ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] – 70❇️ ဒါဆိုရိုကျကူးရေးမလုပျရုံပဲလေ
// qc
ဇာတ်လိုက်နဲ့ဗီလိန်အားမွေးစားပျိုးထောင်ခြင်း (Uni & Zaw) [✓] - 70❇️ ဒါဆိုရိုက်ကူးရေးမလုပ်ရုံပဲလေ
Array
(
[text] =>
Unicode
ဇောင်ယုဟွမ် ကလက်ဆန့်ပြီးသာ လီဂျင်းယွမ် ရဲ့လက်ကို သုတ်ပေးလိုက်သည်။
လီဂျင်းယွမ် ကရုတ်တရက် ဇောင်ယုဟွမ် ရဲ့လက်ကို ဖမ်းဆွဲလိုက်ပြီး ချက်ချင်းပဲ လွှတ်ပေးလိုက်သည်။
လီဂျင်းယွမ် ကအာရုံပြန်ရပုံပေါ်သွားပြီး ဇောင်ယုဟွမ် ကိုပြုံးပြလိုက်ကာ လက်သုတ်ကို ယူလိုက်ပြီး နွေးထေွးစွာ ပြောလိုက်သည်။ “ကျေးဇူး၊ ဟွမ်ဟွမ်”
ဘေးဘက်မှ “pa”ဆိုတဲ့ ဖန်ခွက်ကျကွဲသည့် အသံကို ကြားလိုက်ချိန်တွင် သူ့အသံက ရပ်သွားသည်။ နေရာတိုင်းတွင် ဖန်ကွဲစတွေက ပျံ့ကျဲနေပြီး ကြမ်းပြင်ပေါ်တွင်လည်း နွားနို့တွေက ပျံ့ကျဲနေသည်။
ဇောင်ယုဟွမ် သည်လန့်သွားသည်။
ဇောင်ယုဟွမ် ကချက်ချင်းပင် ဖုန်းကိုအဝေးရွှေ့လိုက်ပြီး လှည့်ကြည့်လိုက်သည်။
ဟုန်ချန်းမင်း ကထိုနေရာတွင်သာ တည်ငြိမ်စွာထိုင်နေပြီး သူ့လက်ထဲတွင်လည်း နွးနို့ဖန်ခွက်က မရှိတော့ပေ။ သူ့ခေါင်းကို ငုံ့ထားပြီး မပျော်ရွှင်ပဲ နည်းနည်းတင်းမာနေသည့် မျက်နှာဖြင့် မျက်မှောင်ကြုတ်ကာ ကြမ်းပြင်ကို စိုက်ကြည့်နေသည်။ သို့သော် အသေအချာကြည့်ရင် သူ့မျက်နှာထက်တွင် မှားယွင်းသည့် အမူအရာကို မြင်နိုင်သည်။
မှားယွင်းနေတယ်?
ဇောင်ယုဟွမ် ကနည်းနည်းတော့ စိတ်ရှုပ်ထွေးသွားသည်။
မနက်စာအတွက် နွားနို့ဖန်ခွက်လေး ကျကွဲသွားလို့ အဲ့လိုမှားယွင်းတဲ့ ခံစားချက်မျိုး ဖြစ်နေတာလား?
… အရွယ်ရောက်နေတဲ့ ဗီလိန်တစ်ယောက်ရဲ့ ချစ်ဖို့ကောင်းတဲ့ အပြုအမူက ဒီလိုမျိုး ပြောင်းလဲသွားတာလား?
ဇောင်ယုဟွမ် ကအလျင်အမြန်ပင် အနားက အိမ်ဖော်အား နောက်ထပ်နွားနို့ ထပ်ယူလာရန် အချက်ပြလိုက်သည်။
အိမ်ဖော်တချို့က ကြမ်းပြင်ကို သန့်ရှင်းရန် ပြင်ဆင်ကြပြီး တချို့က နွားနို့အသစ်ကို သွားယူကြသည်။
ထို့နောက် ဇောင်ယုဟွမ် ကခုံကိုတွန်းလိုက်ပြီး ဟန်ယင်ယင် နဲ့စကားပြောရင်း အပေါ်ထပ်ကို တက်သွားခဲ့သည်။
သူမက မကြည့်ချိန်မှာ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကမတူညီတဲ့ ခံစားချက်တွေဖြင့် သူမနောက်ကျောကို စိုက်ကြည့်နေကြသည်။
ဇောင်ယုဟွမ် ရဲ့ပုံရိပ်က လှေကားမှပျောက်ကွယ်သွားမှ နှစ်ယောက်သားက အကြည့်လွှဲလိုက်ကြသည်။
“ဘယ်သူ ဖုန်းခေါ်…” ဟုန်ချန်းမင်း ကအရင်ဆုံး ထပြောလိုက်သည်။
“ဟန်ယင်ယင် ဖြစ်လိမ့်မယ်” လီဂျင်းယွမ် ကပြောလိုက်သည်။
ဟုန်ချန်းမင်း သည်စိတ်သက်သာရာ ရသွားသည်။
ဒီလိုကြီးမားတဲ့ ခံစားချက်က ဘာကြောင့်ရှိနေတာလဲဆိုတာကို သူကိုယ်တိုင်လည်း မသိပေ။
ဟုန်ချန်းမင်း ကမျက်မှောင်ကြုတ်ပြီး ခုံကိုတွန်းလိုက်ကာ အပေါ်ကို တတ်သွားခဲ့သည်။ သို့သော် လီဂျင်းယွမ် ကတော့ သူ့နေရာကနေ မရွှေ့ပေ။
အဆုံးတွင် သူက ဖျော်ဖြေရေးလောကတွင် အချိန်အတော်ကြာ ရှိနေခဲ့တာကြောင့် အွန်လိုင်းပေါ်က သတင်းတွေနဲ့ ပတ်သက်ပြီး သိပ်ဂရုမပြုတော့ပေ။ ဖန်တွေပြောကြသည့် ‘ဇောင်ယုဟွမ် နဲ့ ကောမိုင် ကတစ်ယောက်က အနီ၊ တစ်ယောက်က အဖြူ၊ ကျက်သရေရှိတဲ့ အမျိုးသမီးလေးနဲ့ လှပသည့် တော်ဝင်အစ်မ၊ အတွဲနဲ့တူတယ်’လို့  ပြောတဲ့ကွန့်မန့်‌ေတွကို လီဂျင်းယွမ် ကမြင်ဖူးပြီးသား ဖြစ်သည်။
လီဂျင်းယွမ် ကရုတ်တရက် ရပ်လိုက်သည်။
အရင်က အွန်လိုင်းပေါ်တွင် ဇောင်ယုဟွမ် နဲ့သူ့ကိုတောင် အတွဲအဖြစ် ထည့်ခဲ့ကြသည်။ ဟုန်ချန်းမင်း လည်းပါသည်။
ဒီက အများဆုံးဖြစ်သည်။ ကင်မရာအောက်မှာ မင်းက တစ်စုံတစ်ယောက်ကို စကား‌ေပြာလိုက်တာနဲ့ သူတို့က အတွဲအဖြစ် တွဲပေးကြလိမ့်မည်။ သို့သော် ဒီကွန့်မန့်တွေကို သူမြင်လိုက်ချိန်တွင် သူ့နှလုံးသားထဲတွင် မတည်မငြိမ်ဖြစ်တာမျိုး နည်းနည်းလေးတောင် မရှိပေ။ ဇောင်ယုဟွမ် ကတခြားသူ အမျိုးသမီးတစ်ယောက်နဲ့ အတွဲခံရရင်တောင် ဒါက သာမန်ဖြစ်သည်။
လီဂျင်းယွမ် ရဲ့အကြည့်က မဲမှောင်သွားပြီး လှည့်ထွက်သွားခဲ့သည်။
ထမင်းစားခန်းကတော့ ပုံမှန်အတိုင်း ပြန်တိတ်ဆိတ်သွားခဲ့သည်။
အိမ်ဖော်တွေက ရှင်းလင်းပြီး နွားနို့ယူကာ ပြန်လာချိန်တွင် ထမင်းစားခန်းတွင် တစ်ယောက်မှ ရှိမနေတော့ပေ။
အိမ်ဖော်တွေက စိတ်ရှုပ်သွားခဲ့သည်။
သခင်လေးဟုန် ကဘာဖြစ်နေတာလဲ?
ပထမဆုံး သူက နွားနို့ဖန်ခွက်ကို ခွဲပစ်လိုက်ပြီး ရုတ်တရက် ထရပ်ပြီး ထွက်သွားတယ်? သူက နွားနို့ကို လိုချင်တာလား၊ မလိုချင်တာလား?
ဇောင်ယုဟွမ် ကတော့ အပေါ်ထပ်တွင် ဟန်ယင်ယင် နဲ့စကားပြောနေခဲ့သည်။
တစ်ဖက်မှ ဟန်ယင်ယင် ကစိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “မင်းက လူသိများတာ အရမ်းမြန်တာပဲ။ လူတွေက ဒုံးပျံစီးရင်တောင် ဒီလောက်မြန်မှာ မဟုတ်ဘူး! မင်းတစ်ကိုယ်လုံးက ဆွေးနွေးတဲ့ ခေါင်းစဉ်တိုင်းမှာ ရှိနေတယ်! မင်းတို့ရဲ့ တတိယရိုက်ကူးရေးက ဘယ်တော့လဲ? ငါလဲ တတိယပိုင်းကို ကြည့်ချင်နေပြီ!”
ဇောင်ယုဟွမ် ကပြုံးလိုက်သည်။ “ဒီ‌ေလာက်‌ေတာင် ဘာလို့စိတ်ဝင်စားနေရတာလဲ? ငါတို့တွေ ကျောင်းအတူတူ တက်ခဲ့တုန်းက ငါ့ကို မြင်ခဲ့ရတာက မလုံလောက်လို့လား?”
“ဒါက မတူဘူးလေ။ မင်းမျက်နှာကို ဘယ်သူက ကြည့်ချင်မှာလဲ? ငါကြည့်ချင်တာက မင်းမိသားစု သုံးယောက်ရဲ့ ချစ်ခြင်း မုန်းခြင်း ဆက်ဆံရေးကိုပဲ ကြည့်ချင်တာ! ယင်ချီချီ ကလည်း အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဘယ်လိုတောင် စိတ်ထားသေးသိမ်တဲ့ မိန်းကလေးလဲ! မင်းကို အနိုင်ကျင့်ချင်တယ်၊ ဒါပေမဲ့ မင်းက ပြန်ပြီးအနိုင်ကျင့်လိုက်တယ်။ ဒီလို နုံအတာပဲ။ ဒီလို စိတ်အခြေအနေ ပုံမှန်မဟုတ်တာပဲ။ ဒါက အတော်လေး ရယ်စရာကောင်းတယ်! ဂူယူလင်း ကလည်း အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ လီဂျင်းယွမ် နဲ့အတွဲမဖြစ်နိုင်တာနဲ့ တိတ်တဆိတ် ကင်မရာအောက်မှာ ဟုန်ချန်းမင်း ကိုဆွဲဆောင်ဖို့ လုပ်တယ်လေ။ ငါ့ဟွမ်ဟွမ်လေး၊ သူတို့ရဲ့ထောင်ချောက်တွေကို ဘာကြောင့် မသင်ယူရတာလဲ? ဟမ်၊ အသက်က ကြီးနေပြီ၊ ကောင်လေး တစ်ယောက်တောင် မရှိသေးဘူး။ မင်းမစရင် မင်းရဲ့နောက်ဆုံး ပါပီချစ်ခြင်းလေးကိုတောင် ရတော့မှာ မဟုတ်ဘူး…” ဟန်ယင်ယင် ကအတွေးတွေကို ခွဲခြမ်းစိတ်ဖြာပြီး တစ်ဖက်မှ မရပ်မနားပြောနေကာ အချိန်တိုအတွင်း ခေါင်းစဉ်တစ်ခုမှ တစ်ခုကို ပြောင်းပြောနေခဲ့သည်။
ဇောင်ယုဟွမ် ကအလျင်အမြန် အော်လိုက်သည်။ “ခဏ၊ ခဏ၊ ခဏလေး! နင့်အသံက ဘာလို့ငါ့အမေအသံမျိုး ဖြစ်နေရတာလဲ?”
ဟန်ယင်ယင် ကရပ်သွားပြီး “အိုကေ၊ အဲ့လို မပြောတော့ဘူး။ ဘာပဲဖြစ်ဖြစ် နင်တို့ရှိုးပွဲက ဧည့်သည်တွေက တကယ့်ကို မလွယ်ဘူး”
ဇောင်ယုဟွမ် ကပြောလိုက်သည်။ “ဟမ်? ဘာကိုပြောချင်တာလဲ?”
ဟန်ယင်ယင် ကဆက်ပြောလိုက်သည်။ “လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကငယ်ငယ်ကတည်းက အတူတူရှိနေတာဆိုတော့ သူတို့ကို ပြောစရာမလိုဘူး။ ဂူယူလင်း အကြောင်းပြောရအောင်။ သူမက အတော်လေး လှပပေမဲ့ ယင်ချီချီ ထက်ပိုဆိုးပြီး သိပ်မကွာဘူး။ ငါပြောကြားလား? ဒါက တော့်တော့်ကို ရယ်ရတယ်။ ဂူယူလင်း အဖွဲ့က နင့်အတွက် ဇတ်ညွှန်းကို ဝယ်ချင်ကြတယ်…”
“ခဏလေး၊ ငါ့အတွက် ဇတ်ညွှန်းဝယ်တာ?” ဇောင်ယုဟွမ် ကမနေနိုင်တော့ပဲ မေးလိုက်သည်။
“တွေ့လား၊ နင် မသိဘူးမလား? သူတို့သာ နင့်အတွက် ဇာတ်ညွှန်းကို ဝယ်လိုက်ရင် သေချာပေါက် နင့်အလှနဲ့ တခြားသူတွေရဲ့ ခံစားချက်တွေနဲ့ ယောင်္ကျားတွေအားလုံးကို အလွယ်တကူ စိတ်ကျေနပ်စေလိမ့်မယ်။ မင်းက နိုင်ငံတကာ နတ်ဘုရားမ ဖြစ်ပြီး ပုံစံမျိုးစံနဲ့ ဇာတ်လမ်းတွဲ ရိုက်သင့်တယ်လို့ လူတိုင်းက ပြောကြတယ်… ဇာတ်ညွှန်း မပေးနိုင်တာကို ဒီလူတွေက ဂရုမစိုက်ဘူး။ ဒါကို လူအများက တောင်းဆိုထားတာ။ နောက်ပြီး အင်တာနက်မှာ နင့်ရဲ့တိုးတက်မှုက အဆိုးဆုံးပဲ… လူတွေက နင့်ကို ပြောကြလိမ့်မယ်၊ ဖျော်ဖြေရေးလောကမှာ မပါဝင်ဘူး၊ ဘာအလုပ်မှမရှိဘူး၊ နောက်ပြီး ချူစားတာတို့…” ဟန်ယင်ယင် ကအရေးမပါတာတွေကို တန်းစီပြီး ပြောလိုက်သည်။
ဇောင်ယုဟွမ် : “…”
သူမက ချက်ချင်းပဲ စောင်းမြောင်းပြောတာကို နားလည်သွားသည်။
“ငါ့မှာ ငွေတွေရှိနေတာကို ကျေးဇူးတင်မိတယ်” ဇောင်ယုဟွမ် ကပြောလိုက်သည်။
ဟန်ယင်ယင် : “…”
ဟန်ယင်ယင် : “… သေချာတာပေါ့။ နင့်မှာ ငွေတွေရှိတယ်။ အစားအသောက်အတွက် ဒါတွေအပေါ်မှာ မှီခိုဖို့ မလိုဘူး။ အင်တာနက်မှာ ဘယ်လိုပဲဖြစ်နေပါစေ သူတို့က နင့်ရဲ့ ဇောင်က ပစ္စည်းတွေကို အသုံးပြုနေကြတုန်းပဲ။ ဇောင်မောလ် ကိုသွားပြီး သူတို့က ငွေတွေကို အသုံးချပြီး မင်းကို ပေးနေကြတာပဲ။ ဒီ ဂူယူလင်း ရဲ့အကြည့်တွေက နည်းနည်းတော့ မလေးနက်ဘူး”
“ဒါပေမဲ့ ရယ်ရတာက ဂူယူလင်း ရဲ့ PR ကငါ့ရဲ့ရည်စားဟောင်းရဲ့ ကုမ္ပဏီကို ဒီလိုလုပ်ဖို့ တောင်းဆိုခဲ့တယ်။ ငါတို့ပုံတွေကို အွန်လိုင်းပေါ်မှာ အတူတူ မတင်ခဲ့ဘူးမလား? ငါတို့က သူငယ်ချင်းတွေဆိုတာကို ဘယ်သူမှ မသိဘူးမလား? သူတို့ဘက်က သတင်းတွေကို ရလာချိန်တုန်းက သူတို့က ချက်ချင်းပဲ ငါ့ဆီ ဖုန်းခေါ်ခဲ့တယ်။ နောက်တော့ သူတို့ကို ငြင်းဖို့ငါပြောလိုက်တယ်။ သူတို့က အတော်လေး ပါးနပ်ပြီး တခြားကုမ္ပဏီတွေကိုလည်း ပြောလိုက်တယ်။ ဂူယူလင်း ကဘယ်လောက်ပဲ တောင်းဆိုပါစေ ဘယ်သူမှ ကူညီပေးမှာ မဟုတ်ဘူး” ဟန်ယင်ယင် ကဆက်ပြောလိုက်သည်။
“မင်းက အနိုင်ကျင့်လို့ရတဲလူမျိုး မဟုတ်ဘူးဆိုတာကို ဂူယူလင်း ဘက်က လူတွေကို ငါက သိစေချင်တာ”
ဇောင်ယုဟွမ် ကထိုစကားကို ကြားလိုက်ချိန်တွင် နည်းနည်းတော့ အံ့ဩသွားပေမဲ့ ဆက်လျှောက်လိုက်သည်။
သူမအတွက်တော့ ဒီလောကကြီးက လေ့လာစရာတွေကြီးပဲ။
သူမ၊ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က အတူတူ အချိန်တော်တော်များများ ကုန်ဆုံးခဲ့ပြီးနောက် သူတို့ကို စာအုပ်ထဲက ဇာတ်ကောင်လို သူမ မမြင်တော့ပေ။ သို့သော် ဟန်ယင်ယင်၊ ရန်ဆန်း နဲ့တခြားသူတွေက သူမအတွက် သူငယ်ချင်းတွေ ဖြစ်ပေမဲ့ တကယ့်အစစ်အမှန်လို ခံစားရဖို့ကတော့ နည်းပါးသည်။ ဒီအချိန်အထိပေါ့။
“ဒါပေမဲ့ နင့်ရည်းစားဟောင်းနဲ့ ဘယ်လိုလုပ်မလဲ? သူ့ကို မျက်နှာသာပေးတယ်လို့ ထင်သွားလောက်တယ်မလား?” ဇောင်ယုဟွမ် ကမေးလိုက်သည်။
“ပြဿနာမရှိပါဘူး။ ဒီအရေးမပါတဲ့ မကောင်းတဲ့ကောင်က ငါ့ကို ပြန်လိုချင်နေတာ။ သူက သူ့ကိုသူ ပြန်ရောင်းချင်နေတာလေ။ ဒါကို မျက်နှာသာပေးဖို့ ထည့်တွက်ပေးရမှာလား? စိတ်ထဲတောင် မရှိဘူး” ပြောပြီးနောက် ဟန်ယင်ယင် ကခေါင်းစဉ်ထပ်ပြောင်းသွားသည်။
“ကွေ့မိုင် ကနင့်ကို တမင်ကြင်နာပြနေတာကို သတိထားမိလား? သူမက တိကျတဲ့လူဖြစ်ပြီးတော့ နင့်ရဲ့ပုံမှန်မဟုတ်တဲ့ နောက်ခံကို သေချာပေါက် မြင်လိမ့်မယ်။ ဒီလိုပုံစံ လူမျိုးတွေက ငါတို့ဘက်ရောက်ဖို့ အလွယ်ကူဆုံးလူဆိုပြီး ရန်ဆန်း ပြောတာကို ကြားဖူးတယ်။ မီဒီယာ ကသူမရဲ့ မကောင်းတဲ့ သတင်းတွေအကြောင်းကို ရေးတာက မရှိသလောက်ပဲ။ ဒါပေမဲ့ ဒီလိုဖျော်ဖြေရေး လောကမှာ သတင်းဆိုးတွေက အများကြီးရှိတယ်။ အို၊ ဟုတ်သား၊ လင်းလန် ကအပျော်လား?”
“အင်း” ဇောင်ယုဟွမ် ကပြန်ဖြေလိုက်သည်။
“ဒီလိုလူက စိတ်ထဲမှာ အစီစဉ်တွေ အများကြီးရှိတယ်” ဟန်ယင်ယင် ကပြောရင်း ကျစ်စုတ်လိုက်သည်။
“ဒီလူတွေက ကြက်သီးထဖို့ကောင်းတယ်၊ သူတို့မှာ အစီစဉ်တွေ အများကြီးရှိတယ်။ သူမက သိမ်းစ်မြစ်တုန်းက ရှိုးပွဲကနေ ကောင်းမွန်တဲ့ ရလဒ်ကို ရချင်ခဲ့တာ။ ဒါပေမဲ့ နင်က ပိုပြီးလူကြိုက်များမယ်လို့တော့ သူမက မထင်ထားခဲ့ဘူး။ သူမစိတ်ထဲမှာ ရှိုးပွဲကနေ လူနှစ်ယောက်က တစ်ခါတည်း မတိုးတက်နိုင်ဘူးလို့ သူမက တွက်ချက်ထားတာ။ နောက်တော့ သူမက နည်းလမ်းတွေကို ချက်ချင်း ပြောင်းလိုက်တယ်… ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူးဆိုတာကို နင့်စိတ်ထဲ မှတ်ထားလိုက်”
သူမက ဘာကြောင့် ဒီလောက်တောင် လေးနက်နေရတာလဲ? သူမက ဇာတ်လိုက်မဆိုတာ အံ့ဩစရာမရှိဘူး။
“နင်သိပြီလား?”
“အင်း” ဇောင်ယုဟွမ် ကပြန်ဖြေလိုက်သည်။
တခြားသူတွေရဲ့ အထင်အမြင်တွေကို သူမက အမြဲတမ်း လက်ခံခဲ့သည်။
ဟန်ယင်ယင် ကပြုံးကာ ပြောလိုက်သည်။ “နောက်ပြီး ဝမ်ယောင်ချန်း ကနင့်ကို စိတ်ဝင်စားနေတာလား?”
ဇောင်ယုဟွမ် ကအံ့ဩသွားပြီး ပြန်ပြောလိုက်သည်။ “မဟုတ်ပါဘူး၊ သူက ငါ့ကို သူ့စတူဒီယိုကို ဖိတ်ရုံပါပဲ။ ငါသာ ဖျော်ဖြေရေးလောကကို ဝင်ချင်ရင် သူ့နေရာကို ဦးဆုံးအာရုံစိုက်သင့်တယ်”
“ကျစ်၊ နင့်ကို ပြောပြမယ်!”
“အင်း?”
“ဝမ်ယောင်ချန်း ကတကယ့်ကို နင့်ကို စိတ်ဝင်စားနေတာ။ သူက ရုံးတွင်းအချစ်ကို ကစားရတာ သဘောကျတယ်။ သူ့အရင်ကောင်မလေးတွေက သူ့စတူဒီယိုကပဲ။ ဒါပေမဲ့ တစ်ဖက်မှာ သူက အရမ်းကို တော်လွန်းတယ်။ အရင်တုန်းက ကြီးမားတဲ့ ဆုကိုလည်း အနိုင်ရခဲ့သေးတယ်၊ ကောင်းမွန်တဲ့ လူနေမှုလည်းရှိတယ်။ ဒိတ်ဖို့ အတော်လေးကို အဆင်ပြေတယ်…” ဟန်ယင်ယင် ကတွေ့ကြုံဖူးတဲ့ အတွေ့အကြုံတွေနဲ့ မှတ်ချက်ပေးလိုက်သည်။
“နင် ဒါတွေကို ဘယ်နေရာကနေ သိလာတာလဲ?” ဇောင်ယုဟွမ် ကရယ်ရမလား၊ ငိုရမလား မသိတော့ပေ။
“စိုးရိမ်စရာ မရှိဘူးလား? လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း ကနင့်နောက်ကို ဆက်လိုက်နေတုန်းပဲ။ အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။ အဲ့မှာ ရှင်းလင်းတဲ့ ဆက်ဆံရေး မရှိပေမဲ့ အပြင်ကလူတွေက နင်က ယောင်္ကျားနှစ်ယောက်ကြားမှာ ခုန်ကူးပြေးလွှားနေတယ်လို့ ပြောနေကြတယ်။ ဒါက နင့်ရဲ့တိုးတက်မှု*ကို နှောင့်ယှက်တာပဲ မဟုတ်ဘူးလား?” ဟန်ယင်ယင် ကတိုးတိုးလေး ပြောလိုက်သည်။ *ချစ်ခြင်းမှာ အနှောင့်အယှက်ဖြစ်တာ
ဒီစကားကို လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့အရှေ့တွင် သူမ မပြောရဲပေ။ အခုမပြောနဲ့ လွန်ခဲ့တဲ့ နှစ်တွေတုန်းကဆိုရင်တောင် သူမ မပြောရဲပေ။ သူတို့နှစ်ယောက်က သခင်လေးနန် ကိုရိုက်နှက်ခဲ့ကြတာကို မြင်ခဲ့ဖူးသည်။ တကယ့်အပြင်က တိုက်ပွဲကို သူမမြင်လိုက်ရတာပဲ။
သူတို့က လက်ဝှေ့ထိုးတာနဲ့ ဓားရေးကို လေ့ကျင့်ခဲ့ကြသည်။ ထိုးချက်တိုင်းက ဟန်ယင်ယင် ရဲ့ခေါင်းကို ပြုတ်ထွက်သွားသလို ခံစားရစေသည်။ ထို့နောက် ဟန်ယင်ယင် က ဇောင်ယုဟွမ် အနောက် အိပ်ခန်းတံခါးမှ ထွက်လာသည့် “ခရက်”ဆိုတဲ့ အသံမကြားခင်အထိ စကားပြောနေခဲ့သည်။ တံခါးက ပွင့်လာခဲ့သည်။
ဇောင်ယုဟွမ် ကလှည့်ကြည့်လိုက်ပြီး လီဂျင်းယွမ် ကမတ်တပ်ရပ်နေတာကို မြင်လိုက်ရသည်။
လီဂျင်းယွမ် ကသူမကို ပြုံးပြလိုက်ပြီး နွေးထွေးစွာ ပြောလိုက်သည်။ “ဟွမ်ဟွမ်၊ စီစဉ်သူက အခုလေးတင် ဖုန်းခေါ်လာတယ်။ ကိုယ်တို့ မနက်ဖြန်မနက်အစော ထွက်ရမယ်”
“မနက်အစောပိုင်း?”
“အင်း၊ ဒီတစ်ကြိမ် ကိုယ်တို့ အီတလီ သွားရမယ်” ဇောင်ယုဟွမ် ကပျင်းရိစွာဖြင့် တုန့်ပြန်လိုက်သည်။ “အိုကေ၊ ကောင်းပြီ။ နည်းနည်းလောက် ထုတ်ပိုးရမယ်”
“ကိုယ် မင်းကို ကူညီပေးမယ်” လီဂျင်းယွမ် ကပြောလိုက်ရင်း ဝင်လာခဲ့သည်။
ထိုအချိန်တွင် တစ်ဖက်မှ ဟန်ယင်ယင် ကမေးလာခဲ့သည်။ “ဘယ်သူပြောနေတာလဲ? လီဂျင်းယွမ် လား? ဟုန်ချန်းမင်း လား?”
“ရပါတယ်။ ငါ့ဘာသာပဲ လုပ်လိုက်မယ်” ဇောင်ယုဟွမ် က လီဂျင်းယွမ် ကိုအလျင်အမြန် ပြောလိုက်သည်။
တခြားမရှိရင် အိမ်ဖော်တွေကို သူမ ခိုင်းလို့ရသည်။
အင်္ဂလန် ကအချိန်နဲ့ အခုက မတူဘူး။
လီဂျင်းယွမ် ရဲ့မျက်နှာက စိတ်ပျက်သည့် အမူအရာက ထွက်ပေါ်လာခဲ့သည်။ “အရင်က ဟွမ်ဟွမ် ကိုကိုယ်ကပဲ အမြဲတမ်း ကူညီပေးခဲ့တာကို”
အခုတော့ မတူဘူး၊ ဇောင်ယုဟွမ် ကတွေးလိုက်ပြီး လီဂျင်းယွမ် ကိုသတိပေးလိုက်သည်။ “ငါတို့တွေ အရွယ်ရောက်လာပြီ”
ဟန်ယင်ယင် မှန်တယ်။
ချစ်ခြင်းကနေ သူတို့တွေ သူမကို တားဆီးနေတာက ပြဿနာ မဟုတ်ပေမဲ့ အရေးအကြီးဆုံးက အပြင်လူတွေက သူမ၊ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့ဆက်ဆံရေးကို အထင်လွဲနေချိန်မှာ သူတို့အတွက် ကောင်မလေး ရှာဖွေဖို့က ပြဿနာရှိ‌ေနမယ်မလား?
လီဂျင်းယွမ် မှာဇာတ်လိုက်မ ရှိသေးတယ်ဆိုရင်တောင် တခြားတစ်ယောက်တော့ ရှိသင့်တယ်မလား?
ဒီအတွေးတွေက ဇောင်ယုဟွမ် ရဲ့ခေါင်းထဲ ပေါ်လာခဲ့သည်။ လီဂျင်းယွမ် ကသူ့အကြည့်ကို ငုံ့လိုက်ပြီး ခန့်ညားပြီး သန့်စင်သည့် မျက်နှာအသွင်အပြင်က နည်းနည်း သနားစရာကောင်းနေသည်။
ဇောင်ယုဟွမ် ကပြန်လှည့်လိုက်ပြီး ဖုန်းထဲကို တိုးတိုးလေး ပြောလိုက်သည်။ “လီဂျင်းယွမ် ရောက်နေတာ။ ဒါဆို ဖုန်းချလိုက်တော့မယ်။ ဒီအခန်းရိုက်ပြီးရင် ညစာစားဖို့ တွေ့ကြမလား?”
ဟန်ယင်ယင် ကပြောလိုက်သည်။ “အိုကေ” ထို့နောက် ချက်ချင်းပဲ နားလည်သွားသည်။ “ရိုက်ကူးရေးက ရှိသေးတာလား?”
“အင်း” ဇောင်ယုဟွမ် ကပြောလိုက်ပြီး ဖုန်းချလိုက်သည်။
ဒါက ပင်ပန်းရုံကလွဲပြီး တခြားမရှိပေ။ အစီစဉ်ကလည်း ကန့်သတ်ထားတဲ့ ပုံစံမျိုးဖြစ်သည်။
ကြယ်တစ်ပွင့်က ဘာမှပျော်ဖို့မကောင်းဘူး။
ထိုအကြောင်းကို ဇောင်ယုဟွမ် ကတွေးတောလိုက်ရင်း သူမစိတ်ထဲ တီးတိုးပြောလိုက်သည်။ ‘ငါ့မှာ ငွေတွေရှိနေလို့ နတ်ဘုရားမကို ကျေးဇူးတင်မိတယ်!’
သူမဖုန်းကို ချလိုက်ပြီး လီဂျင်းယွမ် ကိုလှည့်ကြည့်လိုက်ပြီး သူ့မျက်နှာက အရောင်ပြောင်းသွားတာကို မြင်လိုက်ရသည်။ လီဂျင်းယွမ် ကဘာကြောင့် သူမက မရိုက်ကူးချင်တာကို မေးလာမယ်လို့ သူမ ထင်လိုက်သည်။
လီဂျင်းယွမ် ကပါးစပ်ဖွင့်လိုက်ပြီး “ဖုန်းခေါ်တဲ့သူက ဟန်ယင်ယင် လား?” လို့မေးလာမယ်လို့ ဘယ်သူက ထင်မှာလဲ။
“အင်း” ဇောင်ယုဟွမ် ကတွန့်ဆုတ်စွာနဲ့ ခေါင်းညိတ်လိုက်သည်။
လီဂျင်းယွမ် ရဲ့အမူအရာက နည်းနည်း ပြေလျော့သွားပြီးနောက် နွေးထွေးသည့် အသံဖြင့် မေးလိုက်သည်။ “ရိုက်ကူးရေးက အရမ်းပင်ပန်းလို့လား?”
“နည်းနည်း”
“ဒါဆို ရိုက်ကူးတာ မလုပ်ရုံပဲလေ” လီဂျင်းယွမ် ကနူးညံ့စွာ ပြောလိုက်သည်။
အစတုန်းက အွန်လိုင်းကဖန်တွေက သူနဲ့ ဇောင်ယုဟွမ် တို့အကြောင်း ဆွေးနွေးနေတာကို သူမြင်တုန်းက အရမ်းကို ပျော်ရွှင်ခဲ့သည်။ လူတိုင်းက သူနဲ့ ဇောင်ယုဟွမ် ကအရင်းနှီးဆုံးဆိုတာကို မြင်ကြဖို့ သူမျှော်လင့်ခဲ့သည်။ အင်တာနက်သုံးသူတွေ ဆွေးနွေးတာကို ညနှစ်နာရီအထိတောင် သူဖတ်ခဲ့သည်။ ဒါပေမဲ့ ထုတ်လွှင့်ခြင်းကို ဆက်လုပ်နေရင်း လူတွေက သူနဲ့ ဇောင်ယုဟွမ် တို့အကြောင်းကိုပဲ ဆွေးနွေးနေကြတာ မဟုတ်ကြောင်း သူသိခဲ့သည်။
သူတို့က ဟုန်ချန်းမင်း နဲ့ ဇောင်ယုဟွမ်၊ ကောမိုင်၊ ဝမ်ယောင်ချန်း နဲ့ ရန်ဆန်း တို့ပါ ပါဝင်လာခဲ့သည်။ သူတို့က ဇောင်ယုဟွမ် ရဲ့ကျက်သရေရှိမှုတွေနဲ့ ဇောင်ယုဟွမ် ကိုသူတို့တွေ ဘယ်လောက်တောင် ချစ်ကြောင်းကို ကြေငြာနေခဲ့ကြသည်…
#တင်ပေးချင်လို့ ဘာသာပြန်ပြီးတာနဲ့ တင်ပေးလိုက်တယ်နော်၊ ပြန်‌ေတာ့ မစစ်ထားဘူး 😁 မှားတာတွေရင် 🙏
11.5.2021 (Tue)
………………………
Zawgyi
လီဂျင်းယွမ် ကအာရုံပြန်ရပုံပေါ်သွားပြီး ဇောင်ယုဟွမ် ကိုပြုံးပြလိုက်ကာ လက်သုတ်ကို ယူလိုက်ပြီး နွေးထွေးစွာ ပြောလိုက်သည်။ “ကျေးဇူး၊ ဟွမ်ဟွမ်”
မှားယွင်းနေတယ်?
ထမင်းစားခနိးကတော့ ပုံမှန်အတိုင်း ပြန်တိတ်ဆိတ်သွားခဲ့သည်။
ဇောင်ယုဟွမ် : “…”
ဟန်ယင်ယင် : “…”
“နင်သိပြီလား?”
“အင်း?”
“မနက်အစောပိုင်း?”
ဟန်ယင်ယင် မှန်တယ်။
ချစ်ခြင်းကနေ သူတို့တွေ သူမကို တားဆီးနေတာက ပြဿနာ မဟုတ်ပေမဲ့ အရေးအကြီးဆုံးက အပြင်လူတွေက သူမ၊ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့ဆက်ဆံရေးကို အထင်လွဲနေချိန်မှာ သူတို့အတွက် ကောင်မလေး ရှာဖွေဖို့က ပြဿနာရှိ‌နေမယ်မလား?
“နည်းနည်း”
#တင်ပေးချင်လို့ ဘာသာပြန်ပြီးတာနဲ့ တင်ပေးလိုက်တယ်နော်၊ ပြန်‌တော့ မစစ်ထားဘူး 😁 မှားတာတွေရင် 🙏
11.5.2021 (Tue)
………………………
[text_hash] => 314f555e
)
//qc
//QC2