Array
(
[text] =>
Unicode
ဝမ်ယောင်ချန်း ကရှာဖွေမှု ရလဒ်ကိုမြင်လိုက်ပြီး သူမ စိတ်ဆိုးမှာကြောက်လို့ စာပို့တာ ဖြစ်နိုင်သည်။
ဒါက ဝမ်ယောင်ချန်း ရဲ့ပုံမှန် အပြုအမူလား? ဒါမှမဟုတ် ဒီအားသာချက်တွေက သူမကို ချဉ်းကပ်ချင်တာလား?
ဘယ်တစ်ခုပဲဖြစ်ဖြစ် ဇောင်ယုဟွမ် ကသူ့ကို ငြင်းပယ်ဖို့ လိုအပ်ချက် တစ်ခုတောင် စဉ်းစားလို့မရပေ။
ဟန်ယင်ယင် ပြောခဲ့တာက မင်းဒိတ်ရင် ဆက်ဒိတ်လိုက်။ မလုပ်ချင်ရင် ဖျက်လိုက်။ ဒါက ကောင်းတယ်မလား?
သူမက “ဟွမ်ဟွမ် ကြိုးစားကြည့်ချင်တယ်”လို့ လီဂျင်းယွမ် ကိုပြောလိုက်တာ လိမ်ညာတာ မဟုတ်ပေ။
ဒီအကြောင်းကို သူမ အရင်က တစ်ခါမှ မကြုံတွေ့ဖူးတာကြောင့် ဇောင်ယုဟွမ် စူးစမ်းချင်နေသည်။ ထို့ကြောင့် ဇောင်ယုဟွမ် ကသူမ လက်ချောင်းတွေကို လှုပ်ရှားလိုက်သည်။
【ကျွန်မတို့တွေ ပါပါရာဇီတွေကို ရှောင်နိုင်မလား?】
တစ်ဖက်မှ ဝမ်ယောင်ချန်း ကသူ့ကိုယ်စားလှယ်က ယူလာခဲ့သည့် ဇာတ်ညွှန်းကို ကြည့်နေခဲ့သည်။ ဖတ်နေရင်း သူ့ဖုန်းမှ တုန်ခါသံကို ကြားလိုက်ရသည်။
ဝမ်ယောင်ချန်း ကခဏလောက် အံ့ဩသွားပြီး အလျင်အမြန်ပဲ ကောက်ယူလိုက်ကာ ဖွင့်လိုက်သည်။ စာကိုရှင်းရှင်းလင်းလင်း မြင်လိုက်ချိန်တွင် ဝမ်ယောင်ချန်း ကပျော်ရွှင်သွားတာကို မထိန်းချုပ်နိုင်ပေ။
ဇောင်ယုဟွမ် ကတကယ့်ကို ပြည့်စုံလွန်းတဲ့ အမျိုးသမီးပဲ။ သူမက သူ့ဘဝမှာ ပထမဆုံး အကြိမ်အတွက် ခံစားချက်ကို ဖြစ်စေသည်။ ဒီကောင်မလေးက တကယ်ပဲ သူနဲ့ထိုက်တန်သည်။
ဒီအရာကို ဝမ်ယောင်ချန်း ကဘယ်လိုလုပ်ပြီး စွန့်လွှတ်မလဲ?
ရှာဖွေမှု ရလဒ်ထဲက ဓာတ်ပုံတွေ အားလုံးကို သူကြည့်ခဲ့သည်။ ဝမ်ယောင်ချန်း ကသရုပ်ဆောင် ဖြစ်သော်လည်း ကင်မရာနဲ့ ဖန်တီးထားချက်တွေက မတူညီတဲ့ ခံစားချက်တွေကို ဖြစ်ပေါ်စေပြီး သူ့နှလုံးသားကို နည်းနည်းတော့ လှုပ်ရှားစေသည်။
ဇောင်ယုဟွမ် သာသူ့အရှေ့မှာ အပြုံးလေးနဲ့ မတ်တပ်ရပ်နေရင် ဘယ်လိုတောင် အံ့ဩဖို့ ကောင်းလိုက်မလဲလို့ သူတွေးမိသည်။ ဝမ်ယောင်ချန်း ကချက်ချင်းပဲ တွေးတောင်မတွေးပဲ ပြန်ဖြေလိုက်သည်။
【သူတို့ကို လိုက်ရှောင်နေဖို့ မလိုပါဘူး။ မင်းစိတ်ထဲမထားရင် အဆင်ပြေတာပေါ့…】
ဇောင်ယုဟွမ် က ဝမ်ယောင်ချန်း ကချက်ချင်း စာပြန်လာမယ်လို့ မထင်ထားခဲ့ပေ။ သူမက ပါးစပ်ထဲမှ သွားတိုက်တံကို ပျင်းရိစွာ ကိုက်ထားပြီး ပြန်ဖြေလိုက်သည်။
【သေချာတာပေါ့၊ ကျွန်မက ဖျော်ဖြေရေးလောကက မဟုတ်လို့ စိတ်အနှောင့်အယှက် မဖြစ်ပါဘူး။ ဒါက ညစာစားရုံပဲလေ။ ရှင် စိတ်ထဲမထားရင် ပြဿနာ မရှိပါဘူး】
ဝမ်ယောင်ချန်း က ဇောင်ယုဟွမ် ရဲ့လွတ်လပ်သည့် စိတ်သဘောထားကို မြင်လိုက်ရချိန်တွင် သူ့နှလုံးသားက တချို့မျှော်လင့်ချက်တွေကြောင့် ပြန်လည်ဆန်းသစ်သွားသည်။ ဝမ်ယောင်ချန်း ကချက်ချင်းပဲ သူတို့တွေ့ဆုံမဲ့ နေရာကို ပို့လိုက်သည်။
စကားပြောပြီးချိန်တွင် ဇောင်ယုဟွမ် ကဖုန်းကို ဘေးဘက်တွင် ချလိုက်ပြီးနောက် ပြင်ဆင်ပြီး မနက်စာအတွက် အောက်ထပ်ကို ဆင်းလိုက်သည်။ လမ်းတစ်ဝက်တွင် နည်းနည်းထူးဆန်းသည့် တချို့အရာတွေကို ဇောင်ယုဟွမ် တွေးလိုက်မိသည်။
အို!
အရင်တုန်းက ဝမ်ယောင်ချန်း ကသူ့စတူဒီယိုမှာ အလုပ်လုပ်ဖို့ တောင်းဆိုတုန်းက သူမ ငြင်းပယ်ခဲ့တာကို သတိရသွားသည်။ ဒါပေမဲ့ ဒီတစ်ကြိမ်တွင် စကားပြောထားတာ ဘာမှရှိမနေပေ။
သူမက မတော်တဆ ဖျက်မိသွားတာလား?
ဇောင်ယုဟွမ် ကသိပ်မတွေးတော့ပဲ မနက်စာစားဖို့ အောက်ထပ်ကို ဆင်းလိုက်သည်။ မနက်စာ စားပြီးနောက် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကိုခေါ်နှိုးရန် အပေါ်ထပ် ပြန်တက်ဖို့ ပြင်ဆင်ထားခဲ့ပေမဲ့ လီဂျင်းယွမ် ရဲ့အပေါ်ဗလာ ပုံစံကို မတော်တဆ မြင်လိုက်ရတာကို သတိရသွားသည်။
ထို့ကြောင့် ဒီအကြောင်းကို စဉ်းစားလိုက်ပြီး ဇောင်ယုဟွမ် ရပ်လိုက်သည်။ ဇောင်ယုဟွမ် ကအိမ်ဖော် တစ်ယောက်ကို မေးလိုက်သည်။
“သခင်လေးလီနဲ့ သခင်လေးဟုန် တို့နိုးပြီလား?”
“သခင်လေးလီ နဲ့သခင်လေးဟုန် တို့က အလုပ်သွားကြပါပြီ”
“အာ”
ဇောင်ယုဟွမ် ကစိတ်သက်သာသွားသလို ခံစားလိုက်ရသည်။ တော်သေးတာက ဝမ်ယောင်ချန်း နဲ့ညစာစားဖို့ကို ဒီနေ့တွင် ချိန်းဆိုထားခဲ့သည်။
မဟုတ်ဘူး၊ ဘာကြောင့် ငါက အပြစ်ရှိသလို ခံစားနေရတာလဲ?
ဇောင်ယုဟွမ် ကမထိန်းချုပ်နိုင်ပဲ သူမခေါင်းကို ပွတ်လိုက်သည်။ လီဂျင်းယွမ်/ ဟုန်ချန်းမင်း တို့က သူမအဖေလည်း မဟုတ်ဘူး။ နောက်ပြီး သူမက မိဘတွေနောက်ကွယ်မှာ ခိုးပြီးဒိတ်ရမဲ့ အရွယ်လည်း မဟုတ်တော့ဘူး။
ဘာမှအပြစ်ရှိသလို ခံစားနေဖို့ မလိုဘူး!
ဇောင်ယုဟွမ် ကအပေါ်ထပ်တက်ရင်း အရင်ဆုံး ပန်းချီဆွဲပြီး ပြခန်းပို့ပြီးမှ စားသောက်ဖို့ သွားဖို့ တွေးလိုက်သည်။
အွန်လိုင်းတွင် ဇောင်ယုဟွမ် နဲ့ ဝမ်ယောင်ချန်း တို့ရဲ့စကားပြောသည့် ပမာဏက ပိုပိုများလာခဲ့သည်။ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နဲ့ယှဉ်ရင် သူတို့က နည်းပါးသည်။ ဒါပေမဲ့ မကြာခင်မှာပဲ ထိပ်ဆုံးရှာဖွေမှု ရလဒ်က ထွက်လာခဲ့သည်။
#ဇောင်ယုဟွမ်ဝမ်းကွဲအစ်ကို#
“အားးးးး၊ ငါရူးသွားပြီ၊ အားးးးးး ဇောင်ယုဟွမ် ရဲ့တစ်မိသားစုလုံးက အံ့ဩစရာကောင်းတဲ့ နတ်ဘုရားတွေပဲ! သူ့မျက်နှာကို မပြပေမဲ့ သူက အရမ်းကို ဆွဲဆောင်မှုရှိတယ်။ ဒီလက်! ဒီလက်ကောက်ဝတ်! ဒီခြေထောက်! နောက်ပြီး ဒီအသံတိုးလေး! အားးးး ငါထပ်ပြီး မထိန်းချုပ်နိုင်တော့ဘူး။ ဖျော်ဖြေရေးလောကမှာ ဒီလိုအလှမျိုးလေးက ဘာကြောင့်မရှိရတာလဲ? သူသရုပ်ဆောင်ရင် အကောင်းဆုံး ဖြစ်မှာသေချာတယ်။ ငါတော့ ဒူးထောက်နေပြီ [ဓာတ်ပုံ] [ဓာတ်ပုံ] [ဓာတ်ပုံ] …”
“…ဇောင်ယုဟွမ် ရဲ့အစ်ကို? ဘုရားရေး၊ အရမ်းခန့်ညားတာပဲ!”
“အပေါ် +1 သူက ခန့်ညားရုံတင်မကဘူး သူ့ညီမလေးကို ရတနာလေးလိုလဲ ဂရုစိုက်တယ်! အချိန်ဖဲ့ပြီး သူ့ညီမကို ရှိုးပွဲအတွက် လေဆိပ်ကိုတောင် လိုက်ပို့ပေးတယ်။ ဒါက အရမ်းကောင်းတဲ့ အစ်ကိုကြီးပဲ!”
“ငါထောက်ခံတယ်။ ဇောင်ယုဟွမ် ကအရင်ဘဝတုန်းက ကောင်းမှုတွေ ဘယ်လောက်တောင် လုပ်ခဲ့လို့ အခုလို ကောင်းတဲ့အရာတွေပဲ ရှိနေရတာလဲ? ပထမက ဟုန်လေးနဲ့ မောင်လေးလီ၊ အခုတော့ ကြီးမြတ်တဲ့ အစ်ကို။ ငါအရမ်းကို မနာလိုဖြစ်နေပြီ၊ အူဝါးးးး”
“ငါ့မှာ အစ်ကိုရဲ့ ပုံရှိတယ်! [ဓာတ်ပုံ] ဒါကို ဘယ်ကနေ ရလာလဲဆိုတာ ရှင်တို့တွေ ယုံတောင်ယုံကြမှာ မဟုတ်ဘူး! ဒါက သတင်းထဲက ရိုက်ယူထားတာ! အသက်အလယ်ပိုင်းနဲ့ ခေါင်းဆောင်လူကြီးတွေ အလယ်မှာ ပုံမှန်အဝတ်နဲ့ ရပ်နေတာ။ အရမ်းကို မိုက်တာပဲ! ဒီလိုကုမ္ပဏီက ပိုပြီးတော့တောင် အောင်မြင်ဦးမှာ!”
“အို၊ မဖြစ်နိုင်ဘူး။ အရမ်းခန့်ညားတာပဲ။ အရမ်းခန့်ညားလွန်းတယ်! သူက ခန့်ညားရုံပဲဆိုရင် အဆင်ပြေပေမဲ့ အဓိကအချက်က ဒီအသက်အရွယ်နဲ့တောင် ဒီလိုနေရာကို ရောက်နေတာပဲ။ အရမ်းအံ့ဩဖို့ကောင်းတယ်…”
“ငါ မတွဲပေးချင်ဘူးနော်။ ဇောင်ယုဟွမ် ရဲ့မိသားစုကို တိတ်တိတ်လေးပဲ ကြည့်နေချင်တာ။ လူတိုင်း လုပ်သင့်တယ်။ အူဝါးးးး သူတို့အားလုံးက မသေမျိုးတွေပဲ….”
“ဇောင်ယုဟွမ် ကဒီလို ကျက်သရေရှိတဲ့ မျက်နှာလေးတွေကို နေ့တိုင်းမြင်နေရတော့ ဘယ်လိုခံစားရလဲဆိုတာ ငါသိချင်တယ်။ သူမကိုယ်သူမ မှန်ထဲကြည့်လိုက်ချိန်မှာ အရမ်းကို ကျေနပ်နေလိမ့်မယ်။ ဘုရားရေ၊ နေ့တိုင်းက အံ့ဩဖို့ကောင်းမနေဘူးလား?”
“ငါ ဇောင်ယုဟွမ် ဖြစ်ချင်တယ်… ဒီဆန္ဒလေးပဲ ရှိတာပါ…”
“မင်းက ဇောင်ယုဟွမ် ဆိုရင်တောင် သူမလိုမျိုးတော့ မဖြစ်နိုင်ဘူး။ သူမမိသားစုက ဓာတ်ပုံတွေက အင်တာနက်မှာ ထွက်လာတော့ မင်းတို့တွေ ဘယ်သူ့ကို သတိရလဲ? ဇောင်ယုဟွမ် ကကျောင်းမှာလည်း သူမအတန်းဖော်တွေနဲ့ ဆက်ဆံရေးကောင်းတယ်။ နိုင်ငံခြားမှာတောင် ရှိသေးတယ်။ ဒီကအစ်ကိုလန် နဲ့သူတို့က သူမနဲ့ တစ်ချိန်လုံးရှိနေတာကိုတော့ ထည့်ပြောဖို့ မလိုဘူး… ဘာကိုဆိုလိုတာလဲ? သူမလောက်ပဲလို့ ဘာလို့ပြောတာလဲ? သူမက သွားတဲ့နေရာတိုင်းမှာ လူချစ်လူခင်ပေါတာနော်”
“ငါသာ သူမလောက် ငွေရှိပြီး နောက်ခံသာရှိရင် သေချာပေါ်ကို တူညီတာတွေ ရမှာပဲ။ ဘယ်သူက ငွေတွေကို မကြိုဆိုမှာလဲ?”
“အပေါ်က နောက်နေတာ ရပ်လိုက်။ အရင်တုန်းက နေ့တွေကို ဇောင်ယုဟွမ် ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာ မင်းသိလို့လား? သူမအမေက အစောကြီးထဲက သေသွားခဲ့ပြီလို့ ငါကြားခဲ့တယ်။ နောက်တော့ အမျိုးသမီး တစ်ယောက်က ဇောင်မိသားစုထဲ ဝင်ရောက်ပြီး သူမက သားတစ်ယောက်နဲ့ သမီးတစ်ယောက်ကိုတောင် ခေါ်လာခဲ့သေးတယ်။ အဲ့အချိန်တုန်းက ဇောင်ယုဟွမ် ကအရမ်းဆိုးတယ်လို့ လူတိုင်းက ထင်ခဲ့ကြတယ်။ သူမကို ဘယ်သူက နားလည်ပေးခဲ့လဲ? အခုတော့ သူမရဲ့ကျက်သရေကြောင့် လူတိုင်းက ဂရုစိုက်နေတော့ မင်းက အရမ်းလိုချင်နေတာပေါ့”
“သူမရဲ့ ကျက်သရေ +1 တကယ်၊ ရှိုးပွဲကိုကြည့်ပြီး မင်းသိနိုင်တယ်။ ငါသာ အဲ့နေရာမှာ ရှိနေခဲ့ရင် ငါလည်း ဟွမ်ဟွမ် နဲ့သူငယ်ချင်း ဖြစ်ချင်တယ်…”
“မင်းဘာပြောတာလဲ? စခရင်ကို လျှက်နေတာက မလုံလောက်သေးဘူးလား?”
“အစ်ကိုလန် ရဲ့လက်ချောင်းတွေက အရမ်းကြည့်ကောင်းတာပဲ။ QwQ”
“ဝတ်စုံအောက်က သူ့ခန္ဓာကိုယ်ကလည်း အရမ်းမိုက်မှာပဲ။ ဟီးဟီ၊ ငါထင်တယ်”
“အစ်ကို၊ ကျွန်မနဲ့ အိပ်ပါ!”
“အပေါ်က လူသိရှင်ကြား ပြစ်မှုကျူးလွန်နေတာကို မင်းသိရဲ့လား?”
“မြင်ယောင်အောင် မလုပ်ပါနဲ့။ ငါ့နှလုံးသားထဲမှာ အိပ်မက်တွေ မက်နေမိပြီ။ _(:зゝ∠)_ အစ်ကိုလန် နဲ့ငါ မအိပ်နိုင်ဘူး”
စားသောက်ဆိုင်တွင် ဇောင်ယုဟွမ် က Weibo ရှာဖွေမှုကနေ မတော်တဆနဲ့ လန်ဂျင်းဇီ အကြောင်း ဆွေးနွေးနေကြတာကို တွေ့လိုက်သည်။ ဇောင်ယုဟွမ် ကမထိန်းချုပ်နိုင်ပဲ ရယ်လိုက်ကာ တချို့အကြောင်းတွေကို လန်ဂျင်းဇီ ကိုပြဖို့အတွက် ဓာတ်ပုံရိုက်ထားလိုက်သည်။
အခုခေတ် မိန်းကလေးတွေက အရမ်းကို ဆိုးကြပြီး သူတို့လိုချင်တာကို သတ္တိရှိရှိ ဖော်ပြရဲကြသည်။
ဝမ်းကွဲအစ်ကိုနဲ့ ဟုန်ချန်းမင်း တို့ရဲ့စိတ်သဘောထားနဲ့ အရမ်းကို လိုက်ဖက်သည်။
လန်ဂျင်းဇီ ကအစည်းအဝေးမှ ထွက်လာချိန်တွင် WeChat မှစာဝင်လာခဲ့သည်။ သူ့ဘေးက လူတွေက နည်းနည်း အံ့ဩသွားကြပြီး ပြိုလဲချင်သလို ဖြစ်သွားကြပေမဲ့ လန်ဂျင်းဇီ ကတော့ ဘာအမူအရာမှ ဖြစ်မနေပေ။
ခြေလှမ်းနည်းနည်း လှမ်းပြီးနောက် လန်ဂျင်းဇီ ကသူ့ဖုန်းက မြည်လာတာကို ကြားလိုက်ရသည်။ ကြည့်လိုက်ပြီးနောက် အတွင်းရေးမှူးချန်း ကသူ့ကို ပြန်လှည့်ကြည့်တာတောင် သူ့မျက်နှာက ပိုနူးညံ့သွားသည်။
“ဘာဖြစ်လို့လဲ?” အတွင်းရေးမှူးချန်း ကမေးလိုက်သည်။
လန်ဂျင်းဇီ ကရှုပ်ထွေးနေတဲ့ ဓာတ်ပုံထဲက စာတွေကို ကြည့်လိုက်သည်။ သူတို့အားလုံးက တရုတ်ဘာသာတွေ ဖြစ်ကြပေမဲ့ လန်ဂျင်းဇီ နားမလည်သလို ခံစားလိုက်ရသည်။ သူ့ခြေဖျားကနေ ခေါင်းအထိ မီးလောင်ကျွမ်းသလို ခံစားလိုက်ရသည်။
【အစ်ကိုရဲ့ ရှာဖွေမှုက အရမ်းမြင့်နေတယ်။ မိန်းကလေးတွေက အစ်ကိုနဲ့ လက်ထပ်ချင်တာကို ပြောနေကြတယ် 🙂 】
လန်ဂျင်းဇီ ကသူ့လက်ချောင်းတွေကို လှုပ်ရှားလိုက်သည်။
【မဟုတ်တာတွေ】
【လိုက်မကြည့်နဲ့】
ဒါတွေက ဟွမ်ဟွမ် ကိုမကောင်းတဲ့ လမ်းကြောင်းကို ဦးတည်စေတယ်။ မရေမတွတ်နိုင်တဲ့ အတွေးတွေက လန်ဂျင်းဇီ ရဲ့ခေါင်းထဲ ဖြတ်ဝင်လာပြီး စာတွေကို ရိုက်လိုက် ဖျက်လိုက် လုပ်နေခဲ့သည်။
ထို့နောက် လန်ဂျင်းဇီ ကသူ့လက်ချောင်းတွေကို ပြန်နောက်ဆုတ်လိုက်ရင်း ပြန်မဖြေတော့ပေ။ အတွင်းရေးမှူးချန်း ကိုထပ်မေးဖို့ ဆုံးဖြတ်လိုက်ပြီးနောက် Weibo တွင် အင်တာနက် အသုံးပြုသူတွေ ပြောထားသည့် စကားတွေနဲ့ ရှာဖွေမှု ရလဒ်ကို သွားကြည့်လိုက်သည်…
ဒီကိစ္စတွေက ရဲတွေကိုတောင် ထိတ်လန့်စေသည်…
ဘာပဲဖြစ်ဖြစ် ဟွမ်ဟွမ် ကိုဒီလိုလမ်းမှာ ရောက်သွားတာမျိုး သူ မဖြစ်စေချင်ပေ။ အတွင်းရေးမှူးချန်း ကမနေနိုင်ပဲ ထပ်မေးလိုက်သည်။
“ဘာဖြစ်လို့လဲ? မိန်းကလေးဇောင် နဲ့မစ္စတာဝမ် ကြားမှာ တစ်ခုခုဖြစ်လို့လား?”
လန်ဂျင်းဇီ ကမျက်မှောင်ကြုတ်လိုက်သည်။ “မစ္စတာဝမ်? ဘာမစ္စတာဝမ်လဲ?”
ကြည့်ရတာ သူ မသိသေးပုံရသည်။ အတွင်းရေးမှူးချန်း ကပြောလိုက်မတာကြောင့် သူ့ကိုယ်သူ အပြစ်တင်လိုက်ပေမဲ့ ဆက်ပြောလိုက်သည်။
“ပြီးခဲ့တဲ့နှစ်တုန်းက《လနှစ်သစ်》ဇာတ်ကားက အဓိကမင်းသား မိန်းကလေးဇောင်နဲ့ ရှိုးပွဲရိုက်ကူးခဲ့တဲ့ ဝမ်ယောင်ချန်း လေ”
လန်ဂျင်းဇီ ကမျက်မှောင်ကြုတ်လိုက်သည်။ “ဘာကိစ္စလဲ?”
အတွင်းရေးမှူးချန်း ကချောင်းဟန့်လိုက်ပြီး လန်ဂျင်းဇီ ရဲ့ညီမအချစ်ရေးအကြောင်းကို ဒီနေရာမှာ ပြောဖို့က ထူးဆန်းတယ်လို့ ခံစားလိုက်ရတာကြောင့် တွေးလိုက်ကာ ပြောလိုက်သည်။
“ကျွန်တော် သတင်းတွေ အရင်ဆုံးပြရမလား?” လန်ဂျင်းဇီ ကတခြားသူတွေ ထွက်မသွားသေးတာကို သတိပြုမိသွားသည်။
သူ့ကို တိတ်ဆိတ်စွာ ကြည့်နေကြသည့် လူအများအပြားက ရှိနေကြပြီး သူ့အမူအရာ ပြောင်းလဲမှုကြာင့် နည်းနည်းလန့်နေပုံ ပေါ်နေကြသည်။
မကြာခင်က အရာတော်တော်များများ ဖြစ်ပျက်ခဲ့သည်။ သူ့မျက်နှာက ရုပ်ဆိုးသွားချိန်မှာ လူတိုင်းက ကြောက်လန့်မှုကိုသာ ဖြစ်လာလိမ့်မည်။ လန်ဂျင်းဇီ ကသူ့အမူအရာကို ထိန်းသိမ်းလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“အင်း၊ အရင်ဆုံး ရုံးခန်းထဲသွားပြီးမှ ပြောကြတာပေါ့”
ဇောင်ယုဟွမ် ကစာပို့ပြီးနောက် 【စာရိုက်နေသည်】လို့ နှစ်ကြိမ်တောင် သူမ မြင်လိုက်ပေမဲ့ အဆုံးတွင် ဘာစာမှရောက်မလာခဲ့ပေ။
ဘာဖြစ်လို့လဲ?
အခုရက်ပိုင်း လူတိုင်းက ဘာကြောင့် ထူးဆန်းနေကြတာလဲ?
ဇောင်ယုဟွမ် ကဖုန်းကိုကိုင်ထားရင်း လန်ဂျင်းဇီ ကအစည်းအဝေးမှာဖြစ်ပြီး စာပြန်ဖို့ အဆင်မပြေတာ ဖြစ်လိမ့်မယ်လို့ တွေးလိုက်သည်။
အို၊ အစ်ကိုက အင်တာနက် ဘာသာစကားတွေနဲ့ မရင်းနှီးလို့ ဒီလိုရှင်းလင်းတဲ့ စာတွေက ကြောက်ဖို့ကောင်းလို့ ဘယ်လိုပြန်ပြောရမှန်း မသိဖြစ်သွားတာနေမယ်။
ဇောင်ယုဟွမ် ကစာရိုက်နေသည်လို့ နှစ်ကြိမ်တောင် မြင်လိုက်ပေမဲ့ ဘာမှမရောက်လာလို့ သူမ သိချင်စိတ်ကို မထိန်းနိုင်ပေ။ မကြာခင် စားသောက်ဆိုင် အပြင်ဘက်တွင် ကားရောက်လာခဲ့သည်။
ဇောင်ယုဟွမ် ရဲ့ဖုန်းကလည်း မြည်လာသည်။
“ဟယ်လို”
“မိန်းကလေးဇောင် အပြင်မှာလား?”
“အင်း၊ ဘယ်လိုသိတာလဲ?”
“မိန်းကလေးဇောင် ရဲ့ကားကို တွေ့လိုက်လို့” တစ်ဖက်မှ အသံကရပ်သွားသည်။
ထို့နောက် စားသောက်ဆိုင် တံခါးက ပွင့်လာတာကို ဇောင်ယုဟွမ် မြင်လိုက်ရသည်။ အမျိုးသား တစ်ယောက်က လျှောက်ထွက်လာပြီး ဇောင်ယုဟွမ် ရဲ့ကားဆီ ရောက်လာကာ သူ့လက်ကိုဆန့်လိုက်ပြီး တံခါးဖွင့်ပေးလိုက်သည်။
ဒီမြင်ကွင်းကို ပါပါရာဇီက ရိုက်ယူလိုက်ပြီး ချက်ချင်းပဲ အွန်လိုင်းပေါ် တင်လိုက်သည်။ ဇောင်ယုဟွမ် နဲ့ ဝမ်ယောင်ချန်း တို့စားသောက်ပြီး အိမ်ပြန်ရောက်ချိန်တွင် သတင်းတွေက ပိုပိုပြီး လူသိလာကြသည်။
“ဖျော်ဖြေရေး အဓိကအချက် 8:08 : မတော်တဆ ဇောင်ယုဟွမ် နဲ့ ဝမ်ယောင်ချန်း တို့အတူတူစားနေတာကို ဓာတ်ပုံရိုက်မိလာတယ်။ သူတို့နှစ်ယောက်တည်း။ ဝမ်ယောင်ချန်း ကသူ့အေးဂျင့်/ လက်ထောက်ကိုတောင် ခေါ်မလာခဲ့ဘူး… ကြည့်ရတာ သူတို့တွေ တကယ်ပဲ ဒိတ်နေကြတာနေမယ်။ [ဓာတ်ပုံ] [ဓာတ်ပုံ]”
ဓာတ်ပုံတွေက အတွဲဖန်တွေကို ပိုရူးသွပ်သွားစေပေမဲ့ မကောင်းတဲ့ အကြောင်းတွေတော့ မရှိပေ။ လူတွေရဲ့ ဆွေးနွေးချက်တွေကြောင့် ရှိုးပွဲက ထိပ်ဆုံးကို ရောက်လာခဲ့ပေမဲ့ ဒီသတင်း ထွက်လာချိန်တွင် အခြေအနေက ကွားခြားနေသည်။
သတင်းတွေက ပုံမှန်ထက်ကို လျင်မြန်နေသည်။ တစ်ချိန်တည်း ကွန့်မန့်တွေက ပေါက်ကွဲထွက်လာသည်။
“တကယ်လား?”
“သူတို့က ဒိတ်နေကြပြီပေါ့။ _(:зゝ∠)_ အရမ်းကောင်းတယ်။ အစ်ကိုချန်း ကအကြီးဆိုတော့ မိန်းကလေးတွေကို ဘယ်လိုဂရုစိုက်ရမှန် သိတယ်”
“ဒီမှာ ယွမ်ဟွမ် အတွဲဖန်တွေ ငိုနေပြီ”
“ဟုန်ဇောင် အတွဲဖန် +1”
“ဒီနေရာမှာ ဘာကြောင့် အတွဲဒရမ်မာတွေ အရမ်းများနေရတာလဲ? သူတို့က မိသားစုလို့ ပြောခဲ့ပြီးသားမလား?”
“သူတို့က မိသားစုဖြစ်တော့ကော ဘာဖြစ်လဲ? သူတို့နောက်ဆုံး နာမည်တွေကတောင် မတူကြဘူးလေ။ ဇောင်မိသားစု/ ဒင်မိသားစုတို့မှာ တချို့အရာတွေ ရှိနေတာ မဖြစ်နိုင်ဘူးလား? ဘာကြောင့် ချစ်ဖို့မကောင်းရတာလဲ?”
“ဝမ်ယောင်ချန်း နဲ့လူဘယ်လောက်များများ မကောင်းသတင်း ထွက်ဖူးလဲ? ဓာတ်ပုံတွေက ဘာမှမဟုတ်ဘူး။ တရားဝင်စာကိုသာ စောင့်ကြည့်၊ အိုကေ? လိုက်လှည့်ဖျားမနေနဲ့”
–
လန်ဂျင်းဇီ ကအွန်လိုင်း သတင်းတွေကို မြင်လိုက်ရုံသာမက လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကိုလည်း မြင်လိုက်ရသည်။ သူတို့နှလုံးသားတွေလည်း ခုန်နေလောက်ပြီ။
ဟွမ်ဟွမ် ကအရင်တုန်းက ဒိတ်ချင်တယ်လို့ ပြောခဲ့တယ်။
ဒါက ရလဒ်လား? ဒုတိယရက်မှာ စမ်းကြည့်တာလား?
“မင်းမှာ ဝမ်ယောင်ချန်း ရဲ့အေးဂျင့် ရဲ့ဖုန်းနံပါတ်ရှိလား”
လီဂျင်းယွမ် ကခေါင်းလှည့်ကာ မေးလိုက်သည်။ ဝေ့ကျဲ က လီဂျင်းယွမ် မျက်နှာပျက်နေတာကို မြင်လိုက်ပြီး မေးလိုက်သည်။
“အရင်က ငါမှတ်ထားတယ်။ ရှာကြည့်လိုက်မယ်။ စိတ်မလှုပ်ရှားနဲ့။ တကယ်တော့ မိန်းကလေးဇောင် လည်းအရွယ်ရောက်နေပြီ။ သူမလည်း ဒီလိုကိစ္စတွေ ရှိလာမှာပဲ။ သူမဘဝကို ဂရုစိုက်တတ်ပါတယ်။ ငါ့အမြင်ဆိုရင် ဝမ်ယောင်ချန်း က မိန်းကလေးဇောင် ကိုအသုံးချမှာ မဟုတ်ဘူး”
ဝေ့ကျဲ ကဖုန်းနံပါတ်ရှာရင်း ပြောလိုက်ပေမဲ့ လီဂျင်းယွမ် ကဘာမှမပြောပေ။ သူတို့လိုလူတွေက ဖုန်းမှာ နံပါတ်တွေ မှတ်ထားသလို မှတ်စုမှာလည်း မှတ်ထားတတ်ကြသည်။
ဖုန်းနံပါတ်တွေ အများကြီးရှိတာကြောင့် ဆက်ဆံရေးကို ပိုလွယ်ကူအဆင်ပြေဖို့ စာအုပ်ထဲမှာ မှတ်ထားတတ်ကြသည်။ မိနစ်ဝက်လောက် အကြာတွင် ဝေ့ကျဲ ကနံပါတ်ကို ရှာတွေ့သွားပြီး ဝမ်ယောင်ချန်း ရဲ့နံပါတ်ကိုပါ တွေ့သွားသည်။
လီဂျင်းယွမ် ကရုတ်ချင်း ထရပ်လိုက်တာက မိတ်ကပ်ပညာရှင်ကိုတောင် ကြောက်လန့်သွားစေသည်။
“လီအာ ရဲ့ဆံပင်က မပြီးသေးဘူး”
ဝေ့ကျဲ ကအလျင်အမြန်ပဲ သူ့ကို လက်ပြလိုက်သည်။
“ခဏလေးစောင့်။ အလုပ်ကြိုးစားတယ်။ ခဏလေးပဲ စောင့်ပေး”
23.5.2021 (Sun)
……………………….
Zawgyi
ဝမ္ေယာင္ခ်န္း က႐ွာေဖြမႈ ရလဒ္ကိုျမင္လိုက္ၿပီး သူမ စိတ္ဆိုးမွာေၾကာက္လို႔ စာပို႔တာ ျဖစ္ႏိုင္သည္။
ဒါက ဝမ္ေယာင္ခ်န္း ရဲ႕ပုံမွန္ အျပဳအမူလား? ဒါမွမဟုတ္ ဒီအားသာခ်က္ေတြက သူမကို ခ်ဥ္းကပ္ခ်င္တာလား?
ဘယ္တစ္ခုပဲျဖစ္ျဖစ္ ေဇာင္ယုဟြမ္ ကသူ႕ကို ျငင္းပယ္ဖို႔ လိုအပ္ခ်က္ တစ္ခုေတာင္ စဥ္းစားလို႔မရေပ။
ဟန္ယင္ယင္ ေျပာခဲ့တာက မင္းဒိတ္ရင္ ဆက္ဒိတ္လိုက္။ မလုပ္ခ်င္ရင္ ဖ်က္လိုက္။ ဒါက ေကာင္းတယ္မလား?
သူမက “ဟြမ္ဟြမ္ ႀကိဳးစားၾကည့္ခ်င္တယ္”လို႔ လီဂ်င္းယြမ္ ကိုေျပာလိုက္တာ လိမ္ညာတာ မဟုတ္ေပ။
ဒီအေၾကာင္းကို သူမ အရင္က တစ္ခါမွ မၾကဳံေတြ႕ဖူးတာေၾကာင့္ ေဇာင္ယုဟြမ္ စူးစမ္းခ်င္ေနသည္။ ထို႔ေၾကာင့္ ေဇာင္ယုဟြမ္ ကသူမ လက္ေခ်ာင္းေတြကို လႈပ္႐ွားလိုက္သည္။
【ကြၽန္မတို႔ေတြ ပါပါရာဇီေတြကို ေ႐ွာင္ႏိုင္မလား?】
တစ္ဖက္မွ ဝမ္ေယာင္ခ်န္း ကသူ႕ကိုယ္စားလွယ္က ယူလာခဲ့သည့္ ဇာတ္ၫႊန္းကို ၾကည့္ေနခဲ့သည္။ ဖတ္ေနရင္း သူ႕ဖုန္းမွ တုန္ခါသံကို ၾကားလိုက္ရသည္။
ဝမ္ေယာင္ခ်န္း ကခဏေလာက္ အံ့ဩသြားၿပီး အလ်င္အျမန္ပဲ ေကာက္ယူလိုက္ကာ ဖြင့္လိုက္သည္။ စာကို႐ွင္း႐ွင္းလင္းလင္း ျမင္လိုက္ခ်ိန္တြင္ ဝမ္ေယာင္ခ်န္း ကေပ်ာ္႐ႊင္သြားတာကို မထိန္းခ်ဳပ္ႏိုင္ေပ။
ေဇာင္ယုဟြမ္ ကတကယ့္ကို ျပည့္စုံလြန္းတဲ့ အမ်ိဳးသမီးပဲ။ သူမက သူ႕ဘဝမွာ ပထမဆုံး အႀကိမ္အတြက္ ခံစားခ်က္ကို ျဖစ္ေစသည္။ ဒီေကာင္မေလးက တကယ္ပဲ သူနဲ႔ထိုက္တန္သည္။
ဒီအရာကို ဝမ္ေယာင္ခ်န္း ကဘယ္လိုလုပ္ၿပီး စြန္႔လႊတ္မလဲ?
႐ွာေဖြမႈ ရလဒ္ထဲက ဓာတ္ပုံေတြ အားလုံးကို သူၾကည့္ခဲ့သည္။ ဝမ္ေယာင္ခ်န္း ကသ႐ုပ္ေဆာင္ ျဖစ္ေသာ္လည္း ကင္မရာနဲ႔ ဖန္တီးထားခ်က္ေတြက မတူညီတဲ့ ခံစားခ်က္ေတြကို ျဖစ္ေပၚေစၿပီး သူ႕ႏွလုံးသားကို နည္းနည္းေတာ့ လႈပ္႐ွားေစသည္။
ေဇာင္ယုဟြမ္ သာသူ႕အေ႐ွ႕မွာ အျပဳံးေလးနဲ႔ မတ္တပ္ရပ္ေနရင္ ဘယ္လိုေတာင္ အံ့ဩဖို႔ ေကာင္းလိုက္မလဲလို႔ သူေတြးမိသည္။ ဝမ္ေယာင္ခ်န္း ကခ်က္ခ်င္းပဲ ေတြးေတာင္မေတြးပဲ ျပန္ေျဖလိုက္သည္။
【သူတို႔ကို လိုက္ေ႐ွာင္ေနဖို႔ မလိုပါဘူး။ မင္းစိတ္ထဲမထားရင္ အဆင္ေျပတာေပါ့…】
ေဇာင္ယုဟြမ္ က ဝမ္ေယာင္ခ်န္း ကခ်က္ခ်င္း စာျပန္လာမယ္လို႔ မထင္ထားခဲ့ေပ။ သူမက ပါးစပ္ထဲမွ သြားတိုက္တံကို ပ်င္းရိစြာ ကိုက္ထားၿပီး ျပန္ေျဖလိုက္သည္။
【ေသခ်ာတာေပါ့၊ ကြၽန္မက ေဖ်ာ္ေျဖေရးေလာကက မဟုတ္လို႔ စိတ္အေႏွာင့္အယွက္ မျဖစ္ပါဘူး။ ဒါက ညစာစား႐ုံပဲေလ။ ႐ွင္ စိတ္ထဲမထားရင္ ျပႆနာ မ႐ွိပါဘူး】
ဝမ္ေယာင္ခ်န္း က ေဇာင္ယုဟြမ္ ရဲ႕လြတ္လပ္သည့္ စိတ္သေဘာထားကို ျမင္လိုက္ရခ်ိန္တြင္ သူ႕ႏွလုံးသားက တခ်ိဳ႕ေမွ်ာ္လင့္ခ်က္ေတြေၾကာင့္ ျပန္လည္ဆန္းသစ္သြားသည္။ ဝမ္ေယာင္ခ်န္း ကခ်က္ခ်င္းပဲ သူတို႔ေတြ႕ဆုံမဲ့ ေနရာကို ပို႔လိုက္သည္။
စကားေျပာၿပီးခ်ိန္တြင္ ေဇာင္ယုဟြမ္ ကဖုန္းကို ေဘးဘက္တြင္ ခ်လိုက္ၿပီးေနာက္ ျပင္ဆင္ၿပီး မနက္စာအတြက္ ေအာက္ထပ္ကို ဆင္းလိုက္သည္။ လမ္းတစ္ဝက္တြင္ နည္းနည္းထူးဆန္းသည့္ တခ်ိဳ႕အရာေတြကို ေဇာင္ယုဟြမ္ ေတြးလိုက္မိသည္။
အို!
အရင္တုန္းက ဝမ္ေယာင္ခ်န္း ကသူ႕စတူဒီယိုမွာ အလုပ္လုပ္ဖို႔ ေတာင္းဆိုတုန္းက သူမ ျငင္းပယ္ခဲ့တာကို သတိရသြားသည္။ ဒါေပမဲ့ ဒီတစ္ႀကိမ္တြင္ စကားေျပာထားတာ ဘာမွ႐ွိမေနေပ။
သူမက မေတာ္တဆ ဖ်က္မိသြားတာလား?
ေဇာင္ယုဟြမ္ ကသိပ္မေတြးေတာ့ပဲ မနက္စာစားဖို႔ ေအာက္ထပ္ကို ဆင္းလိုက္သည္။ မနက္စာ စားၿပီးေနာက္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကိုေခၚႏိႈးရန္ အေပၚထပ္ ျပန္တက္ဖို႔ ျပင္ဆင္ထားခဲ့ေပမဲ့ လီဂ်င္းယြမ္ ရဲ႕အေပၚဗလာ ပုံစံကို မေတာ္တဆ ျမင္လိုက္ရတာကို သတိရသြားသည္။
ထို႔ေၾကာင့္ ဒီအေၾကာင္းကို စဥ္းစားလိုက္ၿပီး ေဇာင္ယုဟြမ္ ရပ္လိုက္သည္။ ေဇာင္ယုဟြမ္ ကအိမ္ေဖာ္ တစ္ေယာက္ကို ေမးလိုက္သည္။
“သခင္ေလးလီနဲ႔ သခင္ေလးဟုန္ တို႔ႏိုးၿပီလား?”
“သခင္ေလးလီ နဲ႔သခင္ေလးဟုန္ တို႔က အလုပ္သြားၾကပါၿပီ”
“အာ”
ေဇာင္ယုဟြမ္ ကစိတ္သက္သာသြားသလို ခံစားလိုက္ရသည္။ ေတာ္ေသးတာက ဝမ္ေယာင္ခ်န္း နဲ႔ညစာစားဖို႔ကို ဒီေန႔တြင္ ခ်ိန္းဆိုထားခဲ့သည္။
မဟုတ္ဘူး၊ ဘာေၾကာင့္ ငါက အျပစ္႐ွိသလို ခံစားေနရတာလဲ?
ေဇာင္ယုဟြမ္ ကမထိန္းခ်ဳပ္ႏိုင္ပဲ သူမေခါင္းကို ပြတ္လိုက္သည္။ လီဂ်င္းယြမ္/ ဟုန္ခ်န္းမင္း တို႔က သူမအေဖလည္း မဟုတ္ဘူး။ ေနာက္ၿပီး သူမက မိဘေတြေနာက္ကြယ္မွာ ခိုးၿပီးဒိတ္ရမဲ့ အ႐ြယ္လည္း မဟုတ္ေတာ့ဘူး။
ဘာမွအျပစ္႐ွိသလို ခံစားေနဖို႔ မလိုဘူး!
ေဇာင္ယုဟြမ္ ကအေပၚထပ္တက္ရင္း အရင္ဆုံး ပန္းခ်ီဆြဲၿပီး ျပခန္းပို႔ၿပီးမွ စားေသာက္ဖို႔ သြားဖို႔ ေတြးလိုက္သည္။
အြန္လိုင္းတြင္ ေဇာင္ယုဟြမ္ နဲ႔ ဝမ္ေယာင္ခ်န္း တို႔ရဲ႕စကားေျပာသည့္ ပမာဏက ပိုပိုမ်ားလာခဲ့သည္။ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔နဲ႔ယွဥ္ရင္ သူတို႔က နည္းပါးသည္။ ဒါေပမဲ့ မၾကာခင္မွာပဲ ထိပ္ဆုံး႐ွာေဖြမႈ ရလဒ္က ထြက္လာခဲ့သည္။
#ေဇာင္ယုဟြမ္ဝမ္းကြဲအစ္ကို#
“အားးးးး၊ ငါ႐ူးသြားၿပီ၊ အားးးးးး ေဇာင္ယုဟြမ္ ရဲ႕တစ္မိသားစုလုံးက အံ့ဩစရာေကာင္းတဲ့ နတ္ဘုရားေတြပဲ! သူ႕မ်က္ႏွာကို မျပေပမဲ့ သူက အရမ္းကို ဆြဲေဆာင္မႈ႐ွိတယ္။ ဒီလက္! ဒီလက္ေကာက္ဝတ္! ဒီေျခေထာက္! ေနာက္ၿပီး ဒီအသံတိုးေလး! အားးးး ငါထပ္ၿပီး မထိန္းခ်ဳပ္ႏိုင္ေတာ့ဘူး။ ေဖ်ာ္ေျဖေရးေလာကမွာ ဒီလိုအလွမ်ိဳးေလးက ဘာေၾကာင့္မ႐ွိရတာလဲ? သူသ႐ုပ္ေဆာင္ရင္ အေကာင္းဆုံး ျဖစ္မွာေသခ်ာတယ္။ ငါေတာ့ ဒူးေထာက္ေနၿပီ [ဓာတ္ပုံ] [ဓာတ္ပုံ] [ဓာတ္ပုံ] …”
“…ေဇာင္ယုဟြမ္ ရဲ႕အစ္ကို? ဘုရားေရး၊ အရမ္းခန္႔ညားတာပဲ!”
“အေပၚ +1 သူက ခန္႔ညား႐ုံတင္မကဘူး သူ႕ညီမေလးကို ရတနာေလးလိုလဲ ဂ႐ုစိုက္တယ္! အခ်ိန္ဖဲ့ၿပီး သူ႕ညီမကို ႐ိႈးပြဲအတြက္ ေလဆိပ္ကိုေတာင္ လိုက္ပို႔ေပးတယ္။ ဒါက အရမ္းေကာင္းတဲ့ အစ္ကိုႀကီးပဲ!”
“ငါေထာက္ခံတယ္။ ေဇာင္ယုဟြမ္ ကအရင္ဘဝတုန္းက ေကာင္းမႈေတြ ဘယ္ေလာက္ေတာင္ လုပ္ခဲ့လို႔ အခုလို ေကာင္းတဲ့အရာေတြပဲ ႐ွိေနရတာလဲ? ပထမက ဟုန္ေလးနဲ႔ ေမာင္ေလးလီ၊ အခုေတာ့ ႀကီးျမတ္တဲ့ အစ္ကို။ ငါအရမ္းကို မနာလိုျဖစ္ေနၿပီ၊ အူဝါးးးး”
“ငါ့မွာ အစ္ကိုရဲ႕ ပုံ႐ွိတယ္! [ဓာတ္ပုံ] ဒါကို ဘယ္ကေန ရလာလဲဆိုတာ ႐ွင္တို႔ေတြ ယုံေတာင္ယုံၾကမွာ မဟုတ္ဘူး! ဒါက သတင္းထဲက ႐ိုက္ယူထားတာ! အသက္အလယ္ပိုင္းနဲ႔ ေခါင္းေဆာင္လူႀကီးေတြ အလယ္မွာ ပုံမွန္အဝတ္နဲ႔ ရပ္ေနတာ။ အရမ္းကို မိုက္တာပဲ! ဒီလိုကုမၸဏီက ပိုၿပီးေတာ့ေတာင္ ေအာင္ျမင္ဦးမွာ!”
“အို၊ မျဖစ္ႏိုင္ဘူး။ အရမ္းခန္႔ညားတာပဲ။ အရမ္းခန္႔ညားလြန္းတယ္! သူက ခန္႔ညား႐ုံပဲဆိုရင္ အဆင္ေျပေပမဲ့ အဓိကအခ်က္က ဒီအသက္အ႐ြယ္နဲ႔ေတာင္ ဒီလိုေနရာကို ေရာက္ေနတာပဲ။ အရမ္းအံ့ဩဖို႔ေကာင္းတယ္…”
“ငါ မတြဲေပးခ်င္ဘူးေနာ္။ ေဇာင္ယုဟြမ္ ရဲ႕မိသားစုကို တိတ္တိတ္ေလးပဲ ၾကည့္ေနခ်င္တာ။ လူတိုင္း လုပ္သင့္တယ္။ အူဝါးးးး သူတို႔အားလုံးက မေသမ်ိဳးေတြပဲ….”
“ေဇာင္ယုဟြမ္ ကဒီလို က်က္သေရ႐ွိတဲ့ မ်က္ႏွာေလးေတြကို ေန႔တိုင္းျမင္ေနရေတာ့ ဘယ္လိုခံစားရလဲဆိုတာ ငါသိခ်င္တယ္။ သူမကိုယ္သူမ မွန္ထဲၾကည့္လိုက္ခ်ိန္မွာ အရမ္းကို ေက်နပ္ေနလိမ့္မယ္။ ဘုရားေရ၊ ေန႔တိုင္းက အံ့ဩဖို႔ေကာင္းမေနဘူးလား?”
“ငါ ေဇာင္ယုဟြမ္ ျဖစ္ခ်င္တယ္… ဒီဆႏၵေလးပဲ ႐ွိတာပါ…”
“မင္းက ေဇာင္ယုဟြမ္ ဆိုရင္ေတာင္ သူမလိုမ်ိဳးေတာ့ မျဖစ္ႏိုင္ဘူး။ သူမမိသားစုက ဓာတ္ပုံေတြက အင္တာနက္မွာ ထြက္လာေတာ့ မင္းတို႔ေတြ ဘယ္သူ႕ကို သတိရလဲ? ေဇာင္ယုဟြမ္ ကေက်ာင္းမွာလည္း သူမအတန္းေဖာ္ေတြနဲ႔ ဆက္ဆံေရးေကာင္းတယ္။ ႏိုင္ငံျခားမွာေတာင္ ႐ွိေသးတယ္။ ဒီကအစ္ကိုလန္ နဲ႔သူတို႔က သူမနဲ႔ တစ္ခ်ိန္လုံး႐ွိေနတာကိုေတာ့ ထည့္ေျပာဖို႔ မလိုဘူး… ဘာကိုဆိုလိုတာလဲ? သူမေလာက္ပဲလို႔ ဘာလို႔ေျပာတာလဲ? သူမက သြားတဲ့ေနရာတိုင္းမွာ လူခ်စ္လူခင္ေပါတာေနာ္”
“ငါသာ သူမေလာက္ ေငြ႐ွိၿပီး ေနာက္ခံသာ႐ွိရင္ ေသခ်ာေပၚကို တူညီတာေတြ ရမွာပဲ။ ဘယ္သူက ေငြေတြကို မႀကိဳဆိုမွာလဲ?”
“အေပၚက ေနာက္ေနတာ ရပ္လိုက္။ အရင္တုန္းက ေန႔ေတြကို ေဇာင္ယုဟြမ္ ဘယ္လိုျဖတ္သန္းခဲ့လဲဆိုတာ မင္းသိလို႔လား? သူမအေမက အေစာႀကီးထဲက ေသသြားခဲ့ၿပီလို႔ ငါၾကားခဲ့တယ္။ ေနာက္ေတာ့ အမ်ိဳးသမီး တစ္ေယာက္က ေဇာင္မိသားစုထဲ ဝင္ေရာက္ၿပီး သူမက သားတစ္ေယာက္နဲ႔ သမီးတစ္ေယာက္ကိုေတာင္ ေခၚလာခဲ့ေသးတယ္။ အဲ့အခ်ိန္တုန္းက ေဇာင္ယုဟြမ္ ကအရမ္းဆိုးတယ္လို႔ လူတိုင္းက ထင္ခဲ့ၾကတယ္။ သူမကို ဘယ္သူက နားလည္ေပးခဲ့လဲ? အခုေတာ့ သူမရဲ႕က်က္သေရေၾကာင့္ လူတိုင္းက ဂ႐ုစိုက္ေနေတာ့ မင္းက အရမ္းလိုခ်င္ေနတာေပါ့”
“သူမရဲ႕ က်က္သေရ +1 တကယ္၊ ႐ိႈးပြဲကိုၾကည့္ၿပီး မင္းသိႏိုင္တယ္။ ငါသာ အဲ့ေနရာမွာ ႐ွိေနခဲ့ရင္ ငါလည္း ဟြမ္ဟြမ္ နဲ႔သူငယ္ခ်င္း ျဖစ္ခ်င္တယ္…”
“မင္းဘာေျပာတာလဲ? စခရင္ကို လွ်က္ေနတာက မလုံေလာက္ေသးဘူးလား?”
“အစ္ကိုလန္ ရဲ႕လက္ေခ်ာင္းေတြက အရမ္းၾကည့္ေကာင္းတာပဲ။ QwQ”
“ဝတ္စုံေအာက္က သူ႕ခႏၶာကိုယ္ကလည္း အရမ္းမိုက္မွာပဲ။ ဟီးဟီ၊ ငါထင္တယ္”
“အစ္ကို၊ ကြၽန္မနဲ႔ အိပ္ပါ!”
“အေပၚက လူသိ႐ွင္ၾကား ျပစ္မႈက်ဴးလြန္ေနတာကို မင္းသိရဲ႕လား?”
“ျမင္ေယာင္ေအာင္ မလုပ္ပါနဲ႔။ ငါ့ႏွလုံးသားထဲမွာ အိပ္မက္ေတြ မက္ေနမိၿပီ။ _(:зゝ∠)_ အစ္ကိုလန္ နဲ႔ငါ မအိပ္ႏိုင္ဘူး”
စားေသာက္ဆိုင္တြင္ ေဇာင္ယုဟြမ္ က Weibo ႐ွာေဖြမႈကေန မေတာ္တဆနဲ႔ လန္ဂ်င္းဇီ အေၾကာင္း ေဆြးေႏြးေနၾကတာကို ေတြ႕လိုက္သည္။ ေဇာင္ယုဟြမ္ ကမထိန္းခ်ဳပ္ႏိုင္ပဲ ရယ္လိုက္ကာ တခ်ိဳ႕အေၾကာင္းေတြကို လန္ဂ်င္းဇီ ကိုျပဖို႔အတြက္ ဓာတ္ပုံ႐ိုက္ထားလိုက္သည္။
အခုေခတ္ မိန္းကေလးေတြက အရမ္းကို ဆိုးၾကၿပီး သူတို႔လိုခ်င္တာကို သတၱိ႐ွိ႐ွိ ေဖာ္ျပရဲၾကသည္။
ဝမ္းကြဲအစ္ကိုနဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕စိတ္သေဘာထားနဲ႔ အရမ္းကို လိုက္ဖက္သည္။
လန္ဂ်င္းဇီ ကအစည္းအေဝးမွ ထြက္လာခ်ိန္တြင္ WeChat မွစာဝင္လာခဲ့သည္။ သူ႕ေဘးက လူေတြက နည္းနည္း အံ့ဩသြားၾကၿပီး ၿပိဳလဲခ်င္သလို ျဖစ္သြားၾကေပမဲ့ လန္ဂ်င္းဇီ ကေတာ့ ဘာအမူအရာမွ ျဖစ္မေနေပ။
ေျခလွမ္းနည္းနည္း လွမ္းၿပီးေနာက္ လန္ဂ်င္းဇီ ကသူ႕ဖုန္းက ျမည္လာတာကို ၾကားလိုက္ရသည္။ ၾကည့္လိုက္ၿပီးေနာက္ အတြင္းေရးမႉးခ်န္း ကသူ႕ကို ျပန္လွည့္ၾကည့္တာေတာင္ သူ႕မ်က္ႏွာက ပိုႏူးညံ့သြားသည္။
“ဘာျဖစ္လို႔လဲ?” အတြင္းေရးမႉးခ်န္း ကေမးလိုက္သည္။
လန္ဂ်င္းဇီ က႐ႈပ္ေထြးေနတဲ့ ဓာတ္ပုံထဲက စာေတြကို ၾကည့္လိုက္သည္။ သူတို႔အားလုံးက တ႐ုတ္ဘာသာေတြ ျဖစ္ၾကေပမဲ့ လန္ဂ်င္းဇီ နားမလည္သလို ခံစားလိုက္ရသည္။ သူ႕ေျခဖ်ားကေန ေခါင္းအထိ မီးေလာင္ကြၽမ္းသလို ခံစားလိုက္ရသည္။
【အစ္ကိုရဲ႕ ႐ွာေဖြမႈက အရမ္းျမင့္ေနတယ္။ မိန္းကေလးေတြက အစ္ကိုနဲ႔ လက္ထပ္ခ်င္တာကို ေျပာေနၾကတယ္ 🙂 】
လန္ဂ်င္းဇီ ကသူ႕လက္ေခ်ာင္းေတြကို လႈပ္႐ွားလိုက္သည္။
【မဟုတ္တာေတြ】
【လိုက္မၾကည့္နဲ႔】
ဒါေတြက ဟြမ္ဟြမ္ ကိုမေကာင္းတဲ့ လမ္းေၾကာင္းကို ဦးတည္ေစတယ္။ မေရမတြတ္ႏိုင္တဲ့ အေတြးေတြက လန္ဂ်င္းဇီ ရဲ႕ေခါင္းထဲ ျဖတ္ဝင္လာၿပီး စာေတြကို ႐ိုက္လိုက္ ဖ်က္လိုက္ လုပ္ေနခဲ့သည္။
ထို႔ေနာက္ လန္ဂ်င္းဇီ ကသူ႕လက္ေခ်ာင္းေတြကို ျပန္ေနာက္ဆုတ္လိုက္ရင္း ျပန္မေျဖေတာ့ေပ။ အတြင္းေရးမႉးခ်န္း ကိုထပ္ေမးဖို႔ ဆုံးျဖတ္လိုက္ၿပီးေနာက္ Weibo တြင္ အင္တာနက္ အသုံးျပဳသူေတြ ေျပာထားသည့္ စကားေတြနဲ႔ ႐ွာေဖြမႈ ရလဒ္ကို သြားၾကည့္လိုက္သည္…
ဒီကိစၥေတြက ရဲေတြကိုေတာင္ ထိတ္လန္႔ေစသည္…
ဘာပဲျဖစ္ျဖစ္ ဟြမ္ဟြမ္ ကိုဒီလိုလမ္းမွာ ေရာက္သြားတာမ်ိဳး သူ မျဖစ္ေစခ်င္ေပ။ အတြင္းေရးမႉးခ်န္း ကမေနႏိုင္ပဲ ထပ္ေမးလိုက္သည္။
“ဘာျဖစ္လို႔လဲ? မိန္းကေလးေဇာင္ နဲ႔မစၥတာဝမ္ ၾကားမွာ တစ္ခုခုျဖစ္လို႔လား?”
လန္ဂ်င္းဇီ ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။ “မစၥတာဝမ္? ဘာမစၥတာဝမ္လဲ?”
ၾကည့္ရတာ သူ မသိေသးပုံရသည္။ အတြင္းေရးမႉးခ်န္း ကေျပာလိုက္မတာေၾကာင့္ သူ႕ကိုယ္သူ အျပစ္တင္လိုက္ေပမဲ့ ဆက္ေျပာလိုက္သည္။
“ၿပီးခဲ့တဲ့ႏွစ္တုန္းက《လႏွစ္သစ္》ဇာတ္ကားက အဓိကမင္းသား မိန္းကေလးေဇာင္နဲ႔ ႐ိႈးပြဲ႐ိုက္ကူးခဲ့တဲ့ ဝမ္ေယာင္ခ်န္း ေလ”
လန္ဂ်င္းဇီ ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။ “ဘာကိစၥလဲ?”
အတြင္းေရးမႉးခ်န္း ကေခ်ာင္းဟန္႔လိုက္ၿပီး လန္ဂ်င္းဇီ ရဲ႕ညီမအခ်စ္ေရးအေၾကာင္းကို ဒီေနရာမွာ ေျပာဖို႔က ထူးဆန္းတယ္လို႔ ခံစားလိုက္ရတာေၾကာင့္ ေတြးလိုက္ကာ ေျပာလိုက္သည္။
“ကြၽန္ေတာ္ သတင္းေတြ အရင္ဆုံးျပရမလား?” လန္ဂ်င္းဇီ ကတျခားသူေတြ ထြက္မသြားေသးတာကို သတိျပဳမိသြားသည္။
သူ႕ကို တိတ္ဆိတ္စြာ ၾကည့္ေနၾကသည့္ လူအမ်ားအျပားက ႐ွိေနၾကၿပီး သူ႕အမူအရာ ေျပာင္းလဲမႈၾကာင့္ နည္းနည္းလန္႔ေနပုံ ေပၚေနၾကသည္။
မၾကာခင္က အရာေတာ္ေတာ္မ်ားမ်ား ျဖစ္ပ်က္ခဲ့သည္။ သူ႕မ်က္ႏွာက ႐ုပ္ဆိုးသြားခ်ိန္မွာ လူတိုင္းက ေၾကာက္လန္႔မႈကိုသာ ျဖစ္လာလိမ့္မည္။ လန္ဂ်င္းဇီ ကသူ႕အမူအရာကို ထိန္းသိမ္းလိုက္ၿပီး ေခါင္းညိတ္လိုက္သည္။
“အင္း၊ အရင္ဆုံး ႐ုံးခန္းထဲသြားၿပီးမွ ေျပာၾကတာေပါ့”
ေဇာင္ယုဟြမ္ ကစာပို႔ၿပီးေနာက္ 【စာ႐ိုက္ေနသည္】လို႔ ႏွစ္ႀကိမ္ေတာင္ သူမ ျမင္လိုက္ေပမဲ့ အဆုံးတြင္ ဘာစာမွေရာက္မလာခဲ့ေပ။
ဘာျဖစ္လို႔လဲ?
အခုရက္ပိုင္း လူတိုင္းက ဘာေၾကာင့္ ထူးဆန္းေနၾကတာလဲ?
ေဇာင္ယုဟြမ္ ကဖုန္းကိုကိုင္ထားရင္း လန္ဂ်င္းဇီ ကအစည္းအေဝးမွာျဖစ္ၿပီး စာျပန္ဖို႔ အဆင္မေျပတာ ျဖစ္လိမ့္မယ္လို႔ ေတြးလိုက္သည္။
အို၊ အစ္ကိုက အင္တာနက္ ဘာသာစကားေတြနဲ႔ မရင္းႏွီးလို႔ ဒီလို႐ွင္းလင္းတဲ့ စာေတြက ေၾကာက္ဖို႔ေကာင္းလို႔ ဘယ္လိုျပန္ေျပာရမွန္း မသိျဖစ္သြားတာေနမယ္။
ေဇာင္ယုဟြမ္ ကစာ႐ိုက္ေနသည္လို႔ ႏွစ္ႀကိမ္ေတာင္ ျမင္လိုက္ေပမဲ့ ဘာမွမေရာက္လာလို႔ သူမ သိခ်င္စိတ္ကို မထိန္းႏိုင္ေပ။ မၾကာခင္ စားေသာက္ဆိုင္ အျပင္ဘက္တြင္ ကားေရာက္လာခဲ့သည္။
ေဇာင္ယုဟြမ္ ရဲ႕ဖုန္းကလည္း ျမည္လာသည္။
“ဟယ္လို”
“မိန္းကေလးေဇာင္ အျပင္မွာလား?”
“အင္း၊ ဘယ္လိုသိတာလဲ?”
“မိန္းကေလးေဇာင္ ရဲ႕ကားကို ေတြ႕လိုက္လို႔” တစ္ဖက္မွ အသံကရပ္သြားသည္။
ထို႔ေနာက္ စားေသာက္ဆိုင္ တံခါးက ပြင့္လာတာကို ေဇာင္ယုဟြမ္ ျမင္လိုက္ရသည္။ အမ်ိဳးသား တစ္ေယာက္က ေလွ်ာက္ထြက္လာၿပီး ေဇာင္ယုဟြမ္ ရဲ႕ကားဆီ ေရာက္လာကာ သူ႕လက္ကိုဆန္႔လိုက္ၿပီး တံခါးဖြင့္ေပးလိုက္သည္။
ဒီျမင္ကြင္းကို ပါပါရာဇီက ႐ိုက္ယူလိုက္ၿပီး ခ်က္ခ်င္းပဲ အြန္လိုင္းေပၚ တင္လိုက္သည္။ ေဇာင္ယုဟြမ္ နဲ႔ ဝမ္ေယာင္ခ်န္း တို႔စားေသာက္ၿပီး အိမ္ျပန္ေရာက္ခ်ိန္တြင္ သတင္းေတြက ပိုပိုၿပီး လူသိလာၾကသည္။
“ေဖ်ာ္ေျဖေရး အဓိကအခ်က္ 8:08 : မေတာ္တဆ ေဇာင္ယုဟြမ္ နဲ႔ ဝမ္ေယာင္ခ်န္း တို႔အတူတူစားေနတာကို ဓာတ္ပုံ႐ိုက္မိလာတယ္။ သူတို႔ႏွစ္ေယာက္တည္း။ ဝမ္ေယာင္ခ်န္း ကသူ႕ေအးဂ်င့္/ လက္ေထာက္ကိုေတာင္ ေခၚမလာခဲ့ဘူး… ၾကည့္ရတာ သူတို႔ေတြ တကယ္ပဲ ဒိတ္ေနၾကတာေနမယ္။ [ဓာတ္ပုံ] [ဓာတ္ပုံ]”
ဓာတ္ပုံေတြက အတြဲဖန္ေတြကို ပို႐ူးသြပ္သြားေစေပမဲ့ မေကာင္းတဲ့ အေၾကာင္းေတြေတာ့ မ႐ွိေပ။ လူေတြရဲ႕ ေဆြးေႏြးခ်က္ေတြေၾကာင့္ ႐ိႈးပြဲက ထိပ္ဆုံးကို ေရာက္လာခဲ့ေပမဲ့ ဒီသတင္း ထြက္လာခ်ိန္တြင္ အေျခအေနက ကြားျခားေနသည္။
သတင္းေတြက ပုံမွန္ထက္ကို လ်င္ျမန္ေနသည္။ တစ္ခ်ိန္တည္း ကြန္႔မန္႔ေတြက ေပါက္ကြဲထြက္လာသည္။
“တကယ္လား?”
“သူတို႔က ဒိတ္ေနၾကၿပီေပါ့။ _(:зゝ∠)_ အရမ္းေကာင္းတယ္။ အစ္ကိုခ်န္း ကအႀကီးဆိုေတာ့ မိန္းကေလးေတြကို ဘယ္လိုဂ႐ုစိုက္ရမွန္ သိတယ္”
“ဒီမွာ ယြမ္ဟြမ္ အတြဲဖန္ေတြ ငိုေနၿပီ”
“ဟုန္ေဇာင္ အတြဲဖန္ +1”
“ဒီေနရာမွာ ဘာေၾကာင့္ အတြဲဒရမ္မာေတြ အရမ္းမ်ားေနရတာလဲ? သူတို႔က မိသားစုလို႔ ေျပာခဲ့ၿပီးသားမလား?”
“သူတို႔က မိသားစုျဖစ္ေတာ့ေကာ ဘာျဖစ္လဲ? သူတို႔ေနာက္ဆုံး နာမည္ေတြကေတာင္ မတူၾကဘူးေလ။ ေဇာင္မိသားစု/ ဒင္မိသားစုတို႔မွာ တခ်ိဳ႕အရာေတြ ႐ွိေနတာ မျဖစ္ႏိုင္ဘူးလား? ဘာေၾကာင့္ ခ်စ္ဖို႔မေကာင္းရတာလဲ?”
“ဝမ္ေယာင္ခ်န္း နဲ႔လူဘယ္ေလာက္မ်ားမ်ား မေကာင္းသတင္း ထြက္ဖူးလဲ? ဓာတ္ပုံေတြက ဘာမွမဟုတ္ဘူး။ တရားဝင္စာကိုသာ ေစာင့္ၾကည့္၊ အိုေက? လိုက္လွည့္ဖ်ားမေနနဲ႔”
–
လန္ဂ်င္းဇီ ကအြန္လိုင္း သတင္းေတြကို ျမင္လိုက္႐ုံသာမက လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကိုလည္း ျမင္လိုက္ရသည္။ သူတို႔ႏွလုံးသားေတြလည္း ခုန္ေနေလာက္ၿပီ။
ဟြမ္ဟြမ္ ကအရင္တုန္းက ဒိတ္ခ်င္တယ္လို႔ ေျပာခဲ့တယ္။
ဒါက ရလဒ္လား? ဒုတိယရက္မွာ စမ္းၾကည့္တာလား?
“မင္းမွာ ဝမ္ေယာင္ခ်န္း ရဲ႕ေအးဂ်င့္ ရဲ႕ဖုန္းနံပါတ္႐ွိလား”
လီဂ်င္းယြမ္ ကေခါင္းလွည့္ကာ ေမးလိုက္သည္။ ေဝ့က်ဲ က လီဂ်င္းယြမ္ မ်က္ႏွာပ်က္ေနတာကို ျမင္လိုက္ၿပီး ေမးလိုက္သည္။
“အရင္က ငါမွတ္ထားတယ္။ ႐ွာၾကည့္လိုက္မယ္။ စိတ္မလႈပ္႐ွားနဲ႔။ တကယ္ေတာ့ မိန္းကေလးေဇာင္ လည္းအ႐ြယ္ေရာက္ေနၿပီ။ သူမလည္း ဒီလိုကိစၥေတြ ႐ွိလာမွာပဲ။ သူမဘဝကို ဂ႐ုစိုက္တတ္ပါတယ္။ ငါ့အျမင္ဆိုရင္ ဝမ္ေယာင္ခ်န္း က မိန္းကေလးေဇာင္ ကိုအသုံးခ်မွာ မဟုတ္ဘူး”
ေဝ့က်ဲ ကဖုန္းနံပါတ္႐ွာရင္း ေျပာလိုက္ေပမဲ့ လီဂ်င္းယြမ္ ကဘာမွမေျပာေပ။ သူတို႔လိုလူေတြက ဖုန္းမွာ နံပါတ္ေတြ မွတ္ထားသလို မွတ္စုမွာလည္း မွတ္ထားတတ္ၾကသည္။
ဖုန္းနံပါတ္ေတြ အမ်ားႀကီး႐ွိတာေၾကာင့္ ဆက္ဆံေရးကို ပိုလြယ္ကူအဆင္ေျပဖို႔ စာအုပ္ထဲမွာ မွတ္ထားတတ္ၾကသည္။ မိနစ္ဝက္ေလာက္ အၾကာတြင္ ေဝ့က်ဲ ကနံပါတ္ကို ႐ွာေတြ႕သြားၿပီး ဝမ္ေယာင္ခ်န္း ရဲ႕နံပါတ္ကိုပါ ေတြ႕သြားသည္။
လီဂ်င္းယြမ္ က႐ုတ္ခ်င္း ထရပ္လိုက္တာက မိတ္ကပ္ပညာ႐ွင္ကိုေတာင္ ေၾကာက္လန္႔သြားေစသည္။
“လီအာ ရဲ႕ဆံပင္က မၿပီးေသးဘူး”
ေဝ့က်ဲ ကအလ်င္အျမန္ပဲ သူ႕ကို လက္ျပလိုက္သည္။
“ခဏေလးေစာင့္။ အလုပ္ႀကိဳးစားတယ္။ ခဏေလးပဲ ေစာင့္ေပး”
23.5.2021 (Sun)
……………………….
[text_hash] => ac0017f8
)