Array
(
[text] =>
Unicode
ဝက်ဘ်ဆိုဒ်မှ သတင်းတွေ အများကြီးထွက်လာသော်လည်း ခန့်မှန်းသူတွေသာ ဖြစ်ပြီး ဝေ့ကျဲ ဆီကနေ ထွက်လာတာကသာ အမှန်တရားဖြစ်သည်။
လီဂျင်းယွမ် တွင်သူ့ကိုယ်ပိုင် စတူဒီယိုက ရှိပြီးသားဖြစ်သည်။ လူထုက သတင်းအချက်အလက်တွေကို ဝေ့ကျဲ ဆီပြန်တင်ပြခဲ့ကြသည်။ ဝေ့ကျဲ သည်တစ်ချက် ကြည့်လိုက်ရုံနဲ့ ဒီလူကဘာဆိုတာကို ခန့်မှန်းနိုင်သည်။ မိန်းကလေးဇောင် က မစ္စတာဟုန် နဲ့ ရှောင်းလီ တို့က ဘယ်လိုဆိုတာကို သူတို့ပြောနိုင်တော့မလဲ?
ဝေ့ကျဲ ကဖန်တစ်ယောက်ရဲ့ ကွန်မန့်ကို ဖတ်လိုက်ပြီး မတွေးတောပဲ Weibo အကောင့်တွင် ပြန်ရှယ်လိုက်သည်။
လီဝေ့ကျဲ : သူတို့အားလုံး မိသားစုကြီးကပဲ၊ ကျေးဇူးပြုပြီး အရေးမပါတာတွေ ပြောနေတာ ရပ်လိုက်တော့။ ကျေးဇူးတင်ပါတယ်။ /Stu: ဇောင်ယုဟွမ် ကအံ့ဩဖို့ကောင်းတာပဲ! ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့ကို ဖမ်းစားနိုင်တယ်။ အခုတော့ လန်ဂျင်းဇီ တောင်ပါလာသေးတယ်? အံ့ဩစရာပဲ၊ အံ့ဩစရာပဲ! နောက်တစ်ယောက်က ဝမ်ယောင်ချန်း ဖြစ်မယ်လို့ ငါထင်တယ်၊ ဟဟ။
ဝေ့ကျဲ ကသူတို့သုံးယောက်ကြားက ဆက်ဆံရေးက မွေးစားတာေတွကို စဉ်းစားလိုက်ပြီး နည်းနည်းရှုပ်ေထွးတယ်လို့ ထင်လိုက်ပေမဲ့ တခြားသူတွေကို ရှင်းပြဖို့မလိုတာကြောင့် အနှစ်ချုပ်သာ ပြောလိုက်သည်။
ကွန်မန့်အပိုင်းတွင် ဒီလိုမျိုး ပေါက်ကွဲလာခဲ့သည်။
ဇောင်ယုဟွမ် ကိုမနှစ်သက်သည့် ဖန်ကပို့စ်တင်တာကို ရပ်လိုက်ပေမဲ့ ဝက်ဘ်ဆိုဒ် အသုံးပြုသူတွေအား မကောင်းတာတွေ လျှောက်ပြောနေတာကိုတော့ မရပ်တန့်ခဲ့ပေ။
“မင်းတို့နှစ်ယောက်လုံးက မိန်းကလေးတွေပဲလေ၊ တခြားမိန်းကလေး တစ်ယောက်ကို ဒီလိုမျိုး မကောင်းတာတွေ လျှောက်ပြောနေတာက အရမ်းကို ရက်စက်လွန်းတယ်မလား?”
“မင်းတို့မှာ ဘာကိစ္စတွေပဲရှိရှိ မင်းဘယ်ပဲ မနာလိုနေပါစေ၊ ဟုန်ချန်းမင်း၊ လီဂျင်းယွမ် နဲ့ ဝမ်ယောင်ချန်း တို့ကမင်းကို စိတ်ဝင်စားမှာ မဟုတ်ဘူး။ နားလည်လား? သူတို့က မင်းကို စိတ်ဝင်စားလာမှာ မဟုတ်ဘူး။ ဟီးဟီး”
“တကယ် မဟုတ်ဘူး၊ မိသားစုဆိုတဲ့ အဓိပ္ပါယ်တွေမှာ မတူညီတာတွေ အများကြီး ရှိတယ်ဆိုတာ ငါညွှန်ပြချင်တာ… လက်မထပ်ထားတဲ့ အတွဲကိုလည်း မိသားစုလို့ ခေါ်သလား?”
“အပေါ်က၊ မင်းက အရူးလား? သူမက ၁၈ နှစ်ေတာင် မပြည့်သေးဘူး။ အဲ့ဒါကို Baike မှာရှင်းရှင်းလင်းလင်း ဖော်ပြထားတာပဲလေ။ မင်းမျက်လုံးတွေက ခွေးစားသွားလို့လား? အမြင်မရှိတဲ့ လူတစ်ယောက်က ဘာကြောင့် မျက်ကန်းလို လိုက်ခန့်မှန်းနေရတာလဲ? သူတို့က ဝမ်းကွဲတွေကော မဖြစ်နိုင်ဘူးလား?”
“အေးဂျင့်ကို ထွက်လာဖို့ ဖိအားပေးပြီး ဇောင်ယုဟွမ် ကလက်ဖက်စိမ်း လားဆိုတာ အတည်ပြုခိုင်းသင့်တယ်၊ အိုကေ? မင်းက တစ်စုံတစ်ယောက်ရဲ့ အမာခံစစ်တပ်လားဆိုတာ တခြားသူတွေက မသိကြဘူး”
“Sis-cons ကအကောင်းဆံုးပဲ! ဘာအချစ်လဲ? ဘာCP? Sis-cons ကပိုပြီး ပျော်ရွှင်စေတယ်!”
“အဲ့လိုမျိုးဆိုရင်… _(:зゝ∠)_ အစ်ကိုလေးလီ နဲ့ ဟုန်လေး တို့က ဟွမ်ဟွမ့် ကိုဘယ်လောက်တောင် တုန်နေအောင် ချစ်လဲဆိုတာကို ဆိုတာ ကသိချင်မိတယ်!”
+1″
“+10086”
……
Weibo ပေါ်တွင် တင်လိုက်သည့် ဝေ့ကျဲ ရဲ့ပို့စ်သည် အငြင်းပွားဖွယ်ရာ ဆွေးနွေးခြင်းတွေကို ဖြစ်စေခဲ့သည်။ သဘာဝကျကျပင် ထိုအရာတွေမှ တခြားအကြောင်းအရာတွေလည်း ထွက်ပေါ်လာခဲ့သည်။
အရင်က လီဂျင်းယွမ် သည်သူ့တွင် ညီမလေးရှိတယ်လို့ ပြောခဲ့ဖူးတာကို သူတို့ကြားခဲ့သည်။ ထို့ကြောင့် အခုတော့ သူတို့နှစ်ယောက်ကို ဆက်စပ်မိသွားကြသည်။
သူတို့က စတင်တွေးတောကြပြီး ဇောင်ယုဟွမ် ကရိုက်ကူးရေးတွင် ရောက်လာတာကို မအံ့ဩကြတော့ပေ။ စစ်မှန်တဲ့ ဘဝအပြုအမူကို တေွ့ကြုံခံစားခြင်း : _(:зゝ∠)_ ဒါက တော်တော်လေးကို ကြည့်ကောင်းတာပဲ!
ဒါကြောင့် လီဂျင်းယွမ် မနက်ခင်း နိုးလာချိန်တွင် မက်စေ့ခ်ျများစွာကို ရခဲ့တာဖြစ်သည်။
လီဂျင်းယွမ် ကလျစ်လျူရှုမှုနည်းနည်းကို ထုတ်ပြလိုက်ရင်း ကြည့်နေခဲ့သည်။
သူ့လက်ချောင်းကို တစ်ချက်လှုပ်ရှားလိုက်ပြီး သူရလာတဲ့ မက်စေ့ခ်ျအားလုံးကို ဖျက်ပစ်လိုက်သည်။
တကယ်လို့ သူထပ်ဖတ်မိရင် တစ်လုံးလေးသာ ထပ်ဖတ်မိရင် လီဂျင်းယွမ် ပိုစိတ်ဆိုးလာလိမ့်မည်။ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့တဲ့ သူ့ရတနာလေးက တခြားသူတွေဆီမှ လုယူခံရတော့မလို ခံစားနေရသည်။
စာတွေအားလုံးကို ဖျက်ပြီးချိန်တွင် ဖုန်းကိုအဝေးကို ချလိုက်သည်။
သိပ်မကြာခင်မှာပဲ တံခါးခေါက်သံကို ကြားလိုက်ရသည်။
“လီဂျင်းယွမ်!” ဇောင်ယုဟွမ် ကသူ့နာမည်ကို တစ်ဖက်မှ အော်ခေါ်လိုက်သည်။
လီဂျင်းယွမ် ကချက်ချင်းပင် သူ့အသိတွေကို ပြန်ရလိုက်ပြီး အိပ်ရာမှ ထလိုက်သည်။ တံခါးဆီ လျှောက်သွားလိုက်ပြီး တံခါးဖွင့်လိုက်ကာ ဇောင်ယုဟွမ် ကိုပြုံးပြလိုက်သည်။ “ငါအိပ်ရာထတာ နောက်ကျသွားတာလား?”
ဒါက နည်းနည်း မိန်းမောစေတယ်လို့ ဇောင်ယုဟွမ် ခံစားလိုက်ရသည်။
ကောင်လေးက သူ့အပေါ်ပိုင်း 8 pack အား ဇောင်ယုဟွမ် ရဲ့မျက်စိရှေ့တွင် ဖော်ပြသည်မှာ ရှားပါးသည်။
ဇောင်ယုဟွမ် ကမတွေးတောပဲ သူ့ကိုကန့်လိုက်သည်။ “လီဂျင်းယွမ် ဘာလို့အဝတ်ေတွ မဝတ်ထားဝာာလဲ?”
လီဂျင်းယွမ် ကအံ့ဩသွားသည်။ သူငုံ့ကြည့်လိုက်ပြီး နားလည်သွားသည်။
သူ့မျက်နှာပေါ်တွင် အနီရောင်က ဖြတ်ပြေးသွားပြီး “ဟွမ်ဟွမ်၊ အပြင်မှာ စောင့်ဦး!” ထိုစကားကို ပြောပြီးနောက် တံခါးကိုမြန်မြန် ပိတ်လိုက်ပြီး ရှပ်အင်္ကျီကို ဝတ်လိုက်သည်။
ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး ဟုန်ချန်းမင်း ရဲ့အခန်းကို ကြည့်လိုက်သည်။
လွန်ခဲ့တဲ့ နှစ်ရက်တုန်းက သူတို့က ဗီလာတွင် အနားယူခဲ့ကြသည်။ သူတို့က မနက်ခင်းကို နောက်ကျမှ အိပ်ရာထကြသည်။ ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ကိုသွားနိုးချင်ေပမဲ့ သူမ အတွေးတွေကို စွန့်လွှတ်လိုက်သည်။
သူမခေါင်းကို ခါလိုက်ပြီး ကြမ်းပြင်ဘက်ကို အကြည့်ရွေ့လိုက်သည်။
လီဂျင်းယွမ် ကအထဲေရာက်ပြီးေနာက် သူ့မျက်နှာက ရဲနေတာကလည်း နည်းနည်းပျောက်သွားသည်။
ခုံေပါ်တွင်တင်ထားသည့် ရှပ်အင်္ကျီကို ဆွဲယူလိုက်ပြီး ရပ်လိုက်ကာ ပုံမှန်အတိုင်း ချောချောမွေ့ေမွ့ လှုပ်ရှားလိုက်ပြီး အဝတ်ဝတ်လိုက်သည်။
တခြားတစ်ဖက်တွင်
လန်ဂျင်းဇီ ကဝတ်ဘ်ဆိုဒ်တွင် အကောင့်ဖွင့်တဲ့အကြောင်း၊ ကွန့်မန့်ပေးတာ၊ မကောင်းတဲ့ ကွန့်မန့်တွေကို ဘယ်လို report လုပ်ရတယ်ဆိုတဲ့ အကြောင်းတွေကို လေ့လာနေခဲ့သည်။ အင်တာနက်တွင် သတင်းေတွ ရှာဖွေတာကိုလည်း လေ့လာခဲ့သည်။
ဒီရှာဖွေမှုမှ လန်ဂျင်းဇီ က ဇောင်ယုဟွမ် နဲ့ပတ်သက်သည့် အကြောင်းတွေ အများအပြားကို တွေ့ခဲ့ရသည်။
သူ့အမြင်တွင် ပထမဆုံးရောက်လာသည့် အကြောင်းအရာကတော့ ဇောင်ယုဟွမ် နဲ့ ဟုန်ချန်းမင်း တို့က လီဂျင်းယွမ် ရဲ့ရှိုးပွဲတွင် မနက်စာအတူတူ စားနေကြသည့်ပုံနှင့် ဗီဒီယိုထဲရှိ သုံးယောက်သားအတူတူ ရှိသည့်ပုံဖြစ်သည်။ လန်ဂျင်းဇီ ကမနာလိုမှုကို ခံစားလိုက်ရသည်။
သို့သော် ခဏအကြာတွင် သူ့ကိုယ်ပိုင်ဓာတ်ပုံကို ရောက်သွားခဲ့သည်။
ဒါကလည်း ဇောင်ယုဟွမ် နဲ့ပတ်သက်တဲ့အထဲမှာပဲ ရှိနေတာပဲ!
သူအပါအဝင် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့လည်း ရှိကြသည်။
လန်ဂျင်းဇီ ကထပ်ပြီးတော့ ခါးသီးတာကို ခံစားလိုက်ရသည်။
နောက်တော့ ဝေ့ကျဲ ရဲ့ forward လုပ်ထားတာကို မြင်လိုက်ရသည်။
မိသားစု?
သူတို့အားလုံးက မိသားစုတွေဖြစ်ကြပေမဲ့ သူ့တည်ရှိမှုက အရမ်းကိုနည်းပါးသည်။ လီဂျင်းယွမ်၊ ဟုန်ချန်းမင်း နဲ့ ဟွမ်ဟွမ် တို့ကအတူတူ ရှိုးပွဲကိုတောင် သွားကြတယ်…. သူ့ကြတော့ကော?
ဒီနူးညံ့သည့် အချဉ်ဓာတ်က လန်ဂျင်းဇီ ရဲ့နှလုံးသားထဲတွင် တိုးပွားလာခဲ့သည်။
သူက ဖုန်းကိုအချိန်အတော်ကြာ စိုက်ကြည့်ေနတာကို သတိပြုမိချိန်တွင် မနက် ၉ နာရီထိုးနေပြီ ဖြစ်သည်။
နောက်မကျနိုင်ဘူး။
လန်ဂျင်းဇီ ကသူ့မျက်ခုံးကို ကြုတ်လိုက်ပြီး ထရပ်လိုက်ပြီး အပြင်ကိုလျှောက်လိုက်ကာ အတွင်းရေးမှူးကို ခေါ်လိုက်သည်။
အတွင်းရေးမှူးချန်း ကကားထဲတွင် စောင့်နေပြီးဖြစ်ပြီး လန်ဂျင်းဇီ ထွက်လာချိန်တွင် သူက ချက်ချင်းပဲ ကားတံခါးကို ဖွင့်လိုက်သည်။
ကားထဲရောက်ချိန်တွင် လန်ဂျင်းဇီ ကအသံတိုးလေးနဲ့ ပြောလိုက်သည်။ “အင်တာနက်မှာ ဟွမ်ဟွမ် နဲ့ပတ်သက်တဲ့ သတင်းတွေ အတော်များတာပဲ”
အတွင်းရေးမှူးချန်း ကတုန်လှုပ်သွားသည်။
အင်တာနက်က လူတေွက အချင်းချင်း မသိကြတာကို သူသိသည်။ လူတွေက ကွန့်မန့်တွေ၊ နောက်ပြောင်တာတွေကို အင်တာနက်တွင် အများအပြား ပြုလုပ်ကြသည်။ သူတို့က မိန်းကလေးဇောင် ရဲ့ဂုဏ်သတင်းကို အသိဉာဏ်မဲ့စွာနဲ့ မိုက်ရူးရဲဆန်စွာဖြင့် ပြောဆိုနေကြသည်။
အတွင်းရေးမှူးချန်း ကအလျင်အမြန် ပြောလိုက်သည်။ “တစ်ယောက်ယောက်က ဖျော်ဖြေရေးလောကထဲကို ဝင်လိုက်တာနဲ့ သူတို့က မီးမောင်းထိုးပြသလိုမျိုး လူထုရဲ့စကားဝိုင်းထဲမှာ ပေါက်ကွဲထွက်လာတာပဲ။ မိန်းကလေးဇောင် ကပိုပိုပြီး လူသိများလာကတည်းက သူမကိုတိုက်ရိုက် စိတ်ဝင်စားကြပြီး သူမနဲ့ပတ်သက်တာတွေကို စူးစမ်းကြတာက သဘာဝပါပဲ…”
“အဲ့လူတွေက…” လန်ဂျင်းဇီ ကစပြောလိုက်သည်။
အတွင်းရေးမှူးချန်း ကပြောလိုက်သည်။ “အဲ့လူတွေက သူမနဲ့ပတ်သက်ပြီး စိတ်မကျေနပ်စရာတွေကို ပြောကြလိမ့်မယ်။ သူတို့က သူတို့ကို မီဒီယာက ဖုံးကွယ်ထားတာမျိုးေတွကို မကြိုက်ကြဘူး။ တစ်စုံတစ်ယောက်က မိန်းကလေးဇောင် ကိုတစ်မင်သက်သက် သိက္ခာတွေကျအောင် ပြုလုပ်နေရင် သူက သူမကိုတခြားသူတွေထက် နှစ်ဆချစ်ခင်လို့ပဲ။ ဖန်တွေက ကြိုခန့်မှန်းထားလို့မရဘူး”
လန်ဂျင်းဇီ ကခေါင်းညိတ်လိုက်သည်။ “အိုကေ၊ ဒီကနေ အာရံုစိုက်ရမဲ့ တချို့အရတွေရှိတယ်” ပြောပြီးနောက် လန်ဂျင်းဇီ ကမျက်မှောင်ကြုတ်လိုက်သည်။
လှောင်ပြောင်တာတွေ၊ အင်တာနက်ပေါ်မှာ နာမည်ခေါ်တာတွေကို သူလက်ခံနိုင်ပေမဲ့ မိန်းကလေး တစ်ယောက်ကို “b****” လို့ခေါ်တာကိုတော့ လန်ဂျင်းဇီ သည်းမခံနိုင်ပေ။
ဇောင်ယုဟွမ် ကအနိုင်ကျင့်ရတာ လွယ်ကူနေလို့လား?
အဓိကအကြောင်းမရှိပဲ သက်သက်မဲ့ ပါးစပ်ဆိုးတဲ့ ဒီလူတွေကို ကြည့်နေဖို့ မလိုအပ်ပေ။ သူတို့ကတောင် ဇောင်ယုဟွမ် ရဲ့အခြေအနေကို ကြည့်ကြလို့လား?
အတွင်းရေးမှူးချန်း ကပြန်ဖြေလိုက်သည်။ “အိုကေ”
လန်ဂျင်းဇီ ကဆက်ပြောလိုက်သည်။ “နောက်အပိုင်းက ဘယ်အချိန်လဲဆိုတာ မင်းသိလား?”
အတွင်းရေးမှူးချန်း ကနည်းနည်းအံ့ဩသွားပေမဲ့ အရင်ကသူရခဲ့တဲ့ အချက်အလက်တွေကို ပြန်တွေးတောလိုက်ပြီး ပြောလိုက်သည်။ “အဲ့ဒါက ဒီနေ့၊ ဒါမှမဟုတ် မနက်ဖြန် ဖြစ်လိမ့်မယ်”
“ငါ့အတွက် စီစဉ်ပေးဦး။ ငါ ဟွမ်ဟွမ့် ကိုလေဆိပ်လိုက်ပို့မယ်”
အတွင်းရေးမှူးချန်း : ?
ခဏလေး၊ ရှိုးပွဲက ရိုက်ကူးရေးသမားတွေက အကုန်လုံးကို မှတ်တမ်းတင်ထားမှာလေ!
သူဌေးက တကယ်ပဲ ကင်မရာကနေ ရိုက်ကူးခံချက်နေတာလား?
အတွင်းရေးမှူးချန်း ကခဏလောက် တွေးတောလိုက်ပြီး သူဒီမနက် အစားပိုစားမိလို့ အာရုံတွေ ထွေပြားပြီး အစာမကြေဖြစ်နေတာလို့ ထင်လိုက်သည်။
《အချိန်ခရီးသွားခြင်း》ရဲ့ဒုတိယပိုင်းက ယဉ်ကျေးမှုကို စီစဉ်ထားသည့် အပိုင်းအဖြစ် မတော်တဆ ဖြစ်သွားခဲ့သည်။ ထုတ်လွှင့်ပြီးနောက် နောက်ထပ် ဟန်းဖုလှိုင်းက အချိန်ကြာမြင့်ခဲ့သည်။ ရှိုးပွဲတွင် ဇောင်ယုဟွမ် ရဲ့ပါဝင်မှုတွေက ပရိုဂရမ်နဲ့ ဆက်နွယ်လာခဲ့သည်။ ကြော်ညာတွေကုိ ဝယ်နေဖို့မလိုပဲ ဟန်းဖုဝတ်ထားသည့် ဇောင်ယုဟွမ် ရဲ့ပုံက အင်တာနက်တွင် ပျံ့ကျဲသွားခဲ့သည်။ ဟန်းဖုက ခေတ်စားနေချိန်တွင် မီဒီယာအများစုကတောင် ဇောင်ယုဟွမ် ရဲ့ပုံကို သံုးလာကြသည်။
ဒီအချက်တွေမှ ထုတ်လွှင့်ခြင်းတွေ၊ ရယ်စရာကောင်းတဲ့ အကြံဉာဏ်တွေနဲ့ တခြားသူကို ဆွဲချနေတာက မထူးဆန်းတော့ပေ။ ပိုကောင်းတဲ့ စိတ်သဘောထားဖြင့် ဇောင်ယုဟွမ် ကလူထုအကြားတွင် ပိုလူကြိုက်များလာပြီး ပိုပြီးနှစ်သက်မှုကို ရလာခဲ့သည်။
Weibo တိုင်းမှကွန့်မန့်တွေကလည်း ချက်ချင်းပင် များပြားလာခဲ့သည်။
“ငါ့ရဲ့ ဟွမ်ဟွမ်လေးက မီဒီယာပေါ်ေရာက်ေနပြီ! ဟားဟားဟား ငါ့ရတနာလေးကို ထပ်ပြီးဖုံးကွယ်ထားလို့ မရနိုင်တော့ဘူး! ဟွမ်ဟွမ်လေးက ဘယ်လောက်တောင် လှပလဲဆိုတာကို တစ်ကမ္ဘာလုံးက သိသွားကြတော့မယ်!”
“အပေါ်ကတစ်ယောက် +1, အစ်ကိုလေးလီ နဲ့ ဟုန်လေး တို့လည်းဒီလိုမျိုး တွေးကြလိမ့်မယ် _(:зゝ∠)_”
“ဇောင်ယုဟွမ် ကတကယ့်ကို ကြည့်ကောင်းတာပဲ! ဇာတ်လမ်းတွဲတွေမှာလဲ သူမကို ရိုက်ကူးဖို့ တောင်းတိုချင်တယ်! ဒါက တကယ့်ကုိ အရမ်းကို လှပလွန်းတယ်! လီဂျင်းယွမ် ကမင်းသားငယ်လေး။ ဟုန်လေးက စစ်သူကြီးလေး… အာ ငါထပ်မတွေးနိုင်တော့ဘူး။ ငါ့စိတ်ကူးထဲက ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကြောင့် ငါသေသွားလိမ့်မယ်! Aaaa!”
“ဟွမ်ဟွမ့် ရဲ့အဝတ်အစားတွေကို ငါတကယ်ပဲ ဝယ်ချင်တာ! ငါတကယ်ပဲ ပါဝင်ချင်တာ! တောင်းဆိုပါတယ်! ပြောပြပေးကြပါ!”
“တတိယပိုင်းက ဘယ်အချိန် ထွက်မှာလဲဟင်? QwQ ကြည့်စရာအပိုင်းတွေ မရှိတော့ဘူး!”
“ဇောင်ယုဟွမ် နဲ့ ကောမိုင် တို့အတူတူ ရပ်နေချိန်မှာ ငါကသာ သူတို့ကို အတွဲတွေလို့ ခံစားမိတဲ့ တစ်ယောက်တည်းသောသူလား? နှစ်ယောက်လုံးက စကတ်ဝတ်ထားတယ်: တစ်ယောက်က အနီရောင်၊ တစ်ယောက်က အဖြူ၊ ကျက်သရေရှိတဲ့ အမျိုးသမီးလေးနဲ့ လှပတဲ့ တော်ဝင်အစ်မ”
“အပေါ်ကတစ်ယောက် ဂရုစိုက်ပါ! ဒီလိုအရာတွေ ဆက်ပြောနေရင် အစ်ကိုလေးလီ နဲ့ ဟုန်လေးတို့က ရှင့်ကို လာသတ်ကြလိမ့်မယ်!”
“အပေါ်က အသုံးမကျတာလား? သူတို့က မိသားစုတွေလို့ ရှင်းပြပြီးသားလေ။ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကဘာကြောင့် ဇောင်ယုဟွမ် ရဲ့အတွဲဖြစ်လာနိုင်မှာလဲ?”
“ရှင်လဲ အသုံးမကျတဲ့ သူပဲမလား? သူတို့က ညီမလေး စွဲလမ်းမှု မရှိဘူးလို့ မဆိုလိုဘူး။ ဒါက သူတို့က မိသားစုဖြစ်နေတာကြောင့် ဇောင်ယုဟွမ် ကအတွဲတစ်တွဲတော့ ရှိလာနိုင်တယ် အိုကေ? ထပ်မပြောနဲ့တော့။ ရှင့် IQ တွေနဲ့ မလွှမ်းမိုးစေနဲ့”
…
ထိုအချိန်တွင် Weibo တွင် ဇောင်ယုဟွမ် ရဲ့ဖော်လိုဝါတွေ(followers)က ၃ မီလီယမ်ကျော်သွားခဲ့သည်။
ဒီအချိန်တွင် ဇောင်ယုဟွမ်၊ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကဗီလာရဲ့ ထမင်းစားခန်းတွင် မနက်စာစားနေကြသည်။ ထို့နောက် ဇောင်ယုဟွမ် သည် ဟန်ယင်ယင် ထံမှဖုန်းကို လက်ခံရခဲ့သည်။
ဟန်ယင်ယင် ကအတင်းေပြာတဲ့ သူတစ်ယောက်ဖြစ်သည်။ အထူးသဖြင့် ဇောင်ယုဟွမ် က《အချိန်ခရီးသွားခြင်း》 ကိုရိုက်ကူးရေး စတင်လိုက်ပြီးနောက် သူမက အင်တာနက်ပေါ်က အကြောင်းတွေကို အရင်ကထက်တောင် ပိုအာရုံစိုက်ခဲ့သည်။ လီဂျင်းယွမ်၊ ဇောင်ယုဟွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့အကြောင်းတွေကိုတောင် သူမထံမှ အရင်ဆုံးသိခဲ့ရတာဖြစ်သည်။
ဇောင်ယုဟွမ် ကဖုန်းကိုင်လိုက်ချိန်တွင် သူမအပြုံးကို မဖိနှိပ်ထားနိုင်ပေ။
ဒါက နောက်ထပ်ပြောဖို့ အတင်းအဖျင်းဖြစ်နိုင်တယ်။
မနက်ခင်းတွင် ဟုန်ချန်းမင်း ကစောစောနိုးလာခဲ့ပြီး စိတ်ခံစားချက်က သိပ်မကောင်းပေ။
ဒါက ဇောင်ယုဟွမ် က လီဂျင်းယွမ် ကိုပဲသွားနှိုးပြီး သူ့ကိုလာမနိုးတာကြောင့် ဖြစ်သည်။ ဒါက သေးငယ်တဲ့ အပြုအမူလေး ဖြစ်ပေမဲ့ သူ့ကိုနှိုးတာ၊ မနှိုးတာက ဘာမှမဖြစ်ပေမဲ့ နည်းနည်းတော့ ဝမ်းနည်းမိသည်။
ဒီအကြောင်းကို စဉ်းစားလိုက်ပြီး ဟုန်ချန်းမင်း ရဲ့နှလုံးသားက ပိုပြီးနှစ်မြုပ်သွားသည်။
ဒီလိုပုံစံ အပြုအမုူတွေက မကြာမကြာ ဖြစ်ပေါ်လာတတ်တာကြောင့် သူက ဇောင်ယုဟွမ် ရဲ့လှုပ်ရှားမှုတိုင်းကို ပိုပြီးအာရုံစိုက်လာခဲ့သည်။
နောက်ပြီး ဒီအချိန်က တူညီတဲ့ပုံစံပဲ။
ဇောင်ယုဟွမ် ကဖုန်းခေါ်သူကို ကြည့်လိုက်ပြီး ပြုံးလိုက်တာကို သူသတိပြုမိပြီး ဟုန်ချန်းမင်း ရဲ့ဦးနှောက်က ကုတ်ဗူးထဲကို mentos ထည့်လိုက်သလိုမျိုး သူ့ကိုချက်ချင်း ဆူပွတ်သွားစေသည်။
ဟုန်ချန်းမင်း ကသတိလက်လွတ် နှုတ်ခမ်းကို စေ့လိုက်ပြီး ဇောင်ယုဟွမ် ကိုမော့ကြည့်လိုက်သည်။
ဘယ်သူခေါ်တာလဲ? ဟုန်ချန်းမင်း သိချင်သွားသည်။
ထိုအချိန်တွင် လီဂျင်းယွမ် ကခေါင်းငုံ့နေခဲ့ပြီး သူ့အရှေ့ကို ခရင်ထည့်ထားသည့် ပေါင်မုန့်မီးကင်ကို ချလိုက်သည်။ ပထမဆုံး အကြည့်မှာ ဒါက တစ်ခုခု မှားယွင်းနေတာကို မမြင်နိုင်ပေမဲ့ သူ့အပြုအမူတွေက နည်းနည်းတော့ စက်ရုပ်လိုမျိုး ဖြစ်နေသည်။ သူ့လက်တွေက လှုပ်ရှားနေပေမဲ့ သူ့တစ်ကိုယ်လုံးက နှောင့်ယှက်ခံနေရသည်။
ခရင်က ပေါင်မုန့်ကနေ ပန်းကန်ေပါ်အထိ လျှံကျနေတာကိုတောင် သူသတိမထားမိပေ။
ဇောင်ယုဟွမ် ကထိုအချက်ကို သတိပြုမိလိုက်သည်။
“ကဲ၊ အခုပြောချင်တဲ့ သတင်းအသစ်က ဘာများလဲ?” ဇောင်ယုဟွမ် ကတစ်ဖက်ကို ပြောလိုက်ပြီး လီဂျင်းယွမ် ကိုလက်သုတ် လှမ်းပေးလိုက်သည်။
ဒါပေမဲ့ လီဂျင်းယွမ် ကမယူပေ။
#ကြာနေလို့ မေ့တောင်မေ့နေကြပြီလား ကိုယ်မအားတာနဲ့ အပျင်းတစ်နေတာနဲ့ ပေါင်းပြီး ပိုကြာသွားတာ 😁😁
5.2.2021 (Fri)
……………………
Zawgyi
ဝက္ဘ္ဆိုဒ္မွ သတင္းေတြ အမ်ားႀကီးထြက္လာေသာ္လည္း ခန႔္မွန္းသူေတြသာ ျဖစ္ၿပီး ေဝ့က်ဲ ဆီကေန ထြက္လာတာကသာ အမွန္တရားျဖစ္သည္။
လီဂ်င္းယြမ္ တြင္သူ႔ကိုယ္ပိုင္ စတူဒီယိုက ရွိၿပီးသားျဖစ္သည္။ လူထုက သတင္းအခ်က္အလက္ေတြကို ေဝ့က်ဲ ဆီျပန္တင္ျပခဲ့ၾကသည္။ ေဝ့က်ဲ သည္တစ္ခ်က္ ၾကည့္လိုက္႐ုံနဲ႔ ဒီလူကဘာဆိုတာကို ခန႔္မွန္းႏိုင္သည္။ မိန္းကေလးေဇာင္ က မစၥတာဟုန္ နဲ႔ ေရွာင္းလီ တို႔က ဘယ္လိုဆိုတာကို သူတို႔ေျပာႏိုင္ေတာ့မလဲ?
ေဝ့က်ဲ ကဖန္တစ္ေယာက္ရဲ႕ ကြန္မန႔္ကို ဖတ္လိုက္ၿပီး မေတြးေတာပဲ Weibo အေကာင့္တြင္ ျပန္ရွယ္လိုက္သည္။
လီေဝ့က်ဲ : သူတို႔အားလုံး မိသားစုႀကီးကပဲ၊ ေက်းဇူးျပဳၿပီး အေရးမပါတာေတြ ေျပာေနတာ ရပ္လိုက္ေတာ့။ ေက်းဇူးတင္ပါတယ္။ /Stu: ေဇာင္ယုဟြမ္ ကအံ့ဩဖို႔ေကာင္းတာပဲ! ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ကို ဖမ္းစားႏိုင္တယ္။ အခုေတာ့ လန္ဂ်င္းဇီ ေတာင္ပါလာေသးတယ္? အံ့ဩစရာပဲ၊ အံ့ဩစရာပဲ! ေနာက္တစ္ေယာက္က ဝမ္ေယာင္ခ်န္း ျဖစ္မယ္လို႔ ငါထင္တယ္၊ ဟဟ။
ေဝ့က်ဲ ကသူတို႔သုံးေယာက္ၾကားက ဆက္ဆံေရးက ေမြးစားတာေတြကို စဥ္းစားလိုက္ၿပီး နည္းနည္းရႈပ္ေထြးတယ္လို႔ ထင္လိုက္ေပမဲ့ တျခားသူေတြကို ရွင္းျပဖို႔မလိုတာေၾကာင့္ အႏွစ္ခ်ဳပ္သာ ေျပာလိုက္သည္။
ကြန္မန႔္အပိုင္းတြင္ ဒီလိုမ်ိဳး ေပါက္ကြဲလာခဲ့သည္။
ေဇာင္ယုဟြမ္ ကိုမႏွစ္သက္သည့္ ဖန္ကပို႔စ္တင္တာကို ရပ္လိုက္ေပမဲ့ ဝက္ဘ္ဆိုဒ္ အသုံးျပဳသူေတြအား မေကာင္းတာေတြ ေလွ်ာက္ေျပာေနတာကိုေတာ့ မရပ္တန္႔ခဲ့ေပ။
“မင္းတို႔ႏွစ္ေယာက္လုံးက မိန္းကေလးေတြပဲေလ၊ တျခားမိန္းကေလး တစ္ေယာက္ကို ဒီလိုမ်ိဳး မေကာင္းတာေတြ ေလွ်ာက္ေျပာေနတာက အရမ္းကို ရက္စက္လြန္းတယ္မလား?”
“မင္းတို႔မွာ ဘာကိစၥေတြပဲရွိရွိ မင္းဘယ္ပဲ မနာလိုေနပါေစ၊ ဟုန္ခ်န္းမင္း၊ လီဂ်င္းယြမ္ နဲ႔ ဝမ္ေယာင္ခ်န္း တို႔ကမင္းကို စိတ္ဝင္စားမွာ မဟုတ္ဘူး။ နားလည္လား? သူတို႔က မင္းကို စိတ္ဝင္စားလာမွာ မဟုတ္ဘူး။ ဟီးဟီး”
“တကယ္ မဟုတ္ဘူး၊ မိသားစုဆိုတဲ့ အဓိပၸါယ္ေတြမွာ မတူညီတာေတြ အမ်ားႀကီး ရွိတယ္ဆိုတာ ငါၫႊန္ျပခ်င္တာ… လက္မထပ္ထားတဲ့ အတြဲကိုလည္း မိသားစုလို႔ ေခၚသလား?”
“အေပၚက၊ မင္းက အ႐ူးလား? သူမက ၁၈ ႏွစ္ေတာင္ မျပည့္ေသးဘူး။ အဲ့ဒါကို Baike မွာရွင္းရွင္းလင္းလင္း ေဖာ္ျပထားတာပဲေလ။ မင္းမ်က္လုံးေတြက ေခြးစားသြားလို႔လား? အျမင္မရွိတဲ့ လူတစ္ေယာက္က ဘာေၾကာင့္ မ်က္ကန္းလို လိုက္ခန႔္မွန္းေနရတာလဲ? သူတို႔က ဝမ္းကြဲေတြေကာ မျဖစ္ႏိုင္ဘူးလား?”
“ေအးဂ်င့္ကို ထြက္လာဖို႔ ဖိအားေပးၿပီး ေဇာင္ယုဟြမ္ ကလက္ဖက္စိမ္း လားဆိုတာ အတည္ျပဳခိုင္းသင့္တယ္၊ အိုေက? မင္းက တစ္စုံတစ္ေယာက္ရဲ႕ အမာခံစစ္တပ္လားဆိုတာ တျခားသူေတြက မသိၾကဘူး”
“Sis-cons ကအေကာင္းဆံုးပဲ! ဘာအခ်စ္လဲ? ဘာCP? Sis-cons ကပိုၿပီး ေပ်ာ္႐ႊင္ေစတယ္!”
“အဲ့လိုမ်ိဳးဆိုရင္… _(:зゝ∠)_ အစ္ကိုေလးလီ နဲ႔ ဟုန္ေလး တို႔က ဟြမ္ဟြမ့္ ကိုဘယ္ေလာက္ေတာင္ တုန္ေနေအာင္ ခ်စ္လဲဆိုတာကို ဆိုတာ ကသိခ်င္မိတယ္!”
+1″
“+10086”
……
Weibo ေပၚတြင္ တင္လိုက္သည့္ ေဝ့က်ဲ ရဲ႕ပို႔စ္သည္ အျငင္းပြားဖြယ္ရာ ေဆြးေႏြးျခင္းေတြကို ျဖစ္ေစခဲ့သည္။ သဘာဝက်က်ပင္ ထိုအရာေတြမွ တျခားအေၾကာင္းအရာေတြလည္း ထြက္ေပၚလာခဲ့သည္။
အရင္က လီဂ်င္းယြမ္ သည္သူ႔တြင္ ညီမေလးရွိတယ္လို႔ ေျပာခဲ့ဖူးတာကို သူတို႔ၾကားခဲ့သည္။ ထို႔ေၾကာင့္ အခုေတာ့ သူတို႔ႏွစ္ေယာက္ကို ဆက္စပ္မိသြားၾကသည္။
သူတို႔က စတင္ေတြးေတာၾကျပီး ေဇာင္ယုဟြမ္ က႐ိုက္ကူးေရးတြင္ ေရာက္လာတာကို မအံ့ဩၾကေတာ့ေပ။ စစ္မွန္တဲ့ ဘဝအျပဳအမူကို ေတြ႕ႀကဳံခံစားျခင္း : _(:зゝ∠)_ ဒါက ေတာ္ေတာ္ေလးကို ၾကည့္ေကာင္းတာပဲ!
ဒါေၾကာင့္ လီဂ်င္းယြမ္ မနက္ခင္း ႏိုးလာခ်ိန္တြင္ မက္ေစ့ခ္်မ်ားစြာကို ရခဲ့တာျဖစ္သည္။
လီဂ်င္းယြမ္ ကလ်စ္လ်ဴရႈမႈနည္းနည္းကို ထုတ္ျပလိုက္ရင္း ၾကည့္ေနခဲ့သည္။
သူ႔လက္ေခ်ာင္းကို တစ္ခ်က္လႈပ္ရွားလိုက္ၿပီး သူရလာတဲ့ မက္ေစ့ခ္်အားလုံးကို ဖ်က္ပစ္လိုက္သည္။
တကယ္လို႔ သူထပ္ဖတ္မိရင္ တစ္လုံးေလးသာ ထပ္ဖတ္မိရင္ လီဂ်င္းယြမ္ ပိုစိတ္ဆိုးလာလိမ့္မည္။ ႏွစ္ေပါင္းမ်ားစြာ ဖုံးကြယ္ထားခဲ့တဲ့ သူ႔ရတနာေလးက တျခားသူေတြဆီမွ လုယူခံရေတာ့မလို ခံစားေနရသည္။
စာေတြအားလုံးကို ဖ်က္ၿပီးခ်ိန္တြင္ ဖုန္းကိုအေဝးကို ခ်လိုက္သည္။
သိပ္မၾကာခင္မွာပဲ တံခါးေခါက္သံကို ၾကားလိုက္ရသည္။
“လီဂ်င္းယြမ္!” ေဇာင္ယုဟြမ္ ကသူ႔နာမည္ကို တစ္ဖက္မွ ေအာ္ေခၚလိုက္သည္။
လီဂ်င္းယြမ္ ကခ်က္ခ်င္းပင္ သူ႔အသိေတြကို ျပန္ရလိုက္ၿပီး အိပ္ရာမွ ထလိုက္သည္။ တံခါးဆီ ေလွ်ာက္သြားလိုက္ၿပီး တံခါးဖြင့္လိုက္ကာ ေဇာင္ယုဟြမ္ ကိုၿပဳံးျပလိုက္သည္။ “ငါအိပ္ရာထတာ ေနာက္က်သြားတာလား?”
ဒါက နည္းနည္း မိန္းေမာေစတယ္လို႔ ေဇာင္ယုဟြမ္ ခံစားလိုက္ရသည္။
ေကာင္ေလးက သူ႔အေပၚပိုင္း 8 pack အား ေဇာင္ယုဟြမ္ ရဲ႕မ်က္စိေရွ႕တြင္ ေဖာ္ျပသည္မွာ ရွားပါးသည္။
ေဇာင္ယုဟြမ္ ကမေတြးေတာပဲ သူ႔ကိုကန႔္လိုက္သည္။ “လီဂ်င္းယြမ္ ဘာလို႔အဝတ္ေတြ မဝတ္ထားဝာာလဲ?”
လီဂ်င္းယြမ္ ကအံ့ဩသြားသည္။ သူငုံ႔ၾကည့္လိုက္ၿပီး နားလည္သြားသည္။
သူ႔မ်က္ႏွာေပၚတြင္ အနီေရာင္က ျဖတ္ေျပးသြားၿပီး “ဟြမ္ဟြမ္၊ အျပင္မွာ ေစာင့္ဦး!” ထိုစကားကို ေျပာၿပီးေနာက္ တံခါးကိုျမန္ျမန္ ပိတ္လိုက္ၿပီး ရွပ္အက်ႌကို ဝတ္လိုက္သည္။
ေဇာင္ယုဟြမ္ ကလွည့္လိုက္ၿပီး ဟုန္ခ်န္းမင္း ရဲ႕အခန္းကို ၾကည့္လိုက္သည္။
လြန္ခဲ့တဲ့ ႏွစ္ရက္တုန္းက သူတို႔က ဗီလာတြင္ အနားယူခဲ့ၾကသည္။ သူတို႔က မနက္ခင္းကို ေနာက္က်မွ အိပ္ရာထၾကသည္။ ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ကိုသြားႏိုးခ်င္ေပမဲ့ သူမ အေတြးေတြကို စြန႔္လႊတ္လိုက္သည္။
သူမေခါင္းကို ခါလိုက္ၿပီး ၾကမ္းျပင္ဘက္ကို အၾကည့္ေ႐ြ႕လိုက္သည္။
လီဂ်င္းယြမ္ ကအထဲေရာက္ၿပီးေနာက္ သူ႔မ်က္ႏွာက ရဲေနတာကလည္း နည္းနည္းေပ်ာက္သြားသည္။
ခုံေပၚတြင္တင္ထားသည့္ ရွပ္အက်ႌကို ဆြဲယူလိုက္ၿပီး ရပ္လိုက္ကာ ပုံမွန္အတိုင္း ေခ်ာေခ်ာေမြ႕ေမြ႕ လႈပ္ရွားလိုက္ၿပီး အဝတ္ဝတ္လိုက္သည္။
တျခားတစ္ဖက္တြင္
လန္ဂ်င္းဇီ ကဝတ္ဘ္ဆိုဒ္တြင္ အေကာင့္ဖြင့္တဲ့အေၾကာင္း၊ ကြန႔္မန႔္ေပးတာ၊ မေကာင္းတဲ့ ကြန႔္မန႔္ေတြကို ဘယ္လို report လုပ္ရတယ္ဆိုတဲ့ အေၾကာင္းေတြကို ေလ့လာေနခဲ့သည္။ အင္တာနက္တြင္ သတင္းေတြ ရွာေဖြတာကိုလည္း ေလ့လာခဲ့သည္။
ဒီရွာေဖြမႈမွ လန္ဂ်င္းဇီ က ေဇာင္ယုဟြမ္ နဲ႔ပတ္သက္သည့္ အေၾကာင္းေတြ အမ်ားအျပားကို ေတြ႕ခဲ့ရသည္။
သူ႔အျမင္တြင္ ပထမဆုံးေရာက္လာသည့္ အေၾကာင္းအရာကေတာ့ ေဇာင္ယုဟြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က လီဂ်င္းယြမ္ ရဲ႕ရႈိးပြဲတြင္ မနက္စာအတူတူ စားေနၾကသည့္ပုံႏွင့္ ဗီဒီယိုထဲရွိ သုံးေယာက္သားအတူတူ ရွိသည့္ပုံျဖစ္သည္။ လန္ဂ်င္းဇီ ကမနာလိုမႈကို ခံစားလိုက္ရသည္။
သို႔ေသာ္ ခဏအၾကာတြင္ သူ႔ကိုယ္ပိုင္ဓာတ္ပုံကို ေရာက္သြားခဲ့သည္။
ဒါကလည္း ေဇာင္ယုဟြမ္ နဲ႔ပတ္သက္တဲ့အထဲမွာပဲ ရွိေနတာပဲ!
သူအပါအဝင္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔လည္း ရွိၾကသည္။
လန္ဂ်င္းဇီ ကထပ္ၿပီးေတာ့ ခါးသီးတာကို ခံစားလိုက္ရသည္။
ေနာက္ေတာ့ ေဝ့က်ဲ ရဲ႕ forward လုပ္ထားတာကို ျမင္လိုက္ရသည္။
မိသားစု?
သူတို႔အားလုံးက မိသားစုေတြျဖစ္ၾကေပမဲ့ သူ႔တည္ရွိမႈက အရမ္းကိုနည္းပါးသည္။ လီဂ်င္းယြမ္၊ ဟုန္ခ်န္းမင္း နဲ႔ ဟြမ္ဟြမ္ တို႔ကအတူတူ ရႈိးပြဲကိုေတာင္ သြားၾကတယ္…. သူ႔ၾကေတာ့ေကာ?
ဒီႏူးညံ့သည့္ အခ်ဥ္ဓာတ္က လန္ဂ်င္းဇီ ရဲ႕ႏွလုံးသားထဲတြင္ တိုးပြားလာခဲ့သည္။
သူက ဖုန္းကိုအခ်ိန္အေတာ္ၾကာ စိုက္ၾကည့္ေနတာကို သတိျပဳမိခ်ိန္တြင္ မနက္ ၉ နာရီထိုးေနၿပီ ျဖစ္သည္။
ေနာက္မက်ႏိုင္ဘူး။
လန္ဂ်င္းဇီ ကသူ႔မ်က္ခုံးကို ၾကဳတ္လိုက္ၿပီး ထရပ္လိုက္ၿပီး အျပင္ကိုေလွ်ာက္လိုက္ကာ အတြင္းေရးမႉးကို ေခၚလိုက္သည္။
အတြင္းေရးမႉးခ်န္း ကကားထဲတြင္ ေစာင့္ေနၿပီးျဖစ္ၿပီး လန္ဂ်င္းဇီ ထြက္လာခ်ိန္တြင္ သူက ခ်က္ခ်င္းပဲ ကားတံခါးကို ဖြင့္လိုက္သည္။
ကားထဲေရာက္ခ်ိန္တြင္ လန္ဂ်င္းဇီ ကအသံတိုးေလးနဲ႔ ေျပာလိုက္သည္။ “အင္တာနက္မွာ ဟြမ္ဟြမ္ နဲ႔ပတ္သက္တဲ့ သတင္းေတြ အေတာ္မ်ားတာပဲ”
အတြင္းေရးမႉးခ်န္း ကတုန္လႈပ္သြားသည္။
အင္တာနက္က လူေတြက အခ်င္းခ်င္း မသိၾကတာကို သူသိသည္။ လူေတြက ကြန႔္မန႔္ေတြ၊ ေနာက္ေျပာင္တာေတြကို အင္တာနက္တြင္ အမ်ားအျပား ျပဳလုပ္ၾကသည္။ သူတို႔က မိန္းကေလးေဇာင္ ရဲ႕ဂုဏ္သတင္းကို အသိဉာဏ္မဲ့စြာနဲ႔ မိုက္႐ူးရဲဆန္စြာျဖင့္ ေျပာဆိုေနၾကသည္။
အတြင္းေရးမႉးခ်န္း ကအလ်င္အျမန္ ေျပာလိုက္သည္။ “တစ္ေယာက္ေယာက္က ေဖ်ာ္ေျဖေရးေလာကထဲကို ဝင္လိုက္တာနဲ႔ သူတို႔က မီးေမာင္းထိုးျပသလိုမ်ိဳး လူထုရဲ႕စကားဝိုင္းထဲမွာ ေပါက္ကြဲထြက္လာတာပဲ။ မိန္းကေလးေဇာင္ ကပိုပိုၿပီး လူသိမ်ားလာကတည္းက သူမကိုတိုက္႐ိုက္ စိတ္ဝင္စားၾကၿပီး သူမနဲ႔ပတ္သက္တာေတြကို စူးစမ္းၾကတာက သဘာဝပါပဲ…”
“အဲ့လူေတြက…” လန္ဂ်င္းဇီ ကစေျပာလိုက္သည္။
အတြင္းေရးမႉးခ်န္း ကေျပာလိုက္သည္။ “အဲ့လူေတြက သူမနဲ႔ပတ္သက္ၿပီး စိတ္မေက်နပ္စရာေတြကို ေျပာၾကလိမ့္မယ္။ သူတို႔က သူတို႔ကို မီဒီယာက ဖုံးကြယ္ထားတာမ်ိဳးေတြကို မႀကိဳက္ၾကဘူး။ တစ္စုံတစ္ေယာက္က မိန္းကေလးေဇာင္ ကိုတစ္မင္သက္သက္ သိကၡာေတြက်ေအာင္ ျပဳလုပ္ေနရင္ သူက သူမကိုတျခားသူေတြထက္ ႏွစ္ဆခ်စ္ခင္လို႔ပဲ။ ဖန္ေတြက ႀကိဳခန႔္မွန္းထားလို႔မရဘူး”
လန္ဂ်င္းဇီ ကေခါင္းညိတ္လိုက္သည္။ “အိုေက၊ ဒီကေန အာရံုစိုက္ရမဲ့ တခ်ိဳ႕အရေတြရွိတယ္” ေျပာၿပီးေနာက္ လန္ဂ်င္းဇီ ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။
ေလွာင္ေျပာင္တာေတြ၊ အင္တာနက္ေပၚမွာ နာမည္ေခၚတာေတြကို သူလက္ခံႏိုင္ေပမဲ့ မိန္းကေလး တစ္ေယာက္ကို “b****” လို႔ေခၚတာကိုေတာ့ လန္ဂ်င္းဇီ သည္းမခံႏိုင္ေပ။
ေဇာင္ယုဟြမ္ ကအႏိုင္က်င့္ရတာ လြယ္ကူေနလို႔လား?
အဓိကအေၾကာင္းမရွိပဲ သက္သက္မဲ့ ပါးစပ္ဆိုးတဲ့ ဒီလူေတြကို ၾကည့္ေနဖို႔ မလိုအပ္ေပ။ သူတို႔ကေတာင္ ေဇာင္ယုဟြမ္ ရဲ႕အေျခအေနကို ၾကည့္ၾကလို႔လား?
အတြင္းေရးမႉးခ်န္း ကျပန္ေျဖလိုက္သည္။ “အိုေက”
လန္ဂ်င္းဇီ ကဆက္ေျပာလိုက္သည္။ “ေနာက္အပိုင္းက ဘယ္အခ်ိန္လဲဆိုတာ မင္းသိလား?”
အတြင္းေရးမႉးခ်န္း ကနည္းနည္းအံ့ဩသြားေပမဲ့ အရင္ကသူရခဲ့တဲ့ အခ်က္အလက္ေတြကို ျပန္ေတြးေတာလိုက္ၿပီး ေျပာလိုက္သည္။ “အဲ့ဒါက ဒီေန႔၊ ဒါမွမဟုတ္ မနက္ျဖန္ ျဖစ္လိမ့္မယ္”
“ငါ့အတြက္ စီစဥ္ေပးဦး။ ငါ ဟြမ္ဟြမ့္ ကိုေလဆိပ္လိုက္ပို႔မယ္”
အတြင္းေရးမႉးခ်န္း : ?
ခဏေလး၊ ရႈိးပြဲက ႐ိုက္ကူးေရးသမားေတြက အကုန္လုံးကို မွတ္တမ္းတင္ထားမွာေလ!
သူေဌးက တကယ္ပဲ ကင္မရာကေန ႐ိုက္ကူးခံခ်က္ေနတာလား?
အတြင္းေရးမႉးခ်န္း ကခဏေလာက္ ေတြးေတာလိုက္ၿပီး သူဒီမနက္ အစားပိုစားမိလို႔ အာ႐ုံေတြ ေထြျပားၿပီး အစာမေၾကျဖစ္ေနတာလို႔ ထင္လိုက္သည္။
《အခ်ိန္ခရီးသြားျခင္း》ရဲ႕ဒုတိယပိုင္းက ယဥ္ေက်းမႈကို စီစဥ္ထားသည့္ အပိုင္းအျဖစ္ မေတာ္တဆ ျဖစ္သြားခဲ့သည္။ ထုတ္လႊင့္ၿပီးေနာက္ ေနာက္ထပ္ ဟန္းဖုလႈိင္းက အခ်ိန္ၾကာျမင့္ခဲ့သည္။ ရႈိးပြဲတြင္ ေဇာင္ယုဟြမ္ ရဲ႕ပါဝင္မႈေတြက ပ႐ိုဂရမ္နဲ႔ ဆက္ႏြယ္လာခဲ့သည္။ ေၾကာ္ညာေတြကုိ ဝယ္ေနဖို႔မလိုပဲ ဟန္းဖုဝတ္ထားသည့္ ေဇာင္ယုဟြမ္ ရဲ႕ပုံက အင္တာနက္တြင္ ပ်ံ႕က်ဲသြားခဲ့သည္။ ဟန္းဖုက ေခတ္စားေနခ်ိန္တြင္ မီဒီယာအမ်ားစုကေတာင္ ေဇာင္ယုဟြမ္ ရဲ႕ပုံကို သံုးလာၾကသည္။
ဒီအခ်က္ေတြမွ ထုတ္လႊင့္ျခင္းေတြ၊ ရယ္စရာေကာင္းတဲ့ အႀကံဉာဏ္ေတြနဲ႔ တျခားသူကို ဆြဲခ်ေနတာက မထူးဆန္းေတာ့ေပ။ ပိုေကာင္းတဲ့ စိတ္သေဘာထားျဖင့္ ေဇာင္ယုဟြမ္ ကလူထုအၾကားတြင္ ပိုလူႀကိဳက္မ်ားလာၿပီး ပိုၿပီးႏွစ္သက္မႈကို ရလာခဲ့သည္။
Weibo တိုင္းမွကြန႔္မန႔္ေတြကလည္း ခ်က္ခ်င္းပင္ မ်ားျပားလာခဲ့သည္။
“ငါ့ရဲ႕ ဟြမ္ဟြမ္ေလးက မီဒီယာေပၚေရာက္ေနၿပီ! ဟားဟားဟား ငါ့ရတနာေလးကို ထပ္ၿပီးဖုံးကြယ္ထားလို႔ မရႏိုင္ေတာ့ဘူး! ဟြမ္ဟြမ္ေလးက ဘယ္ေလာက္ေတာင္ လွပလဲဆိုတာကို တစ္ကမာၻလုံးက သိသြားၾကေတာ့မယ္!”
“အေပၚကတစ္ေယာက္ +1, အစ္ကိုေလးလီ နဲ႔ ဟုန္ေလး တို႔လည္းဒီလိုမ်ိဳး ေတြးၾကလိမ့္မယ္ _(:зゝ∠)_”
“ေဇာင္ယုဟြမ္ ကတကယ့္ကို ၾကည့္ေကာင္းတာပဲ! ဇာတ္လမ္းတြဲေတြမွာလဲ သူမကို ႐ိုက္ကူးဖို႔ ေတာင္းတိုခ်င္တယ္! ဒါက တကယ့္ကုိ အရမ္းကို လွပလြန္းတယ္! လီဂ်င္းယြမ္ ကမင္းသားငယ္ေလး။ ဟုန္ေလးက စစ္သူႀကီးေလး… အာ ငါထပ္မေတြးႏိုင္ေတာ့ဘူး။ ငါ့စိတ္ကူးထဲက ခ်စ္စရာေကာင္းတဲ့ ပုံရိပ္ေတြေၾကာင့္ ငါေသသြားလိမ့္မယ္! Aaaa!”
“ဟြမ္ဟြမ့္ ရဲ႕အဝတ္အစားေတြကို ငါတကယ္ပဲ ဝယ္ခ်င္တာ! ငါတကယ္ပဲ ပါဝင္ခ်င္တာ! ေတာင္းဆိုပါတယ္! ေျပာျပေပးၾကပါ!”
“တတိယပိုင္းက ဘယ္အခ်ိန္ ထြက္မွာလဲဟင္? QwQ ၾကည့္စရာအပိုင္းေတြ မရွိေတာ့ဘူး!”
“ေဇာင္ယုဟြမ္ နဲ႔ ေကာမိုင္ တို႔အတူတူ ရပ္ေနခ်ိန္မွာ ငါကသာ သူတို႔ကို အတြဲေတြလို႔ ခံစားမိတဲ့ တစ္ေယာက္တည္းေသာသူလား? ႏွစ္ေယာက္လုံးက စကတ္ဝတ္ထားတယ္: တစ္ေယာက္က အနီေရာင္၊ တစ္ေယာက္က အျဖဴ၊ က်က္သေရရွိတဲ့ အမ်ိဳးသမီးေလးနဲ႔ လွပတဲ့ ေတာ္ဝင္အစ္မ”
“အေပၚကတစ္ေယာက္ ဂ႐ုစိုက္ပါ! ဒီလိုအရာေတြ ဆက္ေျပာေနရင္ အစ္ကိုေလးလီ နဲ႔ ဟုန္ေလးတို႔က ရွင့္ကို လာသတ္ၾကလိမ့္မယ္!”
“အေပၚက အသုံးမက်တာလား? သူတို႔က မိသားစုေတြလို႔ ရွင္းျပၿပီးသားေလ။ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကဘာေၾကာင့္ ေဇာင္ယုဟြမ္ ရဲ႕အတြဲျဖစ္လာႏိုင္မွာလဲ?”
“ရွင္လဲ အသုံးမက်တဲ့ သူပဲမလား? သူတို႔က ညီမေလး စြဲလမ္းမႈ မရွိဘူးလို႔ မဆိုလိုဘူး။ ဒါက သူတို႔က မိသားစုျဖစ္ေနတာေၾကာင့္ ေဇာင္ယုဟြမ္ ကအတြဲတစ္တြဲေတာ့ ရွိလာႏိုင္တယ္ အိုေက? ထပ္မေျပာနဲ႔ေတာ့။ ရွင့္ IQ ေတြနဲ႔ မလႊမ္းမိုးေစနဲ႔”
…
ထိုအခ်ိန္တြင္ Weibo တြင္ ေဇာင္ယုဟြမ္ ရဲ႕ေဖာ္လိုဝါေတြ(followers)က ၃ မီလီယမ္ေက်ာ္သြားခဲ့သည္။
ဒီအခ်ိန္တြင္ ေဇာင္ယုဟြမ္၊ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကဗီလာရဲ႕ ထမင္းစားခန္းတြင္ မနက္စာစားေနၾကသည္။ ထို႔ေနာက္ ေဇာင္ယုဟြမ္ သည္ ဟန္ယင္ယင္ ထံမွဖုန္းကို လက္ခံရခဲ့သည္။
ဟန္ယင္ယင္ ကအတင္းေျပာတဲ့ သူတစ္ေယာက္ျဖစ္သည္။ အထူးသျဖင့္ ေဇာင္ယုဟြမ္ က《အခ်ိန္ခရီးသြားျခင္း》 ကို႐ိုက္ကူးေရး စတင္လိုက္ၿပီးေနာက္ သူမက အင္တာနက္ေပၚက အေၾကာင္းေတြကို အရင္ကထက္ေတာင္ ပိုအာ႐ုံစိုက္ခဲ့သည္။ လီဂ်င္းယြမ္၊ ေဇာင္ယုဟြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕အေၾကာင္းေတြကိုေတာင္ သူမထံမွ အရင္ဆုံးသိခဲ့ရတာျဖစ္သည္။
ေဇာင္ယုဟြမ္ ကဖုန္းကိုင္လိုက္ခ်ိန္တြင္ သူမအၿပဳံးကို မဖိႏွိပ္ထားႏိုင္ေပ။
ဒါက ေနာက္ထပ္ေျပာဖို႔ အတင္းအဖ်င္းျဖစ္ႏိုင္တယ္။
မနက္ခင္းတြင္ ဟုန္ခ်န္းမင္း ကေစာေစာႏိုးလာခဲ့ၿပီး စိတ္ခံစားခ်က္က သိပ္မေကာင္းေပ။
ဒါက ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ကိုပဲသြားႏႈိးၿပီး သူ႔ကိုလာမႏိုးတာေၾကာင့္ ျဖစ္သည္။ ဒါက ေသးငယ္တဲ့ အျပဳအမူေလး ျဖစ္ေပမဲ့ သူ႔ကိုႏႈိးတာ၊ မႏႈိးတာက ဘာမွမျဖစ္ေပမဲ့ နည္းနည္းေတာ့ ဝမ္းနည္းမိသည္။
ဒီအေၾကာင္းကို စဥ္းစားလိုက္ၿပီး ဟုန္ခ်န္းမင္း ရဲ႕ႏွလုံးသားက ပိုၿပီးႏွစ္ျမဳပ္သြားသည္။
ဒီလိုပုံစံ အျပဳအမုူေတြက မၾကာမၾကာ ျဖစ္ေပၚလာတတ္တာေၾကာင့္ သူက ေဇာင္ယုဟြမ္ ရဲ႕လႈပ္ရွားမႈတိုင္းကို ပိုၿပီးအာ႐ုံစိုက္လာခဲ့သည္။
ေနာက္ၿပီး ဒီအခ်ိန္က တူညီတဲ့ပုံစံပဲ။
ေဇာင္ယုဟြမ္ ကဖုန္းေခၚသူကို ၾကည့္လိုက္ၿပီး ၿပဳံးလိုက္တာကို သူသတိျပဳမိၿပီး ဟုန္ခ်န္းမင္း ရဲ႕ဦးေႏွာက္က ကုတ္ဗူးထဲကို mentos ထည့္လိုက္သလိုမ်ိဳး သူ႔ကိုခ်က္ခ်င္း ဆူပြတ္သြားေစသည္။
ဟုန္ခ်န္းမင္း ကသတိလက္လြတ္ ႏႈတ္ခမ္းကို ေစ့လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုေမာ့ၾကည့္လိုက္သည္။
ဘယ္သူေခၚတာလဲ? ဟုန္ခ်န္းမင္း သိခ်င္သြားသည္။
ထိုအခ်ိန္တြင္ လီဂ်င္းယြမ္ ကေခါင္းငုံ႔ေနခဲ့ၿပီး သူ႔အေရွ႕ကို ခရင္ထည့္ထားသည့္ ေပါင္မုန႔္မီးကင္ကို ခ်လိုက္သည္။ ပထမဆုံး အၾကည့္မွာ ဒါက တစ္ခုခု မွားယြင္းေနတာကို မျမင္ႏိုင္ေပမဲ့ သူ႔အျပဳအမူေတြက နည္းနည္းေတာ့ စက္႐ုပ္လိုမ်ိဳး ျဖစ္ေနသည္။ သူ႔လက္ေတြက လႈပ္ရွားေနေပမဲ့ သူ႔တစ္ကိုယ္လုံးက ေႏွာင့္ယွက္ခံေနရသည္။
ခရင္က ေပါင္မုန႔္ကေန ပန္းကန္ေပၚအထိ လွ်ံက်ေနတာကိုေတာင္ သူသတိမထားမိေပ။
ေဇာင္ယုဟြမ္ ကထိုအခ်က္ကို သတိျပဳမိလိုက္သည္။
“ကဲ၊ အခုေျပာခ်င္တဲ့ သတင္းအသစ္က ဘာမ်ားလဲ?” ေဇာင္ယုဟြမ္ ကတစ္ဖက္ကို ေျပာလိုက္ၿပီး လီဂ်င္းယြမ္ ကိုလက္သုတ္ လွမ္းေပးလိုက္သည္။
ဒါေပမဲ့ လီဂ်င္းယြမ္ ကမယူေပ။
#ၾကာေနလို႔ ေမ့ေတာင္ေမ့ေနၾကၿပီလား ကိုယ္မအားတာနဲ႔ အပ်င္းတစ္ေနတာနဲ႔ ေပါင္းၿပီး ပိုၾကာသြားတာ 😁😁
5.2.2021 (Fri)
……………………
[text_hash] => 9902eeff
)