Array
(
[text] =>
Unicode
ဂူယူလင်း က ဇောင်ယုဟွမ် အနားကို ဆက်တိုးလိုက်သည်။ ဇောင်ယုဟွမ် ကနည်းနည်း အံ့ဩသွားပေမဲ့ အလျင်အမြန်ပင် တုန့်ပြန်လိုက်သည်။ ချောကလက် ပေးထားသည့် ကျေးဇူးဖြင့် သူမက လက်ကိုမြှောက်လိုက်ပြီး ဂူယူလင်း ရဲ့ပုခုံးပေါ် တင်လိုက်ပြီး ပြောလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ မစိုးရိမ်ပါနဲ့”
သူမ ပြောပြီးနောက် ဇောင်ယုဟွမ် ကသူမအပြုအမူက ကောင်လေး အပြုအမူနဲ့ တူနေတယ်လို့ ခံစားလိုက်ရသည်။ လီဂျင်းယွမ် ကသူတို့ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော် သွားကြည့်လိုက်မယ်” ဟုန်ချန်းမင်း ကအလျင်အမြန်ပင် ပြောလိုက်သည်။
“ငါပဲသွားလိုက်မယ်” လီဂျင်းယွမ် ကရပ်လိုက်ပြီး ဘာကြောင့်မှန်း မသိရပဲ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ဒါဆို အစ်ကိုဟုန် သွားလိုက်။ ငါဒီမှာ နေပြီး ဟွမ်ဟွမ် ကိုကာကွယ်ထားမယ်”
ဝမ်ယောင်ချန်း ကသူ့ပါးစပ်ကို ထပ်ဟလိုက်ပေမဲ့ အဆုံးတွင်တော့ ပြန်ပိတ်လိုက်ရသည်။ သူဖြတ်ဝင်နိုင်ဖို့ ဘာအခန်းမှ မရှိပေ။
ဝမ်ယောင်ချန်း ကခေါင်းငုံ့လိုက်ပြီး သူ့အကြည့်ထဲမှ ထူးဆန်းနေမှုကို ဖုံးကွယ်လိုက်သည်။ သူ ရေသွားယူစဉ် ဟုန်ချန်းမင်း ကအလျင်အမြန်ပဲ ပြန်ရောက်လာခဲ့သည်။ သူက ဇောင်ယုဟွမ် ဘေးကိုလျှောက်သွားပြီး တခြားသူတွေကို လှည့်ပြောခဲ့သည်။
“ငါတို့ကို လာခေါ်ဖို့ ရောက်လာကြတာ” လူတိုင်းက စိတ်သက်ရာရသွားကြသည်။
ဒါရိုက်တာ ကလည်း သက်ပြင်းချလိုက်ပြီး ဟုန်ချန်းမင်း အနားကို အလျင်အမြန် လျှောက်လာပြီး မေးလိုက်သည်။
“သူတို့က သံရုံကလား? ဒါမှမဟုတ်…”
ဟုန်ချန်းမင်း : “သံရုံးက မဟုတ်ဘူး”
လီဂျင်းယွမ် ကထပ်ပေါင်း ပြောလိုက်သည်။
“ဒီအချိန်မှာ စစ်တပ်ဘက်က အားကြီးလို့ သံရုံးက သူတို့ကို လျစ်လျူမရှုထားရဲကြဘူး။ နောက်ပြီး ဒီမှာပိတ်မိနေကြတဲ့ ရာချီတဲ့ တရုတ်ခရီးသွားတွေလည်း ရှိနေလို့ လျစ်လျူရှုပြီး ဒီကိုအရင်လာခေါ်တာ”
ထို့နောက် ဒီမှာက တစ်ဒါဇင်လောက်သာ ရှိသည်။ ဒါရိုက်တာ ကအလျင်အမြန် ခေါင်းညိတ်လိုက်သည်။
“ဒါဆို ငါတို့ကို လာခေါ်တဲ့လူတွေက…” ဟုန်ချန်းမင်း ကမဖြေပဲ အရင်ဆုံး ထိုကင်မရာသမားကို ကြည့်လိုက်သည်။
“သူတို့ ထပ်ပြီးရိုက်ကူးလို့မရဘူး”
ဒါရိုက်တာက ချက်ချင်းပဲ နားလည်လိုက်ပြီး တချို့အရာတွေက ရိုက်ကူးလို့ မဖြစ်တာကို သိသည်။ ဒါရိုက်တာက ခေါင်းညိတ်လိုက်ပြီး ရှိုးက ဝေးသေးတာကို တွေးလိုက်သည်။ သူတို့ ဘေးကင်းကင်းနဲ့ ပြန်နိုင်သ၍ ရှိုးပွဲကလည်း အလွယ်တကူ ပြန်လုပ်ပြီး ထိပ်ဆုံးရောက်အောင် လုပ်လို့ရသည်။
“မင်းလျှောက်နိုင်လား?” ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ကိုမေးလိုက်သည်။
ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်သည်။ ထိုအချိန် သူမ မလျှောက်နိုင်ရတောင် လျှောက်ရမည်။
လီဂျင်းယွမ်၊ ဟုန်ချန်းမင်း တို့ကို သူမအား သယ်ခွင့်ပြုလိုက်ရင် ဒါက ပိုရှုပ်ထွေးသွားလိမ့်မလား?
ဒါက “တခြားသူတွေကို ဆွဲချတယ်”ဆိုတဲ့ အတွေးနဲ့ ဒီခွေးသွေးတွေက ရိုက်ကူးရေးကို ဒုက္ခများစေလိမ့်မယ်။ ဟုန်ချန်းမင်း ရဲ့မျက်နှာက နည်းနည်း နောင်တရသလို ဖြစ်သွားသည်။
ဇောင်ယုဟွမ် : ???
ရှင်က ဘာကြောင့် နောင်တရတာလဲ?
ငါ့ကို သယ်ပေးချင်လို့လား?
သူတို့က စကား မပြောကြတော့ပေ။
ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က ဇောင်ယုဟွမ် ရဲ့တစ်ဖက်တစ်ချက်စီမှ အစောင့်တွေလိုမျိုး အပြင်ဘက်ကို ထွက်လာခဲ့ကြသည်။
ဂူယူလင်း ကသိသိသာသာကို ဇောင်ယုဟွမ် ဘေးမှ တွန်းထုတ်ခံလိုက်ရသည်။
ကင်မရာသမားတွေက အလျင်အမြန်ပင် ထုတ်ပိုးလိုက်ကြသည်။ နာမည်ကြီးတွေရဲ့ အစောင့်တွေနဲ့ လက်ထောက်တွေက သူတို့အနုပညာရှင် အနောက်မှ လိုက်ထွက်လာကြသည်။ လူတိုင်းက အပြင်ဘက်တွင် ဘယ်လိုလူမျိုးတွေ စောင့်နေကြလဲဆိုတာကို မသိကြပေ။
ဇောင်ယုဟွမ် ကတော့ ဟုန်ချန်းမင်း၊ လီဂျင်းယွမ် တို့နဲ့အတူ အရှေ့ဆုံးမှ လျှောက်သွားကြပြီး ဘာမှစိုးရိမ်မနေပေ။ ဘုရားကျောင်း အပြင်ကို ခြေလှမ်းလိုက်သည်နှင့် ပထမဆုံး မြင်လိုက်ရတာကတော့ ဘုရားကျောင်း အပြင်ဘက်မှ ပလာဇာဖြစ်သည်။
လမ်းပေါ်တွင် ပျက်စီးနေပြီး စွန့်ပစ်ခံထားရသည့် ကားတွေ၊ မှန်ကွဲစတွေ၊ သွေးတွေနဲ့ မြေပြင်တွင် လဲကျနေသည့် လူတွေတောင် ရှိသည်။ လူတိုင်းက ဘေးကင်းလုံခြုံသည့် နေရာတွင်သာ နေထိုင်လိုကြသည်။
ဘဝတွင် အကြောက်ဆုံး အရာကတော့ တခြားသူတွေကို သတ်ပြီး လူ့အဖွဲ့အစည်းကို ဆန့်ကျင်ပုန်ကန်ခြင်းပဲ…. သူတို့က ဒီမြင်ကွင်းကို ဘယ်ကြည့်နိုင်မှာလဲ?
လူတိုင်းက ထိတ်လန့်နေကြစဉ် သူတို့က ကားတန်းတစ်ခုကို မြင်လိုက်ရသည်။ မဟုတ်ဘူး…. အဲ့ဒါက ကားတန်းမဟုတ်ဘူး။ ပလာဇာတွင် ကားတွေက များပြားနေတာ ဖြစ်သည်။
ယဉ်တိုင်းတွင် အရမ်းကိုထူသည့် မှန်တွေနဲ့ ကာထားပြီး ကျည်ဆံမဝင်နိုင်အောင် လုပ်ထားကြသည်။ ထို့နောက် အနောက်ဆုံး ကားထဲမှာတော့ အနက်ရောင် ခေါင်းတွေကို မြင်နိုင်သည်။ ဒါက လူတွေပြည့်နေတယ် ဆိုတာပဲ။
ဒါကို ကြည့်လိုက်ပြီးတော့ ကားတန်းကြီးလို့ ဘယ်လိုမြင်နိုင်မှာလဲ?
ဒါက စစ်တပ်အဖွဲ့နဲ့တောင် ပိုတူသေးတယ်!
လူတိုင်းက ပိုရှုပ်ထွေးသွားကြသည်။
ဒီလူတွေက ဘယ်သူတွေလဲ?
သူတို့က တူရကီစစ်တပ်ကနဲ့လည်း မတူဘူး!
ထိုအချိန်တွင် တံခါးတစ်ချပ်က ပွင့်သွားပြီး အရပ်ရှည်ရှည်နဲ့ နိုင်ငံခြားသား တစ်ယောက်က ထွက်လာခဲ့သည်။ ထိုလူက လျှောက်လာပြီး ခေါ်လိုက်သည်။
“မစ္စတာဟုန်” လူတိုင်းက အသက်ရှူသံကို ထိန်းထားကြပြီး တွေးနေကြသည်။
ယင်ချီချီ ကအရင်က အရမ်းအမြင်ကျဉ်းသည်။ ဟုန်ချန်းမင်း ကအဓိကကျပြီး စီးပွားရေးတွင် ဒုတိယဖြစ်တာကို သူမ ကြားလိုက်ချိန်တွင် သူက ဒီရိုက်ကူးရေးကလို မချမ်းသာလောက်ဘူးလို့ သူမ ထင်ခဲ့သည်…
ဒီပုံစံနောက်ခံနဲ့ လူတွေက သာမန်မဟုတ်တာကိုသာ သူတို့သိကြသည်။ ဒီလို အထက်တန်းကျတဲ့ ပုံစံနဲ့ဆို နိုင်ငံရဲ့ အဓိက ထောက်တိုင်တောင် ဖြစ်နိုင်သည်။
ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ကိုနည်းနည်းသာ နားလည်တော့သလို ခံစားလိုက်ရသည်။ သူမ မျက်တောင်ခတ်လိုက်ပြီး နိုင်ငံခြားသားအား အံ့ဩစွာ ကြည့်လိုက်သည်။ ထို့နောက် နိုင်ငံခြားသားက သူမကို ကြည့်လာခဲ့သည်။
“အို! ဒါက မစ္စဇောင် ဖြစ်ရမယ်?” နိုင်ငံခြားသားက ပြုံးကာပြောလိုက်သည်။
“ဟယ်လို” ဇောင်ယုဟွမ် ကသူ့ပုံစံအား အတည်မပြုနိုင်သေးပေမဲ့ ဟုန်ချန်းမင်း ရဲ့အပြုအမူမှ သူက အရေးကြီးတဲ့ လူလို့မမြင်မိတာကြောင့် ပုံမှန်သာ နှုတ်ဆက်လိုက်သည်။ နိုင်ငံခြားသားက စိတ်လှုပ်ရှားစွာဖြင့် ပြုံးကာပြောလိုက်သည်။
“မစ္စတာဟုန် ကမစ္စဇောင် အကြောင်းပြောတာ မကြာခဏ ကြားဖူးတယ်”
“Φοιβη”
သူက ဂရိစကားကို အသုံးပြုလိုက်သည်။
*Φοιβη = တကယ့်ကို ကျက်သရေရှိ၊ လှပခြင်း၊ ကြင်နာတတ်ပြီး အရမ်းကိုချစ်ဖို့ကောင်းသည် = နတ်ဘုးရားမ*
ဇောင်ယုဟွမ် ကမေးလိုက်သည်။
“သူဘာပြောတာလဲ?”
နိုင်ငံခြားသား ကအံ့ဩသွားသည်။
“…အို၊ မစ္စဇောင် ကနားလည်နိုင်တယ်”
သေချာပေါက်ကို ဇောင်ယုဟွမ် ကနားမလည်ပေ။
သူမက ဟုန်ချန်းမင်း ဘက်ကိုလှည့်လိုက်သည်။ ထို့နောက် ဟုန်ချန်းမင်း ကနိုင်ငံခြားသားဘက် လှည့်လိုက်သည်။ သူ့မျက်လုံးတွေက အေးစက်နေပြီး သူ့အကြည့်တွေက နိုင်ငံခြားသားအား တုန်လှုပ်သွားစေသည်။
သို့သော် ဇောင်ယုဟွမ် ပြန်လှည့်လိုက်ချိန်တွင် ဟုန်ချန်းမင်း ကသူ့အကြည့်အား ပြန်ရုတ်သိမ်းလိုက်ပြီး သစ္စာဖောက်တာ ဘာမှမမြင်ရပေ။ သူ့အကြည့်တွေကို အောက်ငုံ့ထားပြီး မသိသလို ဟန်ဆောင်လိုက်သည်။
ဒါက ဟုန်ချန်းမင်း လှိုက်လှိုက်လှဲလှဲ ဖြစ်သွားတာမလား?!
စိတ်ထဲက!!!
သူက သူမကို တခြားသူရှေ့မှာတင် ချီးကျူးလိုက်တာပဲ!
ဇောင်ယုဟွမ် ကသူမမျက်နှာတောင် နွေးသွားသလို ခံစားလိုက်ရသည်။ သို့သော် ဇောင်ယုဟွမ် ကသူမခံစားချက်အား ထုတ်မပြုပေ။ သူမက ပြုံးလိုက်ပြီး မေးလိုက်သည်။
“ဟွမ်ဟွမ် တို့ဘယ်ကားကို သွားရမှာလဲ?”
နိုင်ငံခြားသားက လှည့်လိုက်ပြီး လူဖြူအနည်းငယ်ကို ခေါ်လိုက်ပြီး တခြားသူတွေအား ကားထဲဝင်နိုင်အောင် ခိုင်းလိုက်သည်။ တချို့လူတွေက ကြီးမားသည့် ကားထဲမှာ အလျင်အမြန်ပင် ထွက်လာကြသည်။ သူတို့အဝတ်တွေက တစ်ယောက်နဲ့ တစ်ယောက် မတူကြပေမဲ့ လက်နက်တွေကတော့ ရှင်းလင်းသည်။
ပရိုဂရမ်အဖွဲ့က ကားထဲဝင်လိုက်ကြသည်။ ဝမ်ယောင်ချန်း ကသူ့လက်ထောက်နဲ့ အစောင့်ကြားတွင် ညပ်နေပြီး လူဖြူလေးက သူတို့ကို ကားထဲဝင်နိုင်အောင် ကူညီပေးလိုက်သည်။
သို့သော် ဝမ်ယောင်ချန်း ကလမ်းလျှောက်နေရင်း အနောက်လှည့်ကာ ဇောင်ယုဟွမ် အရှေ့ကို ပြန်လျှောက်လာခဲ့သည်။
ဝမ်ယောင်ချန်း ကဘေးဘက်မှ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကို သိသိသာသာပင် လျစ်လျူရှုလိုက်ပြီး ဇောင်ယုဟွမ် ကိုပြုံးပြလိုက်ကာ မေးလိုက်သည်။
“ကိုယ်တို့ အတူတူ မသွားကြဘူးလား?” သူပြောလိုက်ချိန်တွင် ဝမ်ယောင်ချန်း ရဲ့နှလုံးခုံသံက ကျယ်လောင်သွားသည်။
ဇောင်ယုဟွမ် : “အိုကေ…”
သူမက စကားတစ်လုံးပြောပြီး ဆက်မပြောနိုင်ခင် ဟုန်ချန်းမင်း ကနှောင့်ယှက်လိုက်သည်။
“ဟွမ်ဟွမ် ကဒီကား” ဟုန်ချန်းမင်း ကသူမကို ကျည်ကာ ကားဘက်ကို တွန်းလိုက်သည်။
နိုင်ငံခြားသားက လက်ဆန့်လိုက်ပြီး ဇောင်ယုဟွမ် ကိုကူညီပေးချင်ပေမဲ့ သူ့လက်ချောင်းတွေ သူမကို ထိလိုက်ချိန်တွင် ရုတ်တရက် ပြန်ရုတ်လိုက်ကာ အတော်လေး လန့်သွားပုံပေါ်သည်။
“မစ္စဇောင်၊ ဒီလမ်းပါ” နိုင်ငံခြားသားက လေးလေးစားစားနဲ့ ပြောလိုက်သည်။
အခုတော့ အရင်ကလို စနောက်သည့် အသံလေး နည်းနည်းတောင် မလုပ်ရဲတော့ပေ။
သူက ဟုန်ချန်းမင်း ကိုကြောက်တာလား?
ဇောင်ယုဟွမ် ကဒီအကြောင်းကိုသာ တွေးနိုင်သည်။ ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး ဝမ်ယောင်ချန်း ကိုကြည့်လိုက်သည်။
တစ်ချိန်တည်းတွင် လီဂျင်းယွမ် က ဝမ်ယောင်ချန်း ရဲ့ပုခုံးကို ပုတ်လိုက်ပြီး သူ့အား ဆန့်ကျင်ဘက်ကို တွန်းလိုက်သည်။
“…ဟွမ်ဟွမ် က မစ္စတာဝမ် နောက်လိုက်မှာ မဟုတ်ဘူး” လီဂျင်းယွမ် ရဲ့စကားတွေက နွေးထွေးပုံရပေမဲ့ သူ့အမူအရာက အေးစက်နေကာ မရင်းနှီးသလို ဖြစ်နေပြီး သူ့တားဆီးမှုကလည်း သိသာနေသည်။
ဝမ်ယောင်ချန်း ကစိတ်အနှောင့်အယှက် ဖြစ်တာကို ခံစားလိုက်ရသည်။ သူ့ခေါင်းကို လှိမ်လိုက်ပြီး လီဂျင်းယွမ် ကိုကြည့်လိုက်ပြီး လီဂျင်းယွမ် ရဲ့အကြည့်နဲ့ ဆုံသွားသည်။
လီဂျင်းယွမ် ကလည်း သူ့ကို ကြည့်နေခဲ့သည်။ သူတို့က မျက်လုံးချင်းဆုံသွားပြီး ဝမ်ယောင်ချန်း ကချက်ချင်းပင် လီဂျင်းယွမ် မျက်လုံးထဲမှ ဖုံးကွယ်ထားသည့် အေးစက်မှုတွေကို မြင်လိုက်ရဿည်။ ဝမ်ယောင်ချန်း ကတုန်လှုပ်သွားသည်။
“…မစ္စတာလီ ဘာပြောချင်တာလဲ?” လီဂျင်းယွမ် က ဝမ်ယောင်ချန်း အားအဝေးကို ခေါ်သွားတာကို ကြည့်လိုက်ပြီး ဇောင်ယုဟွမ် ကအကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
“အိုကေ၊ ဒီကားထဲဝင်လိုက်မယ်” ဟုန်ချန်းမင်း ကပြုံးလိုက်သည်။
ဒါက ဘာပျော်စရာရှိလို့လဲ?
ဇောင်ယုဟွမ် ကစိတ်ရှုပ်သွားသည်။ ဇောင်ယုဟွမ် ကကားထဲဝင်ပြီးနောက် နိုင်ငံခြားသားက ဟုန်ချန်းမင်း ဘက်ကိုပြန်သွားလိုက်ကာ တိတ်ဆိတ်စွာဖြင့် ဆွေးနွေးနေခဲ့ကြသည်။ သူတို့က နည်းနည်း ဝေးတဲ့နေရာတွင် ဖြစ်နေတာကြောင့် စကားသံတွေကို ဇောင်ယုဟွမ် မကြားရပေ။
ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး ဝမ်ယောင်ချန်း နဲ့စကားပြောနေတာကို ကြည့်လိုက်သည်။ သူတို့စကားကိုလည်း သူမ ကြားနိုင်ဖို့က မဖြစ်နိုင်ပေ။ ဇောင်ယုဟွမ် ကလက်လျော့လိုက်ပြီး ကားပတ်လည်ကိုသာ ကြည့်လိုက်သည်။
ဇောင်မိသားစုက ချမ်းသာပြီး အမွေဆက်ခံသူ ဇောင်ယုဟွမ် အားကားထဲတွင် ဘေးကင်းလုံခြုံဖို့အတွက် ကျည်ကာကားကို ပြင်ဆင်ထားသည်။ သူမက UK တွင်စာလေ့လာပြီးချိန်တွင် ချန်းမင်ရီ နဲ့အပြင်ထွက် ကစားလေ့ရှိတာကြောင့် ဒီနိုင်ငံခြားက စစ်တပ်လက်နက်တွေက ဇောင်ယုဟွမ် အတွက် မထူးဆန်းပေ။
ကားထဲက လက်နက်တွေက ကိုယ်ပိုင်လက်နက်၊ ကြေးစားတွေ အသုံးများတာနဲ့ တူသည်။ အရှေ့ကို သူမ ကြည့်လိုက်သည်။ ကားသမားလူမဲကလည်း ဘာမှမပြောပေ။
ကားက အတော်လေး တိတ်ဆိတ်နေသည်။ ဇောင်ယုဟွမ် သက်ပြင်းချလိုက်သည်။
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကဘယ်မှာလဲ?
သူတို့က ကားထဲကို နောက်ကျမှ ဝင်လာမှာလား?
လီဂျင်းယွမ် က ဝမ်ယောင်ချန်း နဲ့စကားပြောနေတုန်းဖြစ်သည်။ ဇောင်ယုဟွမ် ကဒီရှုထောင့်မှ မမြင်နိုင်တာကို သူသိတာကြောင့် သူ့ရင်ထဲတွင် ထိန်းချုပ်ထားသည့် စကားလုံးတွေက အထိန်းအကွပ်မဲ့စွာ ထွက်လာခဲ့သည်။ လီဂျင်းယွမ် ကပြုံးကာ ပြောလိုက်သည်။
“မစ္စတာဝမ် ကဖျော်ဖြေရေးလောကမှာ အတော်လေး ပါးနပ်တယ်လို့ လူတွေပြောတာကို ကျွန်တော် ကြားဖူးတယ်။ မစ္စတာဝန် ကကျွန်တော် ပြောတာကို သေချာနားလည်မှာပါ”
ဝမ်ယောင်ချန်း ကပိုဒေါသထွက်လာသည်။ သူကလှည့်လိုက်ပြီး လီဂျင်းယွမ် ကိုကြည့်လိုက်ကာ သူ့အေးစက်သည့် အကြည့်နဲ့ ထပ်တွေ့သွားသည်။
ဒီအချိန်တွင် လီဂျင်းယွမ် ရဲ့မျက်လုံးထဲတွင် မကျေနပ်မှုတွေက ပိုတောင် သိသာနေသည်။ ကင်မရာရဲ့ အပြင်ဘက်မှ အမြင်ဖြင့် လီဂျင်းယွမ် ကယဉ်ကျေးသလို အပြုအမူကောင်းလည်း လုပ်မနေပေ။
လီဂျင်းယွမ် ကသူ့ခံစားချက်တွေကို လုံးဝထိန်းချုပ်မထားပေ။ ဝမ်ယောင်ချန်း လည်းဒေါသထွက်နေသည်။
“မစ္စတာလီ ဘာကြောင့် ငါ့ကို မကျေမနပ်ဖြစ်နေတာလဲ? ဒါက ယုဟွမ် ကိုငါလိုက်ချင်တယ်လို့ ပြောတာကြောင့်လား?” ဝမ်ယောင်ချန်း ကဒေါသထွက်စွာ မေးလိုက်သည်။
“သူမကို ဘယ်လိုခေါ်လိုက်တာလဲ?” လီဂျင်းယွမ် ကသူ့ပုခုံးကို ဆွဲလိုက်ပြီး လက်ကိုညှစ်လိုက်သည်။
သူ့ပုံစံက ဝမ်ယောင်ချန်း ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူ့ပုခုံးမှ နာကျင်မှုကို ခံစားရပြီး အသက်ရှူတောင် ရပ်လုနီးပါး ဖြစ်သွားသည်။
“လီဂျင်းယွမ်…” ဝမ်ယောင်ချန်း ကနာကျင်စွာဖြင့် အော်လိုက်သည်။
“ကျွန်တော်က ဓားရေးကိုပဲ လေ့ကျင့်ထားတာ မဟုတ်ဘူး” လီဂျင်းယွမ် ကပေါ့ပါးစွာ ပြောလိုက်သည်။ ဝမ်ယောင်ချန်း ကအတော်လေး ဒေါသထွက်နေသည်။
ရုတ်တရတ် သူ့မှန်းဆချက်ကို တွေးမိသွားသည်။ ဝမ်ယောင်ချန်း ကပြောလိုက်သည်။
“မစ္စတာလီ နဲ့သူဌေးဟုန် တို့က ငါ ယုဟွမ် ကိုပိုးပန်းလို့ ပြင်းထန်တဲ့ ရန်လိုမှုတွေရှိနေကြတယ်။ ဒါက ဘာကြောင့်လဲ? မောင်နှမ ချစ်ခြင်းထက် ပိုနေတာလား?” လီဂျင်းယွမ် ရဲ့အမူအရာ အေးစက်သွားသည်။
“ဟွမ်ဟွမ် ကဇောင်မိသားစုက မွေးဖွားလာပြီး ကြီးပြင်းလာတဲ့ ချစ်လှစွာသော သမီးလေးပဲ။ သူမက မရေတွက်နိုင်တဲ့ လူတွေလက်ထဲက ကျောက်မြတ်ရတနာလေးပဲ။ မစ္စတာဝမ် ကိုဘယ်လို ထည့်တွက်နိုင်မှာလဲ? မင်း ကသူမနဲ့ ဘယ်လိုလုပ်ပြီး ထိုက်တန်နိုင်မှာလဲ?”
ဝမ်ယောင်ချန်း ကအံကြိတ်လိုက်ပြီး တွေးလိုက်သည်။
ငါ့ကို ဘယ်လိုထည့်တွက်နိုင်မှာလဲ?
ဖျော်ဖြေရေးလောကက ငါ့ရဲ့ကျော်ကြားမှုက အရမ်းကောင်းတယ်။
လူတိုင်းကလည်း ငါ့ကို အထင်ကြီး လေးစားကြတယ်။
ငါက နာမည်ကြီးပြီး ချမ်းသာတယ်။
မရေတွက်နိုင်တဲ့ ဖန်တွေကြားမှာ ကျော်ကြားမှုကလည်း ကောင်းတယ်….
ငါက ဘယ်လိုမထိုက်တန်တာလဲ?
ဝမ်ယောင်ချန်း ကအေးစက်စွာ ပြောလိုက်သည်။
“ဒါဆို မစ္စတာလီ နဲ့သူဌေးဟုန် တို့က ငါနဲ့မထိုက်တန်ဘူးလို့ ပြောချင်တာလား? ဒါဆို ဘယ်သူနဲ့ ထိုက်တန်တာလဲ? မင်းလား?”
လီဂျင်းယွမ် ရဲ့မျက်နှာက ပြောင်းလဲသွားပြီး ပုံမှန်လူကြီးလူကောင်းဆန်သည့် အမူအရာက လုံးဝကို ပျောက်ကွယ်သွားသည်။
ဝမ်ယောင်ချန်း ရဲ့ပုခုံးအား ကျိုးသွားချင်တာကြောင့် သူ့လက်တွင် အားပိုစိုက်လိုက်သည်။ သူတို့နှစ်ယောက်ကြားက လေထုကို လက်ထောက်က သတိပြုမိပြီး အလျင်အမြန် လှည့်ကာမေးလိုက်သည်။
“ဘာဖြစ်လို့လဲ?” လီဂျင်းယွမ် ကသူ့လက်ကို လျော့လိုက်ပြီး ဝမ်ယောင်ချန်း ကိုအေးစက်စွာ စိုက်ကြည့်လိုက်သည်။
“သူတို့က တစ်ခုခု ဖြစ်နေတာ သတိထားမိပုံပဲ။ မင်းက ပါးနပ်တဲ့လူ မဟုတ်ဘူးပဲ” ဝမ်ယောင်ချန်း ကလက်မလျော့ပဲ ထပ်ပြောလိုက်သည်။
“မှန်တယ်။ ငါက လိမ္မာပါးနပ်တဲ့သူ မဟုတ်ဘူး။ မစ္စတာလီ ကိုစိတ်ပျက်စေလို့ တောင်းပန်ပါတယ်” သူ့မူလအစီစဉ်က လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကို စိတ်ကျေနပ်စေဖို့ဖြစ်သည်။ သူတက်နိုင်ရင် လန်ဂျင်းဇီ ကိုပါ ကောင်းပေးမလို့ စီစဉ်ထားခဲ့သည်။
ဒါက အကောင်းဆုံး ရလဒ်ကို ဖြစ်စေသည်။ သူတို့က ယောက်ဖလောင်းတွေ ဖြစ်တာကြောင့် ဝမ်ယောင်ချန်း ကသူတို့နဲ့ ဘာပြဿနာမှ မဖြစ်စေချင်ပေ။ သို့သော် အခုအခြေအနေက လုံးဝကွာခြားသွားသည်။ လီဂျင်းယွမ် ကသူ့နှုတ်ခမ်းကို စေ့လိုက်သည်။
“နောက်တစ်ခါကျရင် မစ္စတာဝမ် ကနှုတ်လုံမယ်ဆိုရင် ပိုကောင်းလိမ့်မယ်” ဝမ်ယောင်ချန်း ကမပြောတော့ပေ။ သို့သော် မှန်းဆချက်ကိုတော့ တွေးနေခဲ့သည်။
သူပြောတာ မှားသွားလို့လား?
သူမမှားပါဘူး!
လီဂျင်းယွမ် ကထပ်ပြီး အချိန်မဖြုန်းတော့ပဲ အလျင်အမြန်ပင် ကားဆီကို လျှောက်သွားလိုက်သည်။ သို့သော် သူခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။ ဟုန်ချန်းမင်း ကကားထဲဝင်ပြီးသွားခဲ့သည်။
လီဂျင်းယွမ် ကားထဲဝင်လိုက်ချိန်တွင် သူက ခရီးသည်တင်ခုံတွင်သာ ထိုင်နိုင်တော့သည်။ ဟုန်ချန်းမင်း ကတော့ ဇောင်ယုဟွမ် ရဲ့ဘေးတွင် ထိုင်နေပြီး အနောက်ဘက် ထိုင်ခုံတွင် နိုင်ငံခြားသား တချို့လည်း ရှိနေသည်။
ကားက စထွက်လိုက်ပြီး သူတို့နဲ့ ဘုရားကျောင်းက တဖြည်းဖြည်း ဝေးသွားခဲ့သည်။ ဝမ်ယောင်ချန်း နဲ့တခြားဧည့်သည်တွေက တခြားကားတွင် အတူတူဖြစ်သည်။ ကားထဲတွင် သူတို့လက်ထောက်၊ အစောင့်တွေနဲ့ အေးဂျင့်တွေလည်း ပါကြသည်။
မကြာခင်တွင် ကားပတ်လည်တွင် နည်းနည်း အဆင်မပြေတာကို ခံစားလိုက်ရပြီး ဇောင်ယုဟွမ် တောင်မနေနိုင်ပဲ မေးလိုက်သည်။
“မစ္စဇောင် အပေါ်ဆက်ဆံမှုက ငါတို့နဲ့ တကယ့်ကို ခြားနားတာပဲ”
“ဟုန်လေး ကလာခေါ်ဖို့ ငွေပေးခဲ့တာလား?”
“ဖြစ်နိုင်တယ်။ ဒါက ဇာတ်လမ်းထဲကလို ကြေးစားသမားတွေနဲ့ တူမနေဘူးလား?”
“သူမဆီကလို ကောင်းတဲ့အစ်ကိုကြီး ဘယ်သူ့မှာ ရှိနိုင်မှာလဲ?”
“အခုဒါကို စဉ်းစားရင်း ပထမအပိုင်းက ထူးဆန်းတဲ့ ဧည့်သည်ကို သတိရသွားမိတယ်။ ဟုန်လေး ကအဲ့အချိန်တုန်းက ရှိုးပွဲကို ရောက်လာတာက မစ္စဇောင် အတွက်ကြောင့် ဟုတ်တယ်မလား?”
“ဒါက တကယ့်ကို မနာလိုစရာပဲ။ သူတို့မောင်နှမ ဆက်ဆံရေးက တကယ့်ကို ကောင်းတာပဲ။ သူတို့ရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ ချမ်းသာပြီး အင်အားလည်း ကြီးမားတယ်… ကျစ်၊ ကျစ်၊ ဒါက တော့်တော့်ကို မနာလိုစရာပဲ”
ဇောင်ယုဟွမ်၊ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ကားထဲမရှိတည်းက တခြားသူတွေက ဒါထက် ပိုမပြောရဲကြတော့ပေ။ ဒါ့အပြင် ဖျော်ဖြေရေးလောကက လူတွေအားလုံးက အတင်းအဖျင်း ပြောကြတဲ့သူတွေကြီးပဲ။
ဒီအချိန်မှာ တိကျတဲ့အခြေအနေကြောင့် အတင်းအဖျင်းက ထွက်လာဖို့ မလွယ်ကူပေ။
ဝမ်ယောင်ချန်း ကစကားဝိုင်းထဲ ဝင်မပါချင်ပေမဲ့ ထိုစကားကို သူကြားလိုက်ချိန်တွင် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ပဲ သူ့နှုတ်ခမ်းထောင့်မှ လှောင်ပြောင်သည့် အပြုံးက ပေါ်လာခဲ့သည်။
နက်ရှိုင်းတဲ့ မောင်နှမဆက်ဆံရေး။
ဒီလိုနက်ရှိုင်းတာမျိုး သူ တစ်ခါမှ မမြင်ဖူးဘူး။
မင်းဘယ်လိုပဲကြည့်ကြည့် ဒါက ထူးဆန်းတယ်…
သူ့အမူအရာကို လက်ထောက်က သတိပြုမိပြီး တုန်လှုပ်နေသည့် အသံဖြင့် မေးလာခဲ့သည်။
“အစ်ကိုဝမ်၊ အစ်ကိုဝမ် နဲ့မစ္စတာလီ တို့ခုနက ဘာဖြစ်ခဲ့တာလဲ?” ဝမ်ယောင်ချန်း ကရူးမိုက်သူ မဟုတ်တာကြောင့် အမှန်တရားကို မပြောပေ။
သူ့ခေါင်းကိုသာ ခါလိုက်ပြီး အမူအရာကို ဖုံးကွယ်လိုက်ပြီး ပြောလိုက်သည်။
“လီဂျင်းယွမ် ကမပျော်တာတော့ သေချာတယ်လေ။ ငါက မစ္စဇောင် ကိုပိုးပန်းချင်နေတာကို” သူ့လက်ထောက်က ပြုံးလိုက်သည်။
“ဟုတ်တယ်၊ အခုအင်တာနက်မှာ တချို့အကြောင်းတွေကို မသိဘူးလား? ညီမချစ်သူ… အစ်ကိုတွေနဲ့ ရင်းနှီးတာတို့ အဲ့လိုမျိုးတွေလေ၊ သူတို့တွေက ညီမအတွက် အသေခံပြီး ကာကွယ်ပေးတတ်ကြတယ်” ဝမ်ယောင်ချန်း ရဲ့အကြည့်က အေးစက်သွားပြီး တွေးလိုက်သည်။
ဒါက ဘယ်လိုကာကွယ်ပေးမှုလဲ?
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကသူ့အတွက်နဲ့ ခက်ခဲတဲ့ အရာတွေကို မလုပ်ပေမဲ့ သူတို့က ဇောင်ယုဟွမ် နဲ့တော့ မဒိတ်စေချင်ကြပေ။
ဇောင်ယုဟွမ် ကလှပသည်၊ တန်ဖိုးရှိတာတွေပေါ် မှီခိုစရာ မလိုဘူး၊ ရင့်ကျက်သည်။
သူမက တကယ်ပဲ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့စကားကို နားထောင်မှာလား?
သူတို့က မှားတွက်မိတာပဲ!
ကားဦးတည်ချက်က အန်ကရာ အပြင်ဘက် ဖြစ်သည်။ ဇောင်ယုဟွမ် က ဟုန်ချန်းမင်း၊ လီဂျင်းယွမ် နဲ့တခြား များပြားသည့် အစောင့်တွေနဲ့အတူ ကားထဲတွင် ထိုင်နေခဲ့သည်။
သေချာပေါက်ကို အတော်လေး လုံခြုံသလို ခံစားရသည်။ ဟုန်ချန်းမင်း ရဲ့ပုခုံးကို မှီရင်းအိပ်ပျော်သွားခဲ့သည်။ သူမက ထိုင်ခုံမှအကြိမ်များစွာ ချောချောကျသွားတာကြောင့် ဟုန်ချန်းမင်း ကသူမကို အချိန်တိုင်း ပြန်ဆွဲပေးနေရပေမဲ့ သူမက သတိမပြုမိသလို မနိုးပေ။
သူမ နိုးလာချိန်တွင် ကားကရပ်နေခဲ့သည်။ သူတို့က အိမ်လုံးလေးတွေ စုစည်းထားသည့် အပြင်ဘက်တွင် ရပ်နေခဲ့သည်။ သူတို့က အဆောက်အဦထဲကို ဝင်သွားခဲ့ကြသည်။
အထဲတွင် သူတို့ကို လာကြိုသည့်လူတွေလို အဝတ်တွေကို ဝတ်ထားသည့် လူတွေက ကာကွယ်ပေးနေသည်။ အဲ့ဒါထက် ဖီလစ်ပိုင် အိမ်ဖော်တွေလို အေပရွန်ကို ဝတ်ထားကြပြီး လက်ထဲတွင်လည်း အစားအသောက်တွေကို ကိုင်ထားကြသည်။
အဲ့ဒါထက် အံ့ဩဖို့ကောင်းတာက တရုတ်စာဖြစ်နေသည်။ ဒီလိုဆူပူမှုကို ကြုံတွေ့ပြီးနောက် လူတိုင်းက ပင်ပန်းနွမ်းနယ်ပြီး ဗိုက်ဆာနေကြကာ ရေလည်းဆာနေကြပြီး နိုင်ငံခြား နိုင်ငံတွင် အိမ်ဟင်း၊ထမင်းကို မြင်ရတာကို မအံ့ဩကြတော့ပေ။
လူတိုင်းက အလျင်အမြန်ပင် ထိုင်လိုက်ကြပြီး အိမ်ဖော်တွေ ယူလာသည့် အစားအသောက်တွေကို ယူလိုက်ကြသည်။ နိုင်ငံခြားသားက ဇောင်ယုဟွမ် ဘက်လှည့်ကာ ပြောလိုက်သည်။
“မစ္စတာဟုန် ကဒီကို အရင်ကလာတုန်းက တရုတ်စာကို အရမ်းကြိုက်တာ။ မကြာခဏလာပြီးနောက်တော့ စာဖိုမှူးတွေက တရုတ်စာပဲလုပ်ဖို့ မှတ်ထားကြတာ။ သူတို့က တရုတ်စာနဲ့ အနောက်တိုင်း အစားအသောက်တွေကိုတောင် လေ့လာထားကြတာ။ မစ္စဇောင် စားကြည့်ချင်လား? ကြက်အစပ်လို လောင်ဂန်မာ…”
ဇောင်ယုဟွမ် : “… ရပါတယ်၊ ကျေးဇူးတင်ပါတယ်”
ဒါက မဲမှောင်နေတဲ့ ဟင်းလျာတွေနဲ့ တူနေတယ်၊ အိုကေ?
သို့သော် ဇောင်ယုဟွမ် ကအဓိကအချက်ကို သတိပြုမိသည်။
“မစ္စတာဟုန် ကအရင်က ဒီနေရာစားရတာကို ကြိုက်တာလား?”
ဟုန်ချန်းမင်း ရဲ့အကြည့်က စူးရှစွာဖြင့် နိုင်ငံခြားသားအား သတိပေးလိုက်သည်။ နိုင်ငံခြားသားက ခေါင်းအနောက်တွန့်သွားပြီး လန့်သွားသည်။ သူ့အကောင်းကြီးနဲ့ လှုပ်ရှားမှုက နည်းနည်းတော့ ရယ်စရာကောင်းနေသည်။
အို၊ ဘုရား၊ သူပြောတာ ဘာမှားလဲတောင် သူ တကယ်ကို မသိဘူး?
“နတ်ဘုရားမ” ဒါမှမဟုတ် မစ္စတာဟုန် ကဒီမှာတရုတ်စာ စားရတာ ကြိုက်တယ်လို့ ဘာကြောင့် ပြောလို့မရတာလဲ?
3.6.2021 (Thu)
……………………..
Zawgyi
ဂူယူလင္း က ေဇာင္ယုဟြမ္ အနားကို ဆက္တိုးလိုက္သည္။ ေဇာင္ယုဟြမ္ ကနည္းနည္း အံ့ဩသြားေပမဲ့ အလ်င္အျမန္ပင္ တုန္႔ျပန္လိုက္သည္။ ေခ်ာကလက္ ေပးထားသည့္ ေက်းဇူးျဖင့္ သူမက လက္ကိုေျမႇာက္လိုက္ၿပီး ဂူယူလင္း ရဲ႕ပုခုံးေပၚ တင္လိုက္ၿပီး ေျပာလိုက္သည္။
“ဘာမွမဟုတ္ပါဘူး။ မစိုးရိမ္ပါနဲ႔”
သူမ ေျပာၿပီးေနာက္ ေဇာင္ယုဟြမ္ ကသူမအျပဳအမူက ေကာင္ေလး အျပဳအမူနဲ႔ တူေနတယ္လို႔ ခံစားလိုက္ရသည္။ လီဂ်င္းယြမ္ ကသူတို႔ကို ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။
“ကြၽန္ေတာ္ သြားၾကည့္လိုက္မယ္” ဟုန္ခ်န္းမင္း ကအလ်င္အျမန္ပင္ ေျပာလိုက္သည္။
“ငါပဲသြားလိုက္မယ္” လီဂ်င္းယြမ္ ကရပ္လိုက္ၿပီး ဘာေၾကာင့္မွန္း မသိရပဲ ေခါင္းညိတ္လိုက္သည္။
“ေကာင္းၿပီ၊ ဒါဆို အစ္ကိုဟုန္ သြားလိုက္။ ငါဒီမွာ ေနၿပီး ဟြမ္ဟြမ္ ကိုကာကြယ္ထားမယ္”
ဝမ္ေယာင္ခ်န္း ကသူ႕ပါးစပ္ကို ထပ္ဟလိုက္ေပမဲ့ အဆုံးတြင္ေတာ့ ျပန္ပိတ္လိုက္ရသည္။ သူျဖတ္ဝင္ႏိုင္ဖို႔ ဘာအခန္းမွ မ႐ွိေပ။
ဝမ္ေယာင္ခ်န္း ကေခါင္းငုံ႔လိုက္ၿပီး သူ႕အၾကည့္ထဲမွ ထူးဆန္းေနမႈကို ဖုံးကြယ္လိုက္သည္။ သူ ေရသြားယူစဥ္ ဟုန္ခ်န္းမင္း ကအလ်င္အျမန္ပဲ ျပန္ေရာက္လာခဲ့သည္။ သူက ေဇာင္ယုဟြမ္ ေဘးကိုေလွ်ာက္သြားၿပီး တျခားသူေတြကို လွည့္ေျပာခဲ့သည္။
“ငါတို႔ကို လာေခၚဖို႔ ေရာက္လာၾကတာ” လူတိုင္းက စိတ္သက္ရာရသြားၾကသည္။
ဒါ႐ိုက္တာ ကလည္း သက္ျပင္းခ်လိုက္ၿပီး ဟုန္ခ်န္းမင္း အနားကို အလ်င္အျမန္ ေလွ်ာက္လာၿပီး ေမးလိုက္သည္။
“သူတို႔က သံ႐ုံကလား? ဒါမွမဟုတ္…”
ဟုန္ခ်န္းမင္း : “သံ႐ုံးက မဟုတ္ဘူး”
လီဂ်င္းယြမ္ ကထပ္ေပါင္း ေျပာလိုက္သည္။
“ဒီအခ်ိန္မွာ စစ္တပ္ဘက္က အားႀကီးလို႔ သံ႐ုံးက သူတို႔ကို လ်စ္လ်ဴမ႐ႈထားရဲၾကဘူး။ ေနာက္ၿပီး ဒီမွာပိတ္မိေနၾကတဲ့ ရာခ်ီတဲ့ တ႐ုတ္ခရီးသြားေတြလည္း ႐ွိေနလို႔ လ်စ္လ်ဴ႐ႈၿပီး ဒီကိုအရင္လာေခၚတာ”
ထို႔ေနာက္ ဒီမွာက တစ္ဒါဇင္ေလာက္သာ ႐ွိသည္။ ဒါ႐ိုက္တာ ကအလ်င္အျမန္ ေခါင္းညိတ္လိုက္သည္။
“ဒါဆို ငါတို႔ကို လာေခၚတဲ့လူေတြက…” ဟုန္ခ်န္းမင္း ကမေျဖပဲ အရင္ဆုံး ထိုကင္မရာသမားကို ၾကည့္လိုက္သည္။
“သူတို႔ ထပ္ၿပီး႐ိုက္ကူးလို႔မရဘူး”
ဒါ႐ိုက္တာက ခ်က္ခ်င္းပဲ နားလည္လိုက္ၿပီး တခ်ိဳ႕အရာေတြက ႐ိုက္ကူးလို႔ မျဖစ္တာကို သိသည္။ ဒါ႐ိုက္တာက ေခါင္းညိတ္လိုက္ၿပီး ႐ိႈးက ေဝးေသးတာကို ေတြးလိုက္သည္။ သူတို႔ ေဘးကင္းကင္းနဲ႔ ျပန္ႏိုင္သ၍ ႐ိႈးပြဲကလည္း အလြယ္တကူ ျပန္လုပ္ၿပီး ထိပ္ဆုံးေရာက္ေအာင္ လုပ္လို႔ရသည္။
“မင္းေလွ်ာက္ႏိုင္လား?” ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ကိုေမးလိုက္သည္။
ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္သည္။ ထိုအခ်ိန္ သူမ မေလွ်ာက္ႏိုင္ရေတာင္ ေလွ်ာက္ရမည္။
လီဂ်င္းယြမ္၊ ဟုန္ခ်န္းမင္း တို႔ကို သူမအား သယ္ခြင့္ျပဳလိုက္ရင္ ဒါက ပို႐ႈပ္ေထြးသြားလိမ့္မလား?
ဒါက “တျခားသူေတြကို ဆြဲခ်တယ္”ဆိုတဲ့ အေတြးနဲ႔ ဒီေခြးေသြးေတြက ႐ိုက္ကူးေရးကို ဒုကၡမ်ားေစလိမ့္မယ္။ ဟုန္ခ်န္းမင္း ရဲ႕မ်က္ႏွာက နည္းနည္း ေနာင္တရသလို ျဖစ္သြားသည္။
ေဇာင္ယုဟြမ္ : ???
႐ွင္က ဘာေၾကာင့္ ေနာင္တရတာလဲ?
ငါ့ကို သယ္ေပးခ်င္လို႔လား?
သူတို႔က စကား မေျပာၾကေတာ့ေပ။
ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က ေဇာင္ယုဟြမ္ ရဲ႕တစ္ဖက္တစ္ခ်က္စီမွ အေစာင့္ေတြလိုမ်ိဳး အျပင္ဘက္ကို ထြက္လာခဲ့ၾကသည္။
ဂူယူလင္း ကသိသိသာသာကို ေဇာင္ယုဟြမ္ ေဘးမွ တြန္းထုတ္ခံလိုက္ရသည္။
ကင္မရာသမားေတြက အလ်င္အျမန္ပင္ ထုတ္ပိုးလိုက္ၾကသည္။ နာမည္ႀကီးေတြရဲ႕ အေစာင့္ေတြနဲ႔ လက္ေထာက္ေတြက သူတို႔အႏုပညာ႐ွင္ အေနာက္မွ လိုက္ထြက္လာၾကသည္။ လူတိုင္းက အျပင္ဘက္တြင္ ဘယ္လိုလူမ်ိဳးေတြ ေစာင့္ေနၾကလဲဆိုတာကို မသိၾကေပ။
ေဇာင္ယုဟြမ္ ကေတာ့ ဟုန္ခ်န္းမင္း၊ လီဂ်င္းယြမ္ တို႔နဲ႔အတူ အေ႐ွ႕ဆုံးမွ ေလွ်ာက္သြားၾကၿပီး ဘာမွစိုးရိမ္မေနေပ။ ဘုရားေက်ာင္း အျပင္ကို ေျခလွမ္းလိုက္သည္ႏွင့္ ပထမဆုံး ျမင္လိုက္ရတာကေတာ့ ဘုရားေက်ာင္း အျပင္ဘက္မွ ပလာဇာျဖစ္သည္။
လမ္းေပၚတြင္ ပ်က္စီးေနၿပီး စြန္႔ပစ္ခံထားရသည့္ ကားေတြ၊ မွန္ကြဲစေတြ၊ ေသြးေတြနဲ႔ ေျမျပင္တြင္ လဲက်ေနသည့္ လူေတြေတာင္ ႐ွိသည္။ လူတိုင္းက ေဘးကင္းလုံျခဳံသည့္ ေနရာတြင္သာ ေနထိုင္လိုၾကသည္။
ဘဝတြင္ အေၾကာက္ဆုံး အရာကေတာ့ တျခားသူေတြကို သတ္ၿပီး လူ႕အဖြဲ႕အစည္းကို ဆန္႔က်င္ပုန္ကန္ျခင္းပဲ…. သူတို႔က ဒီျမင္ကြင္းကို ဘယ္ၾကည့္ႏိုင္မွာလဲ?
လူတိုင္းက ထိတ္လန္႔ေနၾကစဥ္ သူတို႔က ကားတန္းတစ္ခုကို ျမင္လိုက္ရသည္။ မဟုတ္ဘူး…. အဲ့ဒါက ကားတန္းမဟုတ္ဘူး။ ပလာဇာတြင္ ကားေတြက မ်ားျပားေနတာ ျဖစ္သည္။
ယဥ္တိုင္းတြင္ အရမ္းကိုထူသည့္ မွန္ေတြနဲ႔ ကာထားၿပီး က်ည္ဆံမဝင္ႏိုင္ေအာင္ လုပ္ထားၾကသည္။ ထို႔ေနာက္ အေနာက္ဆုံး ကားထဲမွာေတာ့ အနက္ေရာင္ ေခါင္းေတြကို ျမင္ႏိုင္သည္။ ဒါက လူေတြျပည့္ေနတယ္ ဆိုတာပဲ။
ဒါကို ၾကည့္လိုက္ၿပီးေတာ့ ကားတန္းႀကီးလို႔ ဘယ္လိုျမင္ႏိုင္မွာလဲ?
ဒါက စစ္တပ္အဖြဲ႕နဲ႔ေတာင္ ပိုတူေသးတယ္!
လူတိုင္းက ပို႐ႈပ္ေထြးသြားၾကသည္။
ဒီလူေတြက ဘယ္သူေတြလဲ?
သူတို႔က တူရကီစစ္တပ္ကနဲ႔လည္း မတူဘူး!
ထိုအခ်ိန္တြင္ တံခါးတစ္ခ်ပ္က ပြင့္သြားၿပီး အရပ္႐ွည္႐ွည္နဲ႔ ႏိုင္ငံျခားသား တစ္ေယာက္က ထြက္လာခဲ့သည္။ ထိုလူက ေလွ်ာက္လာၿပီး ေခၚလိုက္သည္။
“မစၥတာဟုန္” လူတိုင္းက အသက္႐ွဴသံကို ထိန္းထားၾကၿပီး ေတြးေနၾကသည္။
ယင္ခ်ီခ်ီ ကအရင္က အရမ္းအျမင္က်ဥ္းသည္။ ဟုန္ခ်န္းမင္း ကအဓိကက်ၿပီး စီးပြားေရးတြင္ ဒုတိယျဖစ္တာကို သူမ ၾကားလိုက္ခ်ိန္တြင္ သူက ဒီ႐ိုက္ကူးေရးကလို မခ်မ္းသာေလာက္ဘူးလို႔ သူမ ထင္ခဲ့သည္…
ဒီပုံစံေနာက္ခံနဲ႔ လူေတြက သာမန္မဟုတ္တာကိုသာ သူတို႔သိၾကသည္။ ဒီလို အထက္တန္းက်တဲ့ ပုံစံနဲ႔ဆို ႏိုင္ငံရဲ႕ အဓိက ေထာက္တိုင္ေတာင္ ျဖစ္ႏိုင္သည္။
ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ကိုနည္းနည္းသာ နားလည္ေတာ့သလို ခံစားလိုက္ရသည္။ သူမ မ်က္ေတာင္ခတ္လိုက္ၿပီး ႏိုင္ငံျခားသားအား အံ့ဩစြာ ၾကည့္လိုက္သည္။ ထို႔ေနာက္ ႏိုင္ငံျခားသားက သူမကို ၾကည့္လာခဲ့သည္။
“အို! ဒါက မစၥေဇာင္ ျဖစ္ရမယ္?” ႏိုင္ငံျခားသားက ျပဳံးကာေျပာလိုက္သည္။
“ဟယ္လို” ေဇာင္ယုဟြမ္ ကသူ႕ပုံစံအား အတည္မျပဳႏိုင္ေသးေပမဲ့ ဟုန္ခ်န္းမင္း ရဲ႕အျပဳအမူမွ သူက အေရးႀကီးတဲ့ လူလို႔မျမင္မိတာေၾကာင့္ ပုံမွန္သာ ႏႈတ္ဆက္လိုက္သည္။ ႏိုင္ငံျခားသားက စိတ္လႈပ္႐ွားစြာျဖင့္ ျပဳံးကာေျပာလိုက္သည္။
“မစၥတာဟုန္ ကမစၥေဇာင္ အေၾကာင္းေျပာတာ မၾကာခဏ ၾကားဖူးတယ္”
“Φοιβη”
သူက ဂရိစကားကို အသုံးျပဳလိုက္သည္။
*Φοιβη = တကယ့္ကို က်က္သေရ႐ွိ၊ လွပျခင္း၊ ၾကင္နာတတ္ၿပီး အရမ္းကိုခ်စ္ဖို႔ေကာင္းသည္ = နတ္ဘုးရားမ*
ေဇာင္ယုဟြမ္ ကေမးလိုက္သည္။
“သူဘာေျပာတာလဲ?”
ႏိုင္ငံျခားသား ကအံ့ဩသြားသည္။
“…အို၊ မစၥေဇာင္ ကနားလည္ႏိုင္တယ္”
ေသခ်ာေပါက္ကို ေဇာင္ယုဟြမ္ ကနားမလည္ေပ။
သူမက ဟုန္ခ်န္းမင္း ဘက္ကိုလွည့္လိုက္သည္။ ထို႔ေနာက္ ဟုန္ခ်န္းမင္း ကႏိုင္ငံျခားသားဘက္ လွည့္လိုက္သည္။ သူ႕မ်က္လုံးေတြက ေအးစက္ေနၿပီး သူ႕အၾကည့္ေတြက ႏိုင္ငံျခားသားအား တုန္လႈပ္သြားေစသည္။
သို႔ေသာ္ ေဇာင္ယုဟြမ္ ျပန္လွည့္လိုက္ခ်ိန္တြင္ ဟုန္ခ်န္းမင္း ကသူ႕အၾကည့္အား ျပန္႐ုတ္သိမ္းလိုက္ၿပီး သစၥာေဖာက္တာ ဘာမွမျမင္ရေပ။ သူ႕အၾကည့္ေတြကို ေအာက္ငုံ႔ထားၿပီး မသိသလို ဟန္ေဆာင္လိုက္သည္။
ဒါက ဟုန္ခ်န္းမင္း လိႈက္လိႈက္လွဲလွဲ ျဖစ္သြားတာမလား?!
စိတ္ထဲက!!!
သူက သူမကို တျခားသူေ႐ွ႕မွာတင္ ခ်ီးက်ဴးလိုက္တာပဲ!
ေဇာင္ယုဟြမ္ ကသူမမ်က္ႏွာေတာင္ ေႏြးသြားသလို ခံစားလိုက္ရသည္။ သို႔ေသာ္ ေဇာင္ယုဟြမ္ ကသူမခံစားခ်က္အား ထုတ္မျပဳေပ။ သူမက ျပဳံးလိုက္ၿပီး ေမးလိုက္သည္။
“ဟြမ္ဟြမ္ တို႔ဘယ္ကားကို သြားရမွာလဲ?”
ႏိုင္ငံျခားသားက လွည့္လိုက္ၿပီး လူျဖဴအနည္းငယ္ကို ေခၚလိုက္ၿပီး တျခားသူေတြအား ကားထဲဝင္ႏိုင္ေအာင္ ခိုင္းလိုက္သည္။ တခ်ိဳ႕လူေတြက ႀကီးမားသည့္ ကားထဲမွာ အလ်င္အျမန္ပင္ ထြက္လာၾကသည္။ သူတို႔အဝတ္ေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ မတူၾကေပမဲ့ လက္နက္ေတြကေတာ့ ႐ွင္းလင္းသည္။
ပ႐ိုဂရမ္အဖြဲ႕က ကားထဲဝင္လိုက္ၾကသည္။ ဝမ္ေယာင္ခ်န္း ကသူ႕လက္ေထာက္နဲ႔ အေစာင့္ၾကားတြင္ ညပ္ေနၿပီး လူျဖဴေလးက သူတို႔ကို ကားထဲဝင္ႏိုင္ေအာင္ ကူညီေပးလိုက္သည္။
သို႔ေသာ္ ဝမ္ေယာင္ခ်န္း ကလမ္းေလွ်ာက္ေနရင္း အေနာက္လွည့္ကာ ေဇာင္ယုဟြမ္ အေ႐ွ႕ကို ျပန္ေလွ်ာက္လာခဲ့သည္။
ဝမ္ေယာင္ခ်န္း ကေဘးဘက္မွ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကို သိသိသာသာပင္ လ်စ္လ်ဴ႐ႈလိုက္ၿပီး ေဇာင္ယုဟြမ္ ကိုျပဳံးျပလိုက္ကာ ေမးလိုက္သည္။
“ကိုယ္တို႔ အတူတူ မသြားၾကဘူးလား?” သူေျပာလိုက္ခ်ိန္တြင္ ဝမ္ေယာင္ခ်န္း ရဲ႕ႏွလုံးခုံသံက က်ယ္ေလာင္သြားသည္။
ေဇာင္ယုဟြမ္ : “အိုေက…”
သူမက စကားတစ္လုံးေျပာၿပီး ဆက္မေျပာႏိုင္ခင္ ဟုန္ခ်န္းမင္း ကေႏွာင့္ယွက္လိုက္သည္။
“ဟြမ္ဟြမ္ ကဒီကား” ဟုန္ခ်န္းမင္း ကသူမကို က်ည္ကာ ကားဘက္ကို တြန္းလိုက္သည္။
ႏိုင္ငံျခားသားက လက္ဆန္႔လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုကူညီေပးခ်င္ေပမဲ့ သူ႕လက္ေခ်ာင္းေတြ သူမကို ထိလိုက္ခ်ိန္တြင္ ႐ုတ္တရက္ ျပန္႐ုတ္လိုက္ကာ အေတာ္ေလး လန္႔သြားပုံေပၚသည္။
“မစၥေဇာင္၊ ဒီလမ္းပါ” ႏိုင္ငံျခားသားက ေလးေလးစားစားနဲ႔ ေျပာလိုက္သည္။
အခုေတာ့ အရင္ကလို စေနာက္သည့္ အသံေလး နည္းနည္းေတာင္ မလုပ္ရဲေတာ့ေပ။
သူက ဟုန္ခ်န္းမင္း ကိုေၾကာက္တာလား?
ေဇာင္ယုဟြမ္ ကဒီအေၾကာင္းကိုသာ ေတြးႏိုင္သည္။ ေဇာင္ယုဟြမ္ ကလွည့္လိုက္ၿပီး ဝမ္ေယာင္ခ်န္း ကိုၾကည့္လိုက္သည္။
တစ္ခ်ိန္တည္းတြင္ လီဂ်င္းယြမ္ က ဝမ္ေယာင္ခ်န္း ရဲ႕ပုခုံးကို ပုတ္လိုက္ၿပီး သူ႕အား ဆန္႔က်င္ဘက္ကို တြန္းလိုက္သည္။
“…ဟြမ္ဟြမ္ က မစၥတာဝမ္ ေနာက္လိုက္မွာ မဟုတ္ဘူး” လီဂ်င္းယြမ္ ရဲ႕စကားေတြက ေႏြးေထြးပုံရေပမဲ့ သူ႕အမူအရာက ေအးစက္ေနကာ မရင္းႏွီးသလို ျဖစ္ေနၿပီး သူ႕တားဆီးမႈကလည္း သိသာေနသည္။
ဝမ္ေယာင္ခ်န္း ကစိတ္အေႏွာင့္အယွက္ ျဖစ္တာကို ခံစားလိုက္ရသည္။ သူ႕ေခါင္းကို လွိမ္လိုက္ၿပီး လီဂ်င္းယြမ္ ကိုၾကည့္လိုက္ၿပီး လီဂ်င္းယြမ္ ရဲ႕အၾကည့္နဲ႔ ဆုံသြားသည္။
လီဂ်င္းယြမ္ ကလည္း သူ႕ကို ၾကည့္ေနခဲ့သည္။ သူတို႔က မ်က္လုံးခ်င္းဆုံသြားၿပီး ဝမ္ေယာင္ခ်န္း ကခ်က္ခ်င္းပင္ လီဂ်င္းယြမ္ မ်က္လုံးထဲမွ ဖုံးကြယ္ထားသည့္ ေအးစက္မႈေတြကို ျမင္လိုက္ရႆည္။ ဝမ္ေယာင္ခ်န္း ကတုန္လႈပ္သြားသည္။
“…မစၥတာလီ ဘာေျပာခ်င္တာလဲ?” လီဂ်င္းယြမ္ က ဝမ္ေယာင္ခ်န္း အားအေဝးကို ေခၚသြားတာကို ၾကည့္လိုက္ၿပီး ေဇာင္ယုဟြမ္ ကအကူအညီမဲ့စြာျဖင့္ သက္ျပင္းခ်လိုက္သည္။
“အိုေက၊ ဒီကားထဲဝင္လိုက္မယ္” ဟုန္ခ်န္းမင္း ကျပဳံးလိုက္သည္။
ဒါက ဘာေပ်ာ္စရာ႐ွိလို႔လဲ?
ေဇာင္ယုဟြမ္ ကစိတ္႐ႈပ္သြားသည္။ ေဇာင္ယုဟြမ္ ကကားထဲဝင္ၿပီးေနာက္ ႏိုင္ငံျခားသားက ဟုန္ခ်န္းမင္း ဘက္ကိုျပန္သြားလိုက္ကာ တိတ္ဆိတ္စြာျဖင့္ ေဆြးေႏြးေနခဲ့ၾကသည္။ သူတို႔က နည္းနည္း ေဝးတဲ့ေနရာတြင္ ျဖစ္ေနတာေၾကာင့္ စကားသံေတြကို ေဇာင္ယုဟြမ္ မၾကားရေပ။
ေဇာင္ယုဟြမ္ ကလွည့္လိုက္ၿပီး ဝမ္ေယာင္ခ်န္း နဲ႔စကားေျပာေနတာကို ၾကည့္လိုက္သည္။ သူတို႔စကားကိုလည္း သူမ ၾကားႏိုင္ဖို႔က မျဖစ္ႏိုင္ေပ။ ေဇာင္ယုဟြမ္ ကလက္ေလ်ာ့လိုက္ၿပီး ကားပတ္လည္ကိုသာ ၾကည့္လိုက္သည္။
ေဇာင္မိသားစုက ခ်မ္းသာၿပီး အေမြဆက္ခံသူ ေဇာင္ယုဟြမ္ အားကားထဲတြင္ ေဘးကင္းလုံျခဳံဖို႔အတြက္ က်ည္ကာကားကို ျပင္ဆင္ထားသည္။ သူမက UK တြင္စာေလ့လာၿပီးခ်ိန္တြင္ ခ်န္းမင္ရီ နဲ႔အျပင္ထြက္ ကစားေလ့႐ွိတာေၾကာင့္ ဒီႏိုင္ငံျခားက စစ္တပ္လက္နက္ေတြက ေဇာင္ယုဟြမ္ အတြက္ မထူးဆန္းေပ။
ကားထဲက လက္နက္ေတြက ကိုယ္ပိုင္လက္နက္၊ ေၾကးစားေတြ အသုံးမ်ားတာနဲ႔ တူသည္။ အေ႐ွ႕ကို သူမ ၾကည့္လိုက္သည္။ ကားသမားလူမဲကလည္း ဘာမွမေျပာေပ။
ကားက အေတာ္ေလး တိတ္ဆိတ္ေနသည္။ ေဇာင္ယုဟြမ္ သက္ျပင္းခ်လိုက္သည္။
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကဘယ္မွာလဲ?
သူတို႔က ကားထဲကို ေနာက္က်မွ ဝင္လာမွာလား?
လီဂ်င္းယြမ္ က ဝမ္ေယာင္ခ်န္း နဲ႔စကားေျပာေနတုန္းျဖစ္သည္။ ေဇာင္ယုဟြမ္ ကဒီ႐ႈေထာင့္မွ မျမင္ႏိုင္တာကို သူသိတာေၾကာင့္ သူ႕ရင္ထဲတြင္ ထိန္းခ်ဳပ္ထားသည့္ စကားလုံးေတြက အထိန္းအကြပ္မဲ့စြာ ထြက္လာခဲ့သည္။ လီဂ်င္းယြမ္ ကျပဳံးကာ ေျပာလိုက္သည္။
“မစၥတာဝမ္ ကေဖ်ာ္ေျဖေရးေလာကမွာ အေတာ္ေလး ပါးနပ္တယ္လို႔ လူေတြေျပာတာကို ကြၽန္ေတာ္ ၾကားဖူးတယ္။ မစၥတာဝန္ ကကြၽန္ေတာ္ ေျပာတာကို ေသခ်ာနားလည္မွာပါ”
ဝမ္ေယာင္ခ်န္း ကပိုေဒါသထြက္လာသည္။ သူကလွည့္လိုက္ၿပီး လီဂ်င္းယြမ္ ကိုၾကည့္လိုက္ကာ သူ႕ေအးစက္သည့္ အၾကည့္နဲ႔ ထပ္ေတြ႕သြားသည္။
ဒီအခ်ိန္တြင္ လီဂ်င္းယြမ္ ရဲ႕မ်က္လုံးထဲတြင္ မေက်နပ္မႈေတြက ပိုေတာင္ သိသာေနသည္။ ကင္မရာရဲ႕ အျပင္ဘက္မွ အျမင္ျဖင့္ လီဂ်င္းယြမ္ ကယဥ္ေက်းသလို အျပဳအမူေကာင္းလည္း လုပ္မေနေပ။
လီဂ်င္းယြမ္ ကသူ႕ခံစားခ်က္ေတြကို လုံးဝထိန္းခ်ဳပ္မထားေပ။ ဝမ္ေယာင္ခ်န္း လည္းေဒါသထြက္ေနသည္။
“မစၥတာလီ ဘာေၾကာင့္ ငါ့ကို မေက်မနပ္ျဖစ္ေနတာလဲ? ဒါက ယုဟြမ္ ကိုငါလိုက္ခ်င္တယ္လို႔ ေျပာတာေၾကာင့္လား?” ဝမ္ေယာင္ခ်န္း ကေဒါသထြက္စြာ ေမးလိုက္သည္။
“သူမကို ဘယ္လိုေခၚလိုက္တာလဲ?” လီဂ်င္းယြမ္ ကသူ႕ပုခုံးကို ဆြဲလိုက္ၿပီး လက္ကိုညႇစ္လိုက္သည္။
သူ႕ပုံစံက ဝမ္ေယာင္ခ်န္း ပထမဆုံးအႀကိမ္ ျမင္ဖူးျခင္း ျဖစ္သည္။ သူ႕ပုခုံးမွ နာက်င္မႈကို ခံစားရၿပီး အသက္႐ွဴေတာင္ ရပ္လုနီးပါး ျဖစ္သြားသည္။
“လီဂ်င္းယြမ္…” ဝမ္ေယာင္ခ်န္း ကနာက်င္စြာျဖင့္ ေအာ္လိုက္သည္။
“ကြၽန္ေတာ္က ဓားေရးကိုပဲ ေလ့က်င့္ထားတာ မဟုတ္ဘူး” လီဂ်င္းယြမ္ ကေပါ့ပါးစြာ ေျပာလိုက္သည္။ ဝမ္ေယာင္ခ်န္း ကအေတာ္ေလး ေဒါသထြက္ေနသည္။
႐ုတ္တရတ္ သူ႕မွန္းဆခ်က္ကို ေတြးမိသြားသည္။ ဝမ္ေယာင္ခ်န္း ကေျပာလိုက္သည္။
“မစၥတာလီ နဲ႔သူေဌးဟုန္ တို႔က ငါ ယုဟြမ္ ကိုပိုးပန္းလို႔ ျပင္းထန္တဲ့ ရန္လိုမႈေတြ႐ွိေနၾကတယ္။ ဒါက ဘာေၾကာင့္လဲ? ေမာင္ႏွမ ခ်စ္ျခင္းထက္ ပိုေနတာလား?” လီဂ်င္းယြမ္ ရဲ႕အမူအရာ ေအးစက္သြားသည္။
“ဟြမ္ဟြမ္ ကေဇာင္မိသားစုက ေမြးဖြားလာၿပီး ႀကီးျပင္းလာတဲ့ ခ်စ္လွစြာေသာ သမီးေလးပဲ။ သူမက မေရတြက္ႏိုင္တဲ့ လူေတြလက္ထဲက ေက်ာက္ျမတ္ရတနာေလးပဲ။ မစၥတာဝမ္ ကိုဘယ္လို ထည့္တြက္ႏိုင္မွာလဲ? မင္း ကသူမနဲ႔ ဘယ္လိုလုပ္ၿပီး ထိုက္တန္ႏိုင္မွာလဲ?”
ဝမ္ေယာင္ခ်န္း ကအံႀကိတ္လိုက္ၿပီး ေတြးလိုက္သည္။
ငါ့ကို ဘယ္လိုထည့္တြက္ႏိုင္မွာလဲ?
ေဖ်ာ္ေျဖေရးေလာကက ငါ့ရဲ႕ေက်ာ္ၾကားမႈက အရမ္းေကာင္းတယ္။
လူတိုင္းကလည္း ငါ့ကို အထင္ႀကီး ေလးစားၾကတယ္။
ငါက နာမည္ႀကီးၿပီး ခ်မ္းသာတယ္။
မေရတြက္ႏိုင္တဲ့ ဖန္ေတြၾကားမွာ ေက်ာ္ၾကားမႈကလည္း ေကာင္းတယ္….
ငါက ဘယ္လိုမထိုက္တန္တာလဲ?
ဝမ္ေယာင္ခ်န္း ကေအးစက္စြာ ေျပာလိုက္သည္။
“ဒါဆို မစၥတာလီ နဲ႔သူေဌးဟုန္ တို႔က ငါနဲ႔မထိုက္တန္ဘူးလို႔ ေျပာခ်င္တာလား? ဒါဆို ဘယ္သူနဲ႔ ထိုက္တန္တာလဲ? မင္းလား?”
လီဂ်င္းယြမ္ ရဲ႕မ်က္ႏွာက ေျပာင္းလဲသြားၿပီး ပုံမွန္လူႀကီးလူေကာင္းဆန္သည့္ အမူအရာက လုံးဝကို ေပ်ာက္ကြယ္သြားသည္။
ဝမ္ေယာင္ခ်န္း ရဲ႕ပုခုံးအား က်ိဳးသြားခ်င္တာေၾကာင့္ သူ႕လက္တြင္ အားပိုစိုက္လိုက္သည္။ သူတို႔ႏွစ္ေယာက္ၾကားက ေလထုကို လက္ေထာက္က သတိျပဳမိၿပီး အလ်င္အျမန္ လွည့္ကာေမးလိုက္သည္။
“ဘာျဖစ္လို႔လဲ?” လီဂ်င္းယြမ္ ကသူ႕လက္ကို ေလ်ာ့လိုက္ၿပီး ဝမ္ေယာင္ခ်န္း ကိုေအးစက္စြာ စိုက္ၾကည့္လိုက္သည္။
“သူတို႔က တစ္ခုခု ျဖစ္ေနတာ သတိထားမိပုံပဲ။ မင္းက ပါးနပ္တဲ့လူ မဟုတ္ဘူးပဲ” ဝမ္ေယာင္ခ်န္း ကလက္မေလ်ာ့ပဲ ထပ္ေျပာလိုက္သည္။
“မွန္တယ္။ ငါက လိမၼာပါးနပ္တဲ့သူ မဟုတ္ဘူး။ မစၥတာလီ ကိုစိတ္ပ်က္ေစလို႔ ေတာင္းပန္ပါတယ္” သူ႕မူလအစီစဥ္က လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကို စိတ္ေက်နပ္ေစဖို႔ျဖစ္သည္။ သူတက္ႏိုင္ရင္ လန္ဂ်င္းဇီ ကိုပါ ေကာင္းေပးမလို႔ စီစဥ္ထားခဲ့သည္။
ဒါက အေကာင္းဆုံး ရလဒ္ကို ျဖစ္ေစသည္။ သူတို႔က ေယာက္ဖေလာင္းေတြ ျဖစ္တာေၾကာင့္ ဝမ္ေယာင္ခ်န္း ကသူတို႔နဲ႔ ဘာျပႆနာမွ မျဖစ္ေစခ်င္ေပ။ သို႔ေသာ္ အခုအေျခအေနက လုံးဝကြာျခားသြားသည္။ လီဂ်င္းယြမ္ ကသူ႕ႏႈတ္ခမ္းကို ေစ့လိုက္သည္။
“ေနာက္တစ္ခါက်ရင္ မစၥတာဝမ္ ကႏႈတ္လုံမယ္ဆိုရင္ ပိုေကာင္းလိမ့္မယ္” ဝမ္ေယာင္ခ်န္း ကမေျပာေတာ့ေပ။ သို႔ေသာ္ မွန္းဆခ်က္ကိုေတာ့ ေတြးေနခဲ့သည္။
သူေျပာတာ မွားသြားလို႔လား?
သူမမွားပါဘူး!
လီဂ်င္းယြမ္ ကထပ္ၿပီး အခ်ိန္မျဖဳန္းေတာ့ပဲ အလ်င္အျမန္ပင္ ကားဆီကို ေလွ်ာက္သြားလိုက္သည္။ သို႔ေသာ္ သူေျခတစ္လွမ္း ေနာက္က်သြားခဲ့သည္။ ဟုန္ခ်န္းမင္း ကကားထဲဝင္ၿပီးသြားခဲ့သည္။
လီဂ်င္းယြမ္ ကားထဲဝင္လိုက္ခ်ိန္တြင္ သူက ခရီးသည္တင္ခုံတြင္သာ ထိုင္ႏိုင္ေတာ့သည္။ ဟုန္ခ်န္းမင္း ကေတာ့ ေဇာင္ယုဟြမ္ ရဲ႕ေဘးတြင္ ထိုင္ေနၿပီး အေနာက္ဘက္ ထိုင္ခုံတြင္ ႏိုင္ငံျခားသား တခ်ိဳ႕လည္း ႐ွိေနသည္။
ကားက စထြက္လိုက္ၿပီး သူတို႔နဲ႔ ဘုရားေက်ာင္းက တျဖည္းျဖည္း ေဝးသြားခဲ့သည္။ ဝမ္ေယာင္ခ်န္း နဲ႔တျခားဧည့္သည္ေတြက တျခားကားတြင္ အတူတူျဖစ္သည္။ ကားထဲတြင္ သူတို႔လက္ေထာက္၊ အေစာင့္ေတြနဲ႔ ေအးဂ်င့္ေတြလည္း ပါၾကသည္။
မၾကာခင္တြင္ ကားပတ္လည္တြင္ နည္းနည္း အဆင္မေျပတာကို ခံစားလိုက္ရၿပီး ေဇာင္ယုဟြမ္ ေတာင္မေနႏိုင္ပဲ ေမးလိုက္သည္။
“မစၥေဇာင္ အေပၚဆက္ဆံမႈက ငါတို႔နဲ႔ တကယ့္ကို ျခားနားတာပဲ”
“ဟုန္ေလး ကလာေခၚဖို႔ ေငြေပးခဲ့တာလား?”
“ျဖစ္ႏိုင္တယ္။ ဒါက ဇာတ္လမ္းထဲကလို ေၾကးစားသမားေတြနဲ႔ တူမေနဘူးလား?”
“သူမဆီကလို ေကာင္းတဲ့အစ္ကိုႀကီး ဘယ္သူ႕မွာ ႐ွိႏိုင္မွာလဲ?”
“အခုဒါကို စဥ္းစားရင္း ပထမအပိုင္းက ထူးဆန္းတဲ့ ဧည့္သည္ကို သတိရသြားမိတယ္။ ဟုန္ေလး ကအဲ့အခ်ိန္တုန္းက ႐ိႈးပြဲကို ေရာက္လာတာက မစၥေဇာင္ အတြက္ေၾကာင့္ ဟုတ္တယ္မလား?”
“ဒါက တကယ့္ကို မနာလိုစရာပဲ။ သူတို႔ေမာင္ႏွမ ဆက္ဆံေရးက တကယ့္ကို ေကာင္းတာပဲ။ သူတို႔ရဲ႕ ေကာင္းမြန္တဲ့ ဆက္ဆံေရးနဲ႔ ခ်မ္းသာၿပီး အင္အားလည္း ႀကီးမားတယ္… က်စ္၊ က်စ္၊ ဒါက ေတာ့္ေတာ့္ကို မနာလိုစရာပဲ”
ေဇာင္ယုဟြမ္၊ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ကားထဲမ႐ွိတည္းက တျခားသူေတြက ဒါထက္ ပိုမေျပာရဲၾကေတာ့ေပ။ ဒါ့အျပင္ ေဖ်ာ္ေျဖေရးေလာကက လူေတြအားလုံးက အတင္းအဖ်င္း ေျပာၾကတဲ့သူေတြႀကီးပဲ။
ဒီအခ်ိန္မွာ တိက်တဲ့အေျခအေနေၾကာင့္ အတင္းအဖ်င္းက ထြက္လာဖို႔ မလြယ္ကူေပ။
ဝမ္ေယာင္ခ်န္း ကစကားဝိုင္းထဲ ဝင္မပါခ်င္ေပမဲ့ ထိုစကားကို သူၾကားလိုက္ခ်ိန္တြင္ သူ႕ကိုယ္သူ မထိန္းခ်ဳပ္ႏိုင္ပဲ သူ႕ႏႈတ္ခမ္းေထာင့္မွ ေလွာင္ေျပာင္သည့္ အျပဳံးက ေပၚလာခဲ့သည္။
နက္႐ိႈင္းတဲ့ ေမာင္ႏွမဆက္ဆံေရး။
ဒီလိုနက္႐ိႈင္းတာမ်ိဳး သူ တစ္ခါမွ မျမင္ဖူးဘူး။
မင္းဘယ္လိုပဲၾကည့္ၾကည့္ ဒါက ထူးဆန္းတယ္…
သူ႕အမူအရာကို လက္ေထာက္က သတိျပဳမိၿပီး တုန္လႈပ္ေနသည့္ အသံျဖင့္ ေမးလာခဲ့သည္။
“အစ္ကိုဝမ္၊ အစ္ကိုဝမ္ နဲ႔မစၥတာလီ တို႔ခုနက ဘာျဖစ္ခဲ့တာလဲ?” ဝမ္ေယာင္ခ်န္း က႐ူးမိုက္သူ မဟုတ္တာေၾကာင့္ အမွန္တရားကို မေျပာေပ။
သူ႕ေခါင္းကိုသာ ခါလိုက္ၿပီး အမူအရာကို ဖုံးကြယ္လိုက္ၿပီး ေျပာလိုက္သည္။
“လီဂ်င္းယြမ္ ကမေပ်ာ္တာေတာ့ ေသခ်ာတယ္ေလ။ ငါက မစၥေဇာင္ ကိုပိုးပန္းခ်င္ေနတာကို” သူ႕လက္ေထာက္က ျပဳံးလိုက္သည္။
“ဟုတ္တယ္၊ အခုအင္တာနက္မွာ တခ်ိဳ႕အေၾကာင္းေတြကို မသိဘူးလား? ညီမခ်စ္သူ… အစ္ကိုေတြနဲ႔ ရင္းႏွီးတာတို႔ အဲ့လိုမ်ိဳးေတြေလ၊ သူတို႔ေတြက ညီမအတြက္ အေသခံၿပီး ကာကြယ္ေပးတတ္ၾကတယ္” ဝမ္ေယာင္ခ်န္း ရဲ႕အၾကည့္က ေအးစက္သြားၿပီး ေတြးလိုက္သည္။
ဒါက ဘယ္လိုကာကြယ္ေပးမႈလဲ?
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကသူ႕အတြက္နဲ႔ ခက္ခဲတဲ့ အရာေတြကို မလုပ္ေပမဲ့ သူတို႔က ေဇာင္ယုဟြမ္ နဲ႔ေတာ့ မဒိတ္ေစခ်င္ၾကေပ။
ေဇာင္ယုဟြမ္ ကလွပသည္၊ တန္ဖိုး႐ွိတာေတြေပၚ မွီခိုစရာ မလိုဘူး၊ ရင့္က်က္သည္။
သူမက တကယ္ပဲ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕စကားကို နားေထာင္မွာလား?
သူတို႔က မွားတြက္မိတာပဲ!
ကားဦးတည္ခ်က္က အန္ကရာ အျပင္ဘက္ ျဖစ္သည္။ ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း၊ လီဂ်င္းယြမ္ နဲ႔တျခား မ်ားျပားသည့္ အေစာင့္ေတြနဲ႔အတူ ကားထဲတြင္ ထိုင္ေနခဲ့သည္။
ေသခ်ာေပါက္ကို အေတာ္ေလး လုံျခဳံသလို ခံစားရသည္။ ဟုန္ခ်န္းမင္း ရဲ႕ပုခုံးကို မွီရင္းအိပ္ေပ်ာ္သြားခဲ့သည္။ သူမက ထိုင္ခုံမွအႀကိမ္မ်ားစြာ ေခ်ာေခ်ာက်သြားတာေၾကာင့္ ဟုန္ခ်န္းမင္း ကသူမကို အခ်ိန္တိုင္း ျပန္ဆြဲေပးေနရေပမဲ့ သူမက သတိမျပဳမိသလို မႏိုးေပ။
သူမ ႏိုးလာခ်ိန္တြင္ ကားကရပ္ေနခဲ့သည္။ သူတို႔က အိမ္လုံးေလးေတြ စုစည္းထားသည့္ အျပင္ဘက္တြင္ ရပ္ေနခဲ့သည္။ သူတို႔က အေဆာက္အဦထဲကို ဝင္သြားခဲ့ၾကသည္။
အထဲတြင္ သူတို႔ကို လာႀကိဳသည့္လူေတြလို အဝတ္ေတြကို ဝတ္ထားသည့္ လူေတြက ကာကြယ္ေပးေနသည္။ အဲ့ဒါထက္ ဖီလစ္ပိုင္ အိမ္ေဖာ္ေတြလို ေအပ႐ြန္ကို ဝတ္ထားၾကၿပီး လက္ထဲတြင္လည္း အစားအေသာက္ေတြကို ကိုင္ထားၾကသည္။
အဲ့ဒါထက္ အံ့ဩဖို႔ေကာင္းတာက တ႐ုတ္စာျဖစ္ေနသည္။ ဒီလိုဆူပူမႈကို ၾကဳံေတြ႕ၿပီးေနာက္ လူတိုင္းက ပင္ပန္းႏြမ္းနယ္ၿပီး ဗိုက္ဆာေနၾကကာ ေရလည္းဆာေနၾကၿပီး ႏိုင္ငံျခား ႏိုင္ငံတြင္ အိမ္ဟင္း၊ထမင္းကို ျမင္ရတာကို မအံ့ဩၾကေတာ့ေပ။
လူတိုင္းက အလ်င္အျမန္ပင္ ထိုင္လိုက္ၾကၿပီး အိမ္ေဖာ္ေတြ ယူလာသည့္ အစားအေသာက္ေတြကို ယူလိုက္ၾကသည္။ ႏိုင္ငံျခားသားက ေဇာင္ယုဟြမ္ ဘက္လွည့္ကာ ေျပာလိုက္သည္။
“မစၥတာဟုန္ ကဒီကို အရင္ကလာတုန္းက တ႐ုတ္စာကို အရမ္းႀကိဳက္တာ။ မၾကာခဏလာၿပီးေနာက္ေတာ့ စာဖိုမႉးေတြက တ႐ုတ္စာပဲလုပ္ဖို႔ မွတ္ထားၾကတာ။ သူတို႔က တ႐ုတ္စာနဲ႔ အေနာက္တိုင္း အစားအေသာက္ေတြကိုေတာင္ ေလ့လာထားၾကတာ။ မစၥေဇာင္ စားၾကည့္ခ်င္လား? ၾကက္အစပ္လို ေလာင္ဂန္မာ…”
ေဇာင္ယုဟြမ္ : “… ရပါတယ္၊ ေက်းဇူးတင္ပါတယ္”
ဒါက မဲေမွာင္ေနတဲ့ ဟင္းလ်ာေတြနဲ႔ တူေနတယ္၊ အိုေက?
သို႔ေသာ္ ေဇာင္ယုဟြမ္ ကအဓိကအခ်က္ကို သတိျပဳမိသည္။
“မစၥတာဟုန္ ကအရင္က ဒီေနရာစားရတာကို ႀကိဳက္တာလား?”
ဟုန္ခ်န္းမင္း ရဲ႕အၾကည့္က စူး႐ွစြာျဖင့္ ႏိုင္ငံျခားသားအား သတိေပးလိုက္သည္။ ႏိုင္ငံျခားသားက ေခါင္းအေနာက္တြန္႔သြားၿပီး လန္႔သြားသည္။ သူ႕အေကာင္းႀကီးနဲ႔ လႈပ္႐ွားမႈက နည္းနည္းေတာ့ ရယ္စရာေကာင္းေနသည္။
အို၊ ဘုရား၊ သူေျပာတာ ဘာမွားလဲေတာင္ သူ တကယ္ကို မသိဘူး?
“နတ္ဘုရားမ” ဒါမွမဟုတ္ မစၥတာဟုန္ ကဒီမွာတ႐ုတ္စာ စားရတာ ႀကိဳက္တယ္လို႔ ဘာေၾကာင့္ ေျပာလို႔မရတာလဲ?
3.6.2021 (Thu)
……………………..
[text_hash] => 3df8b6c8
)