Array
(
[text] =>
Unicode
သူ့ရဲ့ယဉ်ကျေးတဲ့ အပြုအမူကနေ မိတ်ကပ်ပညာရှင်က ဘယ်လိုပြောနိုင်တော့မလဲ?
သူကချက်ချင်းပဲ တုန့်ပြန်လိုက်ပြီး ဘေးဘက်တွင် စောင့်ခိုင်းလိုက်သည်။ ဝေ့ကျဲ ကတခြားအလုပ်သမားတွေကို လိုက်ကြည့်နေရင်း သူ့နောက်မှ တိတ်ဆိတ်စွာ လိုက်သွားခဲ့သည်။
ခဏအကြာတွင် လီဂျင်းယွမ် စကားပြောတာကို ကြားလိုက်ရသည်။
“ငါမေးချင်တယ်၊ ဘာကြောင့် မစ္စတာဝမ် ကဒီလိုလုပ်ရတာလဲ?”
ဝေ့ကျဲ ကဒီစကားတွေကို ကြားလိုက်ချိန်တွင် တစ်ချို့အကြောင်းတွေကြောင့် သူ့ကျောမှ ကြက်သီးတွေ ထလာခဲ့သည်။
လီဂျင်းယွမ် မျက်နှာက စိတ်မကျေနပ်မှုက ထွက်ပေါ်လာပြီး မျက်နှာဖုံးကွာကျသွားသလို ခံစားလိုက်ရသည်။
တစ်ဖက်မှ ဟုန်ချန်းမင်း ရဲ့လက်ထဲမှာ ဘောပင်က ရုတ်တရက် ကျိုးသွားသည်။ အတွင်းရေးမှူးက လန့်သွားပြီး အသံတိုးလေးနဲ့ မေးလိုက်သည်။
“မစ္စတာဟုန်၊ ဒီစာချုပ်က ပြဿနာရှိနေလို့လား? မစ္စတာလီ ကိုလာဖို့ ခေါ်လိုက်ရမလား?”
*‘လီ’ ကလီဂျင်းယွမ် ရဲ့လီမဟုတ်*
ဟုန်ချန်းမင်း ကခေါင်းငုံ့လိုက်ကာ ကျိုးသွားတဲ့ ဘောပင်ကို ကောက်လိုက်ပြီး စားပွဲဘေးက အမှိုက်ပုံးထဲ ထည့်လိုက်သည်။ သူက အေးစက်စွာ ပြောလိုက်သည်။
“ဝမ်ယောင်ချန်း ရဲ့အလုပ်နေရာနဲ့ ချိတ်ပေး”
အတွင်းရေးမှူးက ထပ်ပြီးလန့်သွားပြီး စာချုပ်နဲ့ ဝမ်ယောင်ချန်း ကဘာမှမပတ်သတ်လို့ သိချင်သွားပြီး စာချုပ်ကို ဘယ်လောက်ပဲ ကြည့်လိုက်ပါစေ ဆက်နွယ်တာ ဘာတစ်ခုမှ ရှိမနေပေ။ သူမ မှားနေတယ်လို့ နားမလည်ခင်မှာ အတွေးတွေနဲ့ အချိန်ဖြုန်းနေမိတယ်လို့ သူမ တွေးလိုက်မိသည်။
အတွင်းရေးမှူးက အင်တာနက်မှ ဝမ်ယောင်ချန်း နဲ့ မိန်းကလေးဇောင် အကြောင်းကို သတိရသွားသည်။ အင်တာနက်တွင် မိန်းကလေးဇောင် နဲ့မစ္စတာဟုန် တို့က မိသားစုလို့လည်း ပြောထားကြသည်…
“ခဏလေးစောင့်ပေးပါ” အတွင်းရေးမှူးက ချက်ချင်း ပြောလိုက်သည်။
ဝမ်ယောင်ချန်း ရဲ့အေးဂျင့် က လီဂျင်းယွမ် နဲ့ဖုန်းပြောပြီးနောက် လက်ထောက်လေးက ဝင်လာပြီး ပြောလာသည်။
“အစ်ကိုကျောင် ကိုလူတစ်ယောက်က မေးပါတယ်” အေးဂျင့်ကျောင် ကသူ့ဖုန်းကမိုက်ကို လက်နဲ့ကာလိုက်ပြီး စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
“ဘယ်သူလဲ? အရေးမကြီးရင် ဖုန်းချလိုက်” ကျောင်ဟိုက် က လီဂျင်းယွမ် ကိုစိတ်မပျက်စေချင်ပေ။
လီဂျင်းယွမ် ရဲ့အခုလက်ရှိ အရှိန်က ဘာပဲဖြစ်နေပါစေ၊ သူက ဇောင်ယုဟွမ်နဲ့ အမျိုးတော်ပြီး ဝမ်ယောင်ချန်း ကလည်း သူမကို ပိုးပန်းချင်တာကြောင့် သူ့ကို ကောင်းကောင်း ဆက်ဆံပေးချင်နေသည်။ သို့သော် လက်ထောက်က မလှုပ်ပဲ ပြောလိုက်သည်။
“ဟုန်လေး ရဲ့ကုမ္ပဏီက ခေါ်လာတာပါ”
ကျောင်ဟိုက် က ဝမ်ယောင်ချန်း နဲ့ရှိုးပွဲကို သွားခဲ့တာကြောင့် ဟုန်လေးဆိုတာ ဘယ်သူမှန်း မသိပဲနေမလဲ?
ကျောင်ဟိုက် ကထိုစကားကို ကြားလိုက်ချိန်တွင် အံ့ဩသွားသည်။
ခဏလေး… ပထမက လီဂျင်းယွမ် ကခေါ်တယ်။
အခုတော့ ဟုန်ချန်းမင်း ကလည်း ဖုန်းခေါ်လာတယ်…
လီဂျင်းယွမ် ရဲ့ဖုန်းခေါ်ဆိုမှုက အကြီးမားဆုံး သဘောတူညီမှုဆိုရင် ဟုန်ချန်းမင်း ရဲ့ဖုန်းခေါ်မှုကိုလည်း လျစ်လျူရှုလို့ မရဘူး။ သူက စီးပွားရေး လောကမှာ ထိပ်ဆုံးကို တက်လှမ်းနေသူပဲ။
တကယ့်နယ်မြေ/ ရိုက်ကူးရေးနဲ့ TV အစီစဉ်တွေမှာ ဘာမှမရှိပေမဲ့ သူ့ပုံစံက တကယ့်သူဌေးကြီး ဖြစ်သည်။ သူက ငယ်သေးတုန်း ဖြစ်တာကြောင့် အဆုံးမှာ ဘယ်လောက်တောင် အင်အားရှိမလဲဆိုတာကို မခန့်မှန်းနိုင်ပေ။
ကျောင်ဟိုက် ကတကယ့်ကို မျက်နှာမပျက်စေချင်ပေ။ ဒီလူကလည်း မိန်းကလေးဇောင် ရဲ့အစ်ကိုကြီး ဆိုတာ ထည့်ပြောဖို့ မလိုပေ။
“တစ်ဖက်လူကို ပြောလိုက်။ စိတ်ရှည်ရှည်ကိုင်ထားပေးပါလို့။ ဒီကဖုန်းပြောပြီးတာနဲ့ မစ္စတာဟုန် ကိုပြန်ခေါ်လိုက်ပါမယ်လို့” လက်ထောက်က နားထောင်လိုက်သည်။
ကျောင်ဟိုက် ကလက်ထောက် ထွက်သွားသည်နှင့် သက်ပြင်းချလိုက်သည်။
သူတို့မှာ ဘာခံစားချက်တွေ ရှိနေကြတာလဲ?
အများကြီးတောင် မဟုတ်သေးဘူး။
ပါပါရာဇီက ရိုက်ယူပြီး အွန်လိုင်းပေါ် ပုံလေးနည်းနည်းလောက် တင်လိုက်ရုံပဲလေ။
ခဏလေးနဲ့ လီဂျင်းယွမ် ကခေါ်တယ်၊ ဟုန်ချန်းမင်း ကလည်း ခေါ်လာတယ်…
သူတို့က လက်ထပ်ထားတဲ့ စုံတွဲတွေလိုပဲ!
ထို့နောက် ကျောင်ဟိုက် ကတစ်ဖက်မှ လီဂျင်းယွမ် ရဲ့အေးစက်သည့် အသံကို ကြားလိုက်ရသည်။
“မစ္စတာကျောင် ရှိသေးလား?”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ မစ္စတာလီ၊ ဒီအခြေအနေက တကယ်တော့….”
“…ဒီအကြောင်းကို ကျွန်တော် မပြောသင့်ပေမဲ့ အစ်ကိုချန်း ကဖျော်ဖြေရေး လောကမှာ အရမ်းကောင်းတယ်။ မစ္စတာလီ လည်းဒီအကြောင်းကို သိမှာပါ။ အစ်ကိုချန်း က မိန်းကလေးဇောင် ကိုတကယ့်ကို သဘောကျလို့ နောက်ပြီး သူမကို တောင်းပန်ချင်လို့ မိန်းကလေးဇောင် နဲ့အတူတူ ထမင်းစားဖို့ ဖိတ်တာပါ။ တခြားအရာတွေအတွက်တော့ သူတို့ဆီက ဘာမှမကြားရသေးဘူးမလား? ထပ်ပြောရရင် မစ္စတာလီ၊ အစ်ကိုချန်း ကမကောင်းတဲ့လူ မဟုတ်ပါဘူး”
တစ်ဖက်မှ လီဂျင်းယွမ် ကနားထောင်နေရင်း ပိုပိုပြီး စိတ်ဆိုးလာခဲ့သည်။
ကျောင်ဟိုက် ပြောသည့် ဝမ်ယောင်ချန်း ကကောင်းတဲ့လူ ဖြစ်တယ်၊ ဟွမ်ဟွမ် ကိုတကယ် သဘောကျတယ်ဆိုတဲ့ စကားတွေကို ကြားလိုက်သည်နှင့် လီဂျင်းယွမ် ရဲ့နှလုံးသားက ပေါက်ကွဲထွက်လာသည်။
“မစ္စတာကျောင်” သူက အသံတိုးလေးနဲ့ ပြောလိုက်သည်။
ကျောင်ဟိုက် ရဲ့နှလုံးသားက တုန်လှုပ်သွားတာ ဘာကြောင့်လဲဆိုတာကို သိချင်ခဲ့သည်။
ထို့နောက် လက်ထောက်က ထပ်ဝင်လာခဲ့သည်။ ဒီတစ်ကြိမ်တော့ သူ့က ပိုပြီးတော့တောင် အလျင်လိုနေပြီး ထိတ်လန့်နေသည်။ သူမပြောခင် လက်ထောက်က ပြောလိုက်သည်။
“အစ်ကိုကျောင်၊ ဖုန်းလာတယ်…”
“မစ္စတာဟုန် ဘက်ကနေပဲလား?” ကျောင်ဟိုက် ကဖြတ်ပြောလိုက်သည်။ လက်ထောက်က သူ့ခေါင်းကို ခါ်လိုက်ပြီး တံတွေးမျိုချလိုက်သည်။
“မ… မဟုတ်ဘူး၊ ဒါက သူဌေးလန်…” ကျောင်ဟိုက် လည်းတံတွေးမျိုချလိုက်သည်။
အရင်က လန်မိသားစု အကြောင်းကို သူကြားခဲ့ဖူးသည်။ တစ်မိသားစုလုံးက အံ့ဩဖို့ကောင်းသည်။ လန်ဂျင်းဇီ ကတကယ့်ကို ချမ်းသာသည့် ဒုတိယမျိုးဆက် ဖြစ်ပြီးတော့ အင်အားကောင်းသည့် အဆင့်အတန်းရှိ လူဖြစ်သည်။
ရှာဖွေမှုရလဒ်မှ ဒီသူဌေးလန်က ဇောင်ယုဟွမ် ရဲ့ဝမ်းကွဲဖြစ်ကြောင်း သူသိခဲ့သည်။ သိသိသာသာပဲ ဇောင်ယုဟွမ် ကြောင့်ဖုန်းခေါ်လာတာ ဖြစ်သည်။
ကျောင်ဟိုက် ကထွက်ပေါ်လာသည့် ဖိအားတွေကြောင့် ထပ်ပြီးတံတွေး မျိုချလိုက်သည်။ အစက ဝမ်ယောင်ချန်း က ဇောင်ယုဟွမ် ကိုသဘောကျတာ အရမ်းကောင်းတယ်လို့ သူထင်ခဲ့သည်။ သူမက ငယ်ရွယ်တယ်၊ လှပတယ်၊ ပညာရေးလည်း ကောင်းတယ်။ နောက်ပြီး သူမက ငယ်ငယ်ရွယ်ရွယ်နဲ့ ချမ်းသာနေတာတော့ ပြောဖို့တောင် မလိုပေ။
ဒီလိုလူကောင်း တစ်ယောက်ကို ဘယ်သူက မလိုချင်ပဲ နေမလဲ?
ဒါပေမဲ့ အခုတော့ ဝမ်ယောင်ချန်း နဲ့ ဇောင်ယုဟွမ် တို့သာတွဲကြရင် သူတို့ဆက်ဆံရေးအတွက် ဘယ်လောက်တောင် ဖိအားတွေ ရှိနေလိမ့်မလဲဆိုတာ ကျောင်ဟိုက် သိချင်နေမိသည်။
ဇောင်ယုဟွမ် ရဲ့မိသားစု မျိုးရိုးက ဒင်မိသားစုဖြစ်သည်။ သူမက ဇောင်ရဲ့အင်အားကိုလည်း ကိုင်ထားသေးသည်။ သူမမှာ စီးပွားရေး လုပ်ငန်းရှင် အစ်ကိုရှိတယ်၊ အနုပညာပိုင်းက ငယ်ရွယ်တဲ့ တောက်ပတဲ့ ကြယ်ပွင့်လဲရှိတယ်။
နောက်ပြီး သူမဦးလေး မိသားစုက ပိုပြီးတော့တောင် အင်အားကောင်းသေးသည်။ လူတိုင်းက အင်အားအစစ်အမှန်တွေကို ကိုင်ထားကြသည်။
သူတို့က ဒိတ်တောင် မဒိတ်ရသေးပေမဲ့ သူတို့သာ စဒိတ်လိုက်ရင် မိန်းကလေးဇောင် ရဲ့ရွှေမျက်ရည်တွေ ကျဆင်းပြီး သူတို့လက်တွေကို မျက်ရည်နဲ့ ခွဲခွာရလိမ့်မလား?
“မစ္စတာကျောင်” လီဂျင်းယွမ် ရဲ့အသံက ထပ်ထွက်လာခဲ့သည်။ ကျောင်ဟိုက် ကအသံတိုးလေးနဲ့ ပြောလိုက်သည်။
“မစ္စတာလီ၊ ဒီကိစ္စကို ဘယ်လိုသဘောရလဲ?” လီဂျင်းယွမ် ကဒီစကားကို ကြားလိုက်ပြီးနောက် ပိုပြီးစိတ်ပျက်သွားသည်။
ဒါကို သူက ဘယ်လိုသဘောရရမှာလဲ?
ဘယ်လို သဘောတူရမှာလဲ?
သူ့ခေါင်းထဲတွင် အတွေးတစ်ခုက ထွက်လာခဲ့သည်။
“ဝမ်ယောင်ချန်း ကသူမကို သဘောမကျဖို့၊ သူမကို မချဉ်းကပ်ဖို့၊ သူမကို မပိုးပန်းဖို့ပဲ လိုချင်တယ်”
ဒီအတွေးတွေက မဆိုင်ဘူးလို့ လီဂျင်းယွမ် ခံစားမိနေသည်။
သူက သူမမောင်လေး အမည်ခံဖြစ်နေပေမဲ့ မဟုတ်ပေ။
ငါဘာလိုချင်တာလဲ?
ငါဘာတွေလုပ်နေတာလဲ?
လီဂျင်းယွမ် ရဲ့ဦးနှောက်က ကွဲကြေသွားပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးက စိတ်ရှုပ်ထွေးမှု၊ ဒေါသတွေထဲ နှစ်မြှုပ်သွားသည်။
“ဘယ်လိုလဲ၊ နောက်ကျရင် အစ်ကိုချန်း နဲ့ မစ္စတာလီ တိုက်ရိုက်ပြောလိုက်တာက ပိုအဆင်ပြေမလား? ကျွန်တော် ဒီအကြောင်းကို ဖုံးကွယ်မထားချင်ပါဘူး၊ မစ္စတာဟုန် နဲ့ မစ္စတာလန် တို့ကလည်း ဖုန်းခေါ်လာကြလို့ ကျွန်တော် ပြန်ခေါ်ရမယ်” ကျောင်ဟိုက် ကပြောလိုက်သည်။
လီဂျင်းယွမ် ကဖုန်းချလိုက်သည်။
ကျောင်ဟိုက် ကချက်ချင်းပဲ ဟုန်ချန်းမင်း ကိုပြန်ခေါ်လိုက်သည်။ ဖုန်းခေါ်ပြီး မကြာခင် လီဂျင်းယွမ် ကိုပြောခဲ့သလိုမျိုးပဲ သူပြောလိုက်ရသည်။
ဝမ်ယောင်ချန်း ရဲ့ရိုးသားမှုကို ကျိန်ဆိုလိုက်ရပေမဲ့ ဒီတစ်ကြိမ်က တစ်ဖက်လူကို နှစ်သိမ့်မပေးနိုင်ပဲ ပိုတောင်ဒေါသဖြစ်စေသွားခဲ့သည်။
ကျောင်ဟိုက် ကဘာကြောင့်လဲဆိုတာ နားမလည်ပဲ သူ့ခေါင်းထဲတွင် စိတ်ရှုပ်ထွေးမှုတွေက ပြည့်နေသည်။ သူက စကားပြော ကောင်းတယ်လို့ တွေးခဲ့မိတာလား?
ကျောင်ဟိုက် ကထိုအကြောင်းကို ဆက်တောင်မတွေးနိုင်ပဲ အလျင်အမြန်ပင် လန်ဂျင်းဇီ ဆီဖုန်းပြန်ခေါ်လိုက်သည်။
“ငါဖုန်းခေါ်ရတာ မစ္စတာဝမ် ကငါ့ညီမနဲ့ ဘယ်အခြေအနေအထိ ရောက်နေလဲဆိုတာကို သိချင်လို့ပဲ” လန်ဂျင်းဇီ ရဲ့အသံက အနည်းငယ် အေးစက်နေပြီး ကျောင်ဟိုက် ကသူဌေးရှေ့တွင် အစီရင်ခံစာ တင်နေရသလိုမျိုး ခံစားလိုက်ရသည်။
“မရှိပါဘူး၊ ထမင်းအတူ စားရုံပါပဲ၊ ထမင်းစားရုံပါပဲ။ အစ်ကိုချန်း ကမိန်းကလေးဇောင် ကိုခံစားချက်ရှိနေတာ ဒီလောက်ပါပဲ” ကျောင်ဟိုက် ကချွေးတွေကို သုတ်လိုက်ရင်း ပြောလိုက်သည်။
“ဒါကို ပါပါရာဇီတွေက ဘာကြောင့် ရိုက်ထားရတာလဲ?”
“အခုချိန်က မိန်းကလေးဇောင်ကို အာရုံစိုက်နေကြတာဖြစ်လို့ ပါပါရာဇီတွေက ဓာတ်ပုံရိုက်တာက ဖြစ်နိုင်တာပဲ”
“မစ္စတာဝမ် ဘယ်အချိန်အားလဲ? မစ္စတာဝမ်နဲ့ တွေ့ဖို့စီစဉ်ပေး”
ကျောင်ဟိုက် ကသူ့နှလုံး လည်ချောင်းအထိ ရောက်လာသလို ခံစားလိုက်ရသည်။
“ဒါက.. မစ္စတာလန်၊ ဒါက မစ္စတာလန် အဆင်ပြေတဲ့အချိန် ရပါတယ်…”
အချိန်ကို သတ်မှတ်ပြီးနောက် ကျောင်ဟိုက် ကဖုန်းကိုချလိုက်ပြီး ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားသည်။ ဝမ်ယောင်ချန်း နောက်ကို သူလိုက်ခဲ့တာ နှစ်အတော်ကြာခဲ့ပြီ။
ကြီးမားများပြားတဲ့ မုန်တိုင်းတွေ ရှိခဲ့ပေမဲ့ ဒီနေ့လို ဖိအားများတဲ့နေ့ တစ်ခါမှ မကြုံတွေ့ဖူးပေ။
ဝမ်ယောင်ချန်း ကသူ့စတူဒီယိုကို ပြန်လာချိန်တွင် ကျောင်ဟိုက် ကဆိုဖာပေါ် ထိုင်နေတာကို မြင်လိုက်ရသည်။ လူနှစ်ယောက်မှာ တစ်ယောက်က အပြုံးတွေနဲ့ ပြည့်နေပေမဲ့ တခြားတစ်ယောက်ကတော့ အရောင်စုံလင်နေသည်။
“အစ်ကိုချန်း၊ တချို့အကြောင်းတွေ ဆွေးနွေးရအောင်”
“ဟမ်?” ဝမ်ယောင်ချန်း ကကြည့်လိုက်သည်။
“မိန်းကလေးဇောင် နဲ့ပတ်သက်ပြီးလား?” ကျောင်ဟိုက် ကရပ်သွားကာ ဒီနေ့ဝင်လာတဲ့ ဖုန်းကောသုံးကောကို ဝမ်ယောင်ချန်း အားပြောပြလိုက်သည်။
“အဆင်ပြေပါတယ်။ ဒီလိုဖြစ်လာမယ်လို့ ငါထင်ပြီးသား။ မိန်းကလေးဇောင် ရဲ့ဆန္ဒကသာ အရေးကြီးဆုံးပါ” ဝမ်ယောင်ချန်း ကပေါ့ပါးစွာ ပြောလိုက်သည်။
သို့သော် ဒီစကားကို ပြောလိုက်ချိန်တွင် နည်းနည်း တွေးမိသွားသည်။ ဒါက နည်းနည်း ထူးဆန်းနေသလို ခံစားရပေမဲ့ ဘယ်နေရာကလဲဆိုတာကို သူမပြောနိုင်ပေ။
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့ တုန့်ပြန်မှုက အတော်လေးကို ရန်မူပုံပေါ်နေရတာလဲ?
မစ္စတာလန် ကဖုန်းခေါ်လာပေမဲ့ သူ့အသံက နည်းနည်းတော့ မတူဘူး…
သူတို့က ဘယ်လိုကွာခြားတာလဲ?
ဝမ်ယောင်ချန်း မသိပေ။ နောက်ပြီး မိန်းကလေးဇောင် ကကောင်လေး ရှိပြီးသားဆိုတာ သူတို့ မသိကြတာလား?
ဒါမှမဟုတ် မိန်းကလေးဇောင် ကကောင်လေး မရှိဘူးလို့ လိမ်ထားတာလား?
ဝမ်ယောင်ချန်း မသေချာပေ။
ဇောင်ယုဟွမ် က ဝမ်ယောင်ချန်း နဲ့အတူတူ ထမင်းစားတဲ့အကြောင်း အင်တာနက်မှာ ပျံ့နေပြီး လန်ဂျင်းဇီ တောင်သိသွားတာကို မသိပေ။ ဒါက လူတိုင်းကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ သူမ အိမ်ပြန်ရောက်ချိန်တွင် အခန်းကို ကြည့်လိုက်ပြီး ဘယ်သူမှမရှိတာကြောင့် လီဂျင်းယွမ် တို့ကိုမစောင့်တော့ပဲ စားသောက်ပြီးနောက် ရေချိုးကာ အိပ်လိုက်သည်။
နောက်မနက်တွင် ထပ်ရိုက်ကူးဖို့ သူမ သွားရလိမ့်မည်။ သို့သော် သူမ နိုးလာချိန်တွင် ဝန်ထမ်း တစ်ယောက်မှ မရောက်သေးတာကို မြင်လိုက်ရသည်။
ဇောင်ယုဟွမ် ကဖုန်းထုတ်လိုက်ပြီး အဖွဲ့ဆီကို ဖုန်းခေါ်လိုက်ပေမဲ့ လန်ဂျင်းဇီ ထံမှ အရင် ဖုန်းဝင်လာခဲ့သည်။
“အစ်ကို?”
လန်ဂျင်းဇီ ကဒီနေ့ထပ်ပြီး လေဆိပ်ပို့ပေးမလို့လား?
“ခဏနေရင် ညီမလေးကို လာခေါ်မယ်။ အဖိုးနဲ့အတူတူ မနက်စာစားပြီးမှ လေဆိပ်လိုက်ပို့ပေးမယ်။ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကို အစ်ကို ပြောထားပြီးပြီ” လန်ဂျင်းဇီ ကပြောလိုက်သည်။ ဇောင်ယုဟွမ် ကပြောလိုက်သည်။
“အင်း၊ အိုကေ၊ ဒီနေ့ ထူးခြားတဲ့နေ့လား?”
“မဟုတ်ဘူး၊ အဖိုးက ညီမလေးကို သတိရလို့” လန်ဂျင်းဇီ ကရပ်လိုက်ပြီး သေရင်တောင် ထုတ်ပြောမှာ မဟုတ်တဲ့ စကားကို ညှစ်ထုတ်ကာ ပြောလိုက်သည်။
“အစ်ကိုလည်း ညီမလေးကို သတိရလို့”
ဇောင်ယုဟွမ် ကမထိန်းနိုင်ပဲ ရယ်လိုက်သည်။
“အင်း၊ ဒါဆို အစ်ကို့ကို စောင့်နေမယ်။ ဟွမ်ဟွမ် လည်းအစ်ကို့ကို သတိရတယ်”
ရှိုးပွဲနဲ့ယှဉ်ရင် မိသားစုက ပိုအရေးကြီးတယ်!
တစ်ဖက်မှ လန်ဂျင်းဇီ ကမျက်မှောင် နည်းနည်းကြုတ်သွားပေမဲ့ ချက်ချင်း ပြန်ပြေသွားသည်။ သူမအသံက အပြစ်ကင်းပြီး ချစ်ဖို့ကောင်းနေတုန်းပင်။
သူမက ဇောင်ချီ အရှေ့တုန်းကလို ဆိုးရွားတဲ့ပုံ မရှိနေပေမဲ့ ဇောင်ချီ သေသွားချိန်တွင် သူမကလည်း ပုံမှန်အခြေအနေကို ပြန်ရောက်သွားခဲ့သည်။ တစ်ခါတစ်လေ နူးညံ့သည်။ တခြားသူတွေရဲ့ နှလုံးသားတွေမှာ သူမက ပိုပြီးနူးညံ့ပုံ ပေါ်လာသည်။
သူမပျော်ရွှင်နေတာကို သူမြင်ရရင် သူမ ဒိတ်တာမဒိတ်တာကို သူ ဂရုမစိုက်ဘူး။ နောက်ပြီး သူမအမေကို ဆုံးရှုံးသွားချိန်တုန်းက သူမအတွက် သူဘာမှမလုပ်ပေးခဲ့နိုင်ဘူး။
သိပ်မကြာခင် အတွင်းရေးချန်း ကဗီလာဆီ ကားမောင်းလာခဲ့သည်။ အတွင်းရေးမှူးချန်း ကစိတ်လှုပ်ရှားစွာဖြင့် ဇောင်ယုဟွမ် ကိုကူညီကာ သူမအိတ်ကို ကားထဲထည့်ပေးလိုက်သည်။
လန်ဂျင်းဇီ က ဇောင်ယုဟွမ် ကိုကားထဲဝင်ဖို့ လုပ်ပေးလိုက်ပြီး ထိုင်ခံုခါးပတ်ပါ ပတ်ပေးလိုက်သည်။
“ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က သူတို့ဘာသာ သွားကြတာလား?”
“အင်း” ခါးပတ်ပတ်ပြီးနောက် လန်ဂျင်းဇီ ကထိုင်လိုက်သည်။
ဇောင်ယုဟွမ် ကဖုန်းထုတ်လိုက်ပြီး လန်ဂျင်းဇီ ကိုချီးကျူးထားသည့် Weibo မှကွန့်မန့်တွေကို ဖတ်ပြလိုက်သည်။ မကောင်းသည့် ရည်ရွယ်ချက်ပါတဲ့ ကွန့်မန့်တွေကိုတော့ သူမက ဖယ်ထားလိုက်သည်။
“… အကုန်လုံးက အစ်ကိုကို့ ချီးကျူးထားကြတာ”
ဖတ်ပြပြီးနောက် ဇောင်ယုဟွမ် ကခဏရပ်လိုက်ပြီး လန်ဂျင်းဇီ ဘယ်လိုပုံစံ ရှိမလဲဆိုတာကို မြင်ရဖို့အတွက် လှည့်ကြည့်လိုက်သည်။ ထိုအကြောင်းကြောင့် လန်ဂျင်းဇီ ရဲ့အမူအရာက ဘာမှမပြောင်းလဲပဲ သူမကိုသာ တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်နေပြီး သူ့အကြည့်ထဲတွင် မထင်ရှားသည့် နူးညံ့မှုတွေရှိနေသည်။
ဇောင်ယုဟွမ် အံ့ဩသွားသည်။ သူ့အတွက် သူမဖတ်ပြသည့် ကွန့်မန့်တွေက တခြားသူတွေက ချီးကျူးတာဆိုရင် လူတိုင်းက သဘောကျတတ်ကြသည်။ သူက အရမ်းတော်ပြီးသား လူတစ်ယောက်ဆိုတာ ပြောဖို့မလိုပေ။
သို့သော် လန်ဂျင်းဇီ ပုံစံကတော့ ဘာတုန့်ပြန်မှုမှ ရှိမနေပေ။ ကောင်းပြီ၊ နောက်ကျတဲ့ အရာတွေက နောက်ကျပြီး ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး။
သူ့ကိုယ်သူ စည်းကမ်းတင်းကြပ်တဲ့ လူတစ်ယောက်က အရိုးစွဲပြီးသားပဲ။ ဇောင်ယုဟွမ် ကနည်းနည်းတော့ မကျေမနပ် ဖြစ်သွားပြီး ခေါ်လိုက်သည်။
“အစ်ကို”
“ဟမ်?” လန်ဂျင်းဇီ ကသူမကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ညီမလေးကို ချီးကျူးထားတာမျိုး ရှိလို့လား?” ဇောင်ယုဟွမ် ကပြောလိုက်သည်။
“ရှိတာပေါ့၊ အများကြီးပဲ!”
“ဒါဆို ညီမလေးကို ချီးကျူးထားတဲ့ တစ်ခုလောက် ကျယ်ကျယ်ဖတ်ပြ” ဇောင်ယုဟွမ် ကပြောလိုက်သည်။
“…ဒါက အရမ်းရှက်ဖို့ကောင်းတယ်”
လန်ဂျင်းဇီ : “ဒါဆို အစ်ကို ဖတ်လိုက်မယ်”
စကားပြောနေချိန် သူ့ဖုန်းကို ထုတ်လိုက်ပြီး Weibo ထဲဝင်လိုက်သည်။
သူ့လှုပ်ရှားမှုကို ဇောင်ယုဟွမ် မြင်လိုက်ချိန်တွင် : ???
ဘယ်အချိန်တုန်းက လန်ဂျင်းဇီ ကဒီဟာကို သင်ခဲ့တာလဲ?!
ဇောင်ယုဟွမ် ရဲ့မှတ်ဉာဏ်ထဲတွင် လန်ဂျင်းဇီ ရဲ့ဖုန်းက ဖျော်ဖြေရေးနဲ့ ပတ်သက်တဲ့ ဘာဆော့ဖ်ဝဲလ်မှ မရှိပေ။ သူက Weibo မပြောနဲ့ Anipop ကိုတောင် မသုံးပေ။ ဒါပေမဲ့ သူက အခုတော့ Weibo ကိုတောင် သုံးနေပြီလား?
ဒါတွင်မကပဲ မျက်နှာပြင်တွင် ရင်းနှီးသည့် ဆော့ဖ်ဝဲလ်တွေကိုတောင် ဇောင်ယုဟွမ် မြင်လိုက်သည်။
ဇောင်ယုဟွမ် ကသတိပြန်မဝင်ခင် လန်ဂျင်းဇီ ကကွန့်မန့်ထဲ ဝင်လိုက်ပြီး အသံတိုးလေးနဲ့ ဖတ်လိုက်သည်။
“ဟွမ်ဟွမ် ကအရမ်းချစ်ဖို့ကောင်းတာပဲ၊ အာ”
ဇောင်ယုဟွမ် ရဲ့ပထမဆုံး ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။ သူမက လန်ဂျင်းဇီ ရဲ့လက်ကောက်ဝတ်ကို ကိုင်လိုက်ပြီး ဖုန်းအနားကို တိုးကြည့်လိုက်ပြီးနောက် မထိန်းချုပ်နိုင်စွာဖြင့် ရယ်လိုက်သည်။
ကွန့်မန့်နေရာကို ညွှန်ပြလိုက်ပြီး… “ဟွမ်ဟွမ် ကတကယ်ပဲ အရမ်းကို ချစ်ဖို့ကောင်းတာပဲ၊ အားးးးး” ပြောလိုက်ကာ “အစ်ကို၊ အဆုံးထိ ဖတ်ဖို့မလိုပါဘူး။ ဒီစာကြောင်း တစ်ခုလုံးကို အသံနေအသံထားနဲ့ပဲ ပြောဖို့လိုတယ်”
လန်ဂျင်းဇီ ကအေးခဲသွားပြီး ထိုစာကြောင်းကို စိုက်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းက တင်းသွားလိုက် လျော့သွားလိုက်နဲ့ အကြိမ်များစွာ ဖြစ်သွားသည်။ လန်ဂျင်းဇီ ကအမူအရာမဲ့စွာနဲ့ ထပ်ပြောလိုက်သည်။
“အားးးးး”
ဇောင်ယုဟွမ် ကအကျယ်ကြီး ထရယ်လိုက်သည်။
လန်ဂျင်းဇီ ကိုစနောက်ပြီးနောက် ကားကလည်း ယွဲ့လန် ဗီလာကို ရောက်လာခဲ့သည်။ လန်ဂျင်းဇီ ကကွန့်မန့်နေရာကို ထပ်ပြီးကြည့်လိုက်သည်….
“ဇောင်ယုဟွမ် ကတကယ့်ကို မင်းသမီးလေးပဲ၊ အားးး! မင်းသမီးလေး ဘဝရှိပေမဲ့ မာနမကြီးဘူး! သူမကို မချစ်ပဲ ဘယ်လိုလုပ်ပြီး နေနိုင်မှာလဲ?!”
လန်ဂျင်းဇီ ကသတိလက်လွတ် ပြုံးလိုက်သည်။
သူမကို မချစ်ပဲ ဘယ်လိုလုပ်ပြီး နေနိုင်မှာလဲ?
ဒါမှန်တယ်။
26.5.2021 (Wed)
………………………..
Zawgyi
သူ႕ရဲ႕ယဥ္ေက်းတဲ့ အျပဳအမူကေန မိတ္ကပ္ပညာ႐ွင္က ဘယ္လိုေျပာႏိုင္ေတာ့မလဲ?
သူကခ်က္ခ်င္းပဲ တုန္႔ျပန္လိုက္ၿပီး ေဘးဘက္တြင္ ေစာင့္ခိုင္းလိုက္သည္။ ေဝ့က်ဲ ကတျခားအလုပ္သမားေတြကို လိုက္ၾကည့္ေနရင္း သူ႕ေနာက္မွ တိတ္ဆိတ္စြာ လိုက္သြားခဲ့သည္။
ခဏအၾကာတြင္ လီဂ်င္းယြမ္ စကားေျပာတာကို ၾကားလိုက္ရသည္။
“ငါေမးခ်င္တယ္၊ ဘာေၾကာင့္ မစၥတာဝမ္ ကဒီလိုလုပ္ရတာလဲ?”
ေဝ့က်ဲ ကဒီစကားေတြကို ၾကားလိုက္ခ်ိန္တြင္ တစ္ခ်ိဳ႕အေၾကာင္းေတြေၾကာင့္ သူ႕ေက်ာမွ ၾကက္သီးေတြ ထလာခဲ့သည္။
လီဂ်င္းယြမ္ မ်က္ႏွာက စိတ္မေက်နပ္မႈက ထြက္ေပၚလာၿပီး မ်က္ႏွာဖုံးကြာက်သြားသလို ခံစားလိုက္ရသည္။
တစ္ဖက္မွ ဟုန္ခ်န္းမင္း ရဲ႕လက္ထဲမွာ ေဘာပင္က ႐ုတ္တရက္ က်ိဳးသြားသည္။ အတြင္းေရးမႉးက လန္႔သြားၿပီး အသံတိုးေလးနဲ႔ ေမးလိုက္သည္။
“မစၥတာဟုန္၊ ဒီစာခ်ဳပ္က ျပႆနာ႐ွိေနလို႔လား? မစၥတာလီ ကိုလာဖို႔ ေခၚလိုက္ရမလား?”
*‘လီ’ ကလီဂ်င္းယြမ္ ရဲ႕လီမဟုတ္*
ဟုန္ခ်န္းမင္း ကေခါင္းငုံ႔လိုက္ကာ က်ိဳးသြားတဲ့ ေဘာပင္ကို ေကာက္လိုက္ၿပီး စားပြဲေဘးက အမိႈက္ပုံးထဲ ထည့္လိုက္သည္။ သူက ေအးစက္စြာ ေျပာလိုက္သည္။
“ဝမ္ေယာင္ခ်န္း ရဲ႕အလုပ္ေနရာနဲ႔ ခ်ိတ္ေပး”
အတြင္းေရးမႉးက ထပ္ၿပီးလန္႔သြားၿပီး စာခ်ဳပ္နဲ႔ ဝမ္ေယာင္ခ်န္း ကဘာမွမပတ္သတ္လို႔ သိခ်င္သြားၿပီး စာခ်ဳပ္ကို ဘယ္ေလာက္ပဲ ၾကည့္လိုက္ပါေစ ဆက္ႏြယ္တာ ဘာတစ္ခုမွ ႐ွိမေနေပ။ သူမ မွားေနတယ္လို႔ နားမလည္ခင္မွာ အေတြးေတြနဲ႔ အခ်ိန္ျဖဳန္းေနမိတယ္လို႔ သူမ ေတြးလိုက္မိသည္။
အတြင္းေရးမႉးက အင္တာနက္မွ ဝမ္ေယာင္ခ်န္း နဲ႔ မိန္းကေလးေဇာင္ အေၾကာင္းကို သတိရသြားသည္။ အင္တာနက္တြင္ မိန္းကေလးေဇာင္ နဲ႔မစၥတာဟုန္ တို႔က မိသားစုလို႔လည္း ေျပာထားၾကသည္…
“ခဏေလးေစာင့္ေပးပါ” အတြင္းေရးမႉးက ခ်က္ခ်င္း ေျပာလိုက္သည္။
ဝမ္ေယာင္ခ်န္း ရဲ႕ေအးဂ်င့္ က လီဂ်င္းယြမ္ နဲ႔ဖုန္းေျပာၿပီးေနာက္ လက္ေထာက္ေလးက ဝင္လာၿပီး ေျပာလာသည္။
“အစ္ကိုေက်ာင္ ကိုလူတစ္ေယာက္က ေမးပါတယ္” ေအးဂ်င့္ေက်ာင္ ကသူ႕ဖုန္းကမိုက္ကို လက္နဲ႔ကာလိုက္ၿပီး စိတ္မ႐ွည္စြာျဖင့္ ေျပာလိုက္သည္။
“ဘယ္သူလဲ? အေရးမႀကီးရင္ ဖုန္းခ်လိုက္” ေက်ာင္ဟိုက္ က လီဂ်င္းယြမ္ ကိုစိတ္မပ်က္ေစခ်င္ေပ။
လီဂ်င္းယြမ္ ရဲ႕အခုလက္႐ွိ အ႐ွိန္က ဘာပဲျဖစ္ေနပါေစ၊ သူက ေဇာင္ယုဟြမ္နဲ႔ အမ်ိဳးေတာ္ၿပီး ဝမ္ေယာင္ခ်န္း ကလည္း သူမကို ပိုးပန္းခ်င္တာေၾကာင့္ သူ႕ကို ေကာင္းေကာင္း ဆက္ဆံေပးခ်င္ေနသည္။ သို႔ေသာ္ လက္ေထာက္က မလႈပ္ပဲ ေျပာလိုက္သည္။
“ဟုန္ေလး ရဲ႕ကုမၸဏီက ေခၚလာတာပါ”
ေက်ာင္ဟိုက္ က ဝမ္ေယာင္ခ်န္း နဲ႔႐ိႈးပြဲကို သြားခဲ့တာေၾကာင့္ ဟုန္ေလးဆိုတာ ဘယ္သူမွန္း မသိပဲေနမလဲ?
ေက်ာင္ဟိုက္ ကထိုစကားကို ၾကားလိုက္ခ်ိန္တြင္ အံ့ဩသြားသည္။
ခဏေလး… ပထမက လီဂ်င္းယြမ္ ကေခၚတယ္။
အခုေတာ့ ဟုန္ခ်န္းမင္း ကလည္း ဖုန္းေခၚလာတယ္…
လီဂ်င္းယြမ္ ရဲ႕ဖုန္းေခၚဆိုမႈက အႀကီးမားဆုံး သေဘာတူညီမႈဆိုရင္ ဟုန္ခ်န္းမင္း ရဲ႕ဖုန္းေခၚမႈကိုလည္း လ်စ္လ်ဴ႐ႈလို႔ မရဘူး။ သူက စီးပြားေရး ေလာကမွာ ထိပ္ဆုံးကို တက္လွမ္းေနသူပဲ။
တကယ့္နယ္ေျမ/ ႐ိုက္ကူးေရးနဲ႔ TV အစီစဥ္ေတြမွာ ဘာမွမ႐ွိေပမဲ့ သူ႕ပုံစံက တကယ့္သူေဌးႀကီး ျဖစ္သည္။ သူက ငယ္ေသးတုန္း ျဖစ္တာေၾကာင့္ အဆုံးမွာ ဘယ္ေလာက္ေတာင္ အင္အား႐ွိမလဲဆိုတာကို မခန္႔မွန္းႏိုင္ေပ။
ေက်ာင္ဟိုက္ ကတကယ့္ကို မ်က္ႏွာမပ်က္ေစခ်င္ေပ။ ဒီလူကလည္း မိန္းကေလးေဇာင္ ရဲ႕အစ္ကိုႀကီး ဆိုတာ ထည့္ေျပာဖို႔ မလိုေပ။
“တစ္ဖက္လူကို ေျပာလိုက္။ စိတ္႐ွည္႐ွည္ကိုင္ထားေပးပါလို႔။ ဒီကဖုန္းေျပာၿပီးတာနဲ႔ မစၥတာဟုန္ ကိုျပန္ေခၚလိုက္ပါမယ္လို႔” လက္ေထာက္က နားေထာင္လိုက္သည္။
ေက်ာင္ဟိုက္ ကလက္ေထာက္ ထြက္သြားသည္ႏွင့္ သက္ျပင္းခ်လိုက္သည္။
သူတို႔မွာ ဘာခံစားခ်က္ေတြ ႐ွိေနၾကတာလဲ?
အမ်ားႀကီးေတာင္ မဟုတ္ေသးဘူး။
ပါပါရာဇီက ႐ိုက္ယူၿပီး အြန္လိုင္းေပၚ ပုံေလးနည္းနည္းေလာက္ တင္လိုက္႐ုံပဲေလ။
ခဏေလးနဲ႔ လီဂ်င္းယြမ္ ကေခၚတယ္၊ ဟုန္ခ်န္းမင္း ကလည္း ေခၚလာတယ္…
သူတို႔က လက္ထပ္ထားတဲ့ စုံတြဲေတြလိုပဲ!
ထို႔ေနာက္ ေက်ာင္ဟိုက္ ကတစ္ဖက္မွ လီဂ်င္းယြမ္ ရဲ႕ေအးစက္သည့္ အသံကို ၾကားလိုက္ရသည္။
“မစၥတာေက်ာင္ ႐ွိေသးလား?”
“ဟုတ္ကဲ့၊ ဟုတ္ကဲ့၊ ဟုတ္ကဲ့၊ မစၥတာလီ၊ ဒီအေျခအေနက တကယ္ေတာ့….”
“…ဒီအေၾကာင္းကို ကြၽန္ေတာ္ မေျပာသင့္ေပမဲ့ အစ္ကိုခ်န္း ကေဖ်ာ္ေျဖေရး ေလာကမွာ အရမ္းေကာင္းတယ္။ မစၥတာလီ လည္းဒီအေၾကာင္းကို သိမွာပါ။ အစ္ကိုခ်န္း က မိန္းကေလးေဇာင္ ကိုတကယ့္ကို သေဘာက်လို႔ ေနာက္ၿပီး သူမကို ေတာင္းပန္ခ်င္လို႔ မိန္းကေလးေဇာင္ နဲ႔အတူတူ ထမင္းစားဖို႔ ဖိတ္တာပါ။ တျခားအရာေတြအတြက္ေတာ့ သူတို႔ဆီက ဘာမွမၾကားရေသးဘူးမလား? ထပ္ေျပာရရင္ မစၥတာလီ၊ အစ္ကိုခ်န္း ကမေကာင္းတဲ့လူ မဟုတ္ပါဘူး”
တစ္ဖက္မွ လီဂ်င္းယြမ္ ကနားေထာင္ေနရင္း ပိုပိုၿပီး စိတ္ဆိုးလာခဲ့သည္။
ေက်ာင္ဟိုက္ ေျပာသည့္ ဝမ္ေယာင္ခ်န္း ကေကာင္းတဲ့လူ ျဖစ္တယ္၊ ဟြမ္ဟြမ္ ကိုတကယ္ သေဘာက်တယ္ဆိုတဲ့ စကားေတြကို ၾကားလိုက္သည္ႏွင့္ လီဂ်င္းယြမ္ ရဲ႕ႏွလုံးသားက ေပါက္ကြဲထြက္လာသည္။
“မစၥတာေက်ာင္” သူက အသံတိုးေလးနဲ႔ ေျပာလိုက္သည္။
ေက်ာင္ဟိုက္ ရဲ႕ႏွလုံးသားက တုန္လႈပ္သြားတာ ဘာေၾကာင့္လဲဆိုတာကို သိခ်င္ခဲ့သည္။
ထို႔ေနာက္ လက္ေထာက္က ထပ္ဝင္လာခဲ့သည္။ ဒီတစ္ႀကိမ္ေတာ့ သူ႕က ပိုၿပီးေတာ့ေတာင္ အလ်င္လိုေနၿပီး ထိတ္လန္႔ေနသည္။ သူမေျပာခင္ လက္ေထာက္က ေျပာလိုက္သည္။
“အစ္ကိုေက်ာင္၊ ဖုန္းလာတယ္…”
“မစၥတာဟုန္ ဘက္ကေနပဲလား?” ေက်ာင္ဟိုက္ ကျဖတ္ေျပာလိုက္သည္။ လက္ေထာက္က သူ႕ေခါင္းကို ခၚလိုက္ၿပီး တံေတြးမ်ိဳခ်လိုက္သည္။
“မ… မဟုတ္ဘူး၊ ဒါက သူေဌးလန္…” ေက်ာင္ဟိုက္ လည္းတံေတြးမ်ိဳခ်လိုက္သည္။
အရင္က လန္မိသားစု အေၾကာင္းကို သူၾကားခဲ့ဖူးသည္။ တစ္မိသားစုလုံးက အံ့ဩဖို႔ေကာင္းသည္။ လန္ဂ်င္းဇီ ကတကယ့္ကို ခ်မ္းသာသည့္ ဒုတိယမ်ိဳးဆက္ ျဖစ္ၿပီးေတာ့ အင္အားေကာင္းသည့္ အဆင့္အတန္း႐ွိ လူျဖစ္သည္။
႐ွာေဖြမႈရလဒ္မွ ဒီသူေဌးလန္က ေဇာင္ယုဟြမ္ ရဲ႕ဝမ္းကြဲျဖစ္ေၾကာင္း သူသိခဲ့သည္။ သိသိသာသာပဲ ေဇာင္ယုဟြမ္ ေၾကာင့္ဖုန္းေခၚလာတာ ျဖစ္သည္။
ေက်ာင္ဟိုက္ ကထြက္ေပၚလာသည့္ ဖိအားေတြေၾကာင့္ ထပ္ၿပီးတံေတြး မ်ိဳခ်လိုက္သည္။ အစက ဝမ္ေယာင္ခ်န္း က ေဇာင္ယုဟြမ္ ကိုသေဘာက်တာ အရမ္းေကာင္းတယ္လို႔ သူထင္ခဲ့သည္။ သူမက ငယ္႐ြယ္တယ္၊ လွပတယ္၊ ပညာေရးလည္း ေကာင္းတယ္။ ေနာက္ၿပီး သူမက ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ခ်မ္းသာေနတာေတာ့ ေျပာဖို႔ေတာင္ မလိုေပ။
ဒီလိုလူေကာင္း တစ္ေယာက္ကို ဘယ္သူက မလိုခ်င္ပဲ ေနမလဲ?
ဒါေပမဲ့ အခုေတာ့ ဝမ္ေယာင္ခ်န္း နဲ႔ ေဇာင္ယုဟြမ္ တို႔သာတြဲၾကရင္ သူတို႔ဆက္ဆံေရးအတြက္ ဘယ္ေလာက္ေတာင္ ဖိအားေတြ ႐ွိေနလိမ့္မလဲဆိုတာ ေက်ာင္ဟိုက္ သိခ်င္ေနမိသည္။
ေဇာင္ယုဟြမ္ ရဲ႕မိသားစု မ်ိဳး႐ိုးက ဒင္မိသားစုျဖစ္သည္။ သူမက ေဇာင္ရဲ႕အင္အားကိုလည္း ကိုင္ထားေသးသည္။ သူမမွာ စီးပြားေရး လုပ္ငန္း႐ွင္ အစ္ကို႐ွိတယ္၊ အႏုပညာပိုင္းက ငယ္႐ြယ္တဲ့ ေတာက္ပတဲ့ ၾကယ္ပြင့္လဲ႐ွိတယ္။
ေနာက္ၿပီး သူမဦးေလး မိသားစုက ပိုၿပီးေတာ့ေတာင္ အင္အားေကာင္းေသးသည္။ လူတိုင္းက အင္အားအစစ္အမွန္ေတြကို ကိုင္ထားၾကသည္။
သူတို႔က ဒိတ္ေတာင္ မဒိတ္ရေသးေပမဲ့ သူတို႔သာ စဒိတ္လိုက္ရင္ မိန္းကေလးေဇာင္ ရဲ႕ေ႐ႊမ်က္ရည္ေတြ က်ဆင္းၿပီး သူတို႔လက္ေတြကို မ်က္ရည္နဲ႔ ခြဲခြာရလိမ့္မလား?
“မစၥတာေက်ာင္” လီဂ်င္းယြမ္ ရဲ႕အသံက ထပ္ထြက္လာခဲ့သည္။ ေက်ာင္ဟိုက္ ကအသံတိုးေလးနဲ႔ ေျပာလိုက္သည္။
“မစၥတာလီ၊ ဒီကိစၥကို ဘယ္လိုသေဘာရလဲ?” လီဂ်င္းယြမ္ ကဒီစကားကို ၾကားလိုက္ၿပီးေနာက္ ပိုၿပီးစိတ္ပ်က္သြားသည္။
ဒါကို သူက ဘယ္လိုသေဘာရရမွာလဲ?
ဘယ္လို သေဘာတူရမွာလဲ?
သူ႕ေခါင္းထဲတြင္ အေတြးတစ္ခုက ထြက္လာခဲ့သည္။
“ဝမ္ေယာင္ခ်န္း ကသူမကို သေဘာမက်ဖို႔၊ သူမကို မခ်ဥ္းကပ္ဖို႔၊ သူမကို မပိုးပန္းဖို႔ပဲ လိုခ်င္တယ္”
ဒီအေတြးေတြက မဆိုင္ဘူးလို႔ လီဂ်င္းယြမ္ ခံစားမိေနသည္။
သူက သူမေမာင္ေလး အမည္ခံျဖစ္ေနေပမဲ့ မဟုတ္ေပ။
ငါဘာလိုခ်င္တာလဲ?
ငါဘာေတြလုပ္ေနတာလဲ?
လီဂ်င္းယြမ္ ရဲ႕ဦးေႏွာက္က ကြဲေၾကသြားၿပီး သူ႕ခႏၶာကိုယ္ တစ္ခုလုံးက စိတ္႐ႈပ္ေထြးမႈ၊ ေဒါသေတြထဲ ႏွစ္ျမႇဳပ္သြားသည္။
“ဘယ္လိုလဲ၊ ေနာက္က်ရင္ အစ္ကိုခ်န္း နဲ႔ မစၥတာလီ တိုက္႐ိုက္ေျပာလိုက္တာက ပိုအဆင္ေျပမလား? ကြၽန္ေတာ္ ဒီအေၾကာင္းကို ဖုံးကြယ္မထားခ်င္ပါဘူး၊ မစၥတာဟုန္ နဲ႔ မစၥတာလန္ တို႔ကလည္း ဖုန္းေခၚလာၾကလို႔ ကြၽန္ေတာ္ ျပန္ေခၚရမယ္” ေက်ာင္ဟိုက္ ကေျပာလိုက္သည္။
လီဂ်င္းယြမ္ ကဖုန္းခ်လိုက္သည္။
ေက်ာင္ဟိုက္ ကခ်က္ခ်င္းပဲ ဟုန္ခ်န္းမင္း ကိုျပန္ေခၚလိုက္သည္။ ဖုန္းေခၚၿပီး မၾကာခင္ လီဂ်င္းယြမ္ ကိုေျပာခဲ့သလိုမ်ိဳးပဲ သူေျပာလိုက္ရသည္။
ဝမ္ေယာင္ခ်န္း ရဲ႕႐ိုးသားမႈကို က်ိန္ဆိုလိုက္ရေပမဲ့ ဒီတစ္ႀကိမ္က တစ္ဖက္လူကို ႏွစ္သိမ့္မေပးႏိုင္ပဲ ပိုေတာင္ေဒါသျဖစ္ေစသြားခဲ့သည္။
ေက်ာင္ဟိုက္ ကဘာေၾကာင့္လဲဆိုတာ နားမလည္ပဲ သူ႕ေခါင္းထဲတြင္ စိတ္႐ႈပ္ေထြးမႈေတြက ျပည့္ေနသည္။ သူက စကားေျပာ ေကာင္းတယ္လို႔ ေတြးခဲ့မိတာလား?
ေက်ာင္ဟိုက္ ကထိုအေၾကာင္းကို ဆက္ေတာင္မေတြးႏိုင္ပဲ အလ်င္အျမန္ပင္ လန္ဂ်င္းဇီ ဆီဖုန္းျပန္ေခၚလိုက္သည္။
“ငါဖုန္းေခၚရတာ မစၥတာဝမ္ ကငါ့ညီမနဲ႔ ဘယ္အေျခအေနအထိ ေရာက္ေနလဲဆိုတာကို သိခ်င္လို႔ပဲ” လန္ဂ်င္းဇီ ရဲ႕အသံက အနည္းငယ္ ေအးစက္ေနၿပီး ေက်ာင္ဟိုက္ ကသူေဌးေ႐ွ႕တြင္ အစီရင္ခံစာ တင္ေနရသလိုမ်ိဳး ခံစားလိုက္ရသည္။
“မ႐ွိပါဘူး၊ ထမင္းအတူ စား႐ုံပါပဲ၊ ထမင္းစား႐ုံပါပဲ။ အစ္ကိုခ်န္း ကမိန္းကေလးေဇာင္ ကိုခံစားခ်က္႐ွိေနတာ ဒီေလာက္ပါပဲ” ေက်ာင္ဟိုက္ ကေခြၽးေတြကို သုတ္လိုက္ရင္း ေျပာလိုက္သည္။
“ဒါကို ပါပါရာဇီေတြက ဘာေၾကာင့္ ႐ိုက္ထားရတာလဲ?”
“အခုခ်ိန္က မိန္းကေလးေဇာင္ကို အာ႐ုံစိုက္ေနၾကတာျဖစ္လို႔ ပါပါရာဇီေတြက ဓာတ္ပုံ႐ိုက္တာက ျဖစ္ႏိုင္တာပဲ”
“မစၥတာဝမ္ ဘယ္အခ်ိန္အားလဲ? မစၥတာဝမ္နဲ႔ ေတြ႕ဖို႔စီစဥ္ေပး”
ေက်ာင္ဟိုက္ ကသူ႕ႏွလုံး လည္ေခ်ာင္းအထိ ေရာက္လာသလို ခံစားလိုက္ရသည္။
“ဒါက.. မစၥတာလန္၊ ဒါက မစၥတာလန္ အဆင္ေျပတဲ့အခ်ိန္ ရပါတယ္…”
အခ်ိန္ကို သတ္မွတ္ၿပီးေနာက္ ေက်ာင္ဟိုက္ ကဖုန္းကိုခ်လိုက္ၿပီး ၾကမ္းျပင္ေပၚ ဒူးေထာက္က်သြားသည္။ ဝမ္ေယာင္ခ်န္း ေနာက္ကို သူလိုက္ခဲ့တာ ႏွစ္အေတာ္ၾကာခဲ့ၿပီ။
ႀကီးမားမ်ားျပားတဲ့ မုန္တိုင္းေတြ ႐ွိခဲ့ေပမဲ့ ဒီေန႔လို ဖိအားမ်ားတဲ့ေန႔ တစ္ခါမွ မၾကဳံေတြ႕ဖူးေပ။
ဝမ္ေယာင္ခ်န္း ကသူ႕စတူဒီယိုကို ျပန္လာခ်ိန္တြင္ ေက်ာင္ဟိုက္ ကဆိုဖာေပၚ ထိုင္ေနတာကို ျမင္လိုက္ရသည္။ လူႏွစ္ေယာက္မွာ တစ္ေယာက္က အျပဳံးေတြနဲ႔ ျပည့္ေနေပမဲ့ တျခားတစ္ေယာက္ကေတာ့ အေရာင္စုံလင္ေနသည္။
“အစ္ကိုခ်န္း၊ တခ်ိဳ႕အေၾကာင္းေတြ ေဆြးေႏြးရေအာင္”
“ဟမ္?” ဝမ္ေယာင္ခ်န္း ကၾကည့္လိုက္သည္။
“မိန္းကေလးေဇာင္ နဲ႔ပတ္သက္ၿပီးလား?” ေက်ာင္ဟိုက္ ကရပ္သြားကာ ဒီေန႔ဝင္လာတဲ့ ဖုန္းေကာသုံးေကာကို ဝမ္ေယာင္ခ်န္း အားေျပာျပလိုက္သည္။
“အဆင္ေျပပါတယ္။ ဒီလိုျဖစ္လာမယ္လို႔ ငါထင္ၿပီးသား။ မိန္းကေလးေဇာင္ ရဲ႕ဆႏၵကသာ အေရးႀကီးဆုံးပါ” ဝမ္ေယာင္ခ်န္း ကေပါ့ပါးစြာ ေျပာလိုက္သည္။
သို႔ေသာ္ ဒီစကားကို ေျပာလိုက္ခ်ိန္တြင္ နည္းနည္း ေတြးမိသြားသည္။ ဒါက နည္းနည္း ထူးဆန္းေနသလို ခံစားရေပမဲ့ ဘယ္ေနရာကလဲဆိုတာကို သူမေျပာႏိုင္ေပ။
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕ တုန္႔ျပန္မႈက အေတာ္ေလးကို ရန္မူပုံေပၚေနရတာလဲ?
မစၥတာလန္ ကဖုန္းေခၚလာေပမဲ့ သူ႕အသံက နည္းနည္းေတာ့ မတူဘူး…
သူတို႔က ဘယ္လိုကြာျခားတာလဲ?
ဝမ္ေယာင္ခ်န္း မသိေပ။ ေနာက္ၿပီး မိန္းကေလးေဇာင္ ကေကာင္ေလး ႐ွိၿပီးသားဆိုတာ သူတို႔ မသိၾကတာလား?
ဒါမွမဟုတ္ မိန္းကေလးေဇာင္ ကေကာင္ေလး မ႐ွိဘူးလို႔ လိမ္ထားတာလား?
ဝမ္ေယာင္ခ်န္း မေသခ်ာေပ။
ေဇာင္ယုဟြမ္ က ဝမ္ေယာင္ခ်န္း နဲ႔အတူတူ ထမင္းစားတဲ့အေၾကာင္း အင္တာနက္မွာ ပ်ံ႕ေနၿပီး လန္ဂ်င္းဇီ ေတာင္သိသြားတာကို မသိေပ။ ဒါက လူတိုင္းကို လႈပ္လႈပ္႐ွား႐ွား ျဖစ္သြားေစသည္။ သူမ အိမ္ျပန္ေရာက္ခ်ိန္တြင္ အခန္းကို ၾကည့္လိုက္ၿပီး ဘယ္သူမွမ႐ွိတာေၾကာင့္ လီဂ်င္းယြမ္ တို႔ကိုမေစာင့္ေတာ့ပဲ စားေသာက္ၿပီးေနာက္ ေရခ်ိဳးကာ အိပ္လိုက္သည္။
ေနာက္မနက္တြင္ ထပ္႐ိုက္ကူးဖို႔ သူမ သြားရလိမ့္မည္။ သို႔ေသာ္ သူမ ႏိုးလာခ်ိန္တြင္ ဝန္ထမ္း တစ္ေယာက္မွ မေရာက္ေသးတာကို ျမင္လိုက္ရသည္။
ေဇာင္ယုဟြမ္ ကဖုန္းထုတ္လိုက္ၿပီး အဖြဲ႕ဆီကို ဖုန္းေခၚလိုက္ေပမဲ့ လန္ဂ်င္းဇီ ထံမွ အရင္ ဖုန္းဝင္လာခဲ့သည္။
“အစ္ကို?”
လန္ဂ်င္းဇီ ကဒီေန႔ထပ္ၿပီး ေလဆိပ္ပို႔ေပးမလို႔လား?
“ခဏေနရင္ ညီမေလးကို လာေခၚမယ္။ အဖိုးနဲ႔အတူတူ မနက္စာစားၿပီးမွ ေလဆိပ္လိုက္ပို႔ေပးမယ္။ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကို အစ္ကို ေျပာထားၿပီးၿပီ” လန္ဂ်င္းဇီ ကေျပာလိုက္သည္။ ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။
“အင္း၊ အိုေက၊ ဒီေန႔ ထူးျခားတဲ့ေန႔လား?”
“မဟုတ္ဘူး၊ အဖိုးက ညီမေလးကို သတိရလို႔” လန္ဂ်င္းဇီ ကရပ္လိုက္ၿပီး ေသရင္ေတာင္ ထုတ္ေျပာမွာ မဟုတ္တဲ့ စကားကို ညႇစ္ထုတ္ကာ ေျပာလိုက္သည္။
“အစ္ကိုလည္း ညီမေလးကို သတိရလို႔”
ေဇာင္ယုဟြမ္ ကမထိန္းႏိုင္ပဲ ရယ္လိုက္သည္။
“အင္း၊ ဒါဆို အစ္ကို႔ကို ေစာင့္ေနမယ္။ ဟြမ္ဟြမ္ လည္းအစ္ကို႔ကို သတိရတယ္”
႐ိႈးပြဲနဲ႔ယွဥ္ရင္ မိသားစုက ပိုအေရးႀကီးတယ္!
တစ္ဖက္မွ လန္ဂ်င္းဇီ ကမ်က္ေမွာင္ နည္းနည္းၾကဳတ္သြားေပမဲ့ ခ်က္ခ်င္း ျပန္ေျပသြားသည္။ သူမအသံက အျပစ္ကင္းၿပီး ခ်စ္ဖို႔ေကာင္းေနတုန္းပင္။
သူမက ေဇာင္ခ်ီ အေ႐ွ႕တုန္းကလို ဆိုး႐ြားတဲ့ပုံ မ႐ွိေနေပမဲ့ ေဇာင္ခ်ီ ေသသြားခ်ိန္တြင္ သူမကလည္း ပုံမွန္အေျခအေနကို ျပန္ေရာက္သြားခဲ့သည္။ တစ္ခါတစ္ေလ ႏူးညံ့သည္။ တျခားသူေတြရဲ႕ ႏွလုံးသားေတြမွာ သူမက ပိုၿပီးႏူးညံ့ပုံ ေပၚလာသည္။
သူမေပ်ာ္႐ႊင္ေနတာကို သူျမင္ရရင္ သူမ ဒိတ္တာမဒိတ္တာကို သူ ဂ႐ုမစိုက္ဘူး။ ေနာက္ၿပီး သူမအေမကို ဆုံး႐ႈံးသြားခ်ိန္တုန္းက သူမအတြက္ သူဘာမွမလုပ္ေပးခဲ့ႏိုင္ဘူး။
သိပ္မၾကာခင္ အတြင္းေရးခ်န္း ကဗီလာဆီ ကားေမာင္းလာခဲ့သည္။ အတြင္းေရးမႉးခ်န္း ကစိတ္လႈပ္႐ွားစြာျဖင့္ ေဇာင္ယုဟြမ္ ကိုကူညီကာ သူမအိတ္ကို ကားထဲထည့္ေပးလိုက္သည္။
လန္ဂ်င္းဇီ က ေဇာင္ယုဟြမ္ ကိုကားထဲဝင္ဖို႔ လုပ္ေပးလိုက္ၿပီး ထိုင္ခံဳခါးပတ္ပါ ပတ္ေပးလိုက္သည္။
“ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က သူတို႔ဘာသာ သြားၾကတာလား?”
“အင္း” ခါးပတ္ပတ္ၿပီးေနာက္ လန္ဂ်င္းဇီ ကထိုင္လိုက္သည္။
ေဇာင္ယုဟြမ္ ကဖုန္းထုတ္လိုက္ၿပီး လန္ဂ်င္းဇီ ကိုခ်ီးက်ဴးထားသည့္ Weibo မွကြန္႔မန္႔ေတြကို ဖတ္ျပလိုက္သည္။ မေကာင္းသည့္ ရည္႐ြယ္ခ်က္ပါတဲ့ ကြန္႔မန္႔ေတြကိုေတာ့ သူမက ဖယ္ထားလိုက္သည္။
“… အကုန္လုံးက အစ္ကိုကို႔ ခ်ီးက်ဴးထားၾကတာ”
ဖတ္ျပၿပီးေနာက္ ေဇာင္ယုဟြမ္ ကခဏရပ္လိုက္ၿပီး လန္ဂ်င္းဇီ ဘယ္လိုပုံစံ ႐ွိမလဲဆိုတာကို ျမင္ရဖို႔အတြက္ လွည့္ၾကည့္လိုက္သည္။ ထိုအေၾကာင္းေၾကာင့္ လန္ဂ်င္းဇီ ရဲ႕အမူအရာက ဘာမွမေျပာင္းလဲပဲ သူမကိုသာ တည္တည္ၿငိမ္ၿငိမ္နဲ႔ ၾကည့္ေနၿပီး သူ႕အၾကည့္ထဲတြင္ မထင္႐ွားသည့္ ႏူးညံ့မႈေတြ႐ွိေနသည္။
ေဇာင္ယုဟြမ္ အံ့ဩသြားသည္။ သူ႕အတြက္ သူမဖတ္ျပသည့္ ကြန္႔မန္႔ေတြက တျခားသူေတြက ခ်ီးက်ဴးတာဆိုရင္ လူတိုင္းက သေဘာက်တတ္ၾကသည္။ သူက အရမ္းေတာ္ၿပီးသား လူတစ္ေယာက္ဆိုတာ ေျပာဖို႔မလိုေပ။
သို႔ေသာ္ လန္ဂ်င္းဇီ ပုံစံကေတာ့ ဘာတုန္႔ျပန္မႈမွ ႐ွိမေနေပ။ ေကာင္းၿပီ၊ ေနာက္က်တဲ့ အရာေတြက ေနာက္က်ၿပီး ဘာသက္ေရာက္မႈမွ ႐ွိမွာမဟုတ္ဘူး။
သူ႕ကိုယ္သူ စည္းကမ္းတင္းၾကပ္တဲ့ လူတစ္ေယာက္က အ႐ိုးစြဲၿပီးသားပဲ။ ေဇာင္ယုဟြမ္ ကနည္းနည္းေတာ့ မေက်မနပ္ ျဖစ္သြားၿပီး ေခၚလိုက္သည္။
“အစ္ကို”
“ဟမ္?” လန္ဂ်င္းဇီ ကသူမကို ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။
“ညီမေလးကို ခ်ီးက်ဴးထားတာမ်ိဳး ႐ွိလို႔လား?” ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။
“႐ွိတာေပါ့၊ အမ်ားႀကီးပဲ!”
“ဒါဆို ညီမေလးကို ခ်ီးက်ဴးထားတဲ့ တစ္ခုေလာက္ က်ယ္က်ယ္ဖတ္ျပ” ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။
“…ဒါက အရမ္း႐ွက္ဖို႔ေကာင္းတယ္”
လန္ဂ်င္းဇီ : “ဒါဆို အစ္ကို ဖတ္လိုက္မယ္”
စကားေျပာေနခ်ိန္ သူ႕ဖုန္းကို ထုတ္လိုက္ၿပီး Weibo ထဲဝင္လိုက္သည္။
သူ႕လႈပ္႐ွားမႈကို ေဇာင္ယုဟြမ္ ျမင္လိုက္ခ်ိန္တြင္ : ???
ဘယ္အခ်ိန္တုန္းက လန္ဂ်င္းဇီ ကဒီဟာကို သင္ခဲ့တာလဲ?!
ေဇာင္ယုဟြမ္ ရဲ႕မွတ္ဉာဏ္ထဲတြင္ လန္ဂ်င္းဇီ ရဲ႕ဖုန္းက ေဖ်ာ္ေျဖေရးနဲ႔ ပတ္သက္တဲ့ ဘာေဆာ့ဖ္ဝဲလ္မွ မ႐ွိေပ။ သူက Weibo မေျပာနဲ႔ Anipop ကိုေတာင္ မသုံးေပ။ ဒါေပမဲ့ သူက အခုေတာ့ Weibo ကိုေတာင္ သုံးေနၿပီလား?
ဒါတြင္မကပဲ မ်က္ႏွာျပင္တြင္ ရင္းႏွီးသည့္ ေဆာ့ဖ္ဝဲလ္ေတြကိုေတာင္ ေဇာင္ယုဟြမ္ ျမင္လိုက္သည္။
ေဇာင္ယုဟြမ္ ကသတိျပန္မဝင္ခင္ လန္ဂ်င္းဇီ ကကြန္႔မန္႔ထဲ ဝင္လိုက္ၿပီး အသံတိုးေလးနဲ႔ ဖတ္လိုက္သည္။
“ဟြမ္ဟြမ္ ကအရမ္းခ်စ္ဖို႔ေကာင္းတာပဲ၊ အာ”
ေဇာင္ယုဟြမ္ ရဲ႕ပထမဆုံး ႐ွက္႐ြံ႕မႈကို ခံစားလိုက္ရသည္။ သူမက လန္ဂ်င္းဇီ ရဲ႕လက္ေကာက္ဝတ္ကို ကိုင္လိုက္ၿပီး ဖုန္းအနားကို တိုးၾကည့္လိုက္ၿပီးေနာက္ မထိန္းခ်ဳပ္ႏိုင္စြာျဖင့္ ရယ္လိုက္သည္။
ကြန္႔မန္႔ေနရာကို ၫႊန္ျပလိုက္ၿပီး… “ဟြမ္ဟြမ္ ကတကယ္ပဲ အရမ္းကို ခ်စ္ဖို႔ေကာင္းတာပဲ၊ အားးးးး” ေျပာလိုက္ကာ “အစ္ကို၊ အဆုံးထိ ဖတ္ဖို႔မလိုပါဘူး။ ဒီစာေၾကာင္း တစ္ခုလုံးကို အသံေနအသံထားနဲ႔ပဲ ေျပာဖို႔လိုတယ္”
လန္ဂ်င္းဇီ ကေအးခဲသြားၿပီး ထိုစာေၾကာင္းကို စိုက္ၾကည့္လိုက္ၿပီး သူ႕ႏႈတ္ခမ္းက တင္းသြားလိုက္ ေလ်ာ့သြားလိုက္နဲ႔ အႀကိမ္မ်ားစြာ ျဖစ္သြားသည္။ လန္ဂ်င္းဇီ ကအမူအရာမဲ့စြာနဲ႔ ထပ္ေျပာလိုက္သည္။
“အားးးးး”
ေဇာင္ယုဟြမ္ ကအက်ယ္ႀကီး ထရယ္လိုက္သည္။
လန္ဂ်င္းဇီ ကိုစေနာက္ၿပီးေနာက္ ကားကလည္း ယြဲ႕လန္ ဗီလာကို ေရာက္လာခဲ့သည္။ လန္ဂ်င္းဇီ ကကြန္႔မန္႔ေနရာကို ထပ္ၿပီးၾကည့္လိုက္သည္….
“ေဇာင္ယုဟြမ္ ကတကယ့္ကို မင္းသမီးေလးပဲ၊ အားးး! မင္းသမီးေလး ဘဝ႐ွိေပမဲ့ မာနမႀကီးဘူး! သူမကို မခ်စ္ပဲ ဘယ္လိုလုပ္ၿပီး ေနႏိုင္မွာလဲ?!”
လန္ဂ်င္းဇီ ကသတိလက္လြတ္ ျပဳံးလိုက္သည္။
သူမကို မခ်စ္ပဲ ဘယ္လိုလုပ္ၿပီး ေနႏိုင္မွာလဲ?
ဒါမွန္တယ္။
26.5.2021 (Wed)
………………………..
[text_hash] => 130a362d
)