ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 59❇️ သူကကောင်မ‌ေလးရှာဖို့အသက်အရွယ်ရောက်ပြီ
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 59❇️ သူကကောင်မ‌ေလးရှာဖို့အသက်အရွယ်ရောက်ပြီ

Array
(
[text] =>

<Unicode>

သူက ကောင်မ‌ေလးရှာဖို့ အသက်အရွယ်ရောက်ပြီ

ဇောင်ယုဟွမ် ကအိပ်ရာမှနိုးသောအခါ အရာအားလုံးက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

ပထမဦးဆုံး လက်ထောက်ကျောင် ဆီမှဖုန်းကို လက်ခံရရှိခဲ့သည်။ ဖုန်းတစ်ဖက်တွင် လက်ထောက်ကျောင် ကဘာပြောရမှန်း မသိပေ။ “မိန်းကလေးဇောင်က မကြာသေးခင်က မိန်းကလေးရန် ရဲ့ TV ရှိုးပွဲကို သွားခဲ့တာလား?”

သူမရဲ့ခရီးစဉ်ကို သိပေမဲ့ သူမခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ အတိအကျ မသိခဲ့‌ေပ။ ရှာ‌ေဖွမှုရလဒ်နဲ့ ဗီွဒီယိုများမှ ပုံတွေကို မြင်ပြီးနောက် သူသိခဲ့သည်။

ဇောင်ယုဟွမ် ကတည့်တည့်ပဲ လိမ်ညာလိုက်သည်။ “ဒီကိစ္စက စီးပွားရေးကိုပဲ အာရုံစိုက်တဲ့ခေတ် မဟုတ်တော့ဘူး။ ကော်ပိုရေးရှင်းတစ်ခုရဲ့ အကြီးအကဲအနေနှင့် တခါတရံ တစ်ယောက်ယောက်ကို မျက်နှာပြသဖို့က အရေးကြီးတယ်။ အဲ့ဒါကြောင့် ကျွန်မတို့ရဲ့ အမှတ်တံဆိပ်ကို လူသိများပြီး တစ်ချိန်တည်းမှာပဲ ကောင်းမွန်တဲ့ ပုံရိပ်ကိုလည်း တည်ဆောက်ပေးတယ်”

ထိုစကားကို ကြားလိုက်ပြီး လက်ထောက်ကျောင် ကစိတ်ရင်းမှန်ဖြင့် သဘောတူကာ ပြောလိုက်သည်။ “မိန်းက‌ေလး‌ေဇာင်က အရမ်းတော်တာပဲ”

ထိုစကားကို ပြောလိုက်ပြီး လက်ထောက်ကျောင် ကရယ်လိုက်သည်။ “ဒီကိစ္စမှာ ကျွန်တော်တို့က ကြော်ငြာအတွက် အများကြီး အကုန်အကျသက်သာသွားပြီ။ နောက်ပြီး ထိပ်ဆုံးရောက်တာနဲ့ မိန်းကလေးဇောင်က ‌ေငွတွေကို ဖန်တီးနိုင်လိမ့်မယ်။ နှစ်ခုလုံးက အကောင်းဆုံးတွေပဲ!”

ထိုစကားကို ကြားလိုက်ပြီး ဇောင်ယုဟွမ် သည်အလွန်‌ေပျာ်ရွှင်သွားသည်။ သူမသည် ပစ္စည်း‌ေတွကို နေရာချ‌နေပေမဲ့ လက်ထောက်ကျောင် ကလက်ထောက်ကောင်း တစ်ယောက်ဖြစ်တာကြောင့် သူမကို သဘောတူခဲ့သည်။

“မကြာသေးခင်တုန်းက မိန်းကလေးဇောင် မှာအခြားအစီအစဉ်တွေ ရှိခဲ့တာလား? စီစဉ်‌ေပးဖို့ အကူအညီလိုအပ်လား?” တစ်ဖက်မှ  ခက်ထောက်ကျောင် ကမေးလိုက်သည်။

ဇောင်ယုဟွမ် ကဒီအကြောင်းကို အနည်းငယ် စဉ်းစားလိုက်ပြီး “ဟင့်အင်း၊ ဒီရှိုးပွဲက ကျန်သေးတယ်။ ဒါပေမဲ့ လက်ထောက်ကျောင် ကူညီပေးဖို့က အရမ်းခက်ခဲလိမ့်မယ်”

လက်ထောက်ကျောင် က ဇောင်ချီ နှင့်အချိန်အတော်ကြာ အလုပ်လုပ်ပေးခဲ့ပြီး သူ့ရဲ့ညာလက်ရုံးတောင် ဖြစ်နေခဲ့သည်။ သူမရဲ့ခက်ခဲလွန်းတဲ့ ရှိုးပွဲကို ကူညီပေးချင်‌ေနသည်။

လက်ထောက်ကျောင် သည် ဇောင်ယုဟွမ် နှင့်တစ်ချိန်လုံး အဆင်ပြေစွာ နေခဲ့သည်။ ခက်ခဲတာ ဟုတ်ဟုတ်မဟုတ်ဟုတ် ‌ဇောင်ယုဟွမ် အတွက် ကူညီပေးပြီး လက်ထောက်ဆိုသည့် သူ့ဂုဏ်ပုဒ်ကို ဆက်ထိန်းသိမ်းထားချင်သည်။

ဇောင်ယုဟွမ် သည်သူနှင့် စကားအနည်းငယ် ပြောခဲ့ပြီးနောက် လက်ထောက်ကျောင် ကိုသူမနဲ့အတူ ရိုက်ကူးရေးသို့ သွားရန်ဆုံးဖြတ်လိုက်သည်။

ဇောင်ယုဟွမ် ဖုန်းချပြီးသောအခါ သူမအနေဖြင့် ဝဘ်ဆိုဒ်တွင် ရှာဖွေရန် အခွင့်အရေး ရရှိခဲ့သည်။

ထိပ်တန်းဆယ်ခုအတွင်းမှ ငါးခုကတော့ သူတို့ရိုက်ကူးခဲ့သည့် ရှိုးပွဲက နေရာယူထားသည်။

သူတို့ထဲမှ တစ်ခုကတော့ “ဇောင်ယုဟွမ် ကမဲနှစ်မဲရခဲ့သည်” နဲ့အနောက်တွင် “hot 🔥” ဆိုသည့်ပုံလေးက ပါနေသည်။

ထို့နောက် “လီဂျင်းယွမ်”၊ “သူဌေးလေးဟုန်”၊ “ရှိုးပွဲမှ ဂူယူလင်း” နဲ့ “ဇောင်ယုဟွမ် ရဲ့ကောက်ကြောင်း” တို့ရှိသည်။

ဇောင်ယုဟွမ် ရှုပ်ထွေးသွားခဲ့သည်။

ပထမဦးဆုံး အနည်းငယ်ကို သူမ နားလည်သည်။ သို့သော် “ဇောင်ယုဟွမ် ရဲ့ကောက်ကြောင်း” ဆိုတဲ့ နောက်ဆုံးတစ်ခုက ဘာလဲ?

စိတ်ရှုပ်ထွေးသွားပြီး သူမ နှိပ်၀င်လိုက်ကာ ပထမဆုံး Weibo link မှာတင် ရေကူးဝတ်စုံနှင့်ပံုကို မြင်လိုက်ရသည်။ တချို့ကြားတွင် ထိုပုံက အရင်ကထက် ရှာဖွေမှု အများဆုံးစာရင်း ဝင်ခဲ့သည်။

ထို့နောက် ကွန့်မန့်အပိုင်းကို သူမ ကြည့်လိုက်သည်။

“OOOOOOOOOH! အဲ့ဒီခန္ဓာကိုယ်ကို ကြည့်ပါဦး? ငါဝိတ်ချတော့မယ်! ငါ့ကို လာမတားကြနဲ့!”

“တကယ့်ကို ပြည့်စုံခြင်းပဲ! အရှေ့ကော အနောက်ကော အကုန်လုံးက စွမ်းအင်တွေ ပြည့်ဝနေတဲ့ မိန်းမငယ်လေးပဲ။ ကြွားဝါထားတာ ဘာမှမရှိဘူး! အများကြီး ကြိုးစားအားထုတ်ခဲ့တဲ့ ယင်ချီချီ ရဲ့ ကလေးပုံစံ + ကြီးမားတဲ့ b**bs တွေကို ကြည့်ရတာထက် အကြိမ်တစ်သောင်းမက ပိုကြည့်ကောင်းတယ်!”

“ခါးကိုလည်း ကြည့်ပါဦး! ခြေထောက်‌ေတွကိုလည်း ကြည့်ဦး! ငါသာ ကောင်လေးဆိုရင် သူမကို ကြိုက်မိမှာပဲ! (:зゝ∠) မိုက်လိုက်တဲ့ ခန္ဓာကိုယ်ပဲ!”

“ငါရှိုးပွဲကို ကြည့်ပြီး ဒီနေရာကို လာခဲ့တယ်။ ဇောင်ယုဟွမ် ကရေကူးဝတ်စုံနဲ့ လေှျာက်ထွက်လာတဲ့ မြင်ကွင်းက တကယ့်ကို ရင်သပ်ရှုမောဖွယ်ပဲ။ သူမကို ကြည့်နေတဲ့ ငါ့မျက်လံုး‌ေတွကို‌ေတာင် လွှဲမပစ်နိုင်ဘူး! သူမနဲ့အတူရှိနေတဲ့ ရေပေါ်ဆိုင်ကယ် သင်တန်းဆရာကိုတောင် မနာလိုဖြစ်မိတယ်!”

“_(:Зゝကျေးဇူးပြုပြီး ကျွန်တော့်ကို အဲ့လိုရှားပါးမိန်းကလေးကို ပြသပေးကြပါ။ ကာတွန်း.gif”

“ဟဟဟဟဟ၊ ကာတွန်း gif အတွက် ကျေးဇူးတင်ပါတယ်! လူတိုင်းရဲ့ တုံ့ပြန်မှု‌ေတွက အရမ်းကို လက်တွေ့ဆန်တာပဲ။ သူတို့အားလုံးက ဇောင်ယုဟွမ် ကိုကြည့်နေကြတယ်!”

“ဟဟဟ။ ပံုက အရမ်းကို ထူးချွန်တာပဲ။ ‌ဝမ်ကောက တစ်ချက်ကြည့်ပြီး ချက်ချင်းပဲ တခြားဘက်ကို ကြည့်လိုက်တယ်။ စိုက်ကြည့်နေတာက ကသိကအောက်နိုင်တယ်လို့ ထင်မိလို့ဖြစ်ရမယ်။ နောက်တော့ သူက ယင်ချီချီ ကိုကြည့်လိုက်ပြီးတော့ ချက်ချင်းပဲ ဇောင်ယုဟွမ် ကိုပြန်ကြည့်လိုက်တယ်။ ဟဟဟဟ။ ယင်ချီချီ ရဲ့မျက်လုံးထဲမှာ ခံစားသွားရတာကို မြင်လိုက်ကြလား?”

“ဝမ်ကောရယ် ကသိကအောက်နိုင်တယ်လို့ ခံစားနေစရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် သူလည်း ရည်းစားထားဖို့ အရွယ်ရောက်နေပြီပဲ!”

ဇောင်ယုဟွမ် ကကွန့်မန်‌ေတွကို အနည်းငယ် အောင်ဆွဲချလိုက်ပြီး မကောင်းမြင်သည့် ကွန့်မန့်အချို့ကို တွေ့လိုက်ရသည်။

“ရှိုးပွဲတစ်‌ေလျှာက်လံုး ချီချီ ကပစ်မှတ်ထားခံခဲ့ရပြီး‌ေတာ့ သူမ ငိုနေချိန်တောင် နှစ်သိမ့်ပေးမဲ့သူ မရှိကြဘူး။ နောက်ပြီး အခုကျတော့ တစ်စုံတစ်ယောက်ရဲ့ ဟော့တဲ့ခန္ဓာကိုယ်ရှိနေတာတောင် ငါတို့ချီချီလေးက ဆွေးနွေးပွဲထဲကို ထပ်ဆွဲသွင်းခံရပြန်ပြီလား? Bleh ငါတို့ ချီချီလေးမှာလဲ ဟော့တဲ့ခန္ဓာကိုယ် ရှိသူတစ်ယောက်ပါ အိုကေ?”

ဇောင်ယုဟွမ် မျက်ခုံးပင့်လိုက်သည်။ ယင်ချီချီ ကမနိမ့်ကျဘူးဆိုတာကို သူမ သိသည်။ နောက်ပြီး ထိုနေရာမှာပဲရှိသည်။ သူမန‌ှိပ်ကြည့်ပြီးနောက် မူလတစ်ခုရဲ့ အောက်က ကွန့်မန့်များ :

“ပို့စ်တစ်ခုကို ဘယ်လောက်လဲ? အုပ်စုထဲ ငါ့ကိုထည့်ပေးပါ၊ ငါလည်း ငွေရအောင် လုပ်နိုင်တယ်?”

“ပို့စ်တစ်ခုကို ဘယ်လောက်လဲ? အုပ်စုထဲ ငါ့ကိုထည့်ပေးပါ၊ ငါလည်း ငွေရအောင် လုပ်နိုင်တယ်?”

……

ထို့‌ေနာက် တူညီသော ပို့စ်ကိုအကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ တွေ့လိုက်ရသည်။

ချက်ချင်းပဲ ဇောင်ယုဟွမ် ကျယ်လောင်စွာ ရယ်လိုက်သည်။

ဟားဟား။ အခုချိန်ဆို ယင်ချီချီ တော်တော်လေး ဒေါသထွက်နေလောက်ပြီ။

ဇောင်ယုဟွမ် ကထိုနေရာမှ ထွက်ခဲ့ပြီး #လီဂျင်းယွမ်# နှင့် #သူဌေးလေးဟုန်# ဆီကို သွားလိုက်သည်။ သူတို့တွင် ရူးသွပ်သည့် စာသားတွေ၊ မျက်နှာပြင်ကို လျက်တာတွေ၊ အရိုင်းဆန်တဲ့ ချစ်ခြင်းမေတ္တာတွေကုိ တွေ့လိုက်ရသည်။

လီဂျင်းယွမ် ရဲ့ဖန်အရေအတွက်က ၁၀ သန်း ကျော်သွားခဲ့သည်။

ဟုန်ချန်းမင်း ကတော့ ဖန် လေးသိန်းခွဲသာရှိသည်။ သို့သော် အနည်းငယ် ကြာပြီးနောက် ဖန်အရေအတွက်က အနည်းငယ် တိုးတက်လာခဲ့သည်။

သူမရဲ့ ကိုယ်ပိုင်အကောင့် Weibo ကိုပြန်သွားသောအခါ သူမတွင် ပရိသတ် ၁ သန်းကျော် ရှိနေပြီဖြစ်သည်။ ထို့နောက် သူမရဲ့ မက်စေ့ဘောက်တွင် များပြားသော စာတွေနဲ့ ပြည့်နှက်နေသည်။

“ကိုယ်အရမ်းမှား…. သွားတယ်။ မင်းက မင်းပုံထဲမှာထက် ရှိုးပွဲမှာက အများကြီး ပိုချစ်ဖို့ကောင်းတယ်။ OOOOHHHHHH! မင်းရဲ့စိတ်ထားကလည်း ပြိုင်ဘက်ကင်းပဲ!! အင်တာနက်က နာမည်ကြီးတွေတောင် မင်းနဲ့မယှဉ်နိုင်ဘူး!”

“မင်းလို ခန္ဓာကိုယ်မျိုးရဖို့ ဘယ်လိုရနိုင်မလဲ? ဆုတောင်းပေးပါဦး!”

“ညီမငယ်လေးရဲ့ ဒီလိုအံ့သြစရာကောင်းတဲ့ စိတ်ထားကို ဘယ်လိုရနုိင်မလဲဆိုတာ ကိုယ်သိချင်တယ်”

“ကျေးဇူးပြုပြီး ကိုယ့်ကို အချစ်ဇာတ်လမ်းလေး သင်ပြပေးပါဦး၊ ညီမငယ်လေး!”

“ကိုယ့်ဇနီး‌က အခုတောင် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပနေတုန်းပဲ! ငါက ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်နေတာကြောင့် မင်းကို ထောက်ပံ့ပေးနိုင်တယ်!”

“ယင်ချီချီ ကတော်တော်လေး ဆွဲဆောင်မှုရှိတယ်လို့ ထင်ခဲ့ဖူးတယ်။ အခုတော့ သူတို့ရဲ့ စိတ်ထား‌ေတွရဲ့ ခြားနားချက်ကို သဘောပေါက်လာပြီ။ သူတို့အတူတူရှိချိန် အဲ့ခြားနားချက်က ပိုသိသာခဲ့တယ် … အဲ့အကြောင်းပြောရင်း တစ်စုံတစ်ယောက်ရဲ့ စိတ်ထားကို ဘယ်လိုတိုးတက်အောင် လုပ်ရမလဲ? ညီမငယ်လေးက တစ်နေ့မှာ စာအုပ်သုံးအုပ် ဖတ်တာလား? QAQ”

……

ဘာလုပ်ရမည်ကို မသိသောကြောင့် နောက်ဆုံးတွင် ဇောင်ယုဟွမ် သည် Weibo ကိုပိတ်လိုက်သည်။

သူမ Weibo ကိုပိတ်ပစ်လိုက်သည်နှင့် ဟန်ယင်ယင် က Wechat ကနေစာပို့လာခဲ့သည်။

[Link]

ဇောင်ယုဟွမ် : [ဒါကဘာလဲ?]

ဟန်ယင်ယင် : [အတင်းအဖျင်း စကားဝိုင်းက စိတ်ဝင်စားဖို့‌ေကာင်းတဲ့ အရာတွေလေ။
ဒါက အတော်လေး စိတ်ဝင်စားဖို့‌ေကာင်းတယ်။ ငါဖတ်ပြီးပြီ။ မင်း ကြည့်သင့်တယ်]

ဇောင်ယုဟွမ် သည်ထိုလင့်ခ်ကို နှိပ်လိုက်ပြီး “အချိန်ခရီးသွားခြင်း”အား ခွဲခြမ်းစိတ်ဖြာမှုဆိုသည့် ပို့စ်ကိုမြင်လိုက်သည်။

ဟမ်။ “အချိန်ခရီးသွားခြင်း” ကရုပ်ရှင်မဟုတ်ဘူး။ ဘာကြောင့် ခွဲခြမ်းစိတ်ဖြာရတာလဲ? စိတ်ရှုပ်ထွေးစွာဖြင့် ဇောင်ယုဟွမ် ကဆက်ဖတ်လိုက်သည်။ သတင်းအချက်အလက်တွေက များလွန်းတဲ့အတွက် ကြောင့် ဇောင်ယုဟွမ် ခေါင်းမူးသလို‌ေတာင် ခံစားလိုက်ရသည်။ ပထမစာ အနည်းငယ်ကိုသာ ဖတ်ကြည့်ပြီး ထွက်လိုက်သည်။

သို့သော် အခြားဖရဲသီးစားသုံးသူသည် မူး‌ေဝခြင်းကို ဂရုမစိုက်‌ေပ။ ဖရဲသီးကို သူတို့နှစ်ခြိုက်ကြသည်။ ဒါတွေက ရှာဖွေမှု ရလဒ်ဆီလည်း သွားသည်။

“ဇာတ်ညွှန်းမရှိတဲ့ TV ရှိုးပွဲက ဘယ်လိုမျိုးလဲ? ဟားဟား”

“အချိန်ခရီးသွားခြင်း” ကထူးဆန်းတဲ့ မြင်ကွင်းတွေအားလံုးကို မိတ်ဆက်ပေးပါဦး။

အမှတ် 0. ☆☆☆ =-= | 2018╟11-04 09:32:01 တွင် ပြောသည်

……

… ဒီမှာ ထုတ်လုပ်ရေးအဖွဲ့က သူတို့ကို စက်ဘီးစီးပြီး တောင်ပေါ်ကို တက်ခိုင်းတယ်။ ယင်ချီချီ၊ ဂူယူလင်း နဲ့ ကောမိုင် တို့က သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကြောင့် အလယ်မှာ ခနနားခဲ့ရတယ်။ လီဂျင်းယွမ် ကအဆင်ပြေစွာ စီးနေချိန်မှာ အနောက်လှည့်ပြီး ဇောင်ယုဟွမ် ကိုအဆင်ပြေလား လှည့်မေးတော့ သူမက အဆင်ပြေစွာ စီးနေတယ်။ ဇောင်ယုဟွမ် က”ငါမပင်ပန်းဘူး” လို့သူမ မျက်နှာမှာ ပေါ်နေတယ်။ လီဂျင်းယွမ် က”မင်းကို ခေါ်သွားပေးမယ်”လို့ ပြောလိုက်တယ်။

သူတို့ဘေးမှ ဂူယူလင်း တောင်မှ အံ့အားသင့်သွားသည်။ သူတို့ကသာ မောပန်းနေကြတဲ့ သူများဖြစ်ကြသည်။ အဲ့အစား ဇောင်ယုဟွမ် ကိုမေးရတာလဲ? ယင်ချီချီ ကအရေထူတာကြောင့် ချက်ချင်း မေးလိုက်သည်။ “ကျွန်မကို ခေါ်သွားပေးလို့ရမလား? ကျွန်မ အရမ်းပင်ပန်းနေပြီ” နောက်ဆုံး‌ေတာ့ လင်းလန် က “လီဂျင်းယွမ် ကမင်းကို ခေါ်သွားပေးနိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်မကတော့ ခေါ်သွားပေးနိုင်တယ်။ ဟားဟားဟားဟား” ယင်ချီချီ ရဲ့မျက်နှာက အစိမ်းရောင် ပြောင်းသွားတာကို ကြည့်လိုက်ဦး။

အမှတ် 902 ☆☆☆ = = | 2018╟11-04 09/56:00 တွင်ပြောသည်။

အဲ့ဒါကို ငါ‌ေတွ့ပြီးပြီ!! လီဂျင်းယွမ် ကတစ်‌ေယာက်ကို ခေါ်တင်နိုင်ခဲ့တယ်။ နောက်တော့ ဟုန်ချန်းမင်း ကလည်း ဇောင်ယုဟွမ် ကိုခေါ်သွားဖို့ တောင်းဆိုခဲ့တယ်။ သူတို့နှစ်ယောက်လုံးက အဆုံးမှာတော့ ရက်ရက်စက်စက် ငြင်းပယ်ခံခဲ့ရတယ်။  ဇောင်ယုဟွမ် ကငွေကြေးကို ဆက်လက်လျော့ချနိုင်ဖို့ သူတို့နှစ်ယောက်ထက် ပိုမြန်အောင် နင်းခဲ့ပြီး သူတို့နှစ်ယောက်ကို တစ်ယောက်ယောက်ကို တင်နင်းသင့်ကြောင်းလဲ ပြောသွားခဲ့တယ်။ အဆုံးမှာတော့ လီဂျင်းယွမ် က ဂူယူလင်း ကိုခေါ်ခဲ့ပြီး ဟုန်ချန်းမင်း ကတော့ ကောမိုင် ကိုခေါ်တင်ခဲ့ရတယ်။ ဇောင်ယုဟွမ် ကအရှိန်တင်ပြီး နင်းတာကြောင့် ပျောက်သွားခဲ့တယ်။ သူမက သူတို့ထက် ပိုပြီးတောင် အားရှိသေးတယ်။ ဘယ်သူမှ ယင်ချီချီ အပေါ်မှာ အာရုံမရှိကြဘူး။ ဟားဟား။ ဒီမြင်ကွင်းက အရမ်းရယ်စရာကောင်းတာပဲ! ဇောင်ယုဟွမ် ကိုလူတိုင်းက ခေါ်တင်သွားချင်ပေမဲ့ သူမက အကုန်လုံးကို ငြင်းပစ်မယ်လို့ သူမမျက်နှာမှာ ပေါ်နေတယ်လို့ ခံစားနေရတယ်။

အမှတ် 1003

___

အဲ့လိုပြောရင် မောင်လေးလီရဲ့ ချစ်သူပုံစံက ပြိုင်ဘက်ကင်းပဲ။ သူက စက်ဘီးစီးနေတာတောင် အတော်လေး ချစ်ဖို့ကောင်းနေတယ်။ ကင်မရာက သူ့ကိုပြချိန်မှာ သူ့ကြွက်သားတွေကို မြင်‌ေနရတယ်။ အကြည့်နဲ့တင် အရမ်းကိုပြည့်စုံပြီး ရူးသွပ်သွားစေတယ်။

အမှတ် 1247

___

@1247 ကစစ်(sis)။ ဟုန်ချန်းမင်း ကိုလည်းကြည့်ဖို့ တောင်းဆိုချင်တယ်။ အဲ့ခန္ဓာကိုယ်ကို နတ်ဆိုးခန္ဓာကိုယ်လို့တောင် အစ်မပြောမိလိမ့်မယ်။ သူ့ကို လေတိုက်လိုက်ချိန်မှာ သူ့ဝမ်းဗိုက်ကိုတောင် မြင်နေရတယ်။ နောက်ပြီး ချွေးကလည်း စီးကျနေသေးတယ်။ အရမ်း အရမ်းကို ဆွဲဆောင်အားပြင်းတာပဲ! သူနဲ့အနီးဆံုး နှစ်ခုရှိ်တယ်! သူ့ဘောင်းဘီကို နည်းနည်းလောက်ဆွဲချပြီး ကြည့်ချင်စိတ်ဖြစ်လာ‌ေစတယ်…

အမှတ် 1300

___

ဟုန်ချန်းမင်း တောင်မှ ငယ်ရွယ်လွန်းတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ သူနဲ့ လီဂျင်းယွမ် တို့နှစ်ယောက်လုံးက သူတို့ဘဝရဲ့ အကောင်းဆံုး အသက်အရွယ်ကို ရောက်နေကြပြီ! လှပတဲ့အသွင်အပြင်၊ အရမ်းကောင်မွန်တဲ့ ခန္ဓာကိုယ်၊ အရမ်းကောင်းမွန်တဲ့ စိတ်ထား! ရှာဖွေလို့တောင် လွယ်ကူမှာ မဟုတ်ဘူး! ယောင်္ကျလေးများစွာက ဝမ်းဗိုက်ကြွက်သားနဲ့တောင် ပါးလှပ်နေတုန်းပဲ! ဒီနှစ်ယောက်ကတော့ မတူဘူး! သူတို့က ချစ်ဖို့ကောင်းတဲ့ ပါပီလေးနဲ့ ဝံပုလွေကြားမှာ တချိန်လုံး ပြောင်းလဲနေကြတယ်! သူတို့က မိန်းကလေးတွေရဲ့ အိပ်မက်တွေလိုပဲ! ငါ့အိပ်မက်ထဲမှာတောင် သူတို့နဲ့တူတဲ့ ကောင်လေးမျိုးကို လိုချင်မိတယ်!

အမှတ် 1333

___

@1333 ကစစ်(sis) သူတို့က မငိးရဲ့ ဒဏ္ဍာရီထဲက ထွက်နေကြပြီ။ လီဂျင်းယွမ် ကအင်္ဂလန်မှာ ပညာသင်ခဲ့တယ်။ မင်းပြေတာ သူ့မိသားစုက အရမ်းကောင်းတယ်လို့။ နောက်‌ေတာ့ သူက မော်ဒယ်လ်လုပ်ရင်း ငွေရှာနေတယ်။ သူဌေးလေးဟုန် ကလည်း CEO ထဲမှာ ခေါင်းဆောင်ပဲ။ ဒါကိုပြောမှ OOOOOOH လို့တောင် မစဉ်းစားဘဲ မနေနိုင်‌ေတာ့ဘူး။ သူတို့တွေက ဘယ်လိုတောင် အံ့ဩဖို့ကောင်းတဲ့ သူတွေလဲ!!!

အမှတ် 1339

___

အမှန်တရားဂိမ်း (True or dare) အပိုင်းကို ကြည့်လိုက်ကြလား? ဒါက ထည့်ပြောဖို့ ထိုက်တန်တယ်လို့ ထင်တယ်။ ဒါက အတော်လေး ရယ်စရာ‌ေကာင်းတယ်! ယင်ချီချီ က လီဂျင်းယွမ် ကို‌ေကာင်မလေးထားဖို့ စီစဉ်နေပြီလားလို့ မေးခဲ့တယ်။ လီဂျင်းယွမ် ကသူထားချင်ပေမဲ့ မလုပ်နိုင်ဘူးလို့ ပြောလိုက်တယ်။

ထို့နောက် ဟုန်ချန်းမင်း အလှည့်ပဲ။ လူတိုင်းက သူ့ကို ဘာပုံစံကြိုက်လဲ မေးကြတယ်။ သူဌေးလေးဟုန် ကမပြောဖို့ ရွေးချယ်လိုက်ပြီး အလေးပင့်ပြီး ၁၀ ခေါက်ပြေးဖို့ ရွေးချယ်လိုက်တယ်။ သူဌေးလေးဟုန် က ဇောင်ယုဟွမ် ကိုချီပြီး မနားတမ်းပြောခဲ့တယ်။ OMG! ဒါက အရမ်းရယ်စရာ‌ေကာင်းတယ်! ဇောင်ယုဟွမ် တောင်ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ သူပြေးနေတာတောင် အတော်လေးကို ကြည့်‌ကောင်းနေတုန်းပဲ။

အမှတ် 1499

___

ဒီဇောင်ယုဟွမ် ရဲ့ကြက်က ဘယ်သူလဲ? ဘာကြောင့် ဒီမှာသူမရဲ့ ရေစစ်တပ်က ဒီလောက်များပြားရတာလဲ? သူမက လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကြားမှာ ‌ကျော်လွှားနေတာ သူမက လက်ဖက်စိမ်းမ မဟုတ်ဘူးလား? လူအားလုံးက သူမရဲ့ အလှအပ၊ စိတ်ထား‌ေတွ ချစ်ပြီးသားကို ကြွားဝါ‌ေနတာ ရပ်လိုက်‌ေတာ့။ ဒီဖျော်ဖြေရေး လောကမှာ သူမထက် ပိုပြီးဆွဲဆောင်မှုရှိတဲ့ မင်းသမီးတွေ အများကြီးရှိတယ်!

အမှတ် 2589

___

နောက်ဆုံးပို့စ်ကနေ ခါးသီးမှုကို‌ေတာင် ငါခံစားမိတယ်။ ရိုးရိုးသားသား ပြောရရင် တကယ်တော့ ဖျော်ဖြေရေး လောကမှာ သူမလို ဆွဲဆောင်မှုရှိတာ၊ ကောင်းမွန်တဲ့ ခန္ဓာကိုယ်ရှိတာ၊ စိတ်ထားကောင်းတာ အဲ့လိုသူတွေ အများကြီး မရှိပါဘူး။ မင်း နာမည်ပြောနိုင်လား?

ဇောင်ယုဟွမ် ကကင်မရာရှေ့ မတ်တပ်ရပ်ချိန်မှာ လူတစ်ယောက်က သူမကို အကြည့်မလွှဲပဲနဲ့တောင် တစ်နေကုန် ကြည့်နေနိုင်တယ်။

အမှတ် 2603

___

ငါမှာ အရမ်းကောင်းတဲ့ Mary Sue သီအိုရီရှိတယ်။ ဒီမှာ ငါ့စကားကို နားထောင်ပေး။ လီဂျင်းယွမ် နဲ့ သူဌေးလေးဟုန် တို့က သင့်တင့်တဲ့ မိသားစုကဖြစ်ပြီး ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေပဲ။ ဇောင်ယုဟွမ် ကငွေကြေးမပြည့်မစုံ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူမလို သာမန်လူတစ်ယောက်ကို ဟိုတယ်က ၅၀% လျော့ပေးတယ်လို့ ကြားခဲ့တယ်။ ဆိုတော့ သူမက ချမ်းသာမှာပဲ။ ဒါကြောင့် သူတို့က ဘယ်နေရာကိုသွားသွား VIP ဖြစ်ကြလိမ့်မယ်။ သူတို့က ရှိုးပွဲမလာခင်ကတည်းက တစ်ယောက်နဲ့ တစ်ယောက် သိပြီးသားဆိုတာ သိသာတာပဲ… သူတို့က ချမ်းသားတဲ့ မိသားစုကဖြစ်ပြီး အတူတူ ကြီးပြင်းလာတာ‌ေကာ မဖြစ်နိုင်ဘူးလား? သူတို့ကို ကင်မရာမှာ တွေ့လိုက်ချိန်တိုင်း လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ဇောင်ယုဟွမ် ဘယ်ကိုသွားသွား သူမအနောက်ကို လိုက်နေကြတာကို ရှင်းပြပေးနိုင်မလား? ဇောင်ယုဟွမ် အပေါ်ထားတဲ့ သူတို့ရဲ့ ချစ်ခြင်းမေတ္တာက အရမ်းကို ထင်ရှားတာပဲ!

အမှတ် 3000

___

လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ဇောင်ယုဟွမ် ကိုချစ်မြတ်နိုးနေတယ်လို့ ဘယ်သူက ပြောတာလဲ? မင်းရဲ့စိတ်ကူးယဉ်နေတာတွေကို ရပ်လိုက်။ အင်တာနက် နာမည်ကြီးတွေက ဖန်တွေများတယ်ဆိုတာကို ငါမယံုကြည်နိုင်ဘူး။ သူတို့ အကုန်လုံးက သူမရဲ့ ရေစစ်တပ်လား?

အမှတ် 3212

___

နောက်ဆုံးပို့စ် : မင်းက ငါ့ကို နောက်နေတာလား?

သူတို့ ဥယျာဉ်ထဲမှာရှိတဲ့ အပိုင်းကို မကြည့်ရသေးဘူးလား? လီဂျင်းယွမ် ကသူမ အိတ်ကိုသယ်‌ေပးပြီး ဟုန်ချန်းမင်း ကသူမအတွက် အသီးအနှံ‌ေတွ ကောက်‌ေပး‌ေနတာကို ကူညီပေးခဲ့တယ်။ လီဂျင်းယွမ် ကကြီးမားတဲ့ ယပ်တောင်ငှားဖို့တောင် သွားခဲ့တယ်။ သူ့လက်ထဲမှာ ယပ်တောင်နဲ့ ဇောင်ယုဟွမ် ကိုယပ်ခတ်ပေးနေတာကို အဆင်မပြေဘူးလို့ သူ‌က တွေးနေပုံမပေါ်ဘူး။ သူ့ရဲ့အိုင်ဒေါ ပုံရိပ်ကိုတောင် ဂရုမစိုက်ဘူး။ ဝမ်ယောင်ချန်း ကတောင် ဇောင်ယုဟွမ် အတွက် နာနတ်သီးစိတ် ယူလာပေး‌သေးတယ်။ =.= တကယ်ကြီး? ချစ်မြတ်နိုးနေတာကို တခြားသူတွေ မြင်ဖို့ဆိုတာ တကယ်ပဲ ခက်ခဲနေလို့လား? တချို့မိန်းကလေးတွေက မွေးဖွားလာရံုနဲ့ ကျော်ကြားတာပဲ!

အမှတ် 3234

___

အဲ့လိုပြောလို့ရတယ်။ ဇောင်ယုဟွမ် နတ်ဘုရားမပဲ။ သူမရှေ့က ဒီလိုအရည်အချင်းရှိတဲ့ တွေကို သူမက တစ်ယောက်မှကို မလိုချင်ဘူး… ငါသာ ဇောင်ယုဟွမ် ဆိုရင် “အင်း! လာ၊ အကုန်လုံးလာ။ ငါတတ်နိုင်တယ်!” အဲ့လိုပဲ ပြောလိုက်မှာ။

အမှတ် 3423

#ဒီfic က 105 အထိရှိပါတယ်‌ေနာ်၊ ဘာပဲဖြစ်ဖြစ် ကိုယ်တွေက တစ်ဝက်အထိတော့ ဘာသာပြန်လို့ပြီးပြီပဲ 😎😎

2.11.2020 (Mon)
……………………..

<Zawgyi>

သူက ေကာင္မ‌ေလးရွာဖို႔ အသက္အ႐ြယ္ေရာက္ၿပီ

ေဇာင္ယုဟြမ္ ကအိပ္ရာမွႏိုးေသာအခါ အရာအားလုံးက အႀကီးအက်ယ္ ေျပာင္းလဲသြားခဲ့သည္။

ပထမဦးဆုံး လက္ေထာက္ေက်ာင္ ဆီမွဖုန္းကို လက္ခံရရွိခဲ့သည္။ ဖုန္းတစ္ဖက္တြင္ လက္ေထာက္ေက်ာင္ ကဘာေျပာရမွန္း မသိေပ။ “မိန္းကေလးေဇာင္က မၾကာေသးခင္က မိန္းကေလးရန္ ရဲ႕ TV ရႈိးပြဲကို သြားခဲ့တာလား?”

သူမရဲ႕ခရီးစဥ္ကို သိေပမဲ့ သူမခရီးစဥ္ရဲ႕ ရည္႐ြယ္ခ်က္က ဘာလဲဆိုတာ အတိအက် မသိခဲ့‌ေပ။ ရွာ‌ေဖြမႈရလဒ္နဲ႔ ဗီြဒီယိုမ်ားမွ ပုံေတြကို ျမင္ၿပီးေနာက္ သူသိခဲ့သည္။

ေဇာင္ယုဟြမ္ ကတည့္တည့္ပဲ လိမ္ညာလိုက္သည္။ “ဒီကိစၥက စီးပြားေရးကိုပဲ အာ႐ုံစိုက္တဲ့ေခတ္ မဟုတ္ေတာ့ဘူး။ ေကာ္ပိုေရးရွင္းတစ္ခုရဲ႕ အႀကီးအကဲအေနႏွင့္ တခါတရံ တစ္ေယာက္ေယာက္ကို မ်က္ႏွာျပသဖို႔က အေရးႀကီးတယ္။ အဲ့ဒါေၾကာင့္ ကြၽန္မတို႔ရဲ႕ အမွတ္တံဆိပ္ကို လူသိမ်ားၿပီး တစ္ခ်ိန္တည္းမွာပဲ ေကာင္းမြန္တဲ့ ပုံရိပ္ကိုလည္း တည္ေဆာက္ေပးတယ္”

ထိုစကားကို ၾကားလိုက္ၿပီး လက္ေထာက္ေက်ာင္ ကစိတ္ရင္းမွန္ျဖင့္ သေဘာတူကာ ေျပာလိုက္သည္။ “မိန္းက‌ေလး‌ေဇာင္က အရမ္းေတာ္တာပဲ”

ထိုစကားကို ေျပာလိုက္ၿပီး လက္ေထာက္ေက်ာင္ ကရယ္လိုက္သည္။ “ဒီကိစၥမွာ ကြၽန္ေတာ္တို႔က ေၾကာ္ျငာအတြက္ အမ်ားႀကီး အကုန္အက်သက္သာသြားၿပီ။ ေနာက္ၿပီး ထိပ္ဆုံးေရာက္တာနဲ႔ မိန္းကေလးေဇာင္က ‌ေငြေတြကို ဖန္တီးႏိုင္လိမ့္မယ္။ ႏွစ္ခုလုံးက အေကာင္းဆုံးေတြပဲ!”

ထိုစကားကို ၾကားလိုက္ၿပီး ေဇာင္ယုဟြမ္ သည္အလြန္‌ေပ်ာ္႐ႊင္သြားသည္။ သူမသည္ ပစၥည္း‌ေတြကို ေနရာခ်‌ေနေပမဲ့ လက္ေထာက္ေက်ာင္ ကလက္ေထာက္ေကာင္း တစ္ေယာက္ျဖစ္တာေၾကာင့္ သူမကို သေဘာတူခဲ့သည္။

“မၾကာေသးခင္တုန္းက မိန္းကေလးေဇာင္ မွာအျခားအစီအစဥ္ေတြ ရွိခဲ့တာလား? စီစဥ္‌ေပးဖို႔ အကူအညီလိုအပ္လား?” တစ္ဖက္မွ  ခက္ေထာက္ေက်ာင္ ကေမးလိုက္သည္။

ေဇာင္ယုဟြမ္ ကဒီအေၾကာင္းကို အနည္းငယ္ စဥ္းစားလိုက္ၿပီး “ဟင့္အင္း၊ ဒီရႈိးပြဲက က်န္ေသးတယ္။ ဒါေပမဲ့ လက္ေထာက္ေက်ာင္ ကူညီေပးဖို႔က အရမ္းခက္ခဲလိမ့္မယ္”

လက္ေထာက္ေက်ာင္ က ေဇာင္ခ်ီ ႏွင့္အခ်ိန္အေတာ္ၾကာ အလုပ္လုပ္ေပးခဲ့ၿပီး သူ႔ရဲ႕ညာလက္႐ုံးေတာင္ ျဖစ္ေနခဲ့သည္။ သူမရဲ႕ခက္ခဲလြန္းတဲ့ ရႈိးပြဲကို ကူညီေပးခ်င္‌ေနသည္။

လက္ေထာက္ေက်ာင္ သည္ ေဇာင္ယုဟြမ္ ႏွင့္တစ္ခ်ိန္လုံး အဆင္ေျပစြာ ေနခဲ့သည္။ ခက္ခဲတာ ဟုတ္ဟုတ္မဟုတ္ဟုတ္ ‌ေဇာင္ယုဟြမ္ အတြက္ ကူညီေပးၿပီး လက္ေထာက္ဆိုသည့္ သူ႔ဂုဏ္ပုဒ္ကို ဆက္ထိန္းသိမ္းထားခ်င္သည္။

ေဇာင္ယုဟြမ္ သည္သူႏွင့္ စကားအနည္းငယ္ ေျပာခဲ့ၿပီးေနာက္ လက္ေထာက္ေက်ာင္ ကိုသူမနဲ႔အတူ ႐ိုက္ကူးေရးသို႔ သြားရန္ဆုံးျဖတ္လိုက္သည္။

ေဇာင္ယုဟြမ္ ဖုန္းခ်ၿပီးေသာအခါ သူမအေနျဖင့္ ဝဘ္ဆိုဒ္တြင္ ရွာေဖြရန္ အခြင့္အေရး ရရွိခဲ့သည္။

ထိပ္တန္းဆယ္ခုအတြင္းမွ ငါးခုကေတာ့ သူတို႔႐ိုက္ကူးခဲ့သည့္ ရႈိးပြဲက ေနရာယူထားသည္။

သူတို႔ထဲမွ တစ္ခုကေတာ့ “ေဇာင္ယုဟြမ္ ကမဲႏွစ္မဲရခဲ့သည္” နဲ႔အေနာက္တြင္ “hot 🔥” ဆိုသည့္ပုံေလးက ပါေနသည္။

ထို႔ေနာက္ “လီဂ်င္းယြမ္”၊ “သူေဌးေလးဟုန္”၊ “ရႈိးပြဲမွ ဂူယူလင္း” နဲ႔ “ေဇာင္ယုဟြမ္ ရဲ႕ေကာက္ေၾကာင္း” တို႔ရွိသည္။

ေဇာင္ယုဟြမ္ ရႈပ္ေထြးသြားခဲ့သည္။

ပထမဦးဆုံး အနည္းငယ္ကို သူမ နားလည္သည္။ သို႔ေသာ္ “ေဇာင္ယုဟြမ္ ရဲ႕ေကာက္ေၾကာင္း” ဆိုတဲ့ ေနာက္ဆုံးတစ္ခုက ဘာလဲ?

စိတ္ရႈပ္ေထြးသြားၿပီး သူမ ႏွိပ္၀င္လိုက္ကာ ပထမဆုံး Weibo link မွာတင္ ေရကူးဝတ္စုံႏွင့္ပံုကို ျမင္လိုက္ရသည္။ တခ်ိဳ႕ၾကားတြင္ ထိုပုံက အရင္ကထက္ ရွာေဖြမႈ အမ်ားဆုံးစာရင္း ဝင္ခဲ့သည္။

ထို႔ေနာက္ ကြန႔္မန႔္အပိုင္းကို သူမ ၾကည့္လိုက္သည္။

“OOOOOOOOOH! အဲ့ဒီခႏၶာကိုယ္ကို ၾကည့္ပါဦး? ငါဝိတ္ခ်ေတာ့မယ္! ငါ့ကို လာမတားၾကနဲ႔!”

“တကယ့္ကို ျပည့္စုံျခင္းပဲ! အေရွ႕ေကာ အေနာက္ေကာ အကုန္လုံးက စြမ္းအင္ေတြ ျပည့္ဝေနတဲ့ မိန္းမငယ္ေလးပဲ။ ႂကြားဝါထားတာ ဘာမွမရွိဘူး! အမ်ားႀကီး ႀကိဳးစားအားထုတ္ခဲ့တဲ့ ယင္ခ်ီခ်ီ ရဲ႕ ကေလးပုံစံ + ႀကီးမားတဲ့ b**bs ေတြကို ၾကည့္ရတာထက္ အႀကိမ္တစ္ေသာင္းမက ပိုၾကည့္ေကာင္းတယ္!”

“ခါးကိုလည္း ၾကည့္ပါဦး! ေျခေထာက္‌ေတြကိုလည္း ၾကည့္ဦး! ငါသာ ေကာင္ေလးဆိုရင္ သူမကို ႀကိဳက္မိမွာပဲ! (:зゝ∠) မိုက္လိုက္တဲ့ ခႏၶာကိုယ္ပဲ!”

“ငါရႈိးပြဲကို ၾကည့္ၿပီး ဒီေနရာကို လာခဲ့တယ္။ ေဇာင္ယုဟြမ္ ကေရကူးဝတ္စုံနဲ႔ ေလွ်ာက္ထြက္လာတဲ့ ျမင္ကြင္းက တကယ့္ကို ရင္သပ္ရႈေမာဖြယ္ပဲ။ သူမကို ၾကည့္ေနတဲ့ ငါ့မ်က္လံုး‌ေတြကို‌ေတာင္ လႊဲမပစ္ႏိုင္ဘူး! သူမနဲ႔အတူရွိေနတဲ့ ေရေပၚဆိုင္ကယ္ သင္တန္းဆရာကိုေတာင္ မနာလိုျဖစ္မိတယ္!”

“_(:Зゝေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို အဲ့လိုရွားပါးမိန္းကေလးကို ျပသေပးၾကပါ။ ကာတြန္း.gif”

“ဟဟဟဟဟ၊ ကာတြန္း gif အတြက္ ေက်းဇူးတင္ပါတယ္! လူတိုင္းရဲ႕ တုံ႔ျပန္မႈ‌ေတြက အရမ္းကို လက္ေတြ႕ဆန္တာပဲ။ သူတို႔အားလုံးက ေဇာင္ယုဟြမ္ ကိုၾကည့္ေနၾကတယ္!”

“ဟဟဟ။ ပံုက အရမ္းကို ထူးခြၽန္တာပဲ။ ‌ဝမ္ေကာက တစ္ခ်က္ၾကည့္ၿပီး ခ်က္ခ်င္းပဲ တျခားဘက္ကို ၾကည့္လိုက္တယ္။ စိုက္ၾကည့္ေနတာက ကသိကေအာက္ႏိုင္တယ္လို႔ ထင္မိလို႔ျဖစ္ရမယ္။ ေနာက္ေတာ့ သူက ယင္ခ်ီခ်ီ ကိုၾကည့္လိုက္ၿပီးေတာ့ ခ်က္ခ်င္းပဲ ေဇာင္ယုဟြမ္ ကိုျပန္ၾကည့္လိုက္တယ္။ ဟဟဟဟ။ ယင္ခ်ီခ်ီ ရဲ႕မ်က္လုံးထဲမွာ ခံစားသြားရတာကို ျမင္လိုက္ၾကလား?”

“ဝမ္ေကာရယ္ ကသိကေအာက္ႏိုင္တယ္လို႔ ခံစားေနစရာ မလိုပါဘူး။ ဘာပဲျဖစ္ျဖစ္ သူလည္း ရည္းစားထားဖို႔ အ႐ြယ္ေရာက္ေနၿပီပဲ!”

ေဇာင္ယုဟြမ္ ကကြန္႔မန္‌ေတြကို အနည္းငယ္ ေအာင္ဆြဲခ်လိုက္ၿပီး မေကာင္းျမင္သည့္ ကြန႔္မန႔္အခ်ိဳ႕ကို ေတြ႕လိုက္ရသည္။

“ရႈိးပြဲတစ္‌ေလွ်ာက္လံုး ခ်ီခ်ီ ကပစ္မွတ္ထားခံခဲ့ရၿပီး‌ေတာ့ သူမ ငိုေနခ်ိန္ေတာင္ ႏွစ္သိမ့္ေပးမဲ့သူ မရွိၾကဘူး။ ေနာက္ၿပီး အခုက်ေတာ့ တစ္စုံတစ္ေယာက္ရဲ႕ ေဟာ့တဲ့ခႏၶာကိုယ္ရွိေနတာေတာင္ ငါတို႔ခ်ီခ်ီေလးက ေဆြးေႏြးပြဲထဲကို ထပ္ဆြဲသြင္းခံရျပန္ၿပီလား? Bleh ငါတို႔ ခ်ီခ်ီေလးမွာလဲ ေဟာ့တဲ့ခႏၶာကိုယ္ ရွိသူတစ္ေယာက္ပါ အိုေက?”

ေဇာင္ယုဟြမ္ မ်က္ခုံးပင့္လိုက္သည္။ ယင္ခ်ီခ်ီ ကမနိမ့္က်ဘူးဆိုတာကို သူမ သိသည္။ ေနာက္ၿပီး ထိုေနရာမွာပဲရွိသည္။ သူမန‌ွိပ္ၾကည့္ၿပီးေနာက္ မူလတစ္ခုရဲ႕ ေအာက္က ကြန႔္မန႔္မ်ား :

“ပို႔စ္တစ္ခုကို ဘယ္ေလာက္လဲ? အုပ္စုထဲ ငါ့ကိုထည့္ေပးပါ၊ ငါလည္း ေငြရေအာင္ လုပ္ႏိုင္တယ္?”

“ပို႔စ္တစ္ခုကို ဘယ္ေလာက္လဲ? အုပ္စုထဲ ငါ့ကိုထည့္ေပးပါ၊ ငါလည္း ေငြရေအာင္ လုပ္ႏိုင္တယ္?”

……

ထို႔‌ေနာက္ တူညီေသာ ပို႔စ္ကိုအႀကိမ္ေပါင္းမ်ားစြာ ထပ္ခါတလဲလဲ ေတြ႕လိုက္ရသည္။

ခ်က္ခ်င္းပဲ ေဇာင္ယုဟြမ္ က်ယ္ေလာင္စြာ ရယ္လိုက္သည္။

ဟားဟား။ အခုခ်ိန္ဆို ယင္ခ်ီခ်ီ ေတာ္ေတာ္ေလး ေဒါသထြက္ေနေလာက္ၿပီ။

ေဇာင္ယုဟြမ္ ကထိုေနရာမွ ထြက္ခဲ့ၿပီး #လီဂ်င္းယြမ္# ႏွင့္ #သူေဌးေလးဟုန္# ဆီကို သြားလိုက္သည္။ သူတို႔တြင္ ႐ူးသြပ္သည့္ စာသားေတြ၊ မ်က္ႏွာျပင္ကို လ်က္တာေတြ၊ အ႐ိုင္းဆန္တဲ့ ခ်စ္ျခင္းေမတၱာေတြကုိ ေတြ႕လိုက္ရသည္။

လီဂ်င္းယြမ္ ရဲ႕ဖန္အေရအတြက္က ၁၀ သန္း ေက်ာ္သြားခဲ့သည္။

ဟုန္ခ်န္းမင္း ကေတာ့ ဖန္ ေလးသိန္းခြဲသာရွိသည္။ သို႔ေသာ္ အနည္းငယ္ ၾကာၿပီးေနာက္ ဖန္အေရအတြက္က အနည္းငယ္ တိုးတက္လာခဲ့သည္။

သူမရဲ႕ ကိုယ္ပိုင္အေကာင့္ Weibo ကိုျပန္သြားေသာအခါ သူမတြင္ ပရိသတ္ ၁ သန္းေက်ာ္ ရွိေနၿပီျဖစ္သည္။ ထို႔ေနာက္ သူမရဲ႕ မက္ေစ့ေဘာက္တြင္ မ်ားျပားေသာ စာေတြနဲ႔ ျပည့္ႏွက္ေနသည္။

“ကိုယ္အရမ္းမွား…. သြားတယ္။ မင္းက မင္းပုံထဲမွာထက္ ရႈိးပြဲမွာက အမ်ားႀကီး ပိုခ်စ္ဖို႔ေကာင္းတယ္။ OOOOHHHHHH! မင္းရဲ႕စိတ္ထားကလည္း ၿပိဳင္ဘက္ကင္းပဲ!! အင္တာနက္က နာမည္ႀကီးေတြေတာင္ မင္းနဲ႔မယွဥ္ႏိုင္ဘူး!”

“မင္းလို ခႏၶာကိုယ္မ်ိဳးရဖို႔ ဘယ္လိုရႏိုင္မလဲ? ဆုေတာင္းေပးပါဦး!”

“ညီမငယ္ေလးရဲ႕ ဒီလိုအံ့ၾသစရာေကာင္းတဲ့ စိတ္ထားကို ဘယ္လိုရႏုိင္မလဲဆိုတာ ကိုယ္သိခ်င္တယ္”

“ေက်းဇူးျပဳၿပီး ကိုယ့္ကို အခ်စ္ဇာတ္လမ္းေလး သင္ျပေပးပါဦး၊ ညီမငယ္ေလး!”

“ကိုယ့္ဇနီး‌က အခုေတာင္ ရင္သပ္ရႈေမာဖြယ္ေကာင္းေလာက္ေအာင္ လွပေနတုန္းပဲ! ငါက ေဆာက္လုပ္ေရးလုပ္ငန္းမွာ အလုပ္လုပ္ေနတာေၾကာင့္ မင္းကို ေထာက္ပံ့ေပးႏိုင္တယ္!”

“ယင္ခ်ီခ်ီ ကေတာ္ေတာ္ေလး ဆြဲေဆာင္မႈရွိတယ္လို႔ ထင္ခဲ့ဖူးတယ္။ အခုေတာ့ သူတို႔ရဲ႕ စိတ္ထား‌ေတြရဲ႕ ျခားနားခ်က္ကို သေဘာေပါက္လာၿပီ။ သူတို႔အတူတူရွိခ်ိန္ အဲ့ျခားနားခ်က္က ပိုသိသာခဲ့တယ္ … အဲ့အေၾကာင္းေျပာရင္း တစ္စုံတစ္ေယာက္ရဲ႕ စိတ္ထားကို ဘယ္လိုတိုးတက္ေအာင္ လုပ္ရမလဲ? ညီမငယ္ေလးက တစ္ေန႔မွာ စာအုပ္သုံးအုပ္ ဖတ္တာလား? QAQ”

……

ဘာလုပ္ရမည္ကို မသိေသာေၾကာင့္ ေနာက္ဆုံးတြင္ ေဇာင္ယုဟြမ္ သည္ Weibo ကိုပိတ္လိုက္သည္။

သူမ Weibo ကိုပိတ္ပစ္လိုက္သည္ႏွင့္ ဟန္ယင္ယင္ က Wechat ကေနစာပို႔လာခဲ့သည္။

[Link]

ေဇာင္ယုဟြမ္ : [ဒါကဘာလဲ?]

ဟန္ယင္ယင္ : [အတင္းအဖ်င္း စကားဝိုင္းက စိတ္ဝင္စားဖို႔‌ေကာင္းတဲ့ အရာေတြေလ။
ဒါက အေတာ္ေလး စိတ္ဝင္စားဖို႔‌ေကာင္းတယ္။ ငါဖတ္ၿပီးၿပီ။ မင္း ၾကည့္သင့္တယ္]

ေဇာင္ယုဟြမ္ သည္ထိုလင့္ခ္ကို ႏွိပ္လိုက္ၿပီး “အခ်ိန္ခရီးသြားျခင္း”အား ခြဲျခမ္းစိတ္ျဖာမႈဆိုသည့္ ပို႔စ္ကိုျမင္လိုက္သည္။

ဟမ္။ “အခ်ိန္ခရီးသြားျခင္း” က႐ုပ္ရွင္မဟုတ္ဘူး။ ဘာေၾကာင့္ ခြဲျခမ္းစိတ္ျဖာရတာလဲ? စိတ္ရႈပ္ေထြးစြာျဖင့္ ေဇာင္ယုဟြမ္ ကဆက္ဖတ္လိုက္သည္။ သတင္းအခ်က္အလက္ေတြက မ်ားလြန္းတဲ့အတြက္ ေၾကာင့္ ေဇာင္ယုဟြမ္ ေခါင္းမူးသလို‌ေတာင္ ခံစားလိုက္ရသည္။ ပထမစာ အနည္းငယ္ကိုသာ ဖတ္ၾကည့္ၿပီး ထြက္လိုက္သည္။

သို႔ေသာ္ အျခားဖရဲသီးစားသုံးသူသည္ မူး‌ေဝျခင္းကို ဂ႐ုမစိုက္‌ေပ။ ဖရဲသီးကို သူတို႔ႏွစ္ၿခိဳက္ၾကသည္။ ဒါေတြက ရွာေဖြမႈ ရလဒ္ဆီလည္း သြားသည္။

“ဇာတ္ၫႊန္းမရွိတဲ့ TV ရႈိးပြဲက ဘယ္လိုမ်ိဳးလဲ? ဟားဟား”

“အခ်ိန္ခရီးသြားျခင္း” ကထူးဆန္းတဲ့ ျမင္ကြင္းေတြအားလံုးကို မိတ္ဆက္ေပးပါဦး။

အမွတ္ 0. ☆☆☆ =-= | 2018╟11-04 09:32:01 တြင္ ေျပာသည္

……

… ဒီမွာ ထုတ္လုပ္ေရးအဖြဲ႕က သူတို႔ကို စက္ဘီးစီးၿပီး ေတာင္ေပၚကို တက္ခိုင္းတယ္။ ယင္ခ်ီခ်ီ၊ ဂူယူလင္း နဲ႔ ေကာမိုင္ တို႔က သူတို႔ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈေၾကာင့္ အလယ္မွာ ခနနားခဲ့ရတယ္။ လီဂ်င္းယြမ္ ကအဆင္ေျပစြာ စီးေနခ်ိန္မွာ အေနာက္လွည့္ၿပီး ေဇာင္ယုဟြမ္ ကိုအဆင္ေျပလား လွည့္ေမးေတာ့ သူမက အဆင္ေျပစြာ စီးေနတယ္။ ေဇာင္ယုဟြမ္ က”ငါမပင္ပန္းဘူး” လို႔သူမ မ်က္ႏွာမွာ ေပၚေနတယ္။ လီဂ်င္းယြမ္ က”မင္းကို ေခၚသြားေပးမယ္”လို႔ ေျပာလိုက္တယ္။

သူတို႔ေဘးမွ ဂူယူလင္း ေတာင္မွ အံ့အားသင့္သြားသည္။ သူတို႔ကသာ ေမာပန္းေနၾကတဲ့ သူမ်ားျဖစ္ၾကသည္။ အဲ့အစား ေဇာင္ယုဟြမ္ ကိုေမးရတာလဲ? ယင္ခ်ီခ်ီ ကအေရထူတာေၾကာင့္ ခ်က္ခ်င္း ေမးလိုက္သည္။ “ကြၽန္မကို ေခၚသြားေပးလို႔ရမလား? ကြၽန္မ အရမ္းပင္ပန္းေနၿပီ” ေနာက္ဆုံး‌ေတာ့ လင္းလန္ က “လီဂ်င္းယြမ္ ကမင္းကို ေခၚသြားေပးႏိုင္မွာ မဟုတ္ဘူး၊ ဒါေပမဲ့ ကြၽန္မကေတာ့ ေခၚသြားေပးႏိုင္တယ္။ ဟားဟားဟားဟား” ယင္ခ်ီခ်ီ ရဲ႕မ်က္ႏွာက အစိမ္းေရာင္ ေျပာင္းသြားတာကို ၾကည့္လိုက္ဦး။

အမွတ္ 902 ☆☆☆ = = | 2018╟11-04 09/56:00 တြင္ေျပာသည္။

အဲ့ဒါကို ငါ‌ေတြ႕ၿပီးၿပီ!! လီဂ်င္းယြမ္ ကတစ္‌ေယာက္ကို ေခၚတင္ႏိုင္ခဲ့တယ္။ ေနာက္ေတာ့ ဟုန္ခ်န္းမင္း ကလည္း ေဇာင္ယုဟြမ္ ကိုေခၚသြားဖို႔ ေတာင္းဆိုခဲ့တယ္။ သူတို႔ႏွစ္ေယာက္လုံးက အဆုံးမွာေတာ့ ရက္ရက္စက္စက္ ျငင္းပယ္ခံခဲ့ရတယ္။  ေဇာင္ယုဟြမ္ ကေငြေၾကးကို ဆက္လက္ေလ်ာ့ခ်ႏိုင္ဖို႔ သူတို႔ႏွစ္ေယာက္ထက္ ပိုျမန္ေအာင္ နင္းခဲ့ၿပီး သူတို႔ႏွစ္ေယာက္ကို တစ္ေယာက္ေယာက္ကို တင္နင္းသင့္ေၾကာင္းလဲ ေျပာသြားခဲ့တယ္။ အဆုံးမွာေတာ့ လီဂ်င္းယြမ္ က ဂူယူလင္း ကိုေခၚခဲ့ၿပီး ဟုန္ခ်န္းမင္း ကေတာ့ ေကာမိုင္ ကိုေခၚတင္ခဲ့ရတယ္။ ေဇာင္ယုဟြမ္ ကအရွိန္တင္ၿပီး နင္းတာေၾကာင့္ ေပ်ာက္သြားခဲ့တယ္။ သူမက သူတို႔ထက္ ပိုၿပီးေတာင္ အားရွိေသးတယ္။ ဘယ္သူမွ ယင္ခ်ီခ်ီ အေပၚမွာ အာ႐ုံမရွိၾကဘူး။ ဟားဟား။ ဒီျမင္ကြင္းက အရမ္းရယ္စရာေကာင္းတာပဲ! ေဇာင္ယုဟြမ္ ကိုလူတိုင္းက ေခၚတင္သြားခ်င္ေပမဲ့ သူမက အကုန္လုံးကို ျငင္းပစ္မယ္လို႔ သူမမ်က္ႏွာမွာ ေပၚေနတယ္လို႔ ခံစားေနရတယ္။

အမွတ္ 1003

___

အဲ့လိုေျပာရင္ ေမာင္ေလးလီရဲ႕ ခ်စ္သူပုံစံက ၿပိဳင္ဘက္ကင္းပဲ။ သူက စက္ဘီးစီးေနတာေတာင္ အေတာ္ေလး ခ်စ္ဖို႔ေကာင္းေနတယ္။ ကင္မရာက သူ႔ကိုျပခ်ိန္မွာ သူ႔ႂကြက္သားေတြကို ျမင္‌ေနရတယ္။ အၾကည့္နဲ႔တင္ အရမ္းကိုျပည့္စုံၿပီး ႐ူးသြပ္သြားေစတယ္။

အမွတ္ 1247

___

@1247 ကစစ္(sis)။ ဟုန္ခ်န္းမင္း ကိုလည္းၾကည့္ဖို႔ ေတာင္းဆိုခ်င္တယ္။ အဲ့ခႏၶာကိုယ္ကို နတ္ဆိုးခႏၶာကိုယ္လို႔ေတာင္ အစ္မေျပာမိလိမ့္မယ္။ သူ႔ကို ေလတိုက္လိုက္ခ်ိန္မွာ သူ႔ဝမ္းဗိုက္ကိုေတာင္ ျမင္ေနရတယ္။ ေနာက္ၿပီး ေခြၽးကလည္း စီးက်ေနေသးတယ္။ အရမ္း အရမ္းကို ဆြဲေဆာင္အားျပင္းတာပဲ! သူနဲ႔အနီးဆံုး ႏွစ္ခုရွိ္တယ္! သူ႔ေဘာင္းဘီကို နည္းနည္းေလာက္ဆြဲခ်ၿပီး ၾကည့္ခ်င္စိတ္ျဖစ္လာ‌ေစတယ္…

အမွတ္ 1300

___

ဟုန္ခ်န္းမင္း ေတာင္မွ ငယ္႐ြယ္လြန္းတယ္လို႔ ထင္ရတယ္။ ဒါေပမဲ့ သူနဲ႔ လီဂ်င္းယြမ္ တို႔ႏွစ္ေယာက္လုံးက သူတို႔ဘဝရဲ႕ အေကာင္းဆံုး အသက္အ႐ြယ္ကို ေရာက္ေနၾကၿပီ! လွပတဲ့အသြင္အျပင္၊ အရမ္းေကာင္မြန္တဲ့ ခႏၶာကိုယ္၊ အရမ္းေကာင္းမြန္တဲ့ စိတ္ထား! ရွာေဖြလို႔ေတာင္ လြယ္ကူမွာ မဟုတ္ဘူး! ေယာက်ၤေလးမ်ားစြာက ဝမ္းဗိုက္ႂကြက္သားနဲ႔ေတာင္ ပါးလွပ္ေနတုန္းပဲ! ဒီႏွစ္ေယာက္ကေတာ့ မတူဘူး! သူတို႔က ခ်စ္ဖို႔ေကာင္းတဲ့ ပါပီေလးနဲ႔ ဝံပုေလြၾကားမွာ တခ်ိန္လုံး ေျပာင္းလဲေနၾကတယ္! သူတို႔က မိန္းကေလးေတြရဲ႕ အိပ္မက္ေတြလိုပဲ! ငါ့အိပ္မက္ထဲမွာေတာင္ သူတို႔နဲ႔တူတဲ့ ေကာင္ေလးမ်ိဳးကို လိုခ်င္မိတယ္!

အမွတ္ 1333

___

@1333 ကစစ္(sis) သူတို႔က မငိးရဲ႕ ဒ႑ာရီထဲက ထြက္ေနၾကၿပီ။ လီဂ်င္းယြမ္ ကအဂၤလန္မွာ ပညာသင္ခဲ့တယ္။ မင္းေျပတာ သူ႔မိသားစုက အရမ္းေကာင္းတယ္လို႔။ ေနာက္‌ေတာ့ သူက ေမာ္ဒယ္လ္လုပ္ရင္း ေငြရွာေနတယ္။ သူေဌးေလးဟုန္ ကလည္း CEO ထဲမွာ ေခါင္းေဆာင္ပဲ။ ဒါကိုေျပာမွ OOOOOOH လို႔ေတာင္ မစဥ္းစားဘဲ မေနႏိုင္‌ေတာ့ဘူး။ သူတို႔ေတြက ဘယ္လိုေတာင္ အံ့ဩဖို႔ေကာင္းတဲ့ သူေတြလဲ!!!

အမွတ္ 1339

___

အမွန္တရားဂိမ္း (True or dare) အပိုင္းကို ၾကည့္လိုက္ၾကလား? ဒါက ထည့္ေျပာဖို႔ ထိုက္တန္တယ္လို႔ ထင္တယ္။ ဒါက အေတာ္ေလး ရယ္စရာ‌ေကာင္းတယ္! ယင္ခ်ီခ်ီ က လီဂ်င္းယြမ္ ကို‌ေကာင္မေလးထားဖို႔ စီစဥ္ေနၿပီလားလို႔ ေမးခဲ့တယ္။ လီဂ်င္းယြမ္ ကသူထားခ်င္ေပမဲ့ မလုပ္ႏိုင္ဘူးလို႔ ေျပာလိုက္တယ္။

ထို႔ေနာက္ ဟုန္ခ်န္းမင္း အလွည့္ပဲ။ လူတိုင္းက သူ႔ကို ဘာပုံစံႀကိဳက္လဲ ေမးၾကတယ္။ သူေဌးေလးဟုန္ ကမေျပာဖို႔ ေ႐ြးခ်ယ္လိုက္ၿပီး အေလးပင့္ၿပီး ၁၀ ေခါက္ေျပးဖို႔ ေ႐ြးခ်ယ္လိုက္တယ္။ သူေဌးေလးဟုန္ က ေဇာင္ယုဟြမ္ ကိုခ်ီၿပီး မနားတမ္းေျပာခဲ့တယ္။ OMG! ဒါက အရမ္းရယ္စရာ‌ေကာင္းတယ္! ေဇာင္ယုဟြမ္ ေတာင္ဘာေျပာရမွန္းမသိ ျဖစ္သြားခဲ့တယ္။ ဒါေပမဲ့ သူေျပးေနတာေတာင္ အေတာ္ေလးကို ၾကည့္‌ေကာင္းေနတုန္းပဲ။

အမွတ္ 1499

___

ဒီေဇာင္ယုဟြမ္ ရဲ႕ၾကက္က ဘယ္သူလဲ? ဘာေၾကာင့္ ဒီမွာသူမရဲ႕ ေရစစ္တပ္က ဒီေလာက္မ်ားျပားရတာလဲ? သူမက လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ၾကားမွာ ‌ေက်ာ္လႊားေနတာ သူမက လက္ဖက္စိမ္းမ မဟုတ္ဘူးလား? လူအားလုံးက သူမရဲ႕ အလွအပ၊ စိတ္ထား‌ေတြ ခ်စ္ၿပီးသားကို ႂကြားဝါ‌ေနတာ ရပ္လိုက္‌ေတာ့။ ဒီေဖ်ာ္ေျဖေရး ေလာကမွာ သူမထက္ ပိုၿပီးဆြဲေဆာင္မႈရွိတဲ့ မင္းသမီးေတြ အမ်ားႀကီးရွိတယ္!

အမွတ္ 2589

___

ေနာက္ဆုံးပို႔စ္ကေန ခါးသီးမႈကို‌ေတာင္ ငါခံစားမိတယ္။ ႐ိုး႐ိုးသားသား ေျပာရရင္ တကယ္ေတာ့ ေဖ်ာ္ေျဖေရး ေလာကမွာ သူမလို ဆြဲေဆာင္မႈရွိတာ၊ ေကာင္းမြန္တဲ့ ခႏၶာကိုယ္ရွိတာ၊ စိတ္ထားေကာင္းတာ အဲ့လိုသူေတြ အမ်ားႀကီး မရွိပါဘူး။ မင္း နာမည္ေျပာႏိုင္လား?

ေဇာင္ယုဟြမ္ ကကင္မရာေရွ႕ မတ္တပ္ရပ္ခ်ိန္မွာ လူတစ္ေယာက္က သူမကို အၾကည့္မလႊဲပဲနဲ႔ေတာင္ တစ္ေနကုန္ ၾကည့္ေနႏိုင္တယ္။

အမွတ္ 2603

___

ငါမွာ အရမ္းေကာင္းတဲ့ Mary Sue သီအိုရီရွိတယ္။ ဒီမွာ ငါ့စကားကို နားေထာင္ေပး။ လီဂ်င္းယြမ္ နဲ႔ သူေဌးေလးဟုန္ တို႔က သင့္တင့္တဲ့ မိသားစုကျဖစ္ၿပီး ခ်မ္းသာတဲ့ ဒုတိယမ်ိဳးဆက္ေတြပဲ။ ေဇာင္ယုဟြမ္ ကေငြေၾကးမျပည့္မစုံ ျဖစ္ႏိုင္တယ္။ ဒါေပမဲ့ သူမလို သာမန္လူတစ္ေယာက္ကို ဟိုတယ္က ၅၀% ေလ်ာ့ေပးတယ္လို႔ ၾကားခဲ့တယ္။ ဆိုေတာ့ သူမက ခ်မ္းသာမွာပဲ။ ဒါေၾကာင့္ သူတို႔က ဘယ္ေနရာကိုသြားသြား VIP ျဖစ္ၾကလိမ့္မယ္။ သူတို႔က ရႈိးပြဲမလာခင္ကတည္းက တစ္ေယာက္နဲ႔ တစ္ေယာက္ သိၿပီးသားဆိုတာ သိသာတာပဲ… သူတို႔က ခ်မ္းသားတဲ့ မိသားစုကျဖစ္ၿပီး အတူတူ ႀကီးျပင္းလာတာ‌ေကာ မျဖစ္ႏိုင္ဘူးလား? သူတို႔ကို ကင္မရာမွာ ေတြ႕လိုက္ခ်ိန္တိုင္း လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ေဇာင္ယုဟြမ္ ဘယ္ကိုသြားသြား သူမအေနာက္ကို လိုက္ေနၾကတာကို ရွင္းျပေပးႏိုင္မလား? ေဇာင္ယုဟြမ္ အေပၚထားတဲ့ သူတို႔ရဲ႕ ခ်စ္ျခင္းေမတၱာက အရမ္းကို ထင္ရွားတာပဲ!

အမွတ္ 3000

___

လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ေဇာင္ယုဟြမ္ ကိုခ်စ္ျမတ္ႏိုးေနတယ္လို႔ ဘယ္သူက ေျပာတာလဲ? မင္းရဲ႕စိတ္ကူးယဥ္ေနတာေတြကို ရပ္လိုက္။ အင္တာနက္ နာမည္ႀကီးေတြက ဖန္ေတြမ်ားတယ္ဆိုတာကို ငါမယံုၾကည္ႏိုင္ဘူး။ သူတို႔ အကုန္လုံးက သူမရဲ႕ ေရစစ္တပ္လား?

အမွတ္ 3212

___

ေနာက္ဆုံးပို႔စ္ : မင္းက ငါ့ကို ေနာက္ေနတာလား?

သူတို႔ ဥယ်ာဥ္ထဲမွာရွိတဲ့ အပိုင္းကို မၾကည့္ရေသးဘူးလား? လီဂ်င္းယြမ္ ကသူမ အိတ္ကိုသယ္‌ေပးၿပီး ဟုန္ခ်န္းမင္း ကသူမအတြက္ အသီးအႏွံ‌ေတြ ေကာက္‌ေပး‌ေနတာကို ကူညီေပးခဲ့တယ္။ လီဂ်င္းယြမ္ ကႀကီးမားတဲ့ ယပ္ေတာင္ငွားဖို႔ေတာင္ သြားခဲ့တယ္။ သူ႔လက္ထဲမွာ ယပ္ေတာင္နဲ႔ ေဇာင္ယုဟြမ္ ကိုယပ္ခတ္ေပးေနတာကို အဆင္မေျပဘူးလို႔ သူ‌က ေတြးေနပုံမေပၚဘူး။ သူ႔ရဲ႕အိုင္ေဒါ ပုံရိပ္ကိုေတာင္ ဂ႐ုမစိုက္ဘူး။ ဝမ္ေယာင္ခ်န္း ကေတာင္ ေဇာင္ယုဟြမ္ အတြက္ နာနတ္သီးစိတ္ ယူလာေပး‌ေသးတယ္။ =.= တကယ္ႀကီး? ခ်စ္ျမတ္ႏိုးေနတာကို တျခားသူေတြ ျမင္ဖို႔ဆိုတာ တကယ္ပဲ ခက္ခဲေနလို႔လား? တခ်ိဳ႕မိန္းကေလးေတြက ေမြးဖြားလာရံုနဲ႔ ေက်ာ္ၾကားတာပဲ!

အမွတ္ 3234

___

အဲ့လိုေျပာလို႔ရတယ္။ ေဇာင္ယုဟြမ္ နတ္ဘုရားမပဲ။ သူမေရွ႕က ဒီလိုအရည္အခ်င္းရွိတဲ့ ေတြကို သူမက တစ္ေယာက္မွကို မလိုခ်င္ဘူး… ငါသာ ေဇာင္ယုဟြမ္ ဆိုရင္ “အင္း! လာ၊ အကုန္လုံးလာ။ ငါတတ်ႏိုင္တယ္!” အဲ့လိုပဲ ေျပာလိုက္မွာ။

အမွတ္ 3423

#ဒီfic က 105 အထိရွိပါတယ္‌ေနာ္၊ ဘာပဲျဖစ္ျဖစ္ ကိုယ္ေတြက တစ္ဝက္အထိေတာ့ ဘာသာျပန္လို့ၿပီးၿပီပဲ 😎😎

2.11.2020 (Mon)
……………………..

[text_hash] => bbb28683
)

//qc
//QC2