ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 83❇️ ‌သွေးသားမတော်စပ်ဘူး။
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 83❇️ ‌သွေးသားမတော်စပ်ဘူး။

Array
(
[text] =>

Unicode

ဇောင်ယုဟွမ် ကသူ့ကို မျက်လုံးထဲတောင် ထည့်မနေဘူးဆိုတော့ သူ့အာရုံထဲ ထားဖို့လည်း မလိုတော့ဘူး။

လန်ဂျင်းဇီ ကရပ်လိုက်ပြီး ပြောလိုက်သည်။

“ဒိတ်ဖို့ သင့်တော်တဲ့လူကို မရွေးနိုင်ဘူး”

“ဟမ်?” ဇောင်ယုဟွမ် ကသူ့ကို အံ့ဩစွာဖြင့် ကြည့်လိုက်သည်။

သူမအစ်ကိုက ဒီလိုစကားမျိုးကို ပြောလာမယ်လို့ သူမ မတွေးထားမိပေ။

လန်ဂျင်းဇီ ရဲ့ပုံရိပ်က တကယ့်ကို ရိုးသားတာကြောင့် တခြားသူနဲ့ ချစ်တဲ့အကြောင်းတွေကို ပြောမှာမဟုတ်ပေ။

“ဒါဆို… ဟွမ်ဟွမ် ကမသင့်တော်တဲ့ တစ်ယောက်ကို ရွေးချယ်ရမှာလား?” ဇောင်ယုဟွမ် ကမေးလိုက်သည်။

“မဟုတ်ဘူး။ သူတို့က ဘယ်လိုပဲ သင့်တော်နေပါစေ တခြားသူတွေကို မရွေးချယ်သင့်ဘူး” လန်ဂျင်းဇီ ကလေးနက်စွာ ပြောလိုက်သည်။

ဇောင်ယုဟွမ် ကပိုပြီးတော့တောင် အံ့ဩသွားသည်။ သို့သော် သူမ ဘယ်လောက်ပဲ အံ့ဩပါစေ သူမက ပုံမှန်အတိုင်း ထိုင်နေပြီး လန်ဂျင်းဇီ ရဲ့စကားတွေကို နာခံစွာဖြင့်သာ နားထောင်နေခဲ့သည်။

ဒါက အစ်ကိုက သူမကို ဂရုစိုက်ပေးတဲ့ နည်းလမ်းလား?

“ဟွမ်ဟွမ် သူ့ကို ဘယ်လောက် ချစ်လဲဆိုတဲ့အပေါ်ပဲ မူတည်သင့်တယ်။ ချစ်တာမရှိဘူးဆိုရင် ဆက်ဆံရေးက ကြာရှည်ခံမှာ မဟုတ်ဘူး”

ဇောင်ယုဟွမ် ကသူမအဒေါ် ဒင်ချွေ့ရွဲ့ ကိုတွေးမိသွားသည်။ သူမက လန်မိသားစုနဲ့ လက်ထပ်ချိန်တုန်းက သူမညီမငယ်ကို ဆန့်ကျင်ပြီး အဖိုးဒင် ရဲ့အာရုံကို ရချင်တာကြောင့် ဖြစ်သည်။

ထိုအချိန်က ဒင်ချွေ့ရွဲ့ အတွက်က သင့်တော်တာကို မတွေးခဲ့ပေ။ နောက်ပြီး ဒါက လန်ဂျင်းဇီ ရဲ့အနက်ရှိုင်းဆုံးကို နာကျင်စေတာပဲ။

ဇောင်ယုဟွမ် ကအလျင်အမြန်ပင် ခေါင်းညိတ်လိုက်သည်။

“အစ်ကိုမှန်တယ်”

သူမအသံက နူးညံ့နေပြီး လန်ဂျင်းဇီ ရဲ့အမူအရာကိုပါ နူးညံ့သွားစေသည်။ ဇောင်ယုဟွမ် ကရုတ်တရက် ပြုံးလိုက်သည်။

“အစ်ကို ဒီနေ့အလုပ်ကို အစောကြီး ထပ်သွားခဲ့တာလား?”

“အင်း” ဇောင်ယုဟွမ် ကပျော်ရွှင်စွာ ပြုံးလိုက်သည်။

“ရွဲ့လန်ဗီလာမှာ ဟွမ်ဟွမ့် ကိုစောင့်နေပေးလို့ ကျေးဇူးတင်ပါတယ်၊ အစ်ကို။ အိမ်ကို လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဝမ်ယောင်ချန်း ကိုခေါ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အစ်ကို့အခု စကားတွေအတွက်လည်း ကျေးဇူးတင်ပါတယ်”

ဒါက ကောင်းတယ်။

သူက သူ့ဘာသာ စည်းမျည်းတွေ လိုက်နာမှုကနေ တဖြည်းဖြည်းနဲ့ ကလေးဘဝက အရာတွေကနေ ထွက်လာနိုင်ခဲ့ပြီ။

ဇောင်ယုဟွမ် ရဲ့အသံက ပျော်ရွှင်မှုတွေနဲ့ ပြည့်နေပြီး နူးညံ့ကာ ချိုမြိန်နေသည်။ လန်ဂျင်းဇီ ရဲ့အမူအရာက ပိုနူးညံ့လာခဲ့သည်။ သူက ပြောလိုက်သည်။

“ဒါက အစ်ကို လုပ်သင့်တဲ့အရာပါ…” ထို့နောက် သူက အပြင်ကို ကြည့်လိုက်သည်။

“အစ်ကိုတို့ ရောက်ပြီ”

သူနားမလည်ပေမဲ့ သူ့အသံတွင် နည်းနည်း စိတ်ပျက်သည့်အသံ ပါဝင်နေသည်။ ဇောင်ယုဟွမ် ကအလျင်မလိုစွာဖြင့် ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပေမဲ့ အပြင်ကို ချက်ချင်း မထွက်သေးပေ။

သူမကလှည့်လိုက်ကာ လန်ဂျင်းဇီ ကိုဖက်လိုက်သည်။

“Goodnight အစ်ကို”

“Goodnight” လန်ဂျင်းဇီ ကသူမကို သတိလက်လွတ် ဖက်လိုက်ပြီးနောက် လွှတ်ပေးလိုက်သည်။

ဇောင်ယုဟွမ် ကအပြင်ကို ထွက်လိုက်ပြီး လန်ဂျင်းဇီ ရဲ့အကြည့်အောက်မှ ဗီလာထဲ ဝင်သွားခဲ့သည်။

၈ နာရီအကြာတွင် လီဂျင်းယွမ် ကတရုတ်ပြည်ကို ပြန်ရောက်လာပြီး တခြားသတင်းတွေက ရှာဖွေမှုတွင် ပေါက်ကွဲထွက်လာခဲ့သည်။

ဒါက ဝမ်ယောင်ချန်း ရဲ့အတိတ်က မကောင်းသတင်းတွေ မဟုတ်သလို ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ရဲ့ ဗီဒီယိုလည်း မဟုတ်သလို လေဆိပ်ကို ရောက်လာသည့် သတင်းလည်း မဟုတ်ပဲ…

တစ်စုံတစ်ယောက် ရေးထားသည့် ပို့ဒ်ကတော့ 《လီဂျင်းယွမ် ကချမ်းသာသည့် မိသားစုက သားမဟုတ်ဘူး။ သူက မိဘမဲ့လို့ ပြောထားကြတယ်》

ဝမ်ယောင်ချန်း ကတစ်စုံတစ်ယောက်ရဲ့ Webio မှဒီပို့ဒ်ရဲ့ ဓာတ်ပုံတွေကို မြင်လိုက်ပြီး ထိပ်ဆုံးရောက်လာတာကို တွေ့လိုက်ရသည်။

ထိုအရာကို မြင်လိုက်ချိန်တွင် သူ့မျက်လုံးတွေက ပြောင်းလဲသွားခဲ့သည်။ သူ့ခန့်မှန်းတာက ခန့်မှန်းချက်ပဲ မဟုတ်ဘူးဆိုတာကို သူသေချာသွားသည်။

လီဂျင်းယွမ် နဲ့ ဇောင်ယုဟွမ် တို့က သွေးသားမတော်စပ်ဘူး!

ဘာမိသားစုလဲ?!

ဘာမောင်နှမလဲ?!

လီဂျင်းယွမ် ကမပြောနိုင်တဲ့ အတွေးတွေကြောင့် နည်းလမ်းမျိုးစုံနဲ့ သူ့ကို နှောင့်ယှက်ခဲ့တာပဲ!

ဝမ်ယောင်ချန်း ကပို့ဒ်ကို နှိပ်ကြည့်လိုက်ပြီး အသေအချာ ဖတ်လိုက်သည်။

ပို့ဒ်တွင် လီဂျင်းယွမ် ရဲ့ကလေးဘဝက ဝန်ထမ်းတစ်ယောက်ရဲ့ ပြောထားတာကို ထုတ်ပြထားတာ ဖြစ်သည်။ ထို့နောက် ဝမ်ယောင်ချန်း ကကွန့်မန့်တွေကို ဝင်ကြည့်လိုက်သည်။

သူဝင်လိုက်သည်နှင် ဈေးကွက် အကောင့်တွေ၊ မကောင်းတဲ့ဖန်တွေရဲ့ ရေတပ် ကွန့်မန့်တွေ၊ ဖန်တွေက အော်ဟစ်ကြမယ်လို့ သူထင်ခဲ့သည်။

သို့သော် သူတကယ် မြင်လိုက်ရတာကတော့…

“အားးးးးး ဒါဆို ဇောင်ယုဟွမ် နဲ့ဘာမှ မပတ်သက်ဘူးပေါ့! ပြဿနာပဲ၊ ပြဿနာပဲ၊ ပြဿာနာပဲ! ယွမ်ဟွမ် အတွဲက ရှင်သန်နိုင်ပြီ!”

“^:3^ တကယ်သာဆိုရင် သူက ချမ်းသာတဲ့ ဒုတိယမျိုးဆက် မဟုတ်လည်း ပြဿနာ မရှိဘူး။ ဒါ့အပြင် ဒါက အတုတွေ။ အဲ့အချိန်တုန်းက အစ်ကိုလီက အသက်ဘယ်လောက် ရှိဦးမှာလဲ? ဒီလိုအရာတွေကို လုပ်နိုင်မှာလား? ဇောင်ယုဟွမ် နဲ့ဘယ်လိုတွေ့လဲဆိုတာကိုပဲ သိချင်မိတယ်! သူက မွေးစားခံရပြီး သူတို့က ကလေးဘဝတည်းကနေ အချစ်ဦး ဖြစ်လာခဲ့တာလား?!”

“ဒါဆို သူတို့က မောင်နှမတွေ မဟုတ်ဘူး… ဒါဆို… ငါ ထင်တယ်… ဒီအတွဲက… ဆက်တွဲပေးလို့ ရသေးတာပေါ့”

“ငါ့အစ်ကိုလေးလီကို အဝေးခေါ်သွားမှာ ငါတို့ မကြုံချင်ဘူး၊ ဟမ့်!”

“မစ္စဇောင် ကငွေရှိပြီး ဆင်းရဲတဲ့ အစ်ကိုလေးလီ ကိုပျိုးထောင်ခဲ့တာလား? ဒီခံစားချက်က ဘယ်လိုမျိုးလဲ? တကယ်ဇာတ်လမ်းကို ငါကြားချင်တယ်! အစ်ကိုလေးလီ ပြောလာမဲ့ တကယ့်ဇာတ်လမ်းကို ထိုင်စောင့်နေပါတယ်လို့!”

ဝမ်ယောင်ချန်း : “…”

တစ်ဖက်တွင် ဝေ့ကျဲ ကဖုန်းလက်ခံရခဲ့သည်။ တစ်ဖက်လူနဲ့ စကားပြောပြီးနောက် သူ့အမူအရာက ချက်ချင်းပင် ဆိုးရွားသွားသည်။

ဖုန်းချပြီးနောက် ဝေ့ကျဲ ကအနောက်ဘက်တွင် မိတ်ကပ်ပြင်နေသည့် လီဂျင်းယွမ် ဆီသွားလိုက်သည်။

“မစ္စတာလီ…”

ဝေ့ကျဲ ကသူ့ဆီ ဖုန်းပေးလိုက်သည်။ လီဂျင်းယွမ် ကငုံ့ကြည့်ကာ ပုံမှန်ပင် တွေးလိုက်သည်။

စကားလုံးမျိုးစုံက သူ့အတွေးထဲ ပေါ်လာခဲ့သည်။

မိဘမဲ့…

သွေးသားမတော်ဘူး…

လီဂျင်းယွမ် ရဲ့နှလုံးခုန်သံက ကြမ်းပြင်ပေါ်ကို တည်ငြိမ်စွာဖြင့် ကျသွားခဲ့သည်။

မှန်တယ်၊ ဘာမှသွေးမတော်ဘူး။

သွေးသားမတော်စပ်ဘူး…

လီဂျင်းယွမ် ရဲ့မျက်လုံးတွေက ပျော်ရွှင်စွာဖြင့် ကွေးသွားခဲ့သည်။

(အစ်ကိုလေးလီ : ငါ့ကို သတိပေးလို့ ကျေးဇူးတင်ပါတယ်)

ဇောင်ယုဟွမ် ကအတွင်းရေးမှူးချန်း ဆီမှ ဖုန်းလက်ခံရခဲ့သည်။

“မစ္စတာလန် ကအွန်လိုင်းက သတင်းအကြောင်း ကြားခဲ့ပေမဲ့ ဖျော်ဖြေရေးလောကက အကြောင်းကို သေချာနားမလည်လို့ ဘာဖြစ်နေလဲဆိုတာကို မေးခိုင်းလိုက်ပါတယ်။ မစ္စတာလီ ကတစ်ခုခု လိုအပ်လာရင် ကျွန်တော့်ကိုသာ ပြောပေးပါ။ တစ်ခါတစ်လေ၊ နှုတ်ဆက်မှု တချို့နဲ့ ဒီအခြေအနေကို ဖိနှိပ်ထားနိုင်ပါတယ်” အတွင်းရေးမှူးချန်း ကပြောလိုက်သည်။

လန်ဂျင်းဇီ ကအရင်တုန်းက လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့အကြောင်းကို ဘယ်တုန်းကမှ မေးခဲ့ဖူးခြင်း မရှိပေ။ သူ့ပုံစံက ဘာမှစိတ်မဝင်စားတဲ့ပုံဖြစ်သည်။

ဇောင်ယုဟွမ် ကအတွင်းရေးမှူးချန်း ခေါ်လာချိန်တွင် အံ့ဩသွားခဲ့သည်။

ဒါက လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ငါ့ကို ကာကွယ်ပေးတဲ့ ဗီဒီယိုကြောင့်လား?

ဇောင်ယုဟွမ် နဲ့ အတွင်းရေးမှူးချန်း ကစကားအနည်းငယ် ပြောပြီးနောက် သူ့ဆီမှ သာမန်ဇာတ်လမ်းကို သင်ယူခဲ့သည်။

ဖုန်းချပြီးနောက် သူမက အလျင်အမြန်ပင် လီဂျင်းယွမ် ကိုဖုန်းခေါ်လိုက်သည်။ လီဂျင်းယွမ် က Weibo မှပို့ဒ်နဲ့ ကွန့်မန့်တွေကို ကြည့်နေတုန်းပင် ဖြစ်သည်။

အစကပို့ဒ်တွင် မိဘမဲ့ကနေ စထားတာဖြစ်ပြီး ပြောထားကြတာက :

“ဒီကံကြမ္မာကို ငါထောက်ခံတယ်။ အခုတော့ အင်အားအပြည့်က ထွက်လာပြီမလား? ချမ်းသာတဲ့ ဒုတိယမျိုးဆက် မွေးခဲ့ပြီး နာမည်ကြီး ကျောင်းကနေ ဘွဲ့ရခဲ့တာလား? အင်းးး ဒါဆို သူက ဇောင်ယုဟွမ် ရဲ့မောင်လေး မဟုတ်တာ ဖြစ်နိုင်တယ်။ သူမက သူ့ကို ပျိုးထောင်ခဲ့တာပဲ။ အဲ့လိုဖြစ်နိုင်တယ်”

“ရက်အနည်းငယ်တုန်းက လီဂျင်းယွမ် ရဲ့ဖန်တွေက သူ့အပိုင်လိုလုပ်တာကို ပျော်ရွှင်နေကြတာမလား? ရှိုးပွဲအတူတူဖြစ်လို့ ဝမ်ယောင်ချန်း နဲ့ပြဿနာဖြစ်နေတာမလား? ဒါက ကံကြမ္မာပဲလား?”

“အလိမ်အညာက အလိမ်အညာပါပဲ။ ဘာပဲဖြစ်ဖြစ် အမှန်တရားကတော့ မပြောင်းလဲနိုင်ဘူး…”

ဝေ့ကျဲ ကဘေးတွင် အတော်လေး စိတ်ဆိုးနေသည်။

“ဒါက ဘာလဲ? အရင်က မင်းကို ကောင်းကင်အပေါ် တွန်းတင်ပေးနေပေမဲ့ အခုတော့ ရှုပ်ထွေးအောင် လုပ်နေတာပဲ!”

လီဂျင်ယွမ် ကတည်ငြိမ်စွာဖြင့် ဖတ်နေခဲ့ပြီး ပြောလိုက်သည်။

“အစ်ကိုဝေ့ ကကျွမ်းကျင်တဲ့ အေးဂျင့်ပဲ။ ဒီလောကက လှည့်ဖျားမှုတွေကို ရှင်းရှင်းလင်းလင်း သိနေပြီးသားမလား? ဒီအကြောင်းက ဘာတွေ ထူးဆန်းနေလို့လဲ?”

ထိုစကားကို ပြောလိုက်ရင် လီဂျင်းယွမ် ကပို့ဒ်တစ်ခုကို မြင်လိုက်သည်။ :

“လီဂျင်းယွမ် နဲ့ ဇောင်ယုဟွမ် ကသွေးသား မတော်စပ်ဘူး! ဒါက တကယ့်ကို အရမ်းကောင်းတာပဲ!”

ကွန့်မန့်တွေတွင် ပြောထားတာတွေက အတော်များသည်။

“အတွဲဖန်တွေက ဒီအကြောင်းနဲ့ ဆက်လုပ်နေကြမယ်မလား? မင်းက လီဂျင်းယွမ် ကိုမွန်းကျပ်အောင် လုပ်နေတာပဲမလား?”

“အတွဲဖန်တွေက ဦးနှောက်မရှိဘူး၊ ဖန်တွေက ကင်ဆာလိုပဲ ပြင်းထန်လွန်းတယ်”

“အပေါ်က တစ်ယောက် ဘယ်သူက ဦးနှောက်မရှိလို့လဲ? အတွဲဖန်တစ်ခုလုံးကို အပြစ်တင်နေတာလား? အတွဲဖန်တွေက ကြယ်ပွင့်တွေ ပိုကျော်ကြားဖို့ အဓိကပဲဆိုတာ မသိဘူးလား? မင်းတို့မပျော်ရင် အတွဲဖန်တွေလည်း ရှိလာမှာ မဟုတ်ဘူး။ ကိုယ်ပိုင်သဘောတူမှ မြင်ရမှာ မဟုတ်ဘူးလား?”

ပြင်းထန်သည့် ငြင်းဆန်မှုတွေက ဖြစ်နေပေမဲ့ လီဂျင်းယွမ် ကတော့ ဘာမှမခံစားရပေ။ အတွဲဖန်တွေရဲ့ စိတ်အားထက်သန်မှုကို မြင်လိုက်ရလို့သာ ထိတ်လန့်သွားခဲ့သည်။

အတွဲဖန်တွေက ဆွေးနွေးဖို့ အကောင်းဆုံး ကြိုးစားနေခဲ့ကြသည်။ သူတို့က အလျင်အမြန် ဖိနှိပ်နိုင်သော်လည်း အလျင်တကူ မြင့်တက်နိုင်ပြီး ဓာတ်ပုံရိုက်ထားတာကို ပို့ခဲ့ကြသည်။

ဓာတ်ပုံတွေက ရှိုးပွဲမှဖြစ်ပြီး အပြင်ဘက်မှလည်း ပါဝင်သည်။ လီဂျင်းယွမ် ကဒီပုံတွေကို အရင်က မြင်ဖူးပြီးသား ဖြစ်ပြီး ဇောင်ယုဟွမ် ကိုမြင်ခဲ့တာကြောင့် အရမ်းပျော်ခဲ့သည်။

သို့သော် အခုတော့ သူတို့ကို ထပ်ကြည့်လိုက်ပြီး ရုတ်တရက် တခြားခံစားချက်က ထွက်ပေါ်လာခဲ့သည်။

ဝေ့ကျဲ ကဆက်ပြောနေစဉ် လီဂျင်းယွမ် ရဲ့ရယ်သံကို ကြားလိုက်ရသည်။

ဝေ့ကျဲ ကအသက်ရှူသွင်းလိုက်ပြီး “ဒေါသထွက်လို့ ရယ်လိုက်တာလား?”

လီဂျင်းယွမ် ကခေါင်းခါလိုက်ပြီး သူ့ဖုန်းကိုသာ စိုက်ကြည့်နေခဲ့သည်။

“ကျွန်တော် စိတ်မဆိုးပါဘူး။ ဘာကြောင့် စိတ်ဆိုးရမှာလဲ? ကျွန်တော် အရမ်းကိုပျော်နေတာ”

ဝေ့ကျဲ : “…”

သူတကယ်ပဲ ဒေါသကြောင့် ရူးသွားပြီပဲ။

လီဂျင်းယွမ် ရဲ့ဖုန်းက အသံထွက်လာခဲ့သည်။ ဖုန်းခေါ်သူကို ကြည့်လိုက်ချိန်တွင် သူ့အပြုံးက ပိုတောင်နက်ရှိုင်းလာခဲ့သည်။

ဝေ့ကျဲ : “…”

သူ့ဒေါသကနေ ဦးနှောက်ကို ထိခိုက်သွားတာ မဟုတ်ဖို့ပဲ မျှော်လင့်မိတယ်။

လီဂျင်းယွမ် ကဖုန်းကိုင်လိုက်သည်။ “ဟယ်လို၊ ဟွမ်ဟွမ်”

ထိုအရာကို ဝေ့ကျဲ ကြားလိုက်ချိန်တွင် သူနားလည်သွားသည်။

အို၊ သူအရမ်းပျော်ပြီး ပြုံးလိုက်တာက အံ့ဩစရာမရှိတော့ဘူး။

လီဂျင်းယွမ် ရဲ့အေးဂျင့် ဖြစ်လာတည်းက ဒီမြင်ကွင်းတွေကို သူမကြာခဏ မြင်ခဲ့ရသည်။ ဒါက ဇောင်ယုဟွမ် ဆီက ဖုန်းဖြစ်နေသ၍ လီဂျင်းယွမ် တွင်ချက်ချင်းကို အပြုံးတွေ ပြည့်သွားတက်သည်။

ဒါကို မြင်လိုက်ပြီး ဝေ့ကျဲ ကမထိန်းချုပ်နိုင်ပဲ စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။

ဖျော်ဖြေရေးလောကမှာ အပြောင်းအလဲမြန်တဲ့သူတွေ ဘာကြောင့် ဒီလောက်များနေရတာလဲ?

သူတို့မောင်နှမ ဆက်ဆံရေးက ဘယ်လိုတောင် ကောင်းနေရတာလဲ?

သူတို့က ဘာလှိုင်းတွေ လုပ်ဖို့ကြိုးစားနေလဲဆိုတာ ငါနားမလည်ဘူး!

သူတို့ကို မုန်းတီးတဲ့ထင်ကြေးတွေက အရမ်းကို ဆိုးရွားလွန်းတယ်!

လီဂျင်းယွမ် ကဖုန်းဖြေဖို့ ထရပ်လိုက်ကာ လျှောက်ထွက်သွားခဲ့သည်။

“အစ်ကိုလီ ဘယ်လိုလဲ? အဆင်ပြေရဲ့လား? သေလောက်အောင် ဒေါသထွက်နေပြီလား?”

ဇောင်ယုဟွမ် ရဲ့စနောက်သည့် အသံက တစ်ဖက်မှ ထွက်လာခဲ့သည်။

ဇောင်ယုဟွမ် ကဒီအခြေအနေကို စိတ်အနှောင့်အယှက် ဖြစ်နေတာကြောင့် သူမအသံက ပုံမှန်ဖြစ်နေပြီး ဘာမှမပြောပေ။

နောက်ကွယ်က လူတွေက ဘယ်လိုတောင် ကန်းနေရတာလဲ?

သူတို့ရဲ့ အရင်းအနှီးက အောင်မြင်မယ်လို့ ထင်နေကြတာလား?

ကွန့်မန့်အနည်းငယ်နဲ့ ဆွေးနွေးတာကိုလုပ်တယ်?

သူတို့နောက်မှာ လန်ဂျင်းဇီ ရှိနေတာကို ထည့်ပြောဖို့တောင် မလိုပေ။ လီဂျင်းယွမ် ရဲ့အပြုံးက ပန်းလေးနဲ့တောင် တူနေသည်။

“ကိုယ် စိတ်မဆိုးပါဘူး။ စိတ်ဆိုးစရာမှ မရှိတာ။ ကိုယ်တကယ်ပဲ ပျော်နေတာ၊ ဟွမ်ဟွမ် ကစိုးရိမ်ပြီး ဖုန်းဆက်လာလို့တောင် ပျော်နေတာ”

လီဂျင်းယွမ် ကနူးညံ့နေပြီး ဇောင်ယုဟွမ် ကိုအနည်းငယ်တောင် ရှက်သွားစေသည်။ အပြင်ဘက်တွင် တခြားဝန်ထမ်းတွေက လျှောက်နေခဲ့ကြသည်။ လီဂျင်းယွမ် ကသူတို့ကို အာရုံမစိုက်ပေ။

ခေါင်းငုံ့ထားပြီး ဆက်ပြုံးကာ ဇောင်ယုဟွမ် နဲ့စကားပြောနေခဲ့သည်။ လမ်းလျှောက်ပြီးနောက် တစ်ယောက်က မနေနိုင်ပဲ တီးတိုးပြောလိုက်သည်။

“ဒီအခြေအနေမှာတောင် သူက တည်ငြိမ်နေနိုင်သေးတယ်၊ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ စိတ်ထားလဲ။ ဒီလိုပုံစံ လူတွေက ဘဝလမ်းကြောင်းကို ရှည်ရှည် မလျှောက်နိုင်ရင် ဘယ်သူက လျှောက်နိုင်မှာလဲ?”

“ဟုတ်တယ်” သူတို့က တီးတိုးပြောရင်း တစ်ခုခုကို သိနေခဲ့သည်။

တစ်စုံတစ်ယောက်က လီဂျင်းယွမ် ဘေးမှ ဖြတ်လျှောက်သွားပြီး တကယ့်ကို ဆွံ့အသွားကြသည်။

ထိုအချိန်တွင် လီဂျင်းယွမ် နဲ့ ဇောင်ယုဟွမ် တို့က ညစာစားဖို့ ချိန်းနေကြတာ ဖြစ်သည်။ ဖုန်းချပြီးနောက် လီဂျင်းယွမ် ကမိတ်ကပ် ဆက်လိမ်းလိုက်ကာ ရှိုးပွဲတွင် ပုံမှန်အတိုင်းပင် ရိုက်ကူးလိုက်သည်။

ဒီရှိုးပွဲတွင် ဝန်ထမ်းတွေ မပါပဲ လီဂျင်းယွမ် လိုလူမျိုးအား ရှက်ရွံ့သွားအောင် အရူးလိုမျိုး အရာအားလုံးကို လုပ်ရမှာဖြစ်သည်။

ဒီအပိုင်းတွင် သရုပ်ဆောင်အသစ် နှစ်ယောက်ရှိသည်။ သူတို့က ဒီအခွင့်အရေးကို အသုံးချပြီး လီဂျင်းယွမ် ရဲ့ကျော်ကြားမှု တချို့အား ဆွဲယူချင်ကြပေမဲ့ ဝန်ထမ်းတွေ မပါဝင်မှုက အဓိကဖြစ်သည်။

ရလဒ်ကြောင့် ရှိုးပွဲက တစ်နာရီမကြာခင် ဒါရိုက်တာက “ကဒ်”လို့ အော်လိုက်သည်။ ရိုက်ကူးရေး ပြီးသွားပြီးနောက် လီဂျင်းယွမ် ကမနေတော့ပဲ ကားဆီတိုက်ရိုက် သွားလိုက်ပြီး ဇောင်ယုဟွမ် နဲ့ချိန်းထားသည့် စားသောက်ဆိုင်သို့ သွားလိုက်သည်။

သရုပ်ဆောင် အသစ်နှစ်ယောက်က သူတို့မနာလိုမှုအား မဖိနှိပ်နိုင်ပေ။

“ဝမ်ယောင်ချန်း ကသူမကို နှလုံးသား တစ်ခုလုံးနဲ့ ပိုးပန်းမယ်လို့ သတင်းတွေ ထွက်လာတာက အံ့ဩစရာတောင် မလိုတော့ဘူး။ ချမ်းသာတဲ့ နောက်ခံရှိနေတာက တကယ့်ကို ကွာခြားတယ်…”

တခြားတစ်ယောက်က ပိုတောင် မနာလိုဖြစ်ပုံပေါ်သည်။

“မစ္စဇောင် က လီဂျင်းယွမ် ကိုပျိုးထောင်ခဲ့ရင်တောင် ကောင်းလိမ့်မယ်…”

လီဂျင်းယွမ် ကအဆင်ပြေနေရင် တခြားသူတွေလည်း အဆင်ပြေသင့်တယ်၊ ဟုတ်တယ်မလား?

ဇောင်ယုဟွမ် ကအင်တာနက်က အကြောင်းတွေကို ဘာလုပ်ရမှန်း မသိပေ။ သူမက ရှူးခါးမာမီ (sugar mommy) ဖြစ်လာခဲ့သည်။

နှစ်အနည်းငယ်ရှိနေသည့် ဖျော်ဖြေရေးလောကက လူတွေကတော့ ဒီအကြောင်းကို ဂရုမစိုက်ကြပေ။

ယောင်္ကျားနဲ့ မိန်းကလေး ကြယ်ပွင့်တွေကတော့ ထုတ်မပြောနိုင်တဲ့ စည်းမျည်းတွေကို လက်ခံနေကြသည်။

ဒီစည်းမျည်းတွေကို လိုက်နာပြီး ခြေတစ်လှမ်းတည်းနဲ့ ကောင်းကင်ကိုသာ ရောက်နိုင်ရင် ဘယ်သူက ဆန္ဒမရှိပဲနေမှာလဲ?

လီဂျင်းယွမ် ကစားသောက်ဆိုင်ကို ရောက်ချိန်တွင် ဇောင်ယုဟွမ် ကထိုင်နေခဲ့ပြီ။ သူမဖုန်းကို ဘေးတွင်ချထားပြီး မီနူးကို ကြည့်နေခဲ့သည်။

လီဂျင်းယွမ် ကလျှောက်သွားပြီး မတော်တဆ သူမဖုန်းကို ကြည့်လိုက်မိသည်။

ထို့နောက် ဇောင်ယုဟွမ် ရဲ့ဖုန်းတွင် “ဝမ်ယောင်ချန်း မှစာတစ်စောင် ပို့ထားပါသည်”ဆိုတာကို ပြနေသည်။

လီဂျင်းယွမ် ရဲ့မျက်လုံးက လှုပ်ရှားသွားပြီး ဇောင်ယုဟွမ် ဘေးတွင် ထိုင်လိုက်သည်။ ဇောင်ယုဟွမ် ကသူ့ဆီ မီနူးကို ပေးလိုက်သည်။

“ဒီမှာ ဟွမ်ဟွမ် မှာပြီးသွားပြီ။ ဂျင်းယွမ် ကြိုက်တာ ရွေးမှာလိုက်”

လီဂျင်းယွမ် ကခေါင်းညိတ်လိုက်ပြီး မီနူးကို ယူလိုက်သည်။ သို့သော် သူက ချက်ချင်း မကြည့်ပေ။ ထိုအစား သူက ဇောင်ယုဟွမ် ကိုစိုက်ကြည့်နေခဲ့သည်။

ဇောင်ယုဟွမ် ကသူ့စိုက်ကြည့်မှုကြောင့် မသက်မသာ ဖြစ်သွားပြီး မထိန်းချုပ်နိုင်ပဲ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ?”

လီဂျင်းယွမ် ကရယ်လိုက်ပြီး လက်မြှောက်လိုက်ကာ သူမနားဘေးက ဆံပင်ကို သပ်ပေးလိုက်သည်။

“နားဆွဲနဲ့ ဆံပင်က ငြိနေတယ်”

“အို” ဇောင်ယုဟွမ် ကခေါင်းငုံ့လိုက်ပြီး သူမလက်နဲ့ ဖြေလိုက်သည်။

သို့သော် လီဂျင်းယွမ် ကသူမလက်ကို ဆွဲလိုက်သည်။ ထို့နောက် သူက ရပ်လိုက်ပြီး စားပွဲပေါ်ငုံ့လိုက်ကာ ဇောင်ယုဟွမ် အနားကို တိုးလိုက်ရင်း သူ့တခြားလက်ဖြင့် သူမဆံပင်ကို ဖြေပေးလိုက်သည်။

ခဏကြာပြီးနောက် ဇောင်ယုဟွမ် ကမသက်သာသလို ခံစားလိုက်ရသည်။ ဒီအပြုအမူက အရမ်းကို ရင်းနှီးပုံပေါ်နေတာကြောင့် ဖြစ်နိုင်တယ်…

ဒီရင်းနှီးတဲ့ပုံစံက ပုံမှန်သူမကို ကျောပိုးပြီး သယ်သွားပေးတာ၊ မုန့်ကျွေးတာ၊ သူ့ပုခုံးမှာ သူမမှီနေတာတွေနဲ့ လုံးဝကွာခြားသည်။

သို့သော် ဇောင်ယုဟွမ် ကဘယ်လိုကွာခြားလဲဆိုတာ မပြောတက်ပေ။

လီဂျင်းယွမ် ကဒီလိုကွေးလိုက်တော့ သူ့အရိပ်က သူမခေါင်းပေါ်ကျလာပြီး တခြားအရာတွေ မမြင်ရတော့လို့ တွေးမိသွားတာများလား?

“ရှုပ်သေးလား?” ဇောင်ယုဟွမ် ကသူ့ကို အမြန်လုပ်ဖို့ ပြောလိုက်သည်။

“…အင်း၊ ပြီးပြီ”

လီဂျင်းယွမ် ကသူ့လက်ကို ပြန်ရုတ်လိုက်ပြီး ထိုင်ချလိုက်သည်။

11.6.2021 (Fri)
…………………….

Zawgyi

ေဇာင္ယုဟြမ္ ကသူ႕ကို မ်က္လုံးထဲေတာင္ ထည့္မေနဘူးဆိုေတာ့ သူ႕အာ႐ုံထဲ ထားဖို႔လည္း မလိုေတာ့ဘူး။

လန္ဂ်င္းဇီ ကရပ္လိုက္ၿပီး ေျပာလိုက္သည္။

“ဒိတ္ဖို႔ သင့္ေတာ္တဲ့လူကို မေ႐ြးႏိုင္ဘူး”

“ဟမ္?” ေဇာင္ယုဟြမ္ ကသူ႕ကို အံ့ဩစြာျဖင့္ ၾကည့္လိုက္သည္။

သူမအစ္ကိုက ဒီလိုစကားမ်ိဳးကို ေျပာလာမယ္လို႔ သူမ မေတြးထားမိေပ။

လန္ဂ်င္းဇီ ရဲ႕ပုံရိပ္က တကယ့္ကို ႐ိုးသားတာေၾကာင့္ တျခားသူနဲ႔ ခ်စ္တဲ့အေၾကာင္းေတြကို ေျပာမွာမဟုတ္ေပ။

“ဒါဆို… ဟြမ္ဟြမ္ ကမသင့္ေတာ္တဲ့ တစ္ေယာက္ကို ေ႐ြးခ်ယ္ရမွာလား?” ေဇာင္ယုဟြမ္ ကေမးလိုက္သည္။

“မဟုတ္ဘူး။ သူတို႔က ဘယ္လိုပဲ သင့္ေတာ္ေနပါေစ တျခားသူေတြကို မေ႐ြးခ်ယ္သင့္ဘူး” လန္ဂ်င္းဇီ ကေလးနက္စြာ ေျပာလိုက္သည္။

ေဇာင္ယုဟြမ္ ကပိုၿပီးေတာ့ေတာင္ အံ့ဩသြားသည္။ သို႔ေသာ္ သူမ ဘယ္ေလာက္ပဲ အံ့ဩပါေစ သူမက ပုံမွန္အတိုင္း ထိုင္ေနၿပီး လန္ဂ်င္းဇီ ရဲ႕စကားေတြကို နာခံစြာျဖင့္သာ နားေထာင္ေနခဲ့သည္။

ဒါက အစ္ကိုက သူမကို ဂ႐ုစိုက္ေပးတဲ့ နည္းလမ္းလား?

“ဟြမ္ဟြမ္ သူ႕ကို ဘယ္ေလာက္ ခ်စ္လဲဆိုတဲ့အေပၚပဲ မူတည္သင့္တယ္။ ခ်စ္တာမ႐ွိဘူးဆိုရင္ ဆက္ဆံေရးက ၾကာ႐ွည္ခံမွာ မဟုတ္ဘူး”

ေဇာင္ယုဟြမ္ ကသူမအေဒၚ ဒင္ေခြၽ႕႐ြဲ႕ ကိုေတြးမိသြားသည္။ သူမက လန္မိသားစုနဲ႔ လက္ထပ္ခ်ိန္တုန္းက သူမညီမငယ္ကို ဆန္႔က်င္ၿပီး အဖိုးဒင္ ရဲ႕အာ႐ုံကို ရခ်င္တာေၾကာင့္ ျဖစ္သည္။

ထိုအခ်ိန္က ဒင္ေခြၽ႕႐ြဲ႕ အတြက္က သင့္ေတာ္တာကို မေတြးခဲ့ေပ။ ေနာက္ၿပီး ဒါက လန္ဂ်င္းဇီ ရဲ႕အနက္႐ိႈင္းဆုံးကို နာက်င္ေစတာပဲ။

ေဇာင္ယုဟြမ္ ကအလ်င္အျမန္ပင္ ေခါင္းညိတ္လိုက္သည္။

“အစ္ကိုမွန္တယ္”

သူမအသံက ႏူးညံ့ေနၿပီး လန္ဂ်င္းဇီ ရဲ႕အမူအရာကိုပါ ႏူးညံ့သြားေစသည္။ ေဇာင္ယုဟြမ္ က႐ုတ္တရက္ ျပဳံးလိုက္သည္။

“အစ္ကို ဒီေန႔အလုပ္ကို အေစာႀကီး ထပ္သြားခဲ့တာလား?”

“အင္း” ေဇာင္ယုဟြမ္ ကေပ်ာ္႐ႊင္စြာ ျပဳံးလိုက္သည္။

“႐ြဲ႕လန္ဗီလာမွာ ဟြမ္ဟြမ့္ ကိုေစာင့္ေနေပးလို႔ ေက်းဇူးတင္ပါတယ္၊ အစ္ကို။ အိမ္ကို လိုက္ပို႔ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ဝမ္ေယာင္ခ်န္း ကိုေခၚတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္။ အစ္ကို႔အခု စကားေတြအတြက္လည္း ေက်းဇူးတင္ပါတယ္”

ဒါက ေကာင္းတယ္။

သူက သူ႕ဘာသာ စည္းမ်ည္းေတြ လိုက္နာမႈကေန တျဖည္းျဖည္းနဲ႔ ကေလးဘဝက အရာေတြကေန ထြက္လာႏိုင္ခဲ့ၿပီ။

ေဇာင္ယုဟြမ္ ရဲ႕အသံက ေပ်ာ္႐ႊင္မႈေတြနဲ႔ ျပည့္ေနၿပီး ႏူးညံ့ကာ ခ်ိဳၿမိန္ေနသည္။ လန္ဂ်င္းဇီ ရဲ႕အမူအရာက ပိုႏူးညံ့လာခဲ့သည္။ သူက ေျပာလိုက္သည္။

“ဒါက အစ္ကို လုပ္သင့္တဲ့အရာပါ…” ထို႔ေနာက္ သူက အျပင္ကို ၾကည့္လိုက္သည္။

“အစ္ကိုတို႔ ေရာက္ၿပီ”

သူနားမလည္ေပမဲ့ သူ႕အသံတြင္ နည္းနည္း စိတ္ပ်က္သည့္အသံ ပါဝင္ေနသည္။ ေဇာင္ယုဟြမ္ ကအလ်င္မလိုစြာျဖင့္ ထိုင္ခုံခါးပတ္ကို ျဖဳတ္လိုက္ေပမဲ့ အျပင္ကို ခ်က္ခ်င္း မထြက္ေသးေပ။

သူမကလွည့္လိုက္ကာ လန္ဂ်င္းဇီ ကိုဖက္လိုက္သည္။

“Goodnight အစ္ကို”

“Goodnight” လန္ဂ်င္းဇီ ကသူမကို သတိလက္လြတ္ ဖက္လိုက္ၿပီးေနာက္ လႊတ္ေပးလိုက္သည္။

ေဇာင္ယုဟြမ္ ကအျပင္ကို ထြက္လိုက္ၿပီး လန္ဂ်င္းဇီ ရဲ႕အၾကည့္ေအာက္မွ ဗီလာထဲ ဝင္သြားခဲ့သည္။

၈ နာရီအၾကာတြင္ လီဂ်င္းယြမ္ ကတ႐ုတ္ျပည္ကို ျပန္ေရာက္လာၿပီး တျခားသတင္းေတြက ႐ွာေဖြမႈတြင္ ေပါက္ကြဲထြက္လာခဲ့သည္။

ဒါက ဝမ္ေယာင္ခ်န္း ရဲ႕အတိတ္က မေကာင္းသတင္းေတြ မဟုတ္သလို ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ရဲ႕ ဗီဒီယိုလည္း မဟုတ္သလို ေလဆိပ္ကို ေရာက္လာသည့္ သတင္းလည္း မဟုတ္ပဲ…

တစ္စုံတစ္ေယာက္ ေရးထားသည့္ ပို႔ဒ္ကေတာ့ 《လီဂ်င္းယြမ္ ကခ်မ္းသာသည့္ မိသားစုက သားမဟုတ္ဘူး။ သူက မိဘမဲ့လို႔ ေျပာထားၾကတယ္》

ဝမ္ေယာင္ခ်န္း ကတစ္စုံတစ္ေယာက္ရဲ႕ Webio မွဒီပို႔ဒ္ရဲ႕ ဓာတ္ပုံေတြကို ျမင္လိုက္ၿပီး ထိပ္ဆုံးေရာက္လာတာကို ေတြ႕လိုက္ရသည္။

ထိုအရာကို ျမင္လိုက္ခ်ိန္တြင္ သူ႕မ်က္လုံးေတြက ေျပာင္းလဲသြားခဲ့သည္။ သူ႕ခန္႔မွန္းတာက ခန္႔မွန္းခ်က္ပဲ မဟုတ္ဘူးဆိုတာကို သူေသခ်ာသြားသည္။

လီဂ်င္းယြမ္ နဲ႔ ေဇာင္ယုဟြမ္ တို႔က ေသြးသားမေတာ္စပ္ဘူး!

ဘာမိသားစုလဲ?!

ဘာေမာင္ႏွမလဲ?!

လီဂ်င္းယြမ္ ကမေျပာႏိုင္တဲ့ အေတြးေတြေၾကာင့္ နည္းလမ္းမ်ိဳးစုံနဲ႔ သူ႕ကို ေႏွာင့္ယွက္ခဲ့တာပဲ!

ဝမ္ေယာင္ခ်န္း ကပို႔ဒ္ကို ႏွိပ္ၾကည့္လိုက္ၿပီး အေသအခ်ာ ဖတ္လိုက္သည္။

ပို႔ဒ္တြင္ လီဂ်င္းယြမ္ ရဲ႕ကေလးဘဝက ဝန္ထမ္းတစ္ေယာက္ရဲ႕ ေျပာထားတာကို ထုတ္ျပထားတာ ျဖစ္သည္။ ထို႔ေနာက္ ဝမ္ေယာင္ခ်န္း ကကြန္႔မန္႔ေတြကို ဝင္ၾကည့္လိုက္သည္။

သူဝင္လိုက္သည္ႏွင္ ေဈးကြက္ အေကာင့္ေတြ၊ မေကာင္းတဲ့ဖန္ေတြရဲ႕ ေရတပ္ ကြန္႔မန္႔ေတြ၊ ဖန္ေတြက ေအာ္ဟစ္ၾကမယ္လို႔ သူထင္ခဲ့သည္။

သို႔ေသာ္ သူတကယ္ ျမင္လိုက္ရတာကေတာ့…

“အားးးးးး ဒါဆို ေဇာင္ယုဟြမ္ နဲ႔ဘာမွ မပတ္သက္ဘူးေပါ့! ျပႆနာပဲ၊ ျပႆနာပဲ၊ ျပႆာနာပဲ! ယြမ္ဟြမ္ အတြဲက ႐ွင္သန္ႏိုင္ၿပီ!”

“^:3^ တကယ္သာဆိုရင္ သူက ခ်မ္းသာတဲ့ ဒုတိယမ်ိဳးဆက္ မဟုတ္လည္း ျပႆနာ မ႐ွိဘူး။ ဒါ့အျပင္ ဒါက အတုေတြ။ အဲ့အခ်ိန္တုန္းက အစ္ကိုလီက အသက္ဘယ္ေလာက္ ႐ွိဦးမွာလဲ? ဒီလိုအရာေတြကို လုပ္ႏိုင္မွာလား? ေဇာင္ယုဟြမ္ နဲ႔ဘယ္လိုေတြ႕လဲဆိုတာကိုပဲ သိခ်င္မိတယ္! သူက ေမြးစားခံရၿပီး သူတို႔က ကေလးဘဝတည္းကေန အခ်စ္ဦး ျဖစ္လာခဲ့တာလား?!”

“ဒါဆို သူတို႔က ေမာင္ႏွမေတြ မဟုတ္ဘူး… ဒါဆို… ငါ ထင္တယ္… ဒီအတြဲက… ဆက္တြဲေပးလို႔ ရေသးတာေပါ့”

“ငါ့အစ္ကိုေလးလီကို အေဝးေခၚသြားမွာ ငါတို႔ မၾကဳံခ်င္ဘူး၊ ဟမ့္!”

“မစၥေဇာင္ ကေငြ႐ွိၿပီး ဆင္းရဲတဲ့ အစ္ကိုေလးလီ ကိုပ်ိဳးေထာင္ခဲ့တာလား? ဒီခံစားခ်က္က ဘယ္လိုမ်ိဳးလဲ? တကယ္ဇာတ္လမ္းကို ငါၾကားခ်င္တယ္! အစ္ကိုေလးလီ ေျပာလာမဲ့ တကယ့္ဇာတ္လမ္းကို ထိုင္ေစာင့္ေနပါတယ္လို႔!”

ဝမ္ေယာင္ခ်န္း : “…”

တစ္ဖက္တြင္ ေဝ့က်ဲ ကဖုန္းလက္ခံရခဲ့သည္။ တစ္ဖက္လူနဲ႔ စကားေျပာၿပီးေနာက္ သူ႕အမူအရာက ခ်က္ခ်င္းပင္ ဆိုး႐ြားသြားသည္။

ဖုန္းခ်ၿပီးေနာက္ ေဝ့က်ဲ ကအေနာက္ဘက္တြင္ မိတ္ကပ္ျပင္ေနသည့္ လီဂ်င္းယြမ္ ဆီသြားလိုက္သည္။

“မစၥတာလီ…”

ေဝ့က်ဲ ကသူ႕ဆီ ဖုန္းေပးလိုက္သည္။ လီဂ်င္းယြမ္ ကငုံ႔ၾကည့္ကာ ပုံမွန္ပင္ ေတြးလိုက္သည္။

စကားလုံးမ်ိဳးစုံက သူ႕အေတြးထဲ ေပၚလာခဲ့သည္။

မိဘမဲ့…

ေသြးသားမေတာ္ဘူး…

လီဂ်င္းယြမ္ ရဲ႕ႏွလုံးခုန္သံက ၾကမ္းျပင္ေပၚကို တည္ၿငိမ္စြာျဖင့္ က်သြားခဲ့သည္။

မွန္တယ္၊ ဘာမွေသြးမေတာ္ဘူး။

ေသြးသားမေတာ္စပ္ဘူး…

လီဂ်င္းယြမ္ ရဲ႕မ်က္လုံးေတြက ေပ်ာ္႐ႊင္စြာျဖင့္ ေကြးသြားခဲ့သည္။

(အစ္ကိုေလးလီ : ငါ့ကို သတိေပးလို႔ ေက်းဇူးတင္ပါတယ္)

ေဇာင္ယုဟြမ္ ကအတြင္းေရးမႉးခ်န္း ဆီမွ ဖုန္းလက္ခံရခဲ့သည္။

“မစၥတာလန္ ကအြန္လိုင္းက သတင္းအေၾကာင္း ၾကားခဲ့ေပမဲ့ ေဖ်ာ္ေျဖေရးေလာကက အေၾကာင္းကို ေသခ်ာနားမလည္လို႔ ဘာျဖစ္ေနလဲဆိုတာကို ေမးခိုင္းလိုက္ပါတယ္။ မစၥတာလီ ကတစ္ခုခု လိုအပ္လာရင္ ကြၽန္ေတာ့္ကိုသာ ေျပာေပးပါ။ တစ္ခါတစ္ေလ၊ ႏႈတ္ဆက္မႈ တခ်ိဳ႕နဲ႔ ဒီအေျခအေနကို ဖိႏွိပ္ထားႏိုင္ပါတယ္” အတြင္းေရးမႉးခ်န္း ကေျပာလိုက္သည္။

လန္ဂ်င္းဇီ ကအရင္တုန္းက လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔အေၾကာင္းကို ဘယ္တုန္းကမွ ေမးခဲ့ဖူးျခင္း မ႐ွိေပ။ သူ႕ပုံစံက ဘာမွစိတ္မဝင္စားတဲ့ပုံျဖစ္သည္။

ေဇာင္ယုဟြမ္ ကအတြင္းေရးမႉးခ်န္း ေခၚလာခ်ိန္တြင္ အံ့ဩသြားခဲ့သည္။

ဒါက လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ငါ့ကို ကာကြယ္ေပးတဲ့ ဗီဒီယိုေၾကာင့္လား?

ေဇာင္ယုဟြမ္ နဲ႔ အတြင္းေရးမႉးခ်န္း ကစကားအနည္းငယ္ ေျပာၿပီးေနာက္ သူ႕ဆီမွ သာမန္ဇာတ္လမ္းကို သင္ယူခဲ့သည္။

ဖုန္းခ်ၿပီးေနာက္ သူမက အလ်င္အျမန္ပင္ လီဂ်င္းယြမ္ ကိုဖုန္းေခၚလိုက္သည္။ လီဂ်င္းယြမ္ က Weibo မွပို႔ဒ္နဲ႔ ကြန္႔မန္႔ေတြကို ၾကည့္ေနတုန္းပင္ ျဖစ္သည္။

အစကပို႔ဒ္တြင္ မိဘမဲ့ကေန စထားတာျဖစ္ၿပီး ေျပာထားၾကတာက :

“ဒီကံၾကမၼာကို ငါေထာက္ခံတယ္။ အခုေတာ့ အင္အားအျပည့္က ထြက္လာၿပီမလား? ခ်မ္းသာတဲ့ ဒုတိယမ်ိဳးဆက္ ေမြးခဲ့ၿပီး နာမည္ႀကီး ေက်ာင္းကေန ဘြဲ႕ရခဲ့တာလား? အင္းးး ဒါဆို သူက ေဇာင္ယုဟြမ္ ရဲ႕ေမာင္ေလး မဟုတ္တာ ျဖစ္ႏိုင္တယ္။ သူမက သူ႕ကို ပ်ိဳးေထာင္ခဲ့တာပဲ။ အဲ့လိုျဖစ္ႏိုင္တယ္”

“ရက္အနည္းငယ္တုန္းက လီဂ်င္းယြမ္ ရဲ႕ဖန္ေတြက သူ႕အပိုင္လိုလုပ္တာကို ေပ်ာ္႐ႊင္ေနၾကတာမလား? ႐ိႈးပြဲအတူတူျဖစ္လို႔ ဝမ္ေယာင္ခ်န္း နဲ႔ျပႆနာျဖစ္ေနတာမလား? ဒါက ကံၾကမၼာပဲလား?”

“အလိမ္အညာက အလိမ္အညာပါပဲ။ ဘာပဲျဖစ္ျဖစ္ အမွန္တရားကေတာ့ မေျပာင္းလဲႏိုင္ဘူး…”

ေဝ့က်ဲ ကေဘးတြင္ အေတာ္ေလး စိတ္ဆိုးေနသည္။

“ဒါက ဘာလဲ? အရင္က မင္းကို ေကာင္းကင္အေပၚ တြန္းတင္ေပးေနေပမဲ့ အခုေတာ့ ႐ႈပ္ေထြးေအာင္ လုပ္ေနတာပဲ!”

လီဂ်င္ယြမ္ ကတည္ၿငိမ္စြာျဖင့္ ဖတ္ေနခဲ့ၿပီး ေျပာလိုက္သည္။

“အစ္ကိုေဝ့ ကကြၽမ္းက်င္တဲ့ ေအးဂ်င့္ပဲ။ ဒီေလာကက လွည့္ဖ်ားမႈေတြကို ႐ွင္း႐ွင္းလင္းလင္း သိေနၿပီးသားမလား? ဒီအေၾကာင္းက ဘာေတြ ထူးဆန္းေနလို႔လဲ?”

ထိုစကားကို ေျပာလိုက္ရင္ လီဂ်င္းယြမ္ ကပို႔ဒ္တစ္ခုကို ျမင္လိုက္သည္။ :

“လီဂ်င္းယြမ္ နဲ႔ ေဇာင္ယုဟြမ္ ကေသြးသား မေတာ္စပ္ဘူး! ဒါက တကယ့္ကို အရမ္းေကာင္းတာပဲ!”

ကြန္႔မန္႔ေတြတြင္ ေျပာထားတာေတြက အေတာ္မ်ားသည္။

“အတြဲဖန္ေတြက ဒီအေၾကာင္းနဲ႔ ဆက္လုပ္ေနၾကမယ္မလား? မင္းက လီဂ်င္းယြမ္ ကိုမြန္းက်ပ္ေအာင္ လုပ္ေနတာပဲမလား?”

“အတြဲဖန္ေတြက ဦးေႏွာက္မ႐ွိဘူး၊ ဖန္ေတြက ကင္ဆာလိုပဲ ျပင္းထန္လြန္းတယ္”

“အေပၚက တစ္ေယာက္ ဘယ္သူက ဦးေႏွာက္မ႐ွိလို႔လဲ? အတြဲဖန္တစ္ခုလုံးကို အျပစ္တင္ေနတာလား? အတြဲဖန္ေတြက ၾကယ္ပြင့္ေတြ ပိုေက်ာ္ၾကားဖို႔ အဓိကပဲဆိုတာ မသိဘူးလား? မင္းတို႔မေပ်ာ္ရင္ အတြဲဖန္ေတြလည္း ႐ွိလာမွာ မဟုတ္ဘူး။ ကိုယ္ပိုင္သေဘာတူမွ ျမင္ရမွာ မဟုတ္ဘူးလား?”

ျပင္းထန္သည့္ ျငင္းဆန္မႈေတြက ျဖစ္ေနေပမဲ့ လီဂ်င္းယြမ္ ကေတာ့ ဘာမွမခံစားရေပ။ အတြဲဖန္ေတြရဲ႕ စိတ္အားထက္သန္မႈကို ျမင္လိုက္ရလို႔သာ ထိတ္လန္႔သြားခဲ့သည္။

အတြဲဖန္ေတြက ေဆြးေႏြးဖို႔ အေကာင္းဆုံး ႀကိဳးစားေနခဲ့ၾကသည္။ သူတို႔က အလ်င္အျမန္ ဖိႏွိပ္ႏိုင္ေသာ္လည္း အလ်င္တကူ ျမင့္တက္ႏိုင္ၿပီး ဓာတ္ပုံ႐ိုက္ထားတာကို ပို႔ခဲ့ၾကသည္။

ဓာတ္ပုံေတြက ႐ိႈးပြဲမွျဖစ္ၿပီး အျပင္ဘက္မွလည္း ပါဝင္သည္။ လီဂ်င္းယြမ္ ကဒီပုံေတြကို အရင္က ျမင္ဖူးၿပီးသား ျဖစ္ၿပီး ေဇာင္ယုဟြမ္ ကိုျမင္ခဲ့တာေၾကာင့္ အရမ္းေပ်ာ္ခဲ့သည္။

သို႔ေသာ္ အခုေတာ့ သူတို႔ကို ထပ္ၾကည့္လိုက္ၿပီး ႐ုတ္တရက္ တျခားခံစားခ်က္က ထြက္ေပၚလာခဲ့သည္။

ေဝ့က်ဲ ကဆက္ေျပာေနစဥ္ လီဂ်င္းယြမ္ ရဲ႕ရယ္သံကို ၾကားလိုက္ရသည္။

ေဝ့က်ဲ ကအသက္႐ွဴသြင္းလိုက္ၿပီး “ေဒါသထြက္လို႔ ရယ္လိုက္တာလား?”

လီဂ်င္းယြမ္ ကေခါင္းခါလိုက္ၿပီး သူ႕ဖုန္းကိုသာ စိုက္ၾကည့္ေနခဲ့သည္။

“ကြၽန္ေတာ္ စိတ္မဆိုးပါဘူး။ ဘာေၾကာင့္ စိတ္ဆိုးရမွာလဲ? ကြၽန္ေတာ္ အရမ္းကိုေပ်ာ္ေနတာ”

ေဝ့က်ဲ : “…”

သူတကယ္ပဲ ေဒါသေၾကာင့္ ႐ူးသြားၿပီပဲ။

လီဂ်င္းယြမ္ ရဲ႕ဖုန္းက အသံထြက္လာခဲ့သည္။ ဖုန္းေခၚသူကို ၾကည့္လိုက္ခ်ိန္တြင္ သူ႕အျပဳံးက ပိုေတာင္နက္႐ိႈင္းလာခဲ့သည္။

ေဝ့က်ဲ : “…”

သူ႕ေဒါသကေန ဦးေႏွာက္ကို ထိခိုက္သြားတာ မဟုတ္ဖို႔ပဲ ေမွ်ာ္လင့္မိတယ္။

လီဂ်င္းယြမ္ ကဖုန္းကိုင္လိုက္သည္။ “ဟယ္လို၊ ဟြမ္ဟြမ္”

ထိုအရာကို ေဝ့က်ဲ ၾကားလိုက္ခ်ိန္တြင္ သူနားလည္သြားသည္။

အို၊ သူအရမ္းေပ်ာ္ၿပီး ျပဳံးလိုက္တာက အံ့ဩစရာမ႐ွိေတာ့ဘူး။

လီဂ်င္းယြမ္ ရဲ႕ေအးဂ်င့္ ျဖစ္လာတည္းက ဒီျမင္ကြင္းေတြကို သူမၾကာခဏ ျမင္ခဲ့ရသည္။ ဒါက ေဇာင္ယုဟြမ္ ဆီက ဖုန္းျဖစ္ေနသ၍ လီဂ်င္းယြမ္ တြင္ခ်က္ခ်င္းကို အျပဳံးေတြ ျပည့္သြားတက္သည္။

ဒါကို ျမင္လိုက္ၿပီး ေဝ့က်ဲ ကမထိန္းခ်ဳပ္ႏိုင္ပဲ စိတ္ထဲတြင္ က်ိန္ဆဲလိုက္သည္။

ေဖ်ာ္ေျဖေရးေလာကမွာ အေျပာင္းအလဲျမန္တဲ့သူေတြ ဘာေၾကာင့္ ဒီေလာက္မ်ားေနရတာလဲ?

သူတို႔ေမာင္ႏွမ ဆက္ဆံေရးက ဘယ္လိုေတာင္ ေကာင္းေနရတာလဲ?

သူတို႔က ဘာလိႈင္းေတြ လုပ္ဖို႔ႀကိဳးစားေနလဲဆိုတာ ငါနားမလည္ဘူး!

သူတို႔ကို မုန္းတီးတဲ့ထင္ေၾကးေတြက အရမ္းကို ဆိုး႐ြားလြန္းတယ္!

လီဂ်င္းယြမ္ ကဖုန္းေျဖဖို႔ ထရပ္လိုက္ကာ ေလွ်ာက္ထြက္သြားခဲ့သည္။

“အစ္ကိုလီ ဘယ္လိုလဲ? အဆင္ေျပရဲ႕လား? ေသေလာက္ေအာင္ ေဒါသထြက္ေနၿပီလား?”

ေဇာင္ယုဟြမ္ ရဲ႕စေနာက္သည့္ အသံက တစ္ဖက္မွ ထြက္လာခဲ့သည္။

ေဇာင္ယုဟြမ္ ကဒီအေျခအေနကို စိတ္အေႏွာင့္အယွက္ ျဖစ္ေနတာေၾကာင့္ သူမအသံက ပုံမွန္ျဖစ္ေနၿပီး ဘာမွမေျပာေပ။

ေနာက္ကြယ္က လူေတြက ဘယ္လိုေတာင္ ကန္းေနရတာလဲ?

သူတို႔ရဲ႕ အရင္းအႏွီးက ေအာင္ျမင္မယ္လို႔ ထင္ေနၾကတာလား?

ကြန္႔မန္႔အနည္းငယ္နဲ႔ ေဆြးေႏြးတာကိုလုပ္တယ္?

သူတို႔ေနာက္မွာ လန္ဂ်င္းဇီ ႐ွိေနတာကို ထည့္ေျပာဖို႔ေတာင္ မလိုေပ။ လီဂ်င္းယြမ္ ရဲ႕အျပဳံးက ပန္းေလးနဲ႔ေတာင္ တူေနသည္။

“ကိုယ္ စိတ္မဆိုးပါဘူး။ စိတ္ဆိုးစရာမွ မ႐ွိတာ။ ကိုယ္တကယ္ပဲ ေပ်ာ္ေနတာ၊ ဟြမ္ဟြမ္ ကစိုးရိမ္ၿပီး ဖုန္းဆက္လာလို႔ေတာင္ ေပ်ာ္ေနတာ”

လီဂ်င္းယြမ္ ကႏူးညံ့ေနၿပီး ေဇာင္ယုဟြမ္ ကိုအနည္းငယ္ေတာင္ ႐ွက္သြားေစသည္။ အျပင္ဘက္တြင္ တျခားဝန္ထမ္းေတြက ေလွ်ာက္ေနခဲ့ၾကသည္။ လီဂ်င္းယြမ္ ကသူတို႔ကို အာ႐ုံမစိုက္ေပ။

ေခါင္းငုံ႔ထားၿပီး ဆက္ျပဳံးကာ ေဇာင္ယုဟြမ္ နဲ႔စကားေျပာေနခဲ့သည္။ လမ္းေလွ်ာက္ၿပီးေနာက္ တစ္ေယာက္က မေနႏိုင္ပဲ တီးတိုးေျပာလိုက္သည္။

“ဒီအေျခအေနမွာေတာင္ သူက တည္ၿငိမ္ေနႏိုင္ေသးတယ္၊ ဘယ္ေလာက္ေတာင္ ေကာင္းလိုက္တဲ့ စိတ္ထားလဲ။ ဒီလိုပုံစံ လူေတြက ဘဝလမ္းေၾကာင္းကို ႐ွည္႐ွည္ မေလွ်ာက္ႏိုင္ရင္ ဘယ္သူက ေလွ်ာက္ႏိုင္မွာလဲ?”

“ဟုတ္တယ္” သူတို႔က တီးတိုးေျပာရင္း တစ္ခုခုကို သိေနခဲ့သည္။

တစ္စုံတစ္ေယာက္က လီဂ်င္းယြမ္ ေဘးမွ ျဖတ္ေလွ်ာက္သြားၿပီး တကယ့္ကို ဆြံ႕အသြားၾကသည္။

ထိုအခ်ိန္တြင္ လီဂ်င္းယြမ္ နဲ႔ ေဇာင္ယုဟြမ္ တို႔က ညစာစားဖို႔ ခ်ိန္းေနၾကတာ ျဖစ္သည္။ ဖုန္းခ်ၿပီးေနာက္ လီဂ်င္းယြမ္ ကမိတ္ကပ္ ဆက္လိမ္းလိုက္ကာ ႐ိႈးပြဲတြင္ ပုံမွန္အတိုင္းပင္ ႐ိုက္ကူးလိုက္သည္။

ဒီ႐ိႈးပြဲတြင္ ဝန္ထမ္းေတြ မပါပဲ လီဂ်င္းယြမ္ လိုလူမ်ိဳးအား ႐ွက္႐ြံ႕သြားေအာင္ အ႐ူးလိုမ်ိဳး အရာအားလုံးကို လုပ္ရမွာျဖစ္သည္။

ဒီအပိုင္းတြင္ သ႐ုပ္ေဆာင္အသစ္ ႏွစ္ေယာက္႐ွိသည္။ သူတို႔က ဒီအခြင့္အေရးကို အသုံးခ်ၿပီး လီဂ်င္းယြမ္ ရဲ႕ေက်ာ္ၾကားမႈ တခ်ိဳ႕အား ဆြဲယူခ်င္ၾကေပမဲ့ ဝန္ထမ္းေတြ မပါဝင္မႈက အဓိကျဖစ္သည္။

ရလဒ္ေၾကာင့္ ႐ိႈးပြဲက တစ္နာရီမၾကာခင္ ဒါ႐ိုက္တာက “ကဒ္”လို႔ ေအာ္လိုက္သည္။ ႐ိုက္ကူးေရး ၿပီးသြားၿပီးေနာက္ လီဂ်င္းယြမ္ ကမေနေတာ့ပဲ ကားဆီတိုက္႐ိုက္ သြားလိုက္ၿပီး ေဇာင္ယုဟြမ္ နဲ႔ခ်ိန္းထားသည့္ စားေသာက္ဆိုင္သို႔ သြားလိုက္သည္။

သ႐ုပ္ေဆာင္ အသစ္ႏွစ္ေယာက္က သူတို႔မနာလိုမႈအား မဖိႏွိပ္ႏိုင္ေပ။

“ဝမ္ေယာင္ခ်န္း ကသူမကို ႏွလုံးသား တစ္ခုလုံးနဲ႔ ပိုးပန္းမယ္လို႔ သတင္းေတြ ထြက္လာတာက အံ့ဩစရာေတာင္ မလိုေတာ့ဘူး။ ခ်မ္းသာတဲ့ ေနာက္ခံ႐ွိေနတာက တကယ့္ကို ကြာျခားတယ္…”

တျခားတစ္ေယာက္က ပိုေတာင္ မနာလိုျဖစ္ပုံေပၚသည္။

“မစၥေဇာင္ က လီဂ်င္းယြမ္ ကိုပ်ိဳးေထာင္ခဲ့ရင္ေတာင္ ေကာင္းလိမ့္မယ္…”

လီဂ်င္းယြမ္ ကအဆင္ေျပေနရင္ တျခားသူေတြလည္း အဆင္ေျပသင့္တယ္၊ ဟုတ္တယ္မလား?

ေဇာင္ယုဟြမ္ ကအင္တာနက္က အေၾကာင္းေတြကို ဘာလုပ္ရမွန္း မသိေပ။ သူမက ႐ွဴးခါးမာမီ (sugar mommy) ျဖစ္လာခဲ့သည္။

ႏွစ္အနည္းငယ္႐ွိေနသည့္ ေဖ်ာ္ေျဖေရးေလာကက လူေတြကေတာ့ ဒီအေၾကာင္းကို ဂ႐ုမစိုက္ၾကေပ။

ေယာက်ၤားနဲ႔ မိန္းကေလး ၾကယ္ပြင့္ေတြကေတာ့ ထုတ္မေျပာႏိုင္တဲ့ စည္းမ်ည္းေတြကို လက္ခံေနၾကသည္။

ဒီစည္းမ်ည္းေတြကို လိုက္နာၿပီး ေျခတစ္လွမ္းတည္းနဲ႔ ေကာင္းကင္ကိုသာ ေရာက္ႏိုင္ရင္ ဘယ္သူက ဆႏၵမ႐ွိပဲေနမွာလဲ?

လီဂ်င္းယြမ္ ကစားေသာက္ဆိုင္ကို ေရာက္ခ်ိန္တြင္ ေဇာင္ယုဟြမ္ ကထိုင္ေနခဲ့ၿပီ။ သူမဖုန္းကို ေဘးတြင္ခ်ထားၿပီး မီႏူးကို ၾကည့္ေနခဲ့သည္။

လီဂ်င္းယြမ္ ကေလွ်ာက္သြားၿပီး မေတာ္တဆ သူမဖုန္းကို ၾကည့္လိုက္မိသည္။

ထို႔ေနာက္ ေဇာင္ယုဟြမ္ ရဲ႕ဖုန္းတြင္ “ဝမ္ေယာင္ခ်န္း မွစာတစ္ေစာင္ ပို႔ထားပါသည္”ဆိုတာကို ျပေနသည္။

လီဂ်င္းယြမ္ ရဲ႕မ်က္လုံးက လႈပ္႐ွားသြားၿပီး ေဇာင္ယုဟြမ္ ေဘးတြင္ ထိုင္လိုက္သည္။ ေဇာင္ယုဟြမ္ ကသူ႕ဆီ မီႏူးကို ေပးလိုက္သည္။

“ဒီမွာ ဟြမ္ဟြမ္ မွာၿပီးသြားၿပီ။ ဂ်င္းယြမ္ ႀကိဳက္တာ ေ႐ြးမွာလိုက္”

လီဂ်င္းယြမ္ ကေခါင္းညိတ္လိုက္ၿပီး မီႏူးကို ယူလိုက္သည္။ သို႔ေသာ္ သူက ခ်က္ခ်င္း မၾကည့္ေပ။ ထိုအစား သူက ေဇာင္ယုဟြမ္ ကိုစိုက္ၾကည့္ေနခဲ့သည္။

ေဇာင္ယုဟြမ္ ကသူ႕စိုက္ၾကည့္မႈေၾကာင့္ မသက္မသာ ျဖစ္သြားၿပီး မထိန္းခ်ဳပ္ႏိုင္ပဲ ေမးလိုက္သည္။

“ဘာျဖစ္လို႔လဲ?”

လီဂ်င္းယြမ္ ကရယ္လိုက္ၿပီး လက္ေျမႇာက္လိုက္ကာ သူမနားေဘးက ဆံပင္ကို သပ္ေပးလိုက္သည္။

“နားဆြဲနဲ႔ ဆံပင္က ၿငိေနတယ္”

“အို” ေဇာင္ယုဟြမ္ ကေခါင္းငုံ႔လိုက္ၿပီး သူမလက္နဲ႔ ေျဖလိုက္သည္။

သို႔ေသာ္ လီဂ်င္းယြမ္ ကသူမလက္ကို ဆြဲလိုက္သည္။ ထို႔ေနာက္ သူက ရပ္လိုက္ၿပီး စားပြဲေပၚငုံ႔လိုက္ကာ ေဇာင္ယုဟြမ္ အနားကို တိုးလိုက္ရင္း သူ႕တျခားလက္ျဖင့္ သူမဆံပင္ကို ေျဖေပးလိုက္သည္။

ခဏၾကာၿပီးေနာက္ ေဇာင္ယုဟြမ္ ကမသက္သာသလို ခံစားလိုက္ရသည္။ ဒီအျပဳအမူက အရမ္းကို ရင္းႏွီးပုံေပၚေနတာေၾကာင့္ ျဖစ္ႏိုင္တယ္…

ဒီရင္းႏွီးတဲ့ပုံစံက ပုံမွန္သူမကို ေက်ာပိုးၿပီး သယ္သြားေပးတာ၊ မုန္႔ေကြၽးတာ၊ သူ႕ပုခုံးမွာ သူမမွီေနတာေတြနဲ႔ လုံးဝကြာျခားသည္။

သို႔ေသာ္ ေဇာင္ယုဟြမ္ ကဘယ္လိုကြာျခားလဲဆိုတာ မေျပာတက္ေပ။

လီဂ်င္းယြမ္ ကဒီလိုေကြးလိုက္ေတာ့ သူ႕အရိပ္က သူမေခါင္းေပၚက်လာၿပီး တျခားအရာေတြ မျမင္ရေတာ့လို႔ ေတြးမိသြားတာမ်ားလား?

“႐ႈပ္ေသးလား?” ေဇာင္ယုဟြမ္ ကသူ႕ကို အျမန္လုပ္ဖို႔ ေျပာလိုက္သည္။

“…အင္း၊ ၿပီးၿပီ”

လီဂ်င္းယြမ္ ကသူ႕လက္ကို ျပန္႐ုတ္လိုက္ၿပီး ထိုင္ခ်လိုက္သည္။

11.6.2021 (Fri)
…………………….

[text_hash] => b492591c
)

//qc
//QC2