Array
(
[text] =>
Unicode
လီဂျင်းယွမ် ကအလျင်အမြန်ပင် သံရုံးနဲ့ ဆက်သွယ်ခဲ့သည်။ ထိုအချိန်တွင် လူတိုင်းက စားသောက်ပြီးသွားကြသည်။ သူတို့က နိုင်ငံခြားသားတွေ ကာကွယ်ပေးထားသည့် နေရာတွင် ဘေးကင်းစွာ နေထိုင်ခဲ့ကြသည်။
ထို့ကြောင့် လူတိုင်းက သူတို့စိုးရိမ်စိတ်နဲ့ ထိတ်လန့်မှုတွေကို ဘေးထားပြီး ပထမဆုံးအကြိမ် ဘာမှစိုးရိမ်စရာမလိုပဲ လှပသည့်အရာဖြင့် ရိုးရှင်းစွာ ထိုင်ပြီး ဟင်းလျာတွေကို စားသောက်နိုင်ခဲ့သည်။
ထို့နောက် ဒီရလဒ်ကလည်း မစ္စတာဟုန် ကြောင့်ပင်ဖြစ်သည်။ ပရိုဂရမ် ဝန်ထမ်းက ယင်ချီချီ လိုဖြစ်နေမှာ ကြောက်မိတာကြောင့် ဟုန်ချန်းမင်း အားဘာမှမပြောတော့ပေ။
ဇောင်ယုဟွမ် ကဒီမှာရှိနေတည်းက မစ္စတာဟုန် နဲ့ လီဂျင်းယွမ် တို့က သူမကိုသာ အဓိကထားမယ်ဆိုတာ သံသယဖြစ်စရာတောင် မလိုပေ။
တစ်စုံတစ်ယောက်က သူတို့နဲ့ ပါဝင်လာရင် သူတို့က မကျေမနပ်ဖြစ်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေသည်။
စားသောက်ပြီးနောက် ဟုန်ချန်းမင်း က ဇောင်ယုဟွမ် အားအနားယူရန် အပေါ်ထပ်သို့ ခေါ်သွားခဲ့သည်။ ဒါရိုက်တာက ရှိုးပွဲရဲ့ တင်းကြပ်သွားသည့် အစီစဉ်အား လူတိုင်းနဲ့ဆွေးနွေးနိုင်ရန် ခေါ်ခဲ့သည်။
အပိုင်းတစ်ပိုင်းစာက ရိုက်ကူးပြီးသွားပေမဲ့ ပဉ္စမအပိုင်းက နှောင့်နှေးမှာကို စိုးရိမ်နေကြသည်။ အဓိကပြဿနာက ဒီအပိုင်းတွင် ဖြစ်လာခဲ့သည်။
“ရိုက်ကူးရေး တည်နေရာကို ပြောင်းဖို့က အရမ်းနောက်ကျနေပြီ… ငါတို့ပြီးတဲ့အထိ ဘယ်လိုဆက်ရိုက်ကူးကြမလဲ? ဒီအဖြစ်အပျက် မဖြစ်ခင်တုန်းက တော်တော်များများ ရိုက်ကူးခဲ့ပြီးပြီ။ နောက်ပြီး ဒါက တည်းဖြတ်ဖို့က နည်းပါးတယ်”
ဒါရိုက်တာက လီဂျင်းယွမ် ကိုကြည့်ကာ ပြောလိုက်သည်။ လူတိုင်းက ဒီနေရာတွင် ရပ်နေရပြီး တရုတ်ပြည်သို့ ချက်ချင်း မပြန်နိုင်ပေ။
တခြားဧည့်သည်တွေက မပါဝင်ချင်ရင်တောင် ပါဝင်နေသေးသည်။ တစ်ခုတည်းသော မျှော်လင့်ချက်က ဇောင်ယုဟွမ် နဲ့ လီဂျင်းယွမ် တို့ဆီမှာ ဖြစ်သည်။
ထို့ကြောင့် အဆုံးသတ်က လီဂျင်းယွမ် အပေါ်မူတည်နေတာ မဟုတ်ဘူးလား?
မဟုတ်ဘူး၊ ဇောင်ယုဟွမ် အပေါ်မှာ။
မစ္စဇောင် ကသဘောတူတာနဲ့ အရာအားလုံးက ရိုးရှင်းစွာနဲ့ မစ္စတာဟုန် ကသူမအတိုင်းပဲ လိုက်လျောပြီး လက်ခံမယ်ဆိုတာကို ဒါရိုက်တာက ယုံကြည်သည်။
ဒါရိုက်တာရဲ့ စိတ်အားထက်သန်သည့် အကြည့်အောက်တွင် လီဂျင်းယွမ် ကစားပွဲပေါ်တွင် လက်ညှိုးဖြင့် ခေါက်နေပြီး တွေးနေခဲ့သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်သွားတာကို ဒါရိုက်တာက မြင်လိုက်ပြီး ပြောလိုက်သည်။
“ငါတို့ မရိုက်ကူးတော့ဘူး” အလင်းရောင်က သူနဲ့တစ်ဝက်ဆိုင်တယ်လို့ ဒါရိုက်တာက ခံစားလိုက်ရသည်။
သူ ဘုရားကျောင်းထဲမှာ ပုန်းကွယ်နေချိန်တည်းက ပိုညှင်းပန်းနှိပ်စက်ခံရသလို ခံစားလိုက်ရသည်။
“…မစ္စတာလီ၊ မရိုက်ကူးတော့ဘူးလား? မင်း မရိုက်ကူးတော့ဘူးလား?”
“ဟွမ်ဟွမ် နဲ့ကျွန်တော်တို့ မရိုက်ကူးတော့ဘူး။ အစ်ကိုဟုန်ကတော့… သူ့ကိုပဲ သွားမေးသင့်တယ်” လီဂျင်းယွမ် ကပြောလိုက်သည်။
“မစ္စဇောင် ကမရိုက်ကူးတော့ဘူးလို့ ပြောတာလား?” ဒါရိုက်တာက မေးလိုက်သည်။
လီဂျင်းယွမ် ကမျက်လုံးဖွင့်လိုက်ကာ နွေးထွေးနေပြီး အေးစက်သည့် အလင်းရောင်က ဖြာထွက်နေသည်။
“ရိုက်ကူးရေး စကတည်းက ကျေနပ်စရာတွေက ဘာမှမဖြစ်လာဘူး…” သေချာပေါက်ကို ဒီလိုပြောတာက နည်းနည်းတော့ မှားနေသည်။
ပထမဆုံးအနေနဲ့ လီဂျင်းယွမ် ရှိုးပွဲကို လာရတဲ့ ရည်ရွယ်ချက်က ဇောင်ယုဟွမ် နဲ့အတူတူရှိဖို့… လူကြိုက်များမှု၊ ကျော်ကြားမှု အားလုံးက ဒုတိယဖြစ်သည်။
အပိုင်းတိုင်းတွင် လီဂျင်းယွမ် တကယ့်ကို ပျော်ရွှင်သည်။ သို့သော် အခုတော့… မတော်တဆတွေ ထပ်မကြုံချင်တော့ဘူး။
သူ့အတွက် အဆင်ပြေပေမဲ့ ဇောင်ယုဟွမ် အတွက်တော့ မပြေပေ။
နောက်ပြီး…
လီဂျင်းယွမ် အကြည့်က အနည်းငယ် လှုပ်ရှားသွားပြီး ဝမ်ယောင်ချန်း ကိုတိတ်ဆိတ်စွာ ကြည့်လိုက်သည်။
ဝမ်ယောင်ချန်း က ဟွမ်ဟွမ် ကိုတကယ်ချစ်တာလား၊ ဒါမှမဟုတ် သရုပ်ဆောင်မှုနဲ့ ကင်မရာအောက်မှာ သူ့ကိုယ်သူ ဖော်ပြဖို့လားဆိုတာ သူမသိပေ။
သူဆက်ပြီး ဟွမ်ဟွမ် နားကပ်နေရင် တစ်နေ့မှာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပဲ ကင်မရာအောက်မှာပဲ ဝမ်ယောင်ချန်း ရိုက်မိလိမ့်မယ်လို့ လီဂျင်းယွမ် ခံစားရသည်။
ထိုအချိန်တွင် ဝမ်ယောင်ချန်း ကရုတ်တရက် နှောက်ယှက်လာခဲ့သည်။
“ဒါက မစ္စဇောင် ရဲ့ဆုံးဖြတ်ချက်လား? မစ္စတာလီ က မစ္စဇောင် ရဲ့ဆန္ဒကို မေးခဲ့တာလား?” လီဂျင်းယွမ် ရဲ့အကြည့်တွေက ပိုအေးစက်သွားသည်။
တစ်ဖက်တွင် ဇောင်ယုဟွမ် ကအပေါ်ထပ်ကို တက်သွားကာ အိပ်ခန်းထဲ ဝင်လိုက်သည်။
ဟုန်ချန်းမင်း : “ရေချိုးခန်းထဲမှာ အဝတ်တွေနဲ့ သန့်ရှင်းတဲ့ ဆပ်ပြာတွေရှိတယ်။ ခဏလောက် အိပ်ချင်လား?”
သိပ်မကြာခင်က ဖုန်းခေါ်ခဲ့ပြီး ဆက်သွယ်ရေးတွင် ပြဿနာရှိနေသည်။ ဒါ့ကြောင့် သူက တူရကီ တွေအား အဝတ်တွေ၊ ရေချိုးဆပ်ပြာနဲ့ လိုအပ်သည့် ဟင်းလျာတွေကို ပြင်ဆင်ထားဖို့ ရှင်းပြခဲ့သည်။
ဒီလောက် အများကြီးကို ပြောဖို့က ၅/၆ မိနစ်သာ ကြာသည်။
ဇောင်ယုဟွမ် ကခေါင်းညိတ်ပြီး အိပ်ရာစောင်းတွင် ထိုင်လိုက်သည်။ အိပ်ရာပတ်လည်တွင် ကန့်လန့်ကာရှိသည်။
ထိုနေရာတွင် ထိုင်နေပြီး ဇောင်ယုဟွမ် ကရှက်တာကြောင့် မကြည့်ရဲပဲ သူမ ပင်ပန်းနေတာကြောင့် အရာအားလုံးက ပိုလှနေတာ ဖြစ်နိုင်တယ်လို့ တွေးလိုက်သည်။
ဟုန်ချန်းမင်း ကသူမကို ကြည့်လိုက်ပြီးနောက် ထွက်သွားခဲ့သည်။ သို့သော် ဇောင်ယုဟွမ် ကလှမ်းခေါ်လိုက်ပြီး တားလိုက်သည်။
“အစ်ကိုချန်းမင်း”
ဟုန်ချန်းမင်း ကရပ်လိုက်ပြီးနောက် လှည့်လိုက်သည်။ ဇောင်ယုဟွမ် ကသူ့အား လှမ်းကြည့်လိုက်ပြီး အိပ်ရာကို ပုတ်ပြလိုက်သည်။
ဟုန်ချန်းမင်း ရဲ့မျက်တောင်က အနည်းငယ် လှုပ်ရှားသွားပြီး သူ့လည်ချောင်းက ရုတ်တရက် ခြောက်သွေ့ပြီး ပူလောင်လာသည်။
ပတ်ဝန်းကျင်က ဆူညံသံတွေက လျော့ပါးသွားပြီး သူ့နှလုံးခုံသံကိုသာ ကြားနေရသည်။
…သူမ ဘာကိုဆိုလိုတာလဲ?
ဟုန်ချန်းမင်း ရဲ့ဦးနှောက်က အလုပ်မလုပ်နိုင်တော့ပေ။
“ဒီလာ” ဇောင်ယုဟွမ် ကသူ့ကို ကြည့်ကာ ပြောလိုက်သည်။
ဘာကြောင့် သစ်သားလိုမျိုး ရပ်နေရတာလဲ?
ဇောင်ယုဟွမ် ကအကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။
“အစ်ကိုချန်းမင်း မပင်ပန်းဘူးလား? ဒါဆို အဲ့မှာပဲ ရပ်နေလို့ရတယ်”
ဟုန်ချန်းမင်း ကရုတ်တရက် အသိပြန်ဝင်သွားပြီး ဘာမှမတွေးတော့ပဲ ခြေနှစ်လှမ်းနဲ့တင် ဇောင်ယုဟွမ် ဘေးကိုရောက်သွားသည်။ ထို့နောက် သူမဘေးတွင် ထိုင်ချလိုက်သည်။
ဇောင်ယုဟွမ် ရဲ့ခန္ဓာကိုယ်မှ ရေမွှေးနံ့အဖျော့လေးက ဟုန်ချန်းမင်း ရဲ့နှာခေါင်းဝတွင် ရလိုက်ပြီး သူ့အား စနောက်နေပုံပေါ်သည်။ ဟုန်ချန်းမင်း ရဲ့အသက်ရှုသံက သတိလက်လွတ်ပင် ပိုပြင်းလာခဲ့သည်။
“အစ်ကိုချန်းမင်း ဒီနေရာကို ဘယ်တုန်းက ရောက်ဖူးတာလဲ? တက္ကသိုလ်တုန်းကလား?” ဇောင်ယုဟွမ် ကခေါင်းစောင်းကာ သူ့ကို ကြည့်လိုက်သည်။
“အပြင်ဘက်က နိုင်ငံခြားသားက ဘယ်လိုခေါ်လဲ?”
ဟုန်ချန်းမင်း ရဲ့ပျံ့ကျဲနေသည့် အတွေးတွေက ချက်ချင်းပဲ စုစည်းသွားသည်။
“…အင်း၊ အဲ့ဒါက ကြာပြီ။ နောက်ပြီး အဲ့လူက အရေးကြီးပုဂ္ဂိုလ် မဟုတ်ပါဘူး”
ဟုန်ချန်းမင်း ကတချို့ကိုသာ ပြောပြီး တချို့အမှန်တရားတွေကို ဖုံးကွယ်ထားဖို့ ရွေးချယ်လိုက်သည်။
ဇောင်ယုဟွမ် ကမျက်ခုံးပင့်လိုက်သည်။ သို့သော် ဒါက အရမ်းကောင်းတယ်။ အနည်းဆုံးတော့ သူက အကုန်လုံး ဖုံးကွယ်ထားပြီး သူမကို ဘာမှမပြောတတော့ မဟုတ်ဘူး။
“ဟွမ်ဟွမ် မသိသေးတဲ့ တခြားအရာတွေ ရှိသေးလား? အစ်ကိုချန်းမင်း ပြောပြမှာလား၊ ဒါမှမဟုတ် ဟွမ်ဟွမ် မေးရမှာလား?” ဇောင်ယုဟွမ် ကထပ်ပြောလိုက်သည်။
ဟုန်ချန်းမင်း ရဲ့အကြည့်က ဇောင်ယုဟွမ် ရဲ့အမူအရာပေါ် ရောက်သွားသည်။ သူမက သူ့အား ရိုးသားသည့် အကြည့်ဖြင့် ကြည့်နေခဲ့သည်။
ဒီလိုအကြည့်ကို ဟုန်ချန်းမင်း ကဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ?
ဒါ့အပြင် သူမက သူ့အား “အစ်ကိုချန်းမင်း”လို့ ခေါ်လိုက်တာနဲ့ မခုခံနိုင်တော့ပေ။
“အရင်တုန်းက သဘောတူညီမှုအတွက် မစ္စတာချန်း နဲ့ရောက်ဖူးတယ်။ နောက်တစ်ခါတွေက သိပ်… အခုတော့ ငါ့နာမည်နဲ့”
“နိုင်ငံခြားသားက ကော့ပ်။ သူက မက္ကဆီကန်လူမျိုး။ သူ့လက်အောက်က လူတွေက ကြေးစားသမားတွေ။ ငါက သူတို့သူဌေးဖြစ်လို့ သူတို့ကို ငှားလိုက်တာ…”
ဟုန်ချန်းမင်း ကအရာအားလုံးကို ရှင်းပြသော်လည်း တချို့အပိုင်းတွေက သိပ်မရှင်းပေ။
ဥပမာ…
“ရေတိုလား? ဒါမှမဟုတ် အစ်ကိုချန်းမင်း ကသူတို့ကို ရေရှည်ငှားထားတာလား?” ဇောင်ယုဟွမ် ကမေးလိုက်သည်။
ဟုန်ချန်းမင်း ကခဏလောက် တိတ်ဆိတ်နေခဲ့သည်။
“ရေရှည်”
“သူတို့က အမြန်ရောက်လာတာ အံ့ဩစရာမရှိပါဘူး” ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်သည်။
ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ရဲ့အမူအရာကို ဂရုတစိုက် ကြည့်နေခဲ့ပြီးနောက် ပြောလိုက်သည်။
“ငါ မကောင်းတာ ဘာမှမလုပ်ပါဘူး” ဇောင်ယုဟွမ် ကရယ်လိုက်သည်။
“အစ်ကိုချန်းမင်း ကမကောင်းတာ မလုပ်ဘူးဆိုတာ ဟွမ်ဟွမ် သိပါတယ်”
ဟုန်ချန်းမင်း ကတိတ်ဆိတ်စွာဖြင့် သက်ပြင်းချလိုက်ပြီး သူ့နှုတ်ခမ်းထောင့် အပြုံးလေးက ပေါ်လာခဲ့သည်။
“အင်း၊ ဥပဒေအရပဲ”
“လူသားတွေက အခြေခံစည်းမျည်းတွေ ရှိသင့်တယ်” ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်သည်။ ပြောနေပြီးနောက် သူမအသံက ပြောင်းသွားသည်။
“အစ်ကိုချန်းမင်း ဆိုးရွားတာ တစ်ခုခု လုပ်ခဲ့ရင် ဟွမ်ဟွမ် ကတားနိုင်မှာတောင် မဟုတ်ဘူး။ အနာဂတ်မှာ အစ်ကိုချန်းမင်း ကမှားယွင်းတဲ့ အပြုအမူတွေ ဘာတွေပဲလုပ်လုပ် ဟွမ်ဟွမ့် ကိုမသိစေချင်သ၍ ဒါက ကျော်သွားမှာပဲ။ ဒါပေမဲ့ တစ်နေ့မှာ ဟွမ်ဟွမ် ရှာတွေ့ခဲ့ရင်…” ဇောင်ယုဟွမ် ကခေါင်းခါလိုက်သည်။
“ဒါဆိုရင် အနာဂတ်ရှိမှာ မဟုတ်တော့ဘူး”
ထိုစကားကို ကြားလိုက်ပြီး ဟုန်ချန်းမင်း ကစိတ်သက်သာသလို မခံစားလိုက်ရပေ။ အနာဂတ်မှာ မှားယွင်းတဲ့ အပြုအမူတွေ ဘာပဲလုပ်လုပ်…
မှားယွင်းတဲ့ အပြုအမူတွေ….
မှားယွင်းတဲ့ အပြုအမူမှာ ဘာတွေပါလဲ?
လူသတ်တာတို့၊ မီးရှို့တာတို့ အဲ့လိုမျိုးလား?
အသေးအဖွဲ တစ်ခုခု…
သူမ ဝမ်ယောင်ချန်း နဲ့ဒိတ်တာကနေ တားဆီးဖို့လုပ်တဲ့ အရာတွေကိုကော ထည့်တွက်လား?
“အစ်ကိုချန်းမင်း ဘာကြောင့် စကားမပြောတော့တာလဲ?” ဇောင်ယုဟွမ် ကအံ့ဩစွာဖြင့် ကြည့်လိုက်သည်။
“အစ်ကိုချန်းမင်း တကယ်ပဲ ဆိုးရွားတာ တစ်ခုခု လုပ်ချင်လို့လား?”
“မဟုတ်ပါဘူး” ဟုန်ချန်းမင်း ရဲ့အမူအရာက ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
ဇောင်ယုဟွမ် ကသူ့မျက်နှာအား အချိန်ခဏလောက် သေချာ ကြည့်နေခဲ့ပေမဲ့ ဘာသဲလွန်စမှ ရှာမတွေ့ပေ။ သူက တကယ်ပဲ သူ့ဘာသာ နေတက်တယ်လို့ သူမစိတ်ထဲတွင် ရေရွတ်လိုက်သည်။
“ဒါဆိုကောင်းပြီ။ မေးစရာထပ်မရှိတော့ဘူး”
ဇောင်ယုဟွမ် ကရေချိုးဖို့တာင် အတော်လေး ပျင်းရိနေသည်။ သူမဖိနပ်ကို ကန်ထုတ်လိုက်ပြီး ခြေထောက်တွေကို အိပ်ရာပေါ်တင်လိုက်သည်။
“အစ်ကိုချန်းမင်း အခုသွားလို့ရပြီ” ဟုန်ချန်းမင်း ရဲ့အသံက ပြောင်းသွားသည်။
“…မေးစရာ ထပ်မရှိတော့ဘူးလား?”
“အင်း၊ မရှိတော့ဘူး။ အစ်ကိုချန်းမင်း က ဟွမ်ဟွမ့် ကိုဘာမှဖုံးကွယ်မထားပဲ တည့်ထိုး ရှင်းပြလို့ ဟွမ်ဟွမ့် မှာတခြား မေးစရာ မရှိတော့ဘူး။ နောက်ပြီး အစ်ကိုချန်းမင်း က ဟွမ်ဟွမ့် ကိုနာကျင်အောင် မလုပ်ဘူးမလား?”
ဟုန်ချန်းမင်း ရဲ့နှလုံးသားက နူးညံ့သွားသည်။ “မလုပ်ဘူး”
“အင်း၊ ဒါဆို ပြဿနာမရှိဘူး” ဇောင်ယုဟွမ် ကလှဲချလိုက်သည်။
ဟုန်ချန်းမင်း ရဲ့ပါးစပ်က လှုပ်ရှားသွားပေမဲ့ အဆုံးတွင် ဘာမှမပြောတော့ပေ။ သူက ထရပ်လိုက်ပြီး လျှောက်သွားလိုက်သည်။
သို့သော် သူ့နှလုံးသားတွင် မပြောနိုင်သည့် အရာတွေက ထွက်လာခဲ့သည်။
ဒါဆို သူ့ကိုခေါ်တာက ဘာအချက်ကြောင့်လဲ?
ဒါက စကားနည်းနည်းလေးကြောင့်၊ စကားလုံး နည်းနည်းလေးကြောင့်ပေါ့…
သူ နေချင်သေးတယ်။
ဒီအတွေးတွေက ဟုန်ချန်းမင်း ရဲ့ဦးနှောက်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။ ဟုန်ချန်းမင်း ကလှည့်လိုက်ကာ ဇောင်ယုဟွမ် ကိုကြည့်လိုက်သည်။
ဇောင်ယုဟွမ် ကစောင်ထဲတွင် ကွေးနေပြီး ခြေထောက်တွေကတော့ ထွက်နေသည်။ သူမက နီညိုရောင် ခြေအိတ်ကို ဝတ်ထားသည်။
ဟုန်ချန်းမင်း ကသွားလိုက်ပြီး သူမကို စောင်ဖုံးပေးချင်သည်။ သို့သော် ဒါက မလုံလောက်ပေ။
ဟုန်ချန်းမင်း ကသူ့လက်တွေကို ကွေးလိုက်ပြီး သူ့အမူအရာက နည်းနည်း ပြောင်းသွားပြီး သူ့နှလုံးသားထဲတွင် ကြီးမားလှိုင်းက မြင့်တက်လာခဲ့သည်။
သူနေချင်တယ်၊ သူမဘေးမှာ လှဲလျောင်းနေချင်တယ်၊ သူမကို သူ့လက်မောင်းထဲမှာ ပွေ့ဖက်ထားချင်တယ်။
ဟုန်ချန်းမင်း ကသူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားပြီး လျှောက်သွားလိုက်သည်။ ရုတ်တရက် ပေါ်လာသည့် ညစ်ညမ်းသည့် အတွေးတွေကနေ ရှက်သလို ခံစားရပေမဲ့ စိတ်ဆန္ဒတွေက အလျင်အမြန်ပင် ရှင်းလင်းလိုက်သည်။
သူ့နှလုံးခုံနှုန်းက ချက်ချင်းပင် အမြင့်ဆုံးကို ရောက်လာသည်။ အနာဂတ်မှာ အစ်ကိုချန်းမင်း ကမှားယွင်းတဲ့ အပြုအမူတွေ ဘာပဲလုပ်လုပ် ဟွမ်ဟွမ့် ကိုမသိစေနဲ့။
ဇောင်ယုဟွမ် ရဲ့အသံက ဟုန်ချန်းမင်း ရဲ့စိတ်ထဲ ပဲ့တင်လာခဲ့သည်။
ဇောင်ယုဟွမ် နိုးလာချိန်တွင် ပထမဆုံး မြင်လိုက်သူက ဟုန်ချန်းမင်း ကော လီဂျင်းယွမ် ကောမဟုတ်ပဲ ဝမ်ယောင်ချန်း ဖြစ်နေသည်။
“ယုဟွမ်၊ နိုးလာပြီလား?” ဝမ်ယောင်ချန်း ကသူမကို နွေးထွေးစွာ ပြုံးပြလိုက်သည်။
ဇောင်ယုဟွမ် ကခဏလောက် ထိတ်လန့်သွားကာ သူမ အိမ်မက်မက်နေတာလို့ တွေးလိုက်သည်။
တစ်နေ့တွင် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့အား သူမနဲ့ ခွဲခြားနေပြီး သူမဘာသာ နေမယ်လို့ တွေးခဲ့သည်။ သို့သော် သူမ မျက်လုံးဖွင့်လိုက်လို့ သူမရှေ့က မရင်းနှီးသည့် မျက်နှာကို မြင်လိုက်တာက ဇောင်ယုဟွမ် ကိုလန့်သွားစေသည်။
“အင်း”
ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်ပြီး နည်းနည်းတော့ အေးစက်နေသည်။ သို့သော် ဝမ်ယောင်ချန်း ကဒါကို သတိမပြုမိပဲ အိပ်ရေးမဝတာလို့သာ သတ်မှတ်လိုက်သည်။
ပြုံးကာ ပြောလိုက်သည်။ “ယုဟွမ် ကိုမြင်ချင်လို့။ ယုဟွမ် ကောင်းကောင်း အနားယူခဲ့လား? ဒီနေ့ ကိုယ်တို့ ပြန်နိုင်ပြီ”
ဇောင်ယုဟွမ် ကတဖြည်းဖြည်း ထထိုင်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
“မစ္စတာဝမ် ဘယ်လိုဝင်လာတာလဲ?”
ဝမ်ယောင်ချန်း ကရပ်သွားသည်။
“ကိုယ် မနက်စာ စားပြီးတော့ ယုဟွမ် မစားရသေးတာ တွေးမိလို့ လာခေါ်တာ” ဒါက ဝေ့လည်ကြောင်ပတ်လုပ်တာ သိသာသည်။
ဇောင်ယုဟွမ် က လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့စိတ်ကို သိသည်။ သူတို့က ဝမ်ယောင်ချန်း ကိုနှောင့်ယှက်ခဲ့သည်။
အခုတော့ သူတို့နှစ်ယောက်က ဒီမှာမရှိပဲ ဝမ်ယောင်ချန်း ကအခွင့်အရေးယူလိုက်သည်။ ထို့ကြော်င့ ဇောင်ယုဟွမ် ကဆက်မမေးတော့ပဲ ခေါင်းညိတ်လိုက်သည်။
“…အာ” ဝမ်ယောင်ချန်း ကဘေးဘက်ကို လက်ညှိုးထိုးလိုက်သည်။
“မနက်စာ ကိုယ်ဝယ်ခဲ့တယ်”
ဇောင်ယုဟွမ် : “အို”
ဇောင်ယုဟွမ် ကနည်းနည်း ထူးဆန်းနေတယ်လို့ ခံစားလိုက်ရသည်။ သူက သိသိသာသာကို သူမအပေါ် ကြင်နာပေးနေပေမဲ့ သူမက မပျော်ရွှင်ပေ။
သူမအပြုအမူတွေက တည်ငြိမ်နေပြီး… အရမ်းတည်ငြိမ်နေပြီး ပျော်ရွှင်မှုမရှိတာကို ခံစားနိုင်သည်။
အရင်က ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က သူမအပေါ် အရမ်းကောင်းပေးတာကြောင့်လား?
ဒါ့ကြောင့် သူမက ဒီလိုဆက်ဆံမှုကို စိတ်ထဲမရှိတာလား?
ဇောင်ယုဟွမ် ကသူမနှုတ်ခမ်းကို စေ့ထားခဲ့သည်။ ဝမ်ယောင်ချန်း ကသူမအမူအရာကို စစ်ဆေးနေပြီး သူမ တည်ငြိမ်နေတာကို ကြည့်နေခဲ့သည်။
ဝမ်ယောင်ချန်း ကရုတ်တရက် ယုံကြည်မှုမရှိတော့သလို ခံစားလိုက်ရသည်။
“ယုဟွမ်…” ဝမ်ယောင်ချန်း ကသူ့ပါးစပ်ကို ဟလိုက်သည်။
ချက်ချင်းပင် အလျင်အမြန် လျှောက်လာသည့် ခြေသံတွေကို ရုတ်တရက် ကြားလိုက်ပြီး သေနတ်တွေနဲ့ အဖြူရောင်ဝတ် အစောင့်အနည်းငယ် ကဝင်လာခဲ့သည်။
ဝမ်ယောင်ချန်း အားကြမ်းပြင်တွင် ကြမ်းတမ်းစွာ ဖိချလိုက်သည်။ ဟုန်ချန်းမင်း ကမဲမှောင်နေသည့် မျက်နှာဖြင့် ဝင်လာပြီး သူ့မျက်နှာတွင် ဒေါသတွေနဲ့ ပြည့်နေသည်။
တံခါးကို ကျော်ဝင်လာကာ သူ့ဘေးက အရှိန်အဝါတွေကို မဖုံးကွယ်ထားပေ။
“ဝမ်ယောင်ချန်း!”
ထိုအချိန်တွင် သူအတော်လေးကို ဒေါသထွက်နေသည်။ ဒီအစောင့်တွေက သူတို့ပြောခဲ့တဲ့အတိုင်း တွန့်ဆုတ်ခြင်းမရှိပဲ လုပ်လိမ့်မယ်လို့ ဝမ်ယောင်ချန်း မထင်ခဲ့ပေ။
သူ့အသိစိတ် ပြန်ရလာချိန်တွင် သူ့တစ်ကိုယ်လုံးအား ကြမ်းပြင်ပေါ်တွင် အဖိခံထားရသည်။ ကြမ်းပြင်က ကော်ဇော်ဖြစ်ပြီး ပွန်းရှတတ်တာ မဟုတ်သော်လည်း ဝမ်ယောင်ချန်း အားဒီလိုအဖိခံမှုက ရှက်ရွံ့ပြီး ဒေါသထွက်ဖို့ လုံလောက်သည်။
“မစ္စတာဟုန်!” ဝမ်ယောင်ချန်း ရဲ့အသံက သူ့လည်ချောင်းမှ ညှစ်ထုတ်လိုက်ပုံရသည်။ သူ့ဒေါသတွေကို ဖိနှိပ်ထားပြီး ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေး၊ မစ္စတာဟုန်!”
ဟုန်ချန်းမင်း ရဲ့အသံက ပိုတောင်အေးစက်နေသည်။
“မင်း ဟွမ်ဟွမ် ကိုလာလုပ်ခဲ့လဲ?”
ဝမ်ယောင်ချန်း ကအံကြိတ်လိုက်ပြီး ဟုန်ချန်းမင်း ရဲ့မေးခွန်းကို မဖြေချင်ပေ။ ဟုန်ချန်းမင်း ရဲ့ဒေါသကို ခံစားမိပေမဲ့ သူလည်း ဒေါသထွက်နေသည်။
ဟုန်ချန်းမင်း ကဘယ်လို အစ်ကိုကြီးပုံစံလဲ?
ယဉ်ကျေးမှု မရှိဘူး!
သူ့ညီမလေးရဲ့ အချစ်ကို ဖြစ်နိုင်တဲ့ နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးနေတာပဲ!
သို့သော် ဝမ်ယောင်ချန်း ရဲ့အတွေးတွေက ပြောင်းသွားသည်။
အခုချိန် ရိုးရိုးသားသား မဝန်ခံနိုင်ဘူးလား?
ထို့ကြောင့် ဝမ်ယောင်ချန်း ကအံကြိတ်ကာ ပြောလိုက်သည်။
“ငါချစ်မြတ်နိုးတဲ့ ဟွမ်ဟွမ် ကိုလာကြည့်တာ” ထိုစကားကို ဟုန်ချန်းမင်း ကြားလိုက်ချိန်တွင် သူက ပိုပြီးတော့တောင် ဒေါသထွက်လာခဲ့သည်။
ဟွမ်ဟွမ်?
ဒီလိုမျိုး မင်းခေါ်နိုင်တယ်လား?
ဝေးလွန်းတယ်၊
သူမကို ဒီလိုမျိုးခေါ်တာနဲ့ သေတဲ့အထိ အရိုက်မခံရတဲ့သူက မိန်းကလေးတွေနဲ့ ဟွမ်ဟွမ့် မိသားစုက သူတွေပဲရှိတယ်။
ဝမ်ယောင်ချန်း ကဘာထည့်တွက်နိုင်လို့လဲ?!
ဟုန်ချန်းမင်း ရဲ့မျက်နှာက မုန်တိုင်းထန်လာပြီး ဝမ်ယောင်ချန်း ကိုအေးစက်စွာ ကြည့်လိုက်သည်။
“ချစ်မြတ်နိုးတယ်? ဒါကြောင့် မင်းက ဟွမ်ဟွမ့် ရဲ့အိပ်ခန်းထဲကို ချိုးဖျက်ပြီး ဝင်ခဲ့တာလား? နောက်ပြီး ဒီလိုလုပ်တာကလည်း အစောင့်တွေ အလှည့်ပြောင်းချိန်မှာ သိသိသာသာကို လုပ်လိုက်တာလား? ဝမ်ယောင်ချန်း မင်းလိုလူက ဒါမျိုးကို သင်ယူခဲ့တာလား? အထဲကို ချိုးဖျက်ပြီးဝင်ဖို့ ဘယ်လိုရည်ရွယ်ချက်တွေ ရှိနေတာလဲ?”
ဝမ်ယောင်ချန်း ကလည်း ပြောလိုက်သည်။
“အခု ငါတို့က ရိုက်ကူနေတုန်းပဲ။ ငါတို့နှစ်ယောက်လုံးက ဧည့်သည်တွေပဲ၊ ဒါကြောင့် ဟွမ်ဟွမ် အတွက် မနက်စာယူလာပေးတာက ငါ့အမှားလား?”
အစက လီဂျင်းယွမ် ဆီမှသတိပေးခံရပြီး အခုတော့ ဟုန်ချန်းမင်း ကမျက်နှာတောင် မထောက်ပေ။ ထို့ကြောင့် ဝမ်ယောင်ချန်း ကမျက်နှာပျက်မှာကို မစိုးရိမ်တော့ပေ။
ဒါကို သူမြင်လိုက်တည်းက အတော်လေးကို ရှင်းရှင်းလင်း သိခဲ့သည်။ ဒါက သူတို့ကို ကျေနပ်အောင် လုပ်ပေးတာက အသုံးမဝင်ဘူးဆိုတာပဲ။
ဝမ်ယောင်ချန်း ကရုတ်တရက် ပိုလေးနက်သွားသည်။
“ငါနောက်ဆုံးအနေနဲ့ မင်းနဲ့ လီဂျင်းယွမ် ကိုပြောချင်တယ်။ ယုဟွမ် ကလူလွတ်တစ်ယောက်ပဲ၊ တစ်စုံတစ်ယောက်ရဲ့ အပိုင်မဟုတ်ဘူး! မင်းတို့နှစ်ယောက်က သူမမိသားစုဖြစ်လို့ ဘာမှမမှားပေမဲ့ သူမနဲ့ မိသားစုချစ်ခြင်းဆိုတာကို မင်းအသုံးချလို့မရဘူး! သူမကို လွပ်လွပ်လပ်လပ် ဒိတ်ဖို့တောင် မလွှတ်ပေးဘူး! မစ္စတာဟုန် ရှက်သလိုမခံစားရဘူးလား?”
ဟုန်ချန်းမင်း ကထိုအချိန်တွင် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူ့နှောင့်ယှက်ခြင်းက ဇောင်ယုဟွမ် အတွက် မတရားဘူးဆိုတာကို သိခဲ့သည်။
ဒါပေမဲ့ ဘာဖြစ်လဲ?
ဟုန်ချန်းမင်း ကတွေးလိုက်ပြီး အံကြိတ်လိုက်သည်။
ငါကသာ သူမနဲ့ နှစ်ပေါင်းများစွာ အတူနေပေမဲ့ တစ်ယောက်တည်းသော သူပဲ။
ငါတို့က ရှင်သန်ဖို့တွက် တစ်ယောက်နဲ့ တစ်ယောက် မှီခိုနေကြတာ…
သူ့ကို လူသိရှင်ကြားရှုံ့ချပြီး ညစ်ပတ်စွာ ကစားတော့ကော ဘာဖြစ်လဲ?
သို့သော် ဟုန်ချန်းမင်း ကဒါကို အပြင်တွင် ထုတ်မပြောရဲပေ။
ဒါက ဝမ်ယောင်ချန်း အရှေ့တွင်ဆို ပြဿနာ မရှိပေမဲ့ ဇောင်ယုဟွမ် အရှေ့တွင်တော့ မပြောနိုင်ပေ။
5.6.2021 (Sat)
……………………
Zawgyi
လီဂ်င္းယြမ္ ကအလ်င္အျမန္ပင္ သံ႐ုံးနဲ႔ ဆက္သြယ္ခဲ့သည္။ ထိုအခ်ိန္တြင္ လူတိုင္းက စားေသာက္ၿပီးသြားၾကသည္။ သူတို႔က ႏိုင္ငံျခားသားေတြ ကာကြယ္ေပးထားသည့္ ေနရာတြင္ ေဘးကင္းစြာ ေနထိုင္ခဲ့ၾကသည္။
ထို႔ေၾကာင့္ လူတိုင္းက သူတို႔စိုးရိမ္စိတ္နဲ႔ ထိတ္လန္႔မႈေတြကို ေဘးထားၿပီး ပထမဆုံးအႀကိမ္ ဘာမွစိုးရိမ္စရာမလိုပဲ လွပသည့္အရာျဖင့္ ႐ိုး႐ွင္းစြာ ထိုင္ၿပီး ဟင္းလ်ာေတြကို စားေသာက္ႏိုင္ခဲ့သည္။
ထို႔ေနာက္ ဒီရလဒ္ကလည္း မစၥတာဟုန္ ေၾကာင့္ပင္ျဖစ္သည္။ ပ႐ိုဂရမ္ ဝန္ထမ္းက ယင္ခ်ီခ်ီ လိုျဖစ္ေနမွာ ေၾကာက္မိတာေၾကာင့္ ဟုန္ခ်န္းမင္း အားဘာမွမေျပာေတာ့ေပ။
ေဇာင္ယုဟြမ္ ကဒီမွာ႐ွိေနတည္းက မစၥတာဟုန္ နဲ႔ လီဂ်င္းယြမ္ တို႔က သူမကိုသာ အဓိကထားမယ္ဆိုတာ သံသယျဖစ္စရာေတာင္ မလိုေပ။
တစ္စုံတစ္ေယာက္က သူတို႔နဲ႔ ပါဝင္လာရင္ သူတို႔က မေက်မနပ္ျဖစ္ၿပီး စိတ္အေႏွာင့္အယွက္ ျဖစ္ေစသည္။
စားေသာက္ၿပီးေနာက္ ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ အားအနားယူရန္ အေပၚထပ္သို႔ ေခၚသြားခဲ့သည္။ ဒါ႐ိုက္တာက ႐ိႈးပြဲရဲ႕ တင္းၾကပ္သြားသည့္ အစီစဥ္အား လူတိုင္းနဲ႔ေဆြးေႏြးႏိုင္ရန္ ေခၚခဲ့သည္။
အပိုင္းတစ္ပိုင္းစာက ႐ိုက္ကူးၿပီးသြားေပမဲ့ ပၪၥမအပိုင္းက ေႏွာင့္ေႏွးမွာကို စိုးရိမ္ေနၾကသည္။ အဓိကျပႆနာက ဒီအပိုင္းတြင္ ျဖစ္လာခဲ့သည္။
“႐ိုက္ကူးေရး တည္ေနရာကို ေျပာင္းဖို႔က အရမ္းေနာက္က်ေနၿပီ… ငါတို႔ၿပီးတဲ့အထိ ဘယ္လိုဆက္႐ိုက္ကူးၾကမလဲ? ဒီအျဖစ္အပ်က္ မျဖစ္ခင္တုန္းက ေတာ္ေတာ္မ်ားမ်ား ႐ိုက္ကူးခဲ့ၿပီးၿပီ။ ေနာက္ၿပီး ဒါက တည္းျဖတ္ဖို႔က နည္းပါးတယ္”
ဒါ႐ိုက္တာက လီဂ်င္းယြမ္ ကိုၾကည့္ကာ ေျပာလိုက္သည္။ လူတိုင္းက ဒီေနရာတြင္ ရပ္ေနရၿပီး တ႐ုတ္ျပည္သို႔ ခ်က္ခ်င္း မျပန္ႏိုင္ေပ။
တျခားဧည့္သည္ေတြက မပါဝင္ခ်င္ရင္ေတာင္ ပါဝင္ေနေသးသည္။ တစ္ခုတည္းေသာ ေမွ်ာ္လင့္ခ်က္က ေဇာင္ယုဟြမ္ နဲ႔ လီဂ်င္းယြမ္ တို႔ဆီမွာ ျဖစ္သည္။
ထို႔ေၾကာင့္ အဆုံးသတ္က လီဂ်င္းယြမ္ အေပၚမူတည္ေနတာ မဟုတ္ဘူးလား?
မဟုတ္ဘူး၊ ေဇာင္ယုဟြမ္ အေပၚမွာ။
မစၥေဇာင္ ကသေဘာတူတာနဲ႔ အရာအားလုံးက ႐ိုး႐ွင္းစြာနဲ႔ မစၥတာဟုန္ ကသူမအတိုင္းပဲ လိုက္ေလ်ာၿပီး လက္ခံမယ္ဆိုတာကို ဒါ႐ိုက္တာက ယုံၾကည္သည္။
ဒါ႐ိုက္တာရဲ႕ စိတ္အားထက္သန္သည့္ အၾကည့္ေအာက္တြင္ လီဂ်င္းယြမ္ ကစားပြဲေပၚတြင္ လက္ညိႇဳးျဖင့္ ေခါက္ေနၿပီး ေတြးေနခဲ့သည္။ ထို႔ေနာက္ သူက မ်က္ေမွာင္ၾကဳတ္သြားတာကို ဒါ႐ိုက္တာက ျမင္လိုက္ၿပီး ေျပာလိုက္သည္။
“ငါတို႔ မ႐ိုက္ကူးေတာ့ဘူး” အလင္းေရာင္က သူနဲ႔တစ္ဝက္ဆိုင္တယ္လို႔ ဒါ႐ိုက္တာက ခံစားလိုက္ရသည္။
သူ ဘုရားေက်ာင္းထဲမွာ ပုန္းကြယ္ေနခ်ိန္တည္းက ပိုညႇင္းပန္းႏွိပ္စက္ခံရသလို ခံစားလိုက္ရသည္။
“…မစၥတာလီ၊ မ႐ိုက္ကူးေတာ့ဘူးလား? မင္း မ႐ိုက္ကူးေတာ့ဘူးလား?”
“ဟြမ္ဟြမ္ နဲ႔ကြၽန္ေတာ္တို႔ မ႐ိုက္ကူးေတာ့ဘူး။ အစ္ကိုဟုန္ကေတာ့… သူ႕ကိုပဲ သြားေမးသင့္တယ္” လီဂ်င္းယြမ္ ကေျပာလိုက္သည္။
“မစၥေဇာင္ ကမ႐ိုက္ကူးေတာ့ဘူးလို႔ ေျပာတာလား?” ဒါ႐ိုက္တာက ေမးလိုက္သည္။
လီဂ်င္းယြမ္ ကမ်က္လုံးဖြင့္လိုက္ကာ ေႏြးေထြးေနၿပီး ေအးစက္သည့္ အလင္းေရာင္က ျဖာထြက္ေနသည္။
“႐ိုက္ကူးေရး စကတည္းက ေက်နပ္စရာေတြက ဘာမွမျဖစ္လာဘူး…” ေသခ်ာေပါက္ကို ဒီလိုေျပာတာက နည္းနည္းေတာ့ မွားေနသည္။
ပထမဆုံးအေနနဲ႔ လီဂ်င္းယြမ္ ႐ိႈးပြဲကို လာရတဲ့ ရည္႐ြယ္ခ်က္က ေဇာင္ယုဟြမ္ နဲ႔အတူတူ႐ွိဖို႔… လူႀကိဳက္မ်ားမႈ၊ ေက်ာ္ၾကားမႈ အားလုံးက ဒုတိယျဖစ္သည္။
အပိုင္းတိုင္းတြင္ လီဂ်င္းယြမ္ တကယ့္ကို ေပ်ာ္႐ႊင္သည္။ သို႔ေသာ္ အခုေတာ့… မေတာ္တဆေတြ ထပ္မၾကဳံခ်င္ေတာ့ဘူး။
သူ႕အတြက္ အဆင္ေျပေပမဲ့ ေဇာင္ယုဟြမ္ အတြက္ေတာ့ မေျပေပ။
ေနာက္ၿပီး…
လီဂ်င္းယြမ္ အၾကည့္က အနည္းငယ္ လႈပ္႐ွားသြားၿပီး ဝမ္ေယာင္ခ်န္း ကိုတိတ္ဆိတ္စြာ ၾကည့္လိုက္သည္။
ဝမ္ေယာင္ခ်န္း က ဟြမ္ဟြမ္ ကိုတကယ္ခ်စ္တာလား၊ ဒါမွမဟုတ္ သ႐ုပ္ေဆာင္မႈနဲ႔ ကင္မရာေအာက္မွာ သူ႕ကိုယ္သူ ေဖာ္ျပဖို႔လားဆိုတာ သူမသိေပ။
သူဆက္ၿပီး ဟြမ္ဟြမ္ နားကပ္ေနရင္ တစ္ေန႔မွာ သူ႕ကိုယ္သူ မထိန္းခ်ဳပ္ႏိုင္ေတာ့ပဲ ကင္မရာေအာက္မွာပဲ ဝမ္ေယာင္ခ်န္း ႐ိုက္မိလိမ့္မယ္လို႔ လီဂ်င္းယြမ္ ခံစားရသည္။
ထိုအခ်ိန္တြင္ ဝမ္ေယာင္ခ်န္း က႐ုတ္တရက္ ေႏွာက္ယွက္လာခဲ့သည္။
“ဒါက မစၥေဇာင္ ရဲ႕ဆုံးျဖတ္ခ်က္လား? မစၥတာလီ က မစၥေဇာင္ ရဲ႕ဆႏၵကို ေမးခဲ့တာလား?” လီဂ်င္းယြမ္ ရဲ႕အၾကည့္ေတြက ပိုေအးစက္သြားသည္။
တစ္ဖက္တြင္ ေဇာင္ယုဟြမ္ ကအေပၚထပ္ကို တက္သြားကာ အိပ္ခန္းထဲ ဝင္လိုက္သည္။
ဟုန္ခ်န္းမင္း : “ေရခ်ိဳးခန္းထဲမွာ အဝတ္ေတြနဲ႔ သန္႔႐ွင္းတဲ့ ဆပ္ျပာေတြ႐ွိတယ္။ ခဏေလာက္ အိပ္ခ်င္လား?”
သိပ္မၾကာခင္က ဖုန္းေခၚခဲ့ၿပီး ဆက္သြယ္ေရးတြင္ ျပႆနာ႐ွိေနသည္။ ဒါ့ေၾကာင့္ သူက တူရကီ ေတြအား အဝတ္ေတြ၊ ေရခ်ိဳးဆပ္ျပာနဲ႔ လိုအပ္သည့္ ဟင္းလ်ာေတြကို ျပင္ဆင္ထားဖို႔ ႐ွင္းျပခဲ့သည္။
ဒီေလာက္ အမ်ားႀကီးကို ေျပာဖို႔က ၅/၆ မိနစ္သာ ၾကာသည္။
ေဇာင္ယုဟြမ္ ကေခါင္းညိတ္ၿပီး အိပ္ရာေစာင္းတြင္ ထိုင္လိုက္သည္။ အိပ္ရာပတ္လည္တြင္ ကန္႔လန္႔ကာ႐ွိသည္။
ထိုေနရာတြင္ ထိုင္ေနၿပီး ေဇာင္ယုဟြမ္ က႐ွက္တာေၾကာင့္ မၾကည့္ရဲပဲ သူမ ပင္ပန္းေနတာေၾကာင့္ အရာအားလုံးက ပိုလွေနတာ ျဖစ္ႏိုင္တယ္လို႔ ေတြးလိုက္သည္။
ဟုန္ခ်န္းမင္း ကသူမကို ၾကည့္လိုက္ၿပီးေနာက္ ထြက္သြားခဲ့သည္။ သို႔ေသာ္ ေဇာင္ယုဟြမ္ ကလွမ္းေခၚလိုက္ၿပီး တားလိုက္သည္။
“အစ္ကိုခ်န္းမင္း”
ဟုန္ခ်န္းမင္း ကရပ္လိုက္ၿပီးေနာက္ လွည့္လိုက္သည္။ ေဇာင္ယုဟြမ္ ကသူ႕အား လွမ္းၾကည့္လိုက္ၿပီး အိပ္ရာကို ပုတ္ျပလိုက္သည္။
ဟုန္ခ်န္းမင္း ရဲ႕မ်က္ေတာင္က အနည္းငယ္ လႈပ္႐ွားသြားၿပီး သူ႕လည္ေခ်ာင္းက ႐ုတ္တရက္ ေျခာက္ေသြ႕ၿပီး ပူေလာင္လာသည္။
ပတ္ဝန္းက်င္က ဆူညံသံေတြက ေလ်ာ့ပါးသြားၿပီး သူ႕ႏွလုံးခုံသံကိုသာ ၾကားေနရသည္။
…သူမ ဘာကိုဆိုလိုတာလဲ?
ဟုန္ခ်န္းမင္း ရဲ႕ဦးေႏွာက္က အလုပ္မလုပ္ႏိုင္ေတာ့ေပ။
“ဒီလာ” ေဇာင္ယုဟြမ္ ကသူ႕ကို ၾကည့္ကာ ေျပာလိုက္သည္။
ဘာေၾကာင့္ သစ္သားလိုမ်ိဳး ရပ္ေနရတာလဲ?
ေဇာင္ယုဟြမ္ ကအကူအညီမဲ့စြာျဖင့္ ေျပာလိုက္သည္။
“အစ္ကိုခ်န္းမင္း မပင္ပန္းဘူးလား? ဒါဆို အဲ့မွာပဲ ရပ္ေနလို႔ရတယ္”
ဟုန္ခ်န္းမင္း က႐ုတ္တရက္ အသိျပန္ဝင္သြားၿပီး ဘာမွမေတြးေတာ့ပဲ ေျခႏွစ္လွမ္းနဲ႔တင္ ေဇာင္ယုဟြမ္ ေဘးကိုေရာက္သြားသည္။ ထို႔ေနာက္ သူမေဘးတြင္ ထိုင္ခ်လိုက္သည္။
ေဇာင္ယုဟြမ္ ရဲ႕ခႏၶာကိုယ္မွ ေရေမႊးနံ႔အေဖ်ာ့ေလးက ဟုန္ခ်န္းမင္း ရဲ႕ႏွာေခါင္းဝတြင္ ရလိုက္ၿပီး သူ႕အား စေနာက္ေနပုံေပၚသည္။ ဟုန္ခ်န္းမင္း ရဲ႕အသက္႐ႈသံက သတိလက္လြတ္ပင္ ပိုျပင္းလာခဲ့သည္။
“အစ္ကိုခ်န္းမင္း ဒီေနရာကို ဘယ္တုန္းက ေရာက္ဖူးတာလဲ? တကၠသိုလ္တုန္းကလား?” ေဇာင္ယုဟြမ္ ကေခါင္းေစာင္းကာ သူ႕ကို ၾကည့္လိုက္သည္။
“အျပင္ဘက္က ႏိုင္ငံျခားသားက ဘယ္လိုေခၚလဲ?”
ဟုန္ခ်န္းမင္း ရဲ႕ပ်ံ႕က်ဲေနသည့္ အေတြးေတြက ခ်က္ခ်င္းပဲ စုစည္းသြားသည္။
“…အင္း၊ အဲ့ဒါက ၾကာၿပီ။ ေနာက္ၿပီး အဲ့လူက အေရးႀကီးပုဂၢိဳလ္ မဟုတ္ပါဘူး”
ဟုန္ခ်န္းမင္း ကတခ်ိဳ႕ကိုသာ ေျပာၿပီး တခ်ိဳ႕အမွန္တရားေတြကို ဖုံးကြယ္ထားဖို႔ ေ႐ြးခ်ယ္လိုက္သည္။
ေဇာင္ယုဟြမ္ ကမ်က္ခုံးပင့္လိုက္သည္။ သို႔ေသာ္ ဒါက အရမ္းေကာင္းတယ္။ အနည္းဆုံးေတာ့ သူက အကုန္လုံး ဖုံးကြယ္ထားၿပီး သူမကို ဘာမွမေျပာတေတာ့ မဟုတ္ဘူး။
“ဟြမ္ဟြမ္ မသိေသးတဲ့ တျခားအရာေတြ ႐ွိေသးလား? အစ္ကိုခ်န္းမင္း ေျပာျပမွာလား၊ ဒါမွမဟုတ္ ဟြမ္ဟြမ္ ေမးရမွာလား?” ေဇာင္ယုဟြမ္ ကထပ္ေျပာလိုက္သည္။
ဟုန္ခ်န္းမင္း ရဲ႕အၾကည့္က ေဇာင္ယုဟြမ္ ရဲ႕အမူအရာေပၚ ေရာက္သြားသည္။ သူမက သူ႕အား ႐ိုးသားသည့္ အၾကည့္ျဖင့္ ၾကည့္ေနခဲ့သည္။
ဒီလိုအၾကည့္ကို ဟုန္ခ်န္းမင္း ကဘယ္လိုလုပ္ၿပီး ခုခံႏိုင္မွာလဲ?
ဒါ့အျပင္ သူမက သူ႕အား “အစ္ကိုခ်န္းမင္း”လို႔ ေခၚလိုက္တာနဲ႔ မခုခံႏိုင္ေတာ့ေပ။
“အရင္တုန္းက သေဘာတူညီမႈအတြက္ မစၥတာခ်န္း နဲ႔ေရာက္ဖူးတယ္။ ေနာက္တစ္ခါေတြက သိပ္… အခုေတာ့ ငါ့နာမည္နဲ႔”
“ႏိုင္ငံျခားသားက ေကာ့ပ္။ သူက မကၠဆီကန္လူမ်ိဳး။ သူ႕လက္ေအာက္က လူေတြက ေၾကးစားသမားေတြ။ ငါက သူတို႔သူေဌးျဖစ္လို႔ သူတို႔ကို ငွားလိုက္တာ…”
ဟုန္ခ်န္းမင္း ကအရာအားလုံးကို ႐ွင္းျပေသာ္လည္း တခ်ိဳ႕အပိုင္းေတြက သိပ္မ႐ွင္းေပ။
ဥပမာ…
“ေရတိုလား? ဒါမွမဟုတ္ အစ္ကိုခ်န္းမင္း ကသူတို႔ကို ေရ႐ွည္ငွားထားတာလား?” ေဇာင္ယုဟြမ္ ကေမးလိုက္သည္။
ဟုန္ခ်န္းမင္း ကခဏေလာက္ တိတ္ဆိတ္ေနခဲ့သည္။
“ေရ႐ွည္”
“သူတို႔က အျမန္ေရာက္လာတာ အံ့ဩစရာမ႐ွိပါဘူး” ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္သည္။
ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ရဲ႕အမူအရာကို ဂ႐ုတစိုက္ ၾကည့္ေနခဲ့ၿပီးေနာက္ ေျပာလိုက္သည္။
“ငါ မေကာင္းတာ ဘာမွမလုပ္ပါဘူး” ေဇာင္ယုဟြမ္ ကရယ္လိုက္သည္။
“အစ္ကိုခ်န္းမင္း ကမေကာင္းတာ မလုပ္ဘူးဆိုတာ ဟြမ္ဟြမ္ သိပါတယ္”
ဟုန္ခ်န္းမင္း ကတိတ္ဆိတ္စြာျဖင့္ သက္ျပင္းခ်လိုက္ၿပီး သူ႕ႏႈတ္ခမ္းေထာင့္ အျပဳံးေလးက ေပၚလာခဲ့သည္။
“အင္း၊ ဥပေဒအရပဲ”
“လူသားေတြက အေျခခံစည္းမ်ည္းေတြ ႐ွိသင့္တယ္” ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္သည္။ ေျပာေနၿပီးေနာက္ သူမအသံက ေျပာင္းသြားသည္။
“အစ္ကိုခ်န္းမင္း ဆိုး႐ြားတာ တစ္ခုခု လုပ္ခဲ့ရင္ ဟြမ္ဟြမ္ ကတားႏိုင္မွာေတာင္ မဟုတ္ဘူး။ အနာဂတ္မွာ အစ္ကိုခ်န္းမင္း ကမွားယြင္းတဲ့ အျပဳအမူေတြ ဘာေတြပဲလုပ္လုပ္ ဟြမ္ဟြမ့္ ကိုမသိေစခ်င္သ၍ ဒါက ေက်ာ္သြားမွာပဲ။ ဒါေပမဲ့ တစ္ေန႔မွာ ဟြမ္ဟြမ္ ႐ွာေတြ႕ခဲ့ရင္…” ေဇာင္ယုဟြမ္ ကေခါင္းခါလိုက္သည္။
“ဒါဆိုရင္ အနာဂတ္႐ွိမွာ မဟုတ္ေတာ့ဘူး”
ထိုစကားကို ၾကားလိုက္ၿပီး ဟုန္ခ်န္းမင္း ကစိတ္သက္သာသလို မခံစားလိုက္ရေပ။ အနာဂတ္မွာ မွားယြင္းတဲ့ အျပဳအမူေတြ ဘာပဲလုပ္လုပ္…
မွားယြင္းတဲ့ အျပဳအမူေတြ….
မွားယြင္းတဲ့ အျပဳအမူမွာ ဘာေတြပါလဲ?
လူသတ္တာတို႔၊ မီး႐ိႈ႕တာတို႔ အဲ့လိုမ်ိဳးလား?
အေသးအဖြဲ တစ္ခုခု…
သူမ ဝမ္ေယာင္ခ်န္း နဲ႔ဒိတ္တာကေန တားဆီးဖို႔လုပ္တဲ့ အရာေတြကိုေကာ ထည့္တြက္လား?
“အစ္ကိုခ်န္းမင္း ဘာေၾကာင့္ စကားမေျပာေတာ့တာလဲ?” ေဇာင္ယုဟြမ္ ကအံ့ဩစြာျဖင့္ ၾကည့္လိုက္သည္။
“အစ္ကိုခ်န္းမင္း တကယ္ပဲ ဆိုး႐ြားတာ တစ္ခုခု လုပ္ခ်င္လို႔လား?”
“မဟုတ္ပါဘူး” ဟုန္ခ်န္းမင္း ရဲ႕အမူအရာက ပုံမွန္ျပန္ျဖစ္သြားခဲ့သည္။
ေဇာင္ယုဟြမ္ ကသူ႕မ်က္ႏွာအား အခ်ိန္ခဏေလာက္ ေသခ်ာ ၾကည့္ေနခဲ့ေပမဲ့ ဘာသဲလြန္စမွ ႐ွာမေတြ႕ေပ။ သူက တကယ္ပဲ သူ႕ဘာသာ ေနတက္တယ္လို႔ သူမစိတ္ထဲတြင္ ေရ႐ြတ္လိုက္သည္။
“ဒါဆိုေကာင္းၿပီ။ ေမးစရာထပ္မ႐ွိေတာ့ဘူး”
ေဇာင္ယုဟြမ္ ကေရခ်ိဳးဖို႔တာင္ အေတာ္ေလး ပ်င္းရိေနသည္။ သူမဖိနပ္ကို ကန္ထုတ္လိုက္ၿပီး ေျခေထာက္ေတြကို အိပ္ရာေပၚတင္လိုက္သည္။
“အစ္ကိုခ်န္းမင္း အခုသြားလို႔ရၿပီ” ဟုန္ခ်န္းမင္း ရဲ႕အသံက ေျပာင္းသြားသည္။
“…ေမးစရာ ထပ္မ႐ွိေတာ့ဘူးလား?”
“အင္း၊ မ႐ွိေတာ့ဘူး။ အစ္ကိုခ်န္းမင္း က ဟြမ္ဟြမ့္ ကိုဘာမွဖုံးကြယ္မထားပဲ တည့္ထိုး ႐ွင္းျပလို႔ ဟြမ္ဟြမ့္ မွာတျခား ေမးစရာ မ႐ွိေတာ့ဘူး။ ေနာက္ၿပီး အစ္ကိုခ်န္းမင္း က ဟြမ္ဟြမ့္ ကိုနာက်င္ေအာင္ မလုပ္ဘူးမလား?”
ဟုန္ခ်န္းမင္း ရဲ႕ႏွလုံးသားက ႏူးညံ့သြားသည္။ “မလုပ္ဘူး”
“အင္း၊ ဒါဆို ျပႆနာမ႐ွိဘူး” ေဇာင္ယုဟြမ္ ကလွဲခ်လိုက္သည္။
ဟုန္ခ်န္းမင္း ရဲ႕ပါးစပ္က လႈပ္႐ွားသြားေပမဲ့ အဆုံးတြင္ ဘာမွမေျပာေတာ့ေပ။ သူက ထရပ္လိုက္ၿပီး ေလွ်ာက္သြားလိုက္သည္။
သို႔ေသာ္ သူ႕ႏွလုံးသားတြင္ မေျပာႏိုင္သည့္ အရာေတြက ထြက္လာခဲ့သည္။
ဒါဆို သူ႕ကိုေခၚတာက ဘာအခ်က္ေၾကာင့္လဲ?
ဒါက စကားနည္းနည္းေလးေၾကာင့္၊ စကားလုံး နည္းနည္းေလးေၾကာင့္ေပါ့…
သူ ေနခ်င္ေသးတယ္။
ဒီအေတြးေတြက ဟုန္ခ်န္းမင္း ရဲ႕ဦးေႏွာက္ထဲတြင္ ႐ုတ္တရက္ ေပၚလာခဲ့သည္။ ဟုန္ခ်န္းမင္း ကလွည့္လိုက္ကာ ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္သည္။
ေဇာင္ယုဟြမ္ ကေစာင္ထဲတြင္ ေကြးေနၿပီး ေျခေထာက္ေတြကေတာ့ ထြက္ေနသည္။ သူမက နီညိဳေရာင္ ေျခအိတ္ကို ဝတ္ထားသည္။
ဟုန္ခ်န္းမင္း ကသြားလိုက္ၿပီး သူမကို ေစာင္ဖုံးေပးခ်င္သည္။ သို႔ေသာ္ ဒါက မလုံေလာက္ေပ။
ဟုန္ခ်န္းမင္း ကသူ႕လက္ေတြကို ေကြးလိုက္ၿပီး သူ႕အမူအရာက နည္းနည္း ေျပာင္းသြားၿပီး သူ႕ႏွလုံးသားထဲတြင္ ႀကီးမားလိႈင္းက ျမင့္တက္လာခဲ့သည္။
သူေနခ်င္တယ္၊ သူမေဘးမွာ လွဲေလ်ာင္းေနခ်င္တယ္၊ သူမကို သူ႕လက္ေမာင္းထဲမွာ ေပြ႕ဖက္ထားခ်င္တယ္။
ဟုန္ခ်န္းမင္း ကသူ႕ႏႈတ္ခမ္းေတြကို တင္းတင္းေစ့ထားၿပီး ေလွ်ာက္သြားလိုက္သည္။ ႐ုတ္တရက္ ေပၚလာသည့္ ညစ္ညမ္းသည့္ အေတြးေတြကေန ႐ွက္သလို ခံစားရေပမဲ့ စိတ္ဆႏၵေတြက အလ်င္အျမန္ပင္ ႐ွင္းလင္းလိုက္သည္။
သူ႕ႏွလုံးခုံႏႈန္းက ခ်က္ခ်င္းပင္ အျမင့္ဆုံးကို ေရာက္လာသည္။ အနာဂတ္မွာ အစ္ကိုခ်န္းမင္း ကမွားယြင္းတဲ့ အျပဳအမူေတြ ဘာပဲလုပ္လုပ္ ဟြမ္ဟြမ့္ ကိုမသိေစနဲ႔။
ေဇာင္ယုဟြမ္ ရဲ႕အသံက ဟုန္ခ်န္းမင္း ရဲ႕စိတ္ထဲ ပဲ့တင္လာခဲ့သည္။
ေဇာင္ယုဟြမ္ ႏိုးလာခ်ိန္တြင္ ပထမဆုံး ျမင္လိုက္သူက ဟုန္ခ်န္းမင္း ေကာ လီဂ်င္းယြမ္ ေကာမဟုတ္ပဲ ဝမ္ေယာင္ခ်န္း ျဖစ္ေနသည္။
“ယုဟြမ္၊ ႏိုးလာၿပီလား?” ဝမ္ေယာင္ခ်န္း ကသူမကို ေႏြးေထြးစြာ ျပဳံးျပလိုက္သည္။
ေဇာင္ယုဟြမ္ ကခဏေလာက္ ထိတ္လန္႔သြားကာ သူမ အိမ္မက္မက္ေနတာလို႔ ေတြးလိုက္သည္။
တစ္ေန႔တြင္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔အား သူမနဲ႔ ခြဲျခားေနၿပီး သူမဘာသာ ေနမယ္လို႔ ေတြးခဲ့သည္။ သို႔ေသာ္ သူမ မ်က္လုံးဖြင့္လိုက္လို႔ သူမေ႐ွ႕က မရင္းႏွီးသည့္ မ်က္ႏွာကို ျမင္လိုက္တာက ေဇာင္ယုဟြမ္ ကိုလန္႔သြားေစသည္။
“အင္း”
ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္ၿပီး နည္းနည္းေတာ့ ေအးစက္ေနသည္။ သို႔ေသာ္ ဝမ္ေယာင္ခ်န္း ကဒါကို သတိမျပဳမိပဲ အိပ္ေရးမဝတာလို႔သာ သတ္မွတ္လိုက္သည္။
ျပဳံးကာ ေျပာလိုက္သည္။ “ယုဟြမ္ ကိုျမင္ခ်င္လို႔။ ယုဟြမ္ ေကာင္းေကာင္း အနားယူခဲ့လား? ဒီေန႔ ကိုယ္တို႔ ျပန္ႏိုင္ၿပီ”
ေဇာင္ယုဟြမ္ ကတျဖည္းျဖည္း ထထိုင္လိုက္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။
“မစၥတာဝမ္ ဘယ္လိုဝင္လာတာလဲ?”
ဝမ္ေယာင္ခ်န္း ကရပ္သြားသည္။
“ကိုယ္ မနက္စာ စားၿပီးေတာ့ ယုဟြမ္ မစားရေသးတာ ေတြးမိလို႔ လာေခၚတာ” ဒါက ေဝ့လည္ေၾကာင္ပတ္လုပ္တာ သိသာသည္။
ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕စိတ္ကို သိသည္။ သူတို႔က ဝမ္ေယာင္ခ်န္း ကိုေႏွာင့္ယွက္ခဲ့သည္။
အခုေတာ့ သူတို႔ႏွစ္ေယာက္က ဒီမွာမ႐ွိပဲ ဝမ္ေယာင္ခ်န္း ကအခြင့္အေရးယူလိုက္သည္။ ထို႔ေၾကာ္င့ ေဇာင္ယုဟြမ္ ကဆက္မေမးေတာ့ပဲ ေခါင္းညိတ္လိုက္သည္။
“…အာ” ဝမ္ေယာင္ခ်န္း ကေဘးဘက္ကို လက္ညိႇဳးထိုးလိုက္သည္။
“မနက္စာ ကိုယ္ဝယ္ခဲ့တယ္”
ေဇာင္ယုဟြမ္ : “အို”
ေဇာင္ယုဟြမ္ ကနည္းနည္း ထူးဆန္းေနတယ္လို႔ ခံစားလိုက္ရသည္။ သူက သိသိသာသာကို သူမအေပၚ ၾကင္နာေပးေနေပမဲ့ သူမက မေပ်ာ္႐ႊင္ေပ။
သူမအျပဳအမူေတြက တည္ၿငိမ္ေနၿပီး… အရမ္းတည္ၿငိမ္ေနၿပီး ေပ်ာ္႐ႊင္မႈမ႐ွိတာကို ခံစားႏိုင္သည္။
အရင္က ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က သူမအေပၚ အရမ္းေကာင္းေပးတာေၾကာင့္လား?
ဒါ့ေၾကာင့္ သူမက ဒီလိုဆက္ဆံမႈကို စိတ္ထဲမ႐ွိတာလား?
ေဇာင္ယုဟြမ္ ကသူမႏႈတ္ခမ္းကို ေစ့ထားခဲ့သည္။ ဝမ္ေယာင္ခ်န္း ကသူမအမူအရာကို စစ္ေဆးေနၿပီး သူမ တည္ၿငိမ္ေနတာကို ၾကည့္ေနခဲ့သည္။
ဝမ္ေယာင္ခ်န္း က႐ုတ္တရက္ ယုံၾကည္မႈမ႐ွိေတာ့သလို ခံစားလိုက္ရသည္။
“ယုဟြမ္…” ဝမ္ေယာင္ခ်န္း ကသူ႕ပါးစပ္ကို ဟလိုက္သည္။
ခ်က္ခ်င္းပင္ အလ်င္အျမန္ ေလွ်ာက္လာသည့္ ေျခသံေတြကို ႐ုတ္တရက္ ၾကားလိုက္ၿပီး ေသနတ္ေတြနဲ႔ အျဖဴေရာင္ဝတ္ အေစာင့္အနည္းငယ္ ကဝင္လာခဲ့သည္။
ဝမ္ေယာင္ခ်န္း အားၾကမ္းျပင္တြင္ ၾကမ္းတမ္းစြာ ဖိခ်လိုက္သည္။ ဟုန္ခ်န္းမင္း ကမဲေမွာင္ေနသည့္ မ်က္ႏွာျဖင့္ ဝင္လာၿပီး သူ႕မ်က္ႏွာတြင္ ေဒါသေတြနဲ႔ ျပည့္ေနသည္။
တံခါးကို ေက်ာ္ဝင္လာကာ သူ႕ေဘးက အ႐ွိန္အဝါေတြကို မဖုံးကြယ္ထားေပ။
“ဝမ္ေယာင္ခ်န္း!”
ထိုအခ်ိန္တြင္ သူအေတာ္ေလးကို ေဒါသထြက္ေနသည္။ ဒီအေစာင့္ေတြက သူတို႔ေျပာခဲ့တဲ့အတိုင္း တြန္႔ဆုတ္ျခင္းမ႐ွိပဲ လုပ္လိမ့္မယ္လို႔ ဝမ္ေယာင္ခ်န္း မထင္ခဲ့ေပ။
သူ႕အသိစိတ္ ျပန္ရလာခ်ိန္တြင္ သူ႕တစ္ကိုယ္လုံးအား ၾကမ္းျပင္ေပၚတြင္ အဖိခံထားရသည္။ ၾကမ္းျပင္က ေကာ္ေဇာ္ျဖစ္ၿပီး ပြန္း႐ွတတ္တာ မဟုတ္ေသာ္လည္း ဝမ္ေယာင္ခ်န္း အားဒီလိုအဖိခံမႈက ႐ွက္႐ြံ႕ၿပီး ေဒါသထြက္ဖို႔ လုံေလာက္သည္။
“မစၥတာဟုန္!” ဝမ္ေယာင္ခ်န္း ရဲ႕အသံက သူ႕လည္ေခ်ာင္းမွ ညႇစ္ထုတ္လိုက္ပုံရသည္။ သူ႕ေဒါသေတြကို ဖိႏွိပ္ထားၿပီး ေျပာလိုက္သည္။
“ေက်းဇူးျပဳၿပီး ငါ့ကို လႊတ္ေပး၊ မစၥတာဟုန္!”
ဟုန္ခ်န္းမင္း ရဲ႕အသံက ပိုေတာင္ေအးစက္ေနသည္။
“မင္း ဟြမ္ဟြမ္ ကိုလာလုပ္ခဲ့လဲ?”
ဝမ္ေယာင္ခ်န္း ကအံႀကိတ္လိုက္ၿပီး ဟုန္ခ်န္းမင္း ရဲ႕ေမးခြန္းကို မေျဖခ်င္ေပ။ ဟုန္ခ်န္းမင္း ရဲ႕ေဒါသကို ခံစားမိေပမဲ့ သူလည္း ေဒါသထြက္ေနသည္။
ဟုန္ခ်န္းမင္း ကဘယ္လို အစ္ကိုႀကီးပုံစံလဲ?
ယဥ္ေက်းမႈ မ႐ွိဘူး!
သူ႕ညီမေလးရဲ႕ အခ်စ္ကို ျဖစ္ႏိုင္တဲ့ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ တားဆီးေနတာပဲ!
သို႔ေသာ္ ဝမ္ေယာင္ခ်န္း ရဲ႕အေတြးေတြက ေျပာင္းသြားသည္။
အခုခ်ိန္ ႐ိုး႐ိုးသားသား မဝန္ခံႏိုင္ဘူးလား?
ထို႔ေၾကာင့္ ဝမ္ေယာင္ခ်န္း ကအံႀကိတ္ကာ ေျပာလိုက္သည္။
“ငါခ်စ္ျမတ္ႏိုးတဲ့ ဟြမ္ဟြမ္ ကိုလာၾကည့္တာ” ထိုစကားကို ဟုန္ခ်န္းမင္း ၾကားလိုက္ခ်ိန္တြင္ သူက ပိုၿပီးေတာ့ေတာင္ ေဒါသထြက္လာခဲ့သည္။
ဟြမ္ဟြမ္?
ဒီလိုမ်ိဳး မင္းေခၚႏိုင္တယ္လား?
ေဝးလြန္းတယ္၊
သူမကို ဒီလိုမ်ိဳးေခၚတာနဲ႔ ေသတဲ့အထိ အ႐ိုက္မခံရတဲ့သူက မိန္းကေလးေတြနဲ႔ ဟြမ္ဟြမ့္ မိသားစုက သူေတြပဲ႐ွိတယ္။
ဝမ္ေယာင္ခ်န္း ကဘာထည့္တြက္ႏိုင္လို႔လဲ?!
ဟုန္ခ်န္းမင္း ရဲ႕မ်က္ႏွာက မုန္တိုင္းထန္လာၿပီး ဝမ္ေယာင္ခ်န္း ကိုေအးစက္စြာ ၾကည့္လိုက္သည္။
“ခ်စ္ျမတ္ႏိုးတယ္? ဒါေၾကာင့္ မင္းက ဟြမ္ဟြမ့္ ရဲ႕အိပ္ခန္းထဲကို ခ်ိဳးဖ်က္ၿပီး ဝင္ခဲ့တာလား? ေနာက္ၿပီး ဒီလိုလုပ္တာကလည္း အေစာင့္ေတြ အလွည့္ေျပာင္းခ်ိန္မွာ သိသိသာသာကို လုပ္လိုက္တာလား? ဝမ္ေယာင္ခ်န္း မင္းလိုလူက ဒါမ်ိဳးကို သင္ယူခဲ့တာလား? အထဲကို ခ်ိဳးဖ်က္ၿပီးဝင္ဖို႔ ဘယ္လိုရည္႐ြယ္ခ်က္ေတြ ႐ွိေနတာလဲ?”
ဝမ္ေယာင္ခ်န္း ကလည္း ေျပာလိုက္သည္။
“အခု ငါတို႔က ႐ိုက္ကူေနတုန္းပဲ။ ငါတို႔ႏွစ္ေယာက္လုံးက ဧည့္သည္ေတြပဲ၊ ဒါေၾကာင့္ ဟြမ္ဟြမ္ အတြက္ မနက္စာယူလာေပးတာက ငါ့အမွားလား?”
အစက လီဂ်င္းယြမ္ ဆီမွသတိေပးခံရၿပီး အခုေတာ့ ဟုန္ခ်န္းမင္း ကမ်က္ႏွာေတာင္ မေထာက္ေပ။ ထို႔ေၾကာင့္ ဝမ္ေယာင္ခ်န္း ကမ်က္ႏွာပ်က္မွာကို မစိုးရိမ္ေတာ့ေပ။
ဒါကို သူျမင္လိုက္တည္းက အေတာ္ေလးကို ႐ွင္း႐ွင္းလင္း သိခဲ့သည္။ ဒါက သူတို႔ကို ေက်နပ္ေအာင္ လုပ္ေပးတာက အသုံးမဝင္ဘူးဆိုတာပဲ။
ဝမ္ေယာင္ခ်န္း က႐ုတ္တရက္ ပိုေလးနက္သြားသည္။
“ငါေနာက္ဆုံးအေနနဲ႔ မင္းနဲ႔ လီဂ်င္းယြမ္ ကိုေျပာခ်င္တယ္။ ယုဟြမ္ ကလူလြတ္တစ္ေယာက္ပဲ၊ တစ္စုံတစ္ေယာက္ရဲ႕ အပိုင္မဟုတ္ဘူး! မင္းတို႔ႏွစ္ေယာက္က သူမမိသားစုျဖစ္လို႔ ဘာမွမမွားေပမဲ့ သူမနဲ႔ မိသားစုခ်စ္ျခင္းဆိုတာကို မင္းအသုံးခ်လို႔မရဘူး! သူမကို လြပ္လြပ္လပ္လပ္ ဒိတ္ဖို႔ေတာင္ မလႊတ္ေပးဘူး! မစၥတာဟုန္ ႐ွက္သလိုမခံစားရဘူးလား?”
ဟုန္ခ်န္းမင္း ကထိုအခ်ိန္တြင္ အျပစ္႐ွိသလို ခံစားလိုက္ရသည္။ သူ႕ေႏွာင့္ယွက္ျခင္းက ေဇာင္ယုဟြမ္ အတြက္ မတရားဘူးဆိုတာကို သိခဲ့သည္။
ဒါေပမဲ့ ဘာျဖစ္လဲ?
ဟုန္ခ်န္းမင္း ကေတြးလိုက္ၿပီး အံႀကိတ္လိုက္သည္။
ငါကသာ သူမနဲ႔ ႏွစ္ေပါင္းမ်ားစြာ အတူေနေပမဲ့ တစ္ေယာက္တည္းေသာ သူပဲ။
ငါတို႔က ႐ွင္သန္ဖို႔တြက္ တစ္ေယာက္နဲ႔ တစ္ေယာက္ မွီခိုေနၾကတာ…
သူ႕ကို လူသိ႐ွင္ၾကား႐ႈံ႕ခ်ၿပီး ညစ္ပတ္စြာ ကစားေတာ့ေကာ ဘာျဖစ္လဲ?
သို႔ေသာ္ ဟုန္ခ်န္းမင္း ကဒါကို အျပင္တြင္ ထုတ္မေျပာရဲေပ။
ဒါက ဝမ္ေယာင္ခ်န္း အေ႐ွ႕တြင္ဆို ျပႆနာ မ႐ွိေပမဲ့ ေဇာင္ယုဟြမ္ အေ႐ွ႕တြင္ေတာ့ မေျပာႏိုင္ေပ။
5.6.2021 (Sat)
……………………
[text_hash] => b1d7d648
)