Array
(
[text] =>
<Unicode>
ကင်မရာရှေ့မှာ သရုပ်ဆောင်ဖို့ မလိုအပ်ဘူး
ဇောင်ယုဟွမ် သည်ရေကူးေဘာကွင်း အသုံးပြုတာကို မရပ်တန့်ခဲ့သလို ဟုန်ချန်းမင်း ဆီမှရေကူးသင်ဖို့လည်း မကြိုးစားခဲ့ပေ။ သူမက ရေပေါ်ဆိုင်ကယ်ကို ငှားရမ်းခဲ့ပြီး နေ့တစ်ပိုင်းလုံး သင်တန်းဆရာနဲ့အတူ လှည့်ပတ်ကစားခဲ့သည်။
ဇောင်ယုဟွမ် တွေးလိုက်သည်။ သူမသည် ရုပ်သံတွင် ပါဝင်လာဖို့ မလိုအပ်တာကြောင့် သူမဘာသာပဲ အေးဆေးနေပြီး ပျော်စရာရှာဖို့ အချိန်တွေသာ များလိမ့်မည်။
သို့သော် သူမ အတွေးက ထွက်လိုက်ပြီးနောက် ကျန်ေနသည့် ခံစားချက်တွေက ပိုပြီးအဆင်မပြေသလို ခံစားခဲ့ရသည်။
ပြီးေတာ့ သူတို့မှာ ဇာတ်ညွှန်းမရှိပေ။ ဇာတ်ညွှန်းမရှိတဲ့အပြင် သူတို့က မရင်းနှီးကြသည့် လူေတွဖြစ်သည်။ ဒါကြောင့် အခုသူတို့က ငါ-ေရ-ကြောက်-တယ်- ရေပေါ်ဆိုင်ကယ်- စီးရင်- မြှုပ်သွားမှာ-ကြောက်တယ်- ဒါပေမဲ့- -ေကြာက်တတ်တာကို- ကျော်လွှားပြီး- ရေကူးတာနဲ့- ရေပေါ်ဆိုင်ကယ်- စီးတာကို-ကျွမ်းကျင်အောင်လို့- သင်ယူခဲ့ပေမဲ့- အကြိမ်ကြိမ်- ကျရှုံးခဲ့တယ်။
ဒါကြောင့် ကျန်တဲ့သူတွေက ရေကူးေဘာကွင်းဖြင့်သာ ရေကူးဖို့ ရွေးချယ်လိုက်ကြသည်။ တခြားသူတွေက ကလေးအဖြစ် ဟန်ဆောင်ကာ ကမ်းခြေရှိ သဲများနှင့် ကစားေနကြသည်။
ကောမိုင် နဲ့ ဝမ်ယောင်ချန်း တို့က ဝိုင်းထိုင်ကာ တစ်ယောက်အကြောင်း တစ်ယောက် ပြောနေခဲ့ကြသည်။ ဂူယူလင်း၊ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ရေထဲဆင်းခဲ့ကြသည်။
ယင်ချီချီ သည် လင်းလန် နှင့်သဲေတွနဲ့ ကစားရန် စဉ်းစားလိုက်သည်။ ထို့ကြောင့် သူမသည် အရမ်းထူးဆန်းပုံ မပေါ်ေပမဲ့ လင်းလန် ကသူမကို တစ်ချက်ကြည့်လိုက်ကာ တစ်ဖက်ကို လျှောက်သွားပြီး သင်တန်းဆရာဆီမှ ရေငုပ်ဝတ်စုံကို တောင်းလိုက်သည်။
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နှစ်ယောက်လုံးက ရေကူးတတ်ကြသည်။ သူတို့က ရေကူးကျွမ်းကျင်ကြသည်။ သူတို့က ရေကူးဘောကွင်းကို စွန့်လွှတ်ခဲ့ပြီး ရေကိုထိလိုက်သည်နှင့် ငါးတစ်ကောင်လို ကူးနိုင်ကြသည်။ ရေထဲက သူတို့ရဲ့ လှုပ်ရှားမှုတွေက ကြော့ရှင်းပြီး အင်အားပြည့်ဝနေသည်။
ဂူယူလင်း ရဲ့ရည်ရွယ်ချက်သည် လီဂျင်းယွမ် ဆီကို ပြောင်းရွှေ့ခဲ့သည်။ သို့သော် ထိုအချိန်တွင် လှိုင်းတစ်လုံးက ဇောင်ယုဟွမ် ရဲ့စကူတာဆီကို ရိုက်ခတ်လာခဲ့သည်။ လူတိုင်းနီးပါးရဲ့ အာရုံေတွက သူမအပေါ် ရောက်ရှိလာခဲ့သည်။
လှိုင်းကျဆင်းသွားသည့် အချိန်တွင် ဇောင်ယုဟွမ် သည်ရေပေါ်ဆိုင်ကယ်ပေါ်မှ တည်ငြိမ်စွာ စီးေနသည်။ တစ်ကိုယ်လုံး စိုစွတ်နေပြီး ဆံပင်တွေက မျက်နှာကို ကပ်နေကြသည်။ ထို့ကြောင့် သူမမျက်နှာ အသွင်ကို အရင်ကထက် ပိုပေါ်လွငါစေပြီး ရေကူးဝတ်စုံက သူမကိုယ်တွင် ပိုကပ်နေကာ သူမပံုစံသည် ရေထဲမှ ထွက်ေပါ်လာသည့် ပန်းပွင့်ေလးနှင့် တူေနသည်။
ပုံမှန်အားဖြင့် ဘယ်သူကမှ သူတို့အကြည့်တွေကို လွှဲမသွားနိုင်ကြပေ။
နောက်လှိုင်းတစ်လုံး ရောက်လာချိန်တွင် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ဇောင်ယုဟွမ် အနားကူးခတ်သွားပြီး သူမ ဘေးကိုရောက်နေပြီဖြစ်ကြောင်း သိပ်မဝေးသည့် နေရာမှာ ဂူယူလင်း မြင်လိုက်ရသည်။
နောက်ထပ်လှိုင်းတစ်ခု ရောက်လာရင် သူတို့နှစ်ယောက်ရဲ့ လက်တွေက ဇောင်ယုဟွမ် ကိုရေပေါ်ဆိုင်ကယ်ဆီမှ ပြုတ်ကျအောင် လုပ်မိလိမ့်မယ်လို့ ဂူယူလင်း ထင်လိုက်သည်။
သူမ တွေးမိသည်နှင့် ဂူယူလင်း ကထပ်ကြည့်လိုက်သည်။ သူတို့ကို ထပ်ကြည့်လိုက်ပြီး ထိုလိုဖြစ်မယ်လို့ သူမ သေချာပေါက် ထင်လိုက်သည်။
ဇောင်ယုဟွမ် သည်ေရေပါ်ဆိုင်ကယ်တွင်သာ ရှိနေပြီး ရှေ့ဆက်မောင်းနေခဲ့သည်။ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကအနီးနားမှသာ ကူးခတ်နေကြသည်။
ကင်မရာထဲရှိ လူနှစ်ယောက်သည် အကောင်းဆုံးဖြစ်ရန် ကြိုးစားနေပုံပေါ်သည်။ ဒီဗီဒီယိုကို ထုတ်လွှင့်တဲ့အခါ မိန်းကလေးငယ်ေလး တော်တော်များများက ကြည့့်ပြီးအော်ဟစ်ကြလိမ့်မည်။ သို့သော် အရာအားလုံးအောက်တွင် အမှန်တရားကို ဖုံးကွယ်ထားသည်ဟု ဂူယူလင်း ခံစားနေရသည်။
အမှန်တရားကတော့ သူတို့နှစ်ယောက်ဟာ သမုဒ္ဒရာထဲက သွားနေသည့် ရေပေါ်ဆိုင်ကယ် အနောက်ကို လိုက်နေကြသည့် လင်းပိုင်တွေနဲ့ တူေနသည်။
ဂူယူလင်း : “……”
ရိုက်ကူးပြီးသွားချိန်တွင် ဇောင်ယုဟွမ် လည်းပျော်ရွှင်ခဲ့ရသည်။ ရေပေါ်ဆိုင်ကယ်မှ ဆင်းလိုက်ပြီး နေ့လည်စာစားရန် အဆင်သင့်ဖြစ်ေနခဲ့သည်။
အစ်မကြီးရန် သည်ရိုက်ကူးရေးအဖွဲ့၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ရိုက်ကူးပြီးတာနဲ့ လူတိုင်းက စားဖို့သွားကြပြီး ကင်မရာေရှ့မှ ဇောင်ယုဟွမ် သည် ကတိတ်တဆိတ် ပျောက်သွားခဲ့သည်။
အစ်မကြီးရန် သည်တခြားဧည့်သည်ေတွကို ရှောင်ရှားပြီး သူမအား တစ်ဖက်ဖက်သို့ ဆွဲခေါ်သွားခဲ့သည်။ “အဲ့ဒါက အလုပ်မဖြစ်ဘူး”
ဇောင်ယုဟွမ် : “ဟမ်?”
“ရှိုးပွဲမှာ ဇာတ်ညွှန်းမရှိတဲ့ အကြောင်းပြချက်က ပါဝင်တဲ့သူတွေကို အစစ်အမှန်ဖြစ်စေဖို့ပဲ။ ဒါက ရှိုးပွဲရဲ့ အဓိကအချက်ပဲ!”
ဇောင်ယုဟွမ် ကအနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။ “အစ်မ ဘာကိုဆိုလိုတာလဲ?”
အစ်မကြီးရန် ကသူမအား နူးညံ့စွာပြောလိုက်သည်။ “အစ်မပြောချင်တာက လီဂျင်းယွမ် နဲ့သူဌေးလေးဟုန် တို့အနားမှာ ယုဟွမ် ကပုံမှန်အတိုင်း နေလို့ရတယ်။ ကင်မရာရှေ့မှာ သရုပ်ဆောင်နေဖို့ မလိုအပ်ဘူး”
ဇောင်ယုဟွမ် : “မိသားစုေန့စဉ်ဘဝကို ရိုက်ကူးဖို့လား? ဒါကရှိုးပွဲတစ်ခုလို့ပဲ ထင်ထားခဲ့တာ”
အစ်မကြီးရန် : “မိသားစုေန့စဉ်ဘဝကလည်း ကိုယ်ပိုင်အစီစဉ်တစ်ခုပဲ”
ဇောင်ယုဟွမ် : “…အိုကေ” သူမ ကတ်ပေးပြီးသားဖြစ်တာကြောင့် သူမအကောင်းဆုံး လုပ်ပေးသင့်သည်။
အဆိုးဆုံး အဖြစ်အပျက်ကတော့ သူမကို လက်ဖက်စိမ်းမ၊ b*tch၊ ကြာပန်းဖြူမ စတာတွေကို ထုတ်လွှင့်ချိန်မှာ တစ်ခုခုတော့ ခေါ်ခံရလိမ့်မည်။
စကားပြောဆိုပြီးနောက် ရုတ်တရက် ရှိုးပွဲရဲ့ အဓိကက သူမ ဖြစ်သွားခဲ့သည်။ သရုပ်ဆောင် ဝမ်ယောင်ချန်း၊ ကောမိုင် နဲ့ ဂူယူလင်း တို့ကလည်း သရုပ်ဆောင်တွေပဲ မဟုတ်ဘူးလား? နောက်ပြီး လီဂျင်းယွမ် ကလည်း နာမည်ကြီးပဲလေ။
ရှိုးပွဲရဲ့ ရောင်းချရမဲ့ အမှတ်တွေက ဘာကြောင့် သူမအပေါ် ကျရောက်လာရတာလဲ? ဇောင်ယုဟွမ် ထပ်ပြီး ပြန်လှည့်လိုက်သည်။ ထို့နောက်တော့ အစ်မကြီးရန်က သူမကို လက်မထောင်ပြနေတာကိုသာ မြင်လိုက်ရသည်။
ဇောင်ယုဟွမ် : “……”
နေ့လည်စာ စားပြီးနောက် ထုတ်လုပ်ရေးအဖွဲ့သည် ငွေရှာသည့်အပိုင်းကို ခွဲဝေချထားပြီး အကုန်အကျနည်းသည့် စိမ်းလန်းစိုပြည်ရေး ကြိုးပမ်းမှု အမည်ဖြင့် တောင်ပေါ်သို့တက်ရန် တောင်းဆိုခဲ့သည်။
လူတစ်ေယာက်ကို ဒေါ်လာ ၅၀ နှုန်းဖြင့် သူတို့ရှစ်ယောက်ဆိုရင် ဒေါ်လာ ၄၀၀ ရနိုင်သည်။ ဒါဟာ အနုပညာရှင်တွေအတွက် အများကြီးမဟုတ်ေပ။ ဒါပေမယ့် အခုအချိန်မှာ လမ်းညွှန်နေရသည့် ဘတ်ဂျက်လိုအပ်နေသူ တစ်စုံတစ်ဦးအတွက်ေတာ့ အရာအားလုံးကို ထည့်သွင်းတတ်ချက်ရလိမ့်မည်။
ထိုကြောင့် လူတိုင်းက စက်ဘီးေတွဖြင့် တောင်တက်ခဲ့ကြသည်။ စက်ဘီးစီးပြီးနောက် အမှန်ေပြာဂိမ်း (true or dare)ကို ကစားခဲ့ကြသည်။
သုံးရက်မြောက်နေ့တွင် သစ်သီးေတွခူးပြီး ပျော်ရွှင်ဖို့အတွက် ဥယျာဉ်ခြံသို့သွားကြသည်။
သုံးရက်ကုန်သွားပြီးေနာက် ဇောင်ယုဟွမ် သည်ရိုက်ကူးရေးအတွက် ပိုပြီးသက်တောင့်သက်သာရှိေနကာ နောက်အပိုင်း (season)အတွက် အဆင်သင့်ဖြစ်နေခဲ့သည်။
ရိုက်ကူးပြီးနောက် နာမည်ကြီးတွေက တခြားပွဲတွေ တက်ရောက်ဖို့အတွက် တစ်ယောက်ပြီး တစ်ယောက် ထွက်သွားခဲ့ကြသည်။ ဇောင်ယုဟွမ် လည်းထွက်သွားချင်ခဲ့သည်။ သူမသည် အထုပ်အပိုးတွေ ထုတ်ပိုးပြီး သူမသူငယ်ချင်းတချို့နဲ့ အီဂျစ်သို့ ရက်အနည်းငယ် ခရီးထွက်ချင်ခဲ့သည်။
လီဂျင်းယွမ် ရဲ့ဖန်တွေက လေဆိပ်တွင် စောင့်နေကြတယ်ဆိုတာကို ဇောင်ယုဟွမ် သိနေခဲ့သည်။ ဝမ်ယောင်ချန်း နဲ့ ဂူယူလင်း တို့က သူတို့လေယာဉ်နှင့်တူသည်။ သေချာတာတော့ သူတို့ဖန်တွေလည်း ရှိနေလိမ့်မည်။
ဇောင်ယုဟွမ် သည်လှိုင်းထန်သည့် ကိစ္စတွေကို ဖြေရှင်းလိုခြင်း မရှိတာေကြာင့် ဟုန်ချန်းမင်း ရဲ့အင်္ကျီလက်ကိုဆွဲကာ နူးညံ့စွာ ပြောလိုက်သည်။ “လေယာဉ်ဆိုက်ပြီး အရင်ဆုံး ဟွမ်ဟွမ် တို့ဆင်းရအောင်”
ဟုန်ချန်းမင်း ကမေမးပဲ ခေါင်းညိတ်လိုက်သည်။ လေယာဉ်သည် ဟိုက်မြို့သို့ ဆိုက်ရောက်သည်နှင့် ဇောင်ယုဟွမ် သညမ်ချက်ချင်းပင် ဆွယ်တာကို စွတ်လိုက်ပြီး အပေါ်ထပ် အင်္ကျီကို ဝတ်လိုက်သည်။ သူမ ခန္ဓာကိုယ်တစ်ခုလုံးကို ဘောလုံးလိုထုပ်ထားပြီး ဟုန်ချန်းမင်း နဲ့အတူ အရင်ဆုံး လျှောက်ထွက်သွားခဲ့သည်။
လီဂျင်းယွမ် နှင့် ဝေ့ကျဲ တို့ထွက်လာချိန်တွင် သူတို့သည် မရှောင်လွှဲနိုင်တာေကြာင့် ဇောင်ယုဟွမ် တို့သည် အောက်ထပ်ကို ဆင်းသွားတာကိုသာ ကြည့်နေခဲ့ရသည်။
ဇောင်ယုဟွမ် သည်လေယာဉ်ပေါ်မှဆင်းခဲ့ပြီး လေယာဉ်ပေါ်မှ လှေကားထစ်များကို လှမ်းမဲ့အချိန်တွင် အနောက်မှ ဟုန်ချန်းမင်း ကသူမလက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။
“ဟမ်?” ဇောင်ယုဟွမ် ကလှည့်လိုက်ကာ သူ့ကို ကြည့်လိုက်သည်။
“သတိထား” ဟုန်ချန်းမင်း ကနူးညံ့စွာ ပြောလိုက်ပြး ဇောင်ယုဟွမ် ရဲ့ပဝါကိုတောင် ပြင်ပေးလိုက်သည်။
ဇောင်ယုဟွမ် ကသဘောတူလိုက်သည်။ သူမက သူမကိုယ်အား ဧရာမဘောလုံးကြီးလို ထုပ်ထားခဲ့သည်။ တစ်ခုခုဖြစ်တာနဲ့ သူမက အောက်ကိုဘောလုံးလို လိမ့်ကျသွားနိုင်သည်။ ဇောင်ယုဟွမ် နဲ့ ဟုန်ချန်းမင်း တို့က ကားထဲကို လျင်မြန်စွာ ဝင်သွားခဲ့ကြသည်။
လီဂျင်းယွမ် သည်သူတို့အနောက်တွင် ကျန်နေခဲ့ပြီး ဝမ်ယောင်ချန်း နဲ့ ဂူယူလင်း တို့နဲ့အတူ လေဆိပ်မှ ထွက်လာခဲ့ကြသည်။ ဝမ်ယောင်ချန်း နဲ့ ဂူယူလင်း တို့ကလည်း နာမည်ကြီးကြသည်။ သူတို့ ထွက်လာချိန်တွင် နာမည်တစ်ခုကိုသာ အော်ဟစ်သံေတွကို ကြားလိုက်ရသည်။
“လီဂျင်းယွမ်!!!!”
“လီဂျင်းယွမ်၊ အိုး…….!!”
ဖန်အုပ်စုကို ကြည့်လိုက်ပြီး ဝမ်ယောင်ချန်း နဲ့ ဂူယူလင်း တို့ရဲ့ဖန်တွေက လျစ်လျူရှုခံလိုက်ရသည်။ လေဆိပ်တွင် ဖန်ေတွစောင့်ဆိုင်းေနတာက ပထမဆုံးအကြိမ် ဖြစ်တာကြောင့် ထိုနေရာတွင် ဖန်အနည်းငယ်သာရှိသည်။
ဖန်အများစုကတော့ သူတို့ရဲ့အိုင်ဒေါကို အနီးကပ် မြင်တွေ့နိုင်ဖို့ အခွင့်အရေးက ရှားပါးသည်။ လီဂျင်းယွမ် ကိုဝမ်းသာစွာ စိုက်ကြည့်နေကြရင်း သူတို့အိုင်ဒေါက ဘယ်ညာကို လိုက်ကြည့်နေကာ တစ်စုံတစ်ယောက်ကို ရှာဖွေနေကြောင်း သတိထားမိသွားကြသည်။
သို့သော် ထိုအရာသည် အရေးမကြီးပါ။
လီဂျင်းယွမ် သည်အဝေးကို လျှောက်သွားရင်း သူတို့ရဲ့အော်ဟစ်သံတွေက လေဆိပ် ခေါင်မိုးကိုေတာင် လန်သွားဖို့ လုံလောက်သည်။
ဇောင်ယုဟွမ် သည်အံ့မခန်းဖွယ် အဖြစ်အပျက်ကို လူကိုယ်တိုင် မျက်မြင်မတွေ့နိုင်ခဲ့ပါ။ သူမသည် အိမ်တော်ကို ပြန်ရောက်နေပြီဖြစ်သည်။ ဟုန်ချန်းမင်း သည်စီးပွားရေး လုပ်ငန်းတချို့ကို လုပ်ဆောင်ရန် သွားခဲ့သည်။
သူမ အိမ်ပြန်ရောက်သည်နှင့် ဇောင်ယုဟွမ် သည်သက်ပြင်းချကာ အနားယူလိုက်သည်။ နောက်တစ်နေ့တွင် သူမသည် ရန်ဆန်း၊ဟန်ယင်ယင် တို့နှင့်အတူ အီဂျစ်သို့သွားခဲ့သည်။ တစ်ဖက်တွင်တော့ ဟုန်ချန်းမင်း နဲ့ လီဂျင်းယွမ် တို့မှာ သူတို့ အလုပ်များသော နေ့များဆီသို့ ပြန်သွားခဲ့ကြသည်။
သူမ အီဂျစ်သို့ရောက်သည့် ဒုတိယနေ့တွင် ဇောင်ယုဟွမ် သည် ကောမိုင် ဆီမှ သတင်းရရှိခဲ့သည်။
သူမ ရှုပ်ထွေးသွားခဲ့သည်။
TV ရှိုးတွင် သူမသည် တကယ်ကို ကောင်းကောင်းလုပ်ခဲ့ရင်တောင် ကောမိုင် ကသူမကို ရှာဖွေဖို့ဆိုတာ မဖြစ်နိုင်သေးပေ။ ဖျော်ဖြေရေး လောကတွင် ကောမိုင် သည်လေးစားခံရပြီး သူမကိုရှာရန် အကြောင်းပြချက်မရှိခဲ့ပေ။
ဇောင်ယုဟွမ် သည်မက်စေ့ကို ဖွင့်လိုက်သည်နှင့် ကောမိုင် ထံမှ ဖျော်ဖြေရေး လောကကို ဝင်ေရာက်ရန် ဖိတ်ကြားချက်ကို တွေ့လိုက်ရသည်။
TV ရှိုးပွဲရှိ ဆယ်ယောက်မှာ ရှစ်ယောက်က ဖျော်ဖြေရေးလောကကို ဝင်ရောက်ရန် ရည်ရွယ်ချက်ရှိခဲ့ပြီး ကျန်နှစ်ယောက်ကတော့ အင်တာနက်တွင် ဩဇာလွှမ်းမိုးလိုသူများ ဖြစ်ကြသည်။ ဇောင်ယုဟွမ် ရဲ့နောက်ခံအကြောင်းကို ကောမိုင် ကမသိတာကြောင့် သူမကို ဖိတ်ကြားခဲ့တာ ဖြစ်သည်။
ချက်ချင်းပင် ဇောင်ယုဟွမ် ကသူမကို ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်။ သို့သော် သူမငြင်းပယ်လိုက်ပြီး ချက်ချင်းပင် စာတစ်စောင်ကို ထပ်ရရှိလိုက်သည်။ ဒီတစ်ကြိမ်မှာတော့ ဝမ်ယောင်ချန်း ဆီမှဖြစ်ပြီး သူကလည်း သူမကို သူ့စတူဒီယိုမှာ ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။
ဟန်ယင်ယင် သည်ထိုမက်ေစ့ကို မြင်လိုက်ပြီး သက်ပြင်းချလိုက်သည်။ “ဟမ့်! ငါတို့ ယုဟွမ်လေးကို သွားတဲ့နေရာတိုင်း နာမည်ကြီးတာပဲ”
ရန်ဆန်း ကလည်း ထောက်ခံကာ ပြောလိုက်သည်။ “ဒီကောင်လေးက သူ့ဖိတ်ကြားမှု နောက်ကွယ်မှာ မစင်ကြယ်တဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုတာ ငါသိတယ်။ သူက ဇောင်ယုဟွမ် ကိုအပြင်ထွက်ဖို့ မေးချင်ေနတာ”
ဇောင်ယုဟွမ် ကမျက်စိကို လှိမ့်လိုက်ပြီး သူမဖုန်းကိုကိုင်ကာ တစ်ဖက်ကို လျှောက်သွားကာ ရန်ဆန်း ရဲ့စကားက မှန်ကြောင်းကို ငြင်းခုံနေကြတဲ့သူတွေကို ထားခဲ့လိုက်သည်။
ဇောင်ယုဟွမ် ကသူမ hijab ကို၀တ်ဆင်လိုက်ပြီး Weibo ကိုဖွင့်လိုက်သည်။
(Hijab)
ထိုအခါမှ “ခရီးသွားခြင်းအချိန်” အပေါ် တရားဝင်ကြေညာချက်ကို သတိပြုမိသည်။ TV ရှိုးပွဲတွင် နာမည်ကြီးမဟုတ်သော သူများကို လီဂျင်းယွမ်၊ ကောမိုင် စသည်တို့ကုိ မှီ၍နာမည်ကြီးစေရန် ရည်ရွယ်ထားခဲ့သည်။ရှိုးပွဲတွင်ပါဝင်ကြသည့် ပုံမှန်လူတွေကလည်း အာရုံစိုက်မှုကို ရရှိခဲ့ကြသည်။
ဇောင်ယုဟွမ် ရဲ့နာမည်ကိုလည်း
တရားဝင် ကြေညာချက်တွင် တွေ့နိုင်သည်။ ထိုကြေညာချက်ကို ဇောင်ယုဟွမ် က Weibo တွင်နှိပ်ကြည့်လိုက်သည်။
သူမ Webio ကိုမကြာသေးခင်ကမှ ပုံတင်ထားခဲ့သည်။ နောက်ဆုံးတစ်ခုကတော့ ဘလက်တီး သောက်နေတဲ့ပံုဖြစ်သည်။ ကွန့်မန့်နေရာကို နှိပ်လိုက်သည်။ သေချာပေါက်ကိုပဲ မကောင်းမြင်သည့် ကွန့်မန့်တွေက တိုးများလာခဲ့သည်။
“ဓာတ်ပုံတစ်ပုံကနေ ကျော်ကြမှု နည်းနည်းလေးရရုံရှိသေး၊ ရှိုးပွဲကို ဝင်ရဖို့ကို မစောင့်နိုင်တော့ဘူးလား? ဘာကြောင့်လဲ? ဖျော်ဖြေရေး လောကကို ဝင်ရောက်ဖို့ကို စီစဉ်ထားခဲ့တာလား? ဘယ်လို အနှောင့်အယှက်လဲ။ အခုခေတ်မှာ နည်းနည်းလေး လုပ်နိုင်တာနဲ့ အင်တာနက်မှာ လွှမ်းမိုးနိုင်တယ်။ ဖျော်ဖြေရေး လောကကို ဝင်ရောက်ခဲ့ကြတဲ့ အင်တာနက်က နာမည်ကြီးတဲ့ သူတွေကိုပဲကြည့်၊ သူတို့က အဆုံးမှာ ကြောက်မက်ဖွယ်နဲ့ အဆုံးသတ်ကြရတယ်”
“အခု တရားဝင် ကြေညာချက်က ရောက်လာပြီ။ သူမက လက်ဖက်ရည်ကို သောက်ဦးမှာလား? လီဂျင်းယွမ် ရဲ့အင်တာဗျူးကို တွေ့ပြီး ကောပီလုပ်ခဲ့တာလား?”
“နောက်ဆုံးပံုက ထူးဆန်းလား? ထပ်ကြည့်ဦး။ ဒီ Weibo ပိုင်ရှင်က လီဂျင်းယွမ် ရဲ့အင်တာဗျူး မတိုင်ခင် တင်ထားခဲ့တာ၊ အိုကေ?”
“လင်းလန် ကအရင်တုန်းက အလှမယ်ရှိုးပွဲေတွမှာ ပါဝင်ခဲ့ပြီး အခုတော့ သူမက အတော်လေး ရေပန်းစားလာတယ်။ ယင်ချီချီ ကမော်ဒယ်လ်။ ဒီ ဇောင်ယုဟွမ် ကဘယ်သူလဲ? အွန်လိုင်းကပုံကြောင့် ရှိုးပွဲကို ရောက်သွားတာလား?”
“အိုး၊ C’mon နည်းနည်းေလာက် စိတ်အေးအေး ထားကြပါ။ မိန်းကလေး တစ်ယောက်အေပါ်ကို ဒီလောက်ရက်စက်ဖို့ လိုအပ်လို့လား?”
“သူမက ဖျော်ဖြေရေး လောကကို အလျင်စလို မဝင်သင့်ဖို့နဲ့ တခြားသူတွေလို အကောင်းမြင်ခံရမဲ့အစား မကောင်းမြင်တာကို ရမှာစိုးလို့ ငါတို့က ပြောပြနေရုံပဲ… နောက်ပြီး အင်တာနက်မှာ နာမည်ကြီးတဲ့သူတွေက မိတ်ကပ်ဖျက်လိုက်တာနဲ့ ရုပ်ဆိုးတဲ့သူတွေပဲ။ သူတို့ရဲ့ခန္ဓာကိုယ်ကို၊ စိတ်ထားတွေကိုပဲကြည့်လိုက် သူတို့သဘောထားတွေက ၁၈ ရာစု မင်းသမီးတွေနဲ့တောင် တိုင်းတာလို့မရဘူး။ သူမ အကျိုးအတွက် ဖျော်ဖြေရေး လောကကို မဝင်သင့်ကြောင်းကိုသာ ပြောပြနေရုံပဲ။ သူမ ကင်မရာရှေ့မှာ လမ်းလျှောက်လိုက်တာနဲ့ ကျော်ကြားမှုတွေ အကုန်လုံးက တစ်မိနစ်အတွင်း ပျောက်ကွယ်သွားလိမ့်မယ်”
27.10.2020 (Tue)
………………………..
<Zawgyi>
ကင္မရာေရွ႕မွာ သ႐ုပ္ေဆာင္ဖို႔ မလိုအပ္ဘူး
ေဇာင္ယုဟြမ္ သည္ေရကူးေဘာကြင္း အသုံးျပဳတာကို မရပ္တန႔္ခဲ့သလို ဟုန္ခ်န္းမင္း ဆီမွေရကူးသင္ဖို႔လည္း မႀကိဳးစားခဲ့ေပ။ သူမက ေရေပၚဆိုင္ကယ္ကို ငွားရမ္းခဲ့ၿပီး ေန႔တစ္ပိုင္းလုံး သင္တန္းဆရာနဲ႔အတူ လွည့္ပတ္ကစားခဲ့သည္။
ေဇာင္ယုဟြမ္ ေတြးလိုက္သည္။ သူမသည္ ႐ုပ္သံတြင္ ပါဝင္လာဖို႔ မလိုအပ္တာေၾကာင့္ သူမဘာသာပဲ ေအးေဆးေနၿပီး ေပ်ာ္စရာရွာဖို႔ အခ်ိန္ေတြသာ မ်ားလိမ့္မည္။
သို႔ေသာ္ သူမ အေတြးက ထြက္လိုက္ၿပီးေနာက္ က်န္ေနသည့္ ခံစားခ်က္ေတြက ပိုၿပီးအဆင္မေျပသလို ခံစားခဲ့ရသည္။
ၿပီးေတာ့ သူတို႔မွာ ဇာတ္ၫႊန္းမရွိေပ။ ဇာတ္ၫႊန္းမရွိတဲ့အျပင္ သူတို႔က မရင္းႏွီးၾကသည့္ လူေတြျဖစ္သည္။ ဒါေၾကာင့္ အခုသူတို႔က ငါ-ေရ-ေၾကာက္-တယ္- ေရေပၚဆိုင်ကယ္- စီးရင္- ျမႇဳပ္သြားမွာ-ေၾကာက္တယ္- ဒါေပမဲ့- -ေၾကာက္တတ္တာကို- ေက်ာ္လႊားၿပီး- ေရကူးတာနဲ႔- ေရေပၚဆိုင္ကယ္- စီးတာကို-ကြၽမ္းက်င္ေအာင္လို႔- သင္ယူခဲ့ေပမဲ့- အႀကိမ္ႀကိမ္- က်ရႈံးခဲ့တယ္။
ဒါေၾကာင့္ က်န္တဲ့သူေတြက ေရကူးေဘာကြင္းျဖင့္သာ ေရကူးဖို႔ ေ႐ြးခ်ယ္လိုက္ၾကသည္။ တျခားသူေတြက ကေလးအျဖစ္ ဟန္ေဆာင္ကာ ကမ္းေျခရွိ သဲမ်ားႏွင့္ ကစားေနၾကသည္။
ေကာမိုင္ နဲ႔ ဝမ္ေယာင္ခ်န္း တို႔က ဝိုင္းထိုင္ကာ တစ္ေယာက္အေၾကာင္း တစ္ေယာက္ ေျပာေနခဲ့ၾကသည္။ ဂူယူလင္း၊ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ေရထဲဆင္းခဲ့ၾကသည္။
ယင္ခ်ီခ်ီ သည္ လင္းလန္ ႏွင့္သဲေတြနဲ႔ ကစားရန္ စဥ္းစားလိုက္သည္။ ထို႔ေၾကာင့္ သူမသည္ အရမ္းထူးဆန္းပုံ မေပၚေပမဲ့ လင္းလန္ ကသူမကို တစ္ခ်က္ၾကည့္လိုက္ကာ တစ္ဖက္ကို ေလွ်ာက္သြားၿပီး သင္တန္းဆရာဆီမွ ေရငုပ္ဝတ္စုံကို ေတာင္းလိုက္သည္။
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ႏွစ္ေယာက္လုံးက ေရကူးတတ္ၾကသည္။ သူတို႔က ေရကူးကြၽမ္းက်င္ၾကသည္။ သူတို႔က ေရကူးေဘာကြင္းကို စြန႔္လႊတ္ခဲ့ၿပီး ေရကိုထိလိုက္သည္ႏွင့္ ငါးတစ္ေကာင္လို ကူးႏိုင္ၾကသည္။ ေရထဲက သူတို႔ရဲ႕ လႈပ္ရွားမႈေတြက ေၾကာ့ရွင္းၿပီး အင္အားျပည့္ဝေနသည္။
ဂူယူလင္း ရဲ႕ရည္႐ြယ္ခ်က္သည္ လီဂ်င္းယြမ္ ဆီကို ေျပာင္းေ႐ႊ႕ခဲ့သည္။ သို႔ေသာ္ ထိုအခ်ိန္တြင္ လႈိင္းတစ္လုံးက ေဇာင္ယုဟြမ္ ရဲ႕စကူတာဆီကို ႐ိုက္ခတ္လာခဲ့သည္။ လူတိုင္းနီးပါးရဲ႕ အာ႐ုံေတြက သူမအေပၚ ေရာက္ရွိလာခဲ့သည္။
လႈိင္းက်ဆင္းသြားသည့္ အခ်ိန္တြင္ ေဇာင္ယုဟြမ္ သည္ေရေပၚဆိုင္ကယ္ေပၚမွ တည္ၿငိမ္စြာ စီးေနသည္။ တစ္ကိုယ္လုံး စိုစြတ္ေနၿပီး ဆံပင္ေတြက မ်က္ႏွာကို ကပ္ေနၾကသည္။ ထို႔ေၾကာင့္ သူမမ်က္ႏွာ အသြင္ကို အရင္ကထက္ ပိုေပၚလြငါေစၿပီး ေရကူးဝတ္စုံက သူမကိုယ္တြင္ ပိုကပ္ေနကာ သူမပံုစံသည္ ေရထဲမွ ထြက္ေပၚလာသည့္ ပန္းပြင့္ေလးႏွင့္ တူေနသည္။
ပုံမွန္အားျဖင့္ ဘယ္သူကမွ သူတို႔အၾကည့္ေတြကို လႊဲမသြားႏိုင္ၾကေပ။
ေနာက္လႈိင္းတစ္လုံး ေရာက္လာခ်ိန္တြင္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ေဇာင္ယုဟြမ္ အနားကူးခတ္သြားၿပီး သူမ ေဘးကိုေရာက္ေနၿပီျဖစ္ေၾကာင္း သိပ္မေဝးသည့္ ေနရာမွာ ဂူယူလင္း ျမင္လိုက္ရသည္။
ေနာက္ထပ္လႈိင္းတစ္ခု ေရာက္လာရင္ သူတို႔ႏွစ္ေယာက္ရဲ႕ လက္ေတြက ေဇာင္ယုဟြမ္ ကိုေရေပၚဆိုင္ကယ္ဆီမွ ျပဳတ္က်ေအာင္ လုပ္မိလိမ့္မယ္လို႔ ဂူယူလင္း ထင္လိုက္သည္။
သူမ ေတြးမိသည္ႏွင့္ ဂူယူလင္း ကထပ္ၾကည့္လိုက္သည္။ သူတို႔ကို ထပ္ၾကည့္လိုက္ၿပီး ထိုလိုျဖစ္မယ္လို႔ သူမ ေသခ်ာေပါက္ ထင္လိုက္သည္။
ေဇာင္ယုဟြမ္ သည္ေရေပၚဆိုင္ကယ္တြင္သာ ရွိေနၿပီး ေရွ႕ဆက္ေမာင္းေနခဲ့သည္။ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကအနီးနားမွသာ ကူးခတ္ေနၾကသည္။
ကင္မရာထဲရွိ လူႏွစ္ေယာက္သည္ အေကာင္းဆုံးျဖစ္ရန္ ႀကိဳးစားေနပုံေပၚသည္။ ဒီဗီဒီယိုကို ထုတ္လႊင့္တဲ့အခါ မိန္းကေလးငယ္ေလး ေတာ္ေတာ္မ်ားမ်ားက ၾကည့့္ၿပီးေအာ္ဟစ္ၾကလိမ့္မည္။ သို႔ေသာ္ အရာအားလုံးေအာက္တြင္ အမွန္တရားကို ဖုံးကြယ္ထားသည္ဟု ဂူယူလင္း ခံစားေနရသည္။
အမွန္တရားကေတာ့ သူတို႔ႏွစ္ေယာက္ဟာ သမုဒၵရာထဲက သြားေနသည့္ ေရေပၚဆိုင္ကယ္ အေနာက္ကို လိုက္ေနၾကသည့္ လင္းပိုင္ေတြနဲ႔ တူေနသည္။
ဂူယူလင္း : “……”
႐ိုက္ကူးၿပီးသြားခ်ိန္တြင္ ေဇာင္ယုဟြမ္ လည္းေပ်ာ္႐ႊင္ခဲ့ရသည္။ ေရေပၚဆိုင္ကယ္မွ ဆင္းလိုက္ၿပီး ေန႔လည္စာစားရန္ အဆင္သင့္ျဖစ္ေနခဲ့သည္။
အစ္မႀကီးရန္ သည္႐ိုက္ကူးေရးအဖြဲ႕၏ အစိတ္အပိုင္းတစ္ခု ျဖစ္သည္။ ႐ိုက္ကူးၿပီးတာနဲ႔ လူတိုင္းက စားဖို႔သြားၾကၿပီး ကင္မရာေရွ႕မွ ေဇာင္ယုဟြမ္ သည္ ကတိတ္တဆိတ္ ေပ်ာက္သြားခဲ့သည္။
အစ္မႀကီးရန္ သည္တျခားဧည့္သည္ေတြကို ေရွာင္ရွားၿပီး သူမအား တစ္ဖက္ဖက္သို႔ ဆြဲေခၚသြားခဲ့သည္။ “အဲ့ဒါက အလုပ္မျဖစ္ဘူး”
ေဇာင္ယုဟြမ္ : “ဟမ္?”
“ရႈိးပြဲမွာ ဇာတ္ၫႊန္းမရွိတဲ့ အေၾကာင္းျပခ်က္က ပါဝင္တဲ့သူေတြကို အစစ္အမွန္ျဖစ္ေစဖို႔ပဲ။ ဒါက ရႈိးပြဲရဲ႕ အဓိကအခ်က္ပဲ!”
ေဇာင္ယုဟြမ္ ကအနည္းငယ္ စိတ္ရႈပ္သြားခဲ့သည္။ “အစ္မ ဘာကိုဆိုလိုတာလဲ?”
အစ္မႀကီးရန္ ကသူမအား ႏူးညံ့စြာေျပာလိုက္သည္။ “အစ္မေျပာခ်င္တာက လီဂ်င္းယြမ္ နဲ႔သူေဌးေလးဟုန္ တို႔အနားမွာ ယုဟြမ္ ကပုံမွန္အတိုင္း ေနလို႔ရတယ္။ ကင္မရာေရွ႕မွာ သ႐ုပ္ေဆာင္ေနဖို႔ မလိုအပ္ဘူး”
ေဇာင္ယုဟြမ္ : “မိသားစုေန႔စဥ္ဘဝကို ႐ိုက္ကူးဖို႔လား? ဒါကရႈိးပြဲတစ္ခုလို႔ပဲ ထင္ထားခဲ့တာ”
အစ္မႀကီးရန္ : “မိသားစုေန႔စဥ္ဘဝကလည္း ကိုယ္ပိုင္အစီစဥ္တစ္ခုပဲ”
ေဇာင္ယုဟြမ္ : “…အိုေက” သူမ ကတ္ေပးၿပီးသားျဖစ္တာေၾကာင့္ သူမအေကာင္းဆုံး လုပ္ေပးသင့္သည္။
အဆိုးဆုံး အျဖစ္အပ်က္ကေတာ့ သူမကို လက္ဖက္စိမ္းမ၊ b*tch၊ ၾကာပန္းျဖဴမ စတာေတြကို ထုတ္လႊင့္ခ်ိန္မွာ တစ္ခုခုေတာ့ ေခၚခံရလိမ့္မည္။
စကားေျပာဆိုၿပီးေနာက္ ႐ုတ္တရက္ ရႈိးပြဲရဲ႕ အဓိကက သူမ ျဖစ္သြားခဲ့သည္။ သ႐ုပ္ေဆာင္ ဝမ္ေယာင္ခ်န္း၊ ေကာမိုင္ နဲ႔ ဂူယူလင္း တို႔ကလည္း သ႐ုပ္ေဆာင္ေတြပဲ မဟုတ္ဘူးလား? ေနာက္ၿပီး လီဂ်င္းယြမ္ ကလည္း နာမည္ႀကီးပဲေလ။
ရႈိးပြဲရဲ႕ ေရာင္းခ်ရမဲ့ အမွတ္ေတြက ဘာေၾကာင့္ သူမအေပၚ က်ေရာက္လာရတာလဲ? ေဇာင္ယုဟြမ္ ထပ္ၿပီး ျပန္လွည့္လိုက္သည္။ ထို႔ေနာက္ေတာ့ အစ္မႀကီးရန္က သူမကို လက္မေထာင္ျပေနတာကိုသာ ျမင္လိုက္ရသည္။
ေဇာင္ယုဟြမ္ : “……”
ေန႔လည္စာ စားၿပီးေနာက္ ထုတ္လုပ္ေရးအဖြဲ႕သည္ ေငြရွာသည့္အပိုင္းကို ခြဲေဝခ်ထားၿပီး အကုန္အက်နည္းသည့္ စိမ္းလန္းစိုျပည္ေရး ႀကိဳးပမ္းမႈ အမည္ျဖင့္ ေတာင္ေပၚသို႔တက္ရန္ ေတာင္းဆိုခဲ့သည္။
လူတစ္ေယာက္ကို ေဒၚလာ ၅၀ ႏႈန္းျဖင့္ သူတို႔ရွစ္ေယာက္ဆိုရင္ ေဒၚလာ ၄၀၀ ရႏိုင္သည္။ ဒါဟာ အႏုပညာရွင္ေတြအတြက္ အမ်ားႀကီးမဟုတ္ေပ။ ဒါေပမယ့္ အခုအခ်ိန္မွာ လမ္းၫႊန္ေနရသည့္ ဘတ္ဂ်က္လိုအပ္ေနသူ တစ္စုံတစ္ဦးအတြက္ေတာ့ အရာအားလုံးကို ထည့္သြင္းတတ္ခ်က္ရလိမ့္မည္။
ထိုေၾကာင့္ လူတိုင္းက စက္ဘီးေတြျဖင့္ ေတာင္တက္ခဲ့ၾကသည္။ စက္ဘီးစီးၿပီးေနာက္ အမွန္ေျပာဂိမ္း (true or dare)ကို ကစားခဲ့ၾကသည္။
သုံးရက္ေျမာက္ေန႔တြင္ သစ္သီးေတြခူးၿပီး ေပ်ာ္႐ႊင္ဖို႔အတြက္ ဥယ်ာဥ္ၿခံသို႔သြားၾကသည္။
သုံးရက္ကုန္သြားၿပီးေနာက္ ေဇာင္ယုဟြမ္ သည္႐ိုက္ကူးေရးအတြက္ ပိုၿပီးသက္ေတာင့္သက္သာရွိေနကာ ေနာက္အပိုင္း (season)အတြက္ အဆင္သင့္ျဖစ္ေနခဲ့သည္။
႐ိုက္ကူးၿပီးေနာက္ နာမည္ႀကီးေတြက တျခားပြဲေတြ တက္ေရာက္ဖို႔အတြက္ တစ္ေယာက္ၿပီး တစ္ေယာက္ ထြက္သြားခဲ့ၾကသည္။ ေဇာင္ယုဟြမ္ လည္းထြက္သြားခ်င္ခဲ့သည္။ သူမသည္ အထုပ္အပိုးေတြ ထုတ္ပိုးၿပီး သူမသူငယ္ခ်င္းတခ်ိဳ႕နဲ႔ အီဂ်စ္သို႔ ရက္အနည္းငယ္ ခရီးထြက္ခ်င္ခဲ့သည္။
လီဂ်င္းယြမ္ ရဲ႕ဖန္ေတြက ေလဆိပ္တြင္ ေစာင့္ေနၾကတယ္ဆိုတာကို ေဇာင္ယုဟြမ္ သိေနခဲ့သည္။ ဝမ္ေယာင္ခ်န္း နဲ႔ ဂူယူလင္း တို႔က သူတို႔ေလယာဥ္ႏွင့္တူသည္။ ေသခ်ာတာေတာ့ သူတို႔ဖန္ေတြလည္း ရွိေနလိမ့္မည္။
ေဇာင္ယုဟြမ္ သည္လႈိင္းထန္သည့္ ကိစၥေတြကို ေျဖရွင္းလိုျခင္း မရွိတာေၾကာင့္ ဟုန္ခ်န္းမင္း ရဲ႕အက်ႌလက္ကိုဆြဲကာ ႏူးညံ့စြာ ေျပာလိုက္သည္။ “ေလယာဥ္ဆိုက္ၿပီး အရင္ဆုံး ဟြမ္ဟြမ္ တို႔ဆင္းရေအာင္”
ဟုန္ခ်န္းမင္း ကမေမးပဲ ေခါင္းညိတ္လိုက္သည္။ ေလယာဥ္သည္ ဟိုက္ၿမိဳ႕သို႔ ဆိုက္ေရာက္သည္ႏွင့္ ေဇာင္ယုဟြမ္ သညမ္ခ်က္ခ်င္းပင္ ဆြယ္တာကို စြတ္လိုက္ၿပီး အေပၚထပ္ အက်ႌကို ဝတ္လိုက္သည္။ သူမ ခႏၶာကိုယ္တစ္ခုလုံးကို ေဘာလုံးလိုထုပ္ထားၿပီး ဟုန္ခ်န္းမင္း နဲ႔အတူ အရင္ဆုံး ေလွ်ာက္ထြက္သြားခဲ့သည္။
လီဂ်င္းယြမ္ ႏွင့္ ေဝ့က်ဲ တို႔ထြက္လာခ်ိန္တြင္ သူတို႔သည္ မေရွာင္လႊဲႏိုင္တာေၾကာင့္ ေဇာင္ယုဟြမ္ တို႔သည္ ေအာက္ထပ္ကို ဆင္းသြားတာကိုသာ ၾကည့္ေနခဲ့ရသည္။
ေဇာင္ယုဟြမ္ သည္ေလယာဥ္ေပၚမွဆင္းခဲ့ၿပီး ေလယာဥ္ေပၚမွ ေလွကားထစ္မ်ားကို လွမ္းမဲ့အခ်ိန္တြင္ အေနာက္မွ ဟုန္ခ်န္းမင္း ကသူမလက္ေကာက္ဝတ္ကို လွမ္းဆြဲလိုက္သည္။
“ဟမ္?” ေဇာင္ယုဟြမ္ ကလွည့္လိုက္ကာ သူ႔ကို ၾကည့္လိုက္သည္။
“သတိထား” ဟုန္ခ်န္းမင္း ကႏူးညံ့စြာ ေျပာလိုက္ျပး ေဇာင္ယုဟြမ္ ရဲ႕ပဝါကိုေတာင္ ျပင္ေပးလိုက္သည္။
ေဇာင္ယုဟြမ္ ကသေဘာတူလိုက္သည္။ သူမက သူမကိုယ္အား ဧရာမေဘာလုံးႀကီးလို ထုပ္ထားခဲ့သည္။ တစ္ခုခုျဖစ္တာနဲ႔ သူမက ေအာက္ကိုေဘာလုံးလို လိမ့္က်သြားႏိုင္သည္။ ေဇာင္ယုဟြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ကားထဲကို လ်င္ျမန္စြာ ဝင္သြားခဲ့ၾကသည္။
လီဂ်င္းယြမ္ သည္သူတို႔အေနာက္တြင္ က်န္ေနခဲ့ၿပီး ဝမ္ေယာင္ခ်န္း နဲ႔ ဂူယူလင္း တို႔နဲ႔အတူ ေလဆိပ္မွ ထြက္လာခဲ့ၾကသည္။ ဝမ္ေယာင္ခ်န္း နဲ႔ ဂူယူလင္း တို႔ကလည္း နာမည္ႀကီးၾကသည္။ သူတို႔ ထြက္လာခ်ိန္တြင္ နာမည္တစ္ခုကိုသာ ေအာ္ဟစ္သံေတြကို ၾကားလိုက္ရသည္။
“လီဂ်င္းယြမ္!!!!”
“လီဂ်င္းယြမ္၊ အိုး…….!!”
ဖန္အုပ္စုကို ၾကည့္လိုက္ၿပီး ဝမ္ေယာင္ခ်န္း နဲ႔ ဂူယူလင္း တို႔ရဲ႕ဖန္ေတြက လ်စ္လ်ဴရႈခံလိုက္ရသည္။ ေလဆိပ္တြင္ ဖန္ေတြေစာင့္ဆိုင္းေနတာက ပထမဆုံးအႀကိမ္ ျဖစ္တာေၾကာင့္ ထိုေနရာတြင္ ဖန္အနည္းငယ္သာရွိသည္။
ဖန္အမ်ားစုကေတာ့ သူတို႔ရဲ႕အိုင္ေဒါကို အနီးကပ္ ျမင္ေတြ႕ႏိုင္ဖို႔ အခြင့္အေရးက ရွားပါးသည္။ လီဂ်င္းယြမ္ ကိုဝမ္းသာစြာ စိုက္ၾကည့္ေနၾကရင္း သူတို႔အိုင္ေဒါက ဘယ္ညာကို လိုက္ၾကည့္ေနကာ တစ္စုံတစ္ေယာက္ကို ရွာေဖြေနေၾကာင္း သတိထားမိသြားၾကသည္။
သို႔ေသာ္ ထိုအရာသည္ အေရးမႀကီးပါ။
လီဂ်င္းယြမ္ သည္အေဝးကို ေလွ်ာက္သြားရင္း သူတို႔ရဲ႕ေအာ္ဟစ္သံေတြက ေလဆိပ္ ေခါင္မိုးကိုေတာင္ လန္သြားဖို႔ လုံေလာက္သည္။
ေဇာင္ယုဟြမ္ သည္အံ့မခန္းဖြယ္ အျဖစ္အပ်က္ကို လူကိုယ္တိုင္ မ်က္ျမင္မေတြ႕ႏိုင္ခဲ့ပါ။ သူမသည္ အိမ္ေတာ္ကို ျပန္ေရာက္ေနၿပီျဖစ္သည္။ ဟုန္ခ်န္းမင္း သည္စီးပြားေရး လုပ္ငန္းတခ်ိဳ႕ကို လုပ္ေဆာင္ရန္ သြားခဲ့သည္။
သူမ အိမ္ျပန္ေရာက္သည္ႏွင့္ ေဇာင္ယုဟြမ္ သည္သက္ျပင္းခ်ကာ အနားယူလိုက္သည္။ ေနာက္တစ္ေန႔တြင္ သူမသည္ ရန္ဆန္း၊ဟန္ယင္ယင္ တို႔ႏွင့္အတူ အီဂ်စ္သို႔သြားခဲ့သည္။ တစ္ဖက္တြင္ေတာ့ ဟုန္ခ်န္းမင္း နဲ႔ လီဂ်င္းယြမ္ တို႔မွာ သူတို႔ အလုပ္မ်ားေသာ ေန႔မ်ားဆီသို႔ ျပန္သြားခဲ့ၾကသည္။
သူမ အီဂ်စ္သို႔ေရာက္သည့္ ဒုတိယေန႔တြင္ ေဇာင္ယုဟြမ္ သည္ ေကာမိုင္ ဆီမွ သတင္းရရွိခဲ့သည္။
သူမ ရႈပ္ေထြးသြားခဲ့သည္။
TV ရႈိးတြင္ သူမသည္ တကယ္ကို ေကာင္းေကာင္းလုပ္ခဲ့ရင္ေတာင္ ေကာမိုင္ ကသူမကို ရွာေဖြဖို႔ဆိုတာ မျဖစ္ႏိုင္ေသးေပ။ ေဖ်ာ္ေျဖေရး ေလာကတြင္ ေကာမိုင္ သည္ေလးစားခံရၿပီး သူမကိုရွာရန္ အေၾကာင္းျပခ်က္မရွိခဲ့ေပ။
ေဇာင္ယုဟြမ္ သည္မက္ေစ့ကို ဖြင့္လိုက္သည္ႏွင့္ ေကာမိုင္ ထံမွ ေဖ်ာ္ေျဖေရး ေလာကကို ဝင္ေရာက္ရန္ ဖိတ္ၾကားခ်က္ကို ေတြ႕လိုက္ရသည္။
TV ရႈိးပြဲရွိ ဆယ္ေယာက္မွာ ရွစ္ေယာက္က ေဖ်ာ္ေျဖေရးေလာကကို ဝင္ေရာက္ရန္ ရည္႐ြယ္ခ်က္ရွိခဲ့ၿပီး က်န္ႏွစ္ေယာက္ကေတာ့ အင္တာနက္တြင္ ဩဇာလႊမ္းမိုးလိုသူမ်ား ျဖစ္ၾကသည္။ ေဇာင္ယုဟြမ္ ရဲ႕ေနာက္ခံအေၾကာင္းကို ေကာမိုင္ ကမသိတာေၾကာင့္ သူမကို ဖိတ္ၾကားခဲ့တာ ျဖစ္သည္။
ခ်က္ခ်င္းပင္ ေဇာင္ယုဟြမ္ ကသူမကို ယဥ္ေက်းစြာ ျငင္းဆိုလိုက္သည္။ သို႔ေသာ္ သူမျငင္းပယ္လိုက္ၿပီး ခ်က္ခ်င္းပင္ စာတစ္ေစာင္ကို ထပ္ရရွိလိုက္သည္။ ဒီတစ္ႀကိမ္မွာေတာ့ ဝမ္ေယာင္ခ်န္း ဆီမွျဖစ္ၿပီး သူကလည္း သူမကို သူ႔စတူဒီယိုမွာ ပါဝင္ရန္ ဖိတ္ေခၚခဲ့သည္။
ဟန္ယင္ယင္ သည္ထိုမက္ေစ့ကို ျမင္လိုက္ၿပီး သက္ျပင္းခ်လိုက္သည္။ “ဟမ့္! ငါတို႔ ယုဟြမ္ေလးကို သြားတဲ့ေနရာတိုင္း နာမည္ႀကီးတာပဲ”
ရန္ဆန္း ကလည္း ေထာက္ခံကာ ေျပာလိုက္သည္။ “ဒီေကာင္ေလးက သူ႔ဖိတ္ၾကားမႈ ေနာက္ကြယ္မွာ မစင္ၾကယ္တဲ့ ရည္႐ြယ္ခ်က္ရွိတယ္ဆိုတာ ငါသိတယ္။ သူက ေဇာင္ယုဟြမ္ ကိုအျပင္ထြက္ဖို႔ ေမးခ်င္ေနတာ”
ေဇာင္ယုဟြမ္ ကမ်က္စိကို လွိမ့္လိုက္ၿပီး သူမဖုန္းကိုကိုင္ကာ တစ္ဖက္ကို ေလွ်ာက္သြားကာ ရန္ဆန္း ရဲ႕စကားက မွန္ေၾကာင္းကို ျငင္းခုံေနၾကတဲ့သူေတြကို ထားခဲ့လိုက္သည္။
ေဇာင္ယုဟြမ္ ကသူမ hijab ကို၀တ္ဆင္လိုက္ၿပီး Weibo ကိုဖြင့္လိုက္သည္။
(Hijab)
ထိုအခါမွ “ခရီးသြားျခင္းအခ်ိန္” အေပၚ တရားဝင္ေၾကညာခ်က္ကို သတိျပဳမိသည္။ TV ရႈိးပြဲတြင္ နာမည္ႀကီးမဟုတ္ေသာ သူမ်ားကို လီဂ်င္းယြမ္၊ ေကာမိုင္ စသည္တို႔ကုိ မွီ၍နာမည္ႀကီးေစရန္ ရည္႐ြယ္ထားခဲ့သည္။ရႈိးပြဲတြင္ပါဝင္ၾကသည့္ ပုံမွန္လူေတြကလည္း အာ႐ုံစိုက္မႈကို ရရွိခဲ့ၾကသည္။
ေဇာင္ယုဟြမ္ ရဲ႕နာမည္ကိုလည္း
တရားဝင္ ေၾကညာခ်က္တြင္ ေတြ႕ႏိုင္သည္။ ထိုေၾကညာခ်က္ကို ေဇာင္ယုဟြမ္ က Weibo တြင္ႏွိပ္ၾကည့္လိုက္သည္။
သူမ Webio ကိုမၾကာေသးခင္ကမွ ပုံတင္ထားခဲ့သည္။ ေနာက္ဆုံးတစ္ခုကေတာ့ ဘလက္တီး ေသာက္ေနတဲ့ပံုျဖစ္သည္။ ကြန႔္မန္႔ေနရာကို ႏွိပ္လိုက္သည္။ ေသခ်ာေပါက္ကိုပဲ မေကာင္းျမင္သည့္ ကြန႔္မန႔္ေတြက တိုးမ်ားလာခဲ့သည္။
“ဓာတ္ပုံတစ္ပုံကေန ေက်ာ္ၾကမႈ နည္းနည္းေလးရ႐ုံရွိေသး၊ ရႈိးပြဲကို ဝင္ရဖို႔ကို မေစာင့္ႏိုင္ေတာ့ဘူးလား? ဘာေၾကာင့္လဲ? ေဖ်ာ္ေျဖေရး ေလာကကို ဝင္ေရာက္ဖို႔ကို စီစဥ္ထားခဲ့တာလား? ဘယ္လို အေႏွာင့္အယွက္လဲ။ အခုေခတ္မွာ နည္းနည္းေလး လုပ္ႏိုင္တာနဲ႔ အင္တာနက္မွာ လႊမ္းမိုးႏိုင္တယ္။ ေဖ်ာ္ေျဖေရး ေလာကကို ဝင္ေရာက္ခဲ့ၾကတဲ့ အင္တာနက္က နာမည္ႀကီးတဲ့ သူေတြကိုပဲၾကည့္၊ သူတို႔က အဆုံးမွာ ေၾကာက္မက္ဖြယ္နဲ႔ အဆုံးသတ္ၾကရတယ္”
“အခု တရားဝင္ ေၾကညာခ်က္က ေရာက္လာၿပီ။ သူမက လက္ဖက္ရည္ကို ေသာက္ဦးမွာလား? လီဂ်င္းယြမ္ ရဲ႕အင္တာဗ်ဴးကို ေတြ႕ၿပီး ေကာပီလုပ္ခဲ့တာလား?”
“ေနာက္ဆုံးပံုက ထူးဆန္းလား? ထပ္ၾကည့္ဦး။ ဒီ Weibo ပိုင္ရွင္က လီဂ်င္းယြမ္ ရဲ႕အင္တာဗ်ဴး မတိုင္ခင္ တင္ထားခဲ့တာ၊ အိုေက?”
“လင္းလန္ ကအရင္တုန္းက အလွမယ္ရႈိးပြဲေတြမွာ ပါဝင္ခဲ့ၿပီး အခုေတာ့ သူမက အေတာ္ေလး ေရပန္းစားလာတယ္။ ယင္ခ်ီခ်ီ ကေမာ္ဒယ္လ္။ ဒီ ေဇာင္ယုဟြမ္ ကဘယ္သူလဲ? အြန္လိုင္းကပုံေၾကာင့္ ရႈိးပြဲကို ေရာက္သြားတာလား?”
“အိုး၊ C’mon နည္းနည္းေလာက္ စိတ္ေအးေအး ထားၾကပါ။ မိန္းကေလး တစ္ေယာက္အေပၚကို ဒီေလာက္ရက္စက္ဖို႔ လိုအပ္လို႔လား?”
“သူမက ေဖ်ာ္ေျဖေရး ေလာကကို အလ်င္စလို မဝင္သင့္ဖို႔နဲ႔ တျခားသူေတြလို အေကာင္းျမင္ခံရမဲ့အစား မေကာင္းျမင္တာကို ရမွာစိုးလို႔ ငါတို႔က ေျပာျပေန႐ုံပဲ… ေနာက္ၿပီး အင္တာနက္မွာ နာမည္ႀကီးတဲ့သူေတြက မိတ္ကပ္ဖ်က္လိုက္တာနဲ႔ ႐ုပ္ဆိုးတဲ့သူေတြပဲ။ သူတို႔ရဲ႕ခႏၶာကိုယ္ကို၊ စိတ္ထားေတြကိုပဲၾကည့္လိုက္ သူတို႔သေဘာထားေတြက ၁၈ ရာစု မင္းသမီးေတြနဲ႔ေတာင္ တိုင္းတာလို႔မရဘူး။ သူမ အက်ိဳးအတြက္ ေဖ်ာ္ေျဖေရး ေလာကကို မဝင္သင့္ေၾကာင္းကိုသာ ေျပာျပေန႐ုံပဲ။ သူမ ကင္မရာေရွ႕မွာ လမ္းေလွ်ာက္လိုက္တာနဲ႔ ေက်ာ္ၾကားမႈေတြ အကုန္လုံးက တစ္မိနစ္အတြင္း ေပ်ာက္ကြယ္သြားလိမ့္မယ္”
27.10.2020 (Tue)
………………………..
[text_hash] => 0f8c3845
)