Array
(
[text] =>
<Unicode>
ဖုံးကွယ်ထားသင့်တဲ့ရတနာလေး
ဝမ်ယောင်ချန်း ကခရီးတွင် အနှိပ်စက်ကို သယ်လာရုံမက သိုေလှာင်အိတ်ကိုပါ ယူလာခဲ့သည်။
သူက ဇောင်ယုဟွမ် ဘေးတွင်ထိုင်နေရင်း ကျောကိုအနည်းငယ် ကွေးထားကာ အိတ်ထဲမှ ပစ္စည်းတွေကို ထုတ်လိုက်သည်။ တစ်ခုချင်းစီကို ဇောင်ယုဟွမ် ကိုပြလိုက်ကာ ပြောလိုက်သည်။ “ဒါက ခြေထောက်ကို သန့်ရှင်းပေးတယ်၊ ဒါက… လက်ဖက်ရည်ချက်တာ။ ဒါက မျက်လုံးအကာ၊ ဒါက နားကြပ်… အဲ့ဒါတွေက အသံကာကွယ်မှုမှာ အရမ်းကောင်းတယ်။ ဒါကတော့ မင်းမရောက်နိုင်တဲ့ နေရာမှာ ကပ်ထားရတယ်။ အဲ့ဒါက အပူချိန်မြင့်လာရင် ပိုကောင်းတယ်”
ဝမ်ယောင်ချန်း ကရှက်ရွံ့စွာ ပြုံးလိုက်ပြီး ထပ်ပြောလိုက်သည်။ “ကျွန်တော်က ဒီလိုအရာတွေကို ယူရတာ အရမ်းသဘောကျတယ်။ အရင်က ရိုက်ကူးတုန်းက ကျွန်တော့်ရဲ့ ကျန်းမာရေးကို ဂရုမစိုက်ပဲ ကျွန်တော့်ခန္ဓာကိုယ်ကို ထိခိုက်ခဲ့တယ်။ ဒါ့ကြောင့် ကျွန်တော့် ကျန်းမာရေးကို စပြီးဂရုစိုက်ခဲ့တာ”
“ကျေးဇူးတင်ပါတယ်၊ အစ်ကိုချန်း” ဇောင်ယုဟွမ် ကသူ့အား စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ကြောင်း ပြောကြားပြီးေနာက် အကြောင်းအရာ အနည်းငယ်ကို ပြောဆိုခဲ့ကြသည်။ သူမက ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ကျေးဇူးတင်လက်ဆောင်အတွက် ကျွန်မတို့ ပြန်တဲ့အချိန်ထိ ရှင်စောင့်ရလိမ့်မယ်”
“ကျေးဇူးတင်လက်ဆောင်တွေ ပေးဖို့မလိုပါဘူး၊ အဲ့အစား နေ့လည်စာေလာက်ဆို အဆင်ပြေပါပြီ” ဝမ်ယောင်ချန်း ကပြောလိုက်သည်။
စကားပြောပြီးနောက် ဝမ်ယောင်ချန်း သည်သူစကားေပြာတာ နည်းနည်းများသွားပြီဆိုတာ နားလည်လိုက်သည်။ တစ်စုံတစ်ယောက်က မကောင်းတဲ့ အကြံအစည်ရှိမယ်ဆိုရင် သူ့စကားတွေကို လိမ်ဖို့က သူတို့အတွက် လွယ်ကူလိမ့်မယ်။
ဝမ်ယောင်ချန်း ကစကားစကို လျင်မြန်စွာ ပြောင်းလဲခဲ့ပြီး အရင်က သူ့ရိုက်ကူးရေး အတွေ့အကြုံနှင့် ပတ်သက်သည့် အကြောင်းတွေကို စတင်ပြောဆိုခဲ့သည်။ လီဂျင်းယွမ် သည်ဖျော်ဖြေရေး လောကကို ဝင်ရောက်ခဲ့သော်လည်း သူ့နေရာသည် မော်လ်ဒယ်သာဖြစ်ပြီး သရုပ်ဆောင် မဟုတ်ပေ။
သူ့ထံမှ ဇောင်ယုဟွမ် သည်ေမာ်လ်ဒယ်နှင့် သရုပ်ဆောင် လောကနဲ့ ဆက်သွယ်မိခဲ့သည်။ သို့သော် သရုပ်ဆောင် လောကနှင့် ပတ်သက်ပြီး သူမ အများကြီး မသိေပ။ ဒါကြောင့် ဝမ်ယောင်ချန်း ပြောတဲ့အကြောင်းတွေကို နားထောင်ရတာ ပျော်ရွှင်ခဲ့သည်။
သူမ နားထောင်ရင်း ကိုယ်ကိုကွေးလိုက်ကာ သူမရဲ့စကပ်ရှည် အနားစကို ကိုင်ကာပင့်လိုက်ပြီး ကိုက်ခဲနေသည့် နေရာတွေကို နှိပ်စက်ဖြင့် နှိပ်လိုက်သည်။
လီဂျင်းယွမ် ရဲ့အကြည့်က စားပွဲပေါ်ရှိ ရေဗူးကို ကြည့်နေပေမဲ့ တကယ်တော့ ဒါကသူ့အကြည့်နေရာ မဟုတ်ပဲ ဇောင်ယုဟွမ် ဆီကို လှည့်ကြည့်လိုက်သည်။
သူ့နားထဲတွင် ဝမ်ယောင်ချန်း ရဲ့စကားေပြာသံနှင့် အနှိပ်စက်ရဲ့ ဆူညံသံကို ကြားေနရသည်။ လီဂျင်းယွမ် သည်တစ်ဝက်ခွဲထားရသလို ခံစားနေရသည်။ တစ်ဝက်က ကင်မရာအောက်တွင် ထိုဇာတ်လမ်းကို တိတ်ဆိတ်စွာ နားထောင်နေပေမဲ့ ကျန်တစ်ဝက်ကတော့ နှိပ်စက်ကို ဆွဲယူလိုက်ပြီး သူမကြွက်သားတွေ နှိပ်နယ်ဖို့ကို ကူညီပေးချင်နေသည်။ သူမ အဆင်မပြေနေတာကို သူ မကြည့်ချင်ပေ။
သူမသည် ဒီရှိုးပွဲကို မရောက်လာသင့်ဘူးလို့ လီဂျင်းယွမ် ရုတ်တရက် ခံစားလိုက်ရသည်။
သူမသည် နန်းတော်ထဲတွင် ဖုံးကွယ်ထားသင့်တဲ့ ရတနာေလးပဲ ဖြစ်သင့်သည်။
ဒါက နေရောင်ခြည် အနည်းငယ်လောက် ထိခတ်လိုက်ရင် လူတေွကို စိတ်သောကရောက်ပြီး တွန့်ဆုတ်သွားစေလိမ့်မည်။
မသိလိုက်ချိန်တွင် ရေချိုးခန်း တံခါးက ပွင့်လာပြီး ကောမုိင် နဲ့ ဂူယူလင်း တို့က အတူတူ ထွက်လာကြသည်။ သူတို့က ညဝတ်အင်္ကျီကို လဲပြီးဖြစ်ကာ သူတို့ဆံပင်ကို ခြောက်သွေ့စေပြီး မိတ်ကပ်ဖျက်ထားကာ မျက်နှာပေါင်းတင် မက်စ်ကို တပ်ထားသည်။ သူတို့ဟာ မူလက အတူတကွ စုဝေးပြီး အခြားသူများနဲ့ စကားပြောချင်ကြပေမဲ့ နာမည်ကြီး အမျိုးသမီး ကြယ်ပွင့်ဆိုသည့် အရာက ရှိနေသေးသည်။ ထိုအကြောင်းကို စဉ်းစားလိုက်ပြီး သူတို့အိပ်ခန်းကိုသာ ပြန်သွားဖို့ ဆုံးဖြတ်လိုက်သည်။
သူတို့ လှုပ်ရှားမှုများသည် လီဂျင်းယွမ် အားတကယ့်အစစ်အမှန်ဆီ ပြန်ရောက်လာစေသည်။
ထို့နောက် ဇောင်ယုဟွမ် မေးလိုက်တာကို သူကြားလိုက်ရသည်။ “အစ်ကိုဟုန် ကဘာလို့ မလာသေးတာလဲ?”
လီဂျင်းယွမ် ရဲ့အမူအရာက ပုံမှန်ပြန်ဖြစ်သွားပြီး ပြောလိုက်သည်။ “သူတစ်ခုခု လုပ်နေတာ ဖြစ်နိုင်တယ်။ ရေချိုးပြီးတော့ အနားယူလိုက်ပါ”
ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်သည်။
“ဟွမ်ဟွမ် ထနိုင်လား?” လီဂျင်းယွမ် ကရုတ်တရက် မေးလိုက်သည်။
ဇောင်ယုဟွမ် ကလက်ထဲက အနှိပ်စက်ကို ချလိုက်ပြီး ခေါင်းမော့လိုက်သည်။ လီဂျင်းယွမ် ရဲ့လေးနက်သည့် မျက်နှာနှင့် ဆုံေတွ့သွားကာ သူမ မထနိုင်ဘူးလို့ ပြောလိုက်ရင် လီဂျင်းယွမ် ကသူမကို သယ်သွားလိမ့်မယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။
ဒီမြင်ကွင်းက မျက်နှာပြင် နောက်ကွယ်ရှိ မရေတွတ်နိုင်အောင် များပြားသည့် လူတိုင်းကို ပြိုပျက်သွားစေလိမ့်မည်။
ထို့ကြောင့် ဇောင်ယုဟွမ် ကပြောလိုက်သည်။ “အားနည်းနည်းတော့ ရှိပါသေးတယ်။ နောက်ပြီး အရင်တုန်းက ကြိုးစားအားထုတ်တာ၊ တိုက်ခိုက်တာ၊ တောင်တက်တာနဲ့ မာရသွန် ပြေးတာတွေကိုတောင် လုပ်ခဲ့တာပဲလေ”
ထို့နောက် သူမစကတ်ကို နေရာချလိုက်ေပမဲ့ စကတ်က အရမ်းကြီးနေပြီး အနားစတွေက တောင့်တင်းနေသည်။ စကတ်ကြောင့် လဲကျမလို ဖြစ်သွာပေးမဲ့ လီဂျင်းယွမ် ကချက်ချင်း ဖမ်းလိုက်သည်။
“သတိထား” လီဂျင်းယွမ် ကသူမခါးမှ တင်းတင်းကိုင်ထားလိုက်သည်။
ဟုန်ချန်းမင်း သည်သူမခါးကို ဒီနေ့တွင် နှစ်ကြိမ်တုင်တိုင် ပုတ်ခဲ့သည့်အတွက် ဇောင်ယုဟွမ် သည်ထိုေနရာကို အထိမခံနိုင် ဖြစ်ေနသည်။ လီဂျင်းယွမ် ကထိုနေရာကို ထိလိုက်ချိန်တွင် ထိုနေရာ ထုံသွားသလို ခံစားလိုက်ရသည်။ သူမဘာသာ စကတ်ကို ဆွဲလိုက်ပြီး ရေချိုးခန်းဆီ ဖြည်းဖြည်းချင်း ရွေ့သွားလိုက်သည်။ သူမ ကျောဘက်အမြင်မှာ အလွန်ကောင်းမွန် လှပကာ ကြီးမားသည့် မှိုလိုမျိုး နေရာရွေ့ဖို့ ကြိုးစားနေပုံပေါ်ကာ အတော်လေး ချစ်ဖို့ကောင်းနေသည်။
(ကိုယ်အရင်ကတင်ပေးရင် သုံးပိုင်းပေါင်းပြီး တင်ပေးတာ၊ အခုက မတင်တာကြာနေပြီဆိုတော့ မျှော်နေကြမယ်ဆိုတာသိလို့ update တွေ့တာနဲ့ တင်ပေးလိုက်တာ၊ အဲ့ဒါကြောင့် တိုပါလိမ့်မယ်လို့ love u all 🥰 🥰)
28.11.2020 (Sat)
………………………
<Zawgyi>
ဖုံးကြယ္ထားသင့္တဲ့ရတနာေလး
ဝမ္ေယာင္ခ်န္း ကခရီးတြင္ အႏွိပ္စက္ကို သယ္လာ႐ုံမက သိုေလွာင္အိတ္ကိုပါ ယူလာခဲ့သည္။
သူက ေဇာင္ယုဟြမ္ ေဘးတြင္ထိုင္ေနရင္း ေက်ာကိုအနည္းငယ္ ေကြးထားကာ အိတ္ထဲမွ ပစၥည္းေတြကို ထုတ္လိုက္သည္။ တစ္ခုခ်င္းစီကို ေဇာင္ယုဟြမ္ ကိုျပလိုက္ကာ ေျပာလိုက္သည္။ “ဒါက ေျခေထာက္ကို သန႔္ရွင္းေပးတယ္၊ ဒါက… လက္ဖက္ရည္ခ်က္တာ။ ဒါက မ်က္လုံးအကာ၊ ဒါက နားၾကပ္… အဲ့ဒါေတြက အသံကာကြယ္မႈမွာ အရမ္းေကာင္းတယ္။ ဒါကေတာ့ မင္းမေရာက္ႏိုင္တဲ့ ေနရာမွာ ကပ္ထားရတယ္။ အဲ့ဒါက အပူခ်ိန္ျမင့္လာရင္ ပိုေကာင္းတယ္”
ဝမ္ေယာင္ခ်န္း ကရွက္႐ြံ႕စြာ ၿပဳံးလိုက္ၿပီး ထပ္ေျပာလိုက္သည္။ “ကြၽန္ေတာ္က ဒီလိုအရာေတြကို ယူရတာ အရမ္းသေဘာက်တယ္။ အရင္က ႐ိုက္ကူးတုန္းက ကြၽန္ေတာ့္ရဲ႕ က်န္းမာေရးကို ဂ႐ုမစိုက္ပဲ ကြၽန္ေတာ့္ခႏၶာကိုယ္ကို ထိခိုက္ခဲ့တယ္။ ဒါ့ေၾကာင့္ ကြၽန္ေတာ့္ က်န္းမာေရးကို စၿပီးဂ႐ုစိုက္ခဲ့တာ”
“ေက်းဇူးတင္ပါတယ္၊ အစ္ကိုခ်န္း” ေဇာင္ယုဟြမ္ ကသူ႔အား စိတ္ရင္းမွန္ျဖင့္ ေက်းဇူးတင္ေၾကာင္း ေျပာၾကားၿပီးေနာက္ အေၾကာင္းအရာ အနည္းငယ္ကို ေျပာဆိုခဲ့ၾကသည္။ သူမက ၿပဳံးလိုက္ၿပီး ေျပာလိုက္သည္။ “ေက်းဇူးတင္လက္ေဆာင္အတြက္ ကြၽန္မတို႔ ျပန္တဲ့အခ်ိန္ထိ ရွင္ေစာင့္ရလိမ့္မယ္”
“ေက်းဇူးတင္လက္ေဆာင္ေတြ ေပးဖို႔မလိုပါဘူး၊ အဲ့အစား ေန႔လည္စာေလာက္ဆို အဆင္ေျပပါၿပီ” ဝမ္ေယာင္ခ်န္း ကေျပာလိုက္သည္။
စကားေျပာၿပီးေနာက္ ဝမ္ေယာင္ခ်န္း သည္သူစကားေျပာတာ နည္းနည္းမ်ားသြားၿပီဆိုတာ နားလည္လိုက္သည္။ တစ္စုံတစ္ေယာက္က မေကာင္းတဲ့ အႀကံအစည္ရွိမယ္ဆိုရင္ သူ႔စကားေတြကို လိမ္ဖို႔က သူတို႔အတြက္ လြယ္ကူလိမ့္မယ္။
ဝမ္ေယာင္ခ်န္း ကစကားစကို လ်င္ျမန္စြာ ေျပာင္းလဲခဲ့ၿပီး အရင္က သူ႔႐ိုက္ကူးေရး အေတြ႕အႀကဳံႏွင့္ ပတ္သက္သည့္ အေၾကာင္းေတြကို စတင္ေျပာဆိုခဲ့သည္။ လီဂ်င္းယြမ္ သည္ေဖ်ာ္ေျဖေရး ေလာကကို ဝင္ေရာက္ခဲ့ေသာ္လည္း သူ႔ေနရာသည္ ေမာ္လ္ဒယ္သာျဖစ္ၿပီး သ႐ုပ္ေဆာင္ မဟုတ္ေပ။
သူ႔ထံမွ ေဇာင္ယုဟြမ္ သည္ေမာ္လ္ဒယ္ႏွင့္ သ႐ုပ္ေဆာင္ ေလာကနဲ႔ ဆက္သြယ္မိခဲ့သည္။ သို႔ေသာ္ သ႐ုပ္ေဆာင္ ေလာကႏွင့္ ပတ္သက္ၿပီး သူမ အမ်ားႀကီး မသိေပ။ ဒါေၾကာင့္ ဝမ္ေယာင္ခ်န္း ေျပာတဲ့အေၾကာင္းေတြကို နားေထာင္ရတာ ေပ်ာ္႐ႊင္ခဲ့သည္။
သူမ နားေထာင္ရင္း ကိုယ္ကိုေကြးလိုက္ကာ သူမရဲ႕စကပ္ရွည္ အနားစကို ကိုင္ကာပင့္လိုက္ၿပီး ကိုက္ခဲေနသည့္ ေနရာေတြကို ႏွိပ္စက္ျဖင့္ ႏွိပ္လိုက္သည္။
လီဂ်င္းယြမ္ ရဲ႕အၾကည့္က စားပြဲေပၚရွိ ေရဗူးကို ၾကည့္ေနေပမဲ့ တကယ္ေတာ့ ဒါကသူ႔အၾကည့္ေနရာ မဟုတ္ပဲ ေဇာင္ယုဟြမ္ ဆီကို လွည့္ၾကည့္လိုက္သည္။
သူ႔နားထဲတြင္ ဝမ္ေယာင္ခ်န္း ရဲ႕စကားေျပာသံႏွင့္ အႏွိပ္စက္ရဲ႕ ဆူညံသံကို ၾကားေနရသည္။ လီဂ်င္းယြမ္ သည္တစ္ဝက္ခြဲထားရသလို ခံစားေနရသည္။ တစ္ဝက္က ကင္မရာေအာက္တြင္ ထိုဇာတ္လမ္းကို တိတ္ဆိတ္စြာ နားေထာင္ေနေပမဲ့ က်န္တစ္ဝက္ကေတာ့ ႏွိပ္စက္ကို ဆြဲယူလိုက္ၿပီး သူမႂကြက္သားေတြ ႏွိပ္နယ္ဖို႔ကို ကူညီေပးခ်င္ေနသည္။ သူမ အဆင္မေျပေနတာကို သူ မၾကည့္ခ်င္ေပ။
သူမသည္ ဒီရႈိးပြဲကို မေရာက္လာသင့္ဘူးလို႔ လီဂ်င္းယြမ္ ႐ုတ္တရက္ ခံစားလိုက္ရသည္။
သူမသည္ နန္းေတာ္ထဲတြင္ ဖုံးကြယ္ထားသင့္တဲ့ ရတနာေလးပဲ ျဖစ္သင့္သည္။
ဒါက ေနေရာင္ျခည္ အနည္းငယ္ေလာက္ ထိခတ္လိုက္ရင္ လူေတြကို စိတ္ေသာကေရာက္ၿပီး တြန႔္ဆုတ္သြားေစလိမ့္မည္။
မသိလိုက္ခ်ိန္တြင္ ေရခ်ိဳးခန္း တံခါးက ပြင့္လာၿပီး ေကာမုိင္ နဲ႔ ဂူယူလင္း တို႔က အတူတူ ထြက္လာၾကသည္။ သူတို႔က ညဝတ္အက်ႌကို လဲၿပီးျဖစ္ကာ သူတို႔ဆံပင္ကို ေျခာက္ေသြ႕ေစၿပီး မိတ္ကပ္ဖ်က္ထားကာ မ်က္ႏွာေပါင္းတင္ မက္စ္ကို တပ္ထားသည္။ သူတို႔ဟာ မူလက အတူတကြ စုေဝးၿပီး အျခားသူမ်ားနဲ႔ စကားေျပာခ်င္ၾကေပမဲ့ နာမည္ႀကီး အမ်ိဳးသမီး ၾကယ္ပြင့္ဆိုသည့္ အရာက ရွိေနေသးသည္။ ထိုအေၾကာင္းကို စဥ္းစားလိုက္ၿပီး သူတို႔အိပ္ခန္းကိုသာ ျပန္သြားဖို႔ ဆုံးျဖတ္လိုက္သည္။
သူတို႔ လႈပ္ရွားမႈမ်ားသည္ လီဂ်င္းယြမ္ အားတကယ့္အစစ္အမွန္ဆီ ျပန္ေရာက္လာေစသည္။
ထို႔ေနာက္ ေဇာင္ယုဟြမ္ ေမးလိုက္တာကို သူၾကားလိုက္ရသည္။ “အစ္ကိုဟုန္ ကဘာလို႔ မလာေသးတာလဲ?”
လီဂ်င္းယြမ္ ရဲ႕အမူအရာက ပုံမွန္ျပန္ျဖစ္သြားၿပီး ေျပာလိုက္သည္။ “သူတစ္ခုခု လုပ္ေနတာ ျဖစ္ႏိုင္တယ္။ ေရခ်ိဳးၿပီးေတာ့ အနားယူလိုက္ပါ”
ေဇာင္ယုဟြမ္ ေခါင္းညိတ္လိုက္သည္။
“ဟြမ္ဟြမ္ ထႏိုင္လား?” လီဂ်င္းယြမ္ က႐ုတ္တရက္ ေမးလိုက္သည္။
ေဇာင္ယုဟြမ္ ကလက္ထဲက အႏွိပ္စက္ကို ခ်လိုက္ၿပီး ေခါင္းေမာ့လိုက္သည္။ လီဂ်င္းယြမ္ ရဲ႕ေလးနက္သည့္ မ်က္ႏွာႏွင့္ ဆုံေတြ႕သြားကာ သူမ မထႏိုင္ဘူးလို႔ ေျပာလိုက္ရင္ လီဂ်င္းယြမ္ ကသူမကို သယ္သြားလိမ့္မယ္လို႔ ႐ုတ္တရက္ ခံစားလိုက္ရသည္။
ဒီျမင္ကြင္းက မ်က္ႏွာျပင္ ေနာက္ကြယ္ရွိ မေရတြတ္ႏိုင္ေအာင္ မ်ားျပားသည့္ လူတိုင္းကို ၿပိဳပ်က္သြားေစလိမ့္မည္။
ထို႔ေၾကာင့္ ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။ “အားနည္းနည္းေတာ့ ရွိပါေသးတယ္။ ေနာက္ၿပီး အရင္တုန္းက ႀကိဳးစားအားထုတ္တာ၊ တိုက္ခိုက္တာ၊ ေတာင္တက္တာနဲ႔ မာရသြန္ ေျပးတာေတြကိုေတာင္ လုပ္ခဲ့တာပဲေလ”
ထို႔ေနာက္ သူမစကတ္ကို ေနရာခ်လိုက္ေပမဲ့ စကတ္က အရမ္းႀကီးေနၿပီး အနားစေတြက ေတာင့္တင္းေနသည္။ စကတ္ေၾကာင့္ လဲက်မလို ျဖစ္သြာေပးမဲ့ လီဂ်င္းယြမ္ ကခ်က္ခ်င္း ဖမ္းလိုက္သည္။
“သတိထား” လီဂ်င္းယြမ္ ကသူမခါးမွ တင္းတင္းကိုင္ထားလိုက္သည္။
ဟုန္ခ်န္းမင္း သည္သူမခါးကို ဒီေန႔တြင္ ႏွစ္ႀကိမ္တုင္တိုင္ ပုတ္ခဲ့သည့္အတြက္ ေဇာင္ယုဟြမ္ သည္ထိုေနရာကို အထိမခံႏိုင္ ျဖစ္ေနသည္။ လီဂ်င္းယြမ္ ကထိုေနရာကို ထိလိုက္ခ်ိန္တြင္ ထိုေနရာ ထုံသြားသလို ခံစားလိုက္ရသည္။ သူမဘာသာ စကတ္ကို ဆြဲလိုက္ၿပီး ေရခ်ိဳးခန္းဆီ ျဖည္းျဖည္းခ်င္း ေ႐ြ႕သြားလိုက္သည္။ သူမ ေက်ာဘက္အျမင္မွာ အလြန္ေကာင္းမြန္ လွပကာ ႀကီးမားသည့္ မႈိလိုမ်ိဳး ေနရာေ႐ြ႕ဖို႔ ႀကိဳးစားေနပုံေပၚကာ အေတာ္ေလး ခ်စ္ဖို႔ေကာင္းေနသည္။
(ကိုယ္အရင္ကတင္ေပးရင္ သုံးပိုင္းေပါင္းၿပီး တင္ေပးတာ၊ အခုက မတင္တာၾကာေနၿပီဆိုေတာ့ ေမွ်ာ္ေနၾကမယ္ဆိုတာသိလို႔ update ေတြ႕တာနဲ႔ တင္ေပးလိုက္တာ၊ အဲ့ဒါေၾကာင့္ တိုပါလိမ့္မယ္လို႔ love u all 🥰 🥰)
28.11.2020 (Sat)
………………………
[text_hash] => 37b49506
)