Array
(
[text] =>
<Unicode>
ဇာတ်လိုက်မနဲ့ အခန်းမျှဝေခြင်း
ဇောင်ယုဟွမ် သည်ကင်မရာရှေ့တွင် သူမ ခံစားချက်တွေကို ထုတ်မပြချင်တာကြောင့် လီဂျင်းယွမ် ရဲ့ပုခုံးပေါ်ကို မှီလိုက်သည်။ အာ၊ အမှန်ပဲ။ ဒါကိုပြသရင် ဖန်တွေက သူမကို ပြောဆိုကြလိမ့်မယ်။ မကြာခင် သူမက သူ့အစ်မဖြစ်ကြောင်း သူတို့ရှာတွေသွားလိမ့်မယ်။ အဲ့ဒါဆို သူမကို ဘယ်သူမှ အပြစ်တင်ကြတော့မှာ မဟုတ်ဘူး။
ဇောင်ယုဟွမ် မျက်လုံး မှိတ်ခါနီးတွင် ဟုန်ချန်းမင်း ကအနောက်ကို ကြည့်လိုက်ပြီး ရုတ်တရက် ထပြောလိုက်သည်။ “အဲ့လိုအိပ်ရင် အအေးမိလိမ့်မယ်”
ဘရိတ်ကို နင်းလိုက်ပြီး ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ကာ သူ့ဂျာကင်အား မြန်မြန်ချွတ်လိုက်ပြီး ဇောင်ယုဟွမ် ကိုပေးလိုက်သည်။ “ဒီပေါ်မှာအိပ်”
ဇောင်ယုဟွမ် : “……”
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့နှစ်ယောက်လုံးသည် အရင်ကအတိုင်း ပြုမူခဲ့ကြသည်။ သူတို့က အတူတူ ကြီးပြင်းလာကြပြီး အချင်းချင်း ကြင်နာကြသည်။ ပုံမှန်ဆိုရင် ဘယ်သူမှ ဒီလိုမျိုး အကြောင်းအရာကို နှစ်ခါစဉ်းစားမည် မဟုတ်ပေ။
သို့သော် ဇောင်ယုဟွမ် ကတော့ ကင်မရာအောက်တွင်ရှိတာကြောင့် တွေးတောခဲ့ရသည်။
သူမသည် သူမအောက်နှုတ်ခမ်းကို လျက်လိုက်ပြီး ဂျာကင်ကို ဆွဲယူလိုက်သည်။ ပထမပိုင်းကို ထုတ်လွှင့်ချိန်ကြရင် ကွန့်မန့်တွေက ပလူပျံနေမှာကို သူမ မြင်နေသည်။ သူတို့က သူမကို ဘယ်လိုခေါ်ကြမလဲ? ပရောပရည်လုပ်တာ? အရှက်မရှိတာ?
ဇောင်ယုဟွမ် သည်သူမခေါင်းထဲမှ အမျိုးမျိုးသော ရူးနှမ်းသည့် အကြောင်းေတွကို စဉ်းစားနေရင်း ဂျာကင်ကို ကိုင်ထားကာ မျက်လုံးတွေကို မှိတ်လိုက်ပြီး အိပ်လိုက်သည်။
ကောမိုင် ကခရီးသည်ခုံတွင် ထိုင်နေရင်း အနောက်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ သူမက ဖျော်ဖြေရေး လောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တာကြောင့် အထိခိုက်မခံကာ မြင့်မားသည့် EQ ရှိသည်။ ကားထဲရှိ ပုံမှန်မဟုတ်သည့် လေထုကို ချက်ချင်းသတိပြုမိခဲ့သည်။
ခရီးသွားပြီး အချိန်ခနအကြာ ကားသည် လမ်းကြမ်းသည့် လမ်းမကို ရောက်လာခဲ့သည်။ သူတို့က မြို့တွင်းနဲ့ အတော်လေးဝေးလာပြီး မြို့စွန်ပိုင်းကို ရောက်လာခဲ့သည်။ သုံးဘီးဆိုင်ကယ် အနည်းငယ်က ဖြတ်သွားကြသည်။ ၁၀ မိနစ်ခန့် ကားမောင်းပြီး နောက်ဆုံးရပ်လိုက်သည်။
လူတိုင်းက အပြင်ကို ကြည့်လိုက်ပြီး သူတို့တည်းခိုမည့် တည်းခိုခန်း အဆောက်အဦးများကို မတွေ့မြင်မီ ငှက်ပျောပင်ေတွကို တွေ့လိုက်ရသည်။
ဇောင်ယုဟွမ် သည်မျက်လုံးကို ဖွင့်လို်က်ပြီးအပြင်ကို ကြည့်လိုက်သည်။ အရှေ့ရှိ ကားထဲမှ ခရီးသည်များကလည်း အပြင်ကို ထွက်ေနကြသည်။
ဇောင်ယုဟွမ် က လီဂျင်းယွမ် ကိုတွန်းလိုက်ပြီး ပြောလိုက်သည်။ “ထွက်ရအောင်”
လီဂျင်းယွမ် ကခေါင်းညိတ်လိုက်ပြီး ကားတံခါးကို ဖွင့်လိုက်သည်။ လူတိုင်းက လျင်မြန်စွာ စုဝေးလာကြသည်။
“အစ်မကြီးယုဟွမ်၊ နောက်နှစ်ရက်ကို ဒီနေရာမှာနေဖို့ ဘာကြောင့်စီစဉ်ခဲ့ရတာလဲ?” ယင်ချီချီ ပြောလိုက်သည်။
လီဂျင်းယွမ် ကဖြတ်ေပြာလိုက်သည်။ “ကျွန်တော်တို့နေမဲ့ ပထမဆံုးနေရာက ထုတ်လုပ်ရေးအဖွဲ့က စီစဉ်တာ”
ယင်ချီချီ သည်ချက်ချင်းပင် ပါးစပ်ပိတ်သွားခဲ့သည်။
ဇောင်ယုဟွမ် ကပြောလိုက်သည်။ “ဒီနေရာမှန်မမှန် ပိုင်ရှင်ကို သွားမေးကြည့်လိုက်ဦးမယ်”
“ဟွမ်ဟွမ် နဲ့အတူ ကိုယ်လဲလိုက်မယ်” လီဂျင်းယွမ် ကချက်ချင်း ပြောလိုက်သည်။
“ကိုယ်ကောပဲ” ဟုန်ချန်းမင်း ကတစ်ချက်လေးတောင် မလွဲစေပဲ ပြောလိုက်သည်။
“ကျွန်တော်လည်း လိုက်ခဲ့မယ်။ အဆက်အသွယ်ပိုင်းမှာ ပြဿနာရှိလာရင် တစ်ခုခု အဖြေရအောင် ကြိုးစားတာကကောင်းမယ်” ဝမ်ယောင်ချန်း ကအပြုံးလေးနဲ့ ပြောလိုက်သည်။
ဇောင်ယုဟွမ် ပြောလိုက်သည်။ “ဒီလောက်လူအများကြီး ကျွန်မ မလို…”
“ဒါဆို အကုန်လုံး အတူတူ ဝင်ကြရအောင်” ဂူယူလင်း ကအပြုံးလေးနဲ့ ပြောလိုက်သည်။
“သေချာတာပေါ့” ကောမိုင် ကခေါင်းညိတ်လိုက်သည်။
ဂူယူလင်း ကသူမကို ကြည့်လိုက်သည်။ “ကောမိုင်ကျဲ ရဲ့အင်္ဂလိပ်က အရမ်းကောင်းတာကို သတိရပြီ”
“မှန်တယ်။ ကောမိုင်ကျဲ ရဲ့နောက်ဆုံးအခန်းက အင်္ဂလိပ်စကား ပြောဖို့လိုအပ်ခဲ့တယ်။ သူမက အဲ့အပိုင်းကို အသံသွင်းထားတာမျိုး မလုပ်ပဲ လက်တန်းပြောခဲ့တာ” ဝမ်ယောင်ချန်း ကပြောလိုက်သည်။ စကားပြောရင်း လူတိုင်းက အတွင်းထဲကို အတူတူ ဝင်သွားခဲ့ကြသည်။
ပိုင်ရှင်ကို တွေ့လိုက်ချိန်တွင် လူတိုင်း အံ့အားသင့်သွားကြသည်။ ပိုင်ရှင်က အင်္ဂလိပ်လို လုံးဝမပြောတတ်ပဲ ထိုင်းသံနဲ့ အီတလီစကား အနည်းငယ်သာ ပြောတတ်သည်။ လက်ဟန်ခြေဟန်တွေနဲ့ ရှုပ်ထွေးပြီးနောက် ပိုင်ရှင်သည် လက်လျှော့လိုက်ပြီး ထိုင်းလိုသာပြောရန် ပြောင်းလိုက်သည်။ ထို့ေကြာင့် ဇောင်ယုဟွမ် ကဝင်လိုက်ပြီး သူ့အား ထိုင်းလိုပြောလိုက်သည်။
“ယုဟွမ် ကထိုင်းလို ပြောတတ်တာလား?” ကောမိုင် ကအံ့ဩစွာ မေးလိုက်သည်။
ဇောင်ယုဟွမ် ကခေါင်းညိတ်ကာ ပြောလိုက်သည်။ “အရင်တုန်းက ဒီကိုကျွန်မ တစ်ယောက်တည်း လာခဲ့ပြီး ရက်အနည်းငယ်ျလာက် နေခဲ့ဖူးလို့ ထိုင်းစကားကို နည်းနည်းလေ့လာခဲ့တယ်”
အခုလူတိုင်းက သိသွားကြပေမဲ့ ဝင်မပါကြပေ။ ထိုင်းဘာသာစကားက အင်္ဂလိပ်၊ ပြင်သစ်စကားေတွနဲ့ မတူဘူးဆိုတာကို သူတို့သိကြသည်။ နာမည်ကြီး အနုပညာရှင် အတော်များများက ဘာသာစကားများစွာကို တတ်ကျွမ်းကြပြီး အင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြောဆိုနိုင်ကြသည်။
ထိုင်းလိုေကာ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ကြလား? သိပ်ေတာ့မများဘူး။ ထိုင်းဘာသာစကားကို တတ်ကျွမ်းခြင်းအဆင့်သည် အင်္ဂလိပ်၊ ပြင်သစ်စကားကို ကျွမ်းကျင်စွာ ပြောဆိုခြင်းအဆင့်နဲ့ တိုင်းတာလို့ မရပေ။
ဇောင်ယုဟွမ် သည်သူမကို အထင်ကြီးလေးစားတာတွေကို ဂရုမစိုကပေ။
ပိုင်ရှင်နဲ့ ပြောဆိုပြီးနောက် သူတို့ဘက်ကို လှည့်ကာေပြာလိုက်သည်။ “ဒီနေရာပဲ။ အတည်းခိုဆောင်က စုစုပေါင်း သုံးေဆာင်ရှိတယ်။ အဲ့ထဲက တစ်ခုက ငှက်ပျောခြံ အနားမှာရှိတယ်။ နောက်နှစ်ခုက ကမ်းခြေမှာရှိတယ်။ ဘယ်မှာနေမလဲဆိုတာ မဆုံးဖြတ်ခင် အရင်ဆုံး လိုက်ကြည့်လိုက်ကြရအောင်”
ဇောင်ယုဟွမ် ကအရင်တုန်းက နေရာအနှ့ံနေထိုင်ခဲ့ရသဖြင့် အခုအချိန်တွင် အလျင်လိုမှု မရှိေပ။ လူတိုင်းအနောက်မှ တဖြည်းဖြည်းသာ လျှောက်လာခဲ့သည်။ အတူတူပင် လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကလည်း အလျင်မလိုပဲ အနောက်ကနေသာ လျှောက်လိုက်လာခဲ့သည်။
တခြားမိန်းကလေးတွေက စိတ်လှုပ်ရှားပြီး တည်းခိုဆောင် သုံးခုကို စစ်ဆေးဖို့သွားကြသည်။
ဒီတည်းခိုေဆာင်က အပြင်ဘက်ပုံစံသည် အရမ်းဆွဲဆောင်မှု ရှိပုံမေပါ်ပဲ လမ်းလျှောက်ရတာ ကြမ်းတမ်းပေမဲ့ အတွင်းပိုင်းအပြင်အဆင်က အတော်လေး ကောင်းမွန်သည်။ တစ်ခုတည်းသော အားနည်းချက်မှာ ငှက်ပျောခြံအနီးရှိ အခန်းသည် ညအချိန်တွင် ခြင်ေပါများခြင်းသာ ဖြစ်သည်။
လူတိုင်းက သူတို့ကြိုက်တဲ့ အခန်းတွေကို မြန်မြန်ဆန်ဆန် ရွေးချယ်လိုက်ကြသည်။ ဂူယူလင်း၊ ကောမိုင် နဲ့ ယင်ချီချီ တို့က တစ်ခုရွေးချယ်လိုက်သည်။
ဝမ်ယောင်ချန်း က လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့ကိုကြည့်ကာ ပြောလိုက်သည်။ “ငှက်ပျောခြံနားက တည်းခိုဆောင်ကိုပဲ ယူလိုက်ကြရအောင်။ ခြင်နည်းနည်းလေးလောက်က ငါတို့ကို မနှောင့်ယှက်နိုင်ပါဘူး”
လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က ဇောင်ယုဟွမ် ကိုလှည့်ကြည့်လာကြသည်။
ဇောင်ယုဟွမ် : “????”
နင်တို့တွေ နောက်နေကြတာမလား?
သူတို့က သူမနဲ့အတူ တစ်ခန်းတည်း နေချင်ေနကြတာလား?
ဇောင်ယုဟွမ် ကသူတို့ကို ပြန်စိုက်ကြည့်လိုက်သည်။ ထိုအရာကို မြင်လိုက်ပြီး လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့က အတွေးတေွကို ပြောင်းလိုက်ပြီး ခေါင်းညိတ်လိုက်ကြသည်။ “အိုကေ”
လီဂျင်းယွမ် ကထပ်ပေါင်းပြောလိုက်သည်။ “ချန်းကော ပြောတဲ့အတိုင်း ကျွန်တော်တို့ လုပ်မှာပါ” သူ့ထက်အကြီးအား ရိုသေမှုကို ပြသလိုက်သည်။
အခုတော့ နောက်မေးခွန်းတစ်ခု ပေါ်လာခဲ့သည်။ ဆိုလိုတာကတော့ ဇောင်ယုဟွမ် သည် လင်းလန် နဲ့အတူတူ နေမှာလားဆိုတာပင်။
ဇောင်ယုဟွမ် : “……” ဘယ်လိုကံမျိုးလဲ?
ပထမနေ့ ခရီးစဉ်သည် အဓိကအားဖြင့် ခရီးသွားသည့် နေရာများကို လည်ပတ်ခြင်း၊ စားသောက်ကြခြင်း၊ ညဈေးအား လည်ပတ်ခြင်းတွေကို ပြုလုပ်ပြီးနောက် တည်းခိုဆောင်ကို ပြန်လာခဲ့ကြသည်။ ထိုခရီးစဉ်တွင် နေ့လည်စာအတွက် တည်နေရာကို ကြိုတင်သတ်မှတ်ထားခဲ့သည်။ ဒီေန့က အနည်းငယ် သက်သာသည့် နေ့ဖြစ်သည်။
ပထမဦးဆုံးနေ့ပြီးနောက် လူတိုင်းသည် တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးကျွမ်းဝင်ေနဆဲဖြစ်တာေကြာင့် ဘယ်သူမှ ရှေ့ထွက်ပြီး နှုတ်ဆက်ကြတာမျိုး မရှိကြပေ။
ထိုနေ့ရက်ကို ဖော်ပြသင့်သည့် အဆိုးဆံုး အပိုင်းမှာ သူတို့သည် Doi Suthep ဘုရားကျောင်းသို့ သွားချိန်ဖြစ်သည်။ ဇောင်ယုဟွမ် က ယင်ချီချီ ကိုသတိပေးခဲ့သော်လည်း သူမက လွဲချော်ခဲ့ပြီး ဓာတ်ပုံရိုက်ဖို့သာ ရည်ရွယ်ပြီး လှပသည့်အဝတ်တွေကို ဝတ်ဆင်လာခဲ့သည်။
တခြားအင်တာနက် အသုံးပြုသူတွေကဲ့သို့ သူတို့လည်း သူတို့သွားရောက်ရမည့် နေရာေတွကို ကြိုတင်စစ်ဆေးခဲ့ကြသည်။ လွန်ခဲ့သော တစ်နှစ်က သူမ လည်ပတ်ခဲ့တုန်းကနဲ့ အတူတူပင် ဝတ်စားခဲ့သည်။ လွန်ခဲ့သော တစ်နှစ်လောက်က အဆင်ပြေခဲ့ပေမဲ့ အခုနှစ်တွင်ေတာ့ ဘုန်းကြီးတစ်ပါးက သူမကို တွေ့လိုက်ပြီး ထွက်သွားပေးရန် တောင်းဆိုခဲ့သည်။
နေ့လည်ခင်း တစ်ခင်းလုံး ယင်ချီချီ ကရှက်ရွံ့နေခဲ့ပေမဲ့ စမတ်ကျနေခဲ့သည်။ သူမက အရမ်းစိတ်မဆိုးပဲ သင့်တော်သည့် အဝတ်အစားကိုလည်း ပြောင်းမဝတ်ခဲ့ပေ။ လှပပြီး သနားစရာကောင်းသည့် ပုံစံဖြင့်သာ ထိုနေရာတွင် ထိုင်နေခဲ့သည်။ နေ့လည်စာ စားချိန်၌ပင် သူမက လက်ကိုဝှေ့ယမ်းပြလိုက်ပြီး ဘာမှအစာစားချင်စိတ် မရှိကြောင်း ထုတ်ဖော်ပြောခဲ့သည်။
သဘာဝကျကျပင် သူမပုံစံက ကင်မရာအောက်တွင် အတော်လေး သနားစရာေကာင်းနေသည်။
သူတို့နဲ့အတူရှိနေကြသည့် drama queen နှင့်အတူ rating အကြောင်းကို စိုးရိမ်နေစရာ မလိုဘူးလို့ ဇောင်ယုဟွမ် တွေးလိုက်သည်။
သူတို့တည်းခိုဆောင်ကို ပြန်မရောက်ခင်အထိ ယင်ချီချီ သည်အတော်လေး ပင်ပန်းခဲ့သည်။ ဇောင်ယုဟွမ် ကဧည့်လမ်းညွှန်ကောင်း တစ်ယောက်က ဘယ်လိုလုပ်လဲဆိုတာကို မသိတာကြောင့် သူမကို နှစ်သိမ့်မပေးခဲ့ပေ။
သူစိမ်းအုပ်စုက အတူတူရှိနေကြတာကို ဘယ်သူက တခြားတစ်ယောက်ကို နှစ်သိမ့်ပေးပြီး အချိန်ကုန်ခံနေမှာလဲ? ကင်မရာရှေ့ဆိုရင်တောင် သူမ ဂရုစိုက်မှာ မဟုတ်ပေ။
သူမက သရုပ်ဆောင် မဟုတ်ပေ။ သူမဖန်တွေက သူမရဲ့အပြုအမူေကြာင့် ဘာတွေေပြာမလဲဆိုတာကို သူမ စိုးရိမ်နေစရာ မလိုအပ်ပေ။
ကောမိုင် ကအစ်မကြီး တစ်ယောက်လို ပြုမူခဲ့ပြီး ယင်ချီချီ ကိုအနည်းငယ် နှစ်သိမ့်ပေးခဲ့သည်။ ကောမိုင် မှလွဲပြီး တခြားသူတွေက သူမကို နှစ်သိမ့်မေပးခဲ့ကြေပ။ ယင်ချီချီ ကဘယ်လိုလူမျိုးလဲဆိုတာကို လင်းလန် ကသိခဲ့တာကြောင့် သူမနဲ့ ရင်းနှီဖို့ကို အာရုံမစိုက်ပေ။ဝမ်ေယာင်ချန်း ကအရှုပ်အထွေးတွေ မဖြစ်ချင်တာကြောင့် မနှစ်သိမ့်ခဲ့ပေ။ လီဂျင်းယွမ် နဲ့ ဟုန်ချန်းမင်း တို့လူေြဖာင့်တွေ ဖြစ်တာကြောင့် အမျိုးသမီးတွေကို ဘယ်လိုအလိုလိုက်ရမှန်း မသိကြပေ။
လူတိုင်းက ညစျေးတွင် လှည့်ပတ်ကြည့်ပြီးချိန်တွင် ယင်ချီချီ က လီဂျင်းယွမ် အနောက်ကနေ သံသယဖြစ်နိုင်သည့် အကွာအဝေးကနေ လိုက်သွားခဲ့သည်။
လီဂျင်းယွမ် ကဈေးဆိုင်လေးရဲ့ ပိုင်ရှင်အား ဈေးနှုန်းကို မေးလိုက်ချိန်တွင် ပိုင်ရှင်က ယင်ချီချီ ကိုညွှန်ပြကာ ကျွမ်းကျင်သည့် တရုတ်လေသံဖြင့် ပြောလိုက်သည်။ “ကောင်းတယ်၊ သူမအပေါ် ကောင်းတာပဲ”
ယင်ချီချီ ရဲ့စိတ်ဓာတ်ကျနေမှုက အနည်းငယ် သက်သာသွားသည်။ သူမက လီဂျင်းယွမ် ကိုသတိထားပြီး ရှက်ရွံ့သည့်ပုံစံကို ကြိုးစားကာ ကြည့်လိုက်သည်။ သို့သော် သူမက သရုပ်ဆောင် မဟုတ်တာကြောင့် ထိုလိုပုံစံမျိုးဖြစ်အောင် ကြိုးစားတာက အပိုသရုပ်ဆောင်သလို ဖြစ်သွားခဲ့သည်။ ထိုအရာအားလုံးကို ကင်မရာက မှတ်တမ်းတင်ထားခဲ့သည်။
လီဂျင်းယွမ် ကလည်း ပြုံးကာပြောလိုက်သညါ။ “ဒါဆို ကျွန်တော် မလိုချင်တော့ဘူး”
ယင်ချီချီ : “……”
သူတို့နဲ့ သိပ်မဝေးသည့် ဇောင်ယုဟွမ် : “……”
လီဂျင်းယွမ် ကအရမ်းရိုးရှင်းပြီး ဖြောင့်မတ်တာပဲ!
ယင်ချီချီ သည် လီဂျင်းယွမ် ကိုမကပ်နိုင်ကြောင်း သိလိုက်တာကြောင့် ဟုန်ချန်းမင်း ဘက်ကိုလှည့်လိုက်သည်။ ဝမ်ယောင်ချန်း လိုလူမျိုးအား စကားပြောရန် သူမတွင် အကြံဉာဏ်ကောင်း ရှိပေမဲ့ သူ့နောက်လိုက်ရင်း သူမအား အာရုံမထားတာကို သိခဲ့ရသည်။
ထို့ကြောင့် ယင်ချီချီ စိတ်ထဲတွင် ‘လီဂျင်းယွမ် သာအဆင်မပြေ၊ ဝမ်ယောင်ချန်း လည်းအဆင်မပြေတာကြောင့် ဟုန်ချန်းမင်း နဲ့အခွင့်အရေးရှိနိုင်မလား?’
ညစာစားချိန်တွင် ယင်ချီချီ ကအစားအစာတွေကို ယူဆောင်ပြီး ဟုန်ချန်းမင်း ဘေးကပ်ရန် ရည်ရွယ်လိုက်ပြီး လျှောက်သွားလိုက်သည်။ ဒါက အရမ်းသိသာနေတာကြောင့် ဇောင်ယုဟွမ် တောင်ပြောနိုင်သည်။ သူမ ရယ်မိတော့မလို ဖြစ်သွားခဲ့သည်။
ဒါက သူမက လီဂျင်းယွမ် ရဲ့အတားအဆီးမှာ ကျရှုံးခဲ့ပြီး ဟုန်ချန်းမင်း ဘက်ကိုချက်ချင်း အာရုံပြောင်းသွားခဲ့တာကို သူမ မြင်ခဲ့သည်။
ဟုန်ချန်းမင်း အတွက်တော့
သူကတော့ ခြေလှမ်းလှမ်းနေတာကိုပင် မရပ်တန့်ပဲ လျှောက်နေကာ အစားအသောက်တွေကိုယူရန် ငုံ့လိုက်သည်။ သူ့လက်တွေကလည်း လှုပ်ရှားနေပြီး ပထမဆုံး ဇောင်ယုဟွမ် အတွက် ရေတစ်ခွက် ထည့်လိုက်ပြီးနောက် သူမဆီမှ ကိုလာကို ယူလိုက်ပြီး ပြောလိုက်သည်။ “ဒါကို အရင်သောက်”
ယင်ချီချီ ကအေးခဲသွားပြီး နောက်ဆုံးတော့ နူးညံ့သည့် လေသံလေးဖြင့် ပြောလိုက်သည်။ “အစ်ကိုချန်းမင်း၊ ကျွန်မအတွက် တစ်ခွက်လောက် ထည့်ပေးနိုင်မလား?”
သူမသည် သူမသွားသော နေရာတိုင်းတွင် ပိုငယ်ပုံ ဟန်ဆောင်ရတာကို တကယ်ပဲ သဘောကျသည်။
ကောမိုင် သည် အစ်မကြီး ကောမိုင်၊ ဂူယူလင်း ကလည်း အစ်မကြီး ယူလင်း။ ဇောင်ယုဟွမ် တောင်သူမရဲ့ သားကောင်ဖြစ်ခဲ့သည်။ ပုံမှန်ပင် ဟုန်ချန်းမင်း ကဒါကို ရှောင်ရှားနိုင်မှာ မဟုတ်ဘူး။ ထိုစကားကို ကြားလိုက်သည်နှင့် ဇောင်ယုဟွမ် မပျော်တော့သလို ခံစားလိုက်ရသည်။
သူမကတော့ ဟုန်ချန်းမင်း ကို”အစ်ကို”လို့ ထပ်မခေါ်တော့ပေမဲ့ တခြားသူတွေက သူ့ကို အဲ့လိုမျိုး ခေါ်တာကိုတော့ သူမ ခွင့်မပြုနိုင်ပေ။
ဟုန်ချန်းမင်း မျက်နှာပျက်သွားခဲ့သည်။ သူ့စိတ်မကျေနပ်မှုကုိ ဖုံးကွယ်ထားခြင်း မရှိပေ။ လှည့်လိုက်ပြီး သူမကို ပြောလိုက်သည်။ “မင်းမှာ လက်တေွ မရှိဘူးလား?”
(😂😂)
ကောမိုင် နဲ့တခြားသူတွေကလည်း သူတို့ကို ကြည့်လာကြသည်။ ဖျော်ဖြေရေးအတွင်း ဘယ်သူက ဒီလိုေပြာမှာလဲ? သူတို့က အများရှေ့တွင် သူတို့ကိုယ်ရည်ကိုယ်သွေးကို ကောင်းမွန်အောင် ပြုမူကြသည်။ ဟုန်ချန်းမင်း ရဲ့စကားထဲတွင် စိတ်မသက်သာမှုတွေ ရှိနေသည်။
ယင်ချီချီ အရမ်းအံ့ဩသွားသည်။ သို့သော် သူမက နူးညံ့သည့် အသံလေးဖြင့်သာ ပြောလိုက်သည်။ “ကျွန်မလက်ထဲမှာ အစားအသောက်တွေ ရှိနေလို့။ ကျွန်မ သောက်စရာကို ငုံ့ယူလိုက်ရင် ပြုတ်ကျကုန်မှာ စိုးရိမ်လို့ပါ”
ဟုန်ချန်းမင်း ကရေလာမြောင်းပေး လုပ်နေသည့် အမျိုးသမီးကို ဘယ်လိုတုန့်ပြန်ရမှန်း မသိသည့် ၁၀၀ ရာခိုင်နှုန်း ဖြောင့်မတ်သည့် အမျိုးသားဖြစ်သည်။ ရိုင်းစိုင်းသည့် စကားမျိုးမဟုတ်ပဲ သူ့ဘာသာ ရေရွတ်သလို ပြောလိုက်သည်။ “စားပွဲက မင်းရှေ့မှာပဲ ရှိတာလေ။ မင်းပန်းကန်တွေကို အရင်ဆံုး ချထဖို့က ခက်လို့လား? နောက်ပြီး လူတိုင်းကို အစ်ကိုလို့ လိုက်ခေါ်မနေနဲ့”
ထိုစကားကို ပြောလိုက်ရင်း ဟုန်ချန်းမင်း က ဇောင်ယုဟွမ် စိတ်မကောင်း ဖြစ်သွားမှာကို စိုးရိမ်တာကြောင့် လျင်မြန်စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။
“ငါ့မှာ ညီမလေးရှိတယ်” ဟုန်ချန်းမင်း ကအေးစက်စွာ ပြောလိုက်သည်။ ယင်ချီချီ ရဲ့အမူအရာက လုံးဝအေးစက်သွားခဲ့သည်။
သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမအတွက် လုံလောက်သွားပုံေပါ်ပြီး ပန်းကန်တွေကို ချလိုက်ပြီး ရေထည့်လိုက်ကာ ခုံတွင် သွားပြန်ထိုင်လိုက်သည်။
လီဂျင်းယွမ် ကပြုံးပြီး ပြောလိုက်သည်။ “အဲ့ဒါမှန်တယ်။ ကျွန်တော်တို့က ဒီနေ့မှ တွေ့ဖူးကြတာ။ ဒီလိုမျိုး တစ်စုံတစ်ယောက်ကို ချက်ချင်းကောင်းပြတာက ကျွန်တော်တို့အတွက် အဆင်မပြေဘူး။ ဟုန်ကော ဆီမှာ အကျင့်ဆိုးရှိတယ်လို့ မထင်စေချင်ဘူး”
ဒီလိုအချိန်တွင်ေတာင် လီဂျင်းယွမ် က ဟုန်ချန်းမင်း ကိုပြောဖို့ မမေ့ပဲ သူ့ရဲ့ဆိုးရွားသည့် အထင်ကြီး လေးစားမှုတွေကို ပေးလိုက်သည်။
#ကိုယ်အပ်တာ နောက်ကျနေရင် ဂိမ်းထဲခေါင်းစိုက်နေပြီလို့သာ မှတ်လိုက်ကြတော့ သိလား 😁😁😁
20.10.2020 (Tue)
……………………..
<Zawgyi>
ဇာတ္လိုက္မနဲ႔ အခန္းမွ်ေဝျခင္း
ေဇာင္ယုဟြမ္ သည္ကင္မရာေရွ႕တြင္ သူမ ခံစားခ်က္ေတြကို ထုတ္မျပခ်င္တာေၾကာင့္ လီဂ်င္းယြမ္ ရဲ႕ပုခုံးေပၚကို မွီလိုက္သည္။ အာ၊ အမွန္ပဲ။ ဒါကိုျပသရင္ ဖန္ေတြက သူမကို ေျပာဆိုၾကလိမ့္မယ္။ မၾကာခင္ သူမက သူ႔အစ္မျဖစ္ေၾကာင္း သူတို႔ရွာေတြသြားလိမ့္မယ္။ အဲ့ဒါဆို သူမကို ဘယ္သူမွ အျပစ္တင္ၾကေတာ့မွာ မဟုတ္ဘူး။
ေဇာင္ယုဟြမ္ မ်က္လုံး မွိတ္ခါနီးတြင္ ဟုန္ခ်န္းမင္း ကအေနာက္ကို ၾကည့္လိုက္ၿပီး ႐ုတ္တရက္ ထေျပာလိုက္သည္။ “အဲ့လိုအိပ္ရင္ အေအးမိလိမ့္မယ္”
ဘရိတ္ကို နင္းလိုက္ၿပီး ထိုင္ခုံခါးပတ္ကို ျဖဳတ္လိုက္ကာ သူ႔ဂ်ာကင္အား ျမန္ျမန္ခြၽတ္လိုက္ၿပီး ေဇာင္ယုဟြမ္ ကိုေပးလိုက္သည္။ “ဒီေပၚမွာအိပ္”
ေဇာင္ယုဟြမ္ : “……”
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ႏွစ္ေယာက္လုံးသည္ အရင္ကအတိုင္း ျပဳမူခဲ့ၾကသည္။ သူတို႔က အတူတူ ႀကီးျပင္းလာၾကၿပီး အခ်င္းခ်င္း ၾကင္နာၾကသည္။ ပုံမွန္ဆိုရင္ ဘယ္သူမွ ဒီလိုမ်ိဳး အေၾကာင္းအရာကို ႏွစ္ခါစဥ္းစားမည္ မဟုတ္ေပ။
သို႔ေသာ္ ေဇာင္ယုဟြမ္ ကေတာ့ ကင္မရာေအာက္တြင္ရွိတာေၾကာင့္ ေတြးေတာခဲ့ရသည္။
သူမသည္ သူမေအာက္ႏႈတ္ခမ္းကို လ်က္လိုက္ၿပီး ဂ်ာကင္ကို ဆြဲယူလိုက္သည္။ ပထမပိုင္းကို ထုတ္လႊင့္ခ်ိန္ၾကရင္ ကြန႔္မန႔္ေတြက ပလူပ်ံေနမွာကို သူမ ျမင္ေနသည္။ သူတို႔က သူမကို ဘယ္လိုေခၚၾကမလဲ? ပေရာပရည္လုပ္တာ? အရွက္မရွိတာ?
ေဇာင္ယုဟြမ္ သည္သူမေခါင္းထဲမွ အမ်ိဳးမ်ိဳးေသာ ႐ူးႏွမ္းသည့္ အေၾကာင္းေတြကို စဥ္းစားေနရင္း ဂ်ာကင္ကို ကိုင္ထားကာ မ်က္လုံးေတြကို မွိတ္လိုက္ၿပီး အိပ္လိုက္သည္။
ေကာမိုင္ ကခရီးသည္ခုံတြင္ ထိုင္ေနရင္း အေနာက္ကို တစ္ခ်က္လွည့္ၾကည့္လိုက္သည္။ သူမက ေဖ်ာ္ေျဖေရး ေလာကတြင္ ႏွစ္ေပါင္းမ်ားစြာ က်င္လည္ခဲ့တာေၾကာင့္ အထိခိုက္မခံကာ ျမင့္မားသည့္ EQ ရွိသည္။ ကားထဲရွိ ပုံမွန္မဟုတ္သည့္ ေလထုကို ခ်က္ခ်င္းသတိျပဳမိခဲ့သည္။
ခရီးသြားၿပီး အခ်ိန္ခနအၾကာ ကားသည္ လမ္းၾကမ္းသည့္ လမ္းမကို ေရာက္လာခဲ့သည္။ သူတို႔က ၿမိဳ႕တြင္းနဲ႔ အေတာ္ေလးေဝးလာၿပီး ၿမိဳ႕စြန္ပိုင္းကို ေရာက္လာခဲ့သည္။ သုံးဘီးဆိုင္ကယ္ အနည္းငယ္က ျဖတ္သြားၾကသည္။ ၁၀ မိနစ္ခန႔္ ကားေမာင္းၿပီး ေနာက္ဆုံးရပ္လိုက္သည္။
လူတိုင္းက အျပင္ကို ၾကည့္လိုက္ၿပီး သူတို႔တည္းခိုမည့္ တည္းခိုခန္း အေဆာက္အဦးမ်ားကို မေတြ႕ျမင္မီ ငွက္ေပ်ာပင္ေတြကို ေတြ႕လိုက္ရသည္။
ေဇာင္ယုဟြမ္ သည္မ်က္လုံးကို ဖြင့္လို္က္ၿပီးအျပင္ကို ၾကည့္လိုက္သည္။ အေရွ႕ရွိ ကားထဲမွ ခရီးသည္မ်ားကလည္း အျပင္ကို ထြက္ေနၾကသည္။
ေဇာင္ယုဟြမ္ က လီဂ်င္းယြမ္ ကိုတြန္းလိုက္ၿပီး ေျပာလိုက္သည္။ “ထြက္ရေအာင္”
လီဂ်င္းယြမ္ ကေခါင္းညိတ္လိုက္ၿပီး ကားတံခါးကို ဖြင့္လိုက္သည္။ လူတိုင္းက လ်င္ျမန္စြာ စုေဝးလာၾကသည္။
“အစ္မႀကီးယုဟြမ္၊ ေနာက္ႏွစ္ရက္ကို ဒီေနရာမွာေနဖို႔ ဘာေၾကာင့္စီစဥ္ခဲ့ရတာလဲ?” ယင္ခ်ီခ်ီ ေျပာလိုက္သည္။
လီဂ်င္းယြမ္ ကျဖတ္ေျပာလိုက္သည္။ “ကြၽန္ေတာ္တို႔ေနမဲ့ ပထမဆံုးေနရာက ထုတ္လုပ္ေရးအဖြဲ႕က စီစဥ္တာ”
ယင္ခ်ီခ်ီ သည္ခ်က္ခ်င္းပင္ ပါးစပ္ပိတ္သြားခဲ့သည္။
ေဇာင္ယုဟြမ္ ကေျပာလိုက္သည္။ “ဒီေနရာမွန္မမွန္ ပိုင္ရွင္ကို သြားေမးၾကည့္လိုက္ဦးမယ္”
“ဟြမ္ဟြမ္ နဲ႔အတူ ကိုယ္လဲလိုက္မယ္” လီဂ်င္းယြမ္ ကခ်က္ခ်င္း ေျပာလိုက္သည္။
“ကိုယ္ေကာပဲ” ဟုန္ခ်န္းမင္း ကတစ္ခ်က္ေလးေတာင္ မလြဲေစပဲ ေျပာလိုက္သည္။
“ကြၽန္ေတာ္လည္း လိုက္ခဲ့မယ္။ အဆက္အသြယ္ပိုင္းမွာ ျပႆနာရွိလာရင္ တစ္ခုခု အေျဖရေအာင္ ႀကိဳးစားတာကေကာင္းမယ္” ဝမ္ေယာင္ခ်န္း ကအၿပဳံးေလးနဲ႔ ေျပာလိုက္သည္။
ေဇာင္ယုဟြမ္ ေျပာလိုက္သည္။ “ဒီေလာက္လူအမ်ားႀကီး ကြၽန္မ မလို…”
“ဒါဆို အကုန္လုံး အတူတူ ဝင္ၾကရေအာင္” ဂူယူလင္း ကအၿပဳံးေလးနဲ႔ ေျပာလိုက္သည္။
“ေသခ်ာတာေပါ့” ေကာမိုင္ ကေခါင္းညိတ္လိုက္သည္။
ဂူယူလင္း ကသူမကို ၾကည့္လိုက္သည္။ “ေကာမိုင္က်ဲ ရဲ႕အဂၤလိပ္က အရမ္းေကာင္းတာကို သတိရၿပီ”
“မွန္တယ္။ ေကာမိုင္က်ဲ ရဲ႕ေနာက္ဆုံးအခန္းက အဂၤလိပ္စကား ေျပာဖို႔လိုအပ္ခဲ့တယ္။ သူမက အဲ့အပိုင္းကို အသံသြင္းထားတာမ်ိဳး မလုပ္ပဲ လက္တန္းေျပာခဲ့တာ” ဝမ္ေယာင္ခ်န္း ကေျပာလိုက္သည္။ စကားေျပာရင္း လူတိုင္းက အတြင္းထဲကို အတူတူ ဝင္သြားခဲ့ၾကသည္။
ပိုင္ရွင္ကို ေတြ႕လိုက္ခ်ိန္တြင္ လူတိုင္း အံ့အားသင့္သြားၾကသည္။ ပိုင္ရွင္က အဂၤလိပ္လို လုံးဝမေျပာတတ္ပဲ ထိုင္းသံနဲ႔ အီတလီစကား အနည္းငယ္သာ ေျပာတတ္သည္။ လက္ဟန္ေျခဟန္ေတြနဲ႔ ရႈပ္ေထြးၿပီးေနာက္ ပိုင္ရွင္သည္ လက္ေလွ်ာ့လိုက္ၿပီး ထိုင္းလိုသာေျပာရန္ ေျပာင္းလိုက္သည္။ ထို႔ေၾကာင့္ ေဇာင္ယုဟြမ္ ကဝင္လိုက္ၿပီး သူ႔အား ထိုင္းလိုေျပာလိုက္သည္။
“ယုဟြမ္ ကထိုင္းလို ေျပာတတ္တာလား?” ေကာမိုင္ ကအံ့ဩစြာ ေမးလိုက္သည္။
ေဇာင္ယုဟြမ္ ကေခါင္းညိတ္ကာ ေျပာလိုက္သည္။ “အရင္တုန္းက ဒီကိုကြၽန္မ တစ္ေယာက္တည္း လာခဲ့ၿပီး ရက္အနည္းငယ္်လာက္ ေနခဲ့ဖူးလို႔ ထိုင္းစကားကို နည္းနည္းေလ့လာခဲ့တယ္”
အခုလူတိုင္းက သိသြားၾကေပမဲ့ ဝင္မပါၾကေပ။ ထိုင္းဘာသာစကားက အဂၤလိပ္၊ ျပင္သစ္စကားေတြနဲ႔ မတူဘူးဆိုတာကို သူတို႔သိၾကသည္။ နာမည္ႀကီး အႏုပညာရွင္ အေတာ္မ်ားမ်ားက ဘာသာစကားမ်ားစြာကို တတ္ကြၽမ္းၾကၿပီး အဂၤလိပ္လို ကြၽမ္းက်င္စြာ ေျပာဆိုႏိုင္ၾကသည္။
ထိုင္းလိုေကာ ကြၽမ္းကြၽမ္းက်င္က်င္ ေျပာတတ္ၾကလား? သိပ္ေတာ့မမ်ားဘူး။ ထိုင္းဘာသာစကားကို တတ္ကြၽမ္းျခင္းအဆင့္သည္ အဂၤလိပ္၊ ျပင္သစ္စကားကို ကြၽမ္းက်င္စြာ ေျပာဆိုျခင္းအဆင့္နဲ႔ တိုင္းတာလို႔ မရေပ။
ေဇာင္ယုဟြမ္ သည္သူမကို အထင္ႀကီးေလးစားတာေတြကို ဂ႐ုမစိုကေပ။
ပိုင္ရွင္နဲ႔ ေျပာဆိုၿပီးေနာက္ သူတို႔ဘက္ကို လွည့္ကာေျပာလိုက္သည္။ “ဒီေနရာပဲ။ အတည္းခိုေဆာင္က စုစုေပါင္း သုံးေဆာင္ရွိတယ္။ အဲ့ထဲက တစ္ခုက ငွက္ေပ်ာၿခံ အနားမွာရွိတယ္။ ေနာက္ႏွစ္ခုက ကမ္းေျခမွာရွိတယ္။ ဘယ္မွာေနမလဲဆိုတာ မဆုံးျဖတ္ခင္ အရင္ဆုံး လိုက္ၾကည့္လိုက္ၾကရေအာင္”
ေဇာင္ယုဟြမ္ ကအရင္တုန္းက ေနရာအႏွ႔ံေနထိုင္ခဲ့ရသျဖင့္ အခုအခ်ိန္တြင္ အလ်င္လိုမႈ မရွိေပ။ လူတိုင္းအေနာက္မွ တျဖည္းျဖည္းသာ ေလွ်ာက္လာခဲ့သည္။ အတူတူပင္ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကလည္း အလ်င္မလိုပဲ အေနာက္ကေနသာ ေလွ်ာက္လိုက္လာခဲ့သည္။
တျခားမိန္းကေလးေတြက စိတ္လႈပ္ရွားၿပီး တည္းခိုေဆာင္ သုံးခုကို စစ္ေဆးဖို႔သြားၾကသည္။
ဒီတည္းခိုေဆာင္က အျပင္ဘက္ပုံစံသည္ အရမ္းဆြဲေဆာင္မႈ ရွိပုံမေပၚပဲ လမ္းေလွ်ာက္ရတာ ၾကမ္းတမ္းေပမဲ့ အတြင္းပိုင္းအျပင္အဆင္က အေတာ္ေလး ေကာင္းမြန္သည္။ တစ္ခုတည္းေသာ အားနည္းခ်က္မွာ ငွက္ေပ်ာၿခံအနီးရွိ အခန္းသည္ ညအခ်ိန္တြင္ ျခင္ေပါမ်ားျခင္းသာ ျဖစ္သည္။
လူတိုင္းက သူတို႔ႀကိဳက္တဲ့ အခန္းေတြကို ျမန္ျမန္ဆန္ဆန္ ေ႐ြးခ်ယ္လိုက္ၾကသည္။ ဂူယူလင္း၊ ေကာမိုင္ နဲ႔ ယင္ခ်ီခ်ီ တို႔က တစ္ခုေ႐ြးခ်ယ္လိုက္သည္။
ဝမ္ေယာင္ခ်န္း က လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔ကိုၾကည့္ကာ ေျပာလိုက္သည္။ “ငွက္ေပ်ာၿခံနားက တည္းခိုေဆာင္ကိုပဲ ယူလိုက္ၾကရေအာင္။ ျခင္နည္းနည္းေလးေလာက္က ငါတို႔ကို မေႏွာင့္ယွက္ႏိုင္ပါဘူး”
လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က ေဇာင္ယုဟြမ္ ကိုလွည့္ၾကည့္လာၾကသည္။
ေဇာင္ယုဟြမ္ : “????”
နင္တို႔ေတြ ေနာက္ေနၾကတာမလား?
သူတို႔က သူမနဲ႔အတူ တစ္ခန္းတည္း ေနခ်င္ေနၾကတာလား?
ေဇာင္ယုဟြမ္ ကသူတို႔ကို ျပန္စိုက္ၾကည့္လိုက္သည္။ ထိုအရာကို ျမင္လိုက္ၿပီး လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔က အေတြးေတြကို ေျပာင္းလိုက္ၿပီး ေခါင္းညိတ္လိုက္ၾကသည္။ “အိုေက”
လီဂ်င္းယြမ္ ကထပ္ေပါင္းေျပာလိုက္သည္။ “ခ်န္းေကာ ေျပာတဲ့အတိုင္း ကြၽန္ေတာ္တို႔ လုပ္မွာပါ” သူ႔ထက္အႀကီးအား ႐ိုေသမႈကို ျပသလိုက္သည္။
အခုေတာ့ ေနာက္ေမးခြန္းတစ္ခု ေပၚလာခဲ့သည္။ ဆိုလိုတာကေတာ့ ေဇာင္ယုဟြမ္ သည္ လင္းလန္ နဲ႔အတူတူ ေနမွာလားဆိုတာပင္။
ေဇာင္ယုဟြမ္ : “……” ဘယ္လိုကံမ်ိဳးလဲ?
ပထမေန႔ ခရီးစဥ္သည္ အဓိကအားျဖင့္ ခရီးသြားသည့္ ေနရာမ်ားကို လည္ပတ္ျခင္း၊ စားေသာက္ၾကျခင္း၊ ညေဈးအား လည္ပတ္ျခင္းေတြကို ျပဳလုပ္ၿပီးေနာက္ တည္းခိုေဆာင္ကို ျပန္လာခဲ့ၾကသည္။ ထိုခရီးစဥ္တြင္ ေန႔လည္စာအတြက္ တည္ေနရာကို ႀကိဳတင္သတ္မွတ္ထားခဲ့သည္။ ဒီေန႔က အနည္းငယ္ သက္သာသည့္ ေန႔ျဖစ္သည္။
ပထမဦးဆုံးေန႔ၿပီးေနာက္ လူတိုင္းသည္ တစ္ေယာက္ႏွင့္ တစ္ေယာက္ ရင္းႏွီးကြၽမ္းဝင္ေနဆဲျဖစ္တာေၾကာင့္ ဘယ္သူမွ ေရွ႕ထြက္ၿပီး ႏႈတ္ဆက္ၾကတာမ်ိဳး မရွိၾကေပ။
ထိုေန႔ရက္ကို ေဖာ္ျပသင့္သည့္ အဆိုးဆံုး အပိုင္းမွာ သူတို႔သည္ Doi Suthep ဘုရားေက်ာင္းသို႔ သြားခ်ိန္ျဖစ္သည္။ ေဇာင္ယုဟြမ္ က ယင္ခ်ီခ်ီ ကိုသတိေပးခဲ့ေသာ္လည္း သူမက လြဲေခ်ာ္ခဲ့ၿပီး ဓာတ္ပုံ႐ိုက္ဖို႔သာ ရည္႐ြယ္ၿပီး လွပသည့္အဝတ္ေတြကို ဝတ္ဆင္လာခဲ့သည္။
တျခားအင္တာနက္ အသုံးျပဳသူေတြကဲ့သို႔ သူတို႔လည္း သူတို႔သြားေရာက္ရမည့္ ေနရာေတြကို ႀကိဳတင္စစ္ေဆးခဲ့ၾကသည္။ လြန္ခဲ့ေသာ တစ္ႏွစ္က သူမ လည္ပတ္ခဲ့တုန္းကနဲ႔ အတူတူပင္ ဝတ္စားခဲ့သည္။ လြန္ခဲ့ေသာ တစ္ႏွစ္ေလာက္က အဆင္ေျပခဲ့ေပမဲ့ အခုႏွစ္တြင္ေတာ့ ဘုန္းႀကီးတစ္ပါးက သူမကို ေတြ႕လိုက္ၿပီး ထြက္သြားေပးရန္ ေတာင္းဆိုခဲ့သည္။
ေန႔လည္ခင္း တစ္ခင္းလုံး ယင္ခ်ီခ်ီ ကရွက္႐ြံ႕ေနခဲ့ေပမဲ့ စမတ္က်ေနခဲ့သည္။ သူမက အရမ္းစိတ္မဆိုးပဲ သင့္ေတာ္သည့္ အဝတ္အစားကိုလည္း ေျပာင္းမဝတ္ခဲ့ေပ။ လွပၿပီး သနားစရာေကာင္းသည့္ ပုံစံျဖင့္သာ ထိုေနရာတြင္ ထိုင္ေနခဲ့သည္။ ေန႔လည္စာ စားခ်ိန္၌ပင္ သူမက လက္ကိုေဝွ႔ယမ္းျပလိုက္ၿပီး ဘာမွအစာစားခ်င္စိတ္ မရွိေၾကာင္း ထုတ္ေဖာ္ေျပာခဲ့သည္။
သဘာဝက်က်ပင္ သူမပုံစံက ကင္မရာေအာက္တြင္ အေတာ္ေလး သနားစရာေကာင္းေနသည္။
သူတို႔နဲ႔အတူရွိေနၾကသည့္ drama queen ႏွင့္အတူ rating အေၾကာင္းကို စိုးရိမ္ေနစရာ မလိုဘူးလို႔ ေဇာင္ယုဟြမ္ ေတြးလိုက္သည္။
သူတို႔တည္းခိုေဆာင္ကို ျပန္မေရာက္ခင္အထိ ယင္ခ်ီခ်ီ သည္အေတာ္ေလး ပင္ပန္းခဲ့သည္။ ေဇာင္ယုဟြမ္ ကဧည့္လမ္းၫႊန္ေကာင္း တစ္ေယာက္က ဘယ္လိုလုပ္လဲဆိုတာကို မသိတာေၾကာင့္ သူမကို ႏွစ္သိမ့္မေပးခဲ့ေပ။
သူစိမ္းအုပ္စုက အတူတူရွိေနၾကတာကို ဘယ္သူက တျခားတစ္ေယာက္ကို ႏွစ္သိမ့္ေပးၿပီး အခ်ိန္ကုန္ခံေနမွာလဲ? ကင္မရာေရွ႕ဆိုရင္ေတာင္ သူမ ဂ႐ုစိုက္မွာ မဟုတ္ေပ။
သူမက သ႐ုပ္ေဆာင္ မဟုတ္ေပ။ သူမဖန္ေတြက သူမရဲ႕အျပဳအမူေၾကာင့္ ဘာေတြေျပာမလဲဆိုတာကို သူမ စိုးရိမ္ေနစရာ မလိုအပ္ေပ။
ေကာမိုင္ ကအစ္မႀကီး တစ္ေယာက္လို ျပဳမူခဲ့ၿပီး ယင္ခ်ီခ်ီ ကိုအနည္းငယ္ ႏွစ္သိမ့္ေပးခဲ့သည္။ ေကာမိုင္ မွလြဲၿပီး တျခားသူေတြက သူမကို ႏွစ္သိမ့္မေပးခဲ့ၾကေပ။ ယင္ခ်ီခ်ီ ကဘယ္လိုလူမ်ိဳးလဲဆိုတာကို လင္းလန္ ကသိခဲ့တာေၾကာင့္ သူမနဲ႔ ရင္းႏွီဖို႔ကို အာ႐ုံမစိုက္ေပ။ဝမ္ေယာင္ခ်န္း ကအရႈပ္အေထြးေတြ မျဖစ္ခ်င္တာေၾကာင့္ မႏွစ္သိမ့္ခဲ့ေပ။ လီဂ်င္းယြမ္ နဲ႔ ဟုန္ခ်န္းမင္း တို႔လူေျဖာင့္ေတြ ျဖစ္တာေၾကာင့္ အမ်ိဳးသမီးေတြကို ဘယ္လိုအလိုလိုက္ရမွန္း မသိၾကေပ။
လူတိုင္းက ညေစ်းတြင္ လွည့္ပတ္ၾကည့္ၿပီးခ်ိန္တြင္ ယင္ခ်ီခ်ီ က လီဂ်င္းယြမ္ အေနာက္ကေန သံသယျဖစ္ႏိုင္သည့္ အကြာအေဝးကေန လိုက္သြားခဲ့သည္။
လီဂ်င္းယြမ္ ကေဈးဆိုင္ေလးရဲ႕ ပိုင္ရွင္အား ေဈးႏႈန္းကို ေမးလိုက္ခ်ိန္တြင္ ပိုင္ရွင္က ယင္ခ်ီခ်ီ ကိုၫႊန္ျပကာ ကြၽမ္းက်င္သည့္ တ႐ုတ္ေလသံျဖင့္ ေျပာလိုက္သည္။ “ေကာင္းတယ္၊ သူမအေပၚ ေကာင္းတာပဲ”
ယင္ခ်ီခ်ီ ရဲ႕စိတ္ဓာတ္က်ေနမႈက အနည္းငယ္ သက္သာသြားသည္။ သူမက လီဂ်င္းယြမ္ ကိုသတိထားၿပီး ရွက္႐ြံ႕သည့္ပုံစံကို ႀကိဳးစားကာ ၾကည့္လိုက္သည္။ သို႔ေသာ္ သူမက သ႐ုပ္ေဆာင္ မဟုတ္တာေၾကာင့္ ထိုလိုပုံစံမ်ိဳးျဖစ္ေအာင္ ႀကိဳးစားတာက အပိုသ႐ုပ္ေဆာင္သလို ျဖစ္သြားခဲ့သည္။ ထိုအရာအားလုံးကို ကင္မရာက မွတ္တမ္းတင္ထားခဲ့သည္။
လီဂ်င္းယြမ္ ကလည္း ၿပဳံးကာေျပာလိုက္သညါ။ “ဒါဆို ကြၽန္ေတာ္ မလိုခ်င္ေတာ့ဘူး”
ယင္ခ်ီခ်ီ : “……”
သူတို႔နဲ႔ သိပ္မေဝးသည့္ ေဇာင္ယုဟြမ္ : “……”
လီဂ်င္းယြမ္ ကအရမ္း႐ိုးရွင္းၿပီး ေျဖာင့္မတ္တာပဲ!
ယင္ခ်ီခ်ီ သည္ လီဂ်င္းယြမ္ ကိုမကပ္ႏိုင္ေၾကာင္း သိလိုက္တာေၾကာင့္ ဟုန္ခ်န္းမင္း ဘက္ကိုလွည့္လိုက္သည္။ ဝမ္ေယာင္ခ်န္း လိုလူမ်ိဳးအား စကားေျပာရန္ သူမတြင္ အႀကံဉာဏ္ေကာင္း ရွိေပမဲ့ သူ႔ေနာက္လိုက္ရင္း သူမအား အာ႐ုံမထားတာကို သိခဲ့ရသည္။
ထို႔ေၾကာင့္ ယင္ခ်ီခ်ီ စိတ္ထဲတြင္ ‘လီဂ်င္းယြမ္ သာအဆင္မေျပ၊ ဝမ္ေယာင္ခ်န္း လည္းအဆင္မေျပတာေၾကာင့္ ဟုန္ခ်န္းမင္း နဲ႔အခြင့္အေရးရွိႏိုင္မလား?’
ညစာစားခ်ိန္တြင္ ယင္ခ်ီခ်ီ ကအစားအစာေတြကို ယူေဆာင္ၿပီး ဟုန္ခ်န္းမင္း ေဘးကပ္ရန္ ရည္႐ြယ္လိုက္ၿပီး ေလွ်ာက္သြားလိုက္သည္။ ဒါက အရမ္းသိသာေနတာေၾကာင့္ ေဇာင္ယုဟြမ္ ေတာင္ေျပာႏိုင္သည္။ သူမ ရယ္မိေတာ့မလို ျဖစ္သြားခဲ့သည္။
ဒါက သူမက လီဂ်င္းယြမ္ ရဲ႕အတားအဆီးမွာ က်ရႈံးခဲ့ၿပီး ဟုန္ခ်န္းမင္း ဘက္ကိုခ်က္ခ်င္း အာ႐ုံေျပာင္းသြားခဲ့တာကို သူမ ျမင္ခဲ့သည္။
ဟုန္ခ်န္းမင္း အတြက္ေတာ့
သူကေတာ့ ေျခလွမ္းလွမ္းေနတာကိုပင္ မရပ္တန႔္ပဲ ေလွ်ာက္ေနကာ အစားအေသာက္ေတြကိုယူရန္ ငုံ႔လိုက္သည္။ သူ႔လက္ေတြကလည္း လႈပ္ရွားေနၿပီး ပထမဆုံး ေဇာင္ယုဟြမ္ အတြက္ ေရတစ္ခြက္ ထည့္လိုက္ၿပီးေနာက္ သူမဆီမွ ကိုလာကို ယူလိုက္ၿပီး ေျပာလိုက္သည္။ “ဒါကို အရင္ေသာက္”
ယင္ခ်ီခ်ီ ကေအးခဲသြားၿပီး ေနာက္ဆုံးေတာ့ ႏူးညံ့သည့္ ေလသံေလးျဖင့္ ေျပာလိုက္သည္။ “အစ္ကိုခ်န္းမင္း၊ ကြၽန္မအတြက္ တစ္ခြက္ေလာက္ ထည့္ေပးႏိုင္မလား?”
သူမသည္ သူမသြားေသာ ေနရာတိုင္းတြင္ ပိုငယ္ပုံ ဟန္ေဆာင္ရတာကို တကယ္ပဲ သေဘာက်သည္။
ေကာမိုင္ သည္ အစ္မႀကီး ေကာမိုင္၊ ဂူယူလင္း ကလည္း အစ္မႀကီး ယူလင္း။ ေဇာင္ယုဟြမ္ ေတာင္သူမရဲ႕ သားေကာင္ျဖစ္ခဲ့သည္။ ပုံမွန္ပင္ ဟုန္ခ်န္းမင္း ကဒါကို ေရွာင္ရွားႏိုင္မွာ မဟုတ္ဘူး။ ထိုစကားကို ၾကားလိုက္သည္ႏွင့္ ေဇာင္ယုဟြမ္ မေပ်ာ္ေတာ့သလို ခံစားလိုက္ရသည္။
သူမကေတာ့ ဟုန္ခ်န္းမင္း ကို”အစ္ကို”လို႔ ထပ္မေခၚေတာ့ေပမဲ့ တျခားသူေတြက သူ႔ကို အဲ့လိုမ်ိဳး ေခၚတာကိုေတာ့ သူမ ခြင့္မျပဳႏိုင္ေပ။
ဟုန္ခ်န္းမင္း မ်က္ႏွာပ်က္သြားခဲ့သည္။ သူ႔စိတ္မေက်နပ္မႈကုိ ဖုံးကြယ္ထားျခင္း မရွိေပ။ လွည့္လိုက္ၿပီး သူမကို ေျပာလိုက္သည္။ “မင္းမွာ လက္ေတြ မရွိဘူးလား?”
(😂😂)
ေကာမိုင္ နဲ႔တျခားသူေတြကလည္း သူတို႔ကို ၾကည့္လာၾကသည္။ ေဖ်ာ္ေျဖေရးအတြင္း ဘယ္သူက ဒီလိုေျပာမွာလဲ? သူတို႔က အမ်ားေရွ႕တြင္ သူတို႔ကိုယ္ရည္ကိုယ္ေသြးကို ေကာင္းမြန္ေအာင္ ျပဳမူၾကသည္။ ဟုန္ခ်န္းမင္း ရဲ႕စကားထဲတြင္ စိတ္မသက္သာမႈေတြ ရွိေနသည္။
ယင္ခ်ီခ်ီ အရမ္းအံ့ဩသြားသည္။ သို႔ေသာ္ သူမက ႏူးညံ့သည့္ အသံေလးျဖင့္သာ ေျပာလိုက္သည္။ “ကြၽန္မလက္ထဲမွာ အစားအေသာက္ေတြ ရွိေနလို႔။ ကြၽန္မ ေသာက္စရာကို ငုံ႔ယူလိုက္ရင္ ျပဳတ္က်ကုန္မွာ စိုးရိမ္လို႔ပါ”
ဟုန္ခ်န္းမင္း ကေရလာေျမာင္းေပး လုပ္ေနသည့္ အမ်ိဳးသမီးကို ဘယ္လိုတုန႔္ျပန္ရမွန္း မသိသည့္ ၁၀၀ ရာခိုင္ႏႈန္း ေျဖာင့္မတ္သည့္ အမ်ိဳးသားျဖစ္သည္။ ႐ိုင္းစိုင္းသည့္ စကားမ်ိဳးမဟုတ္ပဲ သူ႔ဘာသာ ေရ႐ြတ္သလို ေျပာလိုက္သည္။ “စားပြဲက မင္းေရွ႕မွာပဲ ရွိတာေလ။ မင္းပန္းကန္ေတြကို အရင္ဆံုး ခ်ထဖို႔က ခက္လို႔လား? ေနာက္ၿပီး လူတိုင္းကို အစ္ကိုလို႔ လိုက္ေခၚမေနနဲ႔”
ထိုစကားကို ေျပာလိုက္ရင္း ဟုန္ခ်န္းမင္း က ေဇာင္ယုဟြမ္ စိတ္မေကာင္း ျဖစ္သြားမွာကို စိုးရိမ္တာေၾကာင့္ လ်င္ျမန္စြာျဖင့္ တစ္ခ်က္ၾကည့္လိုက္သည္။
“ငါ့မွာ ညီမေလးရွိတယ္” ဟုန္ခ်န္းမင္း ကေအးစက္စြာ ေျပာလိုက္သည္။ ယင္ခ်ီခ်ီ ရဲ႕အမူအရာက လုံးဝေအးစက္သြားခဲ့သည္။
သူမ ႏႈတ္ခမ္းကို ကိုက္လိုက္ၿပီး သူမအတြက္ လုံေလာက္သြားပုံေပၚၿပီး ပန္းကန္ေတြကို ခ်လိုက္ၿပီး ေရထည့္လိုက္ကာ ခုံတြင္ သြားျပန္ထိုင္လိုက္သည္။
လီဂ်င္းယြမ္ ကၿပဳံးၿပီး ေျပာလိုက္သည္။ “အဲ့ဒါမွန္တယ္။ ကြၽန္ေတာ္တို႔က ဒီေန႔မွ ေတြ႕ဖူးၾကတာ။ ဒီလိုမ်ိဳး တစ္စုံတစ္ေယာက္ကို ခ်က္ခ်င္းေကာင္းျပတာက ကြၽန္ေတာ္တို႔အတြက္ အဆင္မေျပဘူး။ ဟုန္ေကာ ဆီမွာ အက်င့္ဆိုးရွိတယ္လို႔ မထင္ေစခ်င္ဘူး”
ဒီလိုအခ်ိန္တြင္ေတာင္ လီဂ်င္းယြမ္ က ဟုန္ခ်န္းမင္း ကိုေျပာဖို႔ မေမ့ပဲ သူ႔ရဲ႕ဆိုး႐ြားသည့္ အထင္ႀကီး ေလးစားမႈေတြကို ေပးလိုက္သည္။
#ကိုယ္အပ္တာ ေနာက္က်ေနရင္ ဂိမ္းထဲေခါင္းစိုက္ေနၿပီလို႔သာ မွတ္လိုက္ၾကေတာ့ သိလား 😁😁😁
20.10.2020 (Tue)
……………………..
[text_hash] => 7f5a0270
)