ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 81❇️ သူ့တကယ့်မျက်နှာ အစစ်အမှန်ကို သူတို့ သိကြရဲ့လား?
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 81❇️ သူ့တကယ့်မျက်နှာ အစစ်အမှန်ကို သူတို့ သိကြရဲ့လား?

Array
(
[text] =>

Unicode

ဟုန်ချန်းမင်း ရဲ့မျက်လုံးတွေက ပြောင်းလဲသွားသည်။

“သူက ထူးချွန်နေတဲ့ လူဆိုရင်တော့ လီဂျင်းယွမ် နဲ့ငါက သူ့ကို တားမှားမဟုတ်ဘူး။ ဒါပေမဲ့ မင်းကကော?”

ဝမ်ယောင်ချန်း ကလည်ချောင်းထဲကို သွေးတွေရောက်လာသလို ခံစားလိုက်ရသည်။

သူက လုံလောက်အောင် မထူးချွန်သေးဘူးလား?

သူက “အကောင်းဆုံး သရုပ်ဆောင်” ဆိုတဲ့ ခေါင်းစဉ်ကိုတောင် လက်ခံရခဲ့ပြီး ရှိုးပွဲ၊ ဇာတ်ကားတွေ၊ ဖန်တွေဆီကနေ ရခဲ့တယ်။

သူက မထူးချွန်ဘူးလား?

ဝမ်ယောင်ချန်း ကသူ့နှလုံးသားထဲမှ ဒေါသတွေကို မဖိနှိပ်နိုင်ပေ။

“ဒါကို မနေ့တုန်းက လီဂျင်းယွမ် နဲ့ပြောပြီးသွားပြီ၊ ဒီနေ့ကျတော့ မစ္စတာဟုန် နဲ့ထပ်ပြောရပြန်ပြီ။ ငါက ထူးချွန်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ငါက ယုဟွမ် အတွက်လုံလောက်အောင် မကောင်းပေးနိုင်ဘူး။ ဒါဆို ဘယ်သူလဲ? မစ္စတာဟုန် မင်းကိုယ်တိုင်လား၊ ဒါမှမဟုတ် သူ၊ လီဂျင်းယွမ် လား?”

ဒါက အဓိကဖြစ်သည်။

ဟုန်ချန်းမင်း ကသူ့ခါးမှ ပစ္စတိုကို ထုတ်လိုက်သည်။

ဝမ်ယောင်ချန်း ကရုတ်တရက် သူ့ကျောက ချွေးစေးတွေ ထွက်လာတာကို ခံစားလိုက်ရသည်။

ဇောင်ယုဟွမ် ကလန့်သွားပြီး အော်လိုက်သည်။

“အစ်ကိုချန်းမင်း၊ မလုပ်နဲ့!”

သို့သော် ထိုစကားကို ကြားလိုက်ချိန်တွင် ဟုန်ချန်းမင်း ကပိုဒေါသထွက်သွားသည်။ ယုဟွမ် ရဲ့အတွေးတွေကို သူ မစဉ်းစားနိုင်ပေ။

သူမက တကယ်ပဲ ဝမ်ယောင်ချန်း ကိုသဘောကျနေတာလား?

ဟုန်ချန်းမင်း ရဲ့အကြည့်တွေက ရုတ်တရက် ပိုအေးစက်လာပြီး သေနတ်ကို ကိုင်ထားရင်း ဝမ်ယောင်ချန်း ရဲ့ခေါင်းကို ချိန်လိုက်သည်။

ဇောင်ယုဟွမ် ကတခြားလူ တစ်ယောက်အတွက် တောင်းပန်လာမှာကို သူကြောက်သည်။

ဝမ်ယောင်ချန်း ရဲ့စကားတွေက ဇောင်ယုဟွမ် ရဲ့သံသယတွေကို နှိုးဆွမိမှာလည်း ကြောက်သည်။

မနေ့က ဟုန်ချန်းမင်း ကသူမပြောနိုင်တဲ့ အတွေးတွေကြောင့် အပြစ်ရှိသလို ခံစားရပြီး ဒီနေ့ကျတော့ ဝမ်ယောင်ချန်း ကထုတ်ပြောလိုက်သည်။

သို့သော် အပြစ်ရှိသလို ခံစားနေရပြီး သူ့နှလုံးခုံနှုန်းက ထပ်ပြီးမြန်လာခဲ့သည်။ သူ့နှလုံးခုံသံက ဆူညံနေသည်။

သေနတ်ကို ဆက်ကိုင်ထားရင် မကြာခင် ဇောင်ယုဟွမ် ကသူ့ခံစားချက်တွေကို…. သံသယဝင်လာနိုင်သည်။

သူ့အတွေးတွေကို သူမသိသွားရင် ဘာတွေဖြစ်လာမှာလဲ?

မသိနိုင်သည့် ရလဒ်တွေက ဟုန်ချန်းမင်း ရဲ့ရှည်လျားသည့် မျှော်လင့်ချက်တွေတွင် ပြည့်နေပေမဲ့ ထိတ်လန့်နေမိသည်။

ဇောင်ယုဟွမ် ရဲ့အမူအရာက ပြောင်းလဲနေခဲ့သည်။ ဝမ်ယောင်ချန်း ကဒီလိုပြောလာမယ်လို့ သူမ မထင်ထားခဲ့ပေ။

ဟုန်ချန်းမင်း ကိုသူမ စိုက်ကြည့်လိုက်ပြီး သူ့မဲမှောင်သည့် အမူအရာတွေကို မြင်လိုက်ပြီး သူတကယ့်ကို ဒေါသထွက်နေတာကို သူမ သိလိုက်သည်။

သူက သေနတ်ကို ဝမ်ယောင်ချန်း အားပစ်ချင်သလို ကိုင်ထားခဲ့သည်။ ဒါကို တွေးတာင် မတွေးနိုင်တော့ပဲ သူမက ဟုန်ချန်းမင်း ဆီလျှောက်သွားပြီး သူ့လက်ကို ဆွဲလိုက်သည်။

ဟုန်ချန်းမင်း လက်ချောင်းတွေက ပြေလျော့သွားသည်။ ဇောင်ယုဟွမ် ကအံ့ဩသွားသည်။

ဟုန်ချန်းမင်း ကအလွယ်တကူ လွှတ်ပေးမယ်လို့ သူမ မမျှော်လင့်ထားပေ။ သူ့စိတ်အခြေအနေအရ ခဏလောက် ခုခံလိမ့်မယ်လို့ သူမ ထင်ထားခဲ့သည်။

ဇောင်ယုဟွမ် ကသူ့လက်ထဲမှ သေနတ်ကို အလွယ်တကူ ယူလိုက်သည်။

ဟုန်ချန်းမင်း ကသူ့လက်ထဲတွင် ဘာမှမရှိတော့တာကို ခံစားမိလိုက်ချိန်တွင် မတွေးပဲ ဇောင်ယုဟွမ် ရဲ့လက်ကို ဆွဲလိုက်ကာ နူးညံ့ပြီး ချောမွေ့မှုကို သတိပြုမိချိန်မှသာ သူလုပ်လိုက်မိတာကို နားလည်သွားသည်။

ဒါပေမဲ့ သူမလက်တွေက အရမ်းခံစားလို့ကောင်းတယ်။

သူ့လက်တွေထဲတွင် ကိုင်ထားလိုက်သည်နှင့် မလွှတ်ပေးချင်အောင် ဖြစ်စေသည်။

ဇောင်ယုဟွမ် ကဘေးဘက်မှ အစောင့်တွေကို အမိန့်ပေးလိုက်သည်။

“သူ့ကို လွှတ်ပေးလိုက်”

အစောင့်တွေက တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေကြပြီးနောက် ဟုန်ချန်းမင်း ကိုကြည့်လိုက်သည်။

ဟုန်ချန်းမင်း ကသူတို့ကို မကြည့်ပေမဲ့ မငြင်းတာကြောင့် လက်ခံတယ်လို့ ယူဆလိုက်ပြီး လွှတ်ပေးလိုက်သည်။

ဝမ်ယောင်ချန်း ကထပ်ပြီး ရှက်ရွံ့သလို ခံစားလိုက်ရပြီး ဇောင်ယုဟွမ် ရဲ့အပြုအမူက သူ့အပေါ် ခံစားချက်ရှိနေတာလို့ တွေးလိုက်မိသည်။ သူက အလျင်အမြန်ပဲ ထရပ်လိုက်ပြီး သူ့အဝတ်တွေကို ပြင်လိုက်သည်။

“မစ္စတာဟုန် က ယုဟွမ် ရဲ့အစ်ကိုကြီး… နောက်ပြီး မင်းက ယုဟွမ် အရှေ့မှာ” သေနတ်ကို ဝမ်ယောင်ချန်း ကကြည့်လိုက်သည်။

“ငါတို့က ရိုက်ကူးနေတုန်းပဲ။ မစ္စတာဟုန်၊ ယုဟွမ် ကိုခက်ခဲအောင် မလုပ်သင့်ဘူး”

ဇောင်ယုဟွမ် ကထိုစကားတွေကို ကြားလိုက်ချိန်တွင် မသက်သာသလို ခံစားလိုက်ရသည်။

အပြင်ဘက်တွင် ဝမ်ယောင်ချန်း ရဲ့စကားတွေက ဘာမှမရှိပေမဲ့ သူက သူမကို အသုံးချပြီး ဟုန်ချန်းမင်း ကိုပါးစပ်ပိတ်ဖို့ တောင်းဆိုနေတာမလား?

ဒါက သိပ်မကောင်းဘူး။

“မစ္စတာဝမ် ကမသွားသေးဘူးလား?” ဇောင်ယုဟွမ် ကပြုံးကာ ပြောလိုက်သည်။

ဝမ်ယောင်ချန်း ကသူမအပြုံးကြောင့် အံ့ဩသွားသည်။

“အင်း၊ နောက်မှတွေ့မယ်”

ဇောင်ယုဟွမ် ကသူ့ကို ကြည့်နေဖို့ ခံစားချက် မကောင်းတာကြောင့် ခေါင်းညိတ်ပြီးသာ သဘောတူလိုက်သည်။

ဝမ်ယောင်ချန်း ထွက်သွားသည်နှင့် ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး ဟုန်ချန်းမင်း ကိုကြည့်လိုက်သည်။ သူ့အမူအရာတွေက မဲမှောင်နေပြီး လက်တွေက သူမလက်ကို တင်းတင်းကိုင်ထားသည်။

ဇောင်ယုဟွမ် ကသူ့ကို မျက်တောင်ခတ်ပြီး ကြည့်လိုက်သည်။ ဟုန်ချန်းမင်း ရဲ့ရင်ဘတ်မှ ဒေါသတွေက ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

ဇောင်ယုဟွမ် ကသူမပျော်တာကို မြင်လိုက်ပြီး ပြောလိုက်သည်။

“တခြားသူတွေ အရှေ့မှာ အစ်ကိုချန်းမင်း က ဟွမ်ဟွမ့် ကိုမကြာခဏ ချီးကျူးဖူးတာလား?”

ကော့ပ် ကရုပ်ထုလိုမျိုး ပြောခဲ့တာကို ဟုန်ချန်းမင်း ကသတိရသွားသည်။ ဇောင်ယုဟွမ် ကစကားလုံးကို ပြောလိုက်သည်။

“နတ်ဘုရားမ” ထို့နောက် သူမက ပြုံးလိုက်သည်။

“အစ်ကိုချန်းမင်း က ဟွမ်ဟွမ့် ကိုအနာဂတ်မှာ ပိုချီးကျူးဖို့ မျှော်လင့်မိတယ်”

သူမနှုတ်ခမ်းက အပြုံးက ပိုနက်ရှိုင်းသွားသည်။ ထို့နောက် သူမလက်သန်းလေးနဲ့ ဟုန်ချန်းမင်း ရဲ့လက်ဖဝါးကို ကုတ်လိုက်သည်။

ဟုန်ချန်းမင်း ကကြီးမားသည့် မီးတောက်က သူ့ကိုယ်ထဲမှ ပေါက်ကွဲလာသလို ခံစားလိုက်ရသည်။ သူ့ရှေ့တွင် ပန်းပွင့်လေးလို တောက်ပစွာ ပြုံးနေသည့် ဇောင်ယုဟွမ် ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။

“အိုကေ”

“ဒေါက်၊ ဒေါက်၊ ဒေါက်…”

တစ်စုံတစ်ယောက်ရဲ့ တံခါးခေါက်သံက ထွက်ပေါ်လာခဲ့သည်။

ဟုန်ချန်းမင်း ကသူ့ဘာသာ အလျင်အမြန် ပြန်ပြင်ဆင်လိုက်ပြီး ဇောင်ယုဟွမ် ကိုကြည့်လိုက်သည်။

လီဂျင်းယွမ် ကရပ်နေပြီး နူးညံ့စွာ ပြုံးနေခဲ့ပေမဲ့ သူ့မျက်လုံးထဲတွင် မဲမှောင်နေသည်။

“မင်းတို့နှစ်ယောက်က ဘာတွေတီးတိုးပြောနေလို့ ငါ့ကို ပေးမဝင်ရတာလဲ?”

ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် ရဲ့အကြည့်တွေ ဆုံသွားချိန်တွင် သူတို့က တစ်ယောက်နဲ့ တစ်ယောက် ကြီးမားသည့်လီမွန်အား ကျွေးလိုက်ကြသည်။

ထိုအချိန်တွင် ဝမ်ယောင်ချန်း ကသူ့ပုခုံးကို ကိုင်ထားရင်း လှေကားထောင့်တွင် အသက်ရှူနေခဲ့သည်။

လီဂျင်းယွမ် ရဲ့အမူအရာက တက်လာတည်းက အေးစက်နေပြီး သူတို့ဖြတ်သွားချိန်တွင် ဝမ်ယောင်ချန်း ရဲပုခုံးအား ဓားသွားဖြင့် ခွဲလုနီးပါး ဖြစ်ခဲ့သည်။

တစ်ချိန်တည်းတွင်《အချိန်ခရီးသွားခြင်း》 ရှိုးပွဲမှ ကြုံတွေရသည့် အန္တရာယ်က တရုတ်တွင် ပျံ့နှံ့သွားသည်။

သတင်းတွေတွင် #ကောင်မလေးရဲ့ ချစ်သူအား ချီးမြှောက်ခြင်း# ကထိပ်ဆုံးရလဒ်အဖြစ် အလျင်အမြန် နေရာယူသွားသည်။

ဇောင်ယုဟွမ် ကနာမည်ကြီး မဟုတ်ပေ၊ သူမက သူမအင်အားတွေကို ရှိုးပွဲအတွင်း အသုံးချခဲ့သည်။ လီဂျင်းယွမ် ရဲ့စိတ်က သူမစိတ်အတိုင်းပင်။ ဒါ့ကြောင့် ဇောင်ယုဟွမ် ကထပ်ရိုက်ကူးဖို့ မပါဝင်တော့ပေ။

နှစ်ရက်နေပြီးနောက် သူတို့က တရုတ်ပြည်သို့ ပြန်လာခဲ့ကြသည်။ သူတို့မတော်တဆ သတင်းတွေက တရုတ်ပြည်တွင် ပျံ့နှံ့နေသည်။

ဖန်တွေက ပရိုဂရမ်အဖွဲ့က ဘေးကင်းပါတယ်လို့ ကြားခဲ့သော်လည်း သူတို့က အတော်လေး စိုးရိမ်နေကြပြီး သူတို့ကိုယ်တိုင် လေဆိပ်တွင် လာကြိုကြသည်။

《အချိန်ခရီးသွားခြင်း》 အပိုင်းတွေ ပြီးသွားပြီးနောက် တည်းဖြတ်မှုကလည်း ပြီးသွားပြီး လီဂျင်းယွမ် ကလူကြိုက်များမှုက ကြောက်စရာ ဂဏန်းအထိ ရောက်သွားခဲ့သည်။

ထို့ကြောင့် လေဆိပ်တွင် ရောက်နေကြသည့် ဖန်အများစုက သူ့ဖန်တွေဖြစ်သည်။

ဝမ်ယောင်ချန်း ကမယှဉ်နိုင်ပေ။ ကောမိုင် နဲ့ ဂူယူလင်း တို့လို အမျိုးသမီး နာမည်ကြီးတွေတောင် သူတို့ဖန်တွေက ဒီအမျိုးသား နာမည်ကြီးရဲ့ဖန်တွေလောက် မရူးသွပ်ကြတာကြောင့် သူတို့ဖန်တွေက ယှဉ်နိုင်ဖို့ ဝေးကွာသည်။

လေဆိပ်ဆိုက်ပြီလို ကြေညာသံကို ကြားလိုက်ချိန်တွင် ဖန်တွေက ဆူညံသွားကြသည်။

ဇောင်ယုဟွမ် ကသူမခုံတွင် မှီနေတုန်းဖြစ်သည်။ သူမ မျက်လုံးကို ဖွင့်လိုက်ချိန်တွင် လီဂျင်းယွမ် ရဲ့လက်ထောက် ပြောတာကို ကြားလိုက်ရသည်။

“အစ်ကိုဝေ့၊ အခုလေးတင် ဖုန်းခေါ်လာတယ်၊ လေဆိပ်မှာ စောင့်နေတဲ့ ဖန်တွေ အရမ်းများတယ်လို့ ပြောခဲ့တယ်၊ ဒါကြောင့် မစ္စတာလီ အနည်းဆုံးတော့ ထွက်တွေ့တာ ပိုကောင်းလိမ့်မယ်”

“အို၊ ဟုန်ချန်းမင်း နဲ့အတူ ဟွမ်ဟွမ် အရင်သွားလိုက်မယ်။ ဂျင်းယွမ် ကအလုပ်သွားလို့ရတယ်” ဇောင်ယုဟွမ် ကပြောလိုက်သည်။

“အခုချိန်မှာ ဘယ်သူ့မှ အရေးပေါ်ထွက်ပေါက်ကနေ ထွက်လို့ရမှာ မဟုတ်ဘူး” လက်ထောက်က အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။

“ဟမ်?”

“မကြာခင်က မြို့တော်မှာ တွေ့ဆုံပွဲရှိခဲ့တယ်။ အရေးပါတဲ့ လူတွေကလည်း ဒီနေ့လေယဉ်မှာ လိုက်ပါကြတယ်။ အရေးပေါ်ထွက်ပေါက်က ခဏပိတ်ထားတယ်”

ဇောင်ယုဟွမ် ကမျက်တောင်ခတ်လိုက်ပြီးနောက် နားလည်သွားသည်။

“ဒါဆို သာမန်ခရီးသွားတွေ နေရာကနေပဲ သွားလို့ရမှာလား?”

“ဟုတ်တယ်”

“ဒီလိုဖြစ်နေရင် တခြားမြို့ပဲ သွားလိုက်သင့်တယ်” ဇောင်ယုဟွမ် ကအကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။

သို့သော် ဒါက စကားအဖြစ်သာ။

သူမမှာ တကယ်ပဲ ဒုတိယအခွင့်အရေး ရမယ်ဆိုရင်တောင် အရင်ဆုံး ပြန်လာဖို့ကိုသာ ရွေးချယ်မိလိမ့်မည်။

တူရကီ မှသတင်းတွေက တရုတ်ပြည်ကို ရောက်နေတာကြောင့် သူမအဖိုးနဲ့ အစ်ကိုက စိုးရိမ်နေလောက်ပြီ။ သူတို့စိုးရိမ်မှုက လူကိုယ်တိုင် မြင်တွေ့ရမှသာ ဖြစ်လိမ့်မည်။

အပြင်ဘက်မှ ဒီလိုမတော်တဆကို ကြုံပြီးနောက် အိမ်ပြန်ဖို့ဆန္ဒလောက် တခြားအရာက အရေးမကြီးတော့ပေ။

“ယုဟွမ်၊ ဘာကြောင့် ကျွန်မတို့နဲ့ မလိုက်ရတာလဲ?” ကောမိုင် ကပြုံးလိုက်သည်။

“ကျွန်မက ဖန်သိပ်မများဘူး”

ဂူယူလင်း ကလည်း စကားဝိုင်းထဲ ဝင်လာခဲ့သည်။

“ဟုတ်တယ်၊ လီဂျင်းယွမ် ကဖန်အရမ်းများတယ်။ ကျွန်မတို့ သူနဲ့မသွားသင့်ဘူး”

ဝမ်ယောင်ချန်း ကနှောင့်ယှက်လိုက်သည်။

“ကိုယ့်စတူဒီယိုကနေ ကိုယ်တို့ကို လာခေါ်ဖို့ အစောင့်တွေကို ပို့လိုက်တယ်။ ဘာကြောင့်…”

သူ့စကားမဆုံးခင် ဇောင်ယုဟွမ် ကထပြောလိုက်သည်။

“အဆင်ပြေပါတယ်၊ အတူတူ သွားကြတာပေါ့”

တိတ်ဆိတ်စွာဖြင့် ဝမ်ယောင်ချန်း ရဲ့အသံက ပျောက်ကွယ်သွားသည်။ ဝမ်ယောင်ချန်း ကခေါင်းညိတ်လိုက်သည်။

“အဆင်ပြေပါတယ်”

ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး ဟုန်ချန်းမင်း ရဲ့လည်ပင်းမှ ပတ်ထားသည့် ခေါင်းအုံးကို ဆွဲလိုက်သည်။

“ဟွမ်ဟွမ် တို့သွားမယ်”

ဟုန်ချန်းမင်း ကနိုးလာခဲ့သည်။ “အာ? အင်း”

ဂူယူလင်း နဲ့ ကောမိုင် တို့က တစ်ယောက်နဲ့ တစ်ယောက်ကြည့်လိုက်ကြပြီး မတည်ငြိမ်သည့် လေထုကို သတိပြုမိသွားသည်။

ဇောင်ယုဟွမ် မိသားစုနောက်ခံကို သူတို့သိပြီးတည်းက ဟုန်ချန်းမင်း ရဲ့ကျွမ်းကျင်မှုတွေကို သိခဲ့ရပြီး သူက ဖန်အများကြီး ရှိတဲ့သူတစ်ယောက် မဟုတ်သလို နာမည်အကြီးဆုံးလည်း မဟုတ်ပေ။

ဟုန်ချန်းမင်း နဲ့ ဇောင်ယုဟွမ် ရဲ့စိတ်က တခြားသူတွေကို ဆုံးဖြတ်နိုင်သည်။ ထို့ကြောင့် လူတိုင်းက ဘာမှမမြင်သလို ဟန်ဆောင်လိုက်ပြီး ဇောင်ယုဟွမ်၊ တခြားသူတွေက လေယာဉ်ပေါ်မှ ဆင်းမဲ့အကြောင်းကို ဆက်ပြောလိုက်သည်။

လေယာဉ်ဆိုက်သည်နှင့် သူတို့က လော်ဘီကိုသွားချင်ကြသည်။ ကောမိုင်၊ ဝမ်ယောင်ချန်း နဲ့ ဂူယူလင်း တို့က အရှေ့မှ လျှောက်လိုက်ကြသည်။

ဇောင်ယုဟွမ်၊ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က အနောက်မှ တဖြည်းဖြည်း လျှောက်လာကြသည်။

ဝမ်ယောင်ချန်း ကအနောက်ကို မကြာခဏ လှည့်ကြည့်ချင်ပေမဲ့ လီဂျင်းယွမ် ကြောင့်သူတို့နဲ့ နှေးပြီးမလျှောက်ရဲပေ။ ထောင့်ကိုချိုးလိုက်သည်နှင့် အော်သံတွေက ထွက်လာသည်။

“အားးးးးး လီဂျင်းယွမ်!”

“လီဂျင်းယွမ်!”

“အစ်ကိုလေးလီ၊ ဒီကိုကြည့်ပါ၊ အားးးးး!”

တချို့က “ဝမ်ယောင်ချန်း”/ “ဟုန်လေး”လို့ ခေါ်ကြပေမဲ့ အလျင်အမြန်ပင် ဖုံးလွှမ်းသွားသည်။

ဇောင်ယုဟွမ် ကဒီမြင်ကွင်းကို ကြည့်လိုက်ပြီး ဂုဏ်ယူမှုကို ထူးဆန်းစွာ ခံစားလိုက်ရသည်။ ဇာတ်လိုက်ရဲ့ ကံကြမ္မာကို စာရေးဆရာက ရေးထားပြီးသား ဖြစ်သော်လည်း လီဂျင်းယွမ် ကပိုတော်လာတာကို မြင်လိုက်ရပြီး ဒီနေ့လို ဖန်တွေအများကြီးကို မြင်လိုက်ရတာက ဖတ်ဖူးခဲ့တုန်းကနဲ့မတူသည့် ခံစားချက်ကို ဖြစ်စေသည်။

ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ရဲ့အင်္ကျီလက်ကို ကိုင်လိုက်ပြီး ပြောလိုက်သည်။

“ဘေးကနေ လျှောက်ကြမယ်။ လီဂျင်းယွမ် တစ်ယောက်တည်း သွားပါစေ”

လီဂျင်းယွမ် ရဲ့နားပါးတာကြောင့် ရှင်းရှင်းလင်းလင်း ကြားလိုက်သည်။ သူက ချက်ချင်းပင် ဇောင်ယုဟွမ် ရဲ့လက်ကိုဆွဲလိုက်ပြီး သူ့ဘေးကို ဆွဲလိုက်သည်။ ရုတ်တရက် အော်သံတွေက မြင့်တက်သွားသည်။

“အားးးးး အစ်ကိုလေးလီ ကဘာကြောင့် ဒီလောက်တောင် ဂရုစိုက်ရတာလဲ?”

“အားးး ငါသေပြီ!”

ဇောင်ယုဟွမ် : ???

ဝမ်ယောင်ချန်း နဲ့တခြားသူတွေက ဒီအော်သံတွေကို ကြားလိုက်ချိန်တွင် သူတို့က မထိန်းချုပ်နိုင်ပဲ လှည့်ကြည့်လိုက်ကြပြီး လီဂျင်းယွမ် ရဲ့အပြုအမူကို မြင်လိုက်ရသည်။

ဝမ်ယောင်ချန်း ရဲ့အကြည့်က နစ်မြုပ်သွားပြီးနောက် လီဂျင်းယွမ် ရဲ့ဖန်အုပ်စုကို ကြည့်လိုက်သည်။ ဝမ်ယောင်ချန်း အရမ်းကို ဒေါသထွက်နေသည်။

ဖျော်ဖြေရေးလောကက လူငယ်လေးအနည်းငယ်ကသာ ဒီနှစ်အတွင်းမှာ ရုတ်တရက် ဒီလောက် နာမည်ကြီးလာပေမဲ့ လီဂျင်းယွမ် လောက်တောင် မဟုတ်ပေ…

သူက ကျွမ်းကျင်အဆင့် ဖြစ်ပြီး သူ့မိသားစု နောက်ခံကလည်း ကောင်းသည်။

သို့သော် ဒီလူတွေ…

သူ့အတွက် လှုပ်ပြနေတဲ့ အလံတွေ…

သူ့တကယ့်မျက်နှာ အစစ်အမှန်ကို သူတို့ သိကြရဲ့လား?

သူ့တို့ရဲ့ညီမလေးဆီ ဆန္ဒအပြည့်အတွေးတွေ ဆုပ်ကိုင်ထားတာကို သူတို့သိကြရဲ့လား?

လှည့်စားတဲ့ နည်းလမ်းတွေ အကုန်လုံးကို အသုံးချပြီး တခြားသူတွေနဲ့ မျက်နှာပျက်မှာကိုတောင် စိတ်ထဲမရှိပဲ သူ့ညီမလေးကို ဒိတ်တာကနေ တားဆီးတာကော သူတို့သိကြရဲ့လား?

ဝမ်ယောင်ချန်း ကစိတ်ရှုပ်နေခဲ့သည်။

ခဏအကြာတွင် ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ရဲ့လက်ကို တိတ်ဆိတ်စွာ ဆွဲလိုက်သည်။

ဇောင်ယုဟွမ် က လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကြားတွင် ညပ်နေခဲ့သည်။

အော်သံတွေက နောက်ထပ် အဆင့်တိုးလာခဲ့သည်။

“အားးးးးး! ဇောင်ယုဟွမ်!”

“ဇောင်ယုဟွမ် ကတကယ့်ကို ချစ်ဖို့ကောင်းလွန်းတယ်!”

“ဟုန်လေး၊ ငါ့အစ်ကိုလေးလီ နဲ့မတိုက်ခိုက်ပါနဲ့၊ အားးးးး!”

ပိုပြီးအထိန်းချုပ်မဲ့သွားသည်။

ဇောင်ယုဟွမ် ကဒါတွေအားလုံးကို ဗလာအကြည့်နဲ့သာ ကြည့်နေခဲ့သည်။

ဟမ်?

သူတို့အားလုံးက လီဂျင်းယွမ် ရဲ့ဖန်တွ မဟုတ်ဘူးလား?

ဘာကြောင့် ရုတ်တရက်ကြီး ငါ့နာမည်ကို အော်ကြတာလဲ?

နောက်ပြီး “ဟုန်လေး၊ ငါ့အစ်ကိုလေးလီ နဲ့မတိုက်ခိုက်ပါနဲ့”

ဘာကိုပြောတာလဲ?

အုပ်စုရဲ့တွန်းထိုးမှုကြောင့် သူတို့အတွက် ပိုခက်ခဲနေသည်။ ဇောင်ယုဟွမ် က လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့ အရပ်ရှည်ရှည်ကြားတွင် လျှောက်နေပြီး နေရောင်ကိုတောင် မမြင်ရသလို ဖြစ်နေသည်။

“အရမ်းမနာလိုစရာပဲ…. ဒီလိုကောင်းမွန်တဲ့ ဝင်စားခြင်းပဲ။ မင်းမှာ ကောင်းမွန်တဲ့ မိသားစု နောက်ခံရှိနေရင် တကယ်ပဲ ကွာခြားလိမ့်မယ်” ယင်ချီချီ ကတိုးတိုးလေး ပြောလိုက်သည်။

လင်းလန် : “ဟမ့်”

“ဘာကြောင့် ‘ဟမ့်’လုပ်တာလဲ?” ယင်ချီချီ ကမေးလိုက်သည်။

ကိုယ်ရံတော်တွေနဲ့ လေဆိပ်က အစောင့်တွေက ပြန်ဆင်နိုင်ခဲ့သည်။ သတင်းထောက်တွေကလည်း အရှေ့တိုးလာကာ သူတို့မိုက်တွေနဲ့ စောင့်နေကြသည်။

လီဂျင်းယွမ် နဲ့သူ့ဖန်တွေကြားကို အစောင့်တွေက ခြားထားလိုက်သည်။ သတင်းထောက်က လီဂျင်းယွမ် ရဲ့အရှေ့တွင် မိုက်ထားလိုက်ပြီး ပြုံးကာခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ ဇောင်ယုဟွမ် ကအရမ်းချစ်ဖို့ကောင်းတယ်”

ဖန်တွေက ထိုအချိန်တွင် အံ့ဩသွားပြီးနောက် ထပ်အော်လိုက်ကြသည်။

“အားးးး!”

“အားးး၊ အစ်ကိုလီ ကငါ့ကို ထောက်ခံတယ်!”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ဇောင်ယုဟွမ် ကအရမ်းကို ချစ်ဖို့ကောင်းလွန်းတယ်!”

ဇောင်ယုဟွမ် ကထိုနေရာတွင် ရပ်နေရင်း သူမခေါင်း ပေါက်ထွက်တော့မလို ရှက်နေခဲ့သည်။

လီဂျင်းယွမ် ဆီမှာ ဘယ်လိုမှော်အစွမ်းတွေ ရှိနေရတာလဲ?

သူမအကြောင်းကို စလိုက်ပြီး ဖန်တွေဆီက တုန့်ပြန်ချက်ကိုတောင် ဆွဲထုတ်လိုက်သေးတယ်?!

ရုတ်တရက် တခြားသူတွေ အများကြီးကြားမှ အမျိုးသမီး အသံက ထွက်လာခဲ့သည်။

“ဒီလိုမျက်နှာမျိုး မနေပါနဲ့၊ ဟုန်လေး!”

ဟုန်ချန်းမင်း ကထိုကောင်မလေးကို ကြည့်လိုက်သည်။ ကောင်မလေးက လက်သီးဆုပ်ကာ အော်လိုက်သည်။

“ကျွန်မလည်း ဟုန်လေးကို အစ်ကိုကြီးအဖြစ် လိုချင်တယ်!”

လီဂျင်းယွမ် ရဲ့ဖန်တွေက ရပ်သွားပြီးနောက် အတူတူ ပြောလိုက်ကြသည်။

“ငါတို့က မတူဘူး။ ငါတို့က လီဂျင်းယွမ် ရဲ့ကောင်မလေး ဖြစ်ချင်တယ်!”

“လီဂျင်းယွမ်၊ အရမ်းချစ်တယ်!”

ဇောင်ယုဟွမ် ကလူအုပ်ကို ကြည့်နေခဲ့ပြီး ဒီအထဲတွင် ဟုန်ချန်းမင်း ရဲ့ဖန်တွေလည်း ပါနေတာကို တွေ့လိုက်ရသည်။

ဖန်အုပ်စု နှစ်စုက ရောနှောနေကြပြီး ဘယ်သူသာမလဲဆိုတာ ပြိုင်နေပုံပေါ်နေသည်။

တစ်စုံတစ်ယောက်က အော်လိုက်တာကို ဇောင်ယုဟွမ် ကြားလိုက်ရသည်။

“ဟွမ်ဟွမ်၊ ငါလည်း ဟွမ်ဟွမ့် ကိုချစ်တယ်!”

ဇောင်ယုဟွမ် : ဟမ်?

ဖန်အုပ်စု နှစ်စုက ခေါင်းညိတ်လိုက်ကြပြီး ကျယ်လောင်စွာ အော်လိုက်ကြသည်။

“ဟွမ်ဟွမ်၊ ငါတို့လည်း ဟွမ်ဟွမ့် ကိုချစ်တယ်!”

ဇောင်ယုဟွမ် ရဲ့စိတ်က နာကျင်သွားသလို ခံစားလိုက်ရသည်။

မင်းတို့က အိုင်ဒေါအရှေ့မှာ ရပ်နေကြတာ မဟုတ်ဘူးလား?

ဒါပေမဲ့ အခုတော့ မင်းတို့က ငါ့မိသားစုတွေလား?

သတင်းထောက်က ဒီအချိန်တွင် မေးလိုက်သည်။

“ဟယ်လို၊ လီဂျင်းယွမ်။ အခု ဝဘ်ဆိုဒ်မှာ နိုင်ငံခြားက တွေ့ကြုံခဲ့ရတဲ့ အန္တရာယ်အကြောင်းနဲ့ ပြည့်နေပြီ။ ဒီကိစ္စမှာ ဒဏ်ရာရခဲ့သေးလား?”

“အင်တာနက်မှာ ရှင်တို့တွေ လူတွေကို ကယ်တင်ပေးတဲ့ ဗီဒီယိုတွေက ရှိပြီးသားပါ။ ရှင်၊ ဒါမှမဟုတ် မစ္စတာဟုန် မှာပြောစရာ တစ်ခုခုများ ရှိပါသလား?”

“မစ္စဇောင် ကဒီရိုက်ကူးရေးကို ဆက်လုပ်မှာလား?”

“လူတိုင်းက ရှင်တို့ကို စိုးရိမ်နေကြတာ…”

သတင်းထောက်တွေက ဘာမှမဖုံးကွယ်ထားပဲ တစ်ယောက်ပြီး တစ်ယောက် မေးခွန်းတွေ ဆက်မေးလိုက်ကြသည်။

မေးခွန်းအများစုက ဖန်တွေ စိတ်ဝင်စားနေတဲ့ အကြောင်းတွေပဲ ဖြစ်သည်။ ဝမ်ယောင်ချန်း ရဲ့လက်ထောက်က တိတ်ဆိတ်စွာသာ သက်ပြင်းချလိုက်သည်။

“ချမ်းသာပြီး အင်အားကြီးတာက တကယ့်ကို ကွာခြားတာပဲ…”

ဖျော်ဖြေရေးတွင် ဝမ်ယောင်ချန်း ရဲ့လက်ရှိ နေရာနဲ့တောင် သတင်းထောက်တွေနဲ့ တွေ့ဆုံဖို့က ခက်ခဲသေးသည်။

လီဂျင်းယွမ် ကတော့ အရမ်းကွာခြားသည်။ သူ့လက်ရှိ အရှိန်မှ မကောင်းတာ ဘာမှမတွေ့ကြုံရပဲ တစ်နေ့မှာ နေလုံးကြီးလို တောက်ပလာလိမ့်မည်။

ဝမ်ယောင်ချန်း ကသူ့စိတ်ထဲမှ မယုံကြည်နိုင်မှုကို ဖိနှိပ်ထားပြီး ပြန်ဖြေလိုက်သည်။

“အင်း”

ထိုအချိန်တွင် ဇောင်ယုဟွမ် အရှေ့တွင် မိုက်က ရောက်လာခဲ့သည်။ အခုမေးခွန်းအများစုက လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကို မေးထားကြတာ ဖြစ်သည်။

ဇောင်ယုဟွမ် ကသတင်းထောက်ကို ကြည့်လိုက်သည်။

“ဟမ်?” အမျိုးသား သတင်းထောက်က ရှက်သွားပြီးနောက် မေးလိုက်သည်။

“မတော်တဆ ဖြစ်ချိန်တုန်းက လီဂျင်းယွမ် နဲ့ မစ္စတာဟုန် တို့က မစ္စဇောင် ဘေးကို ချက်ချင်း ရောက်လာကြတယ်။ ဒါက မစ္စဇောင် ကိုဘယ်လိုခံစားရစေလဲ?”

ဇောင်ယုဟွမ် : “… ဒါက အရေးမပါဘူးမလား? ဘယ်သူက လှုပ်ရှားနိုင်မှာလဲ?”

အမျိုးသား သတင်းထောက်က သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။

“ဒါဆို… မင်းဘေးမှာ… အစ်ကိုချန်း ကမရှိဘူးလား?”

“အစ်ကိုချန်း”ဆိုတာက ဝမ်ယောင်ချန်း ကိုပြောတာ ဖြစ်သည်။

ပတ်ဝန်းကျင်က ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ ဇောင်ယုဟွမ် ကဖျော်ဖြေရေး လောကက အကြောင်းတွေကို နားမလည်ပေမဲ့ ဖန်တွေအနောက်တွင် သတင်းထောက်တွေ ရှိနေတာကို သူမ သိသည်။

အရင်က မေးခွန်းတွေက မတော်တဆ အကြောင်းဖြစ်ပေမဲ့ ရုတ်တရက်ကြီး သူမဘက်ကို ပြောင်းလာတာလား?

ဇောင်ယုဟွမ် ကနည်းနည်း မပျော်မရွှင်ဖြစ်သွားသည်။ သူမ ဒိတ်တာမဒိတ်တာက အရေးမကြီးပေ။ သူမ ပျော်နေသ၍ အဆင်ပြေသည်။

သူမ မပျော်တော့ရင် သူမကို စကားလုံးတွေနဲ့ ဖိနှိပ်ပြီး၊ ချုပ်ချယ် ဖိအားပေးတဲ့ ဒီလူတွေကို မုန်းတီးမိမှာပဲ။ ဇောင်ယုဟွမ် ကပြုံးကာ ပြောလိုက်သည်။

“အဲ့အချိန်တုန်းက ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့နှစ်ယောက်လုံးက ချက်ချင်းပဲ ကျွန်မ မြင်ကွင်းရှေ့ကို ရောက်လာကြတယ်လေ။ ကျွန်မက တခြားဘာကို မြင်နိုင်မှာလဲ?”

7.6.2021 (Mon)
………………………

Zawgyi

ဟုန္ခ်န္းမင္း ရဲ႕မ်က္လုံးေတြက ေျပာင္းလဲသြားသည္။

“သူက ထူးခြၽန္ေနတဲ့ လူဆိုရင္ေတာ့ လီဂ်င္းယြမ္ နဲ႔ငါက သူ႕ကို တားမွားမဟုတ္ဘူး။ ဒါေပမဲ့ မင္းကေကာ?”

ဝမ္ေယာင္ခ်န္း ကလည္ေခ်ာင္းထဲကို ေသြးေတြေရာက္လာသလို ခံစားလိုက္ရသည္။

သူက လုံေလာက္ေအာင္ မထူးခြၽန္ေသးဘူးလား?

သူက “အေကာင္းဆုံး သ႐ုပ္ေဆာင္” ဆိုတဲ့ ေခါင္းစဥ္ကိုေတာင္ လက္ခံရခဲ့ၿပီး ႐ိႈးပြဲ၊ ဇာတ္ကားေတြ၊ ဖန္ေတြဆီကေန ရခဲ့တယ္။

သူက မထူးခြၽန္ဘူးလား?

ဝမ္ေယာင္ခ်န္း ကသူ႕ႏွလုံးသားထဲမွ ေဒါသေတြကို မဖိႏွိပ္ႏိုင္ေပ။

“ဒါကို မေန႔တုန္းက လီဂ်င္းယြမ္ နဲ႔ေျပာၿပီးသြားၿပီ၊ ဒီေန႔က်ေတာ့ မစၥတာဟုန္ နဲ႔ထပ္ေျပာရျပန္ၿပီ။ ငါက ထူးခြၽန္တဲ့ လူတစ္ေယာက္ မဟုတ္ဘူး။ ငါက ယုဟြမ္ အတြက္လုံေလာက္ေအာင္ မေကာင္းေပးႏိုင္ဘူး။ ဒါဆို ဘယ္သူလဲ? မစၥတာဟုန္ မင္းကိုယ္တိုင္လား၊ ဒါမွမဟုတ္ သူ၊ လီဂ်င္းယြမ္ လား?”

ဒါက အဓိကျဖစ္သည္။

ဟုန္ခ်န္းမင္း ကသူ႕ခါးမွ ပစၥတိုကို ထုတ္လိုက္သည္။

ဝမ္ေယာင္ခ်န္း က႐ုတ္တရက္ သူ႕ေက်ာက ေခြၽးေစးေတြ ထြက္လာတာကို ခံစားလိုက္ရသည္။

ေဇာင္ယုဟြမ္ ကလန္႔သြားၿပီး ေအာ္လိုက္သည္။

“အစ္ကိုခ်န္းမင္း၊ မလုပ္နဲ႔!”

သို႔ေသာ္ ထိုစကားကို ၾကားလိုက္ခ်ိန္တြင္ ဟုန္ခ်န္းမင္း ကပိုေဒါသထြက္သြားသည္။ ယုဟြမ္ ရဲ႕အေတြးေတြကို သူ မစဥ္းစားႏိုင္ေပ။

သူမက တကယ္ပဲ ဝမ္ေယာင္ခ်န္း ကိုသေဘာက်ေနတာလား?

ဟုန္ခ်န္းမင္း ရဲ႕အၾကည့္ေတြက ႐ုတ္တရက္ ပိုေအးစက္လာၿပီး ေသနတ္ကို ကိုင္ထားရင္း ဝမ္ေယာင္ခ်န္း ရဲ႕ေခါင္းကို ခ်ိန္လိုက္သည္။

ေဇာင္ယုဟြမ္ ကတျခားလူ တစ္ေယာက္အတြက္ ေတာင္းပန္လာမွာကို သူေၾကာက္သည္။

ဝမ္ေယာင္ခ်န္း ရဲ႕စကားေတြက ေဇာင္ယုဟြမ္ ရဲ႕သံသယေတြကို ႏိႈးဆြမိမွာလည္း ေၾကာက္သည္။

မေန႔က ဟုန္ခ်န္းမင္း ကသူမေျပာႏိုင္တဲ့ အေတြးေတြေၾကာင့္ အျပစ္႐ွိသလို ခံစားရၿပီး ဒီေန႔က်ေတာ့ ဝမ္ေယာင္ခ်န္း ကထုတ္ေျပာလိုက္သည္။

သို႔ေသာ္ အျပစ္႐ွိသလို ခံစားေနရၿပီး သူ႕ႏွလုံးခုံႏႈန္းက ထပ္ၿပီးျမန္လာခဲ့သည္။ သူ႕ႏွလုံးခုံသံက ဆူညံေနသည္။

ေသနတ္ကို ဆက္ကိုင္ထားရင္ မၾကာခင္ ေဇာင္ယုဟြမ္ ကသူ႕ခံစားခ်က္ေတြကို…. သံသယဝင္လာႏိုင္သည္။

သူ႕အေတြးေတြကို သူမသိသြားရင္ ဘာေတြျဖစ္လာမွာလဲ?

မသိႏိုင္သည့္ ရလဒ္ေတြက ဟုန္ခ်န္းမင္း ရဲ႕႐ွည္လ်ားသည့္ ေမွ်ာ္လင့္ခ်က္ေတြတြင္ ျပည့္ေနေပမဲ့ ထိတ္လန္႔ေနမိသည္။

ေဇာင္ယုဟြမ္ ရဲ႕အမူအရာက ေျပာင္းလဲေနခဲ့သည္။ ဝမ္ေယာင္ခ်န္း ကဒီလိုေျပာလာမယ္လို႔ သူမ မထင္ထားခဲ့ေပ။

ဟုန္ခ်န္းမင္း ကိုသူမ စိုက္ၾကည့္လိုက္ၿပီး သူ႕မဲေမွာင္သည့္ အမူအရာေတြကို ျမင္လိုက္ၿပီး သူတကယ့္ကို ေဒါသထြက္ေနတာကို သူမ သိလိုက္သည္။

သူက ေသနတ္ကို ဝမ္ေယာင္ခ်န္း အားပစ္ခ်င္သလို ကိုင္ထားခဲ့သည္။ ဒါကို ေတြးတာင္ မေတြးႏိုင္ေတာ့ပဲ သူမက ဟုန္ခ်န္းမင္း ဆီေလွ်ာက္သြားၿပီး သူ႕လက္ကို ဆြဲလိုက္သည္။

ဟုန္ခ်န္းမင္း လက္ေခ်ာင္းေတြက ေျပေလ်ာ့သြားသည္။ ေဇာင္ယုဟြမ္ ကအံ့ဩသြားသည္။

ဟုန္ခ်န္းမင္း ကအလြယ္တကူ လႊတ္ေပးမယ္လို႔ သူမ မေမွ်ာ္လင့္ထားေပ။ သူ႕စိတ္အေျခအေနအရ ခဏေလာက္ ခုခံလိမ့္မယ္လို႔ သူမ ထင္ထားခဲ့သည္။

ေဇာင္ယုဟြမ္ ကသူ႕လက္ထဲမွ ေသနတ္ကို အလြယ္တကူ ယူလိုက္သည္။

ဟုန္ခ်န္းမင္း ကသူ႕လက္ထဲတြင္ ဘာမွမ႐ွိေတာ့တာကို ခံစားမိလိုက္ခ်ိန္တြင္ မေတြးပဲ ေဇာင္ယုဟြမ္ ရဲ႕လက္ကို ဆြဲလိုက္ကာ ႏူးညံ့ၿပီး ေခ်ာေမြ႕မႈကို သတိျပဳမိခ်ိန္မွသာ သူလုပ္လိုက္မိတာကို နားလည္သြားသည္။

ဒါေပမဲ့ သူမလက္ေတြက အရမ္းခံစားလို႔ေကာင္းတယ္။

သူ႕လက္ေတြထဲတြင္ ကိုင္ထားလိုက္သည္ႏွင့္ မလႊတ္ေပးခ်င္ေအာင္ ျဖစ္ေစသည္။

ေဇာင္ယုဟြမ္ ကေဘးဘက္မွ အေစာင့္ေတြကို အမိန္႔ေပးလိုက္သည္။

“သူ႕ကို လႊတ္ေပးလိုက္”

အေစာင့္ေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္ေနၾကၿပီးေနာက္ ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္သည္။

ဟုန္ခ်န္းမင္း ကသူတို႔ကို မၾကည့္ေပမဲ့ မျငင္းတာေၾကာင့္ လက္ခံတယ္လို႔ ယူဆလိုက္ၿပီး လႊတ္ေပးလိုက္သည္။

ဝမ္ေယာင္ခ်န္း ကထပ္ၿပီး ႐ွက္႐ြံ႕သလို ခံစားလိုက္ရၿပီး ေဇာင္ယုဟြမ္ ရဲ႕အျပဳအမူက သူ႕အေပၚ ခံစားခ်က္႐ွိေနတာလို႔ ေတြးလိုက္မိသည္။ သူက အလ်င္အျမန္ပဲ ထရပ္လိုက္ၿပီး သူ႕အဝတ္ေတြကို ျပင္လိုက္သည္။

“မစၥတာဟုန္ က ယုဟြမ္ ရဲ႕အစ္ကိုႀကီး… ေနာက္ၿပီး မင္းက ယုဟြမ္ အေ႐ွ႕မွာ” ေသနတ္ကို ဝမ္ေယာင္ခ်န္း ကၾကည့္လိုက္သည္။

“ငါတို႔က ႐ိုက္ကူးေနတုန္းပဲ။ မစၥတာဟုန္၊ ယုဟြမ္ ကိုခက္ခဲေအာင္ မလုပ္သင့္ဘူး”

ေဇာင္ယုဟြမ္ ကထိုစကားေတြကို ၾကားလိုက္ခ်ိန္တြင္ မသက္သာသလို ခံစားလိုက္ရသည္။

အျပင္ဘက္တြင္ ဝမ္ေယာင္ခ်န္း ရဲ႕စကားေတြက ဘာမွမ႐ွိေပမဲ့ သူက သူမကို အသုံးခ်ၿပီး ဟုန္ခ်န္းမင္း ကိုပါးစပ္ပိတ္ဖို႔ ေတာင္းဆိုေနတာမလား?

ဒါက သိပ္မေကာင္းဘူး။

“မစၥတာဝမ္ ကမသြားေသးဘူးလား?” ေဇာင္ယုဟြမ္ ကျပဳံးကာ ေျပာလိုက္သည္။

ဝမ္ေယာင္ခ်န္း ကသူမအျပဳံးေၾကာင့္ အံ့ဩသြားသည္။

“အင္း၊ ေနာက္မွေတြ႕မယ္”

ေဇာင္ယုဟြမ္ ကသူ႕ကို ၾကည့္ေနဖို႔ ခံစားခ်က္ မေကာင္းတာေၾကာင့္ ေခါင္းညိတ္ၿပီးသာ သေဘာတူလိုက္သည္။

ဝမ္ေယာင္ခ်န္း ထြက္သြားသည္ႏွင့္ ေဇာင္ယုဟြမ္ ကလွည့္လိုက္ၿပီး ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္သည္။ သူ႕အမူအရာေတြက မဲေမွာင္ေနၿပီး လက္ေတြက သူမလက္ကို တင္းတင္းကိုင္ထားသည္။

ေဇာင္ယုဟြမ္ ကသူ႕ကို မ်က္ေတာင္ခတ္ၿပီး ၾကည့္လိုက္သည္။ ဟုန္ခ်န္းမင္း ရဲ႕ရင္ဘတ္မွ ေဒါသေတြက ခ်က္ခ်င္းပင္ ေပ်ာက္ကြယ္သြားသည္။

ေဇာင္ယုဟြမ္ ကသူမေပ်ာ္တာကို ျမင္လိုက္ၿပီး ေျပာလိုက္သည္။

“တျခားသူေတြ အေ႐ွ႕မွာ အစ္ကိုခ်န္းမင္း က ဟြမ္ဟြမ့္ ကိုမၾကာခဏ ခ်ီးက်ဴးဖူးတာလား?”

ေကာ့ပ္ က႐ုပ္ထုလိုမ်ိဳး ေျပာခဲ့တာကို ဟုန္ခ်န္းမင္း ကသတိရသြားသည္။ ေဇာင္ယုဟြမ္ ကစကားလုံးကို ေျပာလိုက္သည္။

“နတ္ဘုရားမ” ထို႔ေနာက္ သူမက ျပဳံးလိုက္သည္။

“အစ္ကိုခ်န္းမင္း က ဟြမ္ဟြမ့္ ကိုအနာဂတ္မွာ ပိုခ်ီးက်ဴးဖို႔ ေမွ်ာ္လင့္မိတယ္”

သူမႏႈတ္ခမ္းက အျပဳံးက ပိုနက္႐ိႈင္းသြားသည္။ ထို႔ေနာက္ သူမလက္သန္းေလးနဲ႔ ဟုန္ခ်န္းမင္း ရဲ႕လက္ဖဝါးကို ကုတ္လိုက္သည္။

ဟုန္ခ်န္းမင္း ကႀကီးမားသည့္ မီးေတာက္က သူ႕ကိုယ္ထဲမွ ေပါက္ကြဲလာသလို ခံစားလိုက္ရသည္။ သူ႕ေ႐ွ႕တြင္ ပန္းပြင့္ေလးလို ေတာက္ပစြာ ျပဳံးေနသည့္ ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္ၿပီး ေျပာလိုက္သည္။

“အိုေက”

“ေဒါက္၊ ေဒါက္၊ ေဒါက္…”

တစ္စုံတစ္ေယာက္ရဲ႕ တံခါးေခါက္သံက ထြက္ေပၚလာခဲ့သည္။

ဟုန္ခ်န္းမင္း ကသူ႕ဘာသာ အလ်င္အျမန္ ျပန္ျပင္ဆင္လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္သည္။

လီဂ်င္းယြမ္ ကရပ္ေနၿပီး ႏူးညံ့စြာ ျပဳံးေနခဲ့ေပမဲ့ သူ႕မ်က္လုံးထဲတြင္ မဲေမွာင္ေနသည္။

“မင္းတို႔ႏွစ္ေယာက္က ဘာေတြတီးတိုးေျပာေနလို႔ ငါ့ကို ေပးမဝင္ရတာလဲ?”

ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ ရဲ႕အၾကည့္ေတြ ဆုံသြားခ်ိန္တြင္ သူတို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ ႀကီးမားသည့္လီမြန္အား ေကြၽးလိုက္ၾကသည္။

ထိုအခ်ိန္တြင္ ဝမ္ေယာင္ခ်န္း ကသူ႕ပုခုံးကို ကိုင္ထားရင္း ေလွကားေထာင့္တြင္ အသက္႐ွဴေနခဲ့သည္။

လီဂ်င္းယြမ္ ရဲ႕အမူအရာက တက္လာတည္းက ေအးစက္ေနၿပီး သူတို႔ျဖတ္သြားခ်ိန္တြင္ ဝမ္ေယာင္ခ်န္း ရဲပုခုံးအား ဓားသြားျဖင့္ ခြဲလုနီးပါး ျဖစ္ခဲ့သည္။

တစ္ခ်ိန္တည္းတြင္《အခ်ိန္ခရီးသြားျခင္း》 ႐ိႈးပြဲမွ ၾကဳံေတြရသည့္ အႏၲရာယ္က တ႐ုတ္တြင္ ပ်ံ႕ႏွံ႔သြားသည္။

သတင္းေတြတြင္ #ေကာင္မေလးရဲ႕ ခ်စ္သူအား ခ်ီးေျမႇာက္ျခင္း# ကထိပ္ဆုံးရလဒ္အျဖစ္ အလ်င္အျမန္ ေနရာယူသြားသည္။

ေဇာင္ယုဟြမ္ ကနာမည္ႀကီး မဟုတ္ေပ၊ သူမက သူမအင္အားေတြကို ႐ိႈးပြဲအတြင္း အသုံးခ်ခဲ့သည္။ လီဂ်င္းယြမ္ ရဲ႕စိတ္က သူမစိတ္အတိုင္းပင္။ ဒါ့ေၾကာင့္ ေဇာင္ယုဟြမ္ ကထပ္႐ိုက္ကူးဖို႔ မပါဝင္ေတာ့ေပ။

ႏွစ္ရက္ေနၿပီးေနာက္ သူတို႔က တ႐ုတ္ျပည္သို႔ ျပန္လာခဲ့ၾကသည္။ သူတို႔မေတာ္တဆ သတင္းေတြက တ႐ုတ္ျပည္တြင္ ပ်ံ႕ႏွံ႔ေနသည္။

ဖန္ေတြက ပ႐ိုဂရမ္အဖြဲ႕က ေဘးကင္းပါတယ္လို႔ ၾကားခဲ့ေသာ္လည္း သူတို႔က အေတာ္ေလး စိုးရိမ္ေနၾကၿပီး သူတို႔ကိုယ္တိုင္ ေလဆိပ္တြင္ လာႀကိဳၾကသည္။

《အခ်ိန္ခရီးသြားျခင္း》 အပိုင္းေတြ ၿပီးသြားၿပီးေနာက္ တည္းျဖတ္မႈကလည္း ၿပီးသြားၿပီး လီဂ်င္းယြမ္ ကလူႀကိဳက္မ်ားမႈက ေၾကာက္စရာ ဂဏန္းအထိ ေရာက္သြားခဲ့သည္။

ထို႔ေၾကာင့္ ေလဆိပ္တြင္ ေရာက္ေနၾကသည့္ ဖန္အမ်ားစုက သူ႕ဖန္ေတြျဖစ္သည္။

ဝမ္ေယာင္ခ်န္း ကမယွဥ္ႏိုင္ေပ။ ေကာမိုင္ နဲ႔ ဂူယူလင္း တို႔လို အမ်ိဳးသမီး နာမည္ႀကီးေတြေတာင္ သူတို႔ဖန္ေတြက ဒီအမ်ိဳးသား နာမည္ႀကီးရဲ႕ဖန္ေတြေလာက္ မ႐ူးသြပ္ၾကတာေၾကာင့္ သူတို႔ဖန္ေတြက ယွဥ္ႏိုင္ဖို႔ ေဝးကြာသည္။

ေလဆိပ္ဆိုက္ၿပီလို ေၾကညာသံကို ၾကားလိုက္ခ်ိန္တြင္ ဖန္ေတြက ဆူညံသြားၾကသည္။

ေဇာင္ယုဟြမ္ ကသူမခုံတြင္ မွီေနတုန္းျဖစ္သည္။ သူမ မ်က္လုံးကို ဖြင့္လိုက္ခ်ိန္တြင္ လီဂ်င္းယြမ္ ရဲ႕လက္ေထာက္ ေျပာတာကို ၾကားလိုက္ရသည္။

“အစ္ကိုေဝ့၊ အခုေလးတင္ ဖုန္းေခၚလာတယ္၊ ေလဆိပ္မွာ ေစာင့္ေနတဲ့ ဖန္ေတြ အရမ္းမ်ားတယ္လို႔ ေျပာခဲ့တယ္၊ ဒါေၾကာင့္ မစၥတာလီ အနည္းဆုံးေတာ့ ထြက္ေတြ႕တာ ပိုေကာင္းလိမ့္မယ္”

“အို၊ ဟုန္ခ်န္းမင္း နဲ႔အတူ ဟြမ္ဟြမ္ အရင္သြားလိုက္မယ္။ ဂ်င္းယြမ္ ကအလုပ္သြားလို႔ရတယ္” ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။

“အခုခ်ိန္မွာ ဘယ္သူ႕မွ အေရးေပၚထြက္ေပါက္ကေန ထြက္လို႔ရမွာ မဟုတ္ဘူး” လက္ေထာက္က အကူအညီမဲ့စြာျဖင့္ ေျပာလိုက္သည္။

“ဟမ္?”

“မၾကာခင္က ၿမိဳ႕ေတာ္မွာ ေတြ႕ဆုံပြဲ႐ွိခဲ့တယ္။ အေရးပါတဲ့ လူေတြကလည္း ဒီေန႔ေလယဥ္မွာ လိုက္ပါၾကတယ္။ အေရးေပၚထြက္ေပါက္က ခဏပိတ္ထားတယ္”

ေဇာင္ယုဟြမ္ ကမ်က္ေတာင္ခတ္လိုက္ၿပီးေနာက္ နားလည္သြားသည္။

“ဒါဆို သာမန္ခရီးသြားေတြ ေနရာကေနပဲ သြားလို႔ရမွာလား?”

“ဟုတ္တယ္”

“ဒီလိုျဖစ္ေနရင္ တျခားၿမိဳ႕ပဲ သြားလိုက္သင့္တယ္” ေဇာင္ယုဟြမ္ ကအကူအညီမဲ့စြာျဖင့္ ေျပာလိုက္သည္။

သို႔ေသာ္ ဒါက စကားအျဖစ္သာ။

သူမမွာ တကယ္ပဲ ဒုတိယအခြင့္အေရး ရမယ္ဆိုရင္ေတာင္ အရင္ဆုံး ျပန္လာဖို႔ကိုသာ ေ႐ြးခ်ယ္မိလိမ့္မည္။

တူရကီ မွသတင္းေတြက တ႐ုတ္ျပည္ကို ေရာက္ေနတာေၾကာင့္ သူမအဖိုးနဲ႔ အစ္ကိုက စိုးရိမ္ေနေလာက္ၿပီ။ သူတို႔စိုးရိမ္မႈက လူကိုယ္တိုင္ ျမင္ေတြ႕ရမွသာ ျဖစ္လိမ့္မည္။

အျပင္ဘက္မွ ဒီလိုမေတာ္တဆကို ၾကဳံၿပီးေနာက္ အိမ္ျပန္ဖို႔ဆႏၵေလာက္ တျခားအရာက အေရးမႀကီးေတာ့ေပ။

“ယုဟြမ္၊ ဘာေၾကာင့္ ကြၽန္မတို႔နဲ႔ မလိုက္ရတာလဲ?” ေကာမိုင္ ကျပဳံးလိုက္သည္။

“ကြၽန္မက ဖန္သိပ္မမ်ားဘူး”

ဂူယူလင္း ကလည္း စကားဝိုင္းထဲ ဝင္လာခဲ့သည္။

“ဟုတ္တယ္၊ လီဂ်င္းယြမ္ ကဖန္အရမ္းမ်ားတယ္။ ကြၽန္မတို႔ သူနဲ႔မသြားသင့္ဘူး”

ဝမ္ေယာင္ခ်န္း ကေႏွာင့္ယွက္လိုက္သည္။

“ကိုယ့္စတူဒီယိုကေန ကိုယ္တို႔ကို လာေခၚဖို႔ အေစာင့္ေတြကို ပို႔လိုက္တယ္။ ဘာေၾကာင့္…”

သူ႕စကားမဆုံးခင္ ေဇာင္ယုဟြမ္ ကထေျပာလိုက္သည္။

“အဆင္ေျပပါတယ္၊ အတူတူ သြားၾကတာေပါ့”

တိတ္ဆိတ္စြာျဖင့္ ဝမ္ေယာင္ခ်န္း ရဲ႕အသံက ေပ်ာက္ကြယ္သြားသည္။ ဝမ္ေယာင္ခ်န္း ကေခါင္းညိတ္လိုက္သည္။

“အဆင္ေျပပါတယ္”

ေဇာင္ယုဟြမ္ ကလွည့္လိုက္ၿပီး ဟုန္ခ်န္းမင္း ရဲ႕လည္ပင္းမွ ပတ္ထားသည့္ ေခါင္းအုံးကို ဆြဲလိုက္သည္။

“ဟြမ္ဟြမ္ တို႔သြားမယ္”

ဟုန္ခ်န္းမင္း ကႏိုးလာခဲ့သည္။ “အာ? အင္း”

ဂူယူလင္း နဲ႔ ေကာမိုင္ တို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ၾကည့္လိုက္ၾကၿပီး မတည္ၿငိမ္သည့္ ေလထုကို သတိျပဳမိသြားသည္။

ေဇာင္ယုဟြမ္ မိသားစုေနာက္ခံကို သူတို႔သိၿပီးတည္းက ဟုန္ခ်န္းမင္း ရဲ႕ကြၽမ္းက်င္မႈေတြကို သိခဲ့ရၿပီး သူက ဖန္အမ်ားႀကီး ႐ွိတဲ့သူတစ္ေယာက္ မဟုတ္သလို နာမည္အႀကီးဆုံးလည္း မဟုတ္ေပ။

ဟုန္ခ်န္းမင္း နဲ႔ ေဇာင္ယုဟြမ္ ရဲ႕စိတ္က တျခားသူေတြကို ဆုံးျဖတ္ႏိုင္သည္။ ထို႔ေၾကာင့္ လူတိုင္းက ဘာမွမျမင္သလို ဟန္ေဆာင္လိုက္ၿပီး ေဇာင္ယုဟြမ္၊ တျခားသူေတြက ေလယာဥ္ေပၚမွ ဆင္းမဲ့အေၾကာင္းကို ဆက္ေျပာလိုက္သည္။

ေလယာဥ္ဆိုက္သည္ႏွင့္ သူတို႔က ေလာ္ဘီကိုသြားခ်င္ၾကသည္။ ေကာမိုင္၊ ဝမ္ေယာင္ခ်န္း နဲ႔ ဂူယူလင္း တို႔က အေ႐ွ႕မွ ေလွ်ာက္လိုက္ၾကသည္။

ေဇာင္ယုဟြမ္၊ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က အေနာက္မွ တျဖည္းျဖည္း ေလွ်ာက္လာၾကသည္။

ဝမ္ေယာင္ခ်န္း ကအေနာက္ကို မၾကာခဏ လွည့္ၾကည့္ခ်င္ေပမဲ့ လီဂ်င္းယြမ္ ေၾကာင့္သူတို႔နဲ႔ ေႏွးၿပီးမေလွ်ာက္ရဲေပ။ ေထာင့္ကိုခ်ိဳးလိုက္သည္ႏွင့္ ေအာ္သံေတြက ထြက္လာသည္။

“အားးးးးး လီဂ်င္းယြမ္!”

“လီဂ်င္းယြမ္!”

“အစ္ကိုေလးလီ၊ ဒီကိုၾကည့္ပါ၊ အားးးးး!”

တခ်ိဳ႕က “ဝမ္ေယာင္ခ်န္း”/ “ဟုန္ေလး”လို႔ ေခၚၾကေပမဲ့ အလ်င္အျမန္ပင္ ဖုံးလႊမ္းသြားသည္။

ေဇာင္ယုဟြမ္ ကဒီျမင္ကြင္းကို ၾကည့္လိုက္ၿပီး ဂုဏ္ယူမႈကို ထူးဆန္းစြာ ခံစားလိုက္ရသည္။ ဇာတ္လိုက္ရဲ႕ ကံၾကမၼာကို စာေရးဆရာက ေရးထားၿပီးသား ျဖစ္ေသာ္လည္း လီဂ်င္းယြမ္ ကပိုေတာ္လာတာကို ျမင္လိုက္ရၿပီး ဒီေန႔လို ဖန္ေတြအမ်ားႀကီးကို ျမင္လိုက္ရတာက ဖတ္ဖူးခဲ့တုန္းကနဲ႔မတူသည့္ ခံစားခ်က္ကို ျဖစ္ေစသည္။

ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ရဲ႕အက်ႌလက္ကို ကိုင္လိုက္ၿပီး ေျပာလိုက္သည္။

“ေဘးကေန ေလွ်ာက္ၾကမယ္။ လီဂ်င္းယြမ္ တစ္ေယာက္တည္း သြားပါေစ”

လီဂ်င္းယြမ္ ရဲ႕နားပါးတာေၾကာင့္ ႐ွင္း႐ွင္းလင္းလင္း ၾကားလိုက္သည္။ သူက ခ်က္ခ်င္းပင္ ေဇာင္ယုဟြမ္ ရဲ႕လက္ကိုဆြဲလိုက္ၿပီး သူ႕ေဘးကို ဆြဲလိုက္သည္။ ႐ုတ္တရက္ ေအာ္သံေတြက ျမင့္တက္သြားသည္။

“အားးးးး အစ္ကိုေလးလီ ကဘာေၾကာင့္ ဒီေလာက္ေတာင္ ဂ႐ုစိုက္ရတာလဲ?”

“အားးး ငါေသၿပီ!”

ေဇာင္ယုဟြမ္ : ???

ဝမ္ေယာင္ခ်န္း နဲ႔တျခားသူေတြက ဒီေအာ္သံေတြကို ၾကားလိုက္ခ်ိန္တြင္ သူတို႔က မထိန္းခ်ဳပ္ႏိုင္ပဲ လွည့္ၾကည့္လိုက္ၾကၿပီး လီဂ်င္းယြမ္ ရဲ႕အျပဳအမူကို ျမင္လိုက္ရသည္။

ဝမ္ေယာင္ခ်န္း ရဲ႕အၾကည့္က နစ္ျမဳပ္သြားၿပီးေနာက္ လီဂ်င္းယြမ္ ရဲ႕ဖန္အုပ္စုကို ၾကည့္လိုက္သည္။ ဝမ္ေယာင္ခ်န္း အရမ္းကို ေဒါသထြက္ေနသည္။

ေဖ်ာ္ေျဖေရးေလာကက လူငယ္ေလးအနည္းငယ္ကသာ ဒီႏွစ္အတြင္းမွာ ႐ုတ္တရက္ ဒီေလာက္ နာမည္ႀကီးလာေပမဲ့ လီဂ်င္းယြမ္ ေလာက္ေတာင္ မဟုတ္ေပ…

သူက ကြၽမ္းက်င္အဆင့္ ျဖစ္ၿပီး သူ႕မိသားစု ေနာက္ခံကလည္း ေကာင္းသည္။

သို႔ေသာ္ ဒီလူေတြ…

သူ႕အတြက္ လႈပ္ျပေနတဲ့ အလံေတြ…

သူ႕တကယ့္မ်က္ႏွာ အစစ္အမွန္ကို သူတို႔ သိၾကရဲ႕လား?

သူ႕တို႔ရဲ႕ညီမေလးဆီ ဆႏၵအျပည့္အေတြးေတြ ဆုပ္ကိုင္ထားတာကို သူတို႔သိၾကရဲ႕လား?

လွည့္စားတဲ့ နည္းလမ္းေတြ အကုန္လုံးကို အသုံးခ်ၿပီး တျခားသူေတြနဲ႔ မ်က္ႏွာပ်က္မွာကိုေတာင္ စိတ္ထဲမ႐ွိပဲ သူ႕ညီမေလးကို ဒိတ္တာကေန တားဆီးတာေကာ သူတို႔သိၾကရဲ႕လား?

ဝမ္ေယာင္ခ်န္း ကစိတ္႐ႈပ္ေနခဲ့သည္။

ခဏအၾကာတြင္ ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ရဲ႕လက္ကို တိတ္ဆိတ္စြာ ဆြဲလိုက္သည္။

ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ၾကားတြင္ ညပ္ေနခဲ့သည္။

ေအာ္သံေတြက ေနာက္ထပ္ အဆင့္တိုးလာခဲ့သည္။

“အားးးးးး! ေဇာင္ယုဟြမ္!”

“ေဇာင္ယုဟြမ္ ကတကယ့္ကို ခ်စ္ဖို႔ေကာင္းလြန္းတယ္!”

“ဟုန္ေလး၊ ငါ့အစ္ကိုေလးလီ နဲ႔မတိုက္ခိုက္ပါနဲ႔၊ အားးးးး!”

ပိုၿပီးအထိန္းခ်ဳပ္မဲ့သြားသည္။

ေဇာင္ယုဟြမ္ ကဒါေတြအားလုံးကို ဗလာအၾကည့္နဲ႔သာ ၾကည့္ေနခဲ့သည္။

ဟမ္?

သူတို႔အားလုံးက လီဂ်င္းယြမ္ ရဲ႕ဖန္တြ မဟုတ္ဘူးလား?

ဘာေၾကာင့္ ႐ုတ္တရက္ႀကီး ငါ့နာမည္ကို ေအာ္ၾကတာလဲ?

ေနာက္ၿပီး “ဟုန္ေလး၊ ငါ့အစ္ကိုေလးလီ နဲ႔မတိုက္ခိုက္ပါနဲ႔”

ဘာကိုေျပာတာလဲ?

အုပ္စုရဲ႕တြန္းထိုးမႈေၾကာင့္ သူတို႔အတြက္ ပိုခက္ခဲေနသည္။ ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕ အရပ္႐ွည္႐ွည္ၾကားတြင္ ေလွ်ာက္ေနၿပီး ေနေရာင္ကိုေတာင္ မျမင္ရသလို ျဖစ္ေနသည္။

“အရမ္းမနာလိုစရာပဲ…. ဒီလိုေကာင္းမြန္တဲ့ ဝင္စားျခင္းပဲ။ မင္းမွာ ေကာင္းမြန္တဲ့ မိသားစု ေနာက္ခံ႐ွိေနရင္ တကယ္ပဲ ကြာျခားလိမ့္မယ္” ယင္ခ်ီခ်ီ ကတိုးတိုးေလး ေျပာလိုက္သည္။

လင္းလန္ : “ဟမ့္”

“ဘာေၾကာင့္ ‘ဟမ့္’လုပ္တာလဲ?” ယင္ခ်ီခ်ီ ကေမးလိုက္သည္။

ကိုယ္ရံေတာ္ေတြနဲ႔ ေလဆိပ္က အေစာင့္ေတြက ျပန္ဆင္ႏိုင္ခဲ့သည္။ သတင္းေထာက္ေတြကလည္း အေ႐ွ႕တိုးလာကာ သူတို႔မိုက္ေတြနဲ႔ ေစာင့္ေနၾကသည္။

လီဂ်င္းယြမ္ နဲ႔သူ႕ဖန္ေတြၾကားကို အေစာင့္ေတြက ျခားထားလိုက္သည္။ သတင္းေထာက္က လီဂ်င္းယြမ္ ရဲ႕အေ႐ွ႕တြင္ မိုက္ထားလိုက္ၿပီး ျပဳံးကာေခါင္းညိတ္လိုက္သည္။

“ဟုတ္တယ္၊ ေဇာင္ယုဟြမ္ ကအရမ္းခ်စ္ဖို႔ေကာင္းတယ္”

ဖန္ေတြက ထိုအခ်ိန္တြင္ အံ့ဩသြားၿပီးေနာက္ ထပ္ေအာ္လိုက္ၾကသည္။

“အားးးး!”

“အားးး၊ အစ္ကိုလီ ကငါ့ကို ေထာက္ခံတယ္!”

“ဟုတ္တယ္၊ ဟုတ္တယ္၊ ဟုတ္တယ္၊ ေဇာင္ယုဟြမ္ ကအရမ္းကို ခ်စ္ဖို႔ေကာင္းလြန္းတယ္!”

ေဇာင္ယုဟြမ္ ကထိုေနရာတြင္ ရပ္ေနရင္း သူမေခါင္း ေပါက္ထြက္ေတာ့မလို ႐ွက္ေနခဲ့သည္။

လီဂ်င္းယြမ္ ဆီမွာ ဘယ္လိုေမွာ္အစြမ္းေတြ ႐ွိေနရတာလဲ?

သူမအေၾကာင္းကို စလိုက္ၿပီး ဖန္ေတြဆီက တုန္႔ျပန္ခ်က္ကိုေတာင္ ဆြဲထုတ္လိုက္ေသးတယ္?!

႐ုတ္တရက္ တျခားသူေတြ အမ်ားႀကီးၾကားမွ အမ်ိဳးသမီး အသံက ထြက္လာခဲ့သည္။

“ဒီလိုမ်က္ႏွာမ်ိဳး မေနပါနဲ႔၊ ဟုန္ေလး!”

ဟုန္ခ်န္းမင္း ကထိုေကာင္မေလးကို ၾကည့္လိုက္သည္။ ေကာင္မေလးက လက္သီးဆုပ္ကာ ေအာ္လိုက္သည္။

“ကြၽန္မလည္း ဟုန္ေလးကို အစ္ကိုႀကီးအျဖစ္ လိုခ်င္တယ္!”

လီဂ်င္းယြမ္ ရဲ႕ဖန္ေတြက ရပ္သြားၿပီးေနာက္ အတူတူ ေျပာလိုက္ၾကသည္။

“ငါတို႔က မတူဘူး။ ငါတို႔က လီဂ်င္းယြမ္ ရဲ႕ေကာင္မေလး ျဖစ္ခ်င္တယ္!”

“လီဂ်င္းယြမ္၊ အရမ္းခ်စ္တယ္!”

ေဇာင္ယုဟြမ္ ကလူအုပ္ကို ၾကည့္ေနခဲ့ၿပီး ဒီအထဲတြင္ ဟုန္ခ်န္းမင္း ရဲ႕ဖန္ေတြလည္း ပါေနတာကို ေတြ႕လိုက္ရသည္။

ဖန္အုပ္စု ႏွစ္စုက ေရာေႏွာေနၾကၿပီး ဘယ္သူသာမလဲဆိုတာ ၿပိဳင္ေနပုံေပၚေနသည္။

တစ္စုံတစ္ေယာက္က ေအာ္လိုက္တာကို ေဇာင္ယုဟြမ္ ၾကားလိုက္ရသည္။

“ဟြမ္ဟြမ္၊ ငါလည္း ဟြမ္ဟြမ့္ ကိုခ်စ္တယ္!”

ေဇာင္ယုဟြမ္ : ဟမ္?

ဖန္အုပ္စု ႏွစ္စုက ေခါင္းညိတ္လိုက္ၾကၿပီး က်ယ္ေလာင္စြာ ေအာ္လိုက္ၾကသည္။

“ဟြမ္ဟြမ္၊ ငါတို႔လည္း ဟြမ္ဟြမ့္ ကိုခ်စ္တယ္!”

ေဇာင္ယုဟြမ္ ရဲ႕စိတ္က နာက်င္သြားသလို ခံစားလိုက္ရသည္။

မင္းတို႔က အိုင္ေဒါအေ႐ွ႕မွာ ရပ္ေနၾကတာ မဟုတ္ဘူးလား?

ဒါေပမဲ့ အခုေတာ့ မင္းတို႔က ငါ့မိသားစုေတြလား?

သတင္းေထာက္က ဒီအခ်ိန္တြင္ ေမးလိုက္သည္။

“ဟယ္လို၊ လီဂ်င္းယြမ္။ အခု ဝဘ္ဆိုဒ္မွာ ႏိုင္ငံျခားက ေတြ႕ၾကဳံခဲ့ရတဲ့ အႏၲရာယ္အေၾကာင္းနဲ႔ ျပည့္ေနၿပီ။ ဒီကိစၥမွာ ဒဏ္ရာရခဲ့ေသးလား?”

“အင္တာနက္မွာ ႐ွင္တို႔ေတြ လူေတြကို ကယ္တင္ေပးတဲ့ ဗီဒီယိုေတြက ႐ွိၿပီးသားပါ။ ႐ွင္၊ ဒါမွမဟုတ္ မစၥတာဟုန္ မွာေျပာစရာ တစ္ခုခုမ်ား ႐ွိပါသလား?”

“မစၥေဇာင္ ကဒီ႐ိုက္ကူးေရးကို ဆက္လုပ္မွာလား?”

“လူတိုင္းက ႐ွင္တို႔ကို စိုးရိမ္ေနၾကတာ…”

သတင္းေထာက္ေတြက ဘာမွမဖုံးကြယ္ထားပဲ တစ္ေယာက္ၿပီး တစ္ေယာက္ ေမးခြန္းေတြ ဆက္ေမးလိုက္ၾကသည္။

ေမးခြန္းအမ်ားစုက ဖန္ေတြ စိတ္ဝင္စားေနတဲ့ အေၾကာင္းေတြပဲ ျဖစ္သည္။ ဝမ္ေယာင္ခ်န္း ရဲ႕လက္ေထာက္က တိတ္ဆိတ္စြာသာ သက္ျပင္းခ်လိုက္သည္။

“ခ်မ္းသာၿပီး အင္အားႀကီးတာက တကယ့္ကို ကြာျခားတာပဲ…”

ေဖ်ာ္ေျဖေရးတြင္ ဝမ္ေယာင္ခ်န္း ရဲ႕လက္႐ွိ ေနရာနဲ႔ေတာင္ သတင္းေထာက္ေတြနဲ႔ ေတြ႕ဆုံဖို႔က ခက္ခဲေသးသည္။

လီဂ်င္းယြမ္ ကေတာ့ အရမ္းကြာျခားသည္။ သူ႕လက္႐ွိ အ႐ွိန္မွ မေကာင္းတာ ဘာမွမေတြ႕ၾကဳံရပဲ တစ္ေန႔မွာ ေနလုံးႀကီးလို ေတာက္ပလာလိမ့္မည္။

ဝမ္ေယာင္ခ်န္း ကသူ႕စိတ္ထဲမွ မယုံၾကည္ႏိုင္မႈကို ဖိႏွိပ္ထားၿပီး ျပန္ေျဖလိုက္သည္။

“အင္း”

ထိုအခ်ိန္တြင္ ေဇာင္ယုဟြမ္ အေ႐ွ႕တြင္ မိုက္က ေရာက္လာခဲ့သည္။ အခုေမးခြန္းအမ်ားစုက လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကို ေမးထားၾကတာ ျဖစ္သည္။

ေဇာင္ယုဟြမ္ ကသတင္းေထာက္ကို ၾကည့္လိုက္သည္။

“ဟမ္?” အမ်ိဳးသား သတင္းေထာက္က ႐ွက္သြားၿပီးေနာက္ ေမးလိုက္သည္။

“မေတာ္တဆ ျဖစ္ခ်ိန္တုန္းက လီဂ်င္းယြမ္ နဲ႔ မစၥတာဟုန္ တို႔က မစၥေဇာင္ ေဘးကို ခ်က္ခ်င္း ေရာက္လာၾကတယ္။ ဒါက မစၥေဇာင္ ကိုဘယ္လိုခံစားရေစလဲ?”

ေဇာင္ယုဟြမ္ : “… ဒါက အေရးမပါဘူးမလား? ဘယ္သူက လႈပ္႐ွားႏိုင္မွာလဲ?”

အမ်ိဳးသား သတင္းေထာက္က သက္ျပင္းခ်လိုက္ၿပီး ေမးလိုက္သည္။

“ဒါဆို… မင္းေဘးမွာ… အစ္ကိုခ်န္း ကမ႐ွိဘူးလား?”

“အစ္ကိုခ်န္း”ဆိုတာက ဝမ္ေယာင္ခ်န္း ကိုေျပာတာ ျဖစ္သည္။

ပတ္ဝန္းက်င္က ခ်က္ခ်င္းပင္ တိတ္ဆိတ္သြားသည္။ ေဇာင္ယုဟြမ္ ကေဖ်ာ္ေျဖေရး ေလာကက အေၾကာင္းေတြကို နားမလည္ေပမဲ့ ဖန္ေတြအေနာက္တြင္ သတင္းေထာက္ေတြ ႐ွိေနတာကို သူမ သိသည္။

အရင္က ေမးခြန္းေတြက မေတာ္တဆ အေၾကာင္းျဖစ္ေပမဲ့ ႐ုတ္တရက္ႀကီး သူမဘက္ကို ေျပာင္းလာတာလား?

ေဇာင္ယုဟြမ္ ကနည္းနည္း မေပ်ာ္မ႐ႊင္ျဖစ္သြားသည္။ သူမ ဒိတ္တာမဒိတ္တာက အေရးမႀကီးေပ။ သူမ ေပ်ာ္ေနသ၍ အဆင္ေျပသည္။

သူမ မေပ်ာ္ေတာ့ရင္ သူမကို စကားလုံးေတြနဲ႔ ဖိႏွိပ္ၿပီး၊ ခ်ဳပ္ခ်ယ္ ဖိအားေပးတဲ့ ဒီလူေတြကို မုန္းတီးမိမွာပဲ။ ေဇာင္ယုဟြမ္ ကျပဳံးကာ ေျပာလိုက္သည္။

“အဲ့အခ်ိန္တုန္းက ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ႏွစ္ေယာက္လုံးက ခ်က္ခ်င္းပဲ ကြၽန္မ ျမင္ကြင္းေ႐ွ႕ကို ေရာက္လာၾကတယ္ေလ။ ကြၽန္မက တျခားဘာကို ျမင္ႏိုင္မွာလဲ?”

7.6.2021 (Mon)
………………………

[text_hash] => e0aaa2ac
)

//qc
//QC2