Array
(
[text] =>
Unicode
“ခြေထောက်မြှောက်လိုက်” လီဂျင်းယွမ် ကစိတ်ရှည်ရှည်နဲ့ ထပ်ပြောလိုက်ပြီး ထပ်ပေါင်း ပြောလိုက်သည်။
“မြန်မြန်လုပ် ဟွမ်ဟွမ်” နူးညံ့သည့် အသံဖြင့် လူတွေရဲ့ နှလုံးသားတွေကို နွေးထွေးစေသည်။
ဇောင်ယုဟွမ် ကိုထိလိုက်ပြီး လူတွေက ဘာလုပ်ရမှန်း မသိပေမဲ့ သူတို့ရှိနေကြသည်။
“ဒူးတစ်ဖက်ထောက်! အားးး! အခု အားးး အော်ဖို့ပဲ သိတော့တယ်!”
“ငါ့အိုင်ဒေါက ဒူးထောက်ထားပြီး ငါ့ခြေထောက်ကိုသာ ခြေအိတ်ဝတ်ပေးနေရင် ငါတော့ အားးးလို့ပဲ အော်မိလိမ့်မယ်”
“ငါက လီမွန်! ဇောင်ယုဟွမ် အတွက် အပေါ်ဝတ်ကုတ်အင်္ကျီ ဝယ်ပေးရမလား?”
“ဒီအသံက အရမ်းကို နူးညံ့လွန်းတယ်။ လီဂျင်းယွမ် ကတကယ့်ကို မတားဆီးနိုင်တဲ့ လူပဲ…”
ဇောင်ယုဟွမ် ကခြေထောက်ကို မြှောက်လိုက်ပြီး လီဂျင်းယွမ် ကိုခြေအိတ်ဝတ်ပေးခွင့် ပြုလိုက်သည်။ ထို့နောက် သူမက မသက်သာစွာနဲ့ လှည့်လိုက်ပြီး ခေါင်းငုံ့ကာ ကိတ်ကိုစားလိုက်သည်။
မကြာခင် နောက်ထပ် ခြေသံတွေက ထွက်ပေါ်လာသည်။ ဟုန်ချန်းမင်း ကလက်ဆွဲအိတ် နှစ်လုံးကို ကိုင်ထားရင်း ဆင်းလာခဲ့သည်။ သူက ပိုလိုရှပ်အင်္ကျီ အဖြူရောင်ကို ဝတ်ထားသည်။
အဖြူရောင် အင်္ကျီက နည်းနည်း အလင်းရောင် ဖောက်နိုင်တာကြောင့် အင်္ကျီအောက်မှ သူ့ရဲ့သန်မာသည့် ကြွက်သားတွေကို လူတိုင်း မြင်နိုင်သည်။
“ငါတကယ့်ကို မြတ်နိုးတယ်! ဇောင်ယုဟွမ် ကမသေမျိုး မိသားစုဘဝမှာ သာမန်လို ဘယ်လိုနေနိုင်တာလဲ?”
“ဒီအင်္ကျီ… ငါတကယ့်ကို… ငါ အနားတိုးကြည့်ချင်တယ်!”
“ဟုန်လေး ကလွတ်လွတ်လပ်လပ်နဲ့ အိမ်မှာရှိနေချိန် အလေးမ,တယ်မလား?”
“ဒူးထောက်ပြီး ဟုန်လေး ကိုသရုပ်ဆောင်လုပ်ဖို့ တောင်းဆိုကြမယ်၊ ဒါရိုက်တာ တစ်ယောက်က အသေသတ်နေတယ်။ သေလောက်အောင် ချစ်မိတယ်!”
“ဟားဟားဟားဟား အစ်ကိုလေးလီ က ဇောင်ယုဟွမ် ကိုခြေအိတ် ဝတ်ပေးနေချိန်မှာ ဟုန်လေး ကလက်ဆွဲအိတ်တွေကို သယ်လာပေးတာကို ငါတစ်ယောက်တည်း သတိထားမိတာလား? ဟုန်လေး ရဲ့အားသားချက်တွေ မဟုတ်လား?”
“လုံလောက်ပြီ၊ မြန်မြန်စား” ဇောင်ယုဟွမ် ကပြောလိုက်သည်။
“အိုကေ” အရပ်ရှည်ရှည် ကောင်လေး နှစ်ယောက်က ထိုင်ချလိုက်သည်။
မျက်နှာပြင်က ထပ်ပြီး လန်းဆန်းသွားသည်။
“မျက်စိပဒသရှိတယ်”
“သူတို့မျက်နှာကို ကြည့်နေချိန်မှာ ငါဆို ဘယ်လိုစားနိုင်တော့မလဲ?”
သုံးယောက်သားက အလျင်အမြန် စားလိုက်ကြသည်။ စားသောက်ပြီးနောက် ဇောင်ယုဟွမ် ကဖုန်းလက်ခံရပေမဲ့ ဖုန်းပြောတာက ဗီဒီယိုတွင် မပါပေ။ ထို့နောက် လူတိုင်းက ဧည့်ခန်းမှ ထွက်လာကြသည်။
မျက်နှာပြင်က စိတ်မကျေနပ်သည့် အသံတွေထွက်လာသည်။
“သူတို့တွေ မနက်စာစားတာကို ရာစုနှစ်ကြာအောင်တောင် ငါကြည့်နိုင်တယ်!”
“ထပ်ပြီး မရှိတော့ဘူးလား? ဒါက တကယ့်ကို ကောင်းလွန်းတယ်!”
“အရမ်းတော်ပြီး အဆင့်တူတဲ့ လူသုံးယောက်၊ တကယ့်ကို မျက်စိပဒသရှိတာပဲ!”
ဗီလာက ထွက်လာပြီးနောက် သူတို့က ဥယျာဉ်လေးကို ဖြတ်သွားကြပြီး ဂိတ်ကနေ ထွက်သွားကြသည်။ သူတို့က ကားတစ်စီး ရောက်လာတာကို မြင်လိုက်ရဿည်။
ကင်မရာက ပြောင်းသွားပြီး ကားက အမဲရောင်ကိုသာ ပြသည်။ မကြာခင်တွင် ကားကရပ်သွားပြီး ကင်မရာက ဇောင်ယုဟွမ် ကိုပြလာခဲ့သည်။ လူတိုင်းက ဇောင်ယုဟွမ် တဖြည်းဖြည်း ကားနားသွားတာကို ကြည့်လိုက်ကြသည်။
“အစ်ကို” ဇောင်ယုဟွမ် ရဲ့အသံက နည်းနည်း အကူအညီမဲ့နေသည်။
ကားထဲမှ လူတစ်ယောက်က ဆင်းလာခဲ့သည်။ ကင်မရာက ဖိနပ်ကိုပြပြီး လက်တစ်ဖက်က ဇောင်ယုဟွမ် ရဲ့အိတ်ကို လှမ်းယူလိုက်တာကို မြင်လိုက်ရသည်။ ဒီလက်တွေက သွယ်ချနေပြီး ဖြူနေသည်။
တစ်ချက်ကြည့်ရုံနဲ့ ချမ်းသာသည့် လူတစ်ယောက်ရဲ့ လက်ဖြစ်တာကို မြင်နိုင်သည်။
“ဒီခန့်ညားတဲ့ အမျိုးသား ဘယ်သူလဲ?”
“လ.. လ… လန်ဂျင်းဇီ? မဟုတ်ဘူး မလား?”
“အားးးးး၊ အရမ်းလှလွန်းတဲ့ လက်တွေက ဘယ်လိုလုပ် ရောက်နေရတာလဲ?!”
“အရမ်းကို ခန့်ညားတဲ့ လူပဲ! ဇောင်ယုဟွမ် ကိုမနာလိုလို့ သေပြီ!”
“အရင်တုန်းက ဒီအစီအစဉ်ကို အာရုံမစိုက်ခဲ့ဘူး။ ဒီနေ့ ညီမလေး ရိုက်ကူးတာ သိလိုက်ရပြီးတော့ လေဆိပ်ကို ခေါ်သွားပေးဖို့ လာခဲ့တာ။ နိုင်ငံခြားကို သွားဖို့” ထူးဆန်းသည့် လူက ပြောလိုက်ပြီး သူ့အသံက နည်းနည်း တိုးနေသည်။
ရင့်ကျက်သည့် ယောင်္ကျားရဲ့ ကျက်သရေရှိသည့် အသံက နားထဲတွင် အတော်လေး နားထောင်ကောင်းနေသည်။
“အသံက နားထောင်ကောင်းတယ်။ လက်တွေက အရမ်းကြည့်ကောင်းတယ်… သူ့ကိုပြဖို့ ကင်မရာသမားကို တောင်းဆိုပါတယ် အားးး! တောင်းဆိုပါတယ်၊ ကျေးဇူးပြုပြီး!”
“အသံနဲ့ လက်တွေက သေလောက်အောင် လှပလွန်းတယ်။ ဒါက တကယ့်အစစ်အမှန်ပဲ”
“အရင်က ပါပါရာဇီ ယူလာတဲ့ ဓာတ်ပုံတွေကို ငါကြည့်ခဲ့တယ်၊ သူက အရမ်းကို ခန့်ညားတယ်။ အရမ်းမိုက်တဲ့ ခန္ဓာကိုယ်ရှိတယ်။ ဘာမိသားစု! ပြီးပြည့်စုံတဲ့ နာမည်ကြီးမိသားစု!”
ကင်မရာက ဆက်ရိုက်နေခဲ့သည်။ ဇောင်ယုဟွမ် နဲ့ထိုလူက ဝင်လိုက်ပြီး ကင်မရာသမားက ခရီးသည်ခုံတွင် ထိုင်လိုက်သည်။ ပုံမှန်ပင် ကားက ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့အတွက် နေရာမရှိတော့ပေ။
ထိုင်ခုံတစ်ခု လူတစ်ယောက်စာပဲ ကျန်တော့သည်။ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်သည်။
“အစ်ကို” နှစ်ယောက်က တစ်ချိန်တည်းနီးပါး ပြောလိုက်ကြသည်။
ထိုလူက ပြန်တောင်လှည့်မကြည့်ပဲ “မင်းတို့နှစ်ယောက် တခြားကားထဲ သွားသင့်တယ်” ထို့နောက် သူက ကားတံခါးကို ပိတ်လိုက်ပြီး သူတို့ကို တားလိုက်သည်။
ဟုန်ချန်းမင်း : “…”
လီဂျင်းယွမ် : “…”
“ဟားဟားဟား အစ်ကိုက အရမ်းပြင်းထန်တာပဲ”
“ရယ်ရလို့သေပြီ။ အလိုလိုက်ခံရတဲ့ ဟွမ်ဟွမ်။ သူမက တကယ့်ကို တိုက်ခိုက်ယူခံနေရတာလား?”
“ငါတကယ့်ကို ဇောင်ယုဟွမ် ကိုလိုချင်တယ်။ ဘယ်သူ့မှ ငါ့ကိုမတားကြနဲ့!”
သူက သူမကို လေဆိပ်ကို ပို့ပေးမယ်လို့ ပြောပြီးနောက် သူ့စကားအတိုင်း လုပ်ခဲ့သည်။ ထို့နောက် လမ်းတွင် ဒီထူးဆန်းသည့် လူကာ ဇောင်ယုဟွမ် ကိုစကားပြောလာခဲ့သည်။
“မင်း ဘယ်နေရာသွားမှာလဲ?”
“အီတလီ”
“အဲ့မှာ အစ်ကို့ သူငယ်ချင်းဟောင်းရှိတယ်။ ညီမလေးမှာ ပြဿနာရှိရင် သူ့ကိုပြောလိုက်”
“အင်း”
“ခြောက်သွေ့တဲ့ နေရာဖြစ်လို့ ရေပိုသောက်၊ နွေးထွေးတဲ့ အဝတ်တွေကိုဝတ်”
“အိုကေ၊ အစ်ကို့စကားနားထောင်မယ်။ ဒီနေ့ အစ်ကို အလုပ်အားတာလား?”
“ရှိတယ်။ ဒါပေမဲ့ ညီမလေးကို ပို့ပေးဖို့ အချိန်ထားတာ” ထိုလူက ဆက်ပြောလိုက်သည်။
“ဒါက အစ်ကို လုပ်သင့်တဲ့အရာပဲ”
“အိုကေ!” ဇောင်ယုဟွမ် ကပြုံးလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ အစ်ကို”
“မှင်ကုန်သွားပြီ”
“ဟမ်?” ဇောင်ယုဟွမ် ရဲ့အံ့ဩသည့် အမူအရာကို ကင်မရာက အသေအချာ ရိုက်ကူးနေသည်။
ဇောင်ယုဟွမ် ကအလျင်အမြန် ပြောလိုက်သည်။ “အို၊ မှင်ကုန်သွားတာလား? ညီမ ပြန်လာတဲ့အချိန်ဆို အရမ်းနောက်ကျနေမလား?”
“နောက်မကျဘူး”
မျက်နှာပြင် တစ်ခုလုံး : “???” “ ‘မှင်ကုန်ပြီ’ဆိုတာ ဘာကို ပြောတာလဲ?”
“ ‘မှင်ကုန်ပြီ’ဆိုတဲ့ စကားက နည်းနည်းတော့ ချစ်ဖို့ကောင်းတယ် UwU အစ်ကိုက ပြည်ကြီးငါးလား?”
“ဟားဟားဟား ‘မှင်ကုန်ပြီ’က ဘာလဲ? သူက ဘောပင်အကြောင်း ပြောတာလား?”
“မဟုတ်ဘူး။ ဒါက ဇောင်ယုဟွမ် ဆီက ဘောပင်အတွက် ပြောတာ”
“? အပေါ်က၊ မင်းဘယ်လိုသိတာလဲ? ခန့်မှန်းတာလား?”
ကားကရပ်သွားပြီး လူတိုင်းက လေဆိပ်ကို ရောက်လာကြသည်။ ဇောင်ယုဟွမ် နဲ့ကင်မရာသမားက ကားထဲမှ ထွက်လာကြသည်။ ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး ကားဆီကို လက်ပြလိုက်သည်။
“ဘိုင်၊ အစ်ကို။ ညီမ ပြန်လာတဲ့အထိ စောင့်နေပါ။ အစ်ကို့အတွက် မှင်ထပ်ဝယ်လာပေးမယ်”
“အိုကေ”
ထိုလူက ပြန်ဖြေလိုက်သည်။ ကားက စက်နှိုးလာသည်။ ကားတံခါးက လှုပ်ရှားသွားရင်း နောက်ဆုံးတော့ ကင်မရာက ကားထဲက လူကိုရိုက်မိလိုက်သည်။ ထိုလူရဲ့ဆံပင်က သေသေသပ်သပ် ဖီးထားပြီး အပြာရောင် ဝတ်စုံကို ဝတ်ထားသည်။ သူက ရွှေရောင်ကိုင်းနဲ့ မျက်မှန်ကို ဝတ်ထားပြီး ခန့်ညားသည့် မျက်ခုံးတွေနဲ့ နည်းနည်း မထူးခြားပဲ ထက်ရှသည့် အရှိန်အဝါတွေကို ပိုင်ဆိုင်ထားကာ သူ့တည်ရှိမှုက ကျက်သရေရှိနေသည်။
ကင်မရာက ပြောင်းသွားပြီး ထိုလူက ချက်ချင်း ထွက်သွားသည်။
“အားးး ငါကြက်ကလေးလိုပဲ အော်လိုက်ချင်တယ်။ အော်ဖို့ပဲ သိတော့တယ်!”
“နတ်ဘုရားမကို ကျေးဇူးတင်ပါတယ်။ ခန့်ညားတဲ့အစ်ကိုက ထွက်သွားတော့ ငါ့နှလုံးခုန်သံက ရပ်သွားပြီ။ ငါ့ရင်ဘတ်လေးတော့ သွားပြီ”
“မင်းဘာလို့ ဓာတ်ပုံရိုက်ထားတာလဲ? သူတို့တွေ ကြည့်ဖို့လား?!”
“မျက်နှာပြင်ကို ကြည့်လိုက်ပြီးတော့ အစ်ကိုရဲ့ မျက်နှာကို မမြင်ခင်အထိ အကြိမ်ခဏခဏ ရပ်နေရလို့ ရူးတော့မယ်”
“အပေါ်မှာ ဆက်ပြီး ကွန့်မန့်ပေးနေလိုက်။ သူတို့က အရမ်းကို ကြည့်ကောင်းလွန်းတယ်။ မိသားစုတစ်ခုလုံးက မသေမျိုးတွေလို့ ကြည့်ကောင်းလွန်းတယ်!”
“ဝမ်းကွဲအစ်ကိုက အစ်ကိုလေးလီနဲ့ ဟုန်လေးတို့ စခရင်မှာပါနေတာကို မမြင်နိုင်တော့လို့ ရောက်လာတာလား?”
“ကွန့်မန့်တွေကို ငါမပိတ်နိုင်လို့ အရင်က ကွန့်မန့်တွေပဲ ဖတ်နိုင်တယ်။ ဟွမ်ဟွမ် ရဲ့အစ်ကိုသာ ငါဆိုရင် ရိုက်ကူးရေးမှာ ပါမှာပဲ”
“အားးး၊ ဘာကြောင့် အရမ်းချစ်ဖို့ကောင်းရတာလဲ? ငါမတတ်နိုင်တော့ဘူး။ အစ်ကိုရေ ရှိုးပွဲမှာ ပါပေးပါနော်၊ တောင်းဆိုပါတယ်”
“ကျေးဇူးပြုပြီး!”
“ကျေးဇူးပြုပြီး +10086”
ထိုလူရဲ့ကားထွက်သွားတာကို သူတို့က ကြည့်နေကြရင်း မျက်နှာပြင်က ပွတ်လောရိုက်နေသည်။ သူတို့တွေက ဧည့်ကြိုဆောင်ကို ရောက်ချိန်တွင် ဝမ်ယောင်ချန်း နဲ့တခြားသူတွေလည်း ရောက်နေကြသည်။
ကောမိုင် ကတခြားတွင် ပွဲရှိနေတာကြောင့် အီတလီ ကိုတစ်ယောက်တည်း သွားမှာ ဖြစ်တာကြောင့် မရှိပေ။
တွေ့ဆုံချိန်တွင် လူတိုင်းက တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်လိုက်ကြသည်။
ဂူယူလင်း က ဇောင်ယုဟွမ် ကိုဖက်လိုက်ပြီး ပြုံးပြလိုက်သည်။ “အခုကော ဟန်းဖု ကိုယူလာခဲ့လား? ဟွမ်ဟွမ် ကအရမ်းကို လူကြိုက်များတာပဲ!”
မျက်နှာပြင်တွင် ကွန့်မန့်တွေက ပြေးလွှားသွားသည်။
“ဟွမ်ဟွမ် အတွက် ငါဖြေပေးမယ် : မယူလာဘူး!”
“ဟားဟားဟား၊ ဟုန်လေး ကဟန်းဖုနဲ့ လိုလီတအဝတ်တွေယူဖို့ မေ့သွားတယ်! အဲ့မှာ ဖက်ရှင်ကျတဲ့ စကတ်လေးတွေပဲ ရှိတယ်!”
“ဂူယူလင်း ရဲ့တက်ကြွမှုက ရုတ်တရက် နှစ်ဆဖြစ်သွားတယ်လို့ ထင်မိတာ ငါတစ်ယောက်တည်းလား?”
“ဂူယူလင်း က လီဂျင်းယွမ် နဲ့ CP အနေနဲ့ တွဲပေးစေချင်နေတာ၊ အဲ့ဒါကြောင့် ဇောင်ယုဟွမ် ကိုကပ်နေတာလား?”
ထို့နောက် ဝမ်ယောင်ချန်း က ဇောင်ယုဟွမ် ကိုဖက်ဖို့ လုပ်လိုက်သည်။ သို့သော် သူ့လက်တွေကို ဖွင့်လိုက်ချိန်တွင် လီဂျင်းယွမ် ကရောက်လာပြီး ဝမ်ယောင်ချန်း ရဲ့လက်ထဲကို ဝင်လိုက်ကာ ဖက်လိုက်သည်။
ကွန့်မန့်တွေ : “ဟားဟားဟား၊ ရယ်ရလွန်းလို့ သေတော့မယ်”
“အစ်ကိုဝမ် က ဇောင်ယုဟွမ် အတွက် လက်တွေကို ဖွင့်ပေးတာက ဇောင်ယုဟွမ် ကိုဖက်ချင်တယ်ဆိုတာ သေချာနေတာပဲ”
“ဒါပေမဲ့ ဟားဟားဟား အတားခံလိုက်ရတယ်၊ လီဂျင်းယွမ် ဟားဟားဟား ကကစားလိုက်တာပဲ”
“သူက ဇောင်ယုဟွမ် ကိုမဒိတ်စေချင်ဘူးတာကို ငါထောက်ခံတယ်။ သူ့ညီမကို ကာကွယ်နေတာ” “ဟားဟားဟား ညီမရဲ့အချစ်ကို မတားသင့်ဘူး။ အစ်ကိုလေးလီ ကအရမ်းများတာပဲ”
“ဒီနေရာမှာ အစ်ကိုလေးလီ၊ ဒါမှမဟုတ် ဟုန်လေး တို့ရှိမနေရင် ဒါက တိုက်ရိုက် ကြိုးစားတာပဲမလား?”
“ဟုန်လေး ကလှုပ်တောင်မလှုပ်ဘူး။ သူ့လက်တွေ ဒဏ်ရာရနေတာကို အရင်က မြင်လိုက်တယ်”
ဂူယူလင်း ကလည်း သတိပြုမိသွားခဲ့သည်။ ဂူယူလင်း ကအနည်းငယ် ငုံ့လိုက်ကာ အနီးကပ်ကြည့်လိုက်ပြီး မေးလိုက်သည်။
“မစ္စတာဟုန် ရဲ့လက်တွေက ဘာဖြစ်ခဲ့တာလဲ?”
ဟုန်ချန်းမင်း ရဲ့လက်တွေက ဒဏ်ရာတွေက သိသာနေပြီး ကြည့်ရုံနဲ့ တော်တော်နာမဲ့ပုံပေါ်သည်။
ဟုန်ချန်းမင်း ကပြောလိုက်သည်။ “လက်ဝှေ့ထိုးလေ့ကျင့်တာ”
ဂူယူလင်း ကပြောလိုက်သည်။ “အို၊ မိုက်လိုက်တာ၊ မစ္စတာဟုန်! မစ္စတာဟုန် ကလက်ဝှေ့ ဘယ်လိုထိုးရလဲဆိုတာကိုလည်း သိတယ်ပေါ့!”
ဇောင်ယုဟွမ် ကဒေါသထွက်စွာနဲ့ ကြားဖျက်ပြောလိုက်သည်။
“အင်း၊ နံရံတွေနဲ့ လေ့ကျင့်တာလေ”
ဟုန်ချန်းမင်း ကရပ်နေပြီး လှုပ်တောင်မလှုပ်ပဲ ဘာမှတောင် မပြောပေ။ သူက ဇောင်ယုဟွမ် ရဲ့အကြည့်နဲ့ ရင်မဆိုင်ရဲတာပဲ ဖြစ်သည်။
မျက်နှာပြင်က ရယ်သံတွေနဲ့ ပြည့်သွားသည်။
“ဟားဟားဟားဟား၊ သူက လက်ဝှေ့ထိုးလေ့ကျင့်တာကနေ ဒဏ်ရာရခဲ့တာ”
“လေ့ကျင့်ဖို့ကို နံရံကို အသုံးပြုခဲ့တာလား? ဟမ်?”
“ဟုန်လေး ကအရမ်းမိုက်တာပဲ!”
“ဟုန်လေး ကတစ်ခုခု ဖြစ်ခဲ့လို့သာ နံရံကို လက်သီးနဲ့ ထိုးတာမလား?”
“ဆက်ဆီ စီအီးအို ကနံရံကို ထိုးတယ်။ ခန့်ညားချောမောတဲ့ ပုံစံကို စဉ်းစားကြည့်စမ်းပါ!”
နိုင်ငံခြားတွင် လေယာဉ်ဆိုက်ပြီးနောက် မြင်ကွင်းက အီတလီ ရောက်သွားတဲ့ဆီကို ပြောင်းသွားခဲ့သည်။
လီဂျင်းယွမ် ကပြောလိုက်သည်။ “ဒီအပိုင်းမှာ ကျွန်တော်က ဂိုက်အနေနဲ့ လုပ်မယ်ဆိုရင် အဆင်ပြေမလား?”
လူတိုင်းက အလျင်အမြန်ပဲ မဲပေးလိုက်ကြသည်။ မဲရလဒ်ကနေ လီဂျင်းယွမ် ကဧည့်လမ်းညွှန်အဖြစ် ပြောင်းသွားခဲ့သည်။ အခုတော့ ဇောင်ယုဟွမ် ကခရီးသွား မော်ဒယ်လ် ဖြစ်သွားသည်။ ထိုညအတွက် ဟိုတယ်အား ဇောင်ယုဟွမ် ကကြိုတင်မှာထားခဲ့သည်။
ဇောင်ယုဟွမ် ကဆိုဖာတွင် ပျင်းရိစွာထိုင်နေစဉ် လီဂျင်းယွမ် ကလူတိုင်းအတွက် နေရာချပေးနေခဲ့သည်။ သူမဘေးတွင် ကြီးမားသည့် ခြင်္သေ့ရုပ်ထုက ရှိနေသည်။
“တကယ့်ကို အလှလေးနဲ့ သားရဲကြီးပဲ (Beauty and the Beast)”
“ဇောင်ယုဟွမ် ကထိုင်နေချိန်၊ လမ်းလျှောက်နေချိန်နဲ့ လှဲနေချိန်တွေမှာ အရမ်းလှတယ်”
မျက်နှာပြင်တွင် ချီးကျူးမှုတွေက တန်းစီထွက်လာခဲ့သည်။
ဂူယူလင်း ကလျှောက်သွားပြီး မေးလိုက်သည်။ “မင်း ပင်ပန်းနေလား? ဖိနပ်အပါး မပါလာဘူးလား? မင်းမပါလာရင် ငါငှားပေးမယ်”
ယင်ချီချီ ကလည်း ပါဝင်လာခဲ့သည်။
လူတိုင်းရဲ့အာရုံက အခုတော့ လုံးဝကို ပြောင်းလဲသွားခဲ့သည်။
ထိုအချိန်တွင် ဟုန်ချင်းမင်း ကလျှောက်လာခဲ့ပြီး ဇောင်ယုဟွမ် အရှေ့တွင် ဒူးထောက်ချလိုက်ကာ ပြောလိုက်သည်။
“လာ၊ ကျောပေါ်တက်၊ အပေါ်ထပ်ကို သယ်သွားပေးမယ်” ဇောင်ယုဟွမ် ကမလှုပ်ပေ။
ဟုန်ချန်းမင်း ကကျောပေးကာ သူမခါးကနေ လှမ်းဆွဲလိုက်ကာ သူ့ဆီဆွဲယူလိုက်ပြီး ဇောင်ယုဟွမ် ကိုအလွယ်တကူ ကျောပေါ်တင်လိုက်သည်။
“တင်းတင်းကိုင်ထား။ ပြုတ်မကျစေနဲ့”
ဇောင်ယုဟွမ် ကလန့်သွားကာ ချက်ချင်းပဲ သူ့လည်ပင်းကို ဖက်လိုက်သည်။
ဟုန်ချန်းမင်း ကထရပ်လိုက်ကာ သူ့လှုပ်ရှားမှုတွေက ပုံမှန်အတိုင်း ဖြစ်နေပြီး ဇောင်ယုဟွမ် ကိုအပေါ်ထပ်ကို သယ်သွားလိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် လီဂျင်းယွမ် : “…”
မျက်နှာပြင်က ထပ်ပြီး ရယ်သည့်ကွန့်မန့်တွေနဲ့ ပြည့်သွားသည်။
“ဟားဟားဟား၊ အစ်ကိုလေးလီ ကသေချာပေါက်ကို အခုချိန်မှာ နောင်တရနေလောက်ပြီ”
“လီဂျင်းယွမ် : ဘာလို့ဂိုက်လုပ်မိတာလဲ? ဒီလိုမျိုးမှန်းသာ သိနေခဲ့ရင် ဝမ်ယောင်ချန်း ကိုပေးလိုက်ပါတယ်”
“လီဂျင်းယွမ် : ငါလည်း ဟွမ်ဟွမ့် ကိုကျောကနေ သယ်သွားပေးချင်တယ် _(:зゝ∠)_”
“အရမ်းမကစားနဲ့ အိုကေ? ဇောင်ယုဟွမ် ကိုဘယ်သူသယ်ပေးချင်လဲ?”
“လီဂျင်းယွမ် ရဲ့မျက်နှာမှာ အကုန်လုံးပေါ်နေတယ်။ ဒါကို မျက်လုံးပါတဲ့လူတိုင်း မြင်နိုင်တယ်!”
ကွန့်မန့်တွေက ချက်ချင်းပဲ ထွက်လာခဲ့သည်။
ထိုမြင်ကွင်းတွင် ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ကိုအပေါ်ထပ်ကို သယ်သွားခဲ့သည်။ သူ့ညီမလေးကို အရမ်းအလိုလိုက်တယ်လို့ လူတိုင်းက သတ်မှတ်လိုက်ကြသည်။
သို့သော် ရှိုးပွဲတွင် သူတို့နောက်ခံတွေ ထွက်ပေါ်မလာခင် သူမခါးကို ထိတွေ့တာ၊ မဲပေးတာ၊ ငွေအသုံးပြုတာ၊ ပွဲအတွင်း ညလယ်စာ အစာပြေ စတာတွေကို ပုံမှန်အတိုင်း ပြုလုပ်ခဲ့သည်။
အပေါ်ထပ်ကို သွားပြီးနောက် လူတိုင်းက ဇောင်ယုဟွမ် ကအရင်က ဂိုက်လုပ်တာ အရမ်းပင်ပန်းရလို့ ဒီတစ်ကြိမ်တော့ အရင်ဆုံးကြိုက်တဲ့အခန်း ယူဖို့အတွက် ပြောကြသည်။
ဇောင်ယုဟွမ် ကယဉ်ကျေးမနေတော့ပဲ အကောင်းဆုံး အခန်းကို ရွေးလိုက်သည်။ လူပေါင်းများစွာက သူတို့ဘဝတစ်ခုလုံးမှာ မတက်နိုင်တဲ့ အရာတွေရှိခဲ့တာကြောင့် ကင်မရာရှေ့မှာ ဘာကြောင့် သူမကိုယ်သူမ မှားယွင်းအောင် ပြုလုပ်ရမှာလဲ?
အခန်းတွေ ခွဲပြီးနောက် ဇောင်ယုဟွမ် ကအခန်းထဲက ဆိုဖာပေါ်တွင် ထိုင်နေရင်း ဟုန်ချန်းမင်း ကသူမအတွက် ရေနွေးကို ရှာဖို့သွားခဲ့သည်။
“ပင်ပန်းတာ သက်သာဖို့ ရေနွေးနွေးလေး သောက်လိုက်” အချိန်ခဏကြာပြီးနောက် ဟုန်ချန်းမင်း ကရေနွေးနဲ့ ပြန်လာခဲ့သည်။
သူက ဇောင်ယုဟွမ် ဆီခွက်ကို ပေးလိုက်သည်။ ဇောင်ယုဟွမ် ကိုင်တာကို မစောင့်တော့ပဲ ပြန်ဆွဲယူလိုက်သည်။
ဇောင်ယုဟွမ် ကသူ့ကို မပျော်ရွှင်စွာနဲ့ ကြည့်လိုက်သည်။
ဟုန်ချန်းမင်း ကအသံတိုးလေးနဲ့ ပြောလိုက်သည်။ “နည်းနည်း ပူသေးတယ်”
ထိုစကားကို ပြောလိုက်ရင်း သူ့လက်တွေနဲ့ ခွက်မှအပူချိန်ကို ခံစားလိုက်ပြီးနောက် သူ့ခေါင်းကို ငုံ့လိုက်ပြီး မှုတ်လိုက်သည်။
ယင်ချီချီ ကမုန့်တချို့ကို ယူလာပြီး ဇောင်ယုဟွမ် ကိုမေးလိုက်သည်။ “ကျွန်မတို့ တစ်ခုခုစားဖို့က အချိန်လိုသေးတယ်။ မင်းဆာနေပြီလား? ဒီအထဲက တစ်ခုခု စားချင်လား?”
ဇောင်ယုဟွမ် ကဆိုဖာပေါ်တွင်သာ ထိုင်နေပြီး မလှုပ်ပေ။ “မစားတော့ဘူး”
ယင်ချီချီ ရဲ့မျက်နှာက တောင့်တင်းသွားပြီးနောက် ဟုန်ချန်းမင်း ကိုကြည့်လိုက်သည်။ ဟုန်ချန်းမင်း ကသူမကို ကြည့်တောင်မကြည့်ပေ။
သူက ဇောင်ယုဟွမ် ကိုမေးလိုက်သည်။ “ဟွမ်ဟွမ် မလှုပ်ချင်ရင် ခြေထောက်ပဲဆေးလိုက်။ ကိုယ်တို့ အပြင်ကနေ အစားအသောက်တွေ ယူလာပေးမယ်”
ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်သည်။
လီဂျင်းယွမ် ကအလျင်အမြန် တံခါးကနေ ဝင်လာခဲ့ပြီး ပြောလိုက်သည်။
“မနက်ဖြန်က ဟိုတယ်မှာ နေရုံပဲ။ ဒီနေရာမှာ မီးဖိုချောင်ရှိတယ်၊ ဒါ့ကြောင့် ကိုယ်တို့ဘာသာ ချက်ပြုတ်လို့ရတယ်”
ဟုန်ချန်းမင်း ကခေါင်းညိတ်ပြီးနောက် ဇောင်ယုဟွမ် ကိုမေးလိုက်သည်။ “ဟွမ်ဟွမ် ဒီနေ့ ပင်ပန်းနေတယ်မလား?”
“ယင်ချီချီ အမြန်ပြန်လှည့်သွားပုံက သံပုရာသီး ကိုက်သွားရသလို ခံစားနေရပုံပဲ…”
“ဘယ်သူက မနာလိုမဖြစ်ပဲ နေမှာလဲ? ခန့်ညားချောမောတဲ့ လူနှစ်ယောက်က မင်းေဘးမှာ ဝိုင်းနေရင် သူတို့က ဘယ်လိုဆက်ဆံရေးဖြစ်မှာလဲ? ဘယ်တော့မှ ထားမသွားတဲ့လူတွေ ”
“ဟွမ်ဟွမ် ရဲ့သာမန်ဘဝက ဘယ်လိုမျိုးဖြစ်မလဲဆိုတာ ငါတကယ်ပဲ သိချင်တယ်။ ဒီတွက်ချက်ရတာက ခက်ခဲတယ်။ ပင်ပန်းတယ်”
“ဇောင်ယုဟွမ် ကဂိုက်လုပ်ခွင့်ပြုလိုက်တာ သူမ တကယ့်ကို မှားတာပဲ”
“အစ်ကိုေလးလီ နဲ့ ဟုန်လေး တို့ချက်ပြုတ်မှာကို ကြည့်ချင်နေတယ်”
“သူတို့က တကယ့်ကို လူကောင်းတွေပဲ။ ဟွမ်ဟွမ်၊ ငါ ဟွမ်ဟွမ် ရဲ့ယောင်းမကြီး ဖြစ်လို့ရမလား?”
“ငါကတော့ မတူဘူး။ ငါက ဟွမ်ဟွမ် ရဲ့ယောင်းမလေးပဲ ဖြစ်ချင်တယ်…”
“ငါကတော့ မတူဘူး။ ငါက သူတို့သုံးယောက် အချိန်အတူတူ ကုန်ဆုံးတာကိုပဲ မြင်ချင်တယ်…”
မျက်နှာပြင်က ဆက်လက်ပြီး ပြည့်နှက်နေခဲ့သည်။
မကြာခင်တွင် ဟုန်ချန်းမင်း ကငုံ့လိုက်ပြီး လက်ဆန့်လိုက်ကာ ဇောင်ယုဟွမ် ကိုချီလိုက်ပြီး ရေချိုးခန်းထဲကို သယ်သွားခဲ့သည်။
“လီဂျင်းယွမ်၊ တခြားသူတွေ စားဖို့အရင် ခေါ်သွားလိုက်။ ငါနောက်မှ လိုက်ခဲ့မယ်” ဟုန်ချန်းမင်း ကလှည့်မကြည့်ပဲ ပြောလိုက်သည်။
လီဂျင်းယွမ် : “အိုေက”
“ဟားဟားဟားဟား အစ်ကိုလေးလီ ထပ်ပြီးမနာလို ဖြစ်သွားပြီ”
“အစ်ကိုေလးလီ : နောင်တအတွက် ဘယ်နေရာကနေ ဆေးဝယ်လို့ရမလဲ?”
“ဟုန်ေလး ရဲ့လက်မောင်းအားက တကယ့်ကို…”
“ဟုန်ေလး ကလူတွေရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ဆူပွတ်စေတယ်။ အိပ်ရာပေါ်မှာ သူကပိုပြီး… ငါ ဆက်မပြောနိုင်တော့ဘူး”
ဟုန်ချန်းမင်း ကရေချိုးခန်းထဲကို သယ်သွားလိုက်ပြီး သူမကို နူးညံ့သည့် ခွေးခြေခုံပေါ် နေရာချလိုက်ကာ ပြောလိုက်သည်။ “ဟွမ်ဟွမ်၊ ခဏလောက် ဂိမ်းဆော့နေလို့ရတယ်”
ဇောင်ယုဟွမ် ကနာခံစွာဖြင့် နားထောင်လိုက်ပြီး ဖုန်းကိုထုတ်လိုက်ကာ ဂိမ်းဆော့လိုက်သည်။
ဟုန်ချန်းမင်း ကရေချိုးကန်ကို စတင်ဆေးကြောလိုက်သည်။ သန့်ရှင်းသွားချိန်တွင် သူ့အင်္ကျီက အတော်လေးကို စိုရွှဲနေသည်။ ထို့နောက် သူက ဘေးဘက်တွင် ရပ်လိုက်ပြီး ရေချိုးကန်ထဲကို ရေနွေးနဲ့ ဖြည့်လိုက်သည်။
“ဒီကြွက်သားေတွ…”
“ဟွမ်ဟွမ် ကတကယ်ပဲ နှာခေါင်းသွေးမလျှံဘူးလား?!”
“ဟုန်ေလး ရဲ့ဘောင်းဘီကော စိုသွားလား?”
“ချစ်သူငယ်ချင်းေလး၊ မင်း ကြက်ခြံထဲသွားပြီး ကိုယ့်ဘာသာ ထိန်းချုက်ဖို့ အကြံပေးချင်တယ်”
ဇောင်ယုဟွမ် ကဂိမ်းဆော့ပြီးချိန် ဟုန်ချန်းမင်း လှည့်လာကာ သူမကို ချီလိုက်သည်။ ရေချိုးကန်ဘောင်တွင် နေရာချလိုက်ပြီး မေးလိုက်သည်။ “ေရချိုးမလား? ခြေထောက်ပဲ ရေဆေးမလား?”
“ခြေထာက်ပဲ ရေဆေးမယ်”ဇောင်ယုဟွမ် ကသမ်းဝေကာ ပြောလိုက်သည်။
“အိုေက၊ ဒါဆို ကိုယ့်ကို မှီထားလိုက်” ဟုန်ချန်းမင်း ကသူ့ကိုယ်အား ဇောင်ယုဟွမ် မှီနိုင်ရန် လုပ်ပေးလိုက်သည်။
ဇောင်ယုဟွမ် က ၁၀ မိနစ်လောက် ရေဆေးပြီးနောက် ဟုန်ချန်းမင်း ကသူမကို ထပ်ချီလိုက်ကာ ခုံပေါ်ချလိုက်သည်။ ထို့နောက် သူက အရင်နေ့က လီဂျင်းယွမ် လုပ်ခဲ့တာနဲ့ အတော်လေး ဆင်တူတာကို လုပ်လိုက်သည်။ သူက ဒူးထောက်ချလိုက်ပြီး တဘတ်ဖြင့် ဇောင်ယုဟွမ် ရဲ့ခြေထောက်ကို ဂရုတစိုက် သုတ်ပေးလိုက်သည်။ ခြောက်သွားချိန်တွင် သူမအတွက် ဖိနပ်ဝတ်ေပးလိုက်သည်။
“အရမ်းကောင်းတဲ့ အစ်ကိုပဲ။ အရမ်းကို မနာလိုစရာကောင်းတယ်”
“ဒီလိုဖိနပ်ရဖို့ ၁၀ ဒေါ်လာနဲ့ တောင်းဆိုပါတယ်”
“ဘာကြောင့်လဲ?”
‘ဘာကြောင့်လဲ’လို့ မေးသည့်လူက မကြာခင်တွင်ပဲ ‘ဘာကြောင့်လဲ’ဆိုတာ စကားကို ထပ်ပြောလာခဲ့သည်။ ဖိနပ်တွေကို ဝတ်ပေးပြီးနောက် ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ကိုထပ်ချီလိုက်ကာ ကိုယ်သုတ်ပဝါပေါ်တွင် ထိုင်စေဖို့ ချပေးလိုက်သည်။
ထို့နောက် သူက နောက်ထပ်ရေစိုပဝါနဲ့ ရေနွေးကို ယူလာခဲ့ပြီး ဇောင်ယုဟွမ် ရဲ့မျက်နှာကို သုတ်ပေးလိုက်သည်။
ဇောင်ယုဟွမ် : “ဟွမ်ဟွမ် ကကလေးကြီးနဲ့ တူနေတယ်လို့ ခံစားနေရတယ်”
“ဒီနေ့ ဟွမ်ဟွမ် ပင်ပန်းနေတယ်မလား?”
“ပင်ပန်းတယ်”
“ဒါဆို မျက်လုံးကိုပဲ မှိတ်ထားလိုက်၊ ဟွမ်ဟွမ့် မျက်နှာကို သန့်စင်ပေးမယ်” ဟုန်ချန်းမင်း ရဲ့အသံက ပုံမှန်ထက်ပိုနေသည်။
ဇောင်ယုဟွမ် က ‘ငါအရမ်းပင်ပန်းတယ်’လို့သာ တွေးနေခဲ့သည်။ ပျော်ရွှင်ရဖို့ တစ်ခုခုများ မှားနေလား?
သူမက နာခံစွာဖြင့်သာ မျက်လုံးတွေကို မှိတ်လိုက်သည်။
ဟုန်ချန်းမင်း ကသူမမျက်နှာကို အသေအချာ သုတ်ပေးလိုက်သည်။
“နောက်ကျရင် သွားတိုက်လိုက်။ မင်းအစာစားရမယ်”
ထို့နောက် သူက သူမကို ဆိုဖာပေါ် ပြန်သယ်သွားပြီး သူမကို စောင်လေးနဲ့အုပ်ပေးလိုက်သည်။
“နည်းနည်းနားလိုက်၊ ဒါမှမဟုတ် ဂိမ်းဆော့။ ကိုယ် စားစရာ တစ်ခုခု သွားယူလိုက်မယ်”
ဇောင်ယုဟွမ် : “ဘိုင်”
ဟုန်ချန်းမင်း ကတံခါးဆီ လျှောက်သွားပြီးနောက် ရုတ်တရက် ရပ်လိုက်ပြီး ဇောင်ယုဟွမ် ကိုလှည့်ကြည့်လိုက်သည်။
ဇောင်ယုဟွမ် တွန့်ဆုတ်သွားပြီး “ဘိုင်၊ အစ်ကိုချန်းမင်း?”
ဟုန်ချန်းမင်း ရဲ့နှုတ်ခမ်းထောင့်က အပေါ်ကို ကွေးသွားသည်။
“အားးးးး ဟုန်လေးက အရမ်းကိုပျင်းဖို့ကောင်းတာပဲ!”
“ဟုန်လေး ကဟန်မဆောင်တတ်ဘူး။ သူပြုံးလိုက်တာကို ငါတို့အားလုံး မြင်လိုက်တယ်!”
“ဟွမ်ဟွမ် ရဲ့အစ်ကိုက အရမ်းကို ချစ်ဖို့ကောင်းတယ်။ အရမ်း…ကို ချစ်ဖို့ကောင်းတယ်”
“…အရင်တုန်းက ယင်ချီချီ ကသူ့ကို အစ်ကိုလို့ခေါ်တော့ မျက်နှာပျက်သွားတာ ဘာကြောင့်လဲဆိုတာကို နောက်ဆုံးတော့ သိလိုက်ရပြီ”
“ဘာကြောင့်ဆိုတော့ ဇောင်ယုဟွမ် ပဲခေါ်ခွင့်ရှိတာမလို့လား? ဘုရားရေ၊ ဒါက အရမ်းချိုမြိန်တာပဲမလား? သူတို့က တကယ့်ကို မောင်နှမတွေလား?”
ဟုန်ချန်းမင်း ကထွက်သွားချိန်တွင် ဇောင်ယုဟွမ် ကဆိုဖာပေါ်တွင် ထိုင်နေပြီး နာရီဝက်လောက် ဂိမ်းကစားနေခဲ့သည်။ သူမ မတ်တပ်ရပ်ပြီး ဆေးကြောပြီးချိန်တွင် တခြားသူတွေ ပြန်ရောက်လာခဲ့သည်။
19.5.2021 (Wed)
……………………….
Zawgyi
“ေျခေထာက္ေျမႇာက္လိုက္” လီဂ်င္းယြမ္ ကစိတ္႐ွည္႐ွည္နဲ႔ ထပ္ေျပာလိုက္ၿပီး ထပ္ေပါင္း ေျပာလိုက္သည္။
“ျမန္ျမန္လုပ္ ဟြမ္ဟြမ္” ႏူးညံ့သည့္ အသံျဖင့္ လူေတြရဲ႕ ႏွလုံးသားေတြကို ေႏြးေထြးေစသည္။
ေဇာင္ယုဟြမ္ ကိုထိလိုက္ၿပီး လူေတြက ဘာလုပ္ရမွန္း မသိေပမဲ့ သူတို႔႐ွိေနၾကသည္။
“ဒူးတစ္ဖက္ေထာက္! အားးး! အခု အားးး ေအာ္ဖို႔ပဲ သိေတာ့တယ္!”
“ငါ့အိုင္ေဒါက ဒူးေထာက္ထားၿပီး ငါ့ေျခေထာက္ကိုသာ ေျခအိတ္ဝတ္ေပးေနရင္ ငါေတာ့ အားးးလို႔ပဲ ေအာ္မိလိမ့္မယ္”
“ငါက လီမြန္! ေဇာင္ယုဟြမ္ အတြက္ အေပၚဝတ္ကုတ္အက်ႌ ဝယ္ေပးရမလား?”
“ဒီအသံက အရမ္းကို ႏူးညံ့လြန္းတယ္။ လီဂ်င္းယြမ္ ကတကယ့္ကို မတားဆီးႏိုင္တဲ့ လူပဲ…”
ေဇာင္ယုဟြမ္ ကေျခေထာက္ကို ေျမႇာက္လိုက္ၿပီး လီဂ်င္းယြမ္ ကိုေျခအိတ္ဝတ္ေပးခြင့္ ျပဳလိုက္သည္။ ထို႔ေနာက္ သူမက မသက္သာစြာနဲ႔ လွည့္လိုက္ၿပီး ေခါင္းငုံ႔ကာ ကိတ္ကိုစားလိုက္သည္။
မၾကာခင္ ေနာက္ထပ္ ေျခသံေတြက ထြက္ေပၚလာသည္။ ဟုန္ခ်န္းမင္း ကလက္ဆြဲအိတ္ ႏွစ္လုံးကို ကိုင္ထားရင္း ဆင္းလာခဲ့သည္။ သူက ပိုလို႐ွပ္အက်ႌ အျဖဴေရာင္ကို ဝတ္ထားသည္။
အျဖဴေရာင္ အက်ႌက နည္းနည္း အလင္းေရာင္ ေဖာက္ႏိုင္တာေၾကာင့္ အက်ႌေအာက္မွ သူ႕ရဲ႕သန္မာသည့္ ႂကြက္သားေတြကို လူတိုင္း ျမင္ႏိုင္သည္။
“ငါတကယ့္ကို ျမတ္ႏိုးတယ္! ေဇာင္ယုဟြမ္ ကမေသမ်ိဳး မိသားစုဘဝမွာ သာမန္လို ဘယ္လိုေနႏိုင္တာလဲ?”
“ဒီအက်ႌ… ငါတကယ့္ကို… ငါ အနားတိုးၾကည့္ခ်င္တယ္!”
“ဟုန္ေလး ကလြတ္လြတ္လပ္လပ္နဲ႔ အိမ္မွာ႐ွိေနခ်ိန္ အေလးမ,တယ္မလား?”
“ဒူးေထာက္ၿပီး ဟုန္ေလး ကိုသ႐ုပ္ေဆာင္လုပ္ဖို႔ ေတာင္းဆိုၾကမယ္၊ ဒါ႐ိုက္တာ တစ္ေယာက္က အေသသတ္ေနတယ္။ ေသေလာက္ေအာင္ ခ်စ္မိတယ္!”
“ဟားဟားဟားဟား အစ္ကိုေလးလီ က ေဇာင္ယုဟြမ္ ကိုေျခအိတ္ ဝတ္ေပးေနခ်ိန္မွာ ဟုန္ေလး ကလက္ဆြဲအိတ္ေတြကို သယ္လာေပးတာကို ငါတစ္ေယာက္တည္း သတိထားမိတာလား? ဟုန္ေလး ရဲ႕အားသားခ်က္ေတြ မဟုတ္လား?”
“လုံေလာက္ၿပီ၊ ျမန္ျမန္စား” ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။
“အိုေက” အရပ္႐ွည္႐ွည္ ေကာင္ေလး ႏွစ္ေယာက္က ထိုင္ခ်လိုက္သည္။
မ်က္ႏွာျပင္က ထပ္ၿပီး လန္းဆန္းသြားသည္။
“မ်က္စိပဒသ႐ွိတယ္”
“သူတို႔မ်က္ႏွာကို ၾကည့္ေနခ်ိန္မွာ ငါဆို ဘယ္လိုစားႏိုင္ေတာ့မလဲ?”
သုံးေယာက္သားက အလ်င္အျမန္ စားလိုက္ၾကသည္။ စားေသာက္ၿပီးေနာက္ ေဇာင္ယုဟြမ္ ကဖုန္းလက္ခံရေပမဲ့ ဖုန္းေျပာတာက ဗီဒီယိုတြင္ မပါေပ။ ထို႔ေနာက္ လူတိုင္းက ဧည့္ခန္းမွ ထြက္လာၾကသည္။
မ်က္ႏွာျပင္က စိတ္မေက်နပ္သည့္ အသံေတြထြက္လာသည္။
“သူတို႔ေတြ မနက္စာစားတာကို ရာစုႏွစ္ၾကာေအာင္ေတာင္ ငါၾကည့္ႏိုင္တယ္!”
“ထပ္ၿပီး မ႐ွိေတာ့ဘူးလား? ဒါက တကယ့္ကို ေကာင္းလြန္းတယ္!”
“အရမ္းေတာ္ၿပီး အဆင့္တူတဲ့ လူသုံးေယာက္၊ တကယ့္ကို မ်က္စိပဒသ႐ွိတာပဲ!”
ဗီလာက ထြက္လာၿပီးေနာက္ သူတို႔က ဥယ်ာဥ္ေလးကို ျဖတ္သြားၾကၿပီး ဂိတ္ကေန ထြက္သြားၾကသည္။ သူတို႔က ကားတစ္စီး ေရာက္လာတာကို ျမင္လိုက္ရႆည္။
ကင္မရာက ေျပာင္းသြားၿပီး ကားက အမဲေရာင္ကိုသာ ျပသည္။ မၾကာခင္တြင္ ကားကရပ္သြားၿပီး ကင္မရာက ေဇာင္ယုဟြမ္ ကိုျပလာခဲ့သည္။ လူတိုင္းက ေဇာင္ယုဟြမ္ တျဖည္းျဖည္း ကားနားသြားတာကို ၾကည့္လိုက္ၾကသည္။
“အစ္ကို” ေဇာင္ယုဟြမ္ ရဲ႕အသံက နည္းနည္း အကူအညီမဲ့ေနသည္။
ကားထဲမွ လူတစ္ေယာက္က ဆင္းလာခဲ့သည္။ ကင္မရာက ဖိနပ္ကိုျပၿပီး လက္တစ္ဖက္က ေဇာင္ယုဟြမ္ ရဲ႕အိတ္ကို လွမ္းယူလိုက္တာကို ျမင္လိုက္ရသည္။ ဒီလက္ေတြက သြယ္ခ်ေနၿပီး ျဖဴေနသည္။
တစ္ခ်က္ၾကည့္႐ုံနဲ႔ ခ်မ္းသာသည့္ လူတစ္ေယာက္ရဲ႕ လက္ျဖစ္တာကို ျမင္ႏိုင္သည္။
“ဒီခန္႔ညားတဲ့ အမ်ိဳးသား ဘယ္သူလဲ?”
“လ.. လ… လန္ဂ်င္းဇီ? မဟုတ္ဘူး မလား?”
“အားးးးး၊ အရမ္းလွလြန္းတဲ့ လက္ေတြက ဘယ္လိုလုပ္ ေရာက္ေနရတာလဲ?!”
“အရမ္းကို ခန္႔ညားတဲ့ လူပဲ! ေဇာင္ယုဟြမ္ ကိုမနာလိုလို႔ ေသၿပီ!”
“အရင္တုန္းက ဒီအစီအစဥ္ကို အာ႐ုံမစိုက္ခဲ့ဘူး။ ဒီေန႔ ညီမေလး ႐ိုက္ကူးတာ သိလိုက္ရၿပီးေတာ့ ေလဆိပ္ကို ေခၚသြားေပးဖို႔ လာခဲ့တာ။ ႏိုင္ငံျခားကို သြားဖို႔” ထူးဆန္းသည့္ လူက ေျပာလိုက္ၿပီး သူ႕အသံက နည္းနည္း တိုးေနသည္။
ရင့္က်က္သည့္ ေယာက်ၤားရဲ႕ က်က္သေရ႐ွိသည့္ အသံက နားထဲတြင္ အေတာ္ေလး နားေထာင္ေကာင္းေနသည္။
“အသံက နားေထာင္ေကာင္းတယ္။ လက္ေတြက အရမ္းၾကည့္ေကာင္းတယ္… သူ႕ကိုျပဖို႔ ကင္မရာသမားကို ေတာင္းဆိုပါတယ္ အားးး! ေတာင္းဆိုပါတယ္၊ ေက်းဇူးျပဳၿပီး!”
“အသံနဲ႔ လက္ေတြက ေသေလာက္ေအာင္ လွပလြန္းတယ္။ ဒါက တကယ့္အစစ္အမွန္ပဲ”
“အရင္က ပါပါရာဇီ ယူလာတဲ့ ဓာတ္ပုံေတြကို ငါၾကည့္ခဲ့တယ္၊ သူက အရမ္းကို ခန္႔ညားတယ္။ အရမ္းမိုက္တဲ့ ခႏၶာကိုယ္႐ွိတယ္။ ဘာမိသားစု! ၿပီးျပည့္စုံတဲ့ နာမည္ႀကီးမိသားစု!”
ကင္မရာက ဆက္႐ိုက္ေနခဲ့သည္။ ေဇာင္ယုဟြမ္ နဲ႔ထိုလူက ဝင္လိုက္ၿပီး ကင္မရာသမားက ခရီးသည္ခုံတြင္ ထိုင္လိုက္သည္။ ပုံမွန္ပင္ ကားက ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔အတြက္ ေနရာမ႐ွိေတာ့ေပ။
ထိုင္ခုံတစ္ခု လူတစ္ေယာက္စာပဲ က်န္ေတာ့သည္။ ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္လိုက္သည္။
“အစ္ကို” ႏွစ္ေယာက္က တစ္ခ်ိန္တည္းနီးပါး ေျပာလိုက္ၾကသည္။
ထိုလူက ျပန္ေတာင္လွည့္မၾကည့္ပဲ “မင္းတို႔ႏွစ္ေယာက္ တျခားကားထဲ သြားသင့္တယ္” ထို႔ေနာက္ သူက ကားတံခါးကို ပိတ္လိုက္ၿပီး သူတို႔ကို တားလိုက္သည္။
ဟုန္ခ်န္းမင္း : “…”
လီဂ်င္းယြမ္ : “…”
“ဟားဟားဟား အစ္ကိုက အရမ္းျပင္းထန္တာပဲ”
“ရယ္ရလို႔ေသၿပီ။ အလိုလိုက္ခံရတဲ့ ဟြမ္ဟြမ္။ သူမက တကယ့္ကို တိုက္ခိုက္ယူခံေနရတာလား?”
“ငါတကယ့္ကို ေဇာင္ယုဟြမ္ ကိုလိုခ်င္တယ္။ ဘယ္သူ႕မွ ငါ့ကိုမတားၾကနဲ႔!”
သူက သူမကို ေလဆိပ္ကို ပို႔ေပးမယ္လို႔ ေျပာၿပီးေနာက္ သူ႕စကားအတိုင္း လုပ္ခဲ့သည္။ ထို႔ေနာက္ လမ္းတြင္ ဒီထူးဆန္းသည့္ လူကာ ေဇာင္ယုဟြမ္ ကိုစကားေျပာလာခဲ့သည္။
“မင္း ဘယ္ေနရာသြားမွာလဲ?”
“အီတလီ”
“အဲ့မွာ အစ္ကို႔ သူငယ္ခ်င္းေဟာင္း႐ွိတယ္။ ညီမေလးမွာ ျပႆနာ႐ွိရင္ သူ႕ကိုေျပာလိုက္”
“အင္း”
“ေျခာက္ေသြ႕တဲ့ ေနရာျဖစ္လို႔ ေရပိုေသာက္၊ ေႏြးေထြးတဲ့ အဝတ္ေတြကိုဝတ္”
“အိုေက၊ အစ္ကို႔စကားနားေထာင္မယ္။ ဒီေန႔ အစ္ကို အလုပ္အားတာလား?”
“႐ွိတယ္။ ဒါေပမဲ့ ညီမေလးကို ပို႔ေပးဖို႔ အခ်ိန္ထားတာ” ထိုလူက ဆက္ေျပာလိုက္သည္။
“ဒါက အစ္ကို လုပ္သင့္တဲ့အရာပဲ”
“အိုေက!” ေဇာင္ယုဟြမ္ ကျပဳံးလိုက္သည္။
“ေက်းဇူးတင္ပါတယ္၊ အစ္ကို”
“မွင္ကုန္သြားၿပီ”
“ဟမ္?” ေဇာင္ယုဟြမ္ ရဲ႕အံ့ဩသည့္ အမူအရာကို ကင္မရာက အေသအခ်ာ ႐ိုက္ကူးေနသည္။
ေဇာင္ယုဟြမ္ ကအလ်င္အျမန္ ေျပာလိုက္သည္။ “အို၊ မွင္ကုန္သြားတာလား? ညီမ ျပန္လာတဲ့အခ်ိန္ဆို အရမ္းေနာက္က်ေနမလား?”
“ေနာက္မက်ဘူး”
မ်က္ႏွာျပင္ တစ္ခုလုံး : “???” “ ‘မွင္ကုန္ၿပီ’ဆိုတာ ဘာကို ေျပာတာလဲ?”
“ ‘မွင္ကုန္ၿပီ’ဆိုတဲ့ စကားက နည္းနည္းေတာ့ ခ်စ္ဖို႔ေကာင္းတယ္ UwU အစ္ကိုက ျပည္ႀကီးငါးလား?”
“ဟားဟားဟား ‘မွင္ကုန္ၿပီ’က ဘာလဲ? သူက ေဘာပင္အေၾကာင္း ေျပာတာလား?”
“မဟုတ္ဘူး။ ဒါက ေဇာင္ယုဟြမ္ ဆီက ေဘာပင္အတြက္ ေျပာတာ”
“? အေပၚက၊ မင္းဘယ္လိုသိတာလဲ? ခန္႔မွန္းတာလား?”
ကားကရပ္သြားၿပီး လူတိုင္းက ေလဆိပ္ကို ေရာက္လာၾကသည္။ ေဇာင္ယုဟြမ္ နဲ႔ကင္မရာသမားက ကားထဲမွ ထြက္လာၾကသည္။ ေဇာင္ယုဟြမ္ ကလွည့္လိုက္ၿပီး ကားဆီကို လက္ျပလိုက္သည္။
“ဘိုင္၊ အစ္ကို။ ညီမ ျပန္လာတဲ့အထိ ေစာင့္ေနပါ။ အစ္ကို႔အတြက္ မွင္ထပ္ဝယ္လာေပးမယ္”
“အိုေက”
ထိုလူက ျပန္ေျဖလိုက္သည္။ ကားက စက္ႏိႈးလာသည္။ ကားတံခါးက လႈပ္႐ွားသြားရင္း ေနာက္ဆုံးေတာ့ ကင္မရာက ကားထဲက လူကို႐ိုက္မိလိုက္သည္။ ထိုလူရဲ႕ဆံပင္က ေသေသသပ္သပ္ ဖီးထားၿပီး အျပာေရာင္ ဝတ္စုံကို ဝတ္ထားသည္။ သူက ေ႐ႊေရာင္ကိုင္းနဲ႔ မ်က္မွန္ကို ဝတ္ထားၿပီး ခန္႔ညားသည့္ မ်က္ခုံးေတြနဲ႔ နည္းနည္း မထူးျခားပဲ ထက္႐ွသည့္ အ႐ွိန္အဝါေတြကို ပိုင္ဆိုင္ထားကာ သူ႕တည္႐ွိမႈက က်က္သေရ႐ွိေနသည္။
ကင္မရာက ေျပာင္းသြားၿပီး ထိုလူက ခ်က္ခ်င္း ထြက္သြားသည္။
“အားးး ငါၾကက္ကေလးလိုပဲ ေအာ္လိုက္ခ်င္တယ္။ ေအာ္ဖို႔ပဲ သိေတာ့တယ္!”
“နတ္ဘုရားမကို ေက်းဇူးတင္ပါတယ္။ ခန္႔ညားတဲ့အစ္ကိုက ထြက္သြားေတာ့ ငါ့ႏွလုံးခုန္သံက ရပ္သြားၿပီ။ ငါ့ရင္ဘတ္ေလးေတာ့ သြားၿပီ”
“မင္းဘာလို႔ ဓာတ္ပုံ႐ိုက္ထားတာလဲ? သူတို႔ေတြ ၾကည့္ဖို႔လား?!”
“မ်က္ႏွာျပင္ကို ၾကည့္လိုက္ၿပီးေတာ့ အစ္ကိုရဲ႕ မ်က္ႏွာကို မျမင္ခင္အထိ အႀကိမ္ခဏခဏ ရပ္ေနရလို႔ ႐ူးေတာ့မယ္”
“အေပၚမွာ ဆက္ၿပီး ကြန္႔မန္႔ေပးေနလိုက္။ သူတို႔က အရမ္းကို ၾကည့္ေကာင္းလြန္းတယ္။ မိသားစုတစ္ခုလုံးက မေသမ်ိဳးေတြလို႔ ၾကည့္ေကာင္းလြန္းတယ္!”
“ဝမ္းကြဲအစ္ကိုက အစ္ကိုေလးလီနဲ႔ ဟုန္ေလးတို႔ စခရင္မွာပါေနတာကို မျမင္ႏိုင္ေတာ့လို႔ ေရာက္လာတာလား?”
“ကြန္႔မန္႔ေတြကို ငါမပိတ္ႏိုင္လို႔ အရင္က ကြန္႔မန္႔ေတြပဲ ဖတ္ႏိုင္တယ္။ ဟြမ္ဟြမ္ ရဲ႕အစ္ကိုသာ ငါဆိုရင္ ႐ိုက္ကူးေရးမွာ ပါမွာပဲ”
“အားးး၊ ဘာေၾကာင့္ အရမ္းခ်စ္ဖို႔ေကာင္းရတာလဲ? ငါမတတ္ႏိုင္ေတာ့ဘူး။ အစ္ကိုေရ ႐ိႈးပြဲမွာ ပါေပးပါေနာ္၊ ေတာင္းဆိုပါတယ္”
“ေက်းဇူးျပဳၿပီး!”
“ေက်းဇူးျပဳၿပီး +10086”
ထိုလူရဲ႕ကားထြက္သြားတာကို သူတို႔က ၾကည့္ေနၾကရင္း မ်က္ႏွာျပင္က ပြတ္ေလာ႐ိုက္ေနသည္။ သူတို႔ေတြက ဧည့္ႀကိဳေဆာင္ကို ေရာက္ခ်ိန္တြင္ ဝမ္ေယာင္ခ်န္း နဲ႔တျခားသူေတြလည္း ေရာက္ေနၾကသည္။
ေကာမိုင္ ကတျခားတြင္ ပြဲ႐ွိေနတာေၾကာင့္ အီတလီ ကိုတစ္ေယာက္တည္း သြားမွာ ျဖစ္တာေၾကာင့္ မ႐ွိေပ။
ေတြ႕ဆုံခ်ိန္တြင္ လူတိုင္းက တစ္ေယာက္နဲ႔ တစ္ေယာက္ ႏႈတ္ဆက္လိုက္ၾကသည္။
ဂူယူလင္း က ေဇာင္ယုဟြမ္ ကိုဖက္လိုက္ၿပီး ျပဳံးျပလိုက္သည္။ “အခုေကာ ဟန္းဖု ကိုယူလာခဲ့လား? ဟြမ္ဟြမ္ ကအရမ္းကို လူႀကိဳက္မ်ားတာပဲ!”
မ်က္ႏွာျပင္တြင္ ကြန္႔မန္႔ေတြက ေျပးလႊားသြားသည္။
“ဟြမ္ဟြမ္ အတြက္ ငါေျဖေပးမယ္ : မယူလာဘူး!”
“ဟားဟားဟား၊ ဟုန္ေလး ကဟန္းဖုနဲ႔ လိုလီတအဝတ္ေတြယူဖို႔ ေမ့သြားတယ္! အဲ့မွာ ဖက္႐ွင္က်တဲ့ စကတ္ေလးေတြပဲ ႐ွိတယ္!”
“ဂူယူလင္း ရဲ႕တက္ႂကြမႈက ႐ုတ္တရက္ ႏွစ္ဆျဖစ္သြားတယ္လို႔ ထင္မိတာ ငါတစ္ေယာက္တည္းလား?”
“ဂူယူလင္း က လီဂ်င္းယြမ္ နဲ႔ CP အေနနဲ႔ တြဲေပးေစခ်င္ေနတာ၊ အဲ့ဒါေၾကာင့္ ေဇာင္ယုဟြမ္ ကိုကပ္ေနတာလား?”
ထို႔ေနာက္ ဝမ္ေယာင္ခ်န္း က ေဇာင္ယုဟြမ္ ကိုဖက္ဖို႔ လုပ္လိုက္သည္။ သို႔ေသာ္ သူ႕လက္ေတြကို ဖြင့္လိုက္ခ်ိန္တြင္ လီဂ်င္းယြမ္ ကေရာက္လာၿပီး ဝမ္ေယာင္ခ်န္း ရဲ႕လက္ထဲကို ဝင္လိုက္ကာ ဖက္လိုက္သည္။
ကြန္႔မန္႔ေတြ : “ဟားဟားဟား၊ ရယ္ရလြန္းလို႔ ေသေတာ့မယ္”
“အစ္ကိုဝမ္ က ေဇာင္ယုဟြမ္ အတြက္ လက္ေတြကို ဖြင့္ေပးတာက ေဇာင္ယုဟြမ္ ကိုဖက္ခ်င္တယ္ဆိုတာ ေသခ်ာေနတာပဲ”
“ဒါေပမဲ့ ဟားဟားဟား အတားခံလိုက္ရတယ္၊ လီဂ်င္းယြမ္ ဟားဟားဟား ကကစားလိုက္တာပဲ”
“သူက ေဇာင္ယုဟြမ္ ကိုမဒိတ္ေစခ်င္ဘူးတာကို ငါေထာက္ခံတယ္။ သူ႕ညီမကို ကာကြယ္ေနတာ” “ဟားဟားဟား ညီမရဲ႕အခ်စ္ကို မတားသင့္ဘူး။ အစ္ကိုေလးလီ ကအရမ္းမ်ားတာပဲ”
“ဒီေနရာမွာ အစ္ကိုေလးလီ၊ ဒါမွမဟုတ္ ဟုန္ေလး တို႔႐ွိမေနရင္ ဒါက တိုက္႐ိုက္ ႀကိဳးစားတာပဲမလား?”
“ဟုန္ေလး ကလႈပ္ေတာင္မလႈပ္ဘူး။ သူ႕လက္ေတြ ဒဏ္ရာရေနတာကို အရင္က ျမင္လိုက္တယ္”
ဂူယူလင္း ကလည္း သတိျပဳမိသြားခဲ့သည္။ ဂူယူလင္း ကအနည္းငယ္ ငုံ႔လိုက္ကာ အနီးကပ္ၾကည့္လိုက္ၿပီး ေမးလိုက္သည္။
“မစၥတာဟုန္ ရဲ႕လက္ေတြက ဘာျဖစ္ခဲ့တာလဲ?”
ဟုန္ခ်န္းမင္း ရဲ႕လက္ေတြက ဒဏ္ရာေတြက သိသာေနၿပီး ၾကည့္႐ုံနဲ႔ ေတာ္ေတာ္နာမဲ့ပုံေပၚသည္။
ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။ “လက္ေဝွ႔ထိုးေလ့က်င့္တာ”
ဂူယူလင္း ကေျပာလိုက္သည္။ “အို၊ မိုက္လိုက္တာ၊ မစၥတာဟုန္! မစၥတာဟုန္ ကလက္ေဝွ႔ ဘယ္လိုထိုးရလဲဆိုတာကိုလည္း သိတယ္ေပါ့!”
ေဇာင္ယုဟြမ္ ကေဒါသထြက္စြာနဲ႔ ၾကားဖ်က္ေျပာလိုက္သည္။
“အင္း၊ နံရံေတြနဲ႔ ေလ့က်င့္တာေလ”
ဟုန္ခ်န္းမင္း ကရပ္ေနၿပီး လႈပ္ေတာင္မလႈပ္ပဲ ဘာမွေတာင္ မေျပာေပ။ သူက ေဇာင္ယုဟြမ္ ရဲ႕အၾကည့္နဲ႔ ရင္မဆိုင္ရဲတာပဲ ျဖစ္သည္။
မ်က္ႏွာျပင္က ရယ္သံေတြနဲ႔ ျပည့္သြားသည္။
“ဟားဟားဟားဟား၊ သူက လက္ေဝွ႔ထိုးေလ့က်င့္တာကေန ဒဏ္ရာရခဲ့တာ”
“ေလ့က်င့္ဖို႔ကို နံရံကို အသုံးျပဳခဲ့တာလား? ဟမ္?”
“ဟုန္ေလး ကအရမ္းမိုက္တာပဲ!”
“ဟုန္ေလး ကတစ္ခုခု ျဖစ္ခဲ့လို႔သာ နံရံကို လက္သီးနဲ႔ ထိုးတာမလား?”
“ဆက္ဆီ စီအီးအို ကနံရံကို ထိုးတယ္။ ခန္႔ညားေခ်ာေမာတဲ့ ပုံစံကို စဥ္းစားၾကည့္စမ္းပါ!”
ႏိုင္ငံျခားတြင္ ေလယာဥ္ဆိုက္ၿပီးေနာက္ ျမင္ကြင္းက အီတလီ ေရာက္သြားတဲ့ဆီကို ေျပာင္းသြားခဲ့သည္။
လီဂ်င္းယြမ္ ကေျပာလိုက္သည္။ “ဒီအပိုင္းမွာ ကြၽန္ေတာ္က ဂိုက္အေနနဲ႔ လုပ္မယ္ဆိုရင္ အဆင္ေျပမလား?”
လူတိုင္းက အလ်င္အျမန္ပဲ မဲေပးလိုက္ၾကသည္။ မဲရလဒ္ကေန လီဂ်င္းယြမ္ ကဧည့္လမ္းၫႊန္အျဖစ္ ေျပာင္းသြားခဲ့သည္။ အခုေတာ့ ေဇာင္ယုဟြမ္ ကခရီးသြား ေမာ္ဒယ္လ္ ျဖစ္သြားသည္။ ထိုညအတြက္ ဟိုတယ္အား ေဇာင္ယုဟြမ္ ကႀကိဳတင္မွာထားခဲ့သည္။
ေဇာင္ယုဟြမ္ ကဆိုဖာတြင္ ပ်င္းရိစြာထိုင္ေနစဥ္ လီဂ်င္းယြမ္ ကလူတိုင္းအတြက္ ေနရာခ်ေပးေနခဲ့သည္။ သူမေဘးတြင္ ႀကီးမားသည့္ ျခေသၤ့႐ုပ္ထုက ႐ွိေနသည္။
“တကယ့္ကို အလွေလးနဲ႔ သားရဲႀကီးပဲ (Beauty and the Beast)”
“ေဇာင္ယုဟြမ္ ကထိုင္ေနခ်ိန္၊ လမ္းေလွ်ာက္ေနခ်ိန္နဲ႔ လွဲေနခ်ိန္ေတြမွာ အရမ္းလွတယ္”
မ်က္ႏွာျပင္တြင္ ခ်ီးက်ဴးမႈေတြက တန္းစီထြက္လာခဲ့သည္။
ဂူယူလင္း ကေလွ်ာက္သြားၿပီး ေမးလိုက္သည္။ “မင္း ပင္ပန္းေနလား? ဖိနပ္အပါး မပါလာဘူးလား? မင္းမပါလာရင္ ငါငွားေပးမယ္”
ယင္ခ်ီခ်ီ ကလည္း ပါဝင္လာခဲ့သည္။
လူတိုင္းရဲ႕အာ႐ုံက အခုေတာ့ လုံးဝကို ေျပာင္းလဲသြားခဲ့သည္။
ထိုအခ်ိန္တြင္ ဟုန္ခ်င္းမင္း ကေလွ်ာက္လာခဲ့ၿပီး ေဇာင္ယုဟြမ္ အေ႐ွ႕တြင္ ဒူးေထာက္ခ်လိုက္ကာ ေျပာလိုက္သည္။
“လာ၊ ေက်ာေပၚတက္၊ အေပၚထပ္ကို သယ္သြားေပးမယ္” ေဇာင္ယုဟြမ္ ကမလႈပ္ေပ။
ဟုန္ခ်န္းမင္း ကေက်ာေပးကာ သူမခါးကေန လွမ္းဆြဲလိုက္ကာ သူ႕ဆီဆြဲယူလိုက္ၿပီး ေဇာင္ယုဟြမ္ ကိုအလြယ္တကူ ေက်ာေပၚတင္လိုက္သည္။
“တင္းတင္းကိုင္ထား။ ျပဳတ္မက်ေစနဲ႔”
ေဇာင္ယုဟြမ္ ကလန္႔သြားကာ ခ်က္ခ်င္းပဲ သူ႕လည္ပင္းကို ဖက္လိုက္သည္။
ဟုန္ခ်န္းမင္း ကထရပ္လိုက္ကာ သူ႕လႈပ္႐ွားမႈေတြက ပုံမွန္အတိုင္း ျဖစ္ေနၿပီး ေဇာင္ယုဟြမ္ ကိုအေပၚထပ္ကို သယ္သြားလိုက္သည္။
ထိုျမင္ကြင္းကို ျမင္လိုက္ရသည့္ လီဂ်င္းယြမ္ : “…”
မ်က္ႏွာျပင္က ထပ္ၿပီး ရယ္သည့္ကြန္႔မန္႔ေတြနဲ႔ ျပည့္သြားသည္။
“ဟားဟားဟား၊ အစ္ကိုေလးလီ ကေသခ်ာေပါက္ကို အခုခ်ိန္မွာ ေနာင္တရေနေလာက္ၿပီ”
“လီဂ်င္းယြမ္ : ဘာလို႔ဂိုက္လုပ္မိတာလဲ? ဒီလိုမ်ိဳးမွန္းသာ သိေနခဲ့ရင္ ဝမ္ေယာင္ခ်န္း ကိုေပးလိုက္ပါတယ္”
“လီဂ်င္းယြမ္ : ငါလည္း ဟြမ္ဟြမ့္ ကိုေက်ာကေန သယ္သြားေပးခ်င္တယ္ _(:зゝ∠)_”
“အရမ္းမကစားနဲ႔ အိုေက? ေဇာင္ယုဟြမ္ ကိုဘယ္သူသယ္ေပးခ်င္လဲ?”
“လီဂ်င္းယြမ္ ရဲ႕မ်က္ႏွာမွာ အကုန္လုံးေပၚေနတယ္။ ဒါကို မ်က္လုံးပါတဲ့လူတိုင္း ျမင္ႏိုင္တယ္!”
ကြန္႔မန္႔ေတြက ခ်က္ခ်င္းပဲ ထြက္လာခဲ့သည္။
ထိုျမင္ကြင္းတြင္ ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ကိုအေပၚထပ္ကို သယ္သြားခဲ့သည္။ သူ႕ညီမေလးကို အရမ္းအလိုလိုက္တယ္လို႔ လူတိုင္းက သတ္မွတ္လိုက္ၾကသည္။
သို႔ေသာ္ ႐ိႈးပြဲတြင္ သူတို႔ေနာက္ခံေတြ ထြက္ေပၚမလာခင္ သူမခါးကို ထိေတြ႕တာ၊ မဲေပးတာ၊ ေငြအသုံးျပဳတာ၊ ပြဲအတြင္း ညလယ္စာ အစာေျပ စတာေတြကို ပုံမွန္အတိုင္း ျပဳလုပ္ခဲ့သည္။
အေပၚထပ္ကို သြားၿပီးေနာက္ လူတိုင္းက ေဇာင္ယုဟြမ္ ကအရင္က ဂိုက္လုပ္တာ အရမ္းပင္ပန္းရလို႔ ဒီတစ္ႀကိမ္ေတာ့ အရင္ဆုံးႀကိဳက္တဲ့အခန္း ယူဖို႔အတြက္ ေျပာၾကသည္။
ေဇာင္ယုဟြမ္ ကယဥ္ေက်းမေနေတာ့ပဲ အေကာင္းဆုံး အခန္းကို ေ႐ြးလိုက္သည္။ လူေပါင္းမ်ားစြာက သူတို႔ဘဝတစ္ခုလုံးမွာ မတက္ႏိုင္တဲ့ အရာေတြ႐ွိခဲ့တာေၾကာင့္ ကင္မရာေ႐ွ႕မွာ ဘာေၾကာင့္ သူမကိုယ္သူမ မွားယြင္းေအာင္ ျပဳလုပ္ရမွာလဲ?
အခန္းေတြ ခြဲၿပီးေနာက္ ေဇာင္ယုဟြမ္ ကအခန္းထဲက ဆိုဖာေပၚတြင္ ထိုင္ေနရင္း ဟုန္ခ်န္းမင္း ကသူမအတြက္ ေရေႏြးကို ႐ွာဖို႔သြားခဲ့သည္။
“ပင္ပန္းတာ သက္သာဖို႔ ေရေႏြးေႏြးေလး ေသာက္လိုက္” အခ်ိန္ခဏၾကာၿပီးေနာက္ ဟုန္ခ်န္းမင္း ကေရေႏြးနဲ႔ ျပန္လာခဲ့သည္။
သူက ေဇာင္ယုဟြမ္ ဆီခြက္ကို ေပးလိုက္သည္။ ေဇာင္ယုဟြမ္ ကိုင္တာကို မေစာင့္ေတာ့ပဲ ျပန္ဆြဲယူလိုက္သည္။
ေဇာင္ယုဟြမ္ ကသူ႕ကို မေပ်ာ္႐ႊင္စြာနဲ႔ ၾကည့္လိုက္သည္။
ဟုန္ခ်န္းမင္း ကအသံတိုးေလးနဲ႔ ေျပာလိုက္သည္။ “နည္းနည္း ပူေသးတယ္”
ထိုစကားကို ေျပာလိုက္ရင္း သူ႕လက္ေတြနဲ႔ ခြက္မွအပူခ်ိန္ကို ခံစားလိုက္ၿပီးေနာက္ သူ႕ေခါင္းကို ငုံ႔လိုက္ၿပီး မႈတ္လိုက္သည္။
ယင္ခ်ီခ်ီ ကမုန္႔တခ်ိဳ႕ကို ယူလာၿပီး ေဇာင္ယုဟြမ္ ကိုေမးလိုက္သည္။ “ကြၽန္မတို႔ တစ္ခုခုစားဖို႔က အခ်ိန္လိုေသးတယ္။ မင္းဆာေနၿပီလား? ဒီအထဲက တစ္ခုခု စားခ်င္လား?”
ေဇာင္ယုဟြမ္ ကဆိုဖာေပၚတြင္သာ ထိုင္ေနၿပီး မလႈပ္ေပ။ “မစားေတာ့ဘူး”
ယင္ခ်ီခ်ီ ရဲ႕မ်က္ႏွာက ေတာင့္တင္းသြားၿပီးေနာက္ ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္သည္။ ဟုန္ခ်န္းမင္း ကသူမကို ၾကည့္ေတာင္မၾကည့္ေပ။
သူက ေဇာင္ယုဟြမ္ ကိုေမးလိုက္သည္။ “ဟြမ္ဟြမ္ မလႈပ္ခ်င္ရင္ ေျခေထာက္ပဲေဆးလိုက္။ ကိုယ္တို႔ အျပင္ကေန အစားအေသာက္ေတြ ယူလာေပးမယ္”
ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္သည္။
လီဂ်င္းယြမ္ ကအလ်င္အျမန္ တံခါးကေန ဝင္လာခဲ့ၿပီး ေျပာလိုက္သည္။
“မနက္ျဖန္က ဟိုတယ္မွာ ေန႐ုံပဲ။ ဒီေနရာမွာ မီးဖိုေခ်ာင္႐ွိတယ္၊ ဒါ့ေၾကာင့္ ကိုယ္တို႔ဘာသာ ခ်က္ျပဳတ္လို႔ရတယ္”
ဟုန္ခ်န္းမင္း ကေခါင္းညိတ္ၿပီးေနာက္ ေဇာင္ယုဟြမ္ ကိုေမးလိုက္သည္။ “ဟြမ္ဟြမ္ ဒီေန႔ ပင္ပန္းေနတယ္မလား?”
“ယင္ခ်ီခ်ီ အျမန္ျပန္လွည့္သြားပုံက သံပုရာသီး ကိုက္သြားရသလို ခံစားေနရပုံပဲ…”
“ဘယ္သူက မနာလိုမျဖစ္ပဲ ေနမွာလဲ? ခန္႔ညားေခ်ာေမာတဲ့ လူႏွစ္ေယာက္က မင္းေဘးမွာ ဝိုင္းေနရင္ သူတို႔က ဘယ္လိုဆက္ဆံေရးျဖစ္မွာလဲ? ဘယ္ေတာ့မွ ထားမသြားတဲ့လူေတြ ”
“ဟြမ္ဟြမ္ ရဲ႕သာမန္ဘဝက ဘယ္လိုမ်ိဳးျဖစ္မလဲဆိုတာ ငါတကယ္ပဲ သိခ်င္တယ္။ ဒီတြက္ခ်က္ရတာက ခက္ခဲတယ္။ ပင္ပန္းတယ္”
“ေဇာင္ယုဟြမ္ ကဂိုက္လုပ္ခြင့္ျပဳလိုက္တာ သူမ တကယ့္ကို မွားတာပဲ”
“အစ္ကိုေလးလီ နဲ႔ ဟုန္ေလး တို႔ခ်က္ျပဳတ္မွာကို ၾကည့္ခ်င္ေနတယ္”
“သူတို႔က တကယ့္ကို လူေကာင္းေတြပဲ။ ဟြမ္ဟြမ္၊ ငါ ဟြမ္ဟြမ္ ရဲ႕ေယာင္းမႀကီး ျဖစ္လို႔ရမလား?”
“ငါကေတာ့ မတူဘူး။ ငါက ဟြမ္ဟြမ္ ရဲ႕ေယာင္းမေလးပဲ ျဖစ္ခ်င္တယ္…”
“ငါကေတာ့ မတူဘူး။ ငါက သူတို႔သုံးေယာက္ အခ်ိန္အတူတူ ကုန္ဆုံးတာကိုပဲ ျမင္ခ်င္တယ္…”
မ်က္ႏွာျပင္က ဆက္လက္ၿပီး ျပည့္ႏွက္ေနခဲ့သည္။
မၾကာခင္တြင္ ဟုန္ခ်န္းမင္း ကငုံ႔လိုက္ၿပီး လက္ဆန္႔လိုက္ကာ ေဇာင္ယုဟြမ္ ကိုခ်ီလိုက္ၿပီး ေရခ်ိဳးခန္းထဲကို သယ္သြားခဲ့သည္။
“လီဂ်င္းယြမ္၊ တျခားသူေတြ စားဖို႔အရင္ ေခၚသြားလိုက္။ ငါေနာက္မွ လိုက္ခဲ့မယ္” ဟုန္ခ်န္းမင္း ကလွည့္မၾကည့္ပဲ ေျပာလိုက္သည္။
လီဂ်င္းယြမ္ : “အိုေက”
“ဟားဟားဟားဟား အစ္ကိုေလးလီ ထပ္ၿပီးမနာလို ျဖစ္သြားၿပီ”
“အစ္ကိုေလးလီ : ေနာင္တအတြက္ ဘယ္ေနရာကေန ေဆးဝယ္လို႔ရမလဲ?”
“ဟုန္ေလး ရဲ႕လက္ေမာင္းအားက တကယ့္ကို…”
“ဟုန္ေလး ကလူေတြရဲ႕ ခႏၶာကိုယ္ တစ္ခုလုံးကို ဆူပြတ္ေစတယ္။ အိပ္ရာေပၚမွာ သူကပိုၿပီး… ငါ ဆက္မေျပာႏိုင္ေတာ့ဘူး”
ဟုန္ခ်န္းမင္း ကေရခ်ိဳးခန္းထဲကို သယ္သြားလိုက္ၿပီး သူမကို ႏူးညံ့သည့္ ေခြးေျခခုံေပၚ ေနရာခ်လိုက္ကာ ေျပာလိုက္သည္။ “ဟြမ္ဟြမ္၊ ခဏေလာက္ ဂိမ္းေဆာ့ေနလို႔ရတယ္”
ေဇာင္ယုဟြမ္ ကနာခံစြာျဖင့္ နားေထာင္လိုက္ၿပီး ဖုန္းကိုထုတ္လိုက္ကာ ဂိမ္းေဆာ့လိုက္သည္။
ဟုန္ခ်န္းမင္း ကေရခ်ိဳးကန္ကို စတင္ေဆးေၾကာလိုက္သည္။ သန္႔႐ွင္းသြားခ်ိန္တြင္ သူ႕အက်ႌက အေတာ္ေလးကို စို႐ႊဲေနသည္။ ထို႔ေနာက္ သူက ေဘးဘက္တြင္ ရပ္လိုက္ၿပီး ေရခ်ိဳးကန္ထဲကို ေရေႏြးနဲ႔ ျဖည့္လိုက္သည္။
“ဒီႂကြက္သားေတြ…”
“ဟြမ္ဟြမ္ ကတကယ္ပဲ ႏွာေခါင္းေသြးမလွ်ံဘူးလား?!”
“ဟုန္ေလး ရဲ႕ေဘာင္းဘီေကာ စိုသြားလား?”
“ခ်စ္သူငယ္ခ်င္းေလး၊ မင္း ၾကက္ျခံထဲသြားၿပီး ကိုယ့္ဘာသာ ထိန္းခ်ဳက္ဖို႔ အၾကံေပးခ်င္တယ္”
ေဇာင္ယုဟြမ္ ကဂိမ္းေဆာ့ၿပီးခ်ိန္ ဟုန္ခ်န္းမင္း လွည့္လာကာ သူမကို ခ်ီလိုက္သည္။ ေရခ်ိဳးကန္ေဘာင္တြင္ ေနရာခ်လိုက္ၿပီး ေမးလိုက္သည္။ “ေရခ်ိဳးမလား? ေျခေထာက္ပဲ ေရေဆးမလား?”
“ျခေထာက္ပဲ ေရေဆးမယ္”ေဇာင္ယုဟြမ္ ကသမ္းေဝကာ ေျပာလိုက္သည္။
“အိုေက၊ ဒါဆို ကိုယ့္ကို မွီထားလိုက္” ဟုန္ခ်န္းမင္း ကသူ႕ကိုယ္အား ေဇာင္ယုဟြမ္ မွီႏိုင္ရန္ လုပ္ေပးလိုက္သည္။
ေဇာင္ယုဟြမ္ က ၁၀ မိနစ္ေလာက္ ေရေဆးၿပီးေနာက္ ဟုန္ခ်န္းမင္း ကသူမကို ထပ္ခ်ီလိုက္ကာ ခုံေပၚခ်လိုက္သည္။ ထို႔ေနာက္ သူက အရင္ေန႔က လီဂ်င္းယြမ္ လုပ္ခဲ့တာနဲ႔ အေတာ္ေလး ဆင္တူတာကို လုပ္လိုက္သည္။ သူက ဒူးေထာက္ခ်လိုက္ၿပီး တဘတ္ျဖင့္ ေဇာင္ယုဟြမ္ ရဲ႕ေျခေထာက္ကို ဂ႐ုတစိုက္ သုတ္ေပးလိုက္သည္။ ေျခာက္သြားခ်ိန္တြင္ သူမအတြက္ ဖိနပ္ဝတ္ေပးလိုက္သည္။
“အရမ္းေကာင္းတဲ့ အစ္ကိုပဲ။ အရမ္းကို မနာလိုစရာေကာင္းတယ္”
“ဒီလိုဖိနပ္ရဖို႔ ၁၀ ေဒၚလာနဲ႔ ေတာင္းဆိုပါတယ္”
“ဘာေၾကာင့္လဲ?”
‘ဘာေၾကာင့္လဲ’လို႔ ေမးသည့္လူက မၾကာခင္တြင္ပဲ ‘ဘာေၾကာင့္လဲ’ဆိုတာ စကားကို ထပ္ေျပာလာခဲ့သည္။ ဖိနပ္ေတြကို ဝတ္ေပးၿပီးေနာက္ ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ကိုထပ္ခ်ီလိုက္ကာ ကိုယ္သုတ္ပဝါေပၚတြင္ ထိုင္ေစဖို႔ ခ်ေပးလိုက္သည္။
ထို႔ေနာက္ သူက ေနာက္ထပ္ေရစိုပဝါနဲ႔ ေရေႏြးကို ယူလာခဲ့ၿပီး ေဇာင္ယုဟြမ္ ရဲ႕မ်က္ႏွာကို သုတ္ေပးလိုက္သည္။
ေဇာင္ယုဟြမ္ : “ဟြမ္ဟြမ္ ကကေလးႀကီးနဲ႔ တူေနတယ္လို႔ ခံစားေနရတယ္”
“ဒီေန႔ ဟြမ္ဟြမ္ ပင္ပန္းေနတယ္မလား?”
“ပင္ပန္းတယ္”
“ဒါဆို မ်က္လုံးကိုပဲ မွိတ္ထားလိုက္၊ ဟြမ္ဟြမ့္ မ်က္ႏွာကို သန္႔စင္ေပးမယ္” ဟုန္ခ်န္းမင္း ရဲ႕အသံက ပုံမွန္ထက္ပိုေနသည္။
ေဇာင္ယုဟြမ္ က ‘ငါအရမ္းပင္ပန္းတယ္’လို႔သာ ေတြးေနခဲ့သည္။ ေပ်ာ္႐ႊင္ရဖို႔ တစ္ခုခုမ်ား မွားေနလား?
သူမက နာခံစြာျဖင့္သာ မ်က္လုံးေတြကို မွိတ္လိုက္သည္။
ဟုန္ခ်န္းမင္း ကသူမမ်က္ႏွာကို အေသအခ်ာ သုတ္ေပးလိုက္သည္။
“ေနာက္က်ရင္ သြားတိုက္လိုက္။ မင္းအစာစားရမယ္”
ထို႔ေနာက္ သူက သူမကို ဆိုဖာေပၚ ျပန္သယ္သြားၿပီး သူမကို ေစာင္ေလးနဲ႔အုပ္ေပးလိုက္သည္။
“နည္းနည္းနားလိုက္၊ ဒါမွမဟုတ္ ဂိမ္းေဆာ့။ ကိုယ္ စားစရာ တစ္ခုခု သြားယူလိုက္မယ္”
ေဇာင္ယုဟြမ္ : “ဘိုင္”
ဟုန္ခ်န္းမင္း ကတံခါးဆီ ေလွ်ာက္သြားၿပီးေနာက္ ႐ုတ္တရက္ ရပ္လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုလွည့္ၾကည့္လိုက္သည္။
ေဇာင္ယုဟြမ္ တြန္႔ဆုတ္သြားၿပီး “ဘိုင္၊ အစ္ကိုခ်န္းမင္း?”
ဟုန္ခ်န္းမင္း ရဲ႕ႏႈတ္ခမ္းေထာင့္က အေပၚကို ေကြးသြားသည္။
“အားးးးး ဟုန္ေလးက အရမ္းကိုပ်င္းဖို႔ေကာင္းတာပဲ!”
“ဟုန္ေလး ကဟန္မေဆာင္တတ္ဘူး။ သူျပဳံးလိုက္တာကို ငါတို႔အားလုံး ျမင္လိုက္တယ္!”
“ဟြမ္ဟြမ္ ရဲ႕အစ္ကိုက အရမ္းကို ခ်စ္ဖို႔ေကာင္းတယ္။ အရမ္း…ကို ခ်စ္ဖို႔ေကာင္းတယ္”
“…အရင္တုန္းက ယင္ခ်ီခ်ီ ကသူ႕ကို အစ္ကိုလို႔ေခၚေတာ့ မ်က္ႏွာပ်က္သြားတာ ဘာေၾကာင့္လဲဆိုတာကို ေနာက္ဆုံးေတာ့ သိလိုက္ရၿပီ”
“ဘာေၾကာင့္ဆိုေတာ့ ေဇာင္ယုဟြမ္ ပဲေခၚခြင့္႐ွိတာမလို႔လား? ဘုရားေရ၊ ဒါက အရမ္းခ်ိဳၿမိန္တာပဲမလား? သူတို႔က တကယ့္ကို ေမာင္ႏွမေတြလား?”
ဟုန္ခ်န္းမင္း ကထြက္သြားခ်ိန္တြင္ ေဇာင္ယုဟြမ္ ကဆိုဖာေပၚတြင္ ထိုင္ေနၿပီး နာရီဝက္ေလာက္ ဂိမ္းကစားေနခဲ့သည္။ သူမ မတ္တပ္ရပ္ၿပီး ေဆးေၾကာၿပီးခ်ိန္တြင္ တျခားသူေတြ ျပန္ေရာက္လာခဲ့သည္။
19.5.2021 (Wed)
……………………….
[text_hash] => c263ebd4
)