ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 78❇️ ဒီနှစ်ယောက်က သူမစကားကို နားမထောင်တော့ဘူး။
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 78❇️ ဒီနှစ်ယောက်က သူမစကားကို နားမထောင်တော့ဘူး။

Array
(
[text] =>

Unicode

အချိန်တွေက ကုန်သွားခဲ့သည်။

ဇောင်ယုဟွမ် တည်ငြိမ်သွားချိန်တွင် ဖုန်းထဲမှ တစ်ဖက်လူအား စကားပြောနေသည့် ဟုန်ချန်းမင်း ရဲ့အသံကို သူမ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

ဟုန်ချန်းမင်း ကအင်္ဂလိပ်လို ပြောနေပေမဲ့ အီတလီစကား နည်းနည်းပါနေကာ တူရကီ ရဲ့အသုံးများသည့် စကားတွေလည်း ပါနေသည်။ ထိုအသံကို ဇောင်ယုဟွမ် နားထောင်နေချိန်တွင် ဟုန်ချန်းမင်း ကိုကြည့်လိုက်သည်။

ဇောင်ယုဟွမ် နည်းနည်း အံ့ဩသွားသည်။ ဟုန်ချန်းမင်း ရဲ့စကားပြောသည့် အသေးစိတ်ကို သူမ သတိပြုမိသည်။ သို့သော် အခုတော့ သူမအမြင်တွေက ချိုးဖျက်ခံရပြီး အရင်ကထပ် ပိုစူးရှသလို ခံစားရစေသည်။

ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ရဲ့အသံတွင် ဒေါသသံနဲ့ အသံတိုးလိုက်ချိန်တွင် အေးစက်နေတာကို သတိပြုမိသည်။ ဒါက ဟုန်ချန်းမင်း ကသံရုံးကို အကူအညီတောင်းနေတာ မဟုတ်ဘူးလို့ သူမခံစားလိုက်ရသည်။

အဲ့ဒါထက် သူ့အဖွဲ့သား၊ လက်အောက်ငယ်သားကို ပြောနေတာနဲ့ တူနေသည်။ ဇောင်ယုဟွမ် ကအချိန်အတော်ကြာ စကားမပြောခဲ့ပေ။

လီဂျင်းယွမ် ကသူမက လက်တွေကို သတိလက်လွတ် ကိုင်ထားတာကို မြင်လိုက်ပြီးနောက် မေးလိုက်သည်။

“ဟွမ်ဟွမ် ကြောက်နေတုန်းလား?” ဇောင်ယုဟွမ် ကခေါင်းခါလိုက်ပြီး သိချင်စွာဖြင့် မေးလိုက်သည်။

“ဟုန်ချန်းမင်း ကဘယ်သူ့ကို ခေါ်နေတာလဲ?”

“သံရုံးကို”

“သံရုံးကို ဖုန်းခေါ်တာက ဂျင်းယွမ် ခေါ်တာ မဟုတ်ဘူးလား? ဒီတစ်ချိန်လုံး အကူအညီအတွက် ခေါ်နေခဲ့တာ မဟုတ်ဘူးလား?” ဇောင်ယုဟွမ် ကမပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။

What the hell!

သူတို့က ရည်စား မရှိသေးတာတောင် သူတို့ကိုယ်ပိုင် ဘဝကြောင်းနဲ့ သူတို့ဆီမှာ လျှို့ဝှက်ချက် နည်းနည်းတောင် ရှိနေကြပြီ!

ဇောင်ယုဟွမ် ကဝမ်းနည်းစွာဖြင့် တွေးလိုက်သည်။ ဟုန်ချန်းမင်း ကသူမ အသံကို ကြားလိုက်ချိန်တွင် အမူအရာ မပြောင်းလဲပဲ ဖုန်းချလိုက်သည်။

“ငါဖုန်းချလိုက်ပြီ” သူက ရပ်လိုက်ပြီးနောက် ပြောလိုက်သည်။

“ငါတို့ကို လာခေါ်ဖို့ရှိသင့်တယ်”

ဇောင်ယုဟွမ် က လီဂျင်းယွမ် ရဲ့လက်ကို ဖြုတ်လိုက်ပြီး ကုတ်အင်္ကျီကို ကိုင်လိုက်သည်။ ဟုန်ချန်းမင်း ရဲ့လေကာအင်္ကျီက သူမခေါင်းကနေ ခြေဖျားအထိလောက် ရောက်စေသည်။

သူမခေါင်းကို ထုတ်လိုက်ပြီး ကုတ်အင်္ကျီကို ကိုင်ထားခဲ့သည်။ သူမက ဟုန်ချန်းမင်း ကိုကြည့်လိုက်ပြီး သူကလည်း သူမကို လှည့်ကြည့်လာသည်။ မပြင်ဆင်ထားတာကြောင့် ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ရဲ့မျက်လုံးကို ကြည့်လိုက်မိသည်။

သူ့နက်ရှိုင်းပြီး အာရုံစိုက်ထားသည့် အကြည့်မှ ကျောချမ်းဖွယ်ရာကို သူမ မြင်လိုက်ရသည်။ ဇောင်ယုဟွမ် အတော်လေး လန့်သွားခဲ့သည်။

သူမ… ဟုန်ချန်းမင်း ရဲ့မျက်လုံးထဲက ပုံမှန်မဟုတ်တဲ့ အာရုံစိုက်ထားတဲ့ မြင်ကွင်းကို မြင်လိုက်ရသလိုပဲ။

အာရုံစိုက်ထားပုံက ဇောင်ယုဟွမ် အားအရာအားလုံးကို သတိလက်လွတ် ဖြစ်သွားစေသည်။ ဟုန်ချန်းမင်း ကသူ့အား ဒီလိုကြည့်လာမယ်လို့ မမျှော်လင့်ထားပေ။ သူမက ရုတ်တရက် ခေါင်းပေါ်မှ ကုတ်အင်္ကျီအား လွှတ်ချလိုက်မိသည်။

ဟုန်ချန်းမင်း ရဲ့အမူအရာတွေက အလျင်အမြန် ပြောင်းလဲသွားပြီး သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကာ ပုံမှန်ပြန်ဖြစ်သွားသည်။ သူ့ပြောင်းလဲမှုက အသေးအဖွဲ့လေး မဟုတ်ပေမဲ့ ဇောင်ယုဟွမ် ကသူနဲ့ သိလာခဲ့တာ အချိန်အတော်ကြာနေပြီ ဖြစ်တာကြောင့် သူမ မမြင်လိုက်ပဲ ဘယ်နေမလဲ?

ဟုန်ချန်းမင်း ရဲ့ပြောင်းလဲမှုက ဇောင်ယုဟွမ် အားတစ်ခုခုကို ခံစားရစေသည်။

သူက ဘာတွေကို ဖုံးကွယ်ထားတာလဲ?

ဝမ်ယောင်ချန်း ရဲ့အသံက ဇောင်ယုဟွမ် ရဲ့အတွေးရထားကို ပျက်သွားစေသည်။ သူလည်း အချိန်အတော်ကြာတည်းက ရောက်နေပုံပေါ်သည်။ ဝမ်ယောင်ချန်း ကပြောလိုက်သည်။

“လီဂျင်းယွမ် မှန်တယ်။ ဒီလူတွေက လူမှုရေးအတွက် တိုက်ပွဲဖြစ်နေကြတာ။ ဒါ့ကြောင့် ဘုရားကျောင်းထဲ ဝင်လာဖို့ ရည်ရွယ်ထားမှာ မဟုတ်ဘူး” ဇောင်ယုဟွမ် ကပုံမှန်ပင် ခေါင်းညိတ်လိုက်သည်။

ဝမ်ယောင်ချန်း ပြောတာတွေကို သူမ သိပ်အာရုံမစိုက်နိုင်ပေ။ နောက်ပြီး ဝမ်ယောင်ချန်း ပြောတာတွေက ဘာမှမဟုတ်ပဲ အဓိပ္ပါယ်မရှိပေ။ ဝမ်ယောင်ချန်း ကခြေလှမ်းကို ရပ်လိုက်ပြီး လှည့်လိုက်ကာ ပြောလိုက်သည်။

“နားထောင်ကြ၊ အပြင်ဘက်က အသံတွေက ဝေးပုံပဲ”

နောက်ဆုံးတော့ ဇောင်ယုဟွမ် က ဝမ်ယောင်ချန်း ဆီအာရုံစိုက်လိုက်သည်။ သူ့အပြုအမူတိုင်း ဘေးဘက်ကို လှည့်လိုက်ကာ ဘုရားကျောင်း အပြင်ဘက်မှ အသံကို နားထောင်လိုက်သည်။

“…အင်း၊ သူတို့ ထွက်သွားကြပုံပဲ” ထိုအချိန်တွင် လီဂျင်းယွမ် ကအနည်းငယ် ကွေးလိုက်ပြီး ဝမ်ယောင်ချန်း ကိုမတော်တဆ တားလိုက်ပေမဲ့ ဒီအပြုအမူက သိသာပုံမပေါ်ပေ။ သူက မေးလိုက်သည်။

“ဟွမ်ဟွမ်၊ ရေသောက်ချင်လား?” ဇောင်ယုဟွမ် ကရေနည်းနည်းဆာနေခဲ့သည်။ သူတို့ ဒီနေရာမှာ လာပုန်းထဲက သူတို့က ဘာမှမစားရသေးသလို ဘာမှလည်း မသောက်ရသေးပေ။

လီဂျင်းယွမ် ရဲ့စကားကြောင့် ဇောင်ယုဟွမ် ကမထိန်းချုပ်နိုင်ပဲ သူမနှုတ်ခမ်းကို သပ်လိုက်သည်။ ယောင်္ကျား သုံးယောက်ရဲ့ အကြည့်က တစ်နေရာတည်းကို ရောက်လာသည်။ သူတို့က သတိလက်လွတ် သူမနှုတ်ခမ်းကို စိုက်ကြည့်နေခဲ့ကြသည်။

သူမက နှုတ်ခမ်းသပ်လိုက်တာကြောင့် မနက်ခင်းတွင် ရေစက်ဖြန်းထားသည့် ပွင့်ချက်လေးလို လှပကာ ဆွဲဆောင်မှုရှိနေပြီး တောက်ပနေသည်။ ဝမ်ယောင်ချန်း ရဲ့နှလုံးခုန်သံက မြန်သွားသည်။

ဇောင်ယုဟွမ် ကသက်ပြင်းချလိုက်သည်။

“အခုချိန် ရေကိုဘယ်မှာ ရှာလို့ရမှာလဲ?” သူမအသံ ထွက်လာသည့် ဝမ်ယောင်ချန်း ကသူ့အိတ်ထဲမှ ချက်ချင်းပင် ဆွဲထုတ်လိုက်သည်။

ဝမ်ယောင်ချန်း ကသတိဝင်လာချိန်တွင် သတိလက်လွတ် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကို ကြည့်လိုက်မိသည်။ သူတို့ကလည်း ဇောင်ယုဟွမ် ကိုကြည့်နေခဲ့သည်။ ဝမ်ယောင်ချန်း ရဲ့မျက်လုံးအရောင်က ပြောင်းလဲသွားသည်။

“ထားလိုက်တော့” ဇောင်ယုဟွမ် ကပြောလိုက်ပြီး နှုတ်ခမ်းကို ထပ်သပ်လိုက်သည်။

“ဟွမ်ဟွမ် တောင့်ခံနိုင်သေးတယ်” ဟုန်ချန်းမင်း ကသူ့အကြည့်ကို ဖြည်းဖြည်းချင်း ပြန်ရုတ်လိုက်ပြီး အပြင်ဘက်ကို လှည့်ထွက်သွားသည်။

“ပရိုဂရမ်အဖွဲ့သားတွေရဲ့ ကားက ဘုရားကျောင်းအပြင်ဘက် ပါကင်မှာ ထိုးထားတယ်။ အဲ့ကားထဲမှာ ရေပုလင်းရှိတယ်။ ငါသွားယူလိုက်မယ်” ဇောင်ယုဟွမ် ကအလျင်အမြန်ပင် သူ့လက်ကို ဆွဲလိုက်သည်။

“ရှင်သွားပြီး ဘာလုပ်မလို့လဲ?” ဟုန်ချန်းမင်း ရဲ့အကြည့်က ဝမ်ယောင်ချန်း ဆီရောက်သွားပြီး မျက်မှောင်ကြုတ်လိုက်ပြီး စိတ်မကျေနပ်မှုက ထွက်ပေါ်လာသည်။ ပုံမှန်ထက်မပိုသည့် အသံဖြင့် ပြောလိုက်သည်။

“ဟွမ်ဟွမ် ရေဆာနေတယ်။ ငါရေသွားယူပေးမယ်” ဟုန်ချန်းမင်း ကအတော်လေး မပျော်ရွှင်ပေ။

အေးစက်သည့် အကြည့်က ဝမ်ယောင်ချန်း ဆီရောက်သွားပြီး တွေးလိုက်သည်။ ‘ဟွမ်ဟွမ် ကိုစိတ်ကျေနပ်အောင် လုပ်ဖို့အတွက် မင်းအလှည့်တောင် ရောက်လာမှာ မဟုတ်ဘူး၊ ဘာလို့ ထည့်တွက်နေသေးလဲ?’

ဝမ်ယောင်ချန်း ကသူလုပ်နိုင်သလို မလုပ်နိုင်ဘူးဆိုတာကို သိစေချင်တာ ဖြစ်သည်။ ဇောင်ယုဟွမ် ကငိုရမလား၊ ရယ်ရမလား မဆုံးဖြတ်နိုင်တော့ပဲ အရမ်းစိတ်ဆိုးသွားသည်။

“အခုချိန် အပြင်ဘက်အခြေအနေက ဘာလဲဆိုတာ ဘယ်သူမှမသိကြဘူး။ ဘာကြောင့် ရေသွားယူမှာလဲ? ဟွမ်ဟွမ် ရေလေး နည်းနည်းဆာရုံလောက်နဲ့ မသေနိုင်ပါဘူး” လီဂျင်းယွမ် ကပြောလိုက်သည်။

“ကိုယ်လည်း ဟုန်ချန်းမင်း နဲ့သွားလိုက်မယ်၊ ဒါဆို ဘေးကင်းလိမ့််မယ်” ဇောင်ယုဟွမ် ကပိုတောင် ဒေါသထွက်သွားသည်။ သူမက စိတ်ဆိုးစွာ ပြန်ဖြေလိုက်သည်။

“ဘာလို့ အတူတူ သွားကြမှာလဲ? တစ်ယောက်နဲ့ တစ်ယောက် ကျည်ဆံကာပေးဖို့လား?”

ဟုန်ချန်းမင်း ကသူ့ခေါင်းကို ခါလိုက်ပြီး လီဂျင်းယွမ် ကိုပြောလိုက်သည်။

“မင်း ဒီမှာနေ” ထို့နောက် ဟုန်ချန်းမင်း က ဝမ်ယောင်ချန်း ကိုကြည့်လိုက်သည်။

နွေရာသီမှာ သူ့ပါးစပ်ထဲ ရေခဲတုံးထည့်လိုက်သလိုမျိုး အေးစက်သည့် ဒီအကြည့်အောက်မှာ သူ့ခေါင်းကဆံပင်တွေ ထောင်သွားတယ်လို့ ဝမ်ယောင်ချန်း ခံစားလိုက်ရသည်။ သို့သော် ဂရုတစိုက် ပြန်ကြည့်လိုက်ချိန်တွင် ဟုန်ချန်းမင်း ကသူ့ကို ထပ်မကြည့်တော့ပေ။ ဒီအကြည့်က သူ့စိတ်ကူးလို ထင်ယောင်ထင်မှား ဖြစ်သွားစေသည်။

လီဂျင်းယွမ် ကသူ့အရင် ဆုံးဖြတ်ချက်အား ချက်ချင်း စွန့်ပစ်လိုက်ကာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“အိုကေ၊ ငါနေခဲ့မယ်”

ဇောင်ယုဟွမ် : ???

ဒီနှစ်ယောက်က သူမ စကားနားမထောင်‌ေတာ့ဘူး။

လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က မိနစ်ပိုင်းအတွင် အရေးပါသည့် သဘောတူညီချက်ကို လုပ်လိုက်သလိုမျိုး ဖြစ်နေသည်။

သူတို့ ဘာတွေ သဘောတူလိုက်တာလဲ?

ဇောင်ယုဟွမ် ကလှည့်လိုက်ကာ ဝမ်ယောင်ချန်း ကိုကြည့်လိုက်သည်။ ဝမ်ယောင်ချန်း ကိုဆန့်ကျင်ဖို့ သဘောတူလိုက်တာလား?

သူတို့ ရွဲ့လန်ဗီလာမှ မထွက်ခွာခင် ဟုန်ချန်းမင်း ရဲ့သူမဒိတ်ခြင်းအပေါ် မကျေနပ်သည့် အကြောင်းကို ရုတ်တရက် ဇောင်ယုဟွမ် တွေးမိသွားသည်။ ဟုန်ချန်းမင်း ကထပ်ရပ်မနေတော့ပဲ လှည့်သွားသည်။

“ဒီမှာ စိတ်ရှည်ရှည်နဲ့စောင့်နေ၊ ဟွမ်ဟွမ်။ မကြာခင် သောက်စရာ ရောက်လာလိမ့်မယ်”

ဒါက ကလေးလေးကို နှစ်သိမ့်တဲ့ အသံနဲ့ တူမနေဘူးလား?

ဇောင်ယုဟွမ် ကဒေါသထွက်စွာ တွေးလိုက်သည်။

“ဟုန်ချန်းမင်း!” ဇောင်ယုဟွမ် ကလျှောက်သွားဖို့ လုပ်လိုက်ပေမဲ့ လီဂျင်းယွမ် ကလက်ဆန့်ကာ သူမကို ဖက်ထားလိုက်သည်။ သူ့လက်တွေက လျော့တိလျော့ရဲ ဖက်ထားပုံပေါ်ပေမဲ့ အားများတာကြောင့် လွတ်မြောက်ဖို့ မလွယ်ကူပေ။

“အပြင်ဘက်မှာ ဘယ်သူမှ မရှိပါဘူး” လီဂျင်းယွမ် ကသူမနားဘေးတွင် ပြောလိုက်သည်။ ဒါတောင်မှ ဇောင်ယုဟွမ် ကစိတ်သက်သာသွားသလို မခံစားရပေ။

နှောင့်နှေးခြင်း မရှိပဲ ဟုန်ချန်းမင်း ကဘုရားကျောင်း အပြင်ဘက်ကို လျှောက်သွားလိုကသ်ည်။ ထိုအချိန်တွင် အမျိုးသမီး ဧည့်သည်တွေနဲ့ ဝန်ထမ်းတွေက ခုံတန်းရှည်အောက်တွင် ပုန်းကွယ်နေကြပြီး ဇောင်ယုဟွမ် ရဲ့ရှုပ်ထွေးနေသည့် အမူအရာတွေကို ကြည့်နေခဲ့ကြသည်။

သူတို့ စားသောက်ပြီးတာ ကြာနေပေမဲ့ အခုချိန်မှာ ဘယ်သူက ရေဆာတာ၊ ဗိုက်ဆာတာ ဖြစ်နိုင်မှာလဲ?

ဒါပေမဲ့ သူတို့က တကယ်ပဲ အပြင်ထွက်ပြီး ရေသောက်ချင်သည်။ ဒါပေမဲ့ ဘယ်သူ့မှ အဲ့လောက် သတ္တိမရှိကြပေ။

ဟုန်ချန်းမင်း ကတော့ လုပ်ရဲသည်။ သူတို့က ဘယ်လောက် မနာလိုတာ၊ သဝန်တိုတာ ဖြစ်နေပါစေ၊ ဟုန်ချန်းမင်း အားသူတို့အတွက် အစားနဲ့ ရေကိုယူလာပေးဖို့ မတောင်းဆိုနိုင်ကြပေ။

ဇောင်ယုဟွမ် ရဲ့မျက်ခုံးတွေက ကြုတ်နေပြီး ဘုရားကျောင်း ရဲ့အဓိကဝင်ပေါက်ကို စိုက်ကြည့်နေပြီးနောက် အင်အားမဲ့စွာဖြင့် ပြောလိုက်သည်။

“အိုကေ၊ လွှတ်ပေး။ ဟွမ်ဟွမ် ထွက်မပြေးဘူး” လီဂျင်းယွမ် ကနည်းနည်းသာ လျော့ပေးလိုက်သည်။

သူလွှတ်ပေးလိုက်ပြီး ခေါင်းငုံ့လိုက်ကာ သူ့မျက်လုံးထောင့်မှ လျှပ်တစ်ပြတ်အကြည့်နဲ့ မြင်လိုက်ရသည်။ ဝမ်ယောင်ချန်း ကစိတ်အနှောင့်အယှက် ဖြစ်နေတာကြောင့် မျက်မှောင်ကြုတ်နေခဲ့သည်။ ဒီအချိန်တွင် ကြီးမားသည့် မတော်တဆက ရှိနေပေမဲ့ သူဘာမှ အကူအညီ မပေးနိုင်ပေ။

သူ့အကြောင်း အတင်းအဖျင်းတွေ ဘယ်လောက်တောင် ရေးထားလဲဆိုတာကို ဘယ်သူက သိမှာလဲ?

အဆင်ပြေပါတယ်၊ ဒါပေမဲ့ သူ့ရည်ရွယ်ချက်က ဇောင်ယုဟွမ် ကိုခေါ်ထုတ်ဖို့ပဲ။

အစက ဒါက အရမ်းဆိုးတယ်လို့ ဝမ်ယောင်ချန်း ကမတွေးခဲ့ပေ။

ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က အစ်ကိုတွေလို အရမ်းသာမန်အတိုင်း သူတို့ညီမလေးကို ဂရုစိုက်ပေးတာကြောင့် သူ့အနာဂတ်အတွက် ယောက်ဖလောင်းလေးတွေနဲ့ တိုက်ခိုက်နိုင်ပါ့မလား?

ဒါပေမဲ့ ဒိအချိန်တွင် ဝမ်ယောင်ချန်း ကပြင်းထန်သည့် အခြေအနေကို ကြုံတွေ့ရသည်။

“ဟွမ်ဟွမ်…” ဝမ်ယောင်ချန်း ကသူ့ပါးစပ်ကို ထပ်ဟလိုက်သည်။ သို့သော် သူဘာမှမပြောနိုင်ခင်မှာပဲ မြန်ဆန်သည့် ခြေလှမ်းတွေက အနားကို ရောက်လာခဲ့သည်။

ဘုရားကျောင်းထဲမှ လူတွေရဲ့ အာရုံတွေက ပြင်းထန်သွားသည်။ သို့သော် ဘာသေနတ်မှ မရှိပေ။ ထို့နောက် ဟုန်ချန်းမင်း ကငါးလီတာ ရေဗူးအား ဘယ်လက်တွင် ကိုင်ထားပြီး ညာဘက်တွင် အိတ်တစ်လုံးကို သယ်ထားတာကို မြင်လိုက်ရသည်။

သူ့ခြေတံရှည်တွေနဲ့ ကြီးမားစွာ လှမ်းနေတာကြောင့် ဘုရားကျောင်းထဲကို ခြေလှမ်းအနည်းငယ် မျက်စိတစ်မှိတ်အတွင်း ရောက်လာခဲ့သည်။ ထိုအချိန်တွင် သူ့ဆီမှ ပြင်းထန်သည့် သတိထားမှုကိုလည်း မြင်နေရသည်။

ထိုအချိန်တွင် ဝမ်ယောင်ချန်း လိုလူမျိုး၊ တချို့ခန့်ညားသည့် နာမည်ကြီး လူတွေတောင် ချက်ချင်း ပျောက်ကွယ်သွားချင်သည့် စိတ်တွေပေါ်လာခဲ့သည်။ သူတို့မျက်လုံးထဲတွင် ဟုန်ချန်းမင်း တစ်ယောက်သာ ခန့်ညာပြီး ချောမောနေတော့သည်။ ဟုန်ချန်းမင်း က ဇောင်ယုဟွမ် အရှေ့ကို လျင်မြန်စွာ ရောက်လာပြီး ပြောလိုက်သည်။

“အပြင်ဘက်မှာ ပစ်ခတ်တာတွေ ဘာမှမရှိတော့ဘူး။ ငါတို့ မကြာခင် သွားလို့ရပြီ” ဇောင်ယုဟွမ် ကသက်ပြင်းချလိုက်သည်။

ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ကိုင်ထားသည့် ကုတ်အင်္ကျီထဲကို ဘီစကစ်ကို ထည့်လိုက်သည်။ တခြားသူတွေက ဒီမြင်ကွင်းကို မြင်လိုက်ချိန်တွင် စိတ်ပျက်သလို ခံစားလိုက်ရသည်။

သေချာပေါက်ကို အစားတွေက ဇောင်ယုဟွမ် တစ်ယောက်တည်း အတွက်သာ ဖြစ်သည်။ ဟုန်ချန်းမင်း ကဘီစကစ်ကို ထည့်ပြီးနောက် ရေဗူးအဖုံးကို ဖွင့်လိုက်သည်။ ဆွဲပုံးက ရေငါးလီတာတောင် ရှိသည်။

ဇောင်ယုဟွမ် ကသောက်ချင်သည်။ ဒီရေဆွဲပုံးက နည်းနည်း လေးနေပုံပေါ်နေသော်လည်း လေ့ကျင့်ခန်းတွေ လုပ်ထားတာကြောင့် ကိုင်သောက်ဖို့က ပြဿနာမရှိပေ။

သို့သော် ဇောင်ယုဟွမ် လက်ထုတ်လိုက်ချိန်တွင် ဟုန်ချန်းမင်း ကသူမကို ရှောင်လိုက်သည်။ သူက နည်းနည်း မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။

“မလှုပ်နဲ့” ဒီအသံက အစ်ကိုတစ်ယောက်နဲ့ တူနေသည်။

ဇောင်ယုဟွမ် ကနာခံစွာဖြင့် လက်ကို ပြန်ရုတ်လိုက်ပြီး နေမြဲအတိုင်း နေလိုက်သည်။ ဟုန်ချန်းမင်း ကသူမ ရေဆာတယ်လို့ ပြောလိုက်တာကြောင့် သတ္တိရှိရှိနဲ့ အန္တရာယ်ရှိတဲ့အပြင်ဘက်ကို ရေသွားယူခဲ့တာ၊ ဒါကြောင့် သူ့ကို သူမ ဘယ်လိုလုပ်ပြီး မလိုက်နာပဲ နေရမှာလဲ?

ဟုန်ချန်းမင်း ကရေဆွဲပုံးရဲ့ အောက်ခြေကို ကိုင်လိုက်ပြီး ဇောင်ယုဟွမ် ရဲ့နှုတ်ခမ်းနားတွင် ထားလိုက်သည်။ ဇောင်ယုဟွမ် ကပြောလိုက်သည်။

“အစ်ကိုချန်းမင်း မတော်တဆ အားနည်းနည်း ပိုသုံးမိရင် ဟွမ်ဟွမ် ရွှဲသွားလိမ့်မယ်” ဟုန်ချန်းမင်း ရဲ့လည်ပင်းက လှုပ်ရှားသွားသည်။

“…ငါ့လက်တွေက အရမ်းငြိမ်တယ်”

ဇောင်ယုဟွမ် : “ကောင်းပြီ”

ထို့နောက် ဇောင်ယုဟွမ် ကပါးစပ်ဟလိုက်သည်။ တကယ်တော့ ဟုန်ချန်းမင်း ရဲ့လက်မောင်းအားကို ပြဖို့မဟုတ်ပေ။ သူ့ကြွက်သားတွေက မပေါ်ပေ။ သူ့လက်ထဲတွင် ဆွဲပုံးက အတော်လေး ငြိမ်နေသည်။

ဇောင်ယုဟွမ် ကအလျင်အမြန်ပင် ရေအများကြီးကို သောက်လိုက်ပြီး သူမနှုတ်ခမ်းက အနည်းငယ် လျှံကျသွားသည်။ ဒါက သူမ ရေအရမ်းဆာနေပြီး အလျင်စလို သတိလက်လွတ် သောက်လိုက်မိတာကြောင့် ဖြစ်သည်။

“တော်ပြီ” ဟုန်ချန်းမင်း ကရေကို ဖယ်လိုက်သည်။

“တစ်ခါတည်း အများကြီးသောက်ရင် မသက်မသာဖြစ်လိမ့်မယ်”

ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်သည်။ ဒီအကြောင်းကို သူမ နားလည်သည်။ ထို့နောက် ဟုန်ချန်းမင်း ကသူ့ဘာသာ ရေဆွဲပုံးကို ကိုင်ထားပြီး နှစ်ကျိုက်သောက်လိုက်သည်။ သူ့သောက်နေစဉ် ဇောင်ယုဟွမ် ကိုစိုက်ကြည့်နေခဲ့သည်။

ရုတ်တရက် ဇောင်ယုဟွမ် ကမသက်မသာ ခံစားလိုက်ရသည်။ ဟုန်ချန်းမင်း ကရေသောက်နေတာ သိသာတာပဲ။

သူမက အနားကွပ်လေးပဲ ထိလိုက်ရုံပဲ။

ဒါပေမဲ့ ဒါက ရေသောက်ရုံပဲလေ!

သူ့နှုတ်ခမ်းတွေက ရေဆွဲပုံးနှုတ်ခမ်းကိ ထိနေတာမဟုတ်ပဲ သူမနှုတ်ခမ်းကို ထိနေတာလို့ ဘာကြောင့် ခံစားနေရတာလဲ…?

ဇောင်ယုဟွမ် ကသူမအတွေးတွေကြောင့် ထိတ်လန့်သွားသည်။ ဒါက အချိန်အတော်ကြာ မဒိတ်ခဲ့လို့ ငါ့ဟော်မုန်းတွေက မတည်မငြိမ်ဖြစ်ပြီး ဟုန်ချန်းမင်း ကိုစတွေးမိတာလား?

ဇောင်ယုဟွမ် ကအလျင်အမြန်ပင် လှည့်ကာ ဝမ်ယောင်ချန်း ကိုကြည့်လိုက်သည်။

ကြည့်၊ ဒါက ငါဒိတ်ဖို့ စီစဉ်ထားတဲ့သူပဲ!

ထိုအချိန်တွင် လီဂျင်းယွမ် ရဲ့အသံက ထွက်လာပြီး စိတ်မကျေနပ်မှုက ပါဝင်နေသည်။

“အစ်ကိုဟုန်၊ ငါ့အတွက် ရေချန်ပေးဖို့ အစီစဉ်မရှိဘူးလား?” ဟုန်ချန်းမင်း ကအဖုံးဖုံးလိုက်ပြီး အမူအရာ မပြောင်းလဲပဲ လီဂျင်းယွမ် ဆီပစ်ပေးလိုက်သည်။

လီဂျင်းယွမ် ကခေါင်းငုံ့ကာ ကြည့်လိုက်သည်။ ဟွမ်ဟွမ် သောက်ပြီးတော့ ဟုန်ချန်းမင်း ကအရင်ယူလိုက်တာကြောင့် လီဂျင်းယွမ် ကသောက်ရဲသည့် နှလုံးသား မရှိပေ။

ဟုန်ချန်းမင်း သောက်နေတာကို မြင်လိုက်ချိန်တွင် သူသောက်နေပုံက ဇောင်ယုဟွမ် ရဲ့နှုတ်ခမ်းကို အချိန်အတော်ကြာ နမ်းနေသလိုမျိုး မလွှတ်ပေးပေ။

လီဂျင်းယွမ် ပေါက်ကွဲသွားသည်။ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့လက်ရှိ အခြေအနေ တည်ငြိမ်မှုအောက်တွင် ဖုံးကွယ်ထားတာကြောင့် သတိပြုမိဖို့ အတော်လေး ခက်ခဲသည်။

သို့သော် ဝမ်ယောင်ချန်း ကရုတ်တရက် တစ်ခုခုကို နားလည်သွားခဲ့သည်။

လီဂျင်းယွမ် ကရေဗူးကို ချလိုက်ပြီးနောက် လှည့်လိုက်ကာ ဟုန်ချန်းမင်း ရဲ့ကုတ်အင်္ကျီထဲမှ ဘီစကစ်ကို ထုတ်လိုက်သည်။ အိတ်ဖောက်လိုက်ပြီး ပြောလိုက်သည်။

“ဘီစကစ် တစ်ခုက ဟွမ်ဟွမ့် ဆာလောင်မှုကို တားဆီးဖို့ လုံလောက်လိမ့်မယ်။ ဟွမ်ဟွမ်၊ အရင်တစ်ခု စားထားလိုက်၊ နည်းနည်းကြာရင် လုံခြုံတဲ့နေရာမှာ သန့်ရှင်းတဲ့ အစားတွေ သွားစားကြမယ်” သူပြောလိုက်ပြီး ဇောင်ယုဟွမ် ရဲ့ပါးစပ်ထဲကို ဘီစကစ် ထည့်ပေးလိုက်သည်။

ဟုန်ချန်းမင်း : “…”

ဒါက တကယ့်ကို တခြားတစ်ယောက်ရဲ့ အပြုအမူကိုမှီပြီး အရှက်မဲ့စွာ ပြုမူလိုက်တာပဲ။

ဒီနေ့က တကယ့်ကို ကြောက်လန့်နေတာကြောင့် မလှုပ်ရှားပဲ သူမပါးစပ်ကိုသာ ဟလိုက်သည်။ ဇောင်ယုဟွမ် ကပါးစပ်ဟလိုက်ပြီး နှစ်ကိုက်ကိုက်လိုက်သည်။ အုန်းသီးထောပတ် အရသာက အတော်လေး ကောင်းသည်။

ဇောင်ယုဟွမ် ကတွန့်ဆုတ်နေတာကို ရပ်လိုက်ပြီး အနည်းငယ်ကိုက်ပြီး အလျင်အမြန် မြိုချလိုက်သည်။ အပြင်ဘက်က တခြားအရာတွေကြောင့် မုန့်စားဖို့မပြောနဲ့ ရေတောင် မသောက်နိုင်ပေ။ ဒီလိုမျိုးဖြင့် ဇောင်ယုဟွမ် ရဲ့ဗိုက်ထဲကို အစားအသောက်တွေက ဝင်လာခဲ့သည်။

လီဂျင်းယွမ် ကရပ်လိုက်ပြီး ဘီစကစ်ကျွေးတာ၊ ရေတိုက်တာက သိပ်မကွာတာကို နားလည်သွားသည်။ ဒါပေမဲ့ လုံလောက်သည်။

လီဂျင်းယွမ် ကတွေးလိုက်ပြီး ဝမ်ယောင်ချန်း ကိုလှည့်ကြည့်လိုက်သည်။ ဝမ်ယောင်ချန်း ရဲ့မျက်လုံးတွေက အနည်းငယ် မှောင်မဲနေပြီး သူတို့ဆီကို ကြည့်နေကာ ပျောက်ဆုံးနေသည့် ခံစားချက်တွေကို ပြသနေသည်။

သို့သော် ဒီအမူအရာတွေက နည်းပါးပြီး မကြာခင်တွင် ဝမ်ယောင်ချန်း က ‘ပြည့်စုံသည့်’အမူအရာကို ပြသလိုက်သည်။

ဇောင်ယုဟွမ် ကသူမပါးစပ်ထဲမှ မုန့်တွေကို တဖြည်းဖြည်း မြိုချပြီးနောက် နှစ်ရီဝက်က ကုန်ဆုံးသွားသည်။ ခုံတန်းရှည်အောက်တွင် ပုန်းနေကြသည့် လူတွေက သက်ပြင်းချလိုက်ကြသည်။

ဒီထူးဆန်းသည့် ပုံစံဖြင့် ထပ်မနေနိုင်တာကြောင့် တစ်ယောက်ပြီး တစ်ယောက် ထရပ်လိုက်ကြသည်။ ဂူယူလင်း ကအရင်းဆုံး ချီးကျူးလိုက်သည်။

“လီဂျင်းယွမ် မှန်တယ်။ ဒီနေရာက တကယ်ပဲ လုံခြုံတာပဲ” တခြားသူတွေကလည်း ပြောလာကြသည်။

ကင်မရာသမားက ဆက်ရိုက်ကူးနေခဲ့သည်။ သူတို့က ရှိုးပွဲက အကြောင်းတွေက ထိပ်ဆုံးဖြစ်မလား၊ အရေးကြီး အကြောင်းအရာဖြင့် မီဒီယာတွေဆီ ရောင်းစားခံရမလားဆိုတာ မသိကြပေ။

နောက်ဆုံးတွင် ဘုရားကျောင်းက ပြန်နွေးထွေးလာခဲ့သည်။ ကောမိုင် ကလျှောက်သွားပြီး ကယ်တင်မဲ့အကြောင်းကို မေးချင်ခဲ့သည်။

“ဘာပြဿနာမှ မရှိနိုင်တော့ဘူး။ ခဏလေးစောင့်” လီဂျင်းယွမ် ကပြောလိုက်သည်။

သူ့စိတ်က ဒီအခြေအနေပေါ်တွင် မရှိနေတာကြောင့် ကောမိုင် ကိုဒီစကား အနည်းငယ်သာ ပြောလိုက်ပြီး ဆက်မပြောတော့ပေ။

ဂူယူလင်း က ကောမိုင် အနောက်ကနေ လိုက်ခဲ့ပေမဲ့ သူမအကြည့်တွေက လီဂျင်းယွမ် ကိုဖြတ်ပြီး ဇောင်ယုဟွမ် အပေါ်တွင် ရှိနေခဲ့သည်။

ဒီအပိုင်းအများကြီး ရိုက်ကူးပြီးနောက် သူမ နားလည်သွားခဲ့သည်။ သူမက လီဂျင်းယွမ်၊ ဟုန်ချန်းမင်း တို့နဲ့ စကားပြောချင်ရင် တိုက်ရိုက်ပြောတာက အသုံးမဝင်ပေ။ ဒီယောင်္ကျား နှစ်ယောက်က နွေးထွေးပုံရပေမဲ့ ဓားသွားတွေလို ချဉ်းကပ်ရတာ ခက်ခဲသည်။

တစ်ခုတည်းသော နေရာက ဇောင်ယုဟွမ် ပဲ။ ဇောင်ယုဟွမ် နဲ့စကားတွေ အများကြီး ပြောလိုက်ရင် ဒီယောင်္ကျား နှစ်ယောက်နဲ့လည်း အလိုလို ရင်းနှီးလာမှာပဲ။

ပြောစရာတောင် မလိုဘူး…

ဂူယူလင်း ကတခြားသူတွေထက် ပိုတော်တာကြောင့် မကြာခင်မှာ ကယ်တင်ပေးမှုက ရောက်လာဦးမှာ မဟုတ်တာကို နားလည်ပြီးသား ဖြစ်သည်။ သူတို့က လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့အပေါ်တွင်သာ မူတည်သည်။

ဂူယူလင်း ကဒီအကြောင်းကို တွေးလိုက်ပြီးနောက် သူမအိတ်ထဲမှ ချောကလက်အပိုင်းလေးကို ထုတ်လိုက်ပြီး ဇောင်ယုဟွမ် ကိုပေးလိုက်သည်။

“ယုဟွမ် နည်းနည်းလောက် စားချင်လား? ငါက သကြားဓာတ် နည်းတက်လို့ အိတ်ထဲမှာ ချောကလက် ဆောင်ထားတတ်တယ်။ ဒါက နည်းနည်းတော့ ချိုတယ်။ အချိုက ယုဟွမ် ရဲ့ဦးနှောက်ကို ပိုပြီးသက်တောင့်သက်သာ ဖြစ်စေတယ်”

ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး သူမကို ကြည့်လိုက်ပြီးနောက် လက်ထုတ်ကာ ယူလိုက်သည်။ ဂူယူလင်း ရဲ့အပြုအမူကြောင့် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က တစ်ချိန်းတည်းနီးပါး သူမကို ကြည့်လိုက်ကြသည်။

ဂူယူလင်း တွေးထားသည့် အတိုင်းပင်။ မျှော်လင့်ထားတဲ့အတိုင်း ဇောင်ယုဟွမ် ကတုန့်ပြန်လိုက်သည်နှင့် တခြားနှစ်ယောက်က သူမအပြုအမူတိုင်း လိုက်နာကြလိမ့်မည်။

ချောကလက်က ရှားပါးအစားအစာမျိုး မဟုတ်ပေ။ ဇောင်ယုဟွမ် ကလည်း ချောကလက်ကို သိပ်မကြိုက်ပေ။ သို့သော် ဒီအချိန်တွင် ချိုတဲ့အရာ တစ်ခုခုကို စားလိုက်တာက စိတ်ခံစားချက်အား ပိုကောင်းမွန်စေသည်။

ဇောင်ယုဟွမ် ကဖြည်းညှင်းစွာဖြင့် အိတ်ဖောက်လိုက်သည်။ ထိုအချိန်တွင် သူမကို စိုက်ကြည့်နေသည့် အကြည့်တစ်ခု ဒါမှမဟုတ် သူမလက်ထဲက ချောကလက်ကို ကြည့်နေတာကို သတိပြုမိသွားသည်။

ဇောင်ယုဟွမ် ကလှည့်ကြည့်လိုက်ပြီး လင်းလန် ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဇောင်ယုဟွမ် ကဇာတ်လိုက်မအား ကျေနပ်စေဖို့ ချောကလက်ကို အသုံးချရတာမျိုး သဘောမကျပေ။

သူမအကြည့်ကို ပြန်ရုတ်လိုက်ပြီး အိတ်ဖောက်ထားသည့် ချောကလက်အား ပါးစပ်ထဲ ထည့်လိုက်ပြီး ဖြည်းဖြည်းချင်း ဝါးကာမျိုချလိုက်သည်။

“ကျေးဇူးပါ” သူမက ဂူယူလင်း ကိုပြောလိုက်သည်။

လင်းလန် ရဲ့အကြည့်တွေက ချက်ချင်း ပြောင်းလဲသွားပြီး သူမမျက်လုံးထဲတွင် အမှောင်ရိပ် အနည်းငယ်က ဖြတ်ပြေးသွားခဲ့သည်။

ဇောင်ယုဟွမ် ကဒီချောကလက် အပိုင်းလေး တစ်ခုကို လင်းလန် ကိုပေးလိုက်ရင် ဘာတွေ ပြောင်းလဲသွားစေလဲဆိုတာ သူမ မသိပေ။

ဒါထက် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကို ပေးတာက ပိုယုံကြည်ရတယ်လို့ တွေးလိုက်မိသည်။

ဒီမကောင်းတဲ့ကောင် နှစ်ယောက်က မကြာခင်တုန်းကတည်းက အရမ်းထူးဆန်းလာပြီး သူမကို တချို့အကြောင်းတွေ လျှို့ဝှက်ထားသည်။

အန္တရာယ် ရောက်လာချိန်တွင် သူတို့ရဲ့ ပထမဆုံး အတွေးက သူမဖြစ်သည်။

အနာဂတ်မှာ ဇာတ်လိုက်မထံ သူတို့ကျရှုံးသွားသွားရင် နည်းနည်းတော့ မတရားဘူးလို့ ခံစားလိုက်ရသည်။

ထို့ကြောင့် ဇောင်ယုဟွမ် ကဘာမှ သက်ရောက်မှု မရှိသလိုမျိုး ပျော်ရွှင်စွာနဲ့ စားလိုက်သည်။

ဘုရားကျောင်းတွင် လူတိုင်းက ချောကလက်ကို ကြည့်နေကြပြီး တိတ်ဆိတ်စွာ တံတွေးမျိုချလိုက်ကြသည်။ သို့သော် သူတို့က မကြာခင်တွင် ဒီနေရာမှ ထွက်ခွာနိုင်မဲ့ အကြောင်းသာ တွေးနေကြသည်။

ထိုအချိန်တွင် အပြင်ဘက်မှ စက်အသံတွေကို ကြားလိုက်ရတာကြောင့် ချက်ချင်းပင် လေထုက တင်းမာသွားသည်။ ဘုရားကျောင်း အပြင်ဘက်တွင် ကားအများအပြားက ရပ်လာခဲ့သည်။

“ဒီအဖွဲ့က ပြန်လာတာလား?” ဂူယူလင်း ကတုန်လှုပ်နေသည့် အသံဖြင့် မေးလိုက်သည်။ သူမ မေးလိုက်ရင်း ဇောင်ယုဟွမ် အနားကို တိုးသွားလိုက်သည်။

ကြည့်၊ သူမက ယင်ချီချီ ထက်ကို ပိုထက်မြတ်တယ်။ သူမလိုမျိုး လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ဆီကို ပြေးဝင်သွားမှာ မဟုတ်ဘူး။

1.6.2021 (Tue)
……………………..

Zawgyi

အခ်ိန္ေတြက ကုန္သြားခဲ့သည္။

ေဇာင္ယုဟြမ္ တည္ၿငိမ္သြားခ်ိန္တြင္ ဖုန္းထဲမွ တစ္ဖက္လူအား စကားေျပာေနသည့္ ဟုန္ခ်န္းမင္း ရဲ႕အသံကို သူမ ႐ွင္း႐ွင္းလင္းလင္း ၾကားလိုက္ရသည္။

ဟုန္ခ်န္းမင္း ကအဂၤလိပ္လို ေျပာေနေပမဲ့ အီတလီစကား နည္းနည္းပါေနကာ တူရကီ ရဲ႕အသုံးမ်ားသည့္ စကားေတြလည္း ပါေနသည္။ ထိုအသံကို ေဇာင္ယုဟြမ္ နားေထာင္ေနခ်ိန္တြင္ ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္သည္။

ေဇာင္ယုဟြမ္ နည္းနည္း အံ့ဩသြားသည္။ ဟုန္ခ်န္းမင္း ရဲ႕စကားေျပာသည့္ အေသးစိတ္ကို သူမ သတိျပဳမိသည္။ သို႔ေသာ္ အခုေတာ့ သူမအျမင္ေတြက ခ်ိဳးဖ်က္ခံရၿပီး အရင္ကထပ္ ပိုစူး႐ွသလို ခံစားရေစသည္။

ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ရဲ႕အသံတြင္ ေဒါသသံနဲ႔ အသံတိုးလိုက္ခ်ိန္တြင္ ေအးစက္ေနတာကို သတိျပဳမိသည္။ ဒါက ဟုန္ခ်န္းမင္း ကသံ႐ုံးကို အကူအညီေတာင္းေနတာ မဟုတ္ဘူးလို႔ သူမခံစားလိုက္ရသည္။

အဲ့ဒါထက္ သူ႕အဖြဲ႕သား၊ လက္ေအာက္ငယ္သားကို ေျပာေနတာနဲ႔ တူေနသည္။ ေဇာင္ယုဟြမ္ ကအခ်ိန္အေတာ္ၾကာ စကားမေျပာခဲ့ေပ။

လီဂ်င္းယြမ္ ကသူမက လက္ေတြကို သတိလက္လြတ္ ကိုင္ထားတာကို ျမင္လိုက္ၿပီးေနာက္ ေမးလိုက္သည္။

“ဟြမ္ဟြမ္ ေၾကာက္ေနတုန္းလား?” ေဇာင္ယုဟြမ္ ကေခါင္းခါလိုက္ၿပီး သိခ်င္စြာျဖင့္ ေမးလိုက္သည္။

“ဟုန္ခ်န္းမင္း ကဘယ္သူ႕ကို ေခၚေနတာလဲ?”

“သံ႐ုံးကို”

“သံ႐ုံးကို ဖုန္းေခၚတာက ဂ်င္းယြမ္ ေခၚတာ မဟုတ္ဘူးလား? ဒီတစ္ခ်ိန္လုံး အကူအညီအတြက္ ေခၚေနခဲ့တာ မဟုတ္ဘူးလား?” ေဇာင္ယုဟြမ္ ကမေပ်ာ္႐ႊင္စြာျဖင့္ ေျပာလိုက္သည္။

What the hell!

သူတို႔က ရည္စား မ႐ွိေသးတာေတာင္ သူတို႔ကိုယ္ပိုင္ ဘဝေၾကာင္းနဲ႔ သူတို႔ဆီမွာ လွ်ိဳ႕ဝွက္ခ်က္ နည္းနည္းေတာင္ ႐ွိေနၾကၿပီ!

ေဇာင္ယုဟြမ္ ကဝမ္းနည္းစြာျဖင့္ ေတြးလိုက္သည္။ ဟုန္ခ်န္းမင္း ကသူမ အသံကို ၾကားလိုက္ခ်ိန္တြင္ အမူအရာ မေျပာင္းလဲပဲ ဖုန္းခ်လိုက္သည္။

“ငါဖုန္းခ်လိုက္ၿပီ” သူက ရပ္လိုက္ၿပီးေနာက္ ေျပာလိုက္သည္။

“ငါတို႔ကို လာေခၚဖို႔႐ွိသင့္တယ္”

ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ရဲ႕လက္ကို ျဖဳတ္လိုက္ၿပီး ကုတ္အက်ႌကို ကိုင္လိုက္သည္။ ဟုန္ခ်န္းမင္း ရဲ႕ေလကာအက်ႌက သူမေခါင္းကေန ေျခဖ်ားအထိေလာက္ ေရာက္ေစသည္။

သူမေခါင္းကို ထုတ္လိုက္ၿပီး ကုတ္အက်ႌကို ကိုင္ထားခဲ့သည္။ သူမက ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္ၿပီး သူကလည္း သူမကို လွည့္ၾကည့္လာသည္။ မျပင္ဆင္ထားတာေၾကာင့္ ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ရဲ႕မ်က္လုံးကို ၾကည့္လိုက္မိသည္။

သူ႕နက္႐ိႈင္းၿပီး အာ႐ုံစိုက္ထားသည့္ အၾကည့္မွ ေက်ာခ်မ္းဖြယ္ရာကို သူမ ျမင္လိုက္ရသည္။ ေဇာင္ယုဟြမ္ အေတာ္ေလး လန္႔သြားခဲ့သည္။

သူမ… ဟုန္ခ်န္းမင္း ရဲ႕မ်က္လုံးထဲက ပုံမွန္မဟုတ္တဲ့ အာ႐ုံစိုက္ထားတဲ့ ျမင္ကြင္းကို ျမင္လိုက္ရသလိုပဲ။

အာ႐ုံစိုက္ထားပုံက ေဇာင္ယုဟြမ္ အားအရာအားလုံးကို သတိလက္လြတ္ ျဖစ္သြားေစသည္။ ဟုန္ခ်န္းမင္း ကသူ႕အား ဒီလိုၾကည့္လာမယ္လို႔ မေမွ်ာ္လင့္ထားေပ။ သူမက ႐ုတ္တရက္ ေခါင္းေပၚမွ ကုတ္အက်ႌအား လႊတ္ခ်လိုက္မိသည္။

ဟုန္ခ်န္းမင္း ရဲ႕အမူအရာေတြက အလ်င္အျမန္ ေျပာင္းလဲသြားၿပီး သူ႕အၾကည့္ကို ျပန္႐ုတ္သိမ္းလိုက္ကာ ပုံမွန္ျပန္ျဖစ္သြားသည္။ သူ႕ေျပာင္းလဲမႈက အေသးအဖြဲ႕ေလး မဟုတ္ေပမဲ့ ေဇာင္ယုဟြမ္ ကသူနဲ႔ သိလာခဲ့တာ အခ်ိန္အေတာ္ၾကာေနၿပီ ျဖစ္တာေၾကာင့္ သူမ မျမင္လိုက္ပဲ ဘယ္ေနမလဲ?

ဟုန္ခ်န္းမင္း ရဲ႕ေျပာင္းလဲမႈက ေဇာင္ယုဟြမ္ အားတစ္ခုခုကို ခံစားရေစသည္။

သူက ဘာေတြကို ဖုံးကြယ္ထားတာလဲ?

ဝမ္ေယာင္ခ်န္း ရဲ႕အသံက ေဇာင္ယုဟြမ္ ရဲ႕အေတြးရထားကို ပ်က္သြားေစသည္။ သူလည္း အခ်ိန္အေတာ္ၾကာတည္းက ေရာက္ေနပုံေပၚသည္။ ဝမ္ေယာင္ခ်န္း ကေျပာလိုက္သည္။

“လီဂ်င္းယြမ္ မွန္တယ္။ ဒီလူေတြက လူမႈေရးအတြက္ တိုက္ပြဲျဖစ္ေနၾကတာ။ ဒါ့ေၾကာင့္ ဘုရားေက်ာင္းထဲ ဝင္လာဖို႔ ရည္႐ြယ္ထားမွာ မဟုတ္ဘူး” ေဇာင္ယုဟြမ္ ကပုံမွန္ပင္ ေခါင္းညိတ္လိုက္သည္။

ဝမ္ေယာင္ခ်န္း ေျပာတာေတြကို သူမ သိပ္အာ႐ုံမစိုက္ႏိုင္ေပ။ ေနာက္ၿပီး ဝမ္ေယာင္ခ်န္း ေျပာတာေတြက ဘာမွမဟုတ္ပဲ အဓိပၸါယ္မ႐ွိေပ။ ဝမ္ေယာင္ခ်န္း ကေျခလွမ္းကို ရပ္လိုက္ၿပီး လွည့္လိုက္ကာ ေျပာလိုက္သည္။

“နားေထာင္ၾက၊ အျပင္ဘက္က အသံေတြက ေဝးပုံပဲ”

ေနာက္ဆုံးေတာ့ ေဇာင္ယုဟြမ္ က ဝမ္ေယာင္ခ်န္း ဆီအာ႐ုံစိုက္လိုက္သည္။ သူ႕အျပဳအမူတိုင္း ေဘးဘက္ကို လွည့္လိုက္ကာ ဘုရားေက်ာင္း အျပင္ဘက္မွ အသံကို နားေထာင္လိုက္သည္။

“…အင္း၊ သူတို႔ ထြက္သြားၾကပုံပဲ” ထိုအခ်ိန္တြင္ လီဂ်င္းယြမ္ ကအနည္းငယ္ ေကြးလိုက္ၿပီး ဝမ္ေယာင္ခ်န္း ကိုမေတာ္တဆ တားလိုက္ေပမဲ့ ဒီအျပဳအမူက သိသာပုံမေပၚေပ။ သူက ေမးလိုက္သည္။

“ဟြမ္ဟြမ္၊ ေရေသာက္ခ်င္လား?” ေဇာင္ယုဟြမ္ ကေရနည္းနည္းဆာေနခဲ့သည္။ သူတို႔ ဒီေနရာမွာ လာပုန္းထဲက သူတို႔က ဘာမွမစားရေသးသလို ဘာမွလည္း မေသာက္ရေသးေပ။

လီဂ်င္းယြမ္ ရဲ႕စကားေၾကာင့္ ေဇာင္ယုဟြမ္ ကမထိန္းခ်ဳပ္ႏိုင္ပဲ သူမႏႈတ္ခမ္းကို သပ္လိုက္သည္။ ေယာက်ၤား သုံးေယာက္ရဲ႕ အၾကည့္က တစ္ေနရာတည္းကို ေရာက္လာသည္။ သူတို႔က သတိလက္လြတ္ သူမႏႈတ္ခမ္းကို စိုက္ၾကည့္ေနခဲ့ၾကသည္။

သူမက ႏႈတ္ခမ္းသပ္လိုက္တာေၾကာင့္ မနက္ခင္းတြင္ ေရစက္ျဖန္းထားသည့္ ပြင့္ခ်က္ေလးလို လွပကာ ဆြဲေဆာင္မႈ႐ွိေနၿပီး ေတာက္ပေနသည္။ ဝမ္ေယာင္ခ်န္း ရဲ႕ႏွလုံးခုန္သံက ျမန္သြားသည္။

ေဇာင္ယုဟြမ္ ကသက္ျပင္းခ်လိုက္သည္။

“အခုခ်ိန္ ေရကိုဘယ္မွာ ႐ွာလို႔ရမွာလဲ?” သူမအသံ ထြက္လာသည့္ ဝမ္ေယာင္ခ်န္း ကသူ႕အိတ္ထဲမွ ခ်က္ခ်င္းပင္ ဆြဲထုတ္လိုက္သည္။

ဝမ္ေယာင္ခ်န္း ကသတိဝင္လာခ်ိန္တြင္ သတိလက္လြတ္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကို ၾကည့္လိုက္မိသည္။ သူတို႔ကလည္း ေဇာင္ယုဟြမ္ ကိုၾကည့္ေနခဲ့သည္။ ဝမ္ေယာင္ခ်န္း ရဲ႕မ်က္လုံးအေရာင္က ေျပာင္းလဲသြားသည္။

“ထားလိုက္ေတာ့” ေဇာင္ယုဟြမ္ ကေျပာလိုက္ၿပီး ႏႈတ္ခမ္းကို ထပ္သပ္လိုက္သည္။

“ဟြမ္ဟြမ္ ေတာင့္ခံႏိုင္ေသးတယ္” ဟုန္ခ်န္းမင္း ကသူ႕အၾကည့္ကို ျဖည္းျဖည္းခ်င္း ျပန္႐ုတ္လိုက္ၿပီး အျပင္ဘက္ကို လွည့္ထြက္သြားသည္။

“ပ႐ိုဂရမ္အဖြဲ႕သားေတြရဲ႕ ကားက ဘုရားေက်ာင္းအျပင္ဘက္ ပါကင္မွာ ထိုးထားတယ္။ အဲ့ကားထဲမွာ ေရပုလင္း႐ွိတယ္။ ငါသြားယူလိုက္မယ္” ေဇာင္ယုဟြမ္ ကအလ်င္အျမန္ပင္ သူ႕လက္ကို ဆြဲလိုက္သည္။

“႐ွင္သြားၿပီး ဘာလုပ္မလို႔လဲ?” ဟုန္ခ်န္းမင္း ရဲ႕အၾကည့္က ဝမ္ေယာင္ခ်န္း ဆီေရာက္သြားၿပီး မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး စိတ္မေက်နပ္မႈက ထြက္ေပၚလာသည္။ ပုံမွန္ထက္မပိုသည့္ အသံျဖင့္ ေျပာလိုက္သည္။

“ဟြမ္ဟြမ္ ေရဆာေနတယ္။ ငါေရသြားယူေပးမယ္” ဟုန္ခ်န္းမင္း ကအေတာ္ေလး မေပ်ာ္႐ႊင္ေပ။

ေအးစက္သည့္ အၾကည့္က ဝမ္ေယာင္ခ်န္း ဆီေရာက္သြားၿပီး ေတြးလိုက္သည္။ ‘ဟြမ္ဟြမ္ ကိုစိတ္ေက်နပ္ေအာင္ လုပ္ဖို႔အတြက္ မင္းအလွည့္ေတာင္ ေရာက္လာမွာ မဟုတ္ဘူး၊ ဘာလို႔ ထည့္တြက္ေနေသးလဲ?’

ဝမ္ေယာင္ခ်န္း ကသူလုပ္ႏိုင္သလို မလုပ္ႏိုင္ဘူးဆိုတာကို သိေစခ်င္တာ ျဖစ္သည္။ ေဇာင္ယုဟြမ္ ကငိုရမလား၊ ရယ္ရမလား မဆုံးျဖတ္ႏိုင္ေတာ့ပဲ အရမ္းစိတ္ဆိုးသြားသည္။

“အခုခ်ိန္ အျပင္ဘက္အေျခအေနက ဘာလဲဆိုတာ ဘယ္သူမွမသိၾကဘူး။ ဘာေၾကာင့္ ေရသြားယူမွာလဲ? ဟြမ္ဟြမ္ ေရေလး နည္းနည္းဆာ႐ုံေလာက္နဲ႔ မေသႏိုင္ပါဘူး” လီဂ်င္းယြမ္ ကေျပာလိုက္သည္။

“ကိုယ္လည္း ဟုန္ခ်န္းမင္း နဲ႔သြားလိုက္မယ္၊ ဒါဆို ေဘးကင္းလိမ့္္မယ္” ေဇာင္ယုဟြမ္ ကပိုေတာင္ ေဒါသထြက္သြားသည္။ သူမက စိတ္ဆိုးစြာ ျပန္ေျဖလိုက္သည္။

“ဘာလို႔ အတူတူ သြားၾကမွာလဲ? တစ္ေယာက္နဲ႔ တစ္ေယာက္ က်ည္ဆံကာေပးဖို႔လား?”

ဟုန္ခ်န္းမင္း ကသူ႕ေခါင္းကို ခါလိုက္ၿပီး လီဂ်င္းယြမ္ ကိုေျပာလိုက္သည္။

“မင္း ဒီမွာေန” ထို႔ေနာက္ ဟုန္ခ်န္းမင္း က ဝမ္ေယာင္ခ်န္း ကိုၾကည့္လိုက္သည္။

ေႏြရာသီမွာ သူ႕ပါးစပ္ထဲ ေရခဲတုံးထည့္လိုက္သလိုမ်ိဳး ေအးစက္သည့္ ဒီအၾကည့္ေအာက္မွာ သူ႕ေခါင္းကဆံပင္ေတြ ေထာင္သြားတယ္လို႔ ဝမ္ေယာင္ခ်န္း ခံစားလိုက္ရသည္။ သို႔ေသာ္ ဂ႐ုတစိုက္ ျပန္ၾကည့္လိုက္ခ်ိန္တြင္ ဟုန္ခ်န္းမင္း ကသူ႕ကို ထပ္မၾကည့္ေတာ့ေပ။ ဒီအၾကည့္က သူ႕စိတ္ကူးလို ထင္ေယာင္ထင္မွား ျဖစ္သြားေစသည္။

လီဂ်င္းယြမ္ ကသူ႕အရင္ ဆုံးျဖတ္ခ်က္အား ခ်က္ခ်င္း စြန္႔ပစ္လိုက္ကာ ေခါင္းညိတ္ၿပီး ေျပာလိုက္သည္။

“အိုေက၊ ငါေနခဲ့မယ္”

ေဇာင္ယုဟြမ္ : ???

ဒီႏွစ္ေယာက္က သူမ စကားနားမေထာင္‌ေတာ့ဘူး။

လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က မိနစ္ပိုင္းအတြင္ အေရးပါသည့္ သေဘာတူညီခ်က္ကို လုပ္လိုက္သလိုမ်ိဳး ျဖစ္ေနသည္။

သူတို႔ ဘာေတြ သေဘာတူလိုက္တာလဲ?

ေဇာင္ယုဟြမ္ ကလွည့္လိုက္ကာ ဝမ္ေယာင္ခ်န္း ကိုၾကည့္လိုက္သည္။ ဝမ္ေယာင္ခ်န္း ကိုဆန္႔က်င္ဖို႔ သေဘာတူလိုက္တာလား?

သူတို႔ ႐ြဲ႕လန္ဗီလာမွ မထြက္ခြာခင္ ဟုန္ခ်န္းမင္း ရဲ႕သူမဒိတ္ျခင္းအေပၚ မေက်နပ္သည့္ အေၾကာင္းကို ႐ုတ္တရက္ ေဇာင္ယုဟြမ္ ေတြးမိသြားသည္။ ဟုန္ခ်န္းမင္း ကထပ္ရပ္မေနေတာ့ပဲ လွည့္သြားသည္။

“ဒီမွာ စိတ္႐ွည္႐ွည္နဲ႔ေစာင့္ေန၊ ဟြမ္ဟြမ္။ မၾကာခင္ ေသာက္စရာ ေရာက္လာလိမ့္မယ္”

ဒါက ကေလးေလးကို ႏွစ္သိမ့္တဲ့ အသံနဲ႔ တူမေနဘူးလား?

ေဇာင္ယုဟြမ္ ကေဒါသထြက္စြာ ေတြးလိုက္သည္။

“ဟုန္ခ်န္းမင္း!” ေဇာင္ယုဟြမ္ ကေလွ်ာက္သြားဖို႔ လုပ္လိုက္ေပမဲ့ လီဂ်င္းယြမ္ ကလက္ဆန္႔ကာ သူမကို ဖက္ထားလိုက္သည္။ သူ႕လက္ေတြက ေလ်ာ့တိေလ်ာ့ရဲ ဖက္ထားပုံေပၚေပမဲ့ အားမ်ားတာေၾကာင့္ လြတ္ေျမာက္ဖို႔ မလြယ္ကူေပ။

“အျပင္ဘက္မွာ ဘယ္သူမွ မ႐ွိပါဘူး” လီဂ်င္းယြမ္ ကသူမနားေဘးတြင္ ေျပာလိုက္သည္။ ဒါေတာင္မွ ေဇာင္ယုဟြမ္ ကစိတ္သက္သာသြားသလို မခံစားရေပ။

ေႏွာင့္ေႏွးျခင္း မ႐ွိပဲ ဟုန္ခ်န္းမင္း ကဘုရားေက်ာင္း အျပင္ဘက္ကို ေလွ်ာက္သြားလိုကသ္ည္။ ထိုအခ်ိန္တြင္ အမ်ိဳးသမီး ဧည့္သည္ေတြနဲ႔ ဝန္ထမ္းေတြက ခုံတန္း႐ွည္ေအာက္တြင္ ပုန္းကြယ္ေနၾကၿပီး ေဇာင္ယုဟြမ္ ရဲ႕႐ႈပ္ေထြးေနသည့္ အမူအရာေတြကို ၾကည့္ေနခဲ့ၾကသည္။

သူတို႔ စားေသာက္ၿပီးတာ ၾကာေနေပမဲ့ အခုခ်ိန္မွာ ဘယ္သူက ေရဆာတာ၊ ဗိုက္ဆာတာ ျဖစ္ႏိုင္မွာလဲ?

ဒါေပမဲ့ သူတို႔က တကယ္ပဲ အျပင္ထြက္ၿပီး ေရေသာက္ခ်င္သည္။ ဒါေပမဲ့ ဘယ္သူ႕မွ အဲ့ေလာက္ သတၱိမ႐ွိၾကေပ။

ဟုန္ခ်န္းမင္း ကေတာ့ လုပ္ရဲသည္။ သူတို႔က ဘယ္ေလာက္ မနာလိုတာ၊ သဝန္တိုတာ ျဖစ္ေနပါေစ၊ ဟုန္ခ်န္းမင္း အားသူတို႔အတြက္ အစားနဲ႔ ေရကိုယူလာေပးဖို႔ မေတာင္းဆိုႏိုင္ၾကေပ။

ေဇာင္ယုဟြမ္ ရဲ႕မ်က္ခုံးေတြက ၾကဳတ္ေနၿပီး ဘုရားေက်ာင္း ရဲ႕အဓိကဝင္ေပါက္ကို စိုက္ၾကည့္ေနၿပီးေနာက္ အင္အားမဲ့စြာျဖင့္ ေျပာလိုက္သည္။

“အိုေက၊ လႊတ္ေပး။ ဟြမ္ဟြမ္ ထြက္မေျပးဘူး” လီဂ်င္းယြမ္ ကနည္းနည္းသာ ေလ်ာ့ေပးလိုက္သည္။

သူလႊတ္ေပးလိုက္ၿပီး ေခါင္းငုံ႔လိုက္ကာ သူ႕မ်က္လုံးေထာင့္မွ လွ်ပ္တစ္ျပတ္အၾကည့္နဲ႔ ျမင္လိုက္ရသည္။ ဝမ္ေယာင္ခ်န္း ကစိတ္အေႏွာင့္အယွက္ ျဖစ္ေနတာေၾကာင့္ မ်က္ေမွာင္ၾကဳတ္ေနခဲ့သည္။ ဒီအခ်ိန္တြင္ ႀကီးမားသည့္ မေတာ္တဆက ႐ွိေနေပမဲ့ သူဘာမွ အကူအညီ မေပးႏိုင္ေပ။

သူ႕အေၾကာင္း အတင္းအဖ်င္းေတြ ဘယ္ေလာက္ေတာင္ ေရးထားလဲဆိုတာကို ဘယ္သူက သိမွာလဲ?

အဆင္ေျပပါတယ္၊ ဒါေပမဲ့ သူ႕ရည္႐ြယ္ခ်က္က ေဇာင္ယုဟြမ္ ကိုေခၚထုတ္ဖို႔ပဲ။

အစက ဒါက အရမ္းဆိုးတယ္လို႔ ဝမ္ေယာင္ခ်န္း ကမေတြးခဲ့ေပ။

ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က အစ္ကိုေတြလို အရမ္းသာမန္အတိုင္း သူတို႔ညီမေလးကို ဂ႐ုစိုက္ေပးတာေၾကာင့္ သူ႕အနာဂတ္အတြက္ ေယာက္ဖေလာင္းေလးေတြနဲ႔ တိုက္ခိုက္ႏိုင္ပါ့မလား?

ဒါေပမဲ့ ဒိအခ်ိန္တြင္ ဝမ္ေယာင္ခ်န္း ကျပင္းထန္သည့္ အေျခအေနကို ၾကဳံေတြ႕ရသည္။

“ဟြမ္ဟြမ္…” ဝမ္ေယာင္ခ်န္း ကသူ႕ပါးစပ္ကို ထပ္ဟလိုက္သည္။ သို႔ေသာ္ သူဘာမွမေျပာႏိုင္ခင္မွာပဲ ျမန္ဆန္သည့္ ေျခလွမ္းေတြက အနားကို ေရာက္လာခဲ့သည္။

ဘုရားေက်ာင္းထဲမွ လူေတြရဲ႕ အာ႐ုံေတြက ျပင္းထန္သြားသည္။ သို႔ေသာ္ ဘာေသနတ္မွ မ႐ွိေပ။ ထို႔ေနာက္ ဟုန္ခ်န္းမင္း ကငါးလီတာ ေရဗူးအား ဘယ္လက္တြင္ ကိုင္ထားၿပီး ညာဘက္တြင္ အိတ္တစ္လုံးကို သယ္ထားတာကို ျမင္လိုက္ရသည္။

သူ႕ေျခတံ႐ွည္ေတြနဲ႔ ႀကီးမားစြာ လွမ္းေနတာေၾကာင့္ ဘုရားေက်ာင္းထဲကို ေျခလွမ္းအနည္းငယ္ မ်က္စိတစ္မွိတ္အတြင္း ေရာက္လာခဲ့သည္။ ထိုအခ်ိန္တြင္ သူ႕ဆီမွ ျပင္းထန္သည့္ သတိထားမႈကိုလည္း ျမင္ေနရသည္။

ထိုအခ်ိန္တြင္ ဝမ္ေယာင္ခ်န္း လိုလူမ်ိဳး၊ တခ်ိဳ႕ခန္႔ညားသည့္ နာမည္ႀကီး လူေတြေတာင္ ခ်က္ခ်င္း ေပ်ာက္ကြယ္သြားခ်င္သည့္ စိတ္ေတြေပၚလာခဲ့သည္။ သူတို႔မ်က္လုံးထဲတြင္ ဟုန္ခ်န္းမင္း တစ္ေယာက္သာ ခန္႔ညာၿပီး ေခ်ာေမာေနေတာ့သည္။ ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ အေ႐ွ႕ကို လ်င္ျမန္စြာ ေရာက္လာၿပီး ေျပာလိုက္သည္။

“အျပင္ဘက္မွာ ပစ္ခတ္တာေတြ ဘာမွမ႐ွိေတာ့ဘူး။ ငါတို႔ မၾကာခင္ သြားလို႔ရၿပီ” ေဇာင္ယုဟြမ္ ကသက္ျပင္းခ်လိုက္သည္။

ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ကိုင္ထားသည့္ ကုတ္အက်ႌထဲကို ဘီစကစ္ကို ထည့္လိုက္သည္။ တျခားသူေတြက ဒီျမင္ကြင္းကို ျမင္လိုက္ခ်ိန္တြင္ စိတ္ပ်က္သလို ခံစားလိုက္ရသည္။

ေသခ်ာေပါက္ကို အစားေတြက ေဇာင္ယုဟြမ္ တစ္ေယာက္တည္း အတြက္သာ ျဖစ္သည္။ ဟုန္ခ်န္းမင္း ကဘီစကစ္ကို ထည့္ၿပီးေနာက္ ေရဗူးအဖုံးကို ဖြင့္လိုက္သည္။ ဆြဲပုံးက ေရငါးလီတာေတာင္ ႐ွိသည္။

ေဇာင္ယုဟြမ္ ကေသာက္ခ်င္သည္။ ဒီေရဆြဲပုံးက နည္းနည္း ေလးေနပုံေပၚေနေသာ္လည္း ေလ့က်င့္ခန္းေတြ လုပ္ထားတာေၾကာင့္ ကိုင္ေသာက္ဖို႔က ျပႆနာမ႐ွိေပ။

သို႔ေသာ္ ေဇာင္ယုဟြမ္ လက္ထုတ္လိုက္ခ်ိန္တြင္ ဟုန္ခ်န္းမင္း ကသူမကို ေ႐ွာင္လိုက္သည္။ သူက နည္းနည္း မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေျပာလိုက္သည္။

“မလႈပ္နဲ႔” ဒီအသံက အစ္ကိုတစ္ေယာက္နဲ႔ တူေနသည္။

ေဇာင္ယုဟြမ္ ကနာခံစြာျဖင့္ လက္ကို ျပန္႐ုတ္လိုက္ၿပီး ေနၿမဲအတိုင္း ေနလိုက္သည္။ ဟုန္ခ်န္းမင္း ကသူမ ေရဆာတယ္လို႔ ေျပာလိုက္တာေၾကာင့္ သတၱိ႐ွိ႐ွိနဲ႔ အႏၲရာယ္႐ွိတဲ့အျပင္ဘက္ကို ေရသြားယူခဲ့တာ၊ ဒါေၾကာင့္ သူ႕ကို သူမ ဘယ္လိုလုပ္ၿပီး မလိုက္နာပဲ ေနရမွာလဲ?

ဟုန္ခ်န္းမင္း ကေရဆြဲပုံးရဲ႕ ေအာက္ေျခကို ကိုင္လိုက္ၿပီး ေဇာင္ယုဟြမ္ ရဲ႕ႏႈတ္ခမ္းနားတြင္ ထားလိုက္သည္။ ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။

“အစ္ကိုခ်န္းမင္း မေတာ္တဆ အားနည္းနည္း ပိုသုံးမိရင္ ဟြမ္ဟြမ္ ႐ႊဲသြားလိမ့္မယ္” ဟုန္ခ်န္းမင္း ရဲ႕လည္ပင္းက လႈပ္႐ွားသြားသည္။

“…ငါ့လက္ေတြက အရမ္းၿငိမ္တယ္”

ေဇာင္ယုဟြမ္ : “ေကာင္းၿပီ”

ထို႔ေနာက္ ေဇာင္ယုဟြမ္ ကပါးစပ္ဟလိုက္သည္။ တကယ္ေတာ့ ဟုန္ခ်န္းမင္း ရဲ႕လက္ေမာင္းအားကို ျပဖို႔မဟုတ္ေပ။ သူ႕ႂကြက္သားေတြက မေပၚေပ။ သူ႕လက္ထဲတြင္ ဆြဲပုံးက အေတာ္ေလး ၿငိမ္ေနသည္။

ေဇာင္ယုဟြမ္ ကအလ်င္အျမန္ပင္ ေရအမ်ားႀကီးကို ေသာက္လိုက္ၿပီး သူမႏႈတ္ခမ္းက အနည္းငယ္ လွ်ံက်သြားသည္။ ဒါက သူမ ေရအရမ္းဆာေနၿပီး အလ်င္စလို သတိလက္လြတ္ ေသာက္လိုက္မိတာေၾကာင့္ ျဖစ္သည္။

“ေတာ္ၿပီ” ဟုန္ခ်န္းမင္း ကေရကို ဖယ္လိုက္သည္။

“တစ္ခါတည္း အမ်ားႀကီးေသာက္ရင္ မသက္မသာျဖစ္လိမ့္မယ္”

ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္သည္။ ဒီအေၾကာင္းကို သူမ နားလည္သည္။ ထို႔ေနာက္ ဟုန္ခ်န္းမင္း ကသူ႕ဘာသာ ေရဆြဲပုံးကို ကိုင္ထားၿပီး ႏွစ္က်ိဳက္ေသာက္လိုက္သည္။ သူ႕ေသာက္ေနစဥ္ ေဇာင္ယုဟြမ္ ကိုစိုက္ၾကည့္ေနခဲ့သည္။

႐ုတ္တရက္ ေဇာင္ယုဟြမ္ ကမသက္မသာ ခံစားလိုက္ရသည္။ ဟုန္ခ်န္းမင္း ကေရေသာက္ေနတာ သိသာတာပဲ။

သူမက အနားကြပ္ေလးပဲ ထိလိုက္႐ုံပဲ။

ဒါေပမဲ့ ဒါက ေရေသာက္႐ုံပဲေလ!

သူ႕ႏႈတ္ခမ္းေတြက ေရဆြဲပုံးႏႈတ္ခမ္းကိ ထိေနတာမဟုတ္ပဲ သူမႏႈတ္ခမ္းကို ထိေနတာလို႔ ဘာေၾကာင့္ ခံစားေနရတာလဲ…?

ေဇာင္ယုဟြမ္ ကသူမအေတြးေတြေၾကာင့္ ထိတ္လန္႔သြားသည္။ ဒါက အခ်ိန္အေတာ္ၾကာ မဒိတ္ခဲ့လို႔ ငါ့ေဟာ္မုန္းေတြက မတည္မၿငိမ္ျဖစ္ၿပီး ဟုန္ခ်န္းမင္း ကိုစေတြးမိတာလား?

ေဇာင္ယုဟြမ္ ကအလ်င္အျမန္ပင္ လွည့္ကာ ဝမ္ေယာင္ခ်န္း ကိုၾကည့္လိုက္သည္။

ၾကည့္၊ ဒါက ငါဒိတ္ဖို႔ စီစဥ္ထားတဲ့သူပဲ!

ထိုအခ်ိန္တြင္ လီဂ်င္းယြမ္ ရဲ႕အသံက ထြက္လာၿပီး စိတ္မေက်နပ္မႈက ပါဝင္ေနသည္။

“အစ္ကိုဟုန္၊ ငါ့အတြက္ ေရခ်န္ေပးဖို႔ အစီစဥ္မ႐ွိဘူးလား?” ဟုန္ခ်န္းမင္း ကအဖုံးဖုံးလိုက္ၿပီး အမူအရာ မေျပာင္းလဲပဲ လီဂ်င္းယြမ္ ဆီပစ္ေပးလိုက္သည္။

လီဂ်င္းယြမ္ ကေခါင္းငုံ႔ကာ ၾကည့္လိုက္သည္။ ဟြမ္ဟြမ္ ေသာက္ၿပီးေတာ့ ဟုန္ခ်န္းမင္း ကအရင္ယူလိုက္တာေၾကာင့္ လီဂ်င္းယြမ္ ကေသာက္ရဲသည့္ ႏွလုံးသား မ႐ွိေပ။

ဟုန္ခ်န္းမင္း ေသာက္ေနတာကို ျမင္လိုက္ခ်ိန္တြင္ သူေသာက္ေနပုံက ေဇာင္ယုဟြမ္ ရဲ႕ႏႈတ္ခမ္းကို အခ်ိန္အေတာ္ၾကာ နမ္းေနသလိုမ်ိဳး မလႊတ္ေပးေပ။

လီဂ်င္းယြမ္ ေပါက္ကြဲသြားသည္။ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕လက္႐ွိ အေျခအေန တည္ၿငိမ္မႈေအာက္တြင္ ဖုံးကြယ္ထားတာေၾကာင့္ သတိျပဳမိဖို႔ အေတာ္ေလး ခက္ခဲသည္။

သို႔ေသာ္ ဝမ္ေယာင္ခ်န္း က႐ုတ္တရက္ တစ္ခုခုကို နားလည္သြားခဲ့သည္။

လီဂ်င္းယြမ္ ကေရဗူးကို ခ်လိုက္ၿပီးေနာက္ လွည့္လိုက္ကာ ဟုန္ခ်န္းမင္း ရဲ႕ကုတ္အက်ႌထဲမွ ဘီစကစ္ကို ထုတ္လိုက္သည္။ အိတ္ေဖာက္လိုက္ၿပီး ေျပာလိုက္သည္။

“ဘီစကစ္ တစ္ခုက ဟြမ္ဟြမ့္ ဆာေလာင္မႈကို တားဆီးဖို႔ လုံေလာက္လိမ့္မယ္။ ဟြမ္ဟြမ္၊ အရင္တစ္ခု စားထားလိုက္၊ နည္းနည္းၾကာရင္ လုံျခဳံတဲ့ေနရာမွာ သန္႔႐ွင္းတဲ့ အစားေတြ သြားစားၾကမယ္” သူေျပာလိုက္ၿပီး ေဇာင္ယုဟြမ္ ရဲ႕ပါးစပ္ထဲကို ဘီစကစ္ ထည့္ေပးလိုက္သည္။

ဟုန္ခ်န္းမင္း : “…”

ဒါက တကယ့္ကို တျခားတစ္ေယာက္ရဲ႕ အျပဳအမူကိုမွီၿပီး အ႐ွက္မဲ့စြာ ျပဳမူလိုက္တာပဲ။

ဒီေန႔က တကယ့္ကို ေၾကာက္လန္႔ေနတာေၾကာင့္ မလႈပ္႐ွားပဲ သူမပါးစပ္ကိုသာ ဟလိုက္သည္။ ေဇာင္ယုဟြမ္ ကပါးစပ္ဟလိုက္ၿပီး ႏွစ္ကိုက္ကိုက္လိုက္သည္။ အုန္းသီးေထာပတ္ အရသာက အေတာ္ေလး ေကာင္းသည္။

ေဇာင္ယုဟြမ္ ကတြန္႔ဆုတ္ေနတာကို ရပ္လိုက္ၿပီး အနည္းငယ္ကိုက္ၿပီး အလ်င္အျမန္ ၿမိဳခ်လိုက္သည္။ အျပင္ဘက္က တျခားအရာေတြေၾကာင့္ မုန္႔စားဖို႔မေျပာနဲ႔ ေရေတာင္ မေသာက္ႏိုင္ေပ။ ဒီလိုမ်ိဳးျဖင့္ ေဇာင္ယုဟြမ္ ရဲ႕ဗိုက္ထဲကို အစားအေသာက္ေတြက ဝင္လာခဲ့သည္။

လီဂ်င္းယြမ္ ကရပ္လိုက္ၿပီး ဘီစကစ္ေကြၽးတာ၊ ေရတိုက္တာက သိပ္မကြာတာကို နားလည္သြားသည္။ ဒါေပမဲ့ လုံေလာက္သည္။

လီဂ်င္းယြမ္ ကေတြးလိုက္ၿပီး ဝမ္ေယာင္ခ်န္း ကိုလွည့္ၾကည့္လိုက္သည္။ ဝမ္ေယာင္ခ်န္း ရဲ႕မ်က္လုံးေတြက အနည္းငယ္ ေမွာင္မဲေနၿပီး သူတို႔ဆီကို ၾကည့္ေနကာ ေပ်ာက္ဆုံးေနသည့္ ခံစားခ်က္ေတြကို ျပသေနသည္။

သို႔ေသာ္ ဒီအမူအရာေတြက နည္းပါးၿပီး မၾကာခင္တြင္ ဝမ္ေယာင္ခ်န္း က ‘ျပည့္စုံသည့္’အမူအရာကို ျပသလိုက္သည္။

ေဇာင္ယုဟြမ္ ကသူမပါးစပ္ထဲမွ မုန္႔ေတြကို တျဖည္းျဖည္း ၿမိဳခ်ၿပီးေနာက္ ႏွစ္ရီဝက္က ကုန္ဆုံးသြားသည္။ ခုံတန္း႐ွည္ေအာက္တြင္ ပုန္းေနၾကသည့္ လူေတြက သက္ျပင္းခ်လိုက္ၾကသည္။

ဒီထူးဆန္းသည့္ ပုံစံျဖင့္ ထပ္မေနႏိုင္တာေၾကာင့္ တစ္ေယာက္ၿပီး တစ္ေယာက္ ထရပ္လိုက္ၾကသည္။ ဂူယူလင္း ကအရင္းဆုံး ခ်ီးက်ဴးလိုက္သည္။

“လီဂ်င္းယြမ္ မွန္တယ္။ ဒီေနရာက တကယ္ပဲ လုံျခဳံတာပဲ” တျခားသူေတြကလည္း ေျပာလာၾကသည္။

ကင္မရာသမားက ဆက္႐ိုက္ကူးေနခဲ့သည္။ သူတို႔က ႐ိႈးပြဲက အေၾကာင္းေတြက ထိပ္ဆုံးျဖစ္မလား၊ အေရးႀကီး အေၾကာင္းအရာျဖင့္ မီဒီယာေတြဆီ ေရာင္းစားခံရမလားဆိုတာ မသိၾကေပ။

ေနာက္ဆုံးတြင္ ဘုရားေက်ာင္းက ျပန္ေႏြးေထြးလာခဲ့သည္။ ေကာမိုင္ ကေလွ်ာက္သြားၿပီး ကယ္တင္မဲ့အေၾကာင္းကို ေမးခ်င္ခဲ့သည္။

“ဘာျပႆနာမွ မ႐ွိႏိုင္ေတာ့ဘူး။ ခဏေလးေစာင့္” လီဂ်င္းယြမ္ ကေျပာလိုက္သည္။

သူ႕စိတ္က ဒီအေျခအေနေပၚတြင္ မ႐ွိေနတာေၾကာင့္ ေကာမိုင္ ကိုဒီစကား အနည္းငယ္သာ ေျပာလိုက္ၿပီး ဆက္မေျပာေတာ့ေပ။

ဂူယူလင္း က ေကာမိုင္ အေနာက္ကေန လိုက္ခဲ့ေပမဲ့ သူမအၾကည့္ေတြက လီဂ်င္းယြမ္ ကိုျဖတ္ၿပီး ေဇာင္ယုဟြမ္ အေပၚတြင္ ႐ွိေနခဲ့သည္။

ဒီအပိုင္းအမ်ားႀကီး ႐ိုက္ကူးၿပီးေနာက္ သူမ နားလည္သြားခဲ့သည္။ သူမက လီဂ်င္းယြမ္၊ ဟုန္ခ်န္းမင္း တို႔နဲ႔ စကားေျပာခ်င္ရင္ တိုက္႐ိုက္ေျပာတာက အသုံးမဝင္ေပ။ ဒီေယာက်ၤား ႏွစ္ေယာက္က ေႏြးေထြးပုံရေပမဲ့ ဓားသြားေတြလို ခ်ဥ္းကပ္ရတာ ခက္ခဲသည္။

တစ္ခုတည္းေသာ ေနရာက ေဇာင္ယုဟြမ္ ပဲ။ ေဇာင္ယုဟြမ္ နဲ႔စကားေတြ အမ်ားႀကီး ေျပာလိုက္ရင္ ဒီေယာက်ၤား ႏွစ္ေယာက္နဲ႔လည္း အလိုလို ရင္းႏွီးလာမွာပဲ။

ေျပာစရာေတာင္ မလိုဘူး…

ဂူယူလင္း ကတျခားသူေတြထက္ ပိုေတာ္တာေၾကာင့္ မၾကာခင္မွာ ကယ္တင္ေပးမႈက ေရာက္လာဦးမွာ မဟုတ္တာကို နားလည္ၿပီးသား ျဖစ္သည္။ သူတို႔က လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔အေပၚတြင္သာ မူတည္သည္။

ဂူယူလင္း ကဒီအေၾကာင္းကို ေတြးလိုက္ၿပီးေနာက္ သူမအိတ္ထဲမွ ေခ်ာကလက္အပိုင္းေလးကို ထုတ္လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုေပးလိုက္သည္။

“ယုဟြမ္ နည္းနည္းေလာက္ စားခ်င္လား? ငါက သၾကားဓာတ္ နည္းတက္လို႔ အိတ္ထဲမွာ ေခ်ာကလက္ ေဆာင္ထားတတ္တယ္။ ဒါက နည္းနည္းေတာ့ ခ်ိဳတယ္။ အခ်ိဳက ယုဟြမ္ ရဲ႕ဦးေႏွာက္ကို ပိုၿပီးသက္ေတာင့္သက္သာ ျဖစ္ေစတယ္”

ေဇာင္ယုဟြမ္ ကလွည့္လိုက္ၿပီး သူမကို ၾကည့္လိုက္ၿပီးေနာက္ လက္ထုတ္ကာ ယူလိုက္သည္။ ဂူယူလင္း ရဲ႕အျပဳအမူေၾကာင့္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က တစ္ခ်ိန္းတည္းနီးပါး သူမကို ၾကည့္လိုက္ၾကသည္။

ဂူယူလင္း ေတြးထားသည့္ အတိုင္းပင္။ ေမွ်ာ္လင့္ထားတဲ့အတိုင္း ေဇာင္ယုဟြမ္ ကတုန္႔ျပန္လိုက္သည္ႏွင့္ တျခားႏွစ္ေယာက္က သူမအျပဳအမူတိုင္း လိုက္နာၾကလိမ့္မည္။

ေခ်ာကလက္က ႐ွားပါးအစားအစာမ်ိဳး မဟုတ္ေပ။ ေဇာင္ယုဟြမ္ ကလည္း ေခ်ာကလက္ကို သိပ္မႀကိဳက္ေပ။ သို႔ေသာ္ ဒီအခ်ိန္တြင္ ခ်ိဳတဲ့အရာ တစ္ခုခုကို စားလိုက္တာက စိတ္ခံစားခ်က္အား ပိုေကာင္းမြန္ေစသည္။

ေဇာင္ယုဟြမ္ ကျဖည္းညႇင္းစြာျဖင့္ အိတ္ေဖာက္လိုက္သည္။ ထိုအခ်ိန္တြင္ သူမကို စိုက္ၾကည့္ေနသည့္ အၾကည့္တစ္ခု ဒါမွမဟုတ္ သူမလက္ထဲက ေခ်ာကလက္ကို ၾကည့္ေနတာကို သတိျပဳမိသြားသည္။

ေဇာင္ယုဟြမ္ ကလွည့္ၾကည့္လိုက္ၿပီး လင္းလန္ ျဖစ္ေၾကာင္း ေတြ႕လိုက္ရသည္။ ေဇာင္ယုဟြမ္ ကဇာတ္လိုက္မအား ေက်နပ္ေစဖို႔ ေခ်ာကလက္ကို အသုံးခ်ရတာမ်ိဳး သေဘာမက်ေပ။

သူမအၾကည့္ကို ျပန္႐ုတ္လိုက္ၿပီး အိတ္ေဖာက္ထားသည့္ ေခ်ာကလက္အား ပါးစပ္ထဲ ထည့္လိုက္ၿပီး ျဖည္းျဖည္းခ်င္း ဝါးကာမ်ိဳခ်လိုက္သည္။

“ေက်းဇူးပါ” သူမက ဂူယူလင္း ကိုေျပာလိုက္သည္။

လင္းလန္ ရဲ႕အၾကည့္ေတြက ခ်က္ခ်င္း ေျပာင္းလဲသြားၿပီး သူမမ်က္လုံးထဲတြင္ အေမွာင္ရိပ္ အနည္းငယ္က ျဖတ္ေျပးသြားခဲ့သည္။

ေဇာင္ယုဟြမ္ ကဒီေခ်ာကလက္ အပိုင္းေလး တစ္ခုကို လင္းလန္ ကိုေပးလိုက္ရင္ ဘာေတြ ေျပာင္းလဲသြားေစလဲဆိုတာ သူမ မသိေပ။

ဒါထက္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကို ေပးတာက ပိုယုံၾကည္ရတယ္လို႔ ေတြးလိုက္မိသည္။

ဒီမေကာင္းတဲ့ေကာင္ ႏွစ္ေယာက္က မၾကာခင္တုန္းကတည္းက အရမ္းထူးဆန္းလာၿပီး သူမကို တခ်ိဳ႕အေၾကာင္းေတြ လွ်ိဳ႕ဝွက္ထားသည္။

အႏၲရာယ္ ေရာက္လာခ်ိန္တြင္ သူတို႔ရဲ႕ ပထမဆုံး အေတြးက သူမျဖစ္သည္။

အနာဂတ္မွာ ဇာတ္လိုက္မထံ သူတို႔က်႐ႈံးသြားသြားရင္ နည္းနည္းေတာ့ မတရားဘူးလို႔ ခံစားလိုက္ရသည္။

ထို႔ေၾကာင့္ ေဇာင္ယုဟြမ္ ကဘာမွ သက္ေရာက္မႈ မ႐ွိသလိုမ်ိဳး ေပ်ာ္႐ႊင္စြာနဲ႔ စားလိုက္သည္။

ဘုရားေက်ာင္းတြင္ လူတိုင္းက ေခ်ာကလက္ကို ၾကည့္ေနၾကၿပီး တိတ္ဆိတ္စြာ တံေတြးမ်ိဳခ်လိုက္ၾကသည္။ သို႔ေသာ္ သူတို႔က မၾကာခင္တြင္ ဒီေနရာမွ ထြက္ခြာႏိုင္မဲ့ အေၾကာင္းသာ ေတြးေနၾကသည္။

ထိုအခ်ိန္တြင္ အျပင္ဘက္မွ စက္အသံေတြကို ၾကားလိုက္ရတာေၾကာင့္ ခ်က္ခ်င္းပင္ ေလထုက တင္းမာသြားသည္။ ဘုရားေက်ာင္း အျပင္ဘက္တြင္ ကားအမ်ားအျပားက ရပ္လာခဲ့သည္။

“ဒီအဖြဲ႕က ျပန္လာတာလား?” ဂူယူလင္း ကတုန္လႈပ္ေနသည့္ အသံျဖင့္ ေမးလိုက္သည္။ သူမ ေမးလိုက္ရင္း ေဇာင္ယုဟြမ္ အနားကို တိုးသြားလိုက္သည္။

ၾကည့္၊ သူမက ယင္ခ်ီခ်ီ ထက္ကို ပိုထက္ျမတ္တယ္။ သူမလိုမ်ိဳး လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ဆီကို ေျပးဝင္သြားမွာ မဟုတ္ဘူး။

1.6.2021 (Tue)
……………………..

[text_hash] => 816d2cbb
)

//qc
//QC2