Array
(
[text] =>
Unicode
ဒီအကြံက ထိတ်လန့်စရာကောင်းပေမဲ့ ထိုအကြောင်းကို စဉ်းလိုက်လိုက်ရင်း ဇောင်ချီ သည်ကွယ်လွန်သွားခဲ့ပြီး သူမကို စီမံခန့်ခွဲပေးမဲ့သူ ဘယ်သူမှမရှိပေ။ ဒီအကြံက ဖြစ်နိုင်တယ်လို့ ဇောင်ယုဟွမ် တွေးလိုက်သည်။
ထိုအကြံနှင့် ဇောင်ယုဟွမ် ရဲ့ခြေလှမ်းေတွက ပေါ့ပါးသွားခဲ့သည်။
စင်အနောက်ကို ရောက်ပြီးနောက် လူတိုင်းက အလာပ်များနေတာပြီး သူမနဲ့ ဟုန်ချန်းမင်း တို့ကိုဘယ်သူမှ အာရုံမရှိကြပေ။
သို့သော် ဝေ့ကျဲ ကသူတို့ကို မြင်လိုက်ပြီး လာနှုတ်ဆက်ခဲ့သည်။ အရင်ကလည်း သူတို့သည် တေွ့ဆုံဖူးခဲ့ကြသည်။ “မစ္စဇောင်!”
လီဂျင်းယွမ် ရဲ့ကျော်ကြားမှုဖြင့် ဝေ့ကျဲ လည်းလူသိများလာခဲ့သည်။ သူ့လှုပ်ရှားမှုတိုင်းက များစွာသော လူများရဲ့အာရုံကို ဖမ်းစားခဲ့သည်။
သူသွားတိုင်း တခြားလူတွေကလည်း လိုက်လာကြတာကြောင့် သူတို့လည်း ဇောင်ယုဟွမ် ဆီရောက်လာကြသည်။
မျက်တောင်တစ်ခတ်အတွင်း ဝေ့ကျဲ ရောက်လာခဲ့သည်။
နောက်ဆုံးတော့ ဘေးဘက်ရှိ ဟုန်ချန်းမင်း မြင်သွားပြီး နှုတ်ဆက်လိုက်သည်။ “မစ္စတာဟုန်”
လူတိုင်းက ထိုနာမည်နှစ်ခုကို ကြားလိုက်ချိန်တွင် သူတို့ကို ချက်ချင်း သိသွားခဲ့ကြသည်။
ဒါက လီဂျင်းယွမ် နဲ့အတူတူ ရှိုးပွဲမှာ ရိုက်ကူးခဲ့ကြတဲ့ ဇောင်ယုဟွမ် နဲ့ ဟုန်ချန်းမင်း တို့မလား? ဘာကြောင့် သူတို့နှစ်ယောက်က ဒီနေရာကို အတူတူ လာကြတာလဲ? သူတို့ဆက်ဆံေရးက သာမန်မဟုတ်ေလာက်ဘူး။
လီဂျင်းယွမ် ဆီသွားရင်တော့ သူတို့ရဲ့ဆက်ဆံရေးက ပုံမှန်မဟုတ်တာကို ရှင်းရှင်းလင်းလင်း တွေ့ရမှာပဲ!
ကြည့်! ဝေ့ကျဲ တောင်သူတို့နဲ့ ရင်းနှီးနေတယ်!
ဒီနေရာရှိ ဝန်ထမ်းတွေက ‘အချိန်ခရီးသွာခြင်း’ နောက်ကိုလိုက်နေကြပြီး အင်တာနကါရှိ မှတ်ချက်တွေကို ဖတ်ရှုကြသည်။
ရှေ့တွင်မြင်ရသည့်အတွက် လူတိုင်းသည် အတင်းအဖျင်း ရှာဖွေခြင်းကို ခံစားခဲ့ရသည်။
ယောက်ျားလေး နှစ်ယောက်က သွားကာ ပြုံးပြီး ဇောင်ယုဟွမ် နဲ့ ဟုန်ချန်းမင်း တို့ကို နှုတ်ဆက်လိုက်ကြသည်။ ထို့နောက် သူတို့က ဇောင်ယုဟွမ် ဆီသွားကာ မေးလိုက်သည်။ “ကျွန်တော်တို့ ဓာတ်ပုံတစ်ပုံလောက် ရိုက်လို့ရမလား?”
ခဏအတွင်း ဟုန်ချန်းမင်း ရဲ့မျက်နှာက မဲမှောင်သွားခဲ့သည်။
မျက်နှာဖုံးနှင့် နေကာမျက်မှန်ကို တပ်ထားခြင်းေကြာင့် ဘာမှမမြင်ရပေ။
သို့သော် ဇောင်ယုဟွမ် ကကြင်နာတတ်သည့် အပြုအမူဖြင့် ခေါင်းညိတ်လိုက်သည်။ “ရတာပေါ့”
သူမသည် သစ်လွင်မှုကိုလည်း တွေ့ခဲ့သည်။
အရင်က သူမ နိုင်ငံခြားသို့ ရောက်ချိန်တုန်းက ဓာတ်ပုံရိုက်ချင်သည့် လူတွေမရှိပဲ တရုတ်မှာထက် ပိုနည်းပါးသည်။
သို့သော် လီဂျင်းယွမ် ကမိတ်ကပ်ပြင်ဆင်ပြီး အပြင်ထွက်လာတာကြောင့် ကောင်လေး တစ်ယောက်သာ ဓာတ်ပုံရိုက်လိုက်ရသည်။
“ဟွမ်ဟွမ်!” သူသည် ဇောင်ယုဟွမ် ဆီကို နှစ်လှမ်း သုံးလှမ်းလောက်ပဲ လှမ်းကာ လျှောက်သွားရင်း ဘေးနားက ကောင်လေးတေွကို တွန်းဖယ်လိုက်သည်။
ထိုကောင်လေးက ချက်ချင်း အော်လိုက်သည်။ “လီဂျင်းယွမ်၊ မင်းက မညှာတာတတ်တဲ့သူပဲ!”
လီဂျင်းယွမ် ကလှည့်တောင် မကြည့်ပဲ သူ့မျက်နှာက အံ့ဩနေကာ ပျော်ရွှင်နေတာက သိသာနေသည်။ သူ့မျက်နှာ အမူအရာက နွေးထွေးနေပြီး မျက်လုံးတွေက ကြယ်တွေလိုတောင် တောက်ပနေသည်။
“မင်းဘာလို့လာတာလဲ?”
ဟုန်ချန်းမင်း ကသူ့မျက်နှာဖုံးကို ချွတ်လိုက်ပြီး ပြောလိုက်သည်။ “ဒီမှာ ငါလည်းရှိတယ်”
“အိုး”
“အစ်ကိုဟုန်” လီဂျင်းယွမ် ကငြီးေငွ့သည့်အသံဖြင့် ပြောလိုက်သည်။
ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ရဲ့လက်ကောက်ဝတ်ကိုကိုင်ကာ သူ့ဘေးကို ဆွဲလိုက်သည်။ သူက ပြောလိုက်သည်။ “မင်းစင်ပေါ် တက်ရတော့မှာမလား? မြန်မြန် ပြင်ဆင်ေတာ့။ မင်းရဲ့ဖျော်ဖြေမှုကိုကြည့်ဖို့ ငါနဲ့ ဟွမ်ဟွမ် ကလာခဲ့တာ”
လီဂျင်းယွမ် ကပြောလိုက်သည်။ “အိုကေ၊ အစ်ကိုဝေ့၊ သူတို့ကိုထိုင်ဖို့ အရင်ခေါ်သွားလိုက်”
ထို့နောက် သူသည် ဟုန်ချန်းမင်း နဲ့ ဇောင်ယုဟွမ် တို့ကြားကို မတော်တဆ တိုက်မိသလိုမျိုး ဟန်ဆောင်လိုက်သည်။
ဇောင်ယုဟွမ် : “…..”
ထိုဖျော်ဖြေမှုက တစ်နေ့လုံး ကြာမြင့်ခဲ့သည်။
နောက်ဆုံးတော့ 7:30 နာရီမှာ အဆုံးသတ်သွားခဲ့သည်။ ‘အချိန်ခရီးသွားခြင်း’ ဒုတိယပိုင်းသည်လည်း ထုတ်လွှင့်ခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ စတင်ထုတ်လွှင့်တာနဲ့ ချက်ချင်းပဲ ရှာဖွေမှုတွင် ထိပ်ဆုံးရောက်ခဲ့သည်။
“ဟားဟား၊ လီဂျင်းယွမ် ရဲ့ကျီစယ်ခြင်း မပါတဲ့ တကယ့်ကို အရမ်းကို အထီးကျန်ဆန်လွန်းတယ်!”
“ဟုန်လေးရေ၊ ကျွန်မ လာနေပြီ!”
“ဒီနေ့မှာ မနာလိုမှုတွေကို ယှဉ်ပြိုင်ေနပံုပဲ!”
“အပေါ်ထပ်က မှားနေတယ်။ ဒီနေ့လည်း ယင်ချီချီ ကမကောင်းဆိုးရွား ဖြစ်နေတယ်!”
“ဇောင်ယုဟွမ် ရဲ့ကျက်သရေက တိုးတက်လာမလားဆိုတာ ငါကြည့်ချင်တယ်! သွားရအောင်!”
“ဇောင်ယုဟွမ် ကကျက်သရေရှိတာလား? သူမက မယ်ရီဆူး ပုံရိပ်ကို ထပ်ပြီးရောင်းချနေတာပဲ၊ 🤮 ငါတို့ ဂူယူလင်းလေးပဲ ဘာမှပြောစရာမလိုတာ!”
အင်တာနက်တွင် ပြဿနာရှာရာတွင် တော်ကြသည့် ပညာရှင်အနည်းငယ် ရှိနေသည်။
ဝေဖန်သုံးသပ်ချက်များထဲတွင် #အချိန်ခရီးသွားရုပ်သံလိုင်း# သည် ရှာဖွေမှုတွင် ထိပ်ဆုံးကို ရောက်ရှိလာခဲ့သည်။ ထုတ်လွှင့်သည်နှင့် တိုးတက်နှုန်းကလည်း ထိတ်လန့်စရာပင်!
နောက်ဆုံးအကြိမ် မှတ်တမ်းတင်ခြင်းနှင့် ကြည့်ရှုခြင်း အတွေ့အကြုံနှင့်အတူ ဒီအချိန်သည် ပုံမှန်မဟုတ်တာကို မမြင်ရပေ။
ဇောင်ယုဟွမ် သည်ဒုတိယပိုင်းကို စတင်ခဲ့တာ သိခဲ့ပေမဲ့ အများကြီး အာရုံမစိုက်ပေ။
လီဂျင်းယွမ် ရဲ့ရိုက်ကူးရေး ပြီးသွားချိန်တွင် လေထုက မြင့်တက်လာခဲ့သည်။ ဇောင်ယုဟွမ် သည်ပန်းစည်းရတာက မရပ်တန့်နိုင်ခဲ့ပေ။ သူမသည် နေကာမျက်မှန်၊ မျက်နှာဖံုးနဲ့ အဝတ်အစား အထပ်အများကြီး ဝတ်ထားပြီး တခြားသူတွေက သူမကို သတိမပြုမိကြပေ။ သူမက စင်အောက်ကနေ ကျယ်လောင်စွာ အော်လိုက်သည်။ “လီဂျင်းယွမ်၊ ရှင်က အရမ်းကို အံ့ဩဖို့ကောင်းတာပဲ!”
သူမအသံသည် ဖန်အုပ်စုရဲ့ အသံတွေနဲ့ ပေါင်းစည်းသွားသည်။
လီဂျင်းယွမ် မော်ဒယ်လ် ပုံစံနဲ့ နှိုင်းယှဉ်ရင် ဒီအချိန်ခဏတာကို သူမပိုသဘောကျသည်။
catwalking လျှောက်ချိန်တွင် T ပုံစံစင်အောက်ရှိ ပရိသတ်တွေက တိတ်ဆိတ်နေကြသည်။ အဆုံးမှသာ သူတို့က လက်ခုပ်ထတီးကြသည်။
ဒီေနရာက လေထုက ပိုပြီးရူးသွပ်ကာ စိတ်အားထက်သန်ေစသည်။ ဖန်တိုင်းက သူတို့အိုင်ဒေါအတွက် အရာအားလုံးတွင် နှစ်မြှုပ်နေချင်ကြသည်။ ဒီလိုဖော်ပြခြင်းက လှပပြီး အရမ်းကို လန်းဆန်းစေသည်။
လီဂျင်းယွမ် ကစင်အောက်ကို လိုက်ကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် အလင်းရောင်က ဖြာကျနေပြီး တောက်ပနေသည်။
ဇောင်ယုဟွမ် သည်ဒီနေရာတွင် ရှိနေတာကို သူသိသည်။ တခြားသူတွေရဲ့ အသံကြားထဲမှ ဇောင်ယုဟွမ် ရဲ့အသံကို ကြားလိုက်ရသည်။ ထိုဦးတည်ချက်ကို ကြည့်လိုက်ပြီး ပြုံးလိုက်ကာ သူ့နှုတ်ခမ်းထောင့်က ကွေးတက်သွားပြီး သူ့မျက်လုံးကို တောက်ပသွားစေသည်။
သူ့အပြုံးက ပျော်ရွှင်နေပံုေပါ်ပြီး ကျက်သရေရှိနေသည်။ မကြာခင် စင်အောက်ရှိ ပရိသတ်များရဲ့ အော်ဟစ်သံတွေကို ထပ်ကြားလိုက်ရသည်။
“AHHHHHH လီဂျင်းယွမ်!”
“လီဂျင်းယွမ် ကငါ့ကိုပြုံးပြတယ်၊ AHHHH ငါရူးသွားပြီ!!!!”
သူတို့အော်သံတွေက ထိုနေရာတစ်ခုလုံး ဖုံးလွှမ်းသွားေစသည်။
ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ရဲ့အင်္ကျီလက်ကို ကိုင်ထားရင်း အသံတိုးလေးနဲ့ ပြောလိုက်သည်။ “လီဂျင်းယွမ် ကအရမ်းကို အံ့ဩဖို့ကောင်းတာပဲ”
ဟုန်ချန်းမင်း ကသူ့နှုတ်ခမ်းကို စေ့လိုက်သည်။ “အင်း”
သူ့ကိုယ်ပိုင်အလုပ်က အသုံးမကျဘူးလို့ သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး!
ကြီးမားတဲ့ သဘောတူညီချက်ရတဲ့ အကြောင်းက ဘယ်ေလာက်ေကာင်းလဲ? ဒါမှမဟုတ် ချိုင်ဂျင်း အပတ်စဉ်မှာ စာရင်းဝင်လား? အသက်အငယ်ဆုံး စီးပွားရေး စွမ်းဆောင်ရှင်အဖြစ် ချီးကျူးခံရတာက ဘာအသုံးဝင်လဲ?
သူ့ဝန်ထမ်းတွေက ဒီဖန်တွေလိုမျိုး သူ့အတွက် အလံလွှင့်ပြီး အော်ကြမှာ မဟုတ်ဘူး။
“အိမ်ပြန်ရအောင်!” ဇောင်ယုဟွမ် ကပျော်ရွှင်စွာ ပြောလိုက်သည်။
ဟုန်ချန်းမင်း ကသက်ပြင်းချလိုက်ပြီး သူ့စိတ်ထဲမှ မကျေနပ်မှုက လျော့နည်းသွားသည်။
“အင်း၊ အိမ်ပြန်ကြမယ်” ဟုန်ချန်းမင်း ကသူ့ချောင်းတွေကို ဖြေလျော့လိုက်ပြီး ဇောင်ယုဟွမ် ရဲ့လက်ကောက်ဝတ်တွင် ညင်သာစွာ ကိုင်လိုက်သည်။
ဇောင်ယုဟွမ် ကို ဟုန်ချန်းမင်း ကထိုနေရာမှ ခေါ်ထွက်လာခဲ့သည်။ သူတို့က ပန်းေတွကိုင်ထားသည့် ဝေ့ကျဲ ကိုကျော်လာကြကာ ကားစီကိုသာ သွားကြပြီး စောင့်နေလိုက်ကြသည်။
တခြားပြိုင်ဘက်က ပန်းတွေကိုင်ထားသည့် ဝေ့ကျဲ ကိုမြင်လိုက်ချိန်တွင် ပြောလိုက်သည်။ “ဝေ့ကော ပန်းတွေတောင် ပြင်ဆင်ထားတာလား?”
ဝေ့ကျဲ ကခေါင်းခါလိုက်သည်။ “မိန်းကလေးဇောင် ကပြင်ဆင်ခဲ့တာ”
လူတိုင်းက “Wow” ဆိုပြီး အသံပြုကာ လီဂျင်းယွမ် ကိုကြည့်ပြီး စနောက်နေကြသည်။
လီဂျင်းယွမ် ကစင်ပေါ်မှ ဆင်းလာခဲ့ပြီး ဝေ့ကျဲ လက်ထဲမှ ပန်းတွေကို လှမ်းယူလိုက်သည်။ “ကျေးဇူး၊ ဝေ့ကော”
ဖန်တွေက သူ့ပုံစံအားကြည့်ပြီး ထပ်ပြီးအော်ဟစ်ကြပြန်သည်။
“AHHH!!!! လီဂျင်းယွမ်!!! လီဂျင်းယွမ် ကအရမ်းချောတာပဲ!!”
တစ်ဖက်တွင်
《အချိန်ခရီးသွားခြင်း》 ကထုတ်လွှင့်ပြီး ဆယ်မိနစ်တောင် မကြာခင်မှာပဲ #ေဇာင်ယာဟွမ်# ကရှာဖွေမှုစာရင်းတွင် အဟော့ဆုံး ဖြစ်လာသည်။
“ပထမဆုံးက ထိုင်းနိုင်ငံပဲ။ ဇောင်ယုဟွမ် ကထိုင်းစကား ပြောတဲ့အချိန်မှာ ယင်ချီချီ ရဲ့မျက်နှာက ဘာမှမဟုတ်ပါဘူးဆိုတဲ့ ပုံစံမျိုးနဲ့။ အဲ့အချိန်တုန်းက ဒါကတော်တော် နိမ့်ကျတယ်လို့ လူအတော်များများက ပြောကြတယ်။ ဒါက ညာဘက်ပါးကို ရိုက်လိုက်တာမလား?”
“ဇောင်ယုဟွမ် ရဲ့အင်္ဂလိပ် စကားပြောကလည်း အတော်လေး ကျွမ်းကျင်တယ်၊ အသံထွက်တောင် တော်တော်ကောင်းတယ်။ အရင်က နိုင်ငံခြားမှာ ပညာသင်ကြားခဲ့တာလား?”
“ဇောင်ယုဟွမ် မိသားစုက တော်တော်လေး အဆင့်အတန်းမြင့်တယ်လို့ အရင်က ငါပြောခဲ့တယ်ေလ။ သူမ ဝတ်ပုံစားပုံနဲ့ စိတ်နေစိတ်ထားကိုပဲကြည့်။ သူမက အိမ်တော်မှာ ကြီးပြင်းလာလို့ ရိုက်ကူးရေးမှာ အဆင်ပြေနေတာ”
လီဂျင်းယွမ် ကမိတ်ကပ်ကို ဖျက်လိုက်ပြီး အဝတ်လဲကာ ဝန်ထမ်းတွေရှိသည့် မှတ်တမ်းတင် ဧရိယာမှ အလျင်အမြန် ထွက်သွားခဲ့သည်။
ဇောင်ယုဟွမ် ရဲ့ကားကို မြင်လိုက်ပြီး ကားတံခါးကိုဖွင့်ကာ ဝင်ထိုင်လိုက်သည်။
ဇောင်ယုဟွမ် ကနည်းနည်းတော့ အိပ်ချင်နေပေမဲ့ တံခါးပွင့်လာပြီး လေဝင်လာချိန်တွင် သူမခေါင်းက ရှင်းလင်းသွားသည်။
“သွားမယ်၊ အိမ်ပြန်ပြီး ပွဲကျင်းပရအောင်!”
လီဂျင်းယွမ် ကပြုံးလိုက်ပြီး သူ့အသံက ပုံမှန်ထက် ကြည်လင်နေသည်။ “အိမ်ပြန်ပြီး ပွဲကျင်းပမယ်!”
《အချိန်ခရီးသွာခြင်း》 ကအလျင်အမြန်ပင် တတိယအပိုင်းကို ထုတ်လွှင့်ခဲ့သည်။
#ဇောင်ယုဟွမ်# သည်ရှာဖွေမှုစာရင်းတွင် နံပါတ် ၇ နေရာသို့ အလျင်အမြန် ရောက်ရှိသွားခဲ့သည်။ hashtag ကိုနှိပ်ပြီးနောက် Weibo တွင်သက်ဆိုင်ရာ အချက်အလက်တွေနဲ့ ပြည့်နှက်နေသည်။
“ဒါက တကယ့်ကို အလှတရားပဲ! ခရီးသွားတဲ့အခါမှာ တရုတ်ရိုးရာဝတ်စုံကို ယူသွားတယ်! ငါ့ရဲ့တရုတ်မိန်းကလေးက တကယ့်ကို ရူးသွပ်တာပဲ!”
“ကောမိုင် နဲ့ ဇောင်ယုဟွမ် တို့က တစ်ယောက်က အနီနဲ့ တစ်ယောက်က အဖြူကို ဝတ်ထားတာက အရမ်းကို လိုက်ဖက်တာပဲ! ဒီလီလီအစုံလိုက်ကို ငါစားလိုက်မယ် ဟဟား! မင်းတို့တွေ လမ်းအတူတူ လျှောက်နေချိန်မှာ အရမ်းကြီး လှမနေပါနဲ့!”
“ဇောင်ယုဟွမ် မှာတကယ့်ကိုေကာင်းဆဲ့ စိတ်သဘောထား ရှိတာပဲ၊ ငါယုံကြည်တယ်”
“တခြားသူတွေထက် သူမနဲ့ ကောမိုင် ကိုပဲကြည့်ချင်တယ်၊ ရိုက်ကူးရေးက အရမ်းကောင်းတာပဲ! ဇောင်ယုဟွမ် ကတကယ်ကို ပြီးပြည့်စုံတဲ့ မိန်းကလေးပဲ!”
“ဒါကိုကြည့်ပြီးတော့ တရုတ်ရိုးရာတွင်းထဲေတာင် ဝင်ချင်သွားတယ်!”
“အပေါ်က မြန်မြန်လာပြီး တွင်းထဲဝင်၊ ဒီတွင်းက အရမ်းကောင်းတယ်။ ဒါက မင်းပိုက်ဆံအိတ်ကို ပိုပါးပြီး ပေါ့သွားစေလိမ့်မယ်…”
“နိုင်ငံခြားသားတွေက သူတို့ဆီမှာ တရုတ်ယဉ်ကျေးမှုကို ပျံ့နှံ့အောင်လုပ်ဖို့ ဆွေးနွေးကြတယ်လို့ ငါကြားခဲ့တယ်၊ ဒါက ငါ့ကို ငိုချင်မိေစတယ်။ ဇောင်ယုဟွမ် ကတကယ်ကိုပဲ အရမ်းတော်လွန်းတယ်!”
“တစ်ဖွဲ့လုံးသာ တရုတ်ရိုးရာဝတ်စုံကို တ်ခဲ့ကြရင် ဒါက အရမ်းလှနေမှာပဲ!”
“လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကစကတ်ကို အကြိမ်တစ်ရာလောက် မ,ပေးနေကြတဲ့ မြင်ကွင်းကိုပဲ ငါကြည့်ေနရတယ်! နှစ်ယောက်လုံးက အရမ်းကို စွမ်းအားကြီးတဲ့ သူတေွပဲ! ဘာကြောင့် သူတို့က ဇောင်ယုဟွမ် အရှေ့မှာ ဟာသလို ဖြစ်နေရတာလဲ?”
#ဇောင်ယုဟွမ်# အနောက်တွင် ရှာဖွေမှု အဟော့ဆုံးမှာ #လီဂျင်းယွမ်# ဖြစ်သည်။
hashtag ကိုနှိပ်ပြီးနောက် Weibo ကသက်ဆုိင်ရာ အချက်အလက်တွေကို ဖော်ပြခဲ့သည်။
“အိုင်ဒေါကို နိုင်ငံခြားမှာ အတော်လေး ရူးသွပ်ကြပုံပဲ…”
“လီဂျင်းယွမ် ကနိုင်ငံခြားမှာ လူကြိုက်ပိုများတာကို ငါတွတ်မိသွားပြီ။ သူတို့သာ ပြေးတာမမြန်ရင် သူတို့အဝိုင်းခံရနိုင်တယ်”
“Ahhh! အရင်က ဒီလိုရတနာလေးကို ဘာလို့ငါမတွေ့ခဲ့ရတာလဲ! အစ်ကိုလေးလီ မော်ဒယ်လ်ကို တကယ်ပဲ မြင်ချင်မိတယ်!”
“အစ်ကိုလေးလီ က ဟုန်လေး နဲ့တိုက်ခိုက်ခဲ့တာလား?”
“အစ်ကိုလေးလီက ဓါတ်ပုံတွေကို တိတ်တဆိတ်ရိုက်ပြီး ဟုန်လေး ကစကတ်မပေးတယ်။ ဒါက သူတို့ကြားမှာ တိုက်ခိုက်တာ မရှိဘူးဆိုတာ ရှင်းလင်းနေတာပဲ”
“ဟုန်လေး လည်းအရမ်းကို ချောတာပဲ။ ကားဒါရိုက်ဘာနဲ့ ကုမ္ပဏီကတော့ သေချင်နေကြလောက်မှာ။ ကားက မတော်တဆ ဖြစ်သွားပြီး သူတို့က ငှားရဲကြသေးတယ်!”
“ဂူယူလင်း ကနည်းနည်းတော့ ထိရှသွားတယ်လို့ ငါခံစားနေရတယ်”
“ထိရှတယ် +1 ဟုန်လေး ကလက်မှတ်တယ်ပြီး ပြန်လာတော့ ယင်ချီချီ ရဲ့အကြည့်တွေက ပြောင်းသွားတယ်….”
လျင်မြန်စွာပင် ဇောင်ယုဟွမ် ရဲ့အခြမ်းတွင် ပို့စ်အသစ်က ထပ်ရောက်လာခဲ့သည်။
“ဇောင်ယုဟွမ် ကမြင်းစီးတာ အရမ်းလှတာပဲ၊ မှန်လား? နောက်ပြီး ယင်ချီချီ နဲ့နည်းပြနဲ့ စကားပြောနေတာကော ကြည့်ကြည့်။ ငါရယ်ရလွန်းလို့ အူတက်သေတော့မယ် [ဓာတ်ပုံ] [ဓာတ်ပုံ]…”
ကွန်မန့်တွေက ပြည့်နှက်သွားခဲ့သည်။ “ငါ့နေ့ရက်လေးတွေက အရမ်းကို လှပတာပဲ! ငါက ယောင်္ကျားလေး တစ်ယောက်ဖြစ်ပြီး ဒီလိုအလှလေးကို မယူနိုင်ဘူး! မနက်စာစားချိန် မြင်ကွင်းကို ဘယ်သူမှတ်မိသေးလဲ? ဇောင်ယုဟွမ် ရဲ့ပါးနားမှာ တွဲေလျာင်းကျနေတဲ့ ပုလဲလုံးလေးတွေက အရမ်းလှတာပဲ! လူတိုင်းက အဲ့ပုလဲလုံးတွေကို မသိမသာ ကြည့်မိကြတယ်လို့ ငါထင်တယ်။ တွဲလျောင်းလေးတွေက လှတာမဟုတ်ဘူး၊ ဝတ်ထားတဲ့သူက အရမ်းလှနေတာပဲ!”
“ဟားဟားဟားဟား၊ ဒီနေရာက ယင်ချီချီ ရဲ့စကားပြောတာကို ကြည့်ပါဦး… သူမဘာသာ ထုတ်ဖော်ပြီး စော်ကားမိတာပဲ”
“ခနလေး၊ ငါမမြင်လိုက်တာလား? နည်းပြပြောတာက ဇောင်ယုဟွမ် ကအရင်က အတန်းတက်ဖူးတယ်၊ ဒါဆို ဇောင်ယုဟွမ် ကအရင်တုန်းက နိုင်ငံခြားမှာ နေခဲ့တာလား? လီဂျင်းယွမ် နဲ့အတူတူလား?”
“ဒီအကြောင်းပြောရင်းနဲ့… အရင်က ဟုန်လေး ရဲ့အကြောင်းကို ငါဖတ်ခဲ့တယ်၊ သူက အင်္ဂလန်မှာ စာသင်ခဲ့ပုံပဲ…”
“သူတို့က တစ်ယောက်နဲ့ တစ်ယောက် သိနေကြတာ အံ့ဩစရာ မဟုတ်တော့ဘူး! ဆိုတော့…”
“F**k! အပေါ်က ပြောနေတာတွေ ရပ်လိုက်တော့၊ ငါ့ဦးနှောက်က မထိန်းချုပ်နိုင်တော့ဘူး။ ဒါက ငယ်ချစ်တွေ မဟုတ်လား? ဟားဟားဟားဟား၊ အံ့ဩဖို့ကောင်းတဲ့ ဇာတ်လမ်းပဲ!”
“F**k! ဒါဆို ဘယ်အတွဲကို ငါက ရပ်တည်ပေးရမှာလဲ? ဒါက ခက်ခဲတယ်လို့ ခံစားနေရတယ်…”
……
……
လန်ဂျင်းဇီ ကသားရေ ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး လက်ဖက်ရည်ခွက်ကို တစ်ဖက်မှာ ကိုင်ထားရင်း notebook နဲ့ဗီဒီယိုရှိုးကို ကြည့်နေခဲ့သည်။ ကွန်မန့်တွေကို ကြည့်နေရင်း ဒီရှိုးပွဲကို စိတ်ဝင်စားေနသည်။
“ငါမှားမြင်လိုက်တာ မဟုတ်ဘူးမလား? ဟုန်လေး က ဇောင်ယုဟွမ် ရဲ့ခါးကို ပုတ်လိုက်ပံုပဲ”
“F**k! ဇောင်ယုဟွမ် ကမြင်းစီးချိန်မှာ ဟုန်လေး နဲ့ လီဂျင်းယွမ် တို့ကသူမကိုပဲ ကြည့်နေကြတာ!”
“ဒါက တကယ့်ကို Mary Sue မြင်ကွင်းပဲ!! ငါလည်း အချစ်ဇာတ်လမ်းက CP (အတွဲ)တွေကို တွဲနိုင်တယ်! ဝမ်ယောင်ချန်း လည်းဝင်ပါနိုင်တယ်!”
“နှုတ်ဆက်ခြင်း X၊ မင်းကို ဆူရလိမ့်မယ်။ ဟုန်လေး နဲ့ ဇောင်ယုဟွမ် ပဲ၊ အိုကေ? ဖျော်ဖြေရေးလောက အပြင်ဘက်က လူတွေက မကောင်းဘူးလို့ သူတို့က ပြောနေတာလား?”
လန်ဂျင်းဇီ ကထိုနေရာ မတိုင်ခင်အထိ ဖတ်နေပြီး “CP”ရဲ့ အဓိပ္ပါယ်ကို ရှာဖွေလိုက်သည်။
CP, စုံတွဲ။ (←အင်္ဂလိပ်ဘာသာပြန်မှ)
လင်နဲ့မယားလား?
လင်နဲ့မယား?!
ဒါကဘာလဲ? ဒါက ယုတ္တိမရှိတာပဲမလား?
ဒါတွေက အန္တရာယ်ရှိတဲ့ ထင်ကြေးတွေကြီးပဲ!
လန်ဂျင်းဇီ မျက်မှောင်ကြုတ်လိုက်သည်။လက်သီးဆုပ်လိုက်ပြီး မျက်နှာပြင်ကို ဆက်ကြည့်လိုက်သည်။
“ဒါပေမဲ့ လီဂျင်းယွမ် က ဇောင်ယုဟွမ် အပေါ်ကောင်းတဲ့ ခံစားချက်ရှိတယ်ဆိုတာ ထင်ရှားတယ်။ ဖန်တွေ ဆူပူကြရင်တောင် ကင်မရာကတော့ လိမ်ညာမှာ မဟုတ်ဘူး?”
“ဇောင်ယုဟွမ် ကတခြားသူတွေအတွက် ဓာတ်ပုံရိုက်ပေးဖို့ ကင်မရာ ကိုင်ပေးထားတယ်၊ လီဂျင်းယွမ် ကကင်မရာကိုင်ထားပြီး သူမ တစ်ယောက်တည်းအတွက် ဓာတ်ပုံရိုက်တယ်… လီဂျင်းယွမ် အတွက်ပဲပေါ့၊ အဲ့လိုပဲ…”
“… ဇောင်ယုဟွမ် ကသူ့မျက်လုံးထဲမှာ အလှဆုံး မြင်ကွင်းလား?”
“ဒီလှိုင်းကြီးတွေက နည်းနည်းေတာ့ မျက်ရည်ကျရလောက်တယ်၊ ငါက CP ဖန်ပဲဖြစ်သင့်တယ်…”
လန်ဂျင်းဇီ ကမျက်နှာပြင်က ကွန်မန့်ေပးရန် ဆုံးဖြတ်လိုက်သည်။
လန်ဂျင်းဇီ ကဘယ်လောက်တောင် စမတ်ကျလိုက်လဲ? ကွန်မန့်လေး တစ်ခုပေးတာက ဘယ်လောက်ထိ သူ့ကိုပြဿနာဖြစ်စေနိုင်မှာလဲ?
ဒါကြောင့် သူ့မပျော်ရွှင်မှုေတွကို ဖိနှိပ်လိုက်ပြီး စာတစ်လုံးကို ရိုက်လိုက်သည်။ ကီးဘုတ်က အသံထွက်လာပြီး စာရိုက်တာက ဖိအားတွေနဲ့ ရိုက်နေတယ်ဆိုတာ သိသာနေသည်။
——【ယုတ္တိမရှိတာေတွ ပြောမနေနဲ့! သူတို့က မောင်နှမ ဆက်ဆံရေးပဲရှိတာ】
ထို့ေနာက် ဗီဒီယို ဝက်ဘ်ဆိုက်မှ ချက်ချင်း သတိပေးစာ ရောက်လာသည်။【ေတာင်းပန်ပါတယ်၊ လူကြီးမင်းက ဒီဝက်ဘ်ဆိုက်မှ အသုံးပြုသူ အသစ်ဖြစ်တာကြောင့် ကွန်မန့် မပေးခင်မှာ အရင်ဆုံး အကောင့်ကို အတည်ပြုထားသင့်ပါတယ်】
15.12.2020 (Tue)
……………………….
Zawgyi
ဒီအႀကံက ထိတ္လန္႔စရာေကာင္းေပမဲ့ ထိုအေၾကာင္းကို စဥ္းလိုက္လိုက္ရင္း ေဇာင္ခ်ီ သည္ကြယ္လြန္သြားခဲ့ၿပီး သူမကို စီမံခန္႔ခြဲေပးမဲ့သူ ဘယ္သူမွမရွိေပ။ ဒီအႀကံက ျဖစ္ႏိုင္တယ္လို႔ ေဇာင္ယုဟြမ္ ေတြးလိုက္သည္။
ထိုအႀကံႏွင့္ ေဇာင္ယုဟြမ္ ရဲ႕ေျခလွမ္းေတြက ေပါ့ပါးသြားခဲ့သည္။
စင္အေနာက္ကို ေရာက္ၿပီးေနာက္ လူတိုင္းက အလာပ္မ်ားေနတာၿပီး သူမနဲ႔ ဟုန္ခ်န္းမင္း တို႔ကိုဘယ္သူမွ အာ႐ုံမရွိၾကေပ။
သို႔ေသာ္ ေဝ့က်ဲ ကသူတို႔ကို ျမင္လိုက္ၿပီး လာႏႈတ္ဆက္ခဲ့သည္။ အရင္ကလည္း သူတို႔သည္ ေတြ႕ဆုံဖူးခဲ့ၾကသည္။ “မစၥေဇာင္!”
လီဂ်င္းယြမ္ ရဲ႕ေက်ာ္ၾကားမႈျဖင့္ ေဝ့က်ဲ လည္းလူသိမ်ားလာခဲ့သည္။ သူ႔လႈပ္ရွားမႈတိုင္းက မ်ားစြာေသာ လူမ်ားရဲ႕အာ႐ုံကို ဖမ္းစားခဲ့သည္။
သူသြားတိုင္း တျခားလူေတြကလည္း လိုက္လာၾကတာေၾကာင့္ သူတို႔လည္း ေဇာင္ယုဟြမ္ ဆီေရာက္လာၾကသည္။
မ်က္ေတာင္တစ္ခတ္အတြင္း ေဝ့က်ဲ ေရာက္လာခဲ့သည္။
ေနာက္ဆုံးေတာ့ ေဘးဘက္ရွိ ဟုန္ခ်န္းမင္း ျမင္သြားၿပီး ႏႈတ္ဆက္လိုက္သည္။ “မစၥတာဟုန္”
လူတိုင္းက ထိုနာမည္ႏွစ္ခုကို ၾကားလိုက္ခ်ိန္တြင္ သူတို႔ကို ခ်က္ခ်င္း သိသြားခဲ့ၾကသည္။
ဒါက လီဂ်င္းယြမ္ နဲ႔အတူတူ ရႈိးပြဲမွာ ႐ိုက္ကူးခဲ့ၾကတဲ့ ေဇာင္ယုဟြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔မလား? ဘာေၾကာင့္ သူတို႔ႏွစ္ေယာက္က ဒီေနရာကို အတူတူ လာၾကတာလဲ? သူတို႔ဆက္ဆံေရးက သာမန္မဟုတ္ေလာက္ဘူး။
လီဂ်င္းယြမ္ ဆီသြားရင္ေတာ့ သူတို႔ရဲ႕ဆက္ဆံေရးက ပုံမွန္မဟုတ္တာကို ရွင္းရွင္းလင္းလင္း ေတြ႕ရမွာပဲ!
ၾကည့္! ေဝ့က်ဲ ေတာင္သူတို႔နဲ႔ ရင္းႏွီးေနတယ္!
ဒီေနရာရွိ ဝန္ထမ္းေတြက ‘အခ်ိန္ခရီးသြာျခင္း’ ေနာက္ကိုလိုက္ေနၾကၿပီး အင္တာနကါရွိ မွတ္ခ်က္ေတြကို ဖတ္ရႈၾကသည္။
ေရွ႕တြင္ျမင္ရသည့္အတြက္ လူတိုင္းသည္ အတင္းအဖ်င္း ရွာေဖြျခင္းကို ခံစားခဲ့ရသည္။
ေယာက္်ားေလး ႏွစ္ေယာက္က သြားကာ ၿပဳံးၿပီး ေဇာင္ယုဟြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကို ႏႈတ္ဆက္လိုက္ၾကသည္။ ထို႔ေနာက္ သူတို႔က ေဇာင္ယုဟြမ္ ဆီသြားကာ ေမးလိုက္သည္။ “ကြၽန္ေတာ္တို႔ ဓာတ္ပုံတစ္ပုံေလာက္ ႐ိုက္လို႔ရမလား?”
ခဏအတြင္း ဟုန္ခ်န္းမင္း ရဲ႕မ်က္ႏွာက မဲေမွာင္သြားခဲ့သည္။
မ်က္ႏွာဖုံးႏွင့္ ေနကာမ်က္မွန္ကို တပ္ထားျခင္းေၾကာင့္ ဘာမွမျမင္ရေပ။
သို႔ေသာ္ ေဇာင္ယုဟြမ္ ကၾကင္နာတတ္သည့္ အျပဳအမူျဖင့္ ေခါင္းညိတ္လိုက္သည္။ “ရတာေပါ့”
သူမသည္ သစ္လြင္မႈကိုလည္း ေတြ႕ခဲ့သည္။
အရင္က သူမ ႏိုင္ငံျခားသို႔ ေရာက္ခ်ိန္တုန္းက ဓာတ္ပုံ႐ိုက္ခ်င္သည့္ လူေတြမရွိပဲ တ႐ုတ္မွာထက္ ပိုနည္းပါးသည္။
သို႔ေသာ္ လီဂ်င္းယြမ္ ကမိတ္ကပ္ျပင္ဆင္ၿပီး အျပင္ထြက္လာတာေၾကာင့္ ေကာင္ေလး တစ္ေယာက္သာ ဓာတ္ပုံ႐ိုက္လိုက္ရသည္။
“ဟြမ္ဟြမ္!” သူသည္ ေဇာင္ယုဟြမ္ ဆီကို ႏွစ္လွမ္း သုံးလွမ္းေလာက္ပဲ လွမ္းကာ ေလွ်ာက္သြားရင္း ေဘးနားက ေကာင္ေလးေတြကို တြန္းဖယ္လိုက္သည္။
ထိုေကာင္ေလးက ခ်က္ခ်င္း ေအာ္လိုက္သည္။ “လီဂ်င္းယြမ္၊ မင္းက မညႇာတာတတ္တဲ့သူပဲ!”
လီဂ်င္းယြမ္ ကလွည့္ေတာင္ မၾကည့္ပဲ သူ႔မ်က္ႏွာက အံ့ဩေနကာ ေပ်ာ္႐ႊင္ေနတာက သိသာေနသည္။ သူ႔မ်က္ႏွာ အမူအရာက ေႏြးေထြးေနၿပီး မ်က္လုံးေတြက ၾကယ္ေတြလိုေတာင္ ေတာက္ပေနသည္။
“မင္းဘာလို႔လာတာလဲ?”
ဟုန္ခ်န္းမင္း ကသူ႔မ်က္ႏွာဖုံးကို ခြၽတ္လိုက္ၿပီး ေျပာလိုက္သည္။ “ဒီမွာ ငါလည္းရွိတယ္”
“အိုး”
“အစ္ကိုဟုန္” လီဂ်င္းယြမ္ ကၿငီးေငြ႕သည့္အသံျဖင့္ ေျပာလိုက္သည္။
ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ရဲ႕လက္ေကာက္ဝတ္ကိုကိုင္ကာ သူ႔ေဘးကို ဆြဲလိုက္သည္။ သူက ေျပာလိုက္သည္။ “မင္းစင္ေပၚ တက္ရေတာ့မွာမလား? ျမန္ျမန္ ျပင္ဆင္ေတာ့။ မင္းရဲ႕ေဖ်ာ္ေျဖမႈကိုၾကည့္ဖို႔ ငါနဲ႔ ဟြမ္ဟြမ္ ကလာခဲ့တာ”
လီဂ်င္းယြမ္ ကေျပာလိုက္သည္။ “အိုေက၊ အစ္ကိုေဝ့၊ သူတို႔ကိုထိုင္ဖို႔ အရင္ေခၚသြားလိုက္”
ထို႔ေနာက္ သူသည္ ဟုန္ခ်န္းမင္း နဲ႔ ေဇာင္ယုဟြမ္ တို႔ၾကားကို မေတာ္တဆ တိုက္မိသလိုမ်ိဳး ဟန္ေဆာင္လိုက္သည္။
ေဇာင္ယုဟြမ္ : “…..”
ထိုေဖ်ာ္ေျဖမႈက တစ္ေန႔လုံး ၾကာျမင့္ခဲ့သည္။
ေနာက္ဆုံးေတာ့ 7:30 နာရီမွာ အဆုံးသတ္သြားခဲ့သည္။ ‘အခ်ိန္ခရီးသြားျခင္း’ ဒုတိယပိုင္းသည္လည္း ထုတ္လႊင့္ခဲ့သည္။
ဒီတစ္ႀကိမ္မွာေတာ့ စတင္ထုတ္လႊင့္တာနဲ႔ ခ်က္ခ်င္းပဲ ရွာေဖြမႈတြင္ ထိပ္ဆုံးေရာက္ခဲ့သည္။
“ဟားဟား၊ လီဂ်င္းယြမ္ ရဲ႕က်ီစယ္ျခင္း မပါတဲ့ တကယ့္ကို အရမ္းကို အထီးက်န္ဆန္လြန္းတယ္!”
“ဟုန္ေလးေရ၊ ကြၽန္မ လာေနၿပီ!”
“ဒီေန႔မွာ မနာလိုမႈေတြကို ယွဥ္ၿပိဳင္ေနပံုပဲ!”
“အေပၚထပ္က မွားေနတယ္။ ဒီေန႔လည္း ယင္ခ်ီခ်ီ ကမေကာင္းဆိုး႐ြား ျဖစ္ေနတယ္!”
“ေဇာင္ယုဟြမ္ ရဲ႕က်က္သေရက တိုးတက္လာမလားဆိုတာ ငါၾကည့္ခ်င္တယ္! သြားရေအာင္!”
“ေဇာင္ယုဟြမ္ ကက်က္သေရရွိတာလား? သူမက မယ္ရီဆူး ပုံရိပ္ကို ထပ္ၿပီးေရာင္းခ်ေနတာပဲ၊ 🤮 ငါတို႔ ဂူယူလင္းေလးပဲ ဘာမွေျပာစရာမလိုတာ!”
အင္တာနက္တြင္ ျပႆနာရွာရာတြင္ ေတာ္ၾကသည့္ ပညာရွင္အနည္းငယ္ ရွိေနသည္။
ေဝဖန္သုံးသပ္ခ်က္မ်ားထဲတြင္ #အခ်ိန္ခရီးသြား႐ုပ္သံလိုင္း# သည္ ရွာေဖြမႈတြင္ ထိပ္ဆုံးကို ေရာက္ရွိလာခဲ့သည္။ ထုတ္လႊင့္သည္ႏွင့္ တိုးတက္ႏႈန္းကလည္း ထိတ္လန႔္စရာပင္!
ေနာက္ဆုံးအႀကိမ္ မွတ္တမ္းတင္ျခင္းႏွင့္ ၾကည့္ရႈျခင္း အေတြ႕အႀကဳံႏွင့္အတူ ဒီအခ်ိန္သည္ ပုံမွန္မဟုတ္တာကို မျမင္ရေပ။
ေဇာင္ယုဟြမ္ သည္ဒုတိယပိုင္းကို စတင္ခဲ့တာ သိခဲ့ေပမဲ့ အမ်ားႀကီး အာ႐ုံမစိုက္ေပ။
လီဂ်င္းယြမ္ ရဲ႕႐ိုက္ကူးေရး ၿပီးသြားခ်ိန္တြင္ ေလထုက ျမင့္တက္လာခဲ့သည္။ ေဇာင္ယုဟြမ္ သည္ပန္းစည္းရတာက မရပ္တန႔္ႏိုင္ခဲ့ေပ။ သူမသည္ ေနကာမ်က္မွန္၊ မ်က္ႏွာဖံုးနဲ႔ အဝတ္အစား အထပ္အမ်ားႀကီး ဝတ္ထားၿပီး တျခားသူေတြက သူမကို သတိမျပဳမိၾကေပ။ သူမက စင္ေအာက္ကေန က်ယ္ေလာင္စြာ ေအာ္လိုက္သည္။ “လီဂ်င္းယြမ္၊ ရွင္က အရမ္းကို အံ့ဩဖို႔ေကာင္းတာပဲ!”
သူမအသံသည္ ဖန္အုပ္စုရဲ႕ အသံေတြနဲ႔ ေပါင္းစည္းသြားသည္။
လီဂ်င္းယြမ္ ေမာ္ဒယ္လ္ ပုံစံနဲ႔ ႏႈိင္းယွဥ္ရင္ ဒီအခ်ိန္ခဏတာကို သူမပိုသေဘာက်သည္။
catwalking ေလွ်ာက္ခ်ိန္တြင္ T ပုံစံစင္ေအာက္ရွိ ပရိသတ္ေတြက တိတ္ဆိတ္ေနၾကသည္။ အဆုံးမွသာ သူတို႔က လက္ခုပ္ထတီးၾကသည္။
ဒီေနရာက ေလထုက ပိုၿပီး႐ူးသြပ္ကာ စိတ္အားထက္သန္ေစသည္။ ဖန္တိုင္းက သူတို႔အိုင္ေဒါအတြက္ အရာအားလုံးတြင္ ႏွစ္ျမႇဳပ္ေနခ်င္ၾကသည္။ ဒီလိုေဖာ္ျပျခင္းက လွပၿပီး အရမ္းကို လန္းဆန္းေစသည္။
လီဂ်င္းယြမ္ ကစင္ေအာက္ကို လိုက္ၾကည့္လိုက္သည္။ သူ႔မ်က္ႏွာထက္တြင္ အလင္းေရာင္က ျဖာက်ေနၿပီး ေတာက္ပေနသည္။
ေဇာင္ယုဟြမ္ သည္ဒီေနရာတြင္ ရွိေနတာကို သူသိသည္။ တျခားသူေတြရဲ႕ အသံၾကားထဲမွ ေဇာင္ယုဟြမ္ ရဲ႕အသံကို ၾကားလိုက္ရသည္။ ထိုဦးတည္ခ်က္ကို ၾကည့္လိုက္ၿပီး ၿပဳံးလိုက္ကာ သူ႔ႏႈတ္ခမ္းေထာင့္က ေကြးတက္သြားၿပီး သူ႔မ်က္လုံးကို ေတာက္ပသြားေစသည္။
သူ႔အၿပဳံးက ေပ်ာ္႐ႊင္ေနပံုေပၚၿပီး က်က္သေရရွိေနသည္။ မၾကာခင္ စင္ေအာက္ရွိ ပရိသတ္မ်ားရဲ႕ ေအာ္ဟစ္သံေတြကို ထပ္ၾကားလိုက္ရသည္။
“AHHHHHH လီဂ်င္းယြမ္!”
“လီဂ်င္းယြမ္ ကငါ့ကိုၿပဳံးျပတယ္၊ AHHHH ငါ႐ူးသြားၿပီ!!!!”
သူတို႔ေအာ္သံေတြက ထိုေနရာတစ္ခုလုံး ဖုံးလႊမ္းသြားေစသည္။
ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ရဲ႕အက်ႌလက္ကို ကိုင္ထားရင္း အသံတိုးေလးနဲ႔ ေျပာလိုက္သည္။ “လီဂ်င္းယြမ္ ကအရမ္းကို အံ့ဩဖို႔ေကာင္းတာပဲ”
ဟုန္ခ်န္းမင္း ကသူ႔ႏႈတ္ခမ္းကို ေစ့လိုက္သည္။ “အင္း”
သူ႔ကိုယ္ပိုင္အလုပ္က အသုံးမက်ဘူးလို႔ သူ ဘယ္တုန္းကမွ မေတြးခဲ့ဖူးဘူး!
ႀကီးမားတဲ့ သေဘာတူညီခ်က္ရတဲ့ အေၾကာင္းက ဘယ္ေလာက္ေကာင္းလဲ? ဒါမွမဟုတ္ ခ်ိဳင္ဂ်င္း အပတ္စဥ္မွာ စာရင္းဝင္လား? အသက္အငယ္ဆုံး စီးပြားေရး စြမ္းေဆာင္ရွင္အျဖစ္ ခ်ီးက်ဴးခံရတာက ဘာအသုံးဝင္လဲ?
သူ႔ဝန္ထမ္းေတြက ဒီဖန္ေတြလိုမ်ိဳး သူ႔အတြက္ အလံလႊင့္ၿပီး ေအာ္ၾကမွာ မဟုတ္ဘူး။
“အိမ္ျပန္ရေအာင္!” ေဇာင္ယုဟြမ္ ကေပ်ာ္႐ႊင္စြာ ေျပာလိုက္သည္။
ဟုန္ခ်န္းမင္း ကသက္ျပင္းခ်လိုက္ၿပီး သူ႔စိတ္ထဲမွ မေက်နပ္မႈက ေလ်ာ့နည္းသြားသည္။
“အင္း၊ အိမ္ျပန္ၾကမယ္” ဟုန္ခ်န္းမင္း ကသူ႔ေခ်ာင္းေတြကို ေျဖေလ်ာ့လိုက္ၿပီး ေဇာင္ယုဟြမ္ ရဲ႕လက္ေကာက္ဝတ္တြင္ ညင္သာစြာ ကိုင္လိုက္သည္။
ေဇာင္ယုဟြမ္ ကို ဟုန္ခ်န္းမင္း ကထိုေနရာမွ ေခၚထြက္လာခဲ့သည္။ သူတို႔က ပန္းေတြကိုင္ထားသည့္ ေဝ့က်ဲ ကိုေက်ာ္လာၾကကာ ကားစီကိုသာ သြားၾကၿပီး ေစာင့္ေနလိုက္ၾကသည္။
တျခားၿပိဳင္ဘက္က ပန္းေတြကိုင္ထားသည့္ ေဝ့က်ဲ ကိုျမင္လိုက္ခ်ိန္တြင္ ေျပာလိုက္သည္။ “ေဝ့ေကာ ပန္းေတြေတာင္ ျပင္ဆင္ထားတာလား?”
ေဝ့က်ဲ ကေခါင္းခါလိုက္သည္။ “မိန္းကေလးေဇာင္ ကျပင္ဆင္ခဲ့တာ”
လူတိုင္းက “Wow” ဆိုၿပီး အသံျပဳကာ လီဂ်င္းယြမ္ ကိုၾကည့္ၿပီး စေနာက္ေနၾကသည္။
လီဂ်င္းယြမ္ ကစင္ေပၚမွ ဆင္းလာခဲ့ၿပီး ေဝ့က်ဲ လက္ထဲမွ ပန္းေတြကို လွမ္းယူလိုက္သည္။ “ေက်းဇူး၊ ေဝ့ေကာ”
ဖန္ေတြက သူ႔ပုံစံအားၾကည့္ၿပီး ထပ္ၿပီးေအာ္ဟစ္ၾကျပန္သည္။
“AHHH!!!! လီဂ်င္းယြမ္!!! လီဂ်င္းယြမ္ ကအရမ္းေခ်ာတာပဲ!!”
တစ္ဖက္တြင္
《အခ်ိန္ခရီးသြားျခင္း》 ကထုတ္လႊင့္ၿပီး ဆယ္မိနစ္ေတာင္ မၾကာခင္မွာပဲ #ေဇာင္ယာဟြမ္# ကရွာေဖြမႈစာရင္းတြင္ အေဟာ့ဆုံး ျဖစ္လာသည္။
“ပထမဆုံးက ထိုင္းႏိုင္ငံပဲ။ ေဇာင္ယုဟြမ္ ကထိုင္းစကား ေျပာတဲ့အခ်ိန္မွာ ယင္ခ်ီခ်ီ ရဲ႕မ်က္ႏွာက ဘာမွမဟုတ္ပါဘူးဆိုတဲ့ ပုံစံမ်ိဳးနဲ႔။ အဲ့အခ်ိန္တုန္းက ဒါကေတာ္ေတာ္ နိမ့္က်တယ္လို႔ လူအေတာ္မ်ားမ်ားက ေျပာၾကတယ္။ ဒါက ညာဘက္ပါးကို ႐ိုက္လိုက္တာမလား?”
“ေဇာင္ယုဟြမ္ ရဲ႕အဂၤလိပ္ စကားေျပာကလည္း အေတာ္ေလး ကြၽမ္းက်င္တယ္၊ အသံထြက္ေတာင္ ေတာ္ေတာ္ေကာင္းတယ္။ အရင္က ႏိုင္ငံျခားမွာ ပညာသင္ၾကားခဲ့တာလား?”
“ေဇာင္ယုဟြမ္ မိသားစုက ေတာ္ေတာ္ေလး အဆင့္အတန္းျမင့္တယ္လို႔ အရင္က ငါေျပာခဲ့တယ္ေလ။ သူမ ဝတ္ပုံစားပုံနဲ႔ စိတ္ေနစိတ္ထားကိုပဲၾကည့္။ သူမက အိမ္ေတာ္မွာ ႀကီးျပင္းလာလို႔ ႐ိုက္ကူးေရးမွာ အဆင္ေျပေနတာ”
လီဂ်င္းယြမ္ ကမိတ္ကပ္ကို ဖ်က္လိုက္ၿပီး အဝတ္လဲကာ ဝန္ထမ္းေတြရွိသည့္ မွတ္တမ္းတင္ ဧရိယာမွ အလ်င္အျမန္ ထြက္သြားခဲ့သည္။
ေဇာင္ယုဟြမ္ ရဲ႕ကားကို ျမင္လိုက္ၿပီး ကားတံခါးကိုဖြင့္ကာ ဝင္ထိုင္လိုက္သည္။
ေဇာင္ယုဟြမ္ ကနည္းနည္းေတာ့ အိပ္ခ်င္ေနေပမဲ့ တံခါးပြင့္လာၿပီး ေလဝင္လာခ်ိန္တြင္ သူမေခါင္းက ရွင္းလင္းသြားသည္။
“သြားမယ္၊ အိမ္ျပန္ၿပီး ပြဲက်င္းပရေအာင္!”
လီဂ်င္းယြမ္ ကၿပဳံးလိုက္ၿပီး သူ႔အသံက ပုံမွန္ထက္ ၾကည္လင္ေနသည္။ “အိမ္ျပန္ၿပီး ပြဲက်င္းပမယ္!”
《အခ်ိန္ခရီးသြာျခင္း》 ကအလ်င္အျမန္ပင္ တတိယအပိုင္းကို ထုတ္လႊင့္ခဲ့သည္။
#ေဇာင္ယုဟြမ္# သည္ရွာေဖြမႈစာရင္းတြင္ နံပါတ္ ၇ ေနရာသို႔ အလ်င္အျမန္ ေရာက္ရွိသြားခဲ့သည္။ hashtag ကိုႏွိပ္ၿပီးေနာက္ Weibo တြင္သက္ဆိုင္ရာ အခ်က္အလက္ေတြနဲ႔ ျပည့္ႏွက္ေနသည္။
“ဒါက တကယ့္ကို အလွတရားပဲ! ခရီးသြားတဲ့အခါမွာ တ႐ုတ္႐ိုးရာဝတ္စုံကို ယူသြားတယ္! ငါ့ရဲ႕တ႐ုတ္မိန္းကေလးက တကယ့္ကို ႐ူးသြပ္တာပဲ!”
“ေကာမိုင္ နဲ႔ ေဇာင္ယုဟြမ္ တို႔က တစ္ေယာက္က အနီနဲ႔ တစ္ေယာက္က အျဖဴကို ဝတ္ထားတာက အရမ္းကို လိုက္ဖက္တာပဲ! ဒီလီလီအစုံလိုက္ကို ငါစားလိုက္မယ္ ဟဟား! မင္းတို႔ေတြ လမ္းအတူတူ ေလွ်ာက္ေနခ်ိန္မွာ အရမ္းႀကီး လွမေနပါနဲ႔!”
“ေဇာင္ယုဟြမ္ မွာတကယ့္ကိုေကာင္းဆဲ့ စိတ္သေဘာထား ရွိတာပဲ၊ ငါယုံၾကည္တယ္”
“တျခားသူေတြထက္ သူမနဲ႔ ေကာမိုင္ ကိုပဲၾကည့္ခ်င္တယ္၊ ႐ိုက္ကူးေရးက အရမ္းေကာင္းတာပဲ! ေဇာင္ယုဟြမ္ ကတကယ္ကို ၿပီးျပည့္စုံတဲ့ မိန္းကေလးပဲ!”
“ဒါကိုၾကည့္ၿပီးေတာ့ တ႐ုတ္႐ိုးရာတြင္းထဲေတာင္ ဝင္ခ်င္သြားတယ္!”
“အေပၚက ျမန္ျမန္လာၿပီး တြင္းထဲဝင္၊ ဒီတြင္းက အရမ္းေကာင္းတယ္။ ဒါက မင္းပိုက္ဆံအိတ္ကို ပိုပါးၿပီး ေပါ့သြားေစလိမ့္မယ္…”
“ႏိုင္ငံျခားသားေတြက သူတို႔ဆီမွာ တ႐ုတ္ယဥ္ေက်းမႈကို ပ်ံ႕ႏွံ႔ေအာင္လုပ္ဖို႔ ေဆြးေႏြးၾကတယ္လို႔ ငါၾကားခဲ့တယ္၊ ဒါက ငါ့ကို ငိုခ်င္မိေစတယ္။ ေဇာင္ယုဟြမ္ ကတကယ္ကိုပဲ အရမ္းေတာ္လြန္းတယ္!”
“တစ္ဖြဲ႕လုံးသာ တ႐ုတ္႐ိုးရာဝတ္စုံကို တ္ခဲ့ၾကရင္ ဒါက အရမ္းလွေနမွာပဲ!”
“လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကစကတ္ကို အႀကိမ္တစ္ရာေလာက္ မ,ေပးေနၾကတဲ့ ျမင္ကြင္းကိုပဲ ငါၾကည့္ေနရတယ္! ႏွစ္ေယာက္လုံးက အရမ္းကို စြမ္းအားႀကီးတဲ့ သူေတြပဲ! ဘာေၾကာင့္ သူတို႔က ေဇာင္ယုဟြမ္ အေရွ႕မွာ ဟာသလို ျဖစ္ေနရတာလဲ?”
#ေဇာင္ယုဟြမ္# အေနာက္တြင္ ရွာေဖြမႈ အေဟာ့ဆုံးမွာ #လီဂ်င္းယြမ္# ျဖစ္သည္။
hashtag ကိုႏွိပ္ၿပီးေနာက္ Weibo ကသက္ဆုိင္ရာ အခ်က္အလက္ေတြကို ေဖာ္ျပခဲ့သည္။
“အိုင္ေဒါကို ႏိုင္ငံျခားမွာ အေတာ္ေလး ႐ူးသြပ္ၾကပုံပဲ…”
“လီဂ်င္းယြမ္ ကႏိုင္ငံျခားမွာ လူႀကိဳက္ပိုမ်ားတာကို ငါတြတ္မိသြားၿပီ။ သူတို႔သာ ေျပးတာမျမန္ရင္ သူတို႔အဝိုင္းခံရႏိုင္တယ္”
“Ahhh! အရင္က ဒီလိုရတနာေလးကို ဘာလို႔ငါမေတြ႕ခဲ့ရတာလဲ! အစ္ကိုေလးလီ ေမာ္ဒယ္လ္ကို တကယ္ပဲ ျမင္ခ်င္မိတယ္!”
“အစ္ကိုေလးလီ က ဟုန္ေလး နဲ႔တိုက္ခိုက္ခဲ့တာလား?”
“အစ္ကိုေလးလီက ဓါတ္ပုံေတြကို တိတ္တဆိတ္႐ိုက္ၿပီး ဟုန္ေလး ကစကတ္မေပးတယ္။ ဒါက သူတို႔ၾကားမွာ တိုက္ခိုက္တာ မရွိဘူးဆိုတာ ရွင္းလင္းေနတာပဲ”
“ဟုန္ေလး လည္းအရမ္းကို ေခ်ာတာပဲ။ ကားဒါ႐ိုက္ဘာနဲ႔ ကုမၸဏီကေတာ့ ေသခ်င္ေနၾကေလာက္မွာ။ ကားက မေတာ္တဆ ျဖစ္သြားၿပီး သူတို႔က ငွားရဲၾကေသးတယ္!”
“ဂူယူလင္း ကနည္းနည္းေတာ့ ထိရွသြားတယ္လို႔ ငါခံစားေနရတယ္”
“ထိရွတယ္ +1 ဟုန္ေလး ကလက္မွတ္တယ္ၿပီး ျပန္လာေတာ့ ယင္ခ်ီခ်ီ ရဲ႕အၾကည့္ေတြက ေျပာင္းသြားတယ္….”
လ်င္ျမန္စြာပင္ ေဇာင္ယုဟြမ္ ရဲ႕အျခမ္းတြင္ ပို႔စ္အသစ္က ထပ္ေရာက္လာခဲ့သည္။
“ေဇာင္ယုဟြမ္ ကျမင္းစီးတာ အရမ္းလွတာပဲ၊ မွန္လား? ေနာက္ၿပီး ယင္ခ်ီခ်ီ နဲ႔နည္းျပနဲ႔ စကားေျပာေနတာေကာ ၾကည့္ၾကည့္။ ငါရယ္ရလြန္းလို႔ အူတက္ေသေတာ့မယ္ [ဓာတ္ပုံ] [ဓာတ္ပုံ]…”
ကြန္မန႔္ေတြက ျပည့္ႏွက္သြားခဲ့သည္။ “ငါ့ေန႔ရက္ေလးေတြက အရမ္းကို လွပတာပဲ! ငါက ေယာက်ၤားေလး တစ္ေယာက္ျဖစ္ၿပီး ဒီလိုအလွေလးကို မယူႏိုင္ဘူး! မနက္စာစားခ်ိန္ ျမင္ကြင္းကို ဘယ္သူမွတ္မိေသးလဲ? ေဇာင္ယုဟြမ္ ရဲ႕ပါးနားမွာ တြဲေလ်ာင္းက်ေနတဲ့ ပုလဲလုံးေလးေတြက အရမ္းလွတာပဲ! လူတိုင္းက အဲ့ပုလဲလုံးေတြကို မသိမသာ ၾကည့္မိၾကတယ္လို႔ ငါထင္တယ္။ တြဲေလ်ာင္းေလးေတြက လွတာမဟုတ္ဘူး၊ ဝတ္ထားတဲ့သူက အရမ္းလွေနတာပဲ!”
“ဟားဟားဟားဟား၊ ဒီေနရာက ယင္ခ်ီခ်ီ ရဲ႕စကားေျပာတာကို ၾကည့္ပါဦး… သူမဘာသာ ထုတ္ေဖာ္ၿပီး ေစာ္ကားမိတာပဲ”
“ခနေလး၊ ငါမျမင္လိုက္တာလား? နည္းျပေျပာတာက ေဇာင္ယုဟြမ္ ကအရင္က အတန္းတက္ဖူးတယ္၊ ဒါဆို ေဇာင္ယုဟြမ္ ကအရင္တုန္းက ႏိုင္ငံျခားမွာ ေနခဲ့တာလား? လီဂ်င္းယြမ္ နဲ႔အတူတူလား?”
“ဒီအေၾကာင္းေျပာရင္းနဲ႔… အရင္က ဟုန္ေလး ရဲ႕အေၾကာင္းကို ငါဖတ္ခဲ့တယ္၊ သူက အဂၤလန္မွာ စာသင္ခဲ့ပုံပဲ…”
“သူတို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ သိေနၾကတာ အံ့ဩစရာ မဟုတ္ေတာ့ဘူး! ဆိုေတာ့…”
“F**k! အေပၚက ေျပာေနတာေတြ ရပ္လိုက္ေတာ့၊ ငါ့ဦးေႏွာက္က မထိန္းခ်ဳပ္ႏိုင္ေတာ့ဘူး။ ဒါက ငယ္ခ်စ္ေတြ မဟုတ္လား? ဟားဟားဟားဟား၊ အံ့ဩဖို႔ေကာင္းတဲ့ ဇာတ္လမ္းပဲ!”
“F**k! ဒါဆို ဘယ္အတြဲကို ငါက ရပ္တည္ေပးရမွာလဲ? ဒါက ခက္ခဲတယ္လို႔ ခံစားေနရတယ္…”
……
……
လန္ဂ်င္းဇီ ကသားေရ ကုလားထိုင္ေပၚတြင္ ထိုင္ေနၿပီး လက္ဖက္ရည္ခြက္ကို တစ္ဖက္မွာ ကိုင္ထားရင္း notebook နဲ႔ဗီဒီယိုရႈိးကို ၾကည့္ေနခဲ့သည္။ ကြန္မန႔္ေတြကို ၾကည့္ေနရင္း ဒီရႈိးပြဲကို စိတ္ဝင္စားေနသည္။
“ငါမွားျမင္လိုက္တာ မဟုတ္ဘူးမလား? ဟုန္ေလး က ေဇာင္ယုဟြမ္ ရဲ႕ခါးကို ပုတ္လိုက္ပံုပဲ”
“F**k! ေဇာင္ယုဟြမ္ ကျမင္းစီးခ်ိန္မွာ ဟုန္ေလး နဲ႔ လီဂ်င္းယြမ္ တို႔ကသူမကိုပဲ ၾကည့္ေနၾကတာ!”
“ဒါက တကယ့္ကို Mary Sue ျမင္ကြင္းပဲ!! ငါလည္း အခ်စ္ဇာတ္လမ္းက CP (အတြဲ)ေတြကို တြဲႏိုင္တယ္! ဝမ္ေယာင္ခ်န္း လည္းဝင္ပါႏိုင္တယ္!”
“ႏႈတ္ဆက္ျခင္း X၊ မင္းကို ဆူရလိမ့္မယ္။ ဟုန္ေလး နဲ႔ ေဇာင္ယုဟြမ္ ပဲ၊ အိုေက? ေဖ်ာ္ေျဖေရးေလာက အျပင္ဘက္က လူေတြက မေကာင္းဘူးလို႔ သူတို႔က ေျပာေနတာလား?”
လန္ဂ်င္းဇီ ကထိုေနရာ မတိုင္ခင္အထိ ဖတ္ေနၿပီး “CP”ရဲ႕ အဓိပၸါယ္ကို ရွာေဖြလိုက္သည္။
CP, စုံတြဲ။ (←အဂၤလိပ္ဘာသာျပန္မွ)
လင္နဲ႔မယားလား?
လင္နဲ႔မယား?!
ဒါကဘာလဲ? ဒါက ယုတၱိမရွိတာပဲမလား?
ဒါေတြက အႏၲရာယ္ရွိတဲ့ ထင္ေၾကးေတြႀကီးပဲ!
လန္ဂ်င္းဇီ မ်က္ေမွာင္ၾကဳတ္လိုက္သည္။လက္သီးဆုပ္လိုက္ၿပီး မ်က္ႏွာျပင္ကို ဆက္ၾကည့္လိုက္သည္။
“ဒါေပမဲ့ လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ အေပၚေကာင္းတဲ့ ခံစားခ်က္ရွိတယ္ဆိုတာ ထင္ရွားတယ္။ ဖန္ေတြ ဆူပူၾကရင္ေတာင္ ကင္မရာကေတာ့ လိမ္ညာမွာ မဟုတ္ဘူး?”
“ေဇာင္ယုဟြမ္ ကတျခားသူေတြအတြက္ ဓာတ္ပုံ႐ိုက္ေပးဖို႔ ကင္မရာ ကိုင္ေပးထားတယ္၊ လီဂ်င္းယြမ္ ကကင္မရာကိုင္ထားၿပီး သူမ တစ္ေယာက္တည္းအတြက္ ဓာတ္ပုံ႐ိုက္တယ္… လီဂ်င္းယြမ္ အတြက္ပဲေပါ့၊ အဲ့လိုပဲ…”
“… ေဇာင္ယုဟြမ္ ကသူ႔မ်က္လုံးထဲမွာ အလွဆုံး ျမင္ကြင္းလား?”
“ဒီလႈိင္းႀကီးေတြက နည္းနည္းေတာ့ မ်က္ရည္က်ရေလာက္တယ္၊ ငါက CP ဖန္ပဲျဖစ္သင့္တယ္…”
လန္ဂ်င္းဇီ ကမ်က္ႏွာျပင္က ကြန္မန႔္ေပးရန္ ဆုံးျဖတ္လိုက္သည္။
လန္ဂ်င္းဇီ ကဘယ္ေလာက္ေတာင္ စမတ္က်လိုက္လဲ? ကြန္မန႔္ေလး တစ္ခုေပးတာက ဘယ္ေလာက္ထိ သူ႔ကိုျပႆနာျဖစ္ေစႏိုင္မွာလဲ?
ဒါေၾကာင့္ သူ႔မေပ်ာ္႐ႊင္မႈေတြကို ဖိႏွိပ္လိုက္ၿပီး စာတစ္လုံးကို ႐ိုက္လိုက္သည္။ ကီးဘုတ္က အသံထြက္လာၿပီး စာ႐ိုက္တာက ဖိအားေတြနဲ႔ ႐ိုက္ေနတယ္ဆိုတာ သိသာေနသည္။
——【ယုတၱိမရွိတာေတြ ေျပာမေနနဲ႔! သူတို႔က ေမာင္ႏွမ ဆက္ဆံေရးပဲရွိတာ】
ထို႔ေနာက္ ဗီဒီယို ဝက္ဘ္ဆိုက္မွ ခ်က္ခ်င္း သတိေပးစာ ေရာက္လာသည္။【ေတာင္းပန္ပါတယ္၊ လူႀကီးမင္းက ဒီဝက္ဘ္ဆိုက္မွ အသုံးျပဳသူ အသစ္ျဖစ္တာေၾကာင့္ ကြန္မန႔္ မေပးခင္မွာ အရင္ဆုံး အေကာင့္ကို အတည္ျပဳထားသင့္ပါတယ္】
15.12.2020 (Tue)
……………………….
[text_hash] => 16e80592
)