ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 66❇️ ဖုံးကွယ်ထားသင့်တဲ့ရတနာလေး part 2
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 66❇️ ဖုံးကွယ်ထားသင့်တဲ့ရတနာလေး part 2

Array
(
[text] =>

Unicode

နောက်တစ်ခါကျရင် သူမခါးကို အကိုင်မခံတော့ဘူးလို့ ဇောင်ယုဟွမ် စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည်။

ယောက်ျား‌ေလး တစ်ယောက်ရဲ့ခေါင်းကို မထိရဘူးလို့ လူတွေက ပြောကြသည်။

မိန်းကလေး တစ်ယောက်ရဲ့ ခါးကလည်း အတူတူပဲဖြစ်သည်။

ဇောင်ယုဟွမ် သည်ရေချိုးခန်းထဲကို ဝင်သွားလိုက်သည်။

ဇောင်ယုဟွမ် သည်ဆေးကြောပြီးတာ‌ေတာင် ဟုန်ချန်းမင်း ပြန်လာတာကို မတေ‌ွ့ရသေးပေ။ ဇောင်ယုဟွမ် သည်အရမ်းအိပ်ချင်နေတာကြောင့် သူတို့သည် ဒီနေရာတွင် နှစ်အတန်ကြာ နေထိုင်ခဲ့တာကြောင့် ပြဿနာမရှိလောက်ဟု တွေးတောလိုက်ပြီး မစိုးရိမ်တော့ပဲ အိပ်လိုက်သည်။

ဒုတိယနေ့တွင် သူတို့သည် Whitby သို့ အပျော်စီးသင်္ဘောဖြင့် သွားခဲ့သည်။

ဆောင်းရာသီတွင် ရေကန်ပေါ်မှာ အနည်းငယ် အေး‌ေနခဲ့သည်။

ဇောင်ယုဟွမ် သည်ဒီနေ့တွင် ထူးထူးခြားခြား ဝတ်ဆင်ထားခြင်းမျိုး မရှိပေ။ သူမသည် အဆင်ပြေသည့် အင်္ကျီကိုသာ ဝတ်ဆင်ထားခဲ့သည်။ သူမ နာမည်ကြီး မဟုတ်တာကြောင့် သူမ လုပ်ချင်တာကို လုပ်နိုင်သည်။ သူမဆံပင်က လည်စည်းထဲဝင်နေတာတောင် ဂရုမစိုက်ပေ။ အဖြူရောင် အပေါ်ဝတ် အင်္ကျီနှင့် ဆီးနှင်းဖိနပ်နဲ့ လိုက်ဖက်သော အနီရောင် လည်စည်းကို ပတ်ထားပြီး အောက်ထပ်ကို ဆင်းလာခဲ့သည်။

ဟုန်ချန်းမင်း ကအောက်ထပ်တွင် စောင့်နေခဲ့သည်။

သူက ဝတ်စုံကို ဝတ်ဆင်ထားတုန်းပင်။ အလွန်နူးညံ့သည့် ကုတ်ကိုထပ်ဝတ်ထားပြီး လည်စည်းက တံတောင်အထိ ရှည်ကျနေပြီး မယုံနိုင်လောက်သည့် အရှိန်အဝါတွေကို ထုတ်လွှတ်နေသည်။ ဒါက CEO တစ်ယောက်ရဲ့ အရှိန်အဝါ ဖြစ်နိုင်လား?

ဇောင်ယုဟွမ် ကလျှောက်သွားလိုက်ပြီး “တခြားသူတွေ မရောက်ကျသေးဘူးလား? ဒါဆို သူတို့ကို စောင့်နေလိုက်မယ်”

ပြောပြီးနောက် သူဘယ်အချိန်က ပြန်‌ေရာက်လဲဆိုတာကို မေးလိုက်သည်။ သို့သော် ဟုန်ချန်းမင်း ကရုတ်တရက် သူမရဲ့ ကျောပိုးအိတ်ကို သဘာဝကျကျပင် လှမ်းယူလိုက်သည်။

ဇောင်ယုဟွမ် : “???”

“ဒီနေ့ ဟိုတယ်မှာ ကျွန်မတို့ မနက်စာ မစားရဘူးလား?” ယင်ချီချီ ရဲ့အသံက အနောက်မှ ထွက်ပေါ်လာခဲ့သည်။

ဇောင်ယုဟွမ် ကလှည့်ကြည့်လိုက်ပြီး တခြားသူတွေလည်း ဆင်းလာကြပြီဆိုတာ မြင်လိုက်သည်။ ကောမိုင် နဲ့ ယင်ချီချီ တို့မျက်နှာတွင် အံ့ဩရိပ်က ဖြတ်ပြေးသွားခဲ့သည်။ ဇောင်ယုဟွမ်၊ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကအချင်းချင်း သိကြတာကို သူတို့သိပေမဲ့ ဒီလောက် ရင်းနှီးကြလိမ့်မယ်လို့ မထင်ထားကြပေ။ ဒီလိုချောမောပေမဲ့ အေးစက်တဲ့ မျက်နှာရှိတဲ့ မစ္စတာဟုန် ကတစ်စံုတစ်ယောက်ရဲ့ စကပ်၊ ကျောပိုးအိတ်တို့ကို သယ်ပေးမယ်လို့ ဘယ်သူက ထင်မှာလဲ။ ဝတ်စုံဝတ်ပြီး ကျောပိုးအိတ်သယ်ထားပုံက လုံးဝ မလိုက်ဖက်ပေ။

ဒါက တကယ့်ကို အဆင်သင့် ဝန်ဆောင်မှုပဲ!ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်မှာသာ ဒီ‌လိုဝန်ဆောင်မှုမျိုး ရှိတာမလား?

“ဟိုတယ်မှာ မဟုတ်ဘူး၊ သွားရအောင်” ဇောင်ယုဟွမ် ကအလျင်အမြန် ပြောလိုက်သည်။

တခြားသူများက သူတို့အံ့အားသင့်မှုကို ဖုံးကွယ်ပြီး သူမအနောက်မှ လိုက်ခဲ့ကြသည်။

ကားက အပြင်ဘက်တွင် စောင့်နေခဲ့သည်။

ဟုန်ချန်းမင်း ကညွှန်ပြပြီး ပြောလိုက်သည်။ “သူဌေးက တောင်းပန်ပြီး အခကြေးငွေ မပေးရပဲ ဒရိုက်ဘာ တစ်ယောက်စီနဲ့ ကားတွေကို ပြင်ဆင်ပေးခဲ့တယ်” သူ့ခေါင်းကို စီစဉ်သူအဖွဲ့ဘက်ကို လှည့်လိုက်ကာ မေးလိုက်သည်။ “ဒါက ချိုးဖောက်တယ်လို့ မသတ်မှတ်ဘူးမလား?”

စီစဉ်သူအဖွဲ့ : “ဒါကို ထည့်မတွက်ပါဘူး”

သူတို့က ပြောလိုက်ပေမဲ့ သူတို့ခေျွးတွေကို သုတ်လိုက်ကြသည်။

ရှိုးပွဲတွင် ဒီလိုမျိုးဖြစ်တာက ပထမဆုံး အကြိမ်ဖြစ်သည်။

သူတို့မှာ ဘယ်လိုကံမျိုးရှိ‌ေနတာလဲ? ဒါက လျှော့စျေး မဟုတ်ဘူးဆိုရင် ဒါက လျော်ကြေးပဲ။ တခြားလူ‌ေတွနဲ့ ရှိုးပွဲရိုက်ကူးချိန်တွင် ငွေကြေးနည်းပါးမှု ပြဿနာတွေကို ကြုံတွေ့ခဲ့ရပေမဲ့ ဒီအဖွဲ့ကတော့ ပိုလျှံမှုရှိ‌ေနသည်! သူတို့က အရမ်းဆင်းရဲနေတာကြောင့် ဒါက လူတွေကို မပျော်မရွှင် ဖြစ်စေတယ်။

“ရှင်တို့ စားချင်တာ တစ်ခုခုရှိလား၊ ဒါမှမဟုတ် အမှတ်တရ ပစ္စည်းတွေ ဝယ်ချင်ကြလား? ဒါဆိုရင် ကျွန်မတို့ ဝယ်ဖို့အတွက် သူတို့ကို ရပ်ခိုင်းလိုက်မယ်၊ ကျွန်မတို့မှာ ငွေပိုသေးတယ်” ဇောင်ယုဟွမ် ကလက်ထဲတွင် ပိုက်ဆံကိုကိုင်ကာ ဝေ့ယမ်းပြလိုက်သည်။ ကောမိုင် ကသက်ပြင်းချလိုက်သည်။ “ကျွန်မ ရိုက်ကူးဖူးတဲ့ ရှိုးပွဲတွေမှာ ဒီတစ်ခေါက်က အလွယ်ကူဆုံးပဲ!”

အခြေအနေ ကြည့်နေသည့် ဂူယူလင်း ကလည်း ချက်ချင်း ထပ်ပေါင်းပြောလိုက်သည်။ “ကျွန်မလည်း အဲ့လိုထင်တယ်!”

ဒီကုမ္ပဏီက သူတို့သည် အပြည့်အဝ လျော်ကြေးပေးပြီးပြီလို့ ပြောခဲ့သည်။

စားသောက်ဆိုင်တွင် မနက်စာ စားနေချိန် ဒရိုက်ဘာနဲ့ ကားတွေက အပြင်ဘက်တွင် စောင့်နေခဲ့ကြသည်။

လူတိုင်းက မနက်စာစားပြီးသည်နှင့် ဒရိုက်ဘာတွေက သူတို့ကို အမှတ်တရ လက်ဆောင်ပစ္စည်းအချို့ ဝယ်ယူရန် အနီးအနားရှိ ကုန်တိုက်သို့ မောင်းပို့ခဲ့ပြီး သင်္ဘောပေါ်တက်ရန် သိမ်းစ်မြစ်သို့ အလျင်အမြန် သွားခဲ့ကြသည်။

ဇောင်ယုဟွမ် ကြိုတင်ဘွတ်ကင် လုပ်ထားသည့် အပျော်စီးသင်္ဘောသည် အလွန်အဆင့်မြင့်ပြီး အပျော်စီးသင်္ဘောများထဲတွင် အမြင့်ဆုံးဖြစ်သည်။ ထိုအထဲတွင် အချိုပွဲများ၊ သစ်သီးများနှင့် အချိုရည်များကို လိုသလို မှာယူနိုင်သည်။ အနည်းငယ် မူးဝေနေသည့် လေထုကို ခံစားနေရစဉ် ဆဲလ်လိုတေးဂီတကို နားထောင်ပြီး နှစ်ဖက်စလုံးရဲ့ ခံစားမှုကို ကောင်းမွန်စေသည်။ ဒီအချိန်တွင် အလိုရှိသလို ဆော့ကစားနိုင်ကြသည်။

ဒါက ပိုမလွယ်ကူတာ တစ်ခုခု ဖြစ်နိုင်သည်။

ယင်ချီချီ သည်ထွက်မသွားချင်ခဲ့ပေ။

သို့သော် ရိုက်ကူးနေချိန်တွင် ဝေဖန်မှုတွေကို ရရှိနိုင်တာကြောင့် သူမစိတ်ထဲရှိ အတွေးတွေကို ထုတ်ပြောတာက သူမအတွက် ကောင်းတဲ့အရာ မဟုတ်ပေ။ ဒါကြောင့် သူမလှည့်လိုက်ပြီး ဇောင်ယုဟွမ် ကိုမေးလိုက်သည်။ “ဒါက Whitby ကပျော်ရွှင်ပွဲလား?”

“Whitby ကဗန်ပိုင်းယားတွေရဲ့ ဇာတိမြို့ပဲ။ ပါလီမန်နှင့် Big Ben တို့နှင့်ယှဉ်ရင် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်မလား? တစ်နေ့က စာအုပ်ထဲ ရေးသားထားတာကို တွေ့ခဲ့တာ”

ယင်ချီချီ သည်ထပ်ပြီး ရှက်ရွံ့သလို ခံစားလိုက်ရသည်။

သူမသည် ဇောင်ယုဟွမ် အရှေ့တွင် ထပ်ပြီးမရှိသလိုမျိုး ခံစားလိုက်ရသည်။

“ဒီနေရာက ကမ်းရိုးတန်းမြို့လို့လည်း လူသိများတယ်။ ဒီရာသီမှာ နွေ‌းထွေးတဲ့ နေရောင်ခြည်နဲ့ အပြာရောင် လှိုင်းလုံးလေးတွေကို မြင်ရဖို့ ခက်ခဲပေမဲ့ ငွေရောင်ဖံုးလွှမ်းထားတဲ့ မြို့တစ်မြို့လုံးကိုတော့ မြင်ရလိမ့်မယ်” လီဂျင်းယွမ် ကထပ်ပေါင်း ပြောလိုက်သည်။

ယင်ချီချီ သည်ချက်ချင်း ပါးစပ်ပိတ်သွားပြီး စကားထပ်မပြောရဲတော့ပေ။

သူမသည် စတင်ပြီး နားလည်လာခဲ့သည်။

ဇောင်ယုဟွမ် သည်ဒီနေရာကို သူမထက် အများကြီး ပိုသိသည်။

သူတို့က သိမ်းစ်မြစ်ကို ဖြတ်ပြီးချိန်တွင် ကားကနေ ရထားဖြင့် ပြောင်းလဲကာ သွားကြပြီးနောက် Whitby ကိုရောက်သွားခဲ့သည်။

Whitby ရဲ့ကောင်းကင်က ထူးကဲသည့် အပြာ‌ေရာင်ဖြစ်သည်။

ဒါက တိမ်ထူနေတာမျိုး မဟုတ်ပေ။ နွေးထွေးတဲ့ နေရောင်ခြည်က ခန္ဓာကိုယ်ပေါ် ဖြာကျနေပြီး လန်းဆန်းသည့် နှင်းအနံ့လိုမျိုး ရရှိနေသည်။ မျက်လုံးမှိတ်ပြီး အာရုံစိုက်နားထောင်ကြည့်ရင် စင်ရော်ငှက်တွေရဲ့ အော်မြည်သံကို ကြားနိုင်သည်။

သူတို့သည် ပထမဆုံးညတွင် ဒေသဆိုင်ရာ ဂေါ့သ်ပွဲတော်သို့ တက်ရောက်ခဲ့ကြသည်။

ဇောင်ယုဟွမ် ကဖုန်းခေါ်ပြီး မကြာခင်တွင် လူတစ်ယောက်က သူတို့ဝတ်ဆင်ကြဖို့ ဂေါ့သ်အဝတ်အစားတေွကို လာပို့ပေးခဲ့သည်။

အဝတ်အစားတွေ ဝတ်ဆင်ပြီးနောက် ခမ်းနားကြီးကျယ်သည့် အယောင်အဆောင် တစ်ယောက်နှင့် တူသ‌ွားစေသည်။

ဒုတိယနေ့အထိ ဒေသခံများနှင့် ပါတီပွဲလုပ်ပြီး ဟိုတယ်သို့ အသီးသီး ပြန်ခဲ့ကြသည်။

မွန်းလွဲပိုင်း သူတို့နိုးလာချိန်တွင် သူတို့အုပ်စုသည် နေရောင်ခံကာ ကမ်းခြေတစ်လျှောက် ဖြေးညှင်းစွာဖြင့် ရထားလက်မှတ် ရောင်းသည့်နေရာအထိ လျှောက်သွားကြသည်။ ထို့နောက် သူတို့သည် ရေနွေးငွေ့ရထားစီးသည့် အတွေ့အကြုံကို ရရှိခဲ့ကြသည်။

ဒုတိယပိုင်း ရိုက်ကူးရေးသည် ဒီနေရာတွင် အဆုံးသွားခဲ့သည်။

ဇောင်ယုဟွမ် သည်နိုင်ငံကို ပြန်ရောက်ချိန်တွင် ချက်ချင်းပင် စိတ်ပျက်သွားခဲ့သည်။

ဒါဟာ သူမ ငြီးငွေ့တာ‌ေတာ့ မဟုတ်ပေ။

သို့သော် သူမ မရရှိနိုင်သည့် ကန့်သတ်ချက်သည် အရမ်းများတာ‌ေကြာင့် ဇောင်ယုဟွမ် သည်ထိန်းချုပ်ခံရမှုကို ခံစားနေရသည်။

ရန်ဆန်း ကိုစာပို့လိုက်ပြီး အိပ်ခဲ့သည်။

[တတိယမြောက် ရိုက်ကူးရေးက သွားချင်တဲ့‌ေနရာတိုင်း သွားနိုင်တယ်!]

ဒုတိယပိုင်း ထုတ်လွှတ်မှုသည် စတင်ခဲ့သည်။

ဒီအချိန်တွင် ဇောင်ယုဟွမ် သည် လီဂျင်းယွမ် ရဲ့အရည်အချင်း ရှိုးပွဲ နောက်ဆုံးအပိုင်း ရိုက်ကူးရေးသို့ ဟုန်ချန်းမင်း နဲ့အတူ အလည်သွားခဲ့သည်။

ကားထဲက ထွက်လာရင်း ဇောင်ယုဟွမ် က ဟုန်ချန်းမင်း ကိုတားလိုက်သည်။ “ခနလေး”

ဟုန်ချန်းမင်း ကသူမကို လှည့်ကြည့်လာခဲ့သည်။

ဇောင်ယုဟွမ် ကသူမအိတ်ထဲက အနက်ရောင် မျက်နှာဖုံးကို ထုတ်လိုက်ပြီး ဟုန်ချန်းမင်း ကိုတပ်ပေးလိုက်သည်။ “အခု ဟွမ်ဟွမ် တို့က လူသိများနေပြီ၊ ဒီလိုမျိုး သွားလိုက်ရင် ကောလဟာလက ဆိုးရွားသွားလိမ့်မယ်”

ထိုအချိန်တွင် သူမက သူ့ကို ပွေ့ဖက်နေပုံပေါက်‌ေနသည်။

ဟုန်ချန်းမင်း သည်သူ့နားနားတွင် သူမရဲ့ လက်ချောင်းမှ အနွေးဓာတ်ကို ခံစားမိနေသည်။

သူ့အကြည့်က သူမကို ကြည့်နေရင်း အကြံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

သူမလက်ကို ကိုင်လိုက်!

သို့သော် ဟုန်ချန်းမင်း သည်သူ့အကြံအတိုင်း မလုပ်ခင် ဇောင်ယုဟွမ် သည်သူမလက်ကို ပြန်ဆုတ်သွားခဲ့သည်။ သူမကလည်း ခေါင်းငုံ့လိုက်ကာ မျက်နှာဖုံးနှင့် နေကာမျက်မှန်ကို ဝတ်ဆင်လိုက်သည်။ သူမသည် ဘောလုံးလို ထုပ်ပိုးပြီးမှ ကားပေါ်မှ တဖြည်းဖြည်း ထွက်လာခဲ့သည်။

“အစ်ကို၊ သွားရအောင်” သူမက သူ့တံတောင်ကို ပုတ်လိုက်ပြီး လက်မောင်းကို ဆွဲလိုက်သည်။

ပုတ်လိုက်သည်နှင့် ဟုန်ချန်းမင်း ရဲ့အတွေးတွေက ပျောက်ကွယ်သွားသည်။

ငါဘာတွေတွေးနေခဲ့တာလဲ?

ဟုန်ချန်းမင်း ရဲ့အာဒံပန်းသီးက လှုပ်ရှားသွားခဲ့သည်။

သတိမထားမိခင်က သူကိုယ်တိုင်ပင် အန္တရာယ်နှင့် ရင်ဆိုင်နေခဲ့ရသည်။

ဒါပေမဲ့ ဒီအန္တရာယ်က ဘယ်ကနေ လာခဲ့တာလဲ?

ဟုန်ချန်းမင်း တွင်တိကျသော အဖြေမရှိပေ။

သူ့ခေါင်းကို မော့လိုက်ပြီး ဇောင်ယုဟွမ် ကသူ့အရှေ့ နှစ်လှမ်းအကျော်လောက် ရောက်နေတာကို မြင်လိုက်ရသည်။

ဟုန်ချန်းမင်း ကရုတ်တရက် မြန်လိုက်သည်။ ခြေလှမ်းကျယ်ကြီးကို လှမ်းလိုက်ပြီး ဇောင်ယုဟွမ် ရဲ့လက်ကောက်ဝတ်ကို ဆွဲလိုက်သည်။

သူသည် အားနည်းနည်းပိုသုံးခဲ့မိသည်။ ဇောင်ယုဟွမ် သည်ခေါင်းကို ရုတ်တရက် လှည့်လိုက်ပြီး သံသယဖြင့် သူ့ကိုကြည့်လိုက်သည်။

ဟုန်ချန်းမင်း ကသူမအကြည့်နှင့် ဆုံသွားပြီး အသံနိမ့်ကာ ပြောလိုက်သည်။ “အစ်ကိုကြီးနောက်ကနေ လိမ်လိမ်မာမာနဲ့လိုက်ခဲ့”

ဇောင်ယုဟွမ် ကအကူအညီမဲ့စွာ ခေါင်းညိတ်လိုက်သည်။ “အင်း၊ အိုကေ!”

သူတို့နှစ်ယောက်သည် လီဂျင်းယွမ် ထံမှ ဝန်ထမ်းများရဲ့ ခွင့်ပြုချက်ကို အချိန်အတော်ကြာကတည်းက ရရှိထားပြီးဖြစ်တာကြောင့် ၀င်သွားကြပြီး စင်အ‌နောက်ဖက်ကို သွားလိုက်ကြသည်။

အထဲကိုပိုဝင်လေ လမ်းတစ်လျှောက်တွင် ချောမောသည့် ကောင်လေးတွေကို မြင်ရလေဖြစ်သည်။ ဇောင်ယုဟွမ် ကခေါင်းကိုလှည့်ပြီး ကြည့်လိုက်သည်။ ဖျော်ဖြေရေး‌ေလာကမှာ ကြည့်ကောင်းတဲ့သူတွေ တော်တော်များတာပဲ….

ဇောင်ယုဟွမ် သည်အနာဂတ်တွင် သင့်လျော်သည့် လက်ထပ်ထိမ်းမြားမှုကို မတွေ့နိုင်ရင် လတ်ဆတ်သည့် အသားနှစ်မျိုး ထားရှိခြင်းက မကောင်းသည့်အရာ မဟုတ်ဟု စဉ်းစားလိုက်မိသည်။

4.12.2020 (Fri)
…………………….

Zawgyi

ေနာက္တစ္ခါက်ရင္ သူမခါးကို အကိုင္မခံေတာ့ဘူးလို႔ ေဇာင္ယုဟြမ္ စိတ္ထဲတြင္ ဆုံးျဖတ္လိုက္သည္။

ေယာက္်ား‌ေလး တစ္ေယာက္ရဲ႕ေခါင္းကို မထိရဘူးလို႔ လူေတြက ေျပာၾကသည္။

မိန္းကေလး တစ္ေယာက္ရဲ႕ ခါးကလည္း အတူတူပဲျဖစ္သည္။

ေဇာင္ယုဟြမ္ သည္ေရခ်ိဳးခန္းထဲကို ဝင္သြားလိုက္သည္။

ေဇာင္ယုဟြမ္ သည္ေဆးေၾကာၿပီးတာ‌ေတာင္ ဟုန္ခ်န္းမင္း ျပန္လာတာကို မေတ‌ြ႕ရေသးေပ။ ေဇာင္ယုဟြမ္ သည္အရမ္းအိပ္ခ်င္ေနတာေၾကာင့္ သူတို႔သည္ ဒီေနရာတြင္ ႏွစ္အတန္ၾကာ ေနထိုင္ခဲ့တာေၾကာင့္ ျပႆနာမရွိေလာက္ဟု ေတြးေတာလိုက္ၿပီး မစိုးရိမ္ေတာ့ပဲ အိပ္လိုက္သည္။

ဒုတိယေန႔တြင္ သူတို႔သည္ Whitby သို႔ အေပ်ာ္စီးသေဘၤာျဖင့္ သြားခဲ့သည္။

ေဆာင္းရာသီတြင္ ေရကန္ေပၚမွာ အနည္းငယ္ ေအး‌ေနခဲ့သည္။

ေဇာင္ယုဟြမ္ သည္ဒီေန႔တြင္ ထူးထူးျခားျခား ဝတ္ဆင္ထားျခင္းမ်ိဳး မရွိေပ။ သူမသည္ အဆင္ေျပသည့္ အက်ႌကိုသာ ဝတ္ဆင္ထားခဲ့သည္။ သူမ နာမည္ႀကီး မဟုတ္တာေၾကာင့္ သူမ လုပ္ခ်င္တာကို လုပ္ႏိုင္သည္။ သူမဆံပင္က လည္စည္းထဲဝင္ေနတာေတာင္ ဂ႐ုမစိုက္ေပ။ အျဖဴေရာင္ အေပၚဝတ္ အက်ႌႏွင့္ ဆီးႏွင္းဖိနပ္နဲ႔ လိုက္ဖက္ေသာ အနီေရာင္ လည္စည္းကို ပတ္ထားၿပီး ေအာက္ထပ္ကို ဆင္းလာခဲ့သည္။

ဟုန္ခ်န္းမင္း ကေအာက္ထပ္တြင္ ေစာင့္ေနခဲ့သည္။

သူက ဝတ္စုံကို ဝတ္ဆင္ထားတုန္းပင္။ အလြန္ႏူးညံ့သည့္ ကုတ္ကိုထပ္ဝတ္ထားၿပီး လည္စည္းက တံေတာင္အထိ ရွည္က်ေနၿပီး မယုံႏိုင္ေလာက္သည့္ အရွိန္အဝါေတြကို ထုတ္လႊတ္ေနသည္။ ဒါက CEO တစ္ေယာက္ရဲ႕ အရွိန္အဝါ ျဖစ္ႏိုင္လား?

ေဇာင္ယုဟြမ္ ကေလွ်ာက္သြားလိုက္ၿပီး “တျခားသူေတြ မေရာက္က်ေသးဘူးလား? ဒါဆို သူတို႔ကို ေစာင့္ေနလိုက္မယ္”

ေျပာၿပီးေနာက္ သူဘယ္အခ်ိန္က ျပန္‌ေရာက္လဲဆိုတာကို ေမးလိုက္သည္။ သို႔ေသာ္ ဟုန္ခ်န္းမင္း က႐ုတ္တရက္ သူမရဲ႕ ေက်ာပိုးအိတ္ကို သဘာဝက်က်ပင္ လွမ္းယူလိုက္သည္။

ေဇာင္ယုဟြမ္ : “???”

“ဒီေန႔ ဟိုတယ္မွာ ကြၽန္မတို႔ မနက္စာ မစားရဘူးလား?” ယင္ခ်ီခ်ီ ရဲ႕အသံက အေနာက္မွ ထြက္ေပၚလာခဲ့သည္။

ေဇာင္ယုဟြမ္ ကလွည့္ၾကည့္လိုက္ၿပီး တျခားသူေတြလည္း ဆင္းလာၾကၿပီဆိုတာ ျမင္လိုက္သည္။ ေကာမိုင္ နဲ႔ ယင္ခ်ီခ်ီ တို႔မ်က္ႏွာတြင္ အံ့ဩရိပ္က ျဖတ္ေျပးသြားခဲ့သည္။ ေဇာင္ယုဟြမ္၊ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကအခ်င္းခ်င္း သိၾကတာကို သူတို႔သိေပမဲ့ ဒီေလာက္ ရင္းႏွီးၾကလိမ့္မယ္လို႔ မထင္ထားၾကေပ။ ဒီလိုေခ်ာေမာေပမဲ့ ေအးစက္တဲ့ မ်က္ႏွာရွိတဲ့ မစၥတာဟုန္ ကတစ္စံုတစ္ေယာက္ရဲ႕ စကပ္၊ ေက်ာပိုးအိတ္တို႔ကို သယ္ေပးမယ္လို႔ ဘယ္သူက ထင္မွာလဲ။ ဝတ္စုံဝတ္ၿပီး ေက်ာပိုးအိတ္သယ္ထားပုံက လုံးဝ မလိုက္ဖက္ေပ။

ဒါက တကယ့္ကို အဆင္သင့္ ဝန္ေဆာင္မႈပဲ!ၾကယ္ငါးပြင့္ အဆင့္ရွိ ဟိုတယ္မွာသာ ဒီ‌လိုဝန္ေဆာင္မႈမ်ိဳး ရွိတာမလား?

“ဟိုတယ္မွာ မဟုတ္ဘူး၊ သြားရေအာင္” ေဇာင္ယုဟြမ္ ကအလ်င္အျမန္ ေျပာလိုက္သည္။

တျခားသူမ်ားက သူတို႔အံ့အားသင့္မႈကို ဖုံးကြယ္ၿပီး သူမအေနာက္မွ လိုက္ခဲ့ၾကသည္။

ကားက အျပင္ဘက္တြင္ ေစာင့္ေနခဲ့သည္။

ဟုန္ခ်န္းမင္း ကၫႊန္ျပၿပီး ေျပာလိုက္သည္။ “သူေဌးက ေတာင္းပန္ၿပီး အခေၾကးေငြ မေပးရပဲ ဒ႐ိုက္ဘာ တစ္ေယာက္စီနဲ႔ ကားေတြကို ျပင္ဆင္ေပးခဲ့တယ္” သူ႔ေခါင္းကို စီစဥ္သူအဖြဲ႕ဘက္ကို လွည့္လိုက္ကာ ေမးလိုက္သည္။ “ဒါက ခ်ိဳးေဖာက္တယ္လို႔ မသတ္မွတ္ဘူးမလား?”

စီစဥ္သူအဖြဲ႕ : “ဒါကို ထည့္မတြက္ပါဘူး”

သူတို႔က ေျပာလိုက္ေပမဲ့ သူတို႔ေခြၽးေတြကို သုတ္လိုက္ၾကသည္။

ရႈိးပြဲတြင္ ဒီလိုမ်ိဳးျဖစ္တာက ပထမဆုံး အႀကိမ္ျဖစ္သည္။

သူတို႔မွာ ဘယ္လိုကံမ်ိဳးရွိ‌ေနတာလဲ? ဒါက ေလွ်ာ့ေစ်း မဟုတ္ဘူးဆိုရင္ ဒါက ေလ်ာ္ေၾကးပဲ။ တျခားလူ‌ေတြနဲ႔ ရႈိးပြဲ႐ိုက္ကူးခ်ိန္တြင္ ေငြေၾကးနည္းပါးမႈ ျပႆနာေတြကို ႀကဳံေတြ႕ခဲ့ရေပမဲ့ ဒီအဖြဲ႕ကေတာ့ ပိုလွ်ံမႈရွိ‌ေနသည္! သူတို႔က အရမ္းဆင္းရဲေနတာေၾကာင့္ ဒါက လူေတြကို မေပ်ာ္မ႐ႊင္ ျဖစ္ေစတယ္။

“ရွင္တို႔ စားခ်င္တာ တစ္ခုခုရွိလား၊ ဒါမွမဟုတ္ အမွတ္တရ ပစၥည္းေတြ ဝယ္ခ်င္ၾကလား? ဒါဆိုရင္ ကြၽန္မတို႔ ဝယ္ဖို႔အတြက္ သူတို႔ကို ရပ္ခိုင္းလိုက္မယ္၊ ကြၽန္မတို႔မွာ ေငြပိုေသးတယ္” ေဇာင္ယုဟြမ္ ကလက္ထဲတြင္ ပိုက္ဆံကိုကိုင္ကာ ေဝ့ယမ္းျပလိုက္သည္။ ေကာမိုင္ ကသက္ျပင္းခ်လိုက္သည္။ “ကြၽန္မ ႐ိုက္ကူးဖူးတဲ့ ရႈိးပြဲေတြမွာ ဒီတစ္ေခါက္က အလြယ္ကူဆုံးပဲ!”

အေျခအေန ၾကည့္ေနသည့္ ဂူယူလင္း ကလည္း ခ်က္ခ်င္း ထပ္ေပါင္းေျပာလိုက္သည္။ “ကြၽန္မလည္း အဲ့လိုထင္တယ္!”

ဒီကုမၸဏီက သူတို႔သည္ အျပည့္အဝ ေလ်ာ္ေၾကးေပးၿပီးၿပီလို႔ ေျပာခဲ့သည္။

စားေသာက္ဆိုင္တြင္ မနက္စာ စားေနခ်ိန္ ဒ႐ိုက္ဘာနဲ႔ ကားေတြက အျပင္ဘက္တြင္ ေစာင့္ေနခဲ့ၾကသည္။

လူတိုင္းက မနက္စာစားၿပီးသည္ႏွင့္ ဒ႐ိုက္ဘာေတြက သူတို႔ကို အမွတ္တရ လက္ေဆာင္ပစၥည္းအခ်ိဳ႕ ဝယ္ယူရန္ အနီးအနားရွိ ကုန္တိုက္သို႔ ေမာင္းပို႔ခဲ့ၿပီး သေဘၤာေပၚတက္ရန္ သိမ္းစ္ျမစ္သို႔ အလ်င္အျမန္ သြားခဲ့ၾကသည္။

ေဇာင္ယုဟြမ္ ႀကိဳတင္ဘြတ္ကင္ လုပ္ထားသည့္ အေပ်ာ္စီးသေဘၤာသည္ အလြန္အဆင့္ျမင့္ၿပီး အေပ်ာ္စီးသေဘၤာမ်ားထဲတြင္ အျမင့္ဆုံးျဖစ္သည္။ ထိုအထဲတြင္ အခ်ိဳပြဲမ်ား၊ သစ္သီးမ်ားႏွင့္ အခ်ိဳရည္မ်ားကို လိုသလို မွာယူႏိုင္သည္။ အနည္းငယ္ မူးေဝေနသည့္ ေလထုကို ခံစားေနရစဥ္ ဆဲလ္လိုေတးဂီတကို နားေထာင္ၿပီး ႏွစ္ဖက္စလုံးရဲ႕ ခံစားမႈကို ေကာင္းမြန္ေစသည္။ ဒီအခ်ိန္တြင္ အလိုရွိသလို ေဆာ့ကစားႏိုင္ၾကသည္။

ဒါက ပိုမလြယ္ကူတာ တစ္ခုခု ျဖစ္ႏိုင္သည္။

ယင္ခ်ီခ်ီ သည္ထြက္မသြားခ်င္ခဲ့ေပ။

သို႔ေသာ္ ႐ိုက္ကူးေနခ်ိန္တြင္ ေဝဖန္မႈေတြကို ရရွိႏိုင္တာေၾကာင့္ သူမစိတ္ထဲရွိ အေတြးေတြကို ထုတ္ေျပာတာက သူမအတြက္ ေကာင္းတဲ့အရာ မဟုတ္ေပ။ ဒါေၾကာင့္ သူမလွည့္လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုေမးလိုက္သည္။ “ဒါက Whitby ကေပ်ာ္႐ႊင္ပြဲလား?”

“Whitby ကဗန္ပိုင္းယားေတြရဲ႕ ဇာတိၿမိဳ႕ပဲ။ ပါလီမန္ႏွင့္ Big Ben တို႔ႏွင့္ယွဥ္ရင္ ပိုၿပီးစိတ္ဝင္စားဖို႔ေကာင္းတယ္မလား? တစ္ေန႔က စာအုပ္ထဲ ေရးသားထားတာကို ေတြ႕ခဲ့တာ”

ယင္ခ်ီခ်ီ သည္ထပ္ၿပီး ရွက္႐ြံ႕သလို ခံစားလိုက္ရသည္။

သူမသည္ ေဇာင္ယုဟြမ္ အေရွ႕တြင္ ထပ္ၿပီးမရွိသလိုမ်ိဳး ခံစားလိုက္ရသည္။

“ဒီေနရာက ကမ္း႐ိုးတန္းၿမိဳ႕လို႔လည္း လူသိမ်ားတယ္။ ဒီရာသီမွာ ေႏြ‌းေထြးတဲ့ ေနေရာင္ျခည္နဲ႔ အျပာေရာင္ လႈိင္းလုံးေလးေတြကို ျမင္ရဖို႔ ခက္ခဲေပမဲ့ ေငြေရာင္ဖံုးလႊမ္းထားတဲ့ ၿမိဳ႕တစ္ၿမိဳ႕လုံးကိုေတာ့ ျမင္ရလိမ့္မယ္” လီဂ်င္းယြမ္ ကထပ္ေပါင္း ေျပာလိုက္သည္။

ယင္ခ်ီခ်ီ သည္ခ်က္ခ်င္း ပါးစပ္ပိတ္သြားၿပီး စကားထပ္မေျပာရဲေတာ့ေပ။

သူမသည္ စတင္ၿပီး နားလည္လာခဲ့သည္။

ေဇာင္ယုဟြမ္ သည္ဒီေနရာကို သူမထက္ အမ်ားႀကီး ပိုသိသည္။

သူတို႔က သိမ္းစ္ျမစ္ကို ျဖတ္ၿပီးခ်ိန္တြင္ ကားကေန ရထားျဖင့္ ေျပာင္းလဲကာ သြားၾကၿပီးေနာက္ Whitby ကိုေရာက္သြားခဲ့သည္။

Whitby ရဲ႕ေကာင္းကင္က ထူးကဲသည့္ အျပာ‌ေရာင္ျဖစ္သည္။

ဒါက တိမ္ထူေနတာမ်ိဳး မဟုတ္ေပ။ ေႏြးေထြးတဲ့ ေနေရာင္ျခည္က ခႏၶာကိုယ္ေပၚ ျဖာက်ေနၿပီး လန္းဆန္းသည့္ ႏွင္းအနံ႔လိုမ်ိဳး ရရွိေနသည္။ မ်က္လုံးမွိတ္ၿပီး အာ႐ုံစိုက္နားေထာင္ၾကည့္ရင္ စင္ေရာ္ငွက္ေတြရဲ႕ ေအာ္ျမည္သံကို ၾကားႏိုင္သည္။

သူတို႔သည္ ပထမဆုံးညတြင္ ေဒသဆိုင္ရာ ေဂါ့သ္ပြဲေတာ္သို႔ တက္ေရာက္ခဲ့ၾကသည္။

ေဇာင္ယုဟြမ္ ကဖုန္းေခၚၿပီး မၾကာခင္တြင္ လူတစ္ေယာက္က သူတို႔ဝတ္ဆင္ၾကဖို႔ ေဂါ့သ္အဝတ္အစားေတြကို လာပို႔ေပးခဲ့သည္။

အဝတ္အစားေတြ ဝတ္ဆင္ၿပီးေနာက္ ခမ္းနားႀကီးက်ယ္သည့္ အေယာင္အေဆာင္ တစ္ေယာက္ႏွင့္ တူသ‌ြားေစသည္။

ဒုတိယေန႔အထိ ေဒသခံမ်ားႏွင့္ ပါတီပြဲလုပ္ၿပီး ဟိုတယ္သို႔ အသီးသီး ျပန္ခဲ့ၾကသည္။

မြန္းလြဲပိုင္း သူတို႔ႏိုးလာခ်ိန္တြင္ သူတို႔အုပ္စုသည္ ေနေရာင္ခံကာ ကမ္းေျခတစ္ေလွ်ာက္ ေျဖးညႇင္းစြာျဖင့္ ရထားလက္မွတ္ ေရာင္းသည့္ေနရာအထိ ေလွ်ာက္သြားၾကသည္။ ထို႔ေနာက္ သူတို႔သည္ ေရေႏြးေငြ႕ရထားစီးသည့္ အေတြ႕အႀကဳံကို ရရွိခဲ့ၾကသည္။

ဒုတိယပိုင္း ႐ိုက္ကူးေရးသည္ ဒီေနရာတြင္ အဆုံးသြားခဲ့သည္။

ေဇာင္ယုဟြမ္ သည္ႏိုင္ငံကို ျပန္ေရာက္ခ်ိန္တြင္ ခ်က္ခ်င္းပင္ စိတ္ပ်က္သြားခဲ့သည္။

ဒါဟာ သူမ ၿငီးေငြ႕တာ‌ေတာ့ မဟုတ္ေပ။

သို႔ေသာ္ သူမ မရရွိႏိုင္သည့္ ကန႔္သတ္ခ်က္သည္ အရမ္းမ်ားတာ‌ေၾကာင့္ ေဇာင္ယုဟြမ္ သည္ထိန္းခ်ဳပ္ခံရမႈကို ခံစားေနရသည္။

ရန္ဆန္း ကိုစာပို႔လိုက္ၿပီး အိပ္ခဲ့သည္။

[တတိယေျမာက္ ႐ိုက္ကူးေရးက သြားခ်င္တဲ့‌ေနရာတိုင္း သြားႏိုင္တယ္!]

ဒုတိယပိုင္း ထုတ္လႊတ္မႈသည္ စတင္ခဲ့သည္။

ဒီအခ်ိန္တြင္ ေဇာင္ယုဟြမ္ သည္ လီဂ်င္းယြမ္ ရဲ႕အရည္အခ်င္း ရႈိးပြဲ ေနာက္ဆုံးအပိုင္း ႐ိုက္ကူးေရးသို႔ ဟုန္ခ်န္းမင္း နဲ႔အတူ အလည္သြားခဲ့သည္။

ကားထဲက ထြက္လာရင္း ေဇာင္ယုဟြမ္ က ဟုန္ခ်န္းမင္း ကိုတားလိုက္သည္။ “ခနေလး”

ဟုန္ခ်န္းမင္း ကသူမကို လွည့္ၾကည့္လာခဲ့သည္။

ေဇာင္ယုဟြမ္ ကသူမအိတ္ထဲက အနက္ေရာင္ မ်က္ႏွာဖုံးကို ထုတ္လိုက္ၿပီး ဟုန္ခ်န္းမင္း ကိုတပ္ေပးလိုက္သည္။ “အခု ဟြမ္ဟြမ္ တို႔က လူသိမ်ားေနၿပီ၊ ဒီလိုမ်ိဳး သြားလိုက္ရင္ ေကာလဟာလက ဆိုး႐ြားသြားလိမ့္မယ္”

ထိုအခ်ိန္တြင္ သူမက သူ႔ကို ေပြ႕ဖက္ေနပုံေပါက္‌ေနသည္။

ဟုန္ခ်န္းမင္း သည္သူ႔နားနားတြင္ သူမရဲ႕ လက္ေခ်ာင္းမွ အေႏြးဓာတ္ကို ခံစားမိေနသည္။

သူ႔အၾကည့္က သူမကို ၾကည့္ေနရင္း အႀကံတစ္ခုက ႐ုတ္တရက္ ထြက္ေပၚလာခဲ့သည္။

သူမလက္ကို ကိုင္လိုက္!

သို႔ေသာ္ ဟုန္ခ်န္းမင္း သည္သူ႔အႀကံအတိုင္း မလုပ္ခင္ ေဇာင္ယုဟြမ္ သည္သူမလက္ကို ျပန္ဆုတ္သြားခဲ့သည္။ သူမကလည္း ေခါင္းငုံ႔လိုက္ကာ မ်က္ႏွာဖုံးႏွင့္ ေနကာမ်က္မွန္ကို ဝတ္ဆင္လိုက္သည္။ သူမသည္ ေဘာလုံးလို ထုပ္ပိုးၿပီးမွ ကားေပၚမွ တျဖည္းျဖည္း ထြက္လာခဲ့သည္။

“အစ္ကို၊ သြားရေအာင္” သူမက သူ႔တံေတာင္ကို ပုတ္လိုက္ၿပီး လက္ေမာင္းကို ဆြဲလိုက္သည္။

ပုတ္လိုက္သည္ႏွင့္ ဟုန္ခ်န္းမင္း ရဲ႕အေတြးေတြက ေပ်ာက္ကြယ္သြားသည္။

ငါဘာေတြေတြးေနခဲ့တာလဲ?

ဟုန္ခ်န္းမင္း ရဲ႕အာဒံပန္းသီးက လႈပ္ရွားသြားခဲ့သည္။

သတိမထားမိခင္က သူကိုယ္တိုင္ပင္ အႏၲရာယ္ႏွင့္ ရင္ဆိုင္ေနခဲ့ရသည္။

ဒါေပမဲ့ ဒီအႏၲရာယ္က ဘယ္ကေန လာခဲ့တာလဲ?

ဟုန္ခ်န္းမင္း တြင္တိက်ေသာ အေျဖမရွိေပ။

သူ႔ေခါင္းကို ေမာ့လိုက္ၿပီး ေဇာင္ယုဟြမ္ ကသူ႔အေရွ႕ ႏွစ္လွမ္းအေက်ာ္ေလာက္ ေရာက္ေနတာကို ျမင္လိုက္ရသည္။

ဟုန္ခ်န္းမင္း က႐ုတ္တရက္ ျမန္လိုက္သည္။ ေျခလွမ္းက်ယ္ႀကီးကို လွမ္းလိုက္ၿပီး ေဇာင္ယုဟြမ္ ရဲ႕လက္ေကာက္ဝတ္ကို ဆြဲလိုက္သည္။

သူသည္ အားနည္းနည္းပိုသုံးခဲ့မိသည္။ ေဇာင္ယုဟြမ္ သည္ေခါင္းကို ႐ုတ္တရက္ လွည့္လိုက္ၿပီး သံသယျဖင့္ သူ႔ကိုၾကည့္လိုက္သည္။

ဟုန္ခ်န္းမင္း ကသူမအၾကည့္ႏွင့္ ဆုံသြားၿပီး အသံနိမ့္ကာ ေျပာလိုက္သည္။ “အစ္ကိုႀကီးေနာက္ကေန လိမ္လိမ္မာမာနဲ႔လိုက္ခဲ့”

ေဇာင္ယုဟြမ္ ကအကူအညီမဲ့စြာ ေခါင္းညိတ္လိုက္သည္။ “အင္း၊ အိုေက!”

သူတို႔ႏွစ္ေယာက္သည္ လီဂ်င္းယြမ္ ထံမွ ဝန္ထမ္းမ်ားရဲ႕ ခြင့္ျပဳခ်က္ကို အခ်ိန္အေတာ္ၾကာကတည္းက ရရွိထားၿပီးျဖစ္တာေၾကာင့္ ၀င္သြားၾကၿပီး စင္အ‌ေနာက္ဖက္ကို သြားလိုက္ၾကသည္။

အထဲကိုပိုဝင္ေလ လမ္းတစ္ေလွ်ာက္တြင္ ေခ်ာေမာသည့္ ေကာင္ေလးေတြကို ျမင္ရေလျဖစ္သည္။ ေဇာင္ယုဟြမ္ ကေခါင္းကိုလွည့္ၿပီး ၾကည့္လိုက္သည္။ ေဖ်ာ္ေျဖေရး‌ေလာကမွာ ၾကည့္ေကာင္းတဲ့သူေတြ ေတာ္ေတာ္မ်ားတာပဲ….

ေဇာင္ယုဟြမ္ သည္အနာဂတ္တြင္ သင့္ေလ်ာ္သည့္ လက္ထပ္ထိမ္းျမားမႈကို မေတြ႕ႏိုင္ရင္ လတ္ဆတ္သည့္ အသားႏွစ္မ်ိဳး ထားရွိျခင္းက မေကာင္းသည့္အရာ မဟုတ္ဟု စဥ္းစားလိုက္မိသည္။

4.12.2020 (Fri)
……………………

[text_hash] => 16266037
)

//qc
//QC2