ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] – 5❇ ငါတုိ႔သူ႔ကိုဘယ္လိုေခၚသင့္လဲ? – novelfull.online
// qc

ဇာတ္လိုက္နဲ႔ဗီလိန္အားေမြးစားပ်ိဳးေထာင္ျခင္း (Uni & Zaw) [✓] - 5❇ ငါတုိ႔သူ႔ကိုဘယ္လိုေခၚသင့္လဲ?

Array
(
[text] =>

<Zawgyi>

ငါတို႔သူ႕ကိုဘယ္လိုေခၚသင့္လဲ?

ကားက ေဇာင္ယုဟြမ္ ကိုလ်င္ျမန္စြာပင္ ေဇာင္အိမ္ေတာ္ကို ပို႔ေပးခဲ့သည္။ လန္ဂ်င္းဇီ ကကားထဲက ထြက္လိုက္ၿပီး ေဇာင္ယုဟြမ္ အတြက္ ကားတံခါးကို ဖြင့္ေပးလိုက္ၿပီး ေျပာလိုက္သည္။

“ေနာက္တစ္ခါက်ရင္ ဘယ္အခ်ိန္ပဲ အကူညီလိုလို အတြင္းေရးမႉးခ်န္း ကိုတိုက္ရိုက္ေျပာနိုင္တယ္” သူက ရပ္တန႔္လိုက္ၿပီး ဆက္ေျပာလိုက္သည္။

“ထပ္ၿပီး မေပ်ာက္သြားနဲ႕၊ အဖိုး ဝမ္းနည္းလိမ့္မယ္” ေဇာင္ယုဟြမ္ ကတိုက္ရိုက္ပဲ ေမးလိုက္သည္။

“အစ္ကို႔ကို ေမးဖို႔ရွိတယ္” လန္ဂ်င္းဇီ ကသူမဆီက ဒီလိုမ်ိဳး တိုက္ရိုက္ေမးလာမွာကို မေမွ်ာ္လင့္ထားမိပဲ အခ်ိန္ခနေလာက္ တိတ္ဆိတ္ေနၿပီးေနာက္ သူမကို ေမးလိုက္သည္။

“ဘာလဲ?”

“လီဂ်င္းယြမ္ နဲ႕ ဟုန္ခ်န္းမင္း တို႔က ေက်ာင္းသြားဖို႔ လိုတယ္!”

လန္ဂ်င္းဇီ ကထိုအေၾကာင္းကို မိနစ္အနည္းငယ္ေလာက္ ေတြးေတာေနၿပီး သူတို႔က လူမႈဖူလုံေရး ေအဂ်င္စီက ေခၚလာတဲ့ ေကာင္ေလး ႏွစ္ေယာက္ျဖစ္ေၾကာင္း နားလည္သြားသည္။

“အင္း၊ ေက်ာင္းက အဓိကပဲ။ ဒါေပမဲ့ သူတို႔က အတန္းေနာက္က်မွာ စိုးတယ္။ သူတို႔အတြက္ အရင္းဆုံး က်ဴတာ ငွားေပးၿပီးမွ အတန္းတက္ဖို႔ လုပ္ေပးတာ ေကာင္းလိမ့္မယ္။ အတြင္းေရးမႉးခ်န္း ကိုဒီကိစၥ ကိုင္တြယ္ခြင့္ေပးလိုက္။ ၁၀ ရက္ေလာက္ပဲ က်န္ေပမဲ့ ဒီအခ်ိန္က က်ဴတာဆီကေန နည္းနည္းေလာက္ သင္ယူသင့္တယ္”

လန္ဂ်င္းဇီ ကစနစ္တက် စီစဥ္စြာျဖင့္ ေျပာလိုက္သည္။ ေဇာင္ယုဟြမ္ ကေခါင္းညိတ္ၿပီး သူ႕ကို ေျပာလိုက္သည္။
“ေက်းဇူးတင္ပါတယ္ အစ္ကို”

လန္ဂ်င္းဇီ ကအလုပ္မ်ားသည့္ လူျဖစ္သည္။ ေဇာင္ယုဟြမ္ ထြက္သြားသည္ႏွင့္ ကားထဲျမန္ျမန္ ဝင္လိုက္ၿပီး ေမာင္းထြက္သြားသည္။ ေဇာင္ယုဟြမ္ ကေတာ့ သူမရဲ႕ ကစားစရာ အ႐ုပ္အိတ္ေတြျဖင့္ ေပ်ာ္႐ႊင္စြာ အထဲကို ဝင္သြားခဲ့သည္။

အိမ္ေတာ္က အေတာ္ေလးကို တိတ္ဆိတ္ေနသည္။ ေဇာင္ခ်ီ နဲ႕သူ႕ဇနီးက အိမ္တြင္မရွိပဲ ရႈယုရွန္း ရဲ႕ပုံရိပ္ေလးေတာင္ မျမင္ရေပ။

“အဖိုးလင္း သူတို႔ ညစာစားၿပီးၿပီလား?” ေဇာင္ယုဟြမ္ ကအိမ္ေတာ္ထိန္းကို ေမးလိုက္သည္။

အိမ္ေတာ္ထိန္းလင္းက သူမဘာကို ေျပာေနလဲဆိုတာကို ေသခ်ာေပါက္ သိသည္။ စိတ္ရႈပ္ေထြးစြာျဖင့္ သူ႕ေခါင္းကို ခါယမ္းလိုက္ၿပီး ေျပာလိုက္သည္။

“အိမ္ေဖာ္ေတြက သူတို႔ကို အႀကိမ္မ်ားစြာ စစ္ေဆးခဲ့ေပမဲ့ သူတို႔ အသံကို မၾကားရဘူး….” သူက ရပ္တန႔္လိုက္သည္။

ထို႔ေနာက္ “သူတို႔က မိန္းကေလးကို ေစာင့္ေနတာလို႔ ကြၽန္ေတာ္တို႔ ထင္ေနတာ” ေဇာင္ယုဟြမ္ အနည္းငယ္ အံ့အားသင့္သြားခဲ့သည္။

သူတို႔က သူမကို ေစာင့္ေနၾကတာလား?

“မီးဖိုေခ်ာင္ကို ညစာအတြက္ ျပင္ဆင္ၿပီး သူတို႔ၿပီးတာနဲ႕ ယူလာေပးဖို႔ ေျပာလိုက္ပါ”

ေဇာင္ယုဟြမ္ ကေျပာလိုက္ၿပီး သူမဖိနပ္ေတြကို လဲလိုက္ၿပီး ေလးလံသည့္ ေျခလွမ္းေတြျဖင့္ ေလွကားေပၚကို ေျပးတက္သြားလိုက္သည္။

တတိယထပ္ကို ေရာက္သြားခ်ိန္တြင္ လီဂ်င္းယြမ္ နဲ႕ ဟုန္ခ်န္းမင္း တို႔ကို အခန္းက်ယ္ႀကီးရဲ႕ ဧည့္ခန္းတြင္ မလႈပ္ရွားပဲ ထိုင္ေနၾကတာကို ေတြ႕လိုက္ရသည္။ ေဇာင္ယုဟြမ္ သူမေျခလွမ္းေတြကို ႏွေးလိုက္ေပမဲ့ သူမဖိနပ္က အကူအညီ မရေပ။

သူတို႔ဆီကို ေလွ်ာက္လိုက္ခ်ိန္တြင္ ၾကမ္းျပင္နဲ႕ ထိၿပီး အသံက ထြက္သြားေလသည္။ အသံကို ၾကားလိုက္ခ်ိန္တြင္ ေကာင္ေလး ႏွစ္ေယာက္က လွည့္ၾကည့္ၾကေလသည္။

သူတို႔ ႏႈတ္ခမ္းက လႈပ္ရွားသြားၿပီး သူတို႔က သူမကို ဘယ္လိုေခၚရမွန္း မသိတာကို နားလည္သြားၾကသည္။ ေဇာင္ယုဟြမ္ ကသူတို႔အေရွ႕ကို ေရာက္သြားေလသည္။ သူမလက္ထဲက အိတ္ႀကီးကို ခ်လိဳက္ၿပီး ၫႊန္ျပလိုက္ကာ ေျပာလိုက္သည္။

“ကစားစရာ အသစ္ေတြ၊ မင္းတို႔ တစ္ခ်က္ေလာက္ ၾကည့္နိုင္မလား?”

လူမႈဖူလုံေရး ေအဂ်င္စီတြင္ ၃၊ ၄ ႏွစ္ ကေလးေတြေတာင္ ကစားစရာေတြကို စိတ္ဝင္စားမႈ နည္းပါးေနၿပီ။ သူတို႔က သူတို႔က ဘာနဲ႕ကစားလဲဆိုတာထက္ ဘာနဲ႕စားရမလဲဆိုတာပဲ ဂ႐ုစိုက္ၾကသည္။ လီဂ်င္းယြမ္ အနည္းငယ္ တုန္လႈပ္သြားသည္။

“ေသခ်ာတာေပါ့ ….ကြၽန္ေတာ္တို႔ ၾကည့္မယ္”

ဟုန္ခ်န္းမင္း ကဘာမွမေျပာတာေၾကာင့္ သူလည္း သေဘာတူတယ္လို႔ ေဇာင္ယုဟြမ္ သတ္မွတ္လိုက္သည္။

သူမက တင္ပလ်င္ေခြ ထိုင္လိုက္ၿပီး စားပြဲေပၚက ကပ္ေၾကးေလး တစ္စုံကို ဆြဲယူလိုက္သည္။ သူတို႔ကို စကားေျပာေနရင္း အ႐ုပ္ေတြကို ဖြင့္လိုက္သည္။

“ငါ့အစ္ကိုနဲ႕ ဖိုးဖိုးကို ဒီေန႕ ငါသြားေတြ႕ခဲ့တယ္။ အရင္တုန္းက မင္းတို႔ အတန္းက ဘယ္အတန္းလဲ? ငါ့အစ္ကိုကို မင္းတို႔ကို ေက်ာင္းျပန္တက္ေပးဖို႔ စီစဥ္ေပးဖို႔ ေျပာခဲ့တယ္”

ေကာင္ေလး ႏွစ္ေယာက္က တိတ္ဆိတ္ေနတုန္းပင္။ သူတို႔ ႏွစ္ေယာက္လုံးက လိမၼာသည့္ ကေလးေတြ ျဖစ္သည္။ သူမေျပာသမွ်ကို နားလည္ခဲ့သည္။

သူမက သူတို႔ ေက်ာင္းျပန္တက္နိုင္ဖို႔ စီစဥ္ေပးခ်င္ေပမဲ့ သူမအေဖအစား သူမအစ္ကိုကို အကူအညီေတာင္းခဲ့သည္။ ဒါက သူမနဲ႕ သူမအေဖက ဆက္ဆံေရး မေကာင္းတာေၾကာင့္ ျဖစ္သည္။

ဒါေပမဲ့…. သူမအစ္ကိုကို အကူအညီေတာင္းတာက ေတာ္ေတာ္ေလး ခက္ခဲေနဆဲပင္။

“အမ္၊ မင္းတို႔ ဘာလို႔ ဘာမွမေျပာတာလဲ?” ေဇာင္ယုဟြမ္ ကေသတၱာဗူးကို ဖြင့္လိုက္သည္။ သူမက ေဘးမွာခ်လိဳက္ၿပီး သူတို႔ကို ၾကည့္လိုက္သည္။

“…၄ တန္း” ဟုန္ခ်န္းမင္း ကေျပာလိုက္သည္။

လီဂ်င္းယြမ္ ကရွက္သြားၿပီး ဘာမွမေျပာေပ။ ေဇာင္ယုဟြမ္ ကသူမလက္ႏွစ္ဖက္လုံးကို ၾကမ္းျပင္ေပၚကို ေထာက္လိုက္ၿပီး ႏူးညံ့စြာ ေမးလိုက္သည္။

“ေကာင္းၿပီ၊ မင္းကေကာ?”

လီဂ်င္းယြမ္ ကသူ႕ပါးစပ္ကို အခ်ိန္အေတာ္ၾကာ တင္းၾကပ္စြာ ပိတ္ထားၿပီး ေနာက္ဆုံးတြင္ ေျပာလိုက္သည္။

“ကြၽန္ေတာ္ အရင္တုန္းက တခါမွ ေက်ာင္းမတက္ဖူးဘူး၊ အရင္က အိမ္မွာပဲ ကိုယ့္ဘာသာ ေလ့လာခဲ့တာ”

သူေျပာလိုက္ခ်ိန္တြင္ သူမမ်က္လုံးကို မၾကည့္ပဲ အံ့အားသင့္တာ၊ ႐ြံရွာတာေတြကို ျမင္ေတြ႕ရမွာကို စိုးရိမ္ေနခဲ့သည္။ ေဇာင္ယုဟြမ္ ကေခါင္းညိတ္လိုက္ၿပီး ေျပာလိုက္သည္။

“အိုေက၊ ငါမွတ္ထားလိုက္မယ္”

သူတို႔က သူမကို ၾကည့္လိုက္ၾကသည္။

သူမက အရင္လုပ္သည့္ ကစားစရာဗူးေတြကို ဆက္ဖြင့္လိုက္သည္။ သူမမ်က္ႏွာကေတာ့ ပုံမွန္အတိုင္းပင္။ လီဂ်င္းယြမ္ ကသက္ျပင္းခ်လိဳက္ၿပီး ႏူးညံ့စြာ ေျပာလိုက္သည္။

“ကြၽန္ေတာ္တို႔ နာမည္ကို ဘယ္လိုေခၚရမလဲ?”

“အို၊ ဟုတ္သား၊ ငါဒီအေၾကာင္းကို ေမ့ေနခဲ့တာ” ေဇာင္ယုဟြမ္ ကေျပာလိုက္ၿပီး ကပ္ေၾကးကို ခ်လိဳက္သည္။ သူမက အခ်ိန္အေတာ္ၾကာ ခက္ခက္ခဲခဲ စဥ္းစားလိုက္ၿပီး ေျပာလိုက္သည္။

“ငါ့အေမရဲ႕ သားအျဖစ္နဲ႕ ေမြးစားခံရတာဆိုေတာ့ မင္းတို႔က ငါ့ရဲ႕ ေမာင္ေလးေတြပဲ”

ေဇာင္ယုဟြမ္ ကအရင္ဘဝတုန္းကလည္း တစ္ဦးတည္းေသာ ကေလးျဖစ္တာေၾကာင့္ သူမအတြက္ ဒီဝတၳဳထဲကို ကူးေျပာင္းလာရတာ ေကာင္းတယ္လို႔ ခံစားလိုက္ရသည္။ သူမႏႈတ္ခမ္းက အေပၚကို ေကြးသြားၿပီး ေျပာလိုက္သည္။

“ငါ့ကို မမလို႔ ေခၚသင့္တယ္”

ဟုန္ခ်န္းမင္း ကတြန႔္ဆုတ္ေနၿပီး ႐ုတ္တရက္ ျဖည္းညွင္းစြာ ေျပာလိုက္သည္။

“မင္းအသက္က ဘယ္ေလာက္လဲ?” ေဇာင္ယုဟြမ္ ကျပန္ေျဖလိုက္သည္။

“ငါက ၁၂ ႏွစ္၊ နင့္ထက္ အသက္ႀကီးတယ္ မလား?”

ဟုန္ခ်န္းမင္း ကသူ႕ေခါင္းကို ငုံ႕လိုက္ၿပီး “ငါက ၁၃ ႏွစ္” ေဇာင္ယုဟြမ္ ကသူမပါးစပ္ကို ဖြင့္လိုက္ၿပီး ေျပာလိုက္သည္။

“Wow ငါတကယ္ပဲ မေျပာနိုင္ေတာ့ဘူး”

ဒါေပမဲ့ ကံေကာင္းစြာပင္ စကားလုံးေတြ ထပ္ထြက္မလာခင္ သူမဘာသာ တားဆီးနိုင္ခဲ့သည္။ ေကာင္ေလးေတြက မိန္းကေလးေတြထက္ ဖြံ႕ၿဖိဳးႏႈန္းက ႏွေးေကြးတယ္။ သူတို႔က လူမႈဖူလုံေရး ေအဂ်င္စီမွာ ႀကီးျပင္းလာတာကို ထည့္ေျပာစရာေတာင္ မလိုဘူး၊ သူတို႔က အဟာရ ျပည့္ျပည့္ဝဝ မစားေသာက္ရဘူး….

“ေကာင္းၿပီ” ေဇာင္ယုဟြမ္ ကသူမအသံကို ခ်က္ခ်င္းပင္ ေျပာင္းလိုက္သည္။

“ကိုကို”

ထိုအသံကို ၾကားလိုက္ခ်ိန္တြင္ ဟုန္ခ်န္းမင္း ကေအးခဲသြားသည္။ အရမ္းအံ့အားသင့္သြားသလို သူ႕အျမင္ေတြလည္း ေအးခဲသြားသည္။

အခ်ိန္အနည္းငယ္ေလာက္ ကုန္သြားၿပီးေနာက္ သူ႕နားေတြက ျဖည္းျဖည္းခ်င္း နီရဲလာခဲ့ၿပီး သူ႕နားတစ္ခုလုံးက အနီေရာင္ ေျပာင္းသြားၿပီး သူ႕လည္ပင္းနားအထိေတာင္ ေရာက္သြားသည္။ ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ကိုၾကည့္လိုက္သည္။

“မင္းက ငါ့ထက္ငယ္မွာေပါ့” လီဂ်င္းယြမ္ ကႏူးညံ့စြာ ေျပာလိုက္သည္။

“ကြၽန္ေတာ္လည္း ၁၂ ႏွစ္ပဲ၊ ကြၽန္ေတာ့္ ေမြးေန႕က နိုဝင္ဘာ ၅ ရက္ေန႕” ေဇာင္ယုဟြမ္ ကသူ႕ကို အံ့အားသင့္စြာျဖင့္ ၾကည့္လိုက္သည္။

“အိုး မေတာ္တဆပဲ၊ ငါ့ေမြးေန႕က နိုဝင္ဘာ ၄ ရက္ေန႕ပဲ!”

သူမကူးေျပာင္းလာၿပီးေနာက္တြင္လည္း သူမ ေမြးေန႕နဲ႕ မူလပိုင္ရွင္ရဲ႕ ေမြးေန႕က အတူတူပင္။ ေဇာင္ယုဟြမ္ ကသူမဘာသာ ၫႊန္ျပလိုက္ၿပီး ေျပာလိုက္သည္။

“ဒါဆို ငါက မင္းရဲ႕ မမ ျဖစ္ေနတုန္းပဲေပါ့”

လီဂ်င္းယြမ္ ကသူ႕ပါးစပ္ကို ဖြင့္လိုက္ေပမဲ့ အသံထြက္ဖို႔ က်ရႈံးသြားသည္။ အိမ္ေဖာ္ေတြက ညစာကို ယူေဆာင္လာၾကသည္။

“ငါတို႔ အရင္ဆုံး ညစာစားၾကတာေပါ့” ေဇာင္ယုဟြမ္ ကဇာတ္လိုက္ကို တံေတာင္ျဖင့္ တို႔လိုက္ၿပီး ေျပာလိုက္သည္။

ေနာက္ဆုံးေတာ့ ေကာင္ေလး ႏွစ္ေယာက္က အဆင္မေျပတဲ့ အေျခအေနကေန သက္သာရာရသြားၿပီး လ်င္ျမန္စြာ မတ္ရပ္လိုက္ၿပီး ညစာစားဖို႔ စားပြဲဆီကို ေလွ်ာက္သြားလိုက္သည္။

ေဇာင္ယုဟြမ္ ကထိုေနရာတြင္ ေနလိုက္ၿပီး အဝတ္အစား အသစ္ေတြကို ထုတ္လိုက္သည္။ ေနာက္ဆုံး ၿပီးသြားခ်ိန္တြင္ သူမက ေျပာလိုက္သည္။

“မင္းတို႔ အဝတ္အစား အသစ္ေတြကို ဆိုဖာေပၚမွာ ထားခဲ့လိုက္မယ္။ ငါ သြားအိပ္ေတာ့မယ္”

“အင္း” သူတို႔က ျပန္ေျဖလိုက္ၾကသည္။

ေဇာင္ယုဟြမ္ ကလွည့္လိုက္ၿပီး သူမ အိပ္ခန္းကို သြားလိုက္ၿပီး အိပ္ရာေပၚကို တက္လိုက္သည္။ ဒါက ေစာေစာထ,ဖို႔အတြက္ ႀကိဳးစားျခင္းပင္။

ေနာက္မနက္ခင္းအထိ ေဇာင္ယုဟြမ္ မနိုးေပ။

ေဇာင္ခ်ီ လည္းအိမ္ကို ျပန္မေရာက္ေသးေပ။

ဒါေပမဲ့ လန္ဂ်င္းဇီ စီစဥ္ေပးထားတဲ့ က်ဴတာေတြကေတာ့ ေရာက္လာခဲ့ၿပီ။

ေဇာင္ယုဟြမ္ ကက်ဴတာကို တတိယထပ္ကို တိုက္ရိုက္ ဦးတည္ၿပီး သြားေစလိုက္သည္။ က်ဴတာေတြကေတာ့ သူတို႔အတြက္ ပုံႏွိပ္စာအုပ္ေတြကို ဝယ္လာေပးခဲ့ၿပီး အက်ဥ္းခ်ဳပ္ မိတ္ဆက္ၿပီးေနာက္ သူတို႔ ႏွစ္ေယာက္အတြက္ ႀကိဳတင္သင္ၾကားျခင္းကို လက္ေတြ႕စတင္ခဲ့သည္။

ေဇာင္ယုဟြမ္ ကႏွစ္ရက္အၾကာမွ စတင္သင္ယူခဲ့သည္။

အခုေတာ့ က်ဴတာ တစ္ေယာက္က စကားစ,ေျပာတာနဲ႕ သူမက ခ်က္ခ်င္းပဲ သမ္းေဝေလသည္။

နားခ်ိန္ေပးခ်ိန္တြင္ သူမက ေဈးဝယ္ဖို႔ ထပ္သြားခဲ့သည္။ ကစားစရာေတြ ဝယ္ဖို႔အတြက္၊ အဝတ္အစားနဲ႕ သူတို႔ ေက်ာင္းတတ္ခ်ိန္တြင္ လိုအပ္တာေတြကို ဝယ္ယူလိုက္သည္။ ေက်ာပိုးအိတ္၊ ေဘာပင္ စတာေတြကို ဝယ္ယူလိုက္သည္။

တစ္ပတ္က လ်င္ျမန္စြာ ကုန္ဆုံးသြားၿပီး ေဇာင္ခ်ီ နဲ႕ ရႈရန္ေဟြ႕ တို႔က ေဇာင္အိမ္ေတာ္ကို ျပန္ေရာက္လာခဲ့ၾကသည္။ ရႈယုရွန္း ကပါတီပြဲအတြက္ စုေဆာင္းနိုင္ျခင္း မရွိပဲ အလြန္ကိုပဲ ေဒါသထြက္ေနခဲ့သည္။ ေဇာင္ယုဟြမ္ ကိုဖ်က္ဆီးပစ္ဖို႔ အခ်ိန္ေကာင္းကို ေစာင့္ေနခဲ့သည္။

ေဇာင္ယုဟြမ္ ကေလွကားကေန ဆင္းလာၿပီး ဆိုဖာေပၚတြင္ သူတို႔သုံးေယာက္က ထိုင္ေနတာကို ျမင္လိုက္ခ်ိန္တြင္ သူမကို ရိုက္လိုက္ၿပီး ေျပာလိုက္သည္။
“ရႈယုရွန္း ကရက္အနည္းငယ္တုန္းက သူမရဲ႕ ေနာက္ဆုံးနာမည္ကို ေဇာင္ လို႔ေျပာင္းၿပီး သူမကို အေဖတို႔ရဲ႕ သမီးအျဖစ္နဲ႕ သတ္မွတ္ဖို႔ ငါ့ကို ေျပာခဲ့တယ္ မလား?”

ပုံမွန္အရဆိုရင္ ဒီအႀကံဉာဏ္က ရႈယုရွန္း ရဲ႕စိတ္ထဲတြင္ ရွိေနေပမဲ့ က်ယ္က်ယ္ေတာင္ ထုတ္မေျပာရေသးေပ…

ေဇာင္ခ်ီ ရဲ႕မ်က္ႏွာက တျခားတစ္ဖက္ကို လွည့္လိုက္သည္။ ရႈယုရွန္း ကဒါကို ျမင္လိုက္ခ်ိန္တြင္ ဒီအရာက မလြယ္ကူဘူးဆိုတာကို သူမသိလိုက္သည္။ သူမနဲ႕ ရႈယုရွန္း တို႔က ေဇာင္ခ်ီ ရဲ႕ေရွ႕တြင္ အၿမဲတမ္း ႏွိမ္ခ်စြာ ေနခဲ့ၿပီး တစ္ေယာက္ေယာက္ရဲ႕ သေဘာတူမႈ၊ ယူဆမႈ၊ နဲ႕သူတို႔ရဲ႕ ကိုယ္ပိုင္ အႀကံဉာဏ္ေတြကို ဘယ္ေတာ့မွ ထုတ္မျပပဲ ဟန္ေဆာင္ေနခဲ့သည္။ ေဇာင္ခ်ီ ဘာမွမေျပာနိုင္ခင္မွာ ေဇာင္ယုဟြမ္ ကဆက္ေျပာလိုက္သည္။

“မျဖစ္နိုင္ဘူး၊ အစ္မသာ အေဖ့ရဲ႕ သမီးျဖစ္လာရင္ သမီးကေကာ? အစ္မက ေဇာင္ ျဖစ္လာရင္ သမီးက ဒင္ ျဖစ္နိုင္တယ္”

ပထမ စကားတစ္ဝက္က အဆင္ေျပေပမဲ့ ဒုတိယ စကားကို ၾကားလိုက္ခ်ိန္တြင္ ေဇာင္ခ်ီ ရဲ႕မ်က္ႏွာ အေရာင္က ေျပာင္းသြားသည္။ အခုေတာ့ သူ႕သမီးရဲ႕ စရိုက္ကို ရွင္းရွင္းလင္းလင္း ေလ့လာခဲ့ၿပီး သူမ ထုတ္ေျပာလိုက္သည့္ အရာမွန္သမွ်ကို သူမက လိုက္လုပ္တတ္သည္။

ရႈယုရွန္း ကေဇာင္ ျဖစ္လာတာက အေရးမႀကီးဘူး၊ ေဇာင္ယုဟြမ္ သာသူမ မ်ိဳးရိုးနာမည္ကို ေျပာင္းလိုက္ရင္ ဟိုက္ၿမိဳ႕ေတာ္ရဲ႕ ေလွာင္ေျပာင္ျခင္းကို ခံရမွာ အေသအခ်ာပဲ။

ထိုအခ်က္နဲ႕ ေဇာင္ခ်ီ ကအၿမဲတမ္း သံသယရွိေနခဲ့ၿပီး ေဇာင္ယုဟြမ္ ရဲ႕စကားေတြက သူ႕စိတ္ထဲကို သံသယေတြ ဝင္လာေစသည္။

ရႈယုရွန္း ကသူ႕ေရွ႕မွာ ဘယ္တုန္းကမွ ဒီလိုစကားမ်ိဳး မေျပာခဲ့ဖူးဘူး….

သဘာဝက်စြာပင္ ေဇာင္ခ်ီ ကဘာကိုမွမဝန္ခံေပ။ သူက ဒီအတိုင္းပင္ ေျပာလိုက္သည္။

“ယုရွန္း ကမင္းထက္ အသက္ႀကီးတယ္၊ သဘာဝက်စြာပဲ သူမက ငါ့သမီး မျဖစ္နိုင္ဘူး”

ရႈယုရွန္း ကခ်က္ခ်င္းပင္ ျဖဴေဖ်ာ့သြားသည္။ ဒါေပမဲ့ ေဇာင္ခ်ီ ကသူမကို တစ္ခ်က္ေတာင္ မၾကည့္ပဲ ဆက္ေျပာလိုက္သည္။

“ဒါေပမဲ့ မင္းေမာင္ေလးကေတာ့ မတူဘူး။ သူက မင္းရဲ႕ ေမာင္ေလးပဲ၊ သူက မိသားစုဝင္ ျဖစ္လာနိုင္တယ္”

“သမီးအေမ ေမြးစားထားတဲ့ သားေတြကေကာ? သူတို႔ကိုေကာ အသိအမွတ္ျပဳလို႔ရနိုင္လား?” ေဇာင္ယုဟြမ္ ကေမးလိုက္သည္။

“သူတို႔ကို ေမြးစားသားေတြအျဖစ္နဲ႕ သတ္မွတ္ေပးနိုင္တယ္” ေဇာင္ခ်ီ ေျပာလိုက္သည္။

ေဇာင္ယုဟြမ္ ကသူမေခါင္းကို ငဲ့ေစာင္းလိုက္ၿပီး ရႈယုရွန္း ကိုၿပဳံးျပလိုက္သည္။

“ဒါက ပိုေကာင္းတယ္”

မူလပိုင္ရွင္က ဒီအေျခအေနကို ျမင္နိုင္ဖို႔အတြက္ အရမ္းကို ေဝးလြန္းခဲ့တယ္။ ဒါေပမဲ့ ေဇာင္ယုဟြမ္ တြင္ေတာ့ တူညီသည့္ ျပႆနာ မရွိပဲ သူမ ရပ္တည္နိုင္မဲ့ ေနရာကို ရွင္းရွင္းလင္းလင္း ျမင္နိုင္သည္။
ေဇာင္ခ်ီ ကအၿမဲတမ္း အာဏာရွင္ ျဖစ္ခဲ့သည္။ စိတ္ေက်နပ္ဖြယ္ေကာင္းသည့္ ခံစားခ်က္ေတြ ေပးတာ ယူတာေတြမွာ ေပ်ာ္႐ႊင္သည္။ ရႈယုေဟြ႕ ကိုအိမ္ေတာ္ကို ေခၚလာရသည့္ အေၾကာင္းျပခ်က္ တစ္ခုကေတာ့ သူမက သူ႕ေရွ႕တြင္ ေကာင္းမြန္စြာ ျပဳမူတာေၾကာင့္ပင္။

သူမက ႏူးညံ့သိမ္ေမြ႕ၿပီး သူ႕ကို စိတ္ေက်နပ္ေအာင္ သ႐ုပ္ေဆာင္ခဲ့ၿပီး ဘာကိုမွ မေတာင္းဆိုခဲ့ေပ။ ဒုတိယအခ်က္ကေတာ့ ရႈရန္ေဟြ႕ က ဒင္႐ူ႐ြယ္ နဲ႕မတူေပ။

ဒင္႐ူ႐ြယ္ ကခ်မ္းသာတဲ့ မိသားစုက ေမြးဖြားလာၿပီး ရႈရန္ေဟြ႕ ကေတာ့သူ႕အေပၚ လုံးလုံးမွီခိုရသည္။ သူမကို အျမႇင့္ေရာက္ဖို႔ သူျမႇင့္တင္ေပးနိုင္ၿပီး သူမကို ခ်က္ခ်င္းလည္း ျပန္ဆြဲခ်နိဳင္သည္။

သူမရဲ႕ ကံတရားကို အျပည့္အဝ ထိန္းခ်ဳပ္ရတဲ့ ခံစားခ်က္တြင္ သူေပ်ာ္႐ႊင္သည္။ အခုေတာ့ သူေရာက္သည့္ ေနရာတြင္ ရႈရန္ေဟြ႕ ကသူမ မလိုအပ္တဲ့ အရာေတြကို ေျပာခဲ့ၿပီး အခုေတာ့ သူမကို ဆြဲခ်ၿပီး သင္ခန္းစြာ သင္ၾကားေပးဖို႔ လိုအပ္သည္။

ရႈယုရွန္း ကသူ႕ဘဝတြင္ အေရးမပါတဲ့ သူဆိုတာကေတာ့ ထည့္ေျပာစရာပင္ မလိုအပ္ေပ။ သူမကို ေကာင္းေကာင္း ဆက္ဆံတာကလည္း သူ႕ကို အထင္ႀကီးၿပီး သူ႕ၾကင္နာမႈ အျပဳအမူေတြကို ေလးစားေပးတဲ့ ခံစားခ်က္ေတြကို ေပ်ာ္႐ႊင္တာေၾကာင့္ပင္။ ေဇာင္ယုဟြမ္ ကၿပဳံးလိုက္ၿပီး ေျပာလိုက္သည္။

“သမီး အေပၚထပ္မွာ မနက္စာ သြားစားေတာ့မယ္”

ထို႔ေနာက္ ေဇာင္ခ်ီ ကသူမကို ဘာမွမေျပာနိုင္ခင္မွာပဲ အိမ္ေဖာ္ဆီမွ ဗန္းကိုယူလိုက္ၿပီး လွည့္သြားကာ အေပၚထပ္ကို တက္သြားၿပီး ေဒါသေၾကာင့္ ျဖဴေဖ်ာ့ေနသည့္ ရႈရန္ေဟြ႕ နဲ႕သူမသမီးကို ထားခဲ့လိုက္သည္။

ရႈရန္ေဟြ႕ ကေတာ့ ဒီထက္ေကာင္းေအာင္ လုပ္ေနတုန္းပင္။ အဆုံးတြင္ ဒီႏွစ္ေတြမွာ သည္းခံခဲ့သည္။ သူမ မျမင္နိုင္ေအာင္ ဖုံးကြယ္နိုင္ခဲ့သည္။ ဒါေပမဲ့ ရႈယုရွန္း ကေတာ့ငယ္ေသးသည္။ သူမက ေဇာင္အိမ္ေတာ္ကို ေရာက္လာခဲ့ၿပီး မိန္းကေလးေဇာင္ ျဖစ္လာခဲ့သည္။

သူမနဲ႕ သူမအေမက ေဇာင္ခ်ီ ရဲ႕မ်က္ႏွာသာေပးျခင္းကို ခံရတယ္လို႔ အၿမဲတမ္း ခံစားခဲ့ရၿပီး ျပႆနာရွာတဲ့ ႂကြက္စုတ္ေလးကို အိမ္ေတာ္ကေန ကန္ထုတ္ဖို႔ အခ်ိန္ေကာင္းဆိုၿပီး ထင္ခဲ့သည္…..

အခုေတာ့ သူမရဲ႕ ကိုယ္ပိုင္ ေသျခင္း စာေၾကာင္းကိုသာ ၾကားခဲ့ရသည္။ သူမရဲ႕မ်ိဳးရိုးနာမည္ကို မေျပာင္းနိုင္ဘူး၊ သူမက မိန္းကေလးေဇာင္ အျဖစ္ အသိအမွတ္ျပဳခံရမွာ မဟုတ္ဘူး….

ေဇာင္ယုဟြမ္ ကသူမကို တည့္တည့္ကို ၫႊန္ျပခဲ့ၿပီး သူမကို ေအာ္ဟစ္ခဲ့သည္။ ေနာက္ၿပီး သူမ ပါတီေတာင္ က်င္းပလို႔ မရနိုင္ခဲ့ဘူး၊ ရႈယုရွန္း ေၾကကြဲသြားသည္။ တုန္ခါေနသည့္ အသံျဖင့္ သူမ ေမးလိုက္သည္။

“အေဖ၊ ဘာေၾကာင့္လဲ?”

ေဇာင္ယုဟြမ္ ကဗုံးကို ခ်ထားေပးခဲ့ၿပီး ထြက္သြားခဲ့သည္။ သူမက အေပၚထပ္ကို တက္သြားခဲ့ၿပီး ထမင္းစားပြဲတြင္ စားဖို႔ေစာင့္ေနၾကသည့္ လီဂ်င္းယြမ္ နဲ႕ ဟုန္ခ်န္းမင္း တို႔ဆီကို မနက္စာနဲ႕အတူ သြားလိုက္သည္။

ေဇာင္ယုဟြမ္ ရဲ႕ေျခသံကို ၾကားလိုက္ၿပီး သူတို႔ ႏွစ္ေယာက္လုံးက သူမကို ၾကည့္လိုက္ၾကၿပီး ႐ုတ္တရက္ပဲ သူတို႔ႏွစ္ေယာက္လုံးက ထ,လိုက္ၾကၿပီး သူမကို ကူညီေပးဖို႔ သြားလိုက္ၾကသည္။

လီဂ်င္းယြမ္ ကသူမဘယ္ဘက္လက္က ဗန္းကို ဆြဲလိုက္သည္။

ဟုန္ခ်န္းမင္း ကသူမညာဘက္က ဗန္းကို ဆြဲလိုက္သည္။

ေဇာင္ယုဟြမ္ ကအလည္တြင္ ပိတ္မိသြားသည္။

အခ်ိန္အနည္းငယ္ေလာက္ တိတ္ဆိတ္သြားၿပီး ဘယ္သူ႕ကို ဗန္းကို ေပးသင့္လဲ?

ဒီအေျခအေနႀကီးက…..

02.06.2020 (Tue)
……………………….

<Unicode>

ငါတို့သူ့ကိုဘယ်လိုခေါ်သင့်လဲ?

ကားက ဇောင်ယုဟွမ် ကိုလျင်မြန်စွာပင် ဇောင်အိမ်တော်ကို ပို့ပေးခဲ့သည်။ လန်ဂျင်းဇီ ကကားထဲက ထွက်လိုက်ပြီး ဇောင်ယုဟွမ် အတွက် ကားတံခါးကို ဖွင့်ပေးလိုက်ပြီး ပြောလိုက်သည်။

“နောက်တစ်ခါကျရင် ဘယ်အချိန်ပဲ အကူညီလိုလို အတွင်းရေးမှူးချန်း ကိုတိုက်ရိုက်ပြောနိုင်တယ်” သူက ရပ်တန့်လိုက်ပြီး ဆက်ပြောလိုက်သည်။

“ထပ်ပြီး မပျောက်သွားနဲ့၊ အဖိုး ဝမ်းနည်းလိမ့်မယ်” ဇောင်ယုဟွမ် ကတိုက်ရိုက်ပဲ မေးလိုက်သည်။

“အစ်ကို့ကို မေးဖို့ရှိတယ်” လန်ဂျင်းဇီ ကသူမဆီက ဒီလိုမျိုး တိုက်ရိုက်မေးလာမှာကို မမျှော်လင့်ထားမိပဲ အချိန်ခနလောက် တိတ်ဆိတ်နေပြီးနောက် သူမကို မေးလိုက်သည်။

“ဘာလဲ?”

“လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ကျောင်းသွားဖို့ လိုတယ်!”

လန်ဂျင်းဇီ ကထိုအကြောင်းကို မိနစ်အနည်းငယ်လောက် တွေးတောနေပြီး သူတို့က လူမှုဖူလုံရေး အေဂျင်စီက ခေါ်လာတဲ့ ကောင်လေး နှစ်ယောက်ဖြစ်ကြောင်း နားလည်သွားသည်။

“အင်း၊ ကျောင်းက အဓိကပဲ။ ဒါပေမဲ့ သူတို့က အတန်းနောက်ကျမှာ စိုးတယ်။ သူတို့အတွက် အရင်းဆုံး ကျူတာ ငှားပေးပြီးမှ အတန်းတက်ဖို့ လုပ်ပေးတာ ကောင်းလိမ့်မယ်။ အတွင်းရေးမှူးချန်း ကိုဒီကိစ္စ ကိုင်တွယ်ခွင့်ပေးလိုက်။ ၁၀ ရက်လောက်ပဲ ကျန်ပေမဲ့ ဒီအချိန်က ကျူတာဆီကနေ နည်းနည်းလောက် သင်ယူသင့်တယ်”

လန်ဂျင်းဇီ ကစနစ္တက် စီစဉ်စွာဖြင့် ပြောလိုက်သည်။ ဇောင်ယုဟွမ် ကခေါင်းညိတ်ပြီး သူ့ကို ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ္ကို”

လန်ဂျင်းဇီ ကအလုပ်များသည့် လူဖြစ်သည်။ ဇောင်ယုဟွမ် ထွက်သွားသည်နှင့် ကားထဲမြန်မြန် ဝင်လိုက်ပြီး မောင်းထွက်သွားသည်။ ဇောင်ယုဟွမ် ကေတာ့ သူမရဲ့ ကစားစရာ အရုပ်အိတ်တွေဖြင့် ပျော်ရွှင်စွာ အထဲကို ဝင်သွားခဲ့သည်။

အိမ်တော်က အတော်လေးကို တိတ်ဆိတ်နေသည်။ ဇောင်ချီ နဲ့သူ့ဇနီးက အိမ်တွင်မရှိပဲ ရှုယုရှန်း ရဲ့ပုံရိပ်လေးတောင် မမြင်ရပေ။

“အဖိုးလင်း သူတို့ ညစာစားပြီးပြီလား?” ဇောင်ယုဟွမ် ကအိမ်တော်ထိန်းကို မေးလိုက်သည်။

အိမ်တော်ထိန်းလင်းက သူမဘာကို ပြောနေလဲဆိုတာကို သေချာပေါက် သိသည်။ စိတ်ရှုပ်ထွေးစွာဖြင့် သူ့ခေါင်းကို ခါယမ်းလိုက်ပြီး ပြောလိုက်သည်။

“အိမ်ဖော်တွေက သူတို့ကို အကြိမ်များစွာ စစ်ဆေးခဲ့ပေမဲ့ သူတို့ အသံကို မကြားရဘူး….” သူက ရပ်တန့်လိုက်သည်။

ထို့နောက် “သူတို့က မိန်းကလေးကို စောင့်နေတာလို့ ကျွန်တော်တို့ ထင်နေတာ” ဇောင်ယုဟွမ် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူတို့က သူမကို စောင့်နေကြတာလား?

“မီးဖိုချောင်ကို ညစာအတွက် ပြင်ဆင်ပြီး သူတို့ပြီးတာနဲ့ ယူလာပေးဖို့ ပြောလိုက်ပါ”

ဇောင်ယုဟွမ် ကပြောလိုက်ပြီး သူမဖိနပ်တွေကို လဲလိုက်ပြီး လေးလံသည့် ခြေလှမ်းတွေဖြင့် လှေကားပေါ်ကို ပြေးတက်သွားလိုက်သည်။

တတိယထပ္ကို ရောက်သွားချိန်တွင် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကို အခန်းကျယ်ကြီးရဲ့ ဧည့်ခန်းတွင် မလှုပ်ရှားပဲ ထိုင်နေကြတာကို တွေ့လိုက်ရသည်။ ဇောင်ယုဟွမ် သူမခြေလှမ်းတွေကို နှေးလိုက်ပေမဲ့ သူမဖိနပ္က အကူအညီ မရေပ။

သူတို့ဆီကို လျှောက်လိုက်ချိန်တွင် ကြမ်းပြင်နဲ့ ထိပြီး အသံက ထွက်သွားလေသည်။ အသံကို ကြားလိုက်ချိန်တွင် ကောင်လေး နှစ်ယောက်က လှည့်ကြည့်ကြလေသည်။

သူတို့ နှုတ်ခမ်းက လှုပ်ရှားသွားပြီး သူတို့က သူမကို ဘယ်လိုခေါ်ရမှန်း မသိတာကို နားလည်သွားကြသည်။ ဇောင်ယုဟွမ် ကသူတို့အရှေ့ကို ရောက်သွားလေသည်။ သူမလက်ထဲက အိတ်ကြီးကို ချလိုက်ပြီး ညွှန်ပြလိုက်ကာ ပြောလိုက်သည်။

“ကစားစရာ အသစ်တွေ၊ မင်းတို့ တစ်ချက်လောက် ကြည့်နိုင်မလား?”

လူမှုဖူလုံရေး အေဂျင်စီတွင် ၃၊ ၄ နှစ် ကလေးတွေတောင် ကစားစရာတွေကို စိတ်ဝင်စားမှု နည်းပါးနေပြီ။ သူတို့က သူတို့က ဘာနဲ့ကစားလဲဆိုတာထက် ဘာနဲ့စားရမလဲဆိုတာပဲ ဂရုစိုက်ကြသည်။ လီဂျင်းယွမ် အနည်းငယ် တုန်လှုပ်သွားသည်။

“သေချာတာပေါ့ ….ကျွန်တော်တို့ ကြည့်မယ်”

ဟုန်ချန်းမင်း ကဘာမှမပြောတာကြောင့် သူလည်း သဘောတူတယ်လို့ ဇောင်ယုဟွမ် သတ်မှတ်လိုက်သည်။

သူမက တင်ပလျင်ခွေ ထိုင်လိုက်ပြီး စားပွဲပေါ်က ကပ်ကြေးလေး တစ္စုံကို ဆွဲယူလိုက်သည်။ သူတို့ကို စကားပြောနေရင်း အရုပ်တွေကို ဖွင့်လိုက်သည်။

“ငါ့အစ်ကိုနဲ့ ဖိုးဖိုးကို ဒီနေ့ ငါသွားတွေ့ခဲ့တယ်။ အရင်တုန်းက မင်းတို့ အတန်းက ဘယ်အတန်းလဲ? ငါ့အစ္ကိုကို မင်းတို့ကို ကျောင်းပြန်တက်ပေးဖို့ စီစဉ်ပေးဖို့ ပြောခဲ့တယ်”

ကောင်လေး နှစ်ယောက်က တိတ်ဆိတ်နေတုန်းပင်။ သူတို့ နှစ်ယောက်လုံးက လိမ္မာသည့် ကလေးတွေ ဖြစ်သည်။ သူမပြောသမျှကို နားလည်ခဲ့သည်။

သူမက သူတို့ ကျောင်းပြန်တက်နိုင်ဖို့ စီစဉ်ပေးချင်ပေမဲ့ သူမအေဖအစား သူမအစ္ကိုကို အကူအညီတောင်းခဲ့သည်။ ဒါက သူမနဲ့ သူမအေဖက ဆက်ဆံရေး မကောင်းတာကြောင့် ဖြစ်သည်။

ဒါပေမဲ့…. သူမအစ္ကိုကို အကူအညီတောင်းတာက တော်တော်လေး ခက်ခဲနေဆဲပင်။

“အမ်၊ မင်းတို့ ဘာလို့ ဘာမှမပြောတာလဲ?” ဇောင်ယုဟွမ် ကသေတ္တာဗူးကို ဖွင့်လိုက်သည်။ သူမက ဘေးမှာချလိုက်ပြီး သူတို့ကို ကြည့်လိုက်သည်။

“…၄ တန်း” ဟုန်ချန်းမင်း ကပြောလိုက်သည်။

လီဂျင်းယွမ် ကရှက်သွားပြီး ဘာမှမပြောပေ။ ဇောင်ယုဟွမ် ကသူမလက်နှစ်ဖက်လုံးကို ကြမ်းပြင်ပေါ်ကို ထောက်လိုက်ပြီး နူးညံ့စွာ မေးလိုက်သည်။

“ကောင်းပြီ၊ မင်းကကော?”

လီဂျင်းယွမ် ကသူ့ပါးစပ်ကို အချိန်အတော်ကြာ တင်းကြပ်စွာ ပိတ်ထားပြီး နောက်ဆုံးတွင် ပြောလိုက်သည်။

“ကျွန်တော် အရင်တုန်းက တခါမွ ကျောင်းမတက်ဖူးဘူး၊ အရင်က အိမ်မှာပဲ ကိုယ့်ဘာသာ လေ့လာခဲ့တာ”

သူပြောလိုက်ချိန်တွင် သူမမ်က္လုံးကို မကြည့်ပဲ အံ့အားသင့်တာ၊ ရွံရှာတာတွေကို မြင်တွေ့ရမှာကို စိုးရိမ်နေခဲ့သည်။ ဇောင်ယုဟွမ် ကခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“အိုကေ၊ ငါမှတ်ထားလိုက်မယ်”

သူတို့က သူမကို ကြည့်လိုက်ကြသည်။

သူမက အရင်လုပ်သည့် ကစားစရာဗူးတွေကို ဆက်ဖွင့်လိုက်သည်။ သူမမျက်နှာကတော့ ပုံမှန်အတိုင်းပင်။ လီဂျင်းယွမ် ကသက်ပြင်းချလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

“ကျွန်တော်တို့ နာမည်ကို ဘယ်လိုခေါ်ရမလဲ?”

“အို၊ ဟုတ္သား၊ ငါဒီအကြောင်းကို မေ့နေခဲ့တာ” ဇောင်ယုဟွမ် ကပြောလိုက်ပြီး ကပ်ကြေးကို ချလိုက်သည်။ သူမက အချိန်အတော်ကြာ ခက်ခက်ခဲခဲ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

“ငါ့အမေရဲ့ သားအဖြစ်နဲ့ မွေးစားခံရတာဆိုတော့ မင်းတို့က ငါ့ရဲ့ မောင်လေးတွေပဲ”

ဇောင်ယုဟွမ် ကအရင်ဘဝတုန်းကလည်း တစ်ဦးတည်းသော ကလေးဖြစ်တာကြောင့် သူမအတွက် ဒီဝတၳုထဲကို ကူးပြောင်းလာရတာ ကောင်းတယ်လို့ ခံစားလိုက်ရသည်။ သူမနှုတ်ခမ်းက အပေါ်ကို ကွေးသွားပြီး ပြောလိုက်သည်။

“ငါ့ကို မမလို့ ခေါ်သင့်တယ်”

ဟုန်ချန်းမင်း ကတွန့်ဆုတ်နေပြီး ရုတ်တရက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“မင်းအသက်က ဘယ်လောက်လဲ?” ဇောင်ယုဟွမ် ကပြန်ဖြေလိုက်သည်။

“ငါက ၁၂ နှစ်၊ နင့်ထက် အသက်ကြီးတယ် မလား?”

ဟုန်ချန်းမင်း ကသူ့ခေါင်းကို ငုံ့လိုက်ပြီး “ငါက ၁၃ နှစ်” ဇောင်ယုဟွမ် ကသူမပါးစပ္ကို ဖွင့်လိုက်ပြီး ပြောလိုက်သည်။

“Wow ငါတကယ်ပဲ မပြောနိုင်တော့ဘူး”

ဒါပေမဲ့ ကံကောင်းစွာပင် စကားလုံးတွေ ထပ်ထွက်မလာခင် သူမဘာသာ တားဆီးနိုင်ခဲ့သည်။ ကောင်လေးတွေက မိန်းကလေးတွေထက် ဖွံ့ဖြိုးနှုန်းက နှေးကွေးတယ်။ သူတို့က လူမှုဖူလုံရေး အေဂျင်စီမှာ ကြီးပြင်းလာတာကို ထည့်ပြောစရာတောင် မလိုဘူး၊ သူတို့က အဟာရ ပြည့်ပြည့်ဝဝ မစားသောက်ရဘူး….

“ကောင်းပြီ” ဇောင်ယုဟွမ် ကသူမအသံကို ချက်ချင်းပင် ပြောင်းလိုက်သည်။

“ကိုကို”

ထိုအသံကို ကြားလိုက်ချိန်တွင် ဟုန်ချန်းမင်း ကအေးခဲသွားသည်။ အရမ်းအံ့အားသင့်သွားသလို သူ့အမြင်တွေလည်း အေးခဲသွားသည်။

အချိန်အနည်းငယ်လောက် ကုန်သွားပြီးနောက် သူ့နားတွေက ဖြည်းဖြည်းချင်း နီရဲလာခဲ့ပြီး သူ့နားတစ်ခုလုံးက အနီရောင် ပြောင်းသွားပြီး သူ့လည်ပင်းနားအထိတောင် ရောက်သွားသည်။ ဇောင်ယုဟွမ် က လီဂျင်းယွမ် ကိုကြည့်လိုက်သည်။

“မင်းက ငါ့ထက်ငယ်မှာပေါ့” လီဂျင်းယွမ် ကနူးညံ့စွာ ပြောလိုက်သည်။

“ကျွန်တော်လည်း ၁၂ နှစ်ပဲ၊ ကျွန်တော့် မွေးနေ့က နိုဝင်ဘာ ၅ ရက်နေ့” ဇောင်ယုဟွမ် ကသူ့ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

“အိုး မတော်တဆပဲ၊ ငါ့မွေးနေ့က နိုဝင်ဘာ ၄ ရက်နေ့ပဲ!”

သူမကူးပြောင်းလာပြီးနောက်တွင်လည်း သူမ မွေးနေ့နဲ့ မူလပိုင်ရှင်ရဲ့ မွေးနေ့က အတူတူပင်။ ဇောင်ယုဟွမ် ကသူမဘာသာ ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။

“ဒါဆို ငါက မင်းရဲ့ မမ ဖြစ်နေတုန်းပဲပေါ့”

လီဂျင်းယွမ် ကသူ့ပါးစပ်ကို ဖွင့်လိုက်ပေမဲ့ အသံထွက်ဖို့ ကျရှုံးသွားသည်။ အိမ်ဖော်တွေက ညစာကို ယူဆောင်လာကြသည်။

“ငါတို့ အရင်ဆုံး ညစာစားကြတာပေါ့” ဇောင်ယုဟွမ် ကဇာတ္လိုက္ကို တံတောင်ဖြင့် တို့လိုက်ပြီး ပြောလိုက်သည်။

နောက်ဆုံးတော့ ကောင်လေး နှစ်ယောက်က အဆင်မပြေတဲ့ အခြေအနေကနေ သက်သာရာရသွားပြီး လျင်မြန်စွာ မတ်ရပ်လိုက်ပြီး ညစာစားဖို့ စားပြဲဆီကို လျှောက်သွားလိုက်သည်။

ဇောင်ယုဟွမ် ကထိုနေရာတွင် နေလိုက်ပြီး အဝတ်အစား အသစ်တွေကို ထုတ်လိုက်သည်။ နောက်ဆုံး ပြီးသွားချိန်တွင် သူမက ပြောလိုက်သည်။

“မင်းတို့ အဝတ်အစား အသစ်တွေကို ဆိုဖာပေါ်မှာ ထားခဲ့လိုက်မယ်။ ငါ သွားအိပ်တော့မယ်”

“အင်း” သူတို့က ပြန်ဖြေလိုက်ကြသည်။

ဇောင်ယုဟွမ် ကလှည့်လိုက်ပြီး သူမ အိပ်ခန်းကို သွားလိုက်ပြီး အိပ်ရာပေါ်ကို တက်လိုက်သည်။ ဒါက စောစောထ,ဖို့အတွက် ကြိုးစားခြင်းပင်။

နောက်မနက်ခင်းအထိ ဇောင်ယုဟွမ် မနိုးပေ။

ဇောင်ချီ လည်းအိမ်ကို ပြန်မရောက်သေးပေ။

ဒါပေမဲ့ လန်ဂျင်းဇီ စီစဉ်ပေးထားတဲ့ ကျူတာတွေကတော့ ရောက်လာခဲ့ပြီ။

ဇောင်ယုဟွမ် ကကျူတာကို တတိယထပ္ကို တိုက်ရိုက် ဦးတည်ပြီး သွားစေလိုက်သည်။ ကျူတာတွေကတော့ သူတို့အတွက် ပုံနှိပ်စာအုပ်တွေကို ဝယ်လာပေးခဲ့ပြီး အကျဉ်းချုပ် မိတ်ဆက်ပြီးနောက် သူတို့ နှစ်ယောက်အတွက် ကြိုတင်သင်ကြားခြင်းကို လက်တွေ့စတင်ခဲ့သည်။

ဇောင်ယုဟွမ် ကနှစ်ရက်အကြာမှ စတင်သင်ယူခဲ့သည်။

အခုတော့ ကျူတာ တစ်ယောက်က စကားစ,ပြောတာနဲ့ သူမက ချက်ချင်းပဲ သမ်းဝေလေသည်။

နားချိန်ပေးချိန်တွင် သူမက ဈေးဝယ်ဖို့ ထပ်သွားခဲ့သည်။ ကစားစရာတွေ ဝယ်ဖို့အတွက်၊ အဝတ်အစားနဲ့ သူတို့ ကျောင်းတတ်ချိန်တွင် လိုအပ်တာတွေကို ဝယ်ယူလိုက်သည်။ ကျောပိုးအိတ်၊ ဘောပင် စတာတွေကို ဝယ်ယူလိုက်သည်။

တစ္ပတ္က လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဇောင်ချီ နဲ့ ရှုရန်ဟွေ့ တို့က ဇောင်အိမ်တော်ကို ပြန်ရောက်လာခဲ့ကြသည်။ ရှုယုရှန်း ကပါတီပွဲအတွက် စုဆောင်းနိုင်ခြင်း မရွိပဲ အလြန္ကိုပဲ ဒေါသထွက်နေခဲ့သည်။ ဇောင်ယုဟွမ် ကိုဖျက်ဆီးပစ်ဖို့ အချိန်ကောင်းကို စောင့်နေခဲ့သည်။

ဇောင်ယုဟွမ် ကေလွကားကေန ဆင်းလာပြီး ဆိုဖာပေါ်တွင် သူတို့သုံးယောက်က ထိုင်နေတာကို မြင်လိုက်ချိန်တွင် သူမကို ရိုက်လိုက်ပြီး ပြောလိုက်သည်။
“ရှုယုရှန်း ကရက်အနည်းငယ်တုန်းက သူမရဲ့ နောက်ဆုံးနာမည်ကို ဇောင် လို့ပြောင်းပြီး သူမကို အဖေတို့ရဲ့ သမီးအဖြစ်နဲ့ သတ်မှတ်ဖို့ ငါ့ကို ပြောခဲ့တယ် မလား?”

ပုံမှန်အရဆိုရင် ဒီအကြံဉာဏ်က ရှုယုရှန်း ရဲ့စိတ်ထဲတွင် ရှိနေပေမဲ့ ကျယ်ကျယ်တောင် ထုတ်မပြောရသေးပေ…

ဇောင်ချီ ရဲ့မျက်နှာက တျခားတစ္ဖက္ကို လှည့်လိုက်သည်။ ရှုယုရှန်း ကဒါကို မြင်လိုက်ချိန်တွင် ဒီအရာက မလြယ္ကူဘူးဆိုတာကို သူမသိလိုက်သည်။ သူမနဲ့ ရှုယုရှန်း တို့က ဇောင်ချီ ရဲ့ရှေ့တွင် အမြဲတမ်း နှိမ်ချစွာ နေခဲ့ပြီး တစ်ယောက်ယောက်ရဲ့ သဘောတူမှု၊ ယူဆမှု၊ နဲ့သူတို့ရဲ့ ကိုယ်ပိုင် အကြံဉာဏ်တွေကို ဘယ်တော့မှ ထုတ်မပြပဲ ဟန်ဆောင်နေခဲ့သည်။ ဇောင်ချီ ဘာမှမပြောနိုင်ခင်မှာ ဇောင်ယုဟွမ် ကဆက်ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး၊ အစ္မသာ အဖေ့ရဲ့ သမီးဖြစ်လာရင် သမီးကေကာ? အစ္မက ဇောင် ဖြစ်လာရင် သမီးက ဒင် ဖြစ်နိုင်တယ်”

ပထမ စကားတစ်ဝက်က အဆင်ပြေပေမဲ့ ဒုတိယ စကားကို ကြားလိုက်ချိန်တွင် ဇောင်ချီ ရဲ့မျက်နှာ အရောင်က ပြောင်းသွားသည်။ အခုတော့ သူ့သမီးရဲ့ စရိုက္ကို ရှင်းရှင်းလင်းလင်း လေ့လာခဲ့ပြီး သူမ ထုတ်ပြောလိုက်သည့် အရာမွန္သမွ်ကို သူမက လိုက်လုပ်တတ်သည်။

ရှုယုရှန်း ကဇောင် ဖြစ်လာတာက အရေးမကြီးဘူး၊ ဇောင်ယုဟွမ် သာသူမ မျိုးရိုးနာမည်ကို ပြောင်းလိုက်ရင် ဟိုက်မြို့တော်ရဲ့ လှောင်ပြောင်ခြင်းကို ခံရမွာ အေသအခ်ာပဲ။

ထိုအချက်နဲ့ ဇောင်ချီ ကအမြဲတမ်း သံသယရှိနေခဲ့ပြီး ဇောင်ယုဟွမ် ရဲ့စကားတွေက သူ့စိတ်ထဲကို သံသယေတြ ဝင်လာစေသည်။

ရှုယုရှန်း ကသူ့ရှေ့မှာ ဘယ်တုန်းကမှ ဒီလိုစကားမျိုး မပြောခဲ့ဖူးဘူး….

သဘာဝကျစွာပင် ဇောင်ချီ ကဘာကိုမှမဝန်ခံပေ။ သူက ဒီအတိုင်းပင် ပြောလိုက်သည်။

“ယုရှန်း ကမင်းထက် အသက်ကြီးတယ်၊ သဘာဝက်စြာပဲ သူမက ငါ့သမီး မဖြစ်နိုင်ဘူး”

ရှုယုရှန်း ကချက်ချင်းပင် ဖြူဖျော့သွားသည်။ ဒါပေမဲ့ ဇောင်ချီ ကသူမကို တစ်ချက်တောင် မကြည့်ပဲ ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ မင်းမောင်လေးကတော့ မတူဘူး။ သူက မင်းရဲ့ မောင်လေးပဲ၊ သူက မိသားစုဝင် ဖြစ်လာနိုင်တယ်”

“သမီးအေမ မွေးစားထားတဲ့ သားတွေကကော? သူတို့ကိုကော အသိအမှတ်ပြုလို့ရနိုင်လား?” ဇောင်ယုဟွမ် ကမေးလိုက်သည်။

“သူတို့ကို မွေးစားသားတွေအဖြစ်နဲ့ သတ်မှတ်ပေးနိုင်တယ်” ဇောင်ချီ ပြောလိုက်သည်။

ဇောင်ယုဟွမ် ကသူမခေါင်းကို ငဲ့စောင်းလိုက်ပြီး ရှုယုရှန်း ကိုပြုံးပြလိုက်သည်။

“ဒါက ပိုကောင်းတယ်”

မူလပိုင်ရှင်က ဒီအခြေအနေကို မြင်နိုင်ဖို့အတွက် အရမ်းကို ဝေးလွန်းခဲ့တယ်။ ဒါပေမဲ့ ဇောင်ယုဟွမ် တွင်တော့ တူညီသည့် ပြဿနာ မရွိပဲ သူမ ရပ်တည်နိုင်မဲ့ နေရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ဇောင်ချီ ကအမြဲတမ်း အာဏာရှင် ဖြစ်ခဲ့သည်။ စိတ်ကျေနပ်ဖွယ်ကောင်းသည့် ခံစားချက်တွေ ပေးတာ ယူတာတွေမှာ ပျော်ရွှင်သည်။ ရှုယုဟွေ့ ကိုအိမ်တော်ကို ခေါ်လာရသည့် အကြောင်းပြချက် တစ္ခုကေတာ့ သူမက သူ့ရှေ့တွင် ကောင်းမွန်စွာ ပြုမူတာကြောင့်ပင်။

သူမက နူးညံ့သိမ်မွေ့ပြီး သူ့ကို စိတ်ကျေနပ်အောင် သရုပ်ဆောင်ခဲ့ပြီး ဘာကိုမွ မတောင်းဆိုခဲ့ပေ။ ဒုတိယအခ်က္ကေတာ့ ရှုရန်ဟွေ့ က ဒင်ရူရွယ် နဲ့မတူပေ။

ဒင်ရူရွယ် ကချမ်းသာတဲ့ မိသားစုက မွေးဖွားလာပြီး ရှုရန်ဟွေ့ ကတော့သူ့အပေါ် လုံးလုံးမှီခိုရသည်။ သူမကို အမြှင့်ရောက်ဖို့ သူမြှင့်တင်ပေးနိုင်ပြီး သူမကို ချက်ချင်းလည်း ပြန်ဆွဲချနိုင်သည်။

သူမရဲ့ ကံတရားကို အပြည့်အဝ ထိန်းချုပ်ရတဲ့ ခံစားချက်တွင် သူပျော်ရွှင်သည်။ အခုတော့ သူရောက်သည့် နေရာတွင် ရှုရန်ဟွေ့ ကသူမ မလိုအပ်တဲ့ အရာတွေကို ပြောခဲ့ပြီး အခုတော့ သူမကို ဆွဲချပြီး သင်ခန်းစွာ သင်ကြားပေးဖို့ လိုအပ်သည်။

ရှုယုရှန်း ကသူ့ဘဝတွင် အေရးမပါတဲ့ သူဆိုတာကေတာ့ ထည့်ပြောစရာပင် မလိုအပ်ပေ။ သူမကို ကောင်းကောင်း ဆက်ဆံတာကလည်း သူ့ကို အထင်ကြီးပြီး သူ့ကြင်နာမှု အပြုအမူတွေကို လေးစားပေးတဲ့ ခံစားချက်တွေကို ပျော်ရွှင်တာကြောင့်ပင်။ ဇောင်ယုဟွမ် ကပြုံးလိုက်ပြီး ပြောလိုက်သည်။

“သမီး အပေါ်ထပ်မှာ မနက္စာ သွားစားတော့မယ်”

ထို့နောက် ဇောင်ချီ ကသူမကို ဘာမှမပြောနိုင်ခင်မှာပဲ အိမ်ဖော်ဆီမှ ဗန်းကိုယူလိုက်ပြီး လှည့်သွားကာ အပေါ်ထပ်ကို တက်သွားပြီး ဒေါသကြောင့် ဖြူဖျော့နေသည့် ရှုရန်ဟွေ့ နဲ့သူမသမီးကို ထားခဲ့လိုက်သည်။

ရှုရန်ဟွေ့ ကေတာ့ ဒီထက်ကောင်းအောင် လုပ်နေတုန်းပင်။ အဆုံးတွင် ဒီနှစ်တွေမှာ သည်းခံခဲ့သည်။ သူမ မမြင်နိုင်အောင် ဖုံးကွယ်နိုင်ခဲ့သည်။ ဒါပေမဲ့ ရှုယုရှန်း ကတော့ငယ်သေးသည်။ သူမက ဇောင်အိမ်တော်ကို ရောက်လာခဲ့ပြီး မိန်းကလေးဇောင် ဖြစ်လာခဲ့သည်။

သူမနဲ့ သူမအေမက ဇောင်ချီ ရဲ့မျက်နှာသာပေးခြင်းကို ခံရတယ်လို့ အမြဲတမ်း ခံစားခဲ့ရပြီး ပြဿနာရှာတဲ့ ကြွက်စုတ်လေးကို အိမ်တော်ကနေ ကန်ထုတ်ဖို့ အချိန်ကောင်းဆိုပြီး ထင်ခဲ့သည်…..

အခုတော့ သူမရဲ့ ကိုယ်ပိုင် သေခြင်း စာကြောင်းကိုသာ ကြားခဲ့ရသည်။ သူမရဲ့မျိုးရိုးနာမည်ကို မပြောင်းနိုင်ဘူး၊ သူမက မိန်းကလေးဇောင် အဖြစ် အသိအမှတ်ပြုခံရမှာ မဟုတ္ဘူး….

ဇောင်ယုဟွမ် ကသူမကို တည့်တည့်ကို ညွှန်ပြခဲ့ပြီး သူမကို အော်ဟစ်ခဲ့သည်။ နောက်ပြီး သူမ ပါတီတောင် ကျင်းပလို့ မရနိုင်ခဲ့ဘူး၊ ရှုယုရှန်း ကြေကွဲသွားသည်။ တုန်ခါနေသည့် အသံဖြင့် သူမ မေးလိုက်သည်။

“အေဖ၊ ဘာကြောင့်လဲ?”

ဇောင်ယုဟွမ် ကဗုံးကို ချထားပေးခဲ့ပြီး ထွက်သွားခဲ့သည်။ သူမက အပေါ်ထပ်ကို တက်သွားခဲ့ပြီး ထမင်းစားပွဲတွင် စားဖို့စောင့်နေကြသည့် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ဆီကို မနက်စာနဲ့အတူ သွားလိုက်သည်။

ဇောင်ယုဟွမ် ရဲ့ခြေသံကို ကြားလိုက်ပြီး သူတို့ နှစ်ယောက်လုံးက သူမကို ကြည့်လိုက်ကြပြီး ရုတ်တရက်ပဲ သူတို့နှစ်ယောက်လုံးက ထ,လိုက်ကြပြီး သူမကို ကူညီပေးဖို့ သွားလိုက်ကြသည်။

လီဂျင်းယွမ် ကသူမဘယ္ဘက္လက္က ဗန်းကို ဆွဲလိုက်သည်။

ဟုန်ချန်းမင်း ကသူမညာဘက္က ဗန်းကို ဆွဲလိုက်သည်။

ဇောင်ယုဟွမ် ကအလည်တွင် ပိတ်မိသွားသည်။

အချိန်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီး ဘယ်သူ့ကို ဗန်းကို ပေးသင့်လဲ?

ဒီအခြေအနေကြီးက…..

02.06.2020 (Tue)
……………………….

[text_hash] => c306042c
)

//qc
//QC2