Array
(
[text] =>
Unicode
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကအစားအသောက်တွေကို ကိုင်ထားရင်း ချက်ချင်းပဲ အပေါ်ကို တက်လာခဲ့ကြသည်။ ဇောင်ယုဟွမ် ကအမြန်ပဲ လက်တွေကို ဆေးကြောလိုက်သည်။ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က အစားအသောက်တွေကို နေရာချလိုက်ပြီးနောက် ယင်ချီချီ နဲ့တခြားသူတွေက ဝင်လာခဲ့ကြသည်။
ယင်ချီချီ ကသက်ပြင်းချကာ ပြောလိုက်သည်။ “အစ်ကိုလေးလီ ကအရမ်းကို တွေးတက်တာပဲ”
သို့သော် ဘယ်သူမှ သူမကို ဂရုမစိုက်ပေ။
ကောမိုင် ကပြုံးကာ ပြောလိုက်သည်။ “ဒါကို ယုဟွမ် အတွက် ဖယ်ထားတာ။ ယုဟွမ် ကြိုက်လားတော့ မသိဘူး”
ဂူယူလင်း ကလည်းပြောလိုက်သည်။ “ဒါက ငါဖယ်ထားတယ်”
ဝမ်ယောင်ချန်း နဲ့တခြားသူတွေကလည်း သူတို့ဖယ်ထားတွေကို ပြောလိုက်ကြသည်။ သူတို့က ဟင်းပွဲတွေ အများကြီးကို ချန်ထားကြပြီး အတော်လေး ကောင်းတာတွေကိုသာ ဖယ်ထားကြသည်။
ထိုအရာကြောင့် မျက်နှာပြင်က ထပ်ပြီး ဆူညံသွားသည်။
“သူမက တကယ့်ကို အလိုလိုက်ခံရတာပဲ…”
“ဒါကမှ တကယ့်မင်းသမီးလေး ဖြစ်သင့်တယ်မလား?”
“ရိုးရိုးသားသား ပြောရရင် ဒီလိုမျိုး နောက်ခံကောင်းကောင်းနဲ့ အလိုလိုက်ခံရတဲ့ တစ်စုံတစ်ယောက်မျိုးက ရှားတယ်”
“+1 ဇောင်ယုဟွမ် ကပိုပြီးနာခံတတ်ရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူးလို့ ငါထင်တယ်!”
ညစာစားပြီးနောက် ဇောင်ယုဟွမ် ကနည်းနည်း အနားယူလိုက်ကာ လူတိုင်းကတော့ ရှုံးသူ သောက်ကြေး၊ ဇောက်ထိုးနေကြေးဖြင့် ကဒ်တွေကို ကစားနေခဲ့ကြသည်။
ဇောင်ယုဟွမ် ကခုံတွင် ပျင်းရိစွာ ထိုင်နေပြီး ကဒ်ကစားပြီး နှစ်ပွဲရှုံးသွားခဲ့သည်။ သူမရဲ့အရက်ခံနိုင်ရည်က တော့်တော့်ကို မကောင်းတာကြောင့် တွေးတောပြီးနောက် ပြောလိုက်သည်။
“ကျွန်မ ဇောက်ထိုးနေတာပဲ လုပ်မယ်”
ကောမိုင် ကချက်ချင်းပဲ ပြောလိုက်သည်။ “ယုဟွမ် အစားလုပ်ပေးမယ်”
ဇောင်ယုဟွမ် ကခေါင်းခါပြီး ပြောလိုက်သည်။ “ရပါတယ်”
သူမက ခုံကနေ ထလိုက်ပြီး ဖိနပ်ကို ချွတ်လိုက်ကာ ပျင်းရိစွာနဲ့ ပြောလိုက်သည်။ “ကျွန်မ အရင်က လေ့ကျင့်ဖူးတယ်”
“အထူးဇောက်ထိုးနေတာကိုလား?” ယင်ချီချီ ကကြားဖြတ်ပြောလိုက်သည်။
“အက”
ယင်ချီချီ ကသူမ ပြောလိုက်တာကြောင့် ဇောင်ယုဟွမ် ကိုပိုပြီးတော်တာကို သိသွားစေတာကြောင့် ပါးစပ်ပိတ်သွားခဲ့သည်။ ဇောင်ယုဟွမ် ကနံရံနားကို လျှောက်သွားလိုက်သည်။ လူတိုင်းက ဘာမှမပြောခင် သူမက ရုတ်တရက် လှည့်လိုက်ပြီး ခြေထောက်တွေကို မြှောက်လိုက်ကာ လက်တွေနဲ့ ကြမ်းပြင်ကို ထောက်လိုက်ပြီး ဇောက်ထိုးနေလိုက်သည်။
သူမခြေထောက်တွေက ဖြောင့်နေကာ သွယ်လျနေသည်။ ဒါက သူမကို ပိုပြီးလှပပုံတောင် ပေါ်စေသည်။ သူတို့က ယောင်္ကျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ဒီလှပတဲ့အရာရဲ့ ဆွဲဆောင်ခြင်းကို ခံရလိမ့်မည်။
ကမ္ဘာမြေစွမ်းအင်းက ရောက်လာချိန်တွင် ဇောင်ယုဟွမ် ရဲ့စကတ်က လှန်သွားသည်။ ထိုအချိန်ကျမှ ဇောင်ယုဟွမ် ကစကတ်ဝတ်ထားတာကို လူတိုင်းက သတိရသွားကြသည်။
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ချက်ချင်းပဲ ပြေးသွားကြသည်။ နေရာက သိပ်မအေးတာကြောင့် လူတိုင်းက တစ်ထပ်တည်းသာ ဝတ်ထားကြသည်။ ရှပ်အင်္ကျီ ချွတ်ဖို့က မလွယ်ကူပေ။
နောက်ဆုံးတော့ ဝမ်ယောင်ချန်း ကသူ့ကုတ်ကို ချွတ်လိုက်ပြီး ဇောင်ယုဟွမ် ကိုပတ်ပေးလိုက်သည်။ အခန်းထဲတွင် သူတစ်ယောက်ကသာ ကုတ်အင်္ကျီပါးလေးကို ဝတ်ထားသူဖြစ်သည်။
“ဟားဟားဟား၊ လူတိုင်းက အဝတ်အစားကို မေ့နေကြတာလား?”
“ဟမ်၊ အို ဒီခြေထောက်တွေ! ငါ့နှာခေါင်းသွေးလျှံနေပြီ၊ ငါက မိန်းကလေးပါ!”
“အစ်ကိုလေးလီ နဲ့ ဟုန်လေး ရဲ့ရင်ဘတ်တွေက အရမ်းကို မိုက်တာပဲ၊ yum”
“ဝမ်ယောင်ချန်း ရဲ့လှုပ်ရှားမှုက အရမ်းမြန်တာပဲ _(:зゝ∠)_ ငါထပ်ပြီး မြင်ချင်တယ်။ ဒါပေမဲ့ ငါက နှာဗူးတော့ မဟုတ်ဘူး”
“နည်းနည်းတော့ မသိသာပေမဲ့ ဝမ်ယောင်ချန်း က ဇောင်ယုဟွမ် ကိုနည်းနည်းတော့ သဘောကျနေတယ်လို့ ငါခံစားနေရတယ်…”
ရိုက်ကူးရေးထဲတွင်
“အိုကေ၊ ပြီးပြီ။ ချလိုက်တော့” ဝမ်ယောင်ချန်း က ဇောင်ယုဟွမ် ကိုကိုင်ထားရင်း ပြောလိုက်သည်။
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က သူတို့လှုပ်ရှားမှုကို ရပ်လိုက်သည်။ သူတို့က ဝမ်ယောင်ချန်း ကိုတစ်ချိန်တည်း စိုက်ကြည့်လိုက်ကြသည်။
ထို့နောက် ဇောင်ယုဟွမ် ကနည်းနည်း ရှက်သွားသလို ခံစားလိုက်ရသည်။ သူမ စကတ်ဝတ်ထားကို တကယ်မေ့သွားခဲ့သည်။ သူမက အလျင်အမြန် ပြန်ဖုံးလိုက်ပြီး ရပ်လိုက်သည်။
ဝမ်ယောင်ချန်း ကသူ့ကုတ်အင်္ကျီကို ဇောင်ယုဟွမ် ဆီပေးလိုက်သည်။
“အပြင်မှာ နည်းနည်းအေးတယ်။ မင်းခြေထောက်တွေကို အုပ်ထားချင်လား?”
ဇောင်ယုဟွမ် ကကို့ယို့ကားယားဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်”
မျက်နှာပြင်က ခန့်မှန်းခြင်း မလုပ်ကြတော့ပေ။ Weibo တွင်ထိပ်ဆုံး ရှာဖွေမှုက ဇောင်ယုဟွမ် နဲ့နောက်ထပ် နာမည်တစ်ခု ရှိနေသည်။
#ဇောင်ယုဟွမ် နဲ့ ဝမ်ယောင်ချန်း#
နှိပ်လိုက်ချိန်တွင် ဘလော့က ပြောထားသည်။ “အပိုင်းအသစ်ကို ကြည့်ပြီး ပြီးခဲ့တဲ့အပိုင်းတွေကို ပြန်ကြည့်လိုက်ချိန်မှာ အချက်တော်တော်များများကို ငါတွေ့လိုက်ရတယ်။ ဝမ်ယောင်ချန်း နဲ့ ဇောင်ယုဟွမ် တို့ကြားက ဆက်ဆံမှုက လီဂျင်းယွမ် နဲ့ ဇောင်ယုဟွမ် နဲ့ ဟုန်ချန်းမင်း တို့ထက် ပိုနည်းတယ်! ဒါက ကောင်းတယ်!”
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့မှာ ကိုယ်ပိုင်အလုပ် အသီးသီးရှိကြတယ်၊ ဒီ Weibo မှာကြည့်နိုင်တယ်။
ဒါတွင်မကပေမဲ့ လီဂျင်းယွမ် လည်း ဝမ်ယောင်ချန်း ဆီမှစာရခဲ့သည်။
【တောင်းပန်ပါတယ်၊ ဒီရှာဖွေမှုရလဒ်က ငါ့အဖွဲ့က လုပ်တာမဟုတ်ဘူး။ မိန်းကလေးဇောင် ကိုအသုံးချပြီး ရှာဖွေမှုတိုးအောင်လုပ်ဖို့ ငါဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး】
တစ်ဖက်မှ 【စာရိုက်နေသည်…】ကိုပြလာခဲ့သည်။ ထို့နောက် စာအသစ်က ချက်ချင်း ရောက်လာခဲ့သည်။
【ဒါပေမဲ့ မိန်းကလေးဇောင်ကို ငါတကယ် သဘောကျတာ။ မင်း/မစ္စတာဟုန် တို့က မိန်းကလေးဇောင် ရဲ့ကောင်လေးလို့ ထင်ခဲ့ကြပေမဲ့ အခုတော့ ငါသေချာသွားပြီ 】
သေချာတယ်?
မင်း*ကိုမှ သေချာ!
ဝမ်ယောင်ချန်း ကဒီစာတွေကို တိုက်ရိုက်ပို့လိုက်တာ ဖြစ်သည်။
ဘေးဘက်မှ လက်ထောက်အမျိုးသမီးက ပြောလိုက်သည်။ “ရှင်ဘာကြောင့် ကြေညာလိုက်တာလဲ? အင်တာနက်မှာ ရှင်နဲ့ ဇောင်ယုဟွမ် တို့အကြောင်းကို ပြောနေကြပြီး ဇောင်ယုဟွမ် ကရှင့်ကို လူသိများစေရင်တောင် ရှင်လူသိများဖို့ ဒီလိုအသုံးချဖို့ မလိုပါဘူး။ ဒီအကြောင်းကို ရှင်ဘယ်လိုပဲ တွေးနေပါစေ၊ ရှင့်အတွက် လူသိများဖို့က မလိုအပ်ပါဘူး”
ဝမ်ယောင်ချန်း ကနူးညံ့စွာ ပြုံးလိုက်ပြီးနောက် သူ့ဖုန်းကို ကြည့်လိုက်ကာ ပြောလိုက်သည်။ “လုပ်လုပ်မလုပ်လုပ် ကိစ္စတစ်ခုပဲ။ ခံစားချက်တွေက တခြားအရာတွေပဲ။ လီဂျင်းယွမ် ကမိန်းကလေးဇောင် ရဲ့မောင်လေး။ ငါက မစ္စတာဟုန် နဲ့မရင်းနှီးတာကြောင့် လီဂျင်းယွမ် ကိုပဲပြောလိုက်တာ”
အမျိုးသမီး လက်ထောက်က နောက်ဆုံးတော့ နားလည်သွားသည်။ “ရှင်၊ ရှင်က မိန်းကလေးဇောင် ကို…”
“အချိန်အကြာကြီး တစ်ခုတည်းကို လုပ်ခဲ့ပြီးပြီ။ ဒီအကြောင်းက ဘာထူးဆန်းလို့လဲ?” ဝမ်ယောင်ချန်း ကပြန်ဖြေလိုက်သည်။ ပြောနေချိန်တွင် ချက်ဘောက်ကို ကြည့်လိုက်သည်။
ထိုနေရာတွင်【စာရိုက်နေသည်】 ဆိုတဲ့ စာကြောင်းကို မမြင်ရတာကြောင့် ဝမ်ယောင်ချန်း ကသတိလက်လွတ် မျက်မှောင်ကြုတ်လိုက်သည်။ ဒီဝန်ခံခြင်းက မျက်နှာချင်းဆိုင် မဟုတ်ပေ။ ဒါပေမဲ့ သူမမောင်လေးရဲ့ စိတ်သဘောထားက အရမ်းအရေးပါသည်။
ဖျော်ဖြေရေးလောကတွင် သူ့တိုးတက်မှုနဲ့ လုပ်ဆောင်ချက်တွေက အရမ်းကောင်းသည်။ အခုချိန်ထိ လုပ်ကိုင်လာခဲ့တာ နှစ်ပေါင်းများစွာရှိနေပြီး အတော်လေးလည်း ချမ်းသာကြွယ်ဝနေသည်။
ထိုအကြောင်းကြောင့် သူက ဇောင်ယုဟွမ် ကိုစိတ်ဝင်စားနေတာက ငြင်းဆန်ဖို့ အကြောင်းပြချက် မရှိပေ။ အမျိုးသမီး လက်ထောက်က သူမသူဌေးရဲ့ အချစ်ရေးကို အပြစ်မပြောရဲပဲ ချက်ချင်း ပြောလိုက်သည်။
“ရှင်နဲ့ မိန်းကလေးဇောင် ကအရမ်းလိုက်ဖက်တယ်” ဝမ်ယောင်ချန်း ကပြုံးလိုက်ပြီး ကော်ဖီခွက်ကို ချလိုက်ပြီးနောက် သူမကို ထွက်သွားခိုင်းလိုက်သည်။
အမျိုးသမီး လက်ထောက်က ထွက်သွားချိန်တွင် ဝမ်ယောင်ချန်း က လီဂျင်းယွမ် ရဲ့ပြန်စာကို မရသေးပေ။ ဝမ်ယောင်ချန်း ကနည်းနည်း စိတ်ပျက်သွားသည်။
လီဂျင်းယွမ် ကစာတွေကို မမြင်လို့လား? ဒါပေမဲ့ အလျင်မလိုပါဘူး။
ဝမ်ယောင်ချန်း ကတွေးလိုက်ပြီး ဖုန်းကိုချလိုက်ကာ မတ်တပ်ရပ်လိုက်ပြီး ဇောင်ယုဟွမ် ကိုဘယ်လို ပိုးပန်းမလဲဆိုတာကို စဉ်းစားလိုက်သည်။
သူက ဒီနှစ်ဆို ၃၂ ရှိပြီ။ သရုပ်ဆောင်လောကက အမျိုးသားတွေက ကဏ္ဍပေါင်းများစွာကို ရိုက်ကူးရသည်။ သူက အသက်သုံးဆယ် ကျော်သွားရင်တောင် ဖန်တွေရဲ့ မျက်လုံးထဲတွင်တော့ သူက ငယ်ရွယ်သည့် သရုပ်ဆောင် ဖြစ်နေတုန်းဖြစ်ကာ ခန့်ညားချောမောသည့် အပိုင်းတွေမှ ပါဝင်နိုင်တုန်းပင်။
အရင်တုန်းက သူဒိတ်ဖူးခဲ့ပေမဲ့ ဒါတွေအားလုံးက လျှို့ဝှက်ချက်အနေနဲ့သာ ဖြစ်ခဲ့သည်။ အကြောင်းကတော့ သရုပ်ဆောင်တွေ ဒိတ်တာက ဖန်တွေရဲ့ အမြင်မကြည်မှုကို ရနိုင်ပြီး ကျော်ကြားမှုကို ကျဆင်းသွားစေသည်။
ဒါပေမဲ့ အခုကတော့ ဖျော်ဖြေရေးလောကမှာ သူ့ရပ်တည်မှုက ပိုပိုခိုင်မာလာပြီး သူ့သရုပ်ဆောင်မှုတွေကလည်း ရှင်းလင်းစွာ တည်ရှိနေသည်။ သူ့အသက်နဲ့ ပေါင်းလိုက်ရင်း ဒိတ်သည့်သတင်းတွေ မရှိသေးသော်လည်း ဖန်တွေကတော့ သူ့ကို ဒိတ်ဖို့တောင် ဆန္ဒရှိလာကြသည်။ သူတို့က သားအဖရှိုးပွဲကိုတောင် ကြည့်ချင်နေကြသည်။
ဝမ်ယောင်ချန်း ကပြုံးလိုက်သည်။ ဒီတစ်ကြိမ်က လုံးဝသေချာသည်။ စိတ်လှုပ်ရှားလွယ်တဲ့ ကောင်မလေးမှာ ရည်းစားရှိမနေတာကို ကျေးဇူးတင်မိသည်။
တစ်ချိန်တည်းမှာပဲ သူကလည်း လူသိရှင်ကြား ဒိတ်နိုင်တဲ့ အသက်ကို ရောက်နေခဲ့ပြီ။ ဒါမှမဟုတ်ရင် သူအရင်က ဇောင်ယုဟွမ် လောက်ကောင်းတဲ့ ကောင်မလေးနဲ့ တွေ့ဆုံခဲ့ရင် သူပိုပန်းနိုင်မှာတောင် မဟုတ်ဘူး။
သူမက အရမ်းကိုလှပပြီး၊ စိတ်ထားကောင်းတယ်၊ လူချစ်လူခင်ပေါတယ်၊ နောက်ပြီး နောက်ခံမိသားစုကလည်း တောင့်တင်းသည်…
ထိုအကြောင်းကို ဝမ်ယောင်ချန်း ကပိုတွေးလိုက်ပြီး မထိန်းချုပ်နိုင်စွာပဲ စိတ်လှုပ်ရှားလာခဲ့သည်။ ဒီခံစားချက်မျိုးကို သူ့အသက် ၃၀ ကျော်သည်အထိ တစ်ခါမှ မခံစားဖူးခဲ့ပေ။
ဒါက ကောင်းကင်ဘုံရဲ့ ဆန္ဒများလား?
ဝမ်ယောင်ချန်း ကဆိုဖက်ဘက်လှည့်လိုက်ပြီး ထိုင်လိုက်ကာ သူ့ဖုန်းကို ထပ်ကိုင်လိုက်သည်။ 《အချိန်ခရီးသွားခြင်း》 မှာသူတို့ မရိုက်ကူးခင်အထိ ဘယ်တော့မှ စာမပို့သည့် WeChat ဂရုရှိသည်။ သို့သော် ကောင်မလေး နှစ်ယောက်၊ ယင်ချီချီ နဲ့ လင်းလန် တို့ကတော့ အရင်ကတည်းက သူ့ကို တိုက်ရိုက် ဆက်သွယ်လာခဲ့ကြသည်။ ယဉ်ကျေးတာက ဝမ်ယောင်ချန်း ရဲ့ပုံစံ မဟုတ်ပေ။
သူငယ်ငယ်တုန်းက ပုံစံမျိုးစံကို မြင်ခဲ့ဖူးသည်။ သူ့ကို လှေကားအဖြစ် အသုံးချပြီး သူ့စတူဒီယိုထဲတွင် အလုပ်လုပ်ချင်ကြသည်။ ဒီလိုပုံစံမျိုးကို ဝမ်ယောင်ချန်း ကသဘောမကျပေ။ နောက်ပြီး သူတို့က ဇောင်ယုဟွမ် ဘက်မှာ ရပ်တည်နေကြချိန် ကြယ်အလင်းကနေ နေအလင်းရောင်အဖြစ် ပြောင်းလဲနေတဲ့ ဇောင်ယုဟွမ် လိုလူမျိုးကတော့ လုံးဝကို ကွာခြားသည်။
အရင်တုန်းက ဝမ်ယောင်ချန်း ကသူ့စတူဒီယိုအား ဝန်ထမ်းကို တာဝန်ယူခိုင်ထားတာကြောင့် သူမနဲ့ ပတ်သက်မှာ မဟုတ်ဘူး။ ကောမိုင် ကချမ်းသာသည့် မိသားစုနဲ့ လက်ထပ်ခဲ့သည်။ သူတို့က အာရုံစိုက်မှု နည်းနည်းသာရှိသည့် သာမန်ဖြစ်သည်။
ဂူယူလင်း ကလည်း လီဂျင်းယွမ် နဲ့အတွဲဖြစ်ချင်နေတာက သိသာသည်။ နောက်ပြီး ဟုန်ချန်းမင်း ဆီကိုတောင် ဝင်ချင်နေသည်။ ဇောင်ယုဟွမ် ကသာ ဆွဲဆောင်မှုရှိပြီး ဒီမိန်းကလေးတွေနဲ့ မတူပေ။
ဝမ်ယောင်ချန်း က ဇောင်ယုဟွမ် နဲ့စကားပြောဖို့ နှိပ်လိုက်သည်။ နောက်ဆုံး စကားပြောထားတာက ပထမအပိုင်းအတွက် ရိုက်ကူးရေး ပြီးချိန်က ဖြစ်သည်။ သူ့စတူဒီယိုကို ဇောင်ယုဟွမ် ကိုဖိတ်ခဲ့ပေမဲ့ အငြင်းခံခဲ့ရသည်။
ဝမ်ယောင်ချန်း ကတကယ်ပဲ သူမအပေါ် ခံစားချက်ရှိနေတာလား?
ဒါမှမဟုတ် ဘလော့ခ်ကာ ကပဲဓာတ်ပုံရိုက်တာ ကောင်းနေလို့လား?
ဇောင်ယုဟွမ် ကကွန့်မန့်ထဲကို ဝင်ကြည့်လိုက်သည်။
“Fuck fuck!!!! ဒီအတွဲကို ငါတွဲပေးပြီ!”
“မင်း*ကိုတွဲ! ဓာတ်ပုံနည်းနည်းနဲ့ သူတို့က နည်းနည်းစကားပြောတာနဲ့ ခံစားချက် ရှိနေကြပြီလို့ ပြောကြတယ်၊ ဟဟဟ”
“ဟင်းးး၊ ယွမ်ဟွမ်အတွဲက သက်ပြင်းချနေတယ်”
“ကွန့်မန့်ပေးသူ : မစနဲ့၊ အိုကေ? သူတို့အကြောင်း မင်းအိမ်မက် မက်နိုင်တယ်၊ သူတို့က မိသားစုဆိုတာ ကြေညာပြီးသား။ ဒီအဖွဲ့က အတွဲတွဲပေးဖို့ အရမ်းရူးသွပ်ကြတာပဲ!”
“ကွန့်မန့်ပေးသူ : မငိုနဲ့။ ဟုန်ဇောင်အတွဲ လည်းဝမ်းနည်းနေပြီ၊ TwT သူတို့က မောင်နှမလို့ ထုတ်ပြောလိုက်တော့ ငါ့နှလုံးသားတစ်ခုလုံး ကွဲကြေသွားတာပဲ။ သူတို့က ဒီကမ္ဘာမှာ အချစ်တတ်ဆုံး မောင်နှမတွေပဲ!”
“ဂုဏ်ယူပါတယ်”
“ဂုဏ်ယူပါတယ် +1”
“ဂုဏ်ယူပါတယ် +2”
“ငါ့အစ်ကိုချန်း ကအသက်မငယ်တော့ဘူး။ သူ့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုတော့ရှိဖို့ ငါတကယ် မျှော်လင့်ထားတာ။ သူ့ရိုက်ကူးရေးတွေက အရမ်းများတယ်၊ ကျက်သရေရှိမှုကနေ ဖန်တွေလည်း အများကြီးရှိတယ်။ သူက အရမ်းတော်တဲ့ လူပဲ။ အခုတော့ သူ့ကိုယ်ပိုင်ဘဝမှာ ပျော်ရွှင်နေသင့်ပြီ”
“အပေါ်က +1 ဟွမ်ဟွမ် ကနောက်ခံကောင်းပြီး အလှပတဲ့ အမျိုးသမီးလေးပဲ။ အစ်ကိုချန်း အတွက်သူမက အသင့်တော်ဆုံးပဲ!”
“မဟုတ်ဘူး! ဒီမင်္ဂလာပွဲကို ငါခွင့်မပြုနိုင်ဘူး! အူဝါးးးး ဟွမ်ဟွမ် ကငါ့အတွက်! ဟွမ်ဟွမ် ကအရမ်းလှပတယ်။ လူတိုင်းက သူမနဲ့ဒိတ်ချင်နေကြတာလား?!”
“ဖြတ်လျှောက်၊ မင်းတို့ကြိုက်တဲ့ ကြယ်ပွင့်တွေကို ပိုးပန်းဖို့ လူတွေက သဘောကျကြတာလား?”
“ကွန့်မန့်ရေးတဲ့သူက စိတ်ရောဂါရှိနေတာလား? ဒီလူတွေက အတွဲဖြစ်ဖို့ မွေးဖွားလာကြတာ။ မင်းဆိုရင် ဒီမကောင်းဆိုးဝါးက ပြောင်းလဲသွားမလား?”
“ရန်ဖြစ်နေတာ ရပ်လိုက်။ သူတို့က ရှိုးပွဲမှာ ပွေ့ဖက်ရုံပဲ။ ဓာတ်ပုံလေး နည်းနည်းလေးလောက်နဲ့ မင်းတို့က ကိစ္စကြီးတွေကို ဖန်တီးနေတာပဲ… ငါမူးနေပြီ…”
ဇောင်ယုဟွမ် ကလည်း ဒါက နည်းနည်းဖန်စီဆန်တယ်လို့ ထင်လိုက်သည်။ လူတိုင်းက ဘာကြောင့် ဒီလိုခံစားနေကြလဲဆိုတာ သူမ မသိပေ။ သူမနဲ့ ဝမ်ယောင်ချန်း တို့ကို တွဲပေးနေတာကို စိတ်ထဲမထားပေ။
ယွမ်ဟွမ်အတွဲ နဲ့ ဟုန်ဇောင်အတွဲတောင် ရှိသေးတယ်?
ယွမ်ဟွမ် ကဘာကိုပြောတာလဲ? သူမနဲ့ လီဂျင်းယွမ်? ယွမ်ဟွမ်?
နောက်ပြီး ဟုန်ဇောင် ကသူမနဲ့ ဟုန်ချန်းမင်း ဖြစ်လိမ့်မယ်။
ဇောင်ယုဟွမ် ကအင်တာနက် အသုံးပြုသူတွေရဲ့ ဉာဏ်ရည်တွေကြောင့် သက်ပြင်းချလိုက်သည်။ ဒါက ရယ်စရာကောင်းတယ်လို့ သူမ တွေးမိလိုက်သည်။ ဝေ့ကျဲ သာပါလာရင် လူအများအပြားရဲ့ နှလုံးသားတွေ နာကျင်သွားမလား?
ဇောင်ယုဟွမ် ကအတွဲဖန်နဲ့ ရိုးရိုးဖန်တွေ တိုက်ပွဲကို လိုက်ကြည့်ရင်း ည ၁၁ နာရီထိုးသွားခဲ့သည်။ ဇောင်ယုဟွမ် ကနည်းနည်း အိပ်ချင်လာခဲ့သည်။ သမ်းဝေလိုက်ပြီး သူမဖုန်းကို ပစ်ချလိုက်သည်။
သူမက ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ကို ကျောင်းနားက လက်ဝှေ့ထိုးအသင်းဆီ ခေါ်သွားခဲ့သည်။ လူတိုင်းက နေ့လည်တွင် လက်ဝှေ့ထိုး လေ့ကျင့်ကြသည်။ အရင်တုန်းက သူမ အရမ်းကို ပင်ပန်းခဲ့ရသည်။
တစ်ဖက်တွင် ဝမ်ယောင်ချန်း ကသူ့ဖုန်းက စာအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
ဇောင်ယုဟွမ် :【ပြဿနာမရှိပါဘူး။ သူ့ကို ကျွန်မ ရှင်းပြပြီးပြီ】
သူ့ကို ရှင်းပြပြီးပြီ။ ဘာကို ပြောချင်တာလဲ? ဇောင်ယုဟွမ် ကကောင်လေး ရှိနေပြီလို့ ပြောတာပေါ့။
ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က ဇောင်ယုဟွမ် နဲ့အရမ်းရင်းနှီးတာကို မြင်ပြီးတော့ အဆုံးမှာ သူတို့က မိသားစု ဆက်ဆံရေးမှန်း သိသွားချိန်တွင် သူအရမ်းပျော်ခဲ့သည်။
ဇောင်ယုဟွမ် ကရည်းစားမရှိသေးတာ ဖြစ်နိုင်တာကြောင့် သူ့တွင် အခွင့်အရေး ရှိလာခဲ့သည်။ အခုတော့ ဒီပျော်ရွှင်မှုလေး နည်းနည်းက ရူးသွပ်သွားစေသည်။
ဝမ်ယောင်ချန်း ကသက်ပြင်းချလိုက်ပြီး သူ့ဖုန်းတွင် Weibo ကိုဖွင့်လိုက်သည်။ ရှာဖွေမှုစာရင်းတွင် သူနဲ့ ဇောင်ယုဟွမ် ရဲ့နာမည်တွေက ထိပ်ဆုံးတွင် ရှိနေတုန်းပင်။
ဝင်လိုက်ပြီး အတွဲဖန်တွေက ပြင်ထားသည့် ဓာတ်ပုံတွေနဲ့ အတွဲဖန်တွေက ဆွဲထားသည့် ပန်းချီပုံတွေတောင် ရှိနေသည်။ ဝမ်ယောင်ချန်း ကဓာတ်ပုံတွေကို အချိန်အတော်ကြာ ကြည့်လိုက်ပြီးနောက် ဇောင်ယုဟွမ် ကိုစာပို့ချင်တာကို မတားဆီးနိုင်တော့ပေ။
【မိန်းကလေးဇောင် ဘယ်အချိန်လောက် အားမလဲ? ဒီအကြောင်းက စီးပွားရေးကို ထိခိုက်စေနိုင်လို့ မိန်းကလေးဇောင် ကိုကိုယ်တိုင် ညစာကျွေးပြီး တောင်းပန်ပါရစေ】
ဇောင်ယုဟွမ် ကအိပ်ပျော်သွားခဲ့ပြီ။ နောက်မနက် သူမ နိုးလာချိန်တွင် အကျင့်အတိုင်း ဖုန်းကိုဖွင့်လိုက်ပြီး သွားတိုက်နေရင်းနဲ့ အသစ်ဝင်တဲ့ စာတွေကို ကြည့်လိုက်သည်။ ထိုအချိန်တွင် ဝမ်ယောင်ချန်း ရဲ့စာကို မြင်လိုက်သည်။
ဇောင်ယုဟွမ် ကနှိပ်ဝင်လိုက်သည်။
စာထဲတွင် တစ်စောင်ထဲသော စာကို တွေ့လိုက်ရသည်။
21.5.2021 (Fri)
……………………..
Zawgyi
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကအစားအေသာက္ေတြကို ကိုင္ထားရင္း ခ်က္ခ်င္းပဲ အေပၚကို တက္လာခဲ့ၾကသည္။ ေဇာင္ယုဟြမ္ ကအျမန္ပဲ လက္ေတြကို ေဆးေၾကာလိုက္သည္။ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က အစားအေသာက္ေတြကို ေနရာခ်လိုက္ၿပီးေနာက္ ယင္ခ်ီခ်ီ နဲ႔တျခားသူေတြက ဝင္လာခဲ့ၾကသည္။
ယင္ခ်ီခ်ီ ကသက္ျပင္းခ်ကာ ေျပာလိုက္သည္။ “အစ္ကိုေလးလီ ကအရမ္းကို ေတြးတက္တာပဲ”
သို႔ေသာ္ ဘယ္သူမွ သူမကို ဂ႐ုမစိုက္ေပ။
ေကာမိုင္ ကျပဳံးကာ ေျပာလိုက္သည္။ “ဒါကို ယုဟြမ္ အတြက္ ဖယ္ထားတာ။ ယုဟြမ္ ႀကိဳက္လားေတာ့ မသိဘူး”
ဂူယူလင္း ကလည္းေျပာလိုက္သည္။ “ဒါက ငါဖယ္ထားတယ္”
ဝမ္ေယာင္ခ်န္း နဲ႔တျခားသူေတြကလည္း သူတို႔ဖယ္ထားေတြကို ေျပာလိုက္ၾကသည္။ သူတို႔က ဟင္းပြဲေတြ အမ်ားႀကီးကို ခ်န္ထားၾကၿပီး အေတာ္ေလး ေကာင္းတာေတြကိုသာ ဖယ္ထားၾကသည္။
ထိုအရာေၾကာင့္ မ်က္ႏွာျပင္က ထပ္ၿပီး ဆူညံသြားသည္။
“သူမက တကယ့္ကို အလိုလိုက္ခံရတာပဲ…”
“ဒါကမွ တကယ့္မင္းသမီးေလး ျဖစ္သင့္တယ္မလား?”
“႐ိုး႐ိုးသားသား ေျပာရရင္ ဒီလိုမ်ိဳး ေနာက္ခံေကာင္းေကာင္းနဲ႔ အလိုလိုက္ခံရတဲ့ တစ္စုံတစ္ေယာက္မ်ိဳးက ႐ွားတယ္”
“+1 ေဇာင္ယုဟြမ္ ကပိုၿပီးနာခံတတ္ရင္ ဘာျပႆနာမွ ႐ွိမွာမဟုတ္ဘူးလို႔ ငါထင္တယ္!”
ညစာစားၿပီးေနာက္ ေဇာင္ယုဟြမ္ ကနည္းနည္း အနားယူလိုက္ကာ လူတိုင္းကေတာ့ ႐ႈံးသူ ေသာက္ေၾကး၊ ေဇာက္ထိုးေနေၾကးျဖင့္ ကဒ္ေတြကို ကစားေနခဲ့ၾကသည္။
ေဇာင္ယုဟြမ္ ကခုံတြင္ ပ်င္းရိစြာ ထိုင္ေနၿပီး ကဒ္ကစားၿပီး ႏွစ္ပြဲ႐ႈံးသြားခဲ့သည္။ သူမရဲ႕အရက္ခံႏိုင္ရည္က ေတာ့္ေတာ့္ကို မေကာင္းတာေၾကာင့္ ေတြးေတာၿပီးေနာက္ ေျပာလိုက္သည္။
“ကြၽန္မ ေဇာက္ထိုးေနတာပဲ လုပ္မယ္”
ေကာမိုင္ ကခ်က္ခ်င္းပဲ ေျပာလိုက္သည္။ “ယုဟြမ္ အစားလုပ္ေပးမယ္”
ေဇာင္ယုဟြမ္ ကေခါင္းခါၿပီး ေျပာလိုက္သည္။ “ရပါတယ္”
သူမက ခုံကေန ထလိုက္ၿပီး ဖိနပ္ကို ခြၽတ္လိုက္ကာ ပ်င္းရိစြာနဲ႔ ေျပာလိုက္သည္။ “ကြၽန္မ အရင္က ေလ့က်င့္ဖူးတယ္”
“အထူးေဇာက္ထိုးေနတာကိုလား?” ယင္ခ်ီခ်ီ ကၾကားျဖတ္ေျပာလိုက္သည္။
“အက”
ယင္ခ်ီခ်ီ ကသူမ ေျပာလိုက္တာေၾကာင့္ ေဇာင္ယုဟြမ္ ကိုပိုၿပီးေတာ္တာကို သိသြားေစတာေၾကာင့္ ပါးစပ္ပိတ္သြားခဲ့သည္။ ေဇာင္ယုဟြမ္ ကနံရံနားကို ေလွ်ာက္သြားလိုက္သည္။ လူတိုင္းက ဘာမွမေျပာခင္ သူမက ႐ုတ္တရက္ လွည့္လိုက္ၿပီး ေျခေထာက္ေတြကို ေျမႇာက္လိုက္ကာ လက္ေတြနဲ႔ ၾကမ္းျပင္ကို ေထာက္လိုက္ၿပီး ေဇာက္ထိုးေနလိုက္သည္။
သူမေျခေထာက္ေတြက ေျဖာင့္ေနကာ သြယ္လ်ေနသည္။ ဒါက သူမကို ပိုၿပီးလွပပုံေတာင္ ေပၚေစသည္။ သူတို႔က ေယာက်ၤားျဖစ္ျဖစ္၊ မိန္းမျဖစ္ျဖစ္ ဒီလွပတဲ့အရာရဲ႕ ဆြဲေဆာင္ျခင္းကို ခံရလိမ့္မည္။
ကမ႓ာေျမစြမ္းအင္းက ေရာက္လာခ်ိန္တြင္ ေဇာင္ယုဟြမ္ ရဲ႕စကတ္က လွန္သြားသည္။ ထိုအခ်ိန္က်မွ ေဇာင္ယုဟြမ္ ကစကတ္ဝတ္ထားတာကို လူတိုင္းက သတိရသြားၾကသည္။
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ခ်က္ခ်င္းပဲ ေျပးသြားၾကသည္။ ေနရာက သိပ္မေအးတာေၾကာင့္ လူတိုင္းက တစ္ထပ္တည္းသာ ဝတ္ထားၾကသည္။ ႐ွပ္အက်ႌ ခြၽတ္ဖို႔က မလြယ္ကူေပ။
ေနာက္ဆုံးေတာ့ ဝမ္ေယာင္ခ်န္း ကသူ႕ကုတ္ကို ခြၽတ္လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုပတ္ေပးလိုက္သည္။ အခန္းထဲတြင္ သူတစ္ေယာက္ကသာ ကုတ္အက်ႌပါးေလးကို ဝတ္ထားသူျဖစ္သည္။
“ဟားဟားဟား၊ လူတိုင္းက အဝတ္အစားကို ေမ့ေနၾကတာလား?”
“ဟမ္၊ အို ဒီေျခေထာက္ေတြ! ငါ့ႏွာေခါင္းေသြးလွ်ံေနၿပီ၊ ငါက မိန္းကေလးပါ!”
“အစ္ကိုေလးလီ နဲ႔ ဟုန္ေလး ရဲ႕ရင္ဘတ္ေတြက အရမ္းကို မိုက္တာပဲ၊ yum”
“ဝမ္ေယာင္ခ်န္း ရဲ႕လႈပ္႐ွားမႈက အရမ္းျမန္တာပဲ _(:зゝ∠)_ ငါထပ္ၿပီး ျမင္ခ်င္တယ္။ ဒါေပမဲ့ ငါက ႏွာဗူးေတာ့ မဟုတ္ဘူး”
“နည္းနည္းေတာ့ မသိသာေပမဲ့ ဝမ္ေယာင္ခ်န္း က ေဇာင္ယုဟြမ္ ကိုနည္းနည္းေတာ့ သေဘာက်ေနတယ္လို႔ ငါခံစားေနရတယ္…”
႐ိုက္ကူးေရးထဲတြင္
“အိုေက၊ ၿပီးၿပီ။ ခ်လိုက္ေတာ့” ဝမ္ေယာင္ခ်န္း က ေဇာင္ယုဟြမ္ ကိုကိုင္ထားရင္း ေျပာလိုက္သည္။
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က သူတို႔လႈပ္႐ွားမႈကို ရပ္လိုက္သည္။ သူတို႔က ဝမ္ေယာင္ခ်န္း ကိုတစ္ခ်ိန္တည္း စိုက္ၾကည့္လိုက္ၾကသည္။
ထို႔ေနာက္ ေဇာင္ယုဟြမ္ ကနည္းနည္း ႐ွက္သြားသလို ခံစားလိုက္ရသည္။ သူမ စကတ္ဝတ္ထားကို တကယ္ေမ့သြားခဲ့သည္။ သူမက အလ်င္အျမန္ ျပန္ဖုံးလိုက္ၿပီး ရပ္လိုက္သည္။
ဝမ္ေယာင္ခ်န္း ကသူ႕ကုတ္အက်ႌကို ေဇာင္ယုဟြမ္ ဆီေပးလိုက္သည္။
“အျပင္မွာ နည္းနည္းေအးတယ္။ မင္းေျခေထာက္ေတြကို အုပ္ထားခ်င္လား?”
ေဇာင္ယုဟြမ္ ကကို႔ယို႔ကားယားျဖင့္ ေခါင္းညိတ္လိုက္ၿပီး ေျပာလိုက္သည္။ “ေက်းဇူးတင္ပါတယ္”
မ်က္ႏွာျပင္က ခန္႔မွန္းျခင္း မလုပ္ၾကေတာ့ေပ။ Weibo တြင္ထိပ္ဆုံး ႐ွာေဖြမႈက ေဇာင္ယုဟြမ္ နဲ႔ေနာက္ထပ္ နာမည္တစ္ခု ႐ွိေနသည္။
#ေဇာင္ယုဟြမ္ နဲ႔ ဝမ္ေယာင္ခ်န္း#
ႏွိပ္လိုက္ခ်ိန္တြင္ ဘေလာ့က ေျပာထားသည္။ “အပိုင္းအသစ္ကို ၾကည့္ၿပီး ၿပီးခဲ့တဲ့အပိုင္းေတြကို ျပန္ၾကည့္လိုက္ခ်ိန္မွာ အခ်က္ေတာ္ေတာ္မ်ားမ်ားကို ငါေတြ႕လိုက္ရတယ္။ ဝမ္ေယာင္ခ်န္း နဲ႔ ေဇာင္ယုဟြမ္ တို႔ၾကားက ဆက္ဆံမႈက လီဂ်င္းယြမ္ နဲ႔ ေဇာင္ယုဟြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ထက္ ပိုနည္းတယ္! ဒါက ေကာင္းတယ္!”
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔မွာ ကိုယ္ပိုင္အလုပ္ အသီးသီး႐ွိၾကတယ္၊ ဒီ Weibo မွာၾကည့္ႏိုင္တယ္။
ဒါတြင္မကေပမဲ့ လီဂ်င္းယြမ္ လည္း ဝမ္ေယာင္ခ်န္း ဆီမွစာရခဲ့သည္။
【ေတာင္းပန္ပါတယ္၊ ဒီ႐ွာေဖြမႈရလဒ္က ငါ့အဖြဲ႕က လုပ္တာမဟုတ္ဘူး။ မိန္းကေလးေဇာင္ ကိုအသုံးခ်ၿပီး ႐ွာေဖြမႈတိုးေအာင္လုပ္ဖို႔ ငါဘယ္တုန္းကမွ မေတြးခဲ့ဖူးဘူး】
တစ္ဖက္မွ 【စာ႐ိုက္ေနသည္…】ကိုျပလာခဲ့သည္။ ထို႔ေနာက္ စာအသစ္က ခ်က္ခ်င္း ေရာက္လာခဲ့သည္။
【ဒါေပမဲ့ မိန္းကေလးေဇာင္ကို ငါတကယ္ သေဘာက်တာ။ မင္း/မစၥတာဟုန္ တို႔က မိန္းကေလးေဇာင္ ရဲ႕ေကာင္ေလးလို႔ ထင္ခဲ့ၾကေပမဲ့ အခုေတာ့ ငါေသခ်ာသြားၿပီ 】
ေသခ်ာတယ္?
မင္း*ကိုမွ ေသခ်ာ!
ဝမ္ေယာင္ခ်န္း ကဒီစာေတြကို တိုက္႐ိုက္ပို႔လိုက္တာ ျဖစ္သည္။
ေဘးဘက္မွ လက္ေထာက္အမ်ိဳးသမီးက ေျပာလိုက္သည္။ “႐ွင္ဘာေၾကာင့္ ေၾကညာလိုက္တာလဲ? အင္တာနက္မွာ ႐ွင္နဲ႔ ေဇာင္ယုဟြမ္ တို႔အေၾကာင္းကို ေျပာေနၾကၿပီး ေဇာင္ယုဟြမ္ က႐ွင့္ကို လူသိမ်ားေစရင္ေတာင္ ႐ွင္လူသိမ်ားဖို႔ ဒီလိုအသုံးခ်ဖို႔ မလိုပါဘူး။ ဒီအေၾကာင္းကို ႐ွင္ဘယ္လိုပဲ ေတြးေနပါေစ၊ ႐ွင့္အတြက္ လူသိမ်ားဖို႔က မလိုအပ္ပါဘူး”
ဝမ္ေယာင္ခ်န္း ကႏူးညံ့စြာ ျပဳံးလိုက္ၿပီးေနာက္ သူ႕ဖုန္းကို ၾကည့္လိုက္ကာ ေျပာလိုက္သည္။ “လုပ္လုပ္မလုပ္လုပ္ ကိစၥတစ္ခုပဲ။ ခံစားခ်က္ေတြက တျခားအရာေတြပဲ။ လီဂ်င္းယြမ္ ကမိန္းကေလးေဇာင္ ရဲ႕ေမာင္ေလး။ ငါက မစၥတာဟုန္ နဲ႔မရင္းႏွီးတာေၾကာင့္ လီဂ်င္းယြမ္ ကိုပဲေျပာလိုက္တာ”
အမ်ိဳးသမီး လက္ေထာက္က ေနာက္ဆုံးေတာ့ နားလည္သြားသည္။ “႐ွင္၊ ႐ွင္က မိန္းကေလးေဇာင္ ကို…”
“အခ်ိန္အၾကာႀကီး တစ္ခုတည္းကို လုပ္ခဲ့ၿပီးၿပီ။ ဒီအေၾကာင္းက ဘာထူးဆန္းလို႔လဲ?” ဝမ္ေယာင္ခ်န္း ကျပန္ေျဖလိုက္သည္။ ေျပာေနခ်ိန္တြင္ ခ်က္ေဘာက္ကို ၾကည့္လိုက္သည္။
ထိုေနရာတြင္【စာ႐ိုက္ေနသည္】 ဆိုတဲ့ စာေၾကာင္းကို မျမင္ရတာေၾကာင့္ ဝမ္ေယာင္ခ်န္း ကသတိလက္လြတ္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ဒီဝန္ခံျခင္းက မ်က္ႏွာခ်င္းဆိုင္ မဟုတ္ေပ။ ဒါေပမဲ့ သူမေမာင္ေလးရဲ႕ စိတ္သေဘာထားက အရမ္းအေရးပါသည္။
ေဖ်ာ္ေျဖေရးေလာကတြင္ သူ႕တိုးတက္မႈနဲ႔ လုပ္ေဆာင္ခ်က္ေတြက အရမ္းေကာင္းသည္။ အခုခ်ိန္ထိ လုပ္ကိုင္လာခဲ့တာ ႏွစ္ေပါင္းမ်ားစြာ႐ွိေနၿပီး အေတာ္ေလးလည္း ခ်မ္းသာႂကြယ္ဝေနသည္။
ထိုအေၾကာင္းေၾကာင့္ သူက ေဇာင္ယုဟြမ္ ကိုစိတ္ဝင္စားေနတာက ျငင္းဆန္ဖို႔ အေၾကာင္းျပခ်က္ မ႐ွိေပ။ အမ်ိဳးသမီး လက္ေထာက္က သူမသူေဌးရဲ႕ အခ်စ္ေရးကို အျပစ္မေျပာရဲပဲ ခ်က္ခ်င္း ေျပာလိုက္သည္။
“႐ွင္နဲ႔ မိန္းကေလးေဇာင္ ကအရမ္းလိုက္ဖက္တယ္” ဝမ္ေယာင္ခ်န္း ကျပဳံးလိုက္ၿပီး ေကာ္ဖီခြက္ကို ခ်လိုက္ၿပီးေနာက္ သူမကို ထြက္သြားခိုင္းလိုက္သည္။
အမ်ိဳးသမီး လက္ေထာက္က ထြက္သြားခ်ိန္တြင္ ဝမ္ေယာင္ခ်န္း က လီဂ်င္းယြမ္ ရဲ႕ျပန္စာကို မရေသးေပ။ ဝမ္ေယာင္ခ်န္း ကနည္းနည္း စိတ္ပ်က္သြားသည္။
လီဂ်င္းယြမ္ ကစာေတြကို မျမင္လို႔လား? ဒါေပမဲ့ အလ်င္မလိုပါဘူး။
ဝမ္ေယာင္ခ်န္း ကေတြးလိုက္ၿပီး ဖုန္းကိုခ်လိုက္ကာ မတ္တပ္ရပ္လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုဘယ္လို ပိုးပန္းမလဲဆိုတာကို စဥ္းစားလိုက္သည္။
သူက ဒီႏွစ္ဆို ၃၂ ႐ွိၿပီ။ သ႐ုပ္ေဆာင္ေလာကက အမ်ိဳးသားေတြက က႑ေပါင္းမ်ားစြာကို ႐ိုက္ကူးရသည္။ သူက အသက္သုံးဆယ္ ေက်ာ္သြားရင္ေတာင္ ဖန္ေတြရဲ႕ မ်က္လုံးထဲတြင္ေတာ့ သူက ငယ္႐ြယ္သည့္ သ႐ုပ္ေဆာင္ ျဖစ္ေနတုန္းျဖစ္ကာ ခန္႔ညားေခ်ာေမာသည့္ အပိုင္းေတြမွ ပါဝင္ႏိုင္တုန္းပင္။
အရင္တုန္းက သူဒိတ္ဖူးခဲ့ေပမဲ့ ဒါေတြအားလုံးက လွ်ိဳ႕ဝွက္ခ်က္အေနနဲ႔သာ ျဖစ္ခဲ့သည္။ အေၾကာင္းကေတာ့ သ႐ုပ္ေဆာင္ေတြ ဒိတ္တာက ဖန္ေတြရဲ႕ အျမင္မၾကည္မႈကို ရႏိုင္ၿပီး ေက်ာ္ၾကားမႈကို က်ဆင္းသြားေစသည္။
ဒါေပမဲ့ အခုကေတာ့ ေဖ်ာ္ေျဖေရးေလာကမွာ သူ႕ရပ္တည္မႈက ပိုပိုခိုင္မာလာၿပီး သူ႕သ႐ုပ္ေဆာင္မႈေတြကလည္း ႐ွင္းလင္းစြာ တည္႐ွိေနသည္။ သူ႕အသက္နဲ႔ ေပါင္းလိုက္ရင္း ဒိတ္သည့္သတင္းေတြ မ႐ွိေသးေသာ္လည္း ဖန္ေတြကေတာ့ သူ႕ကို ဒိတ္ဖို႔ေတာင္ ဆႏၵ႐ွိလာၾကသည္။ သူတို႔က သားအဖ႐ိႈးပြဲကိုေတာင္ ၾကည့္ခ်င္ေနၾကသည္။
ဝမ္ေယာင္ခ်န္း ကျပဳံးလိုက္သည္။ ဒီတစ္ႀကိမ္က လုံးဝေသခ်ာသည္။ စိတ္လႈပ္႐ွားလြယ္တဲ့ ေကာင္မေလးမွာ ရည္းစား႐ွိမေနတာကို ေက်းဇူးတင္မိသည္။
တစ္ခ်ိန္တည္းမွာပဲ သူကလည္း လူသိ႐ွင္ၾကား ဒိတ္ႏိုင္တဲ့ အသက္ကို ေရာက္ေနခဲ့ၿပီ။ ဒါမွမဟုတ္ရင္ သူအရင္က ေဇာင္ယုဟြမ္ ေလာက္ေကာင္းတဲ့ ေကာင္မေလးနဲ႔ ေတြ႕ဆုံခဲ့ရင္ သူပိုပန္းႏိုင္မွာေတာင္ မဟုတ္ဘူး။
သူမက အရမ္းကိုလွပၿပီး၊ စိတ္ထားေကာင္းတယ္၊ လူခ်စ္လူခင္ေပါတယ္၊ ေနာက္ၿပီး ေနာက္ခံမိသားစုကလည္း ေတာင့္တင္းသည္…
ထိုအေၾကာင္းကို ဝမ္ေယာင္ခ်န္း ကပိုေတြးလိုက္ၿပီး မထိန္းခ်ဳပ္ႏိုင္စြာပဲ စိတ္လႈပ္႐ွားလာခဲ့သည္။ ဒီခံစားခ်က္မ်ိဳးကို သူ႕အသက္ ၃၀ ေက်ာ္သည္အထိ တစ္ခါမွ မခံစားဖူးခဲ့ေပ။
ဒါက ေကာင္းကင္ဘုံရဲ႕ ဆႏၵမ်ားလား?
ဝမ္ေယာင္ခ်န္း ကဆိုဖက္ဘက္လွည့္လိုက္ၿပီး ထိုင္လိုက္ကာ သူ႕ဖုန္းကို ထပ္ကိုင္လိုက္သည္။ 《အခ်ိန္ခရီးသြားျခင္း》 မွာသူတို႔ မ႐ိုက္ကူးခင္အထိ ဘယ္ေတာ့မွ စာမပို႔သည့္ WeChat ဂ႐ု႐ွိသည္။ သို႔ေသာ္ ေကာင္မေလး ႏွစ္ေယာက္၊ ယင္ခ်ီခ်ီ နဲ႔ လင္းလန္ တို႔ကေတာ့ အရင္ကတည္းက သူ႕ကို တိုက္႐ိုက္ ဆက္သြယ္လာခဲ့ၾကသည္။ ယဥ္ေက်းတာက ဝမ္ေယာင္ခ်န္း ရဲ႕ပုံစံ မဟုတ္ေပ။
သူငယ္ငယ္တုန္းက ပုံစံမ်ိဳးစံကို ျမင္ခဲ့ဖူးသည္။ သူ႕ကို ေလွကားအျဖစ္ အသုံးခ်ၿပီး သူ႕စတူဒီယိုထဲတြင္ အလုပ္လုပ္ခ်င္ၾကသည္။ ဒီလိုပုံစံမ်ိဳးကို ဝမ္ေယာင္ခ်န္း ကသေဘာမက်ေပ။ ေနာက္ၿပီး သူတို႔က ေဇာင္ယုဟြမ္ ဘက္မွာ ရပ္တည္ေနၾကခ်ိန္ ၾကယ္အလင္းကေန ေနအလင္းေရာင္အျဖစ္ ေျပာင္းလဲေနတဲ့ ေဇာင္ယုဟြမ္ လိုလူမ်ိဳးကေတာ့ လုံးဝကို ကြာျခားသည္။
အရင္တုန္းက ဝမ္ေယာင္ခ်န္း ကသူ႕စတူဒီယိုအား ဝန္ထမ္းကို တာဝန္ယူခိုင္ထားတာေၾကာင့္ သူမနဲ႔ ပတ္သက္မွာ မဟုတ္ဘူး။ ေကာမိုင္ ကခ်မ္းသာသည့္ မိသားစုနဲ႔ လက္ထပ္ခဲ့သည္။ သူတို႔က အာ႐ုံစိုက္မႈ နည္းနည္းသာ႐ွိသည့္ သာမန္ျဖစ္သည္။
ဂူယူလင္း ကလည္း လီဂ်င္းယြမ္ နဲ႔အတြဲျဖစ္ခ်င္ေနတာက သိသာသည္။ ေနာက္ၿပီး ဟုန္ခ်န္းမင္း ဆီကိုေတာင္ ဝင္ခ်င္ေနသည္။ ေဇာင္ယုဟြမ္ ကသာ ဆြဲေဆာင္မႈ႐ွိၿပီး ဒီမိန္းကေလးေတြနဲ႔ မတူေပ။
ဝမ္ေယာင္ခ်န္း က ေဇာင္ယုဟြမ္ နဲ႔စကားေျပာဖို႔ ႏွိပ္လိုက္သည္။ ေနာက္ဆုံး စကားေျပာထားတာက ပထမအပိုင္းအတြက္ ႐ိုက္ကူးေရး ၿပီးခ်ိန္က ျဖစ္သည္။ သူ႕စတူဒီယိုကို ေဇာင္ယုဟြမ္ ကိုဖိတ္ခဲ့ေပမဲ့ အျငင္းခံခဲ့ရသည္။
ဝမ္ေယာင္ခ်န္း ကတကယ္ပဲ သူမအေပၚ ခံစားခ်က္႐ွိေနတာလား?
ဒါမွမဟုတ္ ဘေလာ့ခ္ကာ ကပဲဓာတ္ပုံ႐ိုက္တာ ေကာင္းေနလို႔လား?
ေဇာင္ယုဟြမ္ ကကြန္႔မန္႔ထဲကို ဝင္ၾကည့္လိုက္သည္။
“Fuck fuck!!!! ဒီအတြဲကို ငါတြဲေပးၿပီ!”
“မင္း*ကိုတြဲ! ဓာတ္ပုံနည္းနည္းနဲ႔ သူတို႔က နည္းနည္းစကားေျပာတာနဲ႔ ခံစားခ်က္ ႐ွိေနၾကၿပီလို႔ ေျပာၾကတယ္၊ ဟဟဟ”
“ဟင္းးး၊ ယြမ္ဟြမ္အတြဲက သက္ျပင္းခ်ေနတယ္”
“ကြန္႔မန္႔ေပးသူ : မစနဲ႔၊ အိုေက? သူတို႔အေၾကာင္း မင္းအိမ္မက္ မက္ႏိုင္တယ္၊ သူတို႔က မိသားစုဆိုတာ ေၾကညာၿပီးသား။ ဒီအဖြဲ႕က အတြဲတြဲေပးဖို႔ အရမ္း႐ူးသြပ္ၾကတာပဲ!”
“ကြန္႔မန္႔ေပးသူ : မငိုနဲ႔။ ဟုန္ေဇာင္အတြဲ လည္းဝမ္းနည္းေနၿပီ၊ TwT သူတို႔က ေမာင္ႏွမလို႔ ထုတ္ေျပာလိုက္ေတာ့ ငါ့ႏွလုံးသားတစ္ခုလုံး ကြဲေၾကသြားတာပဲ။ သူတို႔က ဒီကမ႓ာမွာ အခ်စ္တတ္ဆုံး ေမာင္ႏွမေတြပဲ!”
“ဂုဏ္ယူပါတယ္”
“ဂုဏ္ယူပါတယ္ +1”
“ဂုဏ္ယူပါတယ္ +2”
“ငါ့အစ္ကိုခ်န္း ကအသက္မငယ္ေတာ့ဘူး။ သူ႕မွာ ေကာင္းမြန္တဲ့ ဆက္ဆံေရး တစ္ခုေတာ့႐ွိဖို႔ ငါတကယ္ ေမွ်ာ္လင့္ထားတာ။ သူ႕႐ိုက္ကူးေရးေတြက အရမ္းမ်ားတယ္၊ က်က္သေရ႐ွိမႈကေန ဖန္ေတြလည္း အမ်ားႀကီး႐ွိတယ္။ သူက အရမ္းေတာ္တဲ့ လူပဲ။ အခုေတာ့ သူ႕ကိုယ္ပိုင္ဘဝမွာ ေပ်ာ္႐ႊင္ေနသင့္ၿပီ”
“အေပၚက +1 ဟြမ္ဟြမ္ ကေနာက္ခံေကာင္းၿပီး အလွပတဲ့ အမ်ိဳးသမီးေလးပဲ။ အစ္ကိုခ်န္း အတြက္သူမက အသင့္ေတာ္ဆုံးပဲ!”
“မဟုတ္ဘူး! ဒီမဂၤလာပြဲကို ငါခြင့္မျပဳႏိုင္ဘူး! အူဝါးးးး ဟြမ္ဟြမ္ ကငါ့အတြက္! ဟြမ္ဟြမ္ ကအရမ္းလွပတယ္။ လူတိုင္းက သူမနဲ႔ဒိတ္ခ်င္ေနၾကတာလား?!”
“ျဖတ္ေလွ်ာက္၊ မင္းတို႔ႀကိဳက္တဲ့ ၾကယ္ပြင့္ေတြကို ပိုးပန္းဖို႔ လူေတြက သေဘာက်ၾကတာလား?”
“ကြန္႔မန္႔ေရးတဲ့သူက စိတ္ေရာဂါ႐ွိေနတာလား? ဒီလူေတြက အတြဲျဖစ္ဖို႔ ေမြးဖြားလာၾကတာ။ မင္းဆိုရင္ ဒီမေကာင္းဆိုးဝါးက ေျပာင္းလဲသြားမလား?”
“ရန္ျဖစ္ေနတာ ရပ္လိုက္။ သူတို႔က ႐ိႈးပြဲမွာ ေပြ႕ဖက္႐ုံပဲ။ ဓာတ္ပုံေလး နည္းနည္းေလးေလာက္နဲ႔ မင္းတို႔က ကိစၥႀကီးေတြကို ဖန္တီးေနတာပဲ… ငါမူးေနၿပီ…”
ေဇာင္ယုဟြမ္ ကလည္း ဒါက နည္းနည္းဖန္စီဆန္တယ္လို႔ ထင္လိုက္သည္။ လူတိုင္းက ဘာေၾကာင့္ ဒီလိုခံစားေနၾကလဲဆိုတာ သူမ မသိေပ။ သူမနဲ႔ ဝမ္ေယာင္ခ်န္း တို႔ကို တြဲေပးေနတာကို စိတ္ထဲမထားေပ။
ယြမ္ဟြမ္အတြဲ နဲ႔ ဟုန္ေဇာင္အတြဲေတာင္ ႐ွိေသးတယ္?
ယြမ္ဟြမ္ ကဘာကိုေျပာတာလဲ? သူမနဲ႔ လီဂ်င္းယြမ္? ယြမ္ဟြမ္?
ေနာက္ၿပီး ဟုန္ေဇာင္ ကသူမနဲ႔ ဟုန္ခ်န္းမင္း ျဖစ္လိမ့္မယ္။
ေဇာင္ယုဟြမ္ ကအင္တာနက္ အသုံးျပဳသူေတြရဲ႕ ဉာဏ္ရည္ေတြေၾကာင့္ သက္ျပင္းခ်လိုက္သည္။ ဒါက ရယ္စရာေကာင္းတယ္လို႔ သူမ ေတြးမိလိုက္သည္။ ေဝ့က်ဲ သာပါလာရင္ လူအမ်ားအျပားရဲ႕ ႏွလုံးသားေတြ နာက်င္သြားမလား?
ေဇာင္ယုဟြမ္ ကအတြဲဖန္နဲ႔ ႐ိုး႐ိုးဖန္ေတြ တိုက္ပြဲကို လိုက္ၾကည့္ရင္း ည ၁၁ နာရီထိုးသြားခဲ့သည္။ ေဇာင္ယုဟြမ္ ကနည္းနည္း အိပ္ခ်င္လာခဲ့သည္။ သမ္းေဝလိုက္ၿပီး သူမဖုန္းကို ပစ္ခ်လိုက္သည္။
သူမက ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ကို ေက်ာင္းနားက လက္ေဝွ႔ထိုးအသင္းဆီ ေခၚသြားခဲ့သည္။ လူတိုင္းက ေန႔လည္တြင္ လက္ေဝွ႔ထိုး ေလ့က်င့္ၾကသည္။ အရင္တုန္းက သူမ အရမ္းကို ပင္ပန္းခဲ့ရသည္။
တစ္ဖက္တြင္ ဝမ္ေယာင္ခ်န္း ကသူ႕ဖုန္းက စာအား စိတ္လႈပ္႐ွားစြာ ၾကည့္လိုက္သည္။
ေဇာင္ယုဟြမ္ :【ျပႆနာမ႐ွိပါဘူး။ သူ႕ကို ကြၽန္မ ႐ွင္းျပၿပီးၿပီ】
သူ႕ကို ႐ွင္းျပၿပီးၿပီ။ ဘာကို ေျပာခ်င္တာလဲ? ေဇာင္ယုဟြမ္ ကေကာင္ေလး ႐ွိေနၿပီလို႔ ေျပာတာေပါ့။
ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က ေဇာင္ယုဟြမ္ နဲ႔အရမ္းရင္းႏွီးတာကို ျမင္ၿပီးေတာ့ အဆုံးမွာ သူတို႔က မိသားစု ဆက္ဆံေရးမွန္း သိသြားခ်ိန္တြင္ သူအရမ္းေပ်ာ္ခဲ့သည္။
ေဇာင္ယုဟြမ္ ကရည္းစားမ႐ွိေသးတာ ျဖစ္ႏိုင္တာေၾကာင့္ သူ႕တြင္ အခြင့္အေရး ႐ွိလာခဲ့သည္။ အခုေတာ့ ဒီေပ်ာ္႐ႊင္မႈေလး နည္းနည္းက ႐ူးသြပ္သြားေစသည္။
ဝမ္ေယာင္ခ်န္း ကသက္ျပင္းခ်လိုက္ၿပီး သူ႕ဖုန္းတြင္ Weibo ကိုဖြင့္လိုက္သည္။ ႐ွာေဖြမႈစာရင္းတြင္ သူနဲ႔ ေဇာင္ယုဟြမ္ ရဲ႕နာမည္ေတြက ထိပ္ဆုံးတြင္ ႐ွိေနတုန္းပင္။
ဝင္လိုက္ၿပီး အတြဲဖန္ေတြက ျပင္ထားသည့္ ဓာတ္ပုံေတြနဲ႔ အတြဲဖန္ေတြက ဆြဲထားသည့္ ပန္းခ်ီပုံေတြေတာင္ ႐ွိေနသည္။ ဝမ္ေယာင္ခ်န္း ကဓာတ္ပုံေတြကို အခ်ိန္အေတာ္ၾကာ ၾကည့္လိုက္ၿပီးေနာက္ ေဇာင္ယုဟြမ္ ကိုစာပို႔ခ်င္တာကို မတားဆီးႏိုင္ေတာ့ေပ။
【မိန္းကေလးေဇာင္ ဘယ္အခ်ိန္ေလာက္ အားမလဲ? ဒီအေၾကာင္းက စီးပြားေရးကို ထိခိုက္ေစႏိုင္လို႔ မိန္းကေလးေဇာင္ ကိုကိုယ္တိုင္ ညစာေကြၽးၿပီး ေတာင္းပန္ပါရေစ】
ေဇာင္ယုဟြမ္ ကအိပ္ေပ်ာ္သြားခဲ့ၿပီ။ ေနာက္မနက္ သူမ ႏိုးလာခ်ိန္တြင္ အက်င့္အတိုင္း ဖုန္းကိုဖြင့္လိုက္ၿပီး သြားတိုက္ေနရင္းနဲ႔ အသစ္ဝင္တဲ့ စာေတြကို ၾကည့္လိုက္သည္။ ထိုအခ်ိန္တြင္ ဝမ္ေယာင္ခ်န္း ရဲ႕စာကို ျမင္လိုက္သည္။
ေဇာင္ယုဟြမ္ ကႏွိပ္ဝင္လိုက္သည္။
စာထဲတြင္ တစ္ေစာင္ထဲေသာ စာကို ေတြ႕လိုက္ရသည္။
21.5.2021 (Fri)
……………………..
[text_hash] => a567657f
)