Array
(
[text] =>
<Unicode>
ရေကူးဝတ်စုံ
ဇာတ်လိုက်မဖြစ်သည့် လင်းလန် သည်သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ပိုမြင့်မားပြီး ယင်ချီချီ လိုမျိုး မလုပ်ခဲ့ပေ။ ပထမဆုံးညမှာ ဇောင်ယုဟွမ် နဲ့ လင်းလန် တို့ရင်းနှီးခဲ့ကြသည်။ နောက်မနက်တွင် သူတို့က အဆင်သင့်ပြင်ပြီး ထွက်လာခဲ့ကြသည်။ သူစိမ်းတွေလိုပဲ နှုတ်ဆက်စကား ပြောတာတွေလည်း မရှိခဲ့ပေ။
ယင်ချီချီ ပြန်ေရာက်လာချိန်တွင် သူမသည် ပုံမှန်အခြေအနေကို ပြန်ရောက်ေနပြီ ဖြစ်သည်။ ဖြစ်နိုင်တာက သူမက အားနည်းခြင်းပြီး နူးညံ့သိမ်မွေ့ပံုကို ဘယ်လောက်ပဲ ပြသနေပါစေ၊ ဇာတ်ညွှန်းမရှိတာကြောင့် ဘယ်သူမှ ကျရှုံးကြမှာ မဟုတ်တာကို သေချာသိသွားတာ ဖြစ်နိုင်သည်။
ဒုတိယနေ့ ရိုက်ကူးေရးသည် ကမ်းခြေရှေ့တွင် ဖြစ်သည်။
ဇောင်ယုဟွမ် သည်နေရောင် ကာကွယ်နိုင်သည့် အ၀တ်အစားနှင့် ဒူးအရှည် စကတ်ကို ဝတ်ထားခဲ့သည်။ ထိုပုံစံက အရမ်းကြီး ထင်းမနေသလို တခြားသူတွေထက်လည်း တောက်ပမနေပေ။ သူမ ရေကူးဝတ်စုံကိုလည်း ကျောပိုးအိတ်တွင် ထည့်ထားခဲ့သည်။
သူမကားထဲမှ ထွက်လာပြီးနောက် လီဂျင်းယွမ် ကလက်ကမ်းလိုက်ပြီး ပြောလိုက်သည်။ “ကိုယ်သယ်လာပေးမယ်”
ဟုန်ချန်းမင်း ကလည်း တစ်ချိန်တည်း လက်ကမ်းလိုက်သည်။ “ကိုယ်သယ်ပေးမယ်၊ ဟွမ်ဟွမ်”
တခြားသူများ အားလုံးက သူတို့ကို တစ်ပြိုင်နက်တည်း ကြည့်လာကြသည်။ တခြားသူတွေ မပြောနဲ့ ဖျော်ဖြေရေး လောကတွင် အချိန်ကြာမြင့်စွာ ရှိခဲ့ကြသည့် ကောမိုင် နဲ့ ဂူယူလင်း တို့တောင် စူးစမ်းစွာဖြင့် ကြည့်လာကြသည်။
ဇောင်ယုဟွမ်၊ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးကြတာ သိကြပေမဲ့ ဘယ်လောက်အထိ ရင်းနှီးလဲဆိုတာ ဘယ်သူက ကောင်းကောင်းသိမှာလဲ?! သူတို့က ဘယ်လိုဆက်ဆံရေးမျိုး ရှိတာလဲ? အရာအားလုံးက အခုအချိန်မှာ အရမ်းထူးဆန်းသလိုပဲ!
လူတိုင်းကို ကြည့်လိုက်ပြီး ဇောင်ယုဟွမ် ကသူမ ကျောပိုးအိတ်ကို ကိုင်ထားပြီး ခေါင်းခါလိုက်သည်။ “ဒါက သိပ်မလေးပါဘူး။ ကူသယ်ပေးဖို့ မလိုပါဘူး။ သွားရအောင်၊ သွရအောင်။ နေက အရမ်းပူနေတယ်။ အရိပ်အောက်မှာ ထိုင်နေဖို့ လိုအပ်တယ်”
ထို့ကြောင့် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က သူတို့လက်တွေကို ပြန်ဆုတ်လိုက်သည်။ သို့သော် သူတို့နှစ်ယောက်လုံး မျက်နှာတွင် နောင်တရနေပုံက သိသာနေသည်။
ကိုယ်ပိုင်ကမ်းခြေကို ရောက်ချိန်တွင် ကမ်းခြေထိုင်ခုံတွေနဲ့ ထီးတွေက ပြင်ဆင်ထားပြီး ဖြစ်သည်။ အသီးအနှံ၊ မုန့်တွေနဲ့ အဖျော်ယမကာတွေတောင် ရှိကြသည်။ထိုအရာတွေထားရန် ဇောင်ယုဟွမ် ပြောထားခဲ့တာ ဖြစ်သည်။
ထိုအရာတွေကို မြင်လိုက်ချိန်တွင် ယင်ချီချီ ကတစ်စုံတစ်ခုကို ချက်ချင်း တွေးမိစသွားခဲ့သည်။ နောက်ဆုံးတော့ ဇောင်ယုဟွမ် ကိုကြည့်လိုက်ပြီး မေးလိုက်သည်။ “ဒါတွေက ဈေးကြီးလား? အဲ့ဒါတွေအတွက် ပိုက်ဆံအများကြီး သုံးခဲ့ရတာလား?”
ဇောင်ယုဟွမ် ကခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “ဈေးသိပ်မကြီးပါဘူး၊ သူတို့က ကျွန်မတို့ကို ၅၀% လျှော့ပေးခဲ့တယ်”
အခုတော့ ယင်ချီချီ ကပိုပြီး သံသယ ဝင်လာခဲ့သည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? အဲ့လိုမျိုး တစ်ခါမှမကြားဖူးဘူး”
ဇောင်ယုဟွမ် ကပြုံးပြီး ပြောလိုက်သည်။ “ကျွန်မတို့ကို ဟိုတယ်က အခမဲ့ပေးချင်တာ”
ယင်ချီချီ ရယ်လိုက်ပြီး ဇောင်ယုဟွမ် ကနောက်နေတာပဲလို့ ထင်နေခဲ့သည်။
“ကျွန်မတို့ အပိုသုံးနိုင်တော့ ကောင်းတာပေါ့၊ တခြားနေရာေတွမှာ ထပ်သုံးလို့ရတာပေါ့” လင်းလန် ကရုတ်တရက် ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ချိန်တွင် ဇောင်ယုဟွမ် ကသူမကို ကြည့်လိုက်သည်။ လင်းလန် ကသူမ အပိုသုံးတယ်လို့ ပြောချင်တာလား၊ သူမအတွက် ကာကွယ်ေပးေနလားဆိုတာကို သူမ မသေချာပေ။
အဓိပ္ပါယ်များပြားတဲ့ တရုတ်စကားကြောင့်ပဲ! ဇောင်ယုဟွမ် ကသူမဘာသာ တွေးတောလိုက်ပြီး ထိုအရာကို ကျော်ပစ်လိုက်သည်။
“ကျွန်မတို့ ဒီကိုလာတာ ပျော်ဖို့အတွက်ပဲ။ ကိုယ့်ဘာသာ ပျော်ပျော်နေသင့်တယ်။ အကုန်အကျ သက်သာရင် တခြားအရာတွေကို ပိုလုပ်နိုင်လိမ့်မယ်။ အဲ့ဒါကလည်း ပျော်ဖို့ကောင်းမှာပဲ” ကောမိုင် ကအပြုံးလေးနဲ့ ပြောလိုက်သည်။
ဝမ်ယောင်ချန်း ကလည်း ထောက်ခံလိုက်သည်။ “မိုင်ကျဲ ပြောတာ မှန်တယ်”
ဒါပေမဲ့ ဇောင်ယုဟွမ် နောက်နေတာ မဟုတ်ေပ။
သူမသည် ထိုင်းနိုင်ငံရဲ့ဖန် မဟုတ်ေပမဲ့ ဟန်ယင်ယင် ကတော့ ထိုင်းနိုင်ငံကို အတော်လေး သဘောကျသည်။ ဇောင်ယုဟွမ် ကထိုင်းနိုင်ငံတွင် ရိုက်ကူးေရးလုပ်မှာကို ဟန်ယင်ယင် သိလိုက်ချိန်တွင် သူမကဒ်များကို ထုတ်လာပြီး သူမအား သုံးရန်နှင့် သူမ တတ်နိုင်သလောက် ပျော်ခဲ့ဖို့လည်း တောင်းဆိုခဲ့သည်။
သူတို့ထဲမှ တစ်ယောက်ကတော့ ရုတ်တရက် ဒီဟိုတယ်ရဲ့ SS VIP ကဒ်ကုိ ရလာခဲ့သည်။
ဒီဟိုတယ်က နိုင်ငံတကာနဲ့ ချိတ်ဆက်ထားပြီး တည်းခိုသူတွေအပေါ် အလေးပေးသည်။ သူတို့က သူတို့ရဲ့ VIP များအတွက် ပရိုမိုးရှင်းေတွ အများအပြား ပြုလုပ်ခဲ့သည်။ သူတို့ဖောက်သည်က ဘယ်သူဖြစ်လဲဆိုတာကို ဂရုမစိုက်ပဲ အခွင့်အရေးကို ကမ်းလှမ်းဖို့သာ အလေးထားခဲ့သည်။
ထိုကဒ်ကို အသုံးပြုရန် ဇောင်ယုဟွမ် တွင်အစီအစဉ်မရှိခဲ့ပါ။ ပြီးနောက် ပြပွဲတွင် တစ်စုံတစ်ဦးရဲ့ ပိုက်ဆံ၊ ဖုန်းတွေ၊ ကဒ်တွေဖြစ်သည့် ကိုယ်ပိုင်ပစ္စည်းများ အသုံးပြုခြင်းကို ဆန့်ကျင်ေကြာင်း စာချုပ်တွင် ရှင်းလင်းပြတ်သားစွာ စည်းမျဉ်းတွေ သတ်မှတ်ထားသည်။
သို့သော် ဇောင်ယုဟွမ် ကငွေရှင်းရန် ပိုက်ဆံထုတ်ချိန်တွင် ဟိုတယ်ရှိ ဝန်ထမ်းတစ်ယောက်က VIP ကဒ်ကိုမြင်သွားခဲ့ပြီး ကုန်ကျစရိတ်ကို လက်မခံချင်ခဲ့ပေ။ သူတို့ရဲ့ ပြင်ဆင်ချက်တွေကို ဖောက်သည်တွေက မကြိုင်နှစ်သက်ရင် ငွေပေးေချရမည့် ၅၀% ကိုေတာင် လက်ခံလိမ့်မည် မဟုတ်ပေ။
ယင်ချီချီ ကခေါင်းစဉ်ေပြာင်းလိုက်သည်။
သူတို့အုပ်စုက ကမ်းခြေတွင် ခနလျှောက်လိုက်ကြရင်း ရေထဲဆင်းလိုက်ကြသည်။ ထို့နောက် သူတို့အားလုံးက ရေကူးဝတ်စုံ ပြောင်းဝတ်ပြီး ရေကူးကြဖို့ကို သဘောတူလိုက်ကြသည်။ ထို့ကြောင့် သူတို့အားလုံးက ပြန်သွားကြကာ အဝတ်လဲလိုက်ကြသည်။
ဇောင်ယုဟွမ် ကအဝတ်အစား မြန်မြန်လဲလိုက်ပြီး ထွက်လာခဲ့သည်။ သူမမှာ one piece ရေကူးဝတ်စုံ တစ်မျိုးတည်း ရှိခဲ့သည်။ သူမလည်ပင်းကို ဖုံးထားပေမဲ့ ပခုံး၊ ကျောနှင့် ရှည်လျားပြီး သေးသွယ်သည့် ခြေထောက်တွေကို ဖော်ထားခဲ့သည်။
ရေကူးဝတ်စုံက အနက်ရောင်ဖြစ်ပြီး အရင်က သူမဝတ်ခဲ့သည့် အဖြူရောင်ဝတ်စုံနှင့် လုံးဝခြားနားသည်။ သူမက အရင်ဆုံး လျှောက်ထွက်လာခဲ့သည်။
ဇောင်ယုဟွမ် ကမရှက်ခဲ့ေပ။ သူမလက်တွင် ရေလွှာလျောစီး စကိတ်ကို ကိုင်ထားကာ တဖြည်းဖြည်းလျှောက်လာခဲ့သည်။ သဘာဝကျစွာပင် အမျိုးသားတွေက လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
လီဂျင်းယွမ်၊ ဟုန်ချန်းမင်း နဲ့ ဝမ်ယောင်ချန်း တို့သည် ကမ်းခြေတွင် ရောက်နှင့်နေခဲ့သည်။ တံခါးဖွင့်ကတည်းက သူတို့ သတိထားမိခဲ့ပြီး အကုန်လုံး လှည့်ကြည့်ကာ ဇောင်ယုဟွမ် ဆီသာအာရုံရောက်နေခဲ့ကြသည်။
ဇောင်ယုဟွမ် သည်အားလပ်ချိန်များတွင် ဘဲလေးအကကို လေ့ကျင့်ခဲ့သည်။ အရင်က လေ့ကျင့်ခဲ့သည့် ဓားရေးနဲ့ တိုက်ခိုက်ရေးကို စိတ်ထဲမထားပေ။ သူမ ဂျင်ကိုလည်း ကစားခဲ့သည်။ သူမခန္ဓာကိုယ်က အရမ်းကို ပြီးပြည့်စုံနေပြီး သူမခါးနဲ့ ဝမ်းဗိုက်တို့တွင် အဆီပိုမရှိပေ။
သူမ ခြေထောက်တွေကလည်း သွယ်လျနေသည်။ ၀ါးပံုစံနှင့် မတူပဲ ချောေမွ့ကာ မျှတသော အလှအပ အမျိုးအစားဖြစ်သည်။
သူမလည်ပင်းတွက် အနက်ရောင် အထည်ကို ပတ်ထားသည်။ ထိုအရာကြောင့် ပိုရှည်ပြီး သွယ်လျပုံပေါ်နေသည်။ အဖြူရောင် အသားအရည်က ပန်းရောင်ဘက် အနည်းငယ်သမ်းနေပြီး အတော်လေး လှပနေသည်။ ဇောင်ယုဟွမ် ကသူတို့နဲ့ ပိုနီးလာခဲ့သည်။ သူမဆံပင်တွေကို ချည်ထားပြီး သူမပုံစံအား ရှင်းလင်းစွာ မြင်တွေ့နေရသည်။
အမျိုးသား တစ်ယောက်က လှပသည့် အမျိုးသမီးကို မြင်တွေ့ပါက သူတို့က အကြည့်မလွှဲပဲ သူမခန္ဓာကိုယ်ကို မလွှဲမရှောင်ပဲ စစ်ဆေးလိမ့်မည်။ ရင်ဘတ်၊ ခါး၊ ကျော၊ အရှေ့ပိုင်းနဲ့ ခြေထောက်တွေကို ကြည့်လိမ့်မည်။
သူမရဲ့ လေ့ကျင့်ခဲ့မှုတွေနဲ့ သူမရဲ့ ကြွက်သားတွေက ခိုင်မာသည်။ သူမရင်ဘတ်က အရမ်းကြီး မဟုတ်ပေမဲ့ ကြည့်ကောင်းသည်။ ရေကူးဝတ်စုံက အရမ်းရှေးရိုးဆန်ပြီး ခန္ဓာကိုယ် အပြည့်ဖြစ်နေသည်။ ကျပ်ေနသည့် အဝတ်အစားကြောင့် သူမရဲ့ S ပုံစံ ခန္ဓာကိုယ်ကေပါ်ေနပြီး ပိုကြည့်ေကာင်းသွားေစသည်။
သူမကို မြင်လိုက်ချိန်တွင် ဝမ်ယောင်ချန်း အံ့အားသင့်သွားခဲ့သည်။ ဟုန်ချန်းမင်း ရဲ့မျက်နှာက တင်းသွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး သူ့ဂျက်ကပ်အား ချက်ချင်း ချွတ်ပစ်ပြီး ဇောင်ယုဟွမ် ကိုဝတ်ပေးချင်ေနသည်။
ထို့နောက် သူလည်း ရေးကူးဝတ်စုံကို လဲထားပြီးကြောင်း သတိရသွားပြီး သူ့ကိုယ်ပေါ်တွင် ဂျက်ကပ်မရှိကြောင်း သိသွားခဲ့သည်။
ဟုန်ချန်းမင်း က ဇောင်ယုဟွမ် ကိုအသေအချာ စိုက်ကြည့်နေပြီး သူ့နှလုံးခုန်သံသည် မြန်ဆန်လာပြီး ထိန်းချုပ်မှု လုံးဝကင်းမဲ့နေသည်ဟု ခံစားခဲ့ရသည်။ တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်များ ရှိေနခဲ့သည်။
သူအခုလုပ်နေသလိုမျိုး စူးစိုက်ကြည့်နေသည်မှာ အလွန်ရိုင်းကြောင်း သတိပေးနေေပမဲ့ သူ့အကြည့်ကို လုံးဝမလွှဲနိုင်ခဲ့ေပ။ ထိုအချိန်တွင် ဟုန်ချန်းမင်း စိတ်ထဲတွင် တဖြည်းဖြည်း ပုံပေါ်လာခဲ့သည်။ ဟွမ်ဟွမ် ကအကုန်လုံး အရွယ်ရောက်လာခဲ့သည်။
လီဂျင်းယွမ် အကြည့်တွေကလည်း တစ်နေရာတည်းတွင်သာ သံရိုက်ထားသလို စွဲနေခဲ့သည်။
သူ့အပြုံးေတွက စက္ကန့်အနည်းငယ် ပျောက်ဆုံးသွားခဲ့ပြီး တခြားအတွေးေတွက သူ့မျက်လုံးကနေ ပျံ့နှံ့သွားသည်။ ညင်သာစွာ ဇောင်ယုဟွမ် ရဲ့လည်ပင်း၊ ရင်ဘတ်၊ ခါး… တို့ကို ကြည့်လိုက်သည်။ သူမက ဘာပဲဝတ်ဝတ် အမြဲကြည့်ေကာင်းသည်။
သို့သော် သူမက ဒီလိုအဝတ်အစားမျိုးကို ဝတ်လိုက်ချိန်တွင် အကျိုးသက်ရောက်မှုက ဖော်ပြဖို့ မဖြစ်နိုင်ေပ။
သူ့နှလုံးအတွင်းရှိ တံခါးအချို့ကို ကြီးမားသည့် လှိုင်းလုံးကြီး တစ်ခုကြောင့် ဆေးကြောလိုက်ရသလို ခံစားလိုက်ရသည်။ သူတို့က သူတို့အတွေးတွေထဲတွင် အချိန်အတော်ကြာ ရှိမနေကြပေ။
တံခါးက ထပ်ပွင့်လာခဲ့သည်။ ဒီတစ်ကြိမ်တော့ ယင်ချီချီ ကလျှောက်ထွက်လာခဲ့ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ “အိုကေ၊ ကျွန်မ အဆင်သင့်ဖြစ်ပြီ!”
သူမသည် အရောင်ဖျော့ဖျော့ ရောင်စုံပါသည့် two piece ရေကူးဝတ်စုံကို ဝတ်ထားခဲ့သည်။ အရောင်ဖျော့ကြောင့် သူမပုံစံက ငယ်ရွယ်ေနပံုရှိသည်။ ပထမဆံုး အကြည့်နဲ့တင် ကလေးတစ်ယောက်ရဲ့ ရေကူးဝတ်စုံနဲ့ တူေနသည်။ သို့သော် သူမခန္ဓာကိုယ်က ကလေးတစ်ယောက်လို မဟုတ်ေပ။ သူမ အပေါ်ပိုင်းက အလေးချိန်ကို သယ်ဆောင်ထားသည့် အလုပ်ကို လုပ်နေတာခဲ့ပြီး သူမရင်သားက အပေါ်အောက် လှုပ်ရှားနေခဲ့သည်။
ယင်ချီချီ ကတော့လုံးဝ မသိေပ။ သူမက လက်ဝေ့ရမ်းလိုက်ပြီး လူတိုင်းကို နှုတ်ဆက်လိုက်သည်။ သူမက အနီးကို လျှောက်လာရင်း သူမ မျက်လုံးတွေက တောက်ပသွားသည်။ သူမသည် အမျိုးသား ဧည့်သည်များကို စစ်ဆေးလိုက်သည်။
ဟုန်ချန်းမင်း သည်လည်း ကောင်းမွန်ပြည့်စုံသည့် ကြွက်သားတွေနဲ့ တည်ဆောက်ထားသည်။ ဇောင်ယုဟွမ် ကထိုအရာကို အစောကတည်းက အတည်ပြုပြီးသား ဖြစ်သည်။
လီဂျင်းယွမ် သည်လူငယ်ဆန်ေနဆဲ ဖြစ်ပေမဲ့ ကြွက်သားများနှင့် အထင်ကြီးစရာကောင်းသည့် ဝမ်းဗိုက်ရှိနေဆဲ ဖြစ်သည်။ သူတို့နှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်တွေက ကြွက်သားတွေ ရှိနေကြသည်။ တစ်ချက်ကြည့်ရုံနဲ့ သူတို့ရဲ့ ဖုံးကွယ်ထားသည့် အင်အားတွေကို ပြသနေသည်။
ဝမ်ယောင်ချန်း သည်လည်း သရုပ်ဆောင်ဖြစ်တာကြောင့် ကောင်းစွာထိန်းသိမ်းထားသည့် ခန္ဓာကိုယ်ရှိသည်။ ဂျင်သွားသည့် ရလဒ်ေကြာင့် သူ့ခန္ဓာကုိယ်ရှိ ကြွက်သားေတွက တောင့်တင်းနေသည်။
ဇောင်ယုဟွမ် ကမထိန်းချုပ်နိုင်ပဲ ကြည့်လိုက်သည်။ ဒါက အတော်လေး ကြည့်ကောင်းတာပဲ။ သူမက လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကို မကြည့်နိုင်ေတာ့ပဲ ဝမ်ယောင်ချန်း ဘက်ကိုလှည့်လိုက်သည်။
ယင်ချီချီ ကအနည်းငယ် ရှက်ရွံ့သွားပြီး နူးညံ့စွာ ချီးကျူးလိုက်သည်။ “ချန်းကောရဲ့ ခန္ဓာကိုယ်က အရမ်းမိုက်တာပဲ!”
ဝမ်ယောင်ချန်း ကလျင်မြန်စွာ လှည့်သွားတာကို မြင်လိုက်ချိန်တွင် ယင်ချီချီ စိတ်ပျက်သွားခဲ့သည်။ သူမ အဝတ်အစားအပေါ် အများကြီး တွေးတောထားခဲ့ပေမဲ့ ဒီလိုမျိုး အကျိုးသက်ရောက်မယ်လို့တော့ မထင်ထားခဲ့ပေ။
တစ်ဖက်တွင် ဝမ်ယောင်ချန်း က ဇောင်ယုဟွမ် အားအကြည့်မလွှဲနိုင်ခဲ့ပေ။ ဇောင်ယုဟွမ် သည်ခေါင်းအစ ခြေအဆုံးထိ လှပသည်။ သူမ မျက်လုံးနှင့် မျက်ခုံးများလို ဆံပင်တွေကလည်း လှပသည်။ သူမ အရှိန်အဝါကလည်း သူမခန္ဓာကိုယ်အတိုင်း အတော်လေး လှပကာ ထူးခြားသည်။
သူမသည် ခေါင်းအစ ခြေအဆုံး ပြီးပြည့်နေသည်။ သူမသည် ယောင်္ကျားလေးတိုင်းရဲ့ အိပ်မက်နဲ့ ထပ်တူကျနေသည်။
သူမထံမှ ထုတ်လွှတ်ေနသည့် အလှအပသည် တစ်စုံတစ်ဦးအား မတွန်းလှန်နိုင်ပေ။ ဒီလိုအလှေလးကို ဘယ်သူက တန်ဖိုးထားပြီး မကြိုက်နှစ်သက်ပဲ နေနိုင်မှာလဲ?
ဇောင်ယုဟွမ် က ဝမ်ယောင်ချန်း ရဲ့မျက်လုံးတွေနဲ့ ဆုံတွေ့ချိန်တွင် သူ့အား ပြုံးပြလိုက်သည်။ ဝမ်ယောင်ချန်း သည်ရုတ်တရက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
ထိုအရာကို ယင်ချီချီ မြင်လိုက်ချိန်တွင် ဇောင်ယုဟွမ် ကိုအသေအချာ လေ့လာလိုက်သည်။ အကြည့်တစ်ချက်တည်းနဲ့ ထပ်ပြီး စိတ်ဓာတ်ကျသွားခဲ့သည်။ အခုတော့ ဂူယူလင်း၊ ကောမိုင် နဲ့ လင်းလန် တို့က တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြသည်။
ကောမိုင် လည်း one piece ရေကူးဝတ်စုံကို ဝတ်ထားသော်လည်း ဇောင်ယုဟွမ် နဲ့ကွဲပြားသည့် ခံစားချက်ကို ရရှိစေခဲ့သည်။ သူမရဲ့ လှုပ်ရှားမှု တစ်ခုစီတိုင်းသည် ကြော့ရှင်းပြီး ခေတ်မီဆန်းပြားသည်။
ဇောင်ယုဟွမ် သည်ငယ်ရွယ်သော မိန်းကလေးမှ ရင့်ကျက်သည့် အမျိုးသမီးအသွင်ဖြစ်ပြီး ပိုပြီးလှပနေသည်။ ထိုခံစားချက်က ပုံစံနှစ်မျိုးကို တွေ့မြင်လိုက်ရတာကြောင့် ပိုပြီးဆွဲဆောင်နိုင်ပြီး တခြားသူေတွရဲ့ အလှကို တွန်းလှန်နိုင်သည်။
ဂူယူလင်း တွင်လည်း သေးသွယ်သောခါးရှိေပမဲ့ သူမရင်ဘတ်ကတော့ ပြားနေသည်။ သူမရဲ့ပိန်ပါးမှုက သရုပ်ဆောင်အနေနဲ့တော့ အတော်လေး ဆွဲဆောင်မှုရှိသည်။ နောက်ပိုင်းတွင် မင်းသမီးတွေက ပိန်ပါးနေဖို့သာ လိုအပ်သည်။ သို့သော် ဘေးတွင်ရပ်နေသည့် ဇောင်ယုဟွမ် နဲ့သူတို့က အတော်လေး ကွာခြားေနတာက သိသာသည်။
တစ်ဖက်တွင် လင်းလန် က ယင်ချီချီ လိုမျိုး စတိုင်တူ ရေးကူးဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ သူမ ခန္ဓာကိုယ်က အတော်လေးကို ပုံစံကျသည်။ ရှည်လျားသည့် ခြေတံနဲ့ ကြီးမားသည့် ရင်ဘတ်တို့ရှိကြသည်။
ယင်ချီချီ က လင်းလန် ကိုတစ်ချက်ကြည့်လိုက်ပြီး ပိုပြီးရှုံးနိမ့်သွားသလို ခံစားလိုက်ရသည်။ ဇောင်ယုဟွမ် ကတော့ အားလုံးရဲ့ အကြည့်တွေကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုအကြောင်းကို ဇောင်ယုဟွမ် ကဂရုမစိုက်ပေ။
သူမ အရှေ့တွင် ရေလွှာစီး စကိတ်ကို ပစ်ချလိုက်ပြီး ပြောလိုက်သည်။ “ဒါကို ဘယ်သူသုံးချင်လဲ? တစ်ယောက်ယောက်မှာ ရေကူးဘောကွင်းရှိတာ မြင်မိကြလား? ကျွန်မ တစ်ခုလောက် လိုချင်တယ်”
သူမသည် ရေကောင်းေကာင်း မကူးတတ်ပေ။ ဟုန်ချန်းမင်း ကသူမကို ရေကူးတတ်အောင် အကြိမ်များစွာ သင်ပေးခဲ့ပေမဲ့ သူက အရမ်းအလုပ်များတာကြောင့် ဆိုင်းငံ့ထားခဲ့သည်။
“ကျွန်တော်ယူမယ်” ဝမ်ယောင်ချန်း ကစကိတ်ဘုတ်ကို ယူလိုက်ရင်း ပြောလိုက်သည်။
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နှစ်ယောက်လုံးသည် သတိမထားမိကြပဲ မျက်မှောင်ကြုတ်လိုက်သည်။
“ဟွမ်ဟွမ် အတွက်ရေကူးဘောကွင်း ရှာပေးမယ်” ဟုန်ချန်းမင်း ကနူးညံ့စွာ ပြောလိုက်ရင်း ဟိုတယ်ဘက်ကို ပြန်လျှောက်သွားလိုက်သည်။
လီဂျင်းယွမ် ရဲ့မျက်လုံးတွေက တောက်ပသွားသည်။ ဇောင်ယုဟွမ် အရှေ့ကို လျှောက်သွားလိုက်ပြီး ပြောလိုက်သည်။ “ဟွမ်ဟွမ် ကရေးကူးဘောကွင်း လိုတာလား?”
“အင်း”
“အဲ့ဒါက ပျော်ဖို့ကောင်းလို့လား? ဟွမ်ဟွမ် ကိုရေကူးသင်ပေးမယ်လေ”
ဇောင်ယုဟွမ် ခေါင်းခါလိုက်သည်။ သို့သော် လီဂျင်းယွမ် ကသူ့မ လက်ကောက်ဝတ်ကို ကိုင်လိုက်ပြီး ရေထဲကို ဦးဆောင်ခေါ်သွားလိုက်သည်။
ထိုအရာကို မြင်လိုက်ချိန်တွင် ယင်ချီချီ သည်အံကိုကြိတ်လိုက်သည်။
“ဒါပေမဲ့ ဟုန်ချန်းမင်း ကရေကူးဘောကွင်းကို သွားရှာနေပြီ…” ဇောင်ယုဟွမ် ကပြောလိုက်ရင်း လီဂျင်းယွမ် ဆီမှလွတ်မြောက်ရန် ကြိုးပမ်းလိုက်သည်။
အဲ့လူကို ဘယ်သူက ဂရုစိုက်မှာလဲ? လီဂျင်းယွမ် ကသူ့ဘာသာ တွေးလိုက်သည်။
23.10.2020 (Fri)
……………………….
<Zawgyi>
ေရကူးဝတ္စုံ
ဇာတ္လိုက္မျဖစ္သည့္ လင္းလန္ သည္သူ႔ကိုယ္သူ ထိန္းခ်ဳပ္ႏိုင္စြမ္း ပိုျမင့္မားၿပီး ယင္ခ်ီခ်ီ လိုမ်ိဳး မလုပ္ခဲ့ေပ။ ပထမဆုံးညမွာ ေဇာင္ယုဟြမ္ နဲ႔ လင္းလန္ တို႔ရင္းႏွီးခဲ့ၾကသည္။ ေနာက္မနက္တြင္ သူတို႔က အဆင္သင့္ျပင္ၿပီး ထြက္လာခဲ့ၾကသည္။ သူစိမ္းေတြလိုပဲ ႏႈတ္ဆက္စကား ေျပာတာေတြလည္း မရွိခဲ့ေပ။
ယင္ခ်ီခ်ီ ျပန္ေရာက္လာခ်ိန္တြင္ သူမသည္ ပုံမွန္အေျခအေနကို ျပန္ေရာက္ေနၿပီ ျဖစ္သည္။ ျဖစ္ႏိုင္တာက သူမက အားနည္းျခင္းၿပီး ႏူးညံ့သိမ္ေမြ႕ပံုကို ဘယ္ေလာက္ပဲ ျပသေနပါေစ၊ ဇာတ္ၫႊန္းမရွိတာေၾကာင့္ ဘယ္သူမွ က်ရႈံးၾကမွာ မဟုတ္တာကို ေသခ်ာသိသြားတာ ျဖစ္ႏိုင္သည္။
ဒုတိယေန႔ ႐ိုက္ကူးေရးသည္ ကမ္းေျခေရွ႕တြင္ ျဖစ္သည္။
ေဇာင္ယုဟြမ္ သည္ေနေရာင္ ကာကြယ္ႏိုင္သည့္ အ၀တ္အစားႏွင့္ ဒူးအရွည္ စကတ္ကို ဝတ္ထားခဲ့သည္။ ထိုပုံစံက အရမ္းႀကီး ထင္းမေနသလို တျခားသူေတြထက္လည္း ေတာက္ပမေနေပ။ သူမ ေရကူးဝတ္စုံကိုလည္း ေက်ာပိုးအိတ္တြင္ ထည့္ထားခဲ့သည္။
သူမကားထဲမွ ထြက္လာၿပီးေနာက္ လီဂ်င္းယြမ္ ကလက္ကမ္းလိုက္ၿပီး ေျပာလိုက္သည္။ “ကိုယ္သယ္လာေပးမယ္”
ဟုန္ခ်န္းမင္း ကလည္း တစ္ခ်ိန္တည္း လက္ကမ္းလိုက္သည္။ “ကိုယ္သယ္ေပးမယ္၊ ဟြမ္ဟြမ္”
တျခားသူမ်ား အားလုံးက သူတို႔ကို တစ္ၿပိဳင္နက္တည္း ၾကည့္လာၾကသည္။ တျခားသူေတြ မေျပာနဲ႔ ေဖ်ာ္ေျဖေရး ေလာကတြင္ အခ်ိန္ၾကာျမင့္စြာ ရွိခဲ့ၾကသည့္ ေကာမိုင္ နဲ႔ ဂူယူလင္း တို႔ေတာင္ စူးစမ္းစြာျဖင့္ ၾကည့္လာၾကသည္။
ေဇာင္ယုဟြမ္၊ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ ရင္းႏွီးၾကတာ သိၾကေပမဲ့ ဘယ္ေလာက္အထိ ရင္းႏွီးလဲဆိုတာ ဘယ္သူက ေကာင္းေကာင္းသိမွာလဲ?! သူတို႔က ဘယ္လိုဆက္ဆံေရးမ်ိဳး ရွိတာလဲ? အရာအားလုံးက အခုအခ်ိန္မွာ အရမ္းထူးဆန္းသလိုပဲ!
လူတိုင္းကို ၾကည့္လိုက္ၿပီး ေဇာင္ယုဟြမ္ ကသူမ ေက်ာပိုးအိတ္ကို ကိုင္ထားၿပီး ေခါင္းခါလိုက္သည္။ “ဒါက သိပ္မေလးပါဘူး။ ကူသယ္ေပးဖို႔ မလိုပါဘူး။ သြားရေအာင္၊ သြရေအာင္။ ေနက အရမ္းပူေနတယ္။ အရိပ္ေအာက္မွာ ထိုင္ေနဖို႔ လိုအပ္တယ္”
ထို႔ေၾကာင့္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က သူတို႔လက္ေတြကို ျပန္ဆုတ္လိုက္သည္။ သို႔ေသာ္ သူတို႔ႏွစ္ေယာက္လုံး မ်က္ႏွာတြင္ ေနာင္တရေနပုံက သိသာေနသည္။
ကိုယ္ပိုင္ကမ္းေျခကို ေရာက္ခ်ိန္တြင္ ကမ္းေျခထိုင္ခုံေတြနဲ႔ ထီးေတြက ျပင္ဆင္ထားၿပီး ျဖစ္သည္။ အသီးအႏွံ၊ မုန႔္ေတြနဲ႔ အေဖ်ာ္ယမကာေတြေတာင္ ရွိၾကသည္။ထိုအရာေတြထားရန္ ေဇာင္ယုဟြမ္ ေျပာထားခဲ့တာ ျဖစ္သည္။
ထိုအရာေတြကို ျမင္လိုက္ခ်ိန္တြင္ ယင္ခ်ီခ်ီ ကတစ္စုံတစ္ခုကို ခ်က္ခ်င္း ေတြးမိစသြားခဲ့သည္။ ေနာက္ဆုံးေတာ့ ေဇာင္ယုဟြမ္ ကိုၾကည့္လိုက္ၿပီး ေမးလိုက္သည္။ “ဒါေတြက ေဈးႀကီးလား? အဲ့ဒါေတြအတြက္ ပိုက္ဆံအမ်ားႀကီး သုံးခဲ့ရတာလား?”
ေဇာင္ယုဟြမ္ ကေခါင္းခါလိုက္ၿပီး ေျပာလိုက္သည္။ “ေဈးသိပ္မႀကီးပါဘူး၊ သူတို႔က ကြၽန္မတို႔ကို ၅၀% ေလွ်ာ့ေပးခဲ့တယ္”
အခုေတာ့ ယင္ခ်ီခ်ီ ကပိုၿပီး သံသယ ဝင္လာခဲ့သည္။ “ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ? အဲ့လိုမ်ိဳး တစ္ခါမွမၾကားဖူးဘူး”
ေဇာင္ယုဟြမ္ ကၿပဳံးၿပီး ေျပာလိုက္သည္။ “ကြၽန္မတို႔ကို ဟိုတယ္က အခမဲ့ေပးခ်င္တာ”
ယင္ခ်ီခ်ီ ရယ္လိုက္ၿပီး ေဇာင္ယုဟြမ္ ကေနာက္ေနတာပဲလို႔ ထင္ေနခဲ့သည္။
“ကြၽန္မတို႔ အပိုသုံးႏိုင္ေတာ့ ေကာင္းတာေပါ့၊ တျခားေနရာေတြမွာ ထပ္သုံးလို႔ရတာေပါ့” လင္းလန္ က႐ုတ္တရက္ ေျပာလိုက္သည္။
ထိုစကားကို ၾကားလိုက္ခ်ိန္တြင္ ေဇာင္ယုဟြမ္ ကသူမကို ၾကည့္လိုက္သည္။ လင္းလန္ ကသူမ အပိုသုံးတယ္လို႔ ေျပာခ်င္တာလား၊ သူမအတြက္ ကာကြယ္ေပးေနလားဆိုတာကို သူမ မေသခ်ာေပ။
အဓိပၸါယ္မ်ားျပားတဲ့ တ႐ုတ္စကားေၾကာင့္ပဲ! ေဇာင္ယုဟြမ္ ကသူမဘာသာ ေတြးေတာလိုက္ၿပီး ထိုအရာကို ေက်ာ္ပစ္လိုက္သည္။
“ကြၽန္မတို႔ ဒီကိုလာတာ ေပ်ာ္ဖို႔အတြက္ပဲ။ ကိုယ့္ဘာသာ ေပ်ာ္ေပ်ာ္ေနသင့္တယ္။ အကုန္အက် သက္သာရင္ တျခားအရာေတြကို ပိုလုပ္ႏိုင္လိမ့္မယ္။ အဲ့ဒါကလည္း ေပ်ာ္ဖို႔ေကာင္းမွာပဲ” ေကာမိုင္ ကအၿပဳံးေလးနဲ႔ ေျပာလိုက္သည္။
ဝမ္ေယာင္ခ်န္း ကလည္း ေထာက္ခံလိုက္သည္။ “မိုင္က်ဲ ေျပာတာ မွန္တယ္”
ဒါေပမဲ့ ေဇာင္ယုဟြမ္ ေနာက္ေနတာ မဟုတ္ေပ။
သူမသည္ ထိုင္းႏိုင္ငံရဲ႕ဖန္ မဟုတ္ေပမဲ့ ဟန္ယင္ယင္ ကေတာ့ ထိုင္းႏိုင္ငံကို အေတာ္ေလး သေဘာက်သည္။ ေဇာင္ယုဟြမ္ ကထိုင္းႏိုင္ငံတြင္ ႐ိုက္ကူးေရးလုပ္မွာကို ဟန္ယင္ယင္ သိလိုက္ခ်ိန္တြင္ သူမကဒ္မ်ားကို ထုတ္လာၿပီး သူမအား သုံးရန္ႏွင့္ သူမ တတ္ႏိုင္သေလာက္ ေပ်ာ္ခဲ့ဖို႔လည္း ေတာင္းဆိုခဲ့သည္။
သူတို႔ထဲမွ တစ္ေယာက္ကေတာ့ ႐ုတ္တရက္ ဒီဟိုတယ္ရဲ႕ SS VIP ကဒ္ကုိ ရလာခဲ့သည္။
ဒီဟိုတယ္က ႏိုင္ငံတကာနဲ႔ ခ်ိတ္ဆက္ထားၿပီး တည္းခိုသူေတြအေပၚ အေလးေပးသည္။ သူတို႔က သူတို႔ရဲ႕ VIP မ်ားအတြက္ ပ႐ိုမိုးရွင္းေတြ အမ်ားအျပား ျပဳလုပ္ခဲ့သည္။ သူတို႔ေဖာက္သည္က ဘယ္သူျဖစ္လဲဆိုတာကို ဂ႐ုမစိုက္ပဲ အခြင့္အေရးကို ကမ္းလွမ္းဖို႔သာ အေလးထားခဲ့သည္။
ထိုကဒ္ကို အသုံးျပဳရန္ ေဇာင္ယုဟြမ္ တြင္အစီအစဥ္မရွိခဲ့ပါ။ ၿပီးေနာက္ ျပပြဲတြင္ တစ္စုံတစ္ဦးရဲ႕ ပိုက္ဆံ၊ ဖုန္းေတြ၊ ကဒ္ေတြျဖစ္သည့္ ကိုယ္ပိုင္ပစၥည္းမ်ား အသုံးျပဳျခင္းကို ဆန႔္က်င္ေၾကာင္း စာခ်ဳပ္တြင္ ရွင္းလင္းျပတ္သားစြာ စည္းမ်ဥ္းေတြ သတ္မွတ္ထားသည္။
သို႔ေသာ္ ေဇာင္ယုဟြမ္ ကေငြရွင္းရန္ ပိုက္ဆံထုတ္ခ်ိန္တြင္ ဟိုတယ္ရွိ ဝန္ထမ္းတစ္ေယာက္က VIP ကဒ္ကိုျမင္သြားခဲ့ၿပီး ကုန္က်စရိတ္ကို လက္မခံခ်င္ခဲ့ေပ။ သူတို႔ရဲ႕ ျပင္ဆင္ခ်က္ေတြကို ေဖာက္သည္ေတြက မႀကိဳင္ႏွစ္သက္ရင္ ေငြေပးေခ်ရမည့္ ၅၀% ကိုေတာင္ လက္ခံလိမ့္မည္ မဟုတ္ေပ။
ယင္ခ်ီခ်ီ ကေခါင္းစဥ္ေျပာင္းလိုက္သည္။
သူတို႔အုပ္စုက ကမ္းေျခတြင္ ခနေလွ်ာက္လိုက္ၾကရင္း ေရထဲဆင္းလိုက္ၾကသည္။ ထို႔ေနာက္ သူတို႔အားလုံးက ေရကူးဝတ္စုံ ေျပာင္းဝတ္ၿပီး ေရကူးၾကဖို႔ကို သေဘာတူလိုက္ၾကသည္။ ထို႔ေၾကာင့္ သူတို႔အားလုံးက ျပန္သြားၾကကာ အဝတ္လဲလိုက္ၾကသည္။
ေဇာင္ယုဟြမ္ ကအဝတ္အစား ျမန္ျမန္လဲလိုက္ၿပီး ထြက္လာခဲ့သည္။ သူမမွာ one piece ေရကူးဝတ္စုံ တစ္မ်ိဳးတည္း ရွိခဲ့သည္။ သူမလည္ပင္းကို ဖုံးထားေပမဲ့ ပခုံး၊ ေက်ာႏွင့္ ရွည္လ်ားၿပီး ေသးသြယ္သည့္ ေျခေထာက္ေတြကို ေဖာ္ထားခဲ့သည္။
ေရကူးဝတ္စုံက အနက္ေရာင္ျဖစ္ၿပီး အရင္က သူမဝတ္ခဲ့သည့္ အျဖဴေရာင္ဝတ္စုံႏွင့္ လုံးဝျခားနားသည္။ သူမက အရင္ဆုံး ေလွ်ာက္ထြက္လာခဲ့သည္။
ေဇာင္ယုဟြမ္ ကမရွက္ခဲ့ေပ။ သူမလက္တြင္ ေရလႊာေလ်ာစီး စကိတ္ကို ကိုင္ထားကာ တျဖည္းျဖည္းေလွ်ာက္လာခဲ့သည္။ သဘာဝက်စြာပင္ အမ်ိဳးသားေတြက လ်င္ျမန္စြာ ေျပာင္းလဲသြားခဲ့သည္။
လီဂ်င္းယြမ္၊ ဟုန္ခ်န္းမင္း နဲ႔ ဝမ္ေယာင္ခ်န္း တို႔သည္ ကမ္းေျခတြင္ ေရာက္ႏွင့္ေနခဲ့သည္။ တံခါးဖြင့္ကတည္းက သူတို႔ သတိထားမိခဲ့ၿပီး အကုန္လုံး လွည့္ၾကည့္ကာ ေဇာင္ယုဟြမ္ ဆီသာအာ႐ုံေရာက္ေနခဲ့ၾကသည္။
ေဇာင္ယုဟြမ္ သည္အားလပ္ခ်ိန္မ်ားတြင္ ဘဲေလးအကကို ေလ့က်င့္ခဲ့သည္။ အရင္က ေလ့က်င့္ခဲ့သည့္ ဓားေရးနဲ႔ တိုက္ခိုက္ေရးကို စိတ္ထဲမထားေပ။ သူမ ဂ်င္ကိုလည္း ကစားခဲ့သည္။ သူမခႏၶာကိုယ္က အရမ္းကို ၿပီးျပည့္စုံေနၿပီး သူမခါးနဲ႔ ဝမ္းဗိုက္တို႔တြင္ အဆီပိုမရွိေပ။
သူမ ေျခေထာက္ေတြကလည္း သြယ္လ်ေနသည္။ ၀ါးပံုစံႏွင့္ မတူပဲ ေခ်ာေမြ႕ကာ မွ်တေသာ အလွအပ အမ်ိဳးအစားျဖစ္သည္။
သူမလည္ပင္းတြက္ အနက္ေရာင္ အထည္ကို ပတ္ထားသည္။ ထိုအရာေၾကာင့္ ပိုရွည္ၿပီး သြယ္လ်ပုံေပၚေနသည္။ အျဖဴေရာင္ အသားအရည္က ပန္းေရာင္ဘက္ အနည္းငယ္သမ္းေနၿပီး အေတာ္ေလး လွပေနသည္။ ေဇာင္ယုဟြမ္ ကသူတို႔နဲ႔ ပိုနီးလာခဲ့သည္။ သူမဆံပင္ေတြကို ခ်ည္ထားၿပီး သူမပုံစံအား ရွင္းလင္းစြာ ျမင္ေတြ႕ေနရသည္။
အမ်ိဳးသား တစ္ေယာက္က လွပသည့္ အမ်ိဳးသမီးကို ျမင္ေတြ႕ပါက သူတို႔က အၾကည့္မလႊဲပဲ သူမခႏၶာကိုယ္ကို မလႊဲမေရွာင္ပဲ စစ္ေဆးလိမ့္မည္။ ရင္ဘတ္၊ ခါး၊ ေက်ာ၊ အေရွ႕ပိုင္းနဲ႔ ေျခေထာက္ေတြကို ၾကည့္လိမ့္မည္။
သူမရဲ႕ ေလ့က်င့္ခဲ့မႈေတြနဲ႔ သူမရဲ႕ ႂကြက္သားေတြက ခိုင္မာသည္။ သူမရင္ဘတ္က အရမ္းႀကီး မဟုတ္ေပမဲ့ ၾကည့္ေကာင္းသည္။ ေရကူးဝတ္စုံက အရမ္းေရွး႐ိုးဆန္ၿပီး ခႏၶာကိုယ္ အျပည့္ျဖစ္ေနသည္။ က်ပ္ေနသည့္ အဝတ္အစားေၾကာင့္ သူမရဲ႕ S ပုံစံ ခႏၶာကိုယ္ကေပၚေနၿပီး ပိုၾကည့္ေကာင္းသြားေစသည္။
သူမကို ျမင္လိုက္ခ်ိန္တြင္ ဝမ္ေယာင္ခ်န္း အံ့အားသင့္သြားခဲ့သည္။ ဟုန္ခ်န္းမင္း ရဲ႕မ်က္ႏွာက တင္းသြားၿပီး ႏႈတ္ခမ္းကို တင္းတင္းေစ့လိုက္ၿပီး သူ႔ဂ်က္ကပ္အား ခ်က္ခ်င္း ခြၽတ္ပစ္ၿပီး ေဇာင္ယုဟြမ္ ကိုဝတ္ေပးခ်င္ေနသည္။
ထို႔ေနာက္ သူလည္း ေရးကူးဝတ္စုံကို လဲထားၿပီးေၾကာင္း သတိရသြားၿပီး သူ႔ကိုယ္ေပၚတြင္ ဂ်က္ကပ္မရွိေၾကာင္း သိသြားခဲ့သည္။
ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ ကိုအေသအခ်ာ စိုက္ၾကည့္ေနၿပီး သူ႔ႏွလုံးခုန္သံသည္ ျမန္ဆန္လာၿပီး ထိန္းခ်ဳပ္မႈ လုံးဝကင္းမဲ့ေနသည္ဟု ခံစားခဲ့ရသည္။ တစ္ခ်ိန္တည္းမွာပင္ သူ႔စိတ္ထဲတြင္ လွ်ိဳ႕ဝွက္ဆန္းၾကယ္သည့္ ခံစားခ်က္မ်ား ရွိေနခဲ့သည္။
သူအခုလုပ္ေနသလိုမ်ိဳး စူးစိုက္ၾကည့္ေနသည္မွာ အလြန္႐ိုင္းေၾကာင္း သတိေပးေနေပမဲ့ သူ႔အၾကည့္ကို လုံးဝမလႊဲႏိုင္ခဲ့ေပ။ ထိုအခ်ိန္တြင္ ဟုန္ခ်န္းမင္း စိတ္ထဲတြင္ တျဖည္းျဖည္း ပုံေပၚလာခဲ့သည္။ ဟြမ္ဟြမ္ ကအကုန္လုံး အ႐ြယ္ေရာက္လာခဲ့သည္။
လီဂ်င္းယြမ္ အၾကည့္ေတြကလည္း တစ္ေနရာတည္းတြင္သာ သံ႐ိုက္ထားသလို စြဲေနခဲ့သည္။
သူ႔အၿပဳံးေတြက စကၠန႔္အနည္းငယ္ ေပ်ာက္ဆုံးသြားခဲ့ၿပီး တျခားအေတြးေတြက သူ႔မ်က္လုံးကေန ပ်ံ႕ႏွံ႔သြားသည္။ ညင္သာစြာ ေဇာင္ယုဟြမ္ ရဲ႕လည္ပင္း၊ ရင္ဘတ္၊ ခါး… တို႔ကို ၾကည့္လိုက္သည္။ သူမက ဘာပဲဝတ္ဝတ္ အၿမဲၾကည့္ေကာင္းသည္။
သို႔ေသာ္ သူမက ဒီလိုအဝတ္အစားမ်ိဳးကို ဝတ္လိုက္ခ်ိန္တြင္ အက်ိဳးသက္ေရာက္မႈက ေဖာ္ျပဖို႔ မျဖစ္ႏိုင္ေပ။
သူ႔ႏွလုံးအတြင္းရွိ တံခါးအခ်ိဳ႕ကို ႀကီးမားသည့္ လႈိင္းလုံးႀကီး တစ္ခုေၾကာင့္ ေဆးေၾကာလိုက္ရသလို ခံစားလိုက္ရသည္။ သူတို႔က သူတို႔အေတြးေတြထဲတြင္ အခ်ိန္အေတာ္ၾကာ ရွိမေနၾကေပ။
တံခါးက ထပ္ပြင့္လာခဲ့သည္။ ဒီတစ္ႀကိမ္ေတာ့ ယင္ခ်ီခ်ီ ကေလွ်ာက္ထြက္လာခဲ့ၿပီး က်ယ္ေလာင္စြာ ေျပာလိုက္သည္။ “အိုေက၊ ကြၽန္မ အဆင္သင့္ျဖစ္ၿပီ!”
သူမသည္ အေရာင္ေဖ်ာ့ေဖ်ာ့ ေရာင္စုံပါသည့္ two piece ေရကူးဝတ္စုံကို ဝတ္ထားခဲ့သည္။ အေရာင္ေဖ်ာ့ေၾကာင့္ သူမပုံစံက ငယ္႐ြယ္ေနပံုရွိသည္။ ပထမဆံုး အၾကည့္နဲ႔တင္ ကေလးတစ္ေယာက္ရဲ႕ ေရကူးဝတ္စုံနဲ႔ တူေနသည္။ သို႔ေသာ္ သူမခႏၶာကိုယ္က ကေလးတစ္ေယာက္လို မဟုတ္ေပ။ သူမ အေပၚပိုင္းက အေလးခ်ိန္ကို သယ္ေဆာင္ထားသည့္ အလုပ္ကို လုပ္ေနတာခဲ့ၿပီး သူမရင္သားက အေပၚေအာက္ လႈပ္ရွားေနခဲ့သည္။
ယင္ခ်ီခ်ီ ကေတာ့လုံးဝ မသိေပ။ သူမက လက္ေဝ့ရမ္းလိုက္ၿပီး လူတိုင္းကို ႏႈတ္ဆက္လိုက္သည္။ သူမက အနီးကို ေလွ်ာက္လာရင္း သူမ မ်က္လုံးေတြက ေတာက္ပသြားသည္။ သူမသည္ အမ်ိဳးသား ဧည့္သည္မ်ားကို စစ္ေဆးလိုက္သည္။
ဟုန္ခ်န္းမင္း သည္လည္း ေကာင္းမြန္ျပည့္စုံသည့္ ႂကြက္သားေတြနဲ႔ တည္ေဆာက္ထားသည္။ ေဇာင္ယုဟြမ္ ကထိုအရာကို အေစာကတည္းက အတည္ျပဳၿပီးသား ျဖစ္သည္။
လီဂ်င္းယြမ္ သည္လူငယ္ဆန္ေနဆဲ ျဖစ္ေပမဲ့ ႂကြက္သားမ်ားႏွင့္ အထင္ႀကီးစရာေကာင္းသည့္ ဝမ္းဗိုက္ရွိေနဆဲ ျဖစ္သည္။ သူတို႔ႏွစ္ေယာက္လုံးရဲ႕ ခႏၶာကိုယ္ေတြက ၾကြက္သားေတြ ရွိေနၾကသည္။ တစ္ခ်က္ၾကည့္႐ုံနဲ႔ သူတို႔ရဲ႕ ဖုံးကြယ္ထားသည့္ အင္အားေတြကို ျပသေနသည္။
ဝမ္ေယာင္ခ်န္း သည္လည္း သ႐ုပ္ေဆာင္ျဖစ္တာေၾကာင့္ ေကာင္းစြာထိန္းသိမ္းထားသည့္ ခႏၶာကိုယ္ရွိသည္။ ဂ်င္သြားသည့္ ရလဒ္ေၾကာင့္ သူ႔ခႏၶာကုိယ္ရွိ ႂကြက္သားေတြက ေတာင့္တင္းေနသည္။
ေဇာင္ယုဟြမ္ ကမထိန္းခ်ဳပ္ႏိုင္ပဲ ၾကည့္လိုက္သည္။ ဒါက အေတာ္ေလး ၾကည့္ေကာင္းတာပဲ။ သူမက လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကို မၾကည့္ႏိုင္ေတာ့ပဲ ဝမ္ေယာင္ခ်န္း ဘက္ကိုလွည့္လိုက္သည္။
ယင္ခ်ီခ်ီ ကအနည္းငယ္ ရွက္႐ြံ႕သြားၿပီး ႏူးညံ့စြာ ခ်ီးက်ဴးလိုက္သည္။ “ခ်န္းေကာရဲ႕ ခႏၶာကိုယ္က အရမ္းမိုက္တာပဲ!”
ဝမ္ေယာင္ခ်န္း ကလ်င္ျမန္စြာ လွည့္သြားတာကို ျမင္လိုက္ခ်ိန္တြင္ ယင္ခ်ီခ်ီ စိတ္ပ်က္သြားခဲ့သည္။ သူမ အဝတ္အစားအေပၚ အမ်ားႀကီး ေတြးေတာထားခဲ့ေပမဲ့ ဒီလိုမ်ိဳး အက်ိဳးသက္ေရာက္မယ္လို႔ေတာ့ မထင္ထားခဲ့ေပ။
တစ္ဖက္တြင္ ဝမ္ေယာင္ခ်န္း က ေဇာင္ယုဟြမ္ အားအၾကည့္မလႊဲႏိုင္ခဲ့ေပ။ ေဇာင္ယုဟြမ္ သည္ေခါင္းအစ ေျခအဆုံးထိ လွပသည္။ သူမ မ်က္လုံးႏွင့္ မ်က္ခုံးမ်ားလို ဆံပင္ေတြကလည္း လွပသည္။ သူမ အရွိန္အဝါကလည္း သူမခႏၶာကိုယ္အတိုင္း အေတာ္ေလး လွပကာ ထူးျခားသည္။
သူမသည္ ေခါင္းအစ ေျခအဆုံး ၿပီးျပည့္ေနသည္။ သူမသည္ ေယာက်ၤားေလးတိုင္းရဲ႕ အိပ္မက္နဲ႔ ထပ္တူက်ေနသည္။
သူမထံမွ ထုတ္လႊတ္ေနသည့္ အလွအပသည္ တစ္စုံတစ္ဦးအား မတြန္းလွန္ႏိုင္ေပ။ ဒီလိုအလွေလးကို ဘယ္သူက တန္ဖိုးထားၿပီး မႀကိဳက္ႏွစ္သက္ပဲ ေနႏိုင္မွာလဲ?
ေဇာင္ယုဟြမ္ က ဝမ္ေယာင္ခ်န္း ရဲ႕မ်က္လုံးေတြနဲ႔ ဆုံေတြ႕ခ်ိန္တြင္ သူ႔အား ၿပဳံးျပလိုက္သည္။ ဝမ္ေယာင္ခ်န္း သည္႐ုတ္တရက္ ဘာလုပ္ရမွန္းမသိ ျဖစ္သြားခဲ့သည္။
ထိုအရာကို ယင္ခ်ီခ်ီ ျမင္လိုက္ခ်ိန္တြင္ ေဇာင္ယုဟြမ္ ကိုအေသအခ်ာ ေလ့လာလိုက္သည္။ အၾကည့္တစ္ခ်က္တည္းနဲ႔ ထပ္ၿပီး စိတ္ဓာတ္က်သြားခဲ့သည္။ အခုေတာ့ ဂူယူလင္း၊ ေကာမိုင္ နဲ႔ လင္းလန္ တို႔က တစ္ေယာက္ၿပီး တစ္ေယာက္ ထြက္လာခဲ့ၾကသည္။
ေကာမိုင္ လည္း one piece ေရကူးဝတ္စုံကို ဝတ္ထားေသာ္လည္း ေဇာင္ယုဟြမ္ နဲ႔ကြဲျပားသည့္ ခံစားခ်က္ကို ရရွိေစခဲ့သည္။ သူမရဲ႕ လႈပ္ရွားမႈ တစ္ခုစီတိုင္းသည္ ေၾကာ့ရွင္းၿပီး ေခတ္မီဆန္းျပားသည္။
ေဇာင္ယုဟြမ္ သည္ငယ္႐ြယ္ေသာ မိန္းကေလးမွ ရင့္က်က္သည့္ အမ်ိဳးသမီးအသြင္ျဖစ္ၿပီး ပိုၿပီးလွပေနသည္။ ထိုခံစားခ်က္က ပုံစံႏွစ္မ်ိဳးကို ေတြ႕ျမင္လိုက္ရတာေၾကာင့္ ပိုၿပီးဆြဲေဆာင္ႏိုင္ၿပီး တျခားသူေတြရဲ႕ အလွကို တြန္းလွန္ႏိုင္သည္။
ဂူယူလင္း တြင္လည္း ေသးသြယ္ေသာခါးရွိေပမဲ့ သူမရင္ဘတ္ကေတာ့ ျပားေနသည္။ သူမရဲ႕ပိန္ပါးမႈက သ႐ုပ္ေဆာင္အေနနဲ႔ေတာ့ အေတာ္ေလး ဆြဲေဆာင္မႈရွိသည္။ ေနာက္ပိုင္းတြင္ မင္းသမီးေတြက ပိန္ပါးေနဖို႔သာ လိုအပ္သည္။ သို႔ေသာ္ ေဘးတြင္ရပ္ေနသည့္ ေဇာင္ယုဟြမ္ နဲ႔သူတို႔က အေတာ္ေလး ကြာျခားေနတာက သိသာသည္။
တစ္ဖက္တြင္ လင္းလန္ က ယင္ခ်ီခ်ီ လိုမ်ိဳး စတိုင္တူ ေရးကူးဝတ္စုံကို ဝတ္ဆင္ထားခဲ့သည္။ သူမ ခႏၶာကိုယ္က အေတာ္ေလးကို ပုံစံက်သည္။ ရွည္လ်ားသည့္ ေျခတံနဲ႔ ႀကီးမားသည့္ ရင္ဘတ္တို႔ရွိၾကသည္။
ယင္ခ်ီခ်ီ က လင္းလန္ ကိုတစ္ခ်က္ၾကည့္လိုက္ၿပီး ပိုၿပီးရႈံးနိမ့္သြားသလို ခံစားလိုက္ရသည္။ ေဇာင္ယုဟြမ္ ကေတာ့ အားလုံးရဲ႕ အၾကည့္ေတြကို ဆြဲေဆာင္ႏိုင္ခဲ့သည္။ ထိုအေၾကာင္းကို ေဇာင္ယုဟြမ္ ကဂ႐ုမစိုက္ေပ။
သူမ အေရွ႕တြင္ ေရလႊာစီး စကိတ္ကို ပစ္ခ်လိုက္ၿပီး ေျပာလိုက္သည္။ “ဒါကို ဘယ္သူသုံးခ်င္လဲ? တစ္ေယာက္ေယာက္မွာ ေရကူးေဘာကြင္းရွိတာ ျမင္မိၾကလား? ကြၽန္မ တစ္ခုေလာက္ လိုခ်င္တယ္”
သူမသည္ ေရေကာင္းေကာင္း မကူးတတ္ေပ။ ဟုန္ခ်န္းမင္း ကသူမကို ေရကူးတတ္ေအာင္ အႀကိမ္မ်ားစြာ သင္ေပးခဲ့ေပမဲ့ သူက အရမ္းအလုပ္မ်ားတာေၾကာင့္ ဆိုင္းငံ့ထားခဲ့သည္။
“ကြၽန္ေတာ္ယူမယ္” ဝမ္ေယာင္ခ်န္း ကစကိတ္ဘုတ္ကို ယူလိုက္ရင္း ေျပာလိုက္သည္။
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ႏွစ္ေယာက္လုံးသည္ သတိမထားမိၾကပဲ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
“ဟြမ္ဟြမ္ အတြက္ေရကူးေဘာကြင္း ရွာေပးမယ္” ဟုန္ခ်န္းမင္း ကႏူးညံ့စြာ ေျပာလိုက္ရင္း ဟိုတယ္ဘက္ကို ျပန္ေလွ်ာက္သြားလိုက္သည္။
လီဂ်င္းယြမ္ ရဲ႕မ်က္လုံးေတြက ေတာက္ပသြားသည္။ ေဇာင္ယုဟြမ္ အေရွ႕ကို ေလွ်ာက္သြားလိုက္ၿပီး ေျပာလိုက္သည္။ “ဟြမ္ဟြမ္ ကေရးကူးေဘာကြင္း လိုတာလား?”
“အင္း”
“အဲ့ဒါက ေပ်ာ္ဖို႔ေကာင္းလို႔လား? ဟြမ္ဟြမ္ ကိုေရကူးသင္ေပးမယ္ေလ”
ေဇာင္ယုဟြမ္ ေခါင္းခါလိုက္သည္။ သို႔ေသာ္ လီဂ်င္းယြမ္ ကသူ႔မ လက္ေကာက္ဝတ္ကို ကိုင္လိုက္ၿပီး ေရထဲကို ဦးေဆာင္ေခၚသြားလိုက္သည္။
ထိုအရာကို ျမင္လိုက္ခ်ိန္တြင္ ယင္ခ်ီခ်ီ သည္အံကိုႀကိတ္လိုက္သည္။
“ဒါေပမဲ့ ဟုန္ခ်န္းမင္း ကေရကူးေဘာကြင္းကို သြားရွာေနၿပီ…” ေဇာင္ယုဟြမ္ ကေျပာလိုက္ရင္း လီဂ်င္းယြမ္ ဆီမွလြတ္ေျမာက္ရန္ ႀကိဳးပမ္းလိုက္သည္။
အဲ့လူကို ဘယ္သူက ဂ႐ုစိုက္မွာလဲ? လီဂ်င္းယြမ္ ကသူ႔ဘာသာ ေတြးလိုက္သည္။
23.10.2020 (Fri)
……………………….
[text_hash] => 3c869563
)