Array
(
[text] =>
<Unicode>
ငါက အလှလေးသုံးထောင်နဲ့ ဧကရာဇ်လား?
“ဟွမ်ဟွမ် နည်းနည်းလောက် စားချင်လား?”လီဂျင်းယွမ် က ဇောင်ယုဟွမ် ကိုမေးလိုက်သည်။
သူ့အိတ်ထဲမှ စတော်ဘယ်ရီနို့ တစ်ပုလင်းကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။ “ဒီမှာ၊ ဒါက ဟွမ်ဟွမ် အကြိုက်တွေမလား?” ပြောလိုက်ပြီး စတော်ဘယ်ရီနို့ ပုလင်းအား ဇောင်ယုဟွမ် အရှေ့မှာ ထားလိုက်သည်။
ဇောင်ယုဟွမ် ကသူမ ရယ်သင့်လား၊ ငိုသင့်လားဆိုတာကို မသိတာကြောင့် ရိုးရှင်းစွာ မေးလိုက်သည်။ “ဂျင်းယွမ် ကဒါတွေအားလုံးဝယ်ဖို့ ဘယ်တုန်းက အချိန်ရသွားတာလဲ?”
“သိပ်မကြာခင်တုန်းက အနက်ရောင်ပဲနဲ့ ငရုတ်ဆီကို ဝယ်ခဲ့တယ်။ ငါတို့ရန်ပုံငွေကနေ တစ်ယောက်ကို ယွမ် ၁၀၀ ရတယ်၊ ဒါကြောင့် ပေါင်မုန့်နဲ့ နို့ဝယ်ဖို့ပဲ ကုန်ကျခဲ့တယ်” လီဂျင်းယွမ် ရဲ့နှုတ်ခမ်းထောင့်က ကွေးသွားပြီး မုန့်နဲ့ စားစရာတွေ အားလုံးကို ဇောင်ယုဟွမ် အရှေ့တွင် ထားလိုက်သည်။ ဒီအခွင့်အရေးကို အသုံးချပြီး သူက ဇောင်ယုဟွမ် ကိုထိုင်ခုံခါးပတ် ပတ်ပေးလိုက်ပြီး ကားစက်နှိုးလိုက်သည်။
“မင်းတို့အားလုံး အဆင်သင့်ဖြစ်ပြီလား? ဒါဆို အခုထွက်တော့မယ်” လီဂျင်းယွမ် ကအသံနိမ့်လေးနဲ့ ပြောလိုက်သည်။
ရုတ်တရက် ယင်ချီချီ ကစကားထပြောကာ မေးလိုက်သည်။ “အစ်ကိုဂျင်းယွမ် ကဘာကြောင့် ပိုက်ဆံတွေ အကုန်လုံးကို သုံးပစ်လိုက်ရတာလဲ? နောက်ပိုင်းကျရင် အစ်ကိုဂျင်းယွမ် ဝယ်ချင်တဲ့အရာ တစ်ခုခုရှိလာနိုင်တယ်မလား?”
လီဂျင်းယွမ် ကသူမကို လှည့်တောင်မကြည့်ပဲ ပြန်ဖြေလိုက်သည်။ “ငါ့မှာတခြားဝယ်စရာ မရှိဘူး”
သူ့တုန့်ပြန်ချင်ကြောင့် ယင်ချီချီ တိတ်ဆိတ်သွားခဲ့သည်။
လင်းလန် သည် လီဂျင်းယွမ် ကိုကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။ “ကျွန်မကို မုန့်နည်းနည်းလောက် ကျွေးလို့ရမလား? စားသောက်ဆိုင်က အစားအစာတွေကို သိပ်မကြိုက်လို့ သိပ်မစားခဲ့ရဘူး”
ဇောင်ယုဟွမ် ကအနက်ရောင်ပဲ ငရုတ်ဆီပုလင်းကို ဖွင့်လိုက်ပြီး ပေါင်မုန့်တွင် သုတ်လိုက်သည်။ ပေါင်မုန့်နှစ်ခုကို လင်းလန် ဆီကမ်းပေးလိုက်သည်။
သူမ ပြန်လှည့်လာချိန်တွင် သူ့နှုတ်ခမ်းထောင့်က တင်းတင်းစေ့နေပြီး မျက်နှာပေါ်က အပြုံးကလည်း ပျောက်ကွယ်သွားတာကို သူမ သတိထားမိလိုက်သည်။
ဟမ်?
သူဘာကြောင့်စိတ်ဆိုးရတာလဲ?
ဇောင်ယုဟွမ် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
ဟမ်၊ အဲ့ဒါက လင်းလန် ကိုငါက ပေါင်မုန့်ပေးလိုက်လို့လား?
ဒါပေမဲ့ လင်းလန် ကဒီကမ္ဘာရဲ့ ဇာတ်လိုက်မလေ!
သူမက သူ့ရဲ့ပြီးပြည့်စုံတဲ့ တွဲဖက်ပဲလေ!
ဇောင်ယုဟွမ် ကပေါင်မုန့်ကို တစ်ဖဲ့ဖဲ့လိုက်ပြီး မေးလိုက်သည်။ “ဂျင်းယွမ် စားချင်လား?”
လီဂျင်းယွမ် ကပြန်မဖြေပဲ သူ့ခန္ဓာကိုယ်ကို သူမအနားတိုးလာပြီး သူ့မျက်လုံးတွေကတော့ လမ်းကြောင်းကိုသာ ဆက်ကြည့်နေသည်။ သူ့ပါးစပ်ကို ဟလိုက်ပြီး သူမလက်ထဲမှ ပေါင်မုန့်ကို ကိုက်လိုက်သည်။
သူ့မျက်နှာပေါ်ရှိ တင်းမာနေမှုက ပြေလျော့သွားသည်။
ကံကောင်းတာက သူသည်ေချာ့ဖို့ လွယ်ကူသည်။
ဒါပေမဲ့ သူမက လီဂျင်းယွမ် ကိုပေါင်မုန့်ကျွေးတာကို ထုတ်လွှင့်ချိန်မှာ ဟုန်ချန်းမင်း သာမြင်သွားခဲ့ရင် ချက်ချင်း စိတ်ဆိုးသွားေလာက်တယ်?
ကျစ်!
သူမဘဝက အတော်လေးကို ခက်ခဲတာပဲ။
ဇောင်ယုဟွမ် ကရုတ်တရက်ကြီး အနောက်နန်းဆောင်တွင် အလှလေးတွေ သုံးထောင်လောက်ရှိသည့် ဧကရာဇ်လို ခံစားလိုက်ရသည်။ အလှေလး တစ်ယောက်ချင်းစီတိုင်းကို ညီတူညီမျှ မပေးရင် သူတို့ရဲ့ နာကြည်းခြင်းတွေ၊ ဝိုင်းဒိုင်းကြဲတာတွေ ခံစားရလိမ့်မည်။
မကြာခင် သူတို့ဦးတည်ရာကို ရောက်သွားကြသည်။
လီဂျင်းယွမ် က ဇောင်ယုဟွမ် ကထိုင်ခုံခါးပတ်ကို မဖြုတ်ခင် ကားပေါ်မှ အလျင်အမြန်ဆင်းကာ ကူညီလိုက်သည်။ ထို့နောက် ဇောင်ယုဟွမ် ရဲ့ကားတံခါးကို ဖွင့်လိုက်သည်။
လင်းလန် သည်ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပြီး ကားပေါ်မှ ဆင်းလိုက်သည်။ သူမသည် လီဂျင်းယွမ် ကိုကြည့်လိုက်ပြီး မေးလိုက်သည်။ “လီဂျင်းယွမ် ကဒီနေရာနဲ့ ရင်းနှီးလား?”
ယင်ချီချီ ကလည်း ကားပေါ်မှ ဆင်းလိုက်သည်။ လီဂျင်းယွမ် ကသူမအတွက် အခဖိန်ပိုမပေးနိုင်တာကို သိပြီးသားဖြစ်တာကြောင့် သူမဘာသာပဲ ကားတံခါးကိုဖွင့်ပြီး ဆင်းလိုက်သည်။
လင်းလန် ရဲ့မေးခွန်းကို ကြားလိုက်ပြီးနောက် ယင်ချီချီ ကချက်ချင်း တုန့်ပြန်လိုက်သည်။ “လင်းလန် သတင်းတွေ မကြည့်ခဲ့ဖူးလား? သူက ဒီမှာနေခဲ့ပြီး မော်ဒယ်လ်အဖြစ်နဲ့တောင် ဒီမှာနှစ်အတော်ကြာ အလုပ်လုပ်ခဲ့သေးတယ်လေ”
“အစ်ကိုဟုန် ကောဒီမှာပဲ အလုပ်လာပ်ခဲ့တာလား?” လင်းလန် မေးလိုက်သည်။
ယင်ချီချီ ကငြိမ်သွားပြီး ဖြေလိုက်သည်။ “သိပ်မသေချာဘူး”
တစ်ဖက်တွင် လီဂျင်းယွမ် က ဇောင်ယုဟွမ် နဲ့သာ စကားပြောနေခဲ့သည်။ သူက ထိုနေရာတွင် ရှိနေသည့် တခြားအမျိုးသမီးတွေကို စကားပြောရန် ရည်ရွယ်ချက် မရှိပေ။
လင်းလန် သည်ထူးခြားေနသည့် ပုံရိပ်နှစ်ခုကို စိုက်ကြည့်လိုက်သည်။ အဲ့ဒီအချိန်မှာပဲ ဟုန်ချန်းမင်း နဲ့တခြားသူတွေ ရောက်လာကြသည်။
ဂူယူလင်း ကသူတို့အနားကုိ လျှောက်သွားပြီး သူတို့ရှေ့တွင် ဟုန်ချန်းမင်း ကိုချီးကျူးလိုက်သည်။ “ဟုန်လေး ကအံ့ဩစရာပဲ!” ထုိစကားကို ပြောလိုက်ချိန်တွင် ဂူယူလင်း ရဲ့မျက်လုံးတွေက တောက်ပနေသည်။
ဇောင်ယုဟွမ် ကဘာအမူအရာမှ မပြပဲ ကြည့်ကာမေးလိုက်သည်။ “ဘာဖြစ်လို့လဲ?”
ဟုန်ချန်းမင်း ကပြန်ဖြေလိုက်သည်။ “ကားနဲ့ပတ်သက်ပြီး ပြဿနာရှိသွားတာ”
ဇောင်ယုဟွမ် ကမျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ချန်းမင်း အရင်ဆုံး သွသင့်တယ်။ ကားငှားကုမ္ပဏီကို ဟွမ်ဟွမ် ဆက်သွယ်လိုက်မယ်”
သူမက ချက်ချင်းပင် ဖုန်းကိုပိုက်ဆံအိတ်ထဲမှ ဆွဲထုတ်လိုက်ပြီး ကားငှားကုမ္ပဏီကို ဆက်လိုက်သည်။
မလိုအပ်တဲ့ ပြဿနာတွေကို ရှောင်လိုက်တာက ပိုကောင်းမယ်လို့ ကောမိုင် ကတွေးမိတာကြောင့် ပြောလိုက်သည်။ “ထားလိုက်ပါ၊ အဲ့ဒါက အသွေးအဖွဲ့လေးပါ၊ ပန်းခြံထဲပဲ သွားကြရအောင်!”
ယင်ချီချီ ကချက်ချင်းပင် ထပြောလိုက်သည်။ “ကျွန်မတို့ ကားမငှားခဲ့ရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး”
ဇောင်ယုဟွမ် ဆီမှဖုန်းကို ဟုန်ချန်းမင်း ကလှမ်းယူလိုက်ပြီး ပြောလိုက်သည်။ “ကိုယ် သူတို့ကို ခေါ်လိုက်မယ်။ ဟွမ်ဟွမ် နဲ့ လီဂျင်းယွမ် တို့က အရင်ဆုံး ဝင်သင့်တယ်”
ဇောင်ယုဟွမ် ကဖုန်းကို ပြန်ယူလိုက်ပြီး ပြောလိုက်သည်။ “ဖုန်းတစ်ခါခေါ်တာက မိနစ်နည်းနည်းပဲ ကြာမှာပါ” ထိုသို့ပြောလိုက်ပြီး ကားငှားကုမ္ပဏီကို ဖုန်းဆက်လိုက်ပြီး အင်္ဂလိပ်စကားကို ကျွမ်းကျွမ်ကျင်ကျင်နဲ့ ပြောလိုက်သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ဖုန်းချလိုက်သည်။
“ကားငှားကုမ္ပဏီက အထွေထွေမန်နေဂျာက ကျွန်မတို့ကို တောင်းပန်ဖို့ ဒီနေရာကို လာလိမ့်မယ်” ဇောင်ယုဟွမ် ကမျက်ခုံးပင့်လိုက်ပြီး သူတို့ကို တောက်ပစွာ ပြုံးပြပြီး ပြောလိုက်သည်။ “သွားရအောင်! ပန်းခြံထဲသွားသင့်တယ်”
ဘာသာစကား အခက်အခဲကြောင့် တရုတ်ခရီးသွား ဧည့်သည်များ ဆုံးရှုံးမှုကို ကြုံတွေ့ရလေ့ရှိသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဇောင်ယုဟွမ် ကထိုကိစ္စကို လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်ခဲ့သည်။
ယင်ချီချီ ကသံသယဖြစ်သွားသည်။ “အထွေထွေ မန်နေဂျာက ကျွန်မတို့ကို တောင်းပန်ဖို့ ဒီကိုလာမယ်?”
ဒီနိုင်ငံခြား တိုင်းပြည်မှာ ဇောင်ယုဟွမ် ကဘယ်လောက်တောင် လွှမ်းမိုးနိုင်ရတာလဲ?
ဒီလိုကုမ္ပဏီတွေက ဒီလိုအသေးအဖွဲ့ အဆသ်မပြေတာအတွက် လျော်ကြေးပေးမှာ မဟုတ်ဘူး?
အုပ်စုထဲရှိ လူတိုင်းက သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်တာကြောင့် သူတို့ဝန်းကျင်တွင် ကျွမ်းကျင်သည့် ကင်မရာမန်းတွေက ဝိုင်းနေသည်။ ထို့ကြောင့် သူတို့ဘာသာ ဓာတ်ပုံရိုက်ရန် အတော်လေး ခက်ခဲသည်။ ရလဒ်ကြောင့် မြင်ကွင်းက တဖြည်းဖြည်းချင်း ဖရိုဖရဲဖြစ်လာခဲ့သည်။ ဒီအခြေအနေကို ဇောင်ယုဟွမ် ကထပ်ပြီး သည်းမခံနိုင်တော့ပဲ သူတို့ဆီမှ ကင်မရာကို ဆွဲယူလိုက်သည်။ “အစ်မ ကောမိုင် ကိုဓာတ်ပံုရိုက်ပေးမယ်”
ဇောင်ယုဟွမ် သည်ဓာတ်ပံုရိုက်ရာတွင် ကျွမ်းကျွမ်းကျင်ကျင် မဟုတ်သော်လည်း ဟန်ယင်ယင် ဆီမှလူတွေရဲ့ ကောင်းမွန်သည့် ရှုထောင့်ကို ဘယ်လိုရိုက်ရမလဲဆိုတာကို သင်ယူခဲ့သည်။
ဇောင်ယုဟွမ် သည်စကတ်ကို အနည်းငယ် ပင့်လိုက်ပြီး လူအုပ်စုရှေ့တွင် ဒူးကွေးလိုက်ပြီး ဓာတ်ပုံရိုက်ရန် ကောင်းမွန်သည့် ရှုထောင့်ကို ရှာဖွေလိုက်သည်။
ပန်းခြံရှိ တခြားသူများက ဒီပန်းခြံသို့ တရုတ်ခရီးသွားဧည့်သည်များစွာ လည်ပတ်လာသည်ကို တွေ့မြင်ခဲ့ကြသည်။ သူတို့ပွဲေတွအတွက် ဓာတ်ပုံဆရာတွေ များစွာလာခဲ့ဖူးပေမဲ့ ဒီတရုတ်အုပ်စုလောက် ကြည့်မကောင်းကြပေ။
ဇောင်ယုဟွမ် သည် ရှုထောင့်ကောင်းကောင်းကို ရှာမတွေ့တာကြောင့် ထိုအုပ်စုအား လှည့်ပတ်ကာ ရှာဖွေလိုက်သည်။
ပန်းခြံမှ လူများက မတူညီတဲ့ ဘာသာစကားတွေဖြင့် အသံတိုးတိုးဖြင့် စတင်ကာ စကားပြောလာကြသည်။ “သူတို့က သူတို့ယဉ်ကျေးမှုကို ဖြန့်ကျက်ဖို့ လာခဲ့ကြတာလား?”
“ထင်ရတာပဲ”
“သူတို့က အရမ်းလှတယ်”
သူတို့ထဲက တစ်ယောက်က ရုတ်တရက် လီဂျင်းယွမ် ကိုသတိပြုမိပြီး စိတ်လှုပ်ရှားသည့် အသံက ထွက်လာခဲ့သည်။ “ဟေး၊ အဲ့ဒါ လီ မလား?”
“အဲ့ဒါသူလား?”
“OMG! ငါသူနဲ့အတူ ဓာတ်ပုံရိုက်ချင်တယ်!”
သူတို့ဘေးနားတွင် ဝိုင်းလာကြသည့် လူများက တဖြည်းဖြည်း များလာသည်။ နိုင်ငံခြားသားတွေက သူတို့ဖုန်းတွေကို မြန်မြန်ဆွဲထုတ်လိုက်ပြီး ဓာတ်ပုံရိုက်ကြသည်။
အခုေတာ့ ယင်ချီချီ နဲ့တခြားသူတွေက လီဂျင်းယွမ် သည်မော်ဒယ်လ် လောကတွင် ဘယ်လောက်တောင် လူကြိုက်များလဲဆိုတာ နားလည်သွားကြသည်!
*****
ဇောင်ယုဟွမ် ကတော့ ကောမိုင် ကိုဓာတ်ပုံရိုက်ရာတွင် ပုံကောင်းကောင်း ထွက်ဖို့ကိုသာ အာရုံစိုက်နေခဲ့သည်။ သူမအိတ်ထဲတွင် ဖုန်းလာေနတာကိုေတာင် လျစ်လျူရှုထားသည်။
ထိုပုံစံအတိုင်း အချိန်အနည်းငယ် နေပြီးနောက်တွင် သူမ ခြေထောက်တွေ ထုံလာခဲ့သည်။ ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး သူမခြေထောက်ပေါ်မှ ဖိအားတွေ လျော့ကျသွားစေဖို့ သူမပုံစံအား ချိန်ညှိလိုက်သည်။
ဟုန်ချန်းမင်း ကသူမနဲ့ သိပ်မဝေးသည့် နေရာတွင် ရပ်နေခဲ့ပြီး သူမအဆင်မပြေ ဖြစ်နေတာကို ချက်ချင်း သတိပြုမိသွားသည်။ သူမဆီကို မြန်မြန်လျှောက်သွားပြီး စကတ်စကို မတော်ဆနင်းမိပြီး ချော်မလဲစေရန်အတွက် ကူညီပြီးမေပးလိုက်သည်။
ဇောင်ယုဟွမ် ကသူ့ကို ပြန်လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ဟွမ်ဟွမ် အဆင်ပြေတယ်”
“အရှေ့ကိုသွားရအောင်! အဲ့မှာ စစ်တပ်စခန်း တစ်ခုရှိတယ်” ဇောင်ယုဟွမ် ကအကြံပေးလိုက်သည်။
သူတို့သာ ဒီနေရာမှာ အချိန်ကြာကြာ ရှိနေမယ်ဆိုရင် လီဂျင်းယွမ် ရဲ့ဖန်တွေကြောင့် သူတို့သွားကြမဲ့ လမ်းကြောင်းကို တားဆီးသလို ဖြစ်သွားမှာကို သူမ ကြောက်မိသည်။
ဇောင်ယုဟွမ် မေးလိုက်သည်။ “မြင်းစီးချင်ကြလား?”
ယင်ချီချီ ကတကယ်ပဲ မြင်းစီးချင်ခဲ့တယ်!
သူမအတွက် ဒီလိုအခွင့်အရေးမျိုး ရဖို့က ရှားပါးတာကြောင့် ဒီအခွင့်အရေးကို လွဲချော်ခံမှာလဲ?
အရင်တုန်းက သူမဟာ မြင်းစီးခဲ့ပေမဲ့ ဒီလိုနေရာမျိုးမှာတော့ တစ်ခါမှ မစီးဖူးပေ။ ဒီနေရာက ၁၈ ရာစုတွင် အင်္ဂလန်ဘုရင်က အမဲလိုက်ဖို့အတွက် အကြိမ်များများ လာရောက်ခဲ့သည့် နေရာဖြစ်သည်။ ဒီကိုယ်ပိုင်ပန်းခြံက ကျော်ကြားတဲ့ အင်္ဂလိပ်တော်ဝင်မိသားစုက ပိုင်ဆိုင်ခဲ့သည်။ ဒီနေရာက လန်ဒန်ရဲ့ အချမ်းသာဆုံး လူတွေကသာ ပိုင်ဆိုင်ကြသည်။
ဒါက သူမရဲ့အဆင့်အတန်းနှင့် ကြွယ်ဝမှုကို မြှင့်တင်ရန် အခွင့်အလမ်းကြီး တစ်ခုပဲ!
ယင်ချီချီ သည်သူမရိုက်ထားမဲ့ ဒီပုံတွေကို(မြင်းစီးပုံ) ဆိုရှယ်မီဒီယာမှာ တင်လိုက်ရင် တခြားသူတွေဆီမှ မနာဝန်တိုမှုေတွကို ရနိုင်မယ်လို့ စိတ်ကူးလိုက်သည်။
သို့သော် ယင်ချီချီ သည်သူမရဲ့ အစစ်အမှန် ရည်ရွယ်ချက်များကို ထုတ်ဖော်မပြသချင်သလို စိတ်အားထက်သန်တာလဲ မပေါ်အောင် နှုတ်ဆိတ်နေခဲ့သည်။
ရုတ်တရက် ဟုန်ချန်းမင်း ကကြားဖြတ်ပြောလိုက်သည်။ “ကိုယ်တို့မြင်းစီးမယ်ဆိုရင် ၁၀ ရက်ကြိုတင် စာရင်းပေးထားရလိမ့်မယ်”
“မလိုဘူး” ဇောင်ယုဟွမ် ကဂရုမစိုက်စွာဖြင့် လက်ကိုခါလိုက်ပြီး ပြောလိုက်သည်။
ယင်ချီချီ ကသူမရဲ့ သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့ပဲ မေးလိုက်သည်။ “ဒီပွဲတစ်လျောက်လုံးကို ထုတ်လုပ်ရေးအသင်းက စီစဉ်ထားတာ မဟုတ်ဘူးလား?”
ဘေးမှရပ်ေနသည့် ကောမိုင် ကပြန်ပြောလိုက်သည်။ “ထုတ်လုပ်ရေးအသင်းက ကျွန်မတို့အတွက် ဘာကိုမှ မစီစဉ်ပေးထားဘူး။ အစီစဉ်၊ လှုပ်ရှားမှုနဲ့ ပွဲတွေကိုအားလုံးကို ယုဟွမ် ကပဲစီစဉ်ထားတာ”
“လမ်းလျှောက်တာထက် မြင်းစီးနေတုန်း ကြည့်ရတဲ့ မြင်ကွင်းက ပိုကောင်းမယ်မလား?” ရုတ်တရက် ဂူယူလင်း ကမေးလိုက်သည်။
ဇောင်ယုဟွမ် ခေါင်းညိတ်လိုက်သည်။
နောက်ဆုံးတွင် ကောမိုင်၊ ဂူယူလင်း နဲ့ ဝမ်ယောင်ချန်း တို့အားလုံးက မြင်းစီဖို့ဆန္ဒရှိကြသည်။
“အဲ့ဒါက စျေးကြီးမလား?” လင်းလန် မေးလိုက်သည်။
ဝမ်ေယာင်ချန်း ကရယ်ကာ ပြောလိုက်သည်။ “ကျွန်တော်တို့တွေ ဒီနေရာမှာရှိချိန်မှာ ပျော်ရွှင်ပြီး အချိန်ကောင်း ပိုင်ဆိုင်ဖို့က အဓိကပဲ။ ဒီအစီစဉ်မှာ ငွေပိုသုံးလိုက်ရင်တောင် ကျွန်တော် အစီစဉ်ကို နည်းနည်းေလျာ့လိုက်ရံုပဲ။ ကျွန်တော်တို့ ရန်ပုံငွေနည်းရင်တောင် ငွေများများရနုိင်တယ်”
လင်းလန် တိတ်ဆိတ်သွားသည်။
လူတိုင်းက စိတ်အားထက်သန်စွာဖြင့် ဇောင်ယုဟွမ် အနောက်မှလိုက်သွားကြရင်း မြင်းစီးခြင်း အစီစဉ်ဆီကို ဦးတည်လိုက်ကြသည်။
သူတို့သွားနေချိန်တွင် ဇောင်ယုဟွမ် ကဖုန်းပြန်ဖြေလိုက်ပြီး တစ်ဖက်မှလူအား ထိုနေရာတွင် စောင့်နေရန် ပြောလိုက်သည်။ ဖုန်းချပြီး အိတ်ထဲပြန်ထည့်ပြီးနောက် Hyde မြင်းစီးကလပ် သို့ဦးတည်သွားခဲ့သည်။
ဇောင်ယုဟွမ် ကရှေ့ဆက်သွားပြီး တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းရန် ကြိုးစားခဲ့သည်။
ဟုန်ချန်းမင်း ကသူမအနောက်မှ လိုက်ခဲ့သည်။
“ဒါကို ကိုယ်လုပ်လိုက်မယ်” ဟုန်ချန်းမင်း ကသူမအရှေိ့မှ ကာကွယ်ပြီး တခြားသူတွေရဲ့ အမြင်ကို တားဆီးကာ ရပ်လိုက်သည်။
ထို့နောက် သူက ဇောင်ယုဟွမ် ရဲ့ခါးကို ညင်သာစွာ ပုတ်လိုက်ပြီး ပြောလိုက်သည်။ “အပြင်ကနေ စောင့်နေ။ ဒါကို ကိုယ်ကိုင်တွယ်လိုက်မယ်”
သူ့ရဲ့ရုတ်တရက် ပြောင်းလဲသွားသည့် အပြုအမူကြောင့် ဇောင်ယုဟွမ် အံ့အားသင့်သွားသည်။
သူမ မသိစိတ်က သူ့ရဲ့အမိန့်ကို နာခံကာ အေးစက်သည့် အခန်းထဲမှ ထွက်လိုက်သည်။
အေးစက်သည့် လေထုက အခန်းအပြင်တွင် ပျောက်သွားခဲ့သည်။
ဟုန်ချန်းမင်း ကိုပြန်လှည့်ကြည့်လိုက်ပြီး သူကြီးပြင်းလာပြီဆိုတာကို ရုတ်တရက် သဘောပေါက်သွားသည်။ သူက ကလေးလေး မဟုတ်တော့ပဲ အခုတော့ လူကြီးတစ်ယောက် ဖြစ်လာခဲ့သည်။
13.11.2020 (Fri)
……………………..
<Zawgyi>
ငါက အလွေလးသုံးေထာင္နဲ႔ ဧကရာဇ္လား?
“ဟြမ္ဟြမ္ နည္းနည္းေလာက္ စားခ်င္လား?”လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ ကိုေမးလိုက္သည္။
သူ႔အိတ္ထဲမွ စေတာ္ဘယ္ရီႏို႔ တစ္ပုလင္းကို ထုတ္ယူလိုက္ၿပီး ေျပာလိုက္သည္။ “ဒီမွာ၊ ဒါက ဟြမ္ဟြမ္ အႀကိဳက္ေတြမလား?” ေျပာလိုက္ၿပီး စေတာ္ဘယ္ရီႏို႔ ပုလင္းအား ေဇာင္ယုဟြမ္ အေရွ႕မွာ ထားလိုက္သည္။
ေဇာင္ယုဟြမ္ ကသူမ ရယ္သင့္လား၊ ငိုသင့္လားဆိုတာကို မသိတာေၾကာင့္ ႐ိုးရွင္းစြာ ေမးလိုက္သည္။ “ဂ်င္းယြမ္ ကဒါေတြအားလုံးဝယ္ဖို႔ ဘယ္တုန္းက အခ်ိန္ရသြားတာလဲ?”
“သိပ္မၾကာခင္တုန္းက အနက္ေရာင္ပဲနဲ႔ င႐ုတ္ဆီကို ဝယ္ခဲ့တယ္။ ငါတို႔ရန္ပုံေငြကေန တစ္ေယာက္ကို ယြမ္ ၁၀၀ ရတယ္၊ ဒါေၾကာင့္ ေပါင္မုန္႔နဲ႔ ႏို႔ဝယ္ဖို႔ပဲ ကုန္က်ခဲ့တယ္” လီဂ်င္းယြမ္ ရဲ႕ႏႈတ္ခမ္းေထာင့္က ေကြးသြားၿပီး မုန႔္နဲ႔ စားစရာေတြ အားလုံးကို ေဇာင္ယုဟြမ္ အေရွ႕တြင္ ထားလိုက္သည္။ ဒီအခြင့္အေရးကို အသုံးခ်ၿပီး သူက ေဇာင္ယုဟြမ္ ကိုထိုင္ခုံခါးပတ္ ပတ္ေပးလိုက္ၿပီး ကားစက္ႏႈိးလိုက္သည္။
“မင္းတို႔အားလုံး အဆင္သင့္ျဖစ္ၿပီလား? ဒါဆို အခုထြက္ေတာ့မယ္” လီဂ်င္းယြမ္ ကအသံနိမ့္ေလးနဲ႔ ေျပာလိုက္သည္။
႐ုတ္တရက္ ယင္ခ်ီခ်ီ ကစကားထေျပာကာ ေမးလိုက္သည္။ “အစ္ကိုဂ်င္းယြမ္ ကဘာေၾကာင့္ ပိုက္ဆံေတြ အကုန္လုံးကို သုံးပစ္လိုက္ရတာလဲ? ေနာက္ပိုင္းက်ရင္ အစ္ကိုဂ်င္းယြမ္ ဝယ္ခ်င္တဲ့အရာ တစ္ခုခုရွိလာႏိုင္တယ္မလား?”
လီဂ်င္းယြမ္ ကသူမကို လွည့္ေတာင္မၾကည့္ပဲ ျပန္ေျဖလိုက္သည္။ “ငါ့မွာတျခားဝယ္စရာ မရွိဘူး”
သူ႔တုန႔္ျပန္ခ်င္ေၾကာင့္ ယင္ခ်ီခ်ီ တိတ္ဆိတ္သြားခဲ့သည္။
လင္းလန္ သည္ လီဂ်င္းယြမ္ ကိုၾကည့္လိုက္ၿပီး တီးတိုးေျပာလိုက္သည္။ “ကြၽန္မကို မုန႔္နည္းနည္းေလာက္ ေကြၽးလို႔ရမလား? စားေသာက္ဆိုင္က အစားအစာေတြကို သိပ္မႀကိဳက္လို႔ သိပ္မစားခဲ့ရဘူး”
ေဇာင္ယုဟြမ္ ကအနက္ေရာင္ပဲ င႐ုတ္ဆီပုလင္းကို ဖြင့္လိုက္ၿပီး ေပါင္မုန႔္တြင္ သုတ္လိုက္သည္။ ေပါင္မုန႔္ႏွစ္ခုကို လင္းလန္ ဆီကမ္းေပးလိုက္သည္။
သူမ ျပန္လွည့္လာခ်ိန္တြင္ သူ႔ႏႈတ္ခမ္းေထာင့္က တင္းတင္းေစ့ေနၿပီး မ်က္ႏွာေပၚက အၿပဳံးကလည္း ေပ်ာက္ကြယ္သြားတာကို သူမ သတိထားမိလိုက္သည္။
ဟမ္?
သူဘာေၾကာင့္စိတ္ဆိုးရတာလဲ?
ေဇာင္ယုဟြမ္ အနည္းငယ္ စိတ္ရႈပ္ေထြးသြားသည္။
ဟမ္၊ အဲ့ဒါက လင္းလန္ ကိုငါက ေပါင္မုန႔္ေပးလိုက္လို႔လား?
ဒါေပမဲ့ လင္းလန္ ကဒီကမာၻရဲ႕ ဇာတ္လိုက္မေလ!
သူမက သူ႔ရဲ႕ၿပီးျပည့္စုံတဲ့ တြဲဖက္ပဲေလ!
ေဇာင္ယုဟြမ္ ကေပါင္မုန႔္ကို တစ္ဖဲ့ဖဲ့လိုက္ၿပီး ေမးလိုက္သည္။ “ဂ်င္းယြမ္ စားခ်င္လား?”
လီဂ်င္းယြမ္ ကျပန္မေျဖပဲ သူ႔ခႏၶာကိုယ္ကို သူမအနားတိုးလာၿပီး သူ႔မ်က္လုံးေတြကေတာ့ လမ္းေၾကာင္းကိုသာ ဆက္ၾကည့္ေနသည္။ သူ႔ပါးစပ္ကို ဟလိုက္ၿပီး သူမလက္ထဲမွ ေပါင္မုန႔္ကို ကိုက္လိုက္သည္။
သူ႔မ်က္ႏွာေပၚရွိ တင္းမာေနမႈက ေျပေလ်ာ့သြားသည္။
ကံေကာင္းတာက သူသည္ေခ်ာ့ဖို႔ လြယ္ကူသည္။
ဒါေပမဲ့ သူမက လီဂ်င္းယြမ္ ကိုေပါင္မုန႔္ေကြၽးတာကို ထုတ္လႊင့္ခ်ိန္မွာ ဟုန္ခ်န္းမင္း သာျမင္သြားခဲ့ရင္ ခ်က္ခ်င္း စိတ္ဆိုးသြားေလာက္တယ္?
က်စ္!
သူမဘဝက အေတာ္ေလးကို ခက္ခဲတာပဲ။
ေဇာင္ယုဟြမ္ က႐ုတ္တရက္ႀကီး အေနာက္နန္းေဆာင္တြင္ အလွေလးေတြ သုံးေထာင္ေလာက္ရွိသည့္ ဧကရာဇ္လို ခံစားလိုက္ရသည္။ အလွေလး တစ္ေယာက္ခ်င္းစီတိုင္းကို ညီတူညီမွ် မေပးရင္ သူတို႔ရဲ႕ နာၾကည္းျခင္းေတြ၊ ဝိုင္းဒိုင္းႀကဲတာေတြ ခံစားရလိမ့္မည္။
မၾကာခင္ သူတို႔ဦးတည္ရာကို ေရာက္သြားၾကသည္။
လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ ကထိုင္ခုံခါးပတ္ကို မျဖဳတ္ခင္ ကားေပၚမွ အလ်င္အျမန္ဆင္းကာ ကူညီလိုက္သည္။ ထို႔ေနာက္ ေဇာင္ယုဟြမ္ ရဲ႕ကားတံခါးကို ဖြင့္လိုက္သည္။
လင္းလန္ သည္ထိုင္ခုံခါးပတ္ကို ျဖဳတ္လိုက္ၿပီး ကားေပၚမွ ဆင္းလိုက္သည္။ သူမသည္ လီဂ်င္းယြမ္ ကိုၾကည့္လိုက္ၿပီး ေမးလိုက္သည္။ “လီဂ်င္းယြမ္ ကဒီေနရာနဲ႔ ရင္းႏွီးလား?”
ယင္ခ်ီခ်ီ ကလည္း ကားေပၚမွ ဆင္းလိုက္သည္။ လီဂ်င္းယြမ္ ကသူမအတြက္ အခဖိန္ပိုမေပးႏိုင္တာကို သိၿပီးသားျဖစ္တာေၾကာင့္ သူမဘာသာပဲ ကားတံခါးကိုဖြင့္ၿပီး ဆင္းလိုက္သည္။
လင္းလန္ ရဲ႕ေမးခြန္းကို ၾကားလိုက္ၿပီးေနာက္ ယင္ခ်ီခ်ီ ကခ်က္ခ်င္း တုန႔္ျပန္လိုက္သည္။ “လင္းလန္ သတင္းေတြ မၾကည့္ခဲ့ဖူးလား? သူက ဒီမွာေနခဲ့ၿပီး ေမာ္ဒယ္လ္အျဖစ္နဲ႔ေတာင္ ဒီမွာႏွစ္အေတာ္ၾကာ အလုပ္လုပ္ခဲ့ေသးတယ္ေလ”
“အစ္ကိုဟုန္ ေကာဒီမွာပဲ အလုပ္လာပ္ခဲ့တာလား?” လင္းလန္ ေမးလိုက္သည္။
ယင္ခ်ီခ်ီ ကၿငိမ္သြားၿပီး ေျဖလိုက္သည္။ “သိပ္မေသခ်ာဘူး”
တစ္ဖက္တြင္ လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ နဲ႔သာ စကားေျပာေနခဲ့သည္။ သူက ထိုေနရာတြင္ ရွိေနသည့္ တျခားအမ်ိဳးသမီးေတြကို စကားေျပာရန္ ရည္႐ြယ္ခ်က္ မရွိေပ။
လင္းလန္ သည္ထူးျခားေနသည့္ ပုံရိပ္ႏွစ္ခုကို စိုက္ၾကည့္လိုက္သည္။ အဲ့ဒီအခ်ိန္မွာပဲ ဟုန္ခ်န္းမင္း နဲ႔တျခားသူေတြ ေရာက္လာၾကသည္။
ဂူယူလင္း ကသူတို႔အနားကုိ ေလွ်ာက္သြားၿပီး သူတို႔ေရွ႕တြင္ ဟုန္ခ်န္းမင္း ကိုခ်ီးက်ဴးလိုက္သည္။ “ဟုန္ေလး ကအံ့ဩစရာပဲ!” ထုိစကားကို ေျပာလိုက္ခ်ိန္တြင္ ဂူယူလင္း ရဲ႕မ်က္လုံးေတြက ေတာက္ပေနသည္။
ေဇာင္ယုဟြမ္ ကဘာအမူအရာမွ မျပပဲ ၾကည့္ကာေမးလိုက္သည္။ “ဘာျဖစ္လို႔လဲ?”
ဟုန္ခ်န္းမင္း ကျပန္ေျဖလိုက္သည္။ “ကားနဲ႔ပတ္သက္ၿပီး ျပႆနာရွိသြားတာ”
ေဇာင္ယုဟြမ္ ကမ်က္ေမွာင္ၾကဳတ္ကာ ေျပာလိုက္သည္။ “ခ်န္းမင္း အရင္ဆုံး သြသင့္တယ္။ ကားငွားကုမၸဏီကို ဟြမ္ဟြမ္ ဆက္သြယ္လိုက္မယ္”
သူမက ခ်က္ခ်င္းပင္ ဖုန္းကိုပိုက္ဆံအိတ္ထဲမွ ဆြဲထုတ္လိုက္ၿပီး ကားငွားကုမၸဏီကို ဆက္လိုက္သည္။
မလိုအပ္တဲ့ ျပႆနာေတြကို ေရွာင္လိုက္တာက ပိုေကာင္းမယ္လို႔ ေကာမိုင္ ကေတြးမိတာေၾကာင့္ ေျပာလိုက္သည္။ “ထားလိုက္ပါ၊ အဲ့ဒါက အေသြးအဖြဲ႕ေလးပါ၊ ပန္းၿခံထဲပဲ သြားၾကရေအာင္!”
ယင္ခ်ီခ်ီ ကခ်က္ခ်င္းပင္ ထေျပာလိုက္သည္။ “ကြၽန္မတို႔ ကားမငွားခဲ့ရင္ ဒီလိုေတြ ျဖစ္လာမွာ မဟုတ္ဘူး”
ေဇာင္ယုဟြမ္ ဆီမွဖုန္းကို ဟုန္ခ်န္းမင္း ကလွမ္းယူလိုက္ၿပီး ေျပာလိုက္သည္။ “ကိုယ္ သူတို႔ကို ေခၚလိုက္မယ္။ ဟြမ္ဟြမ္ နဲ႔ လီဂ်င္းယြမ္ တို႔က အရင္ဆုံး ဝင္သင့္တယ္”
ေဇာင္ယုဟြမ္ ကဖုန္းကို ျပန္ယူလိုက္ၿပီး ေျပာလိုက္သည္။ “ဖုန္းတစ္ခါေခၚတာက မိနစ္နည္းနည္းပဲ ၾကာမွာပါ” ထိုသို႔ေျပာလိုက္ၿပီး ကားငွားကုမၸဏီကို ဖုန္းဆက္လိုက္ၿပီး အဂၤလိပ္စကားကို ကြၽမ္းကြၽမ္က်င္က်င္နဲ႔ ေျပာလိုက္သည္။ မိနစ္အနည္းငယ္ ၾကာၿပီးေနာက္ ဖုန္းခ်လိုက္သည္။
“ကားငွားကုမၸဏီက အေထြေထြမန္ေနဂ်ာက ကြၽန္မတို႔ကို ေတာင္းပန္ဖို႔ ဒီေနရာကို လာလိမ့္မယ္” ေဇာင္ယုဟြမ္ ကမ်က္ခုံးပင့္လိုက္ၿပီး သူတို႔ကို ေတာက္ပစြာ ၿပဳံးျပၿပီး ေျပာလိုက္သည္။ “သြားရေအာင္! ပန္းၿခံထဲသြားသင့္တယ္”
ဘာသာစကား အခက္အခဲေၾကာင့္ တ႐ုတ္ခရီးသြား ဧည့္သည္မ်ား ဆုံးရႈံးမႈကို ႀကဳံေတြ႕ရေလ့ရွိသည္။ ဆန႔္က်င္ဘက္အေနျဖင့္ ေဇာင္ယုဟြမ္ ကထိုကိစၥကို လြယ္လြယ္ကူကူ ကိုင္တြယ္ႏိုင္ခဲ့သည္။
ယင္ခ်ီခ်ီ ကသံသယျဖစ္သြားသည္။ “အေထြေထြ မန္ေနဂ်ာက ကြၽန္မတို႔ကို ေတာင္းပန္ဖို႔ ဒီကိုလာမယ္?”
ဒီႏိုင္ငံျခား တိုင္းျပည္မွာ ေဇာင္ယုဟြမ္ ကဘယ္ေလာက္ေတာင္ လႊမ္းမိုးႏိုင္ရတာလဲ?
ဒီလိုကုမၸဏီေတြက ဒီလိုအေသးအဖြဲ႕ အဆသ္မေျပတာအတြက္ ေလ်ာ္ေၾကးေပးမွာ မဟုတ္ဘူး?
အုပ္စုထဲရွိ လူတိုင္းက သ႐ုပ္ေဆာင္ မင္းသား မင္းသမီးေတြ ျဖစ္တာေၾကာင့္ သူတို႔ဝန္းက်င္တြင္ ကြၽမ္းက်င္သည့္ ကင္မရာမန္းေတြက ဝိုင္းေနသည္။ ထို႔ေၾကာင့္ သူတို႔ဘာသာ ဓာတ္ပုံ႐ိုက္ရန္ အေတာ္ေလး ခက္ခဲသည္။ ရလဒ္ေၾကာင့္ ျမင္ကြင္းက တျဖည္းျဖည္းခ်င္း ဖ႐ိုဖရဲျဖစ္လာခဲ့သည္။ ဒီအေျခအေနကို ေဇာင္ယုဟြမ္ ကထပ္ၿပီး သည္းမခံႏိုင္ေတာ့ပဲ သူတို႔ဆီမွ ကင္မရာကို ဆြဲယူလိုက္သည္။ “အစ္မ ေကာမိုင္ ကိုဓာတ္ပံု႐ိုက္ေပးမယ္”
ေဇာင္ယုဟြမ္ သည္ဓာတ္ပံု႐ိုက္ရာတြင္ ကြၽမ္းကြၽမ္းက်င္က်င္ မဟုတ္ေသာ္လည္း ဟန္ယင္ယင္ ဆီမွလူေတြရဲ႕ ေကာင္းမြန္သည့္ ရႈေထာင့္ကို ဘယ္လို႐ိုက္ရမလဲဆိုတာကို သင္ယူခဲ့သည္။
ေဇာင္ယုဟြမ္ သည္စကတ္ကို အနည္းငယ္ ပင့္လိုက္ၿပီး လူအုပ္စုေရွ႕တြင္ ဒူးေကြးလိုက္ၿပီး ဓာတ္ပုံ႐ိုက္ရန္ ေကာင္းမြန္သည့္ ရႈေထာင့္ကို ရွာေဖြလိုက္သည္။
ပန္းၿခံရွိ တျခားသူမ်ားက ဒီပန္းၿခံသို႔ တ႐ုတ္ခရီးသြားဧည့္သည္မ်ားစြာ လည္ပတ္လာသည္ကို ေတြ႕ျမင္ခဲ့ၾကသည္။ သူတို႔ပြဲေတြအတြက္ ဓာတ္ပုံဆရာေတြ မ်ားစြာလာခဲ့ဖူးေပမဲ့ ဒီတ႐ုတ္အုပ္စုေလာက္ ၾကည့္မေကာင္းၾကေပ။
ေဇာင္ယုဟြမ္ သည္ ရႈေထာင့္ေကာင္းေကာင္းကို ရွာမေတြ႕တာေၾကာင့္ ထိုအုပ္စုအား လွည့္ပတ္ကာ ရွာေဖြလိုက္သည္။
ပန္းၿခံမွ လူမ်ားက မတူညီတဲ့ ဘာသာစကားေတြျဖင့္ အသံတိုးတိုးျဖင့္ စတင္ကာ စကားေျပာလာၾကသည္။ “သူတို႔က သူတို႔ယဥ္ေက်းမႈကို ျဖန႔္က်က္ဖို႔ လာခဲ့ၾကတာလား?”
“ထင္ရတာပဲ”
“သူတို႔က အရမ္းလွတယ္”
သူတို႔ထဲက တစ္ေယာက္က ႐ုတ္တရက္ လီဂ်င္းယြမ္ ကိုသတိျပဳမိၿပီး စိတ္လႈပ္ရွားသည့္ အသံက ထြက္လာခဲ့သည္။ “ေဟး၊ အဲ့ဒါ လီ မလား?”
“အဲ့ဒါသူလား?”
“OMG! ငါသူနဲ႔အတူ ဓာတ္ပုံ႐ိုက္ခ်င္တယ္!”
သူတို႔ေဘးနားတြင္ ဝိုင္းလာၾကသည့္ လူမ်ားက တျဖည္းျဖည္း မ်ားလာသည္။ ႏိုင္ငံျခားသားေတြက သူတို႔ဖုန္းေတြကို ျမန္ျမန္ဆြဲထုတ္လိုက္ၿပီး ဓာတ္ပုံ႐ိုက္ၾကသည္။
အခုေတာ့ ယင္ခ်ီခ်ီ နဲ႔တျခားသူေတြက လီဂ်င္းယြမ္ သည္ေမာ္ဒယ္လ္ ေလာကတြင္ ဘယ္ေလာက္ေတာင္ လူႀကိဳက္မ်ားလဲဆိုတာ နားလည္သြားၾကသည္!
*****
ေဇာင္ယုဟြမ္ ကေတာ့ ေကာမိုင္ ကိုဓာတ္ပုံ႐ိုက္ရာတြင္ ပုံေကာင္းေကာင္း ထြက္ဖို႔ကိုသာ အာ႐ုံစိုက္ေနခဲ့သည္။ သူမအိတ္ထဲတြင္ ဖုန္းလာေနတာကိုေတာင္ လ်စ္လ်ဴရႈထားသည္။
ထိုပုံစံအတိုင္း အခ်ိန္အနည္းငယ္ ေနၿပီးေနာက္တြင္ သူမ ေျခေထာက္ေတြ ထုံလာခဲ့သည္။ ႐ုတ္တရက္ မတ္တပ္ထရပ္လိုက္ၿပီး သူမေျခေထာက္ေပၚမွ ဖိအားေတြ ေလ်ာ့က်သြားေစဖို႔ သူမပုံစံအား ခ်ိန္ညႇိလိုက္သည္။
ဟုန္ခ်န္းမင္း ကသူမနဲ႔ သိပ္မေဝးသည့္ ေနရာတြင္ ရပ္ေနခဲ့ၿပီး သူမအဆင္မေျပ ျဖစ္ေနတာကို ခ်က္ခ်င္း သတိျပဳမိသြားသည္။ သူမဆီကို ျမန္ျမန္ေလွ်ာက္သြားၿပီး စကတ္စကို မေတာ္ဆနင္းမိၿပီး ေခ်ာ္မလဲေစရန္အတြက္ ကူညီၿပီးမေပးလိုက္သည္။
ေဇာင္ယုဟြမ္ ကသူ႔ကို ျပန္လွည့္ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။ “ဟြမ္ဟြမ္ အဆင္ေျပတယ္”
“အေရွ႕ကိုသြားရေအာင္! အဲ့မွာ စစ္တပ္စခန္း တစ္ခုရွိတယ္” ေဇာင္ယုဟြမ္ ကအႀကံေပးလိုက္သည္။
သူတို႔သာ ဒီေနရာမွာ အခ်ိန္ၾကာၾကာ ရွိေနမယ္ဆိုရင္ လီဂ်င္းယြမ္ ရဲ႕ဖန္ေတြေၾကာင့္ သူတို႔သြားၾကမဲ့ လမ္းေၾကာင္းကို တားဆီးသလို ျဖစ္သြားမွာကို သူမ ေၾကာက္မိသည္။
ေဇာင္ယုဟြမ္ ေမးလိုက္သည္။ “ျမင္းစီးခ်င္ၾကလား?”
ယင္ခ်ီခ်ီ ကတကယ္ပဲ ျမင္းစီးခ်င္ခဲ့တယ္!
သူမအတြက္ ဒီလိုအခြင့္အေရးမ်ိဳး ရဖို႔က ရွားပါးတာေၾကာင့္ ဒီအခြင့္အေရးကို လြဲေခ်ာ္ခံမွာလဲ?
အရင္တုန္းက သူမဟာ ျမင္းစီးခဲ့ေပမဲ့ ဒီလိုေနရာမ်ိဳးမွာေတာ့ တစ္ခါမွ မစီးဖူးေပ။ ဒီေနရာက ၁၈ ရာစုတြင္ အဂၤလန္ဘုရင္က အမဲလိုက္ဖို႔အတြက္ အႀကိမ္မ်ားမ်ား လာေရာက္ခဲ့သည့္ ေနရာျဖစ္သည္။ ဒီကိုယ္ပိုင္ပန္းၿခံက ေက်ာ္ၾကားတဲ့ အဂၤလိပ္ေတာ္ဝင္မိသားစုက ပိုင္ဆိုင္ခဲ့သည္။ ဒီေနရာက လန္ဒန္ရဲ႕ အခ်မ္းသာဆုံး လူေတြကသာ ပိုင္ဆိုင္ၾကသည္။
ဒါက သူမရဲ႕အဆင့္အတန္းႏွင့္ ႂကြယ္ဝမႈကို ျမႇင့္တင္ရန္ အခြင့္အလမ္းႀကီး တစ္ခုပဲ!
ယင္ခ်ီခ်ီ သည္သူမ႐ိုက္ထားမဲ့ ဒီပုံေတြကို(ျမင္းစီးပုံ) ဆိုရွယ္မီဒီယာမွာ တင္လိုက္ရင္ တျခားသူေတြဆီမွ မနာဝန္တိုမႈေတြကို ရႏိုင္မယ္လို႔ စိတ္ကူးလိုက္သည္။
သို႔ေသာ္ ယင္ခ်ီခ်ီ သည္သူမရဲ႕ အစစ္အမွန္ ရည္႐ြယ္ခ်က္မ်ားကို ထုတ္ေဖာ္မျပသခ်င္သလို စိတ္အားထက္သန္တာလဲ မေပၚေအာင္ ႏႈတ္ဆိတ္ေနခဲ့သည္။
႐ုတ္တရက္ ဟုန္ခ်န္းမင္း ကၾကားျဖတ္ေျပာလိုက္သည္။ “ကိုယ္တို႔ျမင္းစီးမယ္ဆိုရင္ ၁၀ ရက္ႀကိဳတင္ စာရင္းေပးထားရလိမ့္မယ္”
“မလိုဘူး” ေဇာင္ယုဟြမ္ ကဂ႐ုမစိုက္စြာျဖင့္ လက္ကိုခါလိုက္ၿပီး ေျပာလိုက္သည္။
ယင္ခ်ီခ်ီ ကသူမရဲ႕ သိခ်င္စိတ္ကို မထိန္းခ်ဳပ္ႏိုင္ေတာ့ပဲ ေမးလိုက္သည္။ “ဒီပြဲတစ္ေလ်ာက္လုံးကို ထုတ္လုပ္ေရးအသင္းက စီစဥ္ထားတာ မဟုတ္ဘူးလား?”
ေဘးမွရပ္ေနသည့္ ေကာမိုင္ ကျပန္ေျပာလိုက္သည္။ “ထုတ္လုပ္ေရးအသင္းက ကြၽန္မတို႔အတြက္ ဘာကိုမွ မစီစဥ္ေပးထားဘူး။ အစီစဥ္၊ လႈပ္ရွားမႈနဲ႔ ပြဲေတြကိုအားလုံးကို ယုဟြမ္ ကပဲစီစဥ္ထားတာ”
“လမ္းေလွ်ာက္တာထက္ ျမင္းစီးေနတုန္း ၾကည့္ရတဲ့ ျမင္ကြင္းက ပိုေကာင္းမယ္မလား?” ႐ုတ္တရက္ ဂူယူလင္း ကေမးလိုက္သည္။
ေဇာင္ယုဟြမ္ ေခါင္းညိတ္လိုက္သည္။
ေနာက္ဆုံးတြင္ ေကာမိုင္၊ ဂူယူလင္း နဲ႔ ဝမ္ေယာင္ခ်န္း တို႔အားလုံးက ျမင္းစီဖို႔ဆႏၵရွိၾကသည္။
“အဲ့ဒါက ေစ်းႀကီးမလား?” လင္းလန္ ေမးလိုက္သည္။
ဝမ္ေယာင္ခ်န္း ကရယ္ကာ ေျပာလိုက္သည္။ “ကြၽန္ေတာ္တို႔ေတြ ဒီေနရာမွာရွိခ်ိန္မွာ ေပ်ာ္႐ႊင္ၿပီး အခ်ိန္ေကာင္း ပိုင္ဆိုင္ဖို႔က အဓိကပဲ။ ဒီအစီစဥ္မွာ ေငြပိုသုံးလိုက္ရင္ေတာင္ ကြၽန္ေတာ္ အစီစဥ္ကို နည္းနည္းေလ်ာ့လိုက္ရံုပဲ။ ကြၽန္ေတာ္တို႔ ရန္ပုံေငြနည္းရင္ေတာင္ ေငြမ်ားမ်ားရႏုိင္တယ္”
လင္းလန္ တိတ္ဆိတ္သြားသည္။
လူတိုင္းက စိတ္အားထက္သန္စြာျဖင့္ ေဇာင္ယုဟြမ္ အေနာက္မွလိုက္သြားၾကရင္း ျမင္းစီးျခင္း အစီစဥ္ဆီကို ဦးတည္လိုက္ၾကသည္။
သူတို႔သြားေနခ်ိန္တြင္ ေဇာင္ယုဟြမ္ ကဖုန္းျပန္ေျဖလိုက္ၿပီး တစ္ဖက္မွလူအား ထိုေနရာတြင္ ေစာင့္ေနရန္ ေျပာလိုက္သည္။ ဖုန္းခ်ၿပီး အိတ္ထဲျပန္ထည့္ၿပီးေနာက္ Hyde ျမင္းစီးကလပ္ သို႔ဦးတည္သြားခဲ့သည္။
ေဇာင္ယုဟြမ္ ကေရွ႕ဆက္သြားၿပီး တာဝန္ရွိသူေတြနဲ႔ ညႇိႏႈိင္းရန္ ႀကိဳးစားခဲ့သည္။
ဟုန္ခ်န္းမင္း ကသူမအေနာက္မွ လိုက္ခဲ့သည္။
“ဒါကို ကိုယ္လုပ္လိုက္မယ္” ဟုန္ခ်န္းမင္း ကသူမအေရွိ႕မွ ကာကြယ္ၿပီး တျခားသူေတြရဲ႕ အျမင္ကို တားဆီးကာ ရပ္လိုက္သည္။
ထို႔ေနာက္ သူက ေဇာင္ယုဟြမ္ ရဲ႕ခါးကို ညင္သာစြာ ပုတ္လိုက္ၿပီး ေျပာလိုက္သည္။ “အျပင္ကေန ေစာင့္ေန။ ဒါကို ကိုယ္ကိုင္တြယ္လိုက္မယ္”
သူ႔ရဲ႕႐ုတ္တရက္ ေျပာင္းလဲသြားသည့္ အျပဳအမူေၾကာင့္ ေဇာင္ယုဟြမ္ အံ့အားသင့္သြားသည္။
သူမ မသိစိတ္က သူ႔ရဲ႕အမိန႔္ကို နာခံကာ ေအးစက္သည့္ အခန္းထဲမွ ထြက္လိုက္သည္။
ေအးစက္သည့္ ေလထုက အခန္းအျပင္တြင္ ေပ်ာက္သြားခဲ့သည္။
ဟုန္ခ်န္းမင္း ကိုျပန္လွည့္ၾကည့္လိုက္ၿပီး သူႀကီးျပင္းလာၿပီဆိုတာကို ႐ုတ္တရက္ သေဘာေပါက္သြားသည္။ သူက ကေလးေလး မဟုတ္ေတာ့ပဲ အခုေတာ့ လူႀကီးတစ္ေယာက္ ျဖစ္လာခဲ့သည္။
13.11.2020 (Fri)
……………………..
[text_hash] => 778de596
)