ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 6❇ ဒါေတြအားလံုးကသူတို႔အတြက္
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 6❇ ဒါေတြအားလံုးကသူတို႔အတြက္

Array
(
[text] =>

<Zawgyi>

ဒါေတြအားလုံးက သူတို႔အတြက္

ေဇာင္ယုဟြမ္ ကဗန္းကို ဆြဲယူလိုက္ၿပီး အေနာက္ကို ျပင္းျပင္းထန္ထန္ ဆုတ္လိုက္ၿပီး ၾကည့္လိုက္ၿပီး စိတ္ရႈပ္ေထြးစြာျဖင့္ ေမးလိုက္သည္။

“မင္းတို႔ ႏွစ္ေယာက္က ဘာလို႔ငါနဲ႕ ရန္ျဖစ္ေနရတာလဲ?”

လီဂ်င္းယြမ္ နဲ႕ ဟုန္ခ်န္းမင္း ႏွစ္ေယာက္လုံးက အခ်ိန္ခနေလာက္ ရပ္တန႔္သြားၿပီး ကို႔ယို႔ကားယားျဖင့္ ဗန္းကို လႊတ္လိုက္သည္။

“မမ ကိုကူညီေပးခ်င္လို႔” လီဂ်င္းယြမ္ ကကို႔ယို႔ကားယား ေျပာလိုက္သည္။ “အဲ့ဒါက ေလးတယ္”

“ဒါက မေလးပါဘူး” ေဇာင္ယုဟြမ္ ကအခြင့္အေရးကို ရယူလိုက္ၿပီး စားပြဲေပၚမွာ ဗန္းကို လ်င္ျမန္စြာ ခ်လိဳက္သည္။

“ေကာင္းၿပီ၊ စားရေအာင္!” ေဇာင္ယုဟြမ္ ကတစ္ရႉးကို ယူလိုက္ၿပီး သူမလက္ကို သုတ္လိုက္သည္။

“ငါတို႔ ေအာက္ထပ္ကို ဆင္းဖို႔ မလိုဘူးလား?” ဟုန္ခ်န္းမင္း ကႏူးညံ့စြာ ေမးလိုက္သည္။

ေဇာင္ခ်ီ ကအိမ္ျပန္လာခဲ့ခ်ိန္တြင္ ေအးေအးေဆးေဆး ျဖစ္ေနတာ မဟုတ္တာေၾကာင့္ တတိယထပ္ကေနေတာင္ အသံေတြကို ၾကားနိုင္သည္။ ေအာက္ထပ္တြင္ ဘာေတြျဖစ္ေနလဲဆိုတာကို တတိယထပ္ကေနေတာင္ ရွင္းရွင္းလင္းလင္း ၾကားနိုင္တယ္!

“မလိုဘူး” ေဇာင္ယုဟြမ္ ကသူမတူကို ယူလိုက္ၿပီး ၾကည့္ေတာင္မၾကည့္ပဲ ႐ႊင္လန္းစြာ ေျပာလိုက္သည္။

“အခုကစၿပီး ငါတို႔သုံးေယာက္နဲ႕တင္ အဆင္ေျပတယ္” လီဂ်င္းယြမ္ နဲ႕ ဟုန္ခ်န္းမင္း တို႔ႏွစ္ေယာက္လုံး ရပ္တန႔္သြားၾကသည္။

သူတို႔… သုံးေယာက္တည္း…?

ေဇာင္ယုဟြမ္ ကထိုအဓိပၸါယ္ကို သူတို႔ နားမလည္မွာ စိုးတာေၾကာင့္ ေမာ့ၾကည့္လိုက္ၿပီး ထပ္ေျပာလိုက္သည္။
“မင္းတို႔ ေတြ႕တာပဲ၊ ငါ့အေဖက အခုေတာ့ မိသားစု အသစ္ရွိေနၿပီ….. သူက ဇနီးအသစ္၊ သား အသစ္၊ သမီးအသစ္ေတြ ရွိေနၿပီ။ ငါ့အေမကလည္း ဆုံးသြားခဲ့ၿပီ၊ ဒါေၾကာင့္… အခုေတာ့ ငါတို႔ေတြပဲ ရွိတယ္…”

ေကာင္ေလး ႏွစ္ေယာက္က သူမကို စိုက္ၾကည့္ေနခဲ့သည္။ သူမလက္ထဲတြင္ တူကကိုင္ထားၿပီး အနည္းငယ္ မ်က္ေမွာင္ၾကဳတ္သြားသည္။ သူမ အသံက ဖိအားေပးၿပီး တည္ၿငိမ္ေအာင္ ျပဳလုပ္ထားခဲ့သည္။

….သူမရဲ႕ အတြင္းစိတ္ထဲမွာ ေတာ္ေတာ္ေလး ဝမ္းနည္းေနပုံပဲ။ သူမက သူတို႔နဲ႕ မတူေပ။ အရင္တုန္းက ဒီလိုမ်ိဳး ခက္ခဲတဲ့ အေျခအေနကို တစ္ခါမွ မေတြ႕ႀကဳံခဲ့ဖူးေပ။ ဒါက သူမကို ခက္ခဲေစတာထက္ သူတို႔ကို ပိုၿပီး ခက္ခဲေစလိမ့္မယ္။

သူတို႔ႏွစ္ေယာက္လုံးက သူတို႔ေခါင္းေတြကို ငုံ႕ထားၾကၿပီး အခ်ိန္အနည္းအထိ ဘယ္သူမွ စကားမေျပာၾကေပ။

မနက္စာ စားေနခ်ိန္ တစ္ဝက္တြင္ ေအာက္ထပ္က ရန္ျဖစ္သည့္ ဆူညံသံေတြ ထြက္လာတာကို ၾကားရသည္။ ရႈယုရွန္း ကသူမဘာသာ မထိန္းခ်ဳပ္နိုင္ေတာ့ပဲ ထြက္လာခဲ့တယ္လို႔ ေဇာင္ယုဟြမ္ သိလိုက္သည္။

“ေအာက္ထပ္က…” လီဂ်င္းယြမ္ ကအသံနိမ့္ေလးနဲ႕ ေျပာလိုက္သည္။

“အင္း၊ ဟုတ္တယ္၊ အခု သူတို႔ ရန္ျဖစ္ေနၾကတယ္။ ငါေအာက္ထပ္သြားၿပီး မနက္စာ ယူခ်ိန္တုန္းက ငါ ရႈယုရွန္း ဆီေျပးသြားခဲ့တယ္။ ေဇာင္ရဲ႕သမီးနဲ႕ သူမရဲ႕ နာမည္ကို ေျပာင္းဖို႔လုပ္ရင္း သူမအစီစဥ္ကို အေဖ့ကို ေျပာခဲ့တာ။ ဒါေၾကာင့္ မင္းတို႔ ႏွစ္ေယာက္ကိုလည္း အသိအမွတ္ျပဳဖို႔ ငါေျပာခဲ့တယ္….” ေဇာင္ယုဟြမ္ ကေလးနက္စြာ ေျပာလိုက္သည္။

သဘာဝက်စြာျဖင့္ သူမ ဗုံးက်ဲခဲ့ၿပီး ျမန္ျမန္ ထြက္လာတဲ့ အပိုင္းကိုေတာ့ မေျပာျပခဲ့ေပ။ လီဂ်င္းယြမ္ နဲ႕ ဟုန္ခ်န္းမင္း ႏွစ္ေယာက္လုံးက သူတို႔ရဲ႕ တူေတြကို တစ္ၿပိဳင္နက္တည္း ခ်လိဳက္ၾကသည္။

“မင္း လုပ္ဖို႔ မလိုအပ္ပါဘူး….” ဟုန္ခ်န္းမင္း ကထိုစကားေတြကို သူ႕လည္ေခ်ာင္းကေန ညွစ္ထုတ္ရင္း ႏူးညံ့စြာ ေျပာလိုက္သည္။ လီဂ်င္းယြမ္ ကလည္း အသံနိမ့္ေလးနဲ႕ ေျပာလိုက္သည္။

“ကြၽန္ေတာ္တို႔အတြက္ ဒီလိုမ်ိဳး လုပ္ေပးဖို႔ မလိုအပ္ပါဘူး…” ေဇာင္ယုဟြမ္ ကတျဖည္းျဖည္း ငုံ႕လိုက္သည္။

ေကာင္းၿပီ… သူမက တကယ္ပဲ နည္းနည္းေလး ယူလာ႐ုံနဲ႕… ႀကီးမားတဲ့ သေဘာတူညီခ်က္ မဟုတ္ဘူး…..

ဒါေပမဲ့ လီဂ်င္းယြမ္ နဲ႕ ဟုန္ခ်န္းမင္း တို႔ႏွစ္ေယာက္လုံးက သူတို႔မ်က္ခုံးေတြကို ၾကဳတ္လိုက္ၾကၿပီး သူတို႔ပါးစပ္ကို တင္းတင္းေစ့ထားရင္း သူမက သူတို႔အတြက္ မယုံၾကည္နိုင္တဲ့ စြန႔္လႊတ္အနစ္နာခံမႈကို လုပ္ခဲ့တာကို ေတြးလိုက္ၾကသည္။

ေအာက္ထပ္က ဆူညံသံေတြက အရင္ကထက္ပင္ က်ယ္ေလာင္လာခဲ့သည္။ ဒီပတ္ဝန္းက်င္က သူမ ရွင္သန္လာတဲ့ ပတ္ဝန္းက်င္ေကာ ဟုတ္ရဲ႕လားလို႔ လီဂ်င္းယြမ္ ကသူ႕ဘာသာ ေတြးေတာလိုက္မိသည္။

ဟုန္ခ်န္းမင္း လည္းမထိန္းခ်ဳပ္နိုင္ပဲ သူမကို ခိုးၾကည့္လိုက္ၿပီး သူမအတြက္ ဒီလိုမ်ိဳးေတြ မျဖစ္ေစခ်င္ေပ….

ေဇာင္ယုဟြမ္ ကသူမေခါင္းကို ဆက္ငုံ႕ထားရင္း မနက္စာကို ဆက္စားလိုက္သည္။ ရန္ျဖစ္ျခင္းေတြက အရင္ကထက္ပင္ ပိုဆိုးလာခဲ့သည္။

သူမ မနက္စာစားခ်ိန္က သီခ်င္းသံေလာက္ ဒီအရာကို သူမ စိတ္ထဲမထည့္ထားေပ!

သူတို႔ မနက္စာကို စားေသာက္ၿပီးခ်ိန္ေနာက္ က်ဴတာေတြက အခ်ိန္တိက်စြာ ေရာက္လာၾကသည္။ ေသခ်ာေပါက္ပင္၊ ေဇာင္ခ်ီ ကမိသားစုၾကားက မေျပလည္ျခင္းေတြကို အျပင္ကို မေပါက္ၾကားေစခ်င္တာေၾကာင့္ လက္ပိုက္ထားသည့္ ရႈယုရွန္း ကိုထားခဲ့ၿပီး အလုပ္လုပ္ရန္ ေဒါသထြက္စြာျဖင့္ ထြက္သြားေလသည္။

“ဘာလို႔လဲ? သူမက အေဖ့ရဲ႕ သမီး၊ သမီးကေကာ! အေဖလည္း အေမ့ကို ဒီေနရာကို ေခၚလာခဲ့တာပဲ။ ဘာေၾကာင့္ သမီးက သူ႕သမီး မျဖစ္နိုင္ရတာလဲ?” ရႈယုရွန္း ကသြားကို ႀကိတ္ၿပီး မုန္းတီးစြာျဖင့္ ေျပာလိုက္သည္။

သူမရဲ႕ ေမြးဖြားလာသည့္ ပတ္ဝန္းက်င္ေၾကာင့္ သူမက အရမ္းကို ရိုင္းသည္။ ဒီကိစၥကေန သူမက မေကာင္းသည့္ ကေလး ျဖစ္လာခဲ့တာက ရွင္းလင္းသည္။ ထို႔ေနာက္ သူမ သတိပိုထားေလ သူမပိုၿပီး မနာလိုျဖစ္လာေလပင္။

တကယ့္အစစ္အမွန္ မိန္းကေလးေဇာင္ ျဖစ္လာဖို႔ကို သူမအရမ္းကို လိုခ်င္ခဲ့သည္။ ဒါမွ ဘယ္သူကမွ သူမကို ထပ္ၿပီး အထင္ေသးရဲမွာ မဟုတ္ေပ။

ဒါေပမဲ့ အခုေတာ့….. ေဇာင္ယုဟြမ္ ကသူမအတြက္ အရာအားလုံးကို ပ်က္စီးေစခဲ့တယ္!

“နင္ဘာေၾကာင့္ သူမကို သြားေျပာလိုက္ရတာလဲ? ငါ့ကို ေျပာခဲ့တာကို ျမင္တယ္မလား?” ရႈရန္ေဟြ႕ လည္းစိတ္ပ်က္သြားသည္။

သူမက အရာအားလုံးကို စီစဥ္ထားခဲ့သည္။ ဒါေပမဲ့ အခုေတာ့ ဒီအရာေတြကို ျဖစ္ပ်က္ၿပီးေနာက္ သူမလည္း ေဒါသထြက္ၿပီး အဆင္မေျပတာကို ခံစားေနရေပမဲ့ ေ႐ြးခ်ယ္စရာ မရွိစြာျဖင့္ သူမက အရမ္းကို နားလည္ေနတယ္လို႔ ဟန္ေဆာင္လိုက္သည္။

ရႈယုရွန္း ကျပန္ေျပာလိုက္သည္။ “သမီး သူမကို မေျပာခဲ့ဘူး!”

သဘာဝက်စြာျဖင့္ ရႈရန္ေဟြ႕ ကသူမကို မယုံၾကည္ေပ။ ရႈယုရွန္း က ေဇာင္ယုဟြမ္ ကိုဒီလိုမ်ိဳး မေျပာခဲ့ရင္ သူမကလည္း လာၿပီးေျပာမွာ မဟုတ္ဘူး။

ေနာက္ၿပီး သူမက အသက္ဘယ္ေလာက္ ရွိေသးလို႔လဲ?
သူမက ဘာသိနိုင္မွာလဲ?

ဒီေန႕မတိုင္ခင္ကဆိုရင္ ေကာင္းမြန္တာေတြ အားလုံးကို ပန္းကန္လုံးကို ပစ္ခ်သလိုမ်ိဳး ပစ္ခ်ၿပီး စိတ္ပ်က္ေအာင္ ျပဳမူခဲ့သည္။ ေနာက္ၿပီး သူမက အကူအညီ မေပးသည့္အျပင္ ေဇာင္ရဲ႕ စီးပြားေရး ညွိႏွိုင္းခ်က္ တခ်ိဳ႕ကိုေတာင္ ဆုံးရႈံးသြားေစခဲ့ေသးတယ္….

သူမလုပ္ခဲ့သမွ် အရာအားလုံးက ေဇာင္ခ်ီ ကသူမကို ပိုပိုၿပီး မုန္းတီးလာေစသည္….

ရႈယုရွန္း ကိုဒီလိုမ်ိဳး လုပ္ဖို႔အတြက္ သူမ တတ္နိုင္မည္ မဟုတ္ေပ။ ဒါက မျဖစ္နိုင္တာပဲ။ ဒါေၾကာင့္ တစ္ခုတည္းေသာ ယုတၱိရွိတာကေတာ့ ရႈယုရွန္း ကသူမပါးစပ္ကို မပိတ္နိုင္ပဲ ေဇာင္ယုဟြမ္ ကိုေျပာျပမိတာပင္ ျဖစ္နိုင္သည္။

ေဇာင္ယုဟြမ္ သြားသည့္ ေနရာကို အခ်ိန္တိုင္း သူမအေဖရဲ႕ အေရွ႕တြင္ ေအာ္ဟစ္ၿပီး ေျပာလိမ့္မည္။ ဒါက သူမအတြက္ အက်ိဳးမ်ားသည္။

ရႈရန္ေဟြ႕ ကမဲေမွာင္ေနသည့္ မ်က္ႏွာျဖင့္ ေျပာလိုက္သည္။

“ေကာင္းၿပီ၊ အခုငိုေနတာရပ္ေတာ့။ စကားေတြက အျပင္ထြက္သြားၿပီး အခုေတာ့ အက်ိဳးဆက္ကို ခံစားေနရၿပီ။ အခ်ိန္အနည္းငယ္ ေအးေအးေဆးေဆး ေနၿပီး ဘာဇာတ္လမ္းမွ လုပ္ဖို႔မႀကိဳးစားနဲ႕။ နင့္ေမာင္ေလးက မိသားစုဝင္ ျဖစ္လာတာကို ပိုေကာင္းလိမ့္မယ္။ မိန္းကေလး လုပ္ေပးနိုင္တာထက္ အမ်ားႀကီး ပိုရွိနိုင္မွာ မဟုတ္ဘူး။ မင္းေမာင္ေလးက မိသားစု စီးပြားေရးကို လႊဲေျပာင္းၿပီးတာနဲ႕ မင္းကို သတ္မွတ္ေပးမွာပါ”

ရႈယုရွန္း ကစိတ္သက္သာမႈကို မခံစားရေပ။ ရႈရန္ေဟြ႕ ကသူမကို နိမ့္က်စြာေနဖို႔ အၿမဲတမ္း ေျပာခဲ့သည္။ ဒီတစ္ခ်ိန္လုံး သူမကို နိမ့္က်စြာနဲ႕ ေနေနရမယ္။

ေနာက္ၿပီး သူမ ဘာရနိုင္မွာလဲ? ဘာမွမရွိဘူး!

ရႈရန္ေဟြ႕ ကသူမကို နားမလည္ခဲ့ဘူးလား ေဇာင္ခ်ီ ေကာ သူမေမာင္ေလးကေကာ သူမကို နားမလည္ခဲ့ဘူးလား?

သူလည္း တစ္ေန႕မွာ လက္ထပ္ရမွာပဲ!

ရႈယုရွန္း အံႀကိတ္လိုက္ၿပီး လွည့္သြားလိုက္သည္။ သူမအေမ ေျပာတာကို သူမ မလုပ္ေပးနိုင္တာက ပထမဆုံး အႀကိမ္ျဖစ္သည္။ ထို႔ေနာက္ အခုေတာ့ ရႈရန္ေဟြ႕ က ေဇာင္ခ်ီ အတြက္ ႐ုံးသြားရန္ ဘာခ်က္ေပးရမလဲဆိုတာကို စဥ္းစားေနခဲ့သည္။

သူမစိတ္ေတြက ေဇာင္ခ်ီ အတြက္ ဘာကိုပိုေကာင္းေအာင္ လုပ္ေပးရမလဲဆိုသည့္ အခ်က္ပဲ အၿမဲတမ္း သိမ္းပိုက္ထားခဲ့သည္။ သူမ သမီးရဲ႕ခံစားခ်က္ကို စဥ္းစားေပးဖို႔ အခ်ိန္ေကာ အင္အားေကာ မရွိေပ။

“ေကာင္းၿပီ၊ စိတ္တည္ၿငိမ္ဖို႔ ဘာေၾကာင့္ အခ်ိန္အနည္းငယ္ မယူရတာလဲ? ေနာက္တစ္ခါ ဒီလိုမ်ိဳး ျဖစ္လာရင္ ငါနင့္ကို ကယ္ေပးရင္ေတာင္ နင့္အေဖက နင့္ကို စိတ္ပ်က္သြားလိမ့္မယ္” ရႈရန္ေဟြ႕ ကမတ္တပ္ရပ္ရင္း ေျပာလိုက္သည္။

ရႈယုရွန္း ရဲ႕မ်က္ႏွာက ႐ြံ႕တြသြားသည္။ အခုေတာ့ သူမေမွ်ာ္လင့္ခ်က္ေတြက နန္အိမ္ေတာ္အေပၚမွာ မူတည္ေနတယ္။

ဒါအမွန္ပဲ!

နန္အိမ္ေတာ္ပဲ…. နန္အိမ္ေတာ္နဲ႕ အတူစားေသာက္ဖို႔က ေနာက္လ ၈ ရက္ေျမာက္ေန႕ပင္။
*****

စားေသာက္ပြဲ မစတင္ခင္တြင္ ေက်ာင္းေတြက ဖြင့္ခဲ့သည္။ ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ နဲ႕ ဟုန္ခ်န္းမင္း တို႔နဲ႕အတူ ေက်ာင္းကိုသြားလိုက္သည္။ ေဇာင္ယုဟြမ္ ကအထက္တန္း ဒုတိယႏွစ္ျဖစ္ၿပီး ဒီအခ်ိန္ေတြ အားလုံးက သူမအတြက္ အဆိုးဆုံးအခ်ိန္ေတြ ျဖစ္သည္။

ေဇာင္ယုဟြမ္ အတြက္ စာကို ျပန္လုပ္ရျခင္းနဲ႕ လလယ္စာေမးပြဲ၊ ေနာက္ဆုံး စာေမးပြဲေတြကို ေျဖရျခင္းက သူမကို မၿခိမ္းေျခာက္နိုင္ေပ။

ဒါေပမဲ့ အခုေတာ့ သူမတြင္ ေနာက္ထပ္ အေဖာ္ႏွစ္ေယာက္ရွိေၾကာင္း သတိရသြားၿပီး ခံစားခ်က္ကို ပိုမိုေကာင္းမြန္ေစခဲ့သည္။ အနည္းဆုံးေတာ့ သူမ တစ္ေယာက္တည္း ေစာေစာထ,စရာ မလိုေတာ့ဘူး!

လန္ဂ်င္းဇီ ကမနက္ခင္းတြင္ ဖုန္းေခၚခဲ့ၿပီး ေကာင္ေလးေတြ အတြက္ ေက်ာင္းစတက္ရင္ ျဖည့္ရမဲ့ စာ႐ြက္စာတမ္း အားလုံးကို လုပ္ေပးခဲ့ၿပီးေၾကာင္း ေျပာခဲ့သည္။

သူတို႔က ေကာင္ေလးေတြကို အတန္းထဲတြင္ ေနာက္ဆုံး မျဖစ္ေစခ်င္တာေၾကာင့္ သူတို႔အတြက္ ပထမႏွစ္ ေက်ာင္းသားအျဖစ္ စတက္ေစခဲ့သည္။ အထက္တန္းတြင္ ပထမႏွစ္ အေနနဲ႕ တက္တာက သူတို႔အသက္အ႐ြယ္က ပုံမွန္ျဖစ္ၿပီး အဆုံးတြင္ ေကာင္ေလး အမ်ားစုက ေက်ာင္းကို ေနာက္က်မွ တက္ၾကသည္။

သဘာဝက်စြာပင္ က်ဴတာေတြက ဆက္ၿပီး လာေနခဲ့သည္။ ေက်ာင္းတြင္ သင္ၾကားသည့္ အရာအားလုံးက သူတို႔ အိမ္တြင္ က်ဴတာေတြက သင္ၾကားေပးၿပီး ျဖစ္တာေၾကာင့္ ရင္းႏွီးေနခဲ့သည္။

ေဇာင္ယုဟြမ္ ကအိမ္ေဖာ္ေတြကို သူတို႔ရဲ႕ စာအုပ္အိတ္ေတြကို ထုတ္ပိုးေစၿပီး လီဂ်င္းယြမ္ နဲ႕ ဟုန္ခ်န္းမင္း တို႔နဲ႕ ထြက္ခြာလိုက္သည္။ အတြင္းေရးမႉးခ်န္း ကသူတို႔ကို အျပင္ကေန ေစာင့္ေနခဲ့သည္။ သူက သူတို႔ကို ေက်ာင္းကို လိုက္ပို႔ၿပီး က်န္ေနသည့္ စာ႐ြက္စာတမ္းေတြကို ကူညီေပးခဲ့သည္။

“Good Morning အတြင္းေရးမႉးခ်န္း” ေဇာင္ယုဟြမ္ ကသူ႕ကို ႐ႊင္ျပစြာျဖင့္ ႏႈတ္ဆက္လိုက္ၿပီး ကားထဲကို ဝင္လိုက္ၿပီး လီဂ်င္းယြမ္ နဲ႕ ဟုန္ခ်န္းမင္း တို႔ကို လက္ျပလိုက္သည္။

သူတို႔ႏွစ္ေယာက္က ကားအျပင္ဘက္တြင္ မတ္တပ္ရပ္ေနဆဲျဖစ္ၿပီး သူမကို ၾကည့္ေနၾကသည္။ သူမက အနီေရာင္ အဝတ္အစားေလးနဲ႕ ယုန္ပုံစံ ေက်ာပိုးအိတ္ကို လြယ္ထားသည္။

သူတို႔ကို သူမက ၾကည့္လိုက္ခ်ိန္တြင္ ထိုင္ခုံတြင္ လက္တစ္ဖက္ ေထာက္ကာ သူမအေလးခ်ိန္ကို ထိန္းလိုက္ၿပီး သူမေခါင္းကို နည္းနည္း ေစာင္းလိုက္ၿပီး ေတာက္ပၿပီး ႏူးညံ့သည့္ အၿပဳံးက သူမမ်က္ႏွာတြင္ ထြက္ေပၚလာသည္။

အခုပဲ ေက်ာင္းကို ျပန္သြားနိုင္လားဆိုၿပီး သူတို႔က တစ္ခ်ိန္တည္း ေတြးလိုက္ၾကသည္။ ေနာက္ၿပီး… သူမကို ေစာင့္ေရွာက္ဖို႔က သူတို႔အတြက္ ျဖစ္နိုင္ပါ့မလား?

#ေနာက္ပိုင္းေတြ ဘာသာျပန္ရင္းေတာင္ ျပံဳးစိျပံဳးစိေတြ ျဖစ္လာတယ္ 😁😁

03.06.2020 (Wed)
……………………….

<Unicode>

ဒါတွေအားလုံးက သူတို့အတွက်

ဇောင်ယုဟွမ် ကဗန်းကို ဆွဲယူလိုက်ပြီး အေနာက္ကို ပြင်းပြင်းထန်ထန် ဆုတ်လိုက်ပြီး ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“မင်းတို့ နှစ်ယောက်က ဘာလို့ငါနဲ့ ရန်ဖြစ်နေရတာလဲ?”

လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း နှစ်ယောက်လုံးက အချိန်ခနလောက် ရပ်တန့်သွားပြီး ကို့ယို့ကားယားဖြင့် ဗန်းကို လွှတ်လိုက်သည်။

“မမ ကိုကူညီပေးချင်လို့” လီဂျင်းယွမ် ကကို့ယို့ကားယား ပြောလိုက်သည်။ “အဲ့ဒါက လေးတယ်”

“ဒါက မေလးပါဘူး” ဇောင်ယုဟွမ် ကအခွင့်အရေးကို ရယူလိုက်ပြီး စားပွဲပေါ်မှာ ဗန်းကို လျင်မြန်စွာ ချလိုက်သည်။

“ကောင်းပြီ၊ စားရအောင်!” ဇောင်ယုဟွမ် ကတစ်ရှူးကို ယူလိုက်ပြီး သူမလက္ကို သုတ်လိုက်သည်။

“ငါတို့ အောက်ထပ်ကို ဆင်းဖို့ မလိုဘူးလား?” ဟုန်ချန်းမင်း ကနူးညံ့စွာ မေးလိုက်သည်။

ဇောင်ချီ ကအိမ်ပြန်လာခဲ့ချိန်တွင် အေးအေးဆေးဆေး ဖြစ်နေတာ မဟုတ်တာကြောင့် တတိယထပ်ကနေတောင် အသံတွေကို ကြားနိုင်သည်။ အောက်ထပ်တွင် ဘာတွေဖြစ်နေလဲဆိုတာကို တတိယထပ်ကနေတောင် ရှင်းရှင်းလင်းလင်း ကြားနိုင်တယ်!

“မလိုဘူး” ဇောင်ယုဟွမ် ကသူမတူကို ယူလိုက်ပြီး ကြည့်တောင်မကြည့်ပဲ ရွှင်လန်းစွာ ပြောလိုက်သည်။

“အခုကစပြီး ငါတို့သုံးယောက်နဲ့တင် အဆင်ပြေတယ်” လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နှစ်ယောက်လုံး ရပ်တန့်သွားကြသည်။

သူတို့… သုံးယောက်တည်း…?

ဇောင်ယုဟွမ် ကထိုအဓိပ္ပါယ်ကို သူတို့ နားမလည်မှာ စိုးတာကြောင့် မော့ကြည့်လိုက်ပြီး ထပ်ပြောလိုက်သည်။
“မင်းတို့ တွေ့တာပဲ၊ ငါ့အေဖက အခုတော့ မိသားစု အသစ်ရှိနေပြီ….. သူက ဇနီးအသစ်၊ သား အသစ်၊ သမီးအသစ်တွေ ရှိနေပြီ။ ငါ့အမေကလည်း ဆုံးသွားခဲ့ပြီ၊ ဒါကြောင့်… အခုတော့ ငါတို့တွေပဲ ရှိတယ်…”

ကောင်လေး နှစ်ယောက်က သူမကို စိုက်ကြည့်နေခဲ့သည်။ သူမလက်ထဲတွင် တူကကိုင်ထားပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူမ အသံက ဖိအားပေးပြီး တည်ငြိမ်အောင် ပြုလုပ်ထားခဲ့သည်။

….သူမရဲ့ အတွင်းစိတ်ထဲမှာ တော်တော်လေး ဝမ်းနည်းနေပုံပဲ။ သူမက သူတို့နဲ့ မတူပေ။ အရင်တုန်းက ဒီလိုမျိုး ခက်ခဲတဲ့ အခြေအနေကို တစ်ခါမှ မတွေ့ကြုံခဲ့ဖူးပေ။ ဒါက သူမကို ခက်ခဲစေတာထက် သူတို့ကို ပိုပြီး ခက်ခဲစေလိမ့်မယ်။

သူတို့နှစ်ယောက်လုံးက သူတို့ခေါင်းတွေကို ငုံ့ထားကြပြီး အချိန်အနည်းအထိ ဘယ္သူမွ စကားမပြောကြပေ။

မနက္စာ စားနေချိန် တစ်ဝက်တွင် အောက်ထပ်က ရန်ဖြစ်သည့် ဆူညံသံတွေ ထြက္လာတာကို ကြားရသည်။ ရှုယုရှန်း ကသူမဘာသာ မထိန်းချုပ်နိုင်တော့ပဲ ထွက်လာခဲ့တယ်လို့ ဇောင်ယုဟွမ် သိလိုက်သည်။

“အောက်ထပ်က…” လီဂျင်းယွမ် ကအသံနိမ့်လေးနဲ့ ပြောလိုက်သည်။

“အင်း၊ ဟုတ်တယ်၊ အခု သူတို့ ရန်ဖြစ်နေကြတယ်။ ငါအောက်ထပ်သွားပြီး မနက္စာ ယူချိန်တုန်းက ငါ ရှုယုရှန်း ဆီပြေးသွားခဲ့တယ်။ ဇောင်ရဲ့သမီးနဲ့ သူမရဲ့ နာမည်ကို ပြောင်းဖို့လုပ်ရင်း သူမအစီစဉ်ကို အေဖ့ကို ပြောခဲ့တာ။ ဒါကြောင့် မင်းတို့ နှစ်ယောက်ကိုလည်း အသိအမှတ်ပြုဖို့ ငါပြောခဲ့တယ်….” ဇောင်ယုဟွမ် ကေလးနက္စြာ ပြောလိုက်သည်။

သဘာဝကျစွာဖြင့် သူမ ဗုံးကျဲခဲ့ပြီး မြန်မြန် ထြက္လာတဲ့ အပိုင်းကိုတော့ မပြောပြခဲ့ပေ။ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း နှစ်ယောက်လုံးက သူတို့ရဲ့ တူတွေကို တစ်ပြိုင်နက်တည်း ချလိုက်ကြသည်။

“မင်း လုပ်ဖို့ မလိုအပ်ပါဘူး….” ဟုန်ချန်းမင်း ကထိုစကားတွေကို သူ့လည်ချောင်းကနေ ညှစ်ထုတ်ရင်း နူးညံ့စွာ ပြောလိုက်သည်။ လီဂျင်းယွမ် ကလည်း အသံနိမ့်လေးနဲ့ ပြောလိုက်သည်။

“ကျွန်တော်တို့အတွက် ဒီလိုမျိုး လုပ်ပေးဖို့ မလိုအပ်ပါဘူး…” ဇောင်ယုဟွမ် ကတဖြည်းဖြည်း ငုံ့လိုက်သည်။

ကောင်းပြီ… သူမက တကယ်ပဲ နည်းနည်းလေး ယူလာရုံနဲ့… ကြီးမားတဲ့ သဘောတူညီချက် မဟုတ္ဘူး…..

ဒါပေမဲ့ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နှစ်ယောက်လုံးက သူတို့မျက်ခုံးတွေကို ကြုတ်လိုက်ကြပြီး သူတို့ပါးစပ်ကို တင်းတင်းစေ့ထားရင်း သူမက သူတို့အတွက် မယုံကြည်နိုင်တဲ့ စွန့်လွှတ်အနစ်နာခံမှုကို လုပ်ခဲ့တာကို တွေးလိုက်ကြသည်။

အောက်ထပ်က ဆူညံသံတွေက အရင်ကထက်ပင် ကျယ်လောင်လာခဲ့သည်။ ဒီပတ်ဝန်းကျင်က သူမ ရှင်သန်လာတဲ့ ပတ်ဝန်းကျင်ကော ဟုတ်ရဲ့လားလို့ လီဂျင်းယွမ် ကသူ့ဘာသာ တွေးတောလိုက်မိသည်။

ဟုန်ချန်းမင်း လည်းမထိန်းချုပ်နိုင်ပဲ သူမကို ခိုးကြည့်လိုက်ပြီး သူမအတွက် ဒီလိုမျိုးတွေ မဖြစ်စေချင်ပေ….

ဇောင်ယုဟွမ် ကသူမခေါင်းကို ဆက်ငုံ့ထားရင်း မနက္စာကို ဆက်စားလိုက်သည်။ ရန်ဖြစ်ခြင်းတွေက အရင်ကထက်ပင် ပိုဆိုးလာခဲ့သည်။

သူမ မနက်စာစားချိန်က သီချင်းသံလောက် ဒီအရာကို သူမ စိတ်ထဲမထည့်ထားပေ!

သူတို့ မနက္စာကို စားသောက်ပြီးချိန်နောက် ကျူတာတွေက အချိန်တိကျစွာ ရောက်လာကြသည်။ သေချာပေါက်ပင်၊ ဇောင်ချီ ကမိသားစုကြားက မပြေလည်ခြင်းတွေကို အပြင်ကို မပေါက်ကြားစေချင်တာကြောင့် လက်ပိုက်ထားသည့် ရှုယုရှန်း ကိုထားခဲ့ပြီး အလုပ်လုပ်ရန် ဒေါသထွက်စွာဖြင့် ထွက်သွားလေသည်။

“ဘာလို့လဲ? သူမက အဖေ့ရဲ့ သမီး၊ သမီးကေကာ! အဖေလည်း အေမ့ကို ဒီနေရာကို ခေါ်လာခဲ့တာပဲ။ ဘာကြောင့် သမီးက သူ့သမီး မဖြစ်နိုင်ရတာလဲ?” ရှုယုရှန်း ကသြားကို ကြိတ်ပြီး မုန်းတီးစွာဖြင့် ပြောလိုက်သည်။

သူမရဲ့ မွေးဖွားလာသည့် ပတ်ဝန်းကျင်ကြောင့် သူမက အရမ်းကို ရိုင်းသည်။ ဒီကိစ္စကနေ သူမက မကောင်းသည့် ကေလး ဖြစ်လာခဲ့တာက ရှင်းလင်းသည်။ ထို့နောက် သူမ သတိပိုထားလေ သူမပိုပြီး မနာလိုဖြစ်လာလေပင်။

တကယ့်အစစ်အမှန် မိန်းကလေးဇောင် ဖြစ်လာဖို့ကို သူမအရမ်းကို လိုချင်ခဲ့သည်။ ဒါမွ ဘယ္သူကမွ သူမကို ထပ်ပြီး အထင်သေးရဲမှာ မဟုတ်ပေ။

ဒါပေမဲ့ အခုတော့….. ဇောင်ယုဟွမ် ကသူမအတွက် အရာအားလုံးကို ပျက်စီးစေခဲ့တယ်!

“နင်ဘာကြောင့် သူမကို သွားပြောလိုက်ရတာလဲ? ငါ့ကို ပြောခဲ့တာကို မြင်တယ်မလား?” ရှုရန်ဟွေ့ လည်းစိတ်ပျက်သွားသည်။

သူမက အရာအားလုံးကို စီစဉ်ထားခဲ့သည်။ ဒါပေမဲ့ အခုတော့ ဒီအရာတွေကို ဖြစ်ပျက်ပြီးနောက် သူမလည်း ဒေါသထွက်ပြီး အဆင်မပြေတာကို ခံစားနေရပေမဲ့ ရွေးချယ်စရာ မရှိစွာဖြင့် သူမက အရမ်းကို နားလည်နေတယ်လို့ ဟန်ဆောင်လိုက်သည်။

ရှုယုရှန်း ကပြန်ပြောလိုက်သည်။ “သမီး သူမကို မပြောခဲ့ဘူး!”

သဘာဝကျစွာဖြင့် ရှုရန်ဟွေ့ ကသူမကို မယုံကြည်ပေ။ ရှုယုရှန်း က ဇောင်ယုဟွမ် ကိုဒီလိုမျိုး မပြောခဲ့ရင် သူမကလည်း လာပြီးပြောမှာ မဟုတ္ဘူး။

နောက်ပြီး သူမက အသက်ဘယ်လောက် ရှိသေးလို့လဲ?
သူမက ဘာသိနိုင်မှာလဲ?

ဒီနေ့မတိုင်ခင်ကဆိုရင် ကောင်းမွန်တာတွေ အားလုံးကို ပန်းကန်လုံးကို ပစ်ချသလိုမျိုး ပစ်ချပြီး စိတ်ပျက်အောင် ပြုမူခဲ့သည်။ နောက်ပြီး သူမက အကူအညီ မပေးသည့်အပြင် ဇောင်ရဲ့ စီးပွားရေး ညှိနှိုင်းချက် တချို့ကိုတောင် ဆုံးရှုံးသွားစေခဲ့သေးတယ်….

သူမလုပ်ခဲ့သမျှ အရာအားလုံးက ဇောင်ချီ ကသူမကို ပိုပိုပြီး မုန်းတီးလာစေသည်….

ရှုယုရှန်း ကိုဒီလိုမျိုး လုပ်ဖို့အတွက် သူမ တတ်နိုင်မည် မဟုတ်ပေ။ ဒါက မဖြစ်နိုင်တာပဲ။ ဒါကြောင့် တစ်ခုတည်းသော ယုတ္တိရှိတာကတော့ ရှုယုရှန်း ကသူမပါးစပ္ကို မပိတ်နိုင်ပဲ ဇောင်ယုဟွမ် ကိုပြောပြမိတာပင် ဖြစ်နိုင်သည်။

ဇောင်ယုဟွမ် သွားသည့် နေရာကို အချိန်တိုင်း သူမအဖေရဲ့ အရှေ့တွင် အော်ဟစ်ပြီး ပြောလိမ့်မည်။ ဒါက သူမအတွက် အကျိုးများသည်။

ရှုရန်ဟွေ့ ကမဲမှောင်နေသည့် မျက်နှာဖြင့် ပြောလိုက်သည်။

“ကောင်းပြီ၊ အခုငိုနေတာရပ်တော့။ စကားတွေက အပြင်ထွက်သွားပြီး အခုတော့ အကျိုးဆက်ကို ခံစားနေရပြီ။ အချိန်အနည်းငယ် အေးအေးဆေးဆေး နေပြီး ဘာဇာတ်လမ်းမှ လုပ်ဖို့မကြိုးစားနဲ့။ နင့်မောင်လေးက မိသားစုဝင် ဖြစ်လာတာကို ပိုကောင်းလိမ့်မယ်။ မိန်းကလေး လုပ်ပေးနိုင်တာထက် အများကြီး ပိုရှိနိုင်မှာ မဟုတ္ဘူး။ မင်းမောင်လေးက မိသားစု စီးပွားရေးကို လွှဲပြောင်းပြီးတာနဲ့ မင်းကို သတ်မှတ်ပေးမှာပါ”

ရှုယုရှန်း ကစိတ်သက်သာမှုကို မခံစားရေပ။ ရှုရန်ဟွေ့ ကသူမကို နိမ့်ကျစွာနေဖို့ အမြဲတမ်း ပြောခဲ့သည်။ ဒီတစ်ချိန်လုံး သူမကို နိမ့်ကျစွာနဲ့ နေနေရမယ်။

နောက်ပြီး သူမ ဘာရနိုင်မှာလဲ? ဘာမွမရွိဘူး!

ရှုရန်ဟွေ့ ကသူမကို နားမလည်ခဲ့ဘူးလား ဇောင်ချီ ကော သူမမောင်လေးကကော သူမကို နားမလည်ခဲ့ဘူးလား?

သူလည်း တစ်နေ့မှာ လက်ထပ်ရမှာပဲ!

ရှုယုရှန်း အံကြိတ်လိုက်ပြီး လှည့်သွားလိုက်သည်။ သူမအေမ ပြောတာကို သူမ မလုပ်ပေးနိုင်တာက ပထမဆုံး အကြိမ်ဖြစ်သည်။ ထို့နောက် အခုတော့ ရှုရန်ဟွေ့ က ဇောင်ချီ အတွက် ရုံးသွားရန် ဘာချက်ပေးရမလဲဆိုတာကို စဉ်းစားနေခဲ့သည်။

သူမစိတ်တွေက ဇောင်ချီ အတွက် ဘာကိုပိုကောင်းအောင် လုပ်ပေးရမလဲဆိုသည့် အချက်ပဲ အမြဲတမ်း သိမ်းပိုက်ထားခဲ့သည်။ သူမ သမီးရဲ့ခံစားချက်ကို စဉ်းစားပေးဖို့ အချိန်ကော အင်အားကော မရှိပေ။

“ကောင်းပြီ၊ စိတ်တည်ငြိမ်ဖို့ ဘာကြောင့် အချိန်အနည်းငယ် မယူရတာလဲ? နောက်တစ်ခါ ဒီလိုမျိုး ဖြစ်လာရင် ငါနင့်ကို ကယ်ပေးရင်တောင် နင့်အဖေက နင့်ကို စိတ်ပျက်သွားလိမ့်မယ်” ရှုရန်ဟွေ့ ကမတ်တပ်ရပ်ရင်း ပြောလိုက်သည်။

ရှုယုရှန်း ရဲ့မျက်နှာက ရွံ့တွသွားသည်။ အခုတော့ သူမမျှော်လင့်ချက်တွေက နန်အိမ်တော်အပေါ်မှာ မူတည်နေတယ်။

ဒါအမှန်ပဲ!

နန်အိမ်တော်ပဲ…. နန်အိမ်တော်နဲ့ အတူစားသောက်ဖို့က နောက်လ ၈ ရက်မြောက်နေ့ပင်။
*****

စားသောက်ပွဲ မစတင်ခင်တွင် ကျောင်းတွေက ဖွင့်ခဲ့သည်။ ဇောင်ယုဟွမ် က လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နဲ့အတူ ကျောင်းကိုသွားလိုက်သည်။ ဇောင်ယုဟွမ် ကအထက်တန်း ဒုတိယနှစ်ဖြစ်ပြီး ဒီအချိန်တွေ အားလုံးက သူမအတွက် အဆိုးဆုံးအချိန်တွေ ဖြစ်သည်။

ဇောင်ယုဟွမ် အတွက် စာကို ပြန်လုပ်ရခြင်းနဲ့ လလယ်စာမေးပွဲ၊ နောက်ဆုံး စာမေးပွဲတွေကို ဖြေရခြင်းက သူမကို မခြိမ်းခြောက်နိုင်ပေ။

ဒါပေမဲ့ အခုတော့ သူမတွင် နောက်ထပ် အဖော်နှစ်ယောက်ရှိကြောင်း သတိရသွားပြီး ခံစားခ်က္ကို ပိုမိုကောင်းမွန်စေခဲ့သည်။ အနည်းဆုံးတော့ သူမ တစ်ယောက်တည်း စောစောထ,စရာ မလိုတော့ဘူး!

လန်ဂျင်းဇီ ကမနက်ခင်းတွင် ဖုန်းခေါ်ခဲ့ပြီး ကောင်လေးတွေ အတွက် ကျောင်းစတက်ရင် ဖြည့်ရမဲ့ စာရွက်စာတမ်း အားလုံးကို လုပ်ပေးခဲ့ပြီးကြောင်း ပြောခဲ့သည်။

သူတို့က ကောင်လေးတွေကို အတန်းထဲတွင် နောက်ဆုံး မဖြစ်စေချင်တာကြောင့် သူတို့အတွက် ပထမနှစ် ကျောင်းသားအဖြစ် စတက်စေခဲ့သည်။ အထက်တန်းတွင် ပထမနှစ် အနေနဲ့ တက္တာက သူတို့အသက်အရွယ်က ပုံမှန်ဖြစ်ပြီး အဆုံးတွင် ကောင်လေး အမ်ားစုက ကျောင်းကို နောက်ကျမှ တက်ကြသည်။

သဘာဝကျစွာပင် ကျူတာတွေက ဆက်ပြီး လာနေခဲ့သည်။ ကျောင်းတွင် သင်ကြားသည့် အရာအားလုံးက သူတို့ အိမ်တွင် ကျူတာတွေက သင်ကြားပေးပြီး ဖြစ်တာကြောင့် ရင်းနှီးနေခဲ့သည်။

ဇောင်ယုဟွမ် ကအိမ်ဖော်တွေကို သူတို့ရဲ့ စာအုပ်အိတ်တွေကို ထုတ်ပိုးစေပြီး လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နဲ့ ထွက်ခွာလိုက်သည်။ အတွင်းရေးမှူးချန်း ကသူတို့ကို အပြင်ကနေ စောင့်နေခဲ့သည်။ သူက သူတို့ကို ကျောင်းကို လိုက်ပို့ပြီး ကျန်နေသည့် စာရွက်စာတမ်းတွေကို ကူညီပေးခဲ့သည်။

“Good Morning အတွင်းရေးမှူးချန်း” ဇောင်ယုဟွမ် ကသူ့ကို ရွှင်ပြစွာဖြင့် နှုတ်ဆက်လိုက်ပြီး ကားထဲကို ဝင်လိုက်ပြီး လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကို လက်ပြလိုက်သည်။

သူတို့နှစ်ယောက်က ကားအပြင်ဘက်တွင် မတ်တပ်ရပ်နေဆဲဖြစ်ပြီး သူမကို ကြည့်နေကြသည်။ သူမက အနီရောင် အဝတ်အစားလေးနဲ့ ယုန္ပုံစံ ကျောပိုးအိတ်ကို လွယ်ထားသည်။

သူတို့ကို သူမက ကြည့်လိုက်ချိန်တွင် ထိုင်ခုံတွင် လက်တစ်ဖက် ထောက်ကာ သူမအလေးချိန်ကို ထိန်းလိုက်ပြီး သူမခေါင်းကို နည်းနည်း စောင်းလိုက်ပြီး တောက်ပပြီး နူးညံ့သည့် အပြုံးက သူမမျက်နှာတွင် ထွက်ပေါ်လာသည်။

အခုပဲ ကျောင်းကို ပြန်သွားနိုင်လားဆိုပြီး သူတို့က တစ်ချိန်တည်း တွေးလိုက်ကြသည်။ နောက်ပြီး… သူမကို စောင့်ရှောက်ဖို့က သူတို့အတွက် ဖြစ်နိုင်ပါ့မလား?

#နောက်ပိုင်းတွေ ဘာသာပြန်ရင်းတောင် ပြုံးစိပြုံးစိတွေ ဖြစ်လာတယ် 😁😁

03.06.2020 (Wed)
……………………….

[text_hash] => bc8b41e7
)

//qc
//QC2