Array
(
[text] =>
<Unicode>
လန်ဒန်သို့ရောက်ရှိခြင်း
သူတို့ လေယာဉ်ပေါ်မှ ဆင်းပြီးနောက် ရှိုးပွဲမှ ဧည့်သည်အားလုံးသည် လေဆိပ်တွင် တွေ့ဆုံခဲ့ကြသည်။
ယင်ချီချီ သည်ပြောင်းလဲလွယ်သည့် သူတစ်ဦးဖြစ်သည်။ ဇောင်ယုဟွမ် ကိုမြင်လိုက်သည်နှင့် စိတ်မကျေနပ်မှု နည်းနည်းလေးတောင် မပြသပဲ ပျော်ရွှင်စိတ်အားထက်သန်စွာဖြင့် လျှောက်သွားလိုက်သည်။ သူမလက်တွေကို ဇောင်ယုဟွမ် ဆီလှမ်းလိုက်သည်။
ကံမကောင်းစွာဖြင့် ဇောင်ယုဟွမ် ဘေးတွင် လီဂျင်းယွမ် ကော ဟုန်ချန်းမင်း ကောနှစ်ယောက်လုံးက တစ်ဖက်စီတွင် ရှိနေတာကြောင့် သူမသည် ဇောင်ယုဟွမ် အနားကိုတောင် မကပ်နိုင်လိုက်ပေ။
နောက်ဆုံးတွင် ဇောင်ယုဟွမ် သည်သူတို့နှစ်ယောက်ကို ထားခဲ့ပြီး ကားရှိပြတင်းပေါက်နေရာတွင် ဝင်ထိုင်လိုက်သည်။ ဒီလိုပုံစံဖြင့် ဒီနေရာကို ရောက်လာခဲ့တာက ပထမဆုံးအကြိမ်ဖြစ်သည်။ စီးစရာအတွက် စိုးရိမ်နေဖို့ မလိုအပ်ပေ။ အရင်တုန်းက လန်ဒန်တွင် သူမလည်ပတ်ချင်သည်နှင့် ချန်းမင်းရီ ဖြစ်ဖြစ် တခြားတစ်ယောက်ကိုဖြစ်ဖြစ် ဖုန်းဆက်ပြီး လာခေါ်ဖို့ပြောလိုက်ရုံပင်။
ကံကောင်းတာက အရင်တုန်းက သူမက တစ်ခါမှ ကားမငှားဖူးတဲ့အပြင် ဒေသခံတွေနဲ့ ကျွမ်းကျင်စွာ ပြောဆိုဆက်သွယ်နိုင်သည်။ ထိုအရာက သူမအတွက် အခက်အခဲ မရှိပေ။
ကင်မရာက လုပ်ငန်းစဉ်တစ်ခုလုံးကို သစ္စာရှိရှိ မှတ်တမ်းတင်ေနခဲ့သည်။ သူမ မှာကြားပြီးနောက် လူတိုင်းကို VIP နားနေခန်းသို့ ခေါ်သွားခဲ့သည်။
ယင်ချီချီ ကမေစလိုက်သည်။ “ဒီနေရာအတွက် ဘယ်လောက်ကုန်ကျလဲ?”
ထုတ်လုပ်ရေးအဖွဲ့က သူတို့ပေးသည့် လက်မှတ်တွေက စီးပွားရေးအတန်းဖြစ်သည်။ သဘာဝကျစွာပင် VIP နားနေခန်းကို အသုံးပြုရန် မပါဝင်ပေ။
ဇောင်ယုဟွမ် ကလှည့်တောင်လှည့်မကြည့်ပဲ ပြောလိုက်သည်။ “အင်း”
သူမသည် ဒီေနရာတွင် VIP မဟုတ်ပေမဲ့ ချန်းမင်းရီ ကတော့ VIP ဖြစ်သည်။ သူမကဒ်ကို ပြသခဲ့သည့် နောက်ဆုံးအကြိမ်ကြောင့် ဝန်ထမ်းက သူမကို VIP နားနေခန်းကို ခေါ်ဆောင်သွားခဲ့တာဖြစ်သည်။
“ဒီမှာ တချို့ေသာက်စရာေတွနဲ့ အဆာပြေမုန့်ေတွလည်း ရှိတယ်။ ရှင်တို့ သဘောကျကြလား? တချို့အရာတွေ လုပ်စရာရှိသေးလို့။ ယဉ်မောင်းရောက်တဲ့အထိ ကျွန်မတို့ ဒီမှာစောင့်နေရလိမ့်မယ်။ ကျွန်မတို့ အဆင်သင့်ဖြစ်ေလာက်တဲ့ အချိန်ကျရင် ကားရောက်လိမ့်မယ်” ဇောင်ယုဟွမ် မေးလိုက်သည်။
“ကျွန်မတို့ အချိန်လောက်မလား?” ကောမိုင် မေးလိုက်သည်။
ဇောင်ယုဟွမ် ရဲ့နူးညံ့ခြင်းသည် အနှောင့်အယှက် ဖြစ်ပုံမပေါ်ပေမဲ့ သူမအသံအနေအထားက ဆုံးဖြတ်ချက်ချရာတွင် အလွန်ယုံကြည်နေသည်။
ကောမိုင် ကခေါင်းညိတ်လိုက်ပြီး မှာလိုက်သည်။ “ဘလက်တီး။ အခုတော့ အင်္ဂလန်မှာ ရှိနေကြပြီ”
“ကော်ဖီ သောက်မယ်၊ ပင်ပန်းတယ်” ဝမ်ယောင်ချန်း ကပြောလိုက်ရင်း ဇောင်ယုဟွမ် ဆီကို ပင်ပန်းသည့် အပြုံးလေးကို ပြုံးပြလိုက်သည်။
လီဂျင်းယွမ် သည်အစောပိုင်းက ဖြေခဲ့သည့် အင်တာဗျူးကို ထိန်းသိမ်းကာ ပုံမှန်ပင် ပြောလိုက်သည်။ “ဘလက်တီး”
ဟုန်ချန်းမင်း : “ရေ”
လင်းလန် ကလှည့်ကာ သူ့ကိုတစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ “ကျွန်မအတွက်လည်း ရေပဲပေးပါ”
ဂူယူလင်း ကပြုံးကာ ပြောလိုက်သည်။ “ကောမိုင်ကျဲ နဲ့အတူတူ ကျွန်မကိုလည်း ဘလက်တီးပဲပေးပါ”
ယင်ချီချီ တစ်ယောက်ကသာ ကိုးကိုးအပူကို မှာခဲ့သည်။
“ကိုယ် မင်းနဲ့သွားမယ်” ဟုန်ချန်းမင်း ကပြောလိုက်ရင်း မတ်တပ်ရပ်လိုက်သည်။
“ကိုယ်လည်း လိုက်မယ်။ အဲ့ဒါတွေ အကုန်လုံးကို မင်းတို့နှစ်ေယာက်တည်းနဲ့ သယ်နိုင်မှာ မဟုတ်ဘူး” လီဂျင်းယွမ် ကသူ့ဂျက်ကပ်ကို ချလိုက်ပြီး ပြောလိုက်ကာ သူ့အင်္ကျီလက်ကို ခေါက်တင်ပြီး ထရပ်လိုက်သည်။
ဒီအချိန်တွင် တခြားသူ ဘယ်သူကမှ သူတို့နဲ့ မလိုက်ချင်ကြပေ။ သူတို့အားလုံးက ခရီးပန်းနေကြသည်။ ကင်မရာကသာ လှည့်ပတ်ရုိက်မနေဘူးဆိုရင် သူတို့က စကားတစ်လုံးတောင် ပြောဖို့အင်အားရှိမည် မဟုတ်ပေ။
လေဆိပ်တွင် သောက်စရာ အားလုံးသည် တူညီစွာ ပြင်ဆင်ထားပြီး သောက်စရာ နှစ်ခုသယ်ဆောင်နိုင်သည့် ခွက်လေးတွေရှိသည်။
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က တစ်ယောက်ကို ခွက်လေးခွက် သယ်လာပြီး ဇောင်ယုဟွမ် ကတော့ နေ့လည်ခင်း လက်ဖက်ရည်အတွက် ပြင်သစ်မုန့်အချို့ကို ဗန်းလေးနဲ့ သယ်ယူလာခဲ့သည်။
လူတိုင်းက နားနေခန်းတွင် ထိုင်နေကြပြီး မုန့်နဲ့ကော်ဖီကို သောက်လိုက်ကြသည်။ ထို့နောက် အရင်ကထက် ပိုပြီးနေလို့ အဆင်ပြေလာကြသည်။
ဝမ်ယောင်ချန်း နဲ့ ကောမိုင် တို့သည် ချီကျူးခြင်းကို နှမြောခြင်းမရှိပေ။ သူတို့သည် ဇောင်ယုဟွမ် အားချီးကျူးတာကို မရပ်တန့်ကြပေ။
“ယုဟွမ် ကအရမ်းကို ထောက်ထားစာနာတတ်တာပဲ! အနာဂတ်မှာ ခရီးေတွသွားရင် သူမကိုပါ ခေါ်သွားချင်မိတယ်” ကောမိုင် ကအပြုံးလေးနဲ့ ပြောလိုက်သည်။
“ယုဟွမ် ကဘယ်လိုေရွးရမှန်း သိတယ်။ ဒီမုန့်တွေက အရမ်းစားကောင်းတယ်။ မတ်လ ဒီကိုသူငယ်ချင်းတွေနဲ့အတူတူ လာခဲ့တုန်းက နေ့လည်ခင်း လက်ဖက်ရည်ကို သောက်ခဲ့တယ်။ မုန့်တွေအများကြီးက တရုတ်အကြိုက်နဲ့ မကိုက်ညီဘူး” ဝမ်ယောင်ချန်း ကပြောလိုက်သည်။
ချီးကျူးမှုပြီးသွားပြီး ယင်ချီချီ နဲ့တခြားသူတွေ ပြောဖို့အခွင့်အရေး မရခင် ဇောင်ယုဟွမ် ဖုန်းကမြည်လာခဲ့သည်။
“ယဉ်မောင်းေရာက်ေနပြီ” ဇောင်ယုဟွမ် ပြောလိုက်သည်။ “သွားရအောင်”
လူတိုင်းက ပိုပြီးအနားယူခဲ့ကြပြီးပြီ။ အခုတော့ ပိုအဆင်ပြေသလို ခံစားရပြီး သူတို့ခရီးဆောင်အိတ်တွေနဲ့အတူ လျှောက်ကြဖို့ အဆင်သင့် ဖြစ်နေကြသည်။
သူတို့ခရီးဆောင်အိတ်များကို ကားထဲတွင် နေရာချပြီးနောက် ကားနှစ်စီးခွဲကာ သူတို့တည်းမဲ့ ဟိုတယ်ဆီကို ဦးတည်သွားလိုက်ကြသည်။အားလုံးကားထဲသို့တပ်ဆင်ပြီးသည့်နောက်၊ သူတို့နှစ်ယောက်ကားများကို ခွဲ၍ သူတို့သွားလိုသည့်ဟိုတယ်သို့ ဦး တည်သွားခဲ့သည်။
ဟိုတယ်သည် သွားလာရ အဆင်ပြေသည့် နေရာတွင် တည်ရှိပြီး အင်္ဂလိပ်နန်းတော်၏ ထူးခြားသော အလှဆင်မှု ရှိသည်။ ယင်ချီချီ သည်အတွင်းထဲကို လျှောက်သွားရင်း အလှဆင်ထားသည့် ပုံစံတွေကြောင့် အံ့အားသင့်သွားသည်။
သူမက မော်ဒယ်လ် ပေါက်စလေး တစ်ယောက်သာ ဖြစ်ပြီး အရင်တုန်းက ဒီလိုလှပသည့် ဟိုတယ်မျိုးတွင် တည်းခိုခြင်းမရှိခဲ့ဖူးပေ။ နိုင်ငံခြားရှိ လှပသော ဟိုတယ်များသည် ဒေါ်လာထောင်နှင့်ချီသည်ကုိသာ စိတ်ထဲမှတ်ထားခဲ့သည်။
“ဒီဟိုတယ်က စျေးကြီးလား?” ယင်ချီချီ ကမေးလိုက်သည်။
“ကျွန်မတို့ ဒစ်စကောင့်ရတယ်” ဇောင်ယုဟွမ် ပြောလိုက်သည်။
ယင်ချီချီ ကတော့ မယုံကြည်ပေ။
သူမသည် ဇောင်ယုဟွမ် အပေါ်အမြင်မကြည်ဖို့ ရည်ရွယ်ထားခြင်း မဟုတ်ပေမဲ့ ဇောင်ယုဟွမ် ဆီမှထွက်လာသမျှ အရာအားလုံးသည် အတုအယောင်တွေလို့သာ ခံစားမိနေသည်။ ဒီအပိုင်းလွှင့်ပြီးရင် ပရိသတ်တွေက ဆက်ပြီးတော့ သူမကို မျက်ကွယ်ပြုထားကြမှာ မဟုတ်တော့ဘူး။
“ဒီလိုဟိုတယ်တစ်ခုက စျေးလျှော့ပေးမှာလား? ဒါက ဘယ်လိုမျိုး စျေးသိပ်မကြီးတာလဲ?” ယင်ချီချီ ကစိတ်လှုပ်ရှားစွာ မေးလိုက်သည်။ “ကျွန်မတို့မှာ ေငွဘယ်လောက် ကျန်သေးလဲ?”
“ကျွန်မတို့မှာ ဒေါ်လာ ၃၀၀၀ နဲ့ပေါင် ၁၀၀၀ ကျန်သေးတယ်…” ဇောင်ယုဟွမ် ကရေရွတ်လိုက်သည်။
ယင်ချီချီ ကရယ်ကာ ပြောလိုက်သည်။ “ဒါက မယုံနိုင်စရာပဲ။ ကျွန်မတို့က ဘာမှသိပ်မသုံးထားပုံပေါ်နေတယ်။ ကျွန်မတို့ရောက်မှ ဒီဟိုတယ်အတွက် ပေးချေရတာလား?”
“ဒီဟိုတယ်က ဘိုကင်လုပ်ဖို့ အရမ်းခက်တယ်၊ ဒါကြောင့် ကျွန်မ ကိုယ်ပိုင်ကဒ်ကို သုံးခဲ့တယ်။ နောက်ကျရင် ထုတ်လုပ်ရေးအဖွဲ့က ကျွန်မကို ပြန်ပေးလိမ့်မယ်”
အံ့အားသင့်သွားပြီး ယင်ချီချီ မေးလိုက်သည်။ “ဒါက စည်းကမ်းတွေကို ဆန့်ကျင်နေတာ မဟုတ်ဘူးလား?”
“ကျွန်မတို့က ငွေပမာဏကို ချမှတ်ထားပြီးသား၊ ဒါကြောင့် စည်းမျဉ်းတွေကို ဆန့်ကျင်ေနတာ မဟုတ်ဘူး”
ခရီးသွားချိန်မှာ ဘယ်နာမည်ကြီး သရုပ်ဆောင်က ခံစားချင်မှာလဲ? သေချာပေါက်ကို ကောင်းတဲ့နေရာတွေမှာ နေချင်ကြမှာပဲလေ။
ဒီတစ်ကြိမ်တွင် ဇောင်ယုဟွမ် ကဘိုကင်လုပ်ထားခဲ့သည်။ အခန်းသုံးခန်းနဲ့ ဧည့်ခန်းတစ်ခန်း ရှိသည်။ သူတို့ ၈ ယောက်လုံး အတူတူ နေလို့ရသည်။
လူတိုင်းက သူတို့အခန်းသော့နဲ့အတူ အပေါ်ထပ်ကို တက်သွားကြပြီး အခန်းထဲကို လျှောက်ဝင်လိုက်ချိန်တွင် ပြောစရာ စကားမဲ့သွားကြသည်။
ဟိုတယ်ရဲ့ အလှဆင်မှုသည် ဗြိတိန်ရဲ့ ပြီးခဲ့သည့် ရာစုစတိုင်ကို အတော်လေး အမှီပြုထားသည်။ ပထမဆုံး အကြည့်နဲ့တင် ထိုနေရာရဲ့ လှပပြီး နှစ်လိုဖွယ်ေကာင်းမွန်မှုေကြာင့် လူတိုင်းပျော်ရွှင်သွားကြသည်။ အထူးသဖြင့် ယင်ချီချီ လိုတစ်စုံတစ်ယောက်က ကင်မရာရှေ့တွင် အပြည့်အဝကို ကစားပြခဲ့သည်။
ထို့နောက် အခန်းများ ခွဲဝေဖို့ အချိန်ဖြစ်သည်။
အခန်းေတွခွဲပြီးနောက် မိန်းကလေးများသည် ပို၍ပျော်ရွှင်ခဲ့ကြသည်။ သူတို့က ဒီနေရာကို အတော်လေး သဘောကျနေကြသည်။
ဇောင်ယုဟွမ် ကထုိအချိန်တွင် သူမအစီစဉ်အား လူတိုင်းကို ကမ်းပေးလိုက်သည်။ “တစ်ချက်လောက် ကြည့်ပေးကြပါဦး။ ဒီနေရာမှာ ဘယ်နေရာကို အလည်သွားချင်လဲ၊ မသွားချင်လဲဆိုတာကို ပြောပြပေးပါ။ အခုအချိန် စီစစ်ဖို့အတွက် ပြင်ဆင်တာတွေ လုပ်လို့ရတယ်”
ကောမိုင် ကအလျင်အမြန် တစ်ချက်ကြည့်လိုက်ပြီး လေးစားသွားခဲ့သည်။ “ဒါက…. အရမ်းကို ကောင်းတာပဲ….”
ခရီးစဉ်အပေါ်တွင် သူတို့ေတွ သွားရောက်ကြမည့် နေရာများအတွက် ရှင်းရှင်းလင်းလင်း စာရင်းပြုစုထားပြီး သူတို့စီးရမည့် ယာဉ်အမျိုးအစား၊ အစားအသောက်အတွက် ဘယ်ဆိုင်တွင် ဝယ်ယူသင့်လဲ ဆိုတာတွေကပါအစ ထည့်သွင်းထားသည်။ အရာအားလုံးက အသေးစိတ်ကျသည်။
ဒါက ယင်ချီချီ နဲ့ လင်းလန် တို့သည် အင်္ဂလန်ကို ပထမဆုံးအကြိမ် ရောက်ဖူးကြတာ ဖြစ်သည်။
သူတို့ထဲက ဘယ်သူကမှ မှတ်ချက်မပေးရင် တခြားသူတွေလည်း ပေးမှာမဟုတ်ပေ။ ထို့ကြောင့် အစီစဉ်က အပြီးသတ်ခဲ့သည်။ ခရီးသွားအနေဖြင့် Hyde Park ကိုအလည်သွားပြီး လက်ဖက်ရည် သောက်သင့်သည်။ ထို့နောက် သူတို့က စိန့်ပေါဘုရားကျောင်းမှတဆင့် သိမ်းမြစ်မှ ဘထိုလှေကိုစီးခဲ့ကြသည်။
(Hyde park)
(Bateaux on the Thames)
(အသံထွက်ကတော့ google ကနေအနီးကပ်ဆုံး ရေးပေးထားတာပါ)
“ခရီးသွားဓာတ်ပုံတွေ ရိုက်ချင်ကြလား?” ဇောင်ယုဟွမ် မေးလိုက်သည်။
ကောမိုင် နဲ့တခြားသူတွေက အချိန်တစ်စက္ကန့်ေလာက် ငြိမ်သက်သွားကြပြီး သူမဘာကို ဆိုလိုသည်ကို မသိခဲ့ကြပေ။
“ရှင်တို့အားလုံး ဓာတ်ပုံရိုက်ချင်ရင်…” ဇောင်ယုဟွမ် သည်မတ်တပ်ရပ်လိုက်ပြီး သူမ ခရီးဆောင်အိတ်ကို ဆွဲယူလိုက်သည်။ သူမနဲ့အနီးဆုံးရှိသည့် လီဂျင်းယွမ် ကအလျင်အမြန်ပင် သူမခရီးဆောင်အိတ်ကို ဆွဲယူလိုက်ပြီး ကြမ်းပြင်တွင် ချေပးလိုက်သည်။
ဇောင်ယုဟွမ် ကဖွင့်လိုက်တာကြောင့် အထဲတွင် ဘာတွေပါလဲဆိုတာကို တခြားသူတွေ မြင်နိုင်သည်။
အကုန်လုံးက အဝတ်အစားတွေဖြစ်သည်။ ဂရုတစိုက် ကြည့်မယ်ဆိုရင် တရုတ်ရိုးရာ ဝတ်စုံတွေဆိုတာကို တွေ့နိုင်သည်။
“ရိုးရာဝတ်စုံ တစ်စုံလောက် ယူချင်လား? ကျွန်မနဲ့အတူ နည်းနည်းေတာ့ ယူလာခဲ့တယ်”
TV ရှိုးပွဲရဲ့ ပျင်းရိစရာ မကောင်းစေရန် ရည်ရွယ်ချက်ဖြင့် ဇောင်ယုဟွမ် ကတွေးတောကာ သူမနဲ့အတူ အဝတ်အစားတွေကို သယ်လာခဲ့တာ ဖြစ်သည်။
ကောမိုင် နဲ့တခြားသူတွေက ထပ်ပြီးတိတ်ဆိတ်သွားကြပြန်သည်။
ကောမိုင် ကအရင်ဆုံး သူမစိတ်ကို ပြန်စုစည်းနိုင်ပြီး ပြောလိုက်သည်။ “အင်း။ တစ်စုံလောက် ငှားပါ”
ဂူယူလင်း ကပြုံးကာ ပြောလိုက်သည်။ “ရိုက်ကူးရေးမှာ ဒီလိုအဝတ်အစားမျိုး ကျွန်မ တစ်ခါမှ မဝတ်ဖူး။ အထူးသဖြင့် ဒီလိုခရီးသွားချိန်မှာ။ ကျွန်မကို ကျော်လိုက်”
ယင်ချီချီ သည်အနည်းငယ် ေသွးဆောင်ခံရပေမဲ့ သူမဘာသာ ပြင်ဆင်ထားခဲ့သည့် အဝတ်အစားအားလံုးကို ပြန်စဉ်းစားလိုက်သည်။ ဇောင်ယုဟွမ် ဆီကငှားဝတ်ဖို့ မလိုအပ်ပေ။
လင်းလန် နှင့် ယင်ချီချီ တို့နှစ်ယောက်ကလည်း ငြင်းလိုက်ကြသည်။
ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်ပြီး ကောမိုင် ဆီသို့ အဝတ်တစ်စုံ ကမ်းပေးလိုက်သည်။
သူတို့ပြီးသွားပြီးနောက် ဟိုတယ်တွင် ညစာစားရန် ထွက်ခွာခဲ့ကြသည်။
သူတို့ရဲ့ စားသောက်ဆိုင်ကိုတောင် ကြိုတင်ဘိုကင် လုပ်ထားသည်။ အင်္ဂလိပ် အစားအစာကို ဘယ်သူမှ စိတ်မဝင်စားသော်လည်း သူတို့က အရောင်အသေွးစံုလင်တဲ့ စားသောက်ဆိုင်တစ်ခုကို ရွေးချယ်နေဆဲဖြစ်သည်။
ဝန်ထမ်းက သူတို့ကို ထိုင်ခုံေနရာကို ပြသခဲ့ပြီး လူတိုင်းက မှာဖို့အတွက် မီနူးကို လှန်လိုက်ချိန်တွင် တစ်စုံတစ်ယောက်က သူတို့အနားကို မြန်မြန်ေလျှာက်လာပြီး သာယာဖွယ်အသံဖြင့် စကားပြောလိုက်သည်။ “မစ္စဟေလို့စ်စီ!”
လူတိုင်းက မော့ကြည့်လိုက်ကြပြီး အရပ်မြင့်သော အင်္ဂလိပ်လူတစ်ယောက်က သူတို့ဆီ လျှောက်လာတာကို တွေ့လိုက်ရသည်။ သူက ဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် နာမည်ကဒ်ကို တပ်ဆင်ထားသည်။ သူလျှောက်လာချိန်တွင် သူ့အား တခြားဝန်ထမ်းတွေက ဦးညွှတ်လိုက်ကြသည်။
ဇောင်ယုဟွမ် ကဖြေးညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး သူ့ကို ပွေ့ဖက်လိုက်သည်။ ထိုသူသည် ဝန်ထမ်းဘက်ကို လှည့်လိုက်ပြီး ဝိုင်နီကို ယူလိုက်သည်။
ထိုလူက ဘေးပတ်လည်က ကင်မရာမန်းတွေကို ကြည့်ကာ မေးလိုက်သည်။ “ရိုက်ကူးရေးလား?”
ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ ကျွန်မတို့ အစောပိုင်းက ရှင့်ဆီကို သတင်းပို့ခဲ့တယ်”
“အာ၊ အဲ့ဒီ့ တရုတ် TV ရှိုးက ရိုက်ကူးရေးအဖွဲ့လား? မင်းလဲပါမယ်လို့ မထင်ထားခဲ့ဘူး”
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့မှလွဲပြီး ဇောင်ယုဟွမ် ကအင်္ဂလိပ်လူနှင့် စကားပြောနေသည်ကို လူတိုင်းက အံ့ဩစွာ ကြည့်ေနကြသည်။ သူမသည် အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုေနသည်။ သူတို့အားလုံးကတော့ စကားလုံးအနည်းငယ်ကိုသာ နားလည်လိုက်ကြသည်။
သိပ်မကြာခင် ထိုလူသည် ထွက်သွားခဲ့သည်။
ထို့နောက် သူတို့မှာထားသည့် ဟင်းပွဲအနည်းငယ်ကို ထပ်မံရရှိသည်။ ဝန်ထမ်းက တရုတ်စကားဖြင့် ပြောလိုက်သည်။ “ဟင်းလျာအသစ်။ စားဖိုမှူးအသစ် မိုက်ချယ်လင်း” ထို့နောက် အင်္ဂလိပ်လိုဖြင့် “မစ္စဟေ့လို့စ်စီအတွက်”
ထိုအကြောင်းက ဘာပဲဖြစ်ဖြစ် ဟုန်ချန်းမငိး ဂရုမစိုက်ပေ။ “အဲ့ဒါ ဘယ်သူလဲ?” သူမေးလိုက်သည်။
“လန်ဒန် ရဲ့အစ်ကို။ ငါတို့ အရင်က အကြိမ်နည်းနည်းေတွ့ဖူးကြတယ်”
“လန်ဒန်”ဆိုသည့် လူအကြောင်းကို လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကသူတို့ မှတ်ဉာဏ်ထဲတွင် ရှာဖွေလိုက်ကြပြီး သူတို့မျက်နှာတွေက အညိုပုတ်ရောင်အဖြစ် ပြောင်းလဲသွားကြသည်။
လန်ဒန်။ သူက သူ့အချစ်ကို ဟွမ်ဟွမ့် ကိုဝန်ခံခဲ့တဲ့ အင်္ဂလိပ်ကောင်လေးမလား? ဟွမ်ဟွမ် ကသူ့အစ်ကိုနဲ့တောင် တွေ့ပြီးသွားပြီ?
“ဟွမ်ဟွမ် က လန်ဒန် နဲ့အဆက်အသွယ်ရှိသေးတာလား?” ဟုန်ချန်းမင်း မေးလိုက်သည်။
ဇောင်ယုဟွမ် ကခေါင်းညိတ်ကာ ပြောလိုက်သည်။ “ရှိတယ်”
(ကိုကိုတွေ သွေးတက်ပြီ 😂😂)
ဟုန်ချန်းမင်း ရဲ့ပါးစပ်က တင်းတင်းစေ့သွားခဲ့သည်။
လီဂျင်းယွမ် ရဲ့ပုံစံက အနည်းငယ် ထူးဆန်းသွားေပမဲ့ သူ့စိတ်ခံစားချက်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့သည်။ သူက ပြုံးကာ ပြောလိုက်သည်။ “အရင်ဆုံး ညစာစားရအောင်။ ပြီးရင် ပြန်ပြီးအနားယူကြမယ်”
ဘာဖြစ်နေမှန်းမသိပဲ လူတိုင်းက ရှုပ်ထွေးသွားခဲ့ကြသည်။
ဇောင်ယုဟွမ် သည်ထင်သလောက် မရိုးရှင်းဘူးဆိုတာကို ကောမိုင် ခံစားမိနေသည်….
သူတို့မသိတဲ့ အရာတွေက စတင်လာခဲ့သည်။
ဇောင်ယုဟွမ် သည်ထိုေနရာတွင် နှစ်အတန်ကြာ နေထိုင်ခဲ့ပြီး လူများစွာကို သိခဲ့သည်။ သူမတွင် အလွန်အားကောင်းသည့် လူမှုကွန်ယက်ရှိသည်။ သူမသည် တခြားသူများနှင့် ရင်းနှီးချင်မှ ရင်းနှီးလိမ့်မည်။ သို့သော် သူတို့အားလုံးသည် သူမအပေါ် ကောင်းမွန်သော အထင်အမြင်ရှိကြပြီး သူမနှင့် မိတ်ဆွေဖြစ်လိုကြသည်။ သူတို့သည် တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံချိန်ကြရင် အပြေးလာကာ နှုတ်ဆက်ကြသည်။
ဇောင်ယုဟွမ် ကအများကြီး မစားခဲ့ပေ။ သူမသည် ထိုေနရာတွင် နေထိုင်ချိန်တုန်းက အင်္ဂလိပ် အစားအစာကို အနည်းငယ်သာ စားခဲ့သည်။ နှစ်ကြာခဲ့တာတောင် သူတို့အပေါ် သူမစိတ်ဝင်စားမှုက မတိုးတက်လာခဲ့ပေ။ လီဂျင်းယွမ် ကတိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
လူတိုင်း စားေသာက်ပြီးသည်နှင့် ဇောင်ယုဟွမ် ကငွေရှင်းလိုက်သည်။
“ကျွန်မတို့ ဒစ်စကောင့်ရတယ်” ဇောင်ယုဟွမ် ကအပြုံးလေးနဲ့ ပြောလိုက်သည်။
ယင်ချီချီ ကမထိန်းချုပ်နိုင်စွာဖြင့် မေးလိုက်သည်။ “ကျွန်မတို့သွားတဲ့နေရာတိုင်း တကယ်ပဲ ဒစ်စကောင့်ရတာပဲ”
ဇောင်ယုဟွမ် ကပုခုံးတွန့်လိုက်သည်။
ဟိုတယ်ကို ပြန်ရောက်ပြီး မိန်းကလေးတွေက မိတ်ကပ်ဖျက်ဖို့ကို မလောကြပေ။
လီဂျင်းယွမ် ကအောက်ထပ်ကို ဆင်းသွားခဲ့သည်။ သူပြန်လာချိန်တွင် လျှပ်စစ်မီးဖိုနှင့် ဒယ်အိုးပါလာခဲ့သည်။
ဂူယူလင်း ကသိချင်စိတ်ပြင်းစွာဖြင့် မေးလိုက်သည်။ “လီဂျင်းယွမ် ဘာလုပ်နေတာလဲ?”
လီဂျင်းယွမ် သည်သူ့အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး ပြောလိုက်သည်။ “ဇောင်ယုဟွမ် ကအများကြီး မစားခဲ့ဘူး။ သူမအတွက် မုန့်လုပ်ပေးမလို့”
ထိုစကားတွင် သတင်းအချက်အလက်တွေ အများကြီး ရှိသည်။ ဂူယူလင်း မျက်လုံးပြူးသွားသည်။ နောက်ဆုံးတော့ သူမမြည်တမ်းလိုက်သည်။ “ဘယ်လိုချက်ပြုတ်ရလဲဆိုတာ လီဂျင်းယွမ် သိလို့လား?”
“အင်း၊ သိတယ်။ အရင်တုန်းက လေ့လာဖို့ ကြိုးစားခဲ့တယ်”
လီဂျင်းယွမ် ကထိုအကြောင်းကို ပြောလိုက်ပြီး လှည့်လိုက်ပြီး ဆိုဖာပေါ်တွင် တစ်ဖက်ကိုမှီကာ ထိုင်နေသည့် ဇောင်ယုဟွမ် ကိုကြည့်လိုက်သည်။
အခုအချိန်တွင် ဟုန်ချန်းမင်း ကသူ့ဂျာကင်ကို ချွတ်လိုက်ပြီး သူ့အင်္ကျီလက်ကိုလည်း ခေါက်တင်ပြီးပြီဖြစ်သည်။ ရင့်ကျက်သည့် ယောင်္ကျားတစ်ေယာက်ရဲ့ ပုံစံက ပျောက်ကွယ်သွားပြီး အခုတော့ စိတ်အားထက်သန်ပြီး အတွေ့အကြုံ နည်းနည်းသာရှိပုံကို မြင်နေရသည်။
“ငါ့ကိုဓားပေး။ ငါလီှးေပးမယ်” ပြောလိုက်သည်။
လီဂျင်းယွမ် ကသူ့ကို လွှဲပေးလိုက်သည်။
သူတို့နှစ်ယောက်က နှစ်ယောက်ပေါင်း လုပ်ကိုင်နေတာက ကျွမ်းဝင်နေတာလဲလို့ ဂူယူလင်း တွေးတောလိုက်သည်။
ထိုပုံစံက သူတို့နှစ်ယောက်က တစ်စုံတစ်ယောက်အတွက် ချက်ပြုတ်ပေးဖို့ အကြိမ်အတော်များများ အတူတူ လုပ်ခဲ့ပံုေပါ်သည်။
သူတို့က နာရီဝက်ခန့် ချက်ပြုတ်နေကြပြီး မီးဖိုမှ အေရိုးမားမုန့်က ရလာခဲ့သည်။
ဇောင်ယုဟွမ် သည်မစဉ်းစားပဲ မော့ကြည့်လိုက်သည်။ “ရှင်တို့နှစ်ယောက် ဘာလုပ်နေကြတာလဲ?”
ဟုန်ချန်းမင်း ကလက်ထဲတွင် အေပရွန်ကိုကိုင်ကာ လျှောက်သွားလိုက်သည်။ ဇောင်ယုဟွမ် အနားကိုရောက်ချိန်တွင် နည်းနည်းငုံ့လိုက်ကာ ဇောင်ယုဟွမ် အားအေပရွန်ကို ဝတ်ပေးလိုက်သည်။
သူမကို အေပရွန် ဝတ်ပေးချိန်တွင် သူ့လက်တွေက ဇောင်ယုဟွမ် ရဲ့ခါးပတ်လည်တွင် ရှိနေသည်။
“မုန့်နည်းနည်းရှိတယ်။ ဟွမ်ဟွမ့် အဝတ်တွေကို မညစ်ပတ်စေချင်ဘူး”
ဂူယူလင်း တောင်မနာလိုဖြစ်သွားသည်။
သူက ဘယ်လိုေတာင် စဉ်းစားေပးနိုင်ရတာလဲ?
ဒါက ဘယ်လိုရှိုးပွဲမျိုးလဲ?
8.11.2020 (Sun)
……………………..
<Zawgyi>
လန္ဒန္သို႔ေရာက္ရွိျခင္း
သူတို႔ ေလယာဥ္ေပၚမွ ဆင္းၿပီးေနာက္ ရႈိးပြဲမွ ဧည့္သည္အားလုံးသည္ ေလဆိပ္တြင္ ေတြ႕ဆုံခဲ့ၾကသည္။
ယင္ခ်ီခ်ီ သည္ေျပာင္းလဲလြယ္သည့္ သူတစ္ဦးျဖစ္သည္။ ေဇာင္ယုဟြမ္ ကိုျမင္လိုက္သည္ႏွင့္ စိတ္မေက်နပ္မႈ နည္းနည္းေလးေတာင္ မျပသပဲ ေပ်ာ္႐ႊင္စိတ္အားထက္သန္စြာျဖင့္ ေလွ်ာက္သြားလိုက္သည္။ သူမလက္ေတြကို ေဇာင္ယုဟြမ္ ဆီလွမ္းလိုက္သည္။
ကံမေကာင္းစြာျဖင့္ ေဇာင္ယုဟြမ္ ေဘးတြင္ လီဂ်င္းယြမ္ ေကာ ဟုန္ခ်န္းမင္း ေကာႏွစ္ေယာက္လုံးက တစ္ဖက္စီတြင္ ရွိေနတာေၾကာင့္ သူမသည္ ေဇာင္ယုဟြမ္ အနားကိုေတာင္ မကပ္ႏိုင္လိုက္ေပ။
ေနာက္ဆုံးတြင္ ေဇာင္ယုဟြမ္ သည္သူတို႔ႏွစ္ေယာက္ကို ထားခဲ့ၿပီး ကားရွိျပတင္းေပါက္ေနရာတြင္ ဝင္ထိုင္လိုက္သည္။ ဒီလိုပုံစံျဖင့္ ဒီေနရာကို ေရာက္လာခဲ့တာက ပထမဆုံးအႀကိမ္ျဖစ္သည္။ စီးစရာအတြက္ စိုးရိမ္ေနဖို႔ မလိုအပ္ေပ။ အရင္တုန္းက လန္ဒန္တြင္ သူမလည္ပတ္ခ်င္သည္ႏွင့္ ခ်န္းမင္းရီ ျဖစ္ျဖစ္ တျခားတစ္ေယာက္ကိုျဖစ္ျဖစ္ ဖုန္းဆက္ၿပီး လာေခၚဖို႔ေျပာလိုက္႐ုံပင္။
ကံေကာင္းတာက အရင္တုန္းက သူမက တစ္ခါမွ ကားမငွားဖူးတဲ့အျပင္ ေဒသခံေတြနဲ႔ ကြၽမ္းက်င္စြာ ေျပာဆိုဆက္သြယ္ႏိုင္သည္။ ထိုအရာက သူမအတြက္ အခက္အခဲ မရွိေပ။
ကင္မရာက လုပ္ငန္းစဥ္တစ္ခုလုံးကို သစၥာရွိရွိ မွတ္တမ္းတင္ေနခဲ့သည္။ သူမ မွာၾကားၿပီးေနာက္ လူတိုင္းကို VIP နားေနခန္းသို႔ ေခၚသြားခဲ့သည္။
ယင္ခ်ီခ်ီ ကေမစလိုက္သည္။ “ဒီေနရာအတြက္ ဘယ္ေလာက္ကုန္က်လဲ?”
ထုတ္လုပ္ေရးအဖြဲ႕က သူတို႔ေပးသည့္ လက္မွတ္ေတြက စီးပြားေရးအတန္းျဖစ္သည္။ သဘာဝက်စြာပင္ VIP နားေနခန္းကို အသုံးျပဳရန္ မပါဝင္ေပ။
ေဇာင္ယုဟြမ္ ကလွည့္ေတာင္လွည့္မၾကည့္ပဲ ေျပာလိုက္သည္။ “အင္း”
သူမသည္ ဒီေနရာတြင္ VIP မဟုတ္ေပမဲ့ ခ်န္းမင္းရီ ကေတာ့ VIP ျဖစ္သည္။ သူမကဒ္ကို ျပသခဲ့သည့္ ေနာက္ဆုံးအႀကိမ္ေၾကာင့္ ဝန္ထမ္းက သူမကို VIP နားေနခန္းကို ေခၚေဆာင္သြားခဲ့တာျဖစ္သည္။
“ဒီမွာ တခ်ိဳ႕ေသာက္စရာေတြနဲ႔ အဆာေျပမုန္႔ေတြလည္း ရွိတယ္။ ရွင္တို႔ သေဘာက်ၾကလား? တခ်ိဳ႕အရာေတြ လုပ္စရာရွိေသးလို႔။ ယဥ္ေမာင္းေရာက္တဲ့အထိ ကြၽန္မတို႔ ဒီမွာေစာင့္ေနရလိမ့္မယ္။ ကြၽန္မတို႔ အဆင္သင့္ျဖစ္ေလာက္တဲ့ အခ်ိန္က်ရင္ ကားေရာက္လိမ့္မယ္” ေဇာင္ယုဟြမ္ ေမးလိုက္သည္။
“ကြၽန္မတို႔ အခ်ိန္ေလာက္မလား?” ေကာမိုင္ ေမးလိုက္သည္။
ေဇာင္ယုဟြမ္ ရဲ႕ႏူးညံ့ျခင္းသည္ အေႏွာင့္အယွက္ ျဖစ္ပုံမေပၚေပမဲ့ သူမအသံအေနအထားက ဆုံးျဖတ္ခ်က္ခ်ရာတြင္ အလြန္ယုံၾကည္ေနသည္။
ေကာမိုင္ ကေခါင္းညိတ္လိုက္ၿပီး မွာလိုက္သည္။ “ဘလက္တီး။ အခုေတာ့ အဂၤလန္မွာ ရွိေနၾကၿပီ”
“ေကာ္ဖီ ေသာက္မယ္၊ ပင္ပန္းတယ္” ဝမ္ေယာင္ခ်န္း ကေျပာလိုက္ရင္း ေဇာင္ယုဟြမ္ ဆီကို ပင္ပန္းသည့္ အၿပဳံးေလးကို ၿပဳံးျပလိုက္သည္။
လီဂ်င္းယြမ္ သည္အေစာပိုင္းက ေျဖခဲ့သည့္ အင္တာဗ်ဴးကို ထိန္းသိမ္းကာ ပုံမွန္ပင္ ေျပာလိုက္သည္။ “ဘလက္တီး”
ဟုန္ခ်န္းမင္း : “ေရ”
လင္းလန္ ကလွည့္ကာ သူ႔ကိုတစ္ခ်က္ၾကည့္ၿပီး ေျပာလိုက္သည္။ “ကြၽန္မအတြက္လည္း ေရပဲေပးပါ”
ဂူယူလင္း ကၿပဳံးကာ ေျပာလိုက္သည္။ “ေကာမိုင္က်ဲ နဲ႔အတူတူ ကြၽန္မကိုလည္း ဘလက္တီးပဲေပးပါ”
ယင္ခ်ီခ်ီ တစ္ေယာက္ကသာ ကိုးကိုးအပူကို မွာခဲ့သည္။
“ကိုယ္ မင္းနဲ႔သြားမယ္” ဟုန္ခ်န္းမင္း ကေျပာလိုက္ရင္း မတ္တပ္ရပ္လိုက္သည္။
“ကိုယ္လည္း လိုက္မယ္။ အဲ့ဒါေတြ အကုန္လုံးကို မင္းတို႔ႏွစ္ေယာက္တည္းနဲ႔ သယ္ႏိုင္မွာ မဟုတ္ဘူး” လီဂ်င္းယြမ္ ကသူ႔ဂ်က္ကပ္ကို ခ်လိုက္ၿပီး ေျပာလိုက္ကာ သူ႔အက်ႌလက္ကို ေခါက္တင္ၿပီး ထရပ္လိုက္သည္။
ဒီအခ်ိန္တြင္ တျခားသူ ဘယ္သူကမွ သူတို႔နဲ႔ မလိုက္ခ်င္ၾကေပ။ သူတို႔အားလုံးက ခရီးပန္းေနၾကသည္။ ကင္မရာကသာ လွည့္ပတ္႐ုိက္မေနဘူးဆိုရင္ သူတို႔က စကားတစ္လုံးေတာင္ ေျပာဖို႔အင္အားရွိမည္ မဟုတ္ေပ။
ေလဆိပ္တြင္ ေသာက္စရာ အားလုံးသည္ တူညီစြာ ျပင္ဆင္ထားၿပီး ေသာက္စရာ ႏွစ္ခုသယ္ေဆာင္ႏိုင္သည့္ ခြက္ေလးေတြရွိသည္။
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က တစ္ေယာက္ကို ခြက္ေလးခြက္ သယ္လာၿပီး ေဇာင္ယုဟြမ္ ကေတာ့ ေန႔လည္ခင္း လက္ဖက္ရည္အတြက္ ျပင္သစ္မုန႔္အခ်ိဳ႕ကို ဗန္းေလးနဲ႔ သယ္ယူလာခဲ့သည္။
လူတိုင္းက နားေနခန္းတြင္ ထိုင္ေနၾကၿပီး မုန႔္နဲ႔ေကာ္ဖီကို ေသာက္လိုက္ၾကသည္။ ထို႔ေနာက္ အရင္ကထက္ ပိုၿပီးေနလို႔ အဆင္ေျပလာၾကသည္။
ဝမ္ေယာင္ခ်န္း နဲ႔ ေကာမိုင္ တို႔သည္ ခ်ီက်ဴးျခင္းကို ႏွေျမာျခင္းမရွိေပ။ သူတို႔သည္ ေဇာင္ယုဟြမ္ အားခ်ီးက်ဴးတာကို မရပ္တန႔္ၾကေပ။
“ယုဟြမ္ ကအရမ္းကို ေထာက္ထားစာနာတတ္တာပဲ! အနာဂတ္မွာ ခရီးေတြသြားရင္ သူမကိုပါ ေခၚသြားခ်င္မိတယ္” ေကာမိုင္ ကအၿပဳံးေလးနဲ႔ ေျပာလိုက္သည္။
“ယုဟြမ္ ကဘယ္လိုေ႐ြးရမွန္း သိတယ္။ ဒီမုန႔္ေတြက အရမ္းစားေကာင္းတယ္။ မတ္လ ဒီကိုသူငယ္ခ်င္းေတြနဲ႔အတူတူ လာခဲ့တုန္းက ေန႔လည္ခင္း လက္ဖက္ရည္ကို ေသာက္ခဲ့တယ္။ မုန႔္ေတြအမ်ားႀကီးက တ႐ုတ္အႀကိဳက္နဲ႔ မကိုက္ညီဘူး” ဝမ္ေယာင္ခ်န္း ကေျပာလိုက္သည္။
ခ်ီးက်ဴးမႈၿပီးသြားၿပီး ယင္ခ်ီခ်ီ နဲ႔တျခားသူေတြ ေျပာဖို႔အခြင့္အေရး မရခင္ ေဇာင္ယုဟြမ္ ဖုန္းကျမည္လာခဲ့သည္။
“ယဥ္ေမာင္းေရာက္ေနၿပီ” ေဇာင္ယုဟြမ္ ေျပာလိုက္သည္။ “သြားရေအာင္”
လူတိုင္းက ပိုၿပီးအနားယူခဲ့ၾကၿပီးၿပီ။ အခုေတာ့ ပိုအဆင္ေျပသလို ခံစားရၿပီး သူတို႔ခရီးေဆာင္အိတ္ေတြနဲ႔အတူ ေလွ်ာက္ၾကဖို႔ အဆင္သင့္ ျဖစ္ေနၾကသည္။
သူတို႔ခရီးေဆာင္အိတ္မ်ားကို ကားထဲတြင္ ေနရာခ်ၿပီးေနာက္ ကားႏွစ္စီးခြဲကာ သူတို႔တည္းမဲ့ ဟိုတယ္ဆီကို ဦးတည္သြားလိုက္ၾကသည္။အားလုံးကားထဲသို႔တပ္ဆင္ၿပီးသည့္ေနာက္၊ သူတို႔ႏွစ္ေယာက္ကားမ်ားကို ခြဲ၍ သူတို႔သြားလိုသည့္ဟိုတယ္သို႔ ဦး တည္သြားခဲ့သည္။
ဟိုတယ္သည္ သြားလာရ အဆင္ေျပသည့္ ေနရာတြင္ တည္ရွိၿပီး အဂၤလိပ္နန္းေတာ္၏ ထူးျခားေသာ အလွဆင္မႈ ရွိသည္။ ယင္ခ်ီခ်ီ သည္အတြင္းထဲကို ေလွ်ာက္သြားရင္း အလွဆင္ထားသည့္ ပုံစံေတြေၾကာင့္ အံ့အားသင့္သြားသည္။
သူမက ေမာ္ဒယ္လ္ ေပါက္စေလး တစ္ေယာက္သာ ျဖစ္ၿပီး အရင္တုန္းက ဒီလိုလွပသည့္ ဟိုတယ္မ်ိဳးတြင္ တည္းခိုျခင္းမရွိခဲ့ဖူးေပ။ ႏိုင္ငံျခားရွိ လွပေသာ ဟိုတယ္မ်ားသည္ ေဒၚလာေထာင္ႏွင့္ခ်ီသည္ကုိသာ စိတ္ထဲမွတ္ထားခဲ့သည္။
“ဒီဟိုတယ္က ေစ်းႀကီးလား?” ယင္ခ်ီခ်ီ ကေမးလိုက္သည္။
“ကြၽန္မတို႔ ဒစ္စေကာင့္ရတယ္” ေဇာင္ယုဟြမ္ ေျပာလိုက္သည္။
ယင္ခ်ီခ်ီ ကေတာ့ မယုံၾကည္ေပ။
သူမသည္ ေဇာင္ယုဟြမ္ အေပၚအျမင္မၾကည္ဖို႔ ရည္႐ြယ္ထားျခင္း မဟုတ္ေပမဲ့ ေဇာင္ယုဟြမ္ ဆီမွထြက္လာသမွ် အရာအားလုံးသည္ အတုအေယာင္ေတြလို႔သာ ခံစားမိေနသည္။ ဒီအပိုင္းလႊင့္ၿပီးရင္ ပရိသတ္ေတြက ဆက္ၿပီးေတာ့ သူမကို မ်က္ကြယ္ျပဳထားၾကမွာ မဟုတ္ေတာ့ဘူး။
“ဒီလိုဟိုတယ္တစ္ခုက ေစ်းေလွ်ာ့ေပးမွာလား? ဒါက ဘယ္လိုမ်ိဳး ေစ်းသိပ္မႀကီးတာလဲ?” ယင္ခ်ီခ်ီ ကစိတ္လႈပ္ရွားစြာ ေမးလိုက္သည္။ “ကြၽန္မတို႔မွာ ေငြဘယ္ေလာက္ က်န္ေသးလဲ?”
“ကြၽန္မတို႔မွာ ေဒၚလာ ၃၀၀၀ နဲ႔ေပါင္ ၁၀၀၀ က်န္ေသးတယ္…” ေဇာင္ယုဟြမ္ ကေရ႐ြတ္လိုက္သည္။
ယင္ခ်ီခ်ီ ကရယ္ကာ ေျပာလိုက္သည္။ “ဒါက မယုံႏိုင္စရာပဲ။ ကြၽန္မတို႔က ဘာမွသိပ္မသုံးထားပုံေပၚေနတယ္။ ကြၽန္မတို႔ေရာက္မွ ဒီဟိုတယ္အတြက္ ေပးေခ်ရတာလား?”
“ဒီဟိုတယ္က ဘိုကင္လုပ္ဖို႔ အရမ္းခက္တယ္၊ ဒါေၾကာင့္ ကြၽန္မ ကိုယ္ပိုင္ကဒ္ကို သုံးခဲ့တယ္။ ေနာက္က်ရင္ ထုတ္လုပ္ေရးအဖြဲ႕က ကြၽန္မကို ျပန္ေပးလိမ့္မယ္”
အံ့အားသင့္သြားၿပီး ယင္ခ်ီခ်ီ ေမးလိုက္သည္။ “ဒါက စည္းကမ္းေတြကို ဆန႔္က်င္ေနတာ မဟုတ္ဘူးလား?”
“ကြၽန္မတို႔က ေငြပမာဏကို ခ်မွတ္ထားၿပီးသား၊ ဒါေၾကာင့္ စည္းမ်ဥ္းေတြကို ဆန႔္က်င္ေနတာ မဟုတ္ဘူး”
ခရီးသြားခ်ိန္မွာ ဘယ္နာမည္ႀကီး သ႐ုပ္ေဆာင္က ခံစားခ်င္မွာလဲ? ေသခ်ာေပါက္ကို ေကာင္းတဲ့ေနရာေတြမွာ ေနခ်င္ၾကမွာပဲေလ။
ဒီတစ္ႀကိမ္တြင္ ေဇာင္ယုဟြမ္ ကဘိုကင္လုပ္ထားခဲ့သည္။ အခန္းသုံးခန္းနဲ႔ ဧည့္ခန္းတစ္ခန္း ရွိသည္။ သူတို႔ ၈ ေယာက္လုံး အတူတူ ေနလို႔ရသည္။
လူတိုင္းက သူတို႔အခန္းေသာ့နဲ႔အတူ အေပၚထပ္ကို တက္သြားၾကၿပီး အခန္းထဲကို ေလွ်ာက္ဝင္လိုက္ခ်ိန္တြင္ ေျပာစရာ စကားမဲ့သြားၾကသည္။
ဟိုတယ္ရဲ႕ အလွဆင္မႈသည္ ၿဗိတိန္ရဲ႕ ၿပီးခဲ့သည့္ ရာစုစတိုင္ကို အေတာ္ေလး အမွီျပဳထားသည္။ ပထမဆုံး အၾကည့္နဲ႔တင္ ထိုေနရာရဲ႕ လွပၿပီး ႏွစ္လိုဖြယ္ေကာင္းမြန္မႈေၾကာင့္ လူတိုင္းေပ်ာ္႐ႊင္သြားၾကသည္။ အထူးသျဖင့္ ယင္ခ်ီခ်ီ လိုတစ္စုံတစ္ေယာက္က ကင္မရာေရွ႕တြင္ အျပည့္အဝကို ကစားျပခဲ့သည္။
ထို႔ေနာက္ အခန္းမ်ား ခြဲေဝဖို႔ အခ်ိန္ျဖစ္သည္။
အခန္းေတြခြဲၿပီးေနာက္ မိန္းကေလးမ်ားသည္ ပို၍ေပ်ာ္႐ႊင္ခဲ့ၾကသည္။ သူတို႔က ဒီေနရာကို အေတာ္ေလး သေဘာက်ေနၾကသည္။
ေဇာင္ယုဟြမ္ ကထုိအခ်ိန္တြင္ သူမအစီစဥ္အား လူတိုင္းကို ကမ္းေပးလိုက္သည္။ “တစ္ခ်က္ေလာက္ ၾကည့္ေပးၾကပါဦး။ ဒီေနရာမွာ ဘယ္ေနရာကို အလည္သြားခ်င္လဲ၊ မသြားခ်င္လဲဆိုတာကို ေျပာျပေပးပါ။ အခုအခ်ိန္ စီစစ္ဖို႔အတြက္ ျပင္ဆင္တာေတြ လုပ္လို႔ရတယ္”
ေကာမိုင္ ကအလ်င္အျမန္ တစ္ခ်က္ၾကည့္လိုက္ၿပီး ေလးစားသြားခဲ့သည္။ “ဒါက…. အရမ္းကို ေကာင္းတာပဲ….”
ခရီးစဥ္အေပၚတြင္ သူတို႔ေတြ သြားေရာက္ၾကမည့္ ေနရာမ်ားအတြက္ ရွင္းရွင္းလင္းလင္း စာရင္းျပဳစုထားၿပီး သူတို႔စီးရမည့္ ယာဥ္အမ်ိဳးအစား၊ အစားအေသာက္အတြက္ ဘယ္ဆိုင္တြင္ ဝယ္ယူသင့္လဲ ဆိုတာေတြကပါအစ ထည့္သြင္းထားသည္။ အရာအားလုံးက အေသးစိတ္က်သည္။
ဒါက ယင္ခ်ီခ်ီ နဲ႔ လင္းလန္ တို႔သည္ အဂၤလန္ကို ပထမဆုံးအႀကိမ္ ေရာက္ဖူးၾကတာ ျဖစ္သည္။
သူတို႔ထဲက ဘယ္သူကမွ မွတ္ခ်က္မေပးရင္ တျခားသူေတြလည္း ေပးမွာမဟုတ္ေပ။ ထို႔ေၾကာင့္ အစီစဥ္က အၿပီးသတ္ခဲ့သည္။ ခရီးသြားအေနျဖင့္ Hyde Park ကိုအလည္သြားၿပီး လက္ဖက္ရည္ ေသာက္သင့္သည္။ ထို႔ေနာက္ သူတို႔က စိန႔္ေပါဘုရားေက်ာင္းမွတဆင့္ သိမ္းျမစ္မွ ဘထိုေလွကိုစီးခဲ့ၾကသည္။
(Hyde park)
(Bateaux on the Thames)
(အသံထြက္ကေတာ့ google ကေနအနီးကပ္ဆုံး ေရးေပးထားတာပါ)
“ခရီးသြားဓာတ္ပုံေတြ ႐ိုက္ခ်င္ၾကလား?” ေဇာင္ယုဟြမ္ ေမးလိုက္သည္။
ေကာမိုင္ နဲ႔တျခားသူေတြက အခ်ိန္တစ္စကၠန႔္ေလာက္ ၿငိမ္သက္သြားၾကၿပီး သူမဘာကို ဆိုလိုသည္ကို မသိခဲ့ၾကေပ။
“ရွင္တို႔အားလုံး ဓာတ္ပုံ႐ိုက္ခ်င္ရင္…” ေဇာင္ယုဟြမ္ သည္မတ္တပ္ရပ္လိုက္ၿပီး သူမ ခရီးေဆာင္အိတ္ကို ဆြဲယူလိုက္သည္။ သူမနဲ႔အနီးဆုံးရွိသည့္ လီဂ်င္းယြမ္ ကအလ်င္အျမန္ပင္ သူမခရီးေဆာင္အိတ္ကို ဆြဲယူလိုက္ၿပီး ၾကမ္းျပင္တြင္ ခ်ေပးလိုက္သည္။
ေဇာင္ယုဟြမ္ ကဖြင့္လိုက္တာေၾကာင့္ အထဲတြင္ ဘာေတြပါလဲဆိုတာကို တျခားသူေတြ ျမင္ႏိုင္သည္။
အကုန္လုံးက အဝတ္အစားေတြျဖစ္သည္။ ဂ႐ုတစိုက္ ၾကည့္မယ္ဆိုရင္ တ႐ုတ္႐ိုးရာ ဝတ္စုံေတြဆိုတာကို ေတြ႕ႏိုင္သည္။
“႐ိုးရာဝတ္စုံ တစ္စုံေလာက္ ယူခ်င္လား? ကြၽန္မနဲ႔အတူ နည္းနည္းေတာ့ ယူလာခဲ့တယ္”
TV ရႈိးပြဲရဲ႕ ပ်င္းရိစရာ မေကာင္းေစရန္ ရည္႐ြယ္ခ်က္ျဖင့္ ေဇာင္ယုဟြမ္ ကေတြးေတာကာ သူမနဲ႔အတူ အဝတ္အစားေတြကို သယ္လာခဲ့တာ ျဖစ္သည္။
ေကာမိုင္ နဲ႔တျခားသူေတြက ထပ္ၿပီးတိတ္ဆိတ္သြားၾကျပန္သည္။
ေကာမိုင္ ကအရင္ဆုံး သူမစိတ္ကို ျပန္စုစည္းႏိုင္ၿပီး ေျပာလိုက္သည္။ “အင္း။ တစ္စုံေလာက္ ငွားပါ”
ဂူယူလင္း ကၿပဳံးကာ ေျပာလိုက္သည္။ “႐ိုက္ကူးေရးမွာ ဒီလိုအဝတ္အစားမ်ိဳး ကြၽန္မ တစ္ခါမွ မဝတ္ဖူး။ အထူးသျဖင့္ ဒီလိုခရီးသြားခ်ိန္မွာ။ ကြၽန္မကို ေက်ာ္လိုက္”
ယင္ခ်ီခ်ီ သည္အနည္းငယ္ ေသြးေဆာင္ခံရေပမဲ့ သူမဘာသာ ျပင္ဆင္ထားခဲ့သည့္ အဝတ္အစားအားလံုးကို ျပန္စဥ္းစားလိုက္သည္။ ေဇာင္ယုဟြမ္ ဆီကငွားဝတ္ဖို႔ မလိုအပ္ေပ။
လင္းလန္ ႏွင့္ ယင္ခ်ီခ်ီ တို႔ႏွစ္ေယာက္ကလည္း ျငင္းလိုက္ၾကသည္။
ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္ၿပီး ေကာမိုင္ ဆီသို႔ အဝတ္တစ္စုံ ကမ္းေပးလိုက္သည္။
သူတို႔ၿပီးသြားၿပီးေနာက္ ဟိုတယ္တြင္ ညစာစားရန္ ထြက္ခြာခဲ့ၾကသည္။
သူတို႔ရဲ႕ စားေသာက္ဆိုင္ကိုေတာင္ ႀကိဳတင္ဘိုကင္ လုပ္ထားသည္။ အဂၤလိပ္ အစားအစာကို ဘယ္သူမွ စိတ္မဝင္စားေသာ္လည္း သူတို႔က အေရာင္အေသြးစံုလင္တဲ့ စားေသာက္ဆိုင္တစ္ခုကို ေ႐ြးခ်ယ္ေနဆဲျဖစ္သည္။
ဝန္ထမ္းက သူတို႔ကို ထိုင္ခုံေနရာကို ျပသခဲ့ၿပီး လူတိုင္းက မွာဖို႔အတြက္ မီႏူးကို လွန္လိုက္ခ်ိန္တြင္ တစ္စုံတစ္ေယာက္က သူတို႔အနားကို ျမန္ျမန္ေလွ်ာက္လာၿပီး သာယာဖြယ္အသံျဖင့္ စကားေျပာလိုက္သည္။ “မစၥေဟလို႔စ္စီ!”
လူတိုင္းက ေမာ့ၾကည့္လိုက္ၾကၿပီး အရပ္ျမင့္ေသာ အဂၤလိပ္လူတစ္ေယာက္က သူတို႔ဆီ ေလွ်ာက္လာတာကို ေတြ႕လိုက္ရသည္။ သူက ဝတ္စုံကို ဝတ္ဆင္ထားၿပီး ရင္ဘတ္တြင္ နာမည္ကဒ္ကို တပ္ဆင္ထားသည္။ သူေလွ်ာက္လာခ်ိန္တြင္ သူ႔အား တျခားဝန္ထမ္းေတြက ဦးၫႊတ္လိုက္ၾကသည္။
ေဇာင္ယုဟြမ္ ကေျဖးညႇင္းစြာ မတ္တပ္ရပ္လိုက္ၿပီး သူ႔ကို ေပြ႕ဖက္လိုက္သည္။ ထိုသူသည္ ဝန္ထမ္းဘက္ကို လွည့္လိုက္ၿပီး ဝိုင္နီကို ယူလိုက္သည္။
ထိုလူက ေဘးပတ္လည္က ကင္မရာမန္းေတြကို ၾကည့္ကာ ေမးလိုက္သည္။ “႐ိုက္ကူးေရးလား?”
ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္သည္။ “ဟုတ္တယ္၊ ကြၽန္မတို႔ အေစာပိုင္းက ရွင့္ဆီကို သတင္းပို႔ခဲ့တယ္”
“အာ၊ အဲ့ဒီ့ တ႐ုတ္ TV ရႈိးက ႐ိုက္ကူးေရးအဖြဲ႕လား? မင္းလဲပါမယ္လို႔ မထင္ထားခဲ့ဘူး”
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔မွလြဲၿပီး ေဇာင္ယုဟြမ္ ကအဂၤလိပ္လူႏွင့္ စကားေျပာေနသည္ကို လူတိုင္းက အံ့ဩစြာ ၾကည့္ေနၾကသည္။ သူမသည္ အဂၤလိပ္စကားကို ကြၽမ္းကြၽမ္းက်င္က်င္ ေျပာဆိုေနသည္။ သူတို႔အားလုံးကေတာ့ စကားလုံးအနည္းငယ္ကိုသာ နားလည္လိုက္ၾကသည္။
သိပ္မၾကာခင္ ထိုလူသည္ ထြက္သြားခဲ့သည္။
ထို႔ေနာက္ သူတို႔မွာထားသည့္ ဟင္းပြဲအနည္းငယ္ကို ထပ္မံရရွိသည္။ ဝန္ထမ္းက တ႐ုတ္စကားျဖင့္ ေျပာလိုက္သည္။ “ဟင္းလ်ာအသစ္။ စားဖိုမႉးအသစ္ မိုက္ခ်ယ္လင္း” ထို႔ေနာက္ အဂၤလိပ္လိုျဖင့္ “မစၥေဟ့လို႔စ္စီအတြက္”
ထိုအေၾကာင္းက ဘာပဲျဖစ္ျဖစ္ ဟုန္ခ်န္းမငိး ဂ႐ုမစိုက္ေပ။ “အဲ့ဒါ ဘယ္သူလဲ?” သူေမးလိုက္သည္။
“လန္ဒန္ ရဲ႕အစ္ကို။ ငါတို႔ အရင္က အႀကိမ္နည္းနည္းေတြ႕ဖူးၾကတယ္”
“လန္ဒန္”ဆိုသည့္ လူအေၾကာင္းကို လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကသူတို႔ မွတ္ဉာဏ္ထဲတြင္ ရွာေဖြလိုက္ၾကၿပီး သူတို႔မ်က္ႏွာေတြက အညိဳပုတ္ေရာင္အျဖစ္ ေျပာင္းလဲသြားၾကသည္။
လန္ဒန္။ သူက သူ႔အခ်စ္ကို ဟြမ္ဟြမ့္ ကိုဝန္ခံခဲ့တဲ့ အဂၤလိပ္ေကာင္ေလးမလား? ဟြမ္ဟြမ္ ကသူ႔အစ္ကိုနဲ႔ေတာင္ ေတြ႕ၿပီးသြားၿပီ?
“ဟြမ္ဟြမ္ က လန္ဒန္ နဲ႔အဆက္အသြယ္ရွိေသးတာလား?” ဟုန္ခ်န္းမင္း ေမးလိုက္သည္။
ေဇာင္ယုဟြမ္ ကေခါင္းညိတ္ကာ ေျပာလိုက္သည္။ “ရွိတယ္”
(ကိုကိုေတြ ေသြးတက္ၿပီ 😂😂)
ဟုန္ခ်န္းမင္း ရဲ႕ပါးစပ္က တင္းတင္းေစ့သြားခဲ့သည္။
လီဂ်င္းယြမ္ ရဲ႕ပုံစံက အနည္းငယ္ ထူးဆန္းသြားေပမဲ့ သူ႔စိတ္ခံစားခ်က္ကို ေကာင္းေကာင္း ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။ သူက ၿပဳံးကာ ေျပာလိုက္သည္။ “အရင္ဆုံး ညစာစားရေအာင္။ ၿပီးရင္ ျပန္ၿပီးအနားယူၾကမယ္”
ဘာျဖစ္ေနမွန္းမသိပဲ လူတိုင္းက ရႈပ္ေထြးသြားခဲ့ၾကသည္။
ေဇာင္ယုဟြမ္ သည္ထင္သေလာက္ မ႐ိုးရွင္းဘူးဆိုတာကို ေကာမိုင္ ခံစားမိေနသည္….
သူတို႔မသိတဲ့ အရာေတြက စတင္လာခဲ့သည္။
ေဇာင္ယုဟြမ္ သည္ထိုေနရာတြင္ ႏွစ္အတန္ၾကာ ေနထိုင္ခဲ့ၿပီး လူမ်ားစြာကို သိခဲ့သည္။ သူမတြင္ အလြန္အားေကာင္းသည့္ လူမႈကြန္ယက္ရွိသည္။ သူမသည္ တျခားသူမ်ားႏွင့္ ရင္းႏွီးခ်င္မွ ရင္းႏွီးလိမ့္မည္။ သို႔ေသာ္ သူတို႔အားလုံးသည္ သူမအေပၚ ေကာင္းမြန္ေသာ အထင္အျမင္ရွိၾကၿပီး သူမႏွင့္ မိတ္ေဆြျဖစ္လိုၾကသည္။ သူတို႔သည္ တစ္ေယာက္နဲ႔ တစ္ေယာက္ ေတြ႕ဆုံခ်ိန္ၾကရင္ အေျပးလာကာ ႏႈတ္ဆက္ၾကသည္။
ေဇာင္ယုဟြမ္ ကအမ်ားႀကီး မစားခဲ့ေပ။ သူမသည္ ထိုေနရာတြင္ ေနထိုင္ခ်ိန္တုန္းက အဂၤလိပ္ အစားအစာကို အနည္းငယ္သာ စားခဲ့သည္။ ႏွစ္ၾကာခဲ့တာေတာင္ သူတို႔အေပၚ သူမစိတ္ဝင္စားမႈက မတိုးတက္လာခဲ့ေပ။ လီဂ်င္းယြမ္ ကတိတ္ဆိတ္စြာ ၾကည့္ေနခဲ့သည္။
လူတိုင္း စားေသာက္ၿပီးသည္ႏွင့္ ေဇာင္ယုဟြမ္ ကေငြရွင္းလိုက္သည္။
“ကြၽန္မတို႔ ဒစ္စေကာင့္ရတယ္” ေဇာင္ယုဟြမ္ ကအၿပဳံးေလးနဲ႔ ေျပာလိုက္သည္။
ယင္ခ်ီခ်ီ ကမထိန္းခ်ဳပ္ႏိုင္စြာျဖင့္ ေမးလိုက္သည္။ “ကြၽန္မတို႔သြားတဲ့ေနရာတိုင္း တကယ္ပဲ ဒစ္စေကာင့္ရတာပဲ”
ေဇာင္ယုဟြမ္ ကပုခုံးတြန႔္လိုက္သည္။
ဟိုတယ္ကို ျပန္ေရာက္ၿပီး မိန္းကေလးေတြက မိတ္ကပ္ဖ်က္ဖို႔ကို မေလာၾကေပ။
လီဂ်င္းယြမ္ ကေအာက္ထပ္ကို ဆင္းသြားခဲ့သည္။ သူျပန္လာခ်ိန္တြင္ လွ်ပ္စစ္မီးဖိုႏွင့္ ဒယ္အိုးပါလာခဲ့သည္။
ဂူယူလင္း ကသိခ်င္စိတ္ျပင္းစြာျဖင့္ ေမးလိုက္သည္။ “လီဂ်င္းယြမ္ ဘာလုပ္ေနတာလဲ?”
လီဂ်င္းယြမ္ သည္သူ႔အက်ႌလက္ကို ေခါက္တင္လိုက္ၿပီး ေျပာလိုက္သည္။ “ေဇာင္ယုဟြမ္ ကအမ်ားႀကီး မစားခဲ့ဘူး။ သူမအတြက္ မုန္႔လုပ္ေပးမလို႔”
ထိုစကားတြင္ သတင္းအခ်က္အလက္ေတြ အမ်ားႀကီး ရွိသည္။ ဂူယူလင္း မ်က္လုံးျပဴးသြားသည္။ ေနာက္ဆုံးေတာ့ သူမျမည္တမ္းလိုက္သည္။ “ဘယ္လိုခ်က္ျပဳတ္ရလဲဆိုတာ လီဂ်င္းယြမ္ သိလို႔လား?”
“အင္း၊ သိတယ္။ အရင္တုန္းက ေလ့လာဖို႔ ႀကိဳးစားခဲ့တယ္”
လီဂ်င္းယြမ္ ကထိုအေၾကာင္းကို ေျပာလိုက္ၿပီး လွည့္လိုက္ၿပီး ဆိုဖာေပၚတြင္ တစ္ဖက္ကိုမွီကာ ထိုင္ေနသည့္ ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္သည္။
အခုအခ်ိန္တြင္ ဟုန္ခ်န္းမင္း ကသူ႔ဂ်ာကင္ကို ခြၽတ္လိုက္ၿပီး သူ႔အက်ႌလက္ကိုလည္း ေခါက္တင္ၿပီးၿပီျဖစ္သည္။ ရင့္က်က္သည့္ ေယာက်ၤားတစ္ေယာက္ရဲ႕ ပုံစံက ေပ်ာက္ကြယ္သြားၿပီး အခုေတာ့ စိတ္အားထက္သန္ၿပီး အေတြ႕အႀကဳံ နည္းနည္းသာရွိပုံကို ျမင္ေနရသည္။
“ငါ့ကိုဓားေပး။ ငါလီွးေပးမယ္” ေျပာလိုက္သည္။
လီဂ်င္းယြမ္ ကသူ႔ကို လႊဲေပးလိုက္သည္။
သူတို႔ႏွစ္ေယာက္က ႏွစ္ေယာက္ေပါင္း လုပ္ကိုင္ေနတာက ကြၽမ္းဝင္ေနတာလဲလို႔ ဂူယူလင္း ေတြးေတာလိုက္သည္။
ထိုပုံစံက သူတို႔ႏွစ္ေယာက္က တစ္စုံတစ္ေယာက္အတြက္ ခ်က္ျပဳတ္ေပးဖို႔ အႀကိမ္အေတာ္မ်ားမ်ား အတူတူ လုပ္ခဲ့ပံုေပၚသည္။
သူတို႔က နာရီဝက္ခန႔္ ခ်က္ျပဳတ္ေနၾကၿပီး မီးဖိုမွ ေအ႐ိုးမားမုန႔္က ရလာခဲ့သည္။
ေဇာင္ယုဟြမ္ သည္မစဥ္းစားပဲ ေမာ့ၾကည့္လိုက္သည္။ “ရွင္တို႔ႏွစ္ေယာက္ ဘာလုပ္ေနၾကတာလဲ?”
ဟုန္ခ်န္းမင္း ကလက္ထဲတြင္ ေအပ႐ြန္ကိုကိုင္ကာ ေလွ်ာက္သြားလိုက္သည္။ ေဇာင္ယုဟြမ္ အနားကိုေရာက္ခ်ိန္တြင္ နည္းနည္းငုံ႔လိုက္ကာ ေဇာင္ယုဟြမ္ အားေအပ႐ြန္ကို ဝတ္ေပးလိုက္သည္။
သူမကို ေအပ႐ြန္ ဝတ္ေပးခ်ိန္တြင္ သူ႔လက္ေတြက ေဇာင္ယုဟြမ္ ရဲ႕ခါးပတ္လည္တြင္ ရွိေနသည္။
“မုန႔္နည္းနည္းရွိတယ္။ ဟြမ္ဟြမ့္ အဝတ္ေတြကို မညစ္ပတ္ေစခ်င္ဘူး”
ဂူယူလင္း ေတာင္မနာလိုျဖစ္သြားသည္။
သူက ဘယ္လိုေတာင္ စဥ္းစားေပးႏိုင္ရတာလဲ?
ဒါက ဘယ္လိုရႈိးပြဲမ်ိဳးလဲ?
8.11.2020 (Sun)
……………………..
[text_hash] => 96db9534
)