ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 60❇️ လန်ဂျင်းဇီ ရဲ့ညီမ‌လေး
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 60❇️ လန်ဂျင်းဇီ ရဲ့ညီမ‌လေး

Array
(
[text] =>

<Unicode>

လန်ဂျင်းဇီ ရဲ့ညီမလေး

အတွင်းရေးမှူးချန်း က လန်ဂျင်းဇီ ကိုမပြောခင်အထိ “အချိန်ခရီးသွားခြင်း” အကြောင်းကို မသိခဲ့ပေ။ သူထိုညက အိမ်ကို ပြန်ရောက်ချိန်တွင် အနည်းငယ် တွေးတောလိုက်ပြီး သူ့ကွန်ပျူတာကို ဖွင့်လိုက်သည်။

နှစ်ကုန်ခါနီးတာ‌ေကြာင့် သူအလုပ်များနေသည်။ ဇောင်ယုဟွမ် နဲ့တွေ့ဖို့ မပြောနဲ့ ဖုန်းနဲ့တောင် သိပ်စကားမပြောဖြစ်ကြပဲ စာသာပို့ခဲ့ကြသည်။

ထိုအကြောင်းကို စဉ်းစားကြည့်ရင်း လန်ဂျင်းဇီ သည်စိတ်ပျက်သလို ခံစားလိုက်ရသည်။ သူမက ရိုက်ကူးရေးကို သွားပြီးပြီဖြစ်ကြောင်း သိလိုက်ပြီးနောက် အနည်းငယ် ပိုကောင်းသွားသလို ခံစားလိုက်ရသည်။

လန်ဂျင်းဇီ သည်ရှိုးပွဲအမည်ကို ရိုက်ရှာလိုက်ပြီး ဗီွဒီယိုချန်နယ်ကိုနှိပ်ကာ TV ရှိုးကို ကြည့်လိုက်သည်။

အလုပ်အတွက် မဟုတ်ပဲ ဖျော်ဖြေရေးအကြောင်း သိရဖို့အတွက် ကွန်ပျူတာကို အသုံးပြုတာ ပထမဆုံးအကြိမ် ဖြစ်သည်။

လန်ဂျင်းဇီ သည်အခုလိုမျိုး ရှိုးပွဲအကြောင်းတွေကို အရင်တုန်းက တစ်ခါမှ မကြည့်ခဲ့ဖူးပေ။ အစပိုင်းကတည်းက မျက်မှောင်ကြုတ်လိုက်ပြီး ဇောင်ယုဟွမ် ကကင်မရာရှေ့ မပေါ်လာခင်အထိ မျက်မှောင်ကြုတ်ထားတာကို မဖြေပေ။ သူကြည့်ပြီးမှ စိတ်ကျေနပ်သွားသည်။ ဒီမြင်ကွင်း‌ေတွကနေ ဇောင်ယုဟွမ် ရဲ့တခြားတစ်ဖက်ကို သူမြင်နိုင်ခဲ့သည်။

သူသတိမထားမိပဲ မော့လိုက်ပြီး အချိန်ကို ကြည့်လိုက်ချိန်တွင် ည ၁၁ း ၁၁ ရှိနေပြီဖြစ်သည်။ ဒါကတောင် ရှားပါးသည်။

သူ့တွင် ကိုယ်ပိုင်စည်းမျည‌်းတွေ ရှိသည်။ အိပ်ရာစောစောဝင်ပြီး မနက်စောစောထသည်။ သူ ဒင်ချွေ့ယွဲ့ မှထွက်ခွာသွားခဲ့သည့် နှစ်အနည်းငယ်အတွင်း သူ့စည်းမျည်းအတိုင်း မလိုက်နာခဲ့ရင် စိုးရိမ်စိတ်ကိုပင် ဖြစ်ပေါ်စေသည်။ အခုတော့ သူပိုကောင်းလာခဲ့သည်။

ကွန်ပျူတာကို ပိတ်လိုက်ပြီးနောက် လန်ဂျင်းဇီ သည်ရေချိုးခန်းသို့ သွားခဲ့သည်။ သူလမ်းလျှောက်နေရင်း နည်းနည်းစဉ်းစားပြီး ဖုန်းကိုကောက်ယူလိုက်သည်။

သူ့ WeChat ကအလုပ်တွင် ဆက်သွယ်ဖို့သာ အသုံးပြုခဲ့သည်။ သူငယ်ချင်း စက်ဝိုင်းကို စတင်ကတည်းက အချို့တရားဝင် ကြေညာချက်များကိုသာ တင်ခဲ့ပြီး အခြားဘာကိုမှ မတင်ခဲ့‌‌ေပ။

သို့သော် ဒီနေ့တွင် သူ့သူငယ်ချင်း စက်ဝိုင်းတွင် နောက်ထပ် အကြောင်းအရာတစ်ခု ထပ်ထည့်ထားခဲ့သည်။

“ငါ့ညီမလေးက ပထမဆုံးအကြိမ် ရှိုးပွဲတီဗွီအစီအစဉ် ‘အချိန်ခရီးသွားခြင်း’ ကိုသွားခဲ့တယ်။ မင်းရဲ့ထောက်ခံမှုကို တန်ဖိုးထားပါတယ်။ [ရုပ်ပုံ]”

လန်ဂျင်းဇီ သည်ပို့စ်တင်ပြီး‌ေနာက် ရေချိုးပြီးအိပ်ရန်အဆင်သင့် ဖြစ်နေသည်။ သို့သော် သူငယ်ချင်း စက်ဝိုင်းတွင် ပေါက်ကွဲနေခဲ့သည်။

ထိုအချိန်တွင် လူများစွာက နိုးနေဆဲဖြစ်ပြီး လန်ဂျင်းဇီ ရဲ့ပို့စ်ကို မြင်သောအခါ သူတို့သည် မှားယွင်းစွာ မြင်မိသည်ဟု ထင်ခဲ့ကြသည်။ သူတို့ဟာ ပို့စ်ကိုနှိပ်ကြည့်လိုက်ပြီး အကြိမ်ကြိမ် ကြည့်ပြီးမှသာ လန်ဂျင်းဇီ ရဲ့ပို့စ်ဆိုတာ သေချာသွားခဲ့ကြသည်။

လူတိုင်းက လင့်ခ်ကိုမဝင်ပဲ လိုက်ခ်‌ေတာင်မပေးကြသေးပေ။

[သေချာပေါက် ငါစောင့်ကြည့်‌ေနမယ်!]

[အနားယူပါ! သေချာပေါက်ကို ငါထောက်ပံ့ပေးမှာပါ!]

……

ထိုတင်မကပဲ သူတို့အားလုံးက ထိုပို့စ်ကို ပြန်တင်ကြပြီး ရုတ်တရက်ပဲ ဟိုက်မြို့တော်က စီးပွားရေးသမားများသည် လန်ဂျင်းဇီ ရဲ့ညီမလေးအကြောင်းကို စပ်စုခဲ့ကြသည်။ သူတို့အားလုံးက ရှိုးပွဲရဲ့အဆင့်ကို မြှင့်တင်‌ေပးချင်ကြပြီး သူတို့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့တောင် ကြည့်ခဲ့ကြသည်။

ဒါကအစဆိုတာကို ထိုလူတွေက မသိကြပေ။

ထိုအချက်မှစ၍ လန်ဂျင်းဇီ ရဲ့သူငယ်ချင်း စက်ဝိုင်းသည် တိုးများလာပြီး ဇောင်ယုဟွမ် အားချီးမြှောက်ရန်နဲ့ အာရုံစိုက်ဖို့အတွက် အရှေ့ဆုံးမှ ရှိနေခဲ့ကြသည်။

*****

အင်တာနက်တွင် အင်တာနက် အသုံးပြုသူများသည် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ဇောင်ယုဟွမ် ကိုချစ်မြတ်နိုးလား၊ ဝမ်ယောင်ချန်း ကကော အဲ့လိုမျိုး တူညီတဲ့ခံစားချက်တွေ ရှိနေတာလား၊ ဂူယူလင်း က‌တစ်စုံတစ်ယောက်နဲ့ စုံတွဲဖြစ်ချင်နေတာလား၊ ယင်ချီချီ ကကော ရူးသွပ်နေတာလား ဆုိတာကို အသေးစိတ် အချက်အလက်တိုင်း လေ့လာနေခဲ့သည်…

ကောမိုင် နဲ့ လင်းလန် ကတော့ သူတို့စကားဝိုင်းတွင် အပြောခံရသည့် အနည်းဆုံးသူတွေအဖြစ် သတ်မှတ်ခဲ့ကြသည်။

ဒါကို ပိုပြီးအာရုံစိုက်ကြည့်ရင် ဇောင်ယုဟွမ် သည်ဒီရှိုးပွဲရဲ့ အာရုံစိုက်မှု အများဆုံး ရရှိထားသူဖြစ်သည်။ ဆွေးနွေးမှု အားလုံးနီးပါးက သူမနှင့်ပတ်သက်‌ေနသည်။ နောက်ပိုင်းတွင် လင်းလန် ကဒေါသထွက်မယ်လို့ ဇောင်ယုဟွမ် ထင်ခဲ့သည်။

ဘာပဲဖြစ်နေပါစေ၊ ဖြစ်တာက ဖြစ်ခဲ့သည်။ လင်းလန် ကသူမကို ရန်သူလို သတ်မှတ်လားဆိုတာကို ဇောင်ယုဟွမ် ထပ်တွေးမနေတော့‌ေပ။

ကိစ္စတွေက သိပ်မဆိုးခဲ့ဘူး။ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နှစ်ယောက်လုံးကလည်း သူမဘက်မှာပဲ ရှိနေကြသည်။ ဘာကိုမှ စိုးရိမ်နေစရာ မလိုဘူး!

ဒီလိုနဲ့ပဲ ဒုတိယအပိုင်းက စတင်လာခဲ့သည်။

အစ်မရန်က ရှိုးပွဲအစရဲ့ တုန့်ပြန်မှုကို သိချင်တာကြောင့် ဒုတိယပိုင်းကို မစတင်သေးတာ ဖြစ်သည်။ အခုတော့ သူတို့က တုန့်ပြန်ချက်တွေကို ရပြီဖြစ်တာကြောင့် ဒုတိယပိုင်းကို မြန်မြန်စတင်နိုင်ရန် ပြင်ဆင်ကြလေသည်။

ဒုတိယပိုင်းရဲ့ တည်နေရာသည် အင်္ဂလန်မှာ နေရာချထားခဲ့သည်။ ဇောင်ယုဟွမ် သည်အင်္ဂလန်တွင် ပညာသင်ခဲ့ပေမဲ့ ရင်းနှီးကျွမ်းဝင်နိုင်ခြင်း မရှိသေး‌ေပ။

‌ဇောင်ယုဟွမ် သည်သူမထုပ်ပိုးပြီးသည်နှင့် လီဂျင်းယွမ် ဆီမှဖုန်းကို လက်ခံရရှိခဲ့သည်။

“ကိုယ်မင်းကို လာခေါ်မယ်။ ကိုယ်တို့အတူတူ လေဆိပ်ကို သွားရအောင်” လီဂျင်းယွမ် ကပြောလိုက်သည်။

ဇောင်ယုဟွမ် : “ဂျင်းယွမ် ဒီနေ့ တခြားလှုပ်ရှားမှု‌ေတွ မရှိဘူးလား?”

“မရှိဘူး”

ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး ဆိုဖာတွင် ထိုင်နေသည့် ဟုန်ချန်းမင်း ကိုကြည့်လိုက်သည်။ “အိုကေလေ” အဆိုးဆုံး မြင်ကွင်းကတော့ သူတို့အကုန်လုံး ကင်မရာထဲမှာ အတူတူ ပါကြတာပေါ့! နောက်ပြီး သူတို့ထဲက တစ်ယောက်ကတော့ ရှာဖွေမှုရလဒ်မှာ အမြင့်ဆုံးအနေနဲ့ အဆုံးသတ်လိမ့်မယ်!

ဝဘ်ဆိုဒ်ပေါ်ရှိ ဆွေးနွေးမှုများသည် အမျိုးမျိုးသော အတင်းအဖျင်းများနှင့် ရူးသွပ်သော ထင်မြင်ချက်တွေသာ ရှိသည်။ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့နှစ်ယောက်လုံးက ထိုစာတွေကို အလေးအနက်နဲ့ ဖတ်ခဲ့ကြသည်။ ဟုန်ချန်းမင်း ကထိုစာတွေကိုဖတ်ရင်း သူ့ရုံးခန်းအတွင်း နေ့တစ်ဝက် ကုန်သွားခဲ့သည်။ လီဂျင်းယွမ် ကသူ့အားလပ်ချိန်ကို အဝတ်လဲခန်းတွင်သာ အမြဲဖတ်လေ့ရှိသည်။ စာဖတ်တဲ့အခါတွင် ပြုံး‌ေနခဲ့သည်။ သူက အရမ်းပြုံးနေတာကြောင့် သူ့အနားတွင် ဖြတ်သွားတဲ့ တခြားဝန်ထမ်း‌ေတွတောင် ကြက်သီးထခဲ့ကြသည်။

ဝဘ်ဆိုဒ်က စာတွေအားလုံးကို သူတို့ဖတ်ပြီးချိန်တွင် သူတို့က အရင်ကထက် ပိုပျော်ရွှင်ခဲ့ကြသည်။ သူတို့က သူတို့နာမည်တွေနဲ့ ဇောင်ယုဟွမ် ကိုချည်နှောင်ထားချင်ကြသည်။ ထို့ကြောင့် သူတို့သည် လေဆိပ်ကို အတူတူသွားဖို့က အရမ်းကို လိုအပ်သည်။

ဒီနေ့တွင် လီဂျင်းယွမ် ရဲ့အရည်အချင်း ရှိုးပွဲရဲ့အပိုင်း ၉ ကိုထုတ်လွှင့်သည့် နေ့ဖြစ်သည်။ ထိုရှိုးပွဲအကြောင်းကို လီဂျင်းယွမ် ကလုံးဝ မေ့နေပြီဖြစ်သည်။ သူ့စတူဒီယိုမှ ထွက်ခွာချိန်တွင် သူ့လက်ထောက်ကို “ဘယ်လိုလဲ?” ဟုမေးတာတောင် ရှားပါးသည်။

လက်ထောက်က အတော်လေး စိတ်ရှုပ်ထွေးသွားခဲ့ပြီး “ဘာလဲ?”လို့တောင် ပြန်မေးလိုက်သည်။

“ငါ့ပံုစံက ဘယ်လိုလဲ?”

လက်ထောက်က လီဂျင်းယွမ် ကိုအ‌ေပါ်က‌နေ အောက်အထိ ကြည့်လိုက်သည်။ လီဂျင်းယွမ် သည် အထက်တန်းဆန်သည့် အဝတ်အစားကို ဝတ်ဆင်ထားကာ သန်မာပြီး သွယ်လျနေပြီး သန့်ရှင်းသပ်ရပ်နေကာ စပရေးများဖြင့် ပြည့်နှက်နေသည်။ သူက ခန့်ညားနေပြီး ကောင်လေးတစ်ယောက်လို ကြည့်ကောင်းနေဆဲဖြစ်သည်။ သူ နည်းနည်းလေး ပြုံးပြလိုက်ပြီး “ပါပီချစ်ချင်း”နဲ့ လမ်းလျှောက်လိုက်ရင် သူဖန်တွေက အသံတောင် ထွက်နိုင်မှာမဟုတ်ပေ။

လက်ထောက်က လမ်း‌ေလှျာက်ရင်း ပြောလိုက်သည်။ “ကောင်းတယ်…. အရမအဆင်ပြေတယ်…”

နောက်ဆုံးတော့ လီဂျင်းယွမ် ကခံစားရ ပိုကောင်းလာပြီး ကားထဲဝင်လိုက်သည်။ သူတို့အနောက်မှ လိုက်လာကြသည့် ထုတ်လုပ်ရေး အဖွဲ့တေွနဲ့အတူ ဇောင်အိမ်တော်ဆီကို ဦးတည်ခဲ့သည်။

ဇောင်ယုဟွမ် ကအိမ်တော်အပြင်တွင် ဟုန်ချန်းမင်း နဲ့အတူ အိတ်တွေကို ချထားကာ စောင့်နေခဲ့သည်။

လီဂျင်းယွမ် ရဲ့ကားက နီးကပ်လာသည်နှင့် ဟုန်ချန်းမင်း ကိုသေချာမြင်လိုက်ရသည်။ ချက်ချင်းပင် လီဂျင်းယွမ် ရဲ့မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။ သူ့ရဲ့ခါကီရောင်ကနေ သူ့မျက်နှာက အဝါရောင် ရွံ့လို ပြောင်းလဲသွားခဲ့သည်။

သူ့အနောက်မှ ကင်မရာမန်းကတော့ ပြောင်းလဲမှုအားလုံးကို သစ္စာရှိစွာဖြင့် မှတ်တမ်းတင်ထားခဲ့သည်။

“ငါ့ကားနဲ့ပဲ အတူတူသွားရအောင်” လီဂျင်းယွမ် ကသူ့အမူအရာကို ပြန်ထိန်းသိမ်းလိုက်ပြီး လူကြီးလူကောင်းဆန်စွာ ပြောလိုက်သည်။

ဇောင်ယုဟွမ် ကအရင်ဆုံး ကားထဲကိုဝင်လိုက်ပြီး သူမအနောက်တွင် ဟုန်ချန်းမင်း ကလိုက်ခဲ့သည်။

ကားအတွင်းပိုင်းက အတော်လေး ကျယ်ဝန်းသည်။ ဇောင်ယုဟွမ် ကတတိယတန်းကို ကျွမ်းကျင်စွာ ဝင်လိုက်ပြီး ထိုင်ခုံတွင် ထိုင်လိုက်သည်။ သူမအိပ်ပျော်ချိန်တွင် အအေးမမိစေရန် ဂျာကင်ကို ခြုံလိုက်သည်။ သူမ နိုးလာချိန်တွင် သူတို့က လေဆိပ်ကို ရောက်ရှိနေပြီဖြစ်သည်။

လေဆိပ်လောဘီတွင် စောင့်နေကြသည့် ဖန်များစွာရှိနေသည်။ ဇောင်ယုဟွမ် ကတော့ ထုံစံအတိုင်း ထိုင်နေခဲ့သည်။ ပထမက ဟုန်ချန်းမင်း နဲ့အတူ ထွက်ပြေးသည့် နည်းလမ်းကို ကျင့်သုံးခဲ့သည်။ ဒီအချိန်တွင် လှည့်ကွက်က အသံုးမဝင်‌ေပ။

ဇောင်ယုဟွမ် ကအဲ့ဒါကို မတောင်းဆိုခဲ့‌ေပ။ သူမဂျာကင်ကို ဝတ်လိုက်ပြီး ကားထဲမှ ထွက်လာခဲ့သည်။

ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့သည် ဇောင်ယုဟွမ် ကိုဝန်းရံကာ ထွက်ခွာရမဲ့နေရာသို့ လျင်မြန်စွာ လျှောက်ခဲ့ကြသည်။

သူတို့သုံးယောက် အတူတူ လမ်းလျှောက်ချိန်တွင် သူတို့သွားတဲ့ နေရာတိုင်းကို ဆွဲဆောင်ခဲ့ကြသည်။

လီဂျင်းယွမ် ရဲ့ဖန်တွေက သူတို့ကို အရင်ဆုံးတွေ့သွားသည်။ သူတို့နီးလာသည်နှင့် ဖန်တွေက အော်ဟစ်ကြသည်။

“လီဂျင်းယွမ်! လီဂျင်းယွမ်!”

“OOOOOHhhhhh! ဒီနေ့ မောင်လေးလီက အရမ်းချောနေတာပဲ!!!”

ထိုအကြားတွင် ထူးဆန်းမှု အနည်းငယ်ရှိသည်။ သူတို့က “သူဌေးလေးဟုန်! ဒီကိုကြည့်! ကျွန်မကိုကြည့်ပါ!” ဆိုတဲ့ အော်ဟစ်သံတွေကိုလည်း ကြားနေရသည်။

အေးစက်ပြီး ရက်စက်တတ်တဲ့ ဟုန်ချန်းမင်း ကတော့ ခေါင်းကိုတောင် စောင်းငဲ့ပြီး မကြည့်ပေ။ လီဂျင်းယွမ် ကသူ့ဖန်တွေကို လက်ပြနေစဉ် ဟုန်ချန်းမင်း ကတော့သူ့‌ေခါင်းကို လှည့်ကာ ဇောင်ယုဟွမ် ကိုစကားပြောလိုက်သည်။ “အရမ်းဆူနေလား?”

“နည်းနည်း” ဇောင်ယုဟွမ် ကနူးညံ့စွာ ပြောလိုက်သည်။

ဟုန်ချန်းမင်း မေးလိုက်သည်။ “ဟွမ်ဟွမ့် နားတွေကို ဖုံးထားပေးစေချင်လား?”

ဇောင်ယုဟွမ် ကအံ့ဩသွားသည်။

ဘာကိုဆိုလိုလဲဆိုတာကို သူမဘာသာ တွေးတောလိုက်သည်။ သူ့လက်တေွနဲ့လား?

ထိုစိတ်ကူးက ဇောင်ယုဟွမ် ရဲ့ခေါင်းထဲဏ္တွင် လျင်မြန်စွာ ပေါ်လာခဲ့သည်။

ရုတ်တရက် ဟုန်ချန်းမင်း ကသူ့လက်တွေကို မြှောက်လိုက်သည်။ ဇောင်ယုဟွမ် ရဲ့နားတွေကို လက်တွေနဲ့ ပိတ်မဲ့အစား ကင်မရာအောက်ကို လျှောက်သွားလိုက်သည်။

အေးစက်သည့် အကြည့်နှင့် ဇောင်ယုဟွမ် ရဲ့နားပိတ်ကို တပ်ပေးလိုက်သည်။ နားပိတ်က အပိုင်းပုံစံတွေရှိပြီး ထိပ်တွင်ယုန်နားရွက်တွေလဲပါပြီး မြောက်ဘက်ရှိ အေးစိမ့်သော ဆောင်းရာသီအတွက် ရည်ရွယ်ထားတာနှင့် ဆင်တူသည်။

သူလှုပ်ရှားမှု‌ေတွက အလွန်နူးညံ့‌ေနခဲ့သည်။

ဇောင်ယုဟွမ် : “???”

လေဆိပ်လောဘီရှိ ဖန်တွေက အချိန်ခနလောက် တိတ်ဆိတ်သွားပြီး ရုတ်တရက်ကြီး အရင်ကထက် ဆူညံပွတ်လောရိုက်သွားကြသည်။

“OOOOOOHHHHH! သူဌေးလေးဟုန် ရဲ့ချစ်သူကောင်းလေးပါဝါ!”

“OOOOHHHHHH! သူဌေးလေးဟုန်၊ ကျေးဇူးပြုပြီး ကျွန်မ နားကိုထိပေးပါ!!”

“ဟွမ်ဟွမ် ရဲ့ယုန်နားရွက်တွေ!!! ငါသေလို့ရပြီလို့ထင်တယ်!! OOOHHHHH!!”

ဇောင်ယုဟွမ် ကသူမလက်တွေကို မြှောက်လိုက်ပြီး ထိလိုက်သည်။ တည့်တည့်ထောင်နေသည့် နားရွက်တွေရှိသည်။ ဒါက ယုန်နားရွက်တွေမလား?

ဇောင်ယုဟွမ် ကချက်ချင်း လှည့်လိုက်ပြီး ဟုန်ချန်းမင်း ကိုအသေအချာ စိုက်ကြည့်လိုက်သည်။

အပြစ်ကင်းသည့် အကြည့်လေးနှင့် ဟုန်ချန်းမင်း ကတော့ သူ့အသံကိုနှိမ့်ကာ နက်ရှိုင်းပြီး ကျက်သရေရှိသည့် လူကြီးတစ်ယောက် အသံဖြင့် ပြောလိုက်သည်။ “အဲ့ဒါ ကိုယ်မဟုတ်ဘူး။ ကိုယ့်အတွင်းရေးမှူးက ဝယ်လာခဲ့တာ”

ဆိုလိုတာက ဒါက သူ့အမှားမဟုတ်ဘူးပေါ့။

လီဂျင်းယွမ် ကသူမဘက်ကို လှည့်ကြည့်လိုက်သည်။ သူကပြုံးကာ ပြောလိုက်သည်။ “ဟွမ်ဟွမ် နဲ့ကြည့်‌ေကာင်းတယ်”

“ယုန်အကြီးကြီးလို့ ဆိုလိုတာမလား?” ဇောင်ယုဟွမ် ကမပျော်ရွှင်စွာ ပြောလိုက်သည်။ သူမပုံစံက ကလေးငယ်လေး တစ်ဦးနဲ့တူနေ‌ေပမဲ့ ယုန်နားရွက်တွေကို ဝတ်ထားစဉ်မှာ တခြားသူတွေ ကြည့်နေတာကိုကြည့်ပြီး မြူဆွယ်နေသလို ထူးဆန်းသလို ခံစားနေရသည်။

Oh, psst psst psst!

ဒါက မြူဆွယ်တာ မဟုတ်ဘူး!

လီဂျင်းယွမ် ကခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “အင်း၊ ပြီးပြည့်စုံတယ်။ ကိုယ့်ခရီး‌ေဆာင်အိတ်ထဲမှာ မုန်လာဉပုံအိတ်ရှိတယ်”

ဇောင်ယုဟွမ် : “……”

လီဂျင်းယွမ် ကပြောလိုက်ပြီး ဟုန်ချန်းမင်း ကိုကျော်ကာ သူ့ဖန်တွေကို ကြည့်လိုက်သည်။

သူ့လက်ချောင်းကို မြေှာက်လိုက်ကာ နှုတ်ခမ်းတွင် တင်လိုက်ပြီး သူတို့ကို ပြောလိုက်သည်။ “ရှူး! ကျေးဇူးပြုပြီး အသံလေးတွေ လျော့လိုက်ပါဦး။ တခြားခရီးသွားတွေကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်”

ထိုလိုမျိုး လုပ်လိုက်ချိန်တွင် သူက အရမ်းကို ချစ်စရာကောင်းနေသည်။

ထိုလိုမျိုးလုပ်ပြပြီးနောက် သူ့ဖန်‌ေတွက ဘယ်လိုလုပ်ပြီး တိတ်တိတ်ဆိတ်ဆိတ် နေနိုင်ကြတော့မှာလဲ? သူတို့ကတော့ လေဆိပ်က အမိုးကိုသာ ဖွင့်လိုက်ချင်ကြတော့သည်။

သူတို့‌ေအာ်သံ‌ေတွမှာ လီဂျင်းယွမ် ရဲ့နာမည်သာ ရှိနေကြသည်။

လီဂျင်းယွမ် ကနှုတ်ဆက်ပြုံးပြလိုက်ပြီး ပုံမှန်မဟုတ်သော်လည်း ဇောင်ယုဟွမ် နောက်ကျောတွင် သူ့လက်ကိုထားလိုက်ကာ သူမနဲ့အတူ ‌အရှေ့ကိုလျှောက်သွားလိုက်သည်။

သူ မြန်မြန်လမ်းလျှောက်‌ေနရင်း ဖန်တွေဘက်ကို လှည့်ပြီး သူ့ဘယ်လက်ကို မြှောက်ပြလိုက်သည်။ “ရှိုးပွဲလွှင့်တဲ့အချိန်မှာ ပြန်တွေ့ကြမယ်!”

သို့သော် အခုချိန်တွင် ဟုန်ချန်းမင်း သည်အလျင်အမြန် မသွားနိုင်‌ေတာ့‌ေပ။ သူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီး အရှေ့မှ လီဂျင်းယွမ် က ဇောင်ယုဟွမ် ကိုသူ့လက်မောင်းထဲထည့်ပြီး လျှောက်နေတာကို ကြည့်‌ေနခဲ့သည်။

သူတို့ထက် ခြေလှမ်းတစ်ဝက်လောက် နောက်ကျသွားတယ်လို့ ခံစားလိုက်ရပြီး ဇောင်ယုဟွမ် ကမြန်မြန် လျှောက်နေတာကြောင့် သူမခေါင်းပေါ်က ယုန်နားရွက်တွေက အပေါ်အောက် လှုပ်ရှားနေတာကိုသာ ကြည့်နေလိုက်သည်။

ဟုန်ချန်းမင်း ရဲ့စိတ်နှလုံးအားလုံးက လဲပြိုကျသွားသည်။ သူ့လက်တွေကို တင်းတင်းဆုပ်လိုက်ရင်း သူ့ဦးနှောက်ကလည်း တင်းကြပ်လာခဲ့သည်။ ထိုအရာကို သူဆက်မကြည့်နိုင်တော့ပေ။

ဟွမ်ဟွမ် ကဘယ်လိုလုပ်ပြီး…. ဒီလောက်တောင် ချစ်ဖို့ကောင်းနေရတာလဲ?

ရုတ်တရက်ကြီး ဟုန်ချန်းမင်း သည်အသက်ရှူကြပ်လာသလို ခံစားလိုက်ရသည်။

ဘာကြောင့်လဲဆိုတော့ လေဆိပ်ထဲမှာ လူအရမ်းများပြီး အရမ်းဆူနေလို့များလား?

အောက်စီဂျင် နည်းပါးလာသည့် ခံစားချက်က သူ့နှလုံးသားကို အရင်ကထက် အခုန်မြန်စေခဲ့သည်။

4.11.2020 (Wed)
………………………..

<Zawgyi>

လန္ဂ်င္းဇီ ရဲ႕ညီမေလး

အတြင္းေရးမႉးခ်န္း က လန္ဂ်င္းဇီ ကိုမေျပာခင္အထိ “အခ်ိန္ခရီးသြားျခင္း” အေၾကာင္းကို မသိခဲ့ေပ။ သူထိုညက အိမ္ကို ျပန္ေရာက္ခ်ိန္တြင္ အနည္းငယ္ ေတြးေတာလိုက္ၿပီး သူ႔ကြန္ပ်ဴတာကို ဖြင့္လိုက္သည္။

ႏွစ္ကုန္ခါနီးတာ‌ေၾကာင့္ သူအလုပ္မ်ားေနသည္။ ေဇာင္ယုဟြမ္ နဲ႔ေတြ႕ဖို႔ မေျပာနဲ႔ ဖုန္းနဲ႔ေတာင္ သိပ္စကားမေျပာျဖစ္ၾကပဲ စာသာပို႔ခဲ့ၾကသည္။

ထိုအေၾကာင္းကို စဥ္းစားၾကည့္ရင္း လန္ဂ်င္းဇီ သည္စိတ္ပ်က္သလို ခံစားလိုက္ရသည္။ သူမက ႐ိုက္ကူးေရးကို သြားၿပီးၿပီျဖစ္ေၾကာင္း သိလိုက္ၿပီးေနာက္ အနည္းငယ္ ပိုေကာင္းသြားသလို ခံစားလိုက္ရသည္။

လန္ဂ်င္းဇီ သည္ရႈိးပြဲအမည္ကို ႐ိုက္ရွာလိုက္ၿပီး ဗီြဒီယိုခ်န္နယ္ကိုႏွိပ္ကာ TV ရႈိးကို ၾကည့္လိုက္သည္။

အလုပ္အတြက္ မဟုတ္ပဲ ေဖ်ာ္ေျဖေရးအေၾကာင္း သိရဖို႔အတြက္ ကြန္ပ်ဴတာကို အသုံးျပဳတာ ပထမဆုံးအႀကိမ္ ျဖစ္သည္။

လန္ဂ်င္းဇီ သည္အခုလိုမ်ိဳး ရႈိးပြဲအေၾကာင္းေတြကို အရင္တုန္းက တစ္ခါမွ မၾကည့္ခဲ့ဖူးေပ။ အစပိုင္းကတည္းက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေဇာင္ယုဟြမ္ ကကင္မရာေရွ႕ မေပၚလာခင္အထိ မ်က္ေမွာင္ၾကဳတ္ထားတာကို မေျဖေပ။ သူၾကည့္ၿပီးမွ စိတ္ေက်နပ္သြားသည္။ ဒီျမင္ကြင္း‌ေတြကေန ေဇာင္ယုဟြမ္ ရဲ႕တျခားတစ္ဖက္ကို သူျမင္ႏိုင္ခဲ့သည္။

သူသတိမထားမိပဲ ေမာ့လိုက္ၿပီး အခ်ိန္ကို ၾကည့္လိုက္ခ်ိန္တြင္ ည ၁၁ း ၁၁ ရွိေနၿပီျဖစ္သည္။ ဒါကေတာင္ ရွားပါးသည္။

သူ႔တြင္ ကိုယ္ပိုင္စည္းမ်ည‌္းေတြ ရွိသည္။ အိပ္ရာေစာေစာဝင္ၿပီး မနက္ေစာေစာထသည္။ သူ ဒင္ေခြၽ႕ယြဲ႕ မွထြက္ခြာသြားခဲ့သည့္ ႏွစ္အနည္းငယ္အတြင္း သူ႔စည္းမ်ည္းအတိုင္း မလိုက္နာခဲ့ရင္ စိုးရိမ္စိတ္ကိုပင္ ျဖစ္ေပၚေစသည္။ အခုေတာ့ သူပိုေကာင္းလာခဲ့သည္။

ကြန္ပ်ဴတာကို ပိတ္လိုက္ၿပီးေနာက္ လန္ဂ်င္းဇီ သည္ေရခ်ိဳးခန္းသို႔ သြားခဲ့သည္။ သူလမ္းေလွ်ာက္ေနရင္း နည္းနည္းစဥ္းစားၿပီး ဖုန္းကိုေကာက္ယူလိုက္သည္။

သူ႔ WeChat ကအလုပ္တြင္ ဆက္သြယ္ဖို႔သာ အသုံးျပဳခဲ့သည္။ သူငယ္ခ်င္း စက္ဝိုင္းကို စတင္ကတည္းက အခ်ိဳ႕တရားဝင္ ေၾကညာခ်က္မ်ားကိုသာ တင္ခဲ့ၿပီး အျခားဘာကိုမွ မတင္ခဲ့‌‌ေပ။

သို႔ေသာ္ ဒီေန႔တြင္ သူ႔သူငယ္ခ်င္း စက္ဝိုင္းတြင္ ေနာက္ထပ္ အေၾကာင္းအရာတစ္ခု ထပ္ထည့္ထားခဲ့သည္။

“ငါ့ညီမေလးက ပထမဆုံးအႀကိမ္ ရႈိးပြဲတီဗြီအစီအစဥ္ ‘အခ်ိန္ခရီးသြားျခင္း’ ကိုသြားခဲ့တယ္။ မင္းရဲ႕ေထာက္ခံမႈကို တန္ဖိုးထားပါတယ္။ [႐ုပ္ပုံ]”

လန္ဂ်င္းဇီ သည္ပို႔စ္တင္ၿပီး‌ေနာက္ ေရခ်ိဳးၿပီးအိပ္ရန္အဆင္သင့္ ျဖစ္ေနသည္။ သို႔ေသာ္ သူငယ္ခ်င္း စက္ဝိုင္းတြင္ ေပါက္ကြဲေနခဲ့သည္။

ထိုအခ်ိန္တြင္ လူမ်ားစြာက ႏိုးေနဆဲျဖစ္ၿပီး လန္ဂ်င္းဇီ ရဲ႕ပို႔စ္ကို ျမင္ေသာအခါ သူတို႔သည္ မွားယြင္းစြာ ျမင္မိသည္ဟု ထင္ခဲ့ၾကသည္။ သူတို႔ဟာ ပို႔စ္ကိုႏွိပ္ၾကည့္လိုက္ၿပီး အႀကိမ္ႀကိမ္ ၾကည့္ၿပီးမွသာ လန္ဂ်င္းဇီ ရဲ႕ပို႔စ္ဆိုတာ ေသခ်ာသြားခဲ့ၾကသည္။

လူတိုင္းက လင့္ခ္ကိုမဝင္ပဲ လိုက္ခ္‌ေတာင္မေပးၾကေသးေပ။

[ေသခ်ာေပါက္ ငါေစာင့္ၾကည့္‌ေနမယ္!]

[အနားယူပါ! ေသခ်ာေပါက္ကို ငါေထာက္ပံ့ေပးမွာပါ!]

……

ထိုတင္မကပဲ သူတို႔အားလုံးက ထိုပို႔စ္ကို ျပန္တင္ၾကၿပီး ႐ုတ္တရက္ပဲ ဟိုက္ၿမိဳ႕ေတာ္က စီးပြားေရးသမားမ်ားသည္ လန္ဂ်င္းဇီ ရဲ႕ညီမေလးအေၾကာင္းကို စပ္စုခဲ့ၾကသည္။ သူတို႔အားလုံးက ရႈိးပြဲရဲ႕အဆင့္ကို ျမႇင့္တင္‌ေပးခ်င္ၾကၿပီး သူတို႔သူငယ္ခ်င္းေတြ၊ မိသားစုေတြနဲ႔ေတာင္ ၾကည့္ခဲ့ၾကသည္။

ဒါကအစဆိုတာကို ထိုလူေတြက မသိၾကေပ။

ထိုအခ်က္မွစ၍ လန္ဂ်င္းဇီ ရဲ႕သူငယ္ခ်င္း စက္ဝိုင္းသည္ တိုးမ်ားလာၿပီး ေဇာင္ယုဟြမ္ အားခ်ီးေျမႇာက္ရန္နဲ႔ အာ႐ုံစိုက္ဖို႔အတြက္ အေရွ႕ဆုံးမွ ရွိေနခဲ့ၾကသည္။

*****

အင္တာနက္တြင္ အင္တာနက္ အသုံးျပဳသူမ်ားသည္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ေဇာင္ယုဟြမ္ ကိုခ်စ္ျမတ္ႏိုးလား၊ ဝမ္ေယာင္ခ်န္း ကေကာ အဲ့လိုမ်ိဳး တူညီတဲ့ခံစားခ်က္ေတြ ရွိေနတာလား၊ ဂူယူလင္း က‌တစ္စုံတစ္ေယာက္နဲ႔ စုံတြဲျဖစ္ခ်င္ေနတာလား၊ ယင္ခ်ီခ်ီ ကေကာ ႐ူးသြပ္ေနတာလား ဆုိတာကို အေသးစိတ္ အခ်က္အလက္တိုင္း ေလ့လာေနခဲ့သည္…

ေကာမိုင္ နဲ႔ လင္းလန္ ကေတာ့ သူတို႔စကားဝိုင္းတြင္ အေျပာခံရသည့္ အနည္းဆုံးသူေတြအျဖစ္ သတ္မွတ္ခဲ့ၾကသည္။

ဒါကို ပိုၿပီးအာ႐ုံစိုက္ၾကည့္ရင္ ေဇာင္ယုဟြမ္ သည္ဒီရႈိးပြဲရဲ႕ အာ႐ုံစိုက္မႈ အမ်ားဆုံး ရရွိထားသူျဖစ္သည္။ ေဆြးေႏြးမႈ အားလုံးနီးပါးက သူမႏွင့္ပတ္သက္‌ေနသည္။ ေနာက္ပိုင္းတြင္ လင္းလန္ ကေဒါသထြက္မယ္လို႔ ေဇာင္ယုဟြမ္ ထင္ခဲ့သည္။

ဘာပဲျဖစ္ေနပါေစ၊ ျဖစ္တာက ျဖစ္ခဲ့သည္။ လင္းလန္ ကသူမကို ရန္သူလို သတ္မွတ္လားဆိုတာကို ေဇာင္ယုဟြမ္ ထပ္ေတြးမေနေတာ့‌ေပ။

ကိစၥေတြက သိပ္မဆိုးခဲ့ဘူး။ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ႏွစ္ေယာက္လုံးကလည္း သူမဘက္မွာပဲ ရွိေနၾကသည္။ ဘာကိုမွ စိုးရိမ္ေနစရာ မလိုဘူး!

ဒီလိုနဲ႔ပဲ ဒုတိယအပိုင္းက စတင္လာခဲ့သည္။

အစ္မရန္က ရႈိးပြဲအစရဲ႕ တုန႔္ျပန္မႈကို သိခ်င္တာေၾကာင့္ ဒုတိယပိုင္းကို မစတင္ေသးတာ ျဖစ္သည္။ အခုေတာ့ သူတို႔က တုန႔္ျပန္ခ်က္ေတြကို ရၿပီျဖစ္တာေၾကာင့္ ဒုတိယပိုင္းကို ျမန္ျမန္စတင္ႏိုင္ရန္ ျပင္ဆင္ၾကေလသည္။

ဒုတိယပိုင္းရဲ႕ တည္ေနရာသည္ အဂၤလန္မွာ ေနရာခ်ထားခဲ့သည္။ ေဇာင္ယုဟြမ္ သည္အဂၤလန္တြင္ ပညာသင္ခဲ့ေပမဲ့ ရင္းႏွီးကြၽမ္းဝင္ႏိုင္ျခင္း မရွိေသး‌ေပ။

‌ေဇာင္ယုဟြမ္ သည္သူမထုပ္ပိုးၿပီးသည္ႏွင့္ လီဂ်င္းယြမ္ ဆီမွဖုန္းကို လက္ခံရရွိခဲ့သည္။

“ကိုယ္မင္းကို လာေခၚမယ္။ ကိုယ္တို႔အတူတူ ေလဆိပ္ကို သြားရေအာင္” လီဂ်င္းယြမ္ ကေျပာလိုက္သည္။

ေဇာင္ယုဟြမ္ : “ဂ်င္းယြမ္ ဒီေန႔ တျခားလႈပ္ရွားမႈ‌ေတြ မရွိဘူးလား?”

“မရွိဘူး”

ေဇာင္ယုဟြမ္ ကလွည့္လိုက္ၿပီး ဆိုဖာတြင္ ထိုင္ေနသည့္ ဟုန္ခ်န္းမင္း ကိုၾကည့္လိုက္သည္။ “အိုေကေလ” အဆိုးဆုံး ျမင္ကြင္းကေတာ့ သူတို႔အကုန္လုံး ကင္မရာထဲမွာ အတူတူ ပါၾကတာေပါ့! ေနာက္ၿပီး သူတို႔ထဲက တစ္ေယာက္ကေတာ့ ရွာေဖြမႈရလဒ္မွာ အျမင့္ဆုံးအေနနဲ႔ အဆုံးသတ္လိမ့္မယ္!

ဝဘ္ဆိုဒ္ေပၚရွိ ေဆြးေႏြးမႈမ်ားသည္ အမ်ိဳးမ်ိဳးေသာ အတင္းအဖ်င္းမ်ားႏွင့္ ႐ူးသြပ္ေသာ ထင္ျမင္ခ်က္ေတြသာ ရွိသည္။ ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔ႏွစ္ေယာက္လုံးက ထိုစာေတြကို အေလးအနက္နဲ႔ ဖတ္ခဲ့ၾကသည္။ ဟုန္ခ်န္းမင္း ကထိုစာေတြကိုဖတ္ရင္း သူ႔႐ုံးခန္းအတြင္း ေန႔တစ္ဝက္ ကုန္သြားခဲ့သည္။ လီဂ်င္းယြမ္ ကသူ႔အားလပ္ခ်ိန္ကို အဝတ္လဲခန္းတြင္သာ အၿမဲဖတ္ေလ့ရွိသည္။ စာဖတ္တဲ့အခါတြင္ ၿပဳံး‌ေနခဲ့သည္။ သူက အရမ္းၿပဳံးေနတာေၾကာင့္ သူ႔အနားတြင္ ျဖတ္သြားတဲ့ တျခားဝန္ထမ္း‌ေတြေတာင္ ၾကက္သီးထခဲ့ၾကသည္။

ဝဘ္ဆိုဒ္က စာေတြအားလုံးကို သူတို႔ဖတ္ၿပီးခ်ိန္တြင္ သူတို႔က အရင္ကထက္ ပိုေပ်ာ္႐ႊင္ခဲ့ၾကသည္။ သူတို႔က သူတို႔နာမည္ေတြနဲ႔ ေဇာင္ယုဟြမ္ ကိုခ်ည္ေႏွာင္ထားခ်င္ၾကသည္။ ထို႔ေၾကာင့္ သူတို႔သည္ ေလဆိပ္ကို အတူတူသြားဖို႔က အရမ္းကို လိုအပ္သည္။

ဒီေန႔တြင္ လီဂ်င္းယြမ္ ရဲ႕အရည္အခ်င္း ရႈိးပြဲရဲ႕အပိုင္း ၉ ကိုထုတ္လႊင့္သည့္ ေန႔ျဖစ္သည္။ ထိုရႈိးပြဲအေၾကာင္းကို လီဂ်င္းယြမ္ ကလုံးဝ ေမ့ေနၿပီျဖစ္သည္။ သူ႔စတူဒီယိုမွ ထြက္ခြာခ်ိန္တြင္ သူ႔လက္ေထာက္ကို “ဘယ္လိုလဲ?” ဟုေမးတာေတာင္ ရွားပါးသည္။

လက္ေထာက္က အေတာ္ေလး စိတ္ရႈပ္ေထြးသြားခဲ့ၿပီး “ဘာလဲ?”လို႔ေတာင္ ျပန္ေမးလိုက္သည္။

“ငါ့ပံုစံက ဘယ္လိုလဲ?”

လက္ေထာက္က လီဂ်င္းယြမ္ ကိုအ‌ေပၚက‌ေန ေအာက္အထိ ၾကည့္လိုက္သည္။ လီဂ်င္းယြမ္ သည္ အထက္တန္းဆန္သည့္ အဝတ္အစားကို ဝတ္ဆင္ထားကာ သန္မာၿပီး သြယ္လ်ေနၿပီး သန႔္ရွင္းသပ္ရပ္ေနကာ စပေရးမ်ားျဖင့္ ျပည့္ႏွက္ေနသည္။ သူက ခန႔္ညားေနၿပီး ေကာင္ေလးတစ္ေယာက္လို ၾကည့္ေကာင္းေနဆဲျဖစ္သည္။ သူ နည္းနည္းေလး ၿပဳံးျပလိုက္ၿပီး “ပါပီခ်စ္ခ်င္း”နဲ႔ လမ္းေလွ်ာက္လိုက္ရင္ သူဖန္ေတြက အသံေတာင္ ထြက္ႏိုင္မွာမဟုတ္ေပ။

လက္ေထာက္က လမ္း‌ေလွ်ာက္ရင္း ေျပာလိုက္သည္။ “ေကာင္းတယ္…. အရမအဆင္ေျပတယ္…”

ေနာက္ဆုံးေတာ့ လီဂ်င္းယြမ္ ကခံစားရ ပိုေကာင္းလာၿပီး ကားထဲဝင္လိုက္သည္။ သူတို႔အေနာက္မွ လိုက္လာၾကသည့္ ထုတ္လုပ္ေရး အဖြဲ႕ေတြနဲ႔အတူ ေဇာင္အိမ္ေတာ္ဆီကို ဦးတည္ခဲ့သည္။

ေဇာင္ယုဟြမ္ ကအိမ္ေတာ္အျပင္တြင္ ဟုန္ခ်န္းမင္း နဲ႔အတူ အိတ္ေတြကို ခ်ထားကာ ေစာင့္ေနခဲ့သည္။

လီဂ်င္းယြမ္ ရဲ႕ကားက နီးကပ္လာသည္ႏွင့္ ဟုန္ခ်န္းမင္း ကိုေသခ်ာျမင္လိုက္ရသည္။ ခ်က္ခ်င္းပင္ လီဂ်င္းယြမ္ ရဲ႕မ်က္ႏွာအမူအရာက ေျပာင္းလဲသြားခဲ့သည္။ သူ႔ရဲ႕ခါကီေရာင္ကေန သူ႔မ်က္ႏွာက အဝါေရာင္ ႐ြံ႕လို ေျပာင္းလဲသြားခဲ့သည္။

သူ႔အေနာက္မွ ကင္မရာမန္းကေတာ့ ေျပာင္းလဲမႈအားလုံးကို သစၥာရွိစြာျဖင့္ မွတ္တမ္းတင္ထားခဲ့သည္။

“ငါ့ကားနဲ႔ပဲ အတူတူသြားရေအာင္” လီဂ်င္းယြမ္ ကသူ႔အမူအရာကို ျပန္ထိန္းသိမ္းလိုက္ၿပီး လူႀကီးလူေကာင္းဆန္စြာ ေျပာလိုက္သည္။

ေဇာင္ယုဟြမ္ ကအရင္ဆုံး ကားထဲကိုဝင္လိုက္ၿပီး သူမအေနာက္တြင္ ဟုန္ခ်န္းမင္း ကလိုက္ခဲ့သည္။

ကားအတြင္းပိုင္းက အေတာ္ေလး က်ယ္ဝန္းသည္။ ေဇာင္ယုဟြမ္ ကတတိယတန္းကို ကြၽမ္းက်င္စြာ ဝင္လိုက္ၿပီး ထိုင္ခုံတြင္ ထိုင္လိုက္သည္။ သူမအိပ္ေပ်ာ္ခ်ိန္တြင္ အေအးမမိေစရန္ ဂ်ာကင္ကို ၿခဳံလိုက္သည္။ သူမ ႏိုးလာခ်ိန္တြင္ သူတို႔က ေလဆိပ္ကို ေရာက္ရွိေနၿပီျဖစ္သည္။

ေလဆိပ္ေလာဘီတြင္ ေစာင့္ေနၾကသည့္ ဖန္မ်ားစြာရွိေနသည္။ ေဇာင္ယုဟြမ္ ကေတာ့ ထုံစံအတိုင္း ထိုင္ေနခဲ့သည္။ ပထမက ဟုန္ခ်န္းမင္း နဲ႔အတူ ထြက္ေျပးသည့္ နည္းလမ္းကို က်င့္သုံးခဲ့သည္။ ဒီအခ်ိန္တြင္ လွည့္ကြက္က အသံုးမဝင္‌ေပ။

ေဇာင္ယုဟြမ္ ကအဲ့ဒါကို မေတာင္းဆိုခဲ့‌ေပ။ သူမဂ်ာကင္ကို ဝတ္လိုက္ၿပီး ကားထဲမွ ထြက္လာခဲ့သည္။

ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔သည္ ေဇာင္ယုဟြမ္ ကိုဝန္းရံကာ ထြက္ခြာရမဲ့ေနရာသို႔ လ်င္ျမန္စြာ ေလွ်ာက္ခဲ့ၾကသည္။

သူတို႔သုံးေယာက္ အတူတူ လမ္းေလွ်ာက္ခ်ိန္တြင္ သူတို႔သြားတဲ့ ေနရာတိုင္းကို ဆြဲေဆာင္ခဲ့ၾကသည္။

လီဂ်င္းယြမ္ ရဲ႕ဖန္ေတြက သူတို႔ကို အရင္ဆုံးေတြ႕သြားသည္။ သူတို႔နီးလာသည္ႏွင့္ ဖန္ေတြက ေအာ္ဟစ္ၾကသည္။

“လီဂ်င္းယြမ္! လီဂ်င္းယြမ္!”

“OOOOOHhhhhh! ဒီေန႔ ေမာင္ေလးလီက အရမ္းေခ်ာေနတာပဲ!!!”

ထိုအၾကားတြင္ ထူးဆန္းမႈ အနည္းငယ္ရွိသည္။ သူတို႔က “သူေဌးေလးဟုန္! ဒီကိုၾကည့္! ကြၽန္မကိုၾကည့္ပါ!” ဆိုတဲ့ ေအာ္ဟစ္သံေတြကိုလည္း ၾကားေနရသည္။

ေအးစက္ၿပီး ရက္စက္တတ္တဲ့ ဟုန္ခ်န္းမင္း ကေတာ့ ေခါင္းကိုေတာင္ ေစာင္းငဲ့ၿပီး မၾကည့္ေပ။ လီဂ်င္းယြမ္ ကသူ႔ဖန္ေတြကို လက္ျပေနစဥ္ ဟုန္ခ်န္းမင္း ကေတာ့သူ႔‌ေခါင္းကို လွည့္ကာ ေဇာင္ယုဟြမ္ ကိုစကားေျပာလိုက္သည္။ “အရမ္းဆူေနလား?”

“နည္းနည္း” ေဇာင္ယုဟြမ္ ကႏူးညံ့စြာ ေျပာလိုက္သည္။

ဟုန္ခ်န္းမင္း ေမးလိုက္သည္။ “ဟြမ္ဟြမ့္ နားေတြကို ဖုံးထားေပးေစခ်င္လား?”

ေဇာင္ယုဟြမ္ ကအံ့ဩသြားသည္။

ဘာကိုဆိုလိုလဲဆိုတာကို သူမဘာသာ ေတြးေတာလိုက္သည္။ သူ႔လက္ေတြနဲ႔လား?

ထိုစိတ္ကူးက ေဇာင္ယုဟြမ္ ရဲ႕ေခါင္းထဲဏ႖င္ လ်င္ျမန္စြာ ေပၚလာခဲ့သည္။

႐ုတ္တရက္ ဟုန္ခ်န္းမင္း ကသူ႔လက္ေတြကို ေျမႇာက္လိုက္သည္။ ေဇာင္ယုဟြမ္ ရဲ႕နားေတြကို လက္ေတြနဲ႔ ပိတ္မဲ့အစား ကင္မရာေအာက္ကို ေလွ်ာက္သြားလိုက္သည္။

ေအးစက္သည့္ အၾကည့္ႏွင့္ ေဇာင္ယုဟြမ္ ရဲ႕နားပိတ္ကို တပ္ေပးလိုက္သည္။ နားပိတ္က အပိုင္းပုံစံေတြရွိၿပီး ထိပ္တြင္ယုန္နား႐ြက္ေတြလဲပါၿပီး ေျမာက္ဘက္ရွိ ေအးစိမ့္ေသာ ေဆာင္းရာသီအတြက္ ရည္႐ြယ္ထားတာႏွင့္ ဆင္တူသည္။

သူလႈပ္ရွားမႈ‌ေတြက အလြန္ႏူးညံ့‌ေနခဲ့သည္။

ေဇာင္ယုဟြမ္ : “???”

ေလဆိပ္ေလာဘီရွိ ဖန္ေတြက အခ်ိန္ခနေလာက္ တိတ္ဆိတ္သြားၿပီး ႐ုတ္တရက္ႀကီး အရင္ကထက္ ဆူညံပြတ္ေလာ႐ိုက္သြားၾကသည္။

“OOOOOOHHHHH! သူေဌးေလးဟုန္ ရဲ႕ခ်စ္သူေကာင္းေလးပါဝါ!”

“OOOOHHHHHH! သူေဌးေလးဟုန္၊ ေက်းဇူးျပဳၿပီး ကြၽန္မ နားကိုထိေပးပါ!!”

“ဟြမ္ဟြမ္ ရဲ႕ယုန္နား႐ြက္ေတြ!!! ငါေသလို႔ရၿပီလို႔ထင္တယ္!! OOOHHHHH!!”

ေဇာင္ယုဟြမ္ ကသူမလက္ေတြကို ေျမႇာက္လိုက္ၿပီး ထိလိုက္သည္။ တည့္တည့္ေထာင္ေနသည့္ နား႐ြက္ေတြရွိသည္။ ဒါက ယုန္နား႐ြက္ေတြမလား?

ေဇာင္ယုဟြမ္ ကခ်က္ခ်င္း လွည့္လိုက္ၿပီး ဟုန္ခ်န္းမင္း ကိုအေသအခ်ာ စိုက္ၾကည့္လိုက္သည္။

အျပစ္ကင္းသည့္ အၾကည့္ေလးႏွင့္ ဟုန္ခ်န္းမင္း ကေတာ့ သူ႔အသံကိုႏွိမ့္ကာ နက္ရႈိင္းၿပီး က်က္သေရရွိသည့္ လူႀကီးတစ္ေယာက္ အသံျဖင့္ ေျပာလိုက္သည္။ “အဲ့ဒါ ကိုယ္မဟုတ္ဘူး။ ကိုယ့္အတြင္းေရးမႉးက ဝယ္လာခဲ့တာ”

ဆိုလိုတာက ဒါက သူ႔အမွားမဟုတ္ဘူးေပါ့။

လီဂ်င္းယြမ္ ကသူမဘက္ကို လွည့္ၾကည့္လိုက္သည္။ သူကၿပဳံးကာ ေျပာလိုက္သည္။ “ဟြမ္ဟြမ္ နဲ႔ၾကည့္‌ေကာင္းတယ္”

“ယုန္အႀကီးႀကီးလို႔ ဆိုလိုတာမလား?” ေဇာင္ယုဟြမ္ ကမေပ်ာ္႐ႊင္စြာ ေျပာလိုက္သည္။ သူမပုံစံက ကေလးငယ္ေလး တစ္ဦးနဲ႔တူေန‌ေပမဲ့ ယုန္နား႐ြက္ေတြကို ဝတ္ထားစဥ္မွာ တျခားသူေတြ ၾကည့္ေနတာကိုၾကည့္ၿပီး ျမဴဆြယ္ေနသလို ထူးဆန္းသလို ခံစားေနရသည္။

Oh, psst psst psst!

ဒါက ျမဴဆြယ္တာ မဟုတ္ဘူး!

လီဂ်င္းယြမ္ ကေခါင္းညိတ္လိုက္ၿပီး ေျပာလိုက္သည္။ “အင္း၊ ၿပီးျပည့္စုံတယ္။ ကိုယ့္ခရီး‌ေဆာင္အိတ္ထဲမွာ မုန္လာဉပုံအိတ္ရွိတယ္”

ေဇာင္ယုဟြမ္ : “……”

လီဂ်င္းယြမ္ ကေျပာလိုက္ၿပီး ဟုန္ခ်န္းမင္း ကိုေက်ာ္ကာ သူ႔ဖန္ေတြကို ၾကည့္လိုက္သည္။

သူ႔လက္ေခ်ာင္းကို ေျမႇာက္လိုက္ကာ ႏႈတ္ခမ္းတြင္ တင္လိုက္ၿပီး သူတို႔ကို ေျပာလိုက္သည္။ “ရႉး! ေက်းဇူးျပဳၿပီး အသံေလးေတြ ေလ်ာ့လိုက္ပါဦး။ တျခားခရီးသြားေတြကို အေႏွာင့္အယွက္ ျဖစ္ေစလိမ့္မယ္”

ထိုလိုမ်ိဳး လုပ္လိုက္ခ်ိန္တြင္ သူက အရမ္းကို ခ်စ္စရာေကာင္းေနသည္။

ထိုလိုမ်ိဳးလုပ္ျပၿပီးေနာက္ သူ႔ဖန္‌ေတြက ဘယ္လိုလုပ္ၿပီး တိတ္တိတ္ဆိတ္ဆိတ္ ေနႏိုင္ၾကေတာ့မွာလဲ? သူတို႔ကေတာ့ ေလဆိပ္က အမိုးကိုသာ ဖြင့္လိုက္ခ်င္ၾကေတာ့သည္။

သူတို႔‌ေအာ္သံ‌ေတြမွာ လီဂ်င္းယြမ္ ရဲ႕နာမည္သာ ရွိေနၾကသည္။

လီဂ်င္းယြမ္ ကႏႈတ္ဆက္ၿပဳံးျပလိုက္ၿပီး ပုံမွန္မဟုတ္ေသာ္လည္း ေဇာင္ယုဟြမ္ ေနာက္ေက်ာတြင္ သူ႔လက္ကိုထားလိုက္ကာ သူမနဲ႔အတူ ‌အေရွ႕ကိုေလွ်ာက္သြားလိုက္သည္။

သူ ျမန္ျမန္လမ္းေလွ်ာက္‌ေနရင္း ဖန္ေတြဘက္ကို လွည့္ၿပီး သူ႔ဘယ္လက္ကို ေျမႇာက္ျပလိုက္သည္။ “ရႈိးပြဲလႊင့္တဲ့အခ်ိန္မွာ ျပန္ေတြ႕ၾကမယ္!”

သို႔ေသာ္ အခုခ်ိန္တြင္ ဟုန္ခ်န္းမင္း သည္အလ်င္အျမန္ မသြားႏိုင္‌ေတာ့‌ေပ။ သူ႔မ်က္လုံးေတြကို က်ဥ္းေျမာင္းလိုက္ၿပီး အေရွ႕မွ လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ ကိုသူ႔လက္ေမာင္းထဲထည့္ၿပီး ေလွ်ာက္ေနတာကို ၾကည့္‌ေနခဲ့သည္။

သူတို႔ထက္ ေျခလွမ္းတစ္ဝက္ေလာက္ ေနာက္က်သြားတယ္လို႔ ခံစားလိုက္ရၿပီး ေဇာင္ယုဟြမ္ ကျမန္ျမန္ ေလွ်ာက္ေနတာေၾကာင့္ သူမေခါင္းေပၚက ယုန္နား႐ြက္ေတြက အေပၚေအာက္ လႈပ္ရွားေနတာကိုသာ ၾကည့္ေနလိုက္သည္။

ဟုန္ခ်န္းမင္း ရဲ႕စိတ္ႏွလုံးအားလုံးက လဲၿပိဳက်သြားသည္။ သူ႔လက္ေတြကို တင္းတင္းဆုပ္လိုက္ရင္း သူ႔ဦးေႏွာက္ကလည္း တင္းၾကပ္လာခဲ့သည္။ ထိုအရာကို သူဆက္မၾကည့္ႏိုင္ေတာ့ေပ။

ဟြမ္ဟြမ္ ကဘယ္လိုလုပ္ၿပီး…. ဒီေလာက္ေတာင္ ခ်စ္ဖို႔ေကာင္းေနရတာလဲ?

႐ုတ္တရက္ႀကီး ဟုန္ခ်န္းမင္း သည္အသက္ရႉၾကပ္လာသလို ခံစားလိုက္ရသည္။

ဘာေၾကာင့္လဲဆိုေတာ့ ေလဆိပ္ထဲမွာ လူအရမ္းမ်ားၿပီး အရမ္းဆူေနလို႔မ်ားလား?

ေအာက္စီဂ်င္ နည္းပါးလာသည့္ ခံစားခ်က္က သူ႔ႏွလုံးသားကို အရင္ကထက္ အခုန္ျမန္ေစခဲ့သည္။

4.11.2020 (Wed)
………………………..

[text_hash] => f60f3f90
)

//qc
//QC2