့ သူမ သိသည်။
သူ့ကို သတိပေးတာက မှန်တယ်!
လျစ်လျူရှုထားတာက မှားတယ်!
#E-tran ကိုမှီသွားပြီနော်၊ သေးသေးလေး တစ်ပိုင်းပဲ ကျန်တော့တယ် သုံးပိုင်းပြည့်မှ ထပ်တင်ပေးမယ်နော် 😘😘
17.6.2021 (Thu)
……………………….
Zawgyi
တစ္ဖက္မွ လီဂ်င္းယြမ္ ရဲ႕အသံက ထြက္လာခဲ့သည္။
“အခု ဟြမ္ဟြမ္ ကဘာလုပ္ေနလဲ?”
“ဟုန္ခ်န္းမင္း ရဲ႕ကုမၸဏီမွာ”
လီဂ်င္းယြမ္ ရဲ႕အမူအရာက ေျပာင္းလဲသြားၿပီး ေခ်ာင္းဆိုးလိုက္ကာ ထိုအမူအရာကို ခ်က္ခ်င္းေျပာင္းလိုက္ၿပီး ရယ္လိုက္သည္။
“အို၊ ဟုန္ခ်န္းမင္း နဲ႔အတူ႐ွိေနလို႔ အရမ္းပ်င္းေနရတာလား? ဒါ့ေၾကာင့္ ကိုယ့္ကို ေခၚလိုက္တာေပါ့?”
ေဇာင္ယုဟြမ္ ကမ်က္လုံးျပဴးသြားသည္။
သူမဘယ္လို ျပန္ေျဖရမလဲ?
ဟုတ္တယ္လို႔ ေျပာလိုက္ရင္ ဒါက သူတို႔ႏွစ္ေယာက္ၾကားမွာ အေႏွာင့္အယွက္ ျဖစ္သြားမလား?!
ဟုန္ခ်န္းမင္း ကအရမ္းပ်င္းဖို႔ေကာင္းလို႔ လီဂ်င္းယြမ္ ကိုသတိရမိသြားတယ္လို႔ ျဖစ္သြားမွာေပါ့။
“မဟုတ္ပါဘူး”
“အို၊ ဒါဆို ဟြမ္ဟြမ္ ကကိုယ့္ကို သတိရလို႔ ေခၚလိုက္တာေပါ့”
လီဂ်င္းယြမ္ ကေခါင္းငုံ႔လိုက္ၿပီး ဖုန္းကို တင္းၾကပ္စြာ ဆုပ္လိုက္သည္။ သူ႕အသံက ပိုေတာင္တိုးသြားၿပီး တစ္ဖက္မွ လူတစ္ေယာက္တည္းသာ ၾကားေအာင္ေျပာလိုက္သည္။
“ကိုယ္ေပ်ာ္လို႔ ေသေတာ့မယ္”
သူ႕အသံက တိုးလိုက္ၿပီးေနာက္ ေဇာင္ယုဟြမ္ ရဲ႕နားထဲသို႔ လွ်ပ္စစ္စီးသြားသလို ဝင္ေရာက္သြားၿပီး သူမနားစည္ကိုေတာင္ ထုံထိုင္းသြားေစသည္။
ေဇာင္ယုဟြမ္ ကေျပာစရာ စကားမဲ့သြားၿပီး ဖုန္းေတာင္လြတ္က်ေတာ့မလို ျဖစ္သြားခဲ့သည္။ သို႔ေသာ္ သူမ မလႊတ္ခ်မိေသးေပ။
လီဂ်င္းယြမ္ ရဲ႕စေနာက္သည့္ အျပဳအမူေတြကို သူမက အရမ္းသတိထားသလို ျဖစ္ေနမိမွာကို ေၾကာက္ေနမိသည္။
တကယ့္ကို ဇာတ္လိုက္ပါပဲ!
ေနာက္ၿပီး သူမ ဘယ္လိုပဲျပန္ေျဖပါေစ ဒါက မွားေနမွာပဲ!
ေဇာင္ယုဟြမ္ ကအလ်င္အျမန္ပင္ စကားေျပာင္းလိုက္သည္။
“ဂ်င္းယြမ္ ဒီေန႔ လုပ္စရာေတြ ႐ွိေသးတယ္မလား? အလုပ္ကို အရင္လုပ္လိုက္။ အင္တာနက္က အေၾကာင္းေတြက ႐ွင့္ကို အေႏွာင့္အယွက္ မျဖစ္ေစတာကို ခုေတာ့သိသြားရလို႔ အဆင္ေျပသြားၿပီ”
လီဂ်င္းယြမ္ ကေခါင္းညိတ္ကာ ေျပာလိုက္သည္။
“အင္း၊ ကိုယ္အခု အင္တာဗ်ဴးေျဖေနတာ”
“အခုလား?” ေဇာင္ယုဟြမ္ ကထိတ္လန္႔သြားသည္။
“ဒါဆို ႐ွင္ဖုန္းကိုင္ၿပီး ဘယ္ေနရာမွာ ေျပာေနတာလဲ?”
လီဂ်င္းယြမ္ ကတိတ္ဆိတ္စြာျဖင့္ အသက္႐ွဴသြင္းလိုက္ၿပီး သူ႕အသံအား တည္ၿငိမ္ေအာင္ လုပ္လိုက္ကာ ေျပာလိုက္သည္။
“စင္ေပၚမွာ”
စင္ေပၚမွာ?
မီဒီယာေတြ အေ႐ွ႕မွာ?
သူမဖုန္းေခၚတာကို ကိုင္တယ္?
ေဇာင္ယုဟြမ္ ရဲ႕ဦးေႏွာက္ထဲတြင္ အခ်က္ေပး ေခါင္းေလာင္းက ျမည္သြားခဲ့သည္။
ထိပ္ဆုံး႐ွာေဖြမႈက ႐ႈပ္ေထြးခ်က္ေတြက သူ႕အတြက္ မလုံေလာက္ေသးလို႔လား?
လီဂ်င္းယြမ္ ကေငြအတြက္နဲ႔ ေဖ်ာ္ေျဖေရး ေလာကကို ဝင္ခဲ့တာ မဟုတ္ေလာက္ဘူးလို႔ ေဇာင္ယုဟြမ္ သံသယေတာင္ဝင္မိသြားသည္။
ဒီလူက ထင္ရာလုပ္ဖို႔၊ သူ႕အရည္အခ်င္းေတြ ထုတ္ျပဖို႔၊ လူအမ်ားအျပားကို နင္းတက္ဖို႔၊ ေနာက္ၿပီး သူလုပ္ခ်င္တာ မွန္သမွ်ကို စိတ္တိုင္းက် လုပ္ႏိုင္ဖို႔ ဝင္ခဲ့တာလို႔ သူမ ထင္လိုက္မိသည္။
“ဟြမ္ဟြမ္၊ မနက္ျဖန္မွ ေတြ႕ၾကမယ္”
လီဂ်င္းယြမ္ ကေျပာလိုက္သည္။ ထို႔ေနာက္ ထပ္ေပါင္းေျပာလိုက္သည္။
“ရာသီဥတုက ေႏြးေနေပမဲ့ အဝတ္ပါးပါးေလးေတြ မဝတ္သင့္ဘူး။ အေအးမမိေစနဲ႔ဦး”
ေဇာင္ယုဟြမ္ ကျပန္ေျဖလိုက္သည္။ “အင္း…”
လီဂ်င္းယြမ္ ကေျပာလိုက္သည္။ “ဟြမ္ဟြမ္ ဖုန္းခ်လိုက္ေလ”
ေဇာင္ယုဟြမ္ ကေတာင့္တင္းစြာျဖင့္ ဖုန္းခ်လိုက္သည္။
ေဇာင္ယုဟြမ္ ဖုန္းခ်ၿပီးခ်ိန္မွ လီဂ်င္းယြမ္ ကသူ႕ဖုန္းကို ပိတ္လိုက္သည္။ ထို႔ေနာက္ သူ႕ေခါင္းကို ထပ္ငုံ႔လိုက္ၿပီးေနာက္ မိုက္ကို ျပန္ျပင္လိုက္သည္။
သူ႕လက္ေခ်ာင္း သြယ္ေလးေတြနဲ႔ သူ႕ေကာ္လာကို ျပင္လိုက္သည္။ သူ႕ေခါင္းကို ေမာ့လိုက္ခ်ိန္တြင္ ႏူးညံ့ၿပီး က်က္သေရ႐ွိသည့္ သခင္ငယ္ေလးလို ျပန္ျဖစ္သြားခဲ့သည္။
“ေတာင္းပန္ပါတယ္၊ အခ်ိန္ၾကာသြားေစမိၿပီ”
“ျပႆနာမ႐ွိပါဘူး” အသံေတြက ထြက္လာခဲ့သည္။
ဒီလိုအခ်ိန္ေလး နည္းနည္းကုန္တာကို ဘယ္သူက ဂ႐ုစိုက္မွာလဲ?
သူတို႔အင္တာဗ်ဴးေနတဲ့လူက ကင္မရာေ႐ွ႕မွာပဲ ထုတ္ျပလိုက္ၿပီ။
အခုေတာ့ ပုံေတြနဲ႔အတူ လူေတြအာ႐ုံစိုက္ႏိုင္တဲ့ သတင္းေတြကို ေရးလို႔ရသြားၿပီ။
သူတို႔က ဘာမေက်နပ္စရာ ႐ွိလို႔လဲ?
လီဂ်င္းယြမ္ နဲ႔အတူလာခဲ့သည့္ ႐ိႈးပြဲအဖြဲ႕ဝင္ေတြသာ မေပ်ာ္႐ႊင္တာျဖစ္သည္။ သူတို႔က ေသေလာက္ေအာင္ မနာလိုျဖစ္ေနၾကသည္။
သို႔ေသာ္ လီဂ်င္းယြမ္ ကထိုေနရာတြင္ မရပ္ခဲ့ေပ။ သူက ထပ္ျပဳံးလိုက္ၿပီး ပိုၿပီးလိုက္ေလ်ာစြာ ေျပာလိုက္သည္။
“အလယ္တန္းေက်ာင္း ပထမႏွစ္တုန္းက ကြၽန္ေတာ္ အတန္းတက္ေနတုန္း ဟြမ္ဟြမ္ က႐ုတ္တရက္ ဗိုက္ေအာင့္ခဲ့ေသးတယ္။ သူမက စာပို႔ခဲ့ေပမဲ့ အဲ့အခ်ိန္တုန္းက ကြၽန္ေတာ္ သတိမျပဳမိခဲ့ဘူး။ အဲ့အခ်ိန္တည္းက သူမအတြက္ သီးသန္႔ဖုန္းသံကို ထားခဲ့တာ။ ေနာက္ၿပီး ဖုန္းကိုဘယ္ေတာ့မွ အသံလည္း မပိတ္ထားေတာ့ဘူး။ မဟုတ္ရင္…”
သတင္းေထာက္က ခ်က္ခ်င္းပင္ တက္ႂကြးသြားကာ လီဂ်င္းယြမ္ ရဲ႕ပုံေတြကို ႐ိုက္ယူၿပီး တျခားေမးခြန္းေတြကို စတင္ေမးလိုက္သည္။
သို႔ေသာ္ လီဂ်င္းယြမ္ ကသူ႕လက္ကို ေျမႇာက္လိုက္ၿပီး သူတို႔ကို ခဏေနဖို႔ ေျပာလိုက္သည္။
“တျခားသူေတြရဲ႕ အခ်ိန္ေတြကို ကြၽန္ေတာ္ ျဖဳန္းဖို႔မရည္႐ြယ္ပါဘူး။ လူတိုင္းက သိခ်င္ေနၾကမယ္ဆိုတာ ကြၽန္ေတာ္ နားလည္ပါတယ္။ ဘယ္အရာကိုမွလည္း ကြၽန္ေတာ္ ဖုံးကြယ္မထားခ်င္ပါဘူး။ ဒါ့ေၾကာင့္ အရာအားလုံးကို ႐ွင္းျပႏိုင္ဖို႔ ကြၽန္ေတာ့္ကို အခ်ိန္အနည္းငယ္ ေပးပါ…”
“ကြၽန္ေတာ္က မိဘမဲ့ပါ” လီဂ်င္းယြမ္ ကေျပာလိုက္သည္။
“ဟြမ္ဟြမ္ ရဲ႕မိသားစုျဖစ္တဲ့ ဒင္မိသားစုကေန ကြၽန္ေတာ့္ကို ေမြးစားခဲ့တာ။ ဟြမ္ဟြမ္ နဲ႔အတူတူ ႀကီးျပင္းလာခဲ့တာ။ မိဘမဲ့ျဖစ္တာနဲ႔ သနားဖို႔ေကာင္းတယ္၊ ေၾကာက္စရာေကာင္းတဲ့ စိတ္ခံစားခ်က္ေတြ၊ ခိုးတက္ဖြက္တက္တာမ်ိဳးေတြ ဘာမွမ႐ွိပါဘူး။ ကြၽန္ေတာ့္ကို လူေကာင္းတစ္ေယာက္ ျဖစ္လာေစဖို႔အတြက္ ဒီအရာေတြက အက်ိဳးသက္ေရာက္မႈ မ႐ွိပါဘူး”
“ေသခ်ာေပါက္ကို ဒါေတြအားလုံးက ဟြမ္ဟြမ့္ ေၾကာင့္ပါပဲ” လီဂ်င္းယြမ္ ရဲ႕အၾကည့္က ညင္သာသြားသည္။
စကားလုံးတိုင္းကို သူ႕ႏွလုံးသားမွ ေျပာခဲ့သည္။ အခုေတာ့ သူ႕ႏွလုံးသားထဲက စကားလုံးေတြကိုသာ သူေျပာရဲသည္။
“ဟြမ္ဟြမ္ သာမ႐ွိရင္ လက္႐ွိ လီဂ်င္းယြမ္ ဆိုတာ ႐ွိႏိုင္မွာ မဟုတ္ဘူး။ ဒီအေၾကာင္းကို စဥ္းစားၾကည့္။ မင္းမွာသာ ႏူးညံ့တယ္၊ ခ်စ္စရာေကာင္းတယ္၊ ဉာဏ္ေကာင္းၿပီး ၾကင္နာတတ္တဲ့ ႏွလုံးသား႐ွိတဲ့ မနက္ခင္း ေနေရာင္ျခည္လို ေႏြးေထြးတဲ့ မိန္းကေလးမ်ိဳး ကေလးဘဝတည္းက ေဘးနားမွာသာ ႐ွိေနခဲ့ရင္ သူမအတြက္ ၿပီးျပည့္စုံတာေတြပဲ မေပးခ်င္ဘူးလား? သူမကို ဂ႐ုစိုက္ေပးၿပီး ပိုသန္မာဖို႔ေတာင္ ဆႏၵမ႐ွိႏိုင္ဘူးလား?”
သတင္းသမားေတြက ေပါက္ကြဲထြက္လာၾကသည္။
လီဂ်င္းယြမ္ အခုေျပာေနတာက သူ႕ဘဝက ေဇာင္ယုဟြမ္ အေပၚမွာပဲ တည္႐ွိေနတယ္လို႔ ေျပာခဲ့တာမလား?
“လီဂ်င္းယြမ္ နဲ႔ေျပာေနတာလား?” ဟုန္ခ်န္းမင္း ရဲ႕အသံက ထြက္လာခဲ့သည္။
ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္သည္။
“အင္း၊ သူ႕လက္႐ွိ အေျခအေနကို ေမးၾကည့္တာ”
ဟုန္ခ်န္းမင္း ကပါးစပ္ဟလိုက္ၿပီး မထိန္းခ်ဳပ္ႏိုင္ပဲ ေမးလိုက္သည္။
“ဘာေၾကာင့္ သူက ဟြမ္ဟြမ္ စိုးရိမ္ေပးမွာ လိုအပ္ရတာလဲ?”
သူ႕အသံက ထူးဆန္းေနၿပီး သူ႕ပုံမွန္စတိုင္နဲ႔ လုံးဝကိုကြဲျပားေနသည္။
ေဇာင္ယုဟြမ္ ကစြံ႕အသြားသည္။
“… ဟြမ္ဟြမ္ ကေမးဖို႔လိုအပ္လို႔ပါ”
ဟုန္ခ်န္းမင္း ကဒီအေၾကာင္းကို ဆက္မေျပာႏိုင္ပဲ သူ႕အေတြးထဲတြင္သာ ႏွစ္ျမႇဳပ္ေနခဲ့သည္။ သူထိုင္ခ်လိုက္တာနဲ႔ ဒီအလုပ္မွာပဲ အာ႐ုံစိုက္မိတာကိုသာ သူေဒါသထြက္မိသည္။ ဟုန္ခ်န္းမင္း ကနံရံက နာရီကို ၾကည့္လိုက္သည္။ ဒါက သိပ္မေစာေတာ့ေပ။
“ေန႔လည္စာ စားခ်င္လား?”
“အင္း၊ ေသခ်ာတာေပါ့”
ဟုန္ခ်န္းမင္း ကသူ႕အိတ္နဲ႔ ဂ်က္ကဒ္ကို ဆြဲလိုက္ၿပီး ေဇာင္ယုဟြမ္ နဲ႔အတူ ေလွ်ာက္ထြက္လာခဲ့သည္။ လမ္းေလွ်ာက္ရင္း ပါပါရာဇီေတြက သူတို႔အတူတူ ႐ွိေနမဲ့ပုံကို ဘယ္လို႐ိုက္မလဲဆိုတာ သိခ်င္ေနမိသည္။
ေဇာင္ယုဟြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကအၾကည့္ေတြေအာက္မွ အတူတူ ေလွ်ာက္ထြက္လာခဲ့သည္။ ကုမၸဏီတစ္ခုလုံးက သူတို႔အေၾကာင္းကို လွ်ိဳ႕ဝွက္စြာ ေဆြးေႏြးေနခဲ့ၾကသည္။
“မစၥတာဟုန္ ကလည္း ေမြးစားခံခဲ့ရတာ ျဖစ္ႏိုင္လား?”
“အဲ့လိုေတာ့ သိပ္မတူသလိုပဲ”
“မစၥေဇာင္ ရဲ႕မိသားစုက လီဂ်င္းယြမ္ လိုနတ္ဘုရားကို ေမြးစားဖို႔ တကယ့္ကို အေျမာ္အျမင္႐ွိတာပဲ”
“ငါ အရမ္းကို မနာလိုျဖစ္တယ္။ မေန႔က လီေလးနဲ႔ စားတယ္၊ ဒီေန႔က်ေတာ့ မစၥတာဟုန္နဲ႔ စားတယ္၊ အားးး။ ေသခ်ာပါၿပီ၊ ၾကည့္ေကာင္းတဲ့လူေတြက ၾကည့္ေကာင္းတဲ့လူေတြပဲ ဝိုင္းေနတာပဲလား?”
“ေျပာမေနနဲ႔ေတာ့။ ငါ အလုပ္ႀကိဳးစားရမယ္၊ ဘိုင္”
ဒီစကားေတြကို ေဇာင္ယုဟြမ္ ကမၾကားပဲ ဘယ္ေနပါ့မလဲ? သူမက ဟုန္ခ်န္းမင္း နဲ႔အတူ ထြက္လာခဲ့ၿပီး စားေသာက္ဆိုင္တြင္ ေန႔လည္စာ စားခဲ့သည္။ ဟန္ယင္ယင္ ကဖုန္းေခၚခဲ့သည္။
“ဒီေန႔ ငါတို႔နဲ႔ခ်ိန္းထားတာကို ဖ်က္လိုက္တာ အံ့ဩစရာမ႐ွိေတာ့ပါဘူး။ ပါပါရာဇီေတြရဲ႕ တားဆီးခံရမွာကို ေၾကာက္ေနလို႔မလား?” ဟန္ယင္ယင္ ကေျပာလိုက္သည္။
“အင္း၊ ပါပါရာဇီေတြက တကယ့္ကို အေႏွာင့္အယွက္ေပးတယ္”
ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း နဲ႔အတူတူ စားေသာက္တာေၾကာင့္လို႔ မေျပာေပ။ သူမ ေျပာလိုက္ရင္ အကုန္လုံးကို ႐ွင္းျပရလိမ့္မည္။
“အို၊ နင္နဲ႔ ဝမ္ေယာင္ခ်န္း ကေကာ ဘယ္လိုလဲ? မၾကာခင္က… နင္တို႔ႏွစ္ေယာက္ ဆက္ဆံေရး မေကာင္းဘူးလို႔ သတင္းမွာ ေတြ႕ခဲ့ရတယ္”
ေဇာင္ယုဟြမ္ ကတူကို ကိုက္လိုက္ၿပီး ငုံ႔ၾကည့္လိုက္ကာ ဟန္ယင္ယင္ ကိုေျပာလိုက္သည္။
“အစတုန္းက သူက အဆင္ေျပပါတယ္။ သူ႕လူမႈေရး၊ အသြင္အျပင္ေတြ အားလုံးက ေကာင္းပါတယ္။ ဒါေပမဲ့ သူက လီဂ်င္းယြမ္ နဲ႔အဆင္မေျပျဖစ္ၿပီး ေနာက္ေတာ့ ဟုန္ခ်န္းမင္း နဲ႔။ ဒါက အလုပ္မျဖစ္ဘူး…”
တစ္ဖက္မွ ဟန္ယင္ယင္ ကရပ္သြားၿပီး ဘာေျပာရမွန္း မသိေတာ့ေပ။ သူမတိတ္သြားတာကို ေဇာင္ယုဟြမ္ ကသတိျပဳမိတာေၾကာင့္ ထပ္ေျပာလိုက္သည္။
“ဘာျဖစ္လို႔လဲ? ဘာေျပာခ်င္လို႔လဲ? ငါ့ကို အယုံသြင္းခ်င္လို႔လား?”
“အယုံမသြင္းပါဘူး။ နင္ သူ႕ကို ဘယ္ေလာက္ သေဘာက်လဲ၊ အဲ့လူက သင့္ေတာ္လားဆိုတာ နင့္ဘာသာ ႐ွင္းလင္းေအာင္ လုပ္သင့္တယ္။ နင္ကသာ ဒိတ္မွာေလ၊ ငါမွ မဟုတ္တာ။ အစက လီေလးနဲ႔ ျပႆနာျဖစ္ၿပီးေတာ့ ဟုန္ေလး နဲ႔ျပႆနာျဖစ္ခဲ့တယ္လို႔ ေျပာတယ္ေနာ္။ ဒါက ဝမ္ေယာင္ခ်န္း ရဲ႕အမွားမဟုတ္ဘူးလို႔ နင္ထင္လား?”
“ဘာကိုေျပာခ်င္တာလဲ?” ေဇာင္ယုဟြမ္ ကေသခ်ာဝါးရင္း ေျပာလိုက္သည္။
ဟုန္ခ်န္းမင္း ကသူ႕နာမည္ကို ၾကားလိုက္ခ်ိန္တြင္ ေဇာင္ယုဟြမ္ အေပၚမွာသာ အာ႐ုံစိုက္ေနခဲ့သည္။ သို႔ေသာ္ ေဇာင္ယုဟြမ္ ကဘယ္သူနဲ႔ ေျပာေနလဲဆိုတာ စိတ္မဝင္စားေပ။ သူမႏႈတ္ခမ္းကိုသာ စိုက္ၾကည့္ေနခဲ့သည္။
သူမအတြက္ သူမွာေပးထားသည့္ စြတ္ျပဳတ္ကို ေသာက္လိုက္ခ်ိန္တြင္ စြတ္ျပဳတ္အရည္ေၾကာင့္ သူမႏႈတ္ခမ္းက ေတာက္ပသြားသည္။
သူမႏႈတ္ခမ္းက စကားေျပာလိုက္ခ်ိန္တြင္ အနည္းငယ္ ကြဲသြားၿပီး ျဖဴေဖြးသည့္ သြားေလးေတြကို ျမင္ေနရသည္။
စကားေျပာေနစဥ္ တူကို ကိုက္လိုက္ၿပီး သြားၾကားထဲမွ ပန္းေရာင္လွ်ာေလးကို ျမင္ေနရသည္။ ႐ုတ္တရက္ ခံစားခ်က္ေတြက ျမင့္တက္လာသလို ဟုန္ခ်န္းမင္း ခံစားလိုက္ရသည္။ ဒါက မေကာင္းဘူးလို႔ သူ႕ဘာသာ ေျပာလိုက္သည္။
သို႔ေသာ္ တူရကီမွာတည္းက သူ႕စိတ္ေတြက ပြင့္ထြက္လာခဲ့သည္။ သူ႕အေတြးအားလုံးက တျဖည္းျဖည္း ေျပာင္းလဲလာခဲ့ၿပီး အ႐ွိန္မထိန္းႏိုင္တဲ့ ျမင္း႐ိုင္းတစ္ေကာင္လို႔ ျဖစ္လာခဲ့သည္။ အခုလိုပဲ။
အျပင္ဘက္တြင္ ဟုန္ခ်န္းမင္း ကတည္ၿငိမ္ေနပုံ ေပၚေနေပမဲ့ အေတြးေတြကေတာ့ ေျဗာင္းဆန္ေနသည္။
သူ႕ေ႐ွ႕က ေကာင္မေလးကို တြန္းၿပီး တူနဲ႔လက္ထဲက ဖုန္းကိုဖယ္ထုတ္ကာ စြတ္ျပဳတ္ေသာက္ထားသည့္ ပါးစပ္ထဲက ခ်ိဳၿမိန္သည့္ အရသာကို ခံစားရင္း သူမႏႈတ္ခမ္းေတြကို စုတ္ခ်င္သည္။
အၿမဲတမ္း သူ႕နာမည္ကိုပဲ သူမပါးစပ္ကေန ေျပာေနေစခ်င္သည္။
ဟန္ယင္ယင္ ကဆက္ေျပာလိုက္သည္။
“နင့္ကို မဒိတ္ခ်င္တဲ့ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ေၾကာင့္လို႔ မထင္ဘူးလား?”
“ငါသိတယ္” ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။
“နင္သိတယ္?”
“အင္း၊ အရင္က ဟုန္ခ်န္းမင္း ငါ့ကို ေျပာဖူးတယ္”
ဟန္ယင္ယင္ ကထိတ္လန္႔သြားသည္။
“ဒါဆို နင္… ဒါဆို နင္ တစ္ခုခု မွားေနတယ္လို႔ မထင္ဘူးလား?”
ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ကိုေမာ့ၾကည့္လိုက္သည္။
ဟုန္ခ်န္းမင္း ကသူမကို စိုက္ၾကည့္ေနခဲ့သည္။ ဖုံးကြယ္ထားသည့္ ေလာင္ကြၽမ္းေနတဲ့ အၾကည့္ေတြနဲ႔ ခ်ိတ္ဆက္သြားခဲ့သည္။
ေဇာင္ယုဟြမ္ ကေအးခဲသြားၿပီး မ်က္လုံးခ်င္းဆုံသြားတာကို ခ်က္ခ်င္း လႊဲလိုက္ၿပီး ဟုန္ခ်န္းမင္း အၾကည့္မွ ေ႐ွာင္လိုက္သည္။ ထို႔ေနာက္ ဟန္ယင္ယင္ နဲ႔စကားဆက္ေျပာလိုက္သည္။
“ဘာမွမမွားပါဘူး။ ငါ ဒိတ္မဲ့အေၾကာင္းကို ဝမ္းကြဲသိသြားေတာ့ အစက သူေတာင္ မေပ်ာ္ခဲ့ဘူးေလ”
“ဒါက မတူဘူးေလ…” ဟန္ယင္ယင္ ကသူမႏႈတ္ခမ္းကို ကိုက္လိုက္သည္။
“နင္နဲ႔ လီဂ်င္းယြမ္ တို႔အတူတူ စားေသာက္တဲ့ ပုံေတြကို ငါတို႔အားလုံး ျမင္ၿပီးသြားၿပီ။ အဲ့ပုံေတြကေန သူတို႔ေတြ တစ္ခုခု… ထူးဆန္းေနတယ္လို႔… မထင္ဘူးလား…”
သူမ ခံစားမိသည္။ ေဇာင္ယုဟြမ္ ကစိတ္ထဲတြင္ ေတြးေနခဲ့သည္။ သို႔ေသာ္ တျခားသူေတြကို သူမက ထုတ္မေျပာခ်င္ေပ။
သူမ မွားေနရင္ လီဂ်င္းယြမ္ ရဲ႕ပုံရိပ္ကို သူမက ဖ်က္ဆီးမိသြားမွာမလား?
ေဇာင္ယုဟြမ္ ကေခါင္းခါၿပီးသာ ေျပာလိုက္သည္။
“ထူးဆန္းတာ မ႐ွိပါဘူး”
ေနာက္ဆုံးေတာ့ ဟန္ယင္ယင္ ကသက္ျပင္းခ်လိုက္သည္။
“သူတို႔က နင့္ကို အရမ္းခ်ဳပ္ခ်ယ္တယ္လို႔ မခံစားရဘူးလား? ပထမဆုံးအေနနဲ႔ နင္နဲ႔ ဝမ္ေယာင္ခ်န္း ကသတင္းထြက္ၿပီးေတာ့ နင္နဲ႔ လီဂ်င္းယြမ္ တို႔ညစာစားတဲ့ပုံ ထြက္လာတယ္… ဒါက သတိျပဳစရာပဲ။ နင္တို႔က မိသားစုဆိုရင္ေတာင္ ဒါႀကီးက အရမ္းမ်ားလြန္းတယ္ေလ။ ဝမ္ေယာင္ခ်န္း မဟုတ္ရင္… တျခားသူေတြ ႐ွိေနေသးတယ္ေလ။ ေဖ်ာ္ေျဖေရး ေလာကတစ္ခုတည္းမွာတင္ ေမာ္ဒယ္လ္ေတြ၊ အႏုပညာ႐ွင္ေတြနဲ႔ ထိပ္တန္းေက်ာင္းသား၊ ခ်မ္းသာတဲ့ ဒုတိယမ်ိဳးဆက္ေတြ ႐ွိတာပဲေလ… နင္ေ႐ြးႏိုင္တဲ့ လူေတြအမ်ားႀကီး ႐ွိတာပဲ။ နင္ တကယ္ပဲဒိတ္ခ်င္ရင္ ေကာင္းတဲ့ လူတစ္ေယာက္နဲ႔ ငါမိတ္ဆက္ေပးမယ္…”
ေဇာင္ယုဟြမ္ ကထိုစကားကို ၾကားလိုက္ခ်ိန္တြင္ စိတ္ဝင္စားသြားၿပီး အရင္တုန္းက ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ေျပာခဲ့တာေတြက သူမေခါင္းထဲက ထြက္သြားခဲ့သည္။
သူမ ကိုယ္ပိုင္လိုအပ္ခ်က္၊ ဒါမွမဟုတ္ လက္႐ွိအေျခအေနနဲ႔ သူမဘဝရဲ႕ ေနာက္တစ္ဆင့္က ဒိတ္သင့္တဲ့အဆင့္လို႔ ေဇာင္ယုဟြမ္ ကခံစားေနရသည္။
“အိုေက” ေဇာင္ယုဟြမ္ ကသေဘာတူလိုက္ရင္း စိတ္ဝင္စားစြာျဖင့္ ေမးလိုက္သည္။
“ဥပေဒပိုင္းမွာ ႐ွိလား?”
“ေဆးပိုင္းမွာေတာင္ ႐ွိေသးတယ္။ အျဖဴေရာင္ ကုတ္ေလးနဲ႔ ေျခတံ႐ွည္ေလးနဲ႔ အရမ္းေခ်ာတာေနာ္။ နင္ ႀကိဳက္လား?”
ဟန္ယင္ယင္ ကေပ်ာ္႐ႊင္စြာ ေျပာလိုက္သည္။
“၁.၈ မီတာေအာက္ေတာ့ မျဖစ္ရဘူး”
“နင္လိုခ်င္ရင္ ၁.၉ မီတာေက်ာ္တာေတာင္ ႐ွိေသးတယ္”
ဟုန္ခ်န္းမင္း ကသူ႕အသိကို ျပန္ရသြားခဲ့ၿပီး ခံစားခ်က္ေတြကို ဖိႏွိပ္လိုက္သည္။ ထို႔ေနာက္ ေဇာင္ယုဟြမ္ ေျပာတာကို ၾကားလိုက္ရသည္။
“၁.၈ မီတာေအာက္ေတာ့ မျဖစ္ရဘူး”
ဘယ္သူ မျဖစ္ရတာလဲ?
ဟုန္ခ်န္းမင္း ကမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေဇာင္ယုဟြမ္ ရဲ႕ဖုန္းကို ဆြဲယူလိုက္သည္။
“ဟန္ယင္ယင္?”
ဟန္ယင္ယင္ ကအရပ္အေၾကာင္းကို စိတ္လႈပ္႐ွားစြာ ေျပာေနရင္း ႐ုတ္တရက္ ဖုန္းထဲမွ တျခားတစ္ေယာက္ရဲ႕ အသံကို ၾကားလိုက္ရသည္။
သူမ ထိတ္လန္႔သြားၿပီး သူမအသံက ခ်က္ခ်င္းပင္ အေလးအနက္ ျဖစ္သြားခဲ့သည္။
“မစၥတာဟုန္”
“ဟြမ္ဟြမ္ နဲ႔မင္းေျပာေနတဲ့ ၁.၈ မီတာက ဘာကိုေျပာေနတာလဲ?” ဟုန္ခ်န္းမင္း ကတည့္တိုးပဲ ေမးလိုက္သည္။
ေဇာင္ယုဟြမ္ ကိုေမးလိုက္ရင္ သူမ မေပ်ာ္မ႐ႊင္ ျဖစ္သြားမွာစိုးတာေၾကာင့္ သူ႕ကိုေၾကာက္သည့္ ဟန္ယင္ယင္ ကိုသာ ေမးလိုက္သည္။ ဟန္ယင္ယင္ ကသူ႕ကို ေၾကာက္တာေၾကာင့္ ခ်က္ခ်င္းပဲ ျပန္ေျဖလိုက္သည္။
“ဟြမ္ဟြမ့္ ကိုအရင္က ကြၽန္မေနာက္လိုက္တဲ့ ခ်မ္းသာတဲ့ ဒုတိယမ်ိဳးဆက္က လူေတြအေၾကာင္း ေျပာေနတာပါ”
“တကယ္”
“အင္း၊ အင္း၊ တကယ္” ဟန္ယင္ယင္ ကအထပ္ထပ္ ေျပာလိုက္ၿပီးေနာက္ အလ်င္အျမန္ပင္ ေျပာလိုက္သည္။
“ကြၽန္မ လုပ္စရာ႐ွိေသးတယ္။ သတင္းေတြ ၾကည့္ရဦးမယ္။ လီဂ်င္းယြမ္ ရဲ႕သတင္းေတြ ထပ္ထြက္လာပုံပဲ…”
ထို႔ေနာက္ ဟန္ယင္ယင္ ကဖုန္းခ်သြားခဲ့သည္။ ဟုန္ခ်န္းမင္း ကဖုန္းအား ေဇာင္ယုဟြမ္ ကိုျပန္ေပးလိုက္ရင္း အသံတိုးေလးနဲ႔ ေမးလိုက္သည္။
“အရင္တုန္းက ဟန္ယင္ယင္ ဆီမွာ ရည္းစားအမ်ားႀကီး ႐ွိခဲ့ဖူးတယ္မလား?”
“အင္း”
ဟုန္ခ်န္းမင္း ကစိတ္ခံစားခ်က္ေတြကို ဖိႏွိပ္လိုက္သည္။
“သူမဆီက မသင္ယူနဲ႔၊ ဟြမ္ဟြမ္” ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္သည္။
ဘာပဲျဖစ္ျဖစ္ သူမ စိတ္ဝင္စားတဲ့သူ တစ္ေယာက္မွေတာင္ မ႐ွိေသးဘူး။ သူမ စိတ္ဝင္စားရင္ေတာင္ နည္းနည္းေတာ့ စူးစမ္းခ်င္ေသးတယ္။
သူမ လိုခ်င္တာေၾကာင့္နဲ႔ ဒိတ္လိုက္မွာ မဟုတ္သလို အေပ်ာ္တမ္း ရည္းစားလည္း ထားမွာမဟုတ္ဘူး။
ေနာက္ဆုံးေတာ့ ဟုန္ခ်န္းမင္း ရဲ႕အမူအရာက ပိုေကာင္းလာခဲ့သည္။ သို႔ေသာ္ ဒီေႏွာင့္ယွက္မႈေၾကာင့္ ေဇာင္ယုဟြမ္ နဲ႔ပိုရင္းႏွီးၿပီး ပါပါရာဇီေတြအား ဓာတ္ပုံ႐ိုက္ေစဖို႔ ေမ့သြားခဲ့ရသည္။
ေဇာင္ယုဟြမ္ ကအိုးထဲမွ အ႐ိုးႏုကို ကိုက္လိုက္ၿပီး တစ္ဝက္ကိုက္ရင္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။
“မ်ိဳခ်လို႔မရဘူး”
ဟုန္ခ်န္းမင္း ကသူမရဲ႕ တူကိုယူလိုက္ၿပီး က်န္တစ္ဝက္ကို စားလိုက္သည္။
“ကိုယ့္ကိုေပး”
ေဇာင္ယုဟြမ္ ကေအးခဲသြားသည္။ အရင္က လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က သူမအစားေတြကို အၿပီးသတ္တက္သည္။
သူမက စားခ်င္တာမွန္သမွ် စားတက္သည္။ အရသာ႐ွိတာ၊ မ႐ွိတာေတြကို မျဖဳန္းတီးဖို႔အတြက္ သူတို႔က သူမမကုန္တာကို စားတက္ၾကသည္။
အရင္တုန္းကေတာ့ သူမ ဘာမွမခံစားခဲ့ရေပ။ ေနာက္ၿပီး သူတို႔မိဘေတြကလည္း ဆုံးပါးသြားၾကၿပီ။ သို႔ေသာ္ အခုေတာ့… ႐ုတ္တရက္ ေဇာင္ယုဟြမ္ ကဒဏ္လိုက္သလို ခံစားလိုက္ရၿပီး သူမေခါင္းကို မိုးႀကိဳးပစ္လိုက္သလိုမ်ိဳး တုန္လႈပ္သြားခဲ့သည္။
သူမ သတိလက္လြတ္ျဖင့္ တူကိုလွ်ပ္လိုက္မိၿပီး ေျခာက္ကပ္စြာ ေျပာလိုက္သည္။
“ေနာက္တစ္ခါက်ရင္ ဒီလိုမလုပ္နဲ႔”
“ဘာမလုပ္ရမွာလဲ?”
ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ အတြက္ စြတ္ျပဳတ္ကို ျပင္ေပးလိုက္ရင္း ေမးလိုက္သည္။ ေဇာင္ယုဟြမ္ က႐ွက္ခဲေပမဲ့ အခုေတာ့ သူမက ႐ွက္ေနၿပီး တိုးတိုးေလး ေျပာလိုက္သည္။
“ဟြမ္ဟြမ္ စားလို႔က်န္တာကို မစားေပးနဲ႔”
ဟုန္ခ်န္းမင္း ကရပ္သြားၿပီး မေပ်ာ္႐ႊင္မႈနဲ႔ မနာလိုမႈက သူ႕ရင္ဘတ္ထဲတြင္ ျပည့္ႏွက္လာခဲ့သည္။
“အရင္တုန္းကလဲ ဒီလိုမ်ိဳး လုပ္ခဲ့တာပဲ မဟုတ္ဘူးလား? ဘာမွားလို႔လဲ?”
သူမက လီဂ်င္းယြမ္ နဲ႔အတူ စားေသာက္ႏိုင္တယ္၊ လီဂ်င္းယြမ္ ကသူမဆံပင္ကို ျဖည္ေပးႏိုင္တယ္။ ဒါေပမဲ့ သူက်ေတာ့ သူမက်န္တာကို စားလို႔မရဘူးလား?
“… ဒါက မေကာင္းဘူး”
ေဇာင္ယုဟြမ္ ရဲ႕အသံက ပိုေတာင္တိုးသြားသည္။ ဘာေၾကာင့္မွန္း သူမလည္း မသိေပ။
သို႔ေသာ္ မွားေနတာေတာ့ သူမ သိသည္။
သူ႕ကို သတိေပးတာက မွန္တယ္!
လ်စ္လ်ဴ႐ႈထားတာက မွားတယ္!
#E-tran ကိုမွီသြားၿပီေနာ္၊ ေသးေသးေလး တစ္ပိုင္းပဲ က်န္ေတာ့တယ္ သုံးပိုင္းျပည့္မွ ထပ္တင္ေပးမယ္ေနာ္ 😘😘
17.6.2021 (Thu)
……………………….
[text_hash] => 1bd66ff3
)