ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 82❇️ ချန်းဟွမ် ဖန်တွေတော့ငိုရပြီ။
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 82❇️ ချန်းဟွမ် ဖန်တွေတော့ငိုရပြီ။

Array
(
[text] =>

Unicode

လီဂျင်းယွမ် ကပြောလိုက်သည်။

“တခြားမေးခွန်းတွေ ရှိသေးလား?”

ထိုအချိန်တွင် ဝေ့ကျဲ ကရောက်လာပြီး သတင်းထောက်တွေကို ပြုံးကာပြောလိုက်သည်။

“တောင်းပန်ပါတယ်၊ ကျွန်တော်တို့ လေဆိပ်မှာ နည်းနည်း ကြာနေပြီ၊ လီဂျင်းယွမ် မှာတခြားအလုပ်ကိစ္စတွေ ရှိသေးလို့ပါ။ တခြားမေးခွန်းတွေ ရှိသေးရင် သူတို့ကို ချိန်းဆိုပြီး အင်တာဗျူးဖို့ ဘာကြောင့် မလုပ်ရတာလဲ…”

ဝေ့ကျဲ ကတစ်ချက်တည်း ပြောလိုက်ပြီး သတင်းထောက်တွေအား ငြင်းဆန်ဖို့ အချိန်တောင် မပေးပေ။ ထိုအချိန်တွင် လက်ထောက်တွေနဲ့ ကိုယ်ရံတော်တွေအား ဝေ့ကျဲ ကခေါ်လာပြီး သတင်းထောက်တွေကို ပြန်ခိုင်းလိုက်သည်။

သူတို့အပြုအမူက မကြမ်းတမ်းသော်လည်း သူတို့ရဲ့ရုတ်ချင်း လုပ်ဆောင်မှုက ပြင်းထန်သည်။

ဘယ်သူကမှ နှောင့်ယှက်မှုကို မကျေမနပ် မဖြစ်တာကြောင့် သူတို့က အနောက်ကိုသာ ဆုတ်လိုက်ကြပြီး ပါးစပ်ပိတ်လိုက်ကြကာ ဝေ့ကျဲ ညွှန်ကြားနေမှုကိုသာ နားထောင်နေခဲ့သည်။

ဒီနေရာတွင် ဖန်တွေအများကြီး ရှိနေတာကြောင့် ဖန်တွေက လီဂျင်ယွမ် ကိုဓာတ်ပုံရဖို့သာ ရွေးချယ်လိုက်ကြသည်။ ဒါ့ကြောင့် လီဂျင်းယွမ် ကသူ့ဖန်တွေအား စကားနည်းနည်း ပြောပြီးနောက် အစောင့်တွေနဲ့အတူ ထွက်သွားခဲ့သည်။

ပရိုဂရမ်သမားတွေ လေဆိပ်ကို ရောက်လာသည့် သတင်းက ချက်ချင်းပင် ရှာဖွေမှု ထိပ်ဆုံးရောက်သွားသည်။

《လေဆိပ်မှ ခံစားချက်များ : ချန်းဟွမ် ဖန်တွေတော့ ငိုရပြီလား?》

ကွန့်မန့်ပေးသူ 1 : “ဒါက… ဒါက နည်းနည်းလေး စိုးရိမ်နေရုံပါပဲ။ သူတို့ကြားမှာ ဘာဆက်သွယ်မှုမှ မရှိပါဘူး”

ကွန့်မန့်ပေးသူ 2 : “မစ္စဇောင် ကအင်တာနက် သုံးတယ်မလား? အတွဲဖန်တွေ ဆွေးနွေးထားတာတွေကို မြင်သွားလို့ သိသိသာသာ ခွာလိုက်တာပဲ”

ကွန့်မန့်ပေးသူ 3 : “… လူတိုင်းမှာ စိတ်ကြိုက်တွဲပေးကြတဲ့ အတွဲတွေရှိတယ်။ လူအစစ်တွေတောင် မဟုတ်ဘူး”

ကွန့်မန့်ပေးသူ 4 : “မင်း *င်ကိုပဲ လူအစစ်မဟုတ်တာ။ သူမ Weibo မှာ သူမနဲ့ ဝမ်ယောင်ချန်း ကိုတွဲပေးထားတဲ့ ကွန့်မန့်တွေနဲ့ ပြည့်နေတာပဲ။ သူမက ဝမ်ယောင်ချန်း ကိုသဘောမကျဘူးဆိုရင် ဒီဒေါသတွေက သူမကို သေစေနိုင်တယ်မလား?”

ကွန့်မန့်ပေးသူ 88 : “ဘာပဲဖြစ်ဖြစ်၊ လေဆိပ်မှာပြောတဲ့ မစ္စဇောင် ရဲ့စကားတွေက အရမ်းကို ရိုင်းပျနေတယ်မလား? သူမက တခြားသူတွေကို ဘယ်လိုမြင်နိုင်မှာလဲဆိုတာ ဘာကိုပြောချင်တာလဲ… ဒါက ဝမ်ယောင်ချန်း ရဲ့မျက်နှာကို ရိုက်လိုက်တာပဲမလား?”

ကွန့်မန့်ပေးသူ 89 : “အပေါ်က၊ မင်းက အမျိုးသမီးတွေကို မုန်းတီးရေးဝါဒကလား? ဘာပြဿနာမှ မရှိတာကို၊ ဟမ့်။ ဒါက သတင်းထောက်ရဲ့ အမှားပဲ”

ကွန့်မန့်ပေးသူ 90 : “၈၈ က ဝမ်ယောင်ချန်း ဖန်ထပ်မဖြစ်နိုင်တော့ဘူး? ထုတ်ဖော်ရအောင်! မစ္စဇောင် မိသားစုနောက်ခံကို မင်းက ဘာထင်နေတာလဲ?! သူမအဖေ ဆုံးသွားတော့ တခြားသူတွေက သူမကို အလိုလိုက်ပေးကြတယ်၊ သူမက အရမ်းကို ပစားပေးခံရတဲ့ အမျိုးသမီးလေး၊ အိုကေ? သူမမှာ ငွေတွေ၊ ကျော်ကြားမှုတွေရှိတယ်၊ ဒါ့ကြောင့် ငါတို့ရဲ့ချစ်လှစွာသော ဝမ်ယောင်ချန်း ရဲ့မျက်နှာကို ဘာကြောင့် မရိုက်နိုင်ရမှာလဲ?”

ကွန့်မန့်ပေးသူ 497 : “ဟုန်ဇောင် ကိုငါတွဲပေးမိတုန်းပဲ။ လီဇောင် က ချန်းဟွမ် ထက်အဆပေါင်း တစ်ရာလောက် ကောင်းသေးတယ်!”

ကွန့်မန့်ပေးသူ 498 : “ဝါးးးး၊ အပေါ်ကညီမက တကယ့်ကို သတ္တိခဲပဲ၊ မောင်နှမကိုတောင် တွဲပေးနိုင်တယ်လား? မကြာခင် အမှန်တရားဘက်က လူတွေက မင်းကို အချက် ၃၀၀ လောက် ရိုက်နှက်ကြလိမ့်မယ်!”

ကွန့်မန့်ပေးသူ 499 : “ဒါပေမဲ့ တကယ်ပဲ တွဲပေးမိတယ် + 1 ဘယ်သူမှ ဗီဒီယိုကို ထပ်မကြည့်ကြတော့ဘူးလား? ငါသာ ဗီဒီယိုထဲက ဇောင်ယုဟွမ် ဆိုရင် သူ့ဆီကို ငါ့ဘာသာပဲ ပေးပစ်လိုက်မယ်။ ငါ အကျယ်ကြီး ထပ်ပြောလိုက်မယ်၊ ဇောင်ယုဟွမ် ကတကယ်ပဲ ခက်ခဲတဲ့သူပဲ! ဒီလိုယောင်္ကျားမျိုးက သူမနှလုံးသားကို မထိခတ်နိုင်ဘူးလား? ဘယ်အစ်ကိုပဲဖြစ်ဖြစ် သူတို့ကို သူမက ဘယ်လို ငြင်းနိုင်မှာလဲ?【မဟုတ်ဘူး၊ မင်းပါးစပ်ပိတ်ထား】”

ကွန့်မန့်ပေးသူ 500 : “သူတို့ရဲ့ မိသားစုဆက်ဆံရေးကို ဘေးထားလိုက်၊ အစ်ကိုလီ ကစနောက်တာက အရမ်းလေးနက်နေတာပဲ။ သူက ဇောင်ယုဟွမ် ကိုဖန်တွေ အရှေ့မှာတောင် စနောက်တယ်။ ‘ဟုတ်တယ်၊ ဇောင်ယုဟွမ် ကချစ်ဖို့ကောင်းတယ်’လို့ သူပြောတော့ ဘယ်သူက တောင့်ခံနိုင်မှာလဲ?”

ကွန့်မန့်ပေးသူ 501 : “*တိတ်နေပြီ* ဇောင်မိသားစုက လီ/ဟုန် မျိုးရိုးနာမည် မတူလို့ သူတို့က ဘာမှမပတ်သက်ဘူး ထင်တယ်… ဒီမောင်နှမ ဆက်ဆံရေးက မေးခွန်းထုတ်စရာပဲ…”

ကွန့်မန့်ပေးသူ 502 : “ဒီမှာထိုင်ပြီး စောင့်နေပါတယ်”

ကွန့်မန့်ပေးသူ 899 : “အို၊ လီဂျင်းယွမ် ရဲ့ဖန်တွေက ထပ်ပြီးလေထဲတိုက်အိမ် ဆောက်နေကြပြန်ပြီ။ ဒီအိမ်က ချန်းဟွမ် ဖန်တွေအတွက်ပဲ ဟုတ်ပြီလား? ပြောနိုင်ဖို့က ဝေးလွန်းတယ်”

ကွန့်မန့်ပေးသူ 1451 : “အတင်းအဖျင်းတွေ ထပ်ပြောဖို့ မလိုတော့ဘူး။ ဝမ်ယောင်ချန်း ကရှင်းရှင်းလင်းလင်းကို အေးစက်နေပြီ။ အရင်တုန်းက ဘာမှမရှိပေမဲ့ မစ္စဇောင် ကသူနဲ့ အဆက်အဆံမလုပ်ဖို့ ဆန္ဒရှိတာ ရှင်းနေတာပဲ။ အခုတော့ သူမ စိတ်အခြေအနေက အေးစက်ပြီး+ သူ့မျက်နှာကို ရိုက်ချလိုက်တယ်။ သူ့မှာ ဘာအခွင့်အရေးမှ မရှိတော့ဘူး။ တခြားတစ်ယောက်နဲ့ တွဲပေးတာက ပိုကောင်းလိမ့်မယ်။ အစောထဲက မတွဲခဲ့ရင် အသည်းကွဲရမှာ မဟုတ်ဘူး။ အရင်က အတွေ့အကြုံတွေကို ပြောပြပေးတာ!”

ဒီအကြောင်းတွေကို ဆွေးနွေးနေကြရုံသာမက ရှာဖွေမှုတွင် “ဇောင်ယုဟွမ် နှိုင်းယှဉ်ချက်”ဆိုတာတောင် ထိပ်ဆုံးကို ရောက်လာခဲ့သည်။

နှိပ်ဝင်လိုက်ရင် Weibo စာအသစ်တွေကို မြင်လိုက်ရသည်။

@မျက်နှာကြီးကြောင် : “ဇောင်ယုဟွမ် က လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့အပေါ်ထားတဲ့ စိတ်ထားနဲ့ ဝမ်ယောင်ချန်း ပေါ်ထားတဲ့ စိတ်ထားက အရမ်းကို ကွာခြားတာပဲ။ ဝမ်ယောင်ချန်း ကင်မရာအောက်မှာ မပြုံးနိုင်တာ ငါပထမဆုံးအကြိမ် မြင်ဖူးတာပဲ” [ဓာတ်ပုံ] [ဓာတ်ပုံ]

@ကောင်းကင်အောက်က ချစ်သူတွေက မောင်နှမတွေ : “ဗီဒီယိုက ပရိုဂရမ်အဖွဲ့က ထွက်လာတာပဲ… ဟင်းးးး၊ ထူးချွန်တဲ့ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က သူမဘေးမှာ ရှိနေကြတယ်။ ဇောင်ယုဟွမ် မျက်လုံးထဲမှာ တခြားသူကို မြင်နိုင်ဖို့က ခက်ခဲတာ ဖြစ်နိုင်တယ်”

@ဖျော်ဖြေမှု 8 : “ဝမ်ယောင်ချန်း က ဇောင်ယုဟွမ် ကိုစိတ်အနှောင့်အယှက် ဖြစ်စေခဲ့တာလား? သူ့စီးပွားရေး လမ်းကြောင်းကတော့ အေးစက်လာပြီလား?”

Webio တိုင်းက ကွန့်မန့်တွေက ကွာခြားပြီး သတင်းထောက် အနည်းငယ်က သတင်းတွေထက် တိကျမှုမရှိသည့် ဂရုတွေက ထိပ်ဆုံးကို ရောက်နေကြသည်။

များစွာသော Weibo မှတင်ထားသည့် ပို့ဒ်တွေနဲ့အတူ ဆွေးနွေးချက်တွေက အင်တာနက်တွင် ထပ်ပြီး ဆူပွက်လာခဲ့သည်။ ဝမ်ယောင်ချန်း ရဲ့ဖန်တွေက ဒေါသထွက်နေကြပေမဲ့ သူတို့နှလုံးသားထဲတွင် နည်းနည်းတော့ မျှော်လင့်ချက်လေး ရှိနေကြသေးသည်။

ဝမ်ယောင်ချန်း က ၁၈ နှစ်သရုပ်ဆောင်နဲ့ မကောင်းသတင်း ထွက်ခဲ့ချိန်တုန်းက သူတို့ပထမဆုံး တုန့်ပြန်ချက်က “ဒီရစ်ငှက်က သူ့ကျော်ကြားမှုကနေ တိုးထွက်ချင်တာလား?”

သို့သော် ဝမ်ယောင်ချန်း နဲ့ ဇောင်ယုဟွမ် တို့အား တွဲပေးတာကတော့ ကွာခြားသည်။ ရိုးရှင်းသည့် ရှာဖွေမှုတောင် သူမက ဘယ်လောက် ချမ်းသာသည့် မိသားစုမှ ဆင်းသက်လာတာ၊ ဘယ်ကနေ ဘွဲ့ရထားတာ၊ ငယ်ရွယ်၊ လှပပြီး ငွေလည်းအများကြီး ရှိတာကို တွေ့နိုင်သည်။

သူမ ဆွေမျိုးတွေကလည်း အင်အားကောင်းသည့် လူတွေဖြစ်တာကိုတော့ ထည့်ပြောစရာပင် မလိုပေ။ သူတို့အားလုံးက ဒီအမျိုးသမီးလေးနဲ့ ဒိတ်နိုင်ဖို့ သူတို့ နတ်ဘုရားကသာ ထိုက်တန်သည်ဟု ထင်ကြသည်။

ထို့ကြောင့် ခဏအကြာတွင် အင်တာနက်ပေါ်တွင် ဘယ်သူမှ ဇောင်ယုဟွမ် ကိုအပြစ်မတင်နိုင်ကြတော့ပေ။ အများစုကတော့ သူမကို မျက်လုံးနဲ့တောင် အပြစ်တင်သည့် အကြည့်ဖြင့် မကြည့်ရဲကြပေ။ ထို့ကြောင့် ဖန်တွေရဲ့ ဖိအားတွေက အလျင်အမြန်ပင် ကျဆင်းသွားခဲ့သည်။

ထို့နောက် ဖိအားအများစုက လီဂျင်းယွမ် အပေါ် ရောက်လာကြသည်။ သူတို့အမြင်တွင် လီဂျင်းယွမ် ကဆိုးရွားပြီး သူ့နေရာအား ခိုးယူလိုက်သည်။

ဒီလိုဖြင့် အလင်းအမှောင် တိုက်ခိုက်မှုတွေက စတင်လာခဲ့သည်။

တစ်ဖက်တွင် ဇောင်ယုဟွမ် ရဲ့ကားက ရွဲ့လန် ဗီလာသို့ ရောက်လာခဲ့သည်။ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ကားပေါ်ကနေ ဆင်းလိုက်ကြသည်။

ရက်အနည်းငယ် နှောင့်နှေးပြီးနောက် သူတို့အလုပ်တွေဆီ ပြန်သွားခဲ့ကြသည်။ သူတို့နှလုံးသားတွင် အဖိုးဒင် နဲ့နက်ရှိုင်းသည့် ဆက်ဆံရေးမရှိတာကို သိကြသည်။

ဇောင်ယုဟွမ် ကပြန်ရောက်တာနဲ့ အဖိုးဒင် ကစိတ်သက်သာသွားသည်။ ဇောင်ယုဟွမ် ဝင်လိုက်ချိန်တွင် လန်ဂျင်းဇီ ရဲ့ပုံကို မြင်လို်ကရသည်။ သူက သူမကို ကျောပေးထားကာ ဆိုဖာတွင် ထိုင်နေသည်။

သူ့ပုံစံက အရပ်ရှည်ပြီး ပုံမှန်လို ဖြောင့်တန်းနေပေမဲ့ ပင်ပန်းသည့် အရိပ်အယောင်ကို မြင်နိုင်သည်။

သို့သော် ဇောင်ယုဟွမ် ကစိတ်ထဲမထားပဲ ပထမဆုံး တွေးလိုက်မိတာက လန်ဂျင်းဇီ ကထပ်ပြီး အလုပ်ကို စောစောသွားတာလား?

“အဖိုး!”

“အစ်ကို!”

ဇောင်ယုဟွမ် ကအနားကို လျှောက်သွားလိုက်သည်။ အဖိုးဒင် နဲ့ လန်ဂျင်းဇီ တို့က တချိန်တည်း မော့လာကြပြီး လှည့်လာကာ ဇောင်ယုဟွမ် ဆီလျှောက်လာကြသည်။

အဖိုးဒင် က ဇောင်ယုဟွမ် ကိုဖက်လိုက်ပြီး သူမကို တင်းတင်းကြပ်ကြပ် ဖက်ပြီးနောက်မှ လွှတ်ပေးလိုက်သည်။

သို့သော် လန်ဂျင်းဇီ ကခြေတစ်လှမ်းအကွာတွင် ရပ်နေခဲ့ပြီး ဘာမှမပြောပဲ ဇောင်ယုဟွမ် ကိုစိုက်ကြည့်နေခဲ့သည်။

“ဟွမ်ဟွမ် နာသွားသေးလား? အရမ်းကြောက်နေခဲ့လား?” အဖိုးဒင် ကများစွာသော မေးခွန်းတွေကို တစ်ဆက်တည်း မေးလိုက်သည်။

ဇောင်ယုဟွမ် ကတစ်ခုပြီးတစ်ခု ဖြေလိုက်သည်။ လန်ဂျင်းဇီ ကနားထောင်ရင်း ရပ်နေခဲ့သည်။ သူက ဘာမှမပြောသော်လည်း ထိုင်ဖို့တောင် မေ့နေခဲ့သည်။

သူမ ဖြေတာကို ကြားလိုက်ပြီး သူ့နှလုံးသားက စိုးရိမ်စိတ်က အနည်ထိုင်သွားပြီးနောက် အဖိုးဒင် ကသက်ပြင်းချလိုက်ပြီး မေးလိုက်သည်။

“လီလေး နဲ့ ဟုန်လေး တို့မလာကြဘူးလား?”

ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်သည်။

“သူတို့က အလုပ်မှာ”

အဖိုးဒင် ကမျက်မှောင်ကြုတ်လိုက်သည်။

“သူတို့က အလုပ်အရမ်းကြိုးစားတာပဲ” သူက ရပ်လိုက်သည်။

“… ဟွမ်ဟွမ် ကလေးထဲက လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်က မမှားခဲ့ဘူး။ ဒီကလေး နှစ်ယောက်က အရမ်းတော်ကြတယ်။ သူတို့က ဟွမ်ဟွမ့် ကိုနိုင်ငံခြားကနေ ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာပေးလို့ အဖိုးကျေးဇူးတင်ရဦးမယ်။ ဟွမ်ဟွမ့် ဘဝကို ပထမဦးစားပေးခဲ့လို့ ကျေးဇူးတင်ရမယ်”

အဖိုးဒင် ကပြောလိုက်ရင်း လန်ဂျင်းဇီ ဘက်လှည့်လိုက်သည်။

“အဲ့ဗီဒီယို ကဘယ်မှာလဲ? မနေ့က ချန်းလေး ပြခဲ့တဲ့တစ်ခု။ ယူလာခဲ့…”

ဒါက အရင်ကဆိုရင်တော့ လန်ဂျင်းဇီ ကလုပ်တတ်မှာ မဟုတ်ပေ။ သို့သော် အခုတော့ 《အချိန်ခရီးသွားခြင်း》 ကိုကြည့်နေခဲ့တာကြောင့် Weibo နဲ့တခြား app တွေနဲ့ ရင်းနှီးနေပြီး အင်တာနက်ကို ကောင်းကောင်း အသုံးပြုနိုင်နေပြီ။ ဒါက သူ့ကို ပြဿနာမဖြစ်စေပေ။

လန်ဂျင်းဇီ ကအလျင်အမြန်ပင် ဗီဒီယိုကို ရှာလိုက်ကာ အဖိုးဒင် ကိုကမ်းပေးလိုက်သည်။ အဖိုးဒင် ကဖုန်းကိုယူလိုက်ပြီး ဇောင်ယုဟွမ် ကိုပြလိုက်ကာ ပြောလိုက်သည်။

“ဒီကလေးနှစ်ယောက်က ကောင်းကြတယ်။ သမီးအမေသာ ရှိနေသေးရင် သူမလည်း စိတ်သက်သာလိမ့်မယ်။ အနာဂတ်မှာ အဖိုးထွက်သွားချိန်ကျရင် သမီးကို ကြည့်ပေးမဲ့ လူတွေရှိနေတာကောင်းတယ်”

ဝမ်းနည်းစရာ စကားတွေကို ကြားလိုက်ပြီး ဇောင်ယုဟွမ် ကပြောလိုက်သည်။

“အဲ့လိုမပြောပါနဲ့၊ အဖိုး။ အဖိုးက ဟွမ်ဟွမ် နဲ့နှစ်တွေအကြာကြီး အတူနေရဦးမှာပါ၊ နောက်ပြီး အစ်ကိုလည်း ရှိနေတာပဲ… နောက်ပြီး ဟွမ်ဟွမ့် လက်အောက်မှာ လူတွေအများကြီး ရှိသေးတယ်။ ဘယ်သူက ဟွမ်ဟွမ့် ကိုဆိုးဆိုးရွားရွား ဆက်ဆံရဲမှာလဲ?”

အဖိုးဒင် ကခေါင်းခါလိုက်သည်။ “ဒါက မတူဘူး။ သမီးလက်အောက်က လူတွေက အပြင်လူတွေပဲ။ အားလုံးက ကွာခြားတယ်…”

သူက တုန်လှုပ်နေရင်း လက်တွေကို မြှောက်လိုက်သည်။ ဇောင်ယုဟွမ် ကသက်ပြင်းချလိုက်ပြီး ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်မိသည်။

နောက်ဆုံးတော့ ရှာဖွေမှုစာရင်း ထိပ်ဆုံးတွင် #ရည်းစားနှစ်ယောက်ရဲ့ပါဝါ# ကိုတွေ့လိုက်ရသည်။

ဗီဒီယို ကစသွားနေခဲ့သည်။ ကင်မရာက နှစ်စက္ကန့်လောက် လှုပ်သွားပြီး သေနတ်သံက ထွက်လာခဲ့သည်။ ချက်ချင်းပင် ဗီဒီယိုထဲတွင် အော်သံများ ဆူညံသွားသည်။ ဧည့်သည်တွေက ကြောက်လန့်နေကြသည်။

လီဂျင်းယွမ် ကပရိုဂရမ်အဖွဲ့အတွက် ကိုယ်ပိုင်ကားကို ပြင်ပေးခဲ့ပြီး နေရာချပေးခဲ့သည်။ ထို့နောက် ဟုန်ချန်းမင်း ကလမ်းဘေးတွင် ဈေးဝယ်နေခဲ့သည်။

မတော်တဆ ဖြစ်လာချိန်တွင် လူတိုင်းက ကြောက်လန့်နေကြသည်။ ကောမိုင် ကသူမဘေးမှ လက်ထောက်တွေနဲ့ ဇောင်ယုဟွမ် ကသူမဘေးတွင် ကိုယ်ရံတော် တစ်ယောက်တောင် မရှိပေ…

သို့သော် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့တုန့်ပြန်မှုက အတော်လေး မြန်ဆန်သည်။ လီဂျင်းယွမ် ကခြေနှစ်လှမ်းစာလောက်နဲ့ ဇောင်ယုဟွမ် ဘေးကိုရောက်လာခဲ့သည်။ သူက ဇောင်ယုဟွမ် ကိုပွေ့ဖက်လိုက်ပြီး ထိတ်လန့်မှုမှ ကယ်တင်လိုက်သည်။

တစ်ဖက်တွင် ဟုန်ချန်းမင်း ကကျည်ဆံတွေနဲ့ ရင်ဆိုင်နေခဲ့ရသည်။ မျက်နှာချင်းဆိုင် လမ်းကို သွားနေရင်း ကောင်းကင်ဘံုမှ ဆင်းသက်လာသည့် စစ်သားနဲ့ တူနေသည်။

စက္ကန့်အနည်းငယ် အကြာတွင် ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ရဲ့ဘေးကို ရောက်လာခဲ့သည်။ သူရောက်လာသည်နှင့် ကားတစ်စီးလို အမြန်နှုန်းနဲ့ ပြေးလာပေမဲ့ ပင်ပန်းနေပုံမပေါ်ပေ။

ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ကိုခေါ်လာခဲ့ပြီး လီဂျင်းယွမ် ကလည်း လိုက်ပါလာခဲ့သည်။ သူတို့က အလျင်အမြန် လှည့်လိုက်ကြပြီး ဘယ်သူမှမရှိသည့် ဘုရားကျောင်းထဲကို ဝင်လိုက်သည်။

ထိုအချိန်တွင် လူတိုင်းက သူတို့အသိကို ပြန်ရသွားကြပြီး တစ်နေရာတည်းကို ပြေးလာကြသည်။ ပရိုဂရမ်အဖွဲ့ကလည်း ထိတ်လန့်နေပေမဲ့ သူတို့က အတော်လေး ပါးနပ်သည်။

ဟုန်ချန်းမင်း ကဝင်သွားတာကို မြင်လိုက်ပြီး သူတို့လည်း ဘုရားကျောင်းထဲကို လိုက်ဝင်လိုက်ကြသည်။ လက်ထောက်နဲ့ အစောင့်တွေကလည်း သူတို့သူဌေးနဲ့အတူ သွားကြသည်။

ကင်မရာက လှုပ်သွားပြီးနောက် ချက်ချင်းပင် မဲမှောင်သွားသည်။ ဗီဒီယို တစ်ခုလုံးက တစ်မိနစ်တောင် မကြာပေမဲ့ အတော်လေး ကြောက်စရာကောင်းနေသည်။

ဇောင်ယုဟွမ် ကဖုန်းစခရင်ကို စိုက်ကြည့်လိုက်ပြီး အံ့ဩနေကာ ပြန်ဖွင့်လိုက်သည်။ မတော်တဆ ဖြစ်ပျက်လာချိန်တွင် သူမဝန်းကျင်က အရမ်းကို ဆူညံနေသည်။

ဇောင်ယုဟွမ် ကသူမဘေးက ဘယ်သူဆိုတာ သေချာမသိပေ။ သို့သော် ပြန်ကြည့်လိုက်ချိန်တွင် ဒါက အရမ်းအန္တရာယ်များတာကို ရုတ်တရက် နားလည်သွားသည်။ နောက်ပြီး သူတို့က သူမဘေးကို ဘယ်လိုတောင် အမြန်နဲ့ ရောက်လာကြတာလဲ?

သူတို့က ဘယ်လောက်တောင် သတ္တိရှိတာလဲ?

ယှဉ်ကြည့်ရင် အပြင်မှာ ရေသွားယူတာက ကိစ္စကြီးမဟုတ်ပေ။

ဇောင်ယုဟွမ် ကအနည်းငယ် ထိတ်လန့်နေပြီး ခံစားချက်ကလည်း နည်းနည်းဝေဝါးနေသည်။ သူမတစ်ကိုယ်လုံးက ခံစားချက်တွေက ပင်လယ်ရေပြင်လို ကျယ်ပြောနေသည်။

စားသောက်နေချိန်တောင် ဒီခံစားချက်တွေက ပျောက်မသွားပေ။ စားသောက်ပြီးနောက် အဖိုးဒင် က လန်ဂျင်းဇီ အားသူမကို ပြန်လိုက်ပို့ဖို့ ပြောခဲ့သည်။

လန်ဂျင်းဇီ ကအတွင်းရေးမှူးချန်း ကိုမခေါ်ထားတာကြောင့် သူကိုယ်တိုင်သာ ဇောင်ယုဟွမ် ကိုခရီးသည်ခုံတွင် ထိုင်စေပြီး လိုက်ပို့ခဲ့သည်။ ဇောင်ယုဟွမ် ကကားထဲမှ လက်မှတ်တွေကို ထုတ်လိုက်ပြီး မေးလိုက်သည်။

“အစ်ကို အရင်က ဝမ်ယောင်ချန်း ကိုဖုန်းခေါ်ခဲ့တာလား?”

လန်ဂျင်းဇီ ကပြန်ဖြေလိုက်သည်။

“…အင်း၊ သူ့အကြောင်း လူတွေပြောတာ ကြားလိုက်တော့ အတွင်းရေးမှူးချန်း ကိုခေါ်ဖို့ ပြောလိုက်တာ”

သူမကို မပြောပဲ ဝမ်ယောင်ချန်း နဲ့တွေ့ခဲ့တာကို မပြောမိတာကြောင့် ဇောင်ယုဟွမ် မပျော်ရွှင်တာကို လန်ဂျင်းဇီ ခံစားမိပြီး ဝန်ခံလိုက်သည်။

“သူနဲ့ ချိန်းထားခဲ့တာ။ သူ့ကို မေးဖို့ရည်ရွယ်ထားတာ”

“ဘာမေးဖို့လဲ?”

“ဘာမှမဟုတ်ပါဘူး။ ဒါက…”

“သူ့အတွေးကို နားလည်ဖို့ပဲလား? သူ့အကျင့်ကို လေ့လာဖို့လား?” ဇောင်ယုဟွမ် ကခေါင်းစောင်းလိုက်ပြီး လန်ဂျင်းဇီ ရဲ့စကားတွေကို ပြောလိုက်သည်။

“အင်း”

ဇောင်ယုဟွမ် ကပြုံးလိုက်သည်။ “ချိန်းထားတာက ဘယ်တော့လဲ?”

“ကြာသပတေးနေ့”

“ဒါဆို၊ အဲ့ကို သွားဖို့မလိုတော့ဘူး” ဇောင်ယုဟွမ် ကပြောလိုက်သည်။

လန်ဂျင်းဇီ ကကလေးဘဝက အကြောင်းတွေကြောင့် တုန့်ပြန်ချက်က နှေးကွေးသော်လည်း ဇောင်ယုဟွမ် ရဲ့စကားမှ နားလည်နိုင်သည်။

“… ဟွမ်ဟွမ် ကသူ့ကို သဘောမကျတော့ဘူးလား?”

“သဘောမကျဘူး”

ဇောင်ယုဟွမ် ကမျက်တောင်ခတ်လိုက်သည်။

“အစက သူက ထည့်တွေးနိုင်တဲ့ ကောင်လေးပုံစံလို့ ဟန်ယင်ယင် ကသူ့ကို ပြောခဲ့ဖူးတယ်။ သူက လိမ္မာပါးနပ်ပြီး ကောင်းမွန်တဲ့ အသွင်အပြင်တွေရှိတယ်လို့ ပြောခဲ့တယ်။ နောက်ပြီး ဖျော်ဖြေရေး လောကမှာ အလုပ်နဲ့ ကျော်ကြားမှုလည်း ရှိတယ်။ အနာဂတ်မှာ ဟွမ်ဟွမ် သူ့ကို မကြိုက်တော့ရင် ရိုးရိုးရှင်းရှင်းနဲ့ ဖြတ်လိုက်ဖို့ပဲ။ ဒါပေမဲ့… အခုတော့ ဒါက အရေးမပါတော့ဘူး”

လန်ဂျင်းဇီ ကခေါင်းညိတ်လိုက်သည်။ “အစ်ကို သိပြီ”

ဒီလိုဆိုတည်းက သူ ဒီ ဝမ်ယောင်ချန်း နဲ့တွေ့စရာ မလိုတော့ဘူး။

9.6.2021 (Wed)
………………………

Zawgyi

လီဂ်င္းယြမ္ ကေျပာလိုက္သည္။

“တျခားေမးခြန္းေတြ ႐ွိေသးလား?”

ထိုအခ်ိန္တြင္ ေဝ့က်ဲ ကေရာက္လာၿပီး သတင္းေထာက္ေတြကို ျပဳံးကာေျပာလိုက္သည္။

“ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ္တို႔ ေလဆိပ္မွာ နည္းနည္း ၾကာေနၿပီ၊ လီဂ်င္းယြမ္ မွာတျခားအလုပ္ကိစၥေတြ ႐ွိေသးလို႔ပါ။ တျခားေမးခြန္းေတြ ႐ွိေသးရင္ သူတို႔ကို ခ်ိန္းဆိုၿပီး အင္တာဗ်ဴးဖို႔ ဘာေၾကာင့္ မလုပ္ရတာလဲ…”

ေဝ့က်ဲ ကတစ္ခ်က္တည္း ေျပာလိုက္ၿပီး သတင္းေထာက္ေတြအား ျငင္းဆန္ဖို႔ အခ်ိန္ေတာင္ မေပးေပ။ ထိုအခ်ိန္တြင္ လက္ေထာက္ေတြနဲ႔ ကိုယ္ရံေတာ္ေတြအား ေဝ့က်ဲ ကေခၚလာၿပီး သတင္းေထာက္ေတြကို ျပန္ခိုင္းလိုက္သည္။

သူတို႔အျပဳအမူက မၾကမ္းတမ္းေသာ္လည္း သူတို႔ရဲ႕႐ုတ္ခ်င္း လုပ္ေဆာင္မႈက ျပင္းထန္သည္။

ဘယ္သူကမွ ေႏွာင့္ယွက္မႈကို မေက်မနပ္ မျဖစ္တာေၾကာင့္ သူတို႔က အေနာက္ကိုသာ ဆုတ္လိုက္ၾကၿပီး ပါးစပ္ပိတ္လိုက္ၾကကာ ေဝ့က်ဲ ၫႊန္ၾကားေနမႈကိုသာ နားေထာင္ေနခဲ့သည္။

ဒီေနရာတြင္ ဖန္ေတြအမ်ားႀကီး ႐ွိေနတာေၾကာင့္ ဖန္ေတြက လီဂ်င္ယြမ္ ကိုဓာတ္ပုံရဖို႔သာ ေ႐ြးခ်ယ္လိုက္ၾကသည္။ ဒါ့ေၾကာင့္ လီဂ်င္းယြမ္ ကသူ႕ဖန္ေတြအား စကားနည္းနည္း ေျပာၿပီးေနာက္ အေစာင့္ေတြနဲ႔အတူ ထြက္သြားခဲ့သည္။

ပ႐ိုဂရမ္သမားေတြ ေလဆိပ္ကို ေရာက္လာသည့္ သတင္းက ခ်က္ခ်င္းပင္ ႐ွာေဖြမႈ ထိပ္ဆုံးေရာက္သြားသည္။

《ေလဆိပ္မွ ခံစားခ်က္မ်ား : ခ်န္းဟြမ္ ဖန္ေတြေတာ့ ငိုရၿပီလား?》

ကြန္႔မန္႔ေပးသူ 1 : “ဒါက… ဒါက နည္းနည္းေလး စိုးရိမ္ေန႐ုံပါပဲ။ သူတို႔ၾကားမွာ ဘာဆက္သြယ္မႈမွ မ႐ွိပါဘူး”

ကြန္႔မန္႔ေပးသူ 2 : “မစၥေဇာင္ ကအင္တာနက္ သုံးတယ္မလား? အတြဲဖန္ေတြ ေဆြးေႏြးထားတာေတြကို ျမင္သြားလို႔ သိသိသာသာ ခြာလိုက္တာပဲ”

ကြန္႔မန္႔ေပးသူ 3 : “… လူတိုင္းမွာ စိတ္ႀကိဳက္တြဲေပးၾကတဲ့ အတြဲေတြ႐ွိတယ္။ လူအစစ္ေတြေတာင္ မဟုတ္ဘူး”

ကြန္႔မန္႔ေပးသူ 4 : “မင္း *င္ကိုပဲ လူအစစ္မဟုတ္တာ။ သူမ Weibo မွာ သူမနဲ႔ ဝမ္ေယာင္ခ်န္း ကိုတြဲေပးထားတဲ့ ကြန္႔မန္႔ေတြနဲ႔ ျပည့္ေနတာပဲ။ သူမက ဝမ္ေယာင္ခ်န္း ကိုသေဘာမက်ဘူးဆိုရင္ ဒီေဒါသေတြက သူမကို ေသေစႏိုင္တယ္မလား?”

ကြန္႔မန္႔ေပးသူ 88 : “ဘာပဲျဖစ္ျဖစ္၊ ေလဆိပ္မွာေျပာတဲ့ မစၥေဇာင္ ရဲ႕စကားေတြက အရမ္းကို ႐ိုင္းပ်ေနတယ္မလား? သူမက တျခားသူေတြကို ဘယ္လိုျမင္ႏိုင္မွာလဲဆိုတာ ဘာကိုေျပာခ်င္တာလဲ… ဒါက ဝမ္ေယာင္ခ်န္း ရဲ႕မ်က္ႏွာကို ႐ိုက္လိုက္တာပဲမလား?”

ကြန္႔မန္႔ေပးသူ 89 : “အေပၚက၊ မင္းက အမ်ိဳးသမီးေတြကို မုန္းတီးေရးဝါဒကလား? ဘာျပႆနာမွ မ႐ွိတာကို၊ ဟမ့္။ ဒါက သတင္းေထာက္ရဲ႕ အမွားပဲ”

ကြန္႔မန္႔ေပးသူ 90 : “၈၈ က ဝမ္ေယာင္ခ်န္း ဖန္ထပ္မျဖစ္ႏိုင္ေတာ့ဘူး? ထုတ္ေဖာ္ရေအာင္! မစၥေဇာင္ မိသားစုေနာက္ခံကို မင္းက ဘာထင္ေနတာလဲ?! သူမအေဖ ဆုံးသြားေတာ့ တျခားသူေတြက သူမကို အလိုလိုက္ေပးၾကတယ္၊ သူမက အရမ္းကို ပစားေပးခံရတဲ့ အမ်ိဳးသမီးေလး၊ အိုေက? သူမမွာ ေငြေတြ၊ ေက်ာ္ၾကားမႈေတြ႐ွိတယ္၊ ဒါ့ေၾကာင့္ ငါတို႔ရဲ႕ခ်စ္လွစြာေသာ ဝမ္ေယာင္ခ်န္း ရဲ႕မ်က္ႏွာကို ဘာေၾကာင့္ မ႐ိုက္ႏိုင္ရမွာလဲ?”

ကြန္႔မန္႔ေပးသူ 497 : “ဟုန္ေဇာင္ ကိုငါတြဲေပးမိတုန္းပဲ။ လီေဇာင္ က ခ်န္းဟြမ္ ထက္အဆေပါင္း တစ္ရာေလာက္ ေကာင္းေသးတယ္!”

ကြန္႔မန္႔ေပးသူ 498 : “ဝါးးးး၊ အေပၚကညီမက တကယ့္ကို သတၱိခဲပဲ၊ ေမာင္ႏွမကိုေတာင္ တြဲေပးႏိုင္တယ္လား? မၾကာခင္ အမွန္တရားဘက္က လူေတြက မင္းကို အခ်က္ ၃၀၀ ေလာက္ ႐ိုက္ႏွက္ၾကလိမ့္မယ္!”

ကြန္႔မန္႔ေပးသူ 499 : “ဒါေပမဲ့ တကယ္ပဲ တြဲေပးမိတယ္ + 1 ဘယ္သူမွ ဗီဒီယိုကို ထပ္မၾကည့္ၾကေတာ့ဘူးလား? ငါသာ ဗီဒီယိုထဲက ေဇာင္ယုဟြမ္ ဆိုရင္ သူ႕ဆီကို ငါ့ဘာသာပဲ ေပးပစ္လိုက္မယ္။ ငါ အက်ယ္ႀကီး ထပ္ေျပာလိုက္မယ္၊ ေဇာင္ယုဟြမ္ ကတကယ္ပဲ ခက္ခဲတဲ့သူပဲ! ဒီလိုေယာက်ၤားမ်ိဳးက သူမႏွလုံးသားကို မထိခတ္ႏိုင္ဘူးလား? ဘယ္အစ္ကိုပဲျဖစ္ျဖစ္ သူတို႔ကို သူမက ဘယ္လို ျငင္းႏိုင္မွာလဲ?【မဟုတ္ဘူး၊ မင္းပါးစပ္ပိတ္ထား】”

ကြန္႔မန္႔ေပးသူ 500 : “သူတို႔ရဲ႕ မိသားစုဆက္ဆံေရးကို ေဘးထားလိုက္၊ အစ္ကိုလီ ကစေနာက္တာက အရမ္းေလးနက္ေနတာပဲ။ သူက ေဇာင္ယုဟြမ္ ကိုဖန္ေတြ အေ႐ွ႕မွာေတာင္ စေနာက္တယ္။ ‘ဟုတ္တယ္၊ ေဇာင္ယုဟြမ္ ကခ်စ္ဖို႔ေကာင္းတယ္’လို႔ သူေျပာေတာ့ ဘယ္သူက ေတာင့္ခံႏိုင္မွာလဲ?”

ကြန္႔မန္႔ေပးသူ 501 : “*တိတ္ေနၿပီ* ေဇာင္မိသားစုက လီ/ဟုန္ မ်ိဳး႐ိုးနာမည္ မတူလို႔ သူတို႔က ဘာမွမပတ္သက္ဘူး ထင္တယ္… ဒီေမာင္ႏွမ ဆက္ဆံေရးက ေမးခြန္းထုတ္စရာပဲ…”

ကြန္႔မန္႔ေပးသူ 502 : “ဒီမွာထိုင္ၿပီး ေစာင့္ေနပါတယ္”

ကြန္႔မန္႔ေပးသူ 899 : “အို၊ လီဂ်င္းယြမ္ ရဲ႕ဖန္ေတြက ထပ္ၿပီးေလထဲတိုက္အိမ္ ေဆာက္ေနၾကျပန္ၿပီ။ ဒီအိမ္က ခ်န္းဟြမ္ ဖန္ေတြအတြက္ပဲ ဟုတ္ၿပီလား? ေျပာႏိုင္ဖို႔က ေဝးလြန္းတယ္”

ကြန္႔မန္႔ေပးသူ 1451 : “အတင္းအဖ်င္းေတြ ထပ္ေျပာဖို႔ မလိုေတာ့ဘူး။ ဝမ္ေယာင္ခ်န္း က႐ွင္း႐ွင္းလင္းလင္းကို ေအးစက္ေနၿပီ။ အရင္တုန္းက ဘာမွမ႐ွိေပမဲ့ မစၥေဇာင္ ကသူနဲ႔ အဆက္အဆံမလုပ္ဖို႔ ဆႏၵ႐ွိတာ ႐ွင္းေနတာပဲ။ အခုေတာ့ သူမ စိတ္အေျခအေနက ေအးစက္ၿပီး+ သူ႕မ်က္ႏွာကို ႐ိုက္ခ်လိုက္တယ္။ သူ႕မွာ ဘာအခြင့္အေရးမွ မ႐ွိေတာ့ဘူး။ တျခားတစ္ေယာက္နဲ႔ တြဲေပးတာက ပိုေကာင္းလိမ့္မယ္။ အေစာထဲက မတြဲခဲ့ရင္ အသည္းကြဲရမွာ မဟုတ္ဘူး။ အရင္က အေတြ႕အၾကဳံေတြကို ေျပာျပေပးတာ!”

ဒီအေၾကာင္းေတြကို ေဆြးေႏြးေနၾက႐ုံသာမက ႐ွာေဖြမႈတြင္ “ေဇာင္ယုဟြမ္ ႏိႈင္းယွဥ္ခ်က္”ဆိုတာေတာင္ ထိပ္ဆုံးကို ေရာက္လာခဲ့သည္။

ႏွိပ္ဝင္လိုက္ရင္ Weibo စာအသစ္ေတြကို ျမင္လိုက္ရသည္။

@မ်က္ႏွာႀကီးေၾကာင္ : “ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔အေပၚထားတဲ့ စိတ္ထားနဲ႔ ဝမ္ေယာင္ခ်န္း ေပၚထားတဲ့ စိတ္ထားက အရမ္းကို ကြာျခားတာပဲ။ ဝမ္ေယာင္ခ်န္း ကင္မရာေအာက္မွာ မျပဳံးႏိုင္တာ ငါပထမဆုံးအႀကိမ္ ျမင္ဖူးတာပဲ” [ဓာတ္ပုံ] [ဓာတ္ပုံ]

@ေကာင္းကင္ေအာက္က ခ်စ္သူေတြက ေမာင္ႏွမေတြ : “ဗီဒီယိုက ပ႐ိုဂရမ္အဖြဲ႕က ထြက္လာတာပဲ… ဟင္းးးး၊ ထူးခြၽန္တဲ့ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က သူမေဘးမွာ ႐ွိေနၾကတယ္။ ေဇာင္ယုဟြမ္ မ်က္လုံးထဲမွာ တျခားသူကို ျမင္ႏိုင္ဖို႔က ခက္ခဲတာ ျဖစ္ႏိုင္တယ္”

@ေဖ်ာ္ေျဖမႈ 8 : “ဝမ္ေယာင္ခ်န္း က ေဇာင္ယုဟြမ္ ကိုစိတ္အေႏွာင့္အယွက္ ျဖစ္ေစခဲ့တာလား? သူ႕စီးပြားေရး လမ္းေၾကာင္းကေတာ့ ေအးစက္လာၿပီလား?”

Webio တိုင္းက ကြန္႔မန္႔ေတြက ကြာျခားၿပီး သတင္းေထာက္ အနည္းငယ္က သတင္းေတြထက္ တိက်မႈမ႐ွိသည့္ ဂ႐ုေတြက ထိပ္ဆုံးကို ေရာက္ေနၾကသည္။

မ်ားစြာေသာ Weibo မွတင္ထားသည့္ ပို႔ဒ္ေတြနဲ႔အတူ ေဆြးေႏြးခ်က္ေတြက အင္တာနက္တြင္ ထပ္ၿပီး ဆူပြက္လာခဲ့သည္။ ဝမ္ေယာင္ခ်န္း ရဲ႕ဖန္ေတြက ေဒါသထြက္ေနၾကေပမဲ့ သူတို႔ႏွလုံးသားထဲတြင္ နည္းနည္းေတာ့ ေမွ်ာ္လင့္ခ်က္ေလး ႐ွိေနၾကေသးသည္။

ဝမ္ေယာင္ခ်န္း က ၁၈ ႏွစ္သ႐ုပ္ေဆာင္နဲ႔ မေကာင္းသတင္း ထြက္ခဲ့ခ်ိန္တုန္းက သူတို႔ပထမဆုံး တုန္႔ျပန္ခ်က္က “ဒီရစ္ငွက္က သူ႕ေက်ာ္ၾကားမႈကေန တိုးထြက္ခ်င္တာလား?”

သို႔ေသာ္ ဝမ္ေယာင္ခ်န္း နဲ႔ ေဇာင္ယုဟြမ္ တို႔အား တြဲေပးတာကေတာ့ ကြာျခားသည္။ ႐ိုး႐ွင္းသည့္ ႐ွာေဖြမႈေတာင္ သူမက ဘယ္ေလာက္ ခ်မ္းသာသည့္ မိသားစုမွ ဆင္းသက္လာတာ၊ ဘယ္ကေန ဘြဲ႕ရထားတာ၊ ငယ္႐ြယ္၊ လွပၿပီး ေငြလည္းအမ်ားႀကီး ႐ွိတာကို ေတြ႕ႏိုင္သည္။

သူမ ေဆြမ်ိဳးေတြကလည္း အင္အားေကာင္းသည့္ လူေတြျဖစ္တာကိုေတာ့ ထည့္ေျပာစရာပင္ မလိုေပ။ သူတို႔အားလုံးက ဒီအမ်ိဳးသမီးေလးနဲ႔ ဒိတ္ႏိုင္ဖို႔ သူတို႔ နတ္ဘုရားကသာ ထိုက္တန္သည္ဟု ထင္ၾကသည္။

ထို႔ေၾကာင့္ ခဏအၾကာတြင္ အင္တာနက္ေပၚတြင္ ဘယ္သူမွ ေဇာင္ယုဟြမ္ ကိုအျပစ္မတင္ႏိုင္ၾကေတာ့ေပ။ အမ်ားစုကေတာ့ သူမကို မ်က္လုံးနဲ႔ေတာင္ အျပစ္တင္သည့္ အၾကည့္ျဖင့္ မၾကည့္ရဲၾကေပ။ ထို႔ေၾကာင့္ ဖန္ေတြရဲ႕ ဖိအားေတြက အလ်င္အျမန္ပင္ က်ဆင္းသြားခဲ့သည္။

ထို႔ေနာက္ ဖိအားအမ်ားစုက လီဂ်င္းယြမ္ အေပၚ ေရာက္လာၾကသည္။ သူတို႔အျမင္တြင္ လီဂ်င္းယြမ္ ကဆိုး႐ြားၿပီး သူ႕ေနရာအား ခိုးယူလိုက္သည္။

ဒီလိုျဖင့္ အလင္းအေမွာင္ တိုက္ခိုက္မႈေတြက စတင္လာခဲ့သည္။

တစ္ဖက္တြင္ ေဇာင္ယုဟြမ္ ရဲ႕ကားက ႐ြဲ႕လန္ ဗီလာသို႔ ေရာက္လာခဲ့သည္။ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ကားေပၚကေန ဆင္းလိုက္ၾကသည္။

ရက္အနည္းငယ္ ေႏွာင့္ေႏွးၿပီးေနာက္ သူတို႔အလုပ္ေတြဆီ ျပန္သြားခဲ့ၾကသည္။ သူတို႔ႏွလုံးသားတြင္ အဖိုးဒင္ နဲ႔နက္႐ိႈင္းသည့္ ဆက္ဆံေရးမ႐ွိတာကို သိၾကသည္။

ေဇာင္ယုဟြမ္ ကျပန္ေရာက္တာနဲ႔ အဖိုးဒင္ ကစိတ္သက္သာသြားသည္။ ေဇာင္ယုဟြမ္ ဝင္လိုက္ခ်ိန္တြင္ လန္ဂ်င္းဇီ ရဲ႕ပုံကို ျမင္လို္ကရသည္။ သူက သူမကို ေက်ာေပးထားကာ ဆိုဖာတြင္ ထိုင္ေနသည္။

သူ႕ပုံစံက အရပ္႐ွည္ၿပီး ပုံမွန္လို ေျဖာင့္တန္းေနေပမဲ့ ပင္ပန္းသည့္ အရိပ္အေယာင္ကို ျမင္ႏိုင္သည္။

သို႔ေသာ္ ေဇာင္ယုဟြမ္ ကစိတ္ထဲမထားပဲ ပထမဆုံး ေတြးလိုက္မိတာက လန္ဂ်င္းဇီ ကထပ္ၿပီး အလုပ္ကို ေစာေစာသြားတာလား?

“အဖိုး!”

“အစ္ကို!”

ေဇာင္ယုဟြမ္ ကအနားကို ေလွ်ာက္သြားလိုက္သည္။ အဖိုးဒင္ နဲ႔ လန္ဂ်င္းဇီ တို႔က တခ်ိန္တည္း ေမာ့လာၾကၿပီး လွည့္လာကာ ေဇာင္ယုဟြမ္ ဆီေလွ်ာက္လာၾကသည္။

အဖိုးဒင္ က ေဇာင္ယုဟြမ္ ကိုဖက္လိုက္ၿပီး သူမကို တင္းတင္းၾကပ္ၾကပ္ ဖက္ၿပီးေနာက္မွ လႊတ္ေပးလိုက္သည္။

သို႔ေသာ္ လန္ဂ်င္းဇီ ကေျခတစ္လွမ္းအကြာတြင္ ရပ္ေနခဲ့ၿပီး ဘာမွမေျပာပဲ ေဇာင္ယုဟြမ္ ကိုစိုက္ၾကည့္ေနခဲ့သည္။

“ဟြမ္ဟြမ္ နာသြားေသးလား? အရမ္းေၾကာက္ေနခဲ့လား?” အဖိုးဒင္ ကမ်ားစြာေသာ ေမးခြန္းေတြကို တစ္ဆက္တည္း ေမးလိုက္သည္။

ေဇာင္ယုဟြမ္ ကတစ္ခုၿပီးတစ္ခု ေျဖလိုက္သည္။ လန္ဂ်င္းဇီ ကနားေထာင္ရင္း ရပ္ေနခဲ့သည္။ သူက ဘာမွမေျပာေသာ္လည္း ထိုင္ဖို႔ေတာင္ ေမ့ေနခဲ့သည္။

သူမ ေျဖတာကို ၾကားလိုက္ၿပီး သူ႕ႏွလုံးသားက စိုးရိမ္စိတ္က အနည္ထိုင္သြားၿပီးေနာက္ အဖိုးဒင္ ကသက္ျပင္းခ်လိုက္ၿပီး ေမးလိုက္သည္။

“လီေလး နဲ႔ ဟုန္ေလး တို႔မလာၾကဘူးလား?”

ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္သည္။

“သူတို႔က အလုပ္မွာ”

အဖိုးဒင္ ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။

“သူတို႔က အလုပ္အရမ္းႀကိဳးစားတာပဲ” သူက ရပ္လိုက္သည္။

“… ဟြမ္ဟြမ္ ကေလးထဲက လုပ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္က မမွားခဲ့ဘူး။ ဒီကေလး ႏွစ္ေယာက္က အရမ္းေတာ္ၾကတယ္။ သူတို႔က ဟြမ္ဟြမ့္ ကိုႏိုင္ငံျခားကေန ေဘးကင္းကင္းနဲ႔ ျပန္ေခၚလာေပးလို႔ အဖိုးေက်းဇူးတင္ရဦးမယ္။ ဟြမ္ဟြမ့္ ဘဝကို ပထမဦးစားေပးခဲ့လို႔ ေက်းဇူးတင္ရမယ္”

အဖိုးဒင္ ကေျပာလိုက္ရင္း လန္ဂ်င္းဇီ ဘက္လွည့္လိုက္သည္။

“အဲ့ဗီဒီယို ကဘယ္မွာလဲ? မေန႔က ခ်န္းေလး ျပခဲ့တဲ့တစ္ခု။ ယူလာခဲ့…”

ဒါက အရင္ကဆိုရင္ေတာ့ လန္ဂ်င္းဇီ ကလုပ္တတ္မွာ မဟုတ္ေပ။ သို႔ေသာ္ အခုေတာ့ 《အခ်ိန္ခရီးသြားျခင္း》 ကိုၾကည့္ေနခဲ့တာေၾကာင့္ Weibo နဲ႔တျခား app ေတြနဲ႔ ရင္းႏွီးေနၿပီး အင္တာနက္ကို ေကာင္းေကာင္း အသုံးျပဳႏိုင္ေနၿပီ။ ဒါက သူ႕ကို ျပႆနာမျဖစ္ေစေပ။

လန္ဂ်င္းဇီ ကအလ်င္အျမန္ပင္ ဗီဒီယိုကို ႐ွာလိုက္ကာ အဖိုးဒင္ ကိုကမ္းေပးလိုက္သည္။ အဖိုးဒင္ ကဖုန္းကိုယူလိုက္ၿပီး ေဇာင္ယုဟြမ္ ကိုျပလိုက္ကာ ေျပာလိုက္သည္။

“ဒီကေလးႏွစ္ေယာက္က ေကာင္းၾကတယ္။ သမီးအေမသာ ႐ွိေနေသးရင္ သူမလည္း စိတ္သက္သာလိမ့္မယ္။ အနာဂတ္မွာ အဖိုးထြက္သြားခ်ိန္က်ရင္ သမီးကို ၾကည့္ေပးမဲ့ လူေတြ႐ွိေနတာေကာင္းတယ္”

ဝမ္းနည္းစရာ စကားေတြကို ၾကားလိုက္ၿပီး ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။

“အဲ့လိုမေျပာပါနဲ႔၊ အဖိုး။ အဖိုးက ဟြမ္ဟြမ္ နဲ႔ႏွစ္ေတြအၾကာႀကီး အတူေနရဦးမွာပါ၊ ေနာက္ၿပီး အစ္ကိုလည္း ႐ွိေနတာပဲ… ေနာက္ၿပီး ဟြမ္ဟြမ့္ လက္ေအာက္မွာ လူေတြအမ်ားႀကီး ႐ွိေသးတယ္။ ဘယ္သူက ဟြမ္ဟြမ့္ ကိုဆိုးဆိုး႐ြား႐ြား ဆက္ဆံရဲမွာလဲ?”

အဖိုးဒင္ ကေခါင္းခါလိုက္သည္။ “ဒါက မတူဘူး။ သမီးလက္ေအာက္က လူေတြက အျပင္လူေတြပဲ။ အားလုံးက ကြာျခားတယ္…”

သူက တုန္လႈပ္ေနရင္း လက္ေတြကို ေျမႇာက္လိုက္သည္။ ေဇာင္ယုဟြမ္ ကသက္ျပင္းခ်လိုက္ၿပီး ဖုန္းမ်က္ႏွာျပင္ကို ၾကည့္လိုက္မိသည္။

ေနာက္ဆုံးေတာ့ ႐ွာေဖြမႈစာရင္း ထိပ္ဆုံးတြင္ #ရည္းစားႏွစ္ေယာက္ရဲ႕ပါဝါ# ကိုေတြ႕လိုက္ရသည္။

ဗီဒီယို ကစသြားေနခဲ့သည္။ ကင္မရာက ႏွစ္စကၠန္႔ေလာက္ လႈပ္သြားၿပီး ေသနတ္သံက ထြက္လာခဲ့သည္။ ခ်က္ခ်င္းပင္ ဗီဒီယိုထဲတြင္ ေအာ္သံမ်ား ဆူညံသြားသည္။ ဧည့္သည္ေတြက ေၾကာက္လန္႔ေနၾကသည္။

လီဂ်င္းယြမ္ ကပ႐ိုဂရမ္အဖြဲ႕အတြက္ ကိုယ္ပိုင္ကားကို ျပင္ေပးခဲ့ၿပီး ေနရာခ်ေပးခဲ့သည္။ ထို႔ေနာက္ ဟုန္ခ်န္းမင္း ကလမ္းေဘးတြင္ ေဈးဝယ္ေနခဲ့သည္။

မေတာ္တဆ ျဖစ္လာခ်ိန္တြင္ လူတိုင္းက ေၾကာက္လန္႔ေနၾကသည္။ ေကာမိုင္ ကသူမေဘးမွ လက္ေထာက္ေတြနဲ႔ ေဇာင္ယုဟြမ္ ကသူမေဘးတြင္ ကိုယ္ရံေတာ္ တစ္ေယာက္ေတာင္ မ႐ွိေပ…

သို႔ေသာ္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕တုန္႔ျပန္မႈက အေတာ္ေလး ျမန္ဆန္သည္။ လီဂ်င္းယြမ္ ကေျခႏွစ္လွမ္းစာေလာက္နဲ႔ ေဇာင္ယုဟြမ္ ေဘးကိုေရာက္လာခဲ့သည္။ သူက ေဇာင္ယုဟြမ္ ကိုေပြ႕ဖက္လိုက္ၿပီး ထိတ္လန္႔မႈမွ ကယ္တင္လိုက္သည္။

တစ္ဖက္တြင္ ဟုန္ခ်န္းမင္း ကက်ည္ဆံေတြနဲ႔ ရင္ဆိုင္ေနခဲ့ရသည္။ မ်က္ႏွာခ်င္းဆိုင္ လမ္းကို သြားေနရင္း ေကာင္းကင္ဘံဳမွ ဆင္းသက္လာသည့္ စစ္သားနဲ႔ တူေနသည္။

စကၠန္႔အနည္းငယ္ အၾကာတြင္ ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ရဲ႕ေဘးကို ေရာက္လာခဲ့သည္။ သူေရာက္လာသည္ႏွင့္ ကားတစ္စီးလို အျမန္ႏႈန္းနဲ႔ ေျပးလာေပမဲ့ ပင္ပန္းေနပုံမေပၚေပ။

ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ကိုေခၚလာခဲ့ၿပီး လီဂ်င္းယြမ္ ကလည္း လိုက္ပါလာခဲ့သည္။ သူတို႔က အလ်င္အျမန္ လွည့္လိုက္ၾကၿပီး ဘယ္သူမွမ႐ွိသည့္ ဘုရားေက်ာင္းထဲကို ဝင္လိုက္သည္။

ထိုအခ်ိန္တြင္ လူတိုင္းက သူတို႔အသိကို ျပန္ရသြားၾကၿပီး တစ္ေနရာတည္းကို ေျပးလာၾကသည္။ ပ႐ိုဂရမ္အဖြဲ႕ကလည္း ထိတ္လန္႔ေနေပမဲ့ သူတို႔က အေတာ္ေလး ပါးနပ္သည္။

ဟုန္ခ်န္းမင္း ကဝင္သြားတာကို ျမင္လိုက္ၿပီး သူတို႔လည္း ဘုရားေက်ာင္းထဲကို လိုက္ဝင္လိုက္ၾကသည္။ လက္ေထာက္နဲ႔ အေစာင့္ေတြကလည္း သူတို႔သူေဌးနဲ႔အတူ သြားၾကသည္။

ကင္မရာက လႈပ္သြားၿပီးေနာက္ ခ်က္ခ်င္းပင္ မဲေမွာင္သြားသည္။ ဗီဒီယို တစ္ခုလုံးက တစ္မိနစ္ေတာင္ မၾကာေပမဲ့ အေတာ္ေလး ေၾကာက္စရာေကာင္းေနသည္။

ေဇာင္ယုဟြမ္ ကဖုန္းစခရင္ကို စိုက္ၾကည့္လိုက္ၿပီး အံ့ဩေနကာ ျပန္ဖြင့္လိုက္သည္။ မေတာ္တဆ ျဖစ္ပ်က္လာခ်ိန္တြင္ သူမဝန္းက်င္က အရမ္းကို ဆူညံေနသည္။

ေဇာင္ယုဟြမ္ ကသူမေဘးက ဘယ္သူဆိုတာ ေသခ်ာမသိေပ။ သို႔ေသာ္ ျပန္ၾကည့္လိုက္ခ်ိန္တြင္ ဒါက အရမ္းအႏၲရာယ္မ်ားတာကို ႐ုတ္တရက္ နားလည္သြားသည္။ ေနာက္ၿပီး သူတို႔က သူမေဘးကို ဘယ္လိုေတာင္ အျမန္နဲ႔ ေရာက္လာၾကတာလဲ?

သူတို႔က ဘယ္ေလာက္ေတာင္ သတၱိ႐ွိတာလဲ?

ယွဥ္ၾကည့္ရင္ အျပင္မွာ ေရသြားယူတာက ကိစၥႀကီးမဟုတ္ေပ။

ေဇာင္ယုဟြမ္ ကအနည္းငယ္ ထိတ္လန္႔ေနၿပီး ခံစားခ်က္ကလည္း နည္းနည္းေဝဝါးေနသည္။ သူမတစ္ကိုယ္လုံးက ခံစားခ်က္ေတြက ပင္လယ္ေရျပင္လို က်ယ္ေျပာေနသည္။

စားေသာက္ေနခ်ိန္ေတာင္ ဒီခံစားခ်က္ေတြက ေပ်ာက္မသြားေပ။ စားေသာက္ၿပီးေနာက္ အဖိုးဒင္ က လန္ဂ်င္းဇီ အားသူမကို ျပန္လိုက္ပို႔ဖို႔ ေျပာခဲ့သည္။

လန္ဂ်င္းဇီ ကအတြင္းေရးမႉးခ်န္း ကိုမေခၚထားတာေၾကာင့္ သူကိုယ္တိုင္သာ ေဇာင္ယုဟြမ္ ကိုခရီးသည္ခုံတြင္ ထိုင္ေစၿပီး လိုက္ပို႔ခဲ့သည္။ ေဇာင္ယုဟြမ္ ကကားထဲမွ လက္မွတ္ေတြကို ထုတ္လိုက္ၿပီး ေမးလိုက္သည္။

“အစ္ကို အရင္က ဝမ္ေယာင္ခ်န္း ကိုဖုန္းေခၚခဲ့တာလား?”

လန္ဂ်င္းဇီ ကျပန္ေျဖလိုက္သည္။

“…အင္း၊ သူ႕အေၾကာင္း လူေတြေျပာတာ ၾကားလိုက္ေတာ့ အတြင္းေရးမႉးခ်န္း ကိုေခၚဖို႔ ေျပာလိုက္တာ”

သူမကို မေျပာပဲ ဝမ္ေယာင္ခ်န္း နဲ႔ေတြ႕ခဲ့တာကို မေျပာမိတာေၾကာင့္ ေဇာင္ယုဟြမ္ မေပ်ာ္႐ႊင္တာကို လန္ဂ်င္းဇီ ခံစားမိၿပီး ဝန္ခံလိုက္သည္။

“သူနဲ႔ ခ်ိန္းထားခဲ့တာ။ သူ႕ကို ေမးဖို႔ရည္႐ြယ္ထားတာ”

“ဘာေမးဖို႔လဲ?”

“ဘာမွမဟုတ္ပါဘူး။ ဒါက…”

“သူ႕အေတြးကို နားလည္ဖို႔ပဲလား? သူ႕အက်င့္ကို ေလ့လာဖို႔လား?” ေဇာင္ယုဟြမ္ ကေခါင္းေစာင္းလိုက္ၿပီး လန္ဂ်င္းဇီ ရဲ႕စကားေတြကို ေျပာလိုက္သည္။

“အင္း”

ေဇာင္ယုဟြမ္ ကျပဳံးလိုက္သည္။ “ခ်ိန္းထားတာက ဘယ္ေတာ့လဲ?”

“ၾကာသပေတးေန႔”

“ဒါဆို၊ အဲ့ကို သြားဖို႔မလိုေတာ့ဘူး” ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။

လန္ဂ်င္းဇီ ကကေလးဘဝက အေၾကာင္းေတြေၾကာင့္ တုန္႔ျပန္ခ်က္က ေႏွးေကြးေသာ္လည္း ေဇာင္ယုဟြမ္ ရဲ႕စကားမွ နားလည္ႏိုင္သည္။

“… ဟြမ္ဟြမ္ ကသူ႕ကို သေဘာမက်ေတာ့ဘူးလား?”

“သေဘာမက်ဘူး”

ေဇာင္ယုဟြမ္ ကမ်က္ေတာင္ခတ္လိုက္သည္။

“အစက သူက ထည့္ေတြးႏိုင္တဲ့ ေကာင္ေလးပုံစံလို႔ ဟန္ယင္ယင္ ကသူ႕ကို ေျပာခဲ့ဖူးတယ္။ သူက လိမၼာပါးနပ္ၿပီး ေကာင္းမြန္တဲ့ အသြင္အျပင္ေတြ႐ွိတယ္လို႔ ေျပာခဲ့တယ္။ ေနာက္ၿပီး ေဖ်ာ္ေျဖေရး ေလာကမွာ အလုပ္နဲ႔ ေက်ာ္ၾကားမႈလည္း ႐ွိတယ္။ အနာဂတ္မွာ ဟြမ္ဟြမ္ သူ႕ကို မႀကိဳက္ေတာ့ရင္ ႐ိုး႐ိုး႐ွင္း႐ွင္းနဲ႔ ျဖတ္လိုက္ဖို႔ပဲ။ ဒါေပမဲ့… အခုေတာ့ ဒါက အေရးမပါေတာ့ဘူး”

လန္ဂ်င္းဇီ ကေခါင္းညိတ္လိုက္သည္။ “အစ္ကို သိၿပီ”

ဒီလိုဆိုတည္းက သူ ဒီ ဝမ္ေယာင္ခ်န္း နဲ႔ေတြ႕စရာ မလိုေတာ့ဘူး။

9.6.2021 (Wed)
………………………

[text_hash] => 12908edb
)

//qc
//QC2