Array
(
[text] =>
Unicode
လီဂျင်းယွမ် ကဘဝင်မကျ ထပ်ဖြစ်သွားသည်။ ဗီဒီယိုတွေ ကြည့်ခဲ့သည်။ သူပြန်ကြည့်ချိန်တိုင်း ချက်ချင်းပဲ ကင်မရာအောက်မှ ဇောင်ယုဟွမ် ကိုဖုံးကွယ်ထားလိုက်ချင်သည်။
ဇောင်ယုဟွမ် ကအံ့ဩသွားသည်။ လီဂျင်းယွမ် ကဒီလောက် အလွယ်တကူ လက်ခံလိုက်မယ်လို့ သူမ မထင်ထားပေ။
သူမ ခေါင်းညိတ်လိုက်သည်။ “အင်း”
“ဟွမ်ဟွမ် မနက်ဖြန် သွားစရာရှိလား?” လီဂျင်းယွမ် ကမေးလိုက်သည်။
“အင်း၊ ကုမ္ပဏီ သွားရမယ်” ဇောင်ယုဟွမ် ကပြန်ဖြေလိုက်သည်။
“အိုကေ၊ ဒါဆို ညမှတွေ့မယ်” နောက်ဆုံးတော့ လီဂျင်းယွမ် ကပွဲအတွက် ဝေ့ကျဲ ကိုဖုန်းခေါ်ကာ ထွက်သွားခဲ့သည်။
ဇောင်ယုဟွမ် ကမထွက်ခင် ကုမ္ပဏီကိုသွားကာ ငွေကြေးပိုင်းကို စစ်ဆေးလိုက်သည်။
သူမ ပြန်လာချိန်တွင် အိပ်ခန်းတံခါးက ပွင့်နေတာကို မြင်လိုက်ရသည်။ သူမ မထွက်သွားခင်က အိမ်ဖော်တွေကို ထုတ်ပိုးပေးရန် ဇောင်ယုဟွမ် ကမှာထားခဲ့သည်။ သူမအကြောင်းက ထွက်ပေါ်လာခဲ့သည်။ အင်တာနက် အသုံးပြုသူတွေက သူမက အရမ်းချမ်းသာတာ၊ အသက်အငယ်ဆုံး ချမ်းသာသည့် အမျိုးသမီးလေးအဖြစ် ပြောကြတာကြောင့် ကင်မရာသမားတွေက ဒီမြင်ကွင်းကို မြင်ရဖို့အတွက် စောင့်မျှော်နေကြသည်။
ဇောင်ယုဟွမ် ကတံခါးကို ကြည့်လိုက်ပြီး သူတို့ မပြီးသေးတာလားလို့ တွေးလိုက်သည်။ ဇောင်ယုဟွမ် ကတံခါးကို တွန်းဖွင့်လိုက်ပြီး အထဲကို လျှောက်ဝင်လိုက်ပေမဲ့ တစ်စုံတစ်ယောက်က အခန်းထဲမှ လျှောက်ထွက်လာခဲ့သည်။
ဇောင်ယုဟွမ် ကသေချာ ကြည့်လိုက်သည်။ အဲ့လူက ဟုန်ချန်းမင်း ဖြစ်သည်။
ဟုန်ချန်းမင်း ကအဖြူရောင် ရှပ်အင်္ကျီကို ဝတ်ထားသည်။ ကြယ်သီးသုံးလုံးကို ဖြုတ်ထားတာကြောင့် သူ့ရင်ဘတ်က အနည်းငယ် ပြသနေပြီး အောက်ကကြွက်သားတွေကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူ့ခန္ဓာကိုယ်က ရေငွေ့တွေ ရှိနေသေးသည်။ သူက ရေချိုးပြီး ထွက်လာခဲ့ရုံဖြစ်သည်။
ဇောင်ယုဟွမ် ရဲ့မျက်လုံးက မော့ကြည့်လိုက်ပြီး ဟုန်ချန်းမင်း ရဲ့စိုစွတ်နေသည့် ဆံပင်တွေကို ကြည့်လိုက်သည်။ ဇောင်ယုဟွမ် ကရုတ်တရက် ပြန်ရောက်လာလိမ့်မယ်လို့ ဟုန်ချန်းမင်း ကမထင်တာကြောင့် ထိုနေရာတွင် အေးခဲနေသည်။ သူ့နှုတ်ခမ်းတွေကို တင်းကြပ်စွာ စေ့ထားပြီး သူ့မျက်နှာက ပိုပြီးတည်နေသည်။
ဇောင်ယုဟွမ် ကမျက်တောင်ခတ်လိုက်သည်။ ကလေးကနေ အရွယ်ရောက်သူအဖြစ် ပြောင်းလဲသွားခဲ့သည်။ မျက်နှာပေါ်က ဆွဲဆောင်မှုတွေက ပြောစရာ စကားမဲ့သွားစေပြီး နူးညံ့သည့် ခံစားချက်ကို ဖြစ်ပေါ်စေသည်။
“ဟွမ်ဟွမ့် အခန်းမှာ ရေချိုးဖို့ ဘာလို့ရောက်နေတာလဲ?” ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ရဲ့လက်မောင်းကို ပုတ်လိုက်ပြီး မေးလိုက်သည်။
သူ့လက်တွေက နည်းနည်း အေးစက်နေသည်။ ဇောင်ယုဟွမ် ကအံ့ဩသွားကာ သူ့လက်တွေကို ကိုင်လိုက်သည်။
ဟုန်ချန်းမင်း ကသူမ ထိလိုက်တာကြောင့် ထိုနေရာတွင် တောင့်သွားသည်။
“ရေအေးနဲ့ ချိုးလိုက်တာလား?” ဇောင်ယုဟွမ် ကထိတ်လန့်သွားသည်။
ဟုန်ချန်းမင်း ကတောင့်တောင့်ကြီးနဲ့ ခေါင်းညိတ်လိုက်သည်။ “အင်း”
ဇောင်ယုဟွမ် ကသူ့နဖူးကို စိုးရိမ်စွာဖြင့် စမ်းလိုက်သည်။ “အဖျားရှိနေလို့လား?”
ဟုန်ချန်းမင်း ရဲ့ဦးနှောက်က ကုတ်ဗူးထဲကို မန်တို့ သကြားလုံး ထည့်လိုက်သလိုမျိုး အဆက်မပြတ် ဆူပွက်နေသည်။
သူက သတိလက်လွတ် ဇောင်ယုဟွမ် ကိုစိုက်ကြည့်နေခဲ့သည်။ သူ့တွင် အဖျားမရှိပေမဲ့ သူမလက်က သူ့နဖူးကို လာထိချိန်တွင် ဟုန်ချန်းမင်း ရဲ့ခန္ဓာကိုယ် တစ်ခုလုံးက ပူလောင်လာခဲ့သည်။
“အဖျားမရှိပါဘူး” ဟုန်ချန်းမင်း ကအသံတိုးလေးနဲ့ ပြောလိုက်သည်။
“ဒါဆို ဘာဖြစ်လို့လဲ?” ဇောင်ယုဟွမ် ကသူ့ပုခုံးကို ပုတ်လိုက်ပြီးနောက် ဖြတ်လျှောက်သွားကာ အိပ်ခန်းထဲကို ဝင်လိုက်သည်။ ဟုန်ချန်းမင်း ကသတိလက်လွတ် လိုက်လှည့်ကြည့်ကာ ပြောလိုက်သည်။
“ရူးလို့”
ဇောင်ယုဟွမ် : “?”
ဇောင်ယုဟွမ် ကလှည့်လိုက်ချိန်တွင် ထုတ်ပိုးထားသည့် အိတ်ကိုမြင်လိုက်သည်။ ဟုန်ချန်းမင်း ကသူမ သတိပြုမိတာကို မြင်လိုက်ပြီး ချက်ချင်း ပြောလိုက်သည်။ “ကိုယ်ထုတ်ပိုးပေးထားတာ”
ဇောင်ယုဟွမ် : “ဟမ်?”
“အိမ်ဖော်တွေက မင်းဘာလိုလဲဆိုတာကို သေချာမသိကြဘူးလေ၊ ဒါပေမဲ့ ကိုယ်ကတော့ သိတယ်”
“ခဏလေး…” ဇောင်ယုဟွမ် ကစကားကို ဖြတ်ပြောလိုက်သည်။ “ရှင် ထုတ်ပိုးချိန်က ရိုက်ကူးရေး ဝန်ထမ်းတွေ ရောက်နေလား?”
“ရောက်နေတယ်။ ကင်မရာသမားက ရိုက်ကူးနေတယ်၊ ဒါက အသုံးဝင်တယ်လို့လည်း ပြောတယ်” ဟုန်ချန်းမင်း ကရပ်လိုက်ပြီးနောက် ဇောင်ယုဟွမ် ရဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။ “ခွင့်မပြုဘူးလား?”
ဇောင်ယုဟွမ် ကနည်းနည်းထူးဆန်းတယ်လို့ ခံစားလိုက်ရသည်။ ဟုန်ချန်းမင်း ကဘာကြောင့် ရေအေးနဲ့ ရေချိုးလဲဆိုတာကို သူမ နားမလည်ဘူး။ ဟုန်ချန်းမင်း ရဲ့မျက်လုံးတွေက ဒီလိုမျိုး ပါးလွှာတဲ့ မြူတွေလွှမ်းနေလဲ ဆိုတာကိုလည်း သူမ နားမလည်ဘူး။
သူ့မျက်လုံးတွေက လူတွေကို ကြည့်လိုက်ချိန်မှာ မူးယစ်စေတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေသည်။ အဲ့ဒါက… ဒေါင်းတွေက သူတို့အမြီးကို ဖြန့်ပြလိုက်သလိုမျိုး ကျက်သရေမှုက ဖော်ပြဖို့ မစွမ်းသလိုမျိုး ဖြစ်နေသည်။
“အိုကေ၊ ရှင့်ကို ဒုက္ခဖြစ်စေမိပြီ” ဇောင်ယုဟွမ် ကပြောလိုက်ရင်း သူ့ခါးကနေ တွန်းထုတ်လိုက်သည်။
“မြန်မြန် ရေပူနဲ့ ပြန်ချိုးလိုက်။ အအေးမမိအောင် ဂရုစိုက်ဦး။ ဟွမ်ဟွမ် တို့ကမနက်ဖြန် စောစောသွားရမှာ”
ဟုန်ချန်းမင်း ကသတိထားကာ ပြောလိုက်သည်။ “အိုကေ”
ထို့နောက် လျှောက်သွားသည်။ သူတံခါးကို ကျော်သွားချိန်တွင် ဟုန်ချန်းမင်း ကချက်ချင်း ထွက်မသွားပေ။ သူက လှည့်လိုက်ပြီး ဇောင်ယုဟွမ် ကိုကြည့်လိုက်သည်။
ဇောင်ယုဟွမ် : “?”
ဒီနေ့ ဟုန်ချန်းမင်း ရဲ့အပြုအမူတွေက အရမ်းကို ထူးဆန်းနေသည်။
“အစ်ကိုလို့ မပြောတော့ဘူး” သူက ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ အစ်ကိုချန်းမင်း၊ နှုတ်ဆက်ပါတယ်၊ အစ်ကိုချန်းမင်း” ဇောင်ယုဟွမ် ကဒေါသထွက်စွာနဲ့ ပြောလိုက်သည်။
သူ့ပုံစံက ပိုပြီးတော့တောင် သံပတ်ရုပ်နဲ့ ပိုတူသွားသည်။ နောက်ထပ် ရေအေးနဲ့ ထပ်ချိုးရတော့မလား?
“Goodnight” ဟုန်ချန်းမင်း ကပြောလိုက်သည်။
သူ တံခါးကို ပိတ်ပြီးနောက် ဟုန်ချန်းမင်း ကအသက်ကို ရှူထုတ်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်လိုက်ပြီး သူ့နှုတ်ခမ်းက အနည်းငယ် အောက်ကိုကွေးသွားကာ အံကြိတ်လိုက်သည်။
ဇောင်ယုဟွမ် ကိုထုတ်ပိုးပေးဖို့ သူကူညီနေချိန်တုန်းက သူမအတွက် ရေကူးဝတ်စုံကိုလည်း ထည့်ပေးခဲ့သည်။ ဒါကို မရိုက်ကူးခဲ့ဘူး။ ရိုက်ကူးရေး ဝန်ထမ်းတွေက ဘာကိုရိုက်ကူးသင့်တယ်၊ မရိုက်ကူးသင့်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိကြသည်။
သို့သော် ရေကူးဝတ်စုံကို ဟုန်ချန်းမင်း ကြည့်လိုက်ချိန်တွင် ပထမဆုံး ရိုက်ကူးရေးတုန်းက ရေကူးဝတ်စုံ ဝတ်ထားသည့် ဇောင်ယုဟွမ် ရဲ့ပုံစံက သူ့မျက်လုံးထဲ ပေါ်လာခဲ့သည်။ ဒါက သူ့ကို ထိန်းချုပ်မှုမဲ့သွားစေသည်။
သူ့နှလုံးသားထဲက နတ်ဆိုးက တံခါးကို ညင်သာစွာ တွန်းဖွင့်ပြီး ထွက်လာခဲ့သည်။
ဟုန်ချန်းမင်း သည်နံရံကို လက်သီးနဲ့ထိုးလိုက်သည်။ နံရံကို ထိုးလိုက်တာကြောင့် သူ့လက်ချောင်းမှ အရည်ပြားက ချက်ချင်းပဲ ကွဲသွားသည်။ သွေးတွေတောင် ထွက်လာခဲ့သည်။ သို့သော် ဟုန်ချန်းမင်း သည်ဒီအကြောင်းကို ဆက်မတွေးပဲ မနေနိုင်ပေ။
ထိုအချိန်တွင် မကောင်းသည့် အတွေးတွေကြောင့် သူ့ကိုယ်သူ သားရဲတစ်ကောင်လို ခံစားလိုက်ရသည်။ ရုတ်တရက် တံခါးက ပွင့်လာခဲ့သည်။ ဇောင်ယုဟွမ် ရဲ့ခေါင်းက ထွက်လာခဲ့သည်။
“အစ်ကိုချန်းမင်း ဘာလို့ ဟွမ်ဟွမ့်နံရံကို ဖျက်ဆီးနေတာလဲ?”
ဟုန်ချန်းမင်း ကပြောလိုက်သည်။ “လက်ဝှေ့ထိုး လေ့ကျင့်နေတာ”
ထို့နောက် သူက အလျင်အမြန်ပင် လှည့်သွားပြီး ပထမဆုံးအကြိမ် သူ့ပုံစံက ပျောက်ဆုံးသွားသည်။
ဇောင်ယုဟွမ် : “?”
ဟုန်ချန်းမင်း ကတကယ့်ကို ရူးသွပ်နေပြီလို့ ရုတ်တရက် သူမ ခံစားလိုက်ရသည်။
ချိန်းဆိုထားသည့် အချိန်က မနက် ၈ နာရီဖြစ်ပေမဲ့ ၇ နာရီထဲက ဝန်ထမ်းတွေက ရောက်လာခဲ့ကြသည်။ သူတို့က ဗီလာထဲတွင် ကင်မရာတွေ ကိုင်ထားရင်း လျှောက်ကြည့်နေကြသည်။
ဗီလာက အရင်တုန်းက မရိုက်ကူးခဲ့တာကြောင့် ဇောင်ယုဟွမ် ရဲ့အကြောင်းက ထွက်ပေါ်လာခြင်း မရှိသေးပေ။ လူတိုင်းက စုဝေးပြီးနောက် သူတို့က အလျင်အမြန် စားသောက်ပြီး ထွက်သွားခဲ့ကြသည်။
တတိယပိုင်းကို ရိုက်ကူးတာက ဒုတိယပိုင်း ရိုက်ကူးတာထက် ပိုအဆင်ပြေခဲ့သည်။ အလည်လာသူတွေကို ပိုပြီးတော့တောင် ဆွဲဆောင်နိုင်ခဲ့ကြသည်။ သုံးရက်ကြာပြီးနောက် လူတိုင်းက အီတလီ မှပြန်လာခဲ့ကြသည်။
ဖန်တွေရဲ့ မျက်စိရှေ့မှောက်သို့ တတိယပိုင်းက အလျင်အမြန် ရောက်လာခဲ့သည်။ ဒီအချိန်တွင် သူတို့အတွက် သတင်းတွေ ဘယ်လောက်ရကြမလဲဆိုတာကို မသိကြပေ။ တခြားအပိုင်းတွေထက် အခုအပိုင်းက ပိုပြီးလူကြိုက်များခဲ့သည်။
《အချိန်ခရီးသွားခြင်း》 ကိုသုံးရက် ရိုက်ကူးခဲ့ပေမဲ့ ထုတ်လွှင့်ခြင်းက နှစ်နာရီသာ ကြာသည်။ ဇောင်ယုဟွမ် ကရှာဖွေမှုတွင် ထိပ်ဆုံးရောက်ခဲ့သည်။ လူတိုင်းက ထိုအကြောင်းကိုသာ စိတ်ဝင်စားခဲ့ကြသည်။ တချို့ဆိုရင် ဇောင်ယုဟွမ် ကစနေနေ့ကနေ သုံးရက်အထိ ရှာဖွေမှုတွင် ထိပ်ဆုံးဆိုပြီးတောင် စနောက်ကြသည်။
《အချိန်ခရီးသွားခြင်း》 တတိယပိုင်းကို ဖွင့်ကြည့်လိုက်ချိန်တွင် ဗီဒီယို မစကတည်းက ကွန့်မန့်တွေက မျက်နှာပြင်တွင် ပေါ်လာခဲ့သည်။
“ထိုင်လိုက်!”
“အဟားဟားဟား၊ ငါ့ယုဟွမ် လေးက နောက်ဆုံးတော့ ရောက်လာပြီ!”
“လီဂျင်းယွမ်၊ ဟုန်လေး၊ ဝမ်ယောင်ချန် တို့ရေ ငါလာပြီ!”
ထို့နောက် ကင်မရာ ရိုက်ကူးရေးက ပြောင်းသွားပြီး ပထမဆုံး ကောမိုင် ရဲ့နေအိမ်ကို ပြသပြီးနောက် ဝမ်ယောင်ချန်း၊ ဂူယူလင်း … ရိုက်ကူးရေးက သူတို့ ထုတ်ပိုးတာဖြစ်သည်။
နောက်တစ်နေ့တွင် သူတို့က ကားတွေနဲ့ လေဆိပ်ကို သွားခဲ့ကြသည်။ ထို့နောက် နောက်ထပ်ဧည့်သည် အပိုင်းဖြစ်သည်။ ပုံမှန်ဆို လီဂျင်းယွမ် အပိုင်းက ဂူယူလင်း ပြီးရင် ရောက်လာတာ ဖြစ်ပေမဲ့ ဒီတစ်ကြိမ်တွင် သူ့အရိပ်ကိုတောင် မမြင်ရပေ။
ချက်ချင်းပဲ မျက်နှာပြင်က ပေါက်ကွဲထွက်လာခဲ့သည်။
“ဘာကြောင့် ငါ့ရဲ့လီလေးက မပါရတာလဲ?”
“??? ရိုက်ကူးရေး အဖွဲ့တွေက ဘာလုပ်ချင်နေကြတာလဲ???”
ရုတ်တရက် ကင်မရာက ပြောင်းသွားကာ အပြာရောင် ပိတ်ကားချပ်က ပေါ်လာခဲ့သည်။ ကင်မရာက တဖြည်းဖြည်း ပြောင်းလဲသွားကာ ပထမဆုံး အနောက်တိုင်းစတိုင် ပြင်ဆင်ထားသည့် အခန်းက ထွက်ပေါ်လာခဲ့သည်။
ကြီးမားသည့် အဝတ်ဘီဒို၊ လှပသည့် မှန်တင်ခုံစားပွဲပေါ်တွင် အကန့်အသတ်ထုတ် မိတ်ကပ်… စသည်တို့က ရှိနေပြီး ဒါက မိန်းကလေး တစ်ယောက်ရဲ့အိမ်ဆိုတာကို ပြနေသည်။
ထို့နောက် မြင်ကွင်းတွင် အိမ်ဖော်ဝတ်စုံ ဝတ်ဆင်ထားသည့် အသက်အလယ်ပိုင်း အမျိုးသမီး တစ်ယောက်ကို မြင်လိုက်ရသည်။ တစ်ချိန်တည်း၊ “ဇောင်ယုဟွမ် ရဲ့အိမ်”ဆိုပြီး စာတမ်းထိုးလာသည်။
“အင်တာနက်မှာ သူမနောက်ခံကို တွေ့သွားပြီးကြလို့ သူတို့က ဖုံးကွယ်ထားဖို့ ရပ်လိုက်ကြတာလား?!”
“သေချာတယ်၊ သူမက ချမ်းသာတယ်! အဟားဟား၊ ငါ ရူးတော့မယ်!”
“ဒီအလှမှန်တင်ခုံ! ဒီအလှပြင်ပစ္စည်းတွေ! ဒီအိမ်ဖော်! ဒါက ငါအိမ်မက်မက်ထားတာတွေ!”
“ဒီနေ့ မိန်းကလေးဇောင် ကအိမ်မှာ မရှိဘူးလား?” ဝန်ထမ်း တစ်ယောက်က မေးလိုက်သည်။
“အင်း၊ မရှိဘူး။ ကျွန်မက မိန်းကလေးအတွက် ထုတ်ပိုးပေးရမှာ” အိမ်ဖော်က ပြောလိုက်သည်။
အိမ်ဖော်က ပြောပြီးနောက်တွင် အနားကို လျှောက်လာသည့် ခြေသံတွေကို ကြားလိုက်ရသည်။
တစ်စုံတစ်ယောက်က ပြောလိုက်သည်။ “ဟွမ်ဟွမ် ကဘယ်မှာလဲ?”
“မိန်းကလေးက ကုမ္ပဏီကို သွားပါတယ်” အိမ်ဖော်က ပြောလိုက်သည်။
ထို့နောက် စကားပြောသည့် လူက အခန်းထဲကို ဝင်လာခဲ့ပြီး ကင်မရာရှေ့ကို ရောက်လာခဲ့သည်။ သူက သာမန်အညိုရောင် အိမ်နေရင်း အဝတ်ကို ဝတ်ထားသည်။ အိမ်နေရင်း အဝတ်က သူ့ကို အရင်ကထက် ပိုပြီးနူးညံ့သည့် ပုံစံပေါ်သွားစေသည်။
ဝတ်စုံအပြည့်၊ ရှူးဖိနပ် မဝတ်ထားတာက ပိုချစ်ဖို့ကောင်းစေသည်။
ထို့နောက် မျက်နှာပြင်က ထပ်ပြီး ပေါက်ကွဲသွားသည်။
“အဟားဟားဟားဟားဟား၊ ဒါက သေလောက်အောင် ရူးစေတာပဲ! ဒါက ဘယ်သူလဲ?! ဟုန်ချန်းမင်း?!”
“ဘုရားရေ၊ ဟုန်လေး အဟားဟားဟား! ဘာကြောင့် ဟုန်လေး ကအဲ့မှာရှိနေတာလဲ? အမ်၊ အို၊ ရိုက်ကူးရေး အဖွဲက အကြီးဆုံး အရာကို လုပ်လိုက်တာပဲ!”
“ဟုန်လေးက ဘာကြောင့် ယုန်ဖိနပ်တွေကို ဝတ်ထားတာလဲ?! ဒါက နာမည်ကျော်ကြားတဲ့ ဒါရိုက်တာကြီး မဟုတ်ဘူး! ဒါပေမဲ့ ဒီလိုမျိုး ဆွဲဆောင်မှုရှိနေတော့ ဘာလုပ်ရမလဲ?”
“ဟမ်၊ ဟွမ်ဟွမ် လို့ခေါ်လိုက်တယ်! ဒီလိုမျိုး ငါလည်း အရင်က အများကြီး ခေါ်ဖူးပေမဲ့…”
“အရင်ဟာတွေကို ပြန်ကြည့်ပေမဲ့ ဒီတစ်ကြိမ်အသံက အရမ်းကို ဆွဲဆောင်မှု ရှိနေတယ်။ မဖြစ်နိုင်ဘူး၊ တကယ်မဟုတ်ဘူး…”
“တကယ့်ကို CP မဟုတ်ဘူးလား?”
“ဟွမ်ဟွမ် အတွက် ထုတ်ပိုးနေတာလား?” ဟုန်ချန်းမင်း ကမေးလိုက်သည်။
အိမ်ဖော် ကခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်၊ သခင်လေး”
“ငါလုပ်လိုက်မယ်” ဟုန်ချန်းမင်း ကစကားပြောရင်း လျှောက်ဝင်လာပြီးနောက် ဒူးထောက်ချလိုက်သည်။
မျက်နှာပြင်က ထပ်ပြီးပေါက်ကွဲသွားသည်။
“ဝတ်စုံအပြည့် ဝတ်ထားတဲ့ ဒါရိုက်တာက အသေသတ်တယ်။ ဝတ်စုံအပြည့် မဝတ်ထားတဲ့ ကောင်းမွန်တဲ့ ယောင်္ကျားပဲ။ ငါ့ကို တည်ငြိမ်အောင် လုပ်ပေးကြပါ!”
“ဝတ်စုံအပြည့်= ဝံပုလွေလေး၊ ညဝတ်စုံ= နို့နံ့မစင်တဲ့ခွေးလေး!”
“ညဝတ်အင်္ကျီကို ချည်လိုက်၊ TvT အစ်ကိုကြီး တစ်ယောက်နဲ့ တူနေတာတောင် ငါ ပေါက်ကွဲချင်တုန်းပဲ။ ငါလည်း ဒီလိုအစ်ကိုကြီးမျိုး လိုချင်တယ်”
“ဟုန်လေး ရဲ့ခါးက အရမ်းကိုလှတယ်လို့ ငါပဲမြင်မိတာလား?”
“သူ့နောက်ကျော ကြွက်သားတွေကလည်း အရမ်းကိုလှတယ်! ကြွက်သားတွေက အဝတ်တွေနဲ့ ကာထားလို့ ငါသေချာမမြင်ရတာတောင် အရမ်းလှတယ်လို့ ထင်မိတယ်!”
အိမ်ဖော် ကအပြင်ကို ထွက်သွားခဲ့သည်။ ဟုန်ချန်းမင်း ကစတင် ထုတ်ပိုးလိုက်သည်။
အထဲတွင် ဝန်ထမ်းက ချောင်းဆိုးလိုက်ကာ မေးလိုက်သည်။
“ကျွန်တော်တို့တွေ မစ္စတာဟုန် နဲ့အင်တာဗျူးလို့ရမလား?”
“အင်း” ဟုန်ချန်းမင်း ကပုံမှန်အတိုင်း ပြန်ဖြေလိုက်ပြီး သူ့လက်ထဲက အရာတွေကိုသာ ဆက်ပြီးအာရုံစိုက်လိုက်သည်။
“မစ္စတာဟုန် ကမိန်းကလေးဇောင် အတွက် ထုတ်ပိုးတက်လို့လား?”
“အင်း၊ သူမအတွက် ခဏခဏ ထုတ်ပိုးဖူးတယ်”
“အင်္ဂလန် မှာတုန်းကလား?” ဝန်ထမ်း ကအမြန်ပဲ ပြောလိုက်သည်။
“အင်း”
“မစ္စတာဟုန် ကတကယ်ကို ဂရုစိုက်တာပဲ” ဝန်ထမ်း ကပြောလိုက်သည်။
“ဒါကပုံမှန်ပါပဲ” ဟုန်ချန်းမင်း ကဆက်ထုတ်ပိုးရင်း ပြန်ဖြေလိုက်သည်။
သူ့လှုပ်ရှားမှုတွေကို ကင်မရာက ရိုက်ကူးနေခဲ့သည်။ မျက်နှာပြင်က မပြောင်းခင်အထိ မရပ်တန့်တော့ပေ။
“သတင်း! သူမအတွက် အရင်တုန်းက အကြိမ်များစွာ ထုတ်ပိုးဖူးတယ်! အဆင့်မှီတဲ့ အစ်ကိုကြီးပဲ!”
“တစ်ခုခု မှားနေသလိုပဲ။ သူတို့က တကယ့် မောင်နှမတွေဆိုရင် သူ့မျိုးရိုးနာမည်က ဟုန် နဲ့ ဇောင် ဖြစ်နေရတာလဲ?”
“ဝမ်းကွဲအစ်ကိုလား? ခေါင်းကိုင်အစ်ကိုလား?”
“ငါ့မှာ ဦးနှောက်မရှိတော့ဘူး။ သူတို့က ဘယ်လိုဆက်စပ်လဲဆိုတာ ငါမသိချင်ဘူး။ ဒီမြင်ကွင်းကို အကြိမ်တစ်ထောင်ပဲ ကြည့်လိုက်ချင်တယ်!”
“ဟုန်လေး ကတကယ့်ကို အသုံးဝင်တာပဲ။ ဝံပုလွေရိုင်းလို ကြောက်ဖို့ကောင်းတယ်! ဒါပေမဲ့ ထုတ်ပိုးနေချိန်မှာ ခေါင်းအုံးအကာကို ထည့်ဖို့တောင် မှတ်မိနေတယ်…”
နောက်ဆုံးတော့ ဟုန်ချန်းမင်း ကထုတ်ပိုးတာ ပြီးသွားခဲ့သည်။
ကင်မရာက လင်းလန်၊ ယင်ချီချီ တို့ဘက်ကို ရောက်သွားသည်။ မျက်နှာပြင်မှာတော့ လီဂျင်းယွမ် မပေါ်လာသေးလို့ ဆက်မေးနေကြသည်။ အရင်ကတည်းက ဗီဒီယို ကစီစဉ်ပြီးသားဖြစ်သည်။
ဗီဒီယိုက ဆက်သွားနေကာ အလျင်အမြန်ပင် ဒုတိယနေ့ကို ရောက်လာခဲ့သည်။ ထို့နောက် ဒီတစ်ကြိမ်တွင် ကင်မရာသမားတွေက ဗီလာဂိတ်၊ ဗီလာပုံစံ စတာတွေကို ပိုပြီးအသေးစိတ်ကို ရိုက်ကူးနေကြသည်။ ထို့နောက် အတွင်းဘက်ကို ဝင်သွားပြီး ဥယျာဉ်အသေးလေးကို ဖြတ်သွားပြီး ဧည့်ခန်းထဲကို ဝင်သွားကြသည်။
ကင်မရာသမားရဲ့ ခြေလှမ်းတွေက လှေကားကနေ အသံထွက်လာချိန်တွင် ကင်မရာက အပေါ်ဘက်ကို ရိုက်လိုက်သည်။ ပထမက ဇောင်ယုဟွမ် ဖြစ်ပြီး ထောက်ဖိနပ်ကို ဝတ်ထားပြီး စတော်ဘယ်ရီ ပုလင်းကိုတောင် ကိုင်ထားသည်။
“ရှင်သောက်မလား?” ဇောင်ယုဟွမ် ကဝန်ထမ်းကို မေးလိုက်သည်။ ဝန်ထမ်း ကသတိလက်လွတ် ခေါင်းခါလိုက်ပြီး မျက်နှာက နည်းနည်းရဲသွားသည်။
ဇောင်ယုဟွမ် ကစတော်ဘယ်ရီထက် ပိုပြီးတော့တောင် ချစ်ဖို့ကောင်းနေသည်။ သူမက ဒူးအထိရှည်သည့် အဝတ်ကို ဝတ်ထားသည်။ အဝတ်က ပွင့်နေသည့် ပန်းပုံစံမျိုး အဆုံးသတ်ထားသည်။ သူမ ဆံပင်တွေကို ဖြေချထားပြီး ဧည့်လမ်းညွှန်ပုံစံမျိုးက ပျောက်ကွယ်နေပြီး ပျင်းရိပြီး ကျက်သရေရှိပုံ ပေါ်နေသည်။
တစ်စုံတစ်ယောက်ရဲ့ လက်ဖဝါးထဲတွင် အလိုလိုက်ခံထားရတဲ့ ရတနာလေးနဲ့ တကယ့်ကို ဆင်တူနေသည်။
ဇောင်ယုဟွမ် ကစတော်ဘယ်ရီတွေကို ဘေးဘက်က အိမ်ဖော်ကို ပေးလိုက်ပြီးနောက် ထမင်းစားပွဲတွင် ထိုင်လိုက်ကာ မနက်စာ စားလိုက်သည်။
“ဇောင်ယုဟွမ် ကအရမ်းကောင်းတယ် မလား? သူက ဘာကြောင့် အရမ်းကောင်းနေရတာလဲ?”
“စတော်ဘယ်ရီထက် ပိုကောင်းတဲ့သူ… ငါ မနာလိုဖြစ်မိတယ်”
“သူမက တကယ့်ကို လူတိုင်း အချစ်ခံရတဲ့ ချမ်းသာတဲ့ မိန်းကလေးပဲ။ ဒီပုံစံမိန်းကလေးကို ဘယ်သူက သဘောမကျဖို့ တောင်းဆိုနိုင်မှာလဲ?”
သိပ်မကြာခင် ခြေလှမ်းတွေကို ထပ်ကြားလိုက်ရသည်။ ကင်မရာက လှည့်လိုက်သည်။ လီဂျင်းယွမ် ကအပေါ်ဝတ်ကို ကိုင်ထားသည်။ သူ့ဘယ်လက်တွင် အညိုရောင် ခြေအိတ်ကို ကိုင်ထားပြီး သူ့ပုံရိပ်က ထင်ပေါ်နေသည်။
“ဟွမ်ဟွမ်၊ ခြေအိတ်တွေ မေ့သွားတယ်” လီဂျင်းယွမ် ကသတိပေးလိုက်ပြီးနောက် မျက်တောင်တစ်ခတ်အတွင် ဇောင်ယုဟွမ် အရှေ့ကို ရောက်လာခဲ့သည်။
မျက်နှာပြင်က တကယ့်ကို ဗြောင်းဆန်သွားသည်။
“အဟားဟားဟားဟား၊ လီဂျင်းယွမ် ရောက်လာပြီ! ငါသေပြီ! အဟားဟားဟားဟား!”
“ငါတကယ်ပဲ ဇောင်ယုဟွမ် ဖြစ်ချင်တယ်! သူမက အရမ်းကို ကံကောင်းလွန်းတယ်! ငါမနာလိုလို့ သေတော့မယ်!”
“လူစုံချိန်ကျတော့ သူတို့က လွတ်လပ်နေပြီး ရိုက်ကူးနေတာကိုတောင် ဂရုမစိုက်တော့ဘူး!”
“ဒါက တကယ့်ကို မိသားစုပဲ ဟားဟားဟား!”
လီဂျင်းယွမ် ကလျှောက်သွားပြီး ဇောင်ယုဟွမ် ဘေးမှ နို့တွေကို မြင်လိုက်ပြီး အသံတိုးလေးနဲ့ ပြောလိုက်သည်။
“ကိုယ်တို့ အချိန်ရှိသေးတယ်။ ဟွမ်ဟွမ် နောက်ထပ် ကိတ်လေးကို စားလို့ရသေးတယ်”
ဇောင်ယုဟွမ် : “အင်း၊ ခြေအိတ်တွေပေး”
လီဂျင်းယွမ် ကငုံ့လိုက်ပြီး ခြေတစ်ဖက် ထောက်လိုက်သည်။ “ခြေထောက်မြှောက်လိုက်”
ဇောင်ယုဟွမ် ရဲ့မျက်နှာတစ်ခုလုံး : ???
14.5.2021 (Fri)
……………………
Zawgyi
လီဂ်င္းယြမ္ ကဘဝင္မက် ထပ္ျဖစ္သြားသည္။ ဗီဒီယိုေတြ ၾကည့္ခဲ့သည္။ သူျပန္ၾကည့္ခ်ိန္တိုင္း ခ်က္ခ်င္းပဲ ကင္မရာေအာက္မွ ေဇာင္ယုဟြမ္ ကိုဖုံးကြယ္ထားလိုက္ခ်င္သည္။
ေဇာင္ယုဟြမ္ ကအံ့ဩသြားသည္။ လီဂ်င္းယြမ္ ကဒီေလာက္ အလြယ္တကူ လက္ခံလိုက္မယ္လို႔ သူမ မထင္ထားေပ။
သူမ ေခါင္းညိတ္လိုက္သည္။ “အင္း”
“ဟြမ္ဟြမ္ မနက္ျဖန္ သြားစရာ႐ွိလား?” လီဂ်င္းယြမ္ ကေမးလိုက္သည္။
“အင္း၊ ကုမၸဏီ သြားရမယ္” ေဇာင္ယုဟြမ္ ကျပန္ေျဖလိုက္သည္။
“အိုေက၊ ဒါဆို ညမွေတြ႕မယ္” ေနာက္ဆုံးေတာ့ လီဂ်င္းယြမ္ ကပြဲအတြက္ ေဝ့က်ဲ ကိုဖုန္းေခၚကာ ထြက္သြားခဲ့သည္။
ေဇာင္ယုဟြမ္ ကမထြက္ခင္ ကုမၸဏီကိုသြားကာ ေငြေၾကးပိုင္းကို စစ္ေဆးလိုက္သည္။
သူမ ျပန္လာခ်ိန္တြင္ အိပ္ခန္းတံခါးက ပြင့္ေနတာကို ျမင္လိုက္ရသည္။ သူမ မထြက္သြားခင္က အိမ္ေဖာ္ေတြကို ထုတ္ပိုးေပးရန္ ေဇာင္ယုဟြမ္ ကမွာထားခဲ့သည္။ သူမအေၾကာင္းက ထြက္ေပၚလာခဲ့သည္။ အင္တာနက္ အသုံးျပဳသူေတြက သူမက အရမ္းခ်မ္းသာတာ၊ အသက္အငယ္ဆုံး ခ်မ္းသာသည့္ အမ်ိဳးသမီးေလးအျဖစ္ ေျပာၾကတာေၾကာင့္ ကင္မရာသမားေတြက ဒီျမင္ကြင္းကို ျမင္ရဖို႔အတြက္ ေစာင့္ေမွ်ာ္ေနၾကသည္။
ေဇာင္ယုဟြမ္ ကတံခါးကို ၾကည့္လိုက္ၿပီး သူတို႔ မၿပီးေသးတာလားလို႔ ေတြးလိုက္သည္။ ေဇာင္ယုဟြမ္ ကတံခါးကို တြန္းဖြင့္လိုက္ၿပီး အထဲကို ေလွ်ာက္ဝင္လိုက္ေပမဲ့ တစ္စုံတစ္ေယာက္က အခန္းထဲမွ ေလွ်ာက္ထြက္လာခဲ့သည္။
ေဇာင္ယုဟြမ္ ကေသခ်ာ ၾကည့္လိုက္သည္။ အဲ့လူက ဟုန္ခ်န္းမင္း ျဖစ္သည္။
ဟုန္ခ်န္းမင္း ကအျဖဴေရာင္ ႐ွပ္အက်ႌကို ဝတ္ထားသည္။ ၾကယ္သီးသုံးလုံးကို ျဖဳတ္ထားတာေၾကာင့္ သူ႕ရင္ဘတ္က အနည္းငယ္ ျပသေနၿပီး ေအာက္ကႂကြက္သားေတြကို ႐ွင္း႐ွင္းလင္းလင္း ျမင္ေနရသည္။ သူ႕ခႏၶာကိုယ္က ေရေငြ႕ေတြ ႐ွိေနေသးသည္။ သူက ေရခ်ိဳးၿပီး ထြက္လာခဲ့႐ုံျဖစ္သည္။
ေဇာင္ယုဟြမ္ ရဲ႕မ်က္လုံးက ေမာ့ၾကည့္လိုက္ၿပီး ဟုန္ခ်န္းမင္း ရဲ႕စိုစြတ္ေနသည့္ ဆံပင္ေတြကို ၾကည့္လိုက္သည္။ ေဇာင္ယုဟြမ္ က႐ုတ္တရက္ ျပန္ေရာက္လာလိမ့္မယ္လို႔ ဟုန္ခ်န္းမင္း ကမထင္တာေၾကာင့္ ထိုေနရာတြင္ ေအးခဲေနသည္။ သူ႕ႏႈတ္ခမ္းေတြကို တင္းၾကပ္စြာ ေစ့ထားၿပီး သူ႕မ်က္ႏွာက ပိုၿပီးတည္ေနသည္။
ေဇာင္ယုဟြမ္ ကမ်က္ေတာင္ခတ္လိုက္သည္။ ကေလးကေန အ႐ြယ္ေရာက္သူအျဖစ္ ေျပာင္းလဲသြားခဲ့သည္။ မ်က္ႏွာေပၚက ဆြဲေဆာင္မႈေတြက ေျပာစရာ စကားမဲ့သြားေစၿပီး ႏူးညံ့သည့္ ခံစားခ်က္ကို ျဖစ္ေပၚေစသည္။
“ဟြမ္ဟြမ့္ အခန္းမွာ ေရခ်ိဳးဖို႔ ဘာလို႔ေရာက္ေနတာလဲ?” ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ရဲ႕လက္ေမာင္းကို ပုတ္လိုက္ၿပီး ေမးလိုက္သည္။
သူ႕လက္ေတြက နည္းနည္း ေအးစက္ေနသည္။ ေဇာင္ယုဟြမ္ ကအံ့ဩသြားကာ သူ႕လက္ေတြကို ကိုင္လိုက္သည္။
ဟုန္ခ်န္းမင္း ကသူမ ထိလိုက္တာေၾကာင့္ ထိုေနရာတြင္ ေတာင့္သြားသည္။
“ေရေအးနဲ႔ ခ်ိဳးလိုက္တာလား?” ေဇာင္ယုဟြမ္ ကထိတ္လန္႔သြားသည္။
ဟုန္ခ်န္းမင္း ကေတာင့္ေတာင့္ႀကီးနဲ႔ ေခါင္းညိတ္လိုက္သည္။ “အင္း”
ေဇာင္ယုဟြမ္ ကသူ႕နဖူးကို စိုးရိမ္စြာျဖင့္ စမ္းလိုက္သည္။ “အဖ်ား႐ွိေနလို႔လား?”
ဟုန္ခ်န္းမင္း ရဲ႕ဦးေႏွာက္က ကုတ္ဗူးထဲကို မန္တို႔ သၾကားလုံး ထည့္လိုက္သလိုမ်ိဳး အဆက္မျပတ္ ဆူပြက္ေနသည္။
သူက သတိလက္လြတ္ ေဇာင္ယုဟြမ္ ကိုစိုက္ၾကည့္ေနခဲ့သည္။ သူ႕တြင္ အဖ်ားမ႐ွိေပမဲ့ သူမလက္က သူ႕နဖူးကို လာထိခ်ိန္တြင္ ဟုန္ခ်န္းမင္း ရဲ႕ခႏၶာကိုယ္ တစ္ခုလုံးက ပူေလာင္လာခဲ့သည္။
“အဖ်ားမ႐ွိပါဘူး” ဟုန္ခ်န္းမင္း ကအသံတိုးေလးနဲ႔ ေျပာလိုက္သည္။
“ဒါဆို ဘာျဖစ္လို႔လဲ?” ေဇာင္ယုဟြမ္ ကသူ႕ပုခုံးကို ပုတ္လိုက္ၿပီးေနာက္ ျဖတ္ေလွ်ာက္သြားကာ အိပ္ခန္းထဲကို ဝင္လိုက္သည္။ ဟုန္ခ်န္းမင္း ကသတိလက္လြတ္ လိုက္လွည့္ၾကည့္ကာ ေျပာလိုက္သည္။
“႐ူးလို႔”
ေဇာင္ယုဟြမ္ : “?”
ေဇာင္ယုဟြမ္ ကလွည့္လိုက္ခ်ိန္တြင္ ထုတ္ပိုးထားသည့္ အိတ္ကိုျမင္လိုက္သည္။ ဟုန္ခ်န္းမင္း ကသူမ သတိျပဳမိတာကို ျမင္လိုက္ၿပီး ခ်က္ခ်င္း ေျပာလိုက္သည္။ “ကိုယ္ထုတ္ပိုးေပးထားတာ”
ေဇာင္ယုဟြမ္ : “ဟမ္?”
“အိမ္ေဖာ္ေတြက မင္းဘာလိုလဲဆိုတာကို ေသခ်ာမသိၾကဘူးေလ၊ ဒါေပမဲ့ ကိုယ္ကေတာ့ သိတယ္”
“ခဏေလး…” ေဇာင္ယုဟြမ္ ကစကားကို ျဖတ္ေျပာလိုက္သည္။ “႐ွင္ ထုတ္ပိုးခ်ိန္က ႐ိုက္ကူးေရး ဝန္ထမ္းေတြ ေရာက္ေနလား?”
“ေရာက္ေနတယ္။ ကင္မရာသမားက ႐ိုက္ကူးေနတယ္၊ ဒါက အသုံးဝင္တယ္လို႔လည္း ေျပာတယ္” ဟုန္ခ်န္းမင္း ကရပ္လိုက္ၿပီးေနာက္ ေဇာင္ယုဟြမ္ ရဲ႕မ်က္လုံးေတြကို စိုက္ၾကည့္လိုက္သည္။ “ခြင့္မျပဳဘူးလား?”
ေဇာင္ယုဟြမ္ ကနည္းနည္းထူးဆန္းတယ္လို႔ ခံစားလိုက္ရသည္။ ဟုန္ခ်န္းမင္း ကဘာေၾကာင့္ ေရေအးနဲ႔ ေရခ်ိဳးလဲဆိုတာကို သူမ နားမလည္ဘူး။ ဟုန္ခ်န္းမင္း ရဲ႕မ်က္လုံးေတြက ဒီလိုမ်ိဳး ပါးလႊာတဲ့ ျမဴေတြလႊမ္းေနလဲ ဆိုတာကိုလည္း သူမ နားမလည္ဘူး။
သူ႕မ်က္လုံးေတြက လူေတြကို ၾကည့္လိုက္ခ်ိန္မွာ မူးယစ္ေစတဲ့ ခံစားခ်က္ကို ျဖစ္ေပၚေစသည္။ အဲ့ဒါက… ေဒါင္းေတြက သူတို႔အၿမီးကို ျဖန္႔ျပလိုက္သလိုမ်ိဳး က်က္သေရမႈက ေဖာ္ျပဖို႔ မစြမ္းသလိုမ်ိဳး ျဖစ္ေနသည္။
“အိုေက၊ ႐ွင့္ကို ဒုကၡျဖစ္ေစမိၿပီ” ေဇာင္ယုဟြမ္ ကေျပာလိုက္ရင္း သူ႕ခါးကေန တြန္းထုတ္လိုက္သည္။
“ျမန္ျမန္ ေရပူနဲ႔ ျပန္ခ်ိဳးလိုက္။ အေအးမမိေအာင္ ဂ႐ုစိုက္ဦး။ ဟြမ္ဟြမ္ တို႔ကမနက္ျဖန္ ေစာေစာသြားရမွာ”
ဟုန္ခ်န္းမင္း ကသတိထားကာ ေျပာလိုက္သည္။ “အိုေက”
ထို႔ေနာက္ ေလွ်ာက္သြားသည္။ သူတံခါးကို ေက်ာ္သြားခ်ိန္တြင္ ဟုန္ခ်န္းမင္း ကခ်က္ခ်င္း ထြက္မသြားေပ။ သူက လွည့္လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္သည္။
ေဇာင္ယုဟြမ္ : “?”
ဒီေန႔ ဟုန္ခ်န္းမင္း ရဲ႕အျပဳအမူေတြက အရမ္းကို ထူးဆန္းေနသည္။
“အစ္ကိုလို႔ မေျပာေတာ့ဘူး” သူက ေျပာလိုက္သည္။
“ေက်းဇူးတင္ပါတယ္၊ အစ္ကိုခ်န္းမင္း၊ ႏႈတ္ဆက္ပါတယ္၊ အစ္ကိုခ်န္းမင္း” ေဇာင္ယုဟြမ္ ကေဒါသထြက္စြာနဲ႔ ေျပာလိုက္သည္။
သူ႕ပုံစံက ပိုၿပီးေတာ့ေတာင္ သံပတ္႐ုပ္နဲ႔ ပိုတူသြားသည္။ ေနာက္ထပ္ ေရေအးနဲ႔ ထပ္ခ်ိဳးရေတာ့မလား?
“Goodnight” ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။
သူ တံခါးကို ပိတ္ၿပီးေနာက္ ဟုန္ခ်န္းမင္း ကအသက္ကို ႐ွဴထုတ္လိုက္သည္။ ထို႔ေနာက္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူ႕ႏႈတ္ခမ္းက အနည္းငယ္ ေအာက္ကိုေကြးသြားကာ အံႀကိတ္လိုက္သည္။
ေဇာင္ယုဟြမ္ ကိုထုတ္ပိုးေပးဖို႔ သူကူညီေနခ်ိန္တုန္းက သူမအတြက္ ေရကူးဝတ္စုံကိုလည္း ထည့္ေပးခဲ့သည္။ ဒါကို မ႐ိုက္ကူးခဲ့ဘူး။ ႐ိုက္ကူးေရး ဝန္ထမ္းေတြက ဘာကို႐ိုက္ကူးသင့္တယ္၊ မ႐ိုက္ကူးသင့္ဘူးဆိုတာကို ႐ွင္း႐ွင္းလင္းလင္း သိၾကသည္။
သို႔ေသာ္ ေရကူးဝတ္စုံကို ဟုန္ခ်န္းမင္း ၾကည့္လိုက္ခ်ိန္တြင္ ပထမဆုံး ႐ိုက္ကူးေရးတုန္းက ေရကူးဝတ္စုံ ဝတ္ထားသည့္ ေဇာင္ယုဟြမ္ ရဲ႕ပုံစံက သူ႕မ်က္လုံးထဲ ေပၚလာခဲ့သည္။ ဒါက သူ႕ကို ထိန္းခ်ဳပ္မႈမဲ့သြားေစသည္။
သူ႕ႏွလုံးသားထဲက နတ္ဆိုးက တံခါးကို ညင္သာစြာ တြန္းဖြင့္ၿပီး ထြက္လာခဲ့သည္။
ဟုန္ခ်န္းမင္း သည္နံရံကို လက္သီးနဲ႔ထိုးလိုက္သည္။ နံရံကို ထိုးလိုက္တာေၾကာင့္ သူ႕လက္ေခ်ာင္းမွ အရည္ျပားက ခ်က္ခ်င္းပဲ ကြဲသြားသည္။ ေသြးေတြေတာင္ ထြက္လာခဲ့သည္။ သို႔ေသာ္ ဟုန္ခ်န္းမင္း သည္ဒီအေၾကာင္းကို ဆက္မေတြးပဲ မေနႏိုင္ေပ။
ထိုအခ်ိန္တြင္ မေကာင္းသည့္ အေတြးေတြေၾကာင့္ သူ႕ကိုယ္သူ သားရဲတစ္ေကာင္လို ခံစားလိုက္ရသည္။ ႐ုတ္တရက္ တံခါးက ပြင့္လာခဲ့သည္။ ေဇာင္ယုဟြမ္ ရဲ႕ေခါင္းက ထြက္လာခဲ့သည္။
“အစ္ကိုခ်န္းမင္း ဘာလို႔ ဟြမ္ဟြမ့္နံရံကို ဖ်က္ဆီးေနတာလဲ?”
ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။ “လက္ေဝွ႔ထိုး ေလ့က်င့္ေနတာ”
ထို႔ေနာက္ သူက အလ်င္အျမန္ပင္ လွည့္သြားၿပီး ပထမဆုံးအႀကိမ္ သူ႕ပုံစံက ေပ်ာက္ဆုံးသြားသည္။
ေဇာင္ယုဟြမ္ : “?”
ဟုန္ခ်န္းမင္း ကတကယ့္ကို ႐ူးသြပ္ေနၿပီလို႔ ႐ုတ္တရက္ သူမ ခံစားလိုက္ရသည္။
ခ်ိန္းဆိုထားသည့္ အခ်ိန္က မနက္ ၈ နာရီျဖစ္ေပမဲ့ ၇ နာရီထဲက ဝန္ထမ္းေတြက ေရာက္လာခဲ့ၾကသည္။ သူတို႔က ဗီလာထဲတြင္ ကင္မရာေတြ ကိုင္ထားရင္း ေလွ်ာက္ၾကည့္ေနၾကသည္။
ဗီလာက အရင္တုန္းက မ႐ိုက္ကူးခဲ့တာေၾကာင့္ ေဇာင္ယုဟြမ္ ရဲ႕အေၾကာင္းက ထြက္ေပၚလာျခင္း မ႐ွိေသးေပ။ လူတိုင္းက စုေဝးၿပီးေနာက္ သူတို႔က အလ်င္အျမန္ စားေသာက္ၿပီး ထြက္သြားခဲ့ၾကသည္။
တတိယပိုင္းကို ႐ိုက္ကူးတာက ဒုတိယပိုင္း ႐ိုက္ကူးတာထက္ ပိုအဆင္ေျပခဲ့သည္။ အလည္လာသူေတြကို ပိုၿပီးေတာ့ေတာင္ ဆြဲေဆာင္ႏိုင္ခဲ့ၾကသည္။ သုံးရက္ၾကာၿပီးေနာက္ လူတိုင္းက အီတလီ မွျပန္လာခဲ့ၾကသည္။
ဖန္ေတြရဲ႕ မ်က္စိေ႐ွ႕ေမွာက္သို႔ တတိယပိုင္းက အလ်င္အျမန္ ေရာက္လာခဲ့သည္။ ဒီအခ်ိန္တြင္ သူတို႔အတြက္ သတင္းေတြ ဘယ္ေလာက္ရၾကမလဲဆိုတာကို မသိၾကေပ။ တျခားအပိုင္းေတြထက္ အခုအပိုင္းက ပိုၿပီးလူႀကိဳက္မ်ားခဲ့သည္။
《အခ်ိန္ခရီးသြားျခင္း》 ကိုသုံးရက္ ႐ိုက္ကူးခဲ့ေပမဲ့ ထုတ္လႊင့္ျခင္းက ႏွစ္နာရီသာ ၾကာသည္။ ေဇာင္ယုဟြမ္ က႐ွာေဖြမႈတြင္ ထိပ္ဆုံးေရာက္ခဲ့သည္။ လူတိုင္းက ထိုအေၾကာင္းကိုသာ စိတ္ဝင္စားခဲ့ၾကသည္။ တခ်ိဳ႕ဆိုရင္ ေဇာင္ယုဟြမ္ ကစေနေန႔ကေန သုံးရက္အထိ ႐ွာေဖြမႈတြင္ ထိပ္ဆုံးဆိုၿပီးေတာင္ စေနာက္ၾကသည္။
《အခ်ိန္ခရီးသြားျခင္း》 တတိယပိုင္းကို ဖြင့္ၾကည့္လိုက္ခ်ိန္တြင္ ဗီဒီယို မစကတည္းက ကြန္႔မန္႔ေတြက မ်က္ႏွာျပင္တြင္ ေပၚလာခဲ့သည္။
“ထိုင္လိုက္!”
“အဟားဟားဟား၊ ငါ့ယုဟြမ္ ေလးက ေနာက္ဆုံးေတာ့ ေရာက္လာၿပီ!”
“လီဂ်င္းယြမ္၊ ဟုန္ေလး၊ ဝမ္ေယာင္ခ်န္ တို႔ေရ ငါလာၿပီ!”
ထို႔ေနာက္ ကင္မရာ ႐ိုက္ကူးေရးက ေျပာင္းသြားၿပီး ပထမဆုံး ေကာမိုင္ ရဲ႕ေနအိမ္ကို ျပသၿပီးေနာက္ ဝမ္ေယာင္ခ်န္း၊ ဂူယူလင္း … ႐ိုက္ကူးေရးက သူတို႔ ထုတ္ပိုးတာျဖစ္သည္။
ေနာက္တစ္ေန႔တြင္ သူတို႔က ကားေတြနဲ႔ ေလဆိပ္ကို သြားခဲ့ၾကသည္။ ထို႔ေနာက္ ေနာက္ထပ္ဧည့္သည္ အပိုင္းျဖစ္သည္။ ပုံမွန္ဆို လီဂ်င္းယြမ္ အပိုင္းက ဂူယူလင္း ၿပီးရင္ ေရာက္လာတာ ျဖစ္ေပမဲ့ ဒီတစ္ႀကိမ္တြင္ သူ႕အရိပ္ကိုေတာင္ မျမင္ရေပ။
ခ်က္ခ်င္းပဲ မ်က္ႏွာျပင္က ေပါက္ကြဲထြက္လာခဲ့သည္။
“ဘာေၾကာင့္ ငါ့ရဲ႕လီေလးက မပါရတာလဲ?”
“??? ႐ိုက္ကူးေရး အဖြဲ႕ေတြက ဘာလုပ္ခ်င္ေနၾကတာလဲ???”
႐ုတ္တရက္ ကင္မရာက ေျပာင္းသြားကာ အျပာေရာင္ ပိတ္ကားခ်ပ္က ေပၚလာခဲ့သည္။ ကင္မရာက တျဖည္းျဖည္း ေျပာင္းလဲသြားကာ ပထမဆုံး အေနာက္တိုင္းစတိုင္ ျပင္ဆင္ထားသည့္ အခန္းက ထြက္ေပၚလာခဲ့သည္။
ႀကီးမားသည့္ အဝတ္ဘီဒို၊ လွပသည့္ မွန္တင္ခုံစားပြဲေပၚတြင္ အကန္႔အသတ္ထုတ္ မိတ္ကပ္… စသည္တို႔က ႐ွိေနၿပီး ဒါက မိန္းကေလး တစ္ေယာက္ရဲ႕အိမ္ဆိုတာကို ျပေနသည္။
ထို႔ေနာက္ ျမင္ကြင္းတြင္ အိမ္ေဖာ္ဝတ္စုံ ဝတ္ဆင္ထားသည့္ အသက္အလယ္ပိုင္း အမ်ိဳးသမီး တစ္ေယာက္ကို ျမင္လိုက္ရသည္။ တစ္ခ်ိန္တည္း၊ “ေဇာင္ယုဟြမ္ ရဲ႕အိမ္”ဆိုၿပီး စာတမ္းထိုးလာသည္။
“အင္တာနက္မွာ သူမေနာက္ခံကို ေတြ႕သြားၿပီးၾကလို႔ သူတို႔က ဖုံးကြယ္ထားဖို႔ ရပ္လိုက္ၾကတာလား?!”
“ေသခ်ာတယ္၊ သူမက ခ်မ္းသာတယ္! အဟားဟား၊ ငါ ႐ူးေတာ့မယ္!”
“ဒီအလွမွန္တင္ခုံ! ဒီအလွျပင္ပစၥည္းေတြ! ဒီအိမ္ေဖာ္! ဒါက ငါအိမ္မက္မက္ထားတာေတြ!”
“ဒီေန႔ မိန္းကေလးေဇာင္ ကအိမ္မွာ မ႐ွိဘူးလား?” ဝန္ထမ္း တစ္ေယာက္က ေမးလိုက္သည္။
“အင္း၊ မ႐ွိဘူး။ ကြၽန္မက မိန္းကေလးအတြက္ ထုတ္ပိုးေပးရမွာ” အိမ္ေဖာ္က ေျပာလိုက္သည္။
အိမ္ေဖာ္က ေျပာၿပီးေနာက္တြင္ အနားကို ေလွ်ာက္လာသည့္ ေျခသံေတြကို ၾကားလိုက္ရသည္။
တစ္စုံတစ္ေယာက္က ေျပာလိုက္သည္။ “ဟြမ္ဟြမ္ ကဘယ္မွာလဲ?”
“မိန္းကေလးက ကုမၸဏီကို သြားပါတယ္” အိမ္ေဖာ္က ေျပာလိုက္သည္။
ထို႔ေနာက္ စကားေျပာသည့္ လူက အခန္းထဲကို ဝင္လာခဲ့ၿပီး ကင္မရာေ႐ွ႕ကို ေရာက္လာခဲ့သည္။ သူက သာမန္အညိဳေရာင္ အိမ္ေနရင္း အဝတ္ကို ဝတ္ထားသည္။ အိမ္ေနရင္း အဝတ္က သူ႕ကို အရင္ကထက္ ပိုၿပီးႏူးညံ့သည့္ ပုံစံေပၚသြားေစသည္။
ဝတ္စုံအျပည့္၊ ႐ွဴးဖိနပ္ မဝတ္ထားတာက ပိုခ်စ္ဖို႔ေကာင္းေစသည္။
ထို႔ေနာက္ မ်က္ႏွာျပင္က ထပ္ၿပီး ေပါက္ကြဲသြားသည္။
“အဟားဟားဟားဟားဟား၊ ဒါက ေသေလာက္ေအာင္ ႐ူးေစတာပဲ! ဒါက ဘယ္သူလဲ?! ဟုန္ခ်န္းမင္း?!”
“ဘုရားေရ၊ ဟုန္ေလး အဟားဟားဟား! ဘာေၾကာင့္ ဟုန္ေလး ကအဲ့မွာ႐ွိေနတာလဲ? အမ္၊ အို၊ ႐ိုက္ကူးေရး အဖြဲက အႀကီးဆုံး အရာကို လုပ္လိုက္တာပဲ!”
“ဟုန္ေလးက ဘာေၾကာင့္ ယုန္ဖိနပ္ေတြကို ဝတ္ထားတာလဲ?! ဒါက နာမည္ေက်ာ္ၾကားတဲ့ ဒါ႐ိုက္တာႀကီး မဟုတ္ဘူး! ဒါေပမဲ့ ဒီလိုမ်ိဳး ဆြဲေဆာင္မႈ႐ွိေနေတာ့ ဘာလုပ္ရမလဲ?”
“ဟမ္၊ ဟြမ္ဟြမ္ လို႔ေခၚလိုက္တယ္! ဒီလိုမ်ိဳး ငါလည္း အရင္က အမ်ားႀကီး ေခၚဖူးေပမဲ့…”
“အရင္ဟာေတြကို ျပန္ၾကည့္ေပမဲ့ ဒီတစ္ႀကိမ္အသံက အရမ္းကို ဆြဲေဆာင္မႈ ႐ွိေနတယ္။ မျဖစ္ႏိုင္ဘူး၊ တကယ္မဟုတ္ဘူး…”
“တကယ့္ကို CP မဟုတ္ဘူးလား?”
“ဟြမ္ဟြမ္ အတြက္ ထုတ္ပိုးေနတာလား?” ဟုန္ခ်န္းမင္း ကေမးလိုက္သည္။
အိမ္ေဖာ္ ကေခါင္းညိတ္လိုက္သည္။ “ဟုတ္ပါတယ္၊ သခင္ေလး”
“ငါလုပ္လိုက္မယ္” ဟုန္ခ်န္းမင္း ကစကားေျပာရင္း ေလွ်ာက္ဝင္လာၿပီးေနာက္ ဒူးေထာက္ခ်လိုက္သည္။
မ်က္ႏွာျပင္က ထပ္ၿပီးေပါက္ကြဲသြားသည္။
“ဝတ္စုံအျပည့္ ဝတ္ထားတဲ့ ဒါ႐ိုက္တာက အေသသတ္တယ္။ ဝတ္စုံအျပည့္ မဝတ္ထားတဲ့ ေကာင္းမြန္တဲ့ ေယာက်ၤားပဲ။ ငါ့ကို တည္ၿငိမ္ေအာင္ လုပ္ေပးၾကပါ!”
“ဝတ္စုံအျပည့္= ဝံပုေလြေလး၊ ညဝတ္စုံ= ႏို႔နံ႔မစင္တဲ့ေခြးေလး!”
“ညဝတ္အက်ႌကို ခ်ည္လိုက္၊ TvT အစ္ကိုႀကီး တစ္ေယာက္နဲ႔ တူေနတာေတာင္ ငါ ေပါက္ကြဲခ်င္တုန္းပဲ။ ငါလည္း ဒီလိုအစ္ကိုႀကီးမ်ိဳး လိုခ်င္တယ္”
“ဟုန္ေလး ရဲ႕ခါးက အရမ္းကိုလွတယ္လို႔ ငါပဲျမင္မိတာလား?”
“သူ႕ေနာက္ေက်ာ ႂကြက္သားေတြကလည္း အရမ္းကိုလွတယ္! ႂကြက္သားေတြက အဝတ္ေတြနဲ႔ ကာထားလို႔ ငါေသခ်ာမျမင္ရတာေတာင္ အရမ္းလွတယ္လို႔ ထင္မိတယ္!”
အိမ္ေဖာ္ ကအျပင္ကို ထြက္သြားခဲ့သည္။ ဟုန္ခ်န္းမင္း ကစတင္ ထုတ္ပိုးလိုက္သည္။
အထဲတြင္ ဝန္ထမ္းက ေခ်ာင္းဆိုးလိုက္ကာ ေမးလိုက္သည္။
“ကြၽန္ေတာ္တို႔ေတြ မစၥတာဟုန္ နဲ႔အင္တာဗ်ဴးလို႔ရမလား?”
“အင္း” ဟုန္ခ်န္းမင္း ကပုံမွန္အတိုင္း ျပန္ေျဖလိုက္ၿပီး သူ႕လက္ထဲက အရာေတြကိုသာ ဆက္ၿပီးအာ႐ုံစိုက္လိုက္သည္။
“မစၥတာဟုန္ ကမိန္းကေလးေဇာင္ အတြက္ ထုတ္ပိုးတက္လို႔လား?”
“အင္း၊ သူမအတြက္ ခဏခဏ ထုတ္ပိုးဖူးတယ္”
“အဂၤလန္ မွာတုန္းကလား?” ဝန္ထမ္း ကအျမန္ပဲ ေျပာလိုက္သည္။
“အင္း”
“မစၥတာဟုန္ ကတကယ္ကို ဂ႐ုစိုက္တာပဲ” ဝန္ထမ္း ကေျပာလိုက္သည္။
“ဒါကပုံမွန္ပါပဲ” ဟုန္ခ်န္းမင္း ကဆက္ထုတ္ပိုးရင္း ျပန္ေျဖလိုက္သည္။
သူ႕လႈပ္႐ွားမႈေတြကို ကင္မရာက ႐ိုက္ကူးေနခဲ့သည္။ မ်က္ႏွာျပင္က မေျပာင္းခင္အထိ မရပ္တန္႔ေတာ့ေပ။
“သတင္း! သူမအတြက္ အရင္တုန္းက အႀကိမ္မ်ားစြာ ထုတ္ပိုးဖူးတယ္! အဆင့္မွီတဲ့ အစ္ကိုႀကီးပဲ!”
“တစ္ခုခု မွားေနသလိုပဲ။ သူတို႔က တကယ့္ ေမာင္ႏွမေတြဆိုရင္ သူ႕မ်ိဳး႐ိုးနာမည္က ဟုန္ နဲ႔ ေဇာင္ ျဖစ္ေနရတာလဲ?”
“ဝမ္းကြဲအစ္ကိုလား? ေခါင္းကိုင္အစ္ကိုလား?”
“ငါ့မွာ ဦးေႏွာက္မ႐ွိေတာ့ဘူး။ သူတို႔က ဘယ္လိုဆက္စပ္လဲဆိုတာ ငါမသိခ်င္ဘူး။ ဒီျမင္ကြင္းကို အႀကိမ္တစ္ေထာင္ပဲ ၾကည့္လိုက္ခ်င္တယ္!”
“ဟုန္ေလး ကတကယ့္ကို အသုံးဝင္တာပဲ။ ဝံပုေလြ႐ိုင္းလို ေၾကာက္ဖို႔ေကာင္းတယ္! ဒါေပမဲ့ ထုတ္ပိုးေနခ်ိန္မွာ ေခါင္းအုံးအကာကို ထည့္ဖို႔ေတာင္ မွတ္မိေနတယ္…”
ေနာက္ဆုံးေတာ့ ဟုန္ခ်န္းမင္း ကထုတ္ပိုးတာ ၿပီးသြားခဲ့သည္။
ကင္မရာက လင္းလန္၊ ယင္ခ်ီခ်ီ တို႔ဘက္ကို ေရာက္သြားသည္။ မ်က္ႏွာျပင္မွာေတာ့ လီဂ်င္းယြမ္ မေပၚလာေသးလို႔ ဆက္ေမးေနၾကသည္။ အရင္ကတည္းက ဗီဒီယို ကစီစဥ္ၿပီးသားျဖစ္သည္။
ဗီဒီယိုက ဆက္သြားေနကာ အလ်င္အျမန္ပင္ ဒုတိယေန႔ကို ေရာက္လာခဲ့သည္။ ထို႔ေနာက္ ဒီတစ္ႀကိမ္တြင္ ကင္မရာသမားေတြက ဗီလာဂိတ္၊ ဗီလာပုံစံ စတာေတြကို ပိုၿပီးအေသးစိတ္ကို ႐ိုက္ကူးေနၾကသည္။ ထို႔ေနာက္ အတြင္းဘက္ကို ဝင္သြားၿပီး ဥယ်ာဥ္အေသးေလးကို ျဖတ္သြားၿပီး ဧည့္ခန္းထဲကို ဝင္သြားၾကသည္။
ကင္မရာသမားရဲ႕ ေျခလွမ္းေတြက ေလွကားကေန အသံထြက္လာခ်ိန္တြင္ ကင္မရာက အေပၚဘက္ကို ႐ိုက္လိုက္သည္။ ပထမက ေဇာင္ယုဟြမ္ ျဖစ္ၿပီး ေထာက္ဖိနပ္ကို ဝတ္ထားၿပီး စေတာ္ဘယ္ရီ ပုလင္းကိုေတာင္ ကိုင္ထားသည္။
“႐ွင္ေသာက္မလား?” ေဇာင္ယုဟြမ္ ကဝန္ထမ္းကို ေမးလိုက္သည္။ ဝန္ထမ္း ကသတိလက္လြတ္ ေခါင္းခါလိုက္ၿပီး မ်က္ႏွာက နည္းနည္းရဲသြားသည္။
ေဇာင္ယုဟြမ္ ကစေတာ္ဘယ္ရီထက္ ပိုၿပီးေတာ့ေတာင္ ခ်စ္ဖို႔ေကာင္းေနသည္။ သူမက ဒူးအထိ႐ွည္သည့္ အဝတ္ကို ဝတ္ထားသည္။ အဝတ္က ပြင့္ေနသည့္ ပန္းပုံစံမ်ိဳး အဆုံးသတ္ထားသည္။ သူမ ဆံပင္ေတြကို ေျဖခ်ထားၿပီး ဧည့္လမ္းၫႊန္ပုံစံမ်ိဳးက ေပ်ာက္ကြယ္ေနၿပီး ပ်င္းရိၿပီး က်က္သေရ႐ွိပုံ ေပၚေနသည္။
တစ္စုံတစ္ေယာက္ရဲ႕ လက္ဖဝါးထဲတြင္ အလိုလိုက္ခံထားရတဲ့ ရတနာေလးနဲ႔ တကယ့္ကို ဆင္တူေနသည္။
ေဇာင္ယုဟြမ္ ကစေတာ္ဘယ္ရီေတြကို ေဘးဘက္က အိမ္ေဖာ္ကို ေပးလိုက္ၿပီးေနာက္ ထမင္းစားပြဲတြင္ ထိုင္လိုက္ကာ မနက္စာ စားလိုက္သည္။
“ေဇာင္ယုဟြမ္ ကအရမ္းေကာင္းတယ္ မလား? သူက ဘာေၾကာင့္ အရမ္းေကာင္းေနရတာလဲ?”
“စေတာ္ဘယ္ရီထက္ ပိုေကာင္းတဲ့သူ… ငါ မနာလိုျဖစ္မိတယ္”
“သူမက တကယ့္ကို လူတိုင္း အခ်စ္ခံရတဲ့ ခ်မ္းသာတဲ့ မိန္းကေလးပဲ။ ဒီပုံစံမိန္းကေလးကို ဘယ္သူက သေဘာမက်ဖို႔ ေတာင္းဆိုႏိုင္မွာလဲ?”
သိပ္မၾကာခင္ ေျခလွမ္းေတြကို ထပ္ၾကားလိုက္ရသည္။ ကင္မရာက လွည့္လိုက္သည္။ လီဂ်င္းယြမ္ ကအေပၚဝတ္ကို ကိုင္ထားသည္။ သူ႕ဘယ္လက္တြင္ အညိဳေရာင္ ေျခအိတ္ကို ကိုင္ထားၿပီး သူ႕ပုံရိပ္က ထင္ေပၚေနသည္။
“ဟြမ္ဟြမ္၊ ေျခအိတ္ေတြ ေမ့သြားတယ္” လီဂ်င္းယြမ္ ကသတိေပးလိုက္ၿပီးေနာက္ မ်က္ေတာင္တစ္ခတ္အတြင္ ေဇာင္ယုဟြမ္ အေ႐ွ႕ကို ေရာက္လာခဲ့သည္။
မ်က္ႏွာျပင္က တကယ့္ကို ေျဗာင္းဆန္သြားသည္။
“အဟားဟားဟားဟား၊ လီဂ်င္းယြမ္ ေရာက္လာၿပီ! ငါေသၿပီ! အဟားဟားဟားဟား!”
“ငါတကယ္ပဲ ေဇာင္ယုဟြမ္ ျဖစ္ခ်င္တယ္! သူမက အရမ္းကို ကံေကာင္းလြန္းတယ္! ငါမနာလိုလို႔ ေသေတာ့မယ္!”
“လူစုံခ်ိန္က်ေတာ့ သူတို႔က လြတ္လပ္ေနၿပီး ႐ိုက္ကူးေနတာကိုေတာင္ ဂ႐ုမစိုက္ေတာ့ဘူး!”
“ဒါက တကယ့္ကို မိသားစုပဲ ဟားဟားဟား!”
လီဂ်င္းယြမ္ ကေလွ်ာက္သြားၿပီး ေဇာင္ယုဟြမ္ ေဘးမွ ႏို႔ေတြကို ျမင္လိုက္ၿပီး အသံတိုးေလးနဲ႔ ေျပာလိုက္သည္။
“ကိုယ္တို႔ အခ်ိန္႐ွိေသးတယ္။ ဟြမ္ဟြမ္ ေနာက္ထပ္ ကိတ္ေလးကို စားလို႔ရေသးတယ္”
ေဇာင္ယုဟြမ္ : “အင္း၊ ေျခအိတ္ေတြေပး”
လီဂ်င္းယြမ္ ကငုံ႔လိုက္ၿပီး ေျခတစ္ဖက္ ေထာက္လိုက္သည္။ “ေျခေထာက္ေျမႇာက္လိုက္”
ေဇာင္ယုဟြမ္ ရဲ႕မ်က္ႏွာတစ္ခုလုံး : ???
14.5.2021 (Fri)
……………………
[text_hash] => e1e1dc54
)