Array
(
[text] =>
Unicode
ဇောင်ယုဟွမ် ကအရှေ့က လျှောက်သွားပြီး လန်ဂျင်းဇီ ကသူမ နောက်ကျောကို ကြည့်လိုက်သည်။
မင်းသမီးလေးလားလို့ သူတွေးလိုက်သည်။
ဒါက သိပ်မလုံလောက်သေးဘူး။
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင် တို့က ရွဲ့လန်ဗီလာ ကိုရောက်နေကြတာ အချိန်ကြာပြီ။ ဒီနှစ်တွေမှာ ဒင်မိသားစု ရဲ့အိမ်ဖော်တွေက သူတို့နဲ့ ရင်းနှီးနေကြသည်။ သူတို့က အဖိုးဒင် နဲ့သိပ်မရင်းနှီးပေမဲ့ အတော်လေး သိကျွမ်းတာကြောင့် ဇောင်ယုဟွမ် မပါပဲ အဖိုးဒင် ဆီအလည်သွားနိုင်ကြသည်။
နှစ်ယောက်က အဖိုးဒင် နဲ့ရှန်းချီ ကိုကစားနေကြပြီးနောက် ဇောင်ယုဟွမ် နဲ့ လန်ဂျင်းဇီ တို့ရောက်လာကြသည်။ အဖိုးဒင် ရဲ့စိတ်တိုင်းကျ မနက်စာက ပေါ့ပေါ့ပါးပါး ဖြစ်ကာ မခမ်းနားပေမဲ့ ဟင်းပွဲတွေက အမည်စုံသည်။
လူတိုင်းက အဖိုးဒင် နဲ့စကားပြောရင်း မနက်စာကို စားနေကြပြီး သတိမထားမိပဲ အချိန်နှစ်နာရီက ကုန်သွားခဲ့သည်။ မနက်စာ စားပြီးနောက် လူတိုင်းက ဆိုဖာတွင် ထိုင်လိုက်ကြသည်။
သူတို့က အလျင်မလိုတာကြောင့် ခဏလောက်နေကာ စကားပြောနေကြသည်။ အဖိုးဒင် ကပြုံးကာ ပြောလိုက်သည်။
“ဟွမ်ဟွမ် ရဲ့ရှိုးပွဲကို အဖိုးကြည့်ခဲ့တယ်။ နောက်ပြီး ဘာ.. အဲ့ဒါက.. အဲ့ Webio သုံးနည်းကို မင်းအစ်ကိုက အဖိုးကို သင်ပေးခဲ့တယ်။ ဟွမ်ဟွမ် အကောင့်ကို သီးသန့် follow လုပ်ထားတယ်”
ဇောင်ယုဟွမ် ကအဖိုးအား ထိုင်နိုင်ဖို့ လက်မောင်းအား ကိုင်ထားရင်း ကူညီပေးလိုက်သည်။
“အဖိုးက အရမ်းကောင်းတာပဲ!” အဖိုးဒင် ရဲ့အသွင်အပြင်က ငယ်ရွယ်မှုတွ ပျောက်ဆုံးသွားပြီး အခုတော့ အလွန်ကြင်နာတတ်သည့် ပုံပေါ်နေသည်။
“ဟွမ်ဟွမ့် ရဲ့သတင်းတွေကိုလည်း အဖိုးကြည့်ခဲ့တယ်။ အဲ့မှာရေးထားတာ ဟွမ်ဟွမ် နဲ့ကောင်လေး တစ်ယောက် တွဲနေကြတယ်ဆို။ သူ့နာမည်က ဝမ်… တစ်ခုခုပဲ။ ဘာပါလိမ့်?”
အဖိုးဒင် ကစကားပြောနေရင်း လန်ဂျင်းဇီ ကိုကြည့်လိုက်သည်။
လန်ဂျင်းဇီ ကထပ်ပေါင်း ပြောလိုက်သည်။ “သူ့နာမည်က ဝမ်ယောင်ချန်း”
“ဟုတ်တယ်၊ ဝမ်ယောင်ချန်း။ သူက ဟွမ်ဟွမ် ရဲ့ကောင်လေးလား? ဟုတ်တယ်ဆိုရင် အဖိုးကြည့်ဖို့ ခေါ်လာသင့်တယ်”
အဖိုးဒင် စကားသံဆုံးသည်နှင့် ‘pa’ဆိုသည့် အသံက ထွက်လာခဲ့သည်။
ဟုန်ချန်မင်း ကအမူအရာမဲ့စွာဖြင့် ခေါင်းငုံ့ထားခဲ့သည်။
“လက်ဖက်ရည်ခွက် ကွဲသွားပြီ”
“ရတယ်၊ အကွဲတွေကို ထားလိုက်” အဖိုးဒင် ကခံစားချက်ကောင်းစွာဖြင့် ပြောလိုက်သည်။
အရင်နှစ်တွေတုန်းက သူက မကြာခဏ စိတ်တိုတက်ပြီး လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့ အသက်မွေးဝမ်းကြောင်းက အရမ်းကောင်းတာကို သူသိခဲ့သည်။
နောက်ပြီး သူတို့က ဟွမ်ဟွမ့် အပေါ် ကောင်းကြပြီး သူမကိုလည်း ကြင်နာစွာ ဆက်ဆံပေးတာကို မှတ်မိသည်။ ထို့ကြောင့် အဖိုးဒင် ကသူတို့ကို ပြန်ပြီး ကြင်နာပေးတာ ဖြစ်သည်။
“ဂျွမ်လေး၊ လက်ဖက်ရည်ခွက် အသစ်ယူလာပေးလိုက်” အဖိုးဒင် ကအိမ်ဖော်ကို အမိန်းကပေးလိုက်သည်။
အိမ်ဖော်က နာခံလိုက်သည်။
အဖိုးဒင် ကပြန်လှည့်လာပြီး ဇောင်ယုဟွမ် ကိုဆက်ပြောလိုက်သည်။
“ခုနက စကားစပြတ်သွားလို့ ဆက်ပြောရအောင်” ဇောင်ယုဟွမ် ကအကူအညီမဲ့စွာဖြင့် ပြုံးလိုက်သည်။
“သူက ဟွမ်ဟွမ့် ကောင်လေး မဟုတ်သေးပါဘူး။ အဲ့ဒါက နေ့လည်စာ စားရုံပါပဲ။ သတင်းထဲမှာ ပြောထားတာက အဲ့လိုဖြစ်နေတာ” ထိုအချက်တွင် သူမက ရပ်လိုက်သည်။
“ဘယ်သူမှ အနာဂတ်ကို သေချာမသိနိုင်ဘူးလေ။ သူက ဟွမ်ဟွမ့် အပေါ် ခံစားချက်တွေကို ဟွမ်ဟွမ် မြင်နိုင်တယ်။ ဟန်မဆောင်တော့ပါဘူး။ သူနဲ့ ဆက်ဆံရတာ မဆိုးဘူးဆိုရင် ဟွမ်ဟွမ် ကြိုးစားကြည့်ချင်တယ်”
“ကောင်းတယ်၊ ကောင်းတယ်၊ ဟွမ်ဟွမ် လည်းဒိတ်သင့်နေပြီ။ နှစ်နည်းနည်းလောက် ဒိတ်ပြီးတော့ လက်ထပ်။ အဲ့ဒါက ကောင်းတယ်” အဖိုးဒင် ကပြုံးကာ ပြောလိုက်သည်။
“အဖိုးလည်း ဟွမ်ဟွမ့် ရဲ့ကလေးတွေကို မြင်သွားဖို့က မသေချာဘူး…”
ဒီစကားတွေက အဖိုးဒင် ရဲ့ဆန္ဒတွေဖြစ်ပေမဲ့ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့နားထဲတွင်တော့ မကြားနိုင်ပေ။
ထို့နောက် နောက်ထပ် ‘pa’ဆိုသည့် အသံက ထွက်လာခဲ့သည်။
“ထပ်ကွဲသွားတာလား?”
အဖိုးဒင် ကရယ်လိုက်ရင်း သူ့ကိုကြည့်ကာ ပြောလိုက်သည်။
လီဂျင်းယွမ် : “အင်း၊ တောင်းပန်ပါတယ်၊ အဖိုး”
အဖိုးဒင် ကလက်ဝှေ့ယမ်းပြလိုက်ပြီး “ရတယ်။ နောက်တစ်ခါကျရင် လက်ဖက်ရည်ခွက် အသစ်နှစ်လုံးသာ ငါ့ဆီယူလာပေး”
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က အလျင်အမြန်ပင် ခေါင်းညိတ်လိုက်ကြသည်။ လန်ဂျင်းဇီ ကပြောလိုက်သည်။
“အဖိုး ဘာတွေပြောနေတာလဲ? ဒါက စောသေးတယ်”
ဇောင်ယုဟွမ် ကဒိတ်နိုင်တာကို သူသိပေမဲ့ ဇောင်ယုဟွမ် လက်ထပ်ပြီး ကလေးလေးတွေ ရှိလာမှာကိုတော့ သူစိတ်မကူးနိုင်ပေ။
သူ့မျက်လုံးထဲတွင် ဒီညီမငယ်လေးက ငယ်သေးပြီး မိန်းမငယ်လေးပဲ ရှိသေးသည်။
လူတိုင်းက တခြားအကြောင်းကို ပြောလိုက်ကြသည်။ နောက်ဆုံးတော့ လန်ဂျင်းဇီ ကသတိပေးလိုက်သည်။
“မစောတော့ဘူးပဲ။ ဟွမ်ဟွမ် ကိုလေဆိပ် လိုက်ပို့ပေးရမယ်” အဖိုးဒင် ကခေါင်းညိတ်လိုက်သည်။
ဇောင်ယုဟွမ် ကမတ်တပ်ရပ်လိုက်ပြီး “ခဏလေးစောင့်။ သန့်စင်ခန်း ခဏဝင်လိုက်ဦးမယ်” ပြောပြီးနောက် သူမ ထွက်သွားသည်။
သန့်စင်ခန်းကနေ ထွက်လာချိန်တွင် ဟုန်ချန်းမင်း ကအပြင်တွင် ရပ်နေတာကို မြင်လိုက်ရပြီး သူ့ခေါင်းကို အနည်းငယ် ငုံ့ထားခဲ့သည်။ တချို့အကြောင်းကြောင့် သူ့နောက်ကျောက အေးစက်သည့် ခံစားချက်တွေကို ပေးနေသည်။
“ဟုန်ချန်းမင်း?” ဇောင်ယုဟွမ် ကလျှောက်သွားပြီးနောက် နူးညံ့စွာ ခေါ်လိုက်သည်။
“အစ်ကိုချန်းမင်း?” သူမ ပြုံးလိုက်ပြီး “သန့်စင်ခန်း ခရီးကနေ ဟွမ်ဟွမ့် ကိုလာကြိုတာလား?”
ဟုန်ချန်းမင်း ကခေါင်းမော့လိုက်ပြီး သူမကို ကြည့်လိုက်သည်။ သူ့မျက်နှာက အရမ်းကို အေးဆေးနေပြီး မျက်နှာအသွင်အပြင်က တင်းမာနေသည်။ သူ့အကြည့်တွေက နက်ရှိုင်းနေပြီး ထက်ရှသည့် ခံစားချက်တွေကို ပေးနေသည်။
ဇောင်ယုဟွမ် ရဲ့စိတ်ထဲတွင် နားလည်မှုလွဲတာ မဟုတ်နိုင်ဘူးလို့ တွေးလိုက်မိသည်။
သူက သိသိသာသာကို ခံစားချက်ကောင်းမနေတာ၊ မဟုတ်ဘူး၊ အရမ်းကို ခံစားချက် မကောင်းတာပဲ။
ဇောင်ယုဟွမ် ကရုတ်တရက် တုန့်ပြန်လိုက်သည်။
“အစ်ကိုချန်းမင်း၊ ဟွမ်ဟွမ့် ကိုပြောစရာရှိလို့လား?”
ဟုန်ချန်းမင်း : “အင်း”
“ဘာဖြစ်လို့လဲ? ဘာပြဿနာရှိလို့လဲ?”
“မင်းနဲ့ ဝမ်ယောင်ချန်း”
ဇောင်ယုဟွမ် ကနည်းနည်း စိတ်ရှုပ်ထွေးသွားသည်။
“ဟမ်? ဒီအကြောင်းကို အဖိုးကိုလည်း ပြောပြပြီးသွားပြီလေ။ အစ်ကိုချန်းမင်း မကြားလိုက်ဘူးလား?”
“သူနဲ့ ဒိတ်ဖို့ ပြင်ဆင်နေတာလား?”
ဇောင်ယုဟွမ် ကဘာပြောရမှန်း မသိတော့ပေ။
“အစ်ကိုချန်းမင်း ဘာတွေပြောနေတာလဲ? ဟွမ်ဟွမ် ရှင်းရှင်းလင်းလင်း ပြောပြီးပြီမလား? သူနဲ့ဆက်ဆံရတာ မဆိုးဘူးဆိုရင် စဉ်းစားမယ်လို့”
“သူ့ကို မင်းသဘောကျလား?” ဟုန်ချန်းမင်း ရဲ့မျက်လုံးတွေက အနည်းငယ် ပြောင်းလဲသွားသည်။
ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ရဲ့တစ်ကိုယ်လုံး တင်းမာနေတာကို သတိပြုမိသွားသည်။
ဒါက… ဒါက သားကောင်ကို ခဏအကြာတွင် ခုန်ဖမ်းတော့မဲ့ ဝပ်နေသည့် ခြင်္သေ့နဲ့ တူနေတယ်။
“… သဘောမကျပါဘူး” ဇောင်ယုဟွမ် ကပြောလိုက်သည်။
ဟုန်ချန်းမင်း ကနည်းနည်း စိတ်သက်သာရာ ရသွားပေမဲ့ သူ့အမူအရာကတော့ အများကြီး မပြောင်းလဲသွားပေ။
“သူ့ကို မင်းသဘောမကျရင် ဘာလို့ စဉ်းစားကြည့်မှာလဲ?”
“ဒါက သဘောကျတာပေါ် မူတည်နေတာပဲလေ။ ‘သဘောကျတာ’က ချစ်တာအပေါ် မူတည်နေတာဆိုရင် သဘောမကျဘူးဆိုရင် မချစ်ဘူးလို့ ပြောတာပဲ။ ဒါပေမဲ့ ကောင်းတဲ့ခံစားချက် ရှိနေတာဆိုရင် နည်းနည်းတော့ ခြားနားတယ်။ ဒါက ခရမ်းချည်သီး၊ ပုံဆွဲတာ၊ သီချင်းတွေ နားထောင်တာတွေကို ဟွမ်ဟွမ် ကြိုက်တာနဲ့ တူတယ်။ ဒါတွေက အမှန်တွေပဲ။ နောက်ပြီး ဒီမြင်ကွင်းကနေ ကြည့်ရင် သူ့ကိုမရွေးဖို့ ချို့ယွင်းချက်လည်း မရှိဘူး”
ဟုန်ချန်းမင်း ကရုတ်တရက် သူမကို အော်လိုက်သည်။
“အသက်အရွယ်ရှိသေးတယ်”
“အို၊ ဟုတ်တယ်၊ အသက်အရွယ် ရှိသေးတယ်။ ဒါပေမဲ့ အသက်က ပြဿနာမဟုတ်ပါဘူး။ သူက အရမ်းကြီး အသက်ကြီးနေသေးတာလဲ မဟုတ်ပါဘူး။ နောက်ပြီး သူက ချောမောနေတုန်းပဲ။ သူ့ကိုယ်ပိုင် ခန့်ညားမှုမှာ ရင့်ကျက်မှုလည်း ရှိသေးတယ်”
သူ့ကိုယ်ပိုင် ခန့်ညားမှုမှာ ရင့်ကျက်မှုလည်း ရှိသေးတယ်။
ဟုန်ချန်းမင်း ရဲ့စိတ်တွေက ရှုပ်ထွေးသွားပြီး သူ့ဘာသာ တွေးတောနေမိသည်။
သူ့အသက်ငယ်ငယ်မှာ… သူ့မှာ ရင့်ကျက်တဲ့ ခန့်ညားမှုတွေ မရှိတာ ဖြစ်နိုင်တယ်…
မဟုတ်ဘူး၊ သူဘာတွေ တွေးနေတာလဲ?
အခုမေးခွန်းက ဇောင်ယုဟွမ် နဲ့ ဝမ်ယောင်ချန်း….
ဝမ်ယောင်ချန်း ကပါတနာဖြစ်ဖို့ မသင့်တော်ဘူး။
ရွေးချယ်လိုက်တာက ဟုန်ချန်းမင်း ကိုဆိုရင် အမှားတွေ အများကြီးကို ထုတ်နိုင်တယ်။
သူက ဟွမ်ဟွမ် နဲ့လိုက်ဖက် မညီဘူး။
သူ့လိုလူမျိုးက ရတနာလေးအတွက် ကောင်းမွန်အောင် မထိန်းသိမ်းနိုင်ဘူး။
ဟုန်ချန်းမင်း ရဲ့စိတ်ထဲတွင် အတွေးပေါင်းများစွာက ထွက်လာခဲ့သည်။ သူ့နှုတ်ခမ်းကို သပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“အသက်အရွယ်တင်မကပဲ သူ့မှာ အရင်တုန်းက ကောင်မလေးတွေလည်း ရှိတယ်။ သူ့ပထမဆုံး အချစ်က မင်းမဟုတ်ဘူး။ ဒါ့ကြောင့် သူက မင်းအတွက် မထိုက်တန်ဘူး။ သူ့ကောင်မလေးဖြစ်ဖို့ မင်းအတွက် မထိုက်တန်ဘူး” ဇောင်ယုဟွမ် ကခဏလောက် ရပ်သွားသည်။
“အင်း… တကယ်တော့ ဟွမ်ဟွမ် ကသန့်စင်တဲ့ ခံစားချက်တွေအကြောင်း ဂရုစိုက်တဲ့ လူမျိုးတော့ မဟုတ်ဘူး” ဇောင်ယုဟွမ် ကပြောလိုက်သည်။
ဝမ်ယောင်ချန်း ကိုသူမ သဘောမကျတာ ဖြစ်နိုင်တယ်။ ဒါ့ကြောင့် သူ့အရင် ကောင်မလေးတွေ အကြောင်းကို သူမ တွေးလိုက်မိတော့ စိတ်မသက်မသာဖြစ်သလို မခံစားရဘူး။
ဟုန်ချန်းမင်း ရဲ့စိတ်က ပြောင်းသွားသည်။ ခြောက်သွေ့နေသည့် သူ့နှုတ်ခမ်းကို သပ်လိုက်ရင်း ပြောလိုက်သည်။
“သူက ငါ့လောက်လည်း အရပ်မရှည်ဘူး။ ငါ့လောက်လည်း မချမ်းသာဘူး။ အနာဂတ်မှာ သူ့ထက်ပိုပြီး ငါက ငွေတွေ ရနိုင်တယ်… သူက စတူဒီယိုရှိပြီး မရေတွက်နိုင်တဲ့ အလှလေးတွေလည်း ဝိုင်းနေတယ်။ သူ့ကို သဘောကျတဲ့ မိန်းကလေးတွေလည်း အများကြီးရှိတယ်။ သူက လက်မခံရင်တောင် သူက ရိုက်ကူးချိန်မှာ ကြည့်ပြီး တွဲနေနိုင်တယ်။ သူက အကောင်းဆုံး ရွေးချယ်မှု မဟုတ်ဘူး…”
ဟုန်ချန်းမင်း ရဲ့စကားတွေက အတော်လေး မြန်နေပြီး သူ့စကားလုံးတွေက နည်းနည်း ရှုပ်ထွေးနေသည်။ သူက ပြောလိုက်သည်။
“သူ့ကြွက်သားတွေတောင် ဂျင်မှာ လေ့ကျင့်လို့ရထားတာ အသေအချာပဲ။ ဒါကြောင့် အသုံးမဝင်ဘူး”
ဇောင်ယုဟွမ် ကရယ်နေရင်း မျက်ရည်ကျလာတာကို မရပ်နိုင်ပေ။
ဒီဆက်ဆံရေးက ဘယ်နေရာက ကြွက်သားတွေနဲ့ ဆိုင်သွားရတာလဲ?
“သူက ငါ့ကို မရိုက်နိုင်ဘူး” ဟုန်ချန်းမင်း ကပြောလိုက်သည်။
“နောက်ပြီး သူက ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ မသိဘူး။ မင်း ဗိုက်ဆာရင် မင်းအတွက် သူက ချက်ပြုတ်ပေးနိုင်မှာ မဟုတ်ဘူး…”
“စားဖိုမှူးကို ငှားထားလို့ရတယ်” ဇောင်ယုဟွမ် ကပြောလိုက်သည်။
မဟုတ်ဘူး!
အဲ့လောက် မရိုးရှင်းဘူး!
ဟုန်ချန်းမင်း ကစိတ်ထဲတွင် အော်လိုက်သည်။
“သူက ဘယ်အရာပဲဖြစ်ဖြစ် ငါ့လောက် မကောင်းဘူး။ ဒါ့ကြောင့် မင်းကောင်လေး ဘယ်လိုဖြစ်နိုင်မှာလဲ? သူ့လူမှုဆက်ဆံရေးက ကောင်းတော့ကော ဘာဖြစ်မှာလဲ? စိတ်သဘောကောင်းတဲ့ လူတွေ အများကြီးရှိတာပဲ” ဟုန်ချန်းမင်း ကအေးစက်စွာနဲ့ ပြောလိုက်သည်။
ဇောင်ယုဟွမ် ကပါးစပ်ပိတ်လိုက်သည်။
မင်း မယှဉ်နိုင်ဘူး။
စာအုပ်ထဲမှာ အထင်ကြီးဖို့ကောင်းတဲ့ ဗီလိန်ကြီးနဲ့ ဇာတ်လိုက်ရှိတယ်။
သူတို့ဝန်းကျင်မှာ ကောင်းမွန်တဲ့ အထောက်အပံ့တွေ ရှိတယ်။
ဝမ်ယောင်ချန်း ကသာမန် ဖြစ်သည်။ သူက ထောင်ပေါင်းများစွာ ဖန်တွေနဲ့ နာမည်ကြီးတဲ့ ကြယ်တစ်ပွင့် ဖြစ်နေရင်တောင် သူက ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ကို မယှဉ်နိုင်ဘူး။
ဒါပေမဲ့ သူမက ဒီလိုအရမ်းကောင်းတဲ့ ပါတနာကို မလိုချင်ဘူး။
ရိုးရိုးသားသား ပြောရရင် သူမက အကောင်းဆုံး ဖြစ်နေရင်ကို လုံလောက်နေပြီ။
သူတို့က ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့လောက် တော်မနေရင်တောင် သူမကို အသိအမှတ်ပြုဖို့ ခက်ခဲလိမ့်မယ်။ ဒီတခြားအရာတွေက သူမအတွက် မလိုအပ်ဘူး။
ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ကိုကြည့်လိုက်ပြီး မေးခွန်းတစ်ခုနဲ့အတူ ဖြေလိုက်သည်။
“ဒါဆို အစ်ကိုချန်းမင်း က ဟွမ်ဟွမ် နဲ့ထိုက်တန်တယ်လို့ တွေးတာလား?” ဇောင်ယုဟွမ် ကမထိန်းချုပ်နိုင်ပဲ ပြုံးလိုက်သည်။
“အစ်ကိုချန်းမင်း နဲ့ လီဂျင်းယွမ် တို့လို ကောင်းတဲ့ သူငယ်ချင်းတော့ ဟွမ်ဟွမ် ရှာမတွေ့ဘူး!”
ဟုန်ချန်းမင်း ကသူမမျက်နှာကို စိုက်ကြည့်လိုက်သည်။ ဆံပင်တချို့က သူမမျက်နှာပေါ် ကျနေသည်။ ဒါက နည်းနည်းတော့ ယားနိုင်သည်။
ဇောင်ယုဟွမ် ကသူမလက်ကို မြှောက်လိုက်ကာ ကုတ်လိုက်ပြီး ချက်ချင်းပဲ အနီကွက်လေးက ပေါ်လာသည်။
ဟုန်ချန်းမင်း ကသူ့နှလုံးသားကို တစ်ခုခု ရိုက်ခတ်လာသလို ခံစားလိုက်ရသည်။ နောက်ဆုံးတော့ သူ့ပိုင်ဆိုင်လိုစိတ်က မချုပ်ထိန်းနိုင်ပေ။ သူက အရမ်းကို စက်ဆုပ်ဖို့ကာင်းတဲ့လူလို့ ခံစားလိုက်ရသည်။
ဘာကြောင့် သူမဖြစ်နိုင်ရမှာလဲလို့ တွေးလိုက်မိသည်။
ဘာကြောင့် ငါ့လိုလူမျိုးကို မရှာနိုင်ရတာလဲ?
“လီဂျင်းယွမ် နဲ့ငါက မကောင်းလို့လား?” ဟုန်ချန်းမင်း ကမေးလိုက်သည်။
ဇောင်ယုဟွမ် : ?
“အာ၊ အမ်း…. ကောင်းတယ်။ အရမ်းကောင်းတယ်။ အရမ်းကိုကောင်းတယ်!”
ဇောင်ယုဟွမ် ကထိုအကြောင်းကို စဉ်းစားလိုက်ပြီး အရမ်းကောင်းတယ်လို့ ပြောရမယ်လို့ ခံစားလိုက်ရသည်။
မဟုတ်ရင် ဗီလိန် ကမှတ်ထားလိမ့်မယ်။
ဒီကိစ္စလေးကို နှစ်ရှစ်ရာလောက် ချုပ်ကိုင်ထားလိမ့်မယ်။
“ဒါဆို ဘာကြောင့် မဖြစ်နိုင်တာလဲ?” ဟုန်ချန်းမင်း ကမေးလိုက်သည်။
သူ့အသံက အတော်လေး တိုးနေပြီး အသက်ရှူသံက မတည်ငြိမ်ပေ။ သူ့ပါးစပ်က စကားလုံးတွေ ထွက်သွားချိန်တွင် ဟုန်ချန်းမင်း ကသူ့နှလုံးက အပြင်ကို ထွက်သွားသလို ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးက ပူလောင်နေပြီး ဖိအားများနေသည်။
အနက်ရှိုင်းဆုံးတွင် ထုတ်မပြောနိုင်သည့် မျှော်လင့်ချက်တွေကို ဆုပ်ကိုင်ထားပေမဲ့ ထိုအထဲတွင် စိုးရိမ်မှုနဲ့ စိတ်လှုပ်ရှားမှုတွေက ရောနှောနေသည်။
“ဘာလဲ?” ဇောင်ယုဟွမ် ကရှင်းရှင်းလင်းလင်း မကြားလိုက်ပေ။ သူ့အသံက အတော်လေးကို တိုးနေသည်။
“ငါပြောတာ၊ ဘာကြောင့် မဖြစ်နိုင်ရတာလဲလို့?” ဟုန်ချန်းမင်း ကထပ်ပြောလိုက်သည်။
သူ့ရင်ဘတ်က မီးတောက်တွေ လောင်ကျွမ်းနေသလို ခံစားလိုက်ရသည်။ ဇောင်ယုဟွမ် ကနည်းနည်း အံ့ဩသွားသည်။
ဘာကြောင့် မဖြစ်နိုင်ရတာလဲ?
သူတို့လို ကောင်လေးကို ဘာကြောင့် မရှာနိုင်ရတာလဲ?
သူက အဲ့လို ပြောချင်တာလား?
“ဟွမ်ဟွမ်”
ခြေလှမ်းအနားငယ် တိုးလာခဲ့ပြီး လီဂျင်းယွမ် ကသူတို့ရှေ့တွင် ရပ်လိုက်သည်။ အရင်ဆုံး ခေါင်းမော့လိုက်ကာ ဟုန်ချန်းမင်း ကိုကြည့်လိုက်ပြီး ဇောင်ယုဟွမ် ကိုကြည့်လိုက်သည်။
“ကိုယ်တို့ သွားသင့်ပြီ။ အစ်ကို စောင့်နေတယ်”
“အို၊ အိုကေ” ဇောင်ယုဟွမ် ကချက်ချင်း ပြန်ဖြေလိုက်သည်။
ဟုန်ချန်းမင်း ကသူ့နှုတ်ခမ်းတွေကို တင်းကြပ်စွာ စေ့ပိတ်ထားပြီး မျက်မှောင်လည်း ကြုတ်နေခဲ့သည်။
သူက လီဂျင်းယွမ် ကိုကြည့်လိုက်သည်။ တစ်ယောက်နဲ့ တစ်ယောက် သုံးစက္ကန့်လောက် ကြည့်ပြီးနောက် အကြည့်ကို ဖြတ်တောက်လိုက်သည်။
ဇောင်ယုဟွမ် ကလှည့်ကာ လျှောက်ထွက်သွားသည်။ ဟုန်ချန်းမင်း ရဲ့တောင်းဆိုချက်က နည်းနည်း ထူးဆန်းသော်လည်း အလွန်အကျွံတော့ မဟုတ်ပေ…
သူတို့က အတူတူ နေလာကြတာ အရမ်းကြာနေလို့ သူမကို မိသားစုလို တွေးနေကြတာ ဖြစ်နိုင်တယ်။
နောက်ပြီး သူမက တစ်ယောက်ယောက်နဲ့ ဒိတ်မှာကို စိုးရိမ်နေကြပြီး သူမကို အကောင်းဆုံးလူကိုသာ ရွေးချယ်စေချင်တာ ဟုတ်တယ်မလား?
ထိုအကြောင်းကို တွေးလိုက်ပြီး ဇောင်ယုဟွမ် မထိန်းချုပ်နိုင်ပဲ ပြုံးလိုက်သည်။
အခုဆိုရင် ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က ဗီလိန်နဲ့ ဇာတ်လိုက်ရဲ့ သမာရိုးကျပုံစံမှ လုံးဝကို ကွဲပြားသွားသည်။
ဒီလိုမျိုး စိုးရမ်နေတာက… တကယ်ပဲ အရမ်းကို ချစ်ဖို့ကောင်းတယ်။
ဇောင်ယုဟွမ် ကလှည့်ကာ ပြုံးပြလိုက်သည်။ “အစ်ကိုချန်းမင်း၊ မြန်မြန်။ ကားပေါ်တက်ဖို့ အချိန်ပဲ”
ဟုန်ချန်းမင်း ကသူမရဲ့ တောက်ပသည့် အပြုံးနှင့် ကြုံတွေ့ရမယ်လို့ မမျှော်လင့်ထားပေ။ မီးတောက်က ချက်ချင်းပင် သူ့ရင်ဘတ်တွင် ပြန်လောင်ကျွမ်းလာခဲ့သည်။
ဟုန်ချန်းမင်း ကသတိလက်လွတ်နဲ့ နှုတ်ခမ်းသပ်လိုက်သည်။ သူ ထပ်လိုချင်တယ်။ အခုလို အပြုံးလေးအတွက် သူထပ်ပြီး ထပ်ပြီးလိုချင်တယ်။ သူထပ်ပြီး မထိန်းချုပ်နိုင်ပဲ နေ့တိုင်း၊ အနာဂတ်မှာ မြင်ချင်တယ်။
ဇောင်ယုဟွမ် ရဲ့အတွေးက ဘာဆိုတာကို ဟုန်ချန်းမင်း မသေချာပေမဲ့ စိတ်ဓာတ်ကျနေတာက မြင့်တက်လာတာကြောင့် သူမနားကို အလျင်အမြန် သွားလိုက်သည်။
လူတိုင်းက လန်ဂျင်းဇီ ရဲ့ကားထဲ ဝင်လိုက်ပြီး လေဆိပ်ကို သွားလိုက်ကြသည်။ ဇောင်ယုဟွမ် ကဆင်းလိုက်ချိန်တွင် လန်ဂျင်းဇီ ကပြောလိုက်သည်။
“မလှုပ်နဲ့”
“ဟမ်? အစ်ကို?” ဇောင်ယုဟွမ် ကစိတ်ရှုပ်စွာဖြင့် ကြည့်လိုက်သည်။
လန်ဂျင်းဇီ ကသူ့ကားတံခါးကို အရင်ဆုံး ဖွင့်လိုက်ပြီး ထွက်လိုက်ကာ ခရီးသည်တင် ခုံဘက်ကို လျှောက်လာခဲ့သည်။ သူမအတွက် ကားတံခါး ဖွင့်ပေးလိုက်ပြီး ဇောင်ယုဟွမ် ရဲ့ထိုင်ခုံခါးပတ်အား ဖြုတ်ပေးလိုက်သည်။ ချက်ချင်းပင် သူက ပြောလိုက်သည်။
“ဒိတ်တာကို ခွင့်ပြုတယ်။ ဒါပေမဲ့ အလွန်အကျွံတော့ မလုပ်ရဘူး။ တခြားလူကို မလိမ်ရဘူး။ ဒွိဟဖြစ်တာကို ခွင့်မပြုဘူး။ နောက်ပြီး… တခြားလူရဲ့ ကောင်းတာ၊ မကောင်းတာကို ဟွမ်ဟွမ် မပြောနိုင်ရင် အစ်ကိုက ဟွမ်ဟွမ့် အတွက် ကြည့်ပေးမယ်”
ဇောင်ယုဟွမ် ကထိုစကားကို ကြားလိုက်ချိန်တွင် သူမနှလုံးသားကို ထိခတ်သွားသည်။
ဟုန်ချန်းမင်း ကစိုးရိမ်နေရုံသာမက လန်ဂျင်းဇီ ကလည်း သူမကို စိုးရိမ်နေသေးသည်။ ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်ပြီး နာခံစွာဖြင့် ပြုံးလိုက်သည်။
“အင်း၊ အစ်ကို့စကား နားထောင်မယ်”
နောက်ဆုံးတော့ လန်ဂျင်းဇီ ကကိုယ်ကို ပြန်မတ်လိုက်ပြီး အနောက်ဆုံးလိုက်သည်။
“ဒါဆို ဆင်းလို့ရပြီ”
ဇောင်ယုဟွမ် ကကားပေါ်မှ ဆင်းလိုက်ပြီး ဟုန်ချန်းမင်း၊ လီဂျင်းယွမ် တို့နဲ့အတူ သွားလိုက်သည်။ လန်ဂျင်းဇီ ကသူမနောက်ကျောကို ကြည့်နေပြီးနောက် မထိန်းချုပ်နိုင်စွာဖြင့် ခေါင်းငုံ့ကာ သူ့လက်ကို ကြည့်လိုက်သည်။
ဒါက အရမ်းသေးနေတုန်းပဲ။ သူမကို လုံလောက်အောင် အလိုမလိုက်နိုင်သေးဘူး။ အရင်တုန်းက သူအများကြီး လွဲချော်ခဲ့ပြီး အခုထိ မပြင်ဆင်နိုင်သေးဘူး။
သူမက တစ်စုံတစ်ယောက်ရဲ့ ပွေ့ဖက်မှုထဲ ရောက်နေရင်တောင် သူစောင့်ကြည့်ပေးရမယ်။
သူ့အသက်အရွယ်ထိ လန်ဂျင်းဇီ ကကောင်မလေးတောင် မထားဘူးသေးတာကြောင့် ကလေးရှိဖို့က ထည့်မပြောနိုင်ပေ။ ဒါပေမဲ့ သူ သမီးလေး တစ်ယောက်ကို ပျိုးထောင်ပေးနေရတယ်လို့ ခံစားရစေသည်။
နားနေခန်းကို ရောက်သွားသည်။ ဂူယူလင်း ကပြုံးကာ မေးလိုက်သည်။
“မစ္စတာလန် ကရှင်တို့ကို ဒီလာပို့တာလား?” ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်သည်။
ဂူယူလင်း ရဲ့အသံက ထွက်လာပြီးနောက် တခြားအသံတွေ မရှိတော့ပေ။ ယင်ချီချီ နဲ့ လင်းလန် တို့လည်း နိုင်ငံခြား လေယာဉ်ဆီ ရောက်နေကြသည်။
ကောမိုင် နဲ့ ဝမ်ယောင်ချန်း တို့က မရောက်သေးပေ။ သို့သော် ဂူယူလင်း ထက်တခြားသူတွေက ထူးထူးဆန်းဆန်းနဲ့ အတော်လေးကို တိတ်ဆိတ်နေကြသည်။
ဇောင်ယုဟွမ် ကမထိန်းချုပ်နိုင်တော့ပဲ စူးစမ်စွာဖြင့် ကြည့်လိုက်သည်။ ချက်ချင်းပင် ယင်ချီချီ ကသူမကို ပြုံးပြလာသည်။
သို့သော် လင်းလန်… လင်းလန် ရဲ့မျက်လုံးထဲတွင် မနာလိုမှု အနည်းငယ်ကို သိသိသာသာ မြင်နေရသည်။
ဇောင်ယုဟွမ် : ???
သူမ ဘာတွေ လုပ်ခဲ့မိလို့လဲ?
သူမနဲ့ လင်းလန် ကကင်မရာအောက်တွင်တောင် စကားပြောဖူးခြင်း သိမရှိပေ။
လင်းလန် ကသူမအပေါ် သဘောမကျတာများ ရှိနေတာလား?
လီဂျင်းယွမ် ကရုတ်တရက် အနောက်မှ ရောက်လာပြီး လက်မြှောက်လိုက်ကာ ဇောင်ယုဟွမ် ကိုဖက်လိုက်သည်။ သူ့ခေါင်းကို အနည်းငယ် မော့လိုက်ပြီး လင်းလန် ကိုစိုက်ကြည့်လိုက်သည်။
ထိုအကြည့်ပြီးနောက် လီဂျင်းယွမ် ကသူမကို ထပ်မကြည့်တော့ပဲ ဇောင်ယုဟွမ် နဲ့အတူ လက်မှတ်ဂိတ်ကို သွားလိုက်သည်။ တစ်ချိန်တည်းတွင် သူက ဇောင်ယုဟွမ် ရဲ့နားနားတွင် တိုးတိုးလေး ပြောလိုက်သည်။
“ဟွမ်ဟွမ်၊ ကိုယ်တို့ ထွက်သွားချိန်တုန်းက ဟုန်ချန်းမင်း နဲ့ ဟွမ်ဟွမ် ကဘာတွေ ပြောနေကြတာလဲ?”
ဇောင်ယုဟွမ် ကအံ့ဩသွားသည်။
“ဟမ်? ဟွမ်ဟွမ် တို့ဘာမှ မပြောပါဘူး” ထိုစကားနှင့် ဇောင်ယုဟွမ် က လီဂျင်းယွမ် ရဲ့လက်မှ သတိလက်လွတ် ရုန်းကန်လိုက်သည်။
လီဂျင်းယွမ် ကသူမကို အားသိပ်မသုံးပဲ ဖက်ထားပုံရပေမဲ့ တကယ်တမ်းတော့ အားအများကြီးသုံးထားတာကြောင့် ဇောင်ယုဟွမ် အားထောင်ချောက်မိသလို ခံစားရစေသည်။ လီဂျင်းယွမ် ကသူမ လှုပ်ရှားမှုကို သတိပြုမိပြီး မေးလိုက်သည်။
“ဘာဖြစ်လို့လဲ?”
“အရမ်းနီးနေလို့”
“ဘာပြဿနာရှိလို့လဲ?” လီဂျင်းယွမ် ကသူမနားနားတွင် ရယ်လိုက်သည်။
“ကိုယ်တို့က မိသားစုတွေဆိုတာ လူတိုင်းက သိပြီးသားပဲလေ”
အဲ့လိုဆိုပေမဲ့…
ဇောင်ယုဟွမ် ကမထိန်းချုပ်နိုင်ပဲ လှည့်ကြည့်လိုက်သည်။ လင်းလန် ကခြေလှမ်းအနည်းငယ် ကျန်နေခဲ့ပြီး သူမ မျက်လုံးထဲမှ ခံစားချက်တွေက တိုးများလာတာကို မြင်နေရသည်။
ဇောင်ယုဟွမ် သက်ပြင်းချလိုက်သည်။
28.5.2021 (Fri)
………………………
Zawgyi
ေဇာင္ယုဟြမ္ ကအေ႐ွ႕က ေလွ်ာက္သြားၿပီး လန္ဂ်င္းဇီ ကသူမ ေနာက္ေက်ာကို ၾကည့္လိုက္သည္။
မင္းသမီးေလးလားလို႔ သူေတြးလိုက္သည္။
ဒါက သိပ္မလုံေလာက္ေသးဘူး။
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္ တို႔က ႐ြဲ႕လန္ဗီလာ ကိုေရာက္ေနၾကတာ အခ်ိန္ၾကာၿပီ။ ဒီႏွစ္ေတြမွာ ဒင္မိသားစု ရဲ႕အိမ္ေဖာ္ေတြက သူတို႔နဲ႔ ရင္းႏွီးေနၾကသည္။ သူတို႔က အဖိုးဒင္ နဲ႔သိပ္မရင္းႏွီးေပမဲ့ အေတာ္ေလး သိကြၽမ္းတာေၾကာင့္ ေဇာင္ယုဟြမ္ မပါပဲ အဖိုးဒင္ ဆီအလည္သြားႏိုင္ၾကသည္။
ႏွစ္ေယာက္က အဖိုးဒင္ နဲ႔႐ွန္းခ်ီ ကိုကစားေနၾကၿပီးေနာက္ ေဇာင္ယုဟြမ္ နဲ႔ လန္ဂ်င္းဇီ တို႔ေရာက္လာၾကသည္။ အဖိုးဒင္ ရဲ႕စိတ္တိုင္းက် မနက္စာက ေပါ့ေပါ့ပါးပါး ျဖစ္ကာ မခမ္းနားေပမဲ့ ဟင္းပြဲေတြက အမည္စုံသည္။
လူတိုင္းက အဖိုးဒင္ နဲ႔စကားေျပာရင္း မနက္စာကို စားေနၾကၿပီး သတိမထားမိပဲ အခ်ိန္ႏွစ္နာရီက ကုန္သြားခဲ့သည္။ မနက္စာ စားၿပီးေနာက္ လူတိုင္းက ဆိုဖာတြင္ ထိုင္လိုက္ၾကသည္။
သူတို႔က အလ်င္မလိုတာေၾကာင့္ ခဏေလာက္ေနကာ စကားေျပာေနၾကသည္။ အဖိုးဒင္ ကျပဳံးကာ ေျပာလိုက္သည္။
“ဟြမ္ဟြမ္ ရဲ႕႐ိႈးပြဲကို အဖိုးၾကည့္ခဲ့တယ္။ ေနာက္ၿပီး ဘာ.. အဲ့ဒါက.. အဲ့ Webio သုံးနည္းကို မင္းအစ္ကိုက အဖိုးကို သင္ေပးခဲ့တယ္။ ဟြမ္ဟြမ္ အေကာင့္ကို သီးသန္႔ follow လုပ္ထားတယ္”
ေဇာင္ယုဟြမ္ ကအဖိုးအား ထိုင္ႏိုင္ဖို႔ လက္ေမာင္းအား ကိုင္ထားရင္း ကူညီေပးလိုက္သည္။
“အဖိုးက အရမ္းေကာင္းတာပဲ!” အဖိုးဒင္ ရဲ႕အသြင္အျပင္က ငယ္႐ြယ္မႈတြ ေပ်ာက္ဆုံးသြားၿပီး အခုေတာ့ အလြန္ၾကင္နာတတ္သည့္ ပုံေပၚေနသည္။
“ဟြမ္ဟြမ့္ ရဲ႕သတင္းေတြကိုလည္း အဖိုးၾကည့္ခဲ့တယ္။ အဲ့မွာေရးထားတာ ဟြမ္ဟြမ္ နဲ႔ေကာင္ေလး တစ္ေယာက္ တြဲေနၾကတယ္ဆို။ သူ႕နာမည္က ဝမ္… တစ္ခုခုပဲ။ ဘာပါလိမ့္?”
အဖိုးဒင္ ကစကားေျပာေနရင္း လန္ဂ်င္းဇီ ကိုၾကည့္လိုက္သည္။
လန္ဂ်င္းဇီ ကထပ္ေပါင္း ေျပာလိုက္သည္။ “သူ႕နာမည္က ဝမ္ေယာင္ခ်န္း”
“ဟုတ္တယ္၊ ဝမ္ေယာင္ခ်န္း။ သူက ဟြမ္ဟြမ္ ရဲ႕ေကာင္ေလးလား? ဟုတ္တယ္ဆိုရင္ အဖိုးၾကည့္ဖို႔ ေခၚလာသင့္တယ္”
အဖိုးဒင္ စကားသံဆုံးသည္ႏွင့္ ‘pa’ဆိုသည့္ အသံက ထြက္လာခဲ့သည္။
ဟုန္ခ်န္မင္း ကအမူအရာမဲ့စြာျဖင့္ ေခါင္းငုံ႔ထားခဲ့သည္။
“လက္ဖက္ရည္ခြက္ ကြဲသြားၿပီ”
“ရတယ္၊ အကြဲေတြကို ထားလိုက္” အဖိုးဒင္ ကခံစားခ်က္ေကာင္းစြာျဖင့္ ေျပာလိုက္သည္။
အရင္ႏွစ္ေတြတုန္းက သူက မၾကာခဏ စိတ္တိုတက္ၿပီး လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕ အသက္ေမြးဝမ္းေၾကာင္းက အရမ္းေကာင္းတာကို သူသိခဲ့သည္။
ေနာက္ၿပီး သူတို႔က ဟြမ္ဟြမ့္ အေပၚ ေကာင္းၾကၿပီး သူမကိုလည္း ၾကင္နာစြာ ဆက္ဆံေပးတာကို မွတ္မိသည္။ ထို႔ေၾကာင့္ အဖိုးဒင္ ကသူတို႔ကို ျပန္ၿပီး ၾကင္နာေပးတာ ျဖစ္သည္။
“ဂြၽမ္ေလး၊ လက္ဖက္ရည္ခြက္ အသစ္ယူလာေပးလိုက္” အဖိုးဒင္ ကအိမ္ေဖာ္ကို အမိန္းကေပးလိုက္သည္။
အိမ္ေဖာ္က နာခံလိုက္သည္။
အဖိုးဒင္ ကျပန္လွည့္လာၿပီး ေဇာင္ယုဟြမ္ ကိုဆက္ေျပာလိုက္သည္။
“ခုနက စကားစျပတ္သြားလို႔ ဆက္ေျပာရေအာင္” ေဇာင္ယုဟြမ္ ကအကူအညီမဲ့စြာျဖင့္ ျပဳံးလိုက္သည္။
“သူက ဟြမ္ဟြမ့္ ေကာင္ေလး မဟုတ္ေသးပါဘူး။ အဲ့ဒါက ေန႔လည္စာ စား႐ုံပါပဲ။ သတင္းထဲမွာ ေျပာထားတာက အဲ့လိုျဖစ္ေနတာ” ထိုအခ်က္တြင္ သူမက ရပ္လိုက္သည္။
“ဘယ္သူမွ အနာဂတ္ကို ေသခ်ာမသိႏိုင္ဘူးေလ။ သူက ဟြမ္ဟြမ့္ အေပၚ ခံစားခ်က္ေတြကို ဟြမ္ဟြမ္ ျမင္ႏိုင္တယ္။ ဟန္မေဆာင္ေတာ့ပါဘူး။ သူနဲ႔ ဆက္ဆံရတာ မဆိုးဘူးဆိုရင္ ဟြမ္ဟြမ္ ႀကိဳးစားၾကည့္ခ်င္တယ္”
“ေကာင္းတယ္၊ ေကာင္းတယ္၊ ဟြမ္ဟြမ္ လည္းဒိတ္သင့္ေနၿပီ။ ႏွစ္နည္းနည္းေလာက္ ဒိတ္ၿပီးေတာ့ လက္ထပ္။ အဲ့ဒါက ေကာင္းတယ္” အဖိုးဒင္ ကျပဳံးကာ ေျပာလိုက္သည္။
“အဖိုးလည္း ဟြမ္ဟြမ့္ ရဲ႕ကေလးေတြကို ျမင္သြားဖို႔က မေသခ်ာဘူး…”
ဒီစကားေတြက အဖိုးဒင္ ရဲ႕ဆႏၵေတြျဖစ္ေပမဲ့ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕နားထဲတြင္ေတာ့ မၾကားႏိုင္ေပ။
ထို႔ေနာက္ ေနာက္ထပ္ ‘pa’ဆိုသည့္ အသံက ထြက္လာခဲ့သည္။
“ထပ္ကြဲသြားတာလား?”
အဖိုးဒင္ ကရယ္လိုက္ရင္း သူ႕ကိုၾကည့္ကာ ေျပာလိုက္သည္။
လီဂ်င္းယြမ္ : “အင္း၊ ေတာင္းပန္ပါတယ္၊ အဖိုး”
အဖိုးဒင္ ကလက္ေဝွ႔ယမ္းျပလိုက္ၿပီး “ရတယ္။ ေနာက္တစ္ခါက်ရင္ လက္ဖက္ရည္ခြက္ အသစ္ႏွစ္လုံးသာ ငါ့ဆီယူလာေပး”
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က အလ်င္အျမန္ပင္ ေခါင္းညိတ္လိုက္ၾကသည္။ လန္ဂ်င္းဇီ ကေျပာလိုက္သည္။
“အဖိုး ဘာေတြေျပာေနတာလဲ? ဒါက ေစာေသးတယ္”
ေဇာင္ယုဟြမ္ ကဒိတ္ႏိုင္တာကို သူသိေပမဲ့ ေဇာင္ယုဟြမ္ လက္ထပ္ၿပီး ကေလးေလးေတြ ႐ွိလာမွာကိုေတာ့ သူစိတ္မကူးႏိုင္ေပ။
သူ႕မ်က္လုံးထဲတြင္ ဒီညီမငယ္ေလးက ငယ္ေသးၿပီး မိန္းမငယ္ေလးပဲ ႐ွိေသးသည္။
လူတိုင္းက တျခားအေၾကာင္းကို ေျပာလိုက္ၾကသည္။ ေနာက္ဆုံးေတာ့ လန္ဂ်င္းဇီ ကသတိေပးလိုက္သည္။
“မေစာေတာ့ဘူးပဲ။ ဟြမ္ဟြမ္ ကိုေလဆိပ္ လိုက္ပို႔ေပးရမယ္” အဖိုးဒင္ ကေခါင္းညိတ္လိုက္သည္။
ေဇာင္ယုဟြမ္ ကမတ္တပ္ရပ္လိုက္ၿပီး “ခဏေလးေစာင့္။ သန္႔စင္ခန္း ခဏဝင္လိုက္ဦးမယ္” ေျပာၿပီးေနာက္ သူမ ထြက္သြားသည္။
သန္႔စင္ခန္းကေန ထြက္လာခ်ိန္တြင္ ဟုန္ခ်န္းမင္း ကအျပင္တြင္ ရပ္ေနတာကို ျမင္လိုက္ရၿပီး သူ႕ေခါင္းကို အနည္းငယ္ ငုံ႔ထားခဲ့သည္။ တခ်ိဳ႕အေၾကာင္းေၾကာင့္ သူ႕ေနာက္ေက်ာက ေအးစက္သည့္ ခံစားခ်က္ေတြကို ေပးေနသည္။
“ဟုန္ခ်န္းမင္း?” ေဇာင္ယုဟြမ္ ကေလွ်ာက္သြားၿပီးေနာက္ ႏူးညံ့စြာ ေခၚလိုက္သည္။
“အစ္ကိုခ်န္းမင္း?” သူမ ျပဳံးလိုက္ၿပီး “သန္႔စင္ခန္း ခရီးကေန ဟြမ္ဟြမ့္ ကိုလာႀကိဳတာလား?”
ဟုန္ခ်န္းမင္း ကေခါင္းေမာ့လိုက္ၿပီး သူမကို ၾကည့္လိုက္သည္။ သူ႕မ်က္ႏွာက အရမ္းကို ေအးေဆးေနၿပီး မ်က္ႏွာအသြင္အျပင္က တင္းမာေနသည္။ သူ႕အၾကည့္ေတြက နက္႐ိႈင္းေနၿပီး ထက္႐ွသည့္ ခံစားခ်က္ေတြကို ေပးေနသည္။
ေဇာင္ယုဟြမ္ ရဲ႕စိတ္ထဲတြင္ နားလည္မႈလြဲတာ မဟုတ္ႏိုင္ဘူးလို႔ ေတြးလိုက္မိသည္။
သူက သိသိသာသာကို ခံစားခ်က္ေကာင္းမေနတာ၊ မဟုတ္ဘူး၊ အရမ္းကို ခံစားခ်က္ မေကာင္းတာပဲ။
ေဇာင္ယုဟြမ္ က႐ုတ္တရက္ တုန္႔ျပန္လိုက္သည္။
“အစ္ကိုခ်န္းမင္း၊ ဟြမ္ဟြမ့္ ကိုေျပာစရာ႐ွိလို႔လား?”
ဟုန္ခ်န္းမင္း : “အင္း”
“ဘာျဖစ္လို႔လဲ? ဘာျပႆနာ႐ွိလို႔လဲ?”
“မင္းနဲ႔ ဝမ္ေယာင္ခ်န္း”
ေဇာင္ယုဟြမ္ ကနည္းနည္း စိတ္႐ႈပ္ေထြးသြားသည္။
“ဟမ္? ဒီအေၾကာင္းကို အဖိုးကိုလည္း ေျပာျပၿပီးသြားၿပီေလ။ အစ္ကိုခ်န္းမင္း မၾကားလိုက္ဘူးလား?”
“သူနဲ႔ ဒိတ္ဖို႔ ျပင္ဆင္ေနတာလား?”
ေဇာင္ယုဟြမ္ ကဘာေျပာရမွန္း မသိေတာ့ေပ။
“အစ္ကိုခ်န္းမင္း ဘာေတြေျပာေနတာလဲ? ဟြမ္ဟြမ္ ႐ွင္း႐ွင္းလင္းလင္း ေျပာၿပီးၿပီမလား? သူနဲ႔ဆက္ဆံရတာ မဆိုးဘူးဆိုရင္ စဥ္းစားမယ္လို႔”
“သူ႕ကို မင္းသေဘာက်လား?” ဟုန္ခ်န္းမင္း ရဲ႕မ်က္လုံးေတြက အနည္းငယ္ ေျပာင္းလဲသြားသည္။
ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ရဲ႕တစ္ကိုယ္လုံး တင္းမာေနတာကို သတိျပဳမိသြားသည္။
ဒါက… ဒါက သားေကာင္ကို ခဏအၾကာတြင္ ခုန္ဖမ္းေတာ့မဲ့ ဝပ္ေနသည့္ ျခေသၤ့နဲ႔ တူေနတယ္။
“… သေဘာမက်ပါဘူး” ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။
ဟုန္ခ်န္းမင္း ကနည္းနည္း စိတ္သက္သာရာ ရသြားေပမဲ့ သူ႕အမူအရာကေတာ့ အမ်ားႀကီး မေျပာင္းလဲသြားေပ။
“သူ႕ကို မင္းသေဘာမက်ရင္ ဘာလို႔ စဥ္းစားၾကည့္မွာလဲ?”
“ဒါက သေဘာက်တာေပၚ မူတည္ေနတာပဲေလ။ ‘သေဘာက်တာ’က ခ်စ္တာအေပၚ မူတည္ေနတာဆိုရင္ သေဘာမက်ဘူးဆိုရင္ မခ်စ္ဘူးလို႔ ေျပာတာပဲ။ ဒါေပမဲ့ ေကာင္းတဲ့ခံစားခ်က္ ႐ွိေနတာဆိုရင္ နည္းနည္းေတာ့ ျခားနားတယ္။ ဒါက ခရမ္းခ်ည္သီး၊ ပုံဆြဲတာ၊ သီခ်င္းေတြ နားေထာင္တာေတြကို ဟြမ္ဟြမ္ ႀကိဳက္တာနဲ႔ တူတယ္။ ဒါေတြက အမွန္ေတြပဲ။ ေနာက္ၿပီး ဒီျမင္ကြင္းကေန ၾကည့္ရင္ သူ႕ကိုမေ႐ြးဖို႔ ခ်ိဳ႕ယြင္းခ်က္လည္း မ႐ွိဘူး”
ဟုန္ခ်န္းမင္း က႐ုတ္တရက္ သူမကို ေအာ္လိုက္သည္။
“အသက္အ႐ြယ္႐ွိေသးတယ္”
“အို၊ ဟုတ္တယ္၊ အသက္အ႐ြယ္ ႐ွိေသးတယ္။ ဒါေပမဲ့ အသက္က ျပႆနာမဟုတ္ပါဘူး။ သူက အရမ္းႀကီး အသက္ႀကီးေနေသးတာလဲ မဟုတ္ပါဘူး။ ေနာက္ၿပီး သူက ေခ်ာေမာေနတုန္းပဲ။ သူ႕ကိုယ္ပိုင္ ခန္႔ညားမႈမွာ ရင့္က်က္မႈလည္း ႐ွိေသးတယ္”
သူ႕ကိုယ္ပိုင္ ခန္႔ညားမႈမွာ ရင့္က်က္မႈလည္း ႐ွိေသးတယ္။
ဟုန္ခ်န္းမင္း ရဲ႕စိတ္ေတြက ႐ႈပ္ေထြးသြားၿပီး သူ႕ဘာသာ ေတြးေတာေနမိသည္။
သူ႕အသက္ငယ္ငယ္မွာ… သူ႕မွာ ရင့္က်က္တဲ့ ခန္႔ညားမႈေတြ မ႐ွိတာ ျဖစ္ႏိုင္တယ္…
မဟုတ္ဘူး၊ သူဘာေတြ ေတြးေနတာလဲ?
အခုေမးခြန္းက ေဇာင္ယုဟြမ္ နဲ႔ ဝမ္ေယာင္ခ်န္း….
ဝမ္ေယာင္ခ်န္း ကပါတနာျဖစ္ဖို႔ မသင့္ေတာ္ဘူး။
ေ႐ြးခ်ယ္လိုက္တာက ဟုန္ခ်န္းမင္း ကိုဆိုရင္ အမွားေတြ အမ်ားႀကီးကို ထုတ္ႏိုင္တယ္။
သူက ဟြမ္ဟြမ္ နဲ႔လိုက္ဖက္ မညီဘူး။
သူ႕လိုလူမ်ိဳးက ရတနာေလးအတြက္ ေကာင္းမြန္ေအာင္ မထိန္းသိမ္းႏိုင္ဘူး။
ဟုန္ခ်န္းမင္း ရဲ႕စိတ္ထဲတြင္ အေတြးေပါင္းမ်ားစြာက ထြက္လာခဲ့သည္။ သူ႕ႏႈတ္ခမ္းကို သပ္လိုက္ၿပီး ေအးစက္စြာ ေျပာလိုက္သည္။
“အသက္အ႐ြယ္တင္မကပဲ သူ႕မွာ အရင္တုန္းက ေကာင္မေလးေတြလည္း ႐ွိတယ္။ သူ႕ပထမဆုံး အခ်စ္က မင္းမဟုတ္ဘူး။ ဒါ့ေၾကာင့္ သူက မင္းအတြက္ မထိုက္တန္ဘူး။ သူ႕ေကာင္မေလးျဖစ္ဖို႔ မင္းအတြက္ မထိုက္တန္ဘူး” ေဇာင္ယုဟြမ္ ကခဏေလာက္ ရပ္သြားသည္။
“အင္း… တကယ္ေတာ့ ဟြမ္ဟြမ္ ကသန္႔စင္တဲ့ ခံစားခ်က္ေတြအေၾကာင္း ဂ႐ုစိုက္တဲ့ လူမ်ိဳးေတာ့ မဟုတ္ဘူး” ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။
ဝမ္ေယာင္ခ်န္း ကိုသူမ သေဘာမက်တာ ျဖစ္ႏိုင္တယ္။ ဒါ့ေၾကာင့္ သူ႕အရင္ ေကာင္မေလးေတြ အေၾကာင္းကို သူမ ေတြးလိုက္မိေတာ့ စိတ္မသက္မသာျဖစ္သလို မခံစားရဘူး။
ဟုန္ခ်န္းမင္း ရဲ႕စိတ္က ေျပာင္းသြားသည္။ ေျခာက္ေသြ႕ေနသည့္ သူ႕ႏႈတ္ခမ္းကို သပ္လိုက္ရင္း ေျပာလိုက္သည္။
“သူက ငါ့ေလာက္လည္း အရပ္မ႐ွည္ဘူး။ ငါ့ေလာက္လည္း မခ်မ္းသာဘူး။ အနာဂတ္မွာ သူ႕ထက္ပိုၿပီး ငါက ေငြေတြ ရႏိုင္တယ္… သူက စတူဒီယို႐ွိၿပီး မေရတြက္ႏိုင္တဲ့ အလွေလးေတြလည္း ဝိုင္းေနတယ္။ သူ႕ကို သေဘာက်တဲ့ မိန္းကေလးေတြလည္း အမ်ားႀကီး႐ွိတယ္။ သူက လက္မခံရင္ေတာင္ သူက ႐ိုက္ကူးခ်ိန္မွာ ၾကည့္ၿပီး တြဲေနႏိုင္တယ္။ သူက အေကာင္းဆုံး ေ႐ြးခ်ယ္မႈ မဟုတ္ဘူး…”
ဟုန္ခ်န္းမင္း ရဲ႕စကားေတြက အေတာ္ေလး ျမန္ေနၿပီး သူ႕စကားလုံးေတြက နည္းနည္း ႐ႈပ္ေထြးေနသည္။ သူက ေျပာလိုက္သည္။
“သူ႕ႂကြက္သားေတြေတာင္ ဂ်င္မွာ ေလ့က်င့္လို႔ရထားတာ အေသအခ်ာပဲ။ ဒါေၾကာင့္ အသုံးမဝင္ဘူး”
ေဇာင္ယုဟြမ္ ကရယ္ေနရင္း မ်က္ရည္က်လာတာကို မရပ္ႏိုင္ေပ။
ဒီဆက္ဆံေရးက ဘယ္ေနရာက ႂကြက္သားေတြနဲ႔ ဆိုင္သြားရတာလဲ?
“သူက ငါ့ကို မ႐ိုက္ႏိုင္ဘူး” ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။
“ေနာက္ၿပီး သူက ဘယ္လိုခ်က္ျပဳတ္ရမလဲဆိုတာ မသိဘူး။ မင္း ဗိုက္ဆာရင္ မင္းအတြက္ သူက ခ်က္ျပဳတ္ေပးႏိုင္မွာ မဟုတ္ဘူး…”
“စားဖိုမႉးကို ငွားထားလို႔ရတယ္” ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။
မဟုတ္ဘူး!
အဲ့ေလာက္ မ႐ိုး႐ွင္းဘူး!
ဟုန္ခ်န္းမင္း ကစိတ္ထဲတြင္ ေအာ္လိုက္သည္။
“သူက ဘယ္အရာပဲျဖစ္ျဖစ္ ငါ့ေလာက္ မေကာင္းဘူး။ ဒါ့ေၾကာင့္ မင္းေကာင္ေလး ဘယ္လိုျဖစ္ႏိုင္မွာလဲ? သူ႕လူမႈဆက္ဆံေရးက ေကာင္းေတာ့ေကာ ဘာျဖစ္မွာလဲ? စိတ္သေဘာေကာင္းတဲ့ လူေတြ အမ်ားႀကီး႐ွိတာပဲ” ဟုန္ခ်န္းမင္း ကေအးစက္စြာနဲ႔ ေျပာလိုက္သည္။
ေဇာင္ယုဟြမ္ ကပါးစပ္ပိတ္လိုက္သည္။
မင္း မယွဥ္ႏိုင္ဘူး။
စာအုပ္ထဲမွာ အထင္ႀကီးဖို႔ေကာင္းတဲ့ ဗီလိန္ႀကီးနဲ႔ ဇာတ္လိုက္႐ွိတယ္။
သူတို႔ဝန္းက်င္မွာ ေကာင္းမြန္တဲ့ အေထာက္အပံ့ေတြ ႐ွိတယ္။
ဝမ္ေယာင္ခ်န္း ကသာမန္ ျဖစ္သည္။ သူက ေထာင္ေပါင္းမ်ားစြာ ဖန္ေတြနဲ႔ နာမည္ႀကီးတဲ့ ၾကယ္တစ္ပြင့္ ျဖစ္ေနရင္ေတာင္ သူက ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ကို မယွဥ္ႏိုင္ဘူး။
ဒါေပမဲ့ သူမက ဒီလိုအရမ္းေကာင္းတဲ့ ပါတနာကို မလိုခ်င္ဘူး။
႐ိုး႐ိုးသားသား ေျပာရရင္ သူမက အေကာင္းဆုံး ျဖစ္ေနရင္ကို လုံေလာက္ေနၿပီ။
သူတို႔က ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ေလာက္ ေတာ္မေနရင္ေတာင္ သူမကို အသိအမွတ္ျပဳဖို႔ ခက္ခဲလိမ့္မယ္။ ဒီတျခားအရာေတြက သူမအတြက္ မလိုအပ္ဘူး။
ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္ၿပီး ေမးခြန္းတစ္ခုနဲ႔အတူ ေျဖလိုက္သည္။
“ဒါဆို အစ္ကိုခ်န္းမင္း က ဟြမ္ဟြမ္ နဲ႔ထိုက္တန္တယ္လို႔ ေတြးတာလား?” ေဇာင္ယုဟြမ္ ကမထိန္းခ်ဳပ္ႏိုင္ပဲ ျပဳံးလိုက္သည္။
“အစ္ကိုခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔လို ေကာင္းတဲ့ သူငယ္ခ်င္းေတာ့ ဟြမ္ဟြမ္ ႐ွာမေတြ႕ဘူး!”
ဟုန္ခ်န္းမင္း ကသူမမ်က္ႏွာကို စိုက္ၾကည့္လိုက္သည္။ ဆံပင္တခ်ိဳ႕က သူမမ်က္ႏွာေပၚ က်ေနသည္။ ဒါက နည္းနည္းေတာ့ ယားႏိုင္သည္။
ေဇာင္ယုဟြမ္ ကသူမလက္ကို ေျမႇာက္လိုက္ကာ ကုတ္လိုက္ၿပီး ခ်က္ခ်င္းပဲ အနီကြက္ေလးက ေပၚလာသည္။
ဟုန္ခ်န္းမင္း ကသူ႕ႏွလုံးသားကို တစ္ခုခု ႐ိုက္ခတ္လာသလို ခံစားလိုက္ရသည္။ ေနာက္ဆုံးေတာ့ သူ႕ပိုင္ဆိုင္လိုစိတ္က မခ်ဳပ္ထိန္းႏိုင္ေပ။ သူက အရမ္းကို စက္ဆုပ္ဖို႔ကာင္းတဲ့လူလို႔ ခံစားလိုက္ရသည္။
ဘာေၾကာင့္ သူမျဖစ္ႏိုင္ရမွာလဲလို႔ ေတြးလိုက္မိသည္။
ဘာေၾကာင့္ ငါ့လိုလူမ်ိဳးကို မ႐ွာႏိုင္ရတာလဲ?
“လီဂ်င္းယြမ္ နဲ႔ငါက မေကာင္းလို႔လား?” ဟုန္ခ်န္းမင္း ကေမးလိုက္သည္။
ေဇာင္ယုဟြမ္ : ?
“အာ၊ အမ္း…. ေကာင္းတယ္။ အရမ္းေကာင္းတယ္။ အရမ္းကိုေကာင္းတယ္!”
ေဇာင္ယုဟြမ္ ကထိုအေၾကာင္းကို စဥ္းစားလိုက္ၿပီး အရမ္းေကာင္းတယ္လို႔ ေျပာရမယ္လို႔ ခံစားလိုက္ရသည္။
မဟုတ္ရင္ ဗီလိန္ ကမွတ္ထားလိမ့္မယ္။
ဒီကိစၥေလးကို ႏွစ္႐ွစ္ရာေလာက္ ခ်ဳပ္ကိုင္ထားလိမ့္မယ္။
“ဒါဆို ဘာေၾကာင့္ မျဖစ္ႏိုင္တာလဲ?” ဟုန္ခ်န္းမင္း ကေမးလိုက္သည္။
သူ႕အသံက အေတာ္ေလး တိုးေနၿပီး အသက္႐ွဴသံက မတည္ၿငိမ္ေပ။ သူ႕ပါးစပ္က စကားလုံးေတြ ထြက္သြားခ်ိန္တြင္ ဟုန္ခ်န္းမင္း ကသူ႕ႏွလုံးက အျပင္ကို ထြက္သြားသလို ခံစားလိုက္ရသည္။ သူ႕တစ္ကိုယ္လုံးက ပူေလာင္ေနၿပီး ဖိအားမ်ားေနသည္။
အနက္႐ိႈင္းဆုံးတြင္ ထုတ္မေျပာႏိုင္သည့္ ေမွ်ာ္လင့္ခ်က္ေတြကို ဆုပ္ကိုင္ထားေပမဲ့ ထိုအထဲတြင္ စိုးရိမ္မႈနဲ႔ စိတ္လႈပ္႐ွားမႈေတြက ေရာေႏွာေနသည္။
“ဘာလဲ?” ေဇာင္ယုဟြမ္ က႐ွင္း႐ွင္းလင္းလင္း မၾကားလိုက္ေပ။ သူ႕အသံက အေတာ္ေလးကို တိုးေနသည္။
“ငါေျပာတာ၊ ဘာေၾကာင့္ မျဖစ္ႏိုင္ရတာလဲလို႔?” ဟုန္ခ်န္းမင္း ကထပ္ေျပာလိုက္သည္။
သူ႕ရင္ဘတ္က မီးေတာက္ေတြ ေလာင္ကြၽမ္းေနသလို ခံစားလိုက္ရသည္။ ေဇာင္ယုဟြမ္ ကနည္းနည္း အံ့ဩသြားသည္။
ဘာေၾကာင့္ မျဖစ္ႏိုင္ရတာလဲ?
သူတို႔လို ေကာင္ေလးကို ဘာေၾကာင့္ မ႐ွာႏိုင္ရတာလဲ?
သူက အဲ့လို ေျပာခ်င္တာလား?
“ဟြမ္ဟြမ္”
ေျခလွမ္းအနားငယ္ တိုးလာခဲ့ၿပီး လီဂ်င္းယြမ္ ကသူတို႔ေ႐ွ႕တြင္ ရပ္လိုက္သည္။ အရင္ဆုံး ေခါင္းေမာ့လိုက္ကာ ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္သည္။
“ကိုယ္တို႔ သြားသင့္ၿပီ။ အစ္ကို ေစာင့္ေနတယ္”
“အို၊ အိုေက” ေဇာင္ယုဟြမ္ ကခ်က္ခ်င္း ျပန္ေျဖလိုက္သည္။
ဟုန္ခ်န္းမင္း ကသူ႕ႏႈတ္ခမ္းေတြကို တင္းၾကပ္စြာ ေစ့ပိတ္ထားၿပီး မ်က္ေမွာင္လည္း ၾကဳတ္ေနခဲ့သည္။
သူက လီဂ်င္းယြမ္ ကိုၾကည့္လိုက္သည္။ တစ္ေယာက္နဲ႔ တစ္ေယာက္ သုံးစကၠန္႔ေလာက္ ၾကည့္ၿပီးေနာက္ အၾကည့္ကို ျဖတ္ေတာက္လိုက္သည္။
ေဇာင္ယုဟြမ္ ကလွည့္ကာ ေလွ်ာက္ထြက္သြားသည္။ ဟုန္ခ်န္းမင္း ရဲ႕ေတာင္းဆိုခ်က္က နည္းနည္း ထူးဆန္းေသာ္လည္း အလြန္အကြၽံေတာ့ မဟုတ္ေပ…
သူတို႔က အတူတူ ေနလာၾကတာ အရမ္းၾကာေနလို႔ သူမကို မိသားစုလို ေတြးေနၾကတာ ျဖစ္ႏိုင္တယ္။
ေနာက္ၿပီး သူမက တစ္ေယာက္ေယာက္နဲ႔ ဒိတ္မွာကို စိုးရိမ္ေနၾကၿပီး သူမကို အေကာင္းဆုံးလူကိုသာ ေ႐ြးခ်ယ္ေစခ်င္တာ ဟုတ္တယ္မလား?
ထိုအေၾကာင္းကို ေတြးလိုက္ၿပီး ေဇာင္ယုဟြမ္ မထိန္းခ်ဳပ္ႏိုင္ပဲ ျပဳံးလိုက္သည္။
အခုဆိုရင္ ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က ဗီလိန္နဲ႔ ဇာတ္လိုက္ရဲ႕ သမာ႐ိုးက်ပုံစံမွ လုံးဝကို ကြဲျပားသြားသည္။
ဒီလိုမ်ိဳး စိုးရမ္ေနတာက… တကယ္ပဲ အရမ္းကို ခ်စ္ဖို႔ေကာင္းတယ္။
ေဇာင္ယုဟြမ္ ကလွည့္ကာ ျပဳံးျပလိုက္သည္။ “အစ္ကိုခ်န္းမင္း၊ ျမန္ျမန္။ ကားေပၚတက္ဖို႔ အခ်ိန္ပဲ”
ဟုန္ခ်န္းမင္း ကသူမရဲ႕ ေတာက္ပသည့္ အျပဳံးႏွင့္ ၾကဳံေတြ႕ရမယ္လို႔ မေမွ်ာ္လင့္ထားေပ။ မီးေတာက္က ခ်က္ခ်င္းပင္ သူ႕ရင္ဘတ္တြင္ ျပန္ေလာင္ကြၽမ္းလာခဲ့သည္။
ဟုန္ခ်န္းမင္း ကသတိလက္လြတ္နဲ႔ ႏႈတ္ခမ္းသပ္လိုက္သည္။ သူ ထပ္လိုခ်င္တယ္။ အခုလို အျပဳံးေလးအတြက္ သူထပ္ၿပီး ထပ္ၿပီးလိုခ်င္တယ္။ သူထပ္ၿပီး မထိန္းခ်ဳပ္ႏိုင္ပဲ ေန႔တိုင္း၊ အနာဂတ္မွာ ျမင္ခ်င္တယ္။
ေဇာင္ယုဟြမ္ ရဲ႕အေတြးက ဘာဆိုတာကို ဟုန္ခ်န္းမင္း မေသခ်ာေပမဲ့ စိတ္ဓာတ္က်ေနတာက ျမင့္တက္လာတာေၾကာင့္ သူမနားကို အလ်င္အျမန္ သြားလိုက္သည္။
လူတိုင္းက လန္ဂ်င္းဇီ ရဲ႕ကားထဲ ဝင္လိုက္ၿပီး ေလဆိပ္ကို သြားလိုက္ၾကသည္။ ေဇာင္ယုဟြမ္ ကဆင္းလိုက္ခ်ိန္တြင္ လန္ဂ်င္းဇီ ကေျပာလိုက္သည္။
“မလႈပ္နဲ႔”
“ဟမ္? အစ္ကို?” ေဇာင္ယုဟြမ္ ကစိတ္႐ႈပ္စြာျဖင့္ ၾကည့္လိုက္သည္။
လန္ဂ်င္းဇီ ကသူ႕ကားတံခါးကို အရင္ဆုံး ဖြင့္လိုက္ၿပီး ထြက္လိုက္ကာ ခရီးသည္တင္ ခုံဘက္ကို ေလွ်ာက္လာခဲ့သည္။ သူမအတြက္ ကားတံခါး ဖြင့္ေပးလိုက္ၿပီး ေဇာင္ယုဟြမ္ ရဲ႕ထိုင္ခုံခါးပတ္အား ျဖဳတ္ေပးလိုက္သည္။ ခ်က္ခ်င္းပင္ သူက ေျပာလိုက္သည္။
“ဒိတ္တာကို ခြင့္ျပဳတယ္။ ဒါေပမဲ့ အလြန္အကြၽံေတာ့ မလုပ္ရဘူး။ တျခားလူကို မလိမ္ရဘူး။ ဒြိဟျဖစ္တာကို ခြင့္မျပဳဘူး။ ေနာက္ၿပီး… တျခားလူရဲ႕ ေကာင္းတာ၊ မေကာင္းတာကို ဟြမ္ဟြမ္ မေျပာႏိုင္ရင္ အစ္ကိုက ဟြမ္ဟြမ့္ အတြက္ ၾကည့္ေပးမယ္”
ေဇာင္ယုဟြမ္ ကထိုစကားကို ၾကားလိုက္ခ်ိန္တြင္ သူမႏွလုံးသားကို ထိခတ္သြားသည္။
ဟုန္ခ်န္းမင္း ကစိုးရိမ္ေန႐ုံသာမက လန္ဂ်င္းဇီ ကလည္း သူမကို စိုးရိမ္ေနေသးသည္။ ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္ၿပီး နာခံစြာျဖင့္ ျပဳံးလိုက္သည္။
“အင္း၊ အစ္ကို႔စကား နားေထာင္မယ္”
ေနာက္ဆုံးေတာ့ လန္ဂ်င္းဇီ ကကိုယ္ကို ျပန္မတ္လိုက္ၿပီး အေနာက္ဆုံးလိုက္သည္။
“ဒါဆို ဆင္းလို႔ရၿပီ”
ေဇာင္ယုဟြမ္ ကကားေပၚမွ ဆင္းလိုက္ၿပီး ဟုန္ခ်န္းမင္း၊ လီဂ်င္းယြမ္ တို႔နဲ႔အတူ သြားလိုက္သည္။ လန္ဂ်င္းဇီ ကသူမေနာက္ေက်ာကို ၾကည့္ေနၿပီးေနာက္ မထိန္းခ်ဳပ္ႏိုင္စြာျဖင့္ ေခါင္းငုံ႔ကာ သူ႕လက္ကို ၾကည့္လိုက္သည္။
ဒါက အရမ္းေသးေနတုန္းပဲ။ သူမကို လုံေလာက္ေအာင္ အလိုမလိုက္ႏိုင္ေသးဘူး။ အရင္တုန္းက သူအမ်ားႀကီး လြဲေခ်ာ္ခဲ့ၿပီး အခုထိ မျပင္ဆင္ႏိုင္ေသးဘူး။
သူမက တစ္စုံတစ္ေယာက္ရဲ႕ ေပြ႕ဖက္မႈထဲ ေရာက္ေနရင္ေတာင္ သူေစာင့္ၾကည့္ေပးရမယ္။
သူ႕အသက္အ႐ြယ္ထိ လန္ဂ်င္းဇီ ကေကာင္မေလးေတာင္ မထားဘူးေသးတာေၾကာင့္ ကေလး႐ွိဖို႔က ထည့္မေျပာႏိုင္ေပ။ ဒါေပမဲ့ သူ သမီးေလး တစ္ေယာက္ကို ပ်ိဳးေထာင္ေပးေနရတယ္လို႔ ခံစားရေစသည္။
နားေနခန္းကို ေရာက္သြားသည္။ ဂူယူလင္း ကျပဳံးကာ ေမးလိုက္သည္။
“မစၥတာလန္ က႐ွင္တို႔ကို ဒီလာပို႔တာလား?” ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္သည္။
ဂူယူလင္း ရဲ႕အသံက ထြက္လာၿပီးေနာက္ တျခားအသံေတြ မ႐ွိေတာ့ေပ။ ယင္ခ်ီခ်ီ နဲ႔ လင္းလန္ တို႔လည္း ႏိုင္ငံျခား ေလယာဥ္ဆီ ေရာက္ေနၾကသည္။
ေကာမိုင္ နဲ႔ ဝမ္ေယာင္ခ်န္း တို႔က မေရာက္ေသးေပ။ သို႔ေသာ္ ဂူယူလင္း ထက္တျခားသူေတြက ထူးထူးဆန္းဆန္းနဲ႔ အေတာ္ေလးကို တိတ္ဆိတ္ေနၾကသည္။
ေဇာင္ယုဟြမ္ ကမထိန္းခ်ဳပ္ႏိုင္ေတာ့ပဲ စူးစမ္စြာျဖင့္ ၾကည့္လိုက္သည္။ ခ်က္ခ်င္းပင္ ယင္ခ်ီခ်ီ ကသူမကို ျပဳံးျပလာသည္။
သို႔ေသာ္ လင္းလန္… လင္းလန္ ရဲ႕မ်က္လုံးထဲတြင္ မနာလိုမႈ အနည္းငယ္ကို သိသိသာသာ ျမင္ေနရသည္။
ေဇာင္ယုဟြမ္ : ???
သူမ ဘာေတြ လုပ္ခဲ့မိလို႔လဲ?
သူမနဲ႔ လင္းလန္ ကကင္မရာေအာက္တြင္ေတာင္ စကားေျပာဖူးျခင္း သိမ႐ွိေပ။
လင္းလန္ ကသူမအေပၚ သေဘာမက်တာမ်ား ႐ွိေနတာလား?
လီဂ်င္းယြမ္ က႐ုတ္တရက္ အေနာက္မွ ေရာက္လာၿပီး လက္ေျမႇာက္လိုက္ကာ ေဇာင္ယုဟြမ္ ကိုဖက္လိုက္သည္။ သူ႕ေခါင္းကို အနည္းငယ္ ေမာ့လိုက္ၿပီး လင္းလန္ ကိုစိုက္ၾကည့္လိုက္သည္။
ထိုအၾကည့္ၿပီးေနာက္ လီဂ်င္းယြမ္ ကသူမကို ထပ္မၾကည့္ေတာ့ပဲ ေဇာင္ယုဟြမ္ နဲ႔အတူ လက္မွတ္ဂိတ္ကို သြားလိုက္သည္။ တစ္ခ်ိန္တည္းတြင္ သူက ေဇာင္ယုဟြမ္ ရဲ႕နားနားတြင္ တိုးတိုးေလး ေျပာလိုက္သည္။
“ဟြမ္ဟြမ္၊ ကိုယ္တို႔ ထြက္သြားခ်ိန္တုန္းက ဟုန္ခ်န္းမင္း နဲ႔ ဟြမ္ဟြမ္ ကဘာေတြ ေျပာေနၾကတာလဲ?”
ေဇာင္ယုဟြမ္ ကအံ့ဩသြားသည္။
“ဟမ္? ဟြမ္ဟြမ္ တို႔ဘာမွ မေျပာပါဘူး” ထိုစကားႏွင့္ ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ရဲ႕လက္မွ သတိလက္လြတ္ ႐ုန္းကန္လိုက္သည္။
လီဂ်င္းယြမ္ ကသူမကို အားသိပ္မသုံးပဲ ဖက္ထားပုံရေပမဲ့ တကယ္တမ္းေတာ့ အားအမ်ားႀကီးသုံးထားတာေၾကာင့္ ေဇာင္ယုဟြမ္ အားေထာင္ေခ်ာက္မိသလို ခံစားရေစသည္။ လီဂ်င္းယြမ္ ကသူမ လႈပ္႐ွားမႈကို သတိျပဳမိၿပီး ေမးလိုက္သည္။
“ဘာျဖစ္လို႔လဲ?”
“အရမ္းနီးေနလို႔”
“ဘာျပႆနာ႐ွိလို႔လဲ?” လီဂ်င္းယြမ္ ကသူမနားနားတြင္ ရယ္လိုက္သည္။
“ကိုယ္တို႔က မိသားစုေတြဆိုတာ လူတိုင္းက သိၿပီးသားပဲေလ”
အဲ့လိုဆိုေပမဲ့…
ေဇာင္ယုဟြမ္ ကမထိန္းခ်ဳပ္ႏိုင္ပဲ လွည့္ၾကည့္လိုက္သည္။ လင္းလန္ ကေျခလွမ္းအနည္းငယ္ က်န္ေနခဲ့ၿပီး သူမ မ်က္လုံးထဲမွ ခံစားခ်က္ေတြက တိုးမ်ားလာတာကို ျမင္ေနရသည္။
ေဇာင္ယုဟြမ္ သက္ျပင္းခ်လိုက္သည္။
28.5.2021 (Fri)
………………………
[text_hash] => e15c10a5
)