Array
(
[text] =>
Unicode
လက်ထောက်ချန်း ကည ၁၀:၁၁ နာရီတွင် လျန်ဂျင်းဇီ ထံမှ ဖုန်းဆက်လာမှုကြောင့် နိုးလာခဲ့သည်။
သူ့ရဲ့လေးလံနေသည့် မျက်လုံးတွေကို ဖွင့်လိုက်ပြီး သူ့ဖုန်းကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်နေပြီးမှ လန်ဂျင်းဇီ ကဖုန်းခေါ်လာတာက အမှန်တကယ်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။
လက်ထောက်ချန်း က လန်ဂျင်းဇီ ရဲ့ပြဿနာကို ဖြေရှင်းပြီး ပြန်လှဲချလိုက်ချိန်အထိ အိပ်ချင်နေတုန်းဖြစ်သည်။
နောက်ဆုံးတွင် လန်ဂျင်းဇီ ကကွန်မန့်အား အောင်မြင်စွာ ပေးနိုင်ခဲ့သည်။
သူပေးလိုက်သည့် ကွန်မန့်က မျက်နှာပြင်တွင် သွားနေတာကို ကြည့်လိုက်ပြီး ကျေနပ်နေသည်။ အရင်က ပုံမှန်ပေးပို့နေကျ စာတွေက သူ့အား ဘယ်လိုမှ မခံစားရပေ။
ညီမလေး [ဓာတ်ပုံ]
မကြာခင်မှာပဲ သဘောကျမှုများ (like) နဲ့ကွန်မန့်များက အတန်းလိုက် ရရှိခဲ့သည်။
အစပိုင်းတွင် ထိတ်လန့်ပြီးနောက် သူဌေးကြီးက sis-con(ညီမအား အရမ်းချစ်မြတ်နိုးသူ) ဖြစ်သည်ဟု လူတိုင်းက လက်ခံခဲ့သည်။ သက်လတ်ပိုင်း အမျိုးသားများတွင် လူတိုင်းက သူတို့ေကာလိပ်က ကလေးတွေ၊ သူတို့သူဌေးအတွက် အကြိုက်ဆောင်ကြသည်။ ဒီနည်းလမ်းဖြင့် လန်ဂျင်းဇီ ကနေ သူတို့ရဲ့ရိုးသားမှုကို သက်သေပြလိမ့်မည်!
သူတို့အများစုက လန်ဂျင်းဇီ ရဲ့ညီမကို TV တွင်သာ မြင်ဖူးကြပြီး ဒီနာမည်အား သူ့တို့နှလုံးသားထဲတွင် လျှို့ဝှက်စွာ မှတ်သားထားခဲ့ကြသည်။
《အချိန်ကူးေပြာင်းခြင်း》ကိုထုတ်လွှတ်ခြင်းက အလျင်အမြန် ပြီးဆုံးသွားခဲ့ပေမဲ့ မျှော်လင့်ချက်များနှင့် ဆန့်ကျင်စွာဖြင့် #
ဇောင်ယုဟွမ်# ကတော့ ရှာဖေွမှုတွင် ဟော့ဖြစ်နေတုန်းပင်။
ဇောင်အိမ်တော်ရဲ့ အတင်းအဖျင်း ကိစ္စတွေက တဖြည်းဖြည်းနဲ့ လျော့ပါးလာခဲ့တာ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ ဇောင်ယုဟွမ် ကနိုင်ငံခြားတွင် ပညာသင်သွားပြီးနောက် အင်တာနက်တွင် သူမအကြောင်းကို ရှာဖွေရဖို့က ခက်ခဲသွားခဲ့သည်။ သို့သော်《အချိန်ခရီးသွာခြင်း》ရဲ့လူကြိုက်များမှုနှင့် အသက်အရွယ်လိုက် နိုင်ငံသားတွေက တရုတ်ပြည်တွင် နေထိုင်ခဲ့သည့် ဇောင်ယုဟွမ် ရဲ့အကြောင်းတွေကို ရှာဖွေခဲ့ပေမဲ့ ဘာကိုရှာမတွေ့ပေ။ နည်းပြက ဇောင်ယုဟွမ် ကို ဟေလို့စ်စီ လို့ခေါ်လိုက်တာကြောင့် ထိုနာမည်မှ နိုင်ငံခြားရှိ ဇောင်ယုဟွမ် ရဲ့ဓာတ်ပုံတွေကို နောက်ဆုံးတော့ ရှာတွေ့သွားခဲ့သည်။
ထိုဓာတ်ပုံတွေနဲ့ ရှိုးပွဲမှ ဓာတ်ပုံတွေနဲ့အတူ ဇောင်ယုဟွမ် သည်ရှာဖွေမှုတွင် ထိပ်ဆုံးကို ခိုင်မာစွာ နေရာယူထားခဲ့သည်။
ဖျော်ဖြေရေး သတင်းအပိုင်းလေး : မကြာသေးခင်က တချို့အင်တာနက် အသုံးပြုသူေတွက ဇောင်ယုဟွမ် ရဲ့နိုင်ငံခြားမှ ဓာတ်ပုံတချို့ကို ရှာေဖွတွေ့ရှိခဲ့တယ်… [ဓာတ်ပုံ] [ဓာတ်ပုံ] …
ပထမဆုံး 1-3 ပုံက ဇောင်ယုဟွမ် သည်နိုင်ငံခြားတွင် အထက်တန်း တက်ရောက်ချိန်က လန်ဒန် နဲ့တခြားသူများနဲ့အတူ ရိုက်ထားသည့် ဓာတ်ပုံများဖြစ်ပြီး ပြဇာတ်တွင် ပါဝင်ခဲ့သည့် ဓာတ်ပုံများလည်း ပါရှိသည်။
4-7 ပုံတွေကတော့ ဟန်ယင်ယင် နဲ့တခြားသူတွေနဲ့အတူ နိုင်ငံခြားကို သွားရောက်ချိန်က ရိုက်ထားသည့် ဓာတ်ပုံဖြစ်သည်။
၈ ပုံမြောက်နဲ့ ၉ ပုံမြောက်ကတော့ ဟုန်ချန်းမင်း နဲ့သူမတို့ မနက်စာ စားနေသည့်ပုံဖြစ်သည်။
ဇောင်ယုဟွမ် သည်ညဝတ်စံုဖြင့် အိပ်ရာမှ ထလိုက်သည်။ ဆံပင်က ပြေလျော့နေပြီး ခုံပေါ်တွင် ပျင်းရိစွာ လှဲလိုက်ကာ Webio မှသတင်းကို ဖတ်နေစဉ် ပဲနို့ကို သောက်နေခဲ့သည်။
အွန်လိုင်းေပါ်ရှိ အရည်အချင်း ရှိသူတွေကြောင့် သူမ သက်ပြင်းချလိုက်သည်။ သူတို့ လိုချင်နေသ၍ သူတို့ မရှာနိုင်ဘူးဆိုတာ မရှိဘူး!
ဟန်ယင်ယင်၊ လန်ဒန် နဲ့တခြားသူတွေက အစပိုင်းက ဓာတ်ပုံတွေကို တင်ထားတာ ဖြစ်နိုင်ပေမဲ့ နောက်ဆုံးက ဓာတ်ပံုနှစ်ပုံက ဘယ်လိုထွက်ပေါ်လာလဲဆိုတာ ဇောင်ယုဟွမ် မပြောနိုင်ပေ။
ဟုန်ချန်းမင်း နဲ့သူမကလည်း စားသောက်နေတာဆိုတော့ ရှိုးပွဲထဲက တစ်ယောက်ယောက်က လျှို့ဝှက်ပြီး ရိုက်ယူခဲ့တာလား? သူတို့ ဘယ်အချိန်က လုပ်ခဲ့တာလဲ?
သူမ ဘာမှမခံစားခဲ့ရဘူး!
ဇောင်ယုဟွမ် ကပဲနို့ကို ကုန်အောင်သောက်လိုက်သည်။
ပဲနို့ဗူးကို အောက်ချလိုက်ပြီး လက်သုတ်ကိုယူကာ သူမပါးစပ်ကို သုတ်လိုက်ပြီးနောက် ကွန်မန့်နေရာကို နှိပ်လိုက်သည်။
ကွန်မန့်ေနရာက အတော်လေးကို ရှင်သန်နေသည်။ ပဲနို့တစ်ခွက် သောက်ပြီးရုံတွင် ကွန်မန့်တွေက တစ်သောင်းကျော်လောက် ရှိနေပြီဖြစ်သည်။
“ဇောင်ယုဟွမ် ကတကယ့်ကိုလှပပြီး စိတ်ထားကောင်းတာပဲ၊ သူမက အနောက်တိုင်း မိန်းကလေးတွေနဲ့ ရပ်လိုက်ချိန်မှာ တခြားသူတွေကို လုံးဝကို ဖိနှိပ်နိုင်တယ်…”
“သူမက တကယ်ပဲ နိုင်ငံခြားမှာ ပညာသင်ခဲ့တာလား? သူမက တော်တော်လေး လူကြိုက်များပုံပဲ။ _ (: зゝ∠) _ ဒီလိုပုံစံမျိုး အသွင်အပြင်က အရမ်းကောင်းတာပဲ”
“တကယ်ပဲ၊ ဟုန်လေး နဲ့အစ်ကိုလေးလီ တို့က သူမကို အရင်ကတည်းက သိခဲ့ကြတာပဲ! သူတို့က အတူတူတောင် မနက်စာ စားကြသေးတာ်၊ သူတို့က မချိတ်ဆက်ဖူးဘူးလို့ တစ်စုံတစ်ယောက်က ပြောလာရင် ငါလံုးဝကို မယုံဘူး”
(ချစ်နေကြတာလို့ ပြောချင်တာ 😁😁 ဒီနေရာဖတ်ပြီး ကြိတ်ပျော်)
ထိုစာကိုဖတ်လိုက်ပြီး ဇောင်ယုဟွမ် ကတံတွေးသီးမလို ဖြစ်သွားသည်။
ဟုန်ချန်းမင်း နဲ့သူမက ချိတ်ဆက်ထားတာလား?
Nonononono!
ဇောင်ယုဟွမ် ကထိုကွန်မန့်ကို အလျင်အမြန် ကျော်လိုက်ပြီး အောက်ကိုဆက်ဆွဲချလိုက်သည်။
“ငါကပဲ သတိထားမိတဲ့ တစ်ယောက်တည်းသောသူလား? ဒါက ဘာဘယ်ရီရဲ့ နွေဦး နွေရာသီ အထက်တန်းအဆင့် ဝတ်ဆင်ခြင်း ရှိုးပွဲမလား? လီဂျင်းယွမ် လည်းအဲ့မှာရှိလား?”
“မင်း တစ်ယောက်တည်း မဟုတ်ဘူး”
“သူတို့က သူငယ်ချင်းတွေလား၊ ဒါမှမဟုတ် တခြားဆက်ဆံရေးလားဆိုတာ တကယ်ပဲ သိချင်နေမိတယ်…”
“ဘယ်သူမှ သတိမထားမိဘူးလား? ဓာတ်ပုံတစ်ခုမှာ ဇောင်ယုဟွမ် နဲ့သခင်လေးရန် တို့မလား? အဲ့ဒါက《အချိန်ခရီးသွာခြင်း》ရဲ့ပရိုဂျူဆာက သခင်လေးရန်ရဲ့ အစ်မမလား? သူမနာမည်က ရန်ဇီ လား? သူမက မကြာခင်မှာ ရန်မိသားစုရဲ့ ကုမ္ပဏီအားလုံးကို အမွေဆက်ခံရမယ်လို့ ငါကြားထားတယ်”
“…Wow ဒါကကိစ္စကြီးပဲ။ ဒါဆို ဇောင်ယုဟွမ် ကသခင်ေလးရန် ရဲ့ကောင်မလေးလား? သူမကောင်လေးက ရှိုးပွဲမှာ ပါဝင်စေတာလား? ဒါက ဖျော်ဖြေရေးလောကကို ဝင်ရောက်ဖို့ စတင်တာလား?”
“ဓာတ်ပုံထဲက တခြားသူတွေ ကြည့်ဖို့ကိုလည်း မင်းတို့ကို တောင်းဆိုပါတယ်၊ အိုကေ? = , =”
“အပေါ်က တစ်ယောက် (LS) +1 ဟန်ယင်ယင် ကအနောက်မှာ ရပ်နေတာလား? သူမက ပုံေတွမကြာမကြာ တင်တတ်တယ်။ ဟန်မိသားစုရဲ့ မင်းသမီးလေးပဲ။ လူတိုင်းက အတူတူ ရှိနေကြတာကို ဇောင်ယုဟွမ် နဲ့ ရန်ဆန်း တို့ပဲရှိေနသလိုမျိုး မင်းကဘာကြောင့် ပြုမူနေရတာလဲ?”
“… ဒီလိုသာဆိုရင် ဇောင်ယုဟွမ် ဘေးကနောက်တစ်ယောက်ကလည်း မြင်ဖူးသလိုပဲ”
“ဟန်ယင်ယင် ကိုငါရှာလိုက်တယ်၊ တခြားသူတွေကိုလည်း တွေ့ခဲ့တယ်။ အင်း… အနှစ်ချုပ်ပြမယ်၊ ပုံေတွ 4-7 မှာ သခင်လေးရန်၊ တစ်ဦးတည်းေသာသား ဇုန်ချီချန်း၊ တတိယသားနဲ့ သမီးဖြစ်တဲ့ ဝမ်ဂျီ နဲ့ ဂျီထျန်မင်…. သူတို့အားလုံးက INS တွေမှာ မကြာမကြာ ဓာတ်ပုံတင်ကြတယ်”
“My god! သူတို့အားလုံးက ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေမလား?”
“အခု မေးခွန်းကတော့ ဇောင်ယုဟွမ် ရဲ့အဆင့်အတန်းက ဘာလဲ?”
“ငါအရင်ဆုံး ခန့်မှန်းလိုက်မယ်! သူမက အဆင့်မြင့် ရှိုးပွဲတွေကို ပါဝင်နိုင်တယ်၊ ဘာသာစကား အများကြီးကို သိတယ်၊ နိုင်ငံခြားမှာ ပညာတော်သင်ခဲ့တယ်၊ UK မှာမြင်းစီးတောင် သင်ခဲ့တယ်၊ နောက်ပြီး ရန်ဆန်း နဲ့ ဟန်ယင်ယင် တို့လိုလူမျိုးတွေနဲ့လည်း သိတယ်။ သူတို့က အတူတူတောင် ဓာတ်ပုံရိုက်ကြသေးတယ်… OJBK ပဲ၊ သူမက ချမ်းသာတဲ့ ဒုတိယမျိုးဆက်ပဲ ဖြစ်လိမ့်မယ်” (ojbk ကသဘောတူဖို့ ဆန္ဒမရှိ)
“ဒါဆို သူမပြောခဲ့တဲ့ လျော့ပေးတာတွေက တကယ့်ကို လျော့ပေးတာပေါ့။ သူတို့လို ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေ အတွက်တော့ ကဒ်တောင်မလိုဘူးပဲ။ ဟိုတယ်တွေ၊ ဈေးဝယ်စင်တာတွေ အများစုမှာ သူတို့မျက်နှာကို ပြလိုက်ရုံပဲ။ ယင်ချီချီ ရဲ့ပုံစံကို ပြန်တွေးမိလိုက်ရင် ဒါက နည်းနည်းတော့ ရယ်ရတယ်”
“ဒါက တကယ်ပဲ လှပပြီး ချမ်းသာတဲ့ အမျိုးသမီးလေးပဲ။ လီဂျင်းယွမ် ကသူမအပေါ် စိတ်သဘောထား ကောင်းနေတာက အံ့ဩစရာ မရှိတော့ဘူး၊ ဇောင်ယုဟွမ် ကလည်း အပြန်အလှန်အနေနဲ့ သူ့ကိုကြင်နာပေးတာေပါ့”
“အပေါ်က (LS) မင်းမျက်လုံးတွေက ကန်းနေတာလား? လီဂျင်းယွမ် ကရင်းနှီးမှုကို ပြသနေတာကို မမြင်နိုင်တာလား? ဇောင်ယုဟွမ် ကလည်း လီဂျင်းယွမ် ကိုရင်းရင်းနှီးနှီး ဆက်ဆံနေတာလေ”
“လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က သူမအပေါ်မှာ ကောင်းမွန်တဲ့ ခံစားချက်တွေ ရှိနေတာက အမှန်မဟုတ်ဘူးလား?”
…
ဇောင်ယုဟွမ် ကထိုအနေရာအထိ ဖတ်နေခဲ့ပြီး ဆက်မဖတ်တော့ပေ။
ကွန်မန့်တွေက ရှုပ်ထွေးနေပြီး ရည်ရွယ်ချက်တွေက သိပ်မကွာခြားပဲ စတင်တုိက်ခိုက်နေကြသည်။
ဖုန်းကိုပိတ်လိုက်ပြီး လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကတကယ်ပဲ သူမအပေါ် ဆက်ဆံတာ ပုံမှန်မဟုတ်ဘူးလားဆိုတာကို တွေးလိုက်သည်။
သူတို့က အချိန်အတော်ကြာ အတူတူေနထိုင်ခဲ့ကြတာေကြာင့် ဒီလိုဖြစ်နေတာ ဖြစ်နိုင်တယ်!
အင်တာနက် သုံးတဲ့သူတွေ ထင်နေကြသလိုမျိုး မဟုတ်ဘူး။
လီဂျင်းယွမ် ကအောက်ထပ် ဆင်းလာတာကို မြင်လိုက်ပြီး သူမက အံ့ဩသွားကာ ပြောလိုက်သည်။ “ဂျင်းယွမ်၊ ဒီနေ့ ဘာမှမရှိဘူးလား?”
လီဂျင်းယွမ် : “အခုတော့ မရှိသေးဘူး”
ထိုနောက် ဟုန်ချန်းမင်း ကလည်း အောက်ထပ်ကို ဆင်းလာခဲ့သည်။ မနေ့က သူဝိုင်နည်းနည်း သောက်လိုက်တာကြောင့် အိပ်ယာထ နောက်ကျသွားတာ ဖြစ်သည်။
ဇောင်ယုဟွမ် ကသူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ “ဒီနေ့ ဘယ်သူမှ အချိန်ဇယား မရှိဘူးလား?”
ဟုန်ချန်းမင်း ကသူ့ပါးစပ်ဖွင့်ပြီး ပြောတော့မဲ့အချိန်တွင်တွင် သူ့စကားတွေကို ပြောင်းလိုက်ကာ ပြောလိုက်သည်။ “အင်း… မရှိဘူး”
“ဒါကောင်းတယ်၊ ဒါဆို ဟွမ်ဟွမ် နဲ့အတူ အဖိုးဆီကို အလည်သွားရအောင်”
“အိုကေ”
ဇောင်ယုဟွမ် ကအပေါ်ထပ် တက်သွားပြီး အဝတ်လဲလိုက်သည်။ မိတ်ကပ်လိမ်းရမှာ ပျင်းတာကြောင့် ဒီအတိုင်းသာ ပြန်ထွက်လာလိုက်သည်။
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က အပြင်တွင် စောင့်နေခဲ့ကြသည်။
ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ရဲ့အိတ်ကို ယူလိုက်ပြီး လီဂျင်းယွမ် ကကားတံခါးကို ဖွင့်လိုက်သည်။
သူတို့ကားထဲကို ဝင်ပြီးနောက် ယွဲ့လန်ဗီလာကို ဦးတည်ခဲ့ကြသည်။
…
ဇောင်ယုဟွမ် နှင့်ပတ်သက်သည့် ကွန်မန့်တွေက ရှိုးပွဲအား ပေါက်ကွဲစေခဲ့သည်။ အရာများကို တဖြည်းဖြည်းချင်း တူးထုတ်ကြပြီး မီဒီယာက သူမသတင်းတွေကို အနံ့ခံလိုက်ခံကြသည်။
ဇောင်ယုဟွမ် သည်အဖိုးဒင် နဲ့နေ့လည်စာ စားပြီး လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ငါးမျှားကာ ချက်စ် ကစားခဲ့ကြသည်။ ထို့နောက် လန်ဂျင်းဇီ ကိုလူတုိင်းက စောင့်နေခဲ့ကြပြီး ဗီလာမှမပြန်ခင် အတူတူ ညစာစားခဲ့ကြသည်။
ဗီလာမှ ထွက်လာပြီးနောက် လီဂျင်းယွမ် ကမျက်မှောင်ကြုတ်လိုက်သည်။ “ဒီအနားမှာ ပါပါရာဇီ ရှိတယ်”
ဇောင်ယုဟွမ် သည်ကင်မရာတွေအပေါ် အာရုံမရှိပဲ ဟုန်ချန်းမင်း နဲ့ လန်ဂျင်းဇီ တို့ကလည်း အာရုံမစိုက်ပေ။ သူတို့က ဖျော်ဖြေရေး လောကက မဟုတ်တာကြောင့် တားဆီးဖို့ အစီစဉ်မရှိပေ။
သို့သော် ဇောင်ယုဟွမ် ကချက်ချင်း တုန့်ပြန်လိုက်သည်။ “ဟွမ်ဟွမ်တို့ အဖိုးအတွက် လက်ဆောင်ဝယ်တဲ့ နေရာမှာ တွေ့ကြမယ်”
“ဝမ်းကွဲ အရင်သွားပါ” ဇောင်ယုဟွမ် ကပြောလိုက်သည်။
လန်ဂျင်းဇီ ကမျက်မှောင်ကြုတ်လိုက်သည်။ “မီဒီယာသမားတွေက ဒီမှာရှိနေကြပြီ၊ ဆိုးလိုက်တာ”
ဇောင်ယုဟွမ် ကသက်ပြင်းချလိုက်သည်။ “ဟွမ်ဟွမ် တို့ဘာမှ မလုပ်နိုင်ဘူး၊ လူတွေက စားသောက်ဖို့ လိုအပ်တယ်၊ ဒါကို တားဆီးလို့မရဘူး”
လန်ဂျင်းဇီ ကမျက်လုံး လှိမ့်လိုက်ကာ ပြောလိုက်သည်။ “ငါနဲ့အတူ မင်း ကားထဲကနေ အရင်ထွက်လိုက်”
ဇောင်ယုဟွမ် : “ဟမ်?”
လီဂျင်းယွမ် ကချက်ချင်း ပြောလိုက်သည်။ “ဟွမ်ဟွမ် နဲ့အစ်ကိုက အရင်သွားလိုက်”
ဟုန်ချန်းမင်း ကထပ်ပေါင်း ပြောလိုက်သည်။ “ငါထွက်ပြီးရင် ဟွမ်ဟွမ်တို့ နှစ်ေယာက်ထွက်လိုက်”
တစ်ယောက်တည်း ကျန်နေခဲ့သည့် လီဂျင်းယွမ် : “…”
ဟုန်ချန်းမင်း ကလှည့်လိုက်ပြီး ပြောလိုက်သည်။ “မင်းက ဒီအပိုင်းကပဲ၊ ဒါကို ဘယ်လိုလုပ်ရမလဲ မင်းသေချာသိမှာပေါ့”
လီဂျင်းယွမ် : “…”
မင်းက တစ်ခါမှ ကင်မရာရှေ့မှာ မနေဖူးသလိုမျိုး ပြောနေတာပဲ!
ဟုန်ချန်းမင်း ကအလျင်အမြန် လှုပ်ရှားလိုက်ပြီး တံခါးဖွင့်ကာ လျှောက်သွားလိုက်သည်။
“ဟွမ်ဟွမ်၊ အရင်ထွက်လိုက်” လန်ဂျင်းဇီ က ဇောင်ယုဟွမ် ရဲ့လက်ကို ကိုင်လိုက်ပြီး ကားထဲကနေ ထွက်ဖို့လုပ်ခိုင်းလိုက်သည်။
ဇောင်ယုဟွမ် ကယဉ်ကျေး မနေတော့ပဲ ကားထဲကနေ အရင်ဆုံး ထွက်လိုက်သည်။
ဟုန်ချန်းမင်း ကဝင်ပြီးသွားပြီး လန်ဂျင်းဇီ ကသူ့အနောက်ကနေ လျှောက်သွားခဲ့သည်။
ဟုန်ချန်းမင်း ကဘာမှမပြောပဲ ရပ်လိုက်သည်။ သူက ဟွမ်ဟွမ် ရဲ့သွေးသားရင်း ဝမ်းကွဲဖြစ်သည်။
ဒရိုက်ဘာက လီဂျင်းယွမ် ကိုထိုနေရာတွင် ထားခဲ့ပြီး ကားကိုချက်ချင်း မောင်းထွက်သွားခဲ့သည်။
နောက်မနက်တွင် #ေဇာင်ယုဟွမ်နဲ့ လီဂျင်းယွမ် တို့ရဲ့ဓာတ်ပုံ# ကချက်ချင်းပဲ ရှာဖွေမှု အများဆုံး ဖြစ်သွားခဲ့သည်။
ဝင်ကြည့်လိုက်ရင် ကွန်မန့်တွေ အားလုံးက ရယ်ေနကြသည်။
“ဟားဟားဟားဟား၊ ဘာကြောင့် ဟုန်လေးက ရှာဖွေမှုထဲမှာ ဟော့မဖြစ်ရတာလဲ? သူလည်း အသေအချာကြီးကို အဲ့မှာရှိနေတာပဲလေ!”
“ရယ်လွန်းလို့ အူတက်သေပြီ၊ ဒီရှာဖွေမှုက သေချာပေါက်ကို ဟုန်လေးဘက်ကို မရပ်တည်ပဲ လီဂျင်းယွမ် x ဇောင်ယုဟွမ် တို့အတွဲကို သဘောကျတဲ့သူက လုပ်ထားတာပဲ”
“ဟုန်လေး အရမ်းစိတ်ဆိုးမှာပဲ :DDD”
“ရယ်နေတာ ရပ်လိုက်၊ ဟားဟားဟားဟား၊ ဒါပေမဲ့ ဒါက တကယ်ကို ရယ်ရတယ်။ ဒီသုံးယောက်က ဘာကြောင့် အတူတူ သွားစားကြလဲဆိုတာကို ငါတကယ်ပဲ သိချင်နေတယ်။ နောက်ပြီး ဘေးက ချောမောတဲ့ အစ်ကိုကြီးက ဘယ်သူလဲ? သူလည်း အရမ်းကိုချောတယ်မလား?”
“အပေါ်က (LS) မင်းသတင်းတွေ မကြည့်ဘူးလား! သူက သတင်းတွေမှာ မကြာမကြာ ပါတယ်လေ! သူက မြို့တော်မှာ အငယ်ဆုံး ခေါင်းဆောင် တစ်ယောက်ပဲ!”
“My god… ဒီလူတွေက… ချမ်းသာတဲ့ ဒုတိယမျိုးဆက် + သူဌေး?”
“ဒါ လန်ဂျင်းဇီ မလား? အို၊ ဇောင်ယုဟွမ် ရဲ့နောက်ခံကို ငါသိပြီထင်တယ်။ လန်ဂျင်းဇီ ရဲ့အမေက ဒင်မိသားစုကပဲ၊ နောက်ပြီး ဒင်မိသားစုမှာ သမီးနှစ်ယောက်ရှိတယ်။ တခြားသမီး တစ်ယောက်က ဇောင်မိသားစုနဲ့ လက်ထပ်ခဲ့တဲ့ ဒင်ရူရွယ် ပဲ။ ဇောင်ယုဟွမ် ကဇောင်မိသားစုက တစ်ဦးတည်းသော သမီး ဟုတ်တယ်မလား? သူဌေးဇောင်ချီ ကပြီးခဲ့တဲ့ နှစ်တွေကမှ ဆုံးသွားခဲ့တာ။ ဒီအချိန်အတွင်းမှာ ချမ်းသာတဲ့ မိသားစုတွေကြားမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တဲ့ သတင်းတွေ ရှိခဲ့တယ်။ ဇောင်ချီ ရဲ့ဆက်ခံသူကလည်း ထောင်ထဲရောက်သွားပြီ… ဒါ့ကြောင့် အခုတော့ ဇောင်ချီ နဲ့ ဒင်ရူရွယ် တို့ပိုင်ဆိုင်တဲ့ ဇောင်မိသားစုက ငွေတွေအားလုံးကို သူတို့သမီးကပဲ ရလိမ့်မယ်။ ဒါ့ကြောင့်… တိုင်းပြည်မှာ ဇောင်ယုဟွမ် ကအငယ်ဆုံး ချမ်းသာတဲ့ အမျိုးသမီး ဖြစ်လာတာလား? Damn it!”
“ဘာကြောင့် သူမက ဖျော်ဖြေရေး လောကထဲကို ဝင်ခဲ့ရတာလဲ? လျှို့ဝှက်ပူးပေါင်းနေတဲ့ သီအိုရီတွေကို ရပ်လိုက်၊ အိုကေ? သူမမှာ ငွေတွေက ရှိပြီးသားပဲ၊ ဟုန်ေလးလိုမျိုး ရှိုးပွဲမှာ ပျော်ဖို့အတွက် ရန်ဆန်း ရဲ့အစ်မကို အကူအညီ တောင်းခဲ့တာမလား?”
“ငါအရမ်း ထိတ်လန့်သွားတာပဲ! ဒါဆို ဇောင်ယုဟွမ် နဲ့ လန်ဂျင်းဇီ တို့ရဲ့မိသားစု တွေ့ဆံုပွဲလား? ဒါဆို လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ဘာကြောင့် အတူတူ သွားကြတာလဲ? သူတို့က ကောင်လေးဆိုရင်တောင် နှစ်ယောက်လုံးကို ခေါ်သွားစရာ မလိုဘူးမလား?”
“မိသားစုမိတ်ေဆွတွေလား? ငယ်ချစ်ပံုစံမျိုးလား?”
“လန်ဂျင်းဇီ နဲ့ ဇောင်ယုဟွမ် ရဲ့အဖိုးက ယွဲ့လန်ဗီလာမှာ၊ ဒါကြောင့် သူတို့က သူတို့အဖိုးဆီကို သွားကြတာလား? လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နှစ်ယောက်ကို ခေါ်သွားတာ… ကောင်းပြီ… ဒါက ထူးဆန်းတယ်၊ သူတို့က မိသားစု မိတ်ဆွေတေွလား? ငါနားမလည်ဘူး”
“_ (: ゝ∠) _ မနေ့က ထုတ်လွှင့်ချိန်မှာ ကွန်မန့်ကို ငါတွေ့ခဲ့တယ်။ အဲ့အချိန်က ဒါက အရမ်းကို အဓိပ္ပာယ်မရှိဘူးလို့ ငါထင်ပေမဲ့ အခု အဲ့အကြောင်းကို စဉ်းစားမိတော့ ဒါက အမှန်ဖြစ်နိုင်တယ်။ ဇောင်ယုဟွမ်၊ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့က မောင်နှမဆက်ဆံရေးလို့ ပြောတယ်…”
…
နောက်နေ့မနက်စောစောတွင်
လီဂျင်းယွမ် ရဲ့ ဖုန်းက မြည်လာခဲ့ပြီး သတင်းအကြောင်းအား သူ့ကို ပြောခဲ့တာ ဖြစ်သည်။
လီဂျင်းယွမ် သည် WeChat မှမက်ဆေ့ခ်ျအသစ်များကို တွေ့လိုက်ရသည်။ ထိုစာတွေက အရည်အချင်း ရှိုးပွဲမှ ပါဝင်သူတွေဆီမှ ဖြစ်သည်။
တစ်ယောက်ထဲကို ဝင်ကြည့်လိုက်သည်။
【F**k! အစ်ကိုလီ! ဇောင်ယုဟွမ် ကမင်းရဲ့တကယ့် အစ်မလား? ကျေးဇူးပြုပြီး ငါနဲ့မိတ်ဆက်ေပးပါ!】
လီဂျင်းယွမ် ကအိပ်ရာမှ ထလိုက်ပြီး သူ့ဖုန်းကိုတောင် ခွဲပစ်လုနီးပါး ဖြစ်သွားသည်။
23.12.2020 (Wed)
…………………………
Zawgyi
လက္ေထာက္ခ်န္း ကည ၁၀:၁၁ နာရီတြင္ လ်န္ဂ်င္းဇီ ထံမွ ဖုန္းဆက္လာမႈေၾကာင့္ ႏိုးလာခဲ့သည္။
သူ႔ရဲ႕ေလးလံေနသည့္ မ်က္လုံးေတြကို ဖြင့္လိုက္ၿပီး သူ႔ဖုန္းကို စကၠန႔္အနည္းငယ္ေလာက္ စိုက္ၾကည့္ေနၿပီးမွ လန္ဂ်င္းဇီ ကဖုန္းေခၚလာတာက အမွန္တကယ္ျဖစ္ေၾကာင္း အတည္ျပဳလိုက္သည္။
လက္ေထာက္ခ်န္း က လန္ဂ်င္းဇီ ရဲ႕ျပႆနာကို ေျဖရွင္းၿပီး ျပန္လွဲခ်လိုက္ခ်ိန္အထိ အိပ္ခ်င္ေနတုန္းျဖစ္သည္။
ေနာက္ဆုံးတြင္ လန္ဂ်င္းဇီ ကကြန္မန႔္အား ေအာင္ျမင္စြာ ေပးႏိုင္ခဲ့သည္။
သူေပးလိုက္သည့္ ကြန္မန႔္က မ်က္ႏွာျပင္တြင္ သြားေနတာကို ၾကည့္လိုက္ၿပီး ေက်နပ္ေနသည္။ အရင္က ပုံမွန္ေပးပို႔ေနက် စာေတြက သူ႔အား ဘယ္လိုမွ မခံစားရေပ။
ညီမေလး [ဓာတ္ပုံ]
မၾကာခင္မွာပဲ သေဘာက်မႈမ်ား (like) နဲ႔ကြန္မန႔္မ်ားက အတန္းလိုက္ ရရွိခဲ့သည္။
အစပိုင္းတြင္ ထိတ္လန႔္ၿပီးေနာက္ သူေဌးႀကီးက sis-con(ညီမအား အရမ္းခ်စ္ျမတ္ႏိုးသူ) ျဖစ္သည္ဟု လူတိုင္းက လက္ခံခဲ့သည္။ သက္လတ္ပိုင္း အမ်ိဳးသားမ်ားတြင္ လူတိုင္းက သူတို႔ေကာလိပ္က ကေလးေတြ၊ သူတို႔သူေဌးအတြက္ အႀကိဳက္ေဆာင္ၾကသည္။ ဒီနည္းလမ္းျဖင့္ လန္ဂ်င္းဇီ ကေန သူတို႔ရဲ႕႐ိုးသားမႈကို သက္ေသျပလိမ့္မည္!
သူတို႔အမ်ားစုက လန္ဂ်င္းဇီ ရဲ႕ညီမကို TV တြင္သာ ျမင္ဖူးၾကၿပီး ဒီနာမည္အား သူ႔တို႔ႏွလုံးသားထဲတြင္ လွ်ိဳ႕ဝွက္စြာ မွတ္သားထားခဲ့ၾကသည္။
《အခ်ိန္ကူးေျပာင္းျခင္း》ကိုထုတ္လႊတ္ျခင္းက အလ်င္အျမန္ ၿပီးဆုံးသြားခဲ့ေပမဲ့ ေမွ်ာ္လင့္ခ်က္မ်ားႏွင့္ ဆန႔္က်င္စြာျဖင့္ #
ေဇာင္ယုဟြမ္# ကေတာ့ ရွာေဖြမႈတြင္ ေဟာ့ျဖစ္ေနတုန္းပင္။
ေဇာင္အိမ္ေတာ္ရဲ႕ အတင္းအဖ်င္း ကိစၥေတြက တျဖည္းျဖည္းနဲ႔ ေလ်ာ့ပါးလာခဲ့တာ ၾကာျမင့္ခဲ့ၿပီး ျဖစ္သည္။ ေဇာင္ယုဟြမ္ ကႏိုင္ငံျခားတြင္ ပညာသင္သြားၿပီးေနာက္ အင္တာနက္တြင္ သူမအေၾကာင္းကို ရွာေဖြရဖို႔က ခက္ခဲသြားခဲ့သည္။ သို႔ေသာ္《အခ်ိန္ခရီးသြာျခင္း》ရဲ႕လူႀကိဳက္မ်ားမႈႏွင့္ အသက္အ႐ြယ္လိုက္ ႏိုင္ငံသားေတြက တ႐ုတ္ျပည္တြင္ ေနထိုင္ခဲ့သည့္ ေဇာင္ယုဟြမ္ ရဲ႕အေၾကာင္းေတြကို ရွာေဖြခဲ့ေပမဲ့ ဘာကိုရွာမေတြ႕ေပ။ နည္းျပက ေဇာင္ယုဟြမ္ ကို ေဟလို႔စ္စီ လို႔ေခၚလိုက္တာေၾကာင့္ ထိုနာမည္မွ ႏိုင္ငံျခားရွိ ေဇာင္ယုဟြမ္ ရဲ႕ဓာတ္ပုံေတြကို ေနာက္ဆုံးေတာ့ ရွာေတြ႕သြားခဲ့သည္။
ထိုဓာတ္ပုံေတြနဲ႔ ရႈိးပြဲမွ ဓာတ္ပုံေတြနဲ႔အတူ ေဇာင္ယုဟြမ္ သည္ရွာေဖြမႈတြင္ ထိပ္ဆုံးကို ခိုင္မာစြာ ေနရာယူထားခဲ့သည္။
ေဖ်ာ္ေျဖေရး သတင္းအပိုင္းေလး : မၾကာေသးခင္က တခ်ိဳ႕အင္တာနက္ အသုံးျပဳသူေတြက ေဇာင္ယုဟြမ္ ရဲ႕ႏိုင္ငံျခားမွ ဓာတ္ပုံတခ်ိဳ႕ကို ရွာေဖြေတြ႕ရွိခဲ့တယ္… [ဓာတ္ပုံ] [ဓာတ္ပုံ] …
ပထမဆုံး 1-3 ပုံက ေဇာင္ယုဟြမ္ သည္ႏိုင္ငံျခားတြင္ အထက္တန္း တက္ေရာက္ခ်ိန္က လန္ဒန္ နဲ႔တျခားသူမ်ားနဲ႔အတူ ႐ိုက္ထားသည့္ ဓာတ္ပုံမ်ားျဖစ္ၿပီး ျပဇာတ္တြင္ ပါဝင္ခဲ့သည့္ ဓာတ္ပုံမ်ားလည္း ပါရွိသည္။
4-7 ပုံေတြကေတာ့ ဟန္ယင္ယင္ နဲ႔တျခားသူေတြနဲ႔အတူ ႏိုင္ငံျခားကို သြားေရာက္ခ်ိန္က ႐ိုက္ထားသည့္ ဓာတ္ပုံျဖစ္သည္။
၈ ပုံေျမာက္နဲ႔ ၉ ပုံေျမာက္ကေတာ့ ဟုန္ခ်န္းမင္း နဲ႔သူမတို႔ မနက္စာ စားေနသည့္ပုံျဖစ္သည္။
ေဇာင္ယုဟြမ္ သည္ညဝတ္စံုျဖင့္ အိပ္ရာမွ ထလိုက္သည္။ ဆံပင္က ေျပေလ်ာ့ေနၿပီး ခုံေပၚတြင္ ပ်င္းရိစြာ လွဲလိုက္ကာ Webio မွသတင္းကို ဖတ္ေနစဥ္ ပဲႏို႔ကို ေသာက္ေနခဲ့သည္။
အြန္လိုင္းေပၚရွိ အရည္အခ်င္း ရွိသူေတြေၾကာင့္ သူမ သက္ျပင္းခ်လိုက္သည္။ သူတို႔ လိုခ်င္ေနသ၍ သူတို႔ မရွာႏိုင္ဘူးဆိုတာ မရွိဘူး!
ဟန္ယင္ယင္၊ လန္ဒန္ နဲ႔တျခားသူေတြက အစပိုင္းက ဓာတ္ပုံေတြကို တင္ထားတာ ျဖစ္ႏိုင္ေပမဲ့ ေနာက္ဆုံးက ဓာတ္ပံုႏွစ္ပုံက ဘယ္လိုထြက္ေပၚလာလဲဆိုတာ ေဇာင္ယုဟြမ္ မေျပာႏိုင္ေပ။
ဟုန္ခ်န္းမင္း နဲ႔သူမကလည္း စားေသာက္ေနတာဆိုေတာ့ ရႈိးပြဲထဲက တစ္ေယာက္ေယာက္က လွ်ိဳ႕ဝွက္ၿပီး ႐ိုက္ယူခဲ့တာလား? သူတို႔ ဘယ္အခ်ိန္က လုပ္ခဲ့တာလဲ?
သူမ ဘာမွမခံစားခဲ့ရဘူး!
ေဇာင္ယုဟြမ္ ကပဲႏို႔ကို ကုန္ေအာင္ေသာက္လိုက္သည္။
ပဲႏို႔ဗူးကို ေအာက္ခ်လိုက္ၿပီး လက္သုတ္ကိုယူကာ သူမပါးစပ္ကို သုတ္လိုက္ၿပီးေနာက္ ကြန္မန႔္ေနရာကို ႏွိပ္လိုက္သည္။
ကြန္မန႔္ေနရာက အေတာ္ေလးကို ရွင္သန္ေနသည္။ ပဲႏို႔တစ္ခြက္ ေသာက္ၿပီး႐ုံတြင္ ကြန္မန႔္ေတြက တစ္ေသာင္းေက်ာ္ေလာက္ ရွိေနၿပီျဖစ္သည္။
“ေဇာင္ယုဟြမ္ ကတကယ့္ကိုလွပၿပီး စိတ္ထားေကာင္းတာပဲ၊ သူမက အေနာက္တိုင္း မိန္းကေလးေတြနဲ႔ ရပ္လိုက္ခ်ိန္မွာ တျခားသူေတြကို လုံးဝကို ဖိႏွိပ္ႏိုင္တယ္…”
“သူမက တကယ္ပဲ ႏိုင္ငံျခားမွာ ပညာသင္ခဲ့တာလား? သူမက ေတာ္ေတာ္ေလး လူႀကိဳက္မ်ားပုံပဲ။ _ (: зゝ∠) _ ဒီလိုပုံစံမ်ိဳး အသြင္အျပင္က အရမ္းေကာင္းတာပဲ”
“တကယ္ပဲ၊ ဟုန္ေလး နဲ႔အစ္ကိုေလးလီ တို႔က သူမကို အရင္ကတည္းက သိခဲ့ၾကတာပဲ! သူတို႔က အတူတူေတာင္ မနက္စာ စားၾကေသးတာ္၊ သူတို႔က မခ်ိတ္ဆက္ဖူးဘူးလို႔ တစ္စုံတစ္ေယာက္က ေျပာလာရင္ ငါလံုးဝကို မယုံဘူး”
(ခ်စ္ေနၾကတာလို႔ ေျပာခ်င္တာ 😁😁 ဒီေနရာဖတ္ၿပီး ႀကိတ္ေပ်ာ္)
ထိုစာကိုဖတ္လိုက္ၿပီး ေဇာင္ယုဟြမ္ ကတံေတြးသီးမလို ျဖစ္သြားသည္။
ဟုန္ခ်န္းမင္း နဲ႔သူမက ခ်ိတ္ဆက္ထားတာလား?
Nonononono!
ေဇာင္ယုဟြမ္ ကထိုကြန္မန္႔ကို အလ်င္အျမန္ ေက်ာ္လိုက္ၿပီး ေအာက္ကိုဆက္ဆြဲခ်လိုက္သည္။
“ငါကပဲ သတိထားမိတဲ့ တစ္ေယာက္တည္းေသာသူလား? ဒါက ဘာဘယ္ရီရဲ႕ ေႏြဦး ေႏြရာသီ အထက္တန္းအဆင့္ ဝတ္ဆင္ျခင္း ရႈိးပြဲမလား? လီဂ်င္းယြမ္ လည္းအဲ့မွာရွိလား?”
“မင္း တစ္ေယာက္တည္း မဟုတ္ဘူး”
“သူတို႔က သူငယ္ခ်င္းေတြလား၊ ဒါမွမဟုတ္ တျခားဆက္ဆံေရးလားဆိုတာ တကယ္ပဲ သိခ်င္ေနမိတယ္…”
“ဘယ္သူမွ သတိမထားမိဘူးလား? ဓာတ္ပုံတစ္ခုမွာ ေဇာင္ယုဟြမ္ နဲ႔သခင္ေလးရန္ တို႔မလား? အဲ့ဒါက《အခ်ိန္ခရီးသြာျခင္း》ရဲ႕ပ႐ိုဂ်ဴဆာက သခင္ေလးရန္ရဲ႕ အစ္မမလား? သူမနာမည္က ရန္ဇီ လား? သူမက မၾကာခင္မွာ ရန္မိသားစုရဲ႕ ကုမၸဏီအားလုံးကို အေမြဆက္ခံရမယ္လို႔ ငါၾကားထားတယ္”
“…Wow ဒါကကိစၥႀကီးပဲ။ ဒါဆို ေဇာင္ယုဟြမ္ ကသခင္ေလးရန္ ရဲ႕ေကာင္မေလးလား? သူမေကာင္ေလးက ရႈိးပြဲမွာ ပါဝင္ေစတာလား? ဒါက ေဖ်ာ္ေျဖေရးေလာကကို ဝင္ေရာက္ဖို႔ စတင္တာလား?”
“ဓာတ္ပုံထဲက တျခားသူေတြ ၾကည့္ဖို႔ကိုလည္း မင္းတို႔ကို ေတာင္းဆိုပါတယ္၊ အိုေက? = , =”
“အေပၚက တစ္ေယာက္ (LS) +1 ဟန္ယင္ယင္ ကအေနာက္မွာ ရပ္ေနတာလား? သူမက ပုံေတြမၾကာမၾကာ တင္တတ္တယ္။ ဟန္မိသားစုရဲ႕ မင္းသမီးေလးပဲ။ လူတိုင္းက အတူတူ ရွိေနၾကတာကို ေဇာင္ယုဟြမ္ နဲ႔ ရန္ဆန္း တို႔ပဲရွိေနသလိုမ်ိဳး မင္းကဘာေၾကာင့္ ျပဳမူေနရတာလဲ?”
“… ဒီလိုသာဆိုရင္ ေဇာင္ယုဟြမ္ ေဘးကေနာက္တစ္ေယာက္ကလည္း ျမင္ဖူးသလိုပဲ”
“ဟန္ယင္ယင္ ကိုငါရွာလိုက္တယ္၊ တျခားသူေတြကိုလည္း ေတြ႕ခဲ့တယ္။ အင္း… အႏွစ္ခ်ဳပ္ျပမယ္၊ ပုံေတြ 4-7 မွာ သခင္ေလးရန္၊ တစ္ဦးတည္းေသာသား ဇုန္ခ်ီခ်န္း၊ တတိယသားနဲ႔ သမီးျဖစ္တဲ့ ဝမ္ဂ်ီ နဲ႔ ဂ်ီထ်န္မင္…. သူတို႔အားလုံးက INS ေတြမွာ မၾကာမၾကာ ဓာတ္ပုံတင္ၾကတယ္”
“My god! သူတို႔အားလုံးက ခ်မ္းသာတဲ့ ဒုတိယမ်ိဳးဆက္ေတြမလား?”
“အခု ေမးခြန္းကေတာ့ ေဇာင္ယုဟြမ္ ရဲ႕အဆင့္အတန္းက ဘာလဲ?”
“ငါအရင္ဆုံး ခန႔္မွန္းလိုက္မယ္! သူမက အဆင့္ျမင့္ ရႈိးပြဲေတြကို ပါဝင္ႏိုင္တယ္၊ ဘာသာစကား အမ်ားႀကီးကို သိတယ္၊ ႏိုင္ငံျခားမွာ ပညာေတာ္သင္ခဲ့တယ္၊ UK မွာျမင္းစီးေတာင္ သင္ခဲ့တယ္၊ ေနာက္ၿပီး ရန္ဆန္း နဲ႔ ဟန္ယင္ယင္ တို႔လိုလူမ်ိဳးေတြနဲ႔လည္း သိတယ္။ သူတို႔က အတူတူေတာင္ ဓာတ္ပုံ႐ိုက္ၾကေသးတယ္… OJBK ပဲ၊ သူမက ခ်မ္းသာတဲ့ ဒုတိယမ်ိဳးဆက္ပဲ ျဖစ္လိမ့္မယ္” (ojbk ကသေဘာတူဖို႔ ဆႏၵမရွိ)
“ဒါဆို သူမေျပာခဲ့တဲ့ ေလ်ာ့ေပးတာေတြက တကယ့္ကို ေလ်ာ့ေပးတာေပါ့။ သူတို႔လို ခ်မ္းသာတဲ့ ဒုတိယမ်ိဳးဆက္ေတြ အတြက္ေတာ့ ကဒ္ေတာင္မလိုဘူးပဲ။ ဟိုတယ္ေတြ၊ ေဈးဝယ္စင္တာေတြ အမ်ားစုမွာ သူတို႔မ်က္ႏွာကို ျပလိုက္႐ုံပဲ။ ယင္ခ်ီခ်ီ ရဲ႕ပုံစံကို ျပန္ေတြးမိလိုက္ရင္ ဒါက နည္းနည္းေတာ့ ရယ္ရတယ္”
“ဒါက တကယ္ပဲ လွပၿပီး ခ်မ္းသာတဲ့ အမ်ိဳးသမီးေလးပဲ။ လီဂ်င္းယြမ္ ကသူမအေပၚ စိတ္သေဘာထား ေကာင္းေနတာက အံ့ဩစရာ မရွိေတာ့ဘူး၊ ေဇာင္ယုဟြမ္ ကလည္း အျပန္အလွန္အေနနဲ႔ သူ႔ကိုၾကင္နာေပးတာေပါ့”
“အေပၚက (LS) မင္းမ်က္လုံးေတြက ကန္းေနတာလား? လီဂ်င္းယြမ္ ကရင္းႏွီးမႈကို ျပသေနတာကို မျမင္ႏိုင္တာလား? ေဇာင္ယုဟြမ္ ကလည္း လီဂ်င္းယြမ္ ကိုရင္းရင္းႏွီးႏွီး ဆက္ဆံေနတာေလ”
“လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က သူမအေပၚမွာ ေကာင္းမြန္တဲ့ ခံစားခ်က္ေတြ ရွိေနတာက အမွန္မဟုတ္ဘူးလား?”
…
ေဇာင္ယုဟြမ္ ကထိုအေနရာအထိ ဖတ္ေနခဲ့ၿပီး ဆက္မဖတ္ေတာ့ေပ။
ကြန္မန႔္ေတြက ရႈပ္ေထြးေနၿပီး ရည္႐ြယ္ခ်က္ေတြက သိပ္မကြာျခားပဲ စတင္တုိက္ခိုက္ေနၾကသည္။
ဖုန္းကိုပိတ္လိုက္ၿပီး လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကတကယ္ပဲ သူမအေပၚ ဆက္ဆံတာ ပုံမွန္မဟုတ္ဘူးလားဆိုတာကို ေတြးလိုက္သည္။
သူတို႔က အခ်ိန္အေတာ္ၾကာ အတူတူေနထိုင္ခဲ့ၾကတာေၾကာင့္ ဒီလိုျဖစ္ေနတာ ျဖစ္ႏိုင္တယ္!
အင္တာနက္ သုံးတဲ့သူေတြ ထင္ေနၾကသလိုမ်ိဳး မဟုတ္ဘူး။
လီဂ်င္းယြမ္ ကေအာက္ထပ္ ဆင္းလာတာကို ျမင္လိုက္ၿပီး သူမက အံ့ဩသြားကာ ေျပာလိုက္သည္။ “ဂ်င္းယြမ္၊ ဒီေန႔ ဘာမွမရွိဘူးလား?”
လီဂ်င္းယြမ္ : “အခုေတာ့ မရွိေသးဘူး”
ထိုေနာက္ ဟုန္ခ်န္းမင္း ကလည္း ေအာက္ထပ္ကို ဆင္းလာခဲ့သည္။ မေန႔က သူဝိုင္နည္းနည္း ေသာက္လိုက္တာေၾကာင့္ အိပ္ယာထ ေနာက္က်သြားတာ ျဖစ္သည္။
ေဇာင္ယုဟြမ္ ကသူတို႔ႏွစ္ေယာက္ကို ၾကည့္လိုက္သည္။ “ဒီေန႔ ဘယ္သူမွ အခ်ိန္ဇယား မရွိဘူးလား?”
ဟုန္ခ်န္းမင္း ကသူ႔ပါးစပ္ဖြင့္ၿပီး ေျပာေတာ့မဲ့အခ်ိန္တြင္တြင္ သူ႔စကားေတြကို ေျပာင္းလိုက္ကာ ေျပာလိုက္သည္။ “အင္း… မရွိဘူး”
“ဒါေကာင္းတယ္၊ ဒါဆို ဟြမ္ဟြမ္ နဲ႔အတူ အဖိုးဆီကို အလည္သြားရေအာင္”
“အိုေက”
ေဇာင္ယုဟြမ္ ကအေပၚထပ္ တက္သြားၿပီး အဝတ္လဲလိုက္သည္။ မိတ္ကပ္လိမ္းရမွာ ပ်င္းတာေၾကာင့္ ဒီအတိုင္းသာ ျပန္ထြက္လာလိုက္သည္။
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က အျပင္တြင္ ေစာင့္ေနခဲ့ၾကသည္။
ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ရဲ႕အိတ္ကို ယူလိုက္ၿပီး လီဂ်င္းယြမ္ ကကားတံခါးကို ဖြင့္လိုက္သည္။
သူတို႔ကားထဲကို ဝင္ၿပီးေနာက္ ယြဲ႕လန္ဗီလာကို ဦးတည္ခဲ့ၾကသည္။
…
ေဇာင္ယုဟြမ္ ႏွင့္ပတ္သက္သည့္ ကြန္မန႔္ေတြက ရႈိးပြဲအား ေပါက္ကြဲေစခဲ့သည္။ အရာမ်ားကို တျဖည္းျဖည္းခ်င္း တူးထုတ္ၾကၿပီး မီဒီယာက သူမသတင္းေတြကို အနံ႔ခံလိုက္ခံၾကသည္။
ေဇာင္ယုဟြမ္ သည္အဖိုးဒင္ နဲ႔ေန႔လည္စာ စားၿပီး လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ငါးမွ်ားကာ ခ်က္စ္ ကစားခဲ့ၾကသည္။ ထို႔ေနာက္ လန္ဂ်င္းဇီ ကိုလူတုိင္းက ေစာင့္ေနခဲ့ၾကၿပီး ဗီလာမွမျပန္ခင္ အတူတူ ညစာစားခဲ့ၾကသည္။
ဗီလာမွ ထြက္လာၿပီးေနာက္ လီဂ်င္းယြမ္ ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။ “ဒီအနားမွာ ပါပါရာဇီ ရွိတယ္”
ေဇာင္ယုဟြမ္ သည္ကင္မရာေတြအေပၚ အာ႐ုံမရွိပဲ ဟုန္ခ်န္းမင္း နဲ႔ လန္ဂ်င္းဇီ တို႔ကလည္း အာ႐ုံမစိုက္ေပ။ သူတို႔က ေဖ်ာ္ေျဖေရး ေလာကက မဟုတ္တာေၾကာင့္ တားဆီးဖို႔ အစီစဥ္မရွိေပ။
သို႔ေသာ္ ေဇာင္ယုဟြမ္ ကခ်က္ခ်င္း တုန႔္ျပန္လိုက္သည္။ “ဟြမ္ဟြမ္တို႔ အဖိုးအတြက္ လက္ေဆာင္ဝယ္တဲ့ ေနရာမွာ ေတြ႕ၾကမယ္”
“ဝမ္းကြဲ အရင္သြားပါ” ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။
လန္ဂ်င္းဇီ ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။ “မီဒီယာသမားေတြက ဒီမွာရွိေနၾကၿပီ၊ ဆိုးလိုက္တာ”
ေဇာင္ယုဟြမ္ ကသက္ျပင္းခ်လိုက္သည္။ “ဟြမ္ဟြမ္ တို႔ဘာမွ မလုပ္ႏိုင္ဘူး၊ လူေတြက စားေသာက္ဖို႔ လိုအပ္တယ္၊ ဒါကို တားဆီးလို႔မရဘူး”
လန္ဂ်င္းဇီ ကမ်က္လုံး လွိမ့္လိုက္ကာ ေျပာလိုက္သည္။ “ငါနဲ႔အတူ မင္း ကားထဲကေန အရင္ထြက္လိုက္”
ေဇာင္ယုဟြမ္ : “ဟမ္?”
လီဂ်င္းယြမ္ ကခ်က္ခ်င္း ေျပာလိုက္သည္။ “ဟြမ္ဟြမ္ နဲ႔အစ္ကိုက အရင္သြားလိုက္”
ဟုန္ခ်န္းမင္း ကထပ္ေပါင္း ေျပာလိုက္သည္။ “ငါထြက္ၿပီးရင္ ဟြမ္ဟြမ္တို႔ ႏွစ္ေယာက္ထြက္လိုက္”
တစ္ေယာက္တည္း က်န္ေနခဲ့သည့္ လီဂ်င္းယြမ္ : “…”
ဟုန္ခ်န္းမင္း ကလွည့္လိုက္ၿပီး ေျပာလိုက္သည္။ “မင္းက ဒီအပိုင္းကပဲ၊ ဒါကို ဘယ္လိုလုပ္ရမလဲ မင္းေသခ်ာသိမွာေပါ့”
လီဂ်င္းယြမ္ : “…”
မင္းက တစ္ခါမွ ကင္မရာေရွ႕မွာ မေနဖူးသလိုမ်ိဳး ေျပာေနတာပဲ!
ဟုန္ခ်န္းမင္း ကအလ်င္အျမန္ လႈပ္ရွားလိုက္ၿပီး တံခါးဖြင့္ကာ ေလွ်ာက္သြားလိုက္သည္။
“ဟြမ္ဟြမ္၊ အရင္ထြက္လိုက္” လန္ဂ်င္းဇီ က ေဇာင္ယုဟြမ္ ရဲ႕လက္ကို ကိုင္လိုက္ၿပီး ကားထဲကေန ထြက္ဖို႔လုပ္ခိုင္းလိုက္သည္။
ေဇာင္ယုဟြမ္ ကယဥ္ေက်း မေနေတာ့ပဲ ကားထဲကေန အရင္ဆုံး ထြက္လိုက္သည္။
ဟုန္ခ်န္းမင္း ကဝင္ၿပီးသြားၿပီး လန္ဂ်င္းဇီ ကသူ႔အေနာက္ကေန ေလွ်ာက္သြားခဲ့သည္။
ဟုန္ခ်န္းမင္း ကဘာမွမေျပာပဲ ရပ္လိုက္သည္။ သူက ဟြမ္ဟြမ္ ရဲ႕ေသြးသားရင္း ဝမ္းကြဲျဖစ္သည္။
ဒ႐ိုက္ဘာက လီဂ်င္းယြမ္ ကိုထိုေနရာတြင္ ထားခဲ့ၿပီး ကားကိုခ်က္ခ်င္း ေမာင္းထြက္သြားခဲ့သည္။
ေနာက္မနက္တြင္ #ေဇာင္ယုဟြမ္နဲ႔ လီဂ်င္းယြမ္ တို႔ရဲ႕ဓာတ္ပုံ# ကခ်က္ခ်င္းပဲ ရွာေဖြမႈ အမ်ားဆုံး ျဖစ္သြားခဲ့သည္။
ဝင္ၾကည့္လိုက္ရင္ ကြန္မန႔္ေတြ အားလုံးက ရယ္ေနၾကသည္။
“ဟားဟားဟားဟား၊ ဘာေၾကာင့္ ဟုန္ေလးက ရွာေဖြမႈထဲမွာ ေဟာ့မျဖစ္ရတာလဲ? သူလည္း အေသအခ်ာႀကီးကို အဲ့မွာရွိေနတာပဲေလ!”
“ရယ္လြန္းလို႔ အူတက္ေသၿပီ၊ ဒီရွာေဖြမႈက ေသခ်ာေပါက္ကို ဟုန္ေလးဘက္ကို မရပ္တည္ပဲ လီဂ်င္းယြမ္ x ေဇာင္ယုဟြမ္ တို႔အတြဲကို သေဘာက်တဲ့သူက လုပ္ထားတာပဲ”
“ဟုန္ေလး အရမ္းစိတ္ဆိုးမွာပဲ :DDD”
“ရယ္ေနတာ ရပ္လိုက္၊ ဟားဟားဟားဟား၊ ဒါေပမဲ့ ဒါက တကယ္ကို ရယ္ရတယ္။ ဒီသုံးေယာက္က ဘာေၾကာင့္ အတူတူ သြားစားၾကလဲဆိုတာကို ငါတကယ္ပဲ သိခ်င္ေနတယ္။ ေနာက္ၿပီး ေဘးက ေခ်ာေမာတဲ့ အစ္ကိုႀကီးက ဘယ္သူလဲ? သူလည္း အရမ္းကိုေခ်ာတယ္မလား?”
“အေပၚက (LS) မင္းသတင္းေတြ မၾကည့္ဘူးလား! သူက သတင္းေတြမွာ မၾကာမၾကာ ပါတယ္ေလ! သူက ၿမိဳ႕ေတာ္မွာ အငယ္ဆုံး ေခါင္းေဆာင္ တစ္ေယာက္ပဲ!”
“My god… ဒီလူေတြက… ခ်မ္းသာတဲ့ ဒုတိယမ်ိဳးဆက္ + သူေဌး?”
“ဒါ လန္ဂ်င္းဇီ မလား? အို၊ ေဇာင္ယုဟြမ္ ရဲ႕ေနာက္ခံကို ငါသိၿပီထင္တယ္။ လန္ဂ်င္းဇီ ရဲ႕အေမက ဒင္မိသားစုကပဲ၊ ေနာက္ၿပီး ဒင္မိသားစုမွာ သမီးႏွစ္ေယာက္ရွိတယ္။ တျခားသမီး တစ္ေယာက္က ေဇာင္မိသားစုနဲ႔ လက္ထပ္ခဲ့တဲ့ ဒင္႐ူ႐ြယ္ ပဲ။ ေဇာင္ယုဟြမ္ ကေဇာင္မိသားစုက တစ္ဦးတည္းေသာ သမီး ဟုတ္တယ္မလား? သူေဌးေဇာင္ခ်ီ ကၿပီးခဲ့တဲ့ ႏွစ္ေတြကမွ ဆုံးသြားခဲ့တာ။ ဒီအခ်ိန္အတြင္းမွာ ခ်မ္းသာတဲ့ မိသားစုေတြၾကားမွာ ႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့တဲ့ သတင္းေတြ ရွိခဲ့တယ္။ ေဇာင္ခ်ီ ရဲ႕ဆက္ခံသူကလည္း ေထာင္ထဲေရာက္သြားၿပီ… ဒါ့ေၾကာင့္ အခုေတာ့ ေဇာင္ခ်ီ နဲ႔ ဒင္႐ူ႐ြယ္ တို႔ပိုင္ဆိုင္တဲ့ ေဇာင္မိသားစုက ေငြေတြအားလုံးကို သူတို႔သမီးကပဲ ရလိမ့္မယ္။ ဒါ့ေၾကာင့္… တိုင္းျပည္မွာ ေဇာင္ယုဟြမ္ ကအငယ္ဆုံး ခ်မ္းသာတဲ့ အမ်ိဳးသမီး ျဖစ္လာတာလား? Damn it!”
“ဘာေၾကာင့္ သူမက ေဖ်ာ္ေျဖေရး ေလာကထဲကို ဝင္ခဲ့ရတာလဲ? လွ်ိဳ႕ဝွက္ပူးေပါင္းေနတဲ့ သီအိုရီေတြကို ရပ္လိုက္၊ အိုေက? သူမမွာ ေငြေတြက ရွိၿပီးသားပဲ၊ ဟုန္ေလးလိုမ်ိဳး ရႈိးပြဲမွာ ေပ်ာ္ဖို႔အတြက္ ရန္ဆန္း ရဲ႕အစ္မကို အကူအညီ ေတာင္းခဲ့တာမလား?”
“ငါအရမ္း ထိတ္လန႔္သြားတာပဲ! ဒါဆို ေဇာင္ယုဟြမ္ နဲ႔ လန္ဂ်င္းဇီ တို႔ရဲ႕မိသားစု ေတြ႕ဆံုပြဲလား? ဒါဆို လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ဘာေၾကာင့္ အတူတူ သြားၾကတာလဲ? သူတို႔က ေကာင္ေလးဆိုရင္ေတာင္ ႏွစ္ေယာက္လုံးကို ေခၚသြားစရာ မလိုဘူးမလား?”
“မိသားစုမိတ္ေဆြေတြလား? ငယ္ခ်စ္ပံုစံမ်ိဳးလား?”
“လန္ဂ်င္းဇီ နဲ႔ ေဇာင္ယုဟြမ္ ရဲ႕အဖိုးက ယြဲ႕လန္ဗီလာမွာ၊ ဒါေၾကာင့္ သူတို႔က သူတို႔အဖိုးဆီကို သြားၾကတာလား? လီဂ်င္းယြမ္ နဲ့ ဟုန္ခ်န္းမင္း တို႔ႏွစ္ေယာက္ကို ေခၚသြားတာ… ေကာင္းၿပီ… ဒါက ထူးဆန္းတယ္၊ သူတို႔က မိသားစု မိတ္ေဆြေတြလား? ငါနားမလည္ဘူး”
“_ (: ゝ∠) _ မေန႔က ထုတ္လႊင့္ခ်ိန္မွာ ကြန္မန္႔ကို ငါေတြ႕ခဲ့တယ္။ အဲ့အခ်ိန္က ဒါက အရမ္းကို အဓိပၸာယ္မရွိဘူးလို႔ ငါထင္ေပမဲ့ အခု အဲ့အေၾကာင္းကို စဥ္းစားမိေတာ့ ဒါက အမွန္ျဖစ္ႏိုင္တယ္။ ေဇာင္ယုဟြမ္၊ ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔က ေမာင္ႏွမဆက္ဆံေရးလို႔ ေျပာတယ္…”
…
ေနာက္ေန႔မနက္ေစာေစာတြင္
လီဂ်င္းယြမ္ ရဲ႕ ဖုန္းက ျမည္လာခဲ့ၿပီး သတင္းအေၾကာင္းအား သူ႔ကို ေျပာခဲ့တာ ျဖစ္သည္။
လီဂ်င္းယြမ္ သည္ WeChat မွမက္ေဆ့ခ္်အသစ္မ်ားကို ေတြ႕လိုက္ရသည္။ ထိုစာေတြက အရည္အခ်င္း ရႈိးပြဲမွ ပါဝင္သူေတြဆီမွ ျဖစ္သည္။
တစ္ေယာက္ထဲကို ဝင္ၾကည့္လိုက္သည္။
【F**k! အစ္ကိုလီ! ေဇာင္ယုဟြမ္ ကမင္းရဲ႕တကယ့္ အစ္မလား? ေက်းဇူးျပဳၿပီး ငါနဲ႔မိတ္ဆက္ေပးပါ!】
လီဂ်င္းယြမ္ ကအိပ္ရာမွ ထလိုက္ၿပီး သူ႔ဖုန္းကိုေတာင္ ခြဲပစ္လုနီးပါး ျဖစ္သြားသည္။
23.12.2020 (Wed)
…………………………
[text_hash] => 4be189d9
)