Array
(
[text] =>
<Unicode>
ခရီးမှာ အနှိပ်စက် ယူလာဖို့ ဘာကြောင့် မစဉ်းစားမိရတာလဲ?
သူ့ကို ရင့်ကျက်သည့် ပုံစံဖြင့် တစ်ခါမှ မမြင်ဖူးခဲ့တာကြောင့် အရင်တုန်းက ယောင်္ကျားလေးနဲ့ မိန်းကလေးကြားက ကွာခြားချက်တွေကို နည်းနည်းလေးမှ မတွေးမိဖူးပေ။
ဇောင်ယုဟွမ် လက်ရှိကို အာရုံပြန်ရောက်ချိန်တွင် လီဂျင်းယွမ် ကလျှောက်လာနေခဲ့သည်။အသံနိမ့်လေးနဲ့ ဆွဲဆောင်မှုရှိစွာဖြင့် မေးလိုက်သည်။ “အစ်ကိုဟုန်က လက်မှတ်ဝယ်ဖို့ သွားတာလား?”
“အင်း”
လီဂျင်းယွမ် ရဲ့အသံက ကြားရုံသာကှိသညါ။ သူမအနားကို တိုးလာချိန်တွင် သူ့နှုတ်ခမ်းက သူမနားဖျားကို ညင်သာစွာ ထိခတ်သွားသည်။ “ဟွမ်ဟွမ့် ကိုကူညီပြီး ဓာတ်ပုံရိုက်ပေးမယ်၊ ဒါဆို ဟွမ်ဟွမ် အနားယူလို့ရတယ်”
အရင်တုန်းက ဇောင်ယုဟွမ် သည်ဒီနေရာကို အကြိမ်များစွာ လည်ပတ်ခဲ့ပေမဲ့ အမှတ်ရစေမည့် ပုံတစ်ပုံမှမရှိပေ။ သို့သော် လီဂျင်းယွမ် ရဲ့စဉ်းစားပေးမှုက သူမနှလုံးသားကို ထိခတ်သွားသည်။
ဇောင်ယုဟွမ် ကတောက်ပစွာ ပြုံးပြလိုက်သည်။
သူမ အနောက်မှ မှန်တံခါးက ရုတ်တရက် ပွင့်လာခဲ့ပြီး ဟုန်ချန်းမင်း ကထွက်လာခဲ့သည်။ သူ့အနောက်တွင် ကလပ်မှ ဝန်ထမ်းအနည်းငယ်က လိုက်လာခဲ့သည်။
၀န်ထမ်းများက သူတို့ကို မြင်းရံုကို ခေါ်သွားခဲ့သည်။ သူတို့က နည်းပြတစ်ယောက်လို သူတို့စီးချင်တဲ့ မြင်းကိုလည်း ရွေးချယ်ခွင့်ရကြသည်။
ကလပ် ဝန်ထမ်းတွေက သူတို့အတွက် တရုတ်စကား ကျွမ်းကျင်သည့် နည်းပြတစ်ယောက်ကိုလည်း ပြင်ဆင်ပေးခဲ့သည်။
ထိုအချိန်တွင် ယင်ချီချီ ရဲ့အကြည့်တွေက ဟုန်ချန်းမင်း ဆီကိုထပ်ရောက်သွားခဲ့သည်။
ပုံမှန်ဆို သူမက စီးပွားရေးလုပ်ငန်းရှင်ေတွနဲ့ စီးပွားရေးအရသာ တွတ်ချက်ကြသူများကို ဂရုမစိုက်တတ်ပေ။ သို့သော် ဟုန်ချန်းမင်း ရဲ့လွှမ်းမိုးမှုကို မြင်ပြီးနောက် သူ့အပေါ်အမြင်တွေက ပြောင်းလဲသွားခဲ့သည်။ သူက ချမ်းသာကြွယ်ဝသလို သူဆန္ဒရှိသလို လုပ်နိုင်တာကို သူမ နားလည်ခဲ့သည်။ သူ့ချမ်းသာမှုကြောင့် ကြိုတင်မှာကြားထားခြင်းမရှိဘဲ ဒီသီးသန့်၀န်ဆောင်မှုကိုပင် အလွယ်တကူ လုပ်ဆောင်နိုင်ခဲ့သည်။
လုံခြုံမှုရှိစေရန် နည်းပြဆရာက လူတိုင်းကို မြင်းစီးခြင်းနှင့် ပတ်သက်သော အခြေခံ ညွှန်ကြားချက်များကို သင်ကြားပေးပြီး မြင်းကြိုးကိုလည်း မလွှတ်ဖို့ ပြောခဲ့သည်။ နည်းပြဆရာက လက်တွေ့လုပ်ပြပြီးနောက် သူတို့သည် လူတိုင်းကို မြင်းလမ်းကြောင်းမှ သစ်ပင်များ ပေါများစွာ ပေါက်ရောက်နေသည့် လမ်းကျယ်ကြီးဆီကို ဦးဆောင်ပေးပို့ခဲ့သည်။
မြင်းလမ်းမှာနဲ့စီးရတဲ့ အနေအထားက လုံးဝကို ပြောင်းလဲသွားသည်။
ယင်ချီချီ ကအတော်လေး စိတ်လှုပ်နေခဲ့သည်။
လင်းလန် ကလည်းသူမရဲ့ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ခဲ့ေပ။
ယှဉ်ရင်တော့ ကောမိုင် နဲ့တခြားသူတွေက ပိုမိုအေးဆေးနေသည်။
အုပ်စုထဲမှာ အအေးေဆးဆုံးကတော့ ဇောင်ယုဟွမ် နဲ့သူမဘေးမှ နှစ်ယောက်ဖြစ်သည်။ သူမက သဘာဝအတိုင်း မြင်းစီးခြင်းတွင် အတော်လေး ထူးချွန်သည်။ ဉပမာအနေနဲ့ မြင်းကို အရှေ့ဆက်သွားဖို့နဲ့ အရှိန်မြင့်ပြီး သွားနေတဲ့ မြင်းကို အလွယ်တကူ ရပ်နိုင်သည်။ မြင်းကိုအရမ်းမြန်အောင် သူမ မလုပ်သ၍ အဆေင်ပြေသည်။
ဇောင်ယုဟွမ် ကမြင်းပေါ်မှ ကိုယ်ကိုငုံ့လိုက်ပြီး နည်းပြဆရာကို စကားပြောလိုက်သည်။ မြင်းကိုအရှေ့သို့ စီးလိုက်သည်။
ထိုလမ်းကြောင်းက ရှင်းလင်းနေပြီး သူတို့တွေ မြင်းစီးနိုင်ဖို့အတွက် ပြင်ဆင်ထားခဲ့သည်။ လမ်းလျှောက်သူ မရှိတာကြောင့် ဇောင်ယုဟွမ် သည်လွတ်လပ်စွာ စီးနိုင်ခဲ့သည်။
လေတေွက သူတို့ကို ဖြတ်တိုက်သွားချိန်တွင် မြေပြင်နဲ့ထိခတ်မှုကြောင့် ထွက်ပေါ်လာသည့် မြင်းခွာသံေတွကို ကြားလိုက်ရသည်။ ဇောင်ယုဟွမ် ကမြင်းကိုစီးနေချိန် သူမစကတ်က အနောက်မှာ လွင့်နေတာကို ကြည့်နေခဲ့ကြသည်။ ထိုမြင်ကွင်းက အတော်လေး လှပတာကြောင့် ဘယ်သူမှ အကြည့်မလွှဲနိုင်ကြပေ။
လီဂျင်းယွမ် ကတိတ်တဆိတ် သူ့ကင်မရာကို ထုတ်လိုက်ပြီး ဓာတ်ပုံရိုက်ယူလိုက်သည်။
ကလစ်၊ ကလစ်။ သူမရဲ့ လှပသည့်အချိန်အားလုံးကို ကင်မရာနှင့် ရိုက်ယူထားရန် ဆန္ဒရှိနေသည်။
ထိုလမ်းကြောင်းကို လှည့်ပတ်စီးပြီးနောက် ဇောင်ယုဟွမ် ကကျော်ကြားမှုကို ထပ်မံခိုးယူလိုက်မှာ သေချာသည်။
ယင်ချီချီ သည်ထိုမြင်ကွင်းကို တွေ့လိုက်ပြီး ဇောင်ယုဟွမ် လိုမျိုး လှည့်ပတ်စီးလိုက်သည်။ လင်းလန် နဲ့ ဂူယူလင်း တို့တွင် တူညီသည့် အတွေးတွေ ရှိကြပေမဲ့ ထုတ်မပြောကြပေ။ သူတို့က ယင်ချီချီ ကနည်းပြကို အရင်ဆုံး စကားပြောမှာကိုသာ စောင့်နေခဲ့ကြသည်။
အတွေ့အကြုံ နည်းပါးတာကြောင့် သူမ တောင်းဆိုချက်ကို နည်းပြက ငြင်းပယ်ခဲ့ပြီး တခြားဘာမှ ထပ်မပြောပေ။
“ဒါဆို သူမကိုကျတော့ ဘာကြောင့် ခွင့်ပြုပေးခဲ့တာလဲ?” ယင်ချီချီ က ဇောင်ယုဟွမ် ကိုလက်ညှိုးထိုးပြကာ မကျေမနပ် ေပြာလိုက်သည်။
ဇောင်ယုဟွမ် ကအချိန်တိုင်း အကောင်းဆုံး ဆက်ဆံရေးတွေကိုပဲ ရနေတာလဲ!
လီဂျင်းယွမ်၊ ဟုန်ချန်းမင်း နဲ့ ဇောင်ယုဟွမ် တို့ကတစ်ေယာက်နဲ့ တစ်ယောက် အချိန်အတော်ကြာကတည်းက သိခဲ့ကြသည်။ ထိုအချက်ကြောင့် သူမ ဘာပဲလုပ်ခဲ့လုပ်ခဲ့ သူတို့ဆီမှ အကောင်းဆုံး ဆက်ဆံမှုကို ရရှိလိမ့်မည်။
သူမကို ဧည့်လမ်းညွှန်အဖြစ် ခန့်အပ်ခဲ့ပြီး မုန့်ေတွကိုေတာင် လက်ဆောင်ပေးခဲ့တယ်! သူမရတဲ့ အကောင်းဆုံး ဆက်ဆံမှုတွေကြောင့် ပရိုဂရမ်ရဲ့ အထူးဧည့်သည်အဖြစ် ခံစားခဲ့ရတယ်!
ယင်ချီချီ ရဲ့မေးခွန်းကို သူတို့ကြားလိုက်ချိန်တွင် လင်းလန် နဲ့ ဂူယူလင်း တို့တိတ်တဆိတ် နားစွင့်လိုက်ကြသည်။
နည်းပြက ပြန်ဖြေလိုက်သည်။ “မစ္စဟေလို့စ်စီ ကအရင်ကတည်းက ဒီနေရာမှာ မြင်းလာစီးဖူးခဲ့တယ်။ ဒါနဲ့ဆို သူမဒီကိုလာတာ ၂၃ ကြိမ်မြောက်ပဲ”
ယင်ချီချီ : “…”
သူမသည် ပုံမှန်အားဖြင့် အရေထူပြီး အရှက်ကင်းမဲ့သော်လည်း သူမမျက်နှာက တင်းမာနေကာ တိတ်ဆိတ်သွားခဲ့သည်။
ဂူယူလင်း နဲ့ လင်းလန် တို့က ချက်ချင်းပင် သူတို့အကြံကို စွန့်ပစ်လိုက်ကြသည်။
နည်းပြက ယင်ချီချီ အတွက် မြင်းစီးမကျွမ်းကျင်တာနဲ့ ပတ်သက်ပြီး အကျိုးဆက်များကို ဂရုတစိုက် ရှင်းပြခဲ့သည်။ မြင်းစီးသူက မတော်တဆ ဒဏ်ရာရခဲ့ရင် ထိုအကျိုးဆက်က ကလပ်အပေါ်ကျရောက်သည်။
နည်းပြဆရာက ရှင်းပြနေချိန် ယင်ချီချီ ကဲ့မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲလာခဲ့သည်။ သူမက ဇောင်ယုဟွမ် ဆီကိုတောင် မကြည့်ရဲတော့ပေ။
Hyde ပန်းခြံကို လှည့်ပတ်ကြည့်ပြီးနောက် ဇောင်ယုဟွမ် ကသူတို့တွေ လက်ဖက်ရည်သောက်ဖို့အတွက် နေရာကို ဦးဆောင်ခေါ်သွားခဲ့သည်။
UK တွင်လက်ဖက်ရည်သောက်ရန် လာရောက်ကျသည့် လူများသည် ပုံမှန်ဝတ်စုံများ ဝတ်လာကြရန် လိုအပ်သည်။ ယောင်္ကျားလေးတွေက ဟိုတယ်ကို ပြန်သွားကြပြီး အနောက်တိုင်း ဝတ်စုံနဲ့ဆင်တူသည့် အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်ခဲ့ကြသည်။
ကောမိုင်၊ ဂူယူလင်း နဲ့တခြားသူများက ခြုံထည်လို ပံုမှန်ဝတ်စားဆင်ယင်မှုကို ပြောင်းလိုက်ကြသည်။
ဇောင်ယုဟွမ် ကပေါင်ဒါအနည်းငယ် ပုတ်လိုက်ကာ ဧကရီမယ်ရီ ရဲ့လက်ဖက်ရည်သောက် ပါတီဝတ်စုံကို ခရီးဆောင်အိတ်ထဲမှ ထုတ်လိုက်သည်။ သူမ ခေါင်းမှအဆင်တန်ဆာကို ချွတ်လိုက်ပြီး ဆံပင်ကို ဖန်စီအကောက်ပုံစံ လုပ်လိုက်သည်။ ထို့နောက် KC တံဆိပ်မှ အလှဆင်ပစ္စည်း အနည်းငယ်ကို သူမဆံပင်ပေါ်တွင် တပ်လိုက်သည်။
ဇောင်ယုဟွမ် သည်ချမ်းသာကြွယ်ဝသော ဘဝဖြင့် အချိန်အတော်ကြာ ပျော်မွေ့ခဲ့သည်။ ထို့ကြောင့် သူမတွင် ရှိုးပွဲအတွက် ပြင်ဆင်စရာမလိုပဲ အဝတ်အစားများစွာရှိသည်။ ကင်မရာရှေ့ ရှိနေချိန်တွင် အဝတ်အစားအတွက် စိုးရိမ်နေစရာ မလိုအပ်ပေ။
လှပသည့် အဝတ်အစားများ!
လှပတဲ့ အဝတ်အစားတွေကို မိန်းမငယ်ေလးေတွ မကြိုက်တာက မဖြစ်နိုင်ပေ။
ဇောင်ယုဟွမ် သည်ပျော်ရွှင်စွာဖြင့် အဝတ်အစားတွေကို လဲလှယ်လိုက်ပြီး လှေကားကနေ ဆင်းလိုက်ချိန်တွင် သူမစကတ်က အောက်သို့ပံုကျနေသည်။
“နေရာသစ်ကို ရထားလုံးနဲ့ သွားချင်ကြလား?” ဇောင်ယုဟွမ် မေးလိုက်သည်။
ဇောင်ယုဟွမ် စကားပြောတာကို ကြားလိုက်ချိန်တွင် လူတိုင်းက လှည့်ကြည့်လိုကါကြသည်။
ကောမိုင် ရဲ့မျက်လုံးတွေတောင် အံ့ဩမှုကြောင့် လင်းလက်သွားသည်။ ယင်ချီချီ ကတော့ပြောစရာပင် မလိုပေ။ ဒီကမ္ဘာရှိ လူတိုင်းသည် လှပသည့် အဝတ်အစားမှန်သမှျကို ဝတ်ဆင်ကြသည်။ ထိုအထဲတွင် ဇောင်ယုဟွမ် လည်းပါဝင်သည်။ သူမရဲ့ စိတ်သဘောထားနဲ့ သဘာဝအလှတရားက တခြားသူတွေထက် သိသိသာသာ ထင်ရှားတောက်ပနေသည်။
ဇောင်ယုဟွမ် သည်ထိုနေရာတွင် ပုံမှန်အတိုင်း ရပ်နေေပမဲ့ သူမဆီမှ တော်ဝင်ဆန်သည့် အရှိန်အဝါတွေက ထွက်ပေါ်နေသည်။
“ငါတို့သွားမဲ့နေရာကို ရထားလုံးနဲ့ သွားလို့လား?” ကောမိုင် ကအရင်ဆုံး တုန့်ပြန်လာခဲ့သည်။
ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်သည်။ “အင်း၊ ကျွန်မတို့ သွားမဲ့နေရာကို ရထားလံုးနဲ့ သွားလို့ရတယ်။ ဒါပေမဲ့ ရထားလုံး နှစ်ခုခွဲပြီးတော့ သွားရလိမ့်မယ်”
“ကောင်းလိုက်တာ! ရထားလုံးစီးချင်နေတာ!” ကောမိုင် ကပြုံးကာ ပြောလိုက်သည်။ “ဒီနေ့တစ်နေ့လေးဆိုပေမဲ့ တော်ဝင်မိသားစုလို အတွေ့အကြုံးမျိုးကို ရတော့မှာပဲ”
“သွားကြရအောင်” ဇောင်ယုဟွမ် သည်သူမလက်ကို မြှောက်လိုက်သည်။
သို့သော် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နှစ်ယောက်လုံးက သတိလက်လွတ် သူတို့လက်တွေကို ကမ်းလိုက်ကြသည်။
ဇောင်ယုဟွမ် : “…”
နိုးထကြတော့!
ကင်မရာက ဒီမှာရှိနေတုန်းပဲ!
အလင်းေရာင်ကလည်း မင်းတို့နှစ်ယောက်လုံးအပေါ်မှာ ရှိနေတုန်းပဲ!
ဇောင်ယုဟွမ် ကညင်သာစွာ ေချာင်းဆိုးလိုက်ပြီး ဝမ်ယောင်ချန်း ကိုကြည့်လိုက်သည်။
သူမမှာ လက်နှစ်ဖက်ပဲရှိတာ၊ သူတို့ရဲ့လက်တွေကို ကိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး! နောက်ပြီး သူတို့ကို ကြိုးနဲ့ဆွဲဖို့ကလည်း မဖြစ်နိုင်ဘူး! သူမ အကြီးအကျယ် ဝေဖန်ခံရနိုင်တယ်!
ဇောင်ယုဟွမ် သည် ဝမ်ယောင်ချန်း အားသူမကို လိုက်ပို့ရန် တောင်းဆိုဖို့သာ အလျင်အမြန် ဆုံးဖြတ်ချက်ချလိုက်သည်။
တုန့်ပြန်မှုကတော့ ဝမ်ယောင်ချန်း သည် ဇောင်ယုဟွမ် ရဲ့လက်ကို ကိုင်လိုက်သည်။ သူက သူမကို နွေးထွေးစွာ ပြုံးပြပြ္း စနောက်လိုက်သည်။ “ကျွန်တော့် အနောက်တိုင်း ဝတ်စုံက ဝိတ်တာနဲ့ တူနေလား? ဒီလမ်းက ကြွပါ”
ဇောင်ယုဟွမ် သည် ဝမ်ယောင်ချန်း ရဲ့လက်ဖဝါးကို ကိုင်ထားရင်း သူ့အနောက်မှလိုက်ကာ တံခါးကနေ ထွက်လိုက်သည်။
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကတစ်ေယာက်နဲ့ တစ်ယောက် ကြည့်လိုက်ကြပြီးနောက် သူတို့လက်တွေကို ပြန်ရုတ်လိုက်ကြသည်။
သူမရဲ့ ငြင်းဆန်မှုကြောင့် သူတို့နှုတ်ခမ်းတွေက အောက်သို့ကွေးသွားရင်း မျက်မှောင်ကြာတ်သွားကြသည်။
ထို့နောက် သူတို့က တစ်ဖက်ကို အတူတူလှည့်လိုက်ကြပြီး လူကြီးလူကောင်းပုံစံ ပြုမူလိုက်ကြသည်။ သူတို့က ကောမိုင် နဲ့ ဂူယူလင်း တို့ကိုအတူတူသွားရန် ဖိတ်ခေါ်လိုက်ကြသည်။ လင်းလန် နဲ့ ယင်ချီချီ တို့ကတော့ ဝိတ်တာက လိုက်ပို့ပေးခဲ့သည်။
ဇောင်ယုဟွမ် ကရထားလုံး မောင်းသူအား ဟိုတယ်အပြင်တွင် ရထားလုံးအား ရပ်ထားရန် တောင်းဆိုခဲ့သည်။
ဇောင်ယုဟွမ် သည်ထိုနေရာတွင် ရပ်နေကာ ရပ်နေသည့် ရထားလုံးနှစ်ခုအား ကြည့်လိုက်သည်။ သူမသည် တခြားသူများထက် ပိုလှပပြီး အဆင့်အတန်းရှိသည့် အဝတ်အစားကို ဝတ်ဆင်ထားခဲ့သည်။ တခြားသူသာ သူမဝတ်စားသလို ဝတ်စားထားခဲ့ရင် သူတို့ရဲ့ တောက်ပမှုနဲ့ အတူအယောင်တွေက ပျောက်ကွယ်သွားနိုင်သည်။
သို့သော် သူမ ဝတ်စားထားတာက မင်းသမီးလေးလိုဖြစ်ေနကာ ပိုလှပပြီး ခမ်းနထည်ဝါနေသည်။ ဝမ်ယောင်ချန်း တောင်သူမရဲ့ အသွင်အပြင်အောက်တွင် ဖုံးကွယ်ခံလိုက်ရသည်။
လူတိုင်းက ရထားလံုး ပေါ်တက်လာကြသည်။
ရထားလံုးများက တဖြည်းဖြည်း ရှေ့သို့ေရွ့သွားခဲ့သည်။
နေ့လည်ခင်း လက်ဖက်ရည်သောက်ပြီးနောက် လူတိုင်းသည် ဟိုတယ်သို့ ပြန်လာကြသည်။ ဟိုတယ်ရှေ့တွင် ကားရပ်ထားသည့် ဖန်စီကားတစ်စီးကို သူတို့ မြင်လိုက်ကြသည်။
ကားတံခါးက ပွင့်လာပြီး ဥရောပကစံပုံစံ မျက်နှာရှိသည့် လူတစ်ယောက်က ထွက်လာခဲ့သည်။ သူက ရုတ်တရက် အော်လိုက်သည်။ “မစ္စဟေလို့စ်စီ!”
ထိုလူရဲ့ ပုံစံက ရုတ်တရက် ပေါ်ထွက်လာခြင်းမှာ ယင်ချီချီ နဲ့တခြားသူများအပြင် အစီအစဉ်မှ ဝန်ထမ်းများကိုပါ အံ့အားသင့်စေခဲ့သည်။
ထိုသူသည် ခြေလှမ်းနှစ်လှမ်း သုံးလှမ်းလောက်လှမ်းပြီး ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူ့ပတ်ဝန်းကျင်ကို သတိထားမိပြီး မေးလိုက်သည်။ “ရိုက်ကူးရေးလား?”
ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်ပြီး ကင်မရာဘက်ကို ညွှန်ပြလိုက်သည်။ “အခုတရုတ်ရှိုးပွဲအတွက် မှတ်တမ်းတင်နေတာ”
ထိုလူက ခေါင်းကုတ်လိုက်ပြီး ပြောလိုက်သည်။ “Oh, dam it! ဒီကားက မင်းတို့ကို ပြဿနာများစေမိပြီ”
နောက်ဆုံးတော့ လူတိုင်းက သဘောပေါက်သွားကြသည်။ ထိုသူစိမ်းက ဇောင်ယုဟွမ် ကားငှားခဲ့သည့် ကုမ္ပဏီမှ ပိုင်ရှင်ဖြစ်သည်။ သူက လူကိုယ်တိုင် တောင်းပန်ဖို့ တကယ်ကြီး လာခဲ့တာလား?!
အစီအစဉ်သည် အဖြစ်မှန်ရှိုးပွဲဖြစ်ကတည်းက ဝန်ထမ်းတွေက ဇာတ်ညွှန်းတွေကို ပေးမထားခဲ့ပေ။ လူတိုင်းက ပုံမှန်အတိုင်းသာ ပြုမူပြောဆိုကြပြီး ဧည့်လမ်းညွှန်ရဲ့ ညွှန်ပြမှုအတိုင်း လိုက်နာခဲ့ကြသည်။ ဇောင်ယုဟွမ် ကကားငှားလိုက်ချိန်တွင် ပုံမှန်ဧည့်လမ်းညွှန်အနေနဲ့ ငှားရမ်းခဲ့သည်။ ရိုက်ကူးရေးအကြောင်းကို ထည့်မပြောခဲ့ပေ။
ထိုလူက ဇောင်ယုဟွမ် အားဒုက္ခဖြစ်စေတာကြောင့် စိတ်မကောင်းဖြစ်နေသည်မှာ သိသာလှသည်။
ထိုလူသညါ ဟုန်ချန်းမင်း ကိုသတိထားမိချိန်တွင် သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
“စိတ်ရင်းနဲ့ တောင်းပန်ပါတယ်” ရိုက်ကူးနေတာကို သူက ဂရုစိုက်ပုံမပေါ်ပေ။ သူက ချက်ချင်း ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။ “ကားနဲ့သွားတဲ့ နေရာတိုင်းအတွက် ဝန်ဆောင်ခကို အခမဲ့ပေးချင်ပါတယ်”
ယင်ချီချီ အံ့ဩသွားခဲ့သည်။
ရှိုးပွဲက သူ့အား ဖိအားပေးခဲ့ရင်တောင် သူက ဒီလိုမျိုး သရုပ်ဆောင်ဖို့တော့ မလိုဘူးမလား?
ဇောင်ယုဟွမ် ကဘယ်လိုလုပ်ပြီး ဒီခောက်တောင် လွှမ်းမိုးနိုင်ရတာလဲ?
ဒါက ရှိုးပွဲအတွက် ငွေပဏအများကြီးကို အကုန်အကျ သက်သာစေလိမ့်မယ်!
ဟုန်ချန်းမင်း သည်အရင်ကအတိုင်း ပြုမူလိုက်သည်။ သူ့ကိုယ်ကို စောင်းလိုက်ပြီး နည်းနည်းငုံ့လိုက်ကာ ဇောင်ယုဟွမ် ရဲ့ခါးကို ညင်သာစွာ ပုတ်လိုက်သည်။ သူမအား အနားယူရန် ဟိုတယ်သို့သွားဖို့ အသံနိမ့်လေးနဲ့ ဆွဲဆောင်မှုရှိစွာ ပြောလိုက်သည်။ “ဟွမ်ဟွမ် ဒီနေ့ ပင်ပန်းသွားပြီ။ အရင်ဆုံး အနားယူသင့်တယ်”
သူ့အသံသည် ပေါ့ပါးပြီး အေးစက်သလို ဖြစ်နေပေမဲ့ နက်ရှိုင်းကာ ဆွဲဆောင်မှုရှိပြီး နားထောင်သူအား လုံခြုံစိတ်ချမှုကို ပေးသည်။
ဇောင်ယုဟွမ် ကသူ့အထိအတွေ့ကို ရှောင်ရှားချင်သော်လည်း ကင်မရာက ရိုက်ငူးနေတာကို သူမ သတိရသွားသည်။ သူ့ဆီပနေ ရှောင်လိုက်ရင် ထူးဆန်းသလိုဖြစ်သွားမှာ ဖြစ်တာကြောင့် သူမ သဘောတူလိုက်သည်။
သူမသည် ခေါင်းညိတ်လိုက်ပြီး တခြားသူများကို ပြောလိုက်သည်။ “ကျွန်မတို့ အရင်ဆုံး ဟိုတယ်ပြန်ပြီး အနားယူကြရအောင်။ ကျွန်မတို့ မနက်ဖြန် Whitby ကိုသွားကြမယ်”
(WHITBY)
လူတိုင်းက တကယ်ကို ပင်ပန်းနေတာေကြာင့် ဟုန်ချန်းမင်း နဲ့နိုင်ငံခြားသားကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ကြသည်။ ထိုနောက် ဇောင်ယုဟွမ် အနောက်မှ ဟိုတယ်ကို လိုက်သွားခဲ့ကြသည်။
ဇောင်ယုဟွမ် သည်လှေကားထစ်ကို တက်လိုက်ချိန်တွင် လီဂျင်းယွမ် ကရုတ်တရက် အရှေ့ရောက်လာကာ သူမအဝတ်ကို ကိုင်လိုက်သည်။ “မနင်းမိစေနဲ့”
ဇောင်ယုဟွမ် ကခေါင်းညိတ်ပြလိုက်ပြီး သူမရဲ့ ဝတ်စားဆင်ယင်ပုံကို လူအနည်းငယ်က သိနေပြီးဖြစ်သည်။ ဒီနေ့ သူမစကတ်ကို လူဘယ်လောက်က ကူညီပြီး မ,ပေးမလဲဆိုတာ သူမ မသိပေ။
ဒါအဆင်ပြေပါတယ်။
ဒီနေ့အတွက် မင်းသမီးလေး တစ်ပါးလို စိတ်ကူးယဉ်လို့ရတာပေါ့!
ဟိုတယ်အခန်းပြန်ရောက်ေတာ့ ဇောင်ယုဟွမ် ကတခြားမိန်းကလေးတွေ ရေချိုးခန်း သုံးပြီးမဲ့အချိန်ကို စောင့်နေခဲ့သည်။ သူမကတော့ ရေချိုးခန်းအသုံးပြုတာ နောက်ဆုံးဖြစ်သည်။
သူမစကတ်ရှည်ကို ဆွဲလိုက်ရင်း ခိုဖာပေါ်တွင် ထိုင်ချလိုက်သည်။ သူမက စီစဉ်သူတွေအား မေးလိုက်သည်။ “ကျွန်မတို့ ကိုယ်ပိုင်ငွေကြေးကို အသုံးပြုလို့ရနိုင်မလား? အကုန်လုံးစုပြီးသုံးရတာ အရမ်းကို အဆင်မပြေဖြစ်စေတယ်”
ငါဆန္ဒရှိသလို ပျော်ေပျာ်ေနလို့ မရဘူး။ ငါလိုအပ်နေတဲ့ ရေချိုးခန်းတောင် တန်းစီစောင့်နေရတယ်။ ဒါက အတော်လေးကို အဆင်မပြေဘူး။
သူမ ဇောင်အိမ်တော်မှာ နေထိုင်တုန်းက အိမ်တော်တွင် ရေချိုးခန်းများစွာရှိသည်။ အိမ်တော်မှာ အိပ်ခန်းထက် ရေချိုးခန်းကတောင် ပိုများသေးတယ်!
စီစဉ်သူတွေက တိတ်ဆိတ်စွာ ခေါင်းခါလိုက်ကြသည်။
ဇောင်ယုဟွမ် သက်ပြင်းချလိုက်သည်။ “ရှင်တို့တွေနဲ့ ထပ်ပြီးစကားမပြောနိုင်တော့ဘူး၊ ဒါကအရမ်းပင်ပန်းတာပဲ”
ဟိုတယ်ခန်း တစ်ခုလုံးတွင် စုစုပေါင်း ရေချိုးခန်းနှစ်ခန်းနှင့် ရေချိုးကန် တစ်ခုရှိသည်။ မိန်းကလေးများသည် ရေချိုးခန်းအား အရင်ဆုံး အသုံးပြုခွင့်ရကြသည်။ လီဂျင်းယွမ် နဲ့ ဝမ်ယောင်ချန်း တို့က ရေချိုးခန်း အသုံးပြုဖို့ အခွင့်အရေးတောင် မရှိပေ။
လီဂျင်းယွမ် ကကော်ဖီပူ တစ်ခွက်ကိုင်ထားရင်း ဇောင်ယုဟွမ် ဆီလျှောက်လာခဲ့သည်။ သူက ကော်ဖီခွက်ကို ဇောင်ယုဟွမ် အရှေ့ချလိုက်ပြီး ဇောင်ယုဟွမ် ကယူသောက်လိုက်သည်။
ဇောင်ယုဟွမ် သည်ကော်ဖီပူမှ နွေးထွေးမှုကို ရရှိလိုက်ချိန်တွင် သူမရဲ့အသိတွေကို ပြန်ရသွားခဲ့သည်။ သူမရဲ့တုံ့ပြန်မှုက အကျွမ်းတဝင်ရှိပြီး အလေ့အကျင့်တစ်ခုလို ခံစားလိုက်ရသည်။ အင်တာနက် အသုံးပြုသူများသည် သူတို့ရဲ့ ဆက်ဆံရေးကို နှိမ့်ချနိုင်သည့်အထိ ကြာမြင့်မည် မဟုတ်ပေ။
လီဂျင်းယွမ် ကစီစဉ်သူတွေကို စကားပြောလိုက်တာကို သူမ ကြားလိုက်ချိန်တွင် ဇောင်ယုဟွမ် သည်ကော်ဖီခွက်အား တင်းတင်းကိုင်လိုက်သည်။ “ဧည့်လမ်းညွှန်ကို ကျွန်တော်တို့ ပြန်ပြောင်းလို့ရလား?”
စီစဉ်သူအဖွဲ့က ထပြောလိုက်သည်။ “မင်းမှာ လက်ရှိဧည့်လမ်းညွှန်နဲ့ ပတ်သက်တဲ့ ထင်မြင်ချက်ရှိလား?”
လီဂျင်းယွမ် ခေါင်းခါလိုက်သည်။ သူ့မျက်နှာသည် ပြုံးနေဆဲဖြစ်သော်လည်း မျက်လုံးထဲတွင် ဟာသလုပ်နေသည့် အပြုအမူမရှိပေ။ အနည်းငယ် မှေးမှိန်နေတာကိုသာ မြင်နေရသည်။
ရန်ဆန်း အစ်မက တစ်စုံတစ်ခုကို ချက်ချင်း သဘောပေါက်သွားပြီး သူမအသံကို ပြောင်းလိုက်ကာ မြန်မြန်ပြောလိုက်သည်။ “အခုချက်ချင်းတော့ ဧည့်လမ်းညွှန်ကို ပြောင်းလို့မရနိုင်သေးဘူး။ ဒါပေမဲ့ ရက်အနည်းကျရင် ဒုတိယတစ်ခေါက် မဲပြန်ပေးပြီး ဧည့်လမ်းညွှန်ကို ရွေးချယ်လို့ရတယ်”
လီဂျင်းယွမ် ရဲ့အမူအရာက ချက်ချင်း ပြေလျော့သွားသည်။ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဒါကောင်းတယ်။ ဒီခရီးမှာ ယောင်္ကျားလေးတွေ များတာကြောင့် သူတို့ကို ရည်အချင်းပြသဖို့ အခွင့်အရေး ပေးသင့်တယ်”
အစီအစဉ်အဖွဲ့နှင့် ဆွေးနွေးပြီးနောက် လီဂျင်းယွမ် သည် ဇောင်ယုဟွမ် ဘေးတွင် ဝင်ထိုင်လိုက်သည်။
စီစဉ်သူအဖွဲ့မှ ထွက်သွားပြီး မကြာမီ ဝမ်ယောင်ချန်း သည်အခန်းထဲ ဝင်လာခဲ့သည်။
သူက ဇောင်ယုဟွမ် ကိုမေးလိုက်သည်။ “မင်းပင်ပန်းနေလား? အနှိပ်စက် တယ်လာခဲ့တယ်၊ မင်းသုံးကြည့်ချင်လား?”
ဇောင်ယုဟွမ် ကချက်ချင်းပင် ပြောပြောလိုက်သည်။ “အဲ့ဒါက အသုံးပြုရတာ လွယ်ကူလား?”
“ဒါက အသုံးပြုဖို့ အရမ်းကို လွယ်ကူတယ်။ အရင်က ရှိုးပွဲပြီးချိန် ကျွန်တော်ပင်ပန်တိုင်း ပုခုံးကြောလျော့ဖို့ မကြာခန အသုံးပြုခဲ့တယ်” ဝမ်ယောင်ချန်း ကသူ့လက်ထဲမှ ရေပုလင်းကို ချလိုက်ရင်း ပြောလိုက်သည်။
“ကျွန်တော့်ကိုစောင့်။ ကျွန်တော် ယူလာပေးမယ်”
ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်ပြီး ဆိုဖာကို ပိုမှီလိုက်သည်။ သူမကိုယ်တစ်ဝက်က ဆိုဖာထဲတွင် မြုပ်နေပြီး သူမအား ပုံမှန်ထက် ပိုေသးသွားပံုေပါ်ေစသည်။ စကတ်ဝတ်ထားသည်က သူမအား ပိုပြီးသွယ်လျပုံပေါ်စေသည်။ သူမသည် တစ်စုံတစ်ယောက် လက်ထဲတွင် ကိုင်ထားသည့် နူးညံ့ပြီး တန်ဖို့ရှိသည့် သလင်းေကျာက် အဆင်တန်ဆာနှင့်တူေနသည်။
မကြာခင် ဝမ်ယောင်ချန်း ပြန်လာခဲ့သည်။
လီဂျင်းယွမ် ရဲ့နှုတ်ခမ်းသည် တင်းတင်းစေ့ထားပြီး သူ့ကိုယ်သူ ဒေါသထွက်နေခဲ့သည်။ ခရီးမှာ အနှိပ်စက် ယူလာဖို့ ဘာကြောင့် မစဉ်းစားမိရတာလဲ?
#မှီသွားပါပြီ ☺️☺️🎉🎉
15.11.2020 (Sun)
………………………..
<Unicode>
ခရီးမွာ အႏွိပ္စက္ ယူလာဖို႔ ဘာေၾကာင့္ မစဥ္းစားမိရတာလဲ?
သူ႔ကို ရင့္က်က္သည့္ ပုံစံျဖင့္ တစ္ခါမွ မျမင္ဖူးခဲ့တာေၾကာင့္ အရင္တုန္းက ေယာက်ၤားေလးနဲ႔ မိန္းကေလးၾကားက ကြာျခားခ်က္ေတြကို နည္းနည္းေလးမွ မေတြးမိဖူးေပ။
ေဇာင္ယုဟြမ္ လက္ရွိကို အာ႐ုံျပန္ေရာက္ခ်ိန္တြင္ လီဂ်င္းယြမ္ ကေလွ်ာက္လာေနခဲ့သည္။အသံနိမ့္ေလးနဲ႔ ဆြဲေဆာင္မႈရွိစြာျဖင့္ ေမးလိုက္သည္။ “အစ္ကိုဟုန္က လက္မွတ္ဝယ္ဖို႔ သြားတာလား?”
“အင္း”
လီဂ်င္းယြမ္ ရဲ႕အသံက ၾကား႐ုံသာကွိသညါ။ သူမအနားကို တိုးလာခ်ိန္တြင္ သူ႔ႏႈတ္ခမ္းက သူမနားဖ်ားကို ညင္သာစြာ ထိခတ္သြားသည္။ “ဟြမ္ဟြမ့္ ကိုကူညီၿပီး ဓာတ္ပုံ႐ိုက္ေပးမယ္၊ ဒါဆို ဟြမ္ဟြမ္ အနားယူလို႔ရတယ္”
အရင္တုန္းက ေဇာင္ယုဟြမ္ သည္ဒီေနရာကို အႀကိမ္မ်ားစြာ လည္ပတ္ခဲ့ေပမဲ့ အမွတ္ရေစမည့္ ပုံတစ္ပုံမွမရွိေပ။ သို႔ေသာ္ လီဂ်င္းယြမ္ ရဲ႕စဥ္းစားေပးမႈက သူမႏွလုံးသားကို ထိခတ္သြားသည္။
ေဇာင္ယုဟြမ္ ကေတာက္ပစြာ ၿပဳံးျပလိုက္သည္။
သူမ အေနာက္မွ မွန္တံခါးက ႐ုတ္တရက္ ပြင့္လာခဲ့ၿပီး ဟုန္ခ်န္းမင္း ကထြက္လာခဲ့သည္။ သူ႔အေနာက္တြင္ ကလပ္မွ ဝန္ထမ္းအနည္းငယ္က လိုက္လာခဲ့သည္။
၀န္ထမ္းမ်ားက သူတို႔ကို ျမင္းရံုကို ေခၚသြားခဲ့သည္။ သူတို႔က နည္းျပတစ္ေယာက္လို သူတို႔စီးခ်င္တဲ့ ျမင္းကိုလည္း ေ႐ြးခ်ယ္ခြင့္ရၾကသည္။
ကလပ္ ဝန္ထမ္းေတြက သူတို႔အတြက္ တ႐ုတ္စကား ကြၽမ္းက်င္သည့္ နည္းျပတစ္ေယာက္ကိုလည္း ျပင္ဆင္ေပးခဲ့သည္။
ထိုအခ်ိန္တြင္ ယင္ခ်ီခ်ီ ရဲ႕အၾကည့္ေတြက ဟုန္ခ်န္းမင္း ဆီကိုထပ္ေရာက္သြားခဲ့သည္။
ပုံမွန္ဆို သူမက စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ စီးပြားေရးအရသာ တြတ္ခ်က္ၾကသူမ်ားကို ဂ႐ုမစိုက္တတ္ေပ။ သို႔ေသာ္ ဟုန္ခ်န္းမင္း ရဲ႕လႊမ္းမိုးမႈကို ျမင္ၿပီးေနာက္ သူ႔အေပၚအျမင္ေတြက ေျပာင္းလဲသြားခဲ့သည္။ သူက ခ်မ္းသာႂကြယ္ဝသလို သူဆႏၵရွိသလို လုပ္ႏိုင္တာကို သူမ နားလည္ခဲ့သည္။ သူ႔ခ်မ္းသာမႈေၾကာင့္ ႀကိဳတင္မွာၾကားထားျခင္းမရွိဘဲ ဒီသီးသန႔္၀န္ေဆာင္မႈကိုပင္ အလြယ္တကူ လုပ္ေဆာင္ႏိုင္ခဲ့သည္။
လုံၿခဳံမႈရွိေစရန္ နည္းျပဆရာက လူတိုင္းကို ျမင္းစီးျခင္းႏွင့္ ပတ္သက္ေသာ အေျခခံ ၫႊန္ၾကားခ်က္မ်ားကို သင္ၾကားေပးၿပီး ျမင္းႀကိဳးကိုလည္း မလႊတ္ဖို႔ ေျပာခဲ့သည္။ နည္းျပဆရာက လက္ေတြ႕လုပ္ျပၿပီးေနာက္ သူတို႔သည္ လူတိုင္းကို ျမင္းလမ္းေၾကာင္းမွ သစ္ပင္မ်ား ေပါမ်ားစြာ ေပါက္ေရာက္ေနသည့္ လမ္းက်ယ္ႀကီးဆီကို ဦးေဆာင္ေပးပို႔ခဲ့သည္။
ျမင္းလမ္းမွာနဲ႔စီးရတဲ့ အေနအထားက လုံးဝကို ေျပာင္းလဲသြားသည္။
ယင္ခ်ီခ်ီ ကအေတာ္ေလး စိတ္လႈပ္ေနခဲ့သည္။
လင္းလန္ ကလည္းသူမရဲ႕ စိတ္လႈပ္ရွားမႈကို ဖုံးကြယ္မထားႏိုင္ခဲ့ေပ။
ယွဥ္ရင္ေတာ့ ေကာမိုင္ နဲ႔တျခားသူေတြက ပိုမိုေအးေဆးေနသည္။
အုပ္စုထဲမွာ အေအးေဆးဆုံးကေတာ့ ေဇာင္ယုဟြမ္ နဲ႔သူမေဘးမွ ႏွစ္ေယာက္ျဖစ္သည္။ သူမက သဘာဝအတိုင္း ျမင္းစီးျခင္းတြင္ အေတာ္ေလး ထူးခြၽန္သည္။ ဉပမာအေနနဲ႔ ျမင္းကို အေရွ႕ဆက္သြားဖို႔နဲ႔ အရွိန္ျမင့္ၿပီး သြားေနတဲ့ ျမင္းကို အလြယ္တကူ ရပ္ႏိုင္သည္။ ျမင္းကိုအရမ္းျမန္ေအာင္ သူမ မလုပ္သ၍ အေဆင္ေျပသည္။
ေဇာင္ယုဟြမ္ ကျမင္းေပၚမွ ကိုယ္ကိုငုံ႔လိုက္ၿပီး နည္းျပဆရာကို စကားေျပာလိုက္သည္။ ျမင္းကိုအေရွ႕သို႔ စီးလိုက္သည္။
ထိုလမ္းေၾကာင္းက ရွင္းလင္းေနၿပီး သူတို႔ေတြ ျမင္းစီးႏိုင္ဖို႔အတြက္ ျပင္ဆင္ထားခဲ့သည္။ လမ္းေလွ်ာက္သူ မရွိတာေၾကာင့္ ေဇာင္ယုဟြမ္ သည္လြတ္လပ္စြာ စီးႏိုင္ခဲ့သည္။
ေလေတြက သူတို႔ကို ျဖတ္တိုက္သြားခ်ိန္တြင္ ေျမျပင္နဲ႔ထိခတ္မႈေၾကာင့္ ထြက္ေပၚလာသည့္ ျမင္းခြာသံေတြကို ၾကားလိုက္ရသည္။ ေဇာင္ယုဟြမ္ ကျမင္းကိုစီးေနခ်ိန္ သူမစကတ္က အေနာက္မွာ လြင့္ေနတာကို ၾကည့္ေနခဲ့ၾကသည္။ ထိုျမင္ကြင္းက အေတာ္ေလး လွပတာေၾကာင့္ ဘယ္သူမွ အၾကည့္မလႊဲႏိုင္ၾကေပ။
လီဂ်င္းယြမ္ ကတိတ္တဆိတ္ သူ႔ကင္မရာကို ထုတ္လိုက္ၿပီး ဓာတ္ပုံ႐ိုက္ယူလိုက္သည္။
ကလစ္၊ ကလစ္။ သူမရဲ႕ လွပသည့္အခ်ိန္အားလုံးကို ကင္မရာႏွင့္ ႐ိုက္ယူထားရန္ ဆႏၵရွိေနသည္။
ထိုလမ္းေၾကာင္းကို လွည့္ပတ္စီးၿပီးေနာက္ ေဇာင္ယုဟြမ္ ကေက်ာ္ၾကားမႈကို ထပ္မံခိုးယူလိုက္မွာ ေသခ်ာသည္။
ယင္ခ်ီခ်ီ သည္ထိုျမင္ကြင္းကို ေတြ႕လိုက္ၿပီး ေဇာင္ယုဟြမ္ လိုမ်ိဳး လွည့္ပတ္စီးလိုက္သည္။ လင္းလန္ နဲ႔ ဂူယူလင္း တို႔တြင္ တူညီသည့္ အေတြးေတြ ရွိၾကေပမဲ့ ထုတ္မေျပာၾကေပ။ သူတို႔က ယင္ခ်ီခ်ီ ကနည္းျပကို အရင္ဆုံး စကားေျပာမွာကိုသာ ေစာင့္ေနခဲ့ၾကသည္။
အေတြ႕အႀကဳံ နည္းပါးတာေၾကာင့္ သူမ ေတာင္းဆိုခ်က္ကို နည္းျပက ျငင္းပယ္ခဲ့ၿပီး တျခားဘာမွ ထပ္မေျပာေပ။
“ဒါဆို သူမကိုက်ေတာ့ ဘာေၾကာင့္ ခြင့္ျပဳေပးခဲ့တာလဲ?” ယင္ခ်ီခ်ီ က ေဇာင္ယုဟြမ္ ကိုလက္ညႇိဳးထိုးျပကာ မေက်မနပ္ ေျပာလိုက္သည္။
ေဇာင္ယုဟြမ္ ကအခ်ိန္တိုင္း အေကာင္းဆုံး ဆက္ဆံေရးေတြကိုပဲ ရေနတာလဲ!
လီဂ်င္းယြမ္၊ ဟုန္ခ်န္းမင္း နဲ႔ ေဇာင္ယုဟြမ္ တို႔ကတစ္ေယာက္နဲ႔ တစ္ေယာက္ အခ်ိန္အေတာ္ၾကာကတည္းက သိခဲ့ၾကသည္။ ထိုအခ်က္ေၾကာင့္ သူမ ဘာပဲလုပ္ခဲ့လုပ္ခဲ့ သူတို႔ဆီမွ အေကာင္းဆုံး ဆက္ဆံမႈကို ရရွိလိမ့္မည္။
သူမကို ဧည့္လမ္းၫႊန္အျဖစ္ ခန႔္အပ္ခဲ့ၿပီး မုန႔္ေတြကိုေတာင္ လက္ေဆာင္ေပးခဲ့တယ္! သူမရတဲ့ အေကာင္းဆုံး ဆက္ဆံမႈေတြေၾကာင့္ ပ႐ိုဂရမ္ရဲ႕ အထူးဧည့္သည္အျဖစ္ ခံစားခဲ့ရတယ္!
ယင္ခ်ီခ်ီ ရဲ႕ေမးခြန္းကို သူတို႔ၾကားလိုက္ခ်ိန္တြင္ လင္းလန္ နဲ႔ ဂူယူလင္း တို႔တိတ္တဆိတ္ နားစြင့္လိုက္ၾကသည္။
နည္းျပက ျပန္ေျဖလိုက္သည္။ “မစၥေဟလို႔စ္စီ ကအရင္ကတည္းက ဒီေနရာမွာ ျမင္းလာစီးဖူးခဲ့တယ္။ ဒါနဲ႔ဆို သူမဒီကိုလာတာ ၂၃ ႀကိမ္ေျမာက္ပဲ”
ယင္ခ်ီခ်ီ : “…”
သူမသည္ ပုံမွန္အားျဖင့္ အေရထူၿပီး အရွက္ကင္းမဲ့ေသာ္လည္း သူမမ်က္ႏွာက တင္းမာေနကာ တိတ္ဆိတ္သြားခဲ့သည္။
ဂူယူလင္း နဲ႔ လင္းလန္ တို႔က ခ်က္ခ်င္းပင္ သူတို႔အႀကံကို စြန႔္ပစ္လိုက္ၾကသည္။
နည္းျပက ယင္ခ်ီခ်ီ အတြက္ ျမင္းစီးမကြၽမ္းက်င္တာနဲ႔ ပတ္သက္ၿပီး အက်ိဳးဆက္မ်ားကို ဂ႐ုတစိုက္ ရွင္းျပခဲ့သည္။ ျမင္းစီးသူက မေတာ္တဆ ဒဏ္ရာရခဲ့ရင္ ထိုအက်ိဳးဆက္က ကလပ္အေပၚက်ေရာက္သည္။
နည္းျပဆရာက ရွင္းျပေနခ်ိန္ ယင္ခ်ီခ်ီ ကဲ့မ်က္ႏွာက ရွက္႐ြံ႕မႈေၾကာင့္ နီရဲလာခဲ့သည္။ သူမက ေဇာင္ယုဟြမ္ ဆီကိုေတာင္ မၾကည့္ရဲေတာ့ေပ။
Hyde ပန္းၿခံကို လွည့္ပတ္ၾကည့္ၿပီးေနာက္ ေဇာင္ယုဟြမ္ ကသူတို႔ေတြ လက္ဖက္ရည္ေသာက္ဖို႔အတြက္ ေနရာကို ဦးေဆာင္ေခၚသြားခဲ့သည္။
UK တြင္လက္ဖက္ရည္ေသာက္ရန္ လာေရာက္က်သည့္ လူမ်ားသည္ ပုံမွန္ဝတ္စုံမ်ား ဝတ္လာၾကရန္ လိုအပ္သည္။ ေယာက်ၤားေလးေတြက ဟိုတယ္ကို ျပန္သြားၾကၿပီး အေနာက္တိုင္း ဝတ္စုံနဲ႔ဆင္တူသည့္ အဝတ္အစားမ်ားကို ေျပာင္းလဲဝတ္ဆင္ခဲ့ၾကသည္။
ေကာမိုင္၊ ဂူယူလင္း နဲ႔တျခားသူမ်ားက ၿခဳံထည္လို ပံုမွန္ဝတ္စားဆင္ယင္မႈကို ေျပာင္းလိုက္ၾကသည္။
ေဇာင္ယုဟြမ္ ကေပါင္ဒါအနည္းငယ္ ပုတ္လိုက္ကာ ဧကရီမယ္ရီ ရဲ႕လက္ဖက္ရည္ေသာက္ ပါတီဝတ္စုံကို ခရီးေဆာင္အိတ္ထဲမွ ထုတ္လိုက္သည္။ သူမ ေခါင္းမွအဆင္တန္ဆာကို ခြၽတ္လိုက္ၿပီး ဆံပင္ကို ဖန္စီအေကာက္ပုံစံ လုပ္လိုက္သည္။ ထို႔ေနာက္ KC တံဆိပ္မွ အလွဆင္ပစၥည္း အနည္းငယ္ကို သူမဆံပင္ေပၚတြင္ တပ္လိုက္သည္။
ေဇာင္ယုဟြမ္ သည္ခ်မ္းသာႂကြယ္ဝေသာ ဘဝျဖင့္ အခ်ိန္အေတာ္ၾကာ ေပ်ာ္ေမြ႕ခဲ့သည္။ ထို႔ေၾကာင့္ သူမတြင္ ရႈိးပြဲအတြက္ ျပင္ဆင္စရာမလိုပဲ အဝတ္အစားမ်ားစြာရွိသည္။ ကင္မရာေရွ႕ ရွိေနခ်ိန္တြင္ အဝတ္အစားအတြက္ စိုးရိမ္ေနစရာ မလိုအပ္ေပ။
လွပသည့္ အဝတ္အစားမ်ား!
လွပတဲ့ အဝတ္အစားေတြကို မိန္းမငယ္ေလးေတြ မႀကိဳက္တာက မျဖစ္ႏိုင္ေပ။
ေဇာင္ယုဟြမ္ သည္ေပ်ာ္႐ႊင္စြာျဖင့္ အဝတ္အစားေတြကို လဲလွယ္လိုက္ၿပီး ေလွကားကေန ဆင္းလိုက္ခ်ိန္တြင္ သူမစကတ္က ေအာက္သို႔ပံုက်ေနသည္။
“ေနရာသစ္ကို ရထားလုံးနဲ႔ သြားခ်င္ၾကလား?” ေဇာင္ယုဟြမ္ ေမးလိုက္သည္။
ေဇာင္ယုဟြမ္ စကားေျပာတာကို ၾကားလိုက္ခ်ိန္တြင္ လူတိုင္းက လွည့္ၾကည့္လိုကါၾကသည္။
ေကာမိုင္ ရဲ႕မ်က္လုံးေတြေတာင္ အံ့ဩမႈေၾကာင့္ လင္းလက္သြားသည္။ ယင္ခ်ီခ်ီ ကေတာ့ေျပာစရာပင္ မလိုေပ။ ဒီကမာၻရွိ လူတိုင္းသည္ လွပသည့္ အဝတ္အစားမွန္သမွ်ကို ဝတ္ဆင္ၾကသည္။ ထိုအထဲတြင္ ေဇာင္ယုဟြမ္ လည္းပါဝင္သည္။ သူမရဲ႕ စိတ္သေဘာထားနဲ႔ သဘာဝအလွတရားက တျခားသူေတြထက္ သိသိသာသာ ထင္ရွားေတာက္ပေနသည္။
ေဇာင္ယုဟြမ္ သည္ထိုေနရာတြင္ ပုံမွန္အတိုင္း ရပ္ေနေပမဲ့ သူမဆီမွ ေတာ္ဝင္ဆန္သည့္ အရွိန္အဝါေတြက ထြက္ေပၚေနသည္။
“ငါတို႔သြားမဲ့ေနရာကို ရထားလုံးနဲ႔ သြားလို႔လား?” ေကာမိုင္ ကအရင္ဆုံး တုန႔္ျပန္လာခဲ့သည္။
ေဇာင္ယုဟြမ္ ေခါင္းညိတ္လိုက္သည္။ “အင္း၊ ကြၽန္မတို႔ သြားမဲ့ေနရာကို ရထားလံုးနဲ႔ သြားလို႔ရတယ္။ ဒါေပမဲ့ ရထားလုံး ႏွစ္ခုခြဲၿပီးေတာ့ သြားရလိမ့္မယ္”
“ေကာင္းလိုက္တာ! ရထားလုံးစီးခ်င္ေနတာ!” ေကာမိုင္ ကၿပဳံးကာ ေျပာလိုက္သည္။ “ဒီေန႔တစ္ေန႔ေလးဆိုေပမဲ့ ေတာ္ဝင္မိသားစုလို အေတြ႕အႀကဳံးမ်ိဳးကို ရေတာ့မွာပဲ”
“သြားၾကရေအာင္” ေဇာင္ယုဟြမ္ သည္သူမလက္ကို ေျမႇာက္လိုက္သည္။
သို႔ေသာ္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ႏွစ္ေယာက္လုံးက သတိလက္လြတ္ သူတို႔လက္ေတြကို ကမ္းလိုက္ၾကသည္။
ေဇာင္ယုဟြမ္ : “…”
ႏိုးထၾကေတာ့!
ကင္မရာက ဒီမွာရွိေနတုန္းပဲ!
အလင္းေရာင္ကလည္း မင္းတို႔ႏွစ္ေယာက္လုံးအေပၚမွာ ရွိေနတုန္းပဲ!
ေဇာင္ယုဟြမ္ ကညင္သာစြာ ေခ်ာင္းဆိုးလိုက္ၿပီး ဝမ္ေယာင္ခ်န္း ကိုၾကည့္လိုက္သည္။
သူမမွာ လက္ႏွစ္ဖက္ပဲရွိတာ၊ သူတို႔ရဲ႕လက္ေတြကို ကိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး! ေနာက္ၿပီး သူတို႔ကို ႀကိဳးနဲ႔ဆြဲဖို႔ကလည္း မျဖစ္ႏိုင္ဘူး! သူမ အႀကီးအက်ယ္ ေဝဖန္ခံရႏိုင္တယ္!
ေဇာင္ယုဟြမ္ သည္ ဝမ္ေယာင္ခ်န္း အားသူမကို လိုက္ပို႔ရန္ ေတာင္းဆိုဖို႔သာ အလ်င္အျမန္ ဆုံးျဖတ္ခ်က္ခ်လိုက္သည္။
တုန႔္ျပန္မႈကေတာ့ ဝမ္ေယာင္ခ်န္း သည္ ေဇာင္ယုဟြမ္ ရဲ႕လက္ကို ကိုင္လိုက္သည္။ သူက သူမကို ေႏြးေထြးစြာ ၿပဳံးျပျပ္း စေနာက္လိုက္သည္။ “ကြၽန္ေတာ့္ အေနာက္တိုင္း ဝတ္စုံက ဝိတ္တာနဲ႔ တူေနလား? ဒီလမ္းက ႂကြပါ”
ေဇာင္ယုဟြမ္ သည္ ဝမ္ေယာင္ခ်န္း ရဲ႕လက္ဖဝါးကို ကိုင္ထားရင္း သူ႔အေနာက္မွလိုက္ကာ တံခါးကေန ထြက္လိုက္သည္။
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကတစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္လိုက္ၾကၿပီးေနာက္ သူတို႔လက္ေတြကို ျပန္႐ုတ္လိုက္ၾကသည္။
သူမရဲ႕ ျငင္းဆန္မႈေၾကာင့္ သူတို႔ႏႈတ္ခမ္းေတြက ေအာက္သို႔ေကြးသြားရင္း မ်က္ေမွာင္ၾကာတ္သြားၾကသည္။
ထို႔ေနာက္ သူတို႔က တစ္ဖက္ကို အတူတူလွည့္လိုက္ၾကၿပီး လူႀကီးလူေကာင္းပုံစံ ျပဳမူလိုက္ၾကသည္။ သူတို႔က ေကာမိုင္ နဲ႔ ဂူယူလင္း တို႔ကိုအတူတူသြားရန္ ဖိတ္ေခၚလိုက္ၾကသည္။ လင္းလန္ နဲ႔ ယင္ခ်ီခ်ီ တို႔ကေတာ့ ဝိတ္တာက လိုက္ပို႔ေပးခဲ့သည္။
ေဇာင္ယုဟြမ္ ကရထားလုံး ေမာင္းသူအား ဟိုတယ္အျပင္တြင္ ရထားလုံးအား ရပ္ထားရန္ ေတာင္းဆိုခဲ့သည္။
ေဇာင္ယုဟြမ္ သည္ထိုေနရာတြင္ ရပ္ေနကာ ရပ္ေနသည့္ ရထားလုံးႏွစ္ခုအား ၾကည့္လိုက္သည္။ သူမသည္ တျခားသူမ်ားထက္ ပိုလွပၿပီး အဆင့္အတန္းရွိသည့္ အဝတ္အစားကို ဝတ္ဆင္ထားခဲ့သည္။ တျခားသူသာ သူမဝတ္စားသလို ဝတ္စားထားခဲ့ရင္ သူတို႔ရဲ႕ ေတာက္ပမႈနဲ႔ အတူအေယာင္ေတြက ေပ်ာက္ကြယ္သြားႏိုင္သည္။
သို႔ေသာ္ သူမ ဝတ္စားထားတာက မင္းသမီးေလးလိုျဖစ္ေနကာ ပိုလွပၿပီး ခမ္းနထည္ဝါေနသည္။ ဝမ္ေယာင္ခ်န္း ေတာင္သူမရဲ႕ အသြင္အျပင္ေအာက္တြင္ ဖုံးကြယ္ခံလိုက္ရသည္။
လူတိုင္းက ရထားလံုး ေပၚတက္လာၾကသည္။
ရထားလံုးမ်ားက တျဖည္းျဖည္း ေရွ႕သို႔ေ႐ြ႕သြားခဲ့သည္။
ေန႔လည္ခင္း လက္ဖက္ရည္ေသာက္ၿပီးေနာက္ လူတိုင္းသည္ ဟိုတယ္သို႔ ျပန္လာၾကသည္။ ဟိုတယ္ေရွ႕တြင္ ကားရပ္ထားသည့္ ဖန္စီကားတစ္စီးကို သူတို႔ ျမင္လိုက္ၾကသည္။
ကားတံခါးက ပြင့္လာၿပီး ဥေရာပကစံပုံစံ မ်က္ႏွာရွိသည့္ လူတစ္ေယာက္က ထြက္လာခဲ့သည္။ သူက ႐ုတ္တရက္ ေအာ္လိုက္သည္။ “မစၥေဟလို႔စ္စီ!”
ထိုလူရဲ႕ ပုံစံက ႐ုတ္တရက္ ေပၚထြက္လာျခင္းမွာ ယင္ခ်ီခ်ီ နဲ႔တျခားသူမ်ားအျပင္ အစီအစဥ္မွ ဝန္ထမ္းမ်ားကိုပါ အံ့အားသင့္ေစခဲ့သည္။
ထိုသူသည္ ေျခလွမ္းႏွစ္လွမ္း သုံးလွမ္းေလာက္လွမ္းၿပီး ႐ုတ္တရက္ ရပ္တန႔္သြားခဲ့သည္။ သူ႔ပတ္ဝန္းက်င္ကို သတိထားမိၿပီး ေမးလိုက္သည္။ “႐ိုက္ကူးေရးလား?”
ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္ၿပီး ကင္မရာဘက္ကို ၫႊန္ျပလိုက္သည္။ “အခုတ႐ုတ္ရႈိးပြဲအတြက္ မွတ္တမ္းတင္ေနတာ”
ထိုလူက ေခါင္းကုတ္လိုက္ၿပီး ေျပာလိုက္သည္။ “Oh, dam it! ဒီကားက မင္းတို႔ကို ျပႆနာမ်ားေစမိၿပီ”
ေနာက္ဆုံးေတာ့ လူတိုင္းက သေဘာေပါက္သြားၾကသည္။ ထိုသူစိမ္းက ေဇာင္ယုဟြမ္ ကားငွားခဲ့သည့္ ကုမၸဏီမွ ပိုင္ရွင္ျဖစ္သည္။ သူက လူကိုယ္တိုင္ ေတာင္းပန္ဖို႔ တကယ္ႀကီး လာခဲ့တာလား?!
အစီအစဥ္သည္ အျဖစ္မွန္ရႈိးပြဲျဖစ္ကတည္းက ဝန္ထမ္းေတြက ဇာတ္ၫႊန္းေတြကို ေပးမထားခဲ့ေပ။ လူတိုင္းက ပုံမွန္အတိုင္းသာ ျပဳမူေျပာဆိုၾကၿပီး ဧည့္လမ္းၫႊန္ရဲ႕ ၫႊန္ျပမႈအတိုင္း လိုက္နာခဲ့ၾကသည္။ ေဇာင္ယုဟြမ္ ကကားငွားလိုက္ခ်ိန္တြင္ ပုံမွန္ဧည့္လမ္းၫႊန္အေနနဲ႔ ငွားရမ္းခဲ့သည္။ ႐ိုက္ကူးေရးအေၾကာင္းကို ထည့္မေျပာခဲ့ေပ။
ထိုလူက ေဇာင္ယုဟြမ္ အားဒုကၡျဖစ္ေစတာေၾကာင့္ စိတ္မေကာင္းျဖစ္ေနသည္မွာ သိသာလွသည္။
ထိုလူသညါ ဟုန္ခ်န္းမင္း ကိုသတိထားမိခ်ိန္တြင္ သူ႔အမူအရာက ႐ုတ္တရက္ ေျပာင္းလဲသြားခဲ့သည္။
“စိတ္ရင္းနဲ႔ ေတာင္းပန္ပါတယ္” ႐ိုက္ကူးေနတာကို သူက ဂ႐ုစိုက္ပုံမေပၚေပ။ သူက ခ်က္ခ်င္း ဦးၫႊတ္လိုက္ၿပီး ေျပာလိုက္သည္။ “ကားနဲ႔သြားတဲ့ ေနရာတိုင္းအတြက္ ဝန္ေဆာင္ခကို အခမဲ့ေပးခ်င္ပါတယ္”
ယင္ခ်ီခ်ီ အံ့ဩသြားခဲ့သည္။
ရႈိးပြဲက သူ႔အား ဖိအားေပးခဲ့ရင္ေတာင္ သူက ဒီလိုမ်ိဳး သ႐ုပ္ေဆာင္ဖို႔ေတာ့ မလိုဘူးမလား?
ေဇာင္ယုဟြမ္ ကဘယ္လိုလုပ္ၿပီး ဒီေခာက္ေတာင္ လႊမ္းမိုးႏိုင္ရတာလဲ?
ဒါက ရႈိးပြဲအတြက္ ေငြပဏအမ်ားႀကီးကို အကုန္အက် သက္သာေစလိမ့္မယ္!
ဟုန္ခ်န္းမင္း သည္အရင္ကအတိုင္း ျပဳမူလိုက္သည္။ သူ႔ကိုယ္ကို ေစာင္းလိုက္ၿပီး နည္းနည္းငုံ႔လိုက္ကာ ေဇာင္ယုဟြမ္ ရဲ႕ခါးကို ညင္သာစြာ ပုတ္လိုက္သည္။ သူမအား အနားယူရန္ ဟိုတယ္သို႔သြားဖို႔ အသံနိမ့္ေလးနဲ႔ ဆြဲေဆာင္မႈရွိစြာ ေျပာလိုက္သည္။ “ဟြမ္ဟြမ္ ဒီေန႔ ပင္ပန္းသြားၿပီ။ အရင္ဆုံး အနားယူသင့္တယ္”
သူ႔အသံသည္ ေပါ့ပါးၿပီး ေအးစက္သလို ျဖစ္ေနေပမဲ့ နက္ရႈိင္းကာ ဆြဲေဆာင္မႈရွိၿပီး နားေထာင္သူအား လုံၿခဳံစိတ္ခ်မႈကို ေပးသည္။
ေဇာင္ယုဟြမ္ ကသူ႔အထိအေတြ႕ကို ေရွာင္ရွားခ်င္ေသာ္လည္း ကင္မရာက ႐ိုက္ငူးေနတာကို သူမ သတိရသြားသည္။ သူ႔ဆီပေန ေရွာင္လိုက္ရင္ ထူးဆန္းသလိုျဖစ္သြားမွာ ျဖစ္တာေၾကာင့္ သူမ သေဘာတူလိုက္သည္။
သူမသည္ ေခါင္းညိတ္လိုက္ၿပီး တျခားသူမ်ားကို ေျပာလိုက္သည္။ “ကြၽန္မတို႔ အရင္ဆုံး ဟိုတယ္ျပန္ၿပီး အနားယူၾကရေအာင္။ ကြၽန္မတို႔ မနက္ျဖန္ Whitby ကိုသြားၾကမယ္”
(WHITBY)
လူတိုင္းက တကယ္ကို ပင္ပန္းေနတာေၾကာင့္ ဟုန္ခ်န္းမင္း နဲ႔ႏိုင္ငံျခားသားကို ၾကည့္လိုက္ၿပီး ေခါင္းညိတ္လိုက္ၾကသည္။ ထိုေနာက္ ေဇာင္ယုဟြမ္ အေနာက္မွ ဟိုတယ္ကို လိုက္သြားခဲ့ၾကသည္။
ေဇာင္ယုဟြမ္ သည္ေလွကားထစ္ကို တက္လိုက္ခ်ိန္တြင္ လီဂ်င္းယြမ္ က႐ုတ္တရက္ အေရွ႕ေရာက္လာကာ သူမအဝတ္ကို ကိုင္လိုက္သည္။ “မနင္းမိေစနဲ႔”
ေဇာင္ယုဟြမ္ ကေခါင္းညိတ္ျပလိုက္ၿပီး သူမရဲ႕ ဝတ္စားဆင္ယင္ပုံကို လူအနည္းငယ္က သိေနၿပီးျဖစ္သည္။ ဒီေန႔ သူမစကတ္ကို လူဘယ္ေလာက္က ကူညီၿပီး မ,ေပးမလဲဆိုတာ သူမ မသိေပ။
ဒါအဆင္ေျပပါတယ္။
ဒီေန႔အတြက္ မင္းသမီးေလး တစ္ပါးလို စိတ္ကူးယဥ္လို႔ရတာေပါ့!
ဟိုတယ္အခန္းျပန္ေရာက္ေတာ့ ေဇာင္ယုဟြမ္ ကတျခားမိန္းကေလးေတြ ေရခ်ိဳးခန္း သုံးၿပီးမဲ့အခ်ိန္ကို ေစာင့္ေနခဲ့သည္။ သူမကေတာ့ ေရခ်ိဳးခန္းအသုံးျပဳတာ ေနာက္ဆုံးျဖစ္သည္။
သူမစကတ္ရွည္ကို ဆြဲလိုက္ရင္း ခိုဖာေပၚတြင္ ထိုင္ခ်လိုက္သည္။ သူမက စီစဥ္သူေတြအား ေမးလိုက္သည္။ “ကြၽန္မတို႔ ကိုယ္ပိုင္ေငြေၾကးကို အသုံးျပဳလို႔ရႏိုင္မလား? အကုန္လုံးစုၿပီးသုံးရတာ အရမ္းကို အဆင္မေျပျဖစ္ေစတယ္”
ငါဆႏၵရွိသလို ေပ်ာ္ေပ်ာ္ေနလို႔ မရဘူး။ ငါလိုအပ္ေနတဲ့ ေရခ်ိဳးခန္းေတာင္ တန္းစီေစာင့္ေနရတယ္။ ဒါက အေတာ္ေလးကို အဆင္မေျပဘူး။
သူမ ေဇာင္အိမ္ေတာ္မွာ ေနထိုင္တုန္းက အိမ္ေတာ္တြင္ ေရခ်ိဳးခန္းမ်ားစြာရွိသည္။ အိမ္ေတာ္မွာ အိပ္ခန္းထက္ ေရခ်ိဳးခန္းကေတာင္ ပိုမ်ားေသးတယ္!
စီစဥ္သူေတြက တိတ္ဆိတ္စြာ ေခါင္းခါလိုက္ၾကသည္။
ေဇာင္ယုဟြမ္ သက္ျပင္းခ်လိုက္သည္။ “ရွင္တို႔ေတြနဲ႔ ထပ္ၿပီးစကားမေျပာႏိုင္ေတာ့ဘူး၊ ဒါကအရမ္းပင္ပန္းတာပဲ”
ဟိုတယ္ခန္း တစ္ခုလုံးတြင္ စုစုေပါင္း ေရခ်ိဳးခန္းႏွစ္ခန္းႏွင့္ ေရခ်ိဳးကန္ တစ္ခုရွိသည္။ မိန္းကေလးမ်ားသည္ ေရခ်ိဳးခန္းအား အရင္ဆုံး အသုံးျပဳခြင့္ရၾကသည္။ လီဂ်င္းယြမ္ နဲ႔ ဝမ္ေယာင္ခ်န္း တို႔က ေရခ်ိဳးခန္း အသုံးျပဳဖို႔ အခြင့္အေရးေတာင္ မရွိေပ။
လီဂ်င္းယြမ္ ကေကာ္ဖီပူ တစ္ခြက္ကိုင္ထားရင္း ေဇာင္ယုဟြမ္ ဆီေလွ်ာက္လာခဲ့သည္။ သူက ေကာ္ဖီခြက္ကို ေဇာင္ယုဟြမ္ အေရွ႕ခ်လိုက္ၿပီး ေဇာင္ယုဟြမ္ ကယူေသာက္လိုက္သည္။
ေဇာင္ယုဟြမ္ သည္ေကာ္ဖီပူမွ ေႏြးေထြးမႈကို ရရွိလိုက္ခ်ိန္တြင္ သူမရဲ႕အသိေတြကို ျပန္ရသြားခဲ့သည္။ သူမရဲ႕တုံ႔ျပန္မႈက အကြၽမ္းတဝင္ရွိၿပီး အေလ့အက်င့္တစ္ခုလို ခံစားလိုက္ရသည္။ အင္တာနက္ အသုံးျပဳသူမ်ားသည္ သူတို႔ရဲ႕ ဆက္ဆံေရးကို ႏွိမ့္ခ်ႏိုင္သည့္အထိ ၾကာျမင့္မည္ မဟုတ္ေပ။
လီဂ်င္းယြမ္ ကစီစဥ္သူေတြကို စကားေျပာလိုက္တာကို သူမ ၾကားလိုက္ခ်ိန္တြင္ ေဇာင္ယုဟြမ္ သည္ေကာ္ဖီခြက္အား တင္းတင္းကိုင္လိုက္သည္။ “ဧည့္လမ္းၫႊန္ကို ကြၽန္ေတာ္တို႔ ျပန္ေျပာင္းလို႔ရလား?”
စီစဥ္သူအဖြဲ႕က ထေျပာလိုက္သည္။ “မင္းမွာ လက္ရွိဧည့္လမ္းၫႊန္နဲ႔ ပတ္သက္တဲ့ ထင္ျမင္ခ်က္ရွိလား?”
လီဂ်င္းယြမ္ ေခါင္းခါလိုက္သည္။ သူ႔မ်က္ႏွာသည္ ၿပဳံးေနဆဲျဖစ္ေသာ္လည္း မ်က္လုံးထဲတြင္ ဟာသလုပ္ေနသည့္ အျပဳအမူမရွိေပ။ အနည္းငယ္ ေမွးမွိန္ေနတာကိုသာ ျမင္ေနရသည္။
ရန္ဆန္း အစ္မက တစ္စုံတစ္ခုကို ခ်က္ခ်င္း သေဘာေပါက္သြားၿပီး သူမအသံကို ေျပာင္းလိုက္ကာ ျမန္ျမန္ေျပာလိုက္သည္။ “အခုခ်က္ခ်င္းေတာ့ ဧည့္လမ္းၫႊန္ကို ေျပာင္းလို႔မရႏိုင္ေသးဘူး။ ဒါေပမဲ့ ရက္အနည္းက်ရင္ ဒုတိယတစ္ေခါက္ မဲျပန္ေပးၿပီး ဧည့္လမ္းၫႊန္ကို ေ႐ြးခ်ယ္လို႔ရတယ္”
လီဂ်င္းယြမ္ ရဲ႕အမူအရာက ခ်က္ခ်င္း ေျပေလ်ာ့သြားသည္။ သူက ေခါင္းညိတ္ကာ ေျပာလိုက္သည္။ “ဒါေကာင္းတယ္။ ဒီခရီးမွာ ေယာက်ၤားေလးေတြ မ်ားတာေၾကာင့္ သူတို႔ကို ရည္အခ်င္းျပသဖို႔ အခြင့္အေရး ေပးသင့္တယ္”
အစီအစဥ္အဖြဲ႕ႏွင့္ ေဆြးေႏြးၿပီးေနာက္ လီဂ်င္းယြမ္ သည္ ေဇာင္ယုဟြမ္ ေဘးတြင္ ဝင္ထိုင္လိုက္သည္။
စီစဥ္သူအဖြဲ႕မွ ထြက္သြားၿပီး မၾကာမီ ဝမ္ေယာင္ခ်န္း သည္အခန္းထဲ ဝင္လာခဲ့သည္။
သူက ေဇာင္ယုဟြမ္ ကိုေမးလိုက္သည္။ “မင္းပင္ပန္းေနလား? အႏွိပ္စက္ တယ္လာခဲ့တယ္၊ မင္းသုံးၾကည့္ခ်င္လား?”
ေဇာင္ယုဟြမ္ ကခ်က္ခ်င္းပင္ ေျပာေျပာလိုက္သည္။ “အဲ့ဒါက အသုံးျပဳရတာ လြယ္ကူလား?”
“ဒါက အသုံးျပဳဖို႔ အရမ္းကို လြယ္ကူတယ္။ အရင္က ရႈိးပြဲၿပီးခ်ိန္ ကြၽန္ေတာ္ပင္ပန္တိုင္း ပုခုံးေၾကာေလ်ာ့ဖို႔ မၾကာခန အသုံးျပဳခဲ့တယ္” ဝမ္ေယာင္ခ်န္း ကသူ႔လက္ထဲမွ ေရပုလင္းကို ခ်လိုက္ရင္း ေျပာလိုက္သည္။
“ကြၽန္ေတာ့္ကိုေစာင့္။ ကြၽန္ေတာ္ ယူလာေပးမယ္”
ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္ၿပီး ဆိုဖာကို ပိုမွီလိုက္သည္။ သူမကိုယ္တစ္ဝက္က ဆိုဖာထဲတြင္ ျမဳပ္ေနၿပီး သူမအား ပုံမွန္ထက္ ပိုေသးသြားပံုေပၚေစသည္။ စကတ္ဝတ္ထားသည္က သူမအား ပိုၿပီးသြယ္လ်ပုံေပၚေစသည္။ သူမသည္ တစ္စုံတစ္ေယာက္ လက္ထဲတြင္ ကိုင္ထားသည့္ ႏူးညံ့ၿပီး တန္ဖို႔ရွိသည့္ သလင္းေက်ာက္ အဆင္တန္ဆာႏွင့္တူေနသည္။
မၾကာခင္ ဝမ္ေယာင္ခ်န္း ျပန္လာခဲ့သည္။
လီဂ်င္းယြမ္ ရဲ႕ႏႈတ္ခမ္းသည္ တင္းတင္းေစ့ထားၿပီး သူ႔ကိုယ္သူ ေဒါသထြက္ေနခဲ့သည္။ ခရီးမွာ အႏွိပ္စက္ ယူလာဖို႔ ဘာေၾကာင့္ မစဥ္းစားမိရတာလဲ?
#မွီသြားပါၿပီ ☺️☺️🎉🎉
15.11.2020 (Sun)
………………………..
[text_hash] => dea12c35
)