Array
(
[text] =>
Unicode
လီဂျင်းယွမ် ကရောက်လာပြီး သူမကို ကိုင်ထားတာက လင်းလန် ရဲ့မရင်းနှီးတဲ့ အမူအရာတွေကို သတိထားမိတာကြောင့် ဖြစ်နိုင်လား?
ဒီလိုလုပ်တာကို အဆိုးဆုံး ဖြစ်စေတာပဲ။
မူလဇာတ်ကြောင်း လွှမ်းမိုးမှုအောက်မှာ လင်းလန် က လီဂျင်းယွမ် အပေါ်ခံစားချက်တွေ ရှိသည်။ ဒီမြင်ကွင်းကို သူမ မြင်လိုက်ချိန်မှာ သူမ သေချာပေါက် ပျော်ရွှင်မှာ မဟုတ်ဘူး။
ကောင်းပြီ။ ဇောင်ယုဟွမ် ကရိုးရှင်းစွာဖြင့်သာ ဇာတ်ကြောင်းကို ချိုးဖြတ်ဖို့ ဆုံးဖြတ်လိုက်သည်။
ဇာတ်လိုက်မက စိတ်ရှုပ်နေရင်တောင် ငါ့ပြဿနာ မဟုတ်ဘူး။
ဒါက မရှောင်လွှဲနိုင်ဘူး။
ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ကိုလှည့်ကြည့်လိုက်သည်။
“အစ်ကိုချန်းမင်း”
ကင်မရာအောက်တွင် ဒီလိုပြောဖို့က အဆင်မပြေပေမဲ့ အခုတော့ ဘာအမူအရာမှ မပါပဲ ပြောလိုက်သည်။
ဒေါသထွက်ရုံပဲ။
ဇာတ်လိုက်မက ဇာတ်လိုက်သာမက သူမဘေးမှာ ဗီလိန်ပါ ရှိတတ်သည်။
စာအုပ်ထဲမှ ဇာတ်လိုက်မက တခြားသူတွေထက် သူမဘေးတွင် ကောင်းမွန်သည့် အရာတွင် ဝိုင်းနေတတ်သည်။
စိတ်ဆိုးတာလား?
ဒါဆို စိတ်ဆိုးပြီးတော့သာ သေလိုက်!
သူမအသံကြောင့် ဟုန်ချန်းမင်း ကနည်းနည်း ဝမ်းသာသွားကာ သူ့ခြေတံရှည်ကို အသုံးချကာ အလျင်အမြန်ပင် ဇောင်ယုဟွမ် ရဲ့အိတ်ကို ကိုင်ထားရင်း လျှောက်လာခဲ့သည်။
ဂူယူလင်း ကအနောက်မှ လိုက်လာရင်း ပြုံးကာ ပြောလိုက်သည်။
“မိန်းကလေးဇောင် ကတကယ့်ကို အချစ်ခံလေးပဲ။ သူမမိသားစုက လူတွေအားလုံးက သူမကို အလိုလိုက်ကြတယ်၊ ဟုတ်တယ်မလား?”
လင်းလန် ကပြန်ဖြေလိုက်သည်။ “ရှင်မပြောနဲ့”
ယင်ချီချီ ကအတော်လေး တိတ်ဆိတ်နေပြီး စကားတစ်လုံးမှ ဝင်မပြောပေ။ အစကလိုသာ ဆိုရင် သေချာပေါက်ကို ပါးစပ်ဖွင့်ကာ တခြားသူတွေရဲ့ စကားဝိုင်းကို နှောင့်ယှက်လိုကမှာ သေချာသည်။ သို့သော် ဒီနေ့တွင် ဒီလိုလုပ်ရမှာကို သူမ ကြောက်နေခဲ့သည်။
ပြီးခဲ့သည့် ရိုက်ကူးရေးအပိုင်း ပြီးသွားချိန်တွင် ဇောင်ယုဟွမ် အားလေဆိပ်သို့ ဘယ်သူပို့ပေးမှန်း သူမ မသိခဲ့ပေ။ ရှိုးပွဲ ထုတ်လွှင့်လာချိန်တွင် တခြားသူတွေက သူမအား လိုက်ပို့သူမှာ လန်ဂျင်းဇီ လို့ခေါ်သည့် လူဖြစ်ကြောင့် သိခဲ့ရသည်။
သူတို့ကလည်း သူ့အား “မစ္စတာလန်”လို့ လေးစားစွာဖြင့် ခေါ်ကြသည်။ သူက ဇောင်ယုဟွမ် ရဲ့ဝမ်းကွဲအစ်ကိုဖြစ်ပြီး နောက်ခံကလည်း တောင့်တင်းသည်။ သူမရဲ့နိမ့်ကျသည့် မော်ဒယ်လ်လေးက ဒီလိုလူကို မျက်နှာပျက်အောင် လုပ်ရဲဖို့က ထည့်ပြောဖို့တောင် မလိုပေ။
ထို့နောက် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ဇောင်ယုဟွမ် ရဲ့မိသားစု ဖြစ်တာကို သိခဲ့ရပြီး ဇောင်မိသားစုရဲ့ အမွေဆက်ခံသူကလည်း သူမဖြစ်တာကို သိခဲ့ရသည်။
ယင်ချီချီ ရဲ့အတွေအားလုံးက မကြာခင်တွင် အဆုံးသတ်သွားခဲ့သည်။ သူမနည်းလမ်းတွေက အတော်လေး ထိရောက်ပေမဲ့ သူမ အဲ့လောက် မရူးမိုက်ပေ။ ထိုအချိန်တွင် စဉ်းစားနေရင်း ဂူယူလင်း နဲ့ လင်းလန် တို့ရဲ့အတွေးတွေကို သူမ မြင်နိုင်သည်။
ယင်ချီချီ ကအရင်တုန်းက အတော်လေး အပြောခံခဲ့ရပြီးပြီ။ သူမက ဘေးဘက်က နှစ်ယောက်ကို တိတ်ဆိတ်စွာသာ ကြည့်လိုက်ပြီး စဉ်းစားနေကာ လှည့်စားကာ သူတို့က သွားက,ဖို့ခေါ်ပြီး သူတို့ကိုပါ အပြောခံရအောင် လုပ်ချင်သည်။
《အချိန်ခရီးသွားခြင်း》 ကထုတ်လွှင့်ခဲ့တာ အချိန်နည်းနည်း ကြာခဲ့ပြီ။ အပိုင်းတိုင်းတွင် ဆွေးနွေးသည့် ခေါင်းစဉ်က များလာကာ လူကြိုက်များလာပြီး ကျသွားတယ်ဆိုတာ မရှိခဲ့ပေ။ ထို့ကြောင့် အဖွဲ့သားတွေက စိတ်သက်သာရာ ရခဲ့ကြသည်။
ဒီအချိန်တွင် သူတို့က စတုတ္ထနဲ့ ပဉ္စမအပိုင်းကို အတူတူ ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့တာကြာင့် အပိုင်းတွေကို ပိုကောင်းအောင်လုပ်ဖို့ ရည်ရွယ်ထားကြသည်။ စတုတ္ထအပိုင်းရဲ့ တည်နေရာက တူရကီ နဲ့ပဉ္စမကတော့ ဂရိဖြစ်သည်။
လေယာဉ်ဆင်းပြီးနောက် လီဂျင်းယွမ် ကအလျင်အမြန်ပင် ဟိုတယ်တွင် အနားယူနိုင်ရန် လူတိုင်းကို ခေါ်သွားခဲ့သည်။
ဒုတိယနေ့တွင် ကောမိုင် နဲ့ ဝမ်ယောင်ချန်း တို့က ရောက်လာကြသည်။ လူတိုင်းက ဆေးကြောသန့်စင်ကြကာ အဝတ်လဲပြီး ပြင်ဆင်ကြပြီးနောက် ပထမဆုံး တည်နေရာဆီ သွားလိုက်ကြသည်။
အောက်ထပ်တွင် လူစုချိန် ရောက်လာချိန်တွင် ဇောင်ယုဟွမ် ကစကတ်ရှည်ကို နင်းမိသွားသည်။
“ဟွမ်ဟွမ်”
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က သူမကို တစ်ချိန်တည်းနီးပါး ခေါ်လိုက်ကြသည်။
“ဖြေးဖြေးလျှောက်” ဟုန်ချန်းမင်း ကပြောလိုက်သည်။
“ဟွမ်ဟွမ့် စကတ်ပေါ် မနင်းမိစေနဲ့” လီဂျင်းယွမ် ကပြောလိုက်သည်။
“ဒရိုက်ဘာက စောင့်နေပြီ” ဇောင်ယုဟွမ် ကလမ်းလျှောက်နှုန်းကို မနှေးပဲ ခေါင်းတောင် ခါလိုက်သည်။
“ဟွမ်ဟွမ် တို့အမြန်သွားသင့်တယ်” ဟုန်ချန်းမင်း ကမျက်မှောင်ကြုတ်လိုက်သည်။
လီဂျင်းယွမ် ရဲ့နှုတ်ခမ်းက အနည်းစေ့သွားပြီး မပျော်ရွှင်မှုကို ပြသလိုက်သည်။
ဘယ်သူက ပျော်နိုင်မှာလဲ?
ဝမ်ယောင်ချန်း ကအောက်ထပ်မှာ ရှိနေတာကို သူတို့တွေးမိသွားချိန်တွင် ဘယ်သူမှ မပျော်နိုင်တော့ပေ။
ဟုန်ချန်းမင်း ကရုတ်တရက် ပြောလိုက်သည်။
“ဟွမ်ဟွမ်၊ ငါပြောခဲ့တာကို မှတ်မိတယ်နော်”
“ဟမ်?” ဇောင်ယုဟွမ် ကမျက်တောင်ခတ်လိုက်ပြီး ဟုန်ချန်းမင်း ဘာပြောချင်တာလဲဆိုတာကို မသိလိုက်ပေ။
သူတို့ လမ်းလျှောက်နေရင်း လောဘီကို ရောက်လာကြသည်။ ဂူယူလင်း နဲ့ ကောမိုင် ကစကားပြောလိုက်သည်။
“ဝမ်ယောင်ချန်း အပြင်မှာ စောင့်နေတယ်။ သွားရအောင်”
သူတို့က ကောင်မိုင် ကိုနှုတ်ဆက်ပြီး အတူတူ ထွက်လာကြသည်။ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့အမူအရာကတော့ မပြောင်းလဲပေ။ အထူးသဖြင့် သူတို့ထွက်လိုက်သည်နှင့် ဝမ်ယောင်ချန်း ကိုမြင်လိုက်တာကြောင့် ဖြစ်သည်။
ဟုန်ချန်းမင်း ကပိုပြီး မျက်မှောင်ကြုတ်လိုက်ကာ လီဂျင်းယွမ် ရဲ့နှုတ်ခမ်းတွေက အရင်ကထက်တောင် ပိုစေ့သွားခဲ့သည်။
ဘေးဘက်မှာ ကင်မရာတွေ ရှိနေတော့ကော… ဘယ်သူက ဂရုစိုက်မှာလဲ?
“ဟွမ်ဟွမ်” ဝမ်ယောင်ချန်း ကတံခါးဘေးမှ ဇောင်ယုဟွမ် ကိုပြုံးပြလိုက်သည်။
အရင်တုန်းက အပိုင်းတွေကနဲ့ယှဉ်ရင် နည်းနည်းတော့ ပြောင်းလဲသွားသည်။ လူတစ်ယောက်ရဲ့ မျက်လုံးကို ကြည့်လိုက်သည်နှင့် သူ့စိတ်နေစိတ်ထားကို ခန့်မှန်းနိုင်သည်။
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့တွင် ပိုင်ဆိုင်လိုသည့် အကြည့်တွေ ရှိကြသည်။ သူတို့ရင်ဘတ်ကလည်း ဒေါသတွေနဲ့ ပြည့်နေပြီး ပြင်းထန်စွာဖြင့် လောင်ကျွမ်းနေသည်။
“မစ္စတာဝမ်” ဇောင်ယုဟွမ် ပြောတာကို မစောင့်ပဲ ဟုန်ချန်းမင်း ကပြောလိုက်သည်။
လီဂျင်းယွမ် ကလည်း လေးစားစွာခေါ်သည့် “အစ်ကိုချန်း” နေရာတွင် “မစ္စတာဝမ်”လို့သာ တူညီသည့် အသံထားဖြင့် ခေါ်လိုက်သည်။
ဝမ်ယောင်ချန်း ရဲ့လက်တွေက တင်းကြပ်သွားခဲ့သည်။ ဖုန်းသုံးကောမှ စိတ်ခံစားချက် မကောင်းကြမှန်း သူ့အေးဂျင့် ပြောထားလို့ သူသိပြီးခဲ့သည်။ သို့သော် ရှိုးပွဲက ရိုက်ကူးနေချိန်မှာ ပြဿနာ မဖြစ်လောက်ဘူးလို့ သူထင်ခဲ့သည်။
အခုတော့ သူ လျော့တွေးမိပုံပဲ…
သူတို့က ကင်မရာအောက်တောင်… မရှောင်တော့ဘူးလား?
ဝမ်ယောင်ချန်း ကတွေးလိုက်ပြီး နွေးထွေးစွာဖြင့်သာ နှုတ်ဆက်ဖို့ ဆုံးဖြတ်လိုက်သည်။
“ဂျင်းယွမ်၊ ဟုန်လေး” မျက်နှာချိုသွေးသည့် အသံကို ဖုံးကွယ်ထားပေမဲ့ ချက်ချင်းပင် သတိပြုမိနိုင်သည်။
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ပိုဒေါသထွက်သွားကြသည်။ သူတို့ရင်ဘတ်ထဲတွင် ဒေါသနဲ့ လောင်ကျွမ်းနေသည်။
ဇောင်ယုဟွမ် နဲ့တခြားသူတွေက တူရကီ သို့ရိုက်ကူးရန် သွားကြပြီး အင်တာနက်သုံးသူတွေကလည်း စတုတ္ထအပိုင်းကို စောင့်မျှော်နေကြသည်။
ဖျော်ဖြေရေး အတင်းအဖျင်းမှ သတင်းထူးများ :《ဝမ်ယောင်ချန်း ကအစ်ကိုလေးလီနဲ့ ဟုန်လေးတို့ရဲ့ ဖျက်ဆီးခြင်းကို ခံရတော့မယ်လို့ ထင်နေတယ်》
ဝင်လိုက်ချိန်တွင် စခရင်တစ်ခုလုံးက “ဟဟဟဟ”တွေနဲ့ ပြည့်သွားသည်။
“၁၀ ရာခိုင်နှုန်းလောက် အလောင်းအစား လုပ်ချင်နေတာ”
“ပထမပိုင်းကို ကျေးဇူးပြုပြီး ပြန်စဉ်းစားကြပါ။ အစ်ကိုလေးလီ နဲ့ဟုန်လေး တို့က ယင်ချီချီ ကိုမထူးမခြား ဆက်ဆံတယ်… ဝမ်ယောင်ချန်း က ယင်ချီချီ ဘေးမှာသာ ရှိသင့်တယ်”
“ဝမ်ယောင်ချန်း က ယင်ချီချီ နဲ့ဘယ်လိုလုပ်ပြီး တူနိုင်မှာလဲ?”
“ယင်ချီချီ ရဲ့ဆက်ဆံမှုထက်တောင် ပိုဆိုးသင့်တယ်… ဟဟဟဟ”
“အစ်ကိုလေးလီ နဲ့ဟုန်လေး တို့ကအရင်အပိုင်းတွေထဲက ညီမချစ်သူ ဆိုတာကို ပြောနိုင်တယ်။ အရမ်းကို ကြင်နာတယ်။ သူမအိတ်ကို သယ်ဖို့ကူညီပေးတယ်၊ ညလယ်မှာ အစာပြေစားဖို့ လုပ်ပေးတယ်။ ဒူးထောက်ပြီး ဖိနပ်လည်း ဝတ်ပေးတယ်…. ဒါတွေအားလုံးက အနှစ်ချုပ်ပဲ။ ဒီလူနှစ်ယောက်နဲ့ ဝမ်ယောင်ချန်း ကဘယ်လို ယှဉ်နိုင်မှာလဲ?”
#ညီမချစ်သူဆိုတာ sis-con ကိုပြောတာနော် bro-con တို့ sis-con တို့လေ၊ ညီ၊ညီမကို အရမ်းချစ်တာကို ပြောချင်တာ၊ အခုမှရှင်းပြဖို့ သတိရလို့ 😁😁😁
“အပေါ်က +1 နောက်ထပ် ၃၀ ရာခိုင်နှုန်းလောက် ထပ်ပေါင်းချင်တယ်။ အစ်ကိုလေးလီ နဲ့ဟုန်လေး တို့ကကန်ထုတ်မယ်လို့ အလောင်းအစားလုပ်တယ်…”
“ဒီမြင်ကွင်းက ငါ့ခေါင်းထဲမှာ မြင်ပြီးသားပဲ။ အဖွဲ့သားတွေက ကျား/မ ခွဲပြီး ပွဲတွေလုပ်ကြတယ်။ ဝမ်ယောင်ချန်း က အစ်ကိုလေးလီ နဲ့ ဟုန်လေးတို့နဲ့ တွေ့မှာပဲ။ သူသေချာပေါက် နောင်တရလိမ့်မယ်…”
“အို၊ မဟုတ်ဘူး၊ နင်ပြောတဲ့ စကားအရ၊ ငါအရမ်းကို ကြည့်ချင်လာပြီ၊ အားးးး!”
“+10086 အစ်ကိုချန်း ကတစ်ကိုယ်တည်း ဘဝကနေ လွှတ်မြောက်မလားက ဒီအပိုင်းမှာ မူတည်နေတယ်!”
“ဝါးးးးး၊ အရင်တုန်းက ရှိုးပွဲက ကွန့်မန့်တွေက ငါဘယ်တုန်းကမှ မကြည့်ခဲ့ဖူးဘူး”
“အပေါ်က ညီမ၊ မင်းအတွက် အီမိုဂျီပုံ [အကျယ်ကြီး ငြင်းခုံခြင်း. jpg]”
ဂျာနယ်လစ်တွေရဲ့ ချဲ့ထွင်ခြင်းအောက်တွင် အင်တာနက်တစ်ခုလုံးက ဝမ်ယောင်ချန်း နဲ့ ဇောင်ယုဟွမ် တို့အကြောင်းကို သိခဲ့ကြသည်။
လန်ဂျင်းဇီ ရဲ့သူငယ်ချင်း အသိုင်းအဝိုင်းကတောင် သိခဲ့ကြသည်။ သူတို့က လန်ဂျင်းဇီ တင်ခဲ့သည့်ပို့ဒ်မှ ဇောင်ယုဟွမ် ရဲ့ပုံကိုတွေ့ခဲ့ကြပြီး အကြိမ်အနည်းငယ် မြင်ပြီးနောက်တွင် ရင်းနှီးလာကြသည်။ ထို့ကြောင့် ဒီသတင်းကို မြင်လိုက်သည်နှင့် သူတို့က တိုးတိတ်စွာဖြင့် ပြောကြသည်။
“မစ္စတာလန် ရဲ့ညီမက ဒိတ်နေပြီ” ထို့ကြောင့် လန်ဂျင်းဇီ အလုပ်ပြန်တက်ချိန်တွင် အလုပ်ဝန်ထမ်းတွေက သူ့ဆီပြေးလာကြကာ ပြောကြသည်။
“ဂုဏ်ယူပါတယ်၊ သူဌေးလန်” ထို့နောက် လန်ဂျင်းဇီ ရဲ့အမူအရာက အတော်လေး ဆိုးရွားသွားသည်။ ထိုနေ့ သူ့အလုပ်တွေ ပြီးသည်နှင့် လန်ဂျင်းဇီ ကဖုန်းဖွင့်ကာ ထိပ်တန်းရှာဖွေမှုကို ရှာလိုက်သည်။ ထို့နောက် အတင်းအဖျင်းရဲ့ ထိပ်ဆုံးရှာဖွေမှုကို တွေ့သွားခဲ့သည်။
လန်ဂျင်းဇီ ကဒီအချိန်တွင် လုံလောက်နေခဲ့သည်။ သူက ‘လန်’လို့ အမည်ပေးထားသည့် အကောင့်အသစ်ကို ဖွင့်ထားခဲ့ပြီး ပို့ဒ်တင်လိုက်သည်။
【ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့မပျော်ရုံသာမက လန်ဂျင်းဇီ လည်းအရမ်းပျော်မနေဘူး】
အရမ်းကို မပျော်ဘူး၊ လန်ဂျင်းဇီ ကစိတ်ထဲတွင် တွေးလိုက်သည်။ လန်ဂျင်းဇီ ကတင်လိုက်ပြီးနောက် အရင်ကလို ချက်ချင်း မပိတ်လိုက်ပေ။ ထိုအစား ကွန့်မန့်တွေကို စောင့်နေခဲ့သည်။
“အစ်ကို့ဖန်လား?” တစ်စုံတစ်ယောက်က မေးလိုက်သည်။
လန်ဂျင်းဇီ ကအံ့ဩသွားသည်။
ဘာအစ်ကို့ဖန်လား?
“အစ်ကိုဖန် ဖြစ်သင့်တယ် :3333 အစ်ကိုလန် ကအရမ်းကို ခန့်ညားပြီး ကျက်သရေရှိတဲ့လူလို ငါကြားခဲ့တယ်။ သူ့မှာလည်း မပြောင်းနိုင်တဲ့ ညီမချစ်သူ ဂုဏ်ပုဒ်က ရှိနိုင်တယ်။ သူက ဟွမ်ဟွမ် ကိုတောင် လေဆိပ်ကို ပို့ပေးတယ်လေ။ ဝမ်ယောင်ချန်း ကိုမြင်ပြီး မပျော်တာ ဖြစ်သင့်တာပဲ”
“ဟွမ်ဟွမ် ကမင်းသမီးလေး :333”
“ဟဟဟ အစ်ကိုက ရှိုးပွဲမှာ မရှိလို့ ဝမ်ယောင်ချန်း နဲ့မျက်နှာချင်းဆိုင်ရတဲ့ လီဂျင်းယွမ် နဲ့ ဟုန်လေး တို့လောက် ရှက်မှာမဟုတ်ဘူး။ ရှိုးပွဲ ထုတ်လွှင့်ရင် အစ်ကိုလည်း တိတ်တိတ်လေးသာ ငိုဖို့တက်နိုင်လိမ့်မယ်…”
“အပေါ်က ပြောတာက အရမ်းချစ်ဖို့ကောင်းတယ်။ ဟွမ်ဟွမ် ကသူမဘေးမှာ အရမ်းကောင်းတဲ့ ယောင်္ကျားအုပ်ကြီးက ဝိုင်းနေတာပဲ။ ဝါးးးးး”
လန်ဂျင်းဇီ ကဖတ်နေချိန်တွင် မထိန်းချုပ်နိုင်ပဲ ပြန်ရေးလိုက်သည်။
【လန်ဂျင်းဇီ ကတိတ်တိတ်လေး ငိုနေမှာ မဟုတ်ဘူး။ သူက ဝမ်ယောင်ချန်း နဲ့တွေ့ဖို့ တိုက်ရိုက်ပဲ တောင်းဆိုလိမ့်မယ်】
“ဒါဆို သူ့ခေါင်းပြုတ်လိမ့်မလား?” တစ်စုံတစ်ယောက်က ပြန်ရေးထားသည်။
သိသိသာသာကို တရားမဝင်တာ သူလုပ်လို့မရဘူး။
ဒါပေမဲ့ နားထောင်လို့ကောင်းပုံပဲ။
“ဟဟဟ”တွေ ထပ်ပေါ်လာခဲ့သည်။
လန်ဂျင်းဇီ ကပိတ်လိုက်ပြီး သူ့အလုပ်တချို့သာ လုပ်လိုက်ပြီး ဇောင်ယုဟွမ် ကိုစာပို့လိုက်သည်။ သို့သော် စတုတ္ထအပိုင်း ရိုက်ကူးပြီးနောက် ရိုက်ကူးရေးမှ သတင်းတစ်ပုဒ်က မတော်တဆ ထွက်လာမယ်လို့ ဘယ်သူကမှ ထင်မထားခဲ့ကြပေ။
ဒီဇင်ဘာ ၂၃ ရက်။
ဇောင်ယုဟွမ် နဲ့တခြားသူတွေက တူရကီ တွင်ပြသနာ ကြုံခဲ့ကြသည်။ တချို့နိုင်ငံခြား တိုင်းပြည်တွင် ဆူပူအုံကြွမှုတွေ ဖြစ်ခဲ့သည်။
ပတ်ဝန်းကျင် အေးချမ်းမှုနဲ့ ပတ်သက်နေတာကြောင့် ဒီပုံစံ အခြေအနေက ဘဝတစ်သက်စာ တိုက်ပွဲလို ဖြစ်နေသည်။ ဝန်းထမ်းတွေနဲ့ ရှိုးပွဲမှ ဧည့်သည်တွေပါ ထိတ်လန့်သွားကြသည်။
“ကျွန်တော်တို့ သံရုံးနဲ့ ဆက်သွယ်ထားပြီးပြီ…” လက်ထောက်က ဖြူဖွေးသည့် မျက်နှာဖြင့် ပြောလိုက်သည်။
ထိုအချိန်တွင် ဒါရိုက်တာကလည်း ဖုန်းခေါ်နေခဲ့သည်။ ဒါက သိပ်မကောင်းပေ။ တစ်ခုခုက တကယ်ပဲ ဖြစ်ခဲ့တာဆိုရင် ရှင်သန်ဖို့အတွက် ငွေပေးရင်တောင် မရနိုင်ပေ။
ကောမိုင်၊ ယင်ချီချီ နဲ့တခြားသူတွေ ရဲ့အမူအရာတွေက ပြောင်းလဲသွားခဲ့ကြသည်။ လင်းလန် ကနည်းနည်း ပိုကောင်းသည်။ စာအုပ်ထဲမှာ တစ်ကြိမ် ရှင်သန်ဖူးပြီး ဇာတ်လိုက်မ အရှိန်အဝါတွေကြောင့် သူမက လက်ရှိအခြေအနေကို မကြောက်လန့်တာ ဖြစ်နိုင်သည်။
ဇောင်ယုဟွမ် ကသူမကိုယ်တွင် ကုတ်အင်္ကျီကို ပုခုံးအထိ တင်လိုက်ကာ သူမ မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်သည်။
သူတို့က ဒီဘုရားကျောင်းမှာပဲ မြုပ်နေတော့မှာပဲ….
အချိန်တိုင်း အပြင်ဘက်တွင် အော်သံတွေနဲ့ ခြေသံတွေကို ကြားနေရသည်။ နောက်ထပ် ကျိုးပဲ့ခြင်းဖြင့် မှန်တွေကွဲသည့် အသံက လူတိုင်းအား အာရုံစိုက်သွားစေသည်။
ယင်ချီချီ ကအော်လိုက်ပြီး လှည့်လိုက်ကာ ဟုန်ချန်းမင်း ဆီပြေးသွားလိုက်သည်။ ဒါက မတော်တဆ လုပ်မိတာဖြစ်ပေမဲ့ ယင်ချီချီ ရဲ့စိတ်ထဲတွင် ဒီအကြောင်းကို ရှင်းရှင်းလင်းလင်း တွေးမိသည်။
ဝမ်ယောင်ချန်း က ဇောင်ယုဟွမ် ကိုလိုချင်နေတာ ရှင်းနေပြီး သူမက ဇောင်ယုဟွမ် ကိုမနှောင့်ယှက်ချင်ပေ။ ဂူယူလင်း က လီဂျင်းယွမ် နဲ့အတွဲဖြစ်ချင်နေသည်။ ထို့ကြောင့် ဟုန်ချန်းမင်း ကသာ အကောင်းဆုံး ရွေးချယ်မှုပဲ မဟုတ်ဘူးလား?
သူမလှုပ်ရှားမှုက မြန်သည်။ သို့သော် ဟုန်ချန်းမင်း ကပိုတောင်မြန်သည်။ ဟုန်ချန်းမင်း ရဲ့ခြေတံရှည် တစ်ချက်လှုပ်ရှားမှုနှင့် သူက ဇောင်ယုဟွမ် ဘေးကိုရောက်သွားသည်။
ယင်ချီချီ ကလေကိုသာ ဖမ်းလိုက်မိပေမဲ့ လင်းလန် ကဘေးဘက်မှ သူမကို ကိုင်ထားပေးတာကြောင့် ကြမ်းပြင်နှင့် မျက်နှာမထိလိုက်ပေ။ ယင်ချီချီ ကကို့ယို့ကားယားဖြင့် လင်းလန် ကိုပြုံးပြလိုက်ပေမဲ့ လင်းလန် ကသူမကို ကြည့်မနေပေ။
လင်းလန် က ဇောင်ယုဟွမ် ဘက်ကို ကြည့်နေခဲ့သည်။ ယင်ချီချီ ကမထိန်းချုပ်နိုင်ပဲ သူမ အကြည့်နောက်လိုက်ကာ ကြည့်လိုက်ပြီး မြင်လိုက်ရသည်။ ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ကိုဖက်ထားခဲ့သည်။
ဒါက မောင်နှမတွေ ပုံစံလား?
ယင်ချီချီ ကစိတ်ထဲတွင် ခါးသီးစွာ တွေးလိုက်သည်။ သို့သော် အရင်အပိုင်းတွေမှ သူမ သိခဲ့ပြီးသား ဖြစ်သည်။ သူတို့က ရင်းနှီးတဲ့ပုံပဲ။
“ဒါက အရမ်းထူးဆန်းတယ်လို့ တွေးနေတာမလား?” လင်းလန် ကပြောလိုက်သည်။
“ဘာ?” ယင်ချီချီ ကချက်ချင်း မတုန့်ပြန်နိုင်ပေ။
သို့သော် လင်းလန် ကထပ်ပြောဖို့ စိတ်ကူးမရှိပဲ သူမပါးစပ်ကို ပိတ်ထားခဲ့သည်။ လှည့်လိုက်ပြီး ချက်ချင်းပင် ကောမိုင် နဲ့ ဂူယူလင်း တို့ကို စကားပြောလိုက်သည်။
ယင်ချီချီ ကအသိကို ပြန်ရလိုက်ပြီး ရုတ်တရက် အံ့ဩသွားသည်။ လက်ရှိတွင် ဘာစိတ်မှမရှိသည့် လင်းလန် ကရှိုးပွဲအစတည်းက တိုးတက်ဖို့လုပ်နေတာဆိုတာ သူမ နားလည်သွားခဲ့သည်။
အဆုံးတွင် ဇောင်ယုဟွမ် ကနည်းနည်း ထိတ်လန့်သွားသည်။ ဒီထိတ်လန့်မှုက သေနတ်သံထက်တောင် ပိုသေးသည်။
ဟုန်ချန်းမင်း ကသူမ လန့်သွားတာကို ဂရုမစိုက်ပေ။ လက်တစ်ဖက်က သူမကို ဖက်ထားပြီး ကျန်တစ်ဖက်က သူမခေါင်းကို ဖက်ထားကာ သူမနားတွေကို တင်းတင်းပိတ်ထားခဲ့သည်။ ဒီအပြုအမူက နည်းနည်း သိသာလွန်းသည်။
ဝမ်ယောင်ချန်း ကမထိန်းချုပ်နိုင်ပဲ ပြန်ကြည့်လိုက်ပြီး နောင်တရသလို ခံစားနေရပေမဲ့ နည်းနည်းလေးသာ ဖြစ်သည်။ သူက ဖျော်ဖြေရေး လောကတွင် အချိန်အတော်ကြာနေပြီး ဖျော်ဖြေရေးမှ စည်းမျည်းတွေနဲ့ တစ်သားတည်း ဖြစ်နေခဲ့သည်။ သူနဲ့ ဇောင်ယုဟွမ် ကဒွိဟဖြစ်စေနိုင်ပြီး သူတို့ရဲ့ရှိုးပွဲအတွင်း ဆက်ဆံရေးက ချိုမြိန်နိုင်သည်။ သို့သော် ခိုင်လုံတာ ဘာမှမရှိပဲ အရာရာတိုင်းက အဆင်ပြေသည်။
ကင်မရာအောက်တွင် သူသာ ဇောင်ယုဟွမ် အနားကပ်နေရင် သူ့ဖန်တွေက သူ့အား အသက်ရပြီး ဒိတ်နိုင်တယ်လို့ ပြောကြပေမဲ့ မပျော်မရွှင် ဖြစ်သွားနိုင်သည်။ ဒါမှမဟုတ် ဇောင်ယုဟွမ် ဆီသွားပြီး နှစ်သိမ့်ပေးမှာ ဖြစ်သည်။
ကျေးဇူးတင်မိတာက၊ ဒါကသူမအစ်ကိုဖြစ်နေသည်။
ဝမ်ယောင်ချန်း ကတွေးလိုက်ပြီး ဟုန်ချန်းမင်း ရဲ့နောက်ကျောကို ကြည့်လိုက်သည်။ သူက အစ်ကိုမဟုတ်ရင် တကယ်ပဲ ပြဿနာရှိနိုင်သည်။ ထိုအကြောင်းကို စဉ်းစားလိုက်ပြီး ဝမ်ယောင်ချန်း ကမထိန်းချုပ်နိုင်ပဲ လီဂျင်းယွမ် ဘက်ကိုကြည့်လိုက်သည်။
လီဂျင်းယွမ် ကအဖွဲ့ဝင်တွေနဲ့ စကားပြောနေခဲ့သည်။ သူတို့က သံရုံးနဲ့ ဆက်သွယ်တာ ကျရှုံးသွားချိန်တွင် လီဂျင်းယွမ် ကဖုန်းကို ထုတ်လိုက်ပြီး နိုင်ငံခြားမှ သူငယ်ချင်းတွေကို ရှာဖွေခဲ့သည်။
ဝမ်ယောင်ချန်း ကထပ်ပြီး နည်းနည်း နောင်တရသလို ခံစားလိုက်ရသည်။ တရုတ်ပြည်တွင် သူ့သရုပ်ဆောင်မှုနဲ့ လူကြိုက်များမှုက အရမ်းကောင်းသည်။ သို့သော် ဒါကတွေက ဒီနေရာတွင် အသုံးမဝင်ပေ။
သူ့ဘာသာစကားက အခြေခံ စကားပြောလောက်သာ ရသည်။ ဒီအရာကိုသာ မှတ်တမ်းတင်မိပြီး ရှိုးပွဲတွင်သာ ပါလာခဲ့ရင် လီဂျင်းယွမ် ကဖန်အုပ်စုကြီးကို ရသွားမှာ သေချာသည်။ ထိုအချိန်တွင် လီဂျင်းယွမ် ကဖုန်းထုတ်လိုက်ပြီး ရုတ်တရက် ခေါင်းမော့လာခဲ့သည်။
ဘယ်သူ့ကို ကြည့်နေတာလဲ?
သူက ဇောင်ယုဟွမ် ကိုကြည့်နေခဲ့သည်။ ထူးဆန်းသည့် ခံစားချက်က ဝမ်ယောင်ချန်း ရဲ့နှလုံးသားထဲ ပေါ်လာခဲ့သည်။ လီဂျင်းယွမ် ကတစ်ချက်ကြည့်ပြီး ပြန်လှည့်သွားခဲ့သည်။
ငါ အရမ်းကြီး တွေးနေမိတာမလား?
ဒါက ဘာမှမထူးဆန်းပါဘူး။
ဝမ်ယောင်ချန်း တွေးလိုက်သည်။ မကြာခင်တွင် နောက်ထပ် မှန်ကွဲသည့်အသံက ထွက်ပေါ်လာပြီး ကျည်ဆံက ဝင်လာခဲ့သည်။ ဘုရာကျောင်းတွင် ထပ်ပြီးစိုးထိတ်သည့် လေထုက ဖြစ်လာခဲ့သည်။ လူတိုင်းက ချက်ချင်းပင် တုန့်ပြန်သွားကြသည်။
ဂူယူလင်း၊ ကောမိုင် နဲ့ ယင်ချီချီ တို့က ဘုရားကျောင်းရဲ့ ခုံတန်းရှည်ဆီ အလျင်အမြန် ပြေးဝင်လိုက်ပြီး ပရိုဂရမ် အဖွဲ့သားတွေကလည်း ထိတ်လန့်သွားကြကာ ပုန်းကွယ်နိုင်မည့် နေရာကို အလျင်အမြန် ရှာဖွေလိုက်ကြသည်။
ဝမ်ယောင်ချန်း ကလည်း ခုံတန်းရှည်အောက်တွင် ပုန်းချင်ပေမဲ့ ရပ်လိုက်ပြီး ဇောင်ယုဟွမ် ဘေးဘက်ကိုသာ သွားလိုက်သည်။ ဟုန်ချန်းမင်း ကသူ့ဂျာကင်ကို အလျင်အမြန် ချွတ်လိုက်ပြီး ဇောင်ယုဟွမ် ကိုကာပေးလိုက်တာကိုသာ မြင်လိုက်ရသည်။
လီဂျင်းယွမ် ကဖုန်းကို ကိုင်ထားရင်း သူတို့ဆီ လျှောက်လာခဲ့သည်။ ဟုန်ချန်းမင်း က ဇောင်ယုဟွမ် အားသူ့လက်မောင်းထဲ ထည့်လိုက်ပြီးနောက် လီဂျင်းယွမ် ရဲ့ဖုန်းကို ယူလိုက်ပြီး ပြောလိုက်သည်။
“ငါခေါ်လိုက်မယ်” ဇောင်ယုဟွမ် ကသူမဘဝ နှစ်ခုလုံးတွင် ဒီလိုအခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးပေ။
အရင်တုန်းက သူမ တည်ငြိမ်နေပေမဲ့ ဟုန်ချန်းမင်း ရဲ့ဂျာကင်က သူမအပေါ်အုပ်သွားပြီး မှောင်သွားချိန်တွင် ဇောင်ယုဟွမ် ရဲ့နှလုံးသားက တင်းကြပ်သွားသည်။ သူမစိတ်ထဲ နည်းနည်း ထိတ်လန့်နေပြီး မထိန်းချုပ်နိုင်ပဲ အော်လိုက်သည်။
“ဟုန်ချန်းမင်း…” လီဂျင်းယွမ် ကသူ့အကြည့်ကို အနည်းငယ် ငုံ့လိုက်ပြီး သူမမျက်လုံးမှ ထူးဆန်းသည့် အကြည့်ကို မြင်လိုက်ရသည်။ ဇောင်ယုဟွမ် ရဲ့လက်ကို ကိုင်ထားရင်း တီးတိုးပြောလိုက်သည်။
“မကြောက်နဲ့၊ ဟွမ်ဟွမ်” လီဂျင်းယွမ် ကလှည့်လိုက်ပြီး ကင်မရာသမားကလည်း တုန်နေတာကို မြင်လိုက်ပြီး သူက သူတို့ဘက်ကို ရိုက်နေတာကိုလည်း မြင်လိုက်ရသည်။
လီဂျင်းယွမ် က ဇောင်ယုဟွမ် အပြင်တခြားသူတွေပါ ကြားရအောင် အကျယ်တဝံ့ ရှင်းပြဖို့သာ ဆုံးဖြတ်လိုက်သည်။
“ဒီလူတွေက နိုင်ငံရေး လွတ်လပ်မှုကိုသာ လိုချင်ကြတာ။ ဘာသာရေးဘက်ကို နှောင့်ယှက်မှာ မဟုတ်ဘူး။ အခု ကျည်ဆံ ဝင်လာတာကလည်း မတော်တဆဖြစ်တာ။ အခုတော့ ဘုရားကျောင်းထဲမှာ ရှိနေတာက ဘေးကင်းတယ်”
ဇောင်ယုဟွမ် ကဖြေးညှင်းစွာ မျက်တောင်ခတ်လိုက်သည်။ သူမလက်ကို ကိုင်ထားတာက ဘယ်သူဆိုတာ သူမ မသိပေမဲ့ လီဂျင်းယွမ် ရဲ့အသံက အသုံးဝင်ဝင်ပြီး သူမစိတ်အား ပုံမှန်ကို နည်းနည်း ပြန်ရောက်သွားစေသည်။
သို့သော် တခြားသူတွေကတော့ မတူပေ။ သူတို့က လီဂျင်းယွမ် ဖုန်းခေါ်တာကို မြင်ပြီးနောက် ဟုန်ချန်းမင်း ကထပ်ခေါ်နေတာကို မြင်လိုက်ပေမဲ့ အရာအားလုံးက အသုံးမဝင်ဘူးလို့ ထင်နေကြသည်။
လီဂျင်းယွမ် ကအခုလို နှစ်သိမ့်စကား ပြောလိုက်တာတောင် သူတို့ဆီမှ ကြောက်လန့်နေတာက ထွက်မသွားပေ။
ဝမ်ယောင်ချန်း ရဲ့ခံစားချက်ကသာ နည်းနည်း ကွာခြားသည်။
ဒီမြင်ကွင်းကို ကြည့်နေရင်း သူ့နှလုံးသားထဲတွင် ထူးဆန်းသည့် ခံစားချက်တွေက ပိုပြင်းထန်လာခဲ့သည်။
30.5.2021 (Sun)
………………………..
Zawgyi
လီဂ်င္းယြမ္ ကေရာက္လာၿပီး သူမကို ကိုင္ထားတာက လင္းလန္ ရဲ႕မရင္းႏွီးတဲ့ အမူအရာေတြကို သတိထားမိတာေၾကာင့္ ျဖစ္ႏိုင္လား?
ဒီလိုလုပ္တာကို အဆိုးဆုံး ျဖစ္ေစတာပဲ။
မူလဇာတ္ေၾကာင္း လႊမ္းမိုးမႈေအာက္မွာ လင္းလန္ က လီဂ်င္းယြမ္ အေပၚခံစားခ်က္ေတြ ႐ွိသည္။ ဒီျမင္ကြင္းကို သူမ ျမင္လိုက္ခ်ိန္မွာ သူမ ေသခ်ာေပါက္ ေပ်ာ္႐ႊင္မွာ မဟုတ္ဘူး။
ေကာင္းၿပီ။ ေဇာင္ယုဟြမ္ က႐ိုး႐ွင္းစြာျဖင့္သာ ဇာတ္ေၾကာင္းကို ခ်ိဳးျဖတ္ဖို႔ ဆုံးျဖတ္လိုက္သည္။
ဇာတ္လိုက္မက စိတ္႐ႈပ္ေနရင္ေတာင္ ငါ့ျပႆနာ မဟုတ္ဘူး။
ဒါက မေ႐ွာင္လႊဲႏိုင္ဘူး။
ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ကိုလွည့္ၾကည့္လိုက္သည္။
“အစ္ကိုခ်န္းမင္း”
ကင္မရာေအာက္တြင္ ဒီလိုေျပာဖို႔က အဆင္မေျပေပမဲ့ အခုေတာ့ ဘာအမူအရာမွ မပါပဲ ေျပာလိုက္သည္။
ေဒါသထြက္႐ုံပဲ။
ဇာတ္လိုက္မက ဇာတ္လိုက္သာမက သူမေဘးမွာ ဗီလိန္ပါ ႐ွိတတ္သည္။
စာအုပ္ထဲမွ ဇာတ္လိုက္မက တျခားသူေတြထက္ သူမေဘးတြင္ ေကာင္းမြန္သည့္ အရာတြင္ ဝိုင္းေနတတ္သည္။
စိတ္ဆိုးတာလား?
ဒါဆို စိတ္ဆိုးၿပီးေတာ့သာ ေသလိုက္!
သူမအသံေၾကာင့္ ဟုန္ခ်န္းမင္း ကနည္းနည္း ဝမ္းသာသြားကာ သူ႕ေျခတံ႐ွည္ကို အသုံးခ်ကာ အလ်င္အျမန္ပင္ ေဇာင္ယုဟြမ္ ရဲ႕အိတ္ကို ကိုင္ထားရင္း ေလွ်ာက္လာခဲ့သည္။
ဂူယူလင္း ကအေနာက္မွ လိုက္လာရင္း ျပဳံးကာ ေျပာလိုက္သည္။
“မိန္းကေလးေဇာင္ ကတကယ့္ကို အခ်စ္ခံေလးပဲ။ သူမမိသားစုက လူေတြအားလုံးက သူမကို အလိုလိုက္ၾကတယ္၊ ဟုတ္တယ္မလား?”
လင္းလန္ ကျပန္ေျဖလိုက္သည္။ “႐ွင္မေျပာနဲ႔”
ယင္ခ်ီခ်ီ ကအေတာ္ေလး တိတ္ဆိတ္ေနၿပီး စကားတစ္လုံးမွ ဝင္မေျပာေပ။ အစကလိုသာ ဆိုရင္ ေသခ်ာေပါက္ကို ပါးစပ္ဖြင့္ကာ တျခားသူေတြရဲ႕ စကားဝိုင္းကို ေႏွာင့္ယွက္လိုကမွာ ေသခ်ာသည္။ သို႔ေသာ္ ဒီေန႔တြင္ ဒီလိုလုပ္ရမွာကို သူမ ေၾကာက္ေနခဲ့သည္။
ၿပီးခဲ့သည့္ ႐ိုက္ကူးေရးအပိုင္း ၿပီးသြားခ်ိန္တြင္ ေဇာင္ယုဟြမ္ အားေလဆိပ္သို႔ ဘယ္သူပို႔ေပးမွန္း သူမ မသိခဲ့ေပ။ ႐ိႈးပြဲ ထုတ္လႊင့္လာခ်ိန္တြင္ တျခားသူေတြက သူမအား လိုက္ပို႔သူမွာ လန္ဂ်င္းဇီ လို႔ေခၚသည့္ လူျဖစ္ေၾကာင့္ သိခဲ့ရသည္။
သူတို႔ကလည္း သူ႕အား “မစၥတာလန္”လို႔ ေလးစားစြာျဖင့္ ေခၚၾကသည္။ သူက ေဇာင္ယုဟြမ္ ရဲ႕ဝမ္းကြဲအစ္ကိုျဖစ္ၿပီး ေနာက္ခံကလည္း ေတာင့္တင္းသည္။ သူမရဲ႕နိမ့္က်သည့္ ေမာ္ဒယ္လ္ေလးက ဒီလိုလူကို မ်က္ႏွာပ်က္ေအာင္ လုပ္ရဲဖို႔က ထည့္ေျပာဖို႔ေတာင္ မလိုေပ။
ထို႔ေနာက္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ေဇာင္ယုဟြမ္ ရဲ႕မိသားစု ျဖစ္တာကို သိခဲ့ရၿပီး ေဇာင္မိသားစုရဲ႕ အေမြဆက္ခံသူကလည္း သူမျဖစ္တာကို သိခဲ့ရသည္။
ယင္ခ်ီခ်ီ ရဲ႕အေတြအားလုံးက မၾကာခင္တြင္ အဆုံးသတ္သြားခဲ့သည္။ သူမနည္းလမ္းေတြက အေတာ္ေလး ထိေရာက္ေပမဲ့ သူမ အဲ့ေလာက္ မ႐ူးမိုက္ေပ။ ထိုအခ်ိန္တြင္ စဥ္းစားေနရင္း ဂူယူလင္း နဲ႔ လင္းလန္ တို႔ရဲ႕အေတြးေတြကို သူမ ျမင္ႏိုင္သည္။
ယင္ခ်ီခ်ီ ကအရင္တုန္းက အေတာ္ေလး အေျပာခံခဲ့ရၿပီးၿပီ။ သူမက ေဘးဘက္က ႏွစ္ေယာက္ကို တိတ္ဆိတ္စြာသာ ၾကည့္လိုက္ၿပီး စဥ္းစားေနကာ လွည့္စားကာ သူတို႔က သြားက,ဖို႔ေခၚၿပီး သူတို႔ကိုပါ အေျပာခံရေအာင္ လုပ္ခ်င္သည္။
《အခ်ိန္ခရီးသြားျခင္း》 ကထုတ္လႊင့္ခဲ့တာ အခ်ိန္နည္းနည္း ၾကာခဲ့ၿပီ။ အပိုင္းတိုင္းတြင္ ေဆြးေႏြးသည့္ ေခါင္းစဥ္က မ်ားလာကာ လူႀကိဳက္မ်ားလာၿပီး က်သြားတယ္ဆိုတာ မ႐ွိခဲ့ေပ။ ထို႔ေၾကာင့္ အဖြဲ႕သားေတြက စိတ္သက္သာရာ ရခဲ့ၾကသည္။
ဒီအခ်ိန္တြင္ သူတို႔က စတုတၳနဲ႔ ပၪၥမအပိုင္းကို အတူတူ ႐ိုက္ကူးဖို႔ ဆုံးျဖတ္ခဲ့တာၾကာင့္ အပိုင္းေတြကို ပိုေကာင္းေအာင္လုပ္ဖို႔ ရည္႐ြယ္ထားၾကသည္။ စတုတၳအပိုင္းရဲ႕ တည္ေနရာက တူရကီ နဲ႔ပၪၥမကေတာ့ ဂရိျဖစ္သည္။
ေလယာဥ္ဆင္းၿပီးေနာက္ လီဂ်င္းယြမ္ ကအလ်င္အျမန္ပင္ ဟိုတယ္တြင္ အနားယူႏိုင္ရန္ လူတိုင္းကို ေခၚသြားခဲ့သည္။
ဒုတိယေန႔တြင္ ေကာမိုင္ နဲ႔ ဝမ္ေယာင္ခ်န္း တို႔က ေရာက္လာၾကသည္။ လူတိုင္းက ေဆးေၾကာသန္႔စင္ၾကကာ အဝတ္လဲၿပီး ျပင္ဆင္ၾကၿပီးေနာက္ ပထမဆုံး တည္ေနရာဆီ သြားလိုက္ၾကသည္။
ေအာက္ထပ္တြင္ လူစုခ်ိန္ ေရာက္လာခ်ိန္တြင္ ေဇာင္ယုဟြမ္ ကစကတ္႐ွည္ကို နင္းမိသြားသည္။
“ဟြမ္ဟြမ္”
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က သူမကို တစ္ခ်ိန္တည္းနီးပါး ေခၚလိုက္ၾကသည္။
“ေျဖးေျဖးေလွ်ာက္” ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။
“ဟြမ္ဟြမ့္ စကတ္ေပၚ မနင္းမိေစနဲ႔” လီဂ်င္းယြမ္ ကေျပာလိုက္သည္။
“ဒ႐ိုက္ဘာက ေစာင့္ေနၿပီ” ေဇာင္ယုဟြမ္ ကလမ္းေလွ်ာက္ႏႈန္းကို မေႏွးပဲ ေခါင္းေတာင္ ခါလိုက္သည္။
“ဟြမ္ဟြမ္ တို႔အျမန္သြားသင့္တယ္” ဟုန္ခ်န္းမင္း ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။
လီဂ်င္းယြမ္ ရဲ႕ႏႈတ္ခမ္းက အနည္းေစ့သြားၿပီး မေပ်ာ္႐ႊင္မႈကို ျပသလိုက္သည္။
ဘယ္သူက ေပ်ာ္ႏိုင္မွာလဲ?
ဝမ္ေယာင္ခ်န္း ကေအာက္ထပ္မွာ ႐ွိေနတာကို သူတို႔ေတြးမိသြားခ်ိန္တြင္ ဘယ္သူမွ မေပ်ာ္ႏိုင္ေတာ့ေပ။
ဟုန္ခ်န္းမင္း က႐ုတ္တရက္ ေျပာလိုက္သည္။
“ဟြမ္ဟြမ္၊ ငါေျပာခဲ့တာကို မွတ္မိတယ္ေနာ္”
“ဟမ္?” ေဇာင္ယုဟြမ္ ကမ်က္ေတာင္ခတ္လိုက္ၿပီး ဟုန္ခ်န္းမင္း ဘာေျပာခ်င္တာလဲဆိုတာကို မသိလိုက္ေပ။
သူတို႔ လမ္းေလွ်ာက္ေနရင္း ေလာဘီကို ေရာက္လာၾကသည္။ ဂူယူလင္း နဲ႔ ေကာမိုင္ ကစကားေျပာလိုက္သည္။
“ဝမ္ေယာင္ခ်န္း အျပင္မွာ ေစာင့္ေနတယ္။ သြားရေအာင္”
သူတို႔က ေကာင္မိုင္ ကိုႏႈတ္ဆက္ၿပီး အတူတူ ထြက္လာၾကသည္။ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕အမူအရာကေတာ့ မေျပာင္းလဲေပ။ အထူးသျဖင့္ သူတို႔ထြက္လိုက္သည္ႏွင့္ ဝမ္ေယာင္ခ်န္း ကိုျမင္လိုက္တာေၾကာင့္ ျဖစ္သည္။
ဟုန္ခ်န္းမင္း ကပိုၿပီး မ်က္ေမွာင္ၾကဳတ္လိုက္ကာ လီဂ်င္းယြမ္ ရဲ႕ႏႈတ္ခမ္းေတြက အရင္ကထက္ေတာင္ ပိုေစ့သြားခဲ့သည္။
ေဘးဘက္မွာ ကင္မရာေတြ ႐ွိေနေတာ့ေကာ… ဘယ္သူက ဂ႐ုစိုက္မွာလဲ?
“ဟြမ္ဟြမ္” ဝမ္ေယာင္ခ်န္း ကတံခါးေဘးမွ ေဇာင္ယုဟြမ္ ကိုျပဳံးျပလိုက္သည္။
အရင္တုန္းက အပိုင္းေတြကနဲ႔ယွဥ္ရင္ နည္းနည္းေတာ့ ေျပာင္းလဲသြားသည္။ လူတစ္ေယာက္ရဲ႕ မ်က္လုံးကို ၾကည့္လိုက္သည္ႏွင့္ သူ႕စိတ္ေနစိတ္ထားကို ခန္႔မွန္းႏိုင္သည္။
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔တြင္ ပိုင္ဆိုင္လိုသည့္ အၾကည့္ေတြ ႐ွိၾကသည္။ သူတို႔ရင္ဘတ္ကလည္း ေဒါသေတြနဲ႔ ျပည့္ေနၿပီး ျပင္းထန္စြာျဖင့္ ေလာင္ကြၽမ္းေနသည္။
“မစၥတာဝမ္” ေဇာင္ယုဟြမ္ ေျပာတာကို မေစာင့္ပဲ ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။
လီဂ်င္းယြမ္ ကလည္း ေလးစားစြာေခၚသည့္ “အစ္ကိုခ်န္း” ေနရာတြင္ “မစၥတာဝမ္”လို႔သာ တူညီသည့္ အသံထားျဖင့္ ေခၚလိုက္သည္။
ဝမ္ေယာင္ခ်န္း ရဲ႕လက္ေတြက တင္းၾကပ္သြားခဲ့သည္။ ဖုန္းသုံးေကာမွ စိတ္ခံစားခ်က္ မေကာင္းၾကမွန္း သူ႕ေအးဂ်င့္ ေျပာထားလို႔ သူသိၿပီးခဲ့သည္။ သို႔ေသာ္ ႐ိႈးပြဲက ႐ိုက္ကူးေနခ်ိန္မွာ ျပႆနာ မျဖစ္ေလာက္ဘူးလို႔ သူထင္ခဲ့သည္။
အခုေတာ့ သူ ေလ်ာ့ေတြးမိပုံပဲ…
သူတို႔က ကင္မရာေအာက္ေတာင္… မေ႐ွာင္ေတာ့ဘူးလား?
ဝမ္ေယာင္ခ်န္း ကေတြးလိုက္ၿပီး ေႏြးေထြးစြာျဖင့္သာ ႏႈတ္ဆက္ဖို႔ ဆုံးျဖတ္လိုက္သည္။
“ဂ်င္းယြမ္၊ ဟုန္ေလး” မ်က္ႏွာခ်ိဳေသြးသည့္ အသံကို ဖုံးကြယ္ထားေပမဲ့ ခ်က္ခ်င္းပင္ သတိျပဳမိႏိုင္သည္။
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ပိုေဒါသထြက္သြားၾကသည္။ သူတို႔ရင္ဘတ္ထဲတြင္ ေဒါသနဲ႔ ေလာင္ကြၽမ္းေနသည္။
ေဇာင္ယုဟြမ္ နဲ႔တျခားသူေတြက တူရကီ သို႔႐ိုက္ကူးရန္ သြားၾကၿပီး အင္တာနက္သုံးသူေတြကလည္း စတုတၳအပိုင္းကို ေစာင့္ေမွ်ာ္ေနၾကသည္။
ေဖ်ာ္ေျဖေရး အတင္းအဖ်င္းမွ သတင္းထူးမ်ား :《ဝမ္ေယာင္ခ်န္း ကအစ္ကိုေလးလီနဲ႔ ဟုန္ေလးတို႔ရဲ႕ ဖ်က္ဆီးျခင္းကို ခံရေတာ့မယ္လို႔ ထင္ေနတယ္》
ဝင္လိုက္ခ်ိန္တြင္ စခရင္တစ္ခုလုံးက “ဟဟဟဟ”ေတြနဲ႔ ျပည့္သြားသည္။
“၁၀ ရာခိုင္ႏႈန္းေလာက္ အေလာင္းအစား လုပ္ခ်င္ေနတာ”
“ပထမပိုင္းကို ေက်းဇူးျပဳၿပီး ျပန္စဥ္းစားၾကပါ။ အစ္ကိုေလးလီ နဲ႔ဟုန္ေလး တို႔က ယင္ခ်ီခ်ီ ကိုမထူးမျခား ဆက္ဆံတယ္… ဝမ္ေယာင္ခ်န္း က ယင္ခ်ီခ်ီ ေဘးမွာသာ ႐ွိသင့္တယ္”
“ဝမ္ေယာင္ခ်န္း က ယင္ခ်ီခ်ီ နဲ႔ဘယ္လိုလုပ္ၿပီး တူႏိုင္မွာလဲ?”
“ယင္ခ်ီခ်ီ ရဲ႕ဆက္ဆံမႈထက္ေတာင္ ပိုဆိုးသင့္တယ္… ဟဟဟဟ”
“အစ္ကိုေလးလီ နဲ႔ဟုန္ေလး တို႔ကအရင္အပိုင္းေတြထဲက ညီမခ်စ္သူ ဆိုတာကို ေျပာႏိုင္တယ္။ အရမ္းကို ၾကင္နာတယ္။ သူမအိတ္ကို သယ္ဖို႔ကူညီေပးတယ္၊ ညလယ္မွာ အစာေျပစားဖို႔ လုပ္ေပးတယ္။ ဒူးေထာက္ၿပီး ဖိနပ္လည္း ဝတ္ေပးတယ္…. ဒါေတြအားလုံးက အႏွစ္ခ်ဳပ္ပဲ။ ဒီလူႏွစ္ေယာက္နဲ႔ ဝမ္ေယာင္ခ်န္း ကဘယ္လို ယွဥ္ႏိုင္မွာလဲ?”
#ညီမခ်စ္သူဆိုတာ sis-con ကိုေျပာတာေနာ္ bro-con တို႔ sis-con တို႔ေလ၊ ညီ၊ညီမကို အရမ္းခ်စ္တာကို ေျပာခ်င္တာ၊ အခုမွ႐ွင္းျပဖို႔ သတိရလို႔ 😁😁😁
“အေပၚက +1 ေနာက္ထပ္ ၃၀ ရာခိုင္ႏႈန္းေလာက္ ထပ္ေပါင္းခ်င္တယ္။ အစ္ကိုေလးလီ နဲ႔ဟုန္ေလး တို႔ကကန္ထုတ္မယ္လို႔ အေလာင္းအစားလုပ္တယ္…”
“ဒီျမင္ကြင္းက ငါ့ေခါင္းထဲမွာ ျမင္ၿပီးသားပဲ။ အဖြဲ႕သားေတြက က်ား/မ ခြဲၿပီး ပြဲေတြလုပ္ၾကတယ္။ ဝမ္ေယာင္ခ်န္း က အစ္ကိုေလးလီ နဲ႔ ဟုန္ေလးတို႔နဲ႔ ေတြ႕မွာပဲ။ သူေသခ်ာေပါက္ ေနာင္တရလိမ့္မယ္…”
“အို၊ မဟုတ္ဘူး၊ နင္ေျပာတဲ့ စကားအရ၊ ငါအရမ္းကို ၾကည့္ခ်င္လာၿပီ၊ အားးးး!”
“+10086 အစ္ကိုခ်န္း ကတစ္ကိုယ္တည္း ဘဝကေန လႊတ္ေျမာက္မလားက ဒီအပိုင္းမွာ မူတည္ေနတယ္!”
“ဝါးးးးး၊ အရင္တုန္းက ႐ိႈးပြဲက ကြန္႔မန္႔ေတြက ငါဘယ္တုန္းကမွ မၾကည့္ခဲ့ဖူးဘူး”
“အေပၚက ညီမ၊ မင္းအတြက္ အီမိုဂ်ီပုံ [အက်ယ္ႀကီး ျငင္းခုံျခင္း. jpg]”
ဂ်ာနယ္လစ္ေတြရဲ႕ ခ်ဲ႕ထြင္ျခင္းေအာက္တြင္ အင္တာနက္တစ္ခုလုံးက ဝမ္ေယာင္ခ်န္း နဲ႔ ေဇာင္ယုဟြမ္ တို႔အေၾကာင္းကို သိခဲ့ၾကသည္။
လန္ဂ်င္းဇီ ရဲ႕သူငယ္ခ်င္း အသိုင္းအဝိုင္းကေတာင္ သိခဲ့ၾကသည္။ သူတို႔က လန္ဂ်င္းဇီ တင္ခဲ့သည့္ပို႔ဒ္မွ ေဇာင္ယုဟြမ္ ရဲ႕ပုံကိုေတြ႕ခဲ့ၾကၿပီး အႀကိမ္အနည္းငယ္ ျမင္ၿပီးေနာက္တြင္ ရင္းႏွီးလာၾကသည္။ ထို႔ေၾကာင့္ ဒီသတင္းကို ျမင္လိုက္သည္ႏွင့္ သူတို႔က တိုးတိတ္စြာျဖင့္ ေျပာၾကသည္။
“မစၥတာလန္ ရဲ႕ညီမက ဒိတ္ေနၿပီ” ထို႔ေၾကာင့္ လန္ဂ်င္းဇီ အလုပ္ျပန္တက္ခ်ိန္တြင္ အလုပ္ဝန္ထမ္းေတြက သူ႕ဆီေျပးလာၾကကာ ေျပာၾကသည္။
“ဂုဏ္ယူပါတယ္၊ သူေဌးလန္” ထို႔ေနာက္ လန္ဂ်င္းဇီ ရဲ႕အမူအရာက အေတာ္ေလး ဆိုး႐ြားသြားသည္။ ထိုေန႔ သူ႕အလုပ္ေတြ ၿပီးသည္ႏွင့္ လန္ဂ်င္းဇီ ကဖုန္းဖြင့္ကာ ထိပ္တန္း႐ွာေဖြမႈကို ႐ွာလိုက္သည္။ ထို႔ေနာက္ အတင္းအဖ်င္းရဲ႕ ထိပ္ဆုံး႐ွာေဖြမႈကို ေတြ႕သြားခဲ့သည္။
လန္ဂ်င္းဇီ ကဒီအခ်ိန္တြင္ လုံေလာက္ေနခဲ့သည္။ သူက ‘လန္’လို႔ အမည္ေပးထားသည့္ အေကာင့္အသစ္ကို ဖြင့္ထားခဲ့ၿပီး ပို႔ဒ္တင္လိုက္သည္။
【ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔မေပ်ာ္႐ုံသာမက လန္ဂ်င္းဇီ လည္းအရမ္းေပ်ာ္မေနဘူး】
အရမ္းကို မေပ်ာ္ဘူး၊ လန္ဂ်င္းဇီ ကစိတ္ထဲတြင္ ေတြးလိုက္သည္။ လန္ဂ်င္းဇီ ကတင္လိုက္ၿပီးေနာက္ အရင္ကလို ခ်က္ခ်င္း မပိတ္လိုက္ေပ။ ထိုအစား ကြန္႔မန္႔ေတြကို ေစာင့္ေနခဲ့သည္။
“အစ္ကို႔ဖန္လား?” တစ္စုံတစ္ေယာက္က ေမးလိုက္သည္။
လန္ဂ်င္းဇီ ကအံ့ဩသြားသည္။
ဘာအစ္ကို႔ဖန္လား?
“အစ္ကိုဖန္ ျဖစ္သင့္တယ္ :3333 အစ္ကိုလန္ ကအရမ္းကို ခန္႔ညားၿပီး က်က္သေရ႐ွိတဲ့လူလို ငါၾကားခဲ့တယ္။ သူ႕မွာလည္း မေျပာင္းႏိုင္တဲ့ ညီမခ်စ္သူ ဂုဏ္ပုဒ္က ႐ွိႏိုင္တယ္။ သူက ဟြမ္ဟြမ္ ကိုေတာင္ ေလဆိပ္ကို ပို႔ေပးတယ္ေလ။ ဝမ္ေယာင္ခ်န္း ကိုျမင္ၿပီး မေပ်ာ္တာ ျဖစ္သင့္တာပဲ”
“ဟြမ္ဟြမ္ ကမင္းသမီးေလး :333”
“ဟဟဟ အစ္ကိုက ႐ိႈးပြဲမွာ မ႐ွိလို႔ ဝမ္ေယာင္ခ်န္း နဲ႔မ်က္ႏွာခ်င္းဆိုင္ရတဲ့ လီဂ်င္းယြမ္ နဲ႔ ဟုန္ေလး တို႔ေလာက္ ႐ွက္မွာမဟုတ္ဘူး။ ႐ိႈးပြဲ ထုတ္လႊင့္ရင္ အစ္ကိုလည္း တိတ္တိတ္ေလးသာ ငိုဖို႔တက္ႏိုင္လိမ့္မယ္…”
“အေပၚက ေျပာတာက အရမ္းခ်စ္ဖို႔ေကာင္းတယ္။ ဟြမ္ဟြမ္ ကသူမေဘးမွာ အရမ္းေကာင္းတဲ့ ေယာက်ၤားအုပ္ႀကီးက ဝိုင္းေနတာပဲ။ ဝါးးးးး”
လန္ဂ်င္းဇီ ကဖတ္ေနခ်ိန္တြင္ မထိန္းခ်ဳပ္ႏိုင္ပဲ ျပန္ေရးလိုက္သည္။
【လန္ဂ်င္းဇီ ကတိတ္တိတ္ေလး ငိုေနမွာ မဟုတ္ဘူး။ သူက ဝမ္ေယာင္ခ်န္း နဲ႔ေတြ႕ဖို႔ တိုက္႐ိုက္ပဲ ေတာင္းဆိုလိမ့္မယ္】
“ဒါဆို သူ႕ေခါင္းျပဳတ္လိမ့္မလား?” တစ္စုံတစ္ေယာက္က ျပန္ေရးထားသည္။
သိသိသာသာကို တရားမဝင္တာ သူလုပ္လို႔မရဘူး။
ဒါေပမဲ့ နားေထာင္လို႔ေကာင္းပုံပဲ။
“ဟဟဟ”ေတြ ထပ္ေပၚလာခဲ့သည္။
လန္ဂ်င္းဇီ ကပိတ္လိုက္ၿပီး သူ႕အလုပ္တခ်ိဳ႕သာ လုပ္လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုစာပို႔လိုက္သည္။ သို႔ေသာ္ စတုတၳအပိုင္း ႐ိုက္ကူးၿပီးေနာက္ ႐ိုက္ကူးေရးမွ သတင္းတစ္ပုဒ္က မေတာ္တဆ ထြက္လာမယ္လို႔ ဘယ္သူကမွ ထင္မထားခဲ့ၾကေပ။
ဒီဇင္ဘာ ၂၃ ရက္။
ေဇာင္ယုဟြမ္ နဲ႔တျခားသူေတြက တူရကီ တြင္ျပသနာ ၾကဳံခဲ့ၾကသည္။ တခ်ိဳ႕ႏိုင္ငံျခား တိုင္းျပည္တြင္ ဆူပူအုံႂကြမႈေတြ ျဖစ္ခဲ့သည္။
ပတ္ဝန္းက်င္ ေအးခ်မ္းမႈနဲ႔ ပတ္သက္ေနတာေၾကာင့္ ဒီပုံစံ အေျခအေနက ဘဝတစ္သက္စာ တိုက္ပြဲလို ျဖစ္ေနသည္။ ဝန္းထမ္းေတြနဲ႔ ႐ိႈးပြဲမွ ဧည့္သည္ေတြပါ ထိတ္လန္႔သြားၾကသည္။
“ကြၽန္ေတာ္တို႔ သံ႐ုံးနဲ႔ ဆက္သြယ္ထားၿပီးၿပီ…” လက္ေထာက္က ျဖဴေဖြးသည့္ မ်က္ႏွာျဖင့္ ေျပာလိုက္သည္။
ထိုအခ်ိန္တြင္ ဒါ႐ိုက္တာကလည္း ဖုန္းေခၚေနခဲ့သည္။ ဒါက သိပ္မေကာင္းေပ။ တစ္ခုခုက တကယ္ပဲ ျဖစ္ခဲ့တာဆိုရင္ ႐ွင္သန္ဖို႔အတြက္ ေငြေပးရင္ေတာင္ မရႏိုင္ေပ။
ေကာမိုင္၊ ယင္ခ်ီခ်ီ နဲ႔တျခားသူေတြ ရဲ႕အမူအရာေတြက ေျပာင္းလဲသြားခဲ့ၾကသည္။ လင္းလန္ ကနည္းနည္း ပိုေကာင္းသည္။ စာအုပ္ထဲမွာ တစ္ႀကိမ္ ႐ွင္သန္ဖူးၿပီး ဇာတ္လိုက္မ အ႐ွိန္အဝါေတြေၾကာင့္ သူမက လက္႐ွိအေျခအေနကို မေၾကာက္လန္႔တာ ျဖစ္ႏိုင္သည္။
ေဇာင္ယုဟြမ္ ကသူမကိုယ္တြင္ ကုတ္အက်ႌကို ပုခုံးအထိ တင္လိုက္ကာ သူမ မ်က္လုံးေတြကို က်ဥ္းေျမာင္းလိုက္သည္။
သူတို႔က ဒီဘုရားေက်ာင္းမွာပဲ ျမဳပ္ေနေတာ့မွာပဲ….
အခ်ိန္တိုင္း အျပင္ဘက္တြင္ ေအာ္သံေတြနဲ႔ ေျခသံေတြကို ၾကားေနရသည္။ ေနာက္ထပ္ က်ိဳးပဲ့ျခင္းျဖင့္ မွန္ေတြကြဲသည့္ အသံက လူတိုင္းအား အာ႐ုံစိုက္သြားေစသည္။
ယင္ခ်ီခ်ီ ကေအာ္လိုက္ၿပီး လွည့္လိုက္ကာ ဟုန္ခ်န္းမင္း ဆီေျပးသြားလိုက္သည္။ ဒါက မေတာ္တဆ လုပ္မိတာျဖစ္ေပမဲ့ ယင္ခ်ီခ်ီ ရဲ႕စိတ္ထဲတြင္ ဒီအေၾကာင္းကို ႐ွင္း႐ွင္းလင္းလင္း ေတြးမိသည္။
ဝမ္ေယာင္ခ်န္း က ေဇာင္ယုဟြမ္ ကိုလိုခ်င္ေနတာ ႐ွင္းေနၿပီး သူမက ေဇာင္ယုဟြမ္ ကိုမေႏွာင့္ယွက္ခ်င္ေပ။ ဂူယူလင္း က လီဂ်င္းယြမ္ နဲ႔အတြဲျဖစ္ခ်င္ေနသည္။ ထို႔ေၾကာင့္ ဟုန္ခ်န္းမင္း ကသာ အေကာင္းဆုံး ေ႐ြးခ်ယ္မႈပဲ မဟုတ္ဘူးလား?
သူမလႈပ္႐ွားမႈက ျမန္သည္။ သို႔ေသာ္ ဟုန္ခ်န္းမင္း ကပိုေတာင္ျမန္သည္။ ဟုန္ခ်န္းမင္း ရဲ႕ေျခတံ႐ွည္ တစ္ခ်က္လႈပ္႐ွားမႈႏွင့္ သူက ေဇာင္ယုဟြမ္ ေဘးကိုေရာက္သြားသည္။
ယင္ခ်ီခ်ီ ကေလကိုသာ ဖမ္းလိုက္မိေပမဲ့ လင္းလန္ ကေဘးဘက္မွ သူမကို ကိုင္ထားေပးတာေၾကာင့္ ၾကမ္းျပင္ႏွင့္ မ်က္ႏွာမထိလိုက္ေပ။ ယင္ခ်ီခ်ီ ကကို႔ယို႔ကားယားျဖင့္ လင္းလန္ ကိုျပဳံးျပလိုက္ေပမဲ့ လင္းလန္ ကသူမကို ၾကည့္မေနေပ။
လင္းလန္ က ေဇာင္ယုဟြမ္ ဘက္ကို ၾကည့္ေနခဲ့သည္။ ယင္ခ်ီခ်ီ ကမထိန္းခ်ဳပ္ႏိုင္ပဲ သူမ အၾကည့္ေနာက္လိုက္ကာ ၾကည့္လိုက္ၿပီး ျမင္လိုက္ရသည္။ ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ကိုဖက္ထားခဲ့သည္။
ဒါက ေမာင္ႏွမေတြ ပုံစံလား?
ယင္ခ်ီခ်ီ ကစိတ္ထဲတြင္ ခါးသီးစြာ ေတြးလိုက္သည္။ သို႔ေသာ္ အရင္အပိုင္းေတြမွ သူမ သိခဲ့ၿပီးသား ျဖစ္သည္။ သူတို႔က ရင္းႏွီးတဲ့ပုံပဲ။
“ဒါက အရမ္းထူးဆန္းတယ္လို႔ ေတြးေနတာမလား?” လင္းလန္ ကေျပာလိုက္သည္။
“ဘာ?” ယင္ခ်ီခ်ီ ကခ်က္ခ်င္း မတုန္႔ျပန္ႏိုင္ေပ။
သို႔ေသာ္ လင္းလန္ ကထပ္ေျပာဖို႔ စိတ္ကူးမ႐ွိပဲ သူမပါးစပ္ကို ပိတ္ထားခဲ့သည္။ လွည့္လိုက္ၿပီး ခ်က္ခ်င္းပင္ ေကာမိုင္ နဲ႔ ဂူယူလင္း တို႔ကို စကားေျပာလိုက္သည္။
ယင္ခ်ီခ်ီ ကအသိကို ျပန္ရလိုက္ၿပီး ႐ုတ္တရက္ အံ့ဩသြားသည္။ လက္႐ွိတြင္ ဘာစိတ္မွမ႐ွိသည့္ လင္းလန္ က႐ိႈးပြဲအစတည္းက တိုးတက္ဖို႔လုပ္ေနတာဆိုတာ သူမ နားလည္သြားခဲ့သည္။
အဆုံးတြင္ ေဇာင္ယုဟြမ္ ကနည္းနည္း ထိတ္လန္႔သြားသည္။ ဒီထိတ္လန္႔မႈက ေသနတ္သံထက္ေတာင္ ပိုေသးသည္။
ဟုန္ခ်န္းမင္း ကသူမ လန္႔သြားတာကို ဂ႐ုမစိုက္ေပ။ လက္တစ္ဖက္က သူမကို ဖက္ထားၿပီး က်န္တစ္ဖက္က သူမေခါင္းကို ဖက္ထားကာ သူမနားေတြကို တင္းတင္းပိတ္ထားခဲ့သည္။ ဒီအျပဳအမူက နည္းနည္း သိသာလြန္းသည္။
ဝမ္ေယာင္ခ်န္း ကမထိန္းခ်ဳပ္ႏိုင္ပဲ ျပန္ၾကည့္လိုက္ၿပီး ေနာင္တရသလို ခံစားေနရေပမဲ့ နည္းနည္းေလးသာ ျဖစ္သည္။ သူက ေဖ်ာ္ေျဖေရး ေလာကတြင္ အခ်ိန္အေတာ္ၾကာေနၿပီး ေဖ်ာ္ေျဖေရးမွ စည္းမ်ည္းေတြနဲ႔ တစ္သားတည္း ျဖစ္ေနခဲ့သည္။ သူနဲ႔ ေဇာင္ယုဟြမ္ ကဒြိဟျဖစ္ေစႏိုင္ၿပီး သူတို႔ရဲ႕႐ိႈးပြဲအတြင္း ဆက္ဆံေရးက ခ်ိဳၿမိန္ႏိုင္သည္။ သို႔ေသာ္ ခိုင္လုံတာ ဘာမွမ႐ွိပဲ အရာရာတိုင္းက အဆင္ေျပသည္။
ကင္မရာေအာက္တြင္ သူသာ ေဇာင္ယုဟြမ္ အနားကပ္ေနရင္ သူ႕ဖန္ေတြက သူ႕အား အသက္ရၿပီး ဒိတ္ႏိုင္တယ္လို႔ ေျပာၾကေပမဲ့ မေပ်ာ္မ႐ႊင္ ျဖစ္သြားႏိုင္သည္။ ဒါမွမဟုတ္ ေဇာင္ယုဟြမ္ ဆီသြားၿပီး ႏွစ္သိမ့္ေပးမွာ ျဖစ္သည္။
ေက်းဇူးတင္မိတာက၊ ဒါကသူမအစ္ကိုျဖစ္ေနသည္။
ဝမ္ေယာင္ခ်န္း ကေတြးလိုက္ၿပီး ဟုန္ခ်န္းမင္း ရဲ႕ေနာက္ေက်ာကို ၾကည့္လိုက္သည္။ သူက အစ္ကိုမဟုတ္ရင္ တကယ္ပဲ ျပႆနာ႐ွိႏိုင္သည္။ ထိုအေၾကာင္းကို စဥ္းစားလိုက္ၿပီး ဝမ္ေယာင္ခ်န္း ကမထိန္းခ်ဳပ္ႏိုင္ပဲ လီဂ်င္းယြမ္ ဘက္ကိုၾကည့္လိုက္သည္။
လီဂ်င္းယြမ္ ကအဖြဲ႕ဝင္ေတြနဲ႔ စကားေျပာေနခဲ့သည္။ သူတို႔က သံ႐ုံးနဲ႔ ဆက္သြယ္တာ က်႐ႈံးသြားခ်ိန္တြင္ လီဂ်င္းယြမ္ ကဖုန္းကို ထုတ္လိုက္ၿပီး ႏိုင္ငံျခားမွ သူငယ္ခ်င္းေတြကို ႐ွာေဖြခဲ့သည္။
ဝမ္ေယာင္ခ်န္း ကထပ္ၿပီး နည္းနည္း ေနာင္တရသလို ခံစားလိုက္ရသည္။ တ႐ုတ္ျပည္တြင္ သူ႕သ႐ုပ္ေဆာင္မႈနဲ႔ လူႀကိဳက္မ်ားမႈက အရမ္းေကာင္းသည္။ သို႔ေသာ္ ဒါကေတြက ဒီေနရာတြင္ အသုံးမဝင္ေပ။
သူ႕ဘာသာစကားက အေျခခံ စကားေျပာေလာက္သာ ရသည္။ ဒီအရာကိုသာ မွတ္တမ္းတင္မိၿပီး ႐ိႈးပြဲတြင္သာ ပါလာခဲ့ရင္ လီဂ်င္းယြမ္ ကဖန္အုပ္စုႀကီးကို ရသြားမွာ ေသခ်ာသည္။ ထိုအခ်ိန္တြင္ လီဂ်င္းယြမ္ ကဖုန္းထုတ္လိုက္ၿပီး ႐ုတ္တရက္ ေခါင္းေမာ့လာခဲ့သည္။
ဘယ္သူ႕ကို ၾကည့္ေနတာလဲ?
သူက ေဇာင္ယုဟြမ္ ကိုၾကည့္ေနခဲ့သည္။ ထူးဆန္းသည့္ ခံစားခ်က္က ဝမ္ေယာင္ခ်န္း ရဲ႕ႏွလုံးသားထဲ ေပၚလာခဲ့သည္။ လီဂ်င္းယြမ္ ကတစ္ခ်က္ၾကည့္ၿပီး ျပန္လွည့္သြားခဲ့သည္။
ငါ အရမ္းႀကီး ေတြးေနမိတာမလား?
ဒါက ဘာမွမထူးဆန္းပါဘူး။
ဝမ္ေယာင္ခ်န္း ေတြးလိုက္သည္။ မၾကာခင္တြင္ ေနာက္ထပ္ မွန္ကြဲသည့္အသံက ထြက္ေပၚလာၿပီး က်ည္ဆံက ဝင္လာခဲ့သည္။ ဘုရာေက်ာင္းတြင္ ထပ္ၿပီးစိုးထိတ္သည့္ ေလထုက ျဖစ္လာခဲ့သည္။ လူတိုင္းက ခ်က္ခ်င္းပင္ တုန္႔ျပန္သြားၾကသည္။
ဂူယူလင္း၊ ေကာမိုင္ နဲ႔ ယင္ခ်ီခ်ီ တို႔က ဘုရားေက်ာင္းရဲ႕ ခုံတန္း႐ွည္ဆီ အလ်င္အျမန္ ေျပးဝင္လိုက္ၿပီး ပ႐ိုဂရမ္ အဖြဲ႕သားေတြကလည္း ထိတ္လန္႔သြားၾကကာ ပုန္းကြယ္ႏိုင္မည့္ ေနရာကို အလ်င္အျမန္ ႐ွာေဖြလိုက္ၾကသည္။
ဝမ္ေယာင္ခ်န္း ကလည္း ခုံတန္း႐ွည္ေအာက္တြင္ ပုန္းခ်င္ေပမဲ့ ရပ္လိုက္ၿပီး ေဇာင္ယုဟြမ္ ေဘးဘက္ကိုသာ သြားလိုက္သည္။ ဟုန္ခ်န္းမင္း ကသူ႕ဂ်ာကင္ကို အလ်င္အျမန္ ခြၽတ္လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုကာေပးလိုက္တာကိုသာ ျမင္လိုက္ရသည္။
လီဂ်င္းယြမ္ ကဖုန္းကို ကိုင္ထားရင္း သူတို႔ဆီ ေလွ်ာက္လာခဲ့သည္။ ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ အားသူ႕လက္ေမာင္းထဲ ထည့္လိုက္ၿပီးေနာက္ လီဂ်င္းယြမ္ ရဲ႕ဖုန္းကို ယူလိုက္ၿပီး ေျပာလိုက္သည္။
“ငါေခၚလိုက္မယ္” ေဇာင္ယုဟြမ္ ကသူမဘဝ ႏွစ္ခုလုံးတြင္ ဒီလိုအေျခအေနမ်ိဳးကို တစ္ခါမွ မၾကဳံဖူးေပ။
အရင္တုန္းက သူမ တည္ၿငိမ္ေနေပမဲ့ ဟုန္ခ်န္းမင္း ရဲ႕ဂ်ာကင္က သူမအေပၚအုပ္သြားၿပီး ေမွာင္သြားခ်ိန္တြင္ ေဇာင္ယုဟြမ္ ရဲ႕ႏွလုံးသားက တင္းၾကပ္သြားသည္။ သူမစိတ္ထဲ နည္းနည္း ထိတ္လန္႔ေနၿပီး မထိန္းခ်ဳပ္ႏိုင္ပဲ ေအာ္လိုက္သည္။
“ဟုန္ခ်န္းမင္း…” လီဂ်င္းယြမ္ ကသူ႕အၾကည့္ကို အနည္းငယ္ ငုံ႔လိုက္ၿပီး သူမမ်က္လုံးမွ ထူးဆန္းသည့္ အၾကည့္ကို ျမင္လိုက္ရသည္။ ေဇာင္ယုဟြမ္ ရဲ႕လက္ကို ကိုင္ထားရင္း တီးတိုးေျပာလိုက္သည္။
“မေၾကာက္နဲ႔၊ ဟြမ္ဟြမ္” လီဂ်င္းယြမ္ ကလွည့္လိုက္ၿပီး ကင္မရာသမားကလည္း တုန္ေနတာကို ျမင္လိုက္ၿပီး သူက သူတို႔ဘက္ကို ႐ိုက္ေနတာကိုလည္း ျမင္လိုက္ရသည္။
လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ အျပင္တျခားသူေတြပါ ၾကားရေအာင္ အက်ယ္တဝံ့ ႐ွင္းျပဖို႔သာ ဆုံးျဖတ္လိုက္သည္။
“ဒီလူေတြက ႏိုင္ငံေရး လြတ္လပ္မႈကိုသာ လိုခ်င္ၾကတာ။ ဘာသာေရးဘက္ကို ေႏွာင့္ယွက္မွာ မဟုတ္ဘူး။ အခု က်ည္ဆံ ဝင္လာတာကလည္း မေတာ္တဆျဖစ္တာ။ အခုေတာ့ ဘုရားေက်ာင္းထဲမွာ ႐ွိေနတာက ေဘးကင္းတယ္”
ေဇာင္ယုဟြမ္ ကေျဖးညႇင္းစြာ မ်က္ေတာင္ခတ္လိုက္သည္။ သူမလက္ကို ကိုင္ထားတာက ဘယ္သူဆိုတာ သူမ မသိေပမဲ့ လီဂ်င္းယြမ္ ရဲ႕အသံက အသုံးဝင္ဝင္ၿပီး သူမစိတ္အား ပုံမွန္ကို နည္းနည္း ျပန္ေရာက္သြားေစသည္။
သို႔ေသာ္ တျခားသူေတြကေတာ့ မတူေပ။ သူတို႔က လီဂ်င္းယြမ္ ဖုန္းေခၚတာကို ျမင္ၿပီးေနာက္ ဟုန္ခ်န္းမင္း ကထပ္ေခၚေနတာကို ျမင္လိုက္ေပမဲ့ အရာအားလုံးက အသုံးမဝင္ဘူးလို႔ ထင္ေနၾကသည္။
လီဂ်င္းယြမ္ ကအခုလို ႏွစ္သိမ့္စကား ေျပာလိုက္တာေတာင္ သူတို႔ဆီမွ ေၾကာက္လန္႔ေနတာက ထြက္မသြားေပ။
ဝမ္ေယာင္ခ်န္း ရဲ႕ခံစားခ်က္ကသာ နည္းနည္း ကြာျခားသည္။
ဒီျမင္ကြင္းကို ၾကည့္ေနရင္း သူ႕ႏွလုံးသားထဲတြင္ ထူးဆန္းသည့္ ခံစားခ်က္ေတြက ပိုျပင္းထန္လာခဲ့သည္။
30.5.2021 (Sun)
………………………..
[text_hash] => 0e8a8569
)