Array
(
[text] =>
<Unicode>
အစ်ကိုဟုန် တခြားကားတစ်စီးကို မောင်းသင့်တယ်
နောက်တစ်နေ့ မနက်ခင်းတွင် အမျိုးသမီးေတွက အိပ်ရာထပြီး မျက်နှာသစ်ကာ မိတ်ကပ်လိမ်းကြသည်။ သူတို့ အဆင်သင့် ပြင်ပြီးသွားတဲ့အခါ နံနက်စာစားဖို့ အောက်ထပ်ကို ဆင်းသွားကြသည်။
ဇောင်ယုဟွမ် နဲ့ ကောမိုင် ကတော့ပြင်ဆင်ဖို့ အချိန်အတော်ကြာ ယူလိုက်ရသည်။ ဇောင်ယုဟွမ် ကအောက်ထပ်ကို ဆင်းလာသည်ကို ယင်ချီချီ မြင်လိုက်ချိန်တွင် သူမက တောက်ပပြီး ပေါ်လွင်သည့် အဝတ်အစားဝတ်ရန် ဆုံးဖြတ်ခဲ့တာကို နောင်တရသွားသည်။
ယင်ချီချီ က V လည်ပင်းပံုစံ ဆွယ်တာကို အောက်ခံဝတ်ထားကာ အနီရောင် အပေါ်ဝတ်ကို ဝတ်ထားခဲ့သည်။ အရင်က ဇောင်ယုဟွမ် ကအနီရောင် အင်္ကျီကိုဝတ်ဆင်ပြီး ယုံကြည်မှုရှိနေတာကို မြင်ခဲ့တာကြောင့် ဇောင်ယုဟွမ် ထက်သာလွန်အောင် ဝတ်ခဲ့တာဖြစ်သည်။
V လည်ပင်းပုံစံ ဆွယ်တာက သူမရဲ့ လှပတဲ့လည်ပင်းကို ပေါ်လွင်စေပြီး အနီရောင် အပေါ်ဝတ်က လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
သို့သော် ဇောင်ယုဟွမ် ကဆင်းလာတာကို မြင်လိုက်ချိန်တွင် သူမ အစီစဉ်က ပျောက်ဆုံးသွားခဲ့သည်။ သူမက ရှုံးနိမ့်သွားခဲ့သည်။
ဇောင်ယုဟွမ် ကသူမသည် ဟန်မင်းဆက်က ရိုးရာအဝတ်အစားများကို ဝတ်ချင်ေကြာင်း သူတို့ကို ပြောခဲ့သည်။ ဇောင်ယုဟွမ် ကစနောက်နေတာလို့ ယင်ချီချီ ထင်ခဲ့ပြီး သူမက တကယ်ကြီး ဟန်မင်းဆက်က ရိုးရာဝတ်စုံကို ဝတ်မယ်လို့ေတာ့ မထင်ခဲ့ပေ။
သူမသည် ပန်းရောင်နှင့် အဖြူရောင်ရှိသည့် ဝတ်ရုံအင်္ကျီအရှည်ကို ဝတ်ဆင်ထားပြီး ဝတ်ရုံအပေါ်တွင် နှင်းဖြူရောင်ရှိသည့် ခြုံထည်ကို ဝတ်ထားသည်။
(ဇောင်ယုဟွမ် ဝတ်ထားတဲ့ပုံစံ)
ယင်ချီချီ သည်အနီရောင်ကို ဝတ်ဆင်ခဲ့သည်။
ဇောင်ယုဟွမ် သည်အဖြူရောင်ကို ဝတ်ဆင်ခဲ့သည်။
ဇောင်ယုဟွမ် ရဲ့အဝတ်တွေက သူမထက် လူတိုင်းကို အာရုံဖမ်းစားနိုင်သည်။
သူမ လည်ချောင်းထဲတွင် ဆူးစူးနေသလို မျိုချထားလို့လည်းမရ ထွေးထုတ်လို့လဲမရ ဖြစ်နေသည်။
လူတိုင်းရဲ့ တီးတိုးပြောဆိုသံတွေကို လင်းလန် ကြားလိုက်ချိန်တွင် လူတိုင်းကြည့်နေသည့် နေရာကိုလှည့်ကာ ကြည့်လိုက်ပြီး ဇောင်ယုဟွမ် ကိုတွေ့လိုက်ရသည်။ ဇောင်ယုဟွမ် ရဲ့ဝတ်စုံကို မြငိလိုက်ချိန်တွင် သူမ မျက်မှောင်ကြုတ်လိုက်သည်။
လင်းလန် သည်အစီအစဉ် ပထမပိုင်းတွင် ပါဝင်မှု နည်းပါးခဲ့ပြီး ထုတ်လွှင့်ချိန်တွင် သူမ လိုချင်သည့် ရလဒ်ကို မရရှိခဲ့ပေ။ ထို့ကြောင့် ဒီအပိုင်းရိုက်ကူးချိန်တွင် သူမအသွင်အပြင်ကို ပိုမိုအားစိုက်ထုတ်ခဲ့သည်။
သို့သော် သူမ ကြိုးပမ်းမှုများသည် အချည်းနှီးသာ ဖြစ်ပုံေပါ်ေနသည်။
ဒီအပိုင်းအတွက် လင်းလန် သည်အဖြူရောင်ကို ရည်ရွယ်ကာ ဝတ်ထားခဲ့သည်။ သူမအစီစဉ်ကတော့ ခေတ်နောက်ပြန်ဆွဲသည့် စတိုင်ကို လက်လွှတ်စေဖို့ပဲ။ သူမအဝတ်အစားတွေက သူမနဲ့ လိုက်ဖက်နေပြီး လှပပြီး ကျက်သရေရှိကာ သန့်စင်သည့် အရှိန်အဝါတွေ ဖြစ်ပေါ်နေသည်။
သို့သော် ဇောင်ယုဟွမ် သည်သူမနှင့် အရောင်တူကို ဝတ်ဆင်ထားသည်။ ဆိုလိုသည်မှာ သူတို့ထဲမှ တစ်ေယာက်သာလျှင် ထူးခြားစွာရပ်တည်နိုင်လိမ့်မည်။ အချိန်ခနတာ လေထုက ကမောက်ကမ ဖြစ်သွားခဲ့သည်။
ဂူယူလင်း ကရယ်လိုက်ပြီး ပြောလိုက်သည်။ “ယုဟွမ် ကဒီလောက်တောင် လှနေမယ်ဆိုတာကိုသာ ကျွန်မသိနေခဲ့ရင် သူမဆီကနေ အဝတ်တစ်စုံလောက် ငှားခဲ့ပါတယ်! မင်းက ဒီပုံစံနဲ့ကြည့်ရတာ အရမ်းကိုစတိုင်ကျပြီး ချစ်ဖို့ကောင်းတယ်!”
အမှန်ေတာ့ ဂူယူလင်း သည်ဆွဲဆောင်မှုရှိစေဖို့၊ ကျက်သရေရှိဖို့၊ လှပဖို့နဲ့ စမတ်ကျဖို့ တစ်ခုကိုမှဖြစ်ဖို့ ကြိုးစားခြင်း မရှိပေ။ ထိုအစား ဂူယူလင်း ကကျက်သရေရှိပြီး ချစ်ဖို့ကောင်းသည့် ပုံရိပ်ကိုသာ ထိန်းသိမ်းထားခဲ့သည်။ ရှိုးပွဲတွေမှာတောင် သူမက ချစ်ဖို့ေကာင်းပြီး ကျက်သရေရှိသည့် ငယ်ရွယ်သည့် ကောင်မလေးပုံစံမျိုးသာ ဝတ်ဆင်တတ်သည်။
ရလဒ်အနေဖြင့် ယင်ချီချီ နဲ့ လင်းလန် တို့ရဲ့စတိုင်က သူမကို မဖြတ်ကျော်နိုင်ပေ။ သူမကသာ ယှဉ်ပြိုင်ခြင်း မရှိပဲ ရပ်တည်နိုင်ခဲ့သည်။
ဆန့်ကျင်ဖက်အနေဖြင့် ဇောင်ယုဟွမ် သည်ကျက်သရေရှိပြီး အရမ်းကိုချစ်ဖို့ကောင်းနေကာ အခုတော့ သူမက ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး ပုံမှန်ထက် ပိုပြီးထင်ရှားေနသည်။ သူမပုံစံက ရှေးခေတ်ဇာတ်လမ်းတွဲမှ ချမ်းသာသည့် မိသားစုမှ ငယ်ရွယ်သည့် အကြီးဆုံး မိန်းမပျိုလေးနဲ့ တူနေသည်။ ဇောင်ယုဟွမ် ရဲ့ဝတ်စုံက ဂူယူလင်း ရဲ့ကျော်ကြားမှုကို ထပ်မံခိုးယူခဲ့သည်။
လူတိုင်းက ဇောင်ယုဟွမ် အားထူးဆန်းသည့် အကြည့်ေတွနဲ့ ကြည့်နေခဲ့ကြသည်။ ဇောင်ယုဟွမ် ထွက်ပြီးနောက် ကောမိုင် ထွက်လာခဲ့သည်။ သူမက ရင်ပြည့်ဝတ်စုံကို ဝတ်ထားသည်။
သူမက တန်မင်းဆက်မှ မင်းသမီးရဲ့ အခန်းကဏ္ဍကို သရုပ်ဆောင်ဖူးခဲ့သည်။ သူမက အတော်လေး အထက်တန်းဆန်ပြီး သူမငယ်ရွယ်ချိန်က ကြည့်ရှုသူများကပင် သူမကို အားကျခဲ့ကြသည်။ ဒီလိုရင်ပြည့်ဝတ်စုံက လူတိုင်းရဲ့မှတ်ဉာဏ်ထဲရှိ အတိတ်ပံုရိပ်ေတွကို ပြန်လည်နိုးဆော်နိုင်ဖို့ကို ရည်ရွယ်ခဲ့သည်။ ဒီတစ်ကြိမ် ဒီအပိုင်းအား ထုတ်လွှင့်ချိန်တွင် သူမရဲ့ ရင်ပြည့်ရိုးရာဝတ်စုံကြောင့် ရှာဖွေမှုရလဒ်တွင် သူမပါဝင်နိုင်လိမ့်မည်ဟု သိနေခဲ့သည်။
(ကောမိုင် ဝတ်ထားတဲ့ ဝတ်စုံ)
ကောမိုင် ရဲ့အစီစဉ်အား ဂူယူလင်း ကတစ်ချက်ကြည့်ရုံဖြင့် နားလည်ခဲ့သည်။ ရုတ်တရက်ကြီး ဒီနေ့ရွေးချယ်လိုက်တဲ့ သူမရဲ့ ရွေးချယ်မှုကို နောင်တပိုရသွားခဲ့သည်။
သူမလည်း ဇာတ်လမ်းတွေများစွာကို သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ မှတ်ဉာဏ်ထဲမှ ဇာတ်လမ်းအကြောင်းကို ပြန်နိုးဆွနိုင်ခဲ့ဂင် ဒါက ပိုကောင်းလိမ့်မည်။ သို့သော် အခုတော့ လူတိုင်းက သူတို့ရဲ့ရွေးချယ်မှုကို နောင်တရနေကြသည်။
“သူတို့ အဆင်သင့် ဖြစ်ကြပြီလား?” ဇောင်ယုဟွမ် မေးလိုက်သည်။ ယောင်္ကျားလေးတွေကို သူမမေးလိုက်သည်။
“သူတို့က ကျွန်မတို့ကို အပြင်ကနေ စောင့်နေကြပြီ” ဂူယူလင်း ကသူမရဲ့ ခံစားချက်တွေနဲ့ အတွေးတွေကို လျင်မြန်စွာ စုစည်းလိုက်ပြီး ပြောလိုက်သည်။
ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်ပြီး ကောမိုင် နှင့်အတူအပြင်ကို ထွက်သွားခဲ့သည်။ တခြားသူတွေကတော့ အလျင်မလိုသည့် အပြုအမူဖြင့် သူတို့အနောက်မှ လိုက်သွားခဲ့ကြသည်။
ဇောင်ယုဟွမ် သည်ခြေလှမ်းတိုင်း သူမစကတ်က လှုပ်သွားတာကို သူတို့ကြည့်ကြရင်း သူတို့နှလုံးသားက နာကျင်နေခဲ့သည်။ သူတို့က ဇောင်ယုဟွမ် လိုတူညီတဲ့ ဝတ်စံုကို ဝတ်ဆင်လိုက်ရင် သူမလိုမျိုး သူတို့လည်း လှပတဲ့နတ်သမီးေလးေတွ ဖြစ်လာကြမယ်လို့ ယုံကြည်နေခဲ့ကြသည်။
အပြင်ဘက် စင်္ကြံတွင် အမျိုးသမီးတွေအား လီဂျင်းယွမ် နဲ့တခြားသူ သုံးယောက်က စောင့်နေခဲ့ကြသည်။
အမျိုးသမီးတွေက မိတ်ကပ်နဲ့ အဝတ်လဲရန် အချိန်ယူရတာကြောင့် သူတို့က အဆင်သင့်ဖြစ်ရန် အပြင်တွင်သာ စောင့်နေကြဖို့ ဆုံးဖြတ်လိုက်ကြသည်။ တကယ်တော့ သူတို့နဲ့ အခန်းထဲမှာ အတူတူ နေဖို့ဆိုတာက တော်တော်လေးကို အဆင်မပြေပေ။
သူတို့အနားနီးလာတဲ့ ခြေသံတွေကို ကြားလိုက်ချိန်တွင် သူတို့က လှည့်လိုက်ကြပြီး အသံလာရာကို ကြည့်လိုက်ကြသည်။
ဟုန်ချန်းမင်း ကအရင်ဆုံး လှုပ်ရှားလိုက်သူဖြစ်သည်။ သူက ဇောင်ယုဟွမ် အနားကို လျှောက်သွားလိုက်ပြီး ငုံ့လိုက်ကာ သူမစကတ်ရဲ့အနားစကို မတင်ပေးဖို့ ကူညီလိုက်သည်။ သူက စိုးရိမ်စွာ ပြောလိုက်သည်။ “မနင်းမိစေနဲ့၊ မဟုတ်ရင် ချော်လဲလိမ့်မယ်”
ဇောင်ယုဟွမ် ကသူမစကတ်စကို ကန်လိုက်ကာ ပြောလိုက်သည်။ “မစိုးရိမ်ပါနဲ့၊ ဟွမ်ဟွမ် မနင်းမိပါဘူး”
ဟုန်ချန်းမင်း ကသတိမထားမိပဲ သူမခြေထောက်ပေါ် ရောက်သွားခဲ့သည်။ သူမက ဟန်မင်းဆက် ရိုးရာဝတ်စုံဖြင့် လိုက်ဖက်စေရန် ကိုက်ညီသည့် ပန်းထိုးဖိနပ်ကို ဝတ်ဆင်ထားသည်။ သူမပုံမှန်ဝတ်လေ့ရှိသည့် ဒေါက်မြင့်နှင့် ဖိနပ်ပါးများနှင့် နှိုင်းယှဉ်ရင် ဒီလိုပန်းထိုး ဖိနပ်က သူမနဲ့ပိုလိုက်ဖက်သည်။ ထိုဖိနပ်က သူမခြေထောက်ကို ပုံမှန်ထက် ပိုသေးသွားပုံပေါ်စေပြီး မင်းရဲ့လက်တွေနဲ့ သူမခြေထောက်ကို ဆုပ်ကိုင်ဖို့တောင် ဖြစ်နိုင်ေစသည်။
ရုတ်တရက် သူတွေးနေတာကို နားလည်လိုက်ချိန်တွင် သူ့ကို တူနဲ့ထုေနသလို ခံစားလိုက်ရသည်။ ခြောက်သွေ့နေတဲ့ လည်ချောင်းကို စိုစွတ်သွားစေရန် တံတွေးကို မျိုချလိုက်ရသည်။
ဟုန်ချန်းမင်း ကသူမခြေထောက်အား ကြည့်ေနမိသည့် သူ့အကြည့်ကို ခွာလိုက်ပေမဲ့ သူဘယ်လောက်ပဲ ကြိုးစားနေပါစေ အလုပ်မဖြစ်ပေ။
ဇောင်ယုဟွမ် သည်လမ်းထပ်လျှောက်လိုက်ချိန်တွင် သူမခြေထောက်တွေကို ဖုံးအုပ်သွားပြီး သူ့အမြင်မှ ပျောက်ကွယ်သွားခဲ့သည်။ ဟုန်ချန်းမင်း ရဲ့အကြည့်တွေက သူမအပေါ်တွင် စွဲကပ်နေစဉ် ဇောင်ယုဟွမ် သည်စကတ်ကို အနည်းငယ် မလိုက်တာေကြာင့် လမ်းလျှောက်ရတာ အဆင်ပြေသွားခဲ့သည်။း
သူတို့က အောက်ထပ်ကို ဦးတည်လိုက်ကြသည်။
လူတိုင်းက အတူတူ နံနက်စာစားကြရန် ဟိုတယ်ရှိ စားသောက်ဆိုင်ကို ဦးတည်သွားကြသည်။ သရုပ်ဆောင် မင်းသားနဲ့ မင်းသမီးတွေက အမျိုးမျိုးသော ပုံစံကို ဝတ်ဆင်ထားကြပြီး ကင်မရာမန်းတွေက သူတို့အနောက်ကို လိုက်နေကြကာ ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးနေကြသည်။ ထိုကြောင့် သူတို့သည် လူအများစုရဲ့ အာရုံစိုက်မှုကို ရရှိခဲ့သည်။
ယင်ချီချီ သည်သူမကို ကြည့်နေတာကို သဘောကျတာကြောင့် မထိန်းချုပ်နိုင်စွာဖြင့် သူမဆံပင်ကို သပ်တင်လိုက်သည်။
တစ်ဖက်တွင် ဇောင်ယုဟွမ် သည်ပတ်ဝန်းကျင်ရှိ လူတွေက သူမကို အာရုံစိုက်နေလား၊ သူမက ဆွဲဆောင်နေလားဆိုတာကို ဂရုမစိုက်ပေ။ ထိုအစား သူမက သူမတာဝနါဖြစ်သည့် ဧည့်လမ်းညွှန် အလုပ်ကိုသာ ပာရုံစိုက်ထားခဲ့သည်။ သူမက ထအင်းစားပွဲဆီကို မြန်မြန်လျှောက်သွားလိုက်ပြီး ကောမိုင် အတွက် ခုံကိုဆွဲထုတ်ပေးလိုက်သည်။
“ကျွန်တော့်ကို ကူညီခွင့်ပြုပါ” ဝမ်ယောင်ချန်း ကပြောလိုက်သည်။ သူက ချက်ချင်း အရှေ့လျှောက်လိုက်ကာ ဇောင်ယုဟွမ် အတွက်ခုံကို ဆွဲထုတ်ပေးလိုက်သည်။
ဇောင်ယုဟွမ် ကလှည့်ကာ သူ့အား နူးညံ့စွာ ပြုံးပြလိုက်သည်။ သူမက တခြားခုံကို ဆွဲထုတ်လိုက်သည်။
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့လက်တွေကလည်း ထိုင်ခုံဆီကို တစ်ချိန်တည်း ရောက်သွားကြသည်။
ဟုန်ချန်းမင်း ကသူနဲ့ လီဂျင်းယွမ် ကခုံတစ်လုံးထဲကို လက်ရောက်သွားကြောင်း သတိထားမိချိန်တွင် သူ့ခံစားချက်တွေကို ဖိနှိပ်လိုက်သည်။ သူကခုံကို အရင်ဆုံး လွှတ်လိုက်သည်။ လီဂျင်းယွမ် ကခုံကိုဆွဲထုတ်လိုက်ပြီး ဇောင်ယုဟွမ် ကိုနူးညံ့စွာ ပြုံးပြလိုက်သည်။ “ကိုယ်တို့တွေ အနားမှာရပ်နေရင် ဟွမ်ဟွမ် ကဒီလိုအလုပ်မျိုး လုပ်စရာမလိုဘူး”
ဘာမှမလုပ်ရပဲ ဘေးဘက်တွင် မီနူးကိုင်ကာ မတ်တပ်ရပ်နေသည့် စားပွဲထိုး : “???”
သူ့အလုပ်က စားသုံးသူေတွအတွက် ခုံကိုဆွဲထုတ်ပေးရတာ မဟုတ်ဘူးလား?
နောက်ဆုံးေတာ့ လူတိုင်းထိုင်ပြီးချိန်တွင် စားပွဲထိုးက သူတို့ဆီ မီနူးကမ်းလိုက်သည်။
အုပ်စုအကြားတွင် ဇောင်ယုဟွမ် နှင့်နှစ်ယောက်မှလွဲ၍ ကောမိုင် ကသာအင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ တတ်မြောက်ထားသူ ဖြစ်သည်။ သူတို့က အင်္ဂလိပ်စာ အားနည်းတာကြောင့် မီနူးမှအစားအသောက်တွေကို မှာယူဖို့က အတော်လေးခက်ခဲသည်။ သူတို့က မီနူးပေါ်ရှိ စာလုံးများကို မရေမရာသာ နားလည်ပြီး ပုံတွေကိုသာ နားလည်နိုင်ကြသည်။
ဇောင်ယုဟွမ် ကသူတို့အတွက် ဟင်းလျာတေွကို ပြောပြပေးခဲ့သည်။ သူမက စွတ်ပြုတ်၊ အချိုတည်းစရာ စတာတွေကို ရှင်းပြပေးခဲ့သည်။
“လူတိုင်းက ဘာကြိုက်တယ်၊ မကြိုက်ဘူးလို့ ကျွန်မကို မပြောတာလဲ၊ ကျွန်မ မှာပေးမယ်။ ဒီနည်းလမ်းက အချိန်ကုန်သက်သာပြီး မနက်စာစားချိန်က မြန်မြန်ပြီးနိုင်တယ်” ဇောင်ယုဟွမ် ကအသံကျယ်ကျယ်နဲ့ ပြောလိုက်သည်။
လူတိုင်းက အစားအစာ မှာယူဖို့ အချိန်အကြာကြီး ယူမယ်ဆိုရင် ဇောင်ယုဟွမ် ဟာတကယ်ကို ရပ်တည်နိုင်မှာ မဟုတ်ဘူး။ ယင်ချီချီ က ဇောင်ယုဟွမ် နှင့်ကွဲလွဲနေတာတောင် ခေါင်းညိတ်ပြလိုက်သည်။
သူမ အင်္ဂလိပ်စာက အတော်လေး ဆိုးရွားတာေကြာင့် အင်္ဂလိပ်မီနူးကို မြင်လိုက်ချိန်တွင် သူမ မူးနောက်သွားခဲ့သည်။ ရိုက်ကူးရေးအချိန်တွင် သူမဘာသာ အရူးမလုပ်နိုင်တာကြောင့် ဇောင်ယုဟွမ် ပေးတဲ့အကြံဉာဏ်ကို လက်ခံလိုက်တာက ကောင်းမွန်တဲ့ အကြံဖြစ်သည်။ အချို့ပရိသတ်တွေက ဇောင်ယုဟွမ် အားကိုယ့်ကိုကိုယ် အထင်ကြီးလွန်းသည်ဟု စွပ်စွဲပြောဆိုကြမည်ဖြစ်ေပမဲ့ အဆုံးတွင် သူမကသာ အကျိုးေကျးဇူးကို ခံစားရလိမ့်မည်။
ဇောင်ယုဟွမ် ကဘေးကိုလှည့်ကာ ခေါင်းကိုနည်းနည်း စောင်းလိုက်ပြီး သူတို့လိုချင်သည့် အစားအသောက်တွေကို မှာလိုက်သည်။
သူမဆံပင်များကို သပ်သပ်ရပ်ရပ် ထံုးဖွဲ့ထားပြီး ေငွရောင်ဆံညှပ်လေးနဲ့ ရစ်ပတ်ထားသည်။ သူမလှုပ်ရှားလိုက်တိုင်း ငွေရောင်အလုံးေလးတွေက လှုပ်ရှားသွားတာကို လူတိုင်းက သတိမထားမိပဲ ကြည့်နေမိကြသည်။ ဇောင်ယုဟွမ် သည်စားပွဲထိုးနဲ့ စကားပြောနေစဉ် သူမပုံစံမှာ လေးနက်နေသည်။
(ဇောင်ယုဟွမ် ဆံပင်ပုံစံပါနော် ကိုယ်မရှင်းပြတတ်လို့)
ကင်မရာကလည်း ထိုမြင်ကွင်း အပြည့်အစုံကို မှတ်တမ်းတင်နေခဲ့သည်။ မနက်စာကို ဇောင်ယုဟွမ် သည်သိပ်မစားခဲ့ပေ။ သူမဟာ တရုတ်ပြည်ကို ပြန်လာပြီးတာ ကြာပြီဖြစ်တာေကြာင့် သူမရှေ့တွင်ရှိသော ဟင်းလျာတေွက စားချင်စိတ် လျော့နည်းစေသည်။
လူတိုင်းက နံနက်စာစားတာက အချိန်တစ်နာရီခန့် ကုန်သွားခဲ့သည်။ ဇောင်ယုဟွမ် ကမတ်တပ်ရပ်ပြီး ကြေညာလိုက်သည်။ “ကျွန်မတို့ အဆင်သင့်ဖြစ်ပြီမို့လို့ အခုသွားကြရအောင်!”
လီဂျင်းယွမ် သည်စားသောက်ဆိုင်မှ အလျင်အမြန် ထွက်သွားပြီး ကားတံခါးကို အရင်ဆုံး ဖွင့်လိုက်သည်။ “ကားထဲဝင်” ပျော်ရွှင်စွာဖြင့် ဇောင်ယုဟွမ် ကိုပြောလိုက်သည်။
ဇောင်ယုဟွမ် ကားထဲမဝင်ခင် ယင်ချီချီ ကအရင်ဝင်ဖို့ လုပ်လိုက်သည်။ ဇောင်ယုဟွမ် ကသူမကို ကြည့်လိုက်ပေမဲ့ သူမအပြုအမူကို စိတ်ထဲမထားပေ။
ယင်ချီချီ က ဇောင်ယုဟွမ် ကိုဖြတ်ပြီး အရှေ့ထွက်လာတာကို လီဂျင်းယွမ် မြင်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။ သူက ဟုန်ချန်းမင်း ဘက်ကိုလှည့်ကာ မေးလိုက်သည်။ “ဒီနေ့ ဘယ်သူကားမောင်းမှာလဲ?”
“ဒီကားကို မင်းမောင်းနိုင်တယ်” ဟုန်ချန်းမင်း ကတခြားကားကို ခေါင်းညိတ်ပြလိုက်သည်။
ရန်ပုံငွေ အကန့်အသတ် ရှိခြင်းကြောင့် ဇောင်ယုဟွမ် ကစျေးသက်သာေစရန် ကားငှားရန် ရွေးချယ်ခဲ့သည်။ ဒီနည်းဖြင့် သူမ စုဆောင်းထားသောငွေကို မြင်းဆွဲရထား စီးနင်းလို့ ရနိုင်ပေလိမ့်မည်။ သူတို့က ဇိမ်ခံထမင်းစားခန်းကိုလည်း ရွေးချယ်ခဲ့ပြီး သိမ်းမြစ်ကို လှည့်လည်ကြည့်ရှုရန် စီစဉ်ထားခဲ့သည်။
ဝမ်ယောင်ချန်း နဲ့ ကောမိုင် တို့နှစ်ယောက်လုံက နိုင်ငံခြား ယာဉ်မောင်းလိုင်စင်ရှိေပမဲ့ ဗြိတိန်လမ်းများ မောင်းနှင်မှုနှင့် အကျွမ်းတဝင် မရှိေပ။ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့သာ တစ်စီးစီမောင်းရင် လူတိုင်းအတွက် ပိုအဆင်ပြေစေနိုင်သည်။
လီဂျင်းယွမ် ကလက်တစ်ဖက်ထဲနှင့် ကားတံခါးကို ဖွင့်လိုက်ပြီး ပြုံးလိုက်သည်။ “အစ်ကိုဟုန်၊ မင်းတခြားကားကို မောင်းသင့်တယ်”
ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် ရဲ့အကြည့်တွေက လေထုအလယ်တွင် တိတ်ဆိတ်စွာ တိုက်ခိုက်နေခဲ့သည်။
ဇောင်ယုဟွမ် ကခရီးသည်တံခါးကို ဖွင့်လိုက်ပြီး ထိုင်လိုက်သည်။ ဟုန်ချန်းမင်း ကခေါင်းကို လျင်မြန်စွာ လှည့်လိုက်ပြီး သူမကို ကြည့်လိုက်သည်။
ဇောင်ယုဟွမ် ဆံပင်မှ ငွေရောင်အလုံးလေးတွေက တွဲလျောင်းကျနေပြီး လှုပ်ရှားနေသည်။ လှုပ်ရှားနေသည့် ငွေရောင်လုံးလေးတွေက သူ့နှလုံးသားကို ယားကျိကျိဖြစ်စေသည်။
ဟုန်ချန်းမင်း ရဲ့စိတ်နှလုံးက ဇောင်ယုဟွမ် ရဲ့ဆံပင်မှ တွဲလျောင်းကျနေကာ လှုပ်ရှားနေသည့် ငွေရောင်အလုံးလေးတွေ ပေါ်တွင်သာ ရှိနေသည်။ သူ့အကြည့်တွေကို အဝေးသို့ တွန်းအားပေးလိုက်ပြီး ပြောလိုက်သည်။ “ဒါဆို တခြားကားကို ငါသွားလိုက်မယ်၊ နောက်မှတွေ့မယ်”
“အိုကေ၊ နောက်မှတွေ့မယ်”
ဟုန်ချန်းမင်း သည်တခြားကားတစ်စီးသို့ ဦးသွားပြီးနောက် လင်းလန် သည် ဇောင်ယုဟွမ် ရှိသည့်ကားဆီကို ဦးတည်လိုက်သည်။
ဇောင်ယုဟွမ် ကအပြင်ကို ကြည့်လိုက်ပြီး ဇာတ်လိုက်မက လျှောက်လာတာကို တွေ့လိုက်သည်။ ဇာတ်လိုက်မက သူမနဲ့ ကားတစ်စီးထဲစီးမှက ဘယ်လိုတိုက်ဆိုင်မှုမျိုးလဲ?
လီဂျင်းယွမ် သည်ယာဉ်မောင်းထိုင်ခုံတွင် လျင်မြန်စွာ နေရာယူလိုက်ပေမဲ့ ချက်ချင်း ကားမမောင်းေသးေပ။ ထိုအစား သူ့အိတ်ကို ဖွင့်လိုက်ပြီး ပေါင်မုန့်ချပ်နဲ့ အနက်ရောင်ပဲ ငရုတ်ဆီပုလင်းကို ထုတ်လိုက်သည်။
(အနက်ရောင်ပဲ ငရုတ်ဆီ)
11.11.2020 (Wed)
…………………………
<Zawgyi>
အစ္ကိုဟုန္ တျခားကားတစ္စီးကို ေမာင္းသင့္တယ္
ေနာက္တစ္ေန႔ မနက္ခင္းတြင္ အမ်ိဳးသမီးေတြက အိပ္ရာထၿပီး မ်က္ႏွာသစ္ကာ မိတ္ကပ္လိမ္းၾကသည္။ သူတို႔ အဆင္သင့္ ျပင္ၿပီးသြားတဲ့အခါ နံနက္စာစားဖို႔ ေအာက္ထပ္ကို ဆင္းသြားၾကသည္။
ေဇာင္ယုဟြမ္ နဲ႔ ေကာမိုင္ ကေတာ့ျပင္ဆင္ဖို႔ အခ်ိန္အေတာ္ၾကာ ယူလိုက္ရသည္။ ေဇာင္ယုဟြမ္ ကေအာက္ထပ္ကို ဆင္းလာသည္ကို ယင္ခ်ီခ်ီ ျမင္လိုက္ခ်ိန္တြင္ သူမက ေတာက္ပၿပီး ေပၚလြင္သည့္ အဝတ္အစားဝတ္ရန္ ဆုံးျဖတ္ခဲ့တာကို ေနာင္တရသြားသည္။
ယင္ခ်ီခ်ီ က V လည္ပင္းပံုစံ ဆြယ္တာကို ေအာက္ခံဝတ္ထားကာ အနီေရာင္ အေပၚဝတ္ကို ဝတ္ထားခဲ့သည္။ အရင္က ေဇာင္ယုဟြမ္ ကအနီေရာင္ အက်ႌကိုဝတ္ဆင္ၿပီး ယုံၾကည္မႈရွိေနတာကို ျမင္ခဲ့တာေၾကာင့္ ေဇာင္ယုဟြမ္ ထက္သာလြန္ေအာင္ ဝတ္ခဲ့တာျဖစ္သည္။
V လည္ပင္းပုံစံ ဆြယ္တာက သူမရဲ႕ လွပတဲ့လည္ပင္းကို ေပၚလြင္ေစၿပီး အနီေရာင္ အေပၚဝတ္က လူတိုင္းရဲ႕ အာ႐ုံကို ဆြဲေဆာင္ႏိုင္ခဲ့သည္။
သို႔ေသာ္ ေဇာင္ယုဟြမ္ ကဆင္းလာတာကို ျမင္လိုက္ခ်ိန္တြင္ သူမ အစီစဥ္က ေပ်ာက္ဆုံးသြားခဲ့သည္။ သူမက ရႈံးနိမ့္သြားခဲ့သည္။
ေဇာင္ယုဟြမ္ ကသူမသည္ ဟန္မင္းဆက္က ႐ိုးရာအဝတ္အစားမ်ားကို ဝတ္ခ်င္ေၾကာင္း သူတို႔ကို ေျပာခဲ့သည္။ ေဇာင္ယုဟြမ္ ကစေနာက္ေနတာလို႔ ယင္ခ်ီခ်ီ ထင္ခဲ့ၿပီး သူမက တကယ္ႀကီး ဟန္မင္းဆက္က ႐ိုးရာဝတ္စုံကို ဝတ္မယ္လို႔ေတာ့ မထင္ခဲ့ေပ။
သူမသည္ ပန္းေရာင္ႏွင့္ အျဖဴေရာင္ရွိသည့္ ဝတ္႐ုံအက်ႌအရွည္ကို ဝတ္ဆင္ထားၿပီး ဝတ္႐ုံအေပၚတြင္ ႏွင္းျဖဴေရာင္ရွိသည့္ ၿခဳံထည္ကို ဝတ္ထားသည္။
(ေဇာင္ယုဟြမ္ ဝတ္ထားတဲ့ပုံစံ)
ယင္ခ်ီခ်ီ သည္အနီေရာင္ကို ဝတ္ဆင္ခဲ့သည္။
ေဇာင္ယုဟြမ္ သည္အျဖဴေရာင္ကို ဝတ္ဆင္ခဲ့သည္။
ေဇာင္ယုဟြမ္ ရဲ႕အဝတ္ေတြက သူမထက္ လူတိုင္းကို အာ႐ုံဖမ္းစားႏိုင္သည္။
သူမ လည္ေခ်ာင္းထဲတြင္ ဆူးစူးေနသလို မ်ိဳခ်ထားလို႔လည္းမရ ေထြးထုတ္လို႔လဲမရ ျဖစ္ေနသည္။
လူတိုင္းရဲ႕ တီးတိုးေျပာဆိုသံေတြကို လင္းလန္ ၾကားလိုက္ခ်ိန္တြင္ လူတိုင္းၾကည့္ေနသည့္ ေနရာကိုလွည့္ကာ ၾကည့္လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုေတြ႕လိုက္ရသည္။ ေဇာင္ယုဟြမ္ ရဲ႕ဝတ္စုံကို ျမငိလိုက္ခ်ိန္တြင္ သူမ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
လင္းလန္ သည္အစီအစဥ္ ပထမပိုင္းတြင္ ပါဝင္မႈ နည္းပါးခဲ့ၿပီး ထုတ္လႊင့္ခ်ိန္တြင္ သူမ လိုခ်င္သည့္ ရလဒ္ကို မရရွိခဲ့ေပ။ ထို႔ေၾကာင့္ ဒီအပိုင္း႐ိုက္ကူးခ်ိန္တြင္ သူမအသြင္အျပင္ကို ပိုမိုအားစိုက္ထုတ္ခဲ့သည္။
သို႔ေသာ္ သူမ ႀကိဳးပမ္းမႈမ်ားသည္ အခ်ည္းႏွီးသာ ျဖစ္ပုံေပၚေနသည္။
ဒီအပိုင္းအတြက္ လင္းလန္ သည္အျဖဴေရာင္ကို ရည္႐ြယ္ကာ ဝတ္ထားခဲ့သည္။ သူမအစီစဥ္ကေတာ့ ေခတ္ေနာက္ျပန္ဆြဲသည့္ စတိုင္ကို လက္လႊတ္ေစဖို႔ပဲ။ သူမအဝတ္အစားေတြက သူမနဲ႔ လိုက္ဖက္ေနၿပီး လွပၿပီး က်က္သေရရွိကာ သန႔္စင္သည့္ အရွိန္အဝါေတြ ျဖစ္ေပၚေနသည္။
သို႔ေသာ္ ေဇာင္ယုဟြမ္ သည္သူမႏွင့္ အေရာင္တူကို ဝတ္ဆင္ထားသည္။ ဆိုလိုသည္မွာ သူတို႔ထဲမွ တစ္ေယာက္သာလွ်င္ ထူးျခားစြာရပ္တည္ႏိုင္လိမ့္မည္။ အခ်ိန္ခနတာ ေလထုက ကေမာက္ကမ ျဖစ္သြားခဲ့သည္။
ဂူယူလင္း ကရယ္လိုက္ၿပီး ေျပာလိုက္သည္။ “ယုဟြမ္ ကဒီေလာက္ေတာင္ လွေနမယ္ဆိုတာကိုသာ ကြၽန္မသိေနခဲ့ရင္ သူမဆီကေန အဝတ္တစ္စုံေလာက္ ငွားခဲ့ပါတယ္! မင္းက ဒီပုံစံနဲ႔ၾကည့္ရတာ အရမ္းကိုစတိုင္က်ၿပီး ခ်စ္ဖို႔ေကာင္းတယ္!”
အမွန္ေတာ့ ဂူယူလင္း သည္ဆြဲေဆာင္မႈရွိေစဖို႔၊ က်က္သေရရွိဖို႔၊ လွပဖို႔နဲ႔ စမတ္က်ဖို႔ တစ္ခုကိုမွျဖစ္ဖို႔ ႀကိဳးစားျခင္း မရွိေပ။ ထိုအစား ဂူယူလင္း ကက်က္သေရရွိၿပီး ခ်စ္ဖို႔ေကာင္းသည့္ ပုံရိပ္ကိုသာ ထိန္းသိမ္းထားခဲ့သည္။ ရႈိးပြဲေတြမွာေတာင္ သူမက ခ်စ္ဖို႔ေကာင္းၿပီး က်က္သေရရွိသည့္ ငယ္႐ြယ္သည့္ ေကာင္မေလးပုံစံမ်ိဳးသာ ဝတ္ဆင္တတ္သည္။
ရလဒ္အေနျဖင့္ ယင္ခ်ီခ်ီ နဲ႔ လင္းလန္ တို႔ရဲ႕စတိုင္က သူမကို မျဖတ္ေက်ာ္ႏိုင္ေပ။ သူမကသာ ယွဥ္ၿပိဳင္ျခင္း မရွိပဲ ရပ္တည္ႏိုင္ခဲ့သည္။
ဆန႔္က်င္ဖက္အေနျဖင့္ ေဇာင္ယုဟြမ္ သည္က်က္သေရရွိၿပီး အရမ္းကိုခ်စ္ဖို႔ေကာင္းေနကာ အခုေတာ့ သူမက ႐ိုးရာဝတ္စုံကို ဝတ္ဆင္ထားၿပီး ပုံမွန္ထက္ ပိုၿပီးထင္ရွားေနသည္။ သူမပုံစံက ေရွးေခတ္ဇာတ္လမ္းတြဲမွ ခ်မ္းသာသည့္ မိသားစုမွ ငယ္႐ြယ္သည့္ အႀကီးဆုံး မိန္းမပ်ိဳေလးနဲ႔ တူေနသည္။ ေဇာင္ယုဟြမ္ ရဲ႕ဝတ္စုံက ဂူယူလင္း ရဲ႕ေက်ာ္ၾကားမႈကို ထပ္မံခိုးယူခဲ့သည္။
လူတိုင္းက ေဇာင္ယုဟြမ္ အားထူးဆန္းသည့္ အၾကည့္ေတြနဲ႔ ၾကည့္ေနခဲ့ၾကသည္။ ေဇာင္ယုဟြမ္ ထြက္ၿပီးေနာက္ ေကာမိုင္ ထြက္လာခဲ့သည္။ သူမက ရင္ျပည့္ဝတ္စုံကို ဝတ္ထားသည္။
သူမက တန္မင္းဆက္မွ မင္းသမီးရဲ႕ အခန္းက႑ကို သ႐ုပ္ေဆာင္ဖူးခဲ့သည္။ သူမက အေတာ္ေလး အထက္တန္းဆန္ၿပီး သူမငယ္႐ြယ္ခ်ိန္က ၾကည့္ရႈသူမ်ားကပင္ သူမကို အားက်ခဲ့ၾကသည္။ ဒီလိုရင္ျပည့္ဝတ္စုံက လူတိုင္းရဲ႕မွတ္ဉာဏ္ထဲရွိ အတိတ္ပံုရိပ္ေတြကို ျပန္လည္ႏိုးေဆာ္ႏိုင္ဖို႔ကို ရည္႐ြယ္ခဲ့သည္။ ဒီတစ္ႀကိမ္ ဒီအပိုင္းအား ထုတ္လႊင့္ခ်ိန္တြင္ သူမရဲ႕ ရင္ျပည့္႐ိုးရာဝတ္စုံေၾကာင့္ ရွာေဖြမႈရလဒ္တြင္ သူမပါဝင္ႏိုင္လိမ့္မည္ဟု သိေနခဲ့သည္။
(ေကာမိုင္ ဝတ္ထားတဲ့ ဝတ္စုံ)
ေကာမိုင္ ရဲ႕အစီစဥ္အား ဂူယူလင္း ကတစ္ခ်က္ၾကည့္႐ုံျဖင့္ နားလည္ခဲ့သည္။ ႐ုတ္တရက္ႀကီး ဒီေန႔ေ႐ြးခ်ယ္လိုက္တဲ့ သူမရဲ႕ ေ႐ြးခ်ယ္မႈကို ေနာင္တပိုရသြားခဲ့သည္။
သူမလည္း ဇာတ္လမ္းေတြမ်ားစြာကို သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ မွတ္ဉာဏ္ထဲမွ ဇာတ္လမ္းအေၾကာင္းကို ျပန္ႏိုးဆြႏိုင္ခဲ့ဂင္ ဒါက ပိုေကာင္းလိမ့္မည္။ သို႔ေသာ္ အခုေတာ့ လူတိုင္းက သူတို႔ရဲ႕ေ႐ြးခ်ယ္မႈကို ေနာင္တရေနၾကသည္။
“သူတို႔ အဆင္သင့္ ျဖစ္ၾကၿပီလား?” ေဇာင္ယုဟြမ္ ေမးလိုက္သည္။ ေယာက်ၤားေလးေတြကို သူမေမးလိုက္သည္။
“သူတို႔က ကြၽန္မတို႔ကို အျပင္ကေန ေစာင့္ေနၾကၿပီ” ဂူယူလင္း ကသူမရဲ႕ ခံစားခ်က္ေတြနဲ႔ အေတြးေတြကို လ်င္ျမန္စြာ စုစည္းလိုက္ၿပီး ေျပာလိုက္သည္။
ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္ၿပီး ေကာမိုင္ ႏွင့္အတူအျပင္ကို ထြက္သြားခဲ့သည္။ တျခားသူေတြကေတာ့ အလ်င္မလိုသည့္ အျပဳအမူျဖင့္ သူတို႔အေနာက္မွ လိုက္သြားခဲ့ၾကသည္။
ေဇာင္ယုဟြမ္ သည္ေျခလွမ္းတိုင္း သူမစကတ္က လႈပ္သြားတာကို သူတို႔ၾကည့္ၾကရင္း သူတို႔ႏွလုံးသားက နာက်င္ေနခဲ့သည္။ သူတို႔က ေဇာင္ယုဟြမ္ လိုတူညီတဲ့ ဝတ္စံုကို ဝတ္ဆင္လိုက္ရင္ သူမလိုမ်ိဳး သူတို႔လည္း လွပတဲ့နတ္သမီးေလးေတြ ျဖစ္လာၾကမယ္လို႔ ယုံၾကည္ေနခဲ့ၾကသည္။
အျပင္ဘက္ စႀကႍတြင္ အမ်ိဳးသမီးေတြအား လီဂ်င္းယြမ္ နဲ႔တျခားသူ သုံးေယာက္က ေစာင့္ေနခဲ့ၾကသည္။
အမ်ိဳးသမီးေတြက မိတ္ကပ္နဲ႔ အဝတ္လဲရန္ အခ်ိန္ယူရတာေၾကာင့္ သူတို႔က အဆင္သင့္ျဖစ္ရန္ အျပင္တြင္သာ ေစာင့္ေနၾကဖို႔ ဆုံးျဖတ္လိုက္ၾကသည္။ တကယ္ေတာ့ သူတို႔နဲ႔ အခန္းထဲမွာ အတူတူ ေနဖို႔ဆိုတာက ေတာ္ေတာ္ေလးကို အဆင္မေျပေပ။
သူတို႔အနားနီးလာတဲ့ ေျခသံေတြကို ၾကားလိုက္ခ်ိန္တြင္ သူတို႔က လွည့္လိုက္ၾကၿပီး အသံလာရာကို ၾကည့္လိုက္ၾကသည္။
ဟုန္ခ်န္းမင္း ကအရင္ဆုံး လႈပ္ရွားလိုက္သူျဖစ္သည္။ သူက ေဇာင္ယုဟြမ္ အနားကို ေလွ်ာက္သြားလိုက္ၿပီး ငုံ႔လိုက္ကာ သူမစကတ္ရဲ႕အနားစကို မတင္ေပးဖို႔ ကူညီလိုက္သည္။ သူက စိုးရိမ္စြာ ေျပာလိုက္သည္။ “မနင္းမိေစနဲ႔၊ မဟုတ္ရင္ ေခ်ာ္လဲလိမ့္မယ္”
ေဇာင္ယုဟြမ္ ကသူမစကတ္စကို ကန္လိုက္ကာ ေျပာလိုက္သည္။ “မစိုးရိမ္ပါနဲ႔၊ ဟြမ္ဟြမ္ မနင္းမိပါဘူး”
ဟုန္ခ်န္းမင္း ကသတိမထားမိပဲ သူမေျခေထာက္ေပၚ ေရာက္သြားခဲ့သည္။ သူမက ဟန္မင္းဆက္ ႐ိုးရာဝတ္စုံျဖင့္ လိုက္ဖက္ေစရန္ ကိုက္ညီသည့္ ပန္းထိုးဖိနပ္ကို ဝတ္ဆင္ထားသည္။ သူမပုံမွန္ဝတ္ေလ့ရွိသည့္ ေဒါက္ျမင့္ႏွင့္ ဖိနပ္ပါးမ်ားႏွင့္ ႏႈိင္းယွဥ္ရင္ ဒီလိုပန္းထိုး ဖိနပ္က သူမနဲ႔ပိုလိုက္ဖက္သည္။ ထိုဖိနပ္က သူမေျခေထာက္ကို ပုံမွန္ထက္ ပိုေသးသြားပုံေပၚေစၿပီး မင္းရဲ႕လက္ေတြနဲ႔ သူမေျခေထာက္ကို ဆုပ္ကိုင္ဖို႔ေတာင္ ျဖစ္ႏိုင္ေစသည္။
႐ုတ္တရက္ သူေတြးေနတာကို နားလည္လိုက္ခ်ိန္တြင္ သူ႔ကို တူနဲ႔ထုေနသလို ခံစားလိုက္ရသည္။ ေျခာက္ေသြ႕ေနတဲ့ လည္ေခ်ာင္းကို စိုစြတ္သြားေစရန္ တံေတြးကို မ်ိဳခ်လိုက္ရသည္။
ဟုန္ခ်န္းမင္း ကသူမေျခေထာက္အား ၾကည့္ေနမိသည့္ သူ႔အၾကည့္ကို ခြာလိုက္ေပမဲ့ သူဘယ္ေလာက္ပဲ ႀကိဳးစားေနပါေစ အလုပ္မျဖစ္ေပ။
ေဇာင္ယုဟြမ္ သည္လမ္းထပ္ေလွ်ာက္လိုက္ခ်ိန္တြင္ သူမေျခေထာက္ေတြကို ဖုံးအုပ္သြားၿပီး သူ႔အျမင္မွ ေပ်ာက္ကြယ္သြားခဲ့သည္။ ဟုန္ခ်န္းမင္း ရဲ႕အၾကည့္ေတြက သူမအေပၚတြင္ စြဲကပ္ေနစဥ္ ေဇာင္ယုဟြမ္ သည္စကတ္ကို အနည္းငယ္ မလိုက္တာေၾကာင့္ လမ္းေလွ်ာက္ရတာ အဆင္ေျပသြားခဲ့သည္။း
သူတို႔က ေအာက္ထပ္ကို ဦးတည္လိုက္ၾကသည္။
လူတိုင္းက အတူတူ နံနက္စာစားၾကရန္ ဟိုတယ္ရွိ စားေသာက္ဆိုင္ကို ဦးတည္သြားၾကသည္။ သ႐ုပ္ေဆာင္ မင္းသားနဲ႔ မင္းသမီးေတြက အမ်ိဳးမ်ိဳးေသာ ပုံစံကို ဝတ္ဆင္ထားၾကၿပီး ကင္မရာမန္းေတြက သူတို႔အေနာက္ကို လိုက္ေနၾကကာ ရႈေထာင့္အမ်ိဳးမ်ိဳးမွ ႐ိုက္ကူးေနၾကသည္။ ထိုေၾကာင့္ သူတို႔သည္ လူအမ်ားစုရဲ႕ အာ႐ုံစိုက္မႈကို ရရွိခဲ့သည္။
ယင္ခ်ီခ်ီ သည္သူမကို ၾကည့္ေနတာကို သေဘာက်တာေၾကာင့္ မထိန္းခ်ဳပ္ႏိုင္စြာျဖင့္ သူမဆံပင္ကို သပ္တင္လိုက္သည္။
တစ္ဖက္တြင္ ေဇာင္ယုဟြမ္ သည္ပတ္ဝန္းက်င္ရွိ လူေတြက သူမကို အာ႐ုံစိုက္ေနလား၊ သူမက ဆြဲေဆာင္ေနလားဆိုတာကို ဂ႐ုမစိုက္ေပ။ ထိုအစား သူမက သူမတာဝနါျဖစ္သည့္ ဧည့္လမ္းၫႊန္ အလုပ္ကိုသာ ပာ႐ုံစိုက္ထားခဲ့သည္။ သူမက ထအင္းစားပြဲဆီကို ျမန္ျမန္ေလွ်ာက္သြားလိုက္ၿပီး ေကာမိုင္ အတြက္ ခုံကိုဆြဲထုတ္ေပးလိုက္သည္။
“ကြၽန္ေတာ့္ကို ကူညီခြင့္ျပဳပါ” ဝမ္ေယာင္ခ်န္း ကေျပာလိုက္သည္။ သူက ခ်က္ခ်င္း အေရွ႕ေလွ်ာက္လိုက္ကာ ေဇာင္ယုဟြမ္ အတြက္ခုံကို ဆြဲထုတ္ေပးလိုက္သည္။
ေဇာင္ယုဟြမ္ ကလွည့္ကာ သူ႔အား ႏူးညံ့စြာ ၿပဳံးျပလိုက္သည္။ သူမက တျခားခုံကို ဆြဲထုတ္လိုက္သည္။
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕လက္ေတြကလည္း ထိုင္ခုံဆီကို တစ္ခ်ိန္တည္း ေရာက္သြားၾကသည္။
ဟုန္ခ်န္းမင္း ကသူနဲ႔ လီဂ်င္းယြမ္ ကခုံတစ္လုံးထဲကို လက္ေရာက္သြားေၾကာင္း သတိထားမိခ်ိန္တြင္ သူ႔ခံစားခ်က္ေတြကို ဖိႏွိပ္လိုက္သည္။ သူကခုံကို အရင္ဆုံး လႊတ္လိုက္သည္။ လီဂ်င္းယြမ္ ကခုံကိုဆြဲထုတ္လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုႏူးညံ့စြာ ၿပဳံးျပလိုက္သည္။ “ကိုယ္တို႔ေတြ အနားမွာရပ္ေနရင္ ဟြမ္ဟြမ္ ကဒီလိုအလုပ္မ်ိဳး လုပ္စရာမလိုဘူး”
ဘာမွမလုပ္ရပဲ ေဘးဘက္တြင္ မီႏူးကိုင္ကာ မတ္တပ္ရပ္ေနသည့္ စားပြဲထိုး : “???”
သူ႔အလုပ္က စားသုံးသူေတြအတြက္ ခုံကိုဆြဲထုတ္ေပးရတာ မဟုတ္ဘူးလား?
ေနာက္ဆုံးေတာ့ လူတိုင္းထိုင္ၿပီးခ်ိန္တြင္ စားပြဲထိုးက သူတို႔ဆီ မီႏူးကမ္းလိုက္သည္။
အုပ္စုအၾကားတြင္ ေဇာင္ယုဟြမ္ ႏွင့္ႏွစ္ေယာက္မွလြဲ၍ ေကာမိုင္ ကသာအဂၤလိပ္စကားကို ကြၽမ္းက်င္စြာ တတ္ေျမာက္ထားသူ ျဖစ္သည္။ သူတို႔က အဂၤလိပ္စာ အားနည္းတာေၾကာင့္ မီႏူးမွအစားအေသာက္ေတြကို မွာယူဖို႔က အေတာ္ေလးခက္ခဲသည္။ သူတို႔က မီႏူးေပၚရွိ စာလုံးမ်ားကို မေရမရာသာ နားလည္ၿပီး ပုံေတြကိုသာ နားလည္ႏိုင္ၾကသည္။
ေဇာင္ယုဟြမ္ ကသူတို႔အတြက္ ဟင္းလ်ာေတြကို ေျပာျပေပးခဲ့သည္။ သူမက စြတ္ျပဳတ္၊ အခ်ိဳတည္းစရာ စတာေတြကို ရွင္းျပေပးခဲ့သည္။
“လူတိုင္းက ဘာႀကိဳက္တယ္၊ မႀကိဳက္ဘူးလို႔ ကြၽန္မကို မေျပာတာလဲ၊ ကြၽန္မ မွာေပးမယ္။ ဒီနည္းလမ္းက အခ်ိန္ကုန္သက္သာၿပီး မနက္စာစားခ်ိန္က ျမန္ျမန္ၿပီးႏိုင္တယ္” ေဇာင္ယုဟြမ္ ကအသံက်ယ္က်ယ္နဲ႔ ေျပာလိုက္သည္။
လူတိုင္းက အစားအစာ မွာယူဖို႔ အခ်ိန္အၾကာႀကီး ယူမယ္ဆိုရင္ ေဇာင္ယုဟြမ္ ဟာတကယ္ကို ရပ္တည္ႏိုင္မွာ မဟုတ္ဘူး။ ယင္ခ်ီခ်ီ က ေဇာင္ယုဟြမ္ ႏွင့္ကြဲလြဲေနတာေတာင္ ေခါင္းညိတ္ျပလိုက္သည္။
သူမ အဂၤလိပ္စာက အေတာ္ေလး ဆိုး႐ြားတာေၾကာင့္ အဂၤလိပ္မီႏူးကို ျမင္လိုက္ခ်ိန္တြင္ သူမ မူးေနာက္သြားခဲ့သည္။ ႐ိုက္ကူးေရးအခ်ိန္တြင္ သူမဘာသာ အ႐ူးမလုပ္ႏိုင္တာေၾကာင့္ ေဇာင္ယုဟြမ္ ေပးတဲ့အႀကံဉာဏ္ကို လက္ခံလိုက္တာက ေကာင္းမြန္တဲ့ အႀကံျဖစ္သည္။ အခ်ိဳ႕ပရိသတ္ေတြက ေဇာင္ယုဟြမ္ အားကိုယ့္ကိုကိုယ္ အထင္ႀကီးလြန္းသည္ဟု စြပ္စြဲေျပာဆိုၾကမည္ျဖစ္ေပမဲ့ အဆုံးတြင္ သူမကသာ အက်ိဳးေက်းဇူးကို ခံစားရလိမ့္မည္။
ေဇာင္ယုဟြမ္ ကေဘးကိုလွည့္ကာ ေခါင္းကိုနည္းနည္း ေစာင္းလိုက္ၿပီး သူတို႔လိုခ်င္သည့္ အစားအေသာက္ေတြကို မွာလိုက္သည္။
သူမဆံပင္မ်ားကို သပ္သပ္ရပ္ရပ္ ထံုးဖြဲ႕ထားၿပီး ေငြေရာင္ဆံညႇပ္ေလးနဲ႔ ရစ္ပတ္ထားသည္။ သူမလႈပ္ရွားလိုက္တိုင္း ေငြေရာင္အလုံးေလးေတြက လႈပ္ရွားသြားတာကို လူတိုင္းက သတိမထားမိပဲ ၾကည့္ေနမိၾကသည္။ ေဇာင္ယုဟြမ္ သည္စားပြဲထိုးနဲ႔ စကားေျပာေနစဥ္ သူမပုံစံမွာ ေလးနက္ေနသည္။
(ေဇာင္ယုဟြမ္ ဆံပင္ပုံစံပါေနာ္ ကိုယ္မရွင္းျပတတ္လို႔)
ကင္မရာကလည္း ထိုျမင္ကြင္း အျပည့္အစုံကို မွတ္တမ္းတင္ေနခဲ့သည္။ မနက္စာကို ေဇာင္ယုဟြမ္ သည္သိပ္မစားခဲ့ေပ။ သူမဟာ တ႐ုတ္ျပည္ကို ျပန္လာၿပီးတာ ၾကာၿပီျဖစ္တာေၾကာင့္ သူမေရွ႕တြင္ရွိေသာ ဟင္းလ်ာေတြက စားခ်င္စိတ္ ေလ်ာ့နည္းေစသည္။
လူတိုင္းက နံနက္စာစားတာက အခ်ိန္တစ္နာရီခန္႔ ကုန္သြားခဲ့သည္။ ေဇာင္ယုဟြမ္ ကမတ္တပ္ရပ္ၿပီး ေၾကညာလိုက္သည္။ “ကြၽန္မတို႔ အဆင္သင့္ျဖစ္ၿပီမို႔လို႔ အခုသြားၾကရေအာင္!”
လီဂ်င္းယြမ္ သည္စားေသာက္ဆိုင္မွ အလ်င္အျမန္ ထြက္သြားၿပီး ကားတံခါးကို အရင္ဆုံး ဖြင့္လိုက္သည္။ “ကားထဲဝင္” ေပ်ာ္႐ႊင္စြာျဖင့္ ေဇာင္ယုဟြမ္ ကိုေျပာလိုက္သည္။
ေဇာင္ယုဟြမ္ ကားထဲမဝင္ခင္ ယင္ခ်ီခ်ီ ကအရင္ဝင္ဖို႔ လုပ္လိုက္သည္။ ေဇာင္ယုဟြမ္ ကသူမကို ၾကည့္လိုက္ေပမဲ့ သူမအျပဳအမူကို စိတ္ထဲမထားေပ။
ယင္ခ်ီခ်ီ က ေဇာင္ယုဟြမ္ ကိုျဖတ္ၿပီး အေရွ႕ထြက္လာတာကို လီဂ်င္းယြမ္ ျမင္လိုက္ၿပီး မ်က္ေမွာင္ၾကဳတ္သြားသည္။ သူက ဟုန္ခ်န္းမင္း ဘက္ကိုလွည့္ကာ ေမးလိုက္သည္။ “ဒီေန႔ ဘယ္သူကားေမာင္းမွာလဲ?”
“ဒီကားကို မင္းေမာင္းႏိုင္တယ္” ဟုန္ခ်န္းမင္း ကတျခားကားကို ေခါင္းညိတ္ျပလိုက္သည္။
ရန္ပုံေငြ အကန႔္အသတ္ ရွိျခင္းေၾကာင့္ ေဇာင္ယုဟြမ္ ကေစ်းသက္သာေစရန္ ကားငွားရန္ ေ႐ြးခ်ယ္ခဲ့သည္။ ဒီနည္းျဖင့္ သူမ စုေဆာင္းထားေသာေငြကို ျမင္းဆြဲရထား စီးနင္းလို႔ ရႏိုင္ေပလိမ့္မည္။ သူတို႔က ဇိမ္ခံထမင္းစားခန္းကိုလည္း ေ႐ြးခ်ယ္ခဲ့ၿပီး သိမ္းျမစ္ကို လွည့္လည္ၾကည့္ရႈရန္ စီစဥ္ထားခဲ့သည္။
ဝမ္ေယာင္ခ်န္း နဲ႔ ေကာမိုင္ တို႔ႏွစ္ေယာက္လုံက ႏိုင္ငံျခား ယာဥ္ေမာင္းလိုင္စင္ရွိေပမဲ့ ၿဗိတိန္လမ္းမ်ား ေမာင္းႏွင္မႈႏွင့္ အကြၽမ္းတဝင္ မရွိေပ။ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔သာ တစ္စီးစီေမာင္းရင္ လူတိုင္းအတြက္ ပိုအဆင္ေျပေစႏိုင္သည္။
လီဂ်င္းယြမ္ ကလက္တစ္ဖက္ထဲႏွင့္ ကားတံခါးကို ဖြင့္လိုက္ၿပီး ၿပဳံးလိုက္သည္။ “အစ္ကိုဟုန္၊ မင္းတျခားကားကို ေမာင္းသင့္တယ္”
ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ ရဲ႕အၾကည့္ေတြက ေလထုအလယ္တြင္ တိတ္ဆိတ္စြာ တိုက္ခိုက္ေနခဲ့သည္။
ေဇာင္ယုဟြမ္ ကခရီးသည္တံခါးကို ဖြင့္လိုက္ၿပီး ထိုင္လိုက္သည္။ ဟုန္ခ်န္းမင္း ကေခါင္းကို လ်င္ျမန္စြာ လွည့္လိုက္ၿပီး သူမကို ၾကည့္လိုက္သည္။
ေဇာင္ယုဟြမ္ ဆံပင္မွ ေငြေရာင္အလုံးေလးေတြက တြဲေလ်ာင္းက်ေနၿပီး လႈပ္ရွားေနသည္။ လႈပ္ရွားေနသည့္ ေငြေရာင္လုံးေလးေတြက သူ႔ႏွလုံးသားကို ယားက်ိက်ိျဖစ္ေစသည္။
ဟုန္ခ်န္းမင္း ရဲ႕စိတ္ႏွလုံးက ေဇာင္ယုဟြမ္ ရဲ႕ဆံပင္မွ တြဲေလ်ာင္းက်ေနကာ လႈပ္ရွားေနသည့္ ေငြေရာင္အလုံးေလးေတြ ေပၚတြင္သာ ရွိေနသည္။ သူ႔အၾကည့္ေတြကို အေဝးသို႔ တြန္းအားေပးလိုက္ၿပီး ေျပာလိုက္သည္။ “ဒါဆို တျခားကားကို ငါသြားလိုက္မယ္၊ ေနာက္မွေတြ႕မယ္”
“အိုေက၊ ေနာက္မွေတြ႕မယ္”
ဟုန္ခ်န္းမင္း သည္တျခားကားတစ္စီးသို႔ ဦးသြားၿပီးေနာက္ လင္းလန္ သည္ ေဇာင္ယုဟြမ္ ရွိသည့္ကားဆီကို ဦးတည္လိုက္သည္။
ေဇာင္ယုဟြမ္ ကအျပင္ကို ၾကည့္လိုက္ၿပီး ဇာတ္လိုက္မက ေလွ်ာက္လာတာကို ေတြ႕လိုက္သည္။ ဇာတ္လိုက္မက သူမနဲ႔ ကားတစ္စီးထဲစီးမွက ဘယ္လိုတိုက္ဆိုင္မႈမ်ိဳးလဲ?
လီဂ်င္းယြမ္ သည္ယာဥ္ေမာင္းထိုင္ခုံတြင္ လ်င္ျမန္စြာ ေနရာယူလိုက္ေပမဲ့ ခ်က္ခ်င္း ကားမေမာင္းေသးေပ။ ထိုအစား သူ႔အိတ္ကို ဖြင့္လိုက္ၿပီး ေပါင္မုန႔္ခ်ပ္နဲ႔ အနက္ေရာင္ပဲ င႐ုတ္ဆီပုလင္းကို ထုတ္လိုက္သည္။
(အနက္ေရာင္ပဲ င႐ုတ္ဆီ)
11.11.2020 (Wed)
…………………………
[text_hash] => 3ffd2eaa
)