Array
(
[text] =>
<Unicode>
ရှိုးပွဲပထမပိုင်းပြသခြင်း
ဇောင်ယုဟွမ် သည်ကွန့်မန့်ေတွကို ဖတ်ပြီးနောက်တွင် ထိုအရာတွေက ရယ်စရာကောင်းကြောင်းသာ တွေ့မြင်ခဲ့ရသည်။
ဒီလူတွေက ဘယ်လိုလူတွေလဲ? သူတို့က တစ်ကိုယ်ကောင်းဆန်တဲ့ သူတွေပဲ။ သူတို့ အတွေးအခေါ်နဲ့ စံနှုန်းများကို အသုံးပြုပြီး တခြားသူေတွ ကိုဝေဖန်ချင်ကြသည်။
ဇောင်ယုဟွမ် သည်ဂရုမစိုက်သလို သူမကိုလည်း အနှောင့်အယှက် မဖြစ်စေပေ။ ရှိုးပွဲအတွက် Weibo တွင်ရှာဖွေပြီးနောက် app ကိုပိတ်လိုက်ကာ ရန်ဆန်း နှင့်အခြားသူများနှင့်အတူ သဲကန္တာရသို့ ကားမောင်းရန် ထွက်သွားခဲ့သည်။
ထို့နောက် အစ်မကြီးရန် ကရှိုးပွဲ ထုတ်လွှင့်ဖို့အတွက် စတင်ခဲ့သည်။ အချိန်ခရီးသွားခြင်း ရဲ့ေထွလာအပိုင်းက လျင်မြန်စွာ ပြည့်စုံသွားခဲ့ပြီး ထုတ်လွှင့်ရန် ဆုံးဖြတ်ခဲ့သည်။
ဇောင်ယုဟွမ် သည်အီဂျစ်မှ ပြန်လာချိန်တွင် ပထမပိုင်းကို ဒုတိယနေ့တွင် ထုတ်လွှင့်တော့မည်ဖြစ်သည်။
ရှိုးပွဲသည် သူတို့မထွက်ခွာခင် အကြောင်းအရာတွေကို အဓိကထား ရိုက်ကူးထားခြင်းဖြစ်သည်။ ရှိုးပွဲရှိ ဧည့်သည်များကို လေ့လာနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
လီဂျင်းယွမ် သည်ရိုက်ကူးေရး တည်နေရာတွင် ရှိနေပြီး ဟုန်ချန်းမင်း ကတော့နိုင်ငံခြားကို ထပ်ပြီးထွက်သွားခဲ့သည်။
ထို့ကြောင့် ဇောင်ယုဟွမ် သည်မုန့်အပြည့် စားပွဲေပါ်တွင် တင်ထားပြီး အိမ်တော်ရှိ ဆိုဖာထဲတွင် နစ်မြုပ်နေခဲ့သည်။ ထိုနေ့တွင် ထုတ်လွှင့်လာသည့် ရှိုးပွဲအား ကြည့်နေခဲ့သည်။ သူမ ပြီးသွားချိန်တွင် ရေချိုးကာ အိပ်ရာဝင်ခဲ့သည်။ ဝဘ်ဆိုက်တွင် ဘာတွေဖြစ်ပျက်မလဲဆိုတာ၊ ဘယ်လိုအရူးစကားတွေကို ပြောကြမလဲဆိုတာကို ဂရုမစိုက်ပေ။
ရှိုးပွဲက ဖျော်ဖြေရေးလောကရှိ ဧည့်သည်တေွနဲ့ စတင်ခဲ့သည်။ ကောမိုင်၊ ထို့နောက် ဝမ်ယောင်ချန်း၊ ဂူယူလင်း နဲ့ လီဂျင်းယွမ် တို့ဖြစ်သည်။
လီဂျင်းယွမ် ကသူ့အထုပ်အပိုးတွေကို မြန်မြန်ဆန်ဆန် ဖြေလိုက်သည်။ ထုတ်လုပ်ရေး ဒါရိုက်တာတောင် အပြင်မှ မေးလိုက်ရသည်။ “ထပ်ပြီး မထုတ်ပိုးချင်တော့ဘူးလား? မင်းမှာ အချိန်တွေ ပိုနေသေးတာပဲ”
ကင်မရာတွင် လီဂျင်းယွမ် ရဲ့ခန့်ညားသည့် မျက်နှာက ပြုံးသွားခဲ့သည်။ ဖန်သားပြင်ပေါ်တွင် စာသားတွေက ပေါ်လာခဲ့သည်။
“OOOOOOOOHHHH! ငါ ထပ်ပြီးတော့ မထိန်းချုပ်နိုင်တော့ဘူး။ သူပြုံးတဲ့အချိန်မှာ အရမ်း…ကို ကြည့်ကောင်းတာပဲ!”
“OOOOOOHHHH! ဒီ TV ရှိုးပွဲက ဘယ်လောက်ပဲ ပျင်းစရာကောင်းနေပါစေ ငါဂရုမစိုက်ဘူး။ ငါဆက်ကြည့်မှာပဲ!”
“အိုးမိုင်… သူပြုံးတဲ့အချိန်မှာ အရမ်းကို နူးညံ့နေတာပဲ”
ကင်မရာပေါ်တွင် လီဂျင်းယွမ် ကပြောလိုက်သည်။ “လေဆိပ်ကို စောစောသွားပြီး တစ်ယောက်ကို စောင့်မှာမလို့”
ဖန်သားပြင်တွင် ရူးသွပ်သည့် စာသားေတွက ထပ်ပေါ်လာခဲ့သည်။ “လီလီက ဘယ်သူ့ကို စောင့်မှာလဲ?”
“လက်ထောက်? အေးဂျင့်? ဒါမှမဟုတ် တခြားဧည့်သည်ကိုလား?” “
ဂူယူလင်း တော့မဟုတ်ဘူးမလား? လွန်ခဲ့တဲ့ နှစ်ရက်တုန်းက သူတို့ကို ပွဲတော်တစ်ခုမှ အတူတူတွေ့ခဲ့တယ်”
ကင်မရာက လီဂျင်းယွမ် အနောက်ကို လိုက်သွားသည်။ လီဂျင်းယွမ် ကကားထဲဝင်လိုက်ပြီး လေဆိပ်ကို ဦးတည်သွားကာ တစ်စုံတစ်ယောက်ကို စောင့်နေခဲ့သည်။
ကင်မရာသည် အခြားတစ်ေနရာကို ပြောင်းသွားသည်။
ဇောင်ယုဟွမ် သည်ကင်မရာရှေ့တွင် ပေါ်လာခဲ့သည်။ သူမသည် ဗာဒံရောင် အင်္ကျီကိုဝတ်ထားသည်။ သူမ ခြေထောက်တွေက ရှည်လျားပြီး သွယ်လျနေသည်။ ဆံပင်တွေက ချည်နှောင်ထားပြီး နဖူးက ရှင်းလင်းေနပြီး သူမရဲ့လှပသည့် ပါးပြင်မှာ ပေါ်လွင်နေသည်။
ကင်မရာထဲတွင် သူမသည် တောက်ပနေသည်။
“ဒါက ဘယ်သူလဲ?”
“အိုး၊ ဒီညီမလေးရဲ့ ခြေထောက်တွေက အရမ်းလှတာပဲ! ငါသူတို့ကို တစ်နှစ်လုံး ကစားနိုင်တယ်!”
“သူမက မင်းသမီးအသစ်လား? တစ်ချက်ကြည့်ရုံနဲ့တင် အရမ်းလှတာပဲ”
“သူမ စိတ်ထားကလည်း အရမ်းကောင်းတယ်။ မတ်တပ်ရပ်နေတာတောင် သူမက ဂုဏ်သိက္ခာရှိတဲ့ မိသားစုက လူတစ်ယောက်နှင့်တူတယ်”
“ဇောင်ယုဟွမ်? ပျော်ရွှင်ဝမ်မြောက်ခြင်းကို ယူဆောင်လာတယ်ဆိုတဲ့ အဓိပ္ပါယ်လား? အရမ်းကောင်းတဲ့ နာမည်လေးပဲ!”
ဇောင်ယုဟွမ် လည်းကားထဲကို လျင်မြန်စွာ ဝင်သွားခဲ့သည်။
တစ်စုံတစ်ဦးက မေးလိုက်သည်။ “သူမပစ္စည်းတွေ ထုပ်ပိုးတဲ့ ဗီွဒီယိုတွေ မရှိဘူးလား?”
တစ်စုံတစ်ဦးကလည်း နောက်ကထပ်ေပြာလိုက်သည်။ “အမ်? ဒီနေရာက ရင်းနှီးပုံပဲ။ ကျင်းရံုမြို့ နားလောက်ထင်တယ်…”
“ကျင်းရုံမြို့? ငါတော့မထင်ဘူး”
“တဆိတ်လောက်။ ကျင်းရုံမြို့က ဘယ်နားမှာလဲ?”
“ဟိုက်မြို့ရဲ့ လူချမ်းသာေတွ နေထိုင်တဲ့နေရာမှာ”
ကင်မရာတွင် သူတို့က လေဆိပ်ကို ချက်ချင်းရောက်သွားကြသည်။ ကားတံခါးပွင့်သွားပြီး ဝေ့ကျဲ ကရောက်လာခဲ့သည်။
ပရိသတ်ေတွက နောက်တစ်ကြိမ် ထပ်ပြီးခန့်မှန်းနေကြသည်။ “ဒါ လီရဲ့အေးဂျင့် မဟုတ်လား? သူက တစ်ယောက်ယောက်ကို လာကြိုတာလား? သူ့လက်အောက်မှာ လူသစ်တစ်ယောက် ရှိနေလို့လား?”
ဝေ့ကျဲ သည် ဇောင်ယုဟွမ် ကိုနှုတ်ဆက်ရန် မြန်မြန်ဆန်ဆန် လမ်းလျှောက်ခဲ့သည်။ “မိန်းကလေးဇောင်”
“ဝေ့ကော”
ဖန်သားပြင်ပေါ်ရှိ စာသားများသည် ရုတ်တရက် အားလုံးနှင့် မကိုက်ညီတော့ေပ။ “သူတို့ရဲ့ စကားတွေက တစ်ယောက်က ရင်းနှီးပြီး တစ်ယောက်က လေးစားပုံကို ရည်ညွှန်းနေတာပဲ။ တစ်ေယာက်က အကွာအဝေးကို ရည်ရွယ်ချက်ရှိရှိထားပြီး တစ်ဖက်က ပိုမိုနီးကပ်ဖို့ ကြိုးစားနေတာကို ဆိုလိုတာပဲ” “ဒါဆုိ သူမက မင်းသမီးအသစ်တော့ မဟုတ်ဘူး”
စာသားများသည် ဆက်လက် ရွေ့လျားနေပြီး အများစုမှာ ရင်းနှီးဖော်ရွေမှု မရှိပေ။
ဝေ့ကျဲ သည် ဇောင်ယုဟွမ် အရှေ့ကို လျှောက်သွားခဲ့ပြီး သူမလမ်းကြောင်းကို ပြသလိုက်သည်။ လူနှစ်ယောက်က စောင့်ဆိုင်းသည့် နေရာကို လျင်မြန်စွာ ရောက်သွားသည်။
စောင့်ဆိုင်းနေသည့် နေရာအတွင်း လီဂျင်းယွမ် ရဲ့ပုံစံသည် အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ဇောင်ယုဟွမ် အနားမရောက်ခင် သူကထလာပြီး သူမဆီကို မြန်မြန်လျှောက်သွားသည်။ သူမကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။ “ဟွမ်ဟွမ်”
စာသားေတွက ဖန်သားပြင်တွင် ပေါက်ကွဲထွက်လာသည်။
“အိုး၊ ခနလောက်၊ ခနလောက်၊ ခနလောက်။ လီဂျင်းယွမ် ကလေဆိပ်မှာ သူမကို စောင့်နေခဲ့တာလား?”
“မဖြစ်နိုင်ဘူး! လီဂျင်းယွမ် ကသူ့ေကာင်မလေးကို ရှိုးပွဲကို ခေါ်လာခဲ့တာလား?!”
“နောက်ဆူံအချိန်က လေဆိပ်မှာ အတူတူလျှောက်သွားကြတဲ့ မိန်းကေလးနဲ့က အတူတူပဲမလား?”
“ဒါက ထင်ရှားတာပဲ!”
လီဂျင်းယွမ် နဲ့ ဇောင်ယုဟွမ် တို့လေယာဉ်ပေါ် တက်သွားချိန်တွင်တောင် စာတေွက ဖန်သားပြင်ပေါ်တွင် ရပ်တန့်သွားခြင်းမရှိပေ။
“ဒါက သေချာပေါက် သူမက သူ့ေကာင်မေလးလို့ မဆိုလိုဘူး။ အရင်ကတည်းက သူတို့နှစ်ေယာက်က တခြားရှိုးပွဲ တစ်ခုခုမှာ တွေ့ခဲ့ကြတာလည်း ဖြစ်နိုင်တာပဲ”
“+1 မင်းတို့အကုန်လံုးမှာ သူငယ်ချင်းတွေ မရှိကြဘူးလား?”
နောက်ဆုံးကတော့ လေယာဉ်ဆင်းသက်ပြီး ဟိုတယ်တွင် လူအားလုံးစုဝေးကြချိန်ဖြစ်သည်။ ပရိသတ်တွေက စိတ်မရှည်ကြတော့ပေ။
“မိတ်ဆက်တာက ဘယ်လိုဖြစ်ပြီး မစသေးတာလဲ?”
“သူတို့က တခြားတစ်ယောက်ယောက်ကို စောင့်နေကြတာလား?”
“ဧည့်သည် ၈ ယောက်ရှိတယ်လို့ ပြောထားတယ်လေ။ ဒါပေမဲ့ ကြေညာတဲ့အထဲမှာ နာမည် ၇ ခုကိုပဲ တွေ့တယ်”
“ဒါဆို လျှို့ဝှက်ဧည့်သည်လား?”
ကင်မရာတွင် ဟိုတယ်တံခါးက ပွင့်သွားခဲ့ပြီး လူငယ်လေး တစ်ယောက်က တံခါးကို လျင်မြန်စွာဖြတ်ပြီး လျှောက်လာနေခဲ့သည်။
သူအထဲကို ဝင်လိုက်သည်နှင့် သူ့အရှိန်အဝါကြောင့် ဖန်သားပြင်ကို ထပ်မံပေါက်ကွဲစေခဲ့သည်။
“OMG ဒီလိုသာမာန် ဧည့်သည်ဆိုတာ ဘယ်လိုဆုတောင်းမျိုးလဲ? သူ့အရည်အသွေးက အရမ်းမြင့်မားတာ!”
“အရမ်းခန့်ညားလွန်းတယ်! ခန့်ညားလွန်းတယ်! ခန့်ညားလွန်းတယ်! ပြောစရာ စကားတောင် ပျောက်သွားပြီ!”
“မျက်နှာပြင်ကို လျက်လိုက်ပြီ! ဘာလို့ ဒီလိုစိတ်ထားကောင်းတဲ့ ကောင်လေးက အရည်အချင်းရှိုးပွဲမှာ မပေါ်လာခဲ့ရတာလဲ? သူ့ကို မဲပေးချင်တယ်!”
“သူက ဒီကုတ်အင်္ကျီနဲ့ အရမ်းကို အံ့ဩဖို့ကောင်းတာပဲ! ငါသေသွားပြီလို့တောင် ထင်နေတာ!”
“သူဘယ်သူလဲဆိုတာ ငါသိတယ်! သူက စီးပွားရေး အဖွဲ့အစည်းက အသက်အငယ်ဆုံး CEO ဖြစ်ပြီးတော့ မကြာခင်ကပဲ အကျော်ကြားဆုံး စာရင်းဝင်ခဲ့တယ်!”
“နောက်ပြီး သူက CEO တွေအထဲမှာ ထိပ်ဆုံး? OOOHHHHHH! မေမေရေ၊ သူ့ကို ချစ်မိပြီလို့ထင်တယ်!”
“Woo Woo ဘယ်လိုအရူးမျိုးလဲ? ဒါကရူးသွပ်တာပဲ!”
စာသားေတွက ဖန်သားပြင်တွင် ဖြတ်ကူးေနစဉ် ကင်မရာအောက်တွင် ဟုန်ချန်းမင်း က ဇောင်ယုဟွမ် အနားကို လျင်မြန်စွာ လျှောက်သွားပြီး ပြောလိုက်သည်။ “ဟွမ်ဟွမ်”
“? ? ?”
“ဘာလဲ? သူကလည်း သူမကို သိနေခဲ့တာလား?”
“အိုး၊ ခနလောက်၊ ခနလောက်။ ငါတော့ သူမ နေရာကို အတော်လေးကို လြိချင်နေပါပြီနော်!”
“မင်းတို့အားလုံး ဒါကိုသတိပြုမိကြလား? သူက အခန်းထဲဝင်လိုက်တာနဲ့ သူ့ခရီးဆောင်အိတ်ကို ပစ်ချထားခဲ့တာကိုလေ”
“ငါက သံပုရာသီးပါ! ချဉ်တယ်!”
လျှင်မြန်စွာဖြင့် လူတိုင်းက မိတ်ဆက်ခြင်းကို စတင်ခဲ့သည်။
ပရိသတ်တွေက နာမည်ကြီးတွေကို သိပြီးသားဖြစ်တာကြောင့် သူတို့နဲ့ပတ်သက်ပြီး ပြောစရာအများကြီး မရှိေပ။ ကင်မရာထဲတွင် သူတို့အိုင်ဒေါကို ကျော်သွားပြီး သူတို့က ဘာမှမပြောကြပဲ ပုံမှန်လူတွေ အလှည့်ရောက်ချိန်တွင် သူတို့ရဲ့အမှားတွေကို စတင်ရှာေဖွကြတော့သည်။
လင်းလန် အလှည့်ကို ရောက်လာချိန်တွင်
“မဆိုးပါဘူး။ သူမက တော်တော်လေး ကြည့်ကောင်းပါတယ်”
ယင်ချီချီ အလှည့်ကို ရောက်လာချိန်တွင်
“Emmmmm, ခွဲစိတ်ထားတာ အရမ်းများတာပဲ။ နောက်ပြီး ချစ်ဖို့ကောင်းအောင်လဲ လုပ်ထားသေးတယ်”
ဇောင်ယုဟွမ် အလှည့်ရောက်ချိန်တွင် တုန့်ပြန်မှုများသည် အလွန်ထကြွခဲ့သည်။
“သူမစိတ်ထားကို သဘောကျတယ်။ သူမက လူတိုင်းကြားတွင် ထူးခြားစွာ ရပ်တည်နိုင်ခဲ့တယ်”
“သူမ စိတ်နေသဘောထားက ဂူယူလင်း ထက်အများကြီး ပိုကောင်းတယ်၊ ဒါက ငါ့ရဲ့အရိုးသားဆုံး ပြောတာပဲ!”
“ဒါက လက်ဖက်စိမ်းပဲ။ ပထမက လီဂျင်းယွမ်၊ အခုတော့ ဟုန်ချန်းမင်း? ယောင်္ကျားလေး ဘယ်လောက်များများက သူမနဲ့ ပတ်သက်နေတာလဲ?”
“လက်ဖက်စိမ်းဖြစ်ဖို့က မလွယ်ကူဘူး။ မင်းက လှပရမယ်၊ ကောင်းမွန်တဲ့ ခန္ဓာကိုယ်ရှိရမယ်၊ စိတ်ထားကောင်းရမယ်၊ နောက်ပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ရမယ်”
“OMG! လူတိုင်းက လက်ဖက်စိမ်းအဖြစ် တံဆိပ်ခတ်ချင်နေကြတာပဲ။ မင်းကလည်း တစ်ယောက်ဖြစ်လာဖို့ ဘာကြောင့်မကြိုးစားရတာလဲ? မင်းက လက်ဖက်စိမ်းဆောင် ဖြစ်နိုင်မှာ မဟုတ်ဘူး!”
လျင်မြန်စွာပင် ဧည့်လမ်းညွှန် ရွေးချယ်သည့် အပိုင်းကို ရောက်လာခဲ့သည်။
“ဟဟဟဟဟဟဟဟ! အရမ်းရယ်ရတယ်!”
“ကင်မရာက ဇောင်ယုဟွမ် အပေါ်ရောက်ချိန်မှာ သူမပုံစံက အရမ်းအံ့ဩနေပုံပဲ! သူမက ရလဒ်ကို မမျှော်လင့်ထားပုံပဲ!”
“ဒါက အရမ်းရယ်ရတယ်။ ကောမိုင် လည်းအံ့သြသွားတယ်”
“ယင်ချီချီ ကဲ့အညိုရောင် နှာခေါင်းကြီးက အရမ်းကို သိသာနေတယ်”
“ဂူယူလင်း က လီဂျင်းယွမ် နဲ့တွဲချင်နေပုံ ပေါ်မနေဘူးလား? လီဂျင်းယွမ် က ဇောင်ယုဟွမ် ကိုတိတ်တဆိတ် မဲပေးလိမ့်မယ်လို့ သူမ မမျှော်လင့်ထားဘူး”
“အိုး၊ ဒါက အရမ်းရယ်ရတယ်။ ဒီမြင်ကွင်းတစ်ခုကနေ တစ်နှစ်လောက်အထိ ငါရယ်နိုင်တယ်”
ထို့နောက် လူတိုင်းက အိပ်ရာဝင်ကြပြီး နောက်တစ်နေ့ ဖြစ်သွားသည်။
“ဇောင်ယုဟွမ် ရဲ့မိတ်ကပ်မပါတဲ့ မျက်နှာက ပြိုင်ဘက်ကင်းတာပဲ”
“သူမက အောက်ထပ်ကို သမ်းပြီးဆင်းလာတဲ့ပုံလေးက အတော်လေး ချစ်ဖို့ကောင်းတယ်”
“ဒီလိုကောင်မလေးမျိုးကို ဘယ်သူက မဖြစ်ချင်မှာလဲ? လှပပြီး စိတ်ထားကောင်းတယ်။ နောက်ပြီး လူကောင်းတွေရဲ့ ချစ်မြတ်နိုးမှုကိုလည်း သူမက ရရှိထားသေးတယ်”
လျင်မြန်စွာပင် လူတိုင်းက သူတို့ရဲ့ သက်ဆိုင်ရာ ကားများထဲသို့ ဝင်သွားကြသည်။
ဇောင်ယုဟွမ် သမ်းဝေနေချိန်တွင် လီဂျင်းယွမ် ကထပြောလိုက်သည်။
“OOOOOHHHHH! ငါအရမ်းမနာလိုဖြစ်နေတယ်! ငါလည်း လီဂျင်းယွမ် ရဲ့ပခုံးပေါ် မှီချင်တယ်!”
“လီဂျင်းယွမ် ကအရမ်းကို လူကြီးလူကောင်းဆန်တာပဲ။ သူက အင်္ဂလန်က ပြန်လာခဲ့တာ!”
“လီဂျင်းယွမ် ကသူ့ချစ်ခြင်းမေတ္တာကို ဖုံးကွယ်ဖို့ လုံးဝကြိုးစားမနေဘူးပဲ။ သူက သူမကို ချစ်နေတာ မဟုတ်ဘူးလို့ ငါ့ကိုလာပြောရင် ငါယုံကြည်မှာ မဟုတ်ဘူး!”
လျင်မြန်စွာပင် ဟုန်ချန်းမင်း ကလည်း ထပြောလိုက်သည်။
“ဒါက စိတ်ဝင်စားေကာင်းတာပဲ”
“အိုး၊ ခနလေး။ ဒီမြင်ကွင်းက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ခံစားရတယ်”
“သူတို့က သူမ အပေါ်ကောင်းဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေကြတာလား?”
“ဒါက သူတို့နှစ်ယောက်ကြားက သိသာတဲ့ တိုက်ပွဲပဲ။ ဇောင်ယုဟွမ် အပေါ်မသက်ရောက်ဘူးမလား?”
မကြာမီ သူတို့သည် တည်းခိုေဆာင်သို့ ရောက်ရှိလာပြီး ဇောင်ယုဟွမ် ကပိုင်ရှင်နဲ့ ဆက်သွယ်ပြောဆိုရန် အကြံပေးခဲ့သည်။
“ဟဟဟဟ၊ ဇောင်ယုဟွမ် ကစကားသွားပြောချင်တာကို လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ဘာကြောင့် လိုက်ချင်ကြတာလဲ?”
“ဒါက ရယ်စရာပဲ။ ဇောင်ယုဟွမ် အနောက်ကို လိုက်နေကြတာက သူမက ကလေးအုပ်တစ်အုပ်ကို ခေါ်သွားတဲ့ ပုံစံနဲ့တူနေတယ်”
“ယင်ချီချီ ကအရမ်းကို ဗြောင်ကျတာပဲ။ သူမက တစ်ချိန်လုံး ဇောင်ယုဟွမ် ကိုဆန့်ကျင်နေတယ်”
“ထိုင်းက အသံတွေကို မကြားနိုင်ဘူး၊ ဟာသတောင် ရယ်စရာကောင်းပေမဲ့ ဇောင်ယုဟွမ် ဆီကထွက်လာတဲ့အသံက အတော်လေး ကောင်းတယ်”
“မင်းက လှပနေရင် မင်းရဲ့အသံကလည်း လှပနေမှာပဲ”
စာသားေတွက ဖန်သားပြင်တွင် ထပ်မံပေါက်ကွဲလာချိန်သည် ယင်ချီချီ ရဲ့စိတ်မကျေနပ်သည့် အမူအရာက ထွက်ပေါ်လာချိန်ဖြစ်သည်။
“အမ် … ဇောင်ယုဟွမ် ကရှင်းရှင်းလင်းလင်း ေပြာပြပြီးသား မဟုတ်ဘူးလား? သူမကသာ သေသေချာချာ နားမထောင်တဲ့သူပဲ။ သူမက ဘာကြောင့် ဝမ်းနည်းနေရတာလဲ?”
“ပရိသတ်တွေက စိတ်ဆိုးပြီး ဇောင်ယုဟွမ် ကိုဆူပူကြိမ်းမောင်းမယ်လို့ သူမက ထင်ေနတာလား?”
“ငါတို့အကုန်လံုးက မိုက်မဲတဲ့သူတွေလို့ သူမက ထင်နေခဲ့တာလား? =.=”
ထို့နောက် ညဈေးတွင် လီဂျင်းယွမ် ကတစ်ခုခုရှာေဖွနေချိန် ယင်ချီချီ ကသူ့ဆီကို သွားနေသည့် အပိုင်းဖြစ်သည်။
“လီလီ ကတစ်ခုခုကို ရှာဖွေနေချိန်မှာ အရမ်းကို ခန့်ညားတာပဲ။ ငါသာ သူ့ကောင်မလေးဆိုရင် ငါအိပ်ပျော်နေချိန်တောင် ပျော်ရွှင်နေလိမ့်မိမယ်!”
“ခနလေး၊ ယင်ချီချီ ကဘာကို ဆွဲထုတ်ဖို့ ကြိုးစားနေတာလဲ?”
“သူမက ပရောပရည်လုပ်ေနတာ သိသာတာပဲ =.= “
ကင်မရာတွင် ဆိုင်ပိုင်ရှင်က ယင်ချီချီ ကိုညွှန်ပြကာ ပြောလိုက်သည်။ “သူမအတွက် ကောင်းပေးပါ၊ သူမဝတ်ရင် အရမ်းလှမှာ”
ယင်ချီချီ ကရှက်သွားသည်နှင့် လီဂျင်းယွမ် ကပြုံးကာ ပြောလိုက်သည်။ “ဒါဆို ကျွန်တော် မဝယ်တော့ဘူး”
“ဟဟဟဟဟ၊ ငါတို့လီလီက ကလေးဆန်တုန်းပဲ။ သူက အမျိုးသမီးတစ်ဦးကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ မသိဘူး”
“အိုး၊ ငါ တော်တော်လေးကို ရယ်နေမိပြီ။ ယင်ချီချီ ကအခုတော့ စိတ်ဆိုးနေမှာပေါ့”
မကြာခင် ညစာစားဖို့ အချိန်ရောက်လာခဲ့သည်။ ယင်ချီချီ လက်ထဲတွင် အစားအစာတွေနဲ့ ဟုန်ချန်းမင်း အားသူမအတွက် ရေထည့်ပေးရန် တောင်းဆိုခဲ့သည်။
“အခုေတာ့ သူမက သူဌေးဟုန်းဆီ သွားနေတာလား?”
“ဟေ့ကောင်တွေ၊ ဒီရှိုးပွဲက ဒရမ်မာတွေ အရမ်းများတာပဲ”
တစ်မိနစ်မှာ လူတိုင်းရဲ့ စာသားေတွက ဖန်သားပြင်ပေါ်တွင် ထွက်ပေါ်နေပြီး နောက်မိနစ်အနည်းငယ်အတွင်း ဖနါသားပြင်တွင် ဟဟဟဟားဆိုသည့် စကားလုံးတွေဖြင့် ပြည့်နှက်သွားခဲ့သည်။
“OMG!! ဟုန်ချန်းမင်း ကသူမဘက်ကို တည့်တည့်တောင် မလှည့်ပေးဘူးလား?”
“‘မင်းမှာ လက်တွေမရှိဘူးလား?’ LOLOLOL! သူဌေးလေးဟုန် ကအဲ့လိုဖြောင့်မတ်တဲ့ သူတစ်ယောက်ပဲ! ဒီလိုဖြောင့်မတ်တဲ့ သူတစ်ယောက်ကို အရင်တုန်းက ငါတစ်ခါမှ မတွေ့ခဲ့ဖူးဘူး!”
“သူဌေးလေးဟုန် နဲ့ လီဂျင်းယွမ် တို့က ‘လှည့်ဖျားမှုကာကွယ်သူ’ လို့နာမည်ကို လက်ခံရရှိသင့်တယ်!”
“အိုကေ … ငါကိုက်တော့မယ်”
ဖန်သားပြင်ပေါ်ရှိ စာသားပမာဏသည် ဆက်လက်တက်နေခဲ့သည်။
ထို့နောက် “ဇောင်ယုဟွမ် ကမဲနှစ်ခု”ကို ရခဲ့ပြီး ထိပ်ဆုံးကို ရောက်ခဲ့သည်။
ဘလော့ကာ တစ်ယောက်က ပုံရိုက်ယူထားပြီး ထိုအခြေအနေကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။
“ဒါကိုသိတာ ငါတစ်ယောက်တည်း မဖြစ်နိုင်ဘူး! ဒါကို လူတိုင်းကိုလည်း မြင်စေချင်တယ်! လီဂျင်းယွမ် က ဇောင်ယုဟွမ် ကိုမဲပေးချိန်မှာ သူမက သူ့ကိုခိုးကန်လိုက်တယ်! ဟုန်ချန်းမင်း ကလည်း သူမကို မဲပေးခဲ့တာကို သိသွားတော့ သူ့ကိုလည်း ကန်လိုက်တယ်! နောက်ေတာ့ သူမက နှစ်ယောက်လုံးကို ထပ်ကန်လိုက်သေးတယ်! သူမရဲ့ပံုစံက အရမ်းကို အံ့သြတုန်လှုပ်နေပြီး ငါ-ရူး-သွား-ပြီ ဆိုတဲ့ပုံစံ ပေါ်နေတယ်။ နောက်ပြီး လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ရဲ့မျက်နှာမှာလည်း ငါ-တို့-က- မင်း-အ-တွက်- မဲ-ပေး-ခဲ့-တာ ဆိုပြီးလည်း ပေါ်နေသေးတယ်။ OMG! LOL! ဧည့်လမ်းညွှန်က အလုပ်အရမ်းလုပ်ရတာကို သူတို့က မသိကြတာလား? မင်းကြိုက်တဲ့ ဘယ်သူကိုမဆို မဲပေးနိုင်တာပဲ မဟုတ်ဘူး! LOL LOL! ရယ်ရလို့ ငါသေတော့မယ်… သူတို့နှစ်ယောက်က ဇောင်ယုဟွမ် အရှေ့မှာဆိုရင် ဘာကြောင့် မိုက်မဲတဲ့သူတွေ ဖြစ်သွားကြတာလဲ? ဟဟဟဟား…”
(ကွန့်မန့်ပုံစံပါ)
30.10.2020 (Fri)
………………………
<Zawgyi>
ရႈိးပြဲပထမပိုင္းျပသျခင္း
ေဇာင္ယုဟြမ္ သည္ကြန္႔မန္႔ေတြကို ဖတ္ၿပီးေနာက္တြင္ ထိုအရာေတြက ရယ္စရာေကာင္းေၾကာင္းသာ ေတြ႕ျမင္ခဲ့ရသည္။
ဒီလူေတြက ဘယ္လိုလူေတြလဲ? သူတို႔က တစ္ကိုယ္ေကာင္းဆန္တဲ့ သူေတြပဲ။ သူတို႔ အေတြးအေခၚနဲ႔ စံႏႈန္းမ်ားကို အသုံးျပဳၿပီး တျခားသူေတြ ကိုေဝဖန္ခ်င္ၾကသည္။
ေဇာင္ယုဟြမ္ သည္ဂ႐ုမစိုက္သလို သူမကိုလည္း အေႏွာင့္အယွက္ မျဖစ္ေစေပ။ ရႈိးပြဲအတြက္ Weibo တြင္ရွာေဖြၿပီးေနာက္ app ကိုပိတ္လိုက္ကာ ရန္ဆန္း ႏွင့္အျခားသူမ်ားႏွင့္အတူ သဲကႏၲာရသို႔ ကားေမာင္းရန္ ထြက္သြားခဲ့သည္။
ထို႔ေနာက္ အစ္မႀကီးရန္ ကရႈိးပြဲ ထုတ္လႊင့္ဖို႔အတြက္ စတင္ခဲ့သည္။ အခ်ိန္ခရီးသြားျခင္း ရဲ႕ေထြလာအပိုင္းက လ်င္ျမန္စြာ ျပည့္စုံသြားခဲ့ၿပီး ထုတ္လႊင့္ရန္ ဆုံးျဖတ္ခဲ့သည္။
ေဇာင္ယုဟြမ္ သည္အီဂ်စ္မွ ျပန္လာခ်ိန္တြင္ ပထမပိုင်းကို ဒုတိယေန႔တြင္ ထုတ္လႊင့္ေတာ့မည္ျဖစ္သည္။
ရႈိးပြဲသည္ သူတို႔မထြက္ခြာခင္ အေၾကာင္းအရာေတြကို အဓိကထား ႐ိုက္ကူးထားျခင္းျဖစ္သည္။ ရႈိးပြဲရွိ ဧည့္သည္မ်ားကို ေလ့လာႏိုင္ရန္ ရည္႐ြယ္ထားျခင္း ျဖစ္သည္။
လီဂ်င္းယြမ္ သည္႐ိုက္ကူးေရး တည္ေနရာတြင္ ရွိေနၿပီး ဟုန္ခ်န္းမင္း ကေတာ့ႏိုင္ငံျခားကို ထပ္ၿပီးထြက္သြားခဲ့သည္။
ထို႔ေၾကာင့္ ေဇာင္ယုဟြမ္ သည္မုန္႔အျပည့္ စားပြဲေပၚတြင္ တင္ထားၿပီး အိမ္ေတာ္ရွိ ဆိုဖာထဲတြင္ နစ္ျမဳပ္ေနခဲ့သည္။ ထိုေန႔တြင္ ထုတ္လႊင့္လာသည့္ ရႈိးပြဲအား ၾကည့္ေနခဲ့သည္။ သူမ ၿပီးသြားခ်ိန္တြင္ ေရခ်ိဳးကာ အိပ္ရာဝင္ခဲ့သည္။ ဝဘ္ဆိုက္တြင္ ဘာေတြျဖစ္ပ်က္မလဲဆိုတာ၊ ဘယ္လိုအ႐ူးစကားေတြကို ေျပာၾကမလဲဆိုတာကို ဂ႐ုမစိုက္ေပ။
ရႈိးပြဲက ေဖ်ာ္ေျဖေရးေလာကရွိ ဧည့္သည္ေတြနဲ႔ စတင္ခဲ့သည္။ ေကာမိုင္၊ ထို႔ေနာက္ ဝမ္ေယာင္ခ်န္း၊ ဂူယူလင္း နဲ႔ လီဂ်င္းယြမ္ တို႔ျဖစ္သည္။
လီဂ်င္းယြမ္ ကသူ႔အထုပ္အပိုးေတြကို ျမန္ျမန္ဆန္ဆန္ ေျဖလိုက္သည္။ ထုတ္လုပ္ေရး ဒါ႐ိုက္တာေတာင္ အျပင္မွ ေမးလိုက္ရသည္။ “ထပ္ၿပီး မထုတ္ပိုးခ်င္ေတာ့ဘူးလား? မင္းမွာ အခ်ိန္ေတြ ပိုေနေသးတာပဲ”
ကင္မရာတြင္ လီဂ်င္းယြမ္ ရဲ႕ခန႔္ညားသည့္ မ်က္ႏွာက ၿပဳံးသြားခဲ့သည္။ ဖန္သားျပင္ေပၚတြင္ စာသားေတြက ေပၚလာခဲ့သည္။
“OOOOOOOOHHHH! ငါ ထပ္ၿပီးေတာ့ မထိန္းခ်ဳပ္ႏိုင္ေတာ့ဘူး။ သူၿပဳံးတဲ့အခ်ိန္မွာ အရမ္း…ကို ၾကည့္ေကာင္းတာပဲ!”
“OOOOOOHHHH! ဒီ TV ရႈိးပြဲက ဘယ္ေလာက္ပဲ ပ်င္းစရာေကာင္းေနပါေစ ငါဂ႐ုမစိုက္ဘူး။ ငါဆက္ၾကည့္မွာပဲ!”
“အိုးမိုင္… သူၿပဳံးတဲ့အခ်ိန္မွာ အရမ္းကို ႏူးညံ့ေနတာပဲ”
ကင္မရာေပၚတြင္ လီဂ်င္းယြမ္ ကေျပာလိုက္သည္။ “ေလဆိပ္ကို ေစာေစာသြားၿပီး တစ္ေယာက္ကို ေစာင့္မွာမလို႔”
ဖန္သားျပင္တြင္ ႐ူးသြပ္သည့္ စာသားေတြက ထပ္ေပၚလာခဲ့သည္။ “လီလီက ဘယ္သူ႔ကို ေစာင့္မွာလဲ?”
“လက္ေထာက္? ေအးဂ်င့္? ဒါမွမဟုတ္ တျခားဧည့္သည္ကိုလား?” “
ဂူယူလင္း ေတာ့မဟုတ္ဘူးမလား? လြန္ခဲ့တဲ့ ႏွစ္ရက္တုန္းက သူတို႔ကို ပြဲေတာ္တစ္ခုမွ အတူတူေတြ႕ခဲ့တယ္”
ကင္မရာက လီဂ်င္းယြမ္ အေနာက္ကို လိုက္သြားသည္။ လီဂ်င္းယြမ္ ကကားထဲဝင္လိုက္ၿပီး ေလဆိပ္ကို ဦးတည္သြားကာ တစ္စုံတစ္ေယာက္ကို ေစာင့္ေနခဲ့သည္။
ကင္မရာသည္ အျခားတစ္ေနရာကို ေျပာင္းသြားသည္။
ေဇာင္ယုဟြမ္ သည္ကင္မရာေရွ႕တြင္ ေပၚလာခဲ့သည္။ သူမသည္ ဗာဒံေရာင္ အက်ႌကိုဝတ္ထားသည္။ သူမ ေျခေထာက္ေတြက ရွည္လ်ားၿပီး သြယ္လ်ေနသည္။ ဆံပင္ေတြက ခ်ည္ေႏွာင္ထားၿပီး နဖူးက ရွင္းလင္းေနၿပီး သူမရဲ႕လွပသည့္ ပါးျပင္မွာ ေပၚလြင္ေနသည္။
ကင္မရာထဲတြင္ သူမသည္ ေတာက္ပေနသည္။
“ဒါက ဘယ္သူလဲ?”
“အိုး၊ ဒီညီမေလးရဲ႕ ေျခေထာက္ေတြက အရမ္းလွတာပဲ! ငါသူတို႔ကို တစ္ႏွစ္လုံး ကစားႏိုင္တယ္!”
“သူမက မင္းသမီးအသစ္လား? တစ္ခ်က္ၾကည့္႐ုံနဲ႔တင္ အရမ္းလွတာပဲ”
“သူမ စိတ္ထားကလည္း အရမ္းေကာင္းတယ္။ မတ္တပ္ရပ္ေနတာေတာင္ သူမက ဂုဏ္သိကၡာရွိတဲ့ မိသားစုက လူတစ္ေယာက္ႏွင့္တူတယ္”
“ေဇာင္ယုဟြမ္? ေပ်ာ္႐ႊင္ဝမ္ေျမာက္ျခင္းကို ယူေဆာင္လာတယ္ဆိုတဲ့ အဓိပၸါယ္လား? အရမ္းေကာင္းတဲ့ နာမည္ေလးပဲ!”
ေဇာင္ယုဟြမ္ လည္းကားထဲကို လ်င္ျမန္စြာ ဝင္သြားခဲ့သည္။
တစ္စုံတစ္ဦးက ေမးလိုက္သည္။ “သူမပစၥည္းေတြ ထုပ္ပိုးတဲ့ ဗီြဒီယိုေတြ မရွိဘူးလား?”
တစ္စုံတစ္ဦးကလည္း ေနာက္ကထပ္ေျပာလိုက္သည္။ “အမ္? ဒီေနရာက ရင္းႏွီးပုံပဲ။ က်င္းရံုၿမိဳ႕ နားေလာက္ထင္တယ္…”
“က်င္း႐ုံၿမိဳ႕? ငါေတာ့မထင္ဘူး”
“တဆိတ္ေလာက္။ က်င္း႐ုံၿမိဳ႕က ဘယ္နားမွာလဲ?”
“ဟိုက္ၿမိဳ႕ရဲ႕ လူခ်မ္းသာေတြ ေနထိုင္တဲ့ေနရာမွာ”
ကင္မရာတြင္ သူတို႔က ေလဆိပ္ကို ခ်က္ခ်င္းေရာက္သြားၾကသည္။ ကားတံခါးပြင့္သြားၿပီး ေဝ့က်ဲ ကေရာက္လာခဲ့သည္။
ပရိသတ္ေတြက ေနာက္တစ္ႀကိမ္ ထပ္ၿပီးခန႔္မွန္းေနၾကသည္။ “ဒါ လီရဲ႕ေအးဂ်င့္ မဟုတ္လား? သူက တစ္ေယာက္ေယာက္ကို လာႀကိဳတာလား? သူ႔လက္ေအာက္မွာ လူသစ္တစ္ေယာက္ ရွိေနလို႔လား?”
ေဝ့က်ဲ သည္ ေဇာင္ယုဟြမ္ ကိုႏႈတ္ဆက္ရန္ ျမန္ျမန္ဆန္ဆန္ လမ္းေလွ်ာက္ခဲ့သည္။ “မိန္းကေလးေဇာင္”
“ေဝ့ေကာ”
ဖန္သားျပင္ေပၚရွိ စာသားမ်ားသည္ ႐ုတ္တရက္ အားလုံးႏွင့္ မကိုက္ညီေတာ့ေပ။ “သူတို႔ရဲ႕ စကားေတြက တစ္ေယာက္က ရင္းႏွီးၿပီး တစ္ေယာက္က ေလးစားပုံကို ရည္ၫႊန္းေနတာပဲ။ တစ္ေယာက္က အကြာအေဝးကို ရည္႐ြယ္ခ်က္ရွိရွိထားၿပီး တစ္ဖက္က ပိုမိုနီးကပ္ဖို႔ ႀကိဳးစားေနတာကို ဆိုလိုတာပဲ” “ဒါဆုိ သူမက မင္းသမီးအသစ္ေတာ့ မဟုတ္ဘူး”
စာသားမ်ားသည္ ဆက္လက္ ေ႐ြ႕လ်ားေနၿပီး အမ်ားစုမွာ ရင္းႏွီးေဖာ္ေ႐ြမႈ မရွိေပ။
ေဝ့က်ဲ သည္ ေဇာင္ယုဟြမ္ အေရွ႕ကို ေလွ်ာက္သြားခဲ့ၿပီး သူမလမ္းေၾကာင္းကို ျပသလိုက္သည္။ လူႏွစ္ေယာက္က ေစာင့္ဆိုင္းသည့္ ေနရာကို လ်င္ျမန္စြာ ေရာက္သြားသည္။
ေစာင့္ဆိုင္းေနသည့္ ေနရာအတြင္း လီဂ်င္းယြမ္ ရဲ႕ပုံစံသည္ အာ႐ုံကို ဖမ္းစားႏိုင္ခဲ့သည္။ ေဇာင္ယုဟြမ္ အနားမေရာက္ခင္ သူကထလာၿပီး သူမဆီကို ျမန္ျမန္ေလွ်ာက္သြားသည္။ သူမကို ၿပဳံးျပလိုက္ၿပီး ေျပာလိုက္သည္။ “ဟြမ္ဟြမ္”
စာသားေတြက ဖန္သားျပင္တြင္ ေပါက္ကြဲထြက္လာသည္။
“အိုး၊ ခနေလာက္၊ ခနေလာက္၊ ခနေလာက္။ လီဂ်င္းယြမ္ ကေလဆိပ္မွာ သူမကို ေစာင့္ေနခဲ့တာလား?”
“မျဖစ္ႏိုင္ဘူး! လီဂ်င္းယြမ္ ကသူ႔ေကာင္မေလးကို ရႈိးပြဲကို ေခၚလာခဲ့တာလား?!”
“ေနာက္ဆူံအခ်ိန္က ေလဆိပ္မွာ အတူတူေလွ်ာက္သြားၾကတဲ့ မိန္းကေလးနဲ႔က အတူတူပဲမလား?”
“ဒါက ထင္ရွားတာပဲ!”
လီဂ်င္းယြမ္ နဲ႔ ေဇာင္ယုဟြမ္ တို႔ေလယာဥ္ေပၚ တက္သြားခ်ိန္တြင္ေတာင္ စာေတြက ဖန္သားျပင္ေပၚတြင္ ရပ္တန႔္သြားျခင္းမရွိေပ။
“ဒါက ေသခ်ာေပါက္ သူမက သူ႔ေကာင္မေလးလို႔ မဆိုလိုဘူး။ အရင္ကတည္းက သူတို႔ႏွစ္ေယာက္က တျခားရႈိးပြဲ တစ္ခုခုမွာ ေတြ႕ခဲ့ၾကတာလည္း ျဖစ္ႏိုင္တာပဲ”
“+1 မင္းတို႔အကုန္လံုးမွာ သူငယ္ခ်င္းေတြ မရွိၾကဘူးလား?”
ေနာက္ဆုံးကေတာ့ ေလယာဥ္ဆင္းသက္ၿပီး ဟိုတယ္တြင္ လူအားလုံးစုေဝးၾကခ်ိန္ျဖစ္သည္။ ပရိသတ္ေတြက စိတ္မရွည္ၾကေတာ့ေပ။
“မိတ္ဆက္တာက ဘယ္လိုျဖစ္ၿပီး မစေသးတာလဲ?”
“သူတို႔က တျခားတစ္ေယာက္ေယာက္ကို ေစာင့္ေနၾကတာလား?”
“ဧည့္သည္ ၈ ေယာက္ရွိတယ္လို႔ ေျပာထားတယ္ေလ။ ဒါေပမဲ့ ေၾကညာတဲ့အထဲမွာ နာမည္ ၇ ခုကိုပဲ ေတြ႕တယ္”
“ဒါဆို လွ်ိဳ႕ဝွက္ဧည့္သည္လား?”
ကင္မရာတြင္ ဟိုတယ္တံခါးက ပြင့္သြားခဲ့ၿပီး လူငယ္ေလး တစ္ေယာက္က တံခါးကို လ်င္ျမန္စြာျဖတ္ၿပီး ေလွ်ာက္လာေနခဲ့သည္။
သူအထဲကို ဝင္လိုက္သည္ႏွင့္ သူ႔အရွိန္အဝါေၾကာင့္ ဖန္သားျပင္ကို ထပ္မံေပါက္ကြဲေစခဲ့သည္။
“OMG ဒီလိုသာမာန္ ဧည့္သည္ဆိုတာ ဘယ္လိုဆုေတာင္းမ်ိဳးလဲ? သူ႔အရည္အေသြးက အရမ္းျမင့္မားတာ!”
“အရမ္းခန္႔ညားလြန္းတယ္! ခန႔္ညားလြန္းတယ္! ခန႔္ညားလြန္းတယ္! ေျပာစရာ စကားေတာင္ ေပ်ာက္သြားၿပီ!”
“မ်က္ႏွာျပင္ကို လ်က္လိုက္ၿပီ! ဘာလို႔ ဒီလိုစိတ္ထားေကာင္းတဲ့ ေကာင္ေလးက အရည္အခ်င္းရႈိးပြဲမွာ မေပၚလာခဲ့ရတာလဲ? သူ႔ကို မဲေပးခ်င္တယ္!”
“သူက ဒီကုတ္အက်ႌနဲ႔ အရမ္းကို အံ့ဩဖို႔ေကာင္းတာပဲ! ငါေသသြားၿပီလို႔ေတာင္ ထင္ေနတာ!”
“သူဘယ္သူလဲဆိုတာ ငါသိတယ္! သူက စီးပြားေရး အဖြဲ႕အစည္းက အသက္အငယ္ဆုံး CEO ျဖစ္ၿပီးေတာ့ မၾကာခင္ကပဲ အေက်ာ္ၾကားဆုံး စာရင္းဝင္ခဲ့တယ္!”
“ေနာက္ၿပီး သူက CEO ေတြအထဲမွာ ထိပ္ဆုံး? OOOHHHHHH! ေမေမေရ၊ သူ႔ကို ခ်စ္မိၿပီလို႔ထင္တယ္!”
“Woo Woo ဘယ္လိုအ႐ူးမ်ိဳးလဲ? ဒါက႐ူးသြပ္တာပဲ!”
စာသားေတြက ဖန္သားျပင္တြင္ ျဖတ္ကူးေနစဥ္ ကင္မရာေအာက္တြင္ ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ အနားကို လ်င္ျမန္စြာ ေလွ်ာက္သြားၿပီး ေျပာလိုက္သည္။ “ဟြမ္ဟြမ္”
“? ? ?”
“ဘာလဲ? သူကလည္း သူမကို သိေနခဲ့တာလား?”
“အိုး၊ ခနေလာက္၊ ခနေလာက္။ ငါေတာ့ သူမ ေနရာကို အေတာ္ေလးကို ႀလိခ်င္ေနပါၿပီေနာ္!”
“မင္းတို႔အားလုံး ဒါကိုသတိျပဳမိၾကလား? သူက အခန္းထဲဝင္လိုက္တာနဲ႔ သူ႔ခရီးေဆာင္အိတ္ကို ပစ္ခ်ထားခဲ့တာကိုေလ”
“ငါက သံပုရာသီးပါ! ခ်ဥ္တယ္!”
လွ်င္ျမန္စြာျဖင့္ လူတိုင္းက မိတ္ဆက္ျခင္းကို စတင္ခဲ့သည္။
ပရိသတ္ေတြက နာမည္ႀကီးေတြကို သိၿပီးသားျဖစ္တာေၾကာင့္ သူတို႔နဲ႔ပတ္သက္ၿပီး ေျပာစရာအမ်ားႀကီး မရွိေပ။ ကင္မရာထဲတြင္ သူတို႔အိုင္ေဒါကို ေက်ာ္သြားၿပီး သူတို႔က ဘာမွမေျပာၾကပဲ ပုံမွန္လူေတြ အလွည့္ေရာက္ခ်ိန္တြင္ သူတို႔ရဲ႕အမွားေတြကို စတင္ရွာေဖြၾကေတာ့သည္။
လင္းလန္ အလွည့္ကို ေရာက္လာခ်ိန္တြင္
“မဆိုးပါဘူး။ သူမက ေတာ္ေတာ္ေလး ၾကည့္ေကာင္းပါတယ္”
ယင္ခ်ီခ်ီ အလွည့္ကို ေရာက္လာခ်ိန္တြင္
“Emmmmm, ခြဲစိတ္ထားတာ အရမ္းမ်ားတာပဲ။ ေနာက္ၿပီး ခ်စ္ဖို႔ေကာင္းေအာင္လဲ လုပ္ထားေသးတယ္”
ေဇာင္ယုဟြမ္ အလွည့္ေရာက္ခ်ိန္တြင္ တုန႔္ျပန္မႈမ်ားသည္ အလြန္ထႂကြခဲ့သည္။
“သူမစိတ္ထားကို သေဘာက်တယ္။ သူမက လူတိုင္းၾကားတြင္ ထူးျခားစြာ ရပ္တည္ႏိုင္ခဲ့တယ္”
“သူမ စိတ္ေနသေဘာထားက ဂူယူလင္း ထက္အမ်ားႀကီး ပိုေကာင္းတယ္၊ ဒါက ငါ့ရဲ႕အ႐ိုးသားဆုံး ေျပာတာပဲ!”
“ဒါက လက္ဖက္စိမ္းပဲ။ ပထမက လီဂ်င္းယြမ္၊ အခုေတာ့ ဟုန္ခ်န္းမင္း? ေယာက်ၤားေလး ဘယ္ေလာက္မ်ားမ်ားက သူမနဲ႔ ပတ္သက္ေနတာလဲ?”
“လက္ဖက္စိမ္းျဖစ္ဖို႔က မလြယ္ကူဘူး။ မင္းက လွပရမယ္၊ ေကာင္းမြန္တဲ့ ခႏၶာကိုယ္ရွိရမယ္၊ စိတ္ထားေကာင္းရမယ္၊ ေနာက္ၿပီး လူမႈဆက္ဆံေရးလည္း ေကာင္းမြန္ရမယ္”
“OMG! လူတိုင္းက လက္ဖက္စိမ္းအျဖစ္ တံဆိပ္ခတ္ခ်င္ေနၾကတာပဲ။ မင္းကလည္း တစ္ေယာက္ျဖစ္လာဖို႔ ဘာေၾကာင့္မႀကိဳးစားရတာလဲ? မင္းက လက္ဖက္စိမ္းေဆာင္ ျဖစ္ႏိုင္မွာ မဟုတ္ဘူး!”
လ်င္ျမန္စြာပင္ ဧည့္လမ္းၫႊန္ ေ႐ြးခ်ယ္သည့္ အပိုင္းကို ေရာက္လာခဲ့သည္။
“ဟဟဟဟဟဟဟဟ! အရမ္းရယ္ရတယ္!”
“ကင္မရာက ေဇာင္ယုဟြမ္ အေပၚေရာက္ခ်ိန္မွာ သူမပုံစံက အရမ္းအံ့ဩေနပုံပဲ! သူမက ရလဒ္ကို မေမွ်ာ္လင့္ထားပုံပဲ!”
“ဒါက အရမ္းရယ္ရတယ္။ ေကာမိုင္ လည္းအံ့ၾသသြားတယ္”
“ယင္ခ်ီခ်ီ ကဲ့အညိဳေရာင္ ႏွာေခါင္းႀကီးက အရမ္းကို သိသာေနတယ္”
“ဂူယူလင္း က လီဂ်င္းယြမ္ နဲ႔တြဲခ်င္ေနပုံ ေပၚမေနဘူးလား? လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ ကိုတိတ္တဆိတ္ မဲေပးလိမ့္မယ္လို႔ သူမ မေမွ်ာ္လင့္ထားဘူး”
“အိုး၊ ဒါက အရမ္းရယ္ရတယ္။ ဒီျမင္ကြင္းတစ္ခုကေန တစ္ႏွစ္ေလာက္အထိ ငါရယ္ႏိုင္တယ္”
ထို႔ေနာက္ လူတိုင္းက အိပ္ရာဝင္ၾကၿပီး ေနာက္တစ္ေန႔ ျဖစ္သြားသည္။
“ေဇာင္ယုဟြမ္ ရဲ႕မိတ္ကပ္မပါတဲ့ မ်က္ႏွာက ၿပိဳင္ဘက္ကင္းတာပဲ”
“သူမက ေအာက္ထပ္ကို သမ္းၿပီးဆင္းလာတဲ့ပုံေလးက အေတာ္ေလး ခ်စ္ဖို႔ေကာင္းတယ္”
“ဒီလိုေကာင္မေလးမ်ိဳးကို ဘယ္သူက မျဖစ္ခ်င္မွာလဲ? လွပၿပီး စိတ္ထားေကာင္းတယ္။ ေနာက္ၿပီး လူေကာင္းေတြရဲ႕ ခ်စ္ျမတ္ႏိုးမႈကိုလည္း သူမက ရရွိထားေသးတယ္”
လ်င္ျမန္စြာပင္ လူတိုင္းက သူတို႔ရဲ႕ သက္ဆိုင္ရာ ကားမ်ားထဲသို႔ ဝင္သြားၾကသည္။
ေဇာင္ယုဟြမ္ သမ္းေဝေနခ်ိန္တြင္ လီဂ်င္းယြမ္ ကထေျပာလိုက္သည္။
“OOOOOHHHHH! ငါအရမ္းမနာလိုျဖစ္ေနတယ္! ငါလည္း လီဂ်င္းယြမ္ ရဲ႕ပခုံးေပၚ မွီခ်င္တယ္!”
“လီဂ်င္းယြမ္ ကအရမ္းကို လူႀကီးလူေကာင္းဆန္တာပဲ။ သူက အဂၤလန္က ျပန္လာခဲ့တာ!”
“လီဂ်င္းယြမ္ ကသူ႔ခ်စ္ျခင္းေမတၱာကို ဖုံးကြယ္ဖို႔ လုံးဝႀကိဳးစားမေနဘူးပဲ။ သူက သူမကို ခ်စ္ေနတာ မဟုတ္ဘူးလို႔ ငါ့ကိုလာေျပာရင္ ငါယုံၾကည္မွာ မဟုတ္ဘူး!”
လ်င္ျမန္စြာပင္ ဟုန္ခ်န္းမင္း ကလည္း ထေျပာလိုက္သည္။
“ဒါက စိတ္ဝင္စားေကာင္းတာပဲ”
“အိုး၊ ခနေလး။ ဒီျမင္ကြင္းက ေတာ္ေတာ္ေလး စိတ္ဝင္စားဖို႔ေကာင္းတယ္လို႔ ခံစားရတယ္”
“သူတို႔က သူမ အေပၚေကာင္းဖို႔အတြက္ တစ္ေယာက္နဲ႔ တစ္ေယာက္ တိုက္ခိုက္ေနၾကတာလား?”
“ဒါက သူတို႔ႏွစ္ေယာက္ၾကားက သိသာတဲ့ တိုက္ပြဲပဲ။ ေဇာင္ယုဟြမ္ အေပၚမသက္ေရာက္ဘူးမလား?”
မၾကာမီ သူတို႔သည္ တည္းခိုေဆာင္သို႔ ေရာက္ရွိလာၿပီး ေဇာင္ယုဟြမ္ ကပိုင္ရွင္နဲ႔ ဆက္သြယ္ေျပာဆိုရန္ အႀကံေပးခဲ့သည္။
“ဟဟဟဟ၊ ေဇာင္ယုဟြမ္ ကစကားသြားေျပာခ်င္တာကို လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ဘာေၾကာင့္ လိုက္ခ်င္ၾကတာလဲ?”
“ဒါက ရယ္စရာပဲ။ ေဇာင္ယုဟြမ္ အေနာက္ကို လိုက္ေနၾကတာက သူမက ကေလးအုပ္တစ္အုပ္ကို ေခၚသြားတဲ့ ပုံစံနဲ႔တူေနတယ္”
“ယင္ခ်ီခ်ီ ကအရမ္းကို ေျဗာင္က်တာပဲ။ သူမက တစ္ခ်ိန္လုံး ေဇာင္ယုဟြမ္ ကိုဆန႔္က်င္ေနတယ္”
“ထိုင္းက အသံေတြကို မၾကားႏိုင္ဘူး၊ ဟာသေတာင္ ရယ္စရာေကာင္းေပမဲ့ ေဇာင္ယုဟြမ္ ဆီကထြက္လာတဲ့အသံက အေတာ္ေလး ေကာင္းတယ္”
“မင္းက လွပေနရင္ မင္းရဲ႕အသံကလည္း လွပေနမွာပဲ”
စာသားေတြက ဖန္သားျပင္တြင္ ထပ္မံေပါက္ကြဲလာခ်ိန္သည္ ယင္ခ်ီခ်ီ ရဲ႕စိတ္မေက်နပ္သည့္ အမူအရာက ထြက္ေပၚလာခ်ိန္ျဖစ္သည္။
“အမ္ … ေဇာင္ယုဟြမ္ ကရွင္းရွင္းလင္းလင္း ေျပာျပၿပီးသား မဟုတ္ဘူးလား? သူမကသာ ေသေသခ်ာခ်ာ နားမေထာင္တဲ့သူပဲ။ သူမက ဘာေၾကာင့္ ဝမ္းနည္းေနရတာလဲ?”
“ပရိသတ္ေတြက စိတ္ဆိုးၿပီး ေဇာင္ယုဟြမ္ ကိုဆူပူႀကိမ္းေမာင္းမယ္လို႔ သူမက ထင္ေနတာလား?”
“ငါတို႔အကုန္လံုးက မိုက္မဲတဲ့သူေတြလို႔ သူမက ထင္ေနခဲ့တာလား? =.=”
ထို႔ေနာက္ ညေဈးတြင္ လီဂ်င္းယြမ္ ကတစ္ခုခုရွာေဖြေနခ်ိန္ ယင္ခ်ီခ်ီ ကသူ႔ဆီကို သြားေနသည့္ အပိုင္းျဖစ္သည္။
“လီလီ ကတစ္ခုခုကို ရွာေဖြေနခ်ိန္မွာ အရမ္းကို ခန႔္ညားတာပဲ။ ငါသာ သူ႔ေကာင္မေလးဆိုရင္ ငါအိပ္ေပ်ာ္ေနခ်ိန္ေတာင္ ေပ်ာ္႐ႊင္ေနလိမ့္မိမယ္!”
“ခနေလး၊ ယင္ခ်ီခ်ီ ကဘာကို ဆြဲထုတ္ဖို႔ ႀကိဳးစားေနတာလဲ?”
“သူမက ပေရာပရည္လုပ္ေနတာ သိသာတာပဲ =.= “
ကင္မရာတြင္ ဆိုင္ပိုင္ရွင္က ယင္ခ်ီခ်ီ ကိုၫႊန္ျပကာ ေျပာလိုက္သည္။ “သူမအတြက္ ေကာင္းေပးပါ၊ သူမဝတ္ရင္ အရမ္းလွမွာ”
ယင္ခ်ီခ်ီ ကရွက္သြားသည္ႏွင့္ လီဂ်င္းယြမ္ ကၿပဳံးကာ ေျပာလိုက္သည္။ “ဒါဆို ကြၽန္ေတာ္ မဝယ္ေတာ့ဘူး”
“ဟဟဟဟဟ၊ ငါတို႔လီလီက ကေလးဆန္တုန္းပဲ။ သူက အမ်ိဳးသမီးတစ္ဦးကို ဘယ္လိုတန္ဖိုးထားရမယ္ဆိုတာ မသိဘူး”
“အိုး၊ ငါ ေတာ္ေတာ္ေလးကို ရယ္ေနမိၿပီ။ ယင္ခ်ီခ်ီ ကအခုေတာ့ စိတ္ဆိုးေနမွာေပါ့”
မၾကာခင္ ညစာစားဖို႔ အခ်ိန္ေရာက္လာခဲ့သည္။ ယင္ခ်ီခ်ီ လက္ထဲတြင္ အစားအစာေတြနဲ႔ ဟုန္ခ်န္းမင္း အားသူမအတြက္ ေရထည့္ေပးရန္ ေတာင္းဆိုခဲ့သည္။
“အခုေတာ့ သူမက သူေဌးဟုန္းဆီ သြားေနတာလား?”
“ေဟ့ေကာင္ေတြ၊ ဒီရႈိးပြဲက ဒရမ္မာေတြ အရမ္းမ်ားတာပဲ”
တစ္မိနစ္မွာ လူတိုင္းရဲ႕ စာသားေတြက ဖန္သားျပင္ေပၚတြင္ ထြက္ေပၚေနၿပီး ေနာက္မိနစ္အနည္းငယ္အတြင္း ဖနါသားျပင္တြင္ ဟဟဟဟားဆိုသည့္ စကားလုံးေတြျဖင့္ ျပည့္ႏွက္သြားခဲ့သည္။
“OMG!! ဟုန္ခ်န္းမင္း ကသူမဘက္ကို တည့္တည့္ေတာင္ မလွည့္ေပးဘူးလား?”
“‘မင္းမွာ လက္ေတြမရွိဘူးလား?’ LOLOLOL! သူေဌးေလးဟုန္ ကအဲ့လိုေျဖာင့္မတ္တဲ့ သူတစ္ေယာက္ပဲ! ဒီလိုေျဖာင့္မတ္တဲ့ သူတစ္ေယာက္ကို အရင္တုန္းက ငါတစ္ခါမွ မေတြ႕ခဲ့ဖူးဘူး!”
“သူေဌးေလးဟုန္ နဲ႔ လီဂ်င္းယြမ္ တို႔က ‘လွည့္ဖ်ားမႈကာကြယ္သူ’ လို႔နာမည္ကို လက္ခံရရွိသင့္တယ္!”
“အိုေက … ငါကိုက္ေတာ့မယ္”
ဖန္သားျပင္ေပၚရွိ စာသားပမာဏသည္ ဆက္လက္တက္ေနခဲ့သည္။
ထို႔ေနာက္ “ေဇာင္ယုဟြမ္ ကမဲႏွစ္ခု”ကို ရခဲ့ၿပီး ထိပ္ဆုံးကို ေရာက္ခဲ့သည္။
ဘေလာ့ကာ တစ္ေယာက္က ပုံ႐ိုက္ယူထားၿပီး ထိုအေျခအေနကို ခြဲျခမ္းစိတ္ျဖာခဲ့သည္။
“ဒါကိုသိတာ ငါတစ္ေယာက္တည္း မျဖစ္ႏိုင္ဘူး! ဒါကို လူတိုင္းကိုလည္း ျမင္ေစခ်င္တယ္! လီဂ်င္းယြမ္ က ေဇာင္ယုဟြမ္ ကိုမဲေပးခ်ိန္မွာ သူမက သူ႔ကိုခိုးကန္လိုက္တယ္! ဟုန္ခ်န္းမင္း ကလည္း သူမကို မဲေပးခဲ့တာကို သိသြားေတာ့ သူ႔ကိုလည္း ကန္လိုက္တယ္! ေနာက္ေတာ့ သူမက ႏွစ္ေယာက္လုံးကို ထပ္ကန္လိုက္ေသးတယ္! သူမရဲ႕ပံုစံက အရမ္းကို အံ့ၾသတုန္လႈပ္ေနၿပီး ငါ-႐ူး-သြား-ၿပီ ဆိုတဲ့ပုံစံ ေပၚေနတယ္။ ေနာက္ၿပီး လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ရဲ႕မ်က္ႏွာမွာလည္း ငါ-တို႔-က- မင္း-အ-တြက္- မဲ-ေပး-ခဲ့-တာ ဆိုၿပီးလည္း ေပၚေနေသးတယ္။ OMG! LOL! ဧည့္လမ္းၫႊန္က အလုပ္အရမ္းလုပ္ရတာကို သူတို႔က မသိၾကတာလား? မင္းႀကိဳက္တဲ့ ဘယ္သူကိုမဆို မဲေပးႏိုင္တာပဲ မဟုတ္ဘူး! LOL LOL! ရယ္ရလို႔ ငါေသေတာ့မယ္… သူတို႔ႏွစ္ေယာက္က ေဇာင္ယုဟြမ္ အေရွ႕မွာဆိုရင္ ဘာေၾကာင့္ မိုက္မဲတဲ့သူေတြ ျဖစ္သြားၾကတာလဲ? ဟဟဟဟား…”
(ကြန႔္မန႔္ပုံစံပါ)
30.10.2020 (Fri)
……………………..
[text_hash] => 09cdcebb
)