Array
(
[text] =>
Unicode
အစက သူမက မနက်ဖြန် မနက်စာအတွက် သဘောတူလိုက်ချိန်တွင် ဟုန်ချန်းမင်း ရဲ့မပျော်ရွှင်သည့် နှလုံးသားက အေးချမ်းသွားခဲ့ပေမဲ့ သူမက ရန်ဆန်း နဲ့ချိန်းထားတာကို ကြားလိုက်ရသည်။
ရန်ဆန်း! ဘာကြောင့် ထပ်ပြီး ဒီ ရန်ဆန်း ပဲလဲ?!
အရင်တုန်းကလည်း ရန်ဆန်း နဲ့လေ့ကျင့်တယ်၊ ရန်ဆန်း နဲ့ကားပြိုင်ပွဲသွားတယ်…
ဒီအချိန်လည်း ရန်ဆန်း ပဲထပ်ဖြစ်နေပြန်ပြီ!
ဟုန်ချန်းမင်း ရဲ့မျက်တောင်တွေက အနည်းငယ် လှုပ်သွားပြီး သူ့မျက်နှာက ထပ်ပြီးမဲမှောင်သွားပြန်သည်။ သူ့မျက်နှာတွင် ဒေါသကို မြင်နိုင်ပြီး ပိုတင်းမာလာခဲ့သည်။ အဝေးကို လျှောက်သွားဖို့တောင် သူမလုပ်နိုင်တော့ပေ။
ဇောင်ယုဟွမ် ကဆိုဖာတွင် မှီလိုက်သည်။
“ဘာဖြစ်လို့လဲ?”
ရှင်ဘာကြောင့် ထွက်မသွားသေးတာလဲ?
ဟုန်ချန်းမင်း ကပြောလိုက်သည်။
“သူတို့နဲ့ အပြင်ထွက်ဖို့က အရမ်းပဲ အရေးကြီးနေတာလား?”
ဇောင်ယုဟွမ် ကသူဘာကြောင့် ဒီလိုမေးလဲဆိုတာကို နားမလည်တာကြောင့် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
“အဆင်ပြေပါတယ်”
ဟုန်ချန်းမင်း ကရုတ်တရက် မူးသွားသလိုမျိုး ဖြစ်နေပြီး သူ့အင်အားတွေ ပြန်ရလာခဲ့သည်။
သူ့မေးခွန်းနောက်လိုက်ကာ “ဒါဆို သူတို့က ပိုအရေးကြီးလား? ဒါမှမဟုတ် ကိုယ်က အရေးကြီးလား?”
ဇောင်ယုဟွမ် : “???”
ဟုန်ချန်းမင်း ကမရပ်ပဲ ထပ်မေးလိုက်သည်။
“ဟွမ်ဟွမ်၊ သူတို့က ပိုအရေးကြီးလား? ဒါမှမဟုတ် ကိုယ်က အရေးကြီးလား?”
ဒီတစ်ကြိမ်တော့ သူ့အသံက ပိုတိုးနေပြီး ပိုအသက်ပါနေသည်။ ဇောင်ယုဟွမ် ကတွေးတောလိုက်ပြီးနောက် နာခံစွာဖြင့် ပြောလိုက်သည်။
“အစ်ကိုချန်းမင်း”
“ဒါဆို ကိုယ်တို့တွေ မနက်ဖြန်၊ မွန်းလွဲကော ညကော အတူတူ စားကြမယ်”
ဟုန်ချန်းမင်း ကရပ်လိုက်ပြီးနောက် ထပ်ပေါင်းပြောလိုက်သည်။
“ဟွမ်ဟွမ် ကိုယ့်ကုမ္ပဏီကိုပဲ လိုက်ခဲ့လိုက်တော့။ ဟွမ်ဟွမ် လည်းမရောက်ဖူးသေးဘူးလေ။ တစ်ကြိမ်တောင်မှ မရောက်ဖူးသေးဘူး”
ဟုန်ချန်းမင်း ကနောက်ဆုံးစကားကို မပျော်ရွှင်သည့် ပုံစံဖြင့် ပြောလိုက်သည်။
ဇောင်ယုဟွမ် : “…”
လီဂျင်းယွမ် နဲ့က တစ်ကြိမ်ပဲ အတူတူစားတာကို သူက ဒါအတွက်နဲ့ သုံးကြိမ်လောက် နှိုင်းယှဉ်ဖို့ လိုအပ်လို့လား?
“ဟွမ်ဟွမ် မပင်ပန်းဘူးလား?”
ဟုန်ချန်းမင်း ကရုတ်တရက် စကားလမ်းကြောင်း ပြောင်းလိုက်ပြီး သူ့အသံက အနည်းငယ် နူးညံ့နေသည်။
“ဟွမ်ဟွမ် အနားယူသင့်ပြီ။ မနက်ကျရင် ကိုယ်လာနှိုးမယ်”
ဇောင်ယုဟွမ် ကသူ့ကို စိုက်ကြည့်နေခဲ့သည်။ ဒီရုတ်တရက် စိတ်လှုပ်ရှားမှု၊ သက်တောင့်သက်သာဖြစ်မှုတွေ ကြားက ပြောင်းလဲမှုတွေကြောင့် သူမ ပင်ပန်းနေပြီး သူမဦးနှောက်တောင် ရှုပ်ထွေးသွားခဲ့သည်။
ဟုန်ချန်းမင်း ကရုတ်တရက် သူမကို စိုက်ကြည့်လိုက်ပြီး မေးလိုက်သည်။
“အစ်ကို့ကို အိပ်ရာဆီ သယ်သွားပေးစေချင်လား?”
သူ့အသံက ဟာသလုပ်နေတာနဲ့ တူနေပေမဲ့ လေးနက်နေသည်။ ဇောင်ယုဟွမ် ကထိုအချိန်တွင် သေချာမသုံးသပ်နိုင်ပေမဲ့ သူ့အသံထဲတွင် လေးလံသည့် ခံစားချက်တွေ ပါဝင်နေသလိုမျိုး ခံစားနေရသည်။
ဇောင်ယုဟွမ် ကသူမဘာသာ အားပြန်ပေးလိုက်ပြီး ခေါင်းခါလိုက်ကာ ဆိုဖာမှ အလျင်အမြန် ထ,ရပ်လိုက်သည်။ ထို့နောက် သူမက လှည့်လိုက်ပြီး အိပ်ခန်းထဲကို ဝင်လိုက်သည်။
အချိန်တောင် မယူတော့ပဲ ဆေးကြောပြီးနောက် အိပ်ရာပေါ် အလျင်အမြန်ပင် လဲကျသွားခဲ့သည်။
ဟုန်ချန်းမင်း ကလျှောက်သွားပြီး စောင်ခြုံပေးလိုက်သည်။ ဇောင်ယုဟွမ် ကအိပ်ရာနဲ့ ထိလိုက်သည်နှင့် ချက်ချင်းပင် အိပ်ချင်သွားခဲ့သည်။
သူမ မျက်လုံးတွေက တစ်တန်းတည်း ပိတ်နေခဲ့သည်။ ဒီလိုပုံစံနဲ့ တခြားတစ်ယောက်ဆိုရင် သူတို့က သေချာပေါက်ကို အတော်လေး ရုပ်ဆိုးလိမ့်မည်။
သို့သော် ဇောင်ယုဟွမ် ကဘယ်လိုတောင် လှနေရတာလဲ?
သူမက ဘာအမူအရာမှ မရှိနေတာတောင် အရမ်းကိုလှပသည်။ ဒါက ပျင်းရိပြီး အိပ်ချင်မူးတူးဖြစ်နေသည့် ကြောင်လေးလို့သာ လူတွေက ထင်ကြလိမ့်မည်။
သူမ ကွေးလိုက်ချိန်တွင် သူမအိပ်ချင်စိတ်က လုံးဝကို လွှမ်းခြုံသွားခဲ့သည်။
ဟုန်ချန်းမင်း ကစောင်အား လက်ထဲတွင် တင်းကြပ်စွာ ကိုင်ထားတာကိုတော့ သူမက သေချာပေါက်ကို မမြင်လိုက်ပေ။
သူ့အားက အရမ်းများတာကြောင့် ငှက်မွှေးလိုစောင်လေးက သူ့လက်ထဲတွင် ပျောက်နေပြီး လက်က သွေးကြောတွေကိုတောင် မြင်နေရသည်။
ဇောင်ယုဟွမ် ကမျက်လုံးတွေ မှိတ်လိုက်သည်နှင့် အတော်လေးကို အိပ်ချင်နေခဲ့သည်။ ခုလေးတင် ဖြစ်ပျက်ခဲ့တာကိုတောင် သူမက မေ့သွားခဲ့သည်။
ဒါက သူမကို နည်းနည်း ထိတ်လန့်စေပြီး အနည်းငယ် အနှောက်အယှက် ဖြစ်စေသော်လည်း သူမကို အရမ်းကြီးတော့ မကြောက်သွားစေပေ။
ထိုအချိန်တွင် ဟုန်ချန်းမင်း ကသူမကို စိုက်ကြည့်နေခဲ့သည်။ သူ့တွင်မရှိသင့်သည့် တစ်စုံတစ်ခုကို လက်မလွှတ်နိုင်ပေ။
သူ့ဦးနှောက်ကလည်း ပျက်စီးနေပြီး သူ့ရင်ဘတ်တစ်ခုလုံးက အချိန်တိုင်း လောင်ကျွမ်းနေသည်။
သူ့ကိုယ်ထဲက သွေးတွေအားလုံးက လောင်ကျွမ်းနေပြီး ဆူပွက်နေတာ မရပ်တန့်နိုင်ပေ။
သူ့လက်ကို ဆန့်လိုက်ပြီး သူမနားစွဲကို ထပ်ထိလိုက်သည်။ သူမက မျက်နှာကို အမြန်သစ်လိုက်တာကြောင့် နားစွဲတွေချွတ်ဖို့ မေ့သွားခဲ့သည်။
အစက ဟုန်ချန်းမင်း ကနားစွဲကို ကစားလိုက်ဖို့ လုပ်လိုက်ပေမဲ့ ပုံထဲက မြင်ကွင်းကို ပြန်မြင်ယောင်သွားပြီး မနာလိုမှုနဲ့ စိတ်မကျေနပ်မှုတွေ ဖြစ်သွားကာ သူမပါးနားကို တိုးမိသွားချိန်တွင် ဆန္ဒမရှိစွာပဲ သူ့လက်ကို ပြန်ရုတ်လိုက်သည်။
သူမက သူ့ရှေ့တွင် သံသယမရှိပဲ လှဲလျောင်းနေကာ နူးညံ့စွာ အသက်ရှူနေပြီး အေးချမ်းစွာ အိပ်ပျော်နေသည်။
ဒီခံစားချက်တွေက တဖြည်းဖြည်း ပိုဆိုးလာတာကို ဟုန်ချန်းမင်း ခံစားနေရသည်။ နွေဦးရာသီလိုမျိုး ပိုပြီးဖိနှိပ်လေ ဖိနှိပ်ဖို့ ပိုခက်လာလေ ဖြစ်နေသည်။
သူမနားစွဲမှ ဟုန်ချန်းမင်း ရဲ့လက်တွေက ပြေလျော့နေသည့် ဆံပင်တွေဆီကို ရွှေ့သွားပြီးနောက် သူမနားသီးလေးဆီ ရောက်သွားပြီး နူးညံ့စွာ ထိလိုက်သည်။
သူမနှုတ်ခမ်းကို သူ မထိရဲပေ။ သူမက အေးချမ်းစွာ အိပ်ပျော်နေတာတောင် သူ မထိရဲပေ။
သို့သော် သူမကို စိုက်ကြည့်နေပြီး သူမနားသီးလေးက နူးညံ့သလိုမျိုး နှုတ်ခမ်းကလည်း နူးညံ့နေမလားလို့ သတိလက်လွတ် တွေးမိသွားသည်။
မဟုတ်ဘူး၊ သူမ နှုတ်ခမ်းက နည်းနည်းတော့ ပိုချိုလိမ့်မယ်။
ဟုန်ချန်းမင်း ကသူ့ကိုယ်ထဲက သားရဲကို ဖိနှိပ်လိုက်ပြီး သူမနားတွင် အရာထင်မနေအောင် နားစွဲကိုသာ ချွတ်ပေးဖို့ လုပ်လိုက်သည်။
ဟုန်ချန်းမင်း ကသူမနားစွဲတွေကို ချွတ်ပေးပြီးနောက် စောင်ခြုံပေးကာ သူမအိပ်ခန်းမှ ပြန်ထွက်လာခဲ့သည်။
ဇောင်ယုဟွမ် ကမနက် ၉ နာရီခွဲတွင် နိုးလာခဲ့သည်။ ဟုန်ချန်းမင်း ကသူမကို လာနှိုးမယ်လို့ ပြောခဲ့ပေမဲ့ ရောက်မလာခဲ့ပေ။
ဇောင်ယုဟွမ် ကနံရံက နာရီကို ကြည့်လိုက်သည်။ သူမ အနားယူနေတာကို နှောင့်ယှက်မိမှာဆိုးလို့ လာမနှိုးတာ ဖြစ်နိုင်သည်။
သူ့ဟောင်သံက ကိုက်တာထက်တောင် ပိုဆိုးသေးတယ်။
ဘယ်လိုတောင် အေးစက်တာလဲ?
သို့သော် ဇောင်ယုဟွမ် ကဒီလိုပုံစံလူမျိုးကို တကယ်ပဲ သဘောကျသည်။
ဟုန်ချန်းမင်း ရဲ့ပုံစံဖြင့် မနေ့က ဖြစ်ခဲ့သည့် အကြောင်းတွေက သူမကို မပျော်မရွှင် ဖြစ်စေသည်။ အနည်းဆုံးတော့ သူနဲ့အတူ သုံးနပ်စားဖို့ မလိုတော့ဘူးပေါ့။
သူတို့က မိသားစုပဲ၊ ဒီလို ဦးစားပေးတာကို သူတို့က ဂရုမစိုက်သင့်ဘူး။
ဇောင်ယုဟွမ် ကမျက်နှာသစ်ပြီး အဝတ်လဲပြီးနောက် ဟုန်ချန်းမင်း ကသူမအပြုအမူကို စောင့်ကြည့်နေသလိုမျိုး အိပ်ခန်းအပြင်ဘက်ကို ရောက်လာပြီး တံခါးခေါက်လာခဲ့သည်။
“ဟွမ်ဟွမ်”
ဇောင်ယုဟွမ် ကမနေ့က အရမ်းပျင်းနေပေမဲ့ အခုတော့ တံခါးလော့ခ်ထားတာကို မှတ်မိသွားသည်။ ဇောင်ယုဟွမ် ကဖုန်းကို ယူလိုက်ပြီး တံခါးဆီ လျှောက်သွားလိုက်သည်။
“နောက်ကျနေပြီ။ ကုမ္ပဏီမသွားခင် ဟွမ်ဟွမ် တို့မနက်စာ စားသွားရင် အစ်ကိုချန်းမင်း ရဲ့အလုပ်ကို နောက်ကျသွားမလား?”
ဟုန်ချန်းမင်း ကချက်ချင်းပဲ ပြောလိုက်သည်။
“ကုမ္ပဏီကို နေ့တိုင်း အချိန်မှန်သွားနေရရင် ကိုယ် သူတို့ကို ပိုက်ဆံအများကြီးပေးပြီး ဘာကြောင့် ငှားထားတော့မလဲ? ဒါက ဖြုန်းတီးတာ မဖြစ်ပါဘူး”
သူက အရင်က အလုပ်ဂျပိုး မဟုတ်သလိုမျိုး ပြောလိုက်သည်။ ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်သည်။
“အိုကေလေ၊ အစ်ကိုချန်းမင်း အဆင်ပြေရင်ပြီးတာပဲ”
မဟုတ်ရင် သူမက ဒီဘဝမှာ ဘာတွေပဲလုပ်လုပ် ရွှေပုံပေါ်မှာ ထိုင်နေနိုင်မှာပဲလေ။
ဇာတ်ကောင်တွေက ထပ်ပြီးမငြိမ်းခြောက်နိုင်တည်းက သေချာပေါက်ကို သူမက အရမ်းကို ပျော်ရွှင်နေပြီး စိတ်သက်သာနေခဲ့သည်။ သူတို့ ပျော်နေသ၍ အလုပ်ဆိုတာ ဘာမှမဟုတ်ဘူး။
အောက်ထပ်ကို ဆင်းပြီးနောက် သူတို့က ကားထဲကို အတူတူ ဝင်လိုက်ကြသည်။ ဟုန်ချန်းမင်း ကမောင်းသူနေရာမှ ဖြစ်သည်။ ဇောင်ယုဟွမ် ကမထိန်းချုပ်နိုင်ပဲ စနောက်လိုက်သည်။
“ဟွမ်ဟွမ် တို့ရဲ့အဆင့်နဲ့ဆိုရင် ကိုယ်ရံတော်တွေဘာတွေ မခေါ်သွားသင့်ဘူးလား?”
သို့သော် ဟုန်ချန်းမင်း ကမျက်မှောင်ကြုတ်လိုက်သည်။
“ဘယ်သူက လုပ်ရဲမှာလဲ?”
သူ့မျက်လုံးက ကြက်သီးထစရာကို ဇောင်ယုဟွမ် မြင်လိုက်ရပြီး ဗီဒီယိုမှ လမ်းတစ်ဖက်ကနေ သူမဘေးကို ရောက်လာပြီး သူမကို ဖက်လိုက်တဲ့ မြင်ကွင်းကို သတိရသွားခဲ့သည်။
ဇောင်ယုဟွမ် ကလျှာထုတ်လိုက်ပြီး အလျင်အမြန်ပင် သူမအသံကို ပြောင်းလိုက်သည်။
“အင်း၊ အစ်ကိုချန်းမင်း ကဒီမှာရှိနေတည်းက လုပ်ရဲမဲ့သူလည်း ရှိမှာမဟုတ်ပါဘူး”
သို့သော် ကားထွက်လိုက်ပြီးနောက် သူတို့နောက်မှ ကိုယ်ရံတော်တွေ လိုက်နေခဲ့တာကို ဇောင်ယုဟွမ် တွေ့လိုက်ရသည်။ သို့သော် သူတို့ကားအနောက်တွင်သာ လိုက်နေခဲ့ကြသည်။
ဇောင်ယုဟွမ် ကသူတို့ပိုင်သည့် ကိုယ်ရံတော်တွေနဲ့ သူတို့နောက်ကို လိုက်နေကြသည့်ကြားက ကွာခြားချက်ကို သူမ နားမလည်နိုင်ပေ။
ဟုန်ချန်းမင်း ကသူ့စကားအတိုင်း မနက်စာ စားပြီးနောက်တွင် ဇောင်ယုဟွမ် ကိုကုမ္ပဏီကို တကယ်ပဲ ခေါ်သွားခဲ့သည်။ ဒီတွင် တခြားဘာနည်းလမ်းမှ မရှိပေ။
သူတို့ စားနေချိန်တွင် ဟုန်ချန်းမင်း က ဇောင်ယုဟွမ် နဲ့သူ့ဆက်ဆံရေးကို တိတ်ဆိတ်စွာ ပြသနိုင်မည့် နည်းလမ်းကို မစဉ်းစားနိုင်ပေ။
လီဂျင်းယွမ် ကသူမနားစွဲငြိတဲ့ နည်းလမ်းကို အသုံးပြုပြီးသွားခဲ့ပြီ။ ဒါကြောင့် သူမကို ကုမ္ပဏီကို ခေါ်သွားဖို့ပဲ ရှိတော့သည်။
ရက်အများကြီး သူမကို ခေါ်ထားချင်သေးတယ်!
ပါပါရာဇီတွေက ဒါကို မရိုက်နိုင်ဘူးလို့ မယုံနိုင်ဘူး!
ဟုန်ချန်းမင်း ကထိပ်ဆုံး ရှာဖွေမှုကို ရောက်နိုင်မည့် နည်းလမ်းတွေကို စဉ်းစားထားခဲ့ပြီး ရေတပ်ကို ဆက်သွားနိုင်ဖို့တောင် ပြင်ဆင်ခဲ့သည်။ ရှာဖွေမှုက ထိပ်ဆုံးမရောက်ခဲ့ရင် ခံတပ်ကို တွန်းတင်ဖို့ အသုံးချလိုက်ရုံပဲ။
ဒါဆို လူတိုင်းက သူက ဇောင်ယုဟွမ် ရဲ့အစ်ကိုအရင်း ဟုတ်မဟုတ်ကို ရှာဖွေကြလိမ့်မည်။
ဘယ်သူက အစ်ကိုအရင်း ဖြစ်ချင်လို့လဲ?
ဟုန်ချန်းမင်း ရဲ့ခန္ဓာကိုယ်ထဲတွင် မီးတောက်က နာကျင်နေဆဲ ဖြစ်ပြီး သူ့စိတ်တစ်ခုလုံးက အတွေးတွေကြောင့် မျက်လုံးမှိတ်လိုက်ချိန်တွင် ပိုတောင် နာကျင်သွားခဲ့သည်။
ဟုန်ချန်းမင်း ကအလုပ်ဂျပိုး ဖြစ်သည်။ သူ အလုပ်စလုပ်လိုက်သည်နှင့် တခြားအရာတွေ အားလုံးကို လုံးဝမေ့သွားတတ်သည်။
ဇောင်ယုဟွမ် ကသူ့အခန်းထဲရှိ ဆိုဖာတွင် ထိုင်နေခဲ့သည်။ ပျင်းလာတာကြောင့် လီဂျင်းယွမ် ကိုဖုန်းခေါ်လိုက်သည်။ လက်ရှိတွင် လီဂျင်းယွမ် ကအင်တာဗျူး လုပ်နေခဲ့သည်။
ပထမ သတင်းထောက်က မေးလိုက်သည်။
“ရှင်က အယ်လ်ဘမ်အသစ် တစ်ခုပြင်နေတယ်လို့ ကျွန်မ ကြားခဲ့တယ်။ လက်ရှိတိုးတက်မှုအဆင့်လေးကို ပြောပြပေးနိုင်မလား?”
ဒုတိယ သတင်းထောက်ကလည်း လက်ရှိရှာဖွေမှု စာရင်းကအကြောင်းကို မေးလိုက်သည်။
“အင်တာနက်က သတင်းထွက်နေတဲ့ မိဘမဲ့ဆိုတဲ့အကြောင်းလေး ပြောပြပေးလို့ရနိုင်မလား? တစ်စုံတစ်ယောက်က ရှင် အဲ့မှာတုန်းက မွေးစားမခံခဲ့ရလို့ တခြားသူတွေကို အနိုင်ကျင့်ပြီး ပစ္စည်းတွေပါ ခိုးယူခဲ့တယ်လို့ ပြောခဲ့တယ်… ဒါက အမှန်လားဆိုတာကို ကျွန်မ မေးလို့ရနိုင်လား?”
ထိုအချိန်တွင် လီဂျင်းယွမ် ရဲ့ဖုန်းက မြည်လာခဲ့ပြီး ငုံ့ကြည့်လိုက်သည်။ ဖုန်းအသံက သီးသန့်ထားထားသည့် သီချင်းသံဖြစ်သည်။
လူတိုင်းက ထိတ်လန့်သွားကြသည်။ ဒီလိုမျိုး လုပ်ထားသည့် နာမည်ကြီးတစ်ယောက်ကို သူတို့ တစ်ခါမှ မမြင်ဖူးကြပေ။ ဒါထက် သူတို့က ဒီလိုအချိန်မှာ သူတို့ဖုန်းကို ယူတောင် မယူထားကြပေ။
လီဂျင်းယွမ် ရဲ့လက်ထောက်ကလည်း အနည်းငယ် တုန်လှုပ်သွားသည်။ သူက လက်ဆန့်လိုက်ပြီး သူ့ဖုန်းကို ပိတ်လိုက်ပြီး မတော်တဆ ယူလာခဲ့မိတာလို့ ပြောလိုက်သည်။
သို့သော် လီဂျင်းယွမ် ကသူ မလုပ်နိုင်ခင်မှာပဲ ဖုန်းကို ယူလိုက်သည်။ သူက ပြုံးလိုက်ပြီး မီဒီယာတွေကို ပြောလိုက်သည်။
“ခွင့်ပြုပါဦး” ထို့နောက် ဖုန်းကိုင်လိုက်သည်။
“ဟယ်လို၊ ဟွမ်ဟွမ်” မိုက်က သူ့ရင်ဘတ်နားတွင် ရှိနေသေးတာကြောင့် သူပြောတာကို လူတိုင်းက ကြားလိုက်ကြသည်။
အစက သူတို့က ထိတ်လန့်သွားပြီးနောက် ဘယ်သူဆက်လာတာလဲဆိုတာကို နားလည်သွားကြသည်။
သူက လေနဲ့ လှိုင်းလို အမြင့်ဆုံးနေရာမှာ ရောက်နေပေမဲ့ သူက ဒီလိုမျိုး လုပ်ရဲသေးတားလား?
သူက တကယ့်ကို သတ္တိရှိပြီး အင်တာနက်က မကောင်းကြောင်းတွေကို ဘာမှဂရုမစိုက်သလို သူ့အပေါ်လည်း သက်ရောက်မှု ရှိနေပုံမရပေ။
လီဂျင်းယွမ် ကခေါင်းငုံ့လိုက်ပြီး ဇောင်ယုဟွမ် နဲ့စကား စပြောလိုက်သည်။
ထို့နောက် သတင်းထောက်တွေက သူတို့အသိကို ပြန်ရလာချိန်တွင် ဒီမြင်ကွင်းအား ကင်မရာနဲ့ အလျင်အမြန် ရိုက်ယူလိုက်ကြသည်။
ဝေ့ကျဲ ကအတော်လေး တည်ငြိမ်နေပြီး ကင်မရာတွေရဲ့ အမြင် အပြင်ဘက် စင်အောက်တွင် ရပ်နေခဲ့သည်။
လီဂျင်းယွမ် ကမောလ်ဒယ် အလုပ်ကို လုပ်လာတာ ဘယ်လောက်ကြာနေပြီလဲ?
သူ့မှာ သူ့ကိုယ်ပိုင် စိတ်ထား ရှိတာကြောင့် ဝေ့ကျဲ ကမတားနိုင်ပေ။ ထို့ကြောင့် လီဂျင်းယွမ် လုပ်ချင်တာကို ခွင့်ပြုထားတာက ပိုကောင်းလိမ့်မည်။
လီဂျင်းယွမ် ကသူ့အသက်မွေးဝမ်းကြောင်းကို ပျက်စီးဖို့ ဆန္ဒရှိနေတာပဲ။
လီဂျင်းယွမ် မှာကြီးမားတဲ့ ရည်ရွယ်ချက် ရှိနေတယ်ဆိုတာကို ဝေ့ကျဲ ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။ အိုင်ဒေါလ်လို စပြီး ပွဲဦးထွက် လုပ်ရုံပဲ။
ဇောင်ယုဟွမ် ကသူအင်တာဗျူး ဖြေနေတာကို သတိမပြုမိပဲ မေးလိုက်သည်။
“ဟွမ်ဟွမ် တို့ညစာအတူစားတဲ့ ပုံတွေထွက်လာတော့ ဘယ်လိုရှိလဲ?”
လီဂျင်းယွမ် ကပြုံးလိုက်ပြီး သူ့အသံက အေးဆေးနေသည်။
“ဒီလို မတော်တဆတွေ ရှိနေလိမ့်မယ်လို့ ကိုယ်လည်း မသိခဲ့ဘူး”
တကယ် ဇောင်ယုဟွမ် ကနည်းနည်း သံသယဝင်သွားပေမဲ့ တိုက်ရိုက်တော့ မပြောပေ။
အမှားလေးအတွက် လီဂျင်းယွမ် ကိုနာကျင်စေမှာကို သူမ ကြောက်သည်။
သူ့ခံစားချက်တွေကို နာကျင်စေမိရင် ပိုဆိုးလိမ့်မယ်။
“နောက်တစ်ခါကျရင် ဟွမ်ဟွမ့် ဆံပင်နဲ့ပတ်သက်ပြီး မကူညီပေးနဲ့တော့”
ဇောင်ယုဟွမ် ကတွေးလိုက်ပြီး တင်းမာသည့် ခံစားချက်ကို ထုတ်ပြလိုက်သည်။
“ဟွမ်ဟွမ် တို့ဓာတ်ပုံ အရိုက်ခံရရင် မီးတောက်တွေ ပေါင်းဝင်လာလိမ့်မယ်။ မကောင်းဘူး”
“ဘယ်လို မကောင်းတာလဲ?” လီဂျင်းယွမ် ကမေးခွန်းနဲ့ ပြန်တုန့်ပြန်လိုက်သည်။
ဇောင်ယုဟွမ် သီးသွားခဲ့သည်။ လီဂျင်းယွမ် ကလျစ်လျူရှုပြီး မသိဟန်ဆောင်နေတာလို့ သူမ ခံစားလိုက်ရသည်။
ဒါက သိသာတဲ့ အကျိုးဆက်ပဲ မဟုတ်ဘူးလား?
“ဒီလိုသတင်းတွေက ဂျင်းယွမ် ကိုထိခိုက်စေတယ်” ဇောင်ယုဟွမ် ကပြောလိုက်သည်။
လီဂျင်းယွမ် ကသူ့ကိုယ်ကို နည်းနည်းလှည့်လိုက်ကာ ရင်ဘတ်နားတွင် ဖုန်းမိုက်ကို ထားလိုက်ပြီး ပြောလိုက်သည်။
“ဟွမ်ဟွမ် ကကိုယ့်ကို ဂရုစိုက်တာ သိပါတယ်… ဒါပေမဲ့ ဒီကိစ္စလေးတွေကို ကိုယ်က ဂရုမစိုက်ပါဘူး”
မီဒီယာက ရူးသွားတော့မလို ဖြစ်သွားသည်။
Shit ဒီလူက ဖျော်ဖြေရေး လောကအတွက် မွေးဖွားလာတာပဲ!
ဖုန်းပြောနေတာတောင် အရမ်းကို ခန့်ညားလွန်းတယ်!
သူတို့က ကင်မရာကို ကိုင်ထားကြပြီး ဓာတ်ပုံတွေကို ရိုက်ယူနေခဲ့ကြသည်။
လီဂျင်းယွမ် က ဇောင်ယုဟွမ် နဲ့စကားပြောနေတုန်းပင်။ သူ့အသံက တိုးနေကာ နွေးထွေးနေပြီး ဖုန်းမိုက်မှတဆင့် ဇောင်ယုဟွမ် ရဲ့နားထဲကို ထိုအသံအတိုင်း ရောက်သွားခဲ့သည်။
လီဂျင်းယွမ် ကအရင်တည်းက ဒီလိုမျိုး ပြောခဲ့သည်။
“ကိုယ့်ကို စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကိုယ် အရမ်းပျော်တယ်…”
ဒီအချိန်အတွင်း ဇောင်ယုဟွမ် ကနူးညံ့သိမ်မွေ့မှုကို ခံစားလိုက်ရပြီး တခြားကောင်းသည့် အရာတွေကိုပါ မှတ်မိသွားခဲ့သည်။
ဒါပေမဲ့ အခုတော့… ဒီစကားတွေက ဇောင်ယုဟွမ် ကိုမတူညီတဲ့ အရာတွေကို ခံစားရစေသည်။ ဇောင်ယုဟွမ် ကခေါင်းခါလိုက်သည်။
“အင်း၊ ပြဿနာရှိရင် ဇောင်အိမ်တော်က အဖွဲ့ကို အသုံးပြုလို့ရတယ်။ သူတို့က ငွေတွေအများကြီး ကုန်ကျထားပေမဲ့ အသုံးချတာ သိပ်မရှိဘူး”
လီဂျင်းယွမ် ရဲ့အပြုံးက ပိုပြီးတော့တောင် နူးညံ့သွားသည်။
“အိုကေ”
သူတို့က သူမရှေ့မှာ အားနည်းချက်တွေ ထုတ်ပြဖို့ ဘယ်တော့မှ တွန့်ဆုတ်ခြင်း မရှိပေ။ ဒီကမ္ဘာမှာ သူတို့က နှိမ်ချနေဖို့ကို ဆန္ဒရှိတဲ့ တစ်ယောက်တည်းသောသူက သူမပဲ။
ကလေးတွေငိုရင် သကြားလုံးရတာကို လီဂျင်းယွမ် သေချာသိသည်။ သူ မိဘမဲ့ဂေဟာတုန်းက ဒီအကြောင်းကို သိနေခဲ့ပြီသား ဖြစ်သည်။
သူက မွေးစားမဲ့ မိဘတွေကို ရွေးချယ်နေခဲ့ရုံသာ…
ထို့ကြောင့် ဟွမ်ဟွမ် အရှေ့မှာ သူ မရှိခင်အထိ ဒီနည်းလမ်းကို သူအသုံးမပြုခဲ့တာ ဖြစ်သည်။ ဒီနည်းလမ်းက အချိန်တိုင်း အလုပ်ဖြစ်သည်။
သူရှိသင့်သလောက် မသန်မာလာရင်ကော?
ဥပမာ ဟွမ်ဟွမ် က ဝမ်ယောင်ချန်း နဲ့ထွက်သွားဖို့ ကြိုးစားရင်…
ထိုခဏအတွင်း အတွေးတွေက လီဂျင်းယွမ် စိတ်ထဲပေါ်လာခဲ့ပေမဲ့ သူ့အမူအရာက ပြောင်းလဲခြင်း မရှိသလို မပြောသင့်တာကို ထုတ်မပြောပေ။
တစ်ဖက်တွင် ဇောင်ယုဟွမ် ကအနည်းငယ် စိတ်ရှုပ်နေသည်။ အပြင်ဘက်တွင် လီဂျင်းယွမ် ကအရင်ကနဲ့ မတူတော့တာမျိုး မဟုတ်ပေ…
သူ့အသံက ပုံမှန်ဖြစ်နေပြီး ရင်းနှီးမှုကို ပြသနေသည်။
ဒီရင်းနှီးမှုနဲ့ ဘာမှားနေတာလဲ?
ဘာမှမမှားဘူး။
သူတို့က ကလေးဘဝတည်းက အတူနေခဲ့ကြလို့ ဘာမှမှားစရာ မရှိဘူး…
15.6.2021 (Tue)
…………………….
Zawgyi
အစက သူမက မနက္ျဖန္ မနက္စာအတြက္ သေဘာတူလိုက္ခ်ိန္တြင္ ဟုန္ခ်န္းမင္း ရဲ႕မေပ်ာ္႐ႊင္သည့္ ႏွလုံးသားက ေအးခ်မ္းသြားခဲ့ေပမဲ့ သူမက ရန္ဆန္း နဲ႔ခ်ိန္းထားတာကို ၾကားလိုက္ရသည္။
ရန္ဆန္း! ဘာေၾကာင့္ ထပ္ၿပီး ဒီ ရန္ဆန္း ပဲလဲ?!
အရင္တုန္းကလည္း ရန္ဆန္း နဲ႔ေလ့က်င့္တယ္၊ ရန္ဆန္း နဲ႔ကားၿပိဳင္ပြဲသြားတယ္…
ဒီအခ်ိန္လည္း ရန္ဆန္း ပဲထပ္ျဖစ္ေနျပန္ၿပီ!
ဟုန္ခ်န္းမင္း ရဲ႕မ်က္ေတာင္ေတြက အနည္းငယ္ လႈပ္သြားၿပီး သူ႕မ်က္ႏွာက ထပ္ၿပီးမဲေမွာင္သြားျပန္သည္။ သူ႕မ်က္ႏွာတြင္ ေဒါသကို ျမင္ႏိုင္ၿပီး ပိုတင္းမာလာခဲ့သည္။ အေဝးကို ေလွ်ာက္သြားဖို႔ေတာင္ သူမလုပ္ႏိုင္ေတာ့ေပ။
ေဇာင္ယုဟြမ္ ကဆိုဖာတြင္ မွီလိုက္သည္။
“ဘာျဖစ္လို႔လဲ?”
႐ွင္ဘာေၾကာင့္ ထြက္မသြားေသးတာလဲ?
ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။
“သူတို႔နဲ႔ အျပင္ထြက္ဖို႔က အရမ္းပဲ အေရးႀကီးေနတာလား?”
ေဇာင္ယုဟြမ္ ကသူဘာေၾကာင့္ ဒီလိုေမးလဲဆိုတာကို နားမလည္တာေၾကာင့္ စဥ္းစားလိုက္ၿပီး ေျပာလိုက္သည္။
“အဆင္ေျပပါတယ္”
ဟုန္ခ်န္းမင္း က႐ုတ္တရက္ မူးသြားသလိုမ်ိဳး ျဖစ္ေနၿပီး သူ႕အင္အားေတြ ျပန္ရလာခဲ့သည္။
သူ႕ေမးခြန္းေနာက္လိုက္ကာ “ဒါဆို သူတို႔က ပိုအေရးႀကီးလား? ဒါမွမဟုတ္ ကိုယ္က အေရးႀကီးလား?”
ေဇာင္ယုဟြမ္ : “???”
ဟုန္ခ်န္းမင္း ကမရပ္ပဲ ထပ္ေမးလိုက္သည္။
“ဟြမ္ဟြမ္၊ သူတို႔က ပိုအေရးႀကီးလား? ဒါမွမဟုတ္ ကိုယ္က အေရးႀကီးလား?”
ဒီတစ္ႀကိမ္ေတာ့ သူ႕အသံက ပိုတိုးေနၿပီး ပိုအသက္ပါေနသည္။ ေဇာင္ယုဟြမ္ ကေတြးေတာလိုက္ၿပီးေနာက္ နာခံစြာျဖင့္ ေျပာလိုက္သည္။
“အစ္ကိုခ်န္းမင္း”
“ဒါဆို ကိုယ္တို႔ေတြ မနက္ျဖန္၊ မြန္းလြဲေကာ ညေကာ အတူတူ စားၾကမယ္”
ဟုန္ခ်န္းမင္း ကရပ္လိုက္ၿပီးေနာက္ ထပ္ေပါင္းေျပာလိုက္သည္။
“ဟြမ္ဟြမ္ ကိုယ့္ကုမၸဏီကိုပဲ လိုက္ခဲ့လိုက္ေတာ့။ ဟြမ္ဟြမ္ လည္းမေရာက္ဖူးေသးဘူးေလ။ တစ္ႀကိမ္ေတာင္မွ မေရာက္ဖူးေသးဘူး”
ဟုန္ခ်န္းမင္း ကေနာက္ဆုံးစကားကို မေပ်ာ္႐ႊင္သည့္ ပုံစံျဖင့္ ေျပာလိုက္သည္။
ေဇာင္ယုဟြမ္ : “…”
လီဂ်င္းယြမ္ နဲ႔က တစ္ႀကိမ္ပဲ အတူတူစားတာကို သူက ဒါအတြက္နဲ႔ သုံးႀကိမ္ေလာက္ ႏိႈင္းယွဥ္ဖို႔ လိုအပ္လို႔လား?
“ဟြမ္ဟြမ္ မပင္ပန္းဘူးလား?”
ဟုန္ခ်န္းမင္း က႐ုတ္တရက္ စကားလမ္းေၾကာင္း ေျပာင္းလိုက္ၿပီး သူ႕အသံက အနည္းငယ္ ႏူးညံ့ေနသည္။
“ဟြမ္ဟြမ္ အနားယူသင့္ၿပီ။ မနက္က်ရင္ ကိုယ္လာႏိႈးမယ္”
ေဇာင္ယုဟြမ္ ကသူ႕ကို စိုက္ၾကည့္ေနခဲ့သည္။ ဒီ႐ုတ္တရက္ စိတ္လႈပ္႐ွားမႈ၊ သက္ေတာင့္သက္သာျဖစ္မႈေတြ ၾကားက ေျပာင္းလဲမႈေတြေၾကာင့္ သူမ ပင္ပန္းေနၿပီး သူမဦးေႏွာက္ေတာင္ ႐ႈပ္ေထြးသြားခဲ့သည္။
ဟုန္ခ်န္းမင္း က႐ုတ္တရက္ သူမကို စိုက္ၾကည့္လိုက္ၿပီး ေမးလိုက္သည္။
“အစ္ကို႔ကို အိပ္ရာဆီ သယ္သြားေပးေစခ်င္လား?”
သူ႕အသံက ဟာသလုပ္ေနတာနဲ႔ တူေနေပမဲ့ ေလးနက္ေနသည္။ ေဇာင္ယုဟြမ္ ကထိုအခ်ိန္တြင္ ေသခ်ာမသုံးသပ္ႏိုင္ေပမဲ့ သူ႕အသံထဲတြင္ ေလးလံသည့္ ခံစားခ်က္ေတြ ပါဝင္ေနသလိုမ်ိဳး ခံစားေနရသည္။
ေဇာင္ယုဟြမ္ ကသူမဘာသာ အားျပန္ေပးလိုက္ၿပီး ေခါင္းခါလိုက္ကာ ဆိုဖာမွ အလ်င္အျမန္ ထ,ရပ္လိုက္သည္။ ထို႔ေနာက္ သူမက လွည့္လိုက္ၿပီး အိပ္ခန္းထဲကို ဝင္လိုက္သည္။
အခ်ိန္ေတာင္ မယူေတာ့ပဲ ေဆးေၾကာၿပီးေနာက္ အိပ္ရာေပၚ အလ်င္အျမန္ပင္ လဲက်သြားခဲ့သည္။
ဟုန္ခ်န္းမင္း ကေလွ်ာက္သြားၿပီး ေစာင္ျခဳံေပးလိုက္သည္။ ေဇာင္ယုဟြမ္ ကအိပ္ရာနဲ႔ ထိလိုက္သည္ႏွင့္ ခ်က္ခ်င္းပင္ အိပ္ခ်င္သြားခဲ့သည္။
သူမ မ်က္လုံးေတြက တစ္တန္းတည္း ပိတ္ေနခဲ့သည္။ ဒီလိုပုံစံနဲ႔ တျခားတစ္ေယာက္ဆိုရင္ သူတို႔က ေသခ်ာေပါက္ကို အေတာ္ေလး ႐ုပ္ဆိုးလိမ့္မည္။
သို႔ေသာ္ ေဇာင္ယုဟြမ္ ကဘယ္လိုေတာင္ လွေနရတာလဲ?
သူမက ဘာအမူအရာမွ မ႐ွိေနတာေတာင္ အရမ္းကိုလွပသည္။ ဒါက ပ်င္းရိၿပီး အိပ္ခ်င္မူးတူးျဖစ္ေနသည့္ ေၾကာင္ေလးလို႔သာ လူေတြက ထင္ၾကလိမ့္မည္။
သူမ ေကြးလိုက္ခ်ိန္တြင္ သူမအိပ္ခ်င္စိတ္က လုံးဝကို လႊမ္းျခဳံသြားခဲ့သည္။
ဟုန္ခ်န္းမင္း ကေစာင္အား လက္ထဲတြင္ တင္းၾကပ္စြာ ကိုင္ထားတာကိုေတာ့ သူမက ေသခ်ာေပါက္ကို မျမင္လိုက္ေပ။
သူ႕အားက အရမ္းမ်ားတာေၾကာင့္ ငွက္ေမႊးလိုေစာင္ေလးက သူ႕လက္ထဲတြင္ ေပ်ာက္ေနၿပီး လက္က ေသြးေၾကာေတြကိုေတာင္ ျမင္ေနရသည္။
ေဇာင္ယုဟြမ္ ကမ်က္လုံးေတြ မွိတ္လိုက္သည္ႏွင့္ အေတာ္ေလးကို အိပ္ခ်င္ေနခဲ့သည္။ ခုေလးတင္ ျဖစ္ပ်က္ခဲ့တာကိုေတာင္ သူမက ေမ့သြားခဲ့သည္။
ဒါက သူမကို နည္းနည္း ထိတ္လန္႔ေစၿပီး အနည္းငယ္ အေႏွာက္အယွက္ ျဖစ္ေစေသာ္လည္း သူမကို အရမ္းႀကီးေတာ့ မေၾကာက္သြားေစေပ။
ထိုအခ်ိန္တြင္ ဟုန္ခ်န္းမင္း ကသူမကို စိုက္ၾကည့္ေနခဲ့သည္။ သူ႕တြင္မ႐ွိသင့္သည့္ တစ္စုံတစ္ခုကို လက္မလႊတ္ႏိုင္ေပ။
သူ႕ဦးေႏွာက္ကလည္း ပ်က္စီးေနၿပီး သူ႕ရင္ဘတ္တစ္ခုလုံးက အခ်ိန္တိုင္း ေလာင္ကြၽမ္းေနသည္။
သူ႕ကိုယ္ထဲက ေသြးေတြအားလုံးက ေလာင္ကြၽမ္းေနၿပီး ဆူပြက္ေနတာ မရပ္တန္႔ႏိုင္ေပ။
သူ႕လက္ကို ဆန္႔လိုက္ၿပီး သူမနားစြဲကို ထပ္ထိလိုက္သည္။ သူမက မ်က္ႏွာကို အျမန္သစ္လိုက္တာေၾကာင့္ နားစြဲေတြခြၽတ္ဖို႔ ေမ့သြားခဲ့သည္။
အစက ဟုန္ခ်န္းမင္း ကနားစြဲကို ကစားလိုက္ဖို႔ လုပ္လိုက္ေပမဲ့ ပုံထဲက ျမင္ကြင္းကို ျပန္ျမင္ေယာင္သြားၿပီး မနာလိုမႈနဲ႔ စိတ္မေက်နပ္မႈေတြ ျဖစ္သြားကာ သူမပါးနားကို တိုးမိသြားခ်ိန္တြင္ ဆႏၵမ႐ွိစြာပဲ သူ႕လက္ကို ျပန္႐ုတ္လိုက္သည္။
သူမက သူ႕ေ႐ွ႕တြင္ သံသယမ႐ွိပဲ လွဲေလ်ာင္းေနကာ ႏူးညံ့စြာ အသက္႐ွဴေနၿပီး ေအးခ်မ္းစြာ အိပ္ေပ်ာ္ေနသည္။
ဒီခံစားခ်က္ေတြက တျဖည္းျဖည္း ပိုဆိုးလာတာကို ဟုန္ခ်န္းမင္း ခံစားေနရသည္။ ေႏြဦးရာသီလိုမ်ိဳး ပိုၿပီးဖိႏွိပ္ေလ ဖိႏွိပ္ဖို႔ ပိုခက္လာေလ ျဖစ္ေနသည္။
သူမနားစြဲမွ ဟုန္ခ်န္းမင္း ရဲ႕လက္ေတြက ေျပေလ်ာ့ေနသည့္ ဆံပင္ေတြဆီကို ေ႐ႊ႕သြားၿပီးေနာက္ သူမနားသီးေလးဆီ ေရာက္သြားၿပီး ႏူးညံ့စြာ ထိလိုက္သည္။
သူမႏႈတ္ခမ္းကို သူ မထိရဲေပ။ သူမက ေအးခ်မ္းစြာ အိပ္ေပ်ာ္ေနတာေတာင္ သူ မထိရဲေပ။
သို႔ေသာ္ သူမကို စိုက္ၾကည့္ေနၿပီး သူမနားသီးေလးက ႏူးညံ့သလိုမ်ိဳး ႏႈတ္ခမ္းကလည္း ႏူးညံ့ေနမလားလို႔ သတိလက္လြတ္ ေတြးမိသြားသည္။
မဟုတ္ဘူး၊ သူမ ႏႈတ္ခမ္းက နည္းနည္းေတာ့ ပိုခ်ိဳလိမ့္မယ္။
ဟုန္ခ်န္းမင္း ကသူ႕ကိုယ္ထဲက သားရဲကို ဖိႏွိပ္လိုက္ၿပီး သူမနားတြင္ အရာထင္မေနေအာင္ နားစြဲကိုသာ ခြၽတ္ေပးဖို႔ လုပ္လိုက္သည္။
ဟုန္ခ်န္းမင္း ကသူမနားစြဲေတြကို ခြၽတ္ေပးၿပီးေနာက္ ေစာင္ျခဳံေပးကာ သူမအိပ္ခန္းမွ ျပန္ထြက္လာခဲ့သည္။
ေဇာင္ယုဟြမ္ ကမနက္ ၉ နာရီခြဲတြင္ ႏိုးလာခဲ့သည္။ ဟုန္ခ်န္းမင္း ကသူမကို လာႏိႈးမယ္လို႔ ေျပာခဲ့ေပမဲ့ ေရာက္မလာခဲ့ေပ။
ေဇာင္ယုဟြမ္ ကနံရံက နာရီကို ၾကည့္လိုက္သည္။ သူမ အနားယူေနတာကို ေႏွာင့္ယွက္မိမွာဆိုးလို႔ လာမႏိႈးတာ ျဖစ္ႏိုင္သည္။
သူ႕ေဟာင္သံက ကိုက္တာထက္ေတာင္ ပိုဆိုးေသးတယ္။
ဘယ္လိုေတာင္ ေအးစက္တာလဲ?
သို႔ေသာ္ ေဇာင္ယုဟြမ္ ကဒီလိုပုံစံလူမ်ိဳးကို တကယ္ပဲ သေဘာက်သည္။
ဟုန္ခ်န္းမင္း ရဲ႕ပုံစံျဖင့္ မေန႔က ျဖစ္ခဲ့သည့္ အေၾကာင္းေတြက သူမကို မေပ်ာ္မ႐ႊင္ ျဖစ္ေစသည္။ အနည္းဆုံးေတာ့ သူနဲ႔အတူ သုံးနပ္စားဖို႔ မလိုေတာ့ဘူးေပါ့။
သူတို႔က မိသားစုပဲ၊ ဒီလို ဦးစားေပးတာကို သူတို႔က ဂ႐ုမစိုက္သင့္ဘူး။
ေဇာင္ယုဟြမ္ ကမ်က္ႏွာသစ္ၿပီး အဝတ္လဲၿပီးေနာက္ ဟုန္ခ်န္းမင္း ကသူမအျပဳအမူကို ေစာင့္ၾကည့္ေနသလိုမ်ိဳး အိပ္ခန္းအျပင္ဘက္ကို ေရာက္လာၿပီး တံခါးေခါက္လာခဲ့သည္။
“ဟြမ္ဟြမ္”
ေဇာင္ယုဟြမ္ ကမေန႔က အရမ္းပ်င္းေနေပမဲ့ အခုေတာ့ တံခါးေလာ့ခ္ထားတာကို မွတ္မိသြားသည္။ ေဇာင္ယုဟြမ္ ကဖုန္းကို ယူလိုက္ၿပီး တံခါးဆီ ေလွ်ာက္သြားလိုက္သည္။
“ေနာက္က်ေနၿပီ။ ကုမၸဏီမသြားခင္ ဟြမ္ဟြမ္ တို႔မနက္စာ စားသြားရင္ အစ္ကိုခ်န္းမင္း ရဲ႕အလုပ္ကို ေနာက္က်သြားမလား?”
ဟုန္ခ်န္းမင္း ကခ်က္ခ်င္းပဲ ေျပာလိုက္သည္။
“ကုမၸဏီကို ေန႔တိုင္း အခ်ိန္မွန္သြားေနရရင္ ကိုယ္ သူတို႔ကို ပိုက္ဆံအမ်ားႀကီးေပးၿပီး ဘာေၾကာင့္ ငွားထားေတာ့မလဲ? ဒါက ျဖဳန္းတီးတာ မျဖစ္ပါဘူး”
သူက အရင္က အလုပ္ဂ်ပိုး မဟုတ္သလိုမ်ိဳး ေျပာလိုက္သည္။ ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္သည္။
“အိုေကေလ၊ အစ္ကိုခ်န္းမင္း အဆင္ေျပရင္ၿပီးတာပဲ”
မဟုတ္ရင္ သူမက ဒီဘဝမွာ ဘာေတြပဲလုပ္လုပ္ ေ႐ႊပုံေပၚမွာ ထိုင္ေနႏိုင္မွာပဲေလ။
ဇာတ္ေကာင္ေတြက ထပ္ၿပီးမၿငိမ္းေျခာက္ႏိုင္တည္းက ေသခ်ာေပါက္ကို သူမက အရမ္းကို ေပ်ာ္႐ႊင္ေနၿပီး စိတ္သက္သာေနခဲ့သည္။ သူတို႔ ေပ်ာ္ေနသ၍ အလုပ္ဆိုတာ ဘာမွမဟုတ္ဘူး။
ေအာက္ထပ္ကို ဆင္းၿပီးေနာက္ သူတို႔က ကားထဲကို အတူတူ ဝင္လိုက္ၾကသည္။ ဟုန္ခ်န္းမင္း ကေမာင္းသူေနရာမွ ျဖစ္သည္။ ေဇာင္ယုဟြမ္ ကမထိန္းခ်ဳပ္ႏိုင္ပဲ စေနာက္လိုက္သည္။
“ဟြမ္ဟြမ္ တို႔ရဲ႕အဆင့္နဲ႔ဆိုရင္ ကိုယ္ရံေတာ္ေတြဘာေတြ မေခၚသြားသင့္ဘူးလား?”
သို႔ေသာ္ ဟုန္ခ်န္းမင္း ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။
“ဘယ္သူက လုပ္ရဲမွာလဲ?”
သူ႕မ်က္လုံးက ၾကက္သီးထစရာကို ေဇာင္ယုဟြမ္ ျမင္လိုက္ရၿပီး ဗီဒီယိုမွ လမ္းတစ္ဖက္ကေန သူမေဘးကို ေရာက္လာၿပီး သူမကို ဖက္လိုက္တဲ့ ျမင္ကြင္းကို သတိရသြားခဲ့သည္။
ေဇာင္ယုဟြမ္ ကလွ်ာထုတ္လိုက္ၿပီး အလ်င္အျမန္ပင္ သူမအသံကို ေျပာင္းလိုက္သည္။
“အင္း၊ အစ္ကိုခ်န္းမင္း ကဒီမွာ႐ွိေနတည္းက လုပ္ရဲမဲ့သူလည္း ႐ွိမွာမဟုတ္ပါဘူး”
သို႔ေသာ္ ကားထြက္လိုက္ၿပီးေနာက္ သူတို႔ေနာက္မွ ကိုယ္ရံေတာ္ေတြ လိုက္ေနခဲ့တာကို ေဇာင္ယုဟြမ္ ေတြ႕လိုက္ရသည္။ သို႔ေသာ္ သူတို႔ကားအေနာက္တြင္သာ လိုက္ေနခဲ့ၾကသည္။
ေဇာင္ယုဟြမ္ ကသူတို႔ပိုင္သည့္ ကိုယ္ရံေတာ္ေတြနဲ႔ သူတို႔ေနာက္ကို လိုက္ေနၾကသည့္ၾကားက ကြာျခားခ်က္ကို သူမ နားမလည္ႏိုင္ေပ။
ဟုန္ခ်န္းမင္း ကသူ႕စကားအတိုင္း မနက္စာ စားၿပီးေနာက္တြင္ ေဇာင္ယုဟြမ္ ကိုကုမၸဏီကို တကယ္ပဲ ေခၚသြားခဲ့သည္။ ဒီတြင္ တျခားဘာနည္းလမ္းမွ မ႐ွိေပ။
သူတို႔ စားေနခ်ိန္တြင္ ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ နဲ႔သူ႕ဆက္ဆံေရးကို တိတ္ဆိတ္စြာ ျပသႏိုင္မည့္ နည္းလမ္းကို မစဥ္းစားႏိုင္ေပ။
လီဂ်င္းယြမ္ ကသူမနားစြဲၿငိတဲ့ နည္းလမ္းကို အသုံးျပဳၿပီးသြားခဲ့ၿပီ။ ဒါေၾကာင့္ သူမကို ကုမၸဏီကို ေခၚသြားဖို႔ပဲ ႐ွိေတာ့သည္။
ရက္အမ်ားႀကီး သူမကို ေခၚထားခ်င္ေသးတယ္!
ပါပါရာဇီေတြက ဒါကို မ႐ိုက္ႏိုင္ဘူးလို႔ မယုံႏိုင္ဘူး!
ဟုန္ခ်န္းမင္း ကထိပ္ဆုံး ႐ွာေဖြမႈကို ေရာက္ႏိုင္မည့္ နည္းလမ္းေတြကို စဥ္းစားထားခဲ့ၿပီး ေရတပ္ကို ဆက္သြားႏိုင္ဖို႔ေတာင္ ျပင္ဆင္ခဲ့သည္။ ႐ွာေဖြမႈက ထိပ္ဆုံးမေရာက္ခဲ့ရင္ ခံတပ္ကို တြန္းတင္ဖို႔ အသုံးခ်လိုက္႐ုံပဲ။
ဒါဆို လူတိုင္းက သူက ေဇာင္ယုဟြမ္ ရဲ႕အစ္ကိုအရင္း ဟုတ္မဟုတ္ကို ႐ွာေဖြၾကလိမ့္မည္။
ဘယ္သူက အစ္ကိုအရင္း ျဖစ္ခ်င္လို႔လဲ?
ဟုန္ခ်န္းမင္း ရဲ႕ခႏၶာကိုယ္ထဲတြင္ မီးေတာက္က နာက်င္ေနဆဲ ျဖစ္ၿပီး သူ႕စိတ္တစ္ခုလုံးက အေတြးေတြေၾကာင့္ မ်က္လုံးမွိတ္လိုက္ခ်ိန္တြင္ ပိုေတာင္ နာက်င္သြားခဲ့သည္။
ဟုန္ခ်န္းမင္း ကအလုပ္ဂ်ပိုး ျဖစ္သည္။ သူ အလုပ္စလုပ္လိုက္သည္ႏွင့္ တျခားအရာေတြ အားလုံးကို လုံးဝေမ့သြားတတ္သည္။
ေဇာင္ယုဟြမ္ ကသူ႕အခန္းထဲ႐ွိ ဆိုဖာတြင္ ထိုင္ေနခဲ့သည္။ ပ်င္းလာတာေၾကာင့္ လီဂ်င္းယြမ္ ကိုဖုန္းေခၚလိုက္သည္။ လက္႐ွိတြင္ လီဂ်င္းယြမ္ ကအင္တာဗ်ဴး လုပ္ေနခဲ့သည္။
ပထမ သတင္းေထာက္က ေမးလိုက္သည္။
“႐ွင္က အယ္လ္ဘမ္အသစ္ တစ္ခုျပင္ေနတယ္လို႔ ကြၽန္မ ၾကားခဲ့တယ္။ လက္႐ွိတိုးတက္မႈအဆင့္ေလးကို ေျပာျပေပးႏိုင္မလား?”
ဒုတိယ သတင္းေထာက္ကလည္း လက္႐ွိ႐ွာေဖြမႈ စာရင္းကအေၾကာင္းကို ေမးလိုက္သည္။
“အင္တာနက္က သတင္းထြက္ေနတဲ့ မိဘမဲ့ဆိုတဲ့အေၾကာင္းေလး ေျပာျပေပးလို႔ရႏိုင္မလား? တစ္စုံတစ္ေယာက္က ႐ွင္ အဲ့မွာတုန္းက ေမြးစားမခံခဲ့ရလို႔ တျခားသူေတြကို အႏိုင္က်င့္ၿပီး ပစၥည္းေတြပါ ခိုးယူခဲ့တယ္လို႔ ေျပာခဲ့တယ္… ဒါက အမွန္လားဆိုတာကို ကြၽန္မ ေမးလို႔ရႏိုင္လား?”
ထိုအခ်ိန္တြင္ လီဂ်င္းယြမ္ ရဲ႕ဖုန္းက ျမည္လာခဲ့ၿပီး ငုံ႔ၾကည့္လိုက္သည္။ ဖုန္းအသံက သီးသန္႔ထားထားသည့္ သီခ်င္းသံျဖစ္သည္။
လူတိုင္းက ထိတ္လန္႔သြားၾကသည္။ ဒီလိုမ်ိဳး လုပ္ထားသည့္ နာမည္ႀကီးတစ္ေယာက္ကို သူတို႔ တစ္ခါမွ မျမင္ဖူးၾကေပ။ ဒါထက္ သူတို႔က ဒီလိုအခ်ိန္မွာ သူတို႔ဖုန္းကို ယူေတာင္ မယူထားၾကေပ။
လီဂ်င္းယြမ္ ရဲ႕လက္ေထာက္ကလည္း အနည္းငယ္ တုန္လႈပ္သြားသည္။ သူက လက္ဆန္႔လိုက္ၿပီး သူ႕ဖုန္းကို ပိတ္လိုက္ၿပီး မေတာ္တဆ ယူလာခဲ့မိတာလို႔ ေျပာလိုက္သည္။
သို႔ေသာ္ လီဂ်င္းယြမ္ ကသူ မလုပ္ႏိုင္ခင္မွာပဲ ဖုန္းကို ယူလိုက္သည္။ သူက ျပဳံးလိုက္ၿပီး မီဒီယာေတြကို ေျပာလိုက္သည္။
“ခြင့္ျပဳပါဦး” ထို႔ေနာက္ ဖုန္းကိုင္လိုက္သည္။
“ဟယ္လို၊ ဟြမ္ဟြမ္” မိုက္က သူ႕ရင္ဘတ္နားတြင္ ႐ွိေနေသးတာေၾကာင့္ သူေျပာတာကို လူတိုင္းက ၾကားလိုက္ၾကသည္။
အစက သူတို႔က ထိတ္လန္႔သြားၿပီးေနာက္ ဘယ္သူဆက္လာတာလဲဆိုတာကို နားလည္သြားၾကသည္။
သူက ေလနဲ႔ လိႈင္းလို အျမင့္ဆုံးေနရာမွာ ေရာက္ေနေပမဲ့ သူက ဒီလိုမ်ိဳး လုပ္ရဲေသးတားလား?
သူက တကယ့္ကို သတၱိ႐ွိၿပီး အင္တာနက္က မေကာင္းေၾကာင္းေတြကို ဘာမွဂ႐ုမစိုက္သလို သူ႕အေပၚလည္း သက္ေရာက္မႈ ႐ွိေနပုံမရေပ။
လီဂ်င္းယြမ္ ကေခါင္းငုံ႔လိုက္ၿပီး ေဇာင္ယုဟြမ္ နဲ႔စကား စေျပာလိုက္သည္။
ထို႔ေနာက္ သတင္းေထာက္ေတြက သူတို႔အသိကို ျပန္ရလာခ်ိန္တြင္ ဒီျမင္ကြင္းအား ကင္မရာနဲ႔ အလ်င္အျမန္ ႐ိုက္ယူလိုက္ၾကသည္။
ေဝ့က်ဲ ကအေတာ္ေလး တည္ၿငိမ္ေနၿပီး ကင္မရာေတြရဲ႕ အျမင္ အျပင္ဘက္ စင္ေအာက္တြင္ ရပ္ေနခဲ့သည္။
လီဂ်င္းယြမ္ ကေမာလ္ဒယ္ အလုပ္ကို လုပ္လာတာ ဘယ္ေလာက္ၾကာေနၿပီလဲ?
သူ႕မွာ သူ႕ကိုယ္ပိုင္ စိတ္ထား ႐ွိတာေၾကာင့္ ေဝ့က်ဲ ကမတားႏိုင္ေပ။ ထို႔ေၾကာင့္ လီဂ်င္းယြမ္ လုပ္ခ်င္တာကို ခြင့္ျပဳထားတာက ပိုေကာင္းလိမ့္မည္။
လီဂ်င္းယြမ္ ကသူ႕အသက္ေမြးဝမ္းေၾကာင္းကို ပ်က္စီးဖို႔ ဆႏၵ႐ွိေနတာပဲ။
လီဂ်င္းယြမ္ မွာႀကီးမားတဲ့ ရည္႐ြယ္ခ်က္ ႐ွိေနတယ္ဆိုတာကို ေဝ့က်ဲ ႐ွင္း႐ွင္းလင္းလင္း သိေနခဲ့သည္။ အိုင္ေဒါလ္လို စၿပီး ပြဲဦးထြက္ လုပ္႐ုံပဲ။
ေဇာင္ယုဟြမ္ ကသူအင္တာဗ်ဴး ေျဖေနတာကို သတိမျပဳမိပဲ ေမးလိုက္သည္။
“ဟြမ္ဟြမ္ တို႔ညစာအတူစားတဲ့ ပုံေတြထြက္လာေတာ့ ဘယ္လို႐ွိလဲ?”
လီဂ်င္းယြမ္ ကျပဳံးလိုက္ၿပီး သူ႕အသံက ေအးေဆးေနသည္။
“ဒီလို မေတာ္တဆေတြ ႐ွိေနလိမ့္မယ္လို႔ ကိုယ္လည္း မသိခဲ့ဘူး”
တကယ္ ေဇာင္ယုဟြမ္ ကနည္းနည္း သံသယဝင္သြားေပမဲ့ တိုက္႐ိုက္ေတာ့ မေျပာေပ။
အမွားေလးအတြက္ လီဂ်င္းယြမ္ ကိုနာက်င္ေစမွာကို သူမ ေၾကာက္သည္။
သူ႕ခံစားခ်က္ေတြကို နာက်င္ေစမိရင္ ပိုဆိုးလိမ့္မယ္။
“ေနာက္တစ္ခါက်ရင္ ဟြမ္ဟြမ့္ ဆံပင္နဲ႔ပတ္သက္ၿပီး မကူညီေပးနဲ႔ေတာ့”
ေဇာင္ယုဟြမ္ ကေတြးလိုက္ၿပီး တင္းမာသည့္ ခံစားခ်က္ကို ထုတ္ျပလိုက္သည္။
“ဟြမ္ဟြမ္ တို႔ဓာတ္ပုံ အ႐ိုက္ခံရရင္ မီးေတာက္ေတြ ေပါင္းဝင္လာလိမ့္မယ္။ မေကာင္းဘူး”
“ဘယ္လို မေကာင္းတာလဲ?” လီဂ်င္းယြမ္ ကေမးခြန္းနဲ႔ ျပန္တုန္႔ျပန္လိုက္သည္။
ေဇာင္ယုဟြမ္ သီးသြားခဲ့သည္။ လီဂ်င္းယြမ္ ကလ်စ္လ်ဴ႐ႈၿပီး မသိဟန္ေဆာင္ေနတာလို႔ သူမ ခံစားလိုက္ရသည္။
ဒါက သိသာတဲ့ အက်ိဳးဆက္ပဲ မဟုတ္ဘူးလား?
“ဒီလိုသတင္းေတြက ဂ်င္းယြမ္ ကိုထိခိုက္ေစတယ္” ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။
လီဂ်င္းယြမ္ ကသူ႕ကိုယ္ကို နည္းနည္းလွည့္လိုက္ကာ ရင္ဘတ္နားတြင္ ဖုန္းမိုက္ကို ထားလိုက္ၿပီး ေျပာလိုက္သည္။
“ဟြမ္ဟြမ္ ကကိုယ့္ကို ဂ႐ုစိုက္တာ သိပါတယ္… ဒါေပမဲ့ ဒီကိစၥေလးေတြကို ကိုယ္က ဂ႐ုမစိုက္ပါဘူး”
မီဒီယာက ႐ူးသြားေတာ့မလို ျဖစ္သြားသည္။
Shit ဒီလူက ေဖ်ာ္ေျဖေရး ေလာကအတြက္ ေမြးဖြားလာတာပဲ!
ဖုန္းေျပာေနတာေတာင္ အရမ္းကို ခန္႔ညားလြန္းတယ္!
သူတို႔က ကင္မရာကို ကိုင္ထားၾကၿပီး ဓာတ္ပုံေတြကို ႐ိုက္ယူေနခဲ့ၾကသည္။
လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ နဲ႔စကားေျပာေနတုန္းပင္။ သူ႕အသံက တိုးေနကာ ေႏြးေထြးေနၿပီး ဖုန္းမိုက္မွတဆင့္ ေဇာင္ယုဟြမ္ ရဲ႕နားထဲကို ထိုအသံအတိုင္း ေရာက္သြားခဲ့သည္။
လီဂ်င္းယြမ္ ကအရင္တည္းက ဒီလိုမ်ိဳး ေျပာခဲ့သည္။
“ကိုယ့္ကို စိုးရိမ္ေပးလို႔ ေက်းဇူးတင္ပါတယ္။ ကိုယ္ အရမ္းေပ်ာ္တယ္…”
ဒီအခ်ိန္အတြင္း ေဇာင္ယုဟြမ္ ကႏူးညံ့သိမ္ေမြ႕မႈကို ခံစားလိုက္ရၿပီး တျခားေကာင္းသည့္ အရာေတြကိုပါ မွတ္မိသြားခဲ့သည္။
ဒါေပမဲ့ အခုေတာ့… ဒီစကားေတြက ေဇာင္ယုဟြမ္ ကိုမတူညီတဲ့ အရာေတြကို ခံစားရေစသည္။ ေဇာင္ယုဟြမ္ ကေခါင္းခါလိုက္သည္။
“အင္း၊ ျပႆနာ႐ွိရင္ ေဇာင္အိမ္ေတာ္က အဖြဲ႕ကို အသုံးျပဳလို႔ရတယ္။ သူတို႔က ေငြေတြအမ်ားႀကီး ကုန္က်ထားေပမဲ့ အသုံးခ်တာ သိပ္မ႐ွိဘူး”
လီဂ်င္းယြမ္ ရဲ႕အျပဳံးက ပိုၿပီးေတာ့ေတာင္ ႏူးညံ့သြားသည္။
“အိုေက”
သူတို႔က သူမေ႐ွ႕မွာ အားနည္းခ်က္ေတြ ထုတ္ျပဖို႔ ဘယ္ေတာ့မွ တြန္႔ဆုတ္ျခင္း မ႐ွိေပ။ ဒီကမ႓ာမွာ သူတို႔က ႏွိမ္ခ်ေနဖို႔ကို ဆႏၵ႐ွိတဲ့ တစ္ေယာက္တည္းေသာသူက သူမပဲ။
ကေလးေတြငိုရင္ သၾကားလုံးရတာကို လီဂ်င္းယြမ္ ေသခ်ာသိသည္။ သူ မိဘမဲ့ေဂဟာတုန္းက ဒီအေၾကာင္းကို သိေနခဲ့ၿပီသား ျဖစ္သည္။
သူက ေမြးစားမဲ့ မိဘေတြကို ေ႐ြးခ်ယ္ေနခဲ့႐ုံသာ…
ထို႔ေၾကာင့္ ဟြမ္ဟြမ္ အေ႐ွ႕မွာ သူ မ႐ွိခင္အထိ ဒီနည္းလမ္းကို သူအသုံးမျပဳခဲ့တာ ျဖစ္သည္။ ဒီနည္းလမ္းက အခ်ိန္တိုင္း အလုပ္ျဖစ္သည္။
သူ႐ွိသင့္သေလာက္ မသန္မာလာရင္ေကာ?
ဥပမာ ဟြမ္ဟြမ္ က ဝမ္ေယာင္ခ်န္း နဲ႔ထြက္သြားဖို႔ ႀကိဳးစားရင္…
ထိုခဏအတြင္း အေတြးေတြက လီဂ်င္းယြမ္ စိတ္ထဲေပၚလာခဲ့ေပမဲ့ သူ႕အမူအရာက ေျပာင္းလဲျခင္း မ႐ွိသလို မေျပာသင့္တာကို ထုတ္မေျပာေပ။
တစ္ဖက္တြင္ ေဇာင္ယုဟြမ္ ကအနည္းငယ္ စိတ္႐ႈပ္ေနသည္။ အျပင္ဘက္တြင္ လီဂ်င္းယြမ္ ကအရင္ကနဲ႔ မတူေတာ့တာမ်ိဳး မဟုတ္ေပ…
သူ႕အသံက ပုံမွန္ျဖစ္ေနၿပီး ရင္းႏွီးမႈကို ျပသေနသည္။
ဒီရင္းႏွီးမႈနဲ႔ ဘာမွားေနတာလဲ?
ဘာမွမမွားဘူး။
သူတို႔က ကေလးဘဝတည္းက အတူေနခဲ့ၾကလို႔ ဘာမွမွားစရာ မ႐ွိဘူး…
15.6.2021 (Tue)
…………………….
[text_hash] => 48b8821c
)